แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

378K 54.4K 6K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แแ….แƒ {Z}

1.7K 228 8
By Hot_Tofu1

Zawgyi

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 15.3

ON Aug 25, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

အန်းလင်သည်သူ၏ခေါင်းကို
စောင်းရင်း,ဆေးရုံအပြင်ဘက်တွင်
ပရမ်းပတာဖရိုဖရဲဖြစ်နေသည့်
ဝိဥာဉ်အစုအဝေးကြီးနှင့်
မကောင်းဆိုးဝါးများစွာတို့ကို
စိုက်ကြည့်လိုက်ပြီး,သူ၏မျက်လုံးများထဲ၌
မှိန်ဖျော့သည့်အလင်းရောင်တစ်ခုဖြတ်ပြေး
သွားတော့သည်။

Whoosh—

အမှောင်ထုထဲတွင်,
ဘယ်ကနေရောက်လာမှန်း
မသိသောလေပွေကြီးသည်
မရေမတွက်နိုင်သော
ဝိဥာဉ်များစွာနှင့်
မကောင်းဆိုးများအား
တစ်စုတစ်စည်းတည်း
စုဝေးတိုက်ခတ်ကာအမည်းရောင်
ပြာမှုန့်များအဖြစ်သို့ကူးပြောင်းသွားစေပြီး,
ဆေးရုံအပြင်ဘက်ရှိရာသက်ပန်
မှောင်မဲနေသောညအမှောင်ထုကြီးထဲမှ
လွင့်ပါးပျောက်ကွယ်သွားစေသည်။

ရှပ်—

ရှပ်—

ထိုအရပ်မြင့်မြင့်အရိပ်မည်းသည်
နောက်သို့ပြန်လှည့်လိုက်ပြီးနောက်
ကော်ရစ်တာ၏အနက်ရှိုင်းဆုံးထဲသို့
တိုးဝင်ကာဝင်ရောက်
ပျောက်ကွယ်သွားတော့သည်။

ယောင်းယီသည်ဘေ့စ်ဘောဦးထုပ်နှင့်
ဟူဒီတို့ကိုလှည့်စားရန်အတွက်
စတိုခန်းဆီသို့သွားနေသည့်
ဟန်ပြုမူခဲ့သည်။
ထိုစတိုခန်းထဲတွင်
အသုံးဝင်လောက်မည့်
ပစ္စည်းများကိုရှာဖွေရန်
မတွေးထားခဲ့သော်လည်း
အံ့ဩစရာကောင်းစွာဖြင့်,
ထိုအခန်းထဲတွင် baijiu
အရက်ပုလင်းအချို့
ရှိနေခဲ့သည်။သူတို့စီစဉ်ထားသည့်
အတိုင်းအလောင်းကိုမီးရှို့ရန်
အသုံးပြုရာတွင်
ဒီထက်ပိုသင့်လျော်သည့်
လောင်စာမျိုးထပ်မရှိနိုင်တော့ပေ။

ဒါပေမဲ့လည်းဘယ်လိုဖြစ်ပြီး
baijiu ပုလင်းတွေက
ဒီစတိုခန်းထဲမှာရှိနေရတာလဲ?

ဘေးတွင်အလွန်စိတ်လှုပ်ရှား
ပျော်ရွှင်နေသည့်မျက်နှာများဖြင့်
ယောင်တိယောင်ချာလုပ်နေသည့်
ဘာအတွေးအခေါ်မှရှိမနေသော
ငတုံးနှစ်ကောင်ကိုကြည့်လိုက်ပြီး,
ယောင်းယီသူ၏နှုတ်ဖျားမှ
ထွက်ကျလာတော့မည့်
လှောင်ပြောင်သရော်သည့်
စကားများကိုပြန်လည်
မြိုချလိုက်တော့သည်။

ထားလိုက်ပါတော့လေ,
အခုချိန်ကဘာမှမဟုတ်တာလေးနဲ့
အရှုပ်အထွေးတွေဖန်တီးသင့်တဲ့
အချိန်ကောင်းမဟုတ်သေးဘူး။
သူအရင်ဆုံးဒီနှစ်ယောက်ကို
ချော့မော့ပြီး,နောက်မှအသုံးချရန်
ချောင်ထိုးထားရမည်ဖြစ်သည်။

ထို့နောက်,ဘေ့စ်ဘောဦးထုပ်နှင့်
ဟူဒီတို့သည်တစ်ယောက်ကို
baijiu တစ်ကတ်စီသယ်ပြီး
နားရွက်တက်ချိတ်လုမတတ်
ပြုံးဖြဲဖြဲဖြစ်နေကြသည်။

""အခုဆိုပစ္စွည်းအားလုံးပြင်ဆင်ပြီးပြီ။
baijiu နှစ်ကတ်အပါအဝင်မီးခြစ်နဲ့သာဆို,
သေပြီးသားဆိုတဲ့လုံခြုံရေးအစောင့်လည်း
ထပ်ခါထပ်ခါသေရတော့မယ်!""

ဘေ့စ်ဘောဦးထုပ်၏
စိတ်အခြေအနေသည်
အနည်းငယ်တော့
အတော်လေးပျော်ရွှင်လာခဲ့သည်။
ယခုတစ်ညတာလုံးခံစားနေခဲ့ရသည့်
အလွန်အမင်းကြောက်ရွံမှုမှသည်ပျော်ရွှင်မှု
အဖြစ်ကိုကူးပြောင်းသွားသည့်အတွက်
သံသယမရှိစွာဘဲသူ၏စိတ်ဝိဥာဉ်ကို
ပေါ့ပါးသွားစေခဲ့သည်။သူ၏စိတ်ခံစားမှုသည်
ကြီးမားသည့်အလှည့်အပြောင်းများစွာကို
ဖြတ်ကျော်ခဲ့ရပြီးပြီဖြစ်သည်။ခုနကလေးတင်
စိတ်မချမ်းမြေ့စွာငိုယိုခဲ့ရပြီးပြီဖြစ်သော်လည်း,
ယခုအခါတွင်တော့စိတ်လှုပ်ရှားမှုများဖြင့်
ပျော်ရွှင်နေခဲ့ရပြီဖြစ်သည်။

ဟူဒီသည်လည်းစိတ်အားထက်သန်စွာဖြင့်
သူ၏လက်ထဲတွင်မီးခြစ်ကိုကိုင်ထားရင်း
ပြောလိုက်သည်။ ""ဟုတ်ပြီကွ,ငါတို့
မကြာခင်အိမ်ပြန်နိုင်တော့မယ်! ဟီးဟီး,
ငါဆေးလိပ်သောက်တတ်လို့တော်သေးတယ်။
မဟုတ်ရင် ငါတို့မီးခြစ်ကိုပါလိုက်ရှာနေရမှာ!""

ယောင်းယီသူတို့၏နောက်သို့လျှောက်သွား
လိုက်ပြီး,သူ၏မျက်စိရှေ့မှသက်ဝင်လှုပ်ရှား
ကာတက်ကြွနေသည့်စကားဝိုင်းကိုမထူးမခြား
နားသည့်အလားစိုက်ကြည့်နေခဲ့သည်။
သူတို့၏စကားလုံးများသည်သူတို့အနေဖြင့်
ထိုသရဲရာဇဝင်ထဲမှလုံခြုံရေးစောင့်ကို
အစောကြီးကတည်းကမရေမတွက်နိုင်လောက်
သည့်အပိုင်းပိုင်းများဖြစ်သည်အထိအကြိမ်ကြိမ်
ခုတ်ဖြတ်ခဲ့ပြီးသွားသလိုမျိုးပြောဆိုနေကြသည်။

အန်းလင်သည်သေချာပေါက်
ရက်စက်ကြမ်းကြုတ်သည့်
အငြိုးတေးဝိဥာဉ်ဖြစ်သော်လည်း,
အခုလိုသူ့အားဆဲဆိုနေသည့်
စကားများကိုကြားနေရခြင်းသည်
ယောင်းယီ၏အနက်ရှိုင်းဆုံးသော
တစ်နေရာရာမှတကယ်ကို
မသက်မသာခံစားနေရသည်။

ယောင်းယီသည်သူကိုယ်သူ
မထိန်းချုပ်နိုင်တော့ဘဲ,
ထိုလူနှစ်ယောက်ကို
တိတ်တိတ်နေရန်အပြစ်တင်
ပြောဆိုလိုက်မိပြီး,သူ၏အရှေ့မှ
နှစ်ယောက်စလုံးကိုလန့်ဖျန့်သွားစေခဲ့သည်။

နှစ်ဖက်စလုံး၏မျက်နှာများသည်
တစ်ဦးကိုတစ်ဦးသိပ်သဘောမတွေ့သည့်
အမူအရာများဖြစ်သွားကြတော့သည်။

""တော်သင့်ပြီ,ငါတို့အားလုံး
မနက်၆နာရီထိုးတဲ့
အထိစောင့်ကြမယ်။
မင်းတို့နှစ်ယောက်က
မီးရှို့ဖို့အတွက်တာဝန်ရှိတယ်....""
ယောင်းယီဆက်ပြောလိုက်သည်။

""နေစမ်းပါအုန်း!ခင်များဘဲ
ခင်များကိုယ်တိုင်မီးရှို့ပေးမယ်
လို့ပြောခဲ့တာမဟုတ်ဘူးလား?!"" ဘေ့စ်ဘောဦးထုပ်သည်,
မကျေမနပ်ဖြစ်စွာဖြင့်,
ယောင်းယီ၏စကားကို
ဖြတ်ပြောလာခဲ့သည်။

ယောင်းယီထိုစကားကြောင့်
အေးစက်စွာနှာမှုတ်ထုတ်လိုက်မိသည်။

သူဒီဘယ်နေရာမှာမှစောက်သုံးမကျတဲ့
ဒီနှစ်ကောင်ကိုကြည့်လေလေ,မျက်လုံးထဲပိုပိုပြီး
စောက်မြင်ကတ်စရာကောင်းလာလေဘဲ။

""ငါပြောခဲ့တာကိုငါပြန်ဖျက်သိမ်းတယ်။
တကယ်လို့မင်းတို့သာမီးမရှို့ရင်
ငါတို့အကုန်လုံးဒီမှာဘဲသေကြမယ်,
ငါကတော့ဂရုမစိုက်ဘူး""

""ခင်များ!""

ဘေ့စ်ဘောဦးထုပ်သည်
ထိုစိတ်ဆတ်သည့်ဆရာဝန်ကို
ဝါးစားမတတ်စိုက်ကြည့်လိုက်ပြီး,
အရိုက်ခံရဖို့ကိုတောင်းဆိုနေသလိုမျိုး
ထောင့်မကျိုးသည့်ယောင်းယီ၏
မျက်နှာကိုဆွဲထိုးရန်သူ၏လက်သီးကို
ဒေါသအလျောက်မြောက်တင်
လိုက်မိသည်။

""တကော,တကော,
ထားလိုက်ပါတော့လား...
အခုအချိန်မှာအရေးကြီးဆုံးအရာ
ဒီနေရာကြီးကနေအရင်ဆုံးထွက်ရဖို့ဘဲလေ""

ဟူဒီကောင်လေးသည်
အကျိုးသင့်အကြောင်းသင့်တွေးရန်
မှတ်မိနေသေးသည့်အတွက်
ယခုလိုအချိန်သည်အချင်းချင်း
ရန်ဖြစ်မနေသင့်သည်ကို
သိသည်အတွက်,ဘေ့စ်ဘောဦးထုပ်ကို
တားဆီးလိုက်တော့သည်။

ဘေ့စ်ဘောဦးထုပ်သည်
သူ၏နှလုံးထဲမှလောင်မြိုက်နေသည့်
ဒေါသများကိုအလွန်ခက်ခက်ခဲခဲ
ဖိနှိပ်ထားခဲ့ရသည်။
မကျေမချမ်းဖြစ်နေသည့်
လေးနက်သောခံစားချက်များသည်လည်း
သူ၏မျက်လုံးများထဲ၌
ဟင်းအိုပမာဆူပွက်နေခဲ့သည်။

ယောင်းယီကတော့ထိုနှစ်ယောက်ကို
လျစ်လျုရှုခဲ့ပြီးဝန်ဆောင်မှုကောင်တာ
ဆီသို့သာတည့်တည့်မတ်မတ်
လျှောက်သွားလိုက်သည်။

ထူးဆန်းလိုက်တာ,ဘယ်လိုဖြစ်ပြီး
အန်းလင်ကိုဘယ်မှာမှ
ရှာမတွေ့ရတော့တာလဲ?
ခိုးကြည့်ဖို့အတွက်သူတစ်နေရာမှာများ
ပုန်းအောင်းနေတာလား?

ယခုအတိုင်း,စည်းလုံးညီညွတ်ပုံမရသော
လူသုံးယောက်တို့သည်အပြင်ဘက်နှင့်
ပိုင်းခြားထားသည့်သိပ်မကျယ်ဝန်းလှသော
ဝန်ဆောင်မှုကောင်တာအတွင်းမှာဘဲ,
နေထွက်သည့်အချိန်အထိစောင့်ဆိုင်းခဲ့ကြသည်။

ဘယ်လောက်တောင်ကြာသလဲဆိုတာကို
မသိနိုင်တော့သည်အချိန်အရှည်ကြီးကို
ဖြတ်သန်းပြီးသည့်နောက်,ဝန်ဆောင်မှုကောင်တာ
အပြင်ဘက်ရှိကော်ရစ်တာထဲမှမီးများသည်
တဖျတ်ဖျတ်ဖြစ်လာတော့သည်။
ဘေ့စ်ဘောဦးထုပ်နှင့်ဟူဒီတို့လည်း
တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ရင်း
နောက်တစ်ကြိပ်ထပ်မံတုန်ရီလာခဲ့ကြသည်။

ယောင်းယီကတော့မိန်းဝင်ပေါက်ကို
ဖြတ်ကျော်၍မည်းနက်နေသော
အမှောင်ထုကြီးကိုစိုက်ကြည့်ရင်း
အတွေးလွန်နေဆဲဖြစ်သည်။
သိပ်မကြာခင်အချိန်
အတောအတွင်းမှာတင်
ငါးနာရီလေးဆယ်ဖြစ်တော့
မှာဖြစ်သည်။သို့သော်လည်း
အပြင်ဘက်တွင်နေထွက်
လာတော့မည့်အရိပ်အယောင်
နည်းနည်းလေးတောင်မှ
ရှိမနေပေ။

""....ဘာလို့...အခုချိန်ထိကောင်းကင်က
လင်းမလာရသေးတာလဲ....?""

ယောင်းယီသက်ပြင်းချရင်း
ဗလုံးဗထွေရေရွတ်လိုက်မိသည်။
Gui မြို့၏ကောင်းကင်သည်
မနက်ပိုင်းအစောကြီး
ရောက်သည့်အခါတိုင်း,
အမြဲတမ်းလင်းလာလေ့ရှိသည်။
၆နာရီဒေါင်ဆိုတာနှင့်
ငါးဗိုက်လိုမျိုးဖြူဖွေးသည်အထိ
မိုးစင်စင်လင်းသွားတတ်သည်။
သို့သော်ယခုအခါတွင်,တံခါးအပြင်ဘက်မှ
အမှောင်ထုကြီးသည်
ခါတိုင်းလိုမပြောင်းလဲဘဲပိတ်ဆီး
မှောင်မည်းနေဆဲဖြစ်သည်။

ဟိုးအစောကြီးကတည်းက
တိတ်တဆိတ်ရပ်နေခဲ့သော
အရပ်မြင့်မြင့်အရိပ်မည်းသည်
သူ၏နှာထိပ်လေးဖြင့်ယောင်းယီ
၏နှာဖျားလေးကိုရင်းနှီးစွာ
ပွတ်တိုက်လိုက်သည်။

ယောင်းယီကတော့ထိုခဏအတွင်းမှဘဲ
တောင့်ခဲသွားပြီး,ရှက်သွေးဖြာသွားခဲ့သည်။
ထို့ကြောင့်အန်းလင်၏ချစ်ခင်ယုယစွာ
နှာခေါင်းဖြင့်ပွတ်သီးပွတ်သပ်လုပ်မှုကို
ရှောင်တိမ်းရန်သူ၏ခေါင်းကိုအဝေးသို့
လှည့်လိုက်တော့သည်။

ဘယ်အချိန်လောက်ကတည်းက
ဒီလူပေါ်လာတာလဲ?
သူဘာတစ်ခုမှမကြားခဲ့ရပါလား,အာ။

""၆နာရီထိုးတော့မယ်,သွားကြရအောင်!""

အစောကြီးကတည်းက
စောင့်ဆိုင်းဖို့ရန်
စိတ်မရှည်နိုင်တော့သည့်
အရူးနှစ်ကောင်ကြောင့်
ယောင်းယီအလှန့်တကြား
နိုးထလာမှသာ
ခုနလောက်ကတည်းက
ဝန်ဆောင်မှုကောင်တာပေါ်တွင်
သူတကယ်ကြီးအိပ်ပျော်သွားမှန်း
သိခဲ့ရသည်။

ဒါဆိုခုနက,အရာအားလုံးက
အိမ်မက်လား?

ကြက်သေသေရင်း,ယောင်းယီ
သူ၏ခေါင်းကိုလှည့်ကာ
မိန်းဝင်ပေါက်အပြင်ဘက်ကို
လှမ်းကြည့်လိုက်မိသည်။

မိုးကုတ်စက်ဝိုင်းတစ်ခုလုံး
ငါး၏ဝမ်းဗိုက်ကဲ့သို့
ဖြူဖွေးနေသောအလင်းရောင်များ
ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ယောင်းယီ၏မျက်စိသူငယ်အိမ်
ကျုံသွားတော့သည်။ရုတ်ခနည်း
သူထရပ်လိုက်ပြီး,မယုံကြည်နိုင်စွာဖြင့်
သူ၏ဘေးပတ်ပတ်လည်ကို
လှည့်ပတ်ကြည့်လိုက်စဉ်,
သူနှင့်သိပ်မဝေးကွာလှသည့်
နေရာတွင်ရပ်ကာသူအား
ငေးကြည့်နေသည့်အန်းလင်ကို
တွေ့လိုက်ရသည်။

အခုလက်ရှိ၆နာရီထိုးနေပြီဖြစ်ပြီး
အခုချိန်အထိဆေးရုံကြီးသည်လည်း
မပျောက်ကွယ်သွားသေးပေ။
ထို့ကြောင့်အန်းလင်၏အာရုံကို
လွှဲပြောင်းနိုင်ရန်ထိုလူနှစ်ယောက်ကို
သူအသုံးချလို့ရနိုင်သည်။

""ဟေး,အဲ့ဆရာဝန်ကိုကြည့်လိုက်စမ်း,
သူထပ်ပြီးဘာမှမရှိတဲ့နေရာလွတ်ကြီးကို
စိုက်ကြည့်နေပြန်ပြီ...
သူအမြဲတမ်းတံခါးအပြင်ဘက်က
မှောင်မဲနေတဲ့အမှောင်ထုကြီးကို
ကြည့်ကြည့်နေတာကြာပြီ။
သူဘာတွေကိုများမြင်နေရတာမို့လို့လဲ?!""

baijiu ပါကင်များကိုသယ်မရင်း,
တိုးတိတ်သည့်လေသံဖြင့်ပြောဆိုကာ,
ဘေ့စ်ဘောဦးထုပ်သည်
ကြောင်တောင်တောင်ဖြစ်နေသည့်
ထိုဆရာဝန်ကိုသူ၏မျက်နှာတစ်ပြင်လုံး
အထင်အမြင်သေးစွာဖြင့်
သူ၏အဖော်ပြောသည့်စကားကို
ထောက်ခံရင်းပျက်ရည်ပြုလိုက်သည်။

""အင်း ဟုတ်တယ်,
အဲ့မျက်နှာဖြူလေးကအရမ်း
မာနကြီးပြီးအထက်ဆီးဆန်နေပင်မဲ့,
နောက်ဆုံးကြတော့လည်းဘာမှမဟုတ်တဲ့
အလကားကောင်ပါကွာ။
သူငါတို့လမ်းလေးဘဲပြပေးခဲ့တာ
မဟုတ်ဘူးလား?အဲ့ဒါလေးနဲ့များ
သူကိုယ်သူငါတို့ထက်သာတယ်လို့
တွေးနေသေးတယ်,ငါလိုး!""

လုံခြုံရေးဝတ်စုံကိုဝတ်ဆင်ထားသည့်
အရပ်မြင့်မြင့်အရိပ်မည်းသည်
ခက်ထန်စွာဖြင့်,ဘေ့စ်ဘောဦးထုပ်ကို
ကျောချမ်းစဖွယ်စိုက်ကြည့်လာခဲ့သည်။

ဟူဒီသည်လည်းအနည်းငယ်စိတ်ပျက်
နေခဲ့သည့်အတွက်,နောက်ထပ်
baijiuတစ်ပါကင်ကိုသယ်ဆောင်ရင်း
ပြောလိုက်သည်။

""ရှုးး,တိုးတိုးပြော။ကျွန်တော်တို့က
အရက်ပက်ဖြန်းဖို့အတွက်
တာဝန်ယူထားကြတာဆိုတော့,
သူ့ကိုမီးခြစ်ပေးလိုက်ကြမယ်။
မြားကဘိုးပေါ်ရောက်ပြီဆိုတာနဲ့
သူမီးမရှို့ဘူးဆိုတာကို
ကျွန်တော်မယုံဘူး။အဲ့တစ်ယောက်က
အရမ်းဥာဏ်နီဥာဏ်နက်များတယ်။
တကယ်လို့သူသာမီးစရှို့ဖို့ကို
အသာကုန်ငြင်းဆန်နေတယ်ဆို,အဲ့ကိစ္စမှာ
ထောင်ခြောက်ရှိနေနိုင်တယ်။ကျွန်တော်တို့
သတိထားပြီးလုပ်ဆောင်သင့်တယ်""

စိတ်ထဲတွင်ဖုံးကွယ်ထားသည့်
အကြံအစည်များဖြင့်အမျိုးသား
နှစ်ယောက်သည်တစ်ဖက်ခြမ်းတွင်
တိုးတိုးတိတ်တိတ်ပြောဆိုနေကြသည့်အတွက်,
ယောင်းယီ၏မျက်နှာအမူအရာသည်,
သူအနေဖြင့်သူ၏အသိစိတ်ကို
ဆန့်ကျင်၍တစ်စုံတစ်ခုကို
စိတ်ပိုင်းဖြတ်ကာဆုံးဖြတ်ရတော့မည့်
အတွက်တဖြည်းဖြည်းချင်းစီ
လေးနက်လာသည်ဆိုတာကို
သတိမထားမိပေ။

သူ၏ပါးစပ်ကိုဖွင့်ပြီးပြောလိုက်သည်။

""အန်းလင်,ကျွန်တော်ဆက်ပြီးမကစားချင်
တော့ဘူး။သူတို့နှစ်ယောက်ကိုရင်ခွဲရုံထဲမှာ
ပိတ်လှောင်ထားပေးဖို့ကိုကူညီပေးပါလား။
ကျွန်တော်သူတို့နှစ်ယောက်ကိုထပ်ပြီးမမြင်
ချင်တော့ဘူး....
ခင်များကိုယ်တိုင်သွားပြီးသူတို့ကိုလော့ချ
ခဲ့ရမယ်နော်,အိုခေလား?""

ယောင်းယီသည်သူ၏ခေါင်းကိုမော့ကာ
ဗလာကျင်းနေသည့်နေရာလွတ်ကြီးဆီသို့
လျှောက်သွားလိုက်ပြီး,လေထုကြီးကို
ကြည့်ကာပြုံးရီပြလိုက်သည်မှာလုံးဝကို
သဘာဝမကျပေ။

ဘေ့စ်ဘောဦးထုပ်နှင့်ဟူဒီတို့သည်
ယောင်းယီ၏မူမမှန်မှုကိုနောက်ဆုံးတော့
သတိထားမိသွားပြီဖြစ်သည်။သူတို့
နှစ်ယောက်စလုံးတူညီစွာဖြင့်မျက်နှာ
ပေါ်တွင်ထူးဆန်းနေသည့်အကြည့်ဖြင့်
ယောင်းယီကိုစိုက်ကြည့်လိုက်ကြသည်။

"တကော,အဲ့ဒေါက်တာရူးများရူးသွားတာလား?""



thoughts of tofu: 

ဟားဟား။ဘာလိုလိုနဲ့ရေးလာခဲ့တာ
နောက်ဆုံးတော့ First Arc ပြီးဖို့
Chapter နှစ်ခုဘဲကျန်ပါတော့တယ်။
ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ
ကတော့ဆက်လက်ပြီးမျှော်လင့်
စောင့်စားပါရန်~









Continue Reading

You'll Also Like

274K 52.9K 84
เถšเทเถฝเท™ เถ‡เถญเท”เถฝเท™เถธ เถดเถปเท€เท™เถฑเท€เท เถถเถฑเทŠ เท„เท”เถœเถšเทŠ เถธเถฝเทŠ เถขเทเถญเท’.....!
46K 3.6K 137
EP-153 Author - ๅ–ตไบ†ไธชๆฑช (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend แ€œแ€„แ€บแ€ธแ€šแ€ญแ€›แ€พแ€„แ€บแ€ธแ€žแ€Šแ€บแ€šแ€ฌแ€‰แ€บแ€™แ€แ€ฑแ€ฌแ€บแ€แ€†แ€™แ€พแ€ฏแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธแ€€แ€แ€Šแ€บแ€ธแ€™แ€พแ€žแ€›แ€ฒแ€...
153K 15.5K 145
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - Horroe, Romance แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€กแ€…แ€ฌแ€ธแ€™แ€ญแ€ฏแ€ท แ€”แ€Šแ€บแ€ธแ€”แ€Šแ€บแ€ธแ€แ€ฑแ€ฌแ€ท แ€žแ€Šแ€บแ€ธแ€‘แ€ญแ€แ€บแ€›แ€„แ€บแ€–แ€ญแ€ฏแ€œแ€ฑแ€ธแ€แ€ฝแ€ฑ แ€•แ€ซแ€™แ€šแ€บแ€”แ€ฑแ€ฌแ€บแ‹ Romance แ€œแ€Šแ€บแ€ธ แ€•แ€ซแ€แ€ฑแ€ฌแ€ท แ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏ แ€€แ€ผแ€ฑแ€ฌแ€€แ€บแ€€แ€ผแ€ฑแ€ฌแ€€แ€บ.. แ€แ€ปแ€ญแ€ฏแ€€แ€ผแ€ฑแ€ฌแ€€แ€บแŠ แ€€แ€ผแ€ฑ...