ကျွန်မစိတ်က သူပြုံးနေမယ်လို့ မျှော်လင့်မထားခဲ့မိဘူး။ ယောကျာ်းတယောက်ရဲ့ အပြုံးက လှပပြီး စိတ်သက်သာရာရစေမယ်လို့ ကျွန်မ မသိခဲ့ပါလား။ ကျွန်မရဲ့ နှလုံးသားက အဲ့အခိုက်အတန့်လေးမှာ သူ့ကို ချစ်မိသွားခဲ့တာ ထင်ပါတယ်။ နောက်ပိုင်း အချိန်အတော်ကြာတဲ့အထိ အဲ့အကြောင်းကို ဝန်မခံပေမယ်လို့ပေါ့။
ကျွန်မ ကျားဟန်နဲ့ နောက်တကြိမ်ပြန်ဆုံတာက နောက်နှစ်လအကြာမှာ။ ကျွန်မငယ်သူငယ်ချင်းနဲ့ ကျွန်မ ဘေကျင်းမှာ အလုပ်လုပ်ဖို့ရောက်လာခဲ့ကြတာ။ ဒါပေမယ့် ဆောင်းဦးကုန်ခါနီးညတညမှာ သူ ကျွန်မဆီကို နောက်ဆုံးအကြိမ် ဖုန်းခေါ်ပြီးတော့ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ သူ့အထက်အရာရှိက ခဏတိုင်း သူ့ကို ထိကိုင်နေတဲ့အကြောင်း ကျွန်မကို သူဆက်တိုက်ပြောပြနေခဲ့တာ။
သူ အဲ့အကြောင်းတွေ ပြောပြနေတုန်းက တချို့အချိန်တွေမှာ ကူကယ်ရာမဲ့နေပြီး တချို့အချိန်တွေမှာ ဝမ်းနည်းနေခဲ့တာ။ ကျွန်မက သူ့ကို နှစိသိမ့်ပြီး သူ ဆက်သည်းမခံနိုင်တော့ရင် အလုပ်ပြောင်းပါလားလို့ ပြောခဲ့တာ။ သူကျွန်မရဲ့စကားတွေကို လက်တွေ့ဖြစ်အောင် မလုပ်ခဲ့ဘဲ ထွက်သွားလိမ့်မယ်လို့ ဘယ်သူကများ သိခဲ့မှာလဲ။
ကျွန်မ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး အမှန်တရားကို ရအောင်ဖော်ထုတ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ တယောက်ယောက်များ သိလေမလား မျက်မြင်သက်သေများ ရှာတွေ့နိုင်မလား ကြိုးစားရင်း သူ့ကုမ္ပဏီကို ဝင်ချည်ထွက်ချည်လုပ်နေခဲ့တယ်။ ကျွန်မရဲ့ မဆုံးနိုင်တဲ့ ဝင်ထွက်သွားလာမှုရဲ့ ရလဒ်ကတော့ ကျွန်မအလုပ်လုပ်နေတဲ့ကုမ္ပဏီကနေ အလုပ်ဖြုတ်ခံခဲ့ရတာပါပဲ။ ပြီးတော့ ကျွန်မရဲ့ နယ်ပယ်မှာ ကျွန်မကို အလုပ်ငှားရဲတဲ့ ကုမ္ပဏီဆိုတာလည်း မရှိတော့ဘူး။ ကျွန်မရဲ့ သတင်းတွေက ဆိုးရွားနေခဲ့တာကိုး။
ကျွန်မ သတင်းစာထဲမှာဖတ်လိုက်ရပါသေးတယ်။ ကောင်မလေးတယောက်က သူ့ကို အလုပ်ခန့်တဲ့ ကုမ္ပဏီနဲ့ စာချုပ်မှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ခွင့်မပြုကြောင်းထည့်ရေးတဲ့အကြောင်း။ နောက်တော့ ဒီမိန်းကလေးကို ကုမ္ပဏီက လှောင်ပြောင်ပြီး သူ့ကို နောက်သုံးလအတွင်း ဘယ်ကုမ္ပဏီမှ လူတွေ့မစစ်ဆေးရဲတော့တဲ့အကြောင်း။ ကျွန်မ ဒီအကြောင်းကိုသာ အရင်ကဖတ်မိခဲ့ရင် သဘောမတူဘဲ လှောင်ပြောင်ရယ်မိမှာ။ ဒါပေမယ့် အခုတော့ ဒီယောကျ်ားကြီးစိုးတဲ့ လူ့အသိုင်းအဝိုင်းမှာ အမျိုးသမီးတယောက်အတွက် အကူအညီရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို နင့်နင့်နဲနဲသဘောပေါက်လာမိတယ်။ အဲ့လိုဆိုရင်တောင်မှ ကျွန်မရဲ့ထွက်သွားနှင့်ပြီဖြစ်တဲ့ သူငယ်ချင်းကောင်းအတွက် တရားမျှတမှုကို ရအောင် တိုက်ယူဖို့ ဆန္ဓရှိနေတုန်းပါပဲ။
ပိုက်ဆံရဖို့ ကျွန်မ အလုပ်မျိုးစုံလုပ်ခဲ့ရတယ်။ ကျွန်မ ကောလိပ်မှာတုန်းက ပန်းချီနဲ့ ပတ်သက်ပြီး လေ့ကျင့်ခဲ့ဖူးတယ်။ ဂုဏ်သိက္ခာရှိတဲ့ ပြတိုက်တချို့မှာ လုပ်အားပေးခဲ့ဖူးတယ်။ အဲ့ဒါကြောင့် ဘေကျင်းမှာ ပန်းချီကားရောင်းဝယ်သူတယောက်အနေနဲ့ ကံစမ်းရင်း ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ကွှန်မ အသက်ဝဝရှူသွင်းပြီး ရှင်းထျန်းတိ စျေးဝယ်စင်တာက ကျစ်ရှောင် ပန်းချီပြခန်းထဲကို လျှောက်ဝင်လာခဲ့တယ်။ နည်းနည်းပါးပါးလေ့လာကြည့်လိုက်တော့ ဒီမှာ အလုပ်လုပ်နေတဲ့သူ တယောက်ပဲ ရှိပုံပေါ်တယ်။ ပြခန်းကို သပ်ရပ်ကျနတဲ့ အပြာနုရောင်ကာလာနဲ့ အလှဆင်မွမ်းမံထားတယ်။ စတုရန်းမီတာနှစ်ရာလောက်ကျယ်တဲ့ ပြခန်းအတွင်းထဲမှာ ပန်းချီကား ဆယ့်နှစ်ကားလောက်ကို ချိတ်ထားတယ်။ ကျွန်မ ဂရုတစိုက် လှည့်ပတ်ကြည့်လိုက်တော့ ပန်းချီကားတွေမှာ စျေးနှုန်းတွေလည်း ရေးမထားဘူး။ ဒီပြခန်းပိုင်ရှင်က ခေါင်းမာတဲ့သူ ဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ သူက လှည့်ကွက်လေးတွေ သုံးနေတာပဲလို့ ကျွန်မသိလိုက်တယ်။ ကျွန်မလည်း တခေါက်လောက် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကောလိပ်တက်နေတုန်းကဆို ကျွန်မမှာ ဒေါ်လာနှစ်ဆယ်တန် ပန်းချီကားကို နှစ်ထောင့်ငါးရာဒေါ်လာထိစျေးရအောင် လေလံတင်နိင်ခဲ့တဲ့ အသာလွန်ဆုံးစွမ်းဆောင်ရည်ဆိုတာကြီး ရှိနေတယ်လေ။ ဒီလိုမျိုးစျေးနှုန်းမပါတဲ့ ပန်းချီကားမျိုးတွေက ကျွန်မရဲ့ ပင်ကိုစွမ်းရည်ကို ပြသဖို့အတွက် အံဝင်ခွင်ကျပဲ။ အဲ့ဒါအပြင် ကျွန်မ သူငယ်ချင်းအတွက် တရားစွဲနိုင်ဖို့ ပိုက်ဆံလည်း လိုနေတယ်။
လျှောက်ကြည့်နေတုန်း ကျွန်မဘေးကို ကျားဟန်ရောက်လာခဲ့တယ်။ ကျွန်မလည်း သတိမထားမိလိုက်ဘူး။ ကျွန်မညာဘက်ဆီက အရိပ်ကိုတော့ သိလိုက်တယ်။ ခေါင်းကို အမြန်ငုံ့ကြည့်လိုက်တော့ ကျွန်မ အတော်လေး အံ့အားသင့်သွားတယ်။
ဒီတကြိမ်တော့ သူက ကိုယ်တိအနက်ရောင်ဝတ်စုံပြည့်ဝတ်ထားပြီး သူ့မျက်နှာပေါ်မှာ ဖက်ရှင်ကျတဲ့ အနက်ရောင်ကိုင်းတပ်မျက်မှန်တလက်ရှိနေတယ်။ ဘာကြောင့်မှန်းတော့မသိဘူး သူ့ရဲ့ အရောင်အဝါက ဒီနေရာနဲ့ အတော်လေး သဟဇာတဖြစ်တယ်လို့ ခံစားမိတယ်။ သူ့မှာ ပန်းချီနဲ့ပတ်သက်ပြီး မွေးရာပါခံစားနိုင်တဲ့စိတ်ရှိပုံပဲ။ ကျောက်ယန်ပန်းခြံမှာတုန်းက လူက ကျွန်မဘေးက ကောင်လေးဆို ဒီအချိန်မှာ သူက ကျွမ်းကျင်တဲ့ပညာရှင်တယောက်မို့ ကျွန်မ နည်းနည်းလောက် ဟိတ်ဟန်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“တိုက်ဆိုင်လိုက်တာ မစ္စတာ ကျွန်မတို့ ထပ်တွေ့ပြန်ပြီနော်။”
သူက နူးနူးညံ့ညံ့လေး ပြုံးပြတယ်။
“ကျွန်မက ဒီလို ပန်းချီကားကြည့်ဖို့လာတာ။ ရှင်ရောလား။”
သူ ခေါင်းညိတ်ပြတယ်။
“ရှင်ဒီကို ပန်းချီကားဝယ်ဖို့ လာတာလား။ ဒီပန်းချီကားအပေါ် ကျွန်မရဲ့အမြင်ပြောပြလို့ရတယ်မလား။”
အခန္း ( ၂ )
ကြၽန္မစိတ္က သူျပဳံးေနမယ္လို႔ ေမွ်ာ္လင့္မထားခဲ့မိဘူး။ ေယာက်ာ္းတေယာက္ရဲ႕ အျပဳံးက လွပၿပီး စိတ္သက္သာရာရေစမယ္လို႔ ကြၽန္မ မသိခဲ့ပါလား။ ကြၽန္မရဲ႕ ႏွလုံးသားက အဲ့အခိုက္အတန္႔ေလးမွာ သူ႕ကို ခ်စ္မိသြားခဲ့တာ ထင္ပါတယ္။ ေနာက္ပိုင္း အခ်ိန္အေတာ္ၾကာတဲ့အထိ အဲ့အေၾကာင္းကို ဝန္မခံေပမယ္လို႔ေပါ့။
ကြၽန္မ က်ားဟန္နဲ႔ ေနာက္တႀကိမ္ျပန္ဆုံတာက ေနာက္ႏွစ္လအၾကာမွာ။ ကြၽန္မငယ္သူငယ္ခ်င္းနဲ႔ ကြၽန္မ ေဘက်င္းမွာ အလုပ္လုပ္ဖို႔ေရာက္လာခဲ့ၾကတာ။ ဒါေပမယ့္ ေဆာင္းဦးကုန္ခါနီးညတညမွာ သူ ကြၽန္မဆီကို ေနာက္ဆုံးအႀကိမ္ ဖုန္းေခၚၿပီးေတာ့ သူ႕ကိုယ္သူ သတ္ေသသြားခဲ့တယ္။ သူ႕အထက္အရာ႐ွိက ခဏတိုင္း သူ႕ကို ထိကိုင္ေနတဲ့အေၾကာင္း ကြၽန္မကို သူဆက္တိုက္ေျပာျပေနခဲ့တာ။
သူ အဲ့အေၾကာင္းေတြ ေျပာျပေနတုန္းက တခ်ိဳ႕အခ်ိန္ေတြမွာ ကူကယ္ရာမဲ့ေနၿပီး တခ်ိဳ႕အခ်ိန္ေတြမွာ ဝမ္းနည္းေနခဲ့တာ။ ကြၽန္မက သူ႕ကို ႏွစိသိမ့္ၿပီး သူ ဆက္သည္းမခံႏိုင္ေတာ့ရင္ အလုပ္ေျပာင္းပါလားလို႔ ေျပာခဲ့တာ။ သူကြၽန္မရဲ႕စကားေတြကို လက္ေတြ႕ျဖစ္ေအာင္ မလုပ္ခဲ့ဘဲ ထြက္သြားလိမ့္မယ္လို႔ ဘယ္သူကမ်ား သိခဲ့မွာလဲ။
ကြၽန္မ ကိုယ့္ကိုယ္ကို အျပစ္တင္ၿပီး အမွန္တရားကို ရေအာင္ေဖာ္ထုတ္မယ္လို႔ ဆုံးျဖတ္ခဲ့တယ္။ တေယာက္ေယာက္မ်ား သိေလမလား မ်က္ျမင္သက္ေသမ်ား ႐ွာေတြ႕ႏိုင္မလား ႀကိဳးစားရင္း သူ႕ကုမၸဏီကို ဝင္ခ်ည္ထြက္ခ်ည္လုပ္ေနခဲ့တယ္။ ကြၽန္မရဲ႕ မဆုံးႏိုင္တဲ့ ဝင္ထြက္သြားလာမႈရဲ႕ ရလဒ္ကေတာ့ ကြၽန္မအလုပ္လုပ္ေနတဲ့ကုမၸဏီကေန အလုပ္ျဖဳတ္ခံခဲ့ရတာပါပဲ။ ၿပီးေတာ့ ကြၽန္မရဲ႕ နယ္ပယ္မွာ ကြၽန္မကို အလုပ္ငွားရဲတဲ့ ကုမၸဏီဆိုတာလည္း မ႐ွိေတာ့ဘူး။ ကြၽန္မရဲ႕ သတင္းေတြက ဆိုး႐ြားေနခဲ့တာကိုး။
ကြၽန္မ သတင္းစာထဲမွာဖတ္လိုက္ရပါေသးတယ္။ ေကာင္မေလးတေယာက္က သူ႕ကို အလုပ္ခန္႔တဲ့ ကုမၸဏီနဲ႔ စာခ်ဳပ္မွာ လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈ ခြင့္မျပဳေၾကာင္းထည့္ေရးတဲ့အေၾကာင္း။ ေနာက္ေတာ့ ဒီမိန္းကေလးကို ကုမၸဏီက ေလွာင္ေျပာင္ၿပီး သူ႕ကို ေနာက္သုံးလအတြင္း ဘယ္ကုမၸဏီမွ လူေတြ႕မစစ္ေဆးရဲေတာ့တဲ့အေၾကာင္း။ ကြၽန္မ ဒီအေၾကာင္းကိုသာ အရင္ကဖတ္မိခဲ့ရင္ သေဘာမတူဘဲ ေလွာင္ေျပာင္ရယ္မိမွာ။ ဒါေပမယ့္ အခုေတာ့ ဒီေယာက်္ားႀကီးစိုးတဲ့ လူ႕အသိုင္းအဝိုင္းမွာ အမ်ိဳးသမီးတေယာက္အတြက္ အကူအညီရဖို႔ ဘယ္ေလာက္ခက္ခဲလဲဆိုတာကို နင့္နင့္နဲနဲသေဘာေပါက္လာမိတယ္။ အဲ့လိုဆိုရင္ေတာင္မွ ကြၽန္မရဲ႕ထြက္သြားႏွင့္ၿပီျဖစ္တဲ့ သူငယ္ခ်င္းေကာင္းအတြက္ တရားမွ်တမႈကို ရေအာင္ တိုက္ယူဖို႔ ဆႏၶ႐ွိေနတုန္းပါပဲ။
ပိုက္ဆံရဖို႔ ကြၽန္မ အလုပ္မ်ိဳးစုံလုပ္ခဲ့ရတယ္။ ကြၽန္မ ေကာလိပ္မွာတုန္းက ပန္းခ်ီနဲ႔ ပတ္သက္ၿပီး ေလ့က်င့္ခဲ့ဖူးတယ္။ ဂုဏ္သိကၡာ႐ွိတဲ့ ျပတိုက္တခ်ိဳ႕မွာ လုပ္အားေပးခဲ့ဖူးတယ္။ အဲ့ဒါေၾကာင့္ ေဘက်င္းမွာ ပန္းခ်ီကားေရာင္းဝယ္သူတေယာက္အေနနဲ႔ ကံစမ္းရင္း ႀကိဳးစားၾကည့္ဖို႔ ဆုံးျဖတ္ခဲ့တယ္။
ကႊန္မ အသက္ဝဝ႐ွဴသြင္းၿပီး ႐ွင္းထ်န္းတိ ေစ်းဝယ္စင္တာက က်စ္ေ႐ွာင္ ပန္းခ်ီျပခန္းထဲကို ေလွ်ာက္ဝင္လာခဲ့တယ္။ နည္းနည္းပါးပါးေလ့လာၾကည့္လိုက္ေတာ့ ဒီမွာ အလုပ္လုပ္ေနတဲ့သူ တေယာက္ပဲ ႐ွိပုံေပၚတယ္။ ျပခန္းကို သပ္ရပ္က်နတဲ့ အျပာႏုေရာင္ကာလာနဲ႔ အလွဆင္မြမ္းမံထားတယ္။ စတုရန္းမီတာႏွစ္ရာေလာက္က်ယ္တဲ့ ျပခန္းအတြင္းထဲမွာ ပန္းခ်ီကား ဆယ့္ႏွစ္ကားေလာက္ကို ခ်ိတ္ထားတယ္။ ကြၽန္မ ဂ႐ုတစိုက္ လွည့္ပတ္ၾကည့္လိုက္ေတာ့ ပန္းခ်ီကားေတြမွာ ေစ်းႏႈန္းေတြလည္း ေရးမထားဘူး။ ဒီျပခန္းပိုင္႐ွင္က ေခါင္းမာတဲ့သူ ျဖစ္ရင္ျဖစ္ မျဖစ္ရင္ေတာ့ သူက လွည့္ကြက္ေလးေတြ သုံးေနတာပဲလို႔ ကြၽန္မသိလိုက္တယ္။ ကြၽန္မလည္း တေခါက္ေလာက္ ႀကိဳးစားၾကည့္ဖို႔ ဆုံးျဖတ္လိုက္တယ္။
ေကာလိပ္တက္ေနတုန္းကဆို ကြၽန္မမွာ ေဒၚလာႏွစ္ဆယ္တန္ ပန္းခ်ီကားကို ႏွစ္ေထာင့္ငါးရာေဒၚလာထိေစ်းရေအာင္ ေလလံတင္နိင္ခဲ့တဲ့ အသာလြန္ဆုံးစြမ္းေဆာင္ရည္ဆိုတာႀကီး ႐ွိေနတယ္ေလ။ ဒီလိုမ်ိဳးေစ်းႏႈန္းမပါတဲ့ ပန္းခ်ီကားမ်ိဳးေတြက ကြၽန္မရဲ႕ ပင္ကိုစြမ္းရည္ကို ျပသဖို႔အတြက္ အံဝင္ခြင္က်ပဲ။ အဲ့ဒါအျပင္ ကြၽန္မ သူငယ္ခ်င္းအတြက္ တရားစြဲႏိုင္ဖို႔ ပိုက္ဆံလည္း လိုေနတယ္။
ေလွ်ာက္ၾကည့္ေနတုန္း ကြၽန္မေဘးကို က်ားဟန္ေရာက္လာခဲ့တယ္။ ကြၽန္မလည္း သတိမထားမိလိုက္ဘူး။ ကြၽန္မညာဘက္ဆီက အရိပ္ကိုေတာ့ သိလိုက္တယ္။ ေခါင္းကို အျမန္ငုံ႔ၾကည့္လိုက္ေတာ့ ကြၽန္မ အေတာ္ေလး အံ့အားသင့္သြားတယ္။
ဒီတႀကိမ္ေတာ့ သူက ကိုယ္တိအနက္ေရာင္ဝတ္စုံျပည့္ဝတ္ထားၿပီး သူ႕မ်က္ႏွာေပၚမွာ ဖက္႐ွင္က်တဲ့ အနက္ေရာင္ကိုင္းတပ္မ်က္မွန္တလက္႐ွိေနတယ္။ ဘာေၾကာင့္မွန္းေတာ့မသိဘူး သူ႕ရဲ႕ အေရာင္အဝါက ဒီေနရာနဲ႔ အေတာ္ေလး သဟဇာတျဖစ္တယ္လို႔ ခံစားမိတယ္။ သူ႕မွာ ပန္းခ်ီနဲ႔ပတ္သက္ၿပီး ေမြးရာပါခံစားႏိုင္တဲ့စိတ္႐ွိပုံပဲ။ ေက်ာက္ယန္ပန္းျခံမွာတုန္းက လူက ကြၽန္မေဘးက ေကာင္ေလးဆို ဒီအခ်ိန္မွာ သူက ကြၽမ္းက်င္တဲ့ပညာ႐ွင္တေယာက္မို႔ ကြၽန္မ နည္းနည္းေလာက္ ဟိတ္ဟန္ထုတ္ဖို႔ ဆုံးျဖတ္လိုက္တယ္။
“တိုက္ဆိုင္လိုက္တာ မစၥတာ ကြၽန္မတို႔ ထပ္ေတြ႕ျပန္ၿပီေနာ္။”
သူက ႏူးႏူးညံ့ညံ့ေလး ျပဳံးျပတယ္။
“ကြၽန္မက ဒီလို ပန္းခ်ီကားၾကည့္ဖို႔လာတာ။ ႐ွင္ေရာလား။”
သူ ေခါင္းညိတ္ျပတယ္။
“႐ွင္ဒီကို ပန္းခ်ီကားဝယ္ဖို႔ လာတာလား။ ဒီပန္းခ်ီကားအေပၚ ကြၽန္မရဲ႕အျမင္ေျပာျပလို႔ရတယ္မလား။”