Zawgyi~
ျပတင္းေပါက္မွငွက္ေတြသည္ထံုးစံအတိုင္းတက်ိြကြၽိႏွင့္ မနက္ခင္းအားႀကိဳဆိုေနၾကသည္။အခ်ိန္အားျဖင့္ေျခာက္နာရီခန္႔႔သာ႐ွိေသးတာေၾကာင့္ ေယာက်္ားေလးအေဆာင္သည္တိတ္ဆိတ္ေနေသးသည္။
ထိုအခ်ိန္တြင္ ေဆာ့ဂ်င္အိပ္ရာမွႏိုးလာေတာ့ သူ႔ခါးေနရာ႐ွိခပ္တင္းတင္းလက္ေမာင္းမ်ားကိုခံစားမိသည္။မ်က္လံုးမဖြင့္ေသးဘဲလူးလိမ့္ေနခ်ိန္အထိ သူ႔ေဘးတြင္အိပ္ေနေသာ နမ္ဂြၽန္းအားသတိမထားမိေသးပါ။ႏွာေခါင္းထဲသို႔ ရင္းနီးသည့္ကိုယ္သင္းရနံ႔ဝင္ေရာက္လာသည္။
မူးေဝေနသလို႐ွိသည့္ေခါင္းေတာင္အနည္းငယ္သက္သာသြားသည္။တအင္းအင္းလုပ္ၿပီးမ်က္လံုးဖြင့္မိေတာ့ အနီးကပ္ျမင္လိုက္ရေသာ နမ္ဂြၽန္း၏အျပစ္ကင္းစင္ေသာမ်က္ႏွာၾကည္ၾကည္ေလးေၾကာင့္ ေဆာ့ဂ်င္၏ပါးျပင္မ်ားမို႔တက္သြားၾကသည္။
"အိုက္ဂူး အခ်စ္ကေလး~~~"
နမ္ဂြၽန္းအားျပံဳး၍ၾကည့္ေနမိၿပီးႏွာသီးရဲရဲအားလက္ေကာက္ေကာက္ေလးႏွင့္ သြားထိမိသည္။သူအမူးေတာ့ေျပေနပါၿပီ။အသိစိတ္မဝင္ေသးရံုပါ။ထို႔ေနာက္ နမ္ဂြၽန္း၏ရင္္ခြင္အတြင္းသို႔သူတိုးဝင္ၿပီး မ်က္လံုးမ်ားတဖန္ျပန္ပိတ္သြားၾကသည္။နမ္ဂြၽန္း၏ခါးကိုလည္း သူသိုင္းဖက္ထားလိုက္သည္။
-
မ်က္ႏွာအေပၚသို႔ေနေရာင္ျခည္အလင္းတန္းႀကီးက လာလာက်ေနသည္။အေတာ္ေလးပူေလာင္လြန္း၍ေနရခက္ခဲလြန္းသည္။ေဆာ့ဂ်င္ေစာင္ပံုအတြင္းမွ႐ုန္းကန္ထရင္း စည္းထားျခင္းခံရေသာလိုက္ကာအားမ်က္ေစာင္းထိုးလိုက္မိသည္။
တိုင္ကပ္နာရီ႐ွိလက္တံအတိုသည္'10'သို႔ၫႊန္ျပေနသည္။ဒါဆိုအတန္းမမွီေတာ့ဘူးေပါ့ ! စိတ္သည္လက္တစ္ဆစ္ႏွင့္ ခ်က္ခ်င္းဆိုသလိုႏွာမႈတ္ထုတ္မိၿပီး ျပကၡဒိန္ကိုပါမ်က္ေစာင္းလွမ္းထိုးမိေတာ့ 'sat' တဲ့။
စေနေန႔ေလ..ဘယ္ကအတန္းသြားတက္ရမွာလည္း !?
ကုတင္အေပၚမွေဆာင့္ေအာင့္ထေတာ့ေခါင္းကမူးေဝလာသည္။ထိုအခ်ိန္မွ မေန႔ကအျဖစ္အပ်က္မ်ားသည္႐ုပ္႐ွင္ၾကည့္ေနရသလို sceneတစ္ခုၿပီးတစ္ခုဝင္ေရာက္လာၾကသည္။
ေဆာ့ဂ်င္ပါးေတြနီျမန္သြားၿပီး ေစာင္ကိုလံုးေခ်ေနမိသည္။
သူနမ္ဂြၽန္းအေပၚအန္ခ်ခဲ့ၿပီး ငိုငိုယိုယိုႏွင့္သူ႔မေက်နပ္ခ်က္ေတြအားလံုးကိုေျပာျပမိခဲ့တာေပါ့။နမ္ဂြၽန္းႏွင့္ျပန္တြဲဖို႔အတြက္ ဖက္နမ္းပစ္ခဲ့တာေပါ့။
သြားပါၿပီ။သို႔ေသာ္ သူေက်နပ္ပါသည္။နမ္ဂြၽန္းႏွင့္သူခ်စ္သူေတြျပန္ျဖစ္သြားၾကၿပီ။သူငယ္ခ်င္းဆိုတဲ့စည္းမ႐ွိေတာ့ဘူး။အရင္ကထက္ပိုၿပီး နမ္ဂြၽန္းအေပၚႏိုင္လို႔ရၿပီ။ဒါေပမယ့္ အခုနမ္ဂြၽန္းကသူ႔ကိုပစ္ၿပီးဘယ္သြားရတာလည္း ? ပထမဦးဆံုးရက္မွာပဲ နမ္ဂြၽန္းကပစ္ထားသည္။
ေစာင္ေတြကိုေအာက္သို႔ေဆာင့္ကန္ခ်ၿပီး ကုတင္အေပၚမွအဆင္းမွေစာင္ႏွင့္ၿငိၿပီးလံုးေထြးကာၾကမ္းျပင္အေပၚသို႔ျပဳတ္က်ျပန္သည္။
"fckk"
ထိုစဥ္တံခါးပြင့္လာၿပီးေနာက္ လက္ထဲတြင္ေဆးထုတ္ႏွင့္
ပါဆယ္ဘူးေတြကိုကိုင္ထားေသာနမ္ဂြၽန္းသည္ သူ႔အားျပာျပာသလဲေပြ႔ထူလာသည္။
"ေခါင္းမူးေနေသးလား ဂ်င္.."
"အင္းးးးး"
နမ္ဂြၽန္းအေပၚသို႔ေခါင္းမွီတင္ထားလိုက္ေတာ့ေက်ာမတ္သြားတာကိုသတိထားမိလိုက္သည္။စြပ္က်ယ္သာဝတ္ထားေသာ နမ္ဂြၽန္း၏ ခါးကိုပါဆြဲဖက္လိုက္ေတာ့နမ္ဂြၽန္းသည္အထုတ္ေတြကိုစားပြဲအေပၚသို႔ပစ္တင္လိုက္သည္။
"မင္းေျခာက္ခြဲေလာက္ကကိုယ္ပူေနလို႔ အခုေတာ့အဆင္ေျပေနၿပီေပမယ့္ ငါပဲေခါက္ဆြဲဝယ္လာတယ္ ဒါစားၿပီးရင္ စားေသာက္ရမယ္ေနာ္"
"အမိန္႔ေတြလာေပးေနတာလား.."
နမ္ဂြၽန္းရယ္သည္။သူ၏႐ႈပ္ပြပြဆံပင္ေတြကိုခပ္ဖြဖြေလးသပ္ေပးလာၿပီးေနာက္ ထိုဆံပင္မ်ားအေပၚသို႔ေမးဖ်ားေလးအားအသာတင္လာသည္။
"မဟုတ္ရပါဘူးဗ်ာ ကဲငါေရခ်ိဳးဦးမယ္ မင္းေခါက္ဆြဲစားထားလိုက္ ငါအခုမွေဆးဆိုင္ကျပန္လာတာေလ စြပ္က်ယ္နဲ႔ဆိုေတာ့ငါ့ဆီကေခြၽးနံ႔ေတြမရဘူးလား"
"ရတယ္ ဖယ္ေတာ့"
ေဆာ့ဂ်င္သည္ နမ္ဂြၽန္းအားဖက္ထားရမွလႊတ္ေပးလိုက္ၿပီးေနာက္ ေရခ်ိဳးခန္းဆီသို႔သြားသည္။ေရခ်ိဳးခန္းတံခါးကိုဖြင့္လိုက္ၿပီးေနာက္ ကုတင္အေပၚသို႔လက္ေထာက္ကာထိုင္ေနသည့္ နမ္ဂြၽန္းအား ေဆာ့ဂ်င္လွည့္ၾကည့္သည္။
"ငါ့ဆီကေရာအနံ႔မရဘူးလား ငါအခုမွမ်က္ႏွာသစ္မွာ"
"မင္းအနံ႔ေလးကိုခ်စ္တယ္ မင္းကငါ့ခ်စ္သူေလ"
ေဆာ့ဂ်င္ပါးေတြရဲတက္လာသည္။နမ္ဂြၽန္း၏ပါးခ်ိဳင့္မ်ားသည္ သူ႔အားထြက္ေပါက္ပိတ္ေစသည္။ေျပာစရာစကားေတြ႐ွာမေတြ႔၍ ေရခ်ိဳးခန္းအတြင္းအျမန္ဝင္လာခဲ့ရသည္။
ပထမဆံုးမဟုတ္ေပမယ့္ သူတို႔ရဲ႕ဒုတိယဆက္ဆံေရးတြင္ႏွစ္ေယာက္လံုးအရင္ကႏွင့္မတူၾကသလို အ႐ွက္ပိုရသူမွာလည္ႏွစ္ဦးလံုးသာျဖစ္သည္။
-
သူတို႔ႏွစ္ေယာက္အခန္းထဲအထိလာၿပီး နမ္ဂြၽန္းကိုဂိမ္းသြားေဆာ့ရန္လာေခၚေသာ ဟိုေဆာ့တို႔ႏွစ္ေယာက္ေၾကာင့္ နမ္ဂြၽန္းသည္ဂ်င္ႏွင့္အတူဂိမ္းဆိုင္သို႔ေရာက္လာၿပီ။
ဂ်င္ကသိပ္ထူးဆန္းေနသည္။သူကဟိုေဆာ့တို႔ႏွစ္ေယာက္ကိုျငင္း၍ဟိုႏွစ္ေယာက္ကအတင္းဆြဲေခၚလာေသာေၾကာင့္ ဂ်င္ကသူကိုယ္တိုင္ပါလိုက္လာခဲ့ျခင္းပင္။
အခုလည္းဟိုေဆာ့တို္ႏွင့္ေလာင္းေၾကးထပ္ေနေသးသည္။
ဂ်င့္ဆိုဂ်ဴေသာက္ၿပီး စိတ္ေျပာင္းစိတ္လႊဲျဖစ္သြားတာေတာ့မဟုတ္ဘူးမလား..။မနက္တုန္းကလည္း သူ႔ခါးကိုလာဖက္ၿပီးရင္ဘက္အေပၚေခါင္းမွီလာေသာဂ်င္ေၾကာင့္ သူ႔ရင္ေတြေပါက္ထြက္မတတ္ပင္။
ဂ်င္၏ဒီလိုအျပဳအမူအသစ္ေလးေတြေၾကာင့္ သူၾကည္ႏူးရျပန္သည္။ဘယ္သူမဆို ခ်စ္ရသူရဲ႕ခ်စ္စရာအျပဳအမူေလးေတြကိုရရင္ၾကည္မူးတတ္ၾကတာပဲေလ။
"ငါႏိုင္ရင္ နမ္ဂြၽန္းနဲ႔အတူမင္းတို႔တစ္သက္လံုးဂိမ္းမေဆာ့ရဘူး"
"ဟမ္"
"ဘယ္လို?"
ၿပိဳင္တူထြက္လာေသာထိုႏွစ္ေယာက္၏ အာေမဋိတ္မ်ားအားေဆာ့ဂ်င္သည္ဖန္သားျပင္ကိုၾကည့္ေနရင္း မထီသလိုေနသည္။
နမ္ဂြၽန္းလည္း ဂ်င့္ကိုသာခပ္ျပံဳးျပံဳးေငးေနမိရင္း ထိုင္ခံုအမွီကိုလက္တင္ထားမိသည္။
မေန႔ကေဆာ့ဂ်င္ဖြင့္ထုတ္လာေသာစကားမ်ားသည္ သူ႔အားနာက်င္ေစသည္။ဂ်င္၏ခံစားခ်က္မ်ားအားလ်စ္လ်ဴ႐ႈမိသလိုျဖစ္သြားခဲ့သည္။လိုအပ္ခ်က္ေတြမ်ားခဲ့ရသည္။အခုလည္းဘာေၾကာင့္ ဒီေကာင္ေလးဒီလိုေတြလုပ္ေနလည္းသူေကာင္းေကာင္းသိသည္။
"ဒါဆိုငါတို႔ႏိုင္ရင္ နမ္ဂြၽန္းကငါတို႔အခန္းမွာတစ္ပတ္လာေနရမယ္"
"ေကာင္းၿပီေလ.."
ေဆာ့ဂ်င္သည္စားပြဲခံုအားလက္ႏွင့္ေခါက္ရင္းသူေပးသည့္ အေအးဘူးကိုယူေသာက္ကာခပ္ေအးေအးေျပာသည္။နမ္ဂြၽန္းအနားသို႔ဟိုေဆာ့ကပ္လာသည္။
"မင္းတို႔ႏွစ္ေယာက္ျပန္တြဲေနၾကတာလား??"
နားအနားသို႔ကပ္ၿပီးခပ္တိုးတိုးေျပာလာေသာဟိုေဆာ့ေၾကာင့္ နမ္ဂြၽန္းနားဖ်ားတို႔ရဲတက္သြားရသည္။ေဆာ့ဂ်င္ႏွင့္ဂ်ယ္ဟြန္းတို႔ကေတာ့ဂိမ္းေရြးေနၾကသည္။နမ္ဂြၽန္းဂိမ္းဆိုင္အျပင္႐ွိျဖတ္သြားေသာစက္ဘီးအားလွစ္ခနဲလွမ္းၾကည့္မိလိုက္သည္။
"ဟုတ္တယ္.."
"မင္းကအမွတ္မ႐ွိတဲ့ေကာင္ မ်က္ကန္းေကာင္"
ဟိုေဆာ့သည္ထိုသို႔ပစ္ပစ္နစ္နစ္ေျပာၿပီးေနာက္ ဂ်ယ္ဟြန္းအနားသို႔ေရႊ႔ထိုင္သြားသည္။သူကေတာ့ အေနာက္မွျမင္ေနရေသာဂ်င္၏မ်က္ႏွာေလးကိုၾကည့္ၿပီး ၾကည္လင္စြာျပံဳးမိသြားသည္။ထိုမ်က္ႏွာေလးတြင္ အႏိုင္ယူလိုစိတ္ေတြကိုျမင္ေနရသည္။
ဒီရက္ပိုင္းမွဂ်င္ဟာအမ်ားႀကီးေျပာင္းလဲသြားခဲ့ပါသည္။
ဒါဆိုသူကေရာ? သူကေတာ့မေျပာင္းလဲပါဘူး..။
ဟိုးအရင္ကတည္းကေဆာ့ဂ်င္အေပၚတြင္ ျမတ္ႏိုးသူမို႔
ဂ်င္၏ဆႏၵအတိုင္းသူေနခဲ့ၿပီး ဂ်င္၏အလိုအတိုင္းသူေနဆဲပင္ျဖစ္သည္။
ဟိုေဆာ့ေျပာလိုရင္လည္း ေျပာခ်င္စရာပါပဲ။
ကင္မ္နမ္ဂြၽန္းသည္ ကင္မ္ေဆာ့ဂ်င္ကိုသာသိသည္။ကင္မ္ေဆာ့ဂ်င္ျပဳလုပ္သမွ်အား ကင္မ္နမ္ဂြၽန္းအျပစ္မျမင္တတ္ခဲ့ပါ။
-
ဆက္ရန္~
Written By
Guu_Joonilili
Unicode~
ပြတင်းပေါက်မှငှက်တွေသည်ထုံးစံအတိုင်းတကျွိကျွိနှင့် မနက်ခင်းအားကြိုဆိုနေကြသည်။အချိန်အားဖြင့်ခြောက်နာရီခန့်သာရှိသေးတာကြောင့် ယောက်ျားလေးအဆောင်သည်တိတ်ဆိတ်နေသေးသည်။
ထိုအချိန်တွင် ဆော့ဂျင်အိပ်ရာမှနိုးလာတော့ သူ့ခါးနေရာရှိခပ်တင်းတင်းလက်မောင်းများကိုခံစားမိသည်။မျက်လုံးမဖွင့်သေးဘဲလူးလိမ့်နေချိန်အထိ သူ့ဘေးတွင်အိပ်နေသော နမ်ဂျွန်းအားသတိမထားမိသေးပါ။နှာခေါင်းထဲသို့ ရင်းနီးသည့်ကိုယ်သင်းရနံ့ဝင်ရောက်လာသည်။
မူးဝေနေသလိုရှိသည့်ခေါင်းတောင်အနည်းငယ်သက်သာသွားသည်။တအင်းအင်းလုပ်ပြီးမျက်လုံးဖွင့်မိတော့ အနီးကပ်မြင်လိုက်ရသော နမ်ဂျွန်း၏အပြစ်ကင်းစင်သောမျက်နှာကြည်ကြည်လေးကြောင့် ဆော့ဂျင်၏ပါးပြင်များမို့တက်သွားကြသည်။
"အိုက်ဂူး အချစ်ကလေး~~~"
နမ်ဂျွန်းအားပြုံး၍ကြည့်နေမိပြီးနှာသီးရဲရဲအားလက်ကောက်ကောက်လေးနှင့် သွားထိမိသည်။သူအမူးတော့ပြေနေပါပြီ။အသိစိတ်မဝင်သေးရုံပါ။ထို့နောက် နမ်ဂျွန်း၏ရင််ခွင်အတွင်းသို့သူတိုးဝင်ပြီး မျက်လုံးများတဖန်ပြန်ပိတ်သွားကြသည်။နမ်ဂျွန်း၏ခါးကိုလည်း သူသိုင်းဖက်ထားလိုက်သည်။
-
မျက်နှာအပေါ်သို့နေရောင်ခြည်အလင်းတန်းကြီးက လာလာကျနေသည်။အတော်လေးပူလောင်လွန်း၍နေရခက်ခဲလွန်းသည်။ဆော့ဂျင်စောင်ပုံအတွင်းမှရုန်းကန်ထရင်း စည်းထားခြင်းခံရသောလိုက်ကာအားမျက်စောင်းထိုးလိုက်မိသည်။
တိုင်ကပ်နာရီရှိလက်တံအတိုသည်'10'သို့ညွှန်ပြနေသည်။ဒါဆိုအတန်းမမှီတော့ဘူးပေါ့ ! စိတ်သည်လက်တစ်ဆစ်နှင့် ချက်ချင်းဆိုသလိုနှာမှုတ်ထုတ်မိပြီး ပြက္ခဒိန်ကိုပါမျက်စောင်းလှမ်းထိုးမိတော့ 'sat' တဲ့။
စနေနေ့လေ..ဘယ်ကအတန်းသွားတက်ရမှာလည်း !?
ကုတင်အပေါ်မှဆောင့်အောင့်ထတော့ခေါင်းကမူးဝေလာသည်။ထိုအချိန်မှ မနေ့ကအဖြစ်အပျက်များသည်ရုပ်ရှင်ကြည့်နေရသလို sceneတစ်ခုပြီးတစ်ခုဝင်ရောက်လာကြသည်။
ဆော့ဂျင်ပါးတွေနီမြန်သွားပြီး စောင်ကိုလုံးချေနေမိသည်။
သူနမ်ဂျွန်းအပေါ်အန်ချခဲ့ပြီး ငိုငိုယိုယိုနှင့်သူ့မကျေနပ်ချက်တွေအားလုံးကိုပြောပြမိခဲ့တာပေါ့။နမ်ဂျွန်းနှင့်ပြန်တွဲဖို့အတွက် ဖက်နမ်းပစ်ခဲ့တာပေါ့။
သွားပါပြီ။သို့သော် သူကျေနပ်ပါသည်။နမ်ဂျွန်းနှင့်သူချစ်သူတွေပြန်ဖြစ်သွားကြပြီ။သူငယ်ချင်းဆိုတဲ့စည်းမရှိတော့ဘူး။အရင်ကထက်ပိုပြီး နမ်ဂျွန်းအပေါ်နိုင်လို့ရပြီ။ဒါပေမယ့် အခုနမ်ဂျွန်းကသူ့ကိုပစ်ပြီးဘယ်သွားရတာလည်း ? ပထမဦးဆုံးရက်မှာပဲ နမ်ဂျွန်းကပစ်ထားသည်။
စောင်တွေကိုအောက်သို့ဆောင့်ကန်ချပြီး ကုတင်အပေါ်မှအဆင်းမှစောင်နှင့်ငြိပြီးလုံးထွေးကာကြမ်းပြင်အပေါ်သို့ပြုတ်ကျပြန်သည်။
"fckk"
ထိုစဉ်တံခါးပွင့်လာပြီးနောက် လက်ထဲတွင်ဆေးထုတ်နှင့်
ပါဆယ်ဘူးတွေကိုကိုင်ထားသောနမ်ဂျွန်းသည် သူ့အားပြာပြာသလဲပွေ့ထူလာသည်။
"ခေါင်းမူးနေသေးလား ဂျင်.."
"အင်း"
နမ်ဂျွန်းအပေါ်သို့ခေါင်းမှီတင်ထားလိုက်တော့ကျောမတ်သွားတာကိုသတိထားမိလိုက်သည်။စွပ်ကျယ်သာဝတ်ထားသော နမ်ဂျွန်း၏ ခါးကိုပါဆွဲဖက်လိုက်တော့နမ်ဂျွန်းသည်အထုတ်တွေကိုစားပွဲအပေါ်သို့ပစ်တင်လိုက်သည်။
"မင်းခြောက်ခွဲလောက်ကကိုယ်ပူနေလို့ အခုတော့အဆင်ပြေနေပြီပေမယ့် ငါပဲခေါက်ဆွဲဝယ်လာတယ် ဒါစားပြီးရင် စားသောက်ရမယ်နော်"
"အမိန့်တွေလာပေးနေတာလား.."
နမ်ဂျွန်းရယ်သည်။သူ၏ရှုပ်ပွပွဆံပင်တွေကိုခပ်ဖွဖွလေးသပ်ပေးလာပြီးနောက် ထိုဆံပင်များအပေါ်သို့မေးဖျားလေးအားအသာတင်လာသည်။
"မဟုတ်ရပါဘူးဗျာ ကဲငါရေချိုးဦးမယ် မင်းခေါက်ဆွဲစားထားလိုက် ငါအခုမှဆေးဆိုင်ကပြန်လာတာလေ စွပ်ကျယ်နဲ့ဆိုတော့ငါ့ဆီကချွေးနံ့တွေမရဘူးလား"
"ရတယ် ဖယ်တော့"
ဆော့ဂျင်သည် နမ်ဂျွန်းအားဖက်ထားရမှလွှတ်ပေးလိုက်ပြီးနောက် ရေချိုးခန်းဆီသို့သွားသည်။ရေချိုးခန်းတံခါးကိုဖွင့်လိုက်ပြီးနောက် ကုတင်အပေါ်သို့လက်ထောက်ကာထိုင်နေသည့် နမ်ဂျွန်းအား ဆော့ဂျင်လှည့်ကြည့်သည်။
"ငါ့ဆီကရောအနံ့မရဘူးလား ငါအခုမှမျက်နှာသစ်မှာ"
"မင်းအနံ့လေးကိုချစ်တယ် မင်းကငါ့ချစ်သူလေ"
ဆော့ဂျင်ပါးတွေရဲတက်လာသည်။နမ်ဂျွန်း၏ပါးချိုင့်များသည် သူ့အားထွက်ပေါက်ပိတ်စေသည်။ပြောစရာစကားတွေရှာမတွေ့၍ ရေချိုးခန်းအတွင်းအမြန်ဝင်လာခဲ့ရသည်။
ပထမဆုံးမဟုတ်ပေမယ့် သူတို့ရဲ့ဒုတိယဆက်ဆံရေးတွင်နှစ်ယောက်လုံးအရင်ကနှင့်မတူကြသလို အရှက်ပိုရသူမှာလည်နှစ်ဦးလုံးသာဖြစ်သည်။
-
သူတို့နှစ်ယောက်အခန်းထဲအထိလာပြီး နမ်ဂျွန်းကိုဂိမ်းသွားဆော့ရန်လာခေါ်သော ဟိုဆော့တို့နှစ်ယောက်ကြောင့် နမ်ဂျွန်းသည်ဂျင်နှင့်အတူဂိမ်းဆိုင်သို့ရောက်လာပြီ။
ဂျင်ကသိပ်ထူးဆန်းနေသည်။သူကဟိုဆော့တို့နှစ်ယောက်ကိုငြင်း၍ဟိုနှစ်ယောက်ကအတင်းဆွဲခေါ်လာသောကြောင့် ဂျင်ကသူကိုယ်တိုင်ပါလိုက်လာခဲ့ခြင်းပင်။
အခုလည်းဟိုဆော့တ်ိုနှင့်လောင်းကြေးထပ်နေသေးသည်။
ဂျင့်ဆိုဂျူသောက်ပြီး စိတ်ပြောင်းစိတ်လွှဲဖြစ်သွားတာတော့မဟုတ်ဘူးမလား..။မနက်တုန်းကလည်း သူ့ခါးကိုလာဖက်ပြီးရင်ဘက်အပေါ်ခေါင်းမှီလာသောဂျင်ကြောင့် သူ့ရင်တွေပေါက်ထွက်မတတ်ပင်။
ဂျင်၏ဒီလိုအပြုအမူအသစ်လေးတွေကြောင့် သူကြည်နူးရပြန်သည်။ဘယ်သူမဆို ချစ်ရသူရဲ့ချစ်စရာအပြုအမူလေးတွေကိုရရင်ကြည်မူးတတ်ကြတာပဲလေ။
"ငါနိုင်ရင် နမ်ဂျွန်းနဲ့အတူမင်းတို့တစ်သက်လုံးဂိမ်းမဆော့ရဘူး"
"ဟမ်"
"ဘယ်လို?"
ပြိုင်တူထွက်လာသောထိုနှစ်ယောက်၏ အာမေဋိတ်များအားဆော့ဂျင်သည်ဖန်သားပြင်ကိုကြည့်နေရင်း မထီသလိုနေသည်။
နမ်ဂျွန်းလည်း ဂျင့်ကိုသာခပ်ပြုံးပြုံးငေးနေမိရင်း ထိုင်ခုံအမှီကိုလက်တင်ထားမိသည်။
မနေ့ကဆော့ဂျင်ဖွင့်ထုတ်လာသောစကားများသည် သူ့အားနာကျင်စေသည်။ဂျင်၏ခံစားချက်များအားလျစ်လျူရှုမိသလိုဖြစ်သွားခဲ့သည်။လိုအပ်ချက်တွေများခဲ့ရသည်။အခုလည်းဘာကြောင့် ဒီကောင်လေးဒီလိုတွေလုပ်နေလည်းသူကောင်းကောင်းသိသည်။
"ဒါဆိုငါတို့နိုင်ရင် နမ်ဂျွန်းကငါတို့အခန်းမှာတစ်ပတ်လာနေရမယ်"
"ကောင်းပြီလေ.."
ဆော့ဂျင်သည်စားပွဲခုံအားလက်နှင့်ခေါက်ရင်းသူပေးသည့် အအေးဘူးကိုယူသောက်ကာခပ်အေးအေးပြောသည်။နမ်ဂျွန်းအနားသို့ဟိုဆော့ကပ်လာသည်။
"မင်းတို့နှစ်ယောက်ပြန်တွဲနေကြတာလား??"
နားအနားသို့ကပ်ပြီးခပ်တိုးတိုးပြောလာသောဟိုဆော့ကြောင့် နမ်ဂျွန်းနားဖျားတို့ရဲတက်သွားရသည်။ဆော့ဂျင်နှင့်ဂျယ်ဟွန်းတို့ကတော့ဂိမ်းရွေးနေကြသည်။နမ်ဂျွန်းဂိမ်းဆိုင်အပြင်ရှိဖြတ်သွားသောစက်ဘီးအားလှစ်ခနဲလှမ်းကြည့်မိလိုက်သည်။
"ဟုတ်တယ်.."
"မင်းကအမှတ်မရှိတဲ့ကောင် မျက်ကန်းကောင်"
ဟိုဆော့သည်ထိုသို့ပစ်ပစ်နစ်နစ်ပြောပြီးနောက် ဂျယ်ဟွန်းအနားသို့ရွှေ့ထိုင်သွားသည်။သူကတော့ အနောက်မှမြင်နေရသောဂျင်၏မျက်နှာလေးကိုကြည့်ပြီး ကြည်လင်စွာပြုံးမိသွားသည်။ထိုမျက်နှာလေးတွင် အနိုင်ယူလိုစိတ်တွေကိုမြင်နေရသည်။
ဒီရက်ပိုင်းမှဂျင်ဟာအများကြီးပြောင်းလဲသွားခဲ့ပါသည်။
ဒါဆိုသူကရော? သူကတော့မပြောင်းလဲပါဘူး..။
ဟိုးအရင်ကတည်းကဆော့ဂျင်အပေါ်တွင် မြတ်နိုးသူမို့
ဂျင်၏ဆန္ဒအတိုင်းသူနေခဲ့ပြီး ဂျင်၏အလိုအတိုင်းသူနေဆဲပင်ဖြစ်သည်။
ဟိုဆော့ပြောလိုရင်လည်း ပြောချင်စရာပါပဲ။
ကင်မ်နမ်ဂျွန်းသည် ကင်မ်ဆော့ဂျင်ကိုသာသိသည်။ကင်မ်ဆော့ဂျင်ပြုလုပ်သမျှအား ကင်မ်နမ်ဂျွန်းအပြစ်မမြင်တတ်ခဲ့ပါ။
-
ဆက်ရန်~
Written By
Guu_Joonilili