𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

By harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... More

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)

1.2K 101 10
By harley__robbie



╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 16

𝕿𝖍𝖊 𝖍𝖊𝖑𝖑 𝖎𝖓𝖘𝖎𝖉𝖊 𝖆 𝖍𝖊𝖆𝖗𝖙

╚═════ ࿇ ═════╝





တိမ်လွှာများကင်းစင်နေသည့် ကောင်းကင်ပြာမှာ အေးချမ်းသောအငွေ့အသက်လေးများ စုဝေးနေပေသည်။ သို့သော် ယခုလိုအချိန်တွင် မအေးချမ်းနိုင်နေကြသော အုပ်စုတစ်စုတော့ရှိနေ​၏။

ယင်းအုပ်စုကား တီမိုသီဖရီးမန်း တို့အုပ်စုပင်။

တစ်ဆွေလုံးတစ်မျိုးလုံးမှာ ဂျရယ်မိုင်ရာကို ဘယ်နေရာမှ ရှာလို့မရနေခဲ့။ အဆက်အသွယ်များလည်း ပြတ်တောက်နေသဖြင့် ဒေါသူပုန်ထနေကြလျက် တောက်ခေါက်သံများ ဆူညံနေကြသည်။ နံရံ၊ စားပွဲတို့ကိုလည်း လက်သီးနှင့် တဒုန်းဒန်း ထုရိုက်သံတို့မှာ ဖရီးမန်းစံအိမ်တော်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး ကမ္ဘာပျက်နေကြသည့်အလား။

ထိုကဲ့သို့ ဒေါသအုံကြွနေကြရသည့်အကြောင်းရင်းမှာတော့ တခြားမဟုတ်နေပါ။ အန်တိုနီလီပေ့တို့ထံက ပထမအကြိမ်သတိပေးစာပို့လာခြင်းကြောင့်သာဖြစ်သည်။ တီမိုသီဖရီးမန်း၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘဲ၊ ဘောင်၊ ဘော စသောဆွေစဉ်မျိုးရိုးခုနစ်ဆက်တစ်လျှောက်တွင် ပထမဆုံးအကြိမ် မျိုးရိုးဂုဏ်သိက္ခာကျဆင်းစေသော အဖြစ်အပျက်တစ်ခုဖြစ်​၏။

(A/N: ဆွေစဥ်ခုနှစ်ဆက်တော်စပ်ပုံကို အပိုင်းအဆုံးတွင် ပုံနှင့်တကွရှင်းပြထားသည်။)

ဂျရယ်မိုင်ရာကိုလည်း အိမ်ပေါ်ကနေဆင်းသွားသည့်ကာလအတွင်း ယခုလိုလုပ်ရပ်မျိုးများ လုပ်လာခဲ့လိမ်မည်ဟု ကြိုတင်မတွေးထားခဲ့ကြပေ။ ထို့ကြောင့် ယခုပေးပို့လာသော သဝဏ်လွှာက တီမိုသီဖရီးမန်းတို့အတွက်တော့ အကြီးစား Surprise တစ်ခုပမာ။

" ဒေါမနစ် ... မင်းရဲ့သားက ဂြိုဟ်မွှေနေပါ့လား။ ငယ်ငယ်ကလို သူအပြစ်လုပ်လို့ ရိုက်နှက်ဆုံးမလို့ကောင်းတော့တဲ့ အရွယ်လည်းမဟုတ်တော့ တားလို့ရမယ့်ပုံလည်း မပေါ်ဘူး။ သူလုပ်ချင်ရာတွေချည်းပဲ တဇွတ်ထိုးနေတော့မှာ...မင်းသေချာစဉ်းစား။ မင်း မဆုံးဖြတ်နိုင်ရင် ငါတို့ပဲဆုံးဖြတ်ချက်ချလိုက်တော့မယ် "

​ဂျရယ်မိုင်ရာ၏အဖေ ဒေါမနစ်လည်း ခေါင်းအုံခဲပြီး စိတ်ရူပ်ထွေးနေသဖြင့် သက်ပြင်းများဆက်တိုက်ချနေမိသည်။ ​ဒေါမနစ်၏အဘင်က ဒေါမနစ်စိတ်ဆင်းရဲနေသည့် ပုံစံကိုမြင်ပြီး ဘာစကားမှ ထပ်ပြောလိုစိတ်မရှိနေတော့။ ကျန်သည့် အဘဲ၊ အဘောင်၊ အဘင်တို့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး " ဘာဆက်လုပ်ကြမလဲ" ဟုမျက်လုံးဖြင့် ဆက်သွယ်လိုက်သည်။

အဘိုး၊ အဘေး၊ အဘီတို့သည် ဒေါသများထွက်နေခဲ့ကြရာမှ သက်ပြင်းလုံးကြီးများ တဖြည်းဖြည်းချရင်း၊ ချရင်း စိတ်လျော့လာခဲ့ကြသည်။ ၅ မိနစ်ကြာအောင် အိမ်တော်တစ်ခုလုံ ငြိမ်သက်သွားသောအခါ ဒေါမနစ်သည် အသက်ပြင်းပြင်းရှူပြီး နှာခေါင်းထဲမှ လေအလုံးလိုက် မှုတ်ထုတ်လိုက်သည်။

​ဤသို့လုပ်ရခြင်းမှာ သူ၏တင်းနေသမျှ ဒေါသအကြောများကို ဖြေလျော့လိုက်ခြင်းဖြစ်ပြီး အမျိုးများကို စကားစပြောရန် အားယူလိုက်ခြင်းပင်။

" ကျွန်တော့်အကြံကတော့ ဂျရယ်မိုင်ရာက်ို အင်္ဂလန်တစ်နိုင်ငံလုံး ပိုက်စိပ်တိုက် ရှာကြမယ် ... သူ့ Teleport ကို ခြေရာခံရင်း... လူစုခွဲရှာကြတာပေါ့။ တွေ့ခဲ့ရင်လည်း အကြမ်းပတမ်းနည်းတွေနဲ့ ပြန်မခေါ်ဘူး။ အဲဒီအကောင်ကို နားဝင်အောင် စိတ်ရှည်ရှည်ထားပြီး သေချာဖြောင်းဖြရမှာပဲ...အဲဒီလိုမှ မဟုတ်ရင် ဒီကောင့် အိမ်ပြန်ခေါ်ဖို့ မလွယ်ဘူး "

ထိုကဲ့သို့ ဒေါမနစ်ပြောလိုက်သော် သူ့ဘိုးအေတစ်သိုက်က သူ့အကြံက်ိုဝန်းရံကာ ခေါင်းငြိမ့်ကြသည်။ ထိုအခါ ဒေါမနစ်က သူ့စကားကို ပြန်ဆက်သည်။

" ဒီဘက် ၂၁ ရာစုမှာ လူတွေတောင် သူတို့အချင်းချင်း သတ်ပုတ်ကြ၊ ချကြနဲ့ စစ်တွေဖြစ်နေကြတဲ့အချိန်မှာ ကျွန်တော်တို့လိုကောင်တွေသာ စစ်ပွဲဖြစ်ရင် တစ်ကမ္ဘာလုံးပြာကျနိုင်တယ်။ အဲဒါကြောင့် ဘာစစ်ပွဲမှ မဖြစ်ချင်တာကို ဟိုကောင်တွေက တမင်သက်သက် စစ်ပွဲဖြစ်လာအောင်ကို ဖန်တီးချင်နေကြတာ... ကျွန်တော်တို့က သူတို့အကွက်ထဲ ဝင်သွားလို့ မဖြစ်ဘူး။ ကိုယ့်လူကိုပဲ ထိန်းမှရမယ် "

" အေး ဒီညပဲ အင်္ဂလန်တစ်ခွင်ပြဲပြဲစင်အောင် ရှာကြတာပေါ့။ ဒါနဲ့ငါအကြံရတယ်...မင်းရဲ့သားကို မင်းရဲ့ Atm card, debit card, credit card တွေပေးထားတယ်မလား။ မေဘေးလေးက ဖုန်းတွေ ဖုန်းနံပါတ်အသစ်တွေပြောင်းကိုင်ထားလားမသိ။ ငါတို့ သူ့ teleport ကိုခြေရာခံတာမရနေလို့ သာမာန်နည်းနဲ့ သူ့ IOS ကို ခြေရာခံတာလည်း ရမနေပြန်ဘူး...ဆိုတော့ မင်း မနက်ဖြန် ဘဏ်ကို တစ်ချက်သွားပြီး သူ့ acc တွေကု ခြေရာခံနိုင်အောင် သွားစုံစမ်းထားအုံး"

" ဟုတ်တယ် ဟုတ်တယ်။ ကျွန်တော်မေ့နေတာ...မနက်ဖြန်ဘဏ်ကို စောစောသွားရမယ် "

ဒေါမနစ်က သူ့အဘေးဆီက အကြံဉာဏ်ကြောင့် သားငါးမြွေထိုး ဂျရယ်မိုင်ရာလေးကို မြန်မြန်ရှာတွေ့နိုင်ရန် မျှော်လင့်ချက်များရှိနေခဲ့သည်။ ထို့နောက် ဖရီးမန်းတို့တစ်အုပ်စုလုံးလည်း ယခုညကနေစပြီး နောက်နေ့၊ နောက်ညများအထိ ဂျရယ်မိုင်ရာကို အမြို့မြို့အနယ်နယ်တွင် လိုက်လံရှာဖွေရန် စတင်ပြင်ဆင်ကြတော့သည်။

တကယ်တမ်းတွင် တီမိုတီဖရီးမန်းအုပ်စုက တခြားမိစ္ဆာနှိမ်နင်းသောအမျိုးအနွယ်များကဲ့သို့ တွေ့ကရာမိစ္ဆာများကို လိုက်လံဖမ်းဆီးနေကြသောမျိုးနွယ်မဟုတ်နေပေ။

အမှန်တော့ အန်တိုနီလီပေ့အုပ်စုက မိစ္ဆာနှိမ်နင်းသူများ၏ကွက်မျက်ခြင်းကို မခံရ​ခြင်းမှာ သူတို့အမျိုးအနွယ်ဟာ နတ်ဘုရားများ ပြဋ္ဌာန်းပေးထားသော ဥပဒေသများနှင့် ကင်းလွတ်နေခြင်းကြောင့်ဖြစ်​၏။ သို့သော် ဂျက်ဖရီသည် ရံဖန်ရံခါ ခိုးကြောင်ခိုးဝှက် အမဲလိုက်လေ့ရှိခဲ့သည်။

နတ်ဘုရားများက အသွင်ပြောင်းမိစ္ဆာများကို လူသားများနှင့်အတူတကွနေထိုင်လိုပါက လူသားများကို မထင်ရင်မထင်သလို လိုက်မသတ်ရန်နှင့် လူသားများနေထိုင်ရာပတ်ဝန်းကျင်တွင် မသောင်းကျန်းကြရန် ဥပဒေများ ချမှတ်ပေးထားခဲ့ကြသည်။

ထိုဥပဒေများကို အသွင်ပြောင်းမိစ္ဆာများ သို့မဟုတ် လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းများက မလိုက်နာဘဲ ရာဇဝတ်မှုကျူးလွန်ခဲ့လျှင် မိစ္ဆာနှိမ်နင်းသူများက သတ်ပစ်နိုင်သည်။ ၎င်းဥပဒေများသည် ရိုးရိုးသရဲ၊ တစ္ဆေ၊ မှင်စာ၊ သဘက်၊ ပြိတ္တာများအတွက်လည်း အကျုံးဝင်သည်။ သို့သော် မိစ္ဆာနှိမ်နင်းနင်းသူများက ထိုသတ္တဝါများကို ရာဇဝတ်မှုထင်ထင်ရှားရှားမရှိနေဘဲ တမင်သက်သက်သော်လည်းကောင်း၊ မှားယွင်း၍သော်လည်းကောင်း ဖမ်းဆီးသတ်ဖြတ်မိပါက သူတို့သည်လည်း သက်ဆိုင်ရာဥပဒေအလိုက် ပြစ်ဒဏ်စီရင်ခံကြရမည်။

ပြစ်မှုသေးလျှင် နှစ်အလိုက် စွမ်းအားပိတ်သိမ်းခံရပြီး ပြစ်မှုကြီးပါက ငရဲတွင်အပြစ်ခံယူရသည်။ ဖရီးမန်းတို့ကမူ မိစ္ဆာနှိမ်နင်းရေးနှင့်ဖမ်းဆီးခြင်းကို နတ်ဘုရားများ၏ဥပေဒအတိုင်း လုပ်နေကြရသော မိစ္ဆာနှိမ်နင်းသူများသာဖြစ်​၏။

လူများကို လိုက်သတ်ကာ ဒုက္ခပေးနေကြသော မိစ္ဆာကောင်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်အောင် လိုက်ဂြိုဟ်မွှေနေသောအကောင်များ၊ အင်အားကြီးသည်ဆိုတိုင်း လူသာမက မိစ္ဆာများနှင့် မိစ္ဆာနှိမ်နင်းသူများကိုပါ လိုက်လံဒုက္ခပေးနေသောမိစ္ဆာကောင်များဟာ ထိုကဲ့သို့ ရာဇဝတ်မှုများကို ကျူးလွန်နေလျှင်လည်း သူတို့အနေနှင့် ဥပဒေအရ အရေးပေါ်ဖမ်းဆီးနှိမ်နင်းပိုင်ခွင့်အပြည့်ရှိသည်။

သို့သော် မိစ္ဆာများနှင့်မိစ္ဆာနှိမ်နင်းသူများကြား စစ်ပွဲဖြစ်ပါက နတ်ဘုရားများက ပွဲထိုင်ကြည့်ကြသည်။ တစ်ခါတစ်ရံ ဒိုင်လူကြီးများအဖြစ်လည်း ဝင်လုပ်တတ်ကြသည့်အပြင် သူတို့အမြင်ကတ်နေသောမိစ္ဆာများ သို့မဟုတ် မိစ္ဆာနှိမ်နင်းသူများကိုပါ ဆွမ်းကြီးဝင်လောင်းတတ်ကြ၏။

ဥပဒေက နတ်ဘုရားများ၏လက်ထဲတွင် အပိုင်ရှိသည်။ ဂျရယ်မိုင်ရာဘက်မှ ဘုရင်ကြီးဂျက်ဖရီကို တိုက်ခိုက်ခဲ့စဥ်ကလည်း ဂျက်ဖရီဟာ လူသားများကို ခိုးကြောင်ခိုးဝှက် ရက်ရက်စက်စက် အမဲလိုက်စားသောက်ခဲ့သဖြင့် လိုက်လံတိုက်ခိုက်ကာ ဖမ်းဆီးခဲ့သည်။ ဘုရင်ကြီးဂျက်ဖရီ ဒဏ်ရာရသွားသောအခါ သူ၏သားတော် မာစီရာက ဂျရယ်မိုင်ရာကို ကလဲ့စားချေတိုက်ခိုက်ခဲ့ရင်း သူ့လက်ချက်ဖြင့် ဆုံးပါးသွားခဲ့ရသည်။ ထိုအကြောင်းကို နတ်ဘုရားများထံ အစီအရင်ခံခဲ့ကြသော်လည်း သူတို့က အမေရိကန်နိုင်ငံက FBI နှင့် CIA ထက်တောင် ပိုအလုပ်ရူပ်နေခဲ့ကြသဖြင့် ဂျက်ဖရီတို့ကိစ္စကို မေ့နေခဲ့ကြသည်။

ဤကဲ့သို့ အကြောင်းအရာများကြောင့်လည်း ဂါဗင်က ဂျရယ်မိုင်ရာကို သတ်ချင်ခဲ့​၏။ သို့သော် လွယ်လွယ်ကူကူလည်း မသတ်ချင်ခဲ့ပြန်ပေ။

ဂျရယ်မိုင်ရာကို ကလိရင်း စိတ်ကြိုက်ကစားပြီးမှသာ စစ်ပွဲဖန်တီးပြီး အသေသတ်ချင်လေ
သည်။

​---

နောက်တစ်နေ့မနက်၌ ဒေါမနစ်သည် ဘဏ်သို့သွားကာ ဂျရယ်မိုင်ရာကို ခြေရာခံရန်အတွက် သွားစုံစမ်းခဲ့သည်။ သို့သော်လည်း ဂျရယ်မိုင်ရာက ရှိသမျှ Atm card သာမက Debit card များထဲမှ ပိုက်ဆံအားလုံးကို ထုတ်ထားခဲ့ပြီး Credit card များကိုမူ သူအိမ်ပေါ်ကဆင်းသွားသည့်နေ့မှစ၍ သုံးမထားခဲ့သောကြောင့် ဒေါမနစ်လည်း တင်းသွားခဲ့သည်။ ဂျရယ်မိုင်ရာသည် ရှိသမျှပိုက်ဆံအားလုံးက်ို ထုတ်သွားခဲ့ပြီး bank card အသစ်များ လုပ်ထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူသည် သားဖြစ်သူဂျရယ်မိုင်ရာကို ၁ ပတ်ကြာအောင် ရှာနေခဲ့သည်။ တခြား သူ့အဘိုးကြီးများကလည်း ဂျရယ်မိုင်ရာကို မြေလှန်ရှာခဲ့ကြသည်။

သို့သော်ငြား သူတို့ဘယ်လောက်ရှာရှာ အပုန်းတော်သောဂျရယ်မ်ိုင်ရာအား ၁ ပတ်ကျော်သည်အထိ ရှာမတွေ့ခဲ့ကြပေ။ တကယ်တော့ ဂျရယ်မိုင်ရာတစ်ယောက် မည်သည့်နေရာကိုမှ မသွားဘဲ သူ့တိုက်ခန်းမှာသာ တစ်ပတ်လုံးဂူအောင်းနေထိုင်ခဲ့သည်ကို ဖရီးမန်းဘိုးတော်ကြီးများက မသိခဲ့ကြပေ။

ဖရီးမန်းဘိုးတော်ကြီးများသည် ဂျရယ်မိုင်ရာကို ကူရှာပေးရန်အလို့ငှာ နောက်ထပ်လူအင်အားဖြည့်တင်းဖို့အရေး ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ သူတို့ဘယ်လောက်ပဲရှာရှာ မတွေ့သဖြင့်လည်း တော်တော်လေးပေါက်ကွဲနေခဲ့ကြသည်။ ဂျရယ်မိုင်ရာကမူ အပြင်မထွက်ဘဲ သူ့ရေခဲသေတ္တာထဲရှိ ရိက္ခာများကိုသာထိုင်စားနေခဲ့ရင်း ခရစ်စတိုဖာနှင့်ပတ်သက်ပြီး တစ်ယောက်တည်း ကြိတ်ခံစားနေခဲ့ခြင်းဖြစ်သည်။

သူ ခံစားနေရသည့်အကြောင်းမှာတော့ ခရစ်စတိုဖာ၏ Instagram Acc တွင် နေ့တိုင်းနီးပါး ဂါဗင်နှင့်အတူတူတွဲရိုက်ထားသောပုံများကို သူ့ Fake acc မှတဆင့် တွေ့နေခဲ့ရခြင်းကြောင့်ဖြစ်သည်။ ခရစ်စတိုဖာက သူ့ Instagram acc ကို ဂျရယ်မိုင်ရာဆီ တစ်ခါမျှမပေးခဲ့သော်လည်း တစ်ခါတုန်းက ခရစ်စတိုဖာ Instagram သုံးနေတုန်း အမှတ်တမဲ့ခိုးကြည့်ထားခြင်းဖြစ်သည်။

တစ်ဆွေလုံး တစ်မျိုးလုံးရှိနေသော သူ၏ IG acc အစစ်နှင့်တော့ သွား မ follow ခဲ့သော်လည်း Fake acc ဖြင့် ခရစ်စတိုဖာ​၏IGကို သွားပြီး stalk ခဲ့သည်။

ဂျရယ်မိုင်ရာက သူ့ acc ဟု ခရစ်စတိုဖာကို အသိပေးလိုက်လျှင် ခရစ်စတိုဖာဘက်မှ block နိုင်သောကြောင့် ဒိုင်လျှိုကလေးသာနေခဲ့ရသည်။ သို့သော် Follower 10K ကျော်နေသော Cele ကြီး ခရစ်တိုဖာကတော့ သူ့ကိုသတိထားမိမှာမဟုတ်ပါ။

ဤသို့ဖြင့် ဂျရယ်မိုင်ရာမှာ ခရစ်စတိုဖာ၏ post တစ်ခုအောက်တွင် မနေနိုင်မထိုင်နိုင် ဝင်မန့်ခဲ့ပြန်သည်။

" Are you fucking happy now? "

ကံမကောင်းချင်တော့ သူ့ comment ကို ခရစ်စတိုဖာက အဖက်မလုပ်သောကြောင့် ထိုအချိန်မှစပြီး ဂျရယ်မိုင်ရာခမျာ နေ့စဥ်တိုင်း၊ ညစဥ်တိုင်းအကြီးအကျယ်ခံစားနေတော့သည်။ တစ်ဖက်မှာတော့ ဂါဗင်က ခရစ်တိုဖာအပါအဝင် တခြားသောသူ့တပည့်များနှင့်ပါ ဈေးဝယ်ထွက်လိုက်၊ night club သွားလိုက်၊ bar သွားလိုက်ဖြင့် တစ်ပတ်လုံး ပျော်မြူးနေခဲ့သည်။

တစ်ပတ်ပြည့်သွားသောအခါ သူ့ရေခဲသေတ္တာနှင့် မီးဖိုချောင်ထဲမှာရှိသမျှ ရိက္ခာအားလုံး ပြတ်တောက်လုနီးပါး ဖြစ်သွားတော့သည်။ ထို့ကြောင့် သူ မဖြစ်မနေ အပြင်ထွက်မှ ဖြစ်တော့မည်။ အပြင်မထွက်ခင် သူ့ IG ကို ဖွင့်စစ်ကြည့်လိုက်သည့်အခါ Follower 14 M ကျော်နေသောဂါဗင်က ခရစ်စတိုဖာကို mention ထားသော post အား မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် ငရဲမီးများတောက်လောင်လာခဲ့​၏။

Post မှာ စားပွဲခုံပေါ်တွင် တစ်ယောက်လက်က တစ်ယောက်လက်ကို ကိုင်ထားတော့မည့်အတိုင်း ထိကပ်နေသောပုံဖြစ်ပြီး နှစ်ယောက်သား ဟော်တယ်မှာ "breakfast date " လုပ်နေသည့်ပုံစံဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။

ရေးထားသော caption ကမူ -

" Date with .....❤️ "

Like များကိုကြည့်လျှင် " 651, 070 likes " ဆိုသောစာတန်းကို တွေ့မြင်ရပေသည်။ Comment များကို ကြည့်သော် " 12,933 comments " ဟူ၍ တွေ့ရသည်။ Comment များ၏ ၁၀၀ % က သူတို့နှစ်ယောက်လုံးကို "Congratulations" များလုပ်ထားကြပြီး အရမ်းလိုက်ဖက်သည့်အတွဲများဖြစ်ကြောင်း ရေးထားကြသည်။

Post တင်ထားသည့်အချိန်က 1 hour ago...

ယခုပင် မနက် ၉ ခွဲ ရှိနေပြီ။ သူ နာရီကြည့်နေတုန်းမှာပဲ ဂါဗင်က နောက်ထပ် post တစ်ခုတင်လိုက်ပြန်သည်။ Location ကြည့်လိုက်တော့ကြယ်ငါးပွင့်ဟော်တယ် တစ်ခုဖြစ်သည်။ Post အသစ်တွင် ဂါဗင်က ခရစ်တိုဖာကို ပခုံးဖက်ထားရင်း ပါးချင်းထိကာ selfie ဆွဲထားသောပုံတစ်ခု။ ခရစ်စတိုဖာကတော့ အနည်းသာ ပြုံးနေသည်။ နောက်ပြီး သူတို့နှစ်ယောက်၏အနောက်ဘက် background မှာ တံခါးဖွင့်ထားသော ဟော်တယ်ခန်းတစ်ခုဖြစ်ကာ တံခါးနံပါတ်တွင် 556 လို့ ရေးထား​၏။ ထို post ကိုတွေ့တွေ့ချင်း ဂျရယ်မိုင်ရာလည်း ဆက်သည်းမခံနိုင်တော့ဘဲ location ထဲမှ ဟော်တယ်ကိုသာ တန်းတန်းမတ်မတ်သွားလေတော့သည်။

---

ခရစ်စတိုဖာခမျာ ဂါဗင်၏ရည်ရွယ်ချက်ရှိရှိ ကလေးလိုလို ခွေးလိုလိုကစားကွက်များကို အလိုမတူဘဲ လိုက်ကစားနေရသောကြောင့် စိတ်မပါနေပေ။ ဂျရယ်မိုင်ရာကိုလည်း သူ့ဆီလိုက်မလာပါစေနှင့်ဟု ဆုတောင်းနေခဲ့သည်။ သို့သော်လည်း သူ့ဆုတောင်းလေးဟာ မပြည့်ခဲ့။ ဂျရယ်မိုင်ရာက ကုန်းလမ်းကနေတောင်မလာဘဲ လေဟုန်စီးပြီး ဟော်တယ်ကို လာနေသောကြောင့်ပင်။ စင်စစ်အားဖြင့် သူ၏နေရာပြောင်းရွေ့ရေးမှော်စက်ဝိုင်းဖြစ်သည့် teleportကို အသုံးပြုရန် လုံး၀မေ့လျော့ခဲ့သည်။

ဂါဗင်က ဂျရယ်မိုင်ရာ၏အားနည်းချက်မှာ ခရစ်စတိုဖာမှန်းသိ၍ ဂျရယ်မိုင်ရာပေါ်လာမည့်နေ့ကို စိတ်ရှည်စွာ စောင့်နေခဲ့ခြင်းဖြစ်သည်။ယနေ့မှာတော့ သူရင်ခုန်စွာ စောင့်ဆိုင်းနေခဲ့သော နေ့ရက်ကလေးဟာ ရောက်လာခဲ့လေပြီ။ ဂျရယ်မိုင်ရာက သူ့အစွမ်းဖြင့် ဟော်တယ်ကို အမြန်ဆုံးရောက်လာခဲ့ပြီး ဟော်တယ်အတွင်းသို့ ဝင်လာခဲ့သည်။

Reception counter သို့ ရောက်သောအခါ ဝန်ထမ်းမိန်းကလေးတစ်ဦးကို ချိုသာစွာပြုံးပြပြီး အခန်းတစ်ခန်းတောင်းလိုက်သည်။

" အခန်းတစ်ခန်းလောက်လိုချင်လို့ပါ "

" ဟုတ်ကဲ့ ဆရာ...တည်းလိုတဲ့ အခန်းအမျိုးအစားကို ပြောပြပေးပါရှင် "

" အခန်းနံပါတ် 555 ဒါမှမဟုတ် 557 ... အဲဒီအခန်းထဲက လွတ်တဲ့အခန်းပေးပါ "

တကယ်တော့ ဝန်ထမ်းအမျိုးသမီးမေးမြန်းသည်က Standard Room, Deluxe Room, Superior Room စသော အခန်းအမျိုးအစားများကို မေးခဲ့ခြင်းဖြစ်သော်လည်း အလောသုံးဆယ်ဖြစ်နေသော ဂျရယ်မိုင်ရာမှာ အခန်းနံပါတ်များကိုသာ ဖြေခဲ့သည်။ ဝန်ထမ်းအမျိုးသမီးက Customer စိတ်တိုင်းကျ လုပ်ဆောင်ပေးရမည်ဖြစ်သည့်အတွက် သူတည်းချင်သောအခန်းအား ရမရစစ်ဆေးကြည့်ပြီးသည့်နောက်တွင်...

" စိတ်မကောင်းပါဘူးရှင်...တစ်ခန်းမှ မလွတ်နေပါဘူး "

" အမ် "

" ဒါပေမဲ့ မျက်နှာချင်းဆိုင်အခန်းတွေကတော့ လွတ်ပါတယ်ရှင့် "

" ဟုတ်လား...ဒါဆိုရင် 556 ရှေ့က အခန်းရော "

" ဟုတ်ကဲ့ လွတ်နေပါတယ်ရှင့် "

" အဲ့အခန်းယူမယ် "

" ဟုတ်ကဲ့ပါရှင့် "

" ဒီမှာ card "

ဝန်ထမ်းအမျိုးသမီးသည် သူ့ card ဖြင့် ကျသင့်သောငွေပမာဏကိုဖြတ်ပြီးနောက် စာရင်းဇယား ဘောက်ချာပြုလုပ်ပြီး သူ့ကိုပြန်ပေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဟော်တယ်ဝန်ထမ်းတစ်ယောက်က သူတည်းခိုမည့်အခန်းအား လိုက်လံပြသပေးခဲ့သည်။ ဂျရယ်မိုင်ရာတစ်ယောက် အခန်းနံပါတ် 556 ရှေ့ရောက်သည့်အခိုက်တွင် ဒေါသမျက်လုံးများနှင့်ကြည့်လျက် အခန်းထဲသို့ ဝင်သွားခဲ့သည်။

ဟော်တယ်ကိုတော့ သူရောက်လာခဲ့ပါပြီ။ ထို့နောက် ဘာဆက်လုပ်ရမလဲဆိုတာကိုတော့ သူကိုယ်တိုင်​တောင် သေသေချာချာမသိနေခဲ့။ ယခုလုပ်စရာရှိသည်မှာ သူတို့ထွက်လာမည့်အချိန်ကို ချောင်းနားထောင်ပြီး စောင့်နေရုံသာရှိသည်။ သို့သော်လည်း သူတို့က လက်ရှိ အခန်းထဲမှာရော ရှိနေသလား၊ သို့မဟုတ် အခန်းအပြင်မှာလားဆိုတာကလည်း မသေချာသည့်အတွက် ဂျရယ်မိုင်ရာလည်း သူ၏အခန်းတံခါးနားတွင်သာ ခုံတစ်ခုံကိုဆွဲယူပြီး ဖုန်းသုံးကာ ထိုင်စောင့်နေခဲ့သည်။ ထို့နောက် ခရစ်စတိုဖာနှင့်ဂါဗင်တို့၏ Instagram acc များကို စပ်စုနေခဲ့၏။

သူတို့နှစ်ယောက် မည်သည့် Post အသစ်မှ ထပ်မတင်ထားကြပေ။ ထိုင်စောင့်နေစဉ်အတွင်း ဂျရယ်မ်ိုင်ရာသည် ခရစ်စတိုဖာ၏အကြောင်းများကို ခေါင်းပူသည်အထိ စဉ်းစားနေခဲ့သည်။

'သူတကယ်ကြီး ဂါဗင့်ကို သဘောကျပြီး ကောက်တွဲလိုက်တာလား။'

'ဒါမှမဟုတ် သူ့ကိုရွဲ့ပြီး ဂါဗင်ကို တွဲနေတာလား။'

'ဒါမှမဟုတ်ရင် ဂါဗင်ဘက်ကပဲ အတင်းအကြပ် သူ့ကိုတွဲခိုင်းပြီး တမင်သက်သက် သူ့ကိုရန်စချင်လို့ လုပ်နေကြတာလား။'

မည်သို့ပင်ဆိုစေကာမူ တိကျသောအဖြေတစ်ခုကို သိလိုစိတ်ပြင်းပြနေသည်။ ခုံမှာထိုင်ပြီး ဖုန်းသုံးရတာ ကြာလာသည့်အခါ ငြီးငွေ့လာ​၏။  အိပ်လည်းအိပ်ချင်လာသဖြင့် တဝါးဝါး သမ်းဝေနေခဲ့သည်။

သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီးနောက် တံခါးရှေ့မှ စကားသံများကို ကြားခဲ့ရသည်။ ထိုအသံများမှာ ဂါဗင်နှင့်ခရစ်စတ်ိုဖာတို့၏ရယ်သံများဖြစ်နေမှန်း သိလိုက်ချင်းမှာပဲ ဂျရယ်မိုင်ရာ မတ်တပ်ထရပ်လိုက်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်သား ဖြစ်သွားသည်။ သူ့သွားများက မကျေနပ်ချက်များဖြင့် အံကြိတ်နေခဲ့ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကာ တံခါးကိုဆွဲဖွင့်လိုက်သည်။ ဂါဗင်နှင့်ခရစ်စတိုဖာတို့ကလည်း ရယ်နေရင်းတန်းလန်း တံခါးဖွင့်သံကြားသဖြင့် အနောက်ကိုလှည့်ကြည့်လိုက်ကြ၏။

ခရစ်စတိုဖာမှာ မထင်မှတ်ထားလောက်အောင် အံ့အားသင့်ကာ မျက်လုံးပြူးသွားရသည်။ ဂါဗင်ကတော့ သူမျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့၍ ကျေနပ်နေသောလှောင်ပြုံးတစ်ခု မျက်နှာတွင် ပေါ်လာသည်။

ဂျရယ်မိုင်ရာ၏ပုံစံမှာ ဒေါသထွက်နေသော စပိန်တိုက်ခိုက်ရေး ကျွဲကြီး Toro Bravo တစ်ကောင်ကဲ့သို့ နှာခေါင်းကနေ လေလုံးများထွက်နေပြီး သူတို့နှစ်ဦးကို ချိုကြီးဖြင့် ထိုးဝှေ့တော့မည့်အလား။

" ခရစ် "

ဂျရယ်မိုင်ရာက ဒေါသထွက်နေလွန်းသဖြင့် ခရစ်ဟုသာ ပြောနိုင်သည်။ ကျန်သည့်စကားလုံးများ သူ့လည်ချောင်းထဲကနေ ထွက်ဖို့အ​ရေး အရှိန်ယူနေခဲ့ရသည်။

" မင်းသူ့ကို ဘာပြဿနာမှ မရှာနဲ့ ဂျရယ်မိုင်ရာ...ဘာလို့ ငါတို့နောက်ကနေ လိုက်လာတာလဲ။ ငါတို့ဘက်က မင်းတို့ Freeman တွေကို Warning ပို့ပြီးပြီလေ ဒါတောင် မင်းကအုပ်ထိန်းသူတွေကိုလွန်ဆန်ပြီး လာခဲ့တာလား "

ဂါဗင်​၏ရန်ပွဲစသည့် ပန်းနုသွေးစကားကိုကြားလိုက်ရသောအခါ ဂျရယ်မိုင်ရာလည်း ပိုမိုဒေါသထွက်လာတော့သည်။

" ဘာ Warning လဲ ... ငါကဖြင့် အိမ်ပေါ်က ဆင်းလာတာ ကြာနေပြီ။ ဘယ်သူ့ကိုမှ အဆက်အသွယ် မလုပ်ထားဘူး "

ဂါဗင်က လှောင်ပြုံးပြုံးရင်း မျက်ခုံးတစ်ဖက်တွန့်လိုက်သည်။

" ဪ "

ဪ ... ဆိုသော စကားလုံးနောက်တွင် သူအကြံရခဲ့သည်မှာ ဂျရယ်မိုင်ရာ​၏ဖခင်ဒေါမနစ်ကို ဆက်သွယ်ပြီး လာခေါ်ခိုင်းရန်ဖြစ်သည်။

" ဂျရယ်မိုင်ရာ မင်း ငါ့ကို ဘယ်တော့မှ လာမတွေ့နဲ့တော့။ ငါလည်း မင်းကိုဘာသောက်ကြောင်းမှ မပတ်သက်ချင်ဘူး။ မင်း သွားလိုက်တော့ "

ခရစ်စတိုဖာဆီမှ အော်ငေါက်ခံရရုံမက နှင်ထုတ်ခံလိုက်ရသည့်အတွက် ဂျရယ်မိုင်ရာ၏နှလုံးသားတစ်ခုလုံးမှာ ပူပြင်းသွားရသည်။

" ခရစ်..."

ဂျရယ်မိုင်ရာအတွက် ယခုအခြေအနေမှာ အံကြိတ်နေရုံနှင့် လက်သီးဆုပ်ထားရုံသာ တတ်နိုင်တော့သည်။ မည်သည့်စကားကိုမှ ဆက်မပြောနိုင်တော့။ သူ့ကို သတ်ပစ်ချင်လောက်အောင်မုန်းသော အကြည့်များနှင့် စိုက်ကြည့်နေသည့် သူအချစ်ရဆုံးသူ၏မျက်လုံးများကို ထိပ်တိုက်ရင်ဆိုင်နေရခြင်းမှာ ငရဲကျနေသည့်အတိုင်းပင်။

" မင်း ဘယ်လောက်တောင် Brainwash ခံခဲ့ရတာလဲ ခရစ်...မင်းက ငါသိခဲ့တဲ့ ခရစ်လုံးဝမဟုတ်တော့ဘူးပဲ "

ဂျရယ်မိုင်ရာသည် တုန်ယင်နေသောအသံဖြင့် တုံ့ပြန်ပြောဆိုလာသည်။

" မင်းကသာ ငါ့ကိုပါးစပ်လုပ်ပုံပြင်တွေနဲ့ လာပြီး brainwash မနေနဲ့ "

ထိုစကားကို ကြားကြားချင်း ဂျရယ်မိုင်ရာ​၏နှလုံးသားက စက္ကန့်ပိုင်းအတွင်း ကြေမွသွားခဲ့သည်။ ခရစ်စတိုဖာလည်း ပြောပြီးလျှင် ဂျရယ်မိုင်ရာကို တစ်ချက်မှ ပြန်မကြည့်တော့ဘဲ ဟော်တယ်အခန်းထဲသို့ ဝင်သွားကာ တံခါးဆောင့်ပိတ်လိုက်သည်။

ဂါဗင်၏တပည့်များက ယခုဖြစ်ပျက်သွားသောအရာများကို မှတ်တမ်းဓာတ်ပုံအပြင် ဗွီဒီယိုပါရိုက်ထားခဲ့ကြသည်။ ထိုအရာကလည်း သူကြိုတင်စီစဉ်ထားခဲ့သည့် အစီစဉ်တွေထဲက တစ်ခုဖြစ်သည်။ နောက်ဆုံးမှာတော့ ဂျရယ်မိုင်ရာသည် သူ့စိတ်ကိုပြန်လည်ထိန်းချုပ်ပြီး တုံ့ဆိုင်းမနေတော့ဘဲ ဟော်တယ်ကနေ အမြန်ထွက်လာခဲ့တော့၏။

---

တစ်ခါတစ်လေမှာ သင်ကသာ တစ်စုံတစ်ယောက်ကို မုန်းရခက်ရင်း မေ့ဖျောက်ပစ်ဖို့ မလွယ်နေသော်လည်း ထိုတစ်စုံတစ်ယောက်ကတော့ သင့်ကိုမုန်းရုံတင်မက မေ့ပစ်လိုက်ဖို့အတွက်ပါ အဆင်သင့်ဖြစ်နေသည့် အခိုက်အတန့်တစ်ခု ရှိနေတတ်သည်။ ထိုခံစားချက်ကို ခံစားဖူးသောသူမှသာ နားလည်ပါလိမ့်မည်။

'ဘယ်လောက်ထိ ရူးရမတတ် နာကျင်ရသလဲဆိုတာကိုပေါ့'

ဂျရယ်မိုင်ရာ၏ နှလုံးသားတစ်ခုလုံးဟာလည်း ခရစ်စတိုဖာကြောင့် အသစ်ပြန်မဖြစ်နိုင်တော့သော ဖန်ကွဲစများကဲ့သို့ ကြေကွဲပျက်ဆီးသွားခဲ့၏။

◎ ══════ ❈ ══════ ◎






Continue Reading

You'll Also Like

553K 17.1K 28
© 2020, bo-kuroos [COMPLETE] You have to admit, the owl-haired, golden-eyed, obnoxious yet needy captain of Fukurodani Academy's volleyball team is h...
5.6K 398 17
ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ထန်းရည်တစ်မြူပေးပါကွယ်~~
89.8K 1.2K 12
you come to a new school and run into payton the biggest fuck boy of them all. can you resist his smirks and touches? *contains mature content like c...
2M 98.8K 37
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...