For..
By Gael_2001
549K 37.9K 3.9K
မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More
For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final
For...
7.5K 634 28
By Gael_2001
ဒီနေ့ ကျောင်းပိတ်ရက်မို့ ရှောင်းကျန့် ကော်ဖီဆိုင်ကနေ အချိန်ပိုင်း လူလဲလိုက်ပြီး ညပိုင်းမှ ဝင်ရန် ဆုံးဖြတ်ထားသည်။ ထိုဆိုင်၏ မန်နေဂျာကလဲ ရှောင်းကျန့်ကို သဘောကျပြီး ခင်နေပြီဖြစ်၍ ရှောင်းကျန့်ကို လူလဲပေးလေသည်။
*ဒီည အိမ်ပြန်မှာပေါ့*
*တစ်ခါမှမခေါ်ဖူးတဲ့ ဝမ်လီယိက လှမ်းခေါ်နေတာ။ မသွားလဲ ရပေမယ့် တစ်ခါမှဒီလိုမခေါ်ဖူးတော့ ငါ သွားမှ ဖြစ်မှာ*
နှစ်ယောက်သား တစ်နေကုန် လျှောက်လည်ပြီးသည်နှင့် ရှောင်းကျန့်၏ အလုပ်ကို ရိပေါ်က လိုက်ပို့လေသည်။ နှစ်ယောက်လုံး ကားနဲ့မလာပဲ ခြေလျင်လျှောက်ကာ စကားတွေ အများကြီး ပြောဖြစ်နေကြသည်။
*မိဘနဲ့တည့်အောင်နေလို့ ကိုယ်မပြောချင်ပါဘူး။ ဒါပေမယ့် အဆိုးလေး မိဘတွေနဲ့ အဆင်မပြေရင် ကိုယ့်ဆီလာပြီး ရင်ဖွင့်လို့ရတယ်။ တစ်ခုခုဆုံးဖြတ်မယ်ဆိုတိုင်း ကိုယ် ရှိသေးတယ်ဆိုတဲ့ အသိလေးကို သတိရပေးမလား*
ဘာကြောင့်မှန်းမသိ ရှောင်းကျန့် စိတ်တွေလေးနေမိသည်။ ၁နှစ်လောက်ကြာမှ ရိပေါ် အိမ်ပြန်မည်ကြောင့်လား။ ၁နှစ်လုံးလုံး ရိပေါ်သည် အိမ်ကို တစ်ခါတစ်ရံသာ ပြန်ပြီး ရှောင်းကျန့်နဲ့ အတူနေလေသည်။
အချိန် တစ်နှစ်သည် ခနလေးလိုပင်။ ကျောင်းတွေလဲ ပြီးကာ နှစ်ဦးစလုံး ဘွဲ့ပင် ယူတော့မည်။ ရှောင်းကျန့်နဲ့ ရိပေါ်တွဲနေသည်ကလဲ တစ်ကျောင်းလုံးအသိ။
အရင်က ၁ပတ်၂ပတ်သာ တွဲတတ်သည့် ရိပေါ်သည် ရှောင်းကျန့်နဲ့မှမြဲသွားတော့သည်။
*ငါ့အတွေးထဲမှာ မင်းပဲ ရှိတာလေ ငအူကောင်ရ*
ထိုအခါမှ ရိပေါ်လက်လေးကို ရှောင်းကျန့်ဆွဲယူကာ အသာနမ်းလိုက်သည်။ ဝမ်ရိပေါ်နှင့် နေလာတာ ကြာသည်နှင့် သူ့အကျင့်တွေကို အနည်းငယ် သိလာရသည်။
ရိပေါ်သည် ရှောင်းကျန့်အပေါ်ကို ဆိုးပေမယ့် အဖွားနဲ့ဆို လူလိမ်မာလေး ဖြစ်သည်။ အဖွားကလဲ ရိပေါ်မှ ရိပေါ် ဖြစ်နေလေပြီ။
ရှောင်းကျန့်သည် သူကိုယ်တိုင်သာ အစားဆင်းရဲခံပေမယ့် ရိပေါ်ကို အကောင်းဆုံးတွေသာ ကျွေးသည်။ အလုပ်က ရသမျှပိုက်ဆံကိုလဲ တတ်နိုင်သမျှ စုကာ ရိပေါ်နဲ့အတူနေနိုင်ရန် ကြိုးပမ်းနေပေမယ့် အဖွား၏ ကျန်းမာရေးကြောင့် ပိုက်ဆံက ထင်သလောက်မစုဖြစ်ခဲ့။
*ကဲ..ဆိုင်ရှေ့လဲ ရောက်ပြီ..ငါသွားပြီ*
*အင်း..ဂရုစိုက်သွားနော်*
ရိပေါ်၏ နဖူးလေးကို နမ်းကာ ရှောင်းကျန့် ပြုံးရင်း မှာလိုက်၏။ ရိပေါ်သည် ရှောင်းကျန့်ကို လက်ကာပြကာ ဆိုင်ရှေ့ထိုးရပ်လာသည့် ဟယ်ရီ့ကားလေးကြောင့် ရှောင်းကျန့်ကို လက်ကာပြပြီး ထွက်လာခဲ့၏။
ရိပေါ်တို့ကားလေး မြင်ကွင်းထဲက ပျောက်သည်အထိ ရှောင်းကျန့်အကြာကြီး ရပ်ကြည့်နေမိသည်။ အချိန်တွေသာ တစ်ဖြေးဖြေး ကုန်လာခဲ့သည် ရှောင်းကျန့်၏ ရိပေါ်၏ အပေါ်တွင်ထားသော အချစ်သည် တစ်ဆထက် တစ်ဆသာ ပိုတိုးလာခဲ့လေသည်။
သူ ဘယ်တော့မှဝမ်ရိပေါ်ကို ချစ်မဝ။
__________________________
*ငါခေါ်တာကို အရေးစိုက်သားပဲ*
*သူ့နာမည်နဲ့ခေါ်လို့ အရေးစိုက်တာပါ။ ခင်ဗျားသာ ခေါ်ရင် ဒီအိမ်ရှိတဲ့အရပ် ခြေဦးတောင် လှည့်မှာမဟုတ်ဘူး*
စာကြည့်ခန်းထဲတွင် ရိပေါ်နှင့် ဝမ်လီယိသည် အပြုံးကိုယ်စီခိုတွဲထားပေမယ့် နှစ်ယောက်လုံး ခနဲ့တဲ့တဲ့ အပြုံးတွေသာ။
*ထိုင်ပါအုံး*
*ခင်ဗျား ခေါ်တဲ့ အကြောင်းအရင်းသာ ပြောစမ်းပါ*
ရိပေါ်မတ်တပ်ရပ် အနေအထားကနေ ဝမ်လီယိ၏ မျက်နှာအား စူးစိုက်ကာ ကြည့်နေမိ၏။ ရိပေါ်ပြောတာကို စိတ်မဝင်စားသလို လက်ဖက်ရည်ရွှေပန်းကန်လေးကို အသာမကာ တစ်ရှိုက်သောက်လိုက်သေးသည်။
ရိပေါ်၏ စိတ်ရှည်မှုကို ဝမ်လီယိက စမ်းသပ်နေပုံရသည်။
*မင်းနဲ့ ရှောင်းကျန့် ဆိုတဲ့ကောင်လေးက ရည်းစားတွေမလား*
ရိပေါ် ရင်ထဲ အနည်းငယ်တော့ စိုးရိမ်မိ၏။ ဝမ်လီယိသည် သူ့အကြောင်း ဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ။ အမှန်က ရိပေါ်စိုးရိမ်နေတာ ရှောင်းကျန့်အကြောင်းလေး ပြောပြချင်လို့ဆိုသည့် ဝမ်လီယိ၏ အမှာစကားကြောင့်။
*ဟုတ်တယ်*
*ဖြတ်လိုက်*
*ဘာလို့ ခင်ဗျားစကား နားထောင်ရမှာလဲ*
*နားထောင်ရမယ့် အကြောင်းအရင်းတွေ ငါ့ဆီမှာ ရှိနေလို့ပေါ့*
ရိပေါ် အံကိုကြိတ်ထားသည်မှာ တင်းနေသည်။ ဝမ်လီယိက ဘာမို့လို့ သူ့ကိစ္စတွေ ဝင်စွက်ဖက်နေရတာလဲ။ ရှောင်းကျန့်ကို စွန့်လွှတ်ရအောင် ရှောင်းကျန့်အပေါ်ထားသည့် ရိပေါ်၏ အချစ်တွေက ပေါ့ပေါ့တန်တန်မှ မဟုတ်ပဲ။
ဖွင့်မပြသေးတာပဲ ရှိသည်။ ရိပေါ်သည် ရှောင်းကျန့်ကို နည်းနည်းလေးပင် အထိခိုက်မခံနိုင်အောင် ချစ်သည်။
*ဘာအကြောင်းပြချက်ရှိရှိ ရှောင်းကျန့်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး ဝမ်လီယိ..ကျုပ်သေရင်တောင် စွန့်လွှတ်မှာ မဟုတ်ဘူး*
*ဟားဟား..*
ဝမ်လီယိသည် မတ်တပ်ရပ်ကာ ရိပေါ်၏ စကားကို ဟာသကြားလိုက်ရသလိုပင် ရယ်တော့သည်။ ပြီးလျှင် ရိပေါ်နား မတ်တပ်လာရပ်ကာ ပုခုံးအား အသာပုတ်လိုက်ပြီး
*သူသေရင်တော့ မစွန့်လွှတ်ချင်လဲ စွန့်လွှတ်ရမှာပဲမလား*
*ခင်ဗျား ဘာပြောတာလဲ*
ဝမ်လီယိသည် မျက်ခုံးအသာပင့်ကာ တစ်နေရာကို ဖုန်းဆက်လိုက်လေသည်။ ရိပေါ်သည် စိတ်ထဲကနေ တစ်စုံတစ်ခုကို ကြိုသိနေလေပြီ။
ကြောက်နေပေမယ့် မကြောက်ချင်အောင်ဆောင်ကာ ဝမ်လီယိနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
*အခုပြမယ့် Video fileလေးကို မြန်မြန်ကြည့်ပြီး မြန်မြန်ဆုံးဖြတ်ကွာ ငါ့သား..ဒီပါးပါးက စိတ်မရှည်ဘူးဆိုတာ သိတယ်မလား။ ကြာရင် လက်လွန်ကုန်လိမ့်မယ်*
ဝမ်လီယိ ကမ်းပေးသည့် ဖုန်းကို အမြန်ဆွဲယူကာ ကြည့်လိုက်သည်။
*ရှောင်းကျန့်..!*
မြေပြင်တွင် လူးလိမ့်ကာ အထိုးခံအရိုက်ခံနေရသည့် ရှောင်းကျန့်။ မျက်နှာတစ်ခုလုံးလဲ စုတ်ပြတ်ကာ သွေးတွေ ရဲနေလေပြီ။ ရိပေါ် ရင်ထဲနင့်သွားကာ ဖုန်းကို ကိုင်ထားသည့် လက်တွေပင် အကြောတွေထောင်လာလေသည်။
*ဝမ်လီယိ..!*
ရိပေါ် ဖုန်းကို လွှင့်ပစ်ကာ ဝမ်လီယိကို လူသတ်တော့မည့် အရိပ်အယောင်တွေအပြည့်နှင့် ကြည့်နေလေသည်။ နီရဲကာ အကြောတွေထောင်ထလာသည့် လည်ပင်းနှင့် လက်တွေကြောင့် ရိပေါ်၏ ဒေါသကို မှန်းဆ၍ပင်မရ။
*ပြော လက်ခံပြီလား ငါ့သား*
*သားလို့ လာမခေါ်နဲ့..ကျုပ်ကို သားလို့ လာမခေါ်နဲ့*
*ကျစ်..ပြော ငါပြောတာ လက်ခံပြီလား။ အေး ရှောင်းကျန့်အဖွားကလဲ ဆေးရုံမှာမလား*
*ဝမ်လီယိ..ခွမ်း*
ရိပေါ်ဘေးနားမှာ ရှိနေသည့် ဒေါ်လာသိန်းချီတန် အလှပန်းအိုးကြီးကို ဆောင့်ကန်ပစ်သည်။ ပန်းအိုးပြီးသည် အောက်က ကြွေပြားအခင်းအပေါ် ကျရောက်သွားသည်နှင့် အစိတ်စိတ်အမွှာမွှာ။
*သိပ်မကြာနဲ့နော် ရှောင်းကျန့်က ဒီအချိန်ဆို သိပ်ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး*
ရိပေါ် နှုတ်ခမ်းတွေ တဆက်ဆက်တုန်လာကာ လက်တွေကလဲ ဆံပင်တွေကို ဆွဲဖွပစ်သည်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ သူ ဘာကို ရွေးချယ်ချယ် နာကျင်ရမည့် လမ်းတွေ။
ရိပေါ် နာကျင်ရမှာထက် ‌ရှောင်းကျန့် ပိုထိခိုက်မှာ ရိပေါ် စိုးရိမ်သည်။ ရှောင်းကျန့်က ရိပေါ်ကြောင့် အခုလို ဖြစ်ရတာ။
*ခင်ဗျား ဖြစ်စေချင်သလို ဖြစ်စေရမယ်။ သူ့ကို လွှတ်ပေးပါ*
ဝမ်လီယိ သဘောတူသလို ဖုန်းကိုထုတ်ကာ တစ်နေရာသို့ ဖုန်းလှမ်းဆက်လေသည်။ ဝမ်လီယိအနောက်က ရိပေါ်သည် လက်တွေ အေးစက်နေကာ ငိုချင်သည့် စိတ်ကို တင်းခံထားသည်။
လည်ချောင်းတစ်ခုလုံး တစ်ဆို့နေကာ သူ အကျယ်ကြီး အော်ဟစ်ပစ်ချင်သည်။
*ရှောင်းကျန့်က အလုပ်မှာကို ခင်ဗျား ဘယ်လို..ဟား..ဝမ်လီယိ*
ရိပေါ် ဝမ်လီယိ ဘယ်လိုကနေ ဘယ်လို ရိပေါ်တို့ အကြောင်းသိသွားသလဲဆိုတာ ရိပေါ် နားလည်လိုက်လေပြီ။ ရှောင်းကျန့် အလုပ်လုပ်သည့်နေရာက ဝမ်လီယိ၏ ပိုင်နက်ထဲမှာပဲ။
*သူ့ကို ဒီညပဲ အလုပ်ထုတ်လိုက်ပြီ..အပြန်လမ်းမှာ နည်းနည်းလေး ကစားရုံပါ။ အေး ငါ့ကို ပေးပြီးသား ကတိဖျတ်ရင်တော့ ရိပေါ်..ငါ မင်းအဖေနော်။ ငါ ဘယ်လောက် ရက်စက်တတ်လဲ မင်းသိတယ်*
*ခင်ဗျားက အဖေမဟုတ်ဘူး..ခင်ဗျားက လူ တစ်ယောက်တောင် မဟုတ်ဘူး*
ဝမ်လီယိသည် ရိပေါ် ဘာပြောပြော စိတ်ဝင်စားပုံမရ။ စားပွဲပေါ် တင်ထားသည့် သူ့စာအုပ်ကို သွားယူကာ
*မင်း ကျောင်းသွားစရာ မလိုတော့ဘူး..နောက်လ ဘွဲ့လဲ သွားယူစရာမလိုဘူး။ ဘွဲ့လက်မှတ်က အိမ်ရောက်လာလိမ့်မယ်။ မနက်ဖြန် ဟိုကောင့်ကို ဖြတ်ပြီးတာနဲ့ မင်း အလုပ်အကြောင်းတွေ သင်ရမယ်*
ဖြစ်ချင်တာတွေကို ပြောသွားသည့် ဝမ်လီယိထွက်သွားသည်နှင့် ရိပေါ် ကြမ်းပြင်ပေါ် အရှုံးသမားတစ်ယောက်လို လဲကျသွားသည်။ ဘေးနား ကျနေသည့် ပန်းအိုးကြီးမှအကွဲစ အချို့သည် ရိပေါ်၏ လက်တွင် စိုက်နေလေ၏။
ရိပေါ် လက်တစ်ဖက်ဖြင့် သူ့ခေါင်းကို ထုရိုက်နေကာ ကလေးတစ်ယောက်လို အကျယ်ကြီး အော်ငိုနေမိလေသည်။ အဖေတစ်ယောက်ပေမယ့် ရိပေါ်ကို ပျော်အောင်လဲ မထားခဲ့သလို ပျော်အောင်ထားသည့် လူကိုလဲ ရိပေါ်အနားက ခွဲထုတ်သွားလေသည်။
*ဟားးးးး..!*
ရိပေါ် နာကျင်လွန်း၍ ဘာမှပင် မပြောနိုင်တော့။ သူ ရှောင်းကျန့်ကို ဘယ်လိုအင်အားနဲ့ ခွဲနိုင်မည်တဲ့လဲ။ ဘာအကြောင်းပြချက်နဲ့ လမ်းခွဲရမည်တဲ့လဲ။
သို့ပေမယ့် ရှောင်းကျန့် ထပ်မနာကျင်စေဖို့ ရိပေါ် ဆုံးဖြတ်ရပေလိမ့်မည်။ ဝမ်လီယိ၏ ရက်စက်မှုနှင့်၊ ယုတ်မာမှုက သားဖြစ်သည့် သူ့အပေါ်တောင် ညှာတာမှု မရှိလျှင် သူစိမ်းဖြစ်သည့် ရှောင်းကျန့်ကို ဘယ်လောက်ထိ ရက်စက်နိုင်မလဲဆိုတာ မည်သူမှ မသိနိုင်။
ရိပေါ် ပထမဆုံးအကြိမ် ဝမ်လီယိ၏ သားအဖြစ်မွေးလာရသည်ကို အခါခါ နောင်တရနေမိသည်။
____________ဆက်ရန်___________
*ဒီည အိမ်ပြန်မှာပေါ့*
__________________________
*ထိုင်ပါအုံး*
*ဟုတ်တယ်*
*ဖြတ်လိုက်*
*ဟားဟား..*
*ခင်ဗျား ဘာပြောတာလဲ*
*ရှောင်းကျန့်..!*
*ဝမ်လီယိ..!*
*ဝမ်လီယိ..ခွမ်း*
*ဟားးးးး..!*
____________ဆက်ရန်___________
Continue Reading
You'll Also Like
289K 7.5K 23
"Promise you'll come find me when you're done?" "When do I not?" ━ Steve Rogers X OC ━ Takes places during Age Of Ultron WARNING: I WROTE THIS IN MID...
11.2K 1.4K 12
"ငါ့အမှားလား" "ဟင့်အင်း ထယ်ရယ်အမှားမဟုတ်ဘူး" Start Date - 30.4.2023 End Date - 30.5.2023
14.6K 1.5K 26
ချစ်မိပြီးသွားရင် ဘာဆက်ဖြစ်မယ်ထင်ပါသလဲ..
233K 5.8K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...