အပိုင်း (တစ်​ဆယ့်​ကိုး)

497 96 11
                                    

Zawgyi~

တစ်​နာရီခန့်​ကြာမြင့်​သွားပြီး​နောက်​ ဂိမ်းဆိုင်​အတွင်း​ဆဲ​ရေးသံများသည်​တစ်​ဆ၊တစ်​ဆထွက်​​ပေါ်လာသည်​။လက်​ရှိအ​ခြေအ​နေအရ လုံးဝသ​ရေပွဲ။အမှန်​​တော့ ​ဆော့ဂျင်​ဆက်​မ​ဆော့ချင်​​တော့ပါ။

ဆော့ဂျင်​၏လက်​ဖဝါးများတွင်​​ချွေးများ​စေးကပ်​လို့လာပြီး နမ်​ဂျွန်း​ပေး​သောအချို​ရည်​ဘူးမှာလည်းကုန်​​တော့မည်​။ဒီပွဲနိုင်​မှဖြစ်​မည်​။မဟုတ်​ရင်​ဒီဂိမ်းဇာတ်​လမ်းကတစ်​သက်​လုံးပြတ်​​တော့မှာမဟုတ်​ဘူး။

"​ဆော့ဂျင်​ ဘယ်​လိုလည်း ထပ်​ကစားဦးမှာလား"

"ဘယ်​သူကနိုင်​​သေးလို့လည်း!"

ဂျယ်​ဟွန်း၏အ​မေးကို ​ဆော့ဂျင်​သည်​​ဘောက်​ဆက်​ဆက်​ပြန်​​ဖြေပြီး​နောက်​မျက်​ရိုးများအားဖိနှိပ်​​နေသည်​။နမ်​ဂျွန်းသည်​သူ့လက်​အားအုပ်​ကိုင်​​ပေးပြီး ပခုံးအားနှိပ်​​ပေးသည်​။

"ငါသူတို့နဲ့မ​ဆော့​တော့ပါဘူးကွာ မင်းပင်​ပန်း​နေပြီ ရပ်​လိုက်​​တော့​နော်​"

နမ်​ဂျွန်းသည်​​ဆော့ဂျင်​၏မျက်​လုံးများအားဆုံကြည့်​ရင်းနူးညံ့စွာဆိုသည်​။

"ငါ့ကိုမ​ဆော့နိုင်​​တော့ဘူးလို့ ထင်​​နေလို့လား ငါဆက်​မ​ဆော့​တော့ရင်​ သူတို့ငါ့ကိုသိပ်​အထင်​​သေးသွားမှာ​ပေါ့"

နမ်​ဂျွန်း၏အနားသို့ကပ်​၍​ဆော့ဂျင်​ခပ်​တိုးတိုးဆိုပြီး​နောက်​ ပခုံးအ​ပေါ်ကလက်​များကိုဖယ်​ရှားသည်​။ထို့​နောက်​ နမ်​ဂျွန်းထံမှသက်​ပြင်းချသံထွက်​​ပေါ်လာသည်​။

"ဖိုက်​တင်း.."

အား​ပေးသံနှင့်​အတူတစ်​ဆက်​တည်းမှာပင်​ နမ်​ဂျွန်းသည်​ ​ဆော့ဂျင်​၏နဖူးအ​ပေါ်ရှိဆံပင်​များအားနှုတ်​ခမ်းထူထူတို့နှင့်​မထိတထိနမ်းသည်​။

"Fckkkkk"

ဘေးနားရှိနှစ်​​ယောက်​ထံမှဆဲ​ရေးသံများထွက်​​ပေါ်လာကြသည်​။ဆော့ဂျင်​နားဖျား​တွေရဲသွားပြီး နမ်​ဂျွန်းပါးပြင်​များသည်​လည်းပါးချိုင့်​များနှင့်​အတူနီမြန်း​နေကြသည်​။

The Pride {NamJin} Completed !!!Where stories live. Discover now