แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แแ†.แ {U}

3.5K 744 77
By Hot_Tofu1

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 16.1

ON Aug 26, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

"သူတကယ်ကြီးရူးသွားတာတော့
မဟုတ်လောက်ပါဘူးနော်...."

ဗလာကျင်းနေသည့်လေထုထဲကို
စိုက်ကြည့်ပြီးစကားပြောနေသည့်
ထိုဆရာဝန်ကိုကြည့်ရင်း,
ဘေ့စ်ဘောဦးထုပ်သည်
သူ၏တစ်ကိုယ်လုံးကြက်သီးမွေးညင်း
များထလာသည်ကိုခံစားလိုက်ရသည်။

"ဒါမှမဟုတ် အဲ့နေရာမှာ
တကယ်ကြီးသရဲများရှိနေတာလား?"

ဟူဒီသည်ကြောက်ရွံမှုကြောင့်
ခေါင်းအစခြေအဆုံးတုန်ရီလာကာ,
ငိုယိုရင်း "အကို,အစောကြီးကတည်းက
ကျွန်တော်အကို့ကိုပြောပြီးပြီလေ။
ကျွန်တော့်ကိုအဲ့လိုတွေမခြောက်ပါနဲ့လို့။
အခုလေးတင်မှစိတ်သက်သာရာရအောင်လို့
မနည်းလုပ်ထားရတာကို! "

သူစကားပြောပြီးပြီးခြင်းမှာဘဲ,
နဂိုတုန်းကဗလာကျင်းနေခဲ့သည့်
ကော်ရစ်တာအတွင်းထဲရှိ
မှိန်ဖျော့ဖျော့မီးရောင်အောက်တွင်
အလွန်စိတ်လေးစဖွယ်ကောင်းသည့်
အရှိန်အဝါဖြင့်ဘယ်ကနေဘယ်လို
ရောက်လာမှန်းမသိသည့်အရပ်မြင့်မြင့်
လူတစ်ဦးရပ်နေသည်ကိုနှစ်ယောက်စလုံး
မြင်တွေ့လိုက်ရသည့်အတွက်
နှစ်ယောက်စလုံးချီးထွက်ကျ
လုမတတ်လန့်ဖျန့်သွားကြသည်။

ဘေ့စ်ဘောဦးထုပ်နှင့်ဟူဒီတို့သည်
baijiuအရက်ပါကင်ပုံးများကိုသူတို့၏
ရင်ဘတ်နားနီးသည်အထိတိုးကာ
ပွေ့ဖက်လိုက်ပြီး,သိပ်မဝေးကွာလှသည့်
နေရာ၌ကိုယ်ထင်ပြလှလာသည့်
လုံခြုံရေးဝတ်စုံဟောင်းအား
ဝတ်ဆင်ထားသည့်ထိုအရပ်မြင့်မြင့်
အရိပ်မည်းကိုစိုက်ကြည့်ရင်း
သူတို့၏မျက်နှာများသည်သွေးပျက်
ခြောက်ခြားမှုများဖြင့်ပြည့်နှက်လာခဲ့သည်။

ထိုအချက်နှင့်တင်ယောင်းယီသည်
လုံးဝရူးမနေသည်ကိုသက်သေပြနိုင်ခဲ့သည်။
ထိုအစား,ဦးနှောက်ပျက်ကာရူးတော့မည့်
လူများမှာသူတို့သာဖြစ်သည်။

အဲ့တစ်ယောက်သရဲရာဇဝင်ထဲက
လုံခြုံရေးသရဲမဟုတ်ဘူးလား !?!?!

သူတို့အနေဖြင့်တစ်ညလုံးအခြားသော
သရဲများကိုလုံးဝမတွေ့ရသည်မှာအံဩစရာ
မရှိတော့ပေ။အဘယ့်ကြောင့်ဆိုသော်
အစောကြီးကတည်းကသူတို့ကိုစောင့်
နေသည့်တစ်ယောက်ကရှိနှင့်ပြီးသားဖြစ်သည်!

ဟူဒီသည်အလွန်ကြောက်ရွံနေခဲ့သည့်
အတွက်,သူ၏ခြေထောက်များသည်
နောက်တစ်ကြိမ်ထပ်မံပျော့ခွေသွားတော့သည်။
ထို့ကြောင့်သူသယ်ဆောင်ထားသည့် baijiu
ပါကင်ပုံးသည်ပြုတ်ကျသွားခဲ့ပြီး,ပုံးထဲမှ
အရက်ပုလင်းများစွာလိမ့်ကျလာသည့်အတွက်
တချွင်ချွင်မြည်သံများထွက်ပေါ်လာခဲ့သည်။

"အား!!! ပြေးတော့,တကော!!!"

သွေးပျက်စွာဖြင့်ဘောင်းဘီထဲတွင်တောင်
သေးပေါက်ချတော့မိမလိုဖြစ်သွားခဲ့သည်,
ဟူဒီသည်ဝန်ဆောင်မှုကောင်တာထောင့်မှ
တယိမ်းတယိုင်ထွက်လိုက်သည်။သူနောက်သို့
ပြန်လှည့်ကြည့်လိုက်စဉ်,အလွန်အံ့ဩသွား
ခဲ့သည်။အဘယ်ကြောင့်ဆိုသော်ထိုဆရာဝန်
သည်တစ္ဆေလိုလိုအရိပ်နှင့်အတူတကွမတ်တပ်
ရပ်နေသည်ကိုတွေ့လိုက်ရသည့်အတွက်
ဖြစ်သည်။

"မ-မဟုတ်သေးပါဘူး,ဘာတွေဖြစ်ကုန်တာလဲ?!"

ဟူဒီ၏သုံးဖက်မြင်အတွေးအခေါ်များသည်
ဒေါက်တာ၏လှည့်ကွက်ကိုမျက်မြင်ကိုယ်တွေ့
မြင်တွေ့လိုက်ရသည့်အခါပျက်ဆီးသွားခဲ့ပြီး,
ပြိုကျပျက်စီးလုနီးနီးဖြစ်သွားခဲ့သည်။သူ၏
မျက်နှာပေါ်မှအမူအရာသည်လည်းထိန်းမချုပ်
နိုင်လောက်အောင်ကိုကြက်သေသေသွားခဲ့သည်။

ဟူဒီ၏ဘေး၌အတူတူထွက်ပြေးနေသည့်
ဘေ့စ်ဘောဦးထုပ်သည်လည်းကြည့်ရန်
သူ၏ခေါင်းကိုလှည့်လိုက်သည့်အခါ,
တစ်စစီပြိုလဲပျက်စီးမသွားခင်သူ၏
မျက်နှာတစ်ခုလုံးတွင်အံ့ဩထိတ်လန့်မှုများ
ဖြတ်ပြေးသွားခဲ့သည်။

"အဲ့ဆရာဝန်! သူက-!!! သူ-!!! သူတို့က-!"

သိပ်မဝေးကွာလှသည့်နေရာတွင်,အဖြူရောင်
ဂျူတီကုတ်ကိုဝတ်ဆင်ထားသည့်လူငယ်လေး
သည်သူ၏ခေါင်းကိုမော့ကာ,ထိုသေဆုံးသွားခဲ့
ပြီဖြစ်သောလုံခြုံရေးစောင့်၏ပါးကိုနမ်းလိုက်ပြီး,
ကျန်သည့်လူနှစ်ယောက်ကိုတမင်တကာ
အထင်အမြင်သေးသည့်အကြည့်ဖြင့်
အထက်စီးဆန်ဆန်ကြည့်လိုက်သည်။
ထိုဖြူဖျော့နေသည့်နှုတ်ခမ်းလွှာသည်
တစ္ဆေဆန်လှသည့်လုံခြုံရေးစောင့်၏
မျက်နှာအားဖုံးကွယ်ထားသည့်
အမည်းရောင်မြူခိုးများနှင့်
ရောယှက်သွားသည့်အခါ,ပေါ်လာသော
လုံခြုံရေးစောင့်၏မျက်နှာသည်မယုံကြည်
နိုင်လောက်အောင်ကိုကြောက်စရာကောင်း
လှသည်။

စိတ်ကူးကြည့်ရန်ပင်မဖြစ်နိုင်လောက်သည့်
မြင်ကွင်းအားမြင်တွေ့လိုက်ရသည့်အခါ,
ဟူဒီ၏ခြေထောက်များသည်မတတ်နိုင်စွာ
့ဖြင့်တုန်ယင်လာတော့သည်။

"အဲ့နှစ်ယောက်က...အဲ့လိုဆက်ဆံရေး
ကြီးလား? ဒီစောက်ရေးမပါတဲ့သရဲရာဇဝင်
ထဲမှာပြောထားသမျှတွေအကုန်လုံးက
အတုအယောင်တွေချည်းဘဲပေါ့!
တကော....ကျွန်တော်တို့တော့သွားပြီ...."

ဟူဒီသည်ဘယ်တုန်းကမှထိုသရဲရာဇဝင်ထဲမှ
သူနာပြုမလေးအားစိတ်ရောကိုယ်ပါစွဲစွဲမြဲမြဲ
ချစ်မြတ်နိုးနေခဲ့သည်လုံခြုံရေးတစ္ဆေသည်
တကယ်တမ်းကျတော့,အမျိုးသားဆရာဝန်
တစ်ယောက်နှင့်ချစ်ကျွမ်းဝင်နေခဲ့မည်ဟု
လုံးဝမထင်မှတ်ထားခဲ့ပေ။

အရင်တုန်းကထိုဆရာဝန်အပေါ်သူတို့
ပြုမူခဲ့သည့်အထင်အမြင်သေးမှုများနှင့်
မလေးစားသည့်အပြုအမူများကိုပြန်လည်
တွေးတောလိုက်မိသည့်အခါ,ဟူဒီသည်
မျှော်လင့်ချက်များအကြီးအကျယ်
ပျက်သုဉ်းသွားတော့သည်။

သွားပြီ။တကယ်ကိုပြီးဆုံးသွားပြီ။သရဲဘုရင်
စွဲလမ်းနေခဲ့ရသည့်လူကိုစော်ကားမော်ကား
ပြောဆိုခဲ့ပြီးချိန်မှာတော့သူတို့အနေဖြင့်ယခု
နေရာကြီးထဲမှအသက်ရှင်လျက်ထွက်သွားဖို့ရာ
ဖြစ်နိုင်တော့ပါ့မလား?

ခုနလေးတင်ကမှ,သူတို့သည်ထိုဆရာဝန်နှင့်
ပခုံးချင်းယှဉ်ရန်အစီအစဉ်ဆွဲထားခဲ့ကြသည်။
ထိုဆရာဝန်သည်သူတို့ကိုသေချာပေါက်
ထိုကိစ္စမှအလွတ်ပေးမည်မဟုတ်ဘူးဆိုတာကို
သူတို့အစောကြီးကတည်းကသိထားခဲ့သင့်သည်!

ဘေ့စ်ဘောဦးထုပ်၏အတွေးများသည်
ထင်ရှားပေါ်လွင်လာခဲ့ပြီးအဆုံးအစွန်အထိ
ရောက်ရှိသွားတော့သည်။သူ၏ကျိုးဆတ်လွယ်
သောစိတ်အခြေအနေသည်ချက်ချင်းကို
အပိုင်းပိုင်းကွဲကြေကာ,သူ၏မျက်နှာအမူအရာ
မှာလည်းရူးသွပ်သွားခဲ့သည်။

"လီးဘဲ,ဒီခွေးသားငါတို့နောက်ကျောကို
ဓားနဲ့ထိုးသွားပြီ!သူအစောကြီးကတည်းက
ငါတို့ကိုကစားနေခဲ့တာဘဲ! ဘာတဲ့
'အလောင်းကိုမီးရှို့ရမယ်'ဆိုဘဲ!
ပြောခဲ့သမျှအရာအားလုံးကအလိမ်အညာ
တွေချည်းဘဲ....လီးဘဲ!ငါတို့အားလုံး
အစောကြီးကတည်းကဘယ်လိုဘဲလုပ်လုပ်
သေမှာဘဲ,ဒီလောင်ရှီကတော့မသေခင်သူ့ကို
ငါနဲ့အတူတူရအောင်ကိုဆွဲခေါ်သွားမယ်!""

ထိန်းမရသိမ်းမရဖြစ်လာသော,
ဘေ့စ်ဘောဦးထုပ်သည်သူ၏
ဘောင်းဘီအိတ်ကပ်ထဲမှမောင်းချဓား
အသေးစားလေးအားမဆင်မခြင်ဆွဲထုတ်ကာ
ယောင်းယီရပ်နေခဲ့သည့်ဝန်ဆောင်မှုကောင်တာ
အနားသို့ပြေးဝင်သွားတော့သည်။

ဟူဒီသည်သူ၏မိသားစုဝင်ဖြစ်သော
တကောရုတ်တရပ်ရူးသွပ်သွားသည်
ကိုကြောင်ပြီးငေးကြည့်နေမိခဲ့သည်။
ဘာတွေဖြစ်သွားသလဲဆိုတာကိုတောင်
မတွေးတောနိုင်တော့သည့်အတွက်,
သူဘာတစ်ခုမှမတုံ့ပြန်လိုက်နိုင်ခဲ့ပေ။

"အားးးးးးး! ဒေါက်တာ! ဒီလောင်ရှီက
ခင်များကိုကျွန်တော်နဲ့အတူတူသေရွာဆီ
ခေါ်သွားပေးမယ်!""

မနေ့ညကတည်းကမြိုသိပ်ခဲ့ရသည့်အတွက်
စုပုံလာသည့်မကျေမချမ်းနိုင်သောဒေါသများ
သည်ဘေ့စ်ဘောဦးထုပ်၏ဆင်ခြင်နိုင်စွမ်းကို
အထိန်းအချုပ်ကင်းမဲ့သွားစေခဲ့သည်။သူတွေး
နေခဲ့သည်မှာသူမကြာခင်သေရတော့မှာဖြစ်ပြီး,
မသေခင်သူနှင့်အတူတူတစ်စုံတစ်ယောက်ကိုပါ
ဆွဲခေါ်သွားရမည်ဟုဖြစ်သည်။ယောင်းယီ၏
ဘေး၌နီးကပ်စွာမတ်တပ်ရပ်နေခဲ့သည့်အရပ်
မြင့်မြင့်တစ္ဆေဆန်သည့်လူရှိနေခဲ့တာတောင်မှ
သတိမမူနိုင်တော့ဘဲသူ၏နီရဲနေသောမျက်လုံး
များသည်ယောင်းယီကိုသတ်ဖို့ရန်သာဦးတည်
နေခဲ့သည်။

ယောင်းယီသည်အန်းလင်အား
ကူညီပေးရန်တောင်းဆိုခဲ့ပါသော်လည်း,
အန်းလင်ကိုကြည့်ရသည်မှာသူ၏ဘေးနား
မှထွက်သွားချင်ပုံလုံးဝမရပေ။ထို့ကြောင့်
ထိုတာဝန်ကိုထမ်းဆောင်ဖို့ရန်သူ့ဆီတွင်
ရည်ရွယ်ချက်လုံးဝရှိမနေပေ။

ထိုအရာကိုမြင်တွေ့လိုက်ရသည့်အခါ,
ယောင်းယီသည်ကူကယ်ရာမဲ့သွား
တော့သည်။ထို့နောက်မတတ်နိုင်စွာဖြင့်
အချိန်ကျသည်နှင့်မိန်းတံခါးပေါက်ဝမှ
သူထွက်ပြေးစဉ်အန်းလင်ကိုအဝေးရောက်
နေစေရန်မည်ကဲ့သို့စီကာပတ်ကုံးပြောဆိုကာ
အယုံသွင်းရမည်နည်းဟုအလွန်ခက်ခက်ခဲခဲ
စဉ်းစားနေရတော့သည်။

အတွေးများထဲ၌နှစ်မြုပ်နေခဲ့သော
ယောင်းယီသည်သတိလွတ်နေခဲ့ပြီး,
ဘေ့စ်ဘောဦးထုပ်၏ရူးသွပ်နေသည့်
အသံကိုကြားလိုက်ရမှသာကြောက်ရွံမှု
ကြောင့်ထခုန်လိုက်မိသည်။

ယောင်းယီနောက်ပြန်လှည့်ကြည့်လိုက်စဉ်,
ဘေ့စ်ဘောဦးထုပ်သည်သူ၏မျက်စိရှေ့သို့
ရောက်နှင့်နေခဲ့ပြီဆိုတာကိုတွေ့လိုက်ရသည်။
ယောင်းယီ၏မျက်စိသူငယ်အိမ်များသည်
ကျုံသွားတော့သည်။ထို့နောက်မကြာခင်
ဖြစ်လာတော့မည့်စက္ကန့်ပိုင်းလေး
အတွင်းမှာဘဲ,လေထုထဲ၌သွေးများ
ရေပန်းသဖွယ်ဖြာကျသွားခဲ့သည်။

မီးလောင်ဒဏ်ရာများစွာဖုံးလွှမ်းနေသည့်
လက်အကြီးကြီးတစ်ခုသည်ယောင်းယီ၏
မျက်နှာအားဖုံးအုပ်လိုက်ပြီး,သွေးများဖြင့်
ညစ်ပေသွားတော့မည့်အရေးမှကာကွယ်
ပေးလိုက်သည်။

သွေးစက်များစွာကတော့,ကံမကောင်းစွာဖြင့်
ယောင်းယီ၏အဖြူရောင်ဆရာဝန်ဂျုတီကုတ်
ပေါ်သို့စင်ကျကာ,သွေးနီရောင် spider lilies[1]
များပွင့်လန်းလာသည့်အလားဖြစ်သွားခဲ့သည်။

[1] red spider lilies တွေက
ဆောင်းဦးပိုင်းမှာပွင့်လေ့ရှိပြီး,
သေဆုံးခြင်း,ပြန်လည်မွေးဖွားခြင်းနှင့်
နောက်ဘဝဆိုသည့်အဓိပ္ပါယ်ရပါတယ်။
ဗုဒ္ဓပိဋကတ်ကျမ်းတွေထဲမှာဆို,
ငရဲမှာသာပွင့်လေ့ရှိသည့်အတိတ်
နမိတ်မကောင်းသောပန်းဟုဖော်ပြ
ထားပြီး,ဘဝအဆက်ဆက်ပြုမူခဲ့သည့်
သံသဝဋ်ဆင်းရဲကြောင့်သေဆုံးခဲ့ရသည့်
လူများကိုတဖန်ပြန်လည်လူဝင်စားနိုင်ရန်
လမ်းပြပေးသည့်ပန်းဟုလည်းဆိုသည်။


Drip— Drip—သွေးစီးကြောင်းများ
စီးကျလာခဲ့သည်။

ခေါင်းပြတ်သွားသောအလောင်းသည်
ကြမ်းပြင်ပေါ်သို့ပစ်လဲကျသွားတော့သည်။
သရဲဘုရင်ဆင့်ခေါ်လိုက်သည့်,အလွန်
ကြောက်မက်စဖွယ်အကျည်းတန်
ရုပ်ဆိုးကာရက်စက်ယုတ်မာသည့်
မကောင်းဆိုးဝါးများစွာတို့သည်,
သွေးအိုင်ထဲ၌လဲကျနေသည့်
ခေါင်းပြတ်နေသောအလောင်းပေါ်၌
ကုတ်ကုတ်လေးဆောင့်ကြောင့်ထိုင်ကာ,
ထိုခန္ဓာကိုယ်မှအသွေးအသားများကို
အစိမ်းလိုက်ဝါးမြိုစားသောက်ကြတော့သည်။

ယောင်းယီသည်တစ်ခဏတာ
မှင်သက်နေခဲ့သည်။အန်းလင်သူ၏
လက်ကိုဖယ်ရှားလိုက်သည့်အခါ,
ယောင်းယီသည်ထိုအလောင်းထံသို့
သူ၏အကြည့်များကိုရောက်ရှိ
မသွားမိစေရန်အလွန်ခက်ခက်ခဲခဲ
ကြိုးစားခဲ့ရသည်။ထို့နောက်
ဖျော့တော့စွာဖြင့်ပြုံးပြကာ

"ကျေးဇူး" ဟုဆိုလိုက်သည်။

ထွက်ပြေးတော့!ထွက်ပြေးတော့!ထွက်ပြေးတော့!
ထွက်ပြေးတော့!ထွက်ပြေးတော့!ထွက်ပြေးတော့!
ထွက်ပြေးပါတော့! ! !

သူလွတ်ကိုလွတ်မြောက်မှရမယ် ! ! !

အန်းလင်သည်ယောင်းယီ၏နူူးညံလှသော
ဆံပင်လေးကိုတယုတယခပ်ဖွဖွပုတ်ကာ,
သူ၏ကြောက်ရွံနေသောချစ်သူလေးကို
နှစ်သိမ့်လိုက်တော့သည်။

သူ၏ခေါင်းပေါ်မှညင်သာသည့်ဖိအားကို
ခံစားလိုက်ရသည့်အခါ,ယောင်းယီသည်
သူ၏တုန်ယင်နေသောလက်ချောင်းများကို
နောက်ကျောဆီသို့ပို့လိုက်ပြီး,မျက်နှာတစ်ခု
လုံးဖြူဖျော့သွားခဲ့သည်။

“အားးးးးး!!!”

ဝမ်းနည်းကြေကွဲမှုကြောင့်ထွက်ပေါ်လာသည့်
အော်သံကြီးသည်ဧည့်သည်ခန်းမဆောင်ရှိ
တိတ်ဆိတ်နေသည့်လေထုအားဖြိုခွဲလိုက်
တော့သည်။ဟူဒီ၏မျက်နှာတစ်ခုလုံးတွင်
မျက်ရည်တွေရော,နှပ်ရည်တွေပါစီးကျနေပြီး
သူ၏မျက်စိရှေ့မှာတင်သေဆုံးသွားခဲ့သည့်
ဘေ့စ်ဘောဦးထုပ်ကိုကြည့်နေမိခဲ့သည်။
သူ၏စိတ်တစ်ခုလုံးသည်လည်းသွေးပျက်
ခြောက်ခြားနေခဲ့ပြီး,ကော်ရစ်တာ၏အနက်ရှိုင်း
ဆုံးသောအတွင်းပိုင်းထဲသို့ပြေးဝင်သွားတော့သည်။

သိပ်မကြာခင်အချိန်အတောအတွင်းမှာတင်,
ကြောက်လန့်ဖွယ်ကောင်းသည့်နောက်ထပ်
အော်သံတစ်ခုသည်လျင်မြန်စွာထွက်ပေါ်လာခဲ့ပြီး,
ထိုအသံအနောက်မှတဆင့်လိုက်ပါလာသည်မှာ
အဝစားစားသောက်ပွဲတော်ကြီးကျင်းပနေသည့်
အလားမကောင်းဆိုးရွားများစွာတို့ထံမှ
ရွှင်လန်းအားရစွာဖြင့်ကျွက်ကျွက်ဆူညံ့နေသည့်
အသံများဖြစ်သည်။

ထိုကော်ရစ်တာအတွင်းပိုင်းထဲသို့
ဗလာကျင်းစွာစိုက်ကြည့်နေရင်း,
ယောင်းယီ၏ခန္ဓာကိုယ်သည်သဘာဝ
အလျောက်အနောက်သို့အလိုအလျောက်
ဆုတ်လိုက်မိသည်ကိုမထိန်းချုပ်နိုင်ခဲ့
သလိုသူ၏မျက်နှာသည်လည်းအချိန်
အတော်ကြာဖိနှိပ်ချုပ်ချယ်ထားခဲ့ရသည့်
ကြောက်ရွံမှုနှင့်ပူဆွေးသောကရောက်မှုများကို
လည်းမဖုံးဖိထားနိုင်တော့ပေ။

လူတိုင်းသေကုန်ကြပြီ....

အခုဆို,ဒီသရဲဆေးရုံကြီးထဲမှာ,
သူတစ်ယောက်တည်းဘဲကျန်တော့တယ်....

နောက်ထပ်သေရမဲ့လူကသူ
များဖြစ်နေမလား?

ရှပ်—

ရှပ်—

အန်းလင်သည်ယောင်းယီ၏လက်ကို
ဆုပ်ကိုင်ရင်း,အလွန်ပျော်ရွှင်စွာဖြင့်
သူ၏ချောမောလှပလှသောမျက်နှာ
ပေါ်တွင်အားရကျေနပ်နေသည့်အပြုံး
တစ်ခုအားချိတ်ဆွဲကာဆေးရုံ၏
အနက်ရှိုင်းဆုံးသောဟိုးအတွင်းပိုင်းထဲသို့
တစ်လှမ်းချင်းစီဦးတည်လိုက်တော့သည်။

"ဒေါက်တာယောင်း,အခုဆိုကျွန်တော်တို့
အမြဲထာဝရအတူတူရှိနေကြတော့မယ်""

အန်းလင်ထံမှမြတ်နိုးကြင်နာမှုများ
ပြည့်ဝနေသည့်အသံဖြင့်,ထိုစကားကို
အကြိမ်ပေါင်းများစွာထပ်ခါထပ်ခါ
ပြောဆိုနေသည်ကိုကြားလိုက်ရသည့်အခါ,
ပန်းဆီရောင်သန်းနေသည့်အန်းလင်၏
မျက်နှာကိုမြင်ရရန်ယောင်းယီသည်
မသိစိတ်၏စေ့ဆော်မှုကြောင့်သူ၏
ခေါင်းကိုမော့ကာကြည့်လိုက်မိသည်။

ရုတ်တရပ်သူ၏နှလုံးသားထဲမှ
ကြောက်ရွံမှုသည်စိုးရိမ်ရေမှတ်ကို
ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ထို့ကြောင့်
သူအနေဖြင့်ထိုအရာကိုဆက်လက်ပြီး
တောင့်မခံထားနိုင်တော့ပေ။ပင်ပန်းနွမ်းနယ်
နေပါသော်လည်းသူ၏တစ်ကိုယ်လုံးတွင်ရှိရှိ
သမျှအင်အားတို့ကိုထုတ်သုံး၍အန်းလင်၏
လက်ကိုခါချကာ,နောက်သို့ပြန်လှည့်လိုက်ပြီး
ဝေးကွာလှသည့်နေရာတွင်ကျန်ရစ်ခဲ့သည့်ဆေးရုံ
၏မိန်းဝင်ပေါက်ဝဆီသို့ဦးတည်ကာလစ်ကနည်း
ထွက်ပြေးတော့သည်။

မဟုတ်ဘူး,အဲ့လိုမျိုးဘယ်တော့မှ
ဖြစ်လာနိုင်မှာမဟုတ်ဘူး ! ! !

သူ့ဘဝတစ်လျှောက်လုံးဒီနေရာကြီးထဲမှာဘဲ
အမြဲတမ်းထာဝရနေထိုင်မသွားချင်ပေ!
သူအနေဖြင့်အပြင်ထွက်ကိုထွက်မှရမည်!

သူ၏ဘဝကြီးကိုအချည်းအနှီးဖြစ်လျက်
ယခုလိုနေရောင်မရှိ,မျှော်လင့်ချက်မရှိ
သရဲတွေဖြင့်ပြည့်နှက်နေသည့်နေရာကြီး
ထဲမှာဘဲနေထိုင်ရင်း,စိတ်မချမ်းသာစရာ
ကောင်းအောင်သေဆုံးသွားမည့်အချိန်
အထိကိုစောင့်ဆိုင်းကာကုန်ဆုံးမသွားနိုင်ပေ!

တကယ်လို့....သူ...သူသာသေဆုံးခဲ့ပြီးသား
ဆိုရင်တောင်မှ,ဒီနေရာကြီးထဲမှာဘဲ
အမြဲတမ်းထာဝရပိတ်မိမနေချင်ဘူး!

""ဒေါက်တာယောင်း...""

အန်းလင်၏အသံကိုနားထောင်ရသည်မှာ
ငိုကြွေးမြည်တမ်းသံများဖြင့်ပြည့်နှက်နေပြီး
သူ့ကြည့်ရတာအခုအချိန်ထိနားလည်သဘော
မပေါက်နိုင်သေးသည့်ပုံပင်။

"ဘာလို့ထွက်ပြေးချင်နေရတာလဲဟင်?"

"...ဒီမှာနေရတာကိုမပျော်လို့လား...?
ကျွန်-ကျွန်တော်တို့...ပျော်ရွှင်စွာနဲ့...
ထာဝရအတူတူ...နေကြမယ်လေနော်...""

ထိုဝိဉာဉ်၏အသံသည်မလုပ်လုပ်အောင်ကို
တွင်တွင်လှုံဆော်နေသည့်လေသံလေးဖြင့်
တိုးတိုးလေးပြောလိုက်သည်။

အန်းလင်၏ညို့ဓာတ်ပါရှိသောအသံသည်
ထွက်ပြေးနေသည့်ယောင်းယီ၏အနောက်သို့
သူ၏အရိုးထဲအထိကျုးကျော်ဝင်ရောက်လာ
သည့်ဖျားနာမှုအလားတဝဲဝဲလိုက်ပါလာခဲ့သည်။

ယောင်းယီသည်သူအနေဖြင့်ထိုအသံကြောင့်
အလျှော့ပေးလိုက်မိမှာကိုစိုးရိမ်သည့်အတွက်
သူ၏ခေါင်းကိုလုံးဝနောက်ပြန်လှည့်မကြည့်ရဲပေ။
အရှေ့သို့သာဦးတည်၍တာတိုပြေးပြိုင်သည့်
အလားပြင်းပြင်းထန်ထန်ပြေးတော့သည်။

သူ၏လည်ချောင်းထဲမှသွေးအရသာကို
ခံစားနေရပါသော်လည်းထိုကဲ့သို့
ပြေးနေမိသည်မှာနောက်ဆုံးတော့
သူ၏လက်ဖဝါးသည်ဆေးရုံ၏မှန်တံခါး
လက်ကိုင်ကိုထိတွေ့လိုက်မိသည့်အချိန်
အထိဖြစ်သည်။

ရှပ်-

သို့သော်သူ၏အနောက်မှထွက်ပေါ်လာသော
ခြေသံသည်လည်းယောင်းယီ၏ဘေး၌ရပ်တန့်
သွားခဲ့သည်။

သွေးများတစိမ့်စိမ့်ထွက်ကာဘာမှမကျန်ရစ်
တော့သည်အထိမီးလောင်ပျက်စီးထားသော
ဒဏ်ရာများဖြင့်ပြည့်နှက်နေသည့်လက်သည်
တံခါးဖွင့်လုနီးပါးဖြစ်နေသည့်ယောင်းယီ၏လက်
ကိုအုပ်ကာဆုပ်ကိုင်လိုက်တော့သည်။

"နေပါ...ကျွန်တော်ခင်များကိုချစ်တယ်လေနော်...."

အရပ်မြင့်မြင့်တစ္ဆေသည်အောက်ကျို့စွာ
ဖြင့်တိုးတိတ်စွာပြောလာခဲ့သည်မှာ,
သူ၏ချစ်ရသူထံမှသနားညှာတာမှုကို
တောင်းခံနေသလိုပင်။

သူ၏လက်ဖမိုးမှစိုစိစိအထိအတွေ့ကို
ခံစားလိုက်ရသည့်အခါ,ယောင်းယီ၏
နှလုံးသားသည်လွန်စွာမှတုန်ယင်သွားခဲ့သည်။
အန်းလင်ခံစားနေရသည့်နာကျင်မှုကြောင့်
သူကိုယ်တိုင်လည်းစိတ်သောကရောက်နေပါ
သော်လည်း,တံခါးအပြင်ဘက်ရှိထွန်းလင်း
တောက်ပနေသောနေအလင်းရောင်သည်
သူ၏စိတ်ဝိဉာဉ်နှင့်နှလုံးသားကိုအစောကြီး
ကတည်းကဖမ်းစားသွားခဲ့ပြီဖြစ်သည်။

သူ့ဆီတွင်အခြားအရာများကိုဂရုစိုက်နေရန်
အချိန်မရှိတော့ပေ။

"ကျွန်တော့်ကိုလွှတ်ပေးပါ,အန်းလင်။
တကယ်တောင်းပန်ပါတယ်!"

ဘာရယ်ကြောင့်မှန်းတိတိကျကျမသိရသော်လည်း,
ယောင်းယီမျက်ရည်များစွာစီးကျလာခဲ့သည်။

ထို့နောက်တံခါးကိုအားဖြင့်တွန်းတိုက်ဖွင့်ကာ
ထိုအရှိန်နှင့်အတူတူအပြင်ဘက်သို့သူကိုယ်သူ
တွန်းထုတ်လိုက်တော့သည်။ကြမ်းပြင်ပေါ်သို့
ပစ်လဲကျသွားသည့်အတွက်သူ၏လက်မောင်း၌
ဒဏ်ရာရသွားသည်ကိုအာရုံမစိုက်နိုင်တော့ဘဲ,
ယောင်းယီမြူးကြွသွက်လက်စွာဖြင့်မတ်တပ်
ထရပ်လိုက်သည်။ဆေးရုံတံခါးများနှင့်မီတာငါးဆယ်
ကျော်ကျော်ဝေးကွာသည်အထိပြေးသွားပြီးမှသာ
သူနောက်သို့ပြန်လှည့်ကြည့်ရဲသည်။

ယောင်းယီဆေးရုံကြီး၏ဝင်ပေါက်မှတဆင့်ဝင်လိုက်
ထွက်လိုက်ဖြင့်ဗျာများနေကြသည့်မရေမတွက်
နိုင်လှသောသရဲများစွာကိုလှမ်းမြင်လိုက်ရသည်။
ထိုပျားပတောင်းခတ်နေသည့်သရဲများစွာ၏
ကြားထဲမှအထူးသိသာမြင်သာလှသော
အရပ်မြင့်မြင့်တစ္ဆေဆန်ဆန်ဝိဉာဉ်သည်
တံခါးရှေ့၌မတ်ရပ်နေပြီး,သူ့ကြည့်ရသည်မှာ
အလွန်အထီးကျန်လှသလို,ညိုးငယ်နေခဲ့သည်။

ဝှီးး- ဆောင်းဦးလေသည်အော်မြည်ရင်း
တိုက်ခတ်ကာ,တံခါးရှေ့မှဝိဉာဉ်များစွာတို့ကို
တိမ်များလွင့်ပြယ်သွားသည်အလားမျက်နှာ
အသီးသီးဆီသို့ပျံ့နှံ့သွားစေပြီး,ဆေးရုံကြီး၏
မူလပုံပန်းသဏ္ဋာန်ကိုပေါ်လွင်လာစေခဲ့သည်။

ထိုအဆောက်အဦးကြီးမှာ
မီးတောက်များကြောင့်
လောင်ကျွမ်းပျက်စီးသွားခဲ့သည့်
ဆေးရုံကြီးဖြစ်သည်။
အပြင်ဘက်၌မီးခိုးရောင်သန်းနေသည့်
နံရံများဖြင့်ဗလာကျင်းကာ,ကျိုးပဲ့နေသည့်
ကွန်ကရစ်အဆောင်များသာ
ကျန်ရှိတော့သည့်အကြွင်းအကျန်
နေရာပျက်ကြီးတစ်ခုအဖြစ်သာတည်ရှိနေခဲ့သည်။

ယောင်းယီစွန့်ပစ်ခံဆေးရုံကြီးကိုစိုက်ကြည့်ရင်း,
ခါးကုန်းကာ,လတ်ဆတ်သည့်လေထုအား
တစ်ဝကြီးရှုသွင်းနေမိသည်မှာသူ၏အဆုတ်ထဲ၌
တရွရွဖြစ်လာသည်ကိုသတိမထားမိခင်အချိန်
အထိဖြစ်သည်။ဤသို့ဖြင့်ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိတော့သည့်အတွက်,လေကိုသာဖြည်းဖြည်းချင်း
ရှုထုတ်လိုက်သည်။

သူ...လွတ်မြောက်သွားပြီလား?

သူတကယ်ကြီးကို...လွတ်မြောက်သွားပြီလား?

ယောင်းယီသည်နောက်သို့ခြေလှမ်းအနည်းငယ်
ပြန်ဆုတ်လိုက်ပြီး,သူအနေဖြင့်တစ်စုံတစ်ခုကို
ဆုံးရှုံးသွားရသည့်အလားတစ်နည်းနည်း
ကြောင့်မချင့်မရဲဖြစ်ကာစိတ်မချမ်းမသာခံစား
နေခဲ့ရသည်။သို့သော်,နောက်သို့တစ်ကြိမ်တစ်ခါ
လောက်တောင်ပြန်လှည့်မကြည့်တော့ဘဲ
သူ၏တိုက်ခန်းရှိရာအဆောက်အအုံဆီသို့
ဦးတည်ကာပြေးသွားတော့သည်။

သူအိမ်ပြန်ချင်သည်။

သူအနေဖြင့်အိမ်ကိုပြန်ခဲ့ချင်ရုံသာဖြစ်သည်။

thoughts of tofu: 

နောက်ဆုံးတစ်ပိုင်းဘဲကျန်ပါတော့တယ်။
ပြီးတော့စိတ်မပူပါနဲ့...HE မို့ဖတ်ရတာ
တန်ပါတယ် (。•̀ᴗ-)✧

အခုဝတ္ထုကဖတ်နေကြအခြား
Horror Romantic novel
တွေနဲ့မတူညီတာမို့ကိုယ်နဲ့
taste မကိုက်တာမျိုးတွေ
ရှိလာတတ်ပါတယ်။တို့ဖူးကတော့
ဘယ်သူတွေဘာဘဲပြောပြော,
အဆုံးထိဆက်ရေးသွားမှာပါ။
တို့ဖူးအမြင်မှာတော့လူတွေဆိုတာ
အဲ့လိုဘဲဖြစ်နေသင့်တာ
မဟုတ်ဘူးလား။အမြဲတမ်း
ဖြူစင်နေဖို့ဆိုတာကြီးက
တကယ်တမ်းကျတော့
တစ်သက်လုံး
ဖြစ်ရောဖြစ်နိုင်ပါ့မလား။




Continue Reading

You'll Also Like

67K 4.2K 46
แ€ฑแ€†แ€ฌแ€„แ€นแพแ€€แ€ฌแฟแ€™แ€ญแ€ณแ€„แ€นแ€€แ€™แ€ญแ€”แ€นแ€ธแ€€แ€ฑแ€œแ€ธแ€”แ€ฒแ‚” แ€ฑแ€แ€ฌแ€นแ€แ€„แ€นแ€™แ€„แ€นแ€ธแ€žแ€ฌแ€ธแ€แ€…แ€นแ€•แ€ซแ€ธแ€›แ€ฒแ‚• แ€กแ€แ€บแ€…แ€นแ€‡แ€ฌแ€แ€นแ€œแ€™แ€นแ€ธ... แ€’แ€ฎแ€œแ€ญแ€ฏแ€”แ€ฒแ‚”แ€แ€™แ€นแ€ธแ€”แ€Šแ€นแ€ธแ€…แ€›แ€ฌแ€แ€ฑแ€›แ€•แ€”แ€นแ€ธแ€•แ€ถแ€ฏแ€ปแ€•แ€„แ€นแ€แ€…แ€นแ€•แ€ฏแ€’แ€นแ€ปแ€–แ€…แ€นแ€œแ€ฌแ€แ€ฒแ€ทแ€แ€šแ€น แ€†แ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ฌแ€™แ€ผแ€ญแ€ฏแ€„แ€บแ€€แ€™แ€ญแ€”แ€บแ€ธแ€€แ€œแ€ฑแ€ธแ€”แ€ฒ...
277K 27.5K 27
"Daddy แ€กแ€แ€ฝแ€€แ€บแ€’แ€ฏแ€แ€ญแ€š แ€›แ€แ€”แ€ฌ แ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€šแ€ฐแ€œแ€ฌแ€•แ€ฑแ€ธแ€แ€ฌ แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€แ€šแ€บแ€”แ€ฑแ€ฌแ€บ Angel " Lucas ''Daddy แ€€แ€ญแ€ฏ แ€กแ€แ€ปแ€…แ€บแ€†แ€ฏแ€ถแ€ธ'' ...
462K 70.8K 182
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ- แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ (แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐแ€แ€…แ€บแ€ฆแ€ธแ€แ€Šแ€บแ€ธ แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซ) MC แ€€แ€ปแ€”แ€บแ€ธแ€œแ€ฑแ€ฌแ€ทแ€€ แ€กแ€”แ€ญแ€ฏแ€„แ€บแ€™แ€แ€ถ แ€กแ€›แ€พแ€ฏแ€ถแ€ธแ€™แ€•แ€ฑแ€ธแ€แ€แ€บแ€แ€ฒแ€ท แ€…แ€ญแ€แ€บแ€”แ€ฑแ€žแ€˜แ€ฑแ€ฌแ€žแ€˜แ€ฌแ€แ€€แ€ญแ€ฏ แ€•แ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€‘แ€ฌแ€ธแ€•แ€ซแ€แ€šแ€บแ‹ ML แ€แ€ปแ€ฎแ€šแ€ฏแ€ถแ€€แ€€แ€ป แ€…...
117K 18.3K 103
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธแ‹ แ€แ€…แ€บแ€ฆแ€ธแ€แ€Šแ€บแ€ธ แ€•แ€ผแ€”แ€บแ€†แ€ญแ€ฏแ€แ€ผแ€„แ€บแ€ธ แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹ แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แแแ แ€™แ€พ แ€กแ€†แ€ฏแ€ถแ€ธแ€‘แ€ญ แ€แ€„แ€บแ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€™แ€Šแ€บแ‹