Candy love ( Completed )
By khantmemezaw
34.6K 2.1K 46
အချစ်ဆိုတာသကြားလုံးလေးလိုဘဲချိုမြိန်တယ်~ Candyလုံးလေးတွေထက်မင်းရဲ့နှုတ်ခမ်းကပိုချိုတယ် Bunny!! #Wang yibo အခ်... More
🍭CL -1🍭
🍭 CL_2 🍭
🍭 CL_3 🍭
🍭 CL _4 🍭
🍭 CL - 5 🍭
🍭 CL-6 🍭
🍭 CL-7 🍭
🍭 CL-8 🍭
🍭 CL-9 🍭
🍭 CL-10 🍭
🍭CL-11🍭
🍭 CL - 12 🍭
🍭 CL-13 🍭
🍭 CL-14 🍭
🍭CL-15🍭
🍭CL -16🍭
🍭CL -18🍭
🍭CL-19🍭
🍭 CL-20 🍭
🍭CL-20🍭 (Zawgyi code)
🍭CL -17🍭
1.1K 82 10
By khantmemezaw
အဲလစ်ဆော့တာထိုင်ကြည့်နေတုန်း ဝင်လာတဲ့ဖုန်းcallလေးကြောင့် ရိပေါ်ပြုံးလိုက်မိသည်။Contact name မှာ''Bunny ❤´´ဆိုပြီး အသည်းပုံအနီလေးနဲ့နာမ်စား
လေးကအထင်သားမလား။ ကိုင်လိုက်တာနဲ့ တန်းမေးလာတဲ့မေးခွန်းကြောင့်ပြုံးမိပြန်ပါသည်။
"ကလေးဘယ်မှာလဲ"
"ပန်းခြံမှာလေ "
"ကိုယ်နဲ့အတူတူသွားပါမယ်ဆိုကွာ"
အချိန်တွေကအကုန်မြန်လွန်းသည်။တစ်နေ့တာကို သူနဲ့စတင်ပြီးသူနဲ့အဆုံးသတ်ရတာကို ကျေနပ်မိပါသည်။ဒီရက်ပိုင်းအလုပ်ကိစ္စရှုပ်နေတာကြောင့် တစ်ယောက်တည်းပန်းခြံကိုစောထွက်လာမိတိုင်း အခုလိုဆူပူသလိုလေးခံရတတ်သည်။ချစ်သူတွေဖြစ်တာ ကြာလာတာနဲ့အမျှ Bunnyက အဘိုးအိုလေးလို အစစအရာရာစိုးရိမ်တတ်လာပါသည်။
"ရော်..အလုပ်မအားသေးဘူးထင်လို့ ထွက်လာလိုက်တာပါ ပြီးတော့အဲလစ်ကိုအရုပ်လေးပေးချင်လို့ "
"အင်း ဟုတ်ပြီကိုယ်အခုလာမယ်ဘယ်မှမသွားနဲ့နော်"
"အင်းပါ "
ကျသွားတဲ့ဖုန်းလေးကိူကြည့်ရင်း ရင်ထဲမှာကြည်နူးရိပ်လှိုင်းလေးတွေဂယက်ထလို့နေသည်။သူ့လူကြီးက ခုလိုဘဲ စိတ်ပူတတ်သေးတယ်။ကလေးမဟုတ်တော့တဲ့ရိပေါ်အရွယ်ကို ကလေးဆိုတဲ့နာမ်စားကိုပါးစပ်ကမချသလိုထမင်းစားရေသောက်ကအစ အိမ်သာသွားတာအဆုံးလိုက်လုပ်ပေးချင်တာမို့ မနည်းတားယူရတဲ့အထိ။
အဲလစ်ကိုပေးဖို့ဝယ်လာတဲ့ ယုန်ရုပ်လေးကိုကြည့်ပြီး ပြုံးလိူက်ကာ အဲလစ်ရှိရာကိုသာအကြည့်ပို့နေလိုက်တယ်။အဲလစ်က ဆော့နေရာကနေ မြင်တာနဲ့ တန်းပြေးလာသည်။ဒီကလေးမလေးက သူတို့ရဲ့ အောင်သွယ်တော်လေးဆိုလဲမမှားပေ။
လက်ထဲကအရုပ်ကိုမြင်တော့ ပါးစပ်လေးပင်မစိနိုင်တော့။
"ကိုကို အဲလစ်ဖို့လား"
"ဒါပေါ့ အဲလစ်ရဲ့ကိုကို အရုပ်ပေးမယ်ပြောထားဖူးတာမှတ်မိလား"
"ဟုတ် မှတ်မိတယ် ကိုကိုရှောင်းကျန့်နာမည်ပြောပြတုန်းက"
"အဲလစ်က ဉာဏ်ကောင်းလိုက်တာ"
ဒီကလေးမက ဉာဏ်လဲကောင်းသလို စကားပြောရင်တစ်ခါတစ်လေ လူကြီးဆန်လာတတ်သည်။ညီမလေးတစ်ယောက်လိုဖြစ်လာတဲ့အဲလစ်က တစ်ခါတစ်လေ ရိပေါ်ကို ကျိတ်"ကျိတ်"နဲ့ Bunnyအတင်းကိုလဲပြောတတ်ပါသေးတယ်။
ရိပေါ်လက်ထဲက ယုန်ရုပ်လေးကိုအဲလစ်လက်ထဲထည့်ပေးလိုက်ကာ ကိုယ်လေးကိုပင့်ချီပြီးခုံပေါ်တင်ပေးလိုက်တယ်။ လက်ထဲကအရုပ်လေးကိုကြည့်ပြီးပြုံးနေတဲ့အဲလစ်က ရိပေါ်ဘက်ကို
လှည့်လာပြီး
"ကိုကို ဒီယုန်ကလေ ကိုကိုရှောင်းကျန့်နဲ့တူလို့ဝယ်လာတာလား"
အဲလစ်စကားကြောင့်ရိပေါ်သဘောကျစွာရယ်မိသည်။အင်..အဲလစ်ပြောတာလဲမမှားပါ။ပစ္စည်းဝယ်ရင် ယုန်နဲ့ပတ်သတ်တာမျိုးလေးတွေဝယ်ရတာကို သဘောခွေ့လာမိသည်။ အကြောင်းပြချက်ကတော့ သူ့ချစ်ရသူကယုန်လေးနဲ့တူတာကိုး။
"ရော် အဲလစ်ကမကြိုက်လို့လား"
အဲလစ်က သိနေတယ်နော်ဆိုတဲ့မျက်နှာပေးလေးနဲ့ကြည့်သည်။အဲ့လိုပါဆို ဒီကလေးမလေးက သိပ်လည်၊သိပ်တတ်တဲ့ လူလည်မလေး။ရိပေါ်ပြုံးသာပြုံးလိုက်သည်။
"မှဲ့တာပါရင် တူသွားပြီနော်ကိုကို "
"အငိး မှဲ့လေးထည့်လိုက်ရင်ကောင်းမလား"
အဲလစ်ရဲ့ဆံပင်လေးတွေကို သပ်တင်ပေးရင်း ပြုံးရယ်ကာ မေးလိုက်သည်။ အဲလစ်ကခေါင်းလေးတန်းပြီး ခါပြတယ်။
"ဟွန့်အွန်း မထည့်ပါဘူး ကိုကိုရဲ့Bunny နဲ့တူသွားမှာပေါ့"
"အော့ဟော့ ဒါလဲဟုတ်တယ် ကိုကို့Bunnyက ကိုကိုတစ်ယောက်တည်းအပိုင်"
ရိပေါ်ရဲ့စကားကို အဲလစ်က နှာခေါင်းလေးရှုံပြတယ်။ရိပေါ်သဘောကျစွာရယ်လိုက်သည်။တကယ့်ဟာမလေး။
အဲလစ်နဲ့ စကားပြောနေတုန်း နှာခေါင်းထဲတိုးဝင်လာတဲ့ကိုယ်သင်းရနံံလေး။ဒီကိုယ်သင်းရနံလေးကိုတောင်အလွတ်ရနေပြီ။
"ကလေး"ဆိုတဲ့ခေါ်သံနဲ့အတူ "ပြွတ်"ဆိုတဲ့ အနမ်းလေးတစ်ပွင့်က ပါးပြင်ပေါ်လာရောက်ကျီစယ်သည်။
အဲလစ်ကတော့ မမြင်ချင်ယောင်ဆောင်ကာ အရုပ်လေးကိုပိုက်လို့ ခုံပေါ်မှတန်းပြေးဆင်းသွားသည်။ ဒီကိုကိုတို့အတွဲ နားမှာနေမိရင် ချိုချဥ်မစားဘဲရင်ကြပ်တယ်။
ထပြေးသွားတဲ့အဲလစ်ကိုကြည့်ကာ ရှောင်းကျန့်က ရယ်တယ်။
အလိုက်သိတဲ့ကလေးမလေး ဟု စိတ်ထဲမှာချီးကျူးလိုက်သေးသည်။ ဘေးမှာဝင်ထိုင်လိုက်တာနဲ့ရိပေါ်ဆီကတံတောင်နဲ့တွတန်တာခံရ၏။
"ကလေးရှေ့ကို ဆင်ခြင်ပါဆို"
ဘယ်လိုပြောပြောထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ သူ့ရဲ့ချစ်လှစွာသောBunnyဟာလေ ပြောလိုက်တာနဲ့ မျက်နှာတန်းပြီးဆူပုတ်သွားတယ်။ ကိုယ်ကအငယ်လား သူကအငယ်လားဝေခွဲမရတဲ့အချိန်တွေတောင်ရှိသည်။
"ဘာလဲ ကလေးက ကိုယ်နမ်းတာကိုမကြိုက်တာလား"
"ကလေး ကမကြိုက်လို့ပြောတာမဟုတ်ပါဘူး ဒါမဲ့အဲလစ် ရှေ့မှာဆင်ခြင်ဖို့ပြောတာ"
ကိုယ့်ကို ကလေးဆိုတဲ့နာမ်စားသုံးမိတိုင်း ရင်ထဲမှာနွေးမိတာတော့အမှန်။သူ့ရှေ့ကသူကတော့ ကလေးကြီးပေါ့ မျက်နှာလေးကိုဆူပုတ်နေတာဘဲ။ဒီကလေးကြီးကို ချော့ဖို့ ခါးကိုတင်းနေအောင်ဖက်လိုက်ပြီး မျက်လုံးပေကလပ်ပေကလပ်လုပ်ပြကာစချွဲလိုက်ရင်း
"Bunny ကလဲကွာ ကလေးကျ နေတာဘဲဆူပုတ်နေတာ ပြုံးပါအုန်း ကလေးကိုချစ်ရင်ပြုံးပြနော်"
မျက်နှာဆူပုတ်ပုတ်နဲ့ ရှောင်းကျန့်က သူ့ကိုဖက်ထားတဲ့ သူ့ကလေးကို ငုံ့ကြည့်တယ်။ရိပေါ်ကလဲသူ့Bunnyကိုအစွမ်းကုန်ပြုံးပြလို့နေသည်။ ရှောငိးကျန့်သူ့ကလေးလေး ပါးတွေကို ဖျစ်ညှစ်လိုက်ကာ ရယ်သည်။
"အချွဲလေးကွာ...ကိုယ်ကချစ်လို့ နမ်းတာပါ"
"ဒါမဲ့ အဲလစ်က..."
ရိပေါ်ရဲ့နှုတ်ခမ်းလေးပေါ်ကို ရှောင်းကျန့်ကလက်ညှိုးလေးနဲ့ထောင့်ဖြောင့် ပုံစံဖြင့်ထိကပ်လိုက်ပြီး
"ရှူးး ကိုယ့်ကလေးကို ကိုယ်နမ်းတာ ဘယ်သူဘယ်ဝါရှေ့မနမ်းရဘူးဆိုတာမရှိဘူး"
ရိပေါ်ခေါင်းလေးပင်တဆတ်ဆတ်ညိမ့်ပြလိုက်တယ်။ပြောလို့လဲရမဲ့ လူကြီးမဟုတ်ဘူး။တကယ့် ကလေးဆိုးကြီးပါဆို။
"ပြွတ်~"
ရိပေါ်ရဲ့နဖူးလေးကို ရှောင်းကျန့်ကဖိကပ်နမ်း ပြန်တယ်။သူ့ကလေးလေးရဲ့မျက်နှာပေါ်က အစိတ်အပိုင်းလေးတိုင်းက သူ့အပိုင်။
"ပြွတ်~"
ရိပေါ်ကလဲအားကျမခံ သူ့bunnyရဲ့ မေးဖျားလေးကိုလှမ်းနမ်းသည်။Bunny အနမ်းတိုင်းက ကျွန်တော့်အတွက်ဘဲဖြစ်ရမယ်။
ပန်းခြံထဲမှာ အပြန်အလှန်လိုက်နမ်းနေတဲ့ ကောင်လေးနှစ်ယောက်ကို ကလေးလေးတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်လို့နေကြသည်။အဲလစ်ကလဲ သူ့ကိုကိုနှစ်ယောက်ကိုမနိုင်ဘူးဆိုတဲ့ အကြည့်လေးနဲ့အရုပ်လေးကိုပိုက်ကာ ရပ်ကြည့်နေတော့သည်။
အနမ်းဖလှယ်ပြီးမှ ရိပေါ်ရှေ့က ကလေးတွေကြည့်နေမှန်းသိတော့သည်။ပါးပြင်လေးနီရဲလာပြီး ရှောင်းကျန့်ရင်ဘတ်ကိုထုကာ ထပြေးတဲ့အဆိုးအဆာလေးကို ရှောင်းကျန့်က ကျေနပ်ပြုံကြီးနဲ့ကြည့်ကာနောက်ကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ပြေးလိုက်ပါတော့တယ်။
_______________________
တစ်ရက်  ပြီးတစ်ရက် ချိန်တွေတရွေ့ရွေ့ကုန်လာလိုက်တာ ဒုတိယနှစ်ကို ပြန်တက်ရတော့မည်။မနက်အစော လွယ်အိတ်ပြင်ပြီး ရေချိုးအဝတ်စားလဲကာအောက်ထပ်ကိုဆင်းလာခဲ့သည်။
ဝမ်မား အသင့်ပြင်ထားတဲ့ မနက်စာစားနေတုန်း
ကောင်လေးရေဆိုပြီး တကြော်ကြော်ခေါ်ဝင်လာသည်။
"ကောင်လေးက မနက်စာတောင်စားနေပြီလား"
"သားကျန့် မင်းညီကိုကျောင်းပို့ပေးမှာဆို"
"ဟုတ်တယ် ဝမ်မား မနက်စာအပြင်ကစားမလားဆိုပြီးစောလာတာ ကောင်လေးကစားတောင်စားနေပြီ"
ရိပေါ်ဘေးမှာရှောင်းကျန့်ကဝင်ထိုင်လိုက်တယ်။ထုံးစံအတိုင်းရှေ့ဝဲကျနေတဲ့ရိပေါ်ဆံပင်လေးကိုသပ်ပေးတယ်။ရိပေါ်ကစားနေရင်း မျက်လုံးပြူးပြကာပြန်ကြည့်သည်။ဝမ်မားရှေ့ကိုလဲ မရှောင်တဲ့ဒီလူကြီးနဲ့ခက်ပြီ။
မားကို ရှောင်းကျန့်နဲ့တွဲနေကြောင်းမပြောဖြစ်သေးပါ။စိုးရိမ်မိတယ် မားကလက်မခံမှာကို။ဒါကြောင့်လဲမပြောဘဲထားတာကို ဒီလူကြီးကားပေါ်ရောက်မှတွေ့မယ်လို့တေးထားလိုက်တယ်။
ရှောင်းကျန့်ကသူ့ကလေးကိုကြည့်ကာရယ်ပြီး ဝယ်မားကိုပြန်ကြည့်တယ်။
"ဝမ်မား ကျွန်တော်လဲမနက်စာစားလို့ရလား"
"ရတာပေါ့ရှင် ရိပေါ် မင်းအကို ကို ထည့်ပေးလိုက်အုန်း "
ရှောင်းကျန့်အတွက်မနက်စာထည့်ပေးနေသည့်ရိပေါ်က သူ့မားရိပ်မိသွားသလားဆိုပြီး ခိုးကြည့်နေသည်။တော်သေးတာပေါ့ မားကရိပ်မိပုံမရလို့။
"ရော့ မြန်မြန်စား"
ရှောင်းကျန့်က ရယ်ရင်း သူ့ကလေးထည့်ပေးတဲ့မနက်စာ
မြိန်ရည်ယှက်ရည်စားပါတော့သည်။
________________________
ရိပေါ်တို့ ကေ ျာင်းလေးရှေ့ ကားလေးကထိုးရပ်သွားခဲ့တယ်။
ရိပေါ်ဆင်းခံနီး ရှောင်းကျန့်ကလက်လေးကိုလှမ်းလို့ဆွဲသည်။ဘာလဲဆိုတဲ့အကြည့်လေးနဲ့ ရိပေါ်ကပြန်ကြည့်တော့ ပါးတစ်ဖက်ကိုဖောင်းပြတယ်။
ရှောင်းကျန့်ပါးလေးထဲ နှာခေါင်းလေးနစ်ဝင်သည်ထိနမ်းရှိုက်လိုက်တယ်။ မကျေနပ်နိုင်သေးတဲ့ ရှောင်းကျန့်က သူ့ကလေးလေး နှုတ်ခမ်းလေးကိုရန်မူသည်။
"ပြွတ်~"
ချိုချဥ်လုံးလေးစုပ်သလို စုပ်ယူပြီးမှပြန်လွတ်ပေးကာ ခေါင်းကိုပွတ်သည်။
"စာသေချာလိုက်မှတ်ခဲ့နော် ညနေကြ ကိုယ်စာပြပေးမှာမို့အပြန်ကြ ကိုယ်လာကြိုမယ်"
"အင်း ဂရုစိုက်ပြန် ချစ်တယ် Bunny~"
ပါးလေးတွေရဲတက်နေတဲ့ သူ့ကလေးလေးက နှုတ်ဆက်တော့
စိတ်မထိန်းနိုင်စွာဘဲ သူ့ကလေးပါးပြင်လေးကိုထပ်နမ်းမိပြန်သည်။
"ပြွတ်~ကိုယ်လဲ ကလေးကိုချစ်တယ်"
မျက်စောင်းလေးခဲ ပြီး ပြေးဆင်းသွားတဲ့ သူ့ကလေးလေးကို
ကြည့်မဝနိုင်တဲ့ ရှောင်းကျန့်က မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးမှထွက်သွားတော့သည်။
_________________________
"ရိပေါ်"
ကန်တင်းမှာထိုင်စောင့်နေတဲ့ကျိရန်မှခေါ်လိုက်ခြင်း။ကျိရန်ရှိရာလျှောက်လာပြီး အနားမှာဝင်ထိုင်လိုက်တယ်။
"ကျိရန် ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး မင်းရှေ့လေးတင် "
"အတန်းထဲသွားတော့မလား"
ကျိရန်က တစ်ခုခုမေးချင်နေပုံရသည်။မှာထားတဲ့ဖျော်ရည်ကို တစ်ငုံသောက်ပြီး ကြည့်လာတယ်။
"ရိပေါ် မင်းနဲ့ ရှောင်းကျန့်ဆိုတဲ့သူက..?"
ဆိုင်ကယ်ရပ်နေတုန်း ထိုးရပ်လာတဲ့ကားတစ်စီးပေါ်မှာ အနမ်းခြွေနေတဲ့ ချစ်လှစွာသောသူငယ်ချင်းကြီနဲ့ မုန့်ဆိုင်က ရှောင်းကျန့်ဆိုတဲ့အကို။ဘေးကနေဆိုမမြင်ရပေမဲ့ ရှေ့တည့်တည့်မှာဆိုင်ကယ်ရပ်နေတဲ့သူ့ကိုတောင်မမြင်နိုင်အောင် အချစ်စမ်းနေကြတာကိုမြင်ခဲ့တာမို့ မေးသင့်တဲ့မေးခွန်းဘဲ။
ရှောင်းကျန့်ဆိုတဲ့နာမည်လေးကြားရုံနဲ့ ရိပေါ်မျက်နှာက ပြုံးလို့နေသည်။အဲ့လိုဘဲ Bunnyက သူ့အပေါ်စိုးမိုးနိုင်လွန်းသည်။
ပြုံးနေတဲ့ရိပေါ်မျက်နှာကို ကျိရန်ကအမြန်ပင်အကဲခတ်သည်။
"မဟုတ်မှ မင်းနဲ့!"
"ဟုတ်တယ်"
ပြုံးပြုံးကြီးလုပ်ပြီး ဖြေတဲ့ရိပေါ်ကြောင့် ကျိရန်မှာအံသြင်မင်သက်နေသည်။ရိပေါ်ငယ်ငယ်ကBunnyဆိုတာကော...ကောင်းပါတယ်လေ မဟုတ်ရင် အစအနမရှာမရတဲ့သူ့Bunnyကိုစောင့်နေမဲ့အစား အကိုရှောင်းကျန့်နဲ့ချစ်သူတွေဖြစ်သွားတာ ပိုကောင်းတယ်။
"ချစ်သူတွေဆိုပါတော့"
"အင်း..လာအတန်းထဲသွားမယ် စာသင်ချိန်နီးနေပြီ"
တစ်သက်နဲ့တစ်ကိုယ် အတန်းထဲသွားဖို့တက်"ကြွ"ဆိုင်းပြိုင်တာ ဒီတစ်ခါဘဲမြင်ဖူးတယ်။
"တက်ကြွတဲ့ ကြ က်ဖကြီးပေါ့လေ "
"ကြ က်ဖကြီးမဟုတ်ပါဘူး ငါက Bunnyရဲ့ကလေး"
"Bunny? "
ပြောတုန်းရှိသေးတယ် ဘယ်ကBunnyကပါလာရတာတုန်း။
"အကိုရှောင်းကျန့် နဲ့မဟုတ်ဘူးလား စောနကငါမြင်ခဲ့တာမင်းBunnyလား ရုပ်ကဆင်တယ်နော် အမြွှာတွေလား.."
ထင်ရာကို မရပ်မနားပြောလာတဲ့ကျိရန်ကိုကြည့်ပြီး ရိပေါ်ကပြုံးဆဲပင်။သူ့Bunnyကရှောင်းကျန့်ဘဲဆိုတာသာပြောပြလိုက်ရင်သူ့လိုဘဲအံသြ သွားအုန်းမှာ။
"ရှောင်းကျန့်နဲ့Bunnyတစ်ယောက်တည်း "
မျက်လုံးလေးပြူးကာကြည့်လာတဲ့ကျိရန်ကို ခေါင်းထပ်ညမ့်ပြလိုက်တယ်။ပါးစပ်ပင်မစိနိုင်လောက်အောင် အံသြနေတဲ့ကျိရန်လက်ကိုဆွဲကာကန်တင်းမှထွက်လာခဲ့သည်။
စာသင်ချိန်တိုင်း မလွတ်တမ်းစာလိုက်မှတ်တဲ့ ရိပေါ်ကို အံ့သြနေတဲ့ကျိရန်က တကယ်ကို ပါးစပ်လေးတောင်မစိနိုင်ပါဘူး။
"ရိပေါ် မင်းလူစားထိုးခံရတာလား"
"မဟုတ်ပါဘူး Bunny က ညနေကြစာပြမှာစာသေချာမှတ်ခဲ့တဲ့ "
စကားနားထောင်တတ်တဲ့ကောင်လေးဖြစ်သွားတယ်။သြော်..အချစ် အချစ်ဆန်းကြယ်တဲ့အရာကြီးကိုး။
"Bunny!"
ကျောင်းရှေ့မှာကြိုရောက်နေတဲ့ ရှောင်းကျန့်က ပြုံးပြီး
လက်လှမ်းပြတယ်။မြင်တာနဲ့ အပြေးလေးရောက်လာတဲ့ သူ့ကလေးလေးကို ဆီးကာဖက်လိုက်ပြီး
"ပြွတ်~ လွမ်းနေတာ ကိုယ့်ကလေးလေးကို"
နဖူးကိုနမ်းပြီးဆိုတဲ့ ရှောင်းကျန့်ကို သူ့ကလေးလေးက ပြုံးပြုံးကြီးပြန်ကြည့်ရင်း
"ကလေးလဲလွမ်းနေတာ"
နောက်ကလိုက်လာတဲ့ကျိရန်က ချောင်းဟန့်လိုက်မှ ရိပေါ်က ရှက်ယမ်းယမ်းကာတွန်းထုတ်တယ်။သူ့ကလေးရှက်တာလေးကိုစိတ်မဆိုးတဲ့အပြင် သဘောတွေခွေ့နေတဲ့ရှောင်းကျန့်ပင်။
"ကျိရန် လာလေ အကိုလိုက်ပို့မယ်"
"ရပါတယ် ရှောင်းကျန့်ကော ကျွန်တော်ဆိုင်ကယ်ပါတယ် "
"သြော် ဂရုစိုက်ပြန်ညီ"
"ဟုတ် ရိပေါ် ငါသွားပြီ မနက်ဖြန်ကြတွေ့မယ်"
"အင်း"
ကျိရန်အားကျမိပါသည်။ ကိုယ်စွဲလမ်းရတဲ့သူနဲ့ချစ်ရတဲ့သူတစ်ယောက်တည်းဖြစ်နေတာ ရိပေါ်ကံကောင်းတယ်ဆိုရမည်။လွမ်းတယ် ဟောက်ရွှမ်း...။မင်းမရှိတဲ့ ငါ့ရဲ့နေ့ရက်တွေကငရဲလိုဘဲ ပူလောင်လွန်းတယ်။မင်းငါ့ဆီပြန်လာမယ်မလား။ငါမင်းကိုစောင့်နေမယ်...မင်းပြန်လာမဲ့အချိန်ထိ ။
~ စောင့်မျှော်ခြင်းက ကျွန်တော့်အတွက် ရှင်သန်ဖို့ အကြောင်းပြချက်လေးတစ်ခုပါ ~
________________________
2503 words~
Update ကြာတာ ဒီစာရေးသူအပျင်းကြီးရောဂါ
စွဲကပ်နေလို့ပါ။😞
Thank for reading❣
TBC Cl18🍭
#Zawgyi
"ကလေးဘယ်မှာလဲ"
"ပန်းခြံမှာလေ "
"အင်းပါ "
"ကိုကို အဲလစ်ဖို့လား"
လှည့်လာပြီး
"ဒါမဲ့ အဲလစ်က..."
"ပြွတ်~"
"ပြွတ်~"
_______________________
"ရော့ မြန်မြန်စား"
________________________
"ပြွတ်~"
_________________________
"ရိပေါ်"
"အတန်းထဲသွားတော့မလား"
"မဟုတ်မှ မင်းနဲ့!"
"ဟုတ်တယ်"
"ချစ်သူတွေဆိုပါတော့"
"Bunny? "
"Bunny!"
"ကလေးလဲလွမ်းနေတာ"
"သြော် ဂရုစိုက်ပြန်ညီ"
"အင်း"
________________________
2503 words~
စွဲကပ်နေလို့ပါ။😞
Thank for reading❣
TBC Cl18🍭
Continue Reading
You'll Also Like
724K 123K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
306K 30.8K 35
"ဇာတျလိုကျက ငါ့Ex" It's Zsww fanfiction.
223K 21.2K 16
သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? (သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမ...
55.2K 5.2K 29
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...