CHEERLEADER (Completed)

By pinkasira

21.1K 1K 133

ကြၽန္​​ေတာ္​တို႔အားလံုးရဲ႕ဘဝမွာ ကိုယ့္အေပၚကိုခ်စ္ခင္နားလည္ေပးမယ့္တစ္စံုတစ္ေယာက္​ေလာက္ေတာ့ လိုအပ္​ၾကပါတယ္​... More

Intro
Characters
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Hello!
Ep-38
Ep-39
Ep-40
Ep-41
Ep-42
Ep-43
Ep-45
Ep-46
Ep-47
Ep-48
Ep-49
Ep-50 (Final)
Special Thanks
Precious
အျပာေရာင္အခ်စ္ည (အပြာရောင်အချစ်ည)
LinNge's Parallel Universe [I]

Ep-44

194 12 6
By pinkasira


ေ႐ွ႕မွမားမားမတ္မတ္ရပ္တည္ကာကြယ္ေပးေနခဲ့ပါေသာေက်ာျပင္၊ဖခင္ျဖစ္သူ၏စက္ဆုပ္ရြံ႐ွာဟန္အၾကည့္၊ညီမျဖစ္သူ၏အားနာရိပ္အျပည့္မ်က္ဝန္းမ်ားၾကား ရင္ကတဆစ္ဆစ္နာလာသည္။လက္ဖဝါးဆီမွေႏြးလ်လ်ဆုပ္ကိုင္မႈတြင္
အားအင္တို႔ျပည့္လာရမည့္အစား အၾကင္သူထိခိုက္နာက်င္ရသည္မွာမိမိေၾကာင့္သာလ်ွင္ျဖစ္၍ အားအင္တို႔ဆုတ္ယုတ္ကာၿပိဳလဲက်ခ်င္ခ်င္။မခံမရပ္ႏိုင္ေအာင္နာက်င္လာေသာႏွလံုးအိမ္ကိုဖိဆုပ္ရင္း ဆုပ္ကိုင္ထားသည့္လက္ဖဝါးကိုလႊတ္ခ်လိုက္ရခ်ိန္ကမၻာတစ္ခုလံုးအေမွာင္ထုဆီသို႔ဆိုက္ေရာက္ရေတာ့သည္။

တိုးသဲ့သဲ့ငို႐ိႈက္သံမ်ား၊ခပ္ဖြဖြေရရြတ္ေနေသာစကားလံုးမ်ားကအေဝးတစ္ေနရာမွပ်ံ့လြင့္လာကာ အနားသို႔နီးကပ္လာပါသလို၊ဆုတ္ခြာေ႐ွာင္ေျပးရင္းတစ္ဖန္အေဝးသို႔ေရာက္ရိွသြားျပန္သလို ေဝေဝဝါးဝါး။
ပူေႏြးေႏြးမ်က္ရည္စမ်ားအားလည္းသိစိတ္ႏွင့္မသိစိတ္ေရာယွက္ေနသည့္ၾကားမွခံစားမိသည္။

ဘယ္သူလဲ...ဘယ္သူငိုေနတာလဲ

ထပ္ခါတလဲလဲၾကားေနရပါေသာဤအရာမ်ား..။

ဘာလို႔ဒီေလာက္ထိဝမ္းနည္းဖို႔ေကာင္းေအာင္ငိုေႂကြးေနရတာလဲ။စကားကလည္းမ်ားလိုက္တာ။

အေျဖ႐ွာရန္မ်က္ဝန္းမ်ားကိုဖြင့္လွစ္မိခ်ိန္ ေႏြးလ်လ်ပတ္ဝန္းက်င္ေၾကာင့္သက္ေတာင့္သက္သာျဖစ္စြာႏိုးထလာရသည္။အၾကည့္မ်ားျဖင့္ဝန္းက်င္ကိုစူးစမ္းမိခ်ိန္
ခုတင္ေဘးတြင္ေခါင္းေမွာက္အိပ္ေနေသာထိုအမ်ိဳးသား။
တိုးသဲ့သဲ့ငို႐ိႈက္သံႏွင့္ခပ္ဖြဖြစကားသံတို႔၏လာရာပင္။

ၾကည့္ေနရင္းမွာပင္ေခါင္းေမာ့လာခဲ့ေသာသူ၏
မ်က္ဝန္းမ်ားကညိဳေနကာမ်က္ႏွာမွာအတိုင္းအဆမရိွႏြမ္းလ်ေနခဲ့သည္။ထိုသူကအံ့ဩဟန္အျပည့္ျဖင့္ေငးၾကည့္လာခဲ့ၿပီးသည့္ေနာက္ႏႈတ္ခမ္းတစ္စံုကပြင့္ဟလာခဲ့သည္။

"႐ွင္း..."

တုန္ယင္မႈ 99% ပါဝင္ေသာဤေခၚသံေနာက္တြင္
မေဟာ္၏မ်က္ခမ္းစပ္မ်ားကခ်က္ခ်င္း
လက္ငင္းပင္နီရဲလာခဲ့ၿပီး
မ်က္ဝန္းအျပည့္ေငြ႔ရည္ဖဲြ႔သြားေလသည္။

မင္းကဘယ္တုန္းကဒီေလာက္ထိအငိုသန္သြားရတာတုန္း။အက်င့္ပ်က္ေနလိုက္ပံုမ်ား...။

သို႔ေသာ္ ျမတ္မင္းမေဟာ္၏မ်က္ရည္မ်ားက႐ွင္းဆက္ဟူ
သည့္လူသားေလးေၾကာင့္သာျဖစ္တည္ခဲ့ရသည္
မဟုတ္ပါလား။

အတိုင္းအဆမရိွျမတ္ႏိုးမိသည့္အခါတြင္မ်က္ရည္က်သည္။
အဆံုး႐ွံုးမခံႏိုင္လြန္း၍မ်က္ရည္က်သည္။
ေပ်ာ္ရႊင္ရလြန္း၍လည္းမ်က္ရည္က်ႏိုင္ပါသည္။
အခ်စ္သည္အမ်ိဳးစံုႀကိဳးခုန္ကာျဖင့္လူသားမ်ားအား
ကလူက်ီစယ္ႏိုင္လြန္းေပသည္။

႐ွင္း၏လက္ဖမိုးကိုဆဲြယူနမ္း႐ိႈက္ကာမ်က္ရည္မ်ားစီးက်လ်က္သားျဖင့္မေဟာ္သည္ " ႐ွင္း" ဟူသည္ကလဲြ
မည္သည့္စကားမွမဆိုလာႏိုင္ေတာ့။

"ဘာလို႔မ်က္ရည္ေတြက်ေနတာလဲ ငါႏိုးလာၿပီေလ "

႐ွင္း၏ဤအေျပာတြင္မေဟာ္ကေခါင္းတဆတ္ဆတ္ညိတ္ျပလာသည္။မ်က္ရည္မ်ားကေပါက္ခနဲေပါက္ခနဲလြင့္စင္
က်ေနလ်က္။

ဤသို႔ျဖင့္မေဟာ္၏စကားသံကိုၾကားရဖို႔အေရး တစ္နာရီခန္႔ေစာင့္ဆိုင္းလိုက္ရသည္။ဒါေတာင္သူ႔မွာစကားတစ္ခြန္းထြက္လာဖို႔ကိုေတာ္ေတာ္အားယူေနရေသးသည္။

"႐ွင္း..."

ထြက္လာေသာစကားတစ္ခြန္းမွာလည္းထပ္ၿပီး
"႐ွင္း" ပါပင္။

"ဘာေတြျဖစ္ကုန္ၾကၿပီလဲ ဒီအေတာအတြင္း "

႐ွင္း၏လက္ဖမိုးကိုတယုတယဆုပ္ကိုင္ေထြးေပြ႔ရင္းမွ
ေဖ်ာ့ေတာ့ေတာ့မ်က္ဝန္းမ်ားကိုအျမတ္တႏိုးေငးရင္းမေဟာ္ကျပန္ေျဖလာသည္။

"ဘာမွမျဖစ္ဘူး အားလံုးအဆင္ေျပတယ္ အကုန္အဆင္ေျပတာမို႔မင္းကဘာမွေတြးေနစရာမလိုဘူး "

"ဘာလို႔ေတြးေနစရာမလိုမလဲ ငါတို႔အေၾကာင္းမင္းအိမ္ကသိသြားၿပီေလ ခုေလာက္ဆိုေမေမတို႔ေရာသိသြားၾကၿပီမဟုတ္လား "

မေဟာ္က႐ွင္း၏မ်က္ႏွာကိုခပ္ဖြဖြထိေတြ႔လိုက္ကာေခ်ာ့ေခ်ာ့ေမာ့ေမာ့ဆိုလာျပန္သည္။

"႐ွင္း...ေလ်ွာက္မေတြးနဲ႔ ခုမွႏိုးလာခါစရိွေသးတာကို
မင္းအိပ္ေနတာဘယ္ေလာက္ၾကာၿပီမွတ္လဲ
၅ရက္ေတာင္ "

"ဟမ္...၅ရက္ေတာင္လား "

႐ွင္းမ်က္ႏွာအစိတ္အပိုင္းမ်ားကိုခပ္ဖြဖြထိေတြ႔ရင္းမေဟာ္
၏ႏႈတ္ခမ္းစြန္းမ်ားေကြးၫြတ္လာသည္။

"လူဆိုးေလး..အဲ့ေလာက္အၾကာႀကီးအိပ္ေနရလားဟမ္ ေတာ္ေသးတာေပါ့ ေတာ္ေသးတာေပါ့ ေကာင္းေကာင္းမြန္မြန္ႏိုးလာေပးလို႔ ႐ွင္း..ဘယ္ေနရာကနာေနေသးလဲ "

"အရမ္းနာတယ္ "

"ဘယ္နားလဲ ဘယ္နားနာတာလဲ႐ွင္း ဟင္ ကိုယ္ေဒါက္တာသြားေခၚလိုက္မယ္ "

ထသြားဟန္ျပင္ေနေသာမေဟာ္၏လက္ကို ႐ွင္းကမလြတ္တမ္းဆဲြကိုင္ထားသည္။မေဟာ္ကျပန္ထိုင္လိုက္ကာ႐ွင္းကိုၾကည့္လာသည္။

"ဘာလို႔လဲ မင္းနာေနတယ္ဆို "

"မင္းရဲ႕ပံုစံကိုၾကည့္ၿပီးရင္နာတာ "

"..."

"ဒီ၅ရက္အတြင္းဘယ္လိုေနေနလို႔ ဒီပံုစံျဖစ္ေနရတာလဲ
ကိုယ့္ဘာကိုယ္ဂ႐ုမစိုက္ႏိုင္ဘူးလား မင္း"

"ကိုယ္ဘာမွမျဖစ္ပါဘူး တကယ္ဘာမွမျဖစ္တာ "

ထိုစဥ္အခန္းထဲဝင္လာေသာဦးၾကည္လင္းေၾကာင့္ ႐ွင္း၏မ်က္ဝန္းေလးမ်ားမွိန္ေဖ်ာ့သြားသည္။

"ေဖေဖ "

"သားငယ္ ေဖေဖကမဆူပါဘူး ကိုယ့္ဘာကိုယ္က်န္းမာ
ေအာင္သာေန မင္းေမေမကလည္းအဆင္ေျပတယ္ "

ဤစကားသည္က်န္းမာလာခါစ ႐ွင္းကိုမထိခိုက္ေစရန္
ေျပာေသာစကားမွန္းမေဟာ္ကရိပ္မိသည္။
႐ွင္းကလူနာတစ္ဦး..နည္းနည္းမွထိခိုက္၍မရႏိုင္သည့္
လူနာျဖစ္ေနသည္တြင္သူ၏စိတ္ကိုပိုမိုကာႏြမ္းလ်သြား
ေစ၍မျဖစ္ပါ။

႐ွင္းကလည္းဤသည္ကိုရိပ္မိသိရိွခဲ့သည္သာ။
ဘယ္မိဘကမ်ားေလာကနိယာမႏွင့္ဆန္႔က်င္သည့္ျဖစ္ရပ္မ်ိဳးကိုလြယ္လင့္တကူလက္ခံေပးလိမ့္မည္လဲ။
မည္မ်ွပင္သားသမီးအေပၚနားလည္ေပးႏိုင္သည့္မိဘဆိုဆို
ဤကိစၥမ်ိဳးတြင္အနည္းငယ္ေတြေဝသြားၾကမည္သာျဖစ္
သည္။

ႏွစ္ဦးႏွစ္ဖက္အျပန္ျပန္လွန္လွန္သိရိွနားလည္မႈတို႔ျဖင့္
ဤစကားဝိုင္းကတိတ္ဆိတ္ၿငိမ္သက္ေနလ်က္သား။
႐ွင္းသတိရသည္ကိုသိသည္ႏွင့္ေဒၚရတီကအျမန္ပင္လာေရာက္ေတြ႔ဆံုကာမိမိက်န္းမာေရးကိုသာဂ႐ုစိုက္ရန္တဖြဖြမွာ႐ွာသည္။လဝန္းႏွင့္လဲ့တို႔ပါလာၿပီးသတင္းေမးရင္းအားေပးစကားမ်ားလည္းေျပာေပးၾကသည္။ေန႔လယ္ခင္းေရာက္မွပင္ ႐ွင္းႏွင့္မေဟာ္၏သီးသန္႔အခ်ိန္ကိုရသည္။

locker ေပၚရိွထမင္းခ်ိဳင့္သည္ဤတစ္ႀကိမ္တြင္ေတာ့
အေရးစိုက္ျခင္းကိုခံရသည္။႐ွင္း၏အတင္းအၾကပ္ေစခိုင္းမႈျဖင့္မေဟာ္မွာခ်ိဳင့္ဖြင့္၊ဇြန္းကိုင္ရေတာ့သည္။
ထမင္းျဖဴ တစ္ဇြန္းစားလိုက္ရင္းမွခုတင္ေပၚတြင္လွဲေနေသာ႐ွင္းကိုၾကည့္လာသည္။

"မင္းကဒီလိုပံုစံျဖစ္ေနတာကို ကိုယ္ကဘယ္လိုလုပ္
ၿပီးစားဝင္ပါ့မလဲကြာ "

"မ႐ွည္နဲ႔"

ဤဘုေဘာက္အေျပာေလးကိုပင္လြမ္းဆြတ္ေနခဲ့ရဟန္တူပါသည္။မေဟာ္၏မ်က္ရည္ဝဲအျပံဳးမ်ားကရႊန္းလဲ့ေနသည္။
ႏွစ္ေယာက္သားေ႐ွ႕ဆက္ရမည့္အနာဂတ္လမ္းကိုခဏမွ်
ေမ့ေလ်ာ့ထားလိုက္ကာလက္ရိွအခ်ိန္ကိုသာ ေကာင္းမြန္စြာကုန္ဆံုးမည္ဟုဆံုးျဖတ္ထားျဖစ္ၾကသည္။

"ေယာကၡမႀကီးလက္ရာက႐ွယ္ပဲကြ ႐ွင္းရ "

"ဟဟ "

႐ွင္းကအသံထြက္ေအာင္ပင္ရယ္လိုက္ၿပီး မေဟာ္စားေနသည္ကိုတစိမ့္စိမ့္ၾကည့္ေနသည္။တစ္ခ်က္မွပင္အၾကည့္မလဲႊ။

"မင္းက မင္းအေမေျခဖ်ားေတာင္မမီဘူးေနာ္ "

တစ္စံုတစ္ေယာက္ကေတာ့မစေနာက္ေတာ့ပါဘူးလို႔ကတိေပးထားခဲ့တာကိုေမ့ေလ်ာ့သြားပံုပါပဲ။
ဒီကတိကၾကားနာသူမွမရိွခဲ့တာပဲေလ..။

"ေအး ေနာက္ငါခ်က္ရင္မစားနဲ႔ "

"မင္းကလည္း "

"ငါးစိမ္းျမင္ငါးကင္ပစ္ဆိုတာမင္းမွမင္းအစစ္ "

"ငါးကင္ကဆူပဲဆူေနတာကိုပစ္မွာေပါ့ "

"ဆူရေအာင္ငါကအဘြားႀကီးလား"

"ဟုတ္ရင္ဟုတ္မွာေပါ့"

"ငါကအဘြားႀကီးဆိုမင္းကမွအသက္၁၀၀၀အဘိုးႀကီး"

"ဒါေပါ့ စံုတဲြေတြ"

"စံုတဲြျဖစ္စရာလား "

"ျဖစ္စရာမဟုတ္ဘူး ျဖစ္ေနခဲ့ၿပီးသား "

"ႏိုးပါေနာ္ "

"လူပဲခုတင္ေပၚေရာက္ေနၿပီကို "

"ဘာာ!!!"

"ခုတင္ေပၚေရာက္ၿပီးေနမေကာင္းျဖစ္ေနၿပီကိုဆူပူေနႏိုင္တုန္းလို႔ေျပာမလို႔ပါ႐ွင္းရ မင္းေပါက္ကရေလ်ွာက္မေတြးနဲ႔
ႏွာဘူးေလး"

"ေဘာကိုႏွာဘူးေလးလား "

"မဆဲနဲ႔ေလ ဘုရားကမႀကိဳက္ဘူး"

"ဘုရားမႀကိဳက္ေပမယ့္ငါႀကိဳက္လို႔ဆဲတယ္ကြာ "

"႐ွင္းေနာ္ မင္းဆိုးမလာနဲ႔ "

"မင္းကငါ့ကိုစိတ္တိုေအာင္လုပ္ေနတာပဲ "

"ဟုတ္ပါၿပီ ကိုယ္ေတာင္းပန္ပါတယ္ ၾကည့္ မင္းနဲ႔စကားမ်ားရင္းစားလိုက္တာကုန္သြားၿပီ "

"ကုန္ရင္ခ်ိဳင့္သြားေဆး "

"Yes,sir "

ျပံဳးရႊင္ကာျဖင့္ခပ္သြက္သြက္ထသြားေသာမေဟာ့္ေက်ာ
ျပင္ကိုၾကည့္ရင္း႐ွင္းလည္းလိုက္ျပံဳးမိသည္။

"ဟာ အစ္ကို သတိရလာၿပီလား "

ခပ္လွမ္းလွမ္းရိွေဘးခုတင္မွလူနာေစာင့္ေကာင္မေလးက
သတင္းေမးလာသည္ႏွင့္မ်က္ႏွာစိမ္းျဖစ္ေသာ္ျငားလူမႈေရးအရျပန္ေျဖလိုက္ရသည္။

"ဟုတ္တယ္ဗ် "

"အစ္ကိုသတိမရတဲ့ေန႔ေတြကဆို ဟိုအစ္ကိုႀကီးကတစ္ညလံုးမ်က္ရည္ေတြက်ေနတာ၊စကားေတြလည္းတိုးတိုးတိုးတိုးနဲ႔အမ်ားႀကီးေျပာေနေသးတာ မနက္ေတြ၊ေန႔လယ္ေတြဆိုလည္းအျမဲမိႈင္ေနတာ အစ္ကို႔ကိုအရမ္းခ်စ္
ပံုရတယ္သိလား သူငယ္ခ်င္းေကာင္းပဲ "

"အင္း"

အခန္းထဲျပန္ဝင္လာေသာမေဟာ့္ကိုျမတ္ႏိုးရလြန္းစြာျဖင့္
ေငးစိုက္ၾကည့္မိသည္။

ဒီေလာက္ေကာင္းေပးတဲ့မင္းကိုမဆံုး႐ွံူးခ်င္ဘူးလို႔ေျပာရင္
အတၱႀကီးရာမက်ေလာက္ဘူးမလား။
မင္းလိုလူမ်ိဳးႏွစ္ေယာက္ေရာရိွဦးမလား
ႏွစ္ေယာက္ရိွခဲ့ရင္ေတာင္ငါကမင္းကိုပဲေရြးမွာ
ဘယ္ႏွစ္ႀကိမ္ပဲေရြးခ်ယ္ရရ ငါကမင္းကိုပဲေရြးပါမယ္။

ဘာကိုမွလွည့္မၾကည့္ခ်င္ေလာက္ေအာင္
မင္းကိုမိုက္မိုက္မဲမဲ႐ူးသြပ္မိပါတယ္။

ေလာကနိယာမကိုေသြဖယ္ေနခဲ့တဲ့ဒီခ်စ္ျခင္းေတြေၾကာင့္
မိဘေတြခံစားရမွာ၊နာက်င္ရမွာ၊႐ွက္ရြံရမွာေသမလိုစိုးရိမ္ေပမယ့္ မင္းကိုလက္မလႊတ္လိုက္ႏိုင္ဘူး။
လက္မလႊတ္လိုက္ခ်င္ဘူး...
မင္းကိုျမင္ေနရင္းမွာပဲဆံုး႐ွံုးသြားရမလိုခံစားေနရတယ္
တကယ္ပဲခ်စ္ရတာပင္ပန္းလိုက္တာ
ပင္ပန္းလည္းလက္မလႊတ္ခ်င္မိေလာက္ေအာင္
႐ူးသြပ္စြာတြယ္ၿငိေနမိေတာ့အခက္သား
မင္းဆီကေနငါမွမလြတ္ေျမာက္ခ်င္တာ...။

"ကိုယ့္ကိုဘာလို႔အဲ့ေလာက္ထိစိုက္ၾကည့္ေနရတာလဲ
မျမင္ရတဲ့အေတာအတြင္းပိုေခ်ာလာလို႔လား ဟုတ္လား "

ေရဘူးကိုေမာ့ေသာက္ရင္းေျပာလာေသာသူ၏လည္စလုတ္ကႏွစ္ႀကိမ္မ်ွအထက္ေအာက္လႈပ္႐ွားသြားသည္။
အနားတြင္ဝင္ထိုင္ကာ ရင္ဘတ္ေပၚတင္ထားေသာ႐ွင္း၏လက္ဖဝါးမ်ားကိုဆုပ္ကိုင္ရင္း မ်က္ဝန္းညိဳမ်ားကိုေငးစိုက္ၾကည့္ေနျပန္သည္။ႏွစ္ဦးသားကအၾကည့္ခ်င္းဆံုေနခဲ့လ်က္။

႐ွင္သန္ဖို႔အတြက္အသက္႐ွဴ ေနရတယ္
ဘာေၾကာင့္ထြက္သက္ေတြကေပ်ာ္ရႊင္မႈျဖစ္ေနၿပီး
ဝင္သက္ေတြကစိတ္ပင္ပန္းမႈေတြျဖစ္ေနရတာလဲ
ပင္ပန္းလြန္းလို႔အသက္႐ွဴ ဖို႔ရာတံု႔ဆိုင္းမိခ်ိန္
လက္တစ္စံုရဲ႕​ေႏြးလ်လ်ဆုပ္ကိုင္ေထြးေပြ႔မႈမွာ
အားအင္တို႔ျဖစ္လို႔လာပါတယ္..၊

အင္း..တကယ္ပဲလက္မလႊတ္ခ်င္ဘူး မင္းကို..။

"ငါ့မွာေရာဂါရိွတာကိုေတာ္ေတာ္ေက်းဇူးတင္မိတယ္ "

အသက္႐ွဴ သံေလးမွိန္ေဖ်ာ့ေပ်ာက္ကြယ္သြားမွာကိုေတာင္
ေျပာမျပတတ္ေအာင္စိုးရိမ္ထိတ္လန္႔ေနခဲ့ရတာကို ဒီစကားၾကားေတာ့ေၾကကဲြသြားရတဲ့ မေဟာ္ရယ္ပါ။
မ်က္ဝန္းအိမ္မ်ားကထိတ္ထိတ္ပ်ာပ်ာျဖစ္သြားလ်က္...

"ဘာလို႔ဒီလိုေတြေျပာႏိုင္ရတာလဲကြာ"

မေဟာ္၏မ်က္ဝန္းမွာေငြ႔ရည္ဖဲြ႔ခ်င္ခ်င္။

"ငါသာဒီလိုျဖစ္မေနရင္အေျခအေနကပိုဆိုးမွာေလ "

"အဲ့လိုမေျပာပါနဲ႔ ႏွစ္ေယာက္လံုးအဆင္ေျပဖို႔မင္းကနာက်င္ေနေပးစရာမွမလိုတာ မင္းကက်န္းမာေအာင္ေနေပးပါကြာ ကိုယ္...ကိုယ္တကယ္ တကယ္ကိုမျမင္ရက္လို႔ပါ
မင္းသိရဲ႕လားကိုယ္ဘယ္ေလာက္ထိ..ကိုယ္ဘယ္ေလာက္ထိေတာင္မွ..."

စကားဆက္မဆိုႏိုင္ေတာ့ပါဘဲေခါင္းငံု႔ကာငိုေႂကြးေနခဲ့ေသာဤအမ်ိဳးသားအားအၾကင္နာပိုရလြန္းစြာ
ေခါင္းကိုခပ္ဖြဖြပုတ္ေပးေနမိသည္။
႐ွင္း၏လက္ဖမိုးမ်ားထံမွမေဟာ္၏တုန္ယင္လႈပ္ခတ္ေနေသာႏႈတ္ခမ္းသားတစ္စံုႏွင့္မ်က္ရည္စမ်ားကိုခံစားမိသည္။

ခ်စ္ရသူနာက်င္စြာငိုေႂကြးေနသည္ကိုျမင္ရသည္ႏွင့္႐ွင္းလည္းထပ္မေျပာရက္ေတာ့၊မိမိ၏ႏွလံုးအိမ္ကပါထပ္တူနာက်င္လာရသည္။

"မင္းမ်က္ရည္မက်ပါနဲ႔ ဝမ္းနည္းလို႔ကိုပိုၿပီးမ်က္ရည္မက်နဲ႔
မင္းမ်က္ရည္ကိုျမင္ရင္ငါပိုခံစားရမွာမသိဘူးလားဟမ္ "

"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္
ကိုယ္စိတ္မထိန္းႏိုင္လိုက္ျပန္ဘူး"

"မင္းမငိုပါနဲ႔ ငါအဆင္ေျပေနၿပီေလ "

"အင္းအင္း ကိုယ္ထပ္မငိုေတာ့ဘူး ကိုယ္တကယ္
မငိုေတာ့ဘူး ဒါေၾကာင့္မင္းကလည္းဒီလိုေတြထပ္မေျပာဖို႔ကတိေပးပါ "

"ငါထပ္မေျပာေတာ့ပါဘူး"

႐ွင္းကမေဟာ္၏မ်က္ရည္မ်ားကိုသုတ္ေပးလာခ်ိန္မေဟာ္ကၿငိမ္သက္စြာျဖင့္႐ွင္း၏မ်က္ဝန္းမ်ားကိုေငးေနသည္။

ဒီလူသားကိုဘာအေၾကာင္းေၾကာင့္နဲ႔မွ
အဆံုး႐ွံုးမခံႏိုင္ဘူး...ဖန္တရာေထေနတဲ့စကားေပမယ့္
ခဏခဏကိုဟစ္ေႂကြးမိပါတယ္။

ဘာအေၾကာင္းေၾကာင့္နဲ႔မွအဆံုး႐ွံုးမခံႏိုင္ဘူး
ဘာအေၾကာင္းေၾကာင့္နဲ႔မွအဆံုး႐ွံုးမခံႏိုင္ဘူး
ဘာအေၾကာင္းေၾကာင့္နဲ႔မွအဆံုး႐ွံုးမခံႏိုင္ပါဘူး..။


TBC...

(မ်က္ရည္ေတြဝဲ၊ရင္ေတြနင့္ၿပီးေရးလိုက္ရတဲ့အပိုင္းပါပဲ
အားးးးးးး ကိုယ္ကတကယ္အသည္းႏုပါတယ္)






UNICODE





ရှေ့မှမားမားမတ်မတ်ရပ်တည်ကာကွယ်ပေးနေခဲ့ပါသောကျောပြင်၊ဖခင်ဖြစ်သူ၏စက်ဆုပ်ရွံရှာဟန်အကြည့်၊ညီမဖြစ်သူ၏အားနာရိပ်အပြည့်မျက်ဝန်းများကြား ရင်ကတဆစ်ဆစ်နာလာသည်။လက်ဖဝါးဆီမှနွေးလျလျဆုပ်ကိုင်မှုတွင်
အားအင်တို့ပြည့်လာရမည့်အစား အကြင်သူထိခိုက်နာကျင်ရသည်မှာမိမိကြောင့်သာလျှင်ဖြစ်၍ အားအင်တို့ဆုတ်ယုတ်ကာပြိုလဲကျချင်ချင်။မခံမရပ်နိုင်အောင်နာကျင်လာသောနှလုံးအိမ်ကိုဖိဆုပ်ရင်း ဆုပ်ကိုင်ထားသည့်လက်ဖဝါးကိုလွှတ်ချလိုက်ရချိန်ကမ်ဘာတစ်ခုလုံးအမှောင်ထုဆီသို့ဆိုက်ရောက်ရတော့သည်။

တိုးသဲ့သဲ့ငိုရှိုက်သံများ၊ခပ်ဖွဖွရေရွတ်နေသောစကားလုံးများကအဝေးတစ်နေရာမှပျံ့လွင့်လာကာ အနားသို့နီးကပ်လာပါသလို၊ဆုတ်ခွာရှောင်ပြေးရင်းတစ်ဖန်အဝေးသို့ရောက်ရှိသွားပြန်သလို ဝေဝေဝါးဝါး။
ပူနွေးနွေးမျက်ရည်စများအားလည်းသိစိတ်နှင့်မသိစိတ်ရောယှက်နေသည့်ကြားမှခံစားမိသည်။

ဘယ်သူလဲ...ဘယ်သူငိုနေတာလဲ

ထပ်ခါတလဲလဲကြားနေရပါသောဤအရာများ..။

ဘာလို့ဒီလောက်ထိဝမ်းနည်းဖို့ကောင်းအောင်ငိုကြွေးနေရတာလဲ။စကားကလည်းများလိုက်တာ။

အဖြေရှာရန်မျက်ဝန်းများကိုဖွင့်လှစ်မိချိန် နွေးလျလျပတ်ဝန်းကျင်ကြောင့်သက်တောင့်သက်သာဖြစ်စွာနိုးထလာရသည်။အကြည့်များဖြင့်ဝန်းကျင်ကိုစူးစမ်းမိချိန်
ခုတင်ဘေးတွင်ခေါင်းမှောက်အိပ်နေသောထိုအမျိုးသား။
တိုးသဲ့သဲ့ငိုရှိုက်သံနှင့်ခပ်ဖွဖွစကားသံတို့၏လာရာပင်။

ကြည့်နေရင်းမှာပင်ခေါင်းမော့လာခဲ့သောသူ၏
မျက်ဝန်းများကညိုနေကာမျက်နှာမှာအတိုင်းအဆမရှိနွမ်းလျနေခဲ့သည်။ထိုသူကအံ့ဩဟန်အပြည့်ဖြင့်ငေးကြည့်လာခဲ့ပြီးသည့်နောက်နှုတ်ခမ်းတစ်စုံကပွင့်ဟလာခဲ့သည်။

"ရှင်း..."

တုန်ယင်မှု 99% ပါဝင်သောဤခေါ်သံနောက်တွင်
မဟော်၏မျက်ခမ်းစပ်များကချက်ချင်း
လက်ငင်းပင်နီရဲလာခဲ့ပြီး
မျက်ဝန်းအပြည့်ငွေ့ရည်ဖွဲ့သွားလေသည်။

မင်းကဘယ်တုန်းကဒီလောက်ထိအငိုသန်သွားရတာတုန်း။အကျင့်ပျက်နေလိုက်ပုံများ...။

သို့သော် မြတ်မင်းမဟော်၏မျက်ရည်များကရှင်းဆက်ဟူ
သည့်လူသားလေးကြောင့်သာဖြစ်တည်ခဲ့ရသည်
မဟုတ်ပါလား။

အတိုင်းအဆမရှိမြတ်နိုးမိသည့်အခါတွင်မျက်ရည်ကျသည်။
အဆုံးရှုံးမခံနိုင်လွန်း၍မျက်ရည်ကျသည်။
ပျော်ရွှင်ရလွန်း၍လည်းမျက်ရည်ကျနိုင်ပါသည်။
အချစ်သည်အမျိုးစုံကြိုးခုန်ကာဖြင့်လူသားများအား
ကလူကျီစယ်နိုင်လွန်းပေသည်။

ရှင်း၏လက်ဖမိုးကိုဆွဲယူနမ်းရှိုက်ကာမျက်ရည်များစီးကျလျက်သားဖြင့်မဟော်သည် " ရှင်း" ဟူသည်ကလွဲ
မည်သည့်စကားမှမဆိုလာနိုင်တော့။

"ဘာလို့မျက်ရည်တွေကျနေတာလဲ ငါနိုးလာပြီလေ "

ရှင်း၏ဤအပြောတွင်မဟော်ကခေါင်းတဆတ်ဆတ်ညိတ်ပြလာသည်။မျက်ရည်များကပေါက်ခနဲပေါက်ခနဲလွင့်စင်
ကျနေလျက်။

ဤသို့ဖြင့်မဟော်၏စကားသံကိုကြားရဖို့အရေး တစ်နာရီခန့်စောင့်ဆိုင်းလိုက်ရသည်။ဒါတောင်သူ့မှာစကားတစ်ခွန်းထွက်လာဖို့ကိုတော်တော်အားယူနေရသေးသည်။

"ရှင်း..."

ထွက်လာသောစကားတစ်ခွန်းမှာလည်းထပ်ပြီး
"ရှင်း" ပါပင်။

"ဘာတွေဖြစ်ကုန်ကြပြီလဲ ဒီအတောအတွင်း "

ရှင်း၏လက်ဖမိုးကိုတယုတယဆုပ်ကိုင်ထွေးပွေ့ရင်းမှ
ဖျော့တော့တော့မျက်ဝန်းများကိုအမြတ်တနိုးငေးရင်းမဟော်ကပြန်ဖြေလာသည်။

"ဘာမှမဖြစ်ဘူး အားလုံးအဆင်ပြေတယ် အကုန်အဆင်ပြေတာမို့မင်းကဘာမှတွေးနေစရာမလိုဘူး "

"ဘာလို့တွေးနေစရာမလိုမလဲ ငါတို့အကြောင်းမင်းအိမ်ကသိသွားပြီလေ ခုလောက်ဆိုမေမေတို့ရောသိသွားကြပြီမဟုတ်လား "

မဟော်ကရှင်း၏မျက်နှာကိုခပ်ဖွဖွထိတွေ့လိုက်ကာချော့ချော့မော့မော့ဆိုလာပြန်သည်။

"ရှင်း...လျှောက်မတွေးနဲ့ ခုမှနိုးလာခါစရှိသေးတာကို
မင်းအိပ်နေတာဘယ်လောက်ကြာပြီမှတ်လဲ
၅ရက်တောင် "

"ဟမ်...၅ရက်တောင်လား "

ရှင်းမျက်နှာအစိတ်အပိုင်းများကိုခပ်ဖွဖွထိတွေ့ရင်းမဟော်
၏နှုတ်ခမ်းစွန်းများကွေးညွတ်လာသည်။

"လူဆိုးလေး..အဲ့လောက်အကြာကြီးအိပ်နေရလားဟမ် တော်သေးတာပေါ့ တော်သေးတာပေါ့ ကောင်းကောင်းမွန်မွန်နိုးလာပေးလို့ ရှင်း..ဘယ်နေရာကနာနေသေးလဲ "

"အရမ်းနာတယ် "

"ဘယ်နားလဲ ဘယ်နားနာတာလဲရှင်း ဟင် ကိုယ်ဒေါက်တာသွားခေါ်လိုက်မယ် "

ထသွားဟန်ပြင်နေသောမဟော်၏လက်ကို ရှင်းကမလွတ်တမ်းဆွဲကိုင်ထားသည်။မဟော်ကပြန်ထိုင်လိုက်ကာရှင်းကိုကြည့်လာသည်။

"ဘာလို့လဲ မင်းနာနေတယ်ဆို "

"မင်းရဲ့ပုံစံကိုကြည့်ပြီးရင်နာတာ "

"..."

"ဒီ၅ရက်အတွင်းဘယ်လိုနေနေလို့ ဒီပုံစံဖြစ်နေရတာလဲ
ကိုယ့်ဘာကိုယ်ဂရုမစိုက်နိုင်ဘူးလား မင်း"

"ကိုယ်ဘာမှမဖြစ်ပါဘူး တကယ်ဘာမှမဖြစ်တာ "

ထိုစဉ်အခန်းထဲဝင်လာသောဦးကြည်လင်းကြောင့် ရှင်း၏မျက်ဝန်းလေးများမှိန်ဖျော့သွားသည်။

"ဖေဖေ "

"သားငယ် ဖေဖေကမဆူပါဘူး ကိုယ့်ဘာကိုယ်ကျန်းမာ
အောင်သာနေ မင်းမေမေကလည်းအဆင်ပြေတယ် "

ဤစကားသည်ကျန်းမာလာခါစ ရှင်းကိုမထိခိုက်စေရန်
ပြောသောစကားမှန်းမဟော်ကရိပ်မိသည်။
ရှင်းကလူနာတစ်ဦး..နည်းနည်းမှထိခိုက်၍မရနိုင်သည့်
လူနာဖြစ်နေသည်တွင်သူ၏စိတ်ကိုပိုမိုကာနွမ်းလျသွား
စေ၍မဖြစ်ပါ။

ရှင်းကလည်းဤသည်ကိုရိပ်မိသိရှိခဲ့သည်သာ။
ဘယ်မိဘကများလောကနိယာမနှင့်ဆန့်ကျင်သည့်ဖြစ်ရပ်မျိုးကိုလွယ်လင့်တကူလက်ခံပေးလိမ့်မည်လဲ။
မည်မျှပင်သားသမီးအပေါ်နားလည်ပေးနိုင်သည့်မိဘဆိုဆို
ဤကိစ္စမျိုးတွင်အနည်းငယ်တွေဝေသွားကြမည်သာဖြစ်
သည်။

နှစ်ဦးနှစ်ဖက်အပြန်ပြန်လှန်လှန်သိရှိနားလည်မှုတို့ဖြင့်
ဤစကားဝိုင်းကတိတ်ဆိတ်ငြိမ်သက်နေလျက်သား။
ရှင်းသတိရသည်ကိုသိသည်နှင့်ဒေါ်ရတီကအမြန်ပင်လာရောက်တွေ့ဆုံကာမိမိကျန်းမာရေးကိုသာဂရုစိုက်ရန်တဖွဖွမှာရှာသည်။လဝန်းနှင့်လဲ့တို့ပါလာပြီးသတင်းမေးရင်းအားပေးစကားများလည်းပြောပေးကြသည်။နေ့လယ်ခင်းရောက်မှပင် ရှင်းနှင့်မဟော်၏သီးသန့်အချိန်ကိုရသည်။

locker ပေါ်ရှိထမင်းချိုင့်သည်ဤတစ်ကြိမ်တွင်တော့
အရေးစိုက်ခြင်းကိုခံရသည်။ရှင်း၏အတင်းအကြပ်စေခိုင်းမှုဖြင့်မဟော်မှာချိုင့်ဖွင့်၊ဇွန်းကိုင်ရတော့သည်။
ထမင်းဖြူ တစ်ဇွန်းစားလိုက်ရင်းမှခုတင်ပေါ်တွင်လှဲနေသောရှင်းကိုကြည့်လာသည်။

"မင်းကဒီလိုပုံစံဖြစ်နေတာကို ကိုယ်ကဘယ်လိုလုပ်
ပြီးစားဝင်ပါ့မလဲကွာ "

"မရှည်နဲ့"

ဤဘုဘောက်အပြောလေးကိုပင်လွမ်းဆွတ်နေခဲ့ရဟန်တူပါသည်။မဟော်၏မျက်ရည်ဝဲအပြုံးများကရွှန်းလဲ့နေသည်။
နှစ်ယောက်သားရှေ့ဆက်ရမည့်အနာဂတ်လမ်းကိုခဏမျှ
မေ့လျော့ထားလိုက်ကာလက်ရှိအချိန်ကိုသာ ကောင်းမွန်စွာကုန်ဆုံးမည်ဟုဆုံးဖြတ်ထားဖြစ်ကြသည်။

"ယောက္ခမကြီးလက်ရာကရှယ်ပဲကွ ရှင်းရ "

"ဟဟ "

ရှင်းကအသံထွက်အောင်ပင်ရယ်လိုက်ပြီး မဟော်စားနေသည်ကိုတစိမ့်စိမ့်ကြည့်နေသည်။တစ်ချက်မှပင်အကြည့်မလွဲှ။

"မင်းက မင်းအမေခြေဖျားတောင်မမီဘူးနော် "

တစ်စုံတစ်ယောက်ကတော့မစနောက်တော့ပါဘူးလို့ကတိပေးထားခဲ့တာကိုမေ့လျော့သွားပုံပါပဲ။
ဒီကတိကကြားနာသူမှမရှိခဲ့တာပဲလေ..။

"အေး နောက်ငါချက်ရင်မစားနဲ့ "

"မင်းကလည်း "

"ငါးစိမ်းမြင်ငါးကင်ပစ်ဆိုတာမင်းမှမင်းအစစ် "

"ငါးကင်ကဆူပဲဆူနေတာကိုပစ်မှာပေါ့ "

"ဆူရအောင်ငါကအဘွားကြီးလား"

"ဟုတ်ရင်ဟုတ်မှာပေါ့"

"ငါကအဘွားကြီးဆိုမင်းကမှအသက်၁၀၀၀အဘိုးကြီး"

"ဒါပေါ့ စုံတွဲတွေ"

"စုံတွဲဖြစ်စရာလား "

"ဖြစ်စရာမဟုတ်ဘူး ဖြစ်နေခဲ့ပြီးသား "

"နိုးပါနော် "

"လူပဲခုတင်ပေါ်ရောက်နေပြီကို "

"ဘာာ!!!"

"ခုတင်ပေါ်ရောက်ပြီးနေမကောင်းဖြစ်နေပြီကိုဆူပူနေနိုင်တုန်းလို့ပြောမလို့ပါရှင်းရ မင်းပေါက်ကရလျှောက်မတွေးနဲ့
နှာဘူးလေး"

"ဘောကိုနှာဘူးလေးလား "

"မဆဲနဲ့လေ ဘုရားကမကြိုက်ဘူး"

"ဘုရားမကြိုက်ပေမယ့်ငါကြိုက်လို့ဆဲတယ်ကွာ "

"ရှင်းနော် မင်းဆိုးမလာနဲ့ "

"မင်းကငါ့ကိုစိတ်တိုအောင်လုပ်နေတာပဲ "

"ဟုတ်ပါပြီ ကိုယ်တောင်းပန်ပါတယ် ကြည့် မင်းနဲ့စကားများရင်းစားလိုက်တာကုန်သွားပြီ "

"ကုန်ရင်ချိုင့်သွားဆေး "

"Yes,sir "

ပြုံးရွှင်ကာဖြင့်ခပ်သွက်သွက်ထသွားသောမဟော့်ကျော
ပြင်ကိုကြည့်ရင်းရှင်းလည်းလိုက်ပြုံးမိသည်။

"ဟာ အစ်ကို သတိရလာပြီလား "

ခပ်လှမ်းလှမ်းရှိဘေးခုတင်မှလူနာစောင့်ကောင်မလေးက
သတင်းမေးလာသည်နှင့်မျက်နှာစိမ်းဖြစ်သော်ငြားလူမှုရေးအရပြန်ဖြေလိုက်ရသည်။

"ဟုတ်တယ်ဗျ "

"အစ်ကိုသတိမရတဲ့နေ့တွေကဆို ဟိုအစ်ကိုကြီးကတစ်ညလုံးမျက်ရည်တွေကျနေတာ၊စကားတွေလည်းတိုးတိုးတိုးတိုးနဲ့အများကြီးပြောနေသေးတာ မနက်တွေ၊နေ့လယ်တွေဆိုလည်းအမြဲမှိုင်နေတာ အစ်ကို့ကိုအရမ်းချစ်
ပုံရတယ်သိလား သူငယ်ချင်းကောင်းပဲ "

"အင်း"

အခန်းထဲပြန်ဝင်လာသောမဟော့်ကိုမြတ်နိုးရလွန်းစွာဖြင့်
ငေးစိုက်ကြည့်မိသည်။

ဒီလောက်ကောင်းပေးတဲ့မင်းကိုမဆုံးရှူံးချင်ဘူးလို့ပြောရင်
အတ္တကြီးရာမကျလောက်ဘူးမလား။
မင်းလိုလူမျိုးနှစ်ယောက်ရောရှိဦးမလား
နှစ်ယောက်ရှိခဲ့ရင်တောင်ငါကမင်းကိုပဲရွေးမှာ
ဘယ်နှစ်ကြိမ်ပဲရွေးချယ်ရရ ငါကမင်းကိုပဲရွေးပါမယ်။

ဘာကိုမှလှည့်မကြည့်ချင်လောက်အောင်
မင်းကိုမိုက်မိုက်မဲမဲရူးသွပ်မိပါတယ်။

လောကနိယာမကိုသွေဖယ်နေခဲ့တဲ့ဒီချစ်ခြင်းတွေကြောင့်
မိဘတွေခံစားရမှာ၊နာကျင်ရမှာ၊ရှက်ရွံရမှာသေမလိုစိုးရိမ်ပေမယ့် မင်းကိုလက်မလွှတ်လိုက်နိုင်ဘူး။
လက်မလွှတ်လိုက်ချင်ဘူး...
မင်းကိုမြင်နေရင်းမှာပဲဆုံးရှုံးသွားရမလိုခံစားနေရတယ်
တကယ်ပဲချစ်ရတာပင်ပန်းလိုက်တာ
ပင်ပန်းလည်းလက်မလွှတ်ချင်မိလောက်အောင်
ရူးသွပ်စွာတွယ်ငြိနေမိတော့အခက်သား
မင်းဆီကနေငါမှမလွတ်မြောက်ချင်တာ...။

"ကိုယ့်ကိုဘာလို့အဲ့လောက်ထိစိုက်ကြည့်နေရတာလဲ
မမြင်ရတဲ့အတောအတွင်းပိုချောလာလို့လား ဟုတ်လား "

ရေဘူးကိုမော့သောက်ရင်းပြောလာသောသူ၏လည်စလုတ်ကနှစ်ကြိမ်မျှအထက်အောက်လှုပ်ရှားသွားသည်။
အနားတွင်ဝင်ထိုင်ကာ ရင်ဘတ်ပေါ်တင်ထားသောရှင်း၏လက်ဖဝါးများကိုဆုပ်ကိုင်ရင်း မျက်ဝန်းညိုများကိုငေးစိုက်ကြည့်နေပြန်သည်။နှစ်ဦးသားကအကြည့်ချင်းဆုံနေခဲ့လျက်။

ရှင်သန်ဖို့အတွက်အသက်ရှူ နေရတယ်
ဘာကြောင့်ထွက်သက်တွေကပျော်ရွှင်မှုဖြစ်နေပြီး
ဝင်သက်တွေကစိတ်ပင်ပန်းမှုတွေဖြစ်နေရတာလဲ
ပင်ပန်းလွန်းလို့အသက်ရှူ ဖို့ရာတုံ့ဆိုင်းမိချိန်
လက်တစ်စုံရဲ့​နွေးလျလျဆုပ်ကိုင်ထွေးပွေ့မှုမှာ
အားအင်တို့ဖြစ်လို့လာပါတယ်..၊

အင်း..တကယ်ပဲလက်မလွှတ်ချင်ဘူး မင်းကို..။

"ငါ့မှာရောဂါရှိတာကိုတော်တော်ကျေးဇူးတင်မိတယ် "

အသက်ရှူ သံလေးမှိန်ဖျော့ပျောက်ကွယ်သွားမှာကိုတောင်
ပြောမပြတတ်အောင်စိုးရိမ်ထိတ်လန့်နေခဲ့ရတာကို ဒီစကားကြားတော့ကြေကွဲသွားရတဲ့ မဟော်ရယ်ပါ။
မျက်ဝန်းအိမ်များကထိတ်ထိတ်ပျာပျာဖြစ်သွားလျက်...

"ဘာလို့ဒီလိုတွေပြောနိုင်ရတာလဲကွာ"

မဟော်၏မျက်ဝန်းမှာငွေ့ရည်ဖွဲ့ချင်ချင်။

"ငါသာဒီလိုဖြစ်မနေရင်အခြေအနေကပိုဆိုးမှာလေ "

"အဲ့လိုမပြောပါနဲ့ နှစ်ယောက်လုံးအဆင်ပြေဖို့မင်းကနာကျင်နေပေးစရာမှမလိုတာ မင်းကကျန်းမာအောင်နေပေးပါကွာ ကိုယ်...ကိုယ်တကယ် တကယ်ကိုမမြင်ရက်လို့ပါ
မင်းသိရဲ့လားကိုယ်ဘယ်လောက်ထိ..ကိုယ်ဘယ်လောက်ထိတောင်မှ..."

စကားဆက်မဆိုနိုင်တော့ပါဘဲခေါင်းငုံ့ကာငိုကြွေးနေခဲ့သောဤအမျိုးသားအားအကြင်နာပိုရလွန်းစွာ
ခေါင်းကိုခပ်ဖွဖွပုတ်ပေးနေမိသည်။
ရှင်း၏လက်ဖမိုးများထံမှမဟော်၏တုန်ယင်လှုပ်ခတ်နေသောနှုတ်ခမ်းသားတစ်စုံနှင့်မျက်ရည်စများကိုခံစားမိသည်။

ချစ်ရသူနာကျင်စွာငိုကြွေးနေသည်ကိုမြင်ရသည်နှင့်ရှင်းလည်းထပ်မပြောရက်တော့၊မိမိ၏နှလုံးအိမ်ကပါထပ်တူနာကျင်လာရသည်။

"မင်းမျက်ရည်မကျပါနဲ့ ဝမ်းနည်းလို့ကိုပိုပြီးမျက်ရည်မကျနဲ့
မင်းမျက်ရည်ကိုမြင်ရင်ငါပိုခံစားရမှာမသိဘူးလားဟမ် "

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ကိုယ်စိတ်မထိန်းနိုင်လိုက်ပြန်ဘူး"

"မင်းမငိုပါနဲ့ ငါအဆင်ပြေနေပြီလေ "

"အင်းအင်း ကိုယ်ထပ်မငိုတော့ဘူး ကိုယ်တကယ်
မငိုတော့ဘူး ဒါကြောင့်မင်းကလည်းဒီလိုတွေထပ်မပြောဖို့ကတိပေးပါ "

"ငါထပ်မပြောတော့ပါဘူး"

ရှင်းကမဟော်၏မျက်ရည်များကိုသုတ်ပေးလာချိန်မဟော်ကငြိမ်သက်စွာဖြင့်ရှင်း၏မျက်ဝန်းများကိုငေးနေသည်။

ဒီလူသားကိုဘာအကြောင်းကြောင့်နဲ့မှ
အဆုံးရှုံးမခံနိုင်ဘူး...ဖန်တရာထေနေတဲ့စကားပေမယ့်
ခဏခဏကိုဟစ်ကြွေးမိပါတယ်။

ဘာအကြောင်းကြောင့်နဲ့မှအဆုံးရှုံးမခံနိုင်ဘူး
ဘာအကြောင်းကြောင့်နဲ့မှအဆုံးရှုံးမခံနိုင်ဘူး
ဘာအကြောင်းကြောင့်နဲ့မှအဆုံးရှုံးမခံနိုင်ပါဘူး..။


TBC...

(မျက်ရည်တွေဝဲ၊ရင်တွေနင့်ပြီးရေးလိုက်ရတဲ့အပိုင်းပါပဲ
အားးးးးးး ကိုယ်ကတကယ်အသည်းနုပါတယ်)



Continue Reading

You'll Also Like

315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
403K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
39.8K 7.2K 107
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest