╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 12
𝕿𝖍𝖊 𝕷𝖔𝖘𝖙 𝕸𝖊𝖒𝖔𝖗𝖎𝖊𝖘
╚═════ ࿇ ═════╝
ဂျရယ်မိုင်ရာက သူ့တိုက်ခန်းအတွင်းသို့ teleport အစွမ်းဖြင့် ပြန်ရောက်လာခဲ့သည်။ သူ့ရင်ဝတွင်ရှိနေခဲ့သော ဒဏ်ရာအပေါက်ကလည်း နဂိုမူလအတိုင်းအသားစများဖြင့် ပြန်လည်ပြည့်နှက်လာသည်။
တိုက်ခန်းအပြင်ဘက်က ငွေလမင်းကြီးကို ငေးကြည့်နေကာ သူ့လက်သီးများကို ကျစ်ကျစ်ဆုပ်ထားမိ၏။ သူ့မျက်လုံးများထဲတွင်မူ များစွာသောနာကျင်မှုများက ပြည့်လျှံနေသည်။ မျက်ရည်စီးကြောင်းများက သူ့ပါးစပ်နားကို ဖြတ်သန်းစီးဆင်းလာပြီးနောက် ကြမ်းပြင်ပေါ်သို့ အလျင်တစ်ခုနှင့်အတူ ကျဆင်းသွားသည်။
ထိုစဉ် ဝေဟင်ထက်၌ ဂါဗင်က လှံကိုကိုင်ဆောင်ထားနေရင်း အသိစိတ်ကင်းမဲ့သလိုဖြစ်နေသော ခရစ်စတိုဖာ၏အနီးအနားကို သွားခဲ့သည်။ ခရစ်စတိုဖာ၏စိတ်ထဲတွင် သံသယဒွိဟများအကြားမှာ အတွေးများနှင့်အတူ စိတိဗျာများကာ ရူပ်ထွေးနေဆဲဖြစ်နေသည်။
သူ့အိမ်မက်ထဲက ကိုတပြောခဲ့သည့်အတိုင်း ပျောက်ဆုံးနေသော ပုံပြင်၏သဲလွန်စကို သူ ရှာတွေ့သွားခဲ့ပြီလား။
သူခဏခဏမက်နေခဲ့သည့်အိမ်မက်များဟာ သူ့ငယ်ဘဝမှာ ဖြစ်ပျက်ခဲ့သမျှကို စွဲလမ်းပြီး မက်နေခဲ့တာပဲလား။
ငယ်ဘဝက ဖြစ်ပျက်ခဲ့သောတကယ့်ဖြစ်ရပ်များဟာ ထိုကဲ့သို့အိမ်မက်အဖြစ်နှင့်တည်ရှိနေနိုင်သလား။
ဂျရယ်မိုင်ရာပြောခဲ့သည့်အရာများက သူနှင့်ပတ်သက်သော တကယ့်ခံစားချက်အစစ်အမှန်တွေလား။
သူ မမှတ်မိနိုင်သောအဖြစ်အပျက်များကို ဂျရယ်မိုင်ရာက ဘယ်လိုအကြောင်းကြောင့် မှတ်မိနေခဲ့ရတာလဲ။
သို့လော၊ သို့လော အတွေးများက သူ့ခေါင်းထဲတွင် ချာချာလည်နေလျက်။
" ငါ မင်းတို့နှစ်ယောက်ရဲ့ အနမ်းဇာတ်ဝင်ခန်းလေးကို သေချာမှတ်တမ်းတင်ပြီးပြီ "
ဂါဗင်ကနေ လှောင်ရယ်မှုတစ်ခုနှင့်အတူ စကားစလိုက်သောကြောင့် ခရစ်စတိုဖာလည်း အတွေးတိမ်တိုက်များထဲ၌ ဆက်လက်မနစ်မြှုပ်နိုင်တော့ပေ။ သူ နောက်လှည့်ကြည့်သောအခါ ဂါဗင်၏အေးစက်စက်မျက်လုံးများနှင့် ထိပ်တိုက်တွေ့ဆုံမိသည်။
" ငါ့အဖေနဲ့ မင်းအဖေနဲ့ကို ဒီဓာတ်ပုံလေးသာ ပို့လိုက်ရင် ... ဟက်ဟက်"
ရိသဲ့သဲ့ဖြင့် လှောင်ပြောင်နေသော ဂါဗင့်ပုံစံက ခရစ်စတိုဖာကို ခြိမ်းခြောက်မှုအပြည့်ဖြင့် လွှမ်းမိုးထားခဲ့၏။ ခရစ်စတိုဖာကမူ ဂါဗင်ကို မျက်စောင်းထိုးကြည့်နေခဲ့သည်။ ဤသည်ကို ရိပ်မိသည့် ဂါဗင်ကလည်း သွေးအေးတည်ငြိမ်သောအကြည့်တစ်ခုနှင့်သာမက အပြုံးတစ်ခုကိုပါ ပေးအပ်ခဲ့သည်။
" ကဲ ... မင်းဘယ်လို လုပ်မှာလဲ ခရစ်စတိုဖာ၊ ယောကျာ်းချင်းတွဲနေတဲ့အပြင်ကို တွဲနေတဲ့လူက ငါတို့ကမ္ဘာ့ရန်သူတော်ကြီးဖြစ်နေတာကိုသာ ငါ့အဖေရယ် မင်းအဖေရယ် သိသွားရင် ...
မင်းရဲ့ဇာတ်သိမ်းက ဘယ်လိုဖြစ်သွားမလဲ"
ခရစ်စတိုဖာလည်း ဒေါသငွေ့များအပြည့်ပါနေသောသက်ပြင်းလုံးကို ရိူက်ငင်ချလိုက်ရင်း လက်သီးကျစ်ကျစ်ဆုပ်ထား၏။ သူ့တွင် ယခုအခိုက်အတန့်၌ ပြန်လည်ချေပပြောဆိုရန် သင့်တော်သောစကားလုံးများ မရှိနေခဲ့ပေ။
ဤပုံစံအတိုင်းသာဆိုလျှင် သူ ဘာဆက်လုပ်ရမည်နည်း ...။
ဂျရယ်မိုင်ရာက သူ၏ပျောက်ဆုံးနေသောပုံပြင်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သသည့်အပြင် သူ့ကို အသက်နှင့်ရင်းပြီး ချစ်တဲ့လူလည်းဟုတ်ချေသည်။ သူ့မှတ်ဉာဏ်များကို သေချာပြန်မရသေးသော်လည်း သူ့ပင်ကိုယ်နှလုံးသားကမူ ဂျရယ်မိုင်ရာကို လက်ခံချင်နေခဲ့သည်။ဤအမှန်တရားကို သူ့ဘက်က မည်သည့်နည်းနှင့်မျှ ဖုံးဖိထားလို့မရနေပါ။ ခရစ်စတိုဖာက ဂါဗင်ကို စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲ မြေပြင်ပေါ်သို့ တစ်ရှိန်ထိုးဆင်းသက်သွား၏။
ဂါဗင်ခြေရာမခံမိအောင် သတိထားလျက် လူသူကင်းရှင်းသောနေရာတစ်ခုဆီသို့ အမြန်ဆုံးဆင်းသက်ခဲ့ပြီးသော် ကြုံရာတက္ကစီတစ်စီးကို ခငှားလေသည်။
တက္ကစီပေါ်တွင် ဂျရယ်မိုင်ရာ၏မျက်နှာကိုသာ မြင်ယောင်မိနေခဲ့လျက်။ သူ့နှလုံးသား၏အတွင်းဘက်တွင် ဂျရယ်မိုင်ရာဘက်က လေးနက်စွာပြောခဲ့သမျှစကားလုံးများကို ပြန်လည်ကြားယောင်နေခဲ့လျက်...။
'ခရစ်လေး ...
မင်း ကိုကြီးကို မမှတ်မိနိုင်တော့ဘူးလား ...
မင်းရဲ့အချစ်ဆုံးကိုကြီးဂျရယ်က မင်းရှေ့မှာလေ '
'မင်းထိုးလိုက်တဲ့ လှံကြောင့် မနာကျင်နေရဘူး ... မင်း ငါ့ကိုမမှတ်မိလို့ခံပြင်းတယ်၊
ငါ မင်းကို ဒီတိုင်း ဆုံးရူံးရတော့မှာလား ....
မင်းမုန်းတဲ့ ရန်သူတစ်ယောက်အနေနဲ့လေ'
ခေါင်းနောက်လာသဖြင့် သူ့ဆံပင်များကို လက်နှစ်ဖက်ဖြင့် ပွတ်ဖိကာ ထိုးဖွပစ်လိုက်၏။ သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲက ဟန်းဖုန်းကို ဆတ်ခနဲထုတ်လိုက်ပြီးလျှင် ဂျရယ်မိုင်ရာ၏ဖုန်းနံပါတ်ကို တန်းနှိပ်သည်။
ဖုန်းဝင်သွားပြီး ၂ မိနစ်အကြာမှာတော့ ...
" အွန်း "
" ခု ဘယ်မှာလဲ "
" အိမ်မှာပဲလေ"
" ဒါဆို လာခဲ့မယ် "
" အွန်း "
ဂျရယ်မိုင်ရာကလည်း သူ့အားလေသံပျော့ပျော့ဖြင့် မေးလာသောခရစ်စတိုဖာကို လေသံကောင်းကောင်းမွန်မွန်နှင့် ပြန်လည်ဖြေဆိုခဲ့သည်။ အိပ်ရာပေါ်မှာထိုင်နေသည့် ဂျရယ်မိုင်ရာက ဖုန်းချလိုက်ပြီးသောအခါ အရက်ပုလင်းတစ်ပုလင်းလုံးကို ကုန်စင်အောင် မော့သောက်နေခဲ့သည်။ ထို့အပြင် သူ့လက်တစ်ဖက်ကလည်း ဆေးလိပ်ဖွာနေခဲ့၏။ ဤသို့ဖြင့် ရင်နှင့်အမျှ ချစ်ရသော သူ၏ခရစ်စတိုဖာကို အခန်းထဲတွင် စောင့်မျှော်နေခဲ့သည်။
မိနစ် ၂၀ အကြာမှာ တိုက်ခန်း၏ဘဲလ်တီးသံ ပေါ်ထွက်လာခဲ့သည်။
သောက်လက်စ ဆေးလိပ်မီးကို စားပွဲစင်ပေါ်က ဆေးလိပ်ပြာခွက်ထဲတွင် မီးသတ်လိုက်သည်။ ဂျရယ်မိုင်ရာက သူ့အိပ်ခန်းထဲကနေထွက်လာပြီး အထဲက CCTV ကို ကြည့်လိုက်လျှင် ခရစ်စတိုဖာရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် တံခါးအား ချက်ချင်းဖွင့်လိုက်စဥ်မှာ ခရစ်စတိုဖာက အိပ်ခန်းထဲသို့ တည့်တည့်မတ်မတ် တန်းဝင်ချသွား၏။
အိပ်ရာပေါ်သို့ရောက်သောအခါ ဆေးလိပ်ငွေ့အနံ့များထောင်းခနဲထွက်နေသည်ကို သူ့နှာခေါင်းကနေ အနံ့ခံမိ၏။ အိပ်ရာဘေးက လိုက်မီးတင်ထားသည့် စားပွဲခုံပေါ်ကို ကြည့်လိုက်သောအခါ အရက်ပုလင်းအဖုံး ပွင့်လျက်သားကို မြင်ရသည်။ ဆေးလိပ်ပြာခွက်ထဲတွင် တွန့်ကြေနေသော ဆေးလိပ်နှစ်ခုရှိ၏။
ခရစ်စတိုဖာလည်း ချက်ချင်း သဘောပေါက်လိုက်သည်။ ဂျရယ်မိုင်ရာမှာ အရက်နှင့်ဆေးလိပ်ကို သူမလာခင်က ပြိုင်သောက်နေခဲ့မှန်း။
ခရစ်စတိုဖာ၏ အူထဲကနေ ဆန်တက်လာသော သက်ပြင်းလုံးကြီးတစ်ခုဟာ သူ့နှာခေါင်းကနေ မှုတ်ထုတ်တာကို ခံလိုက်ရကာ သူ့ဘက်ကစကားပြောရန် အရှိန်ယူနေခဲ့သည်။
" ဘာမှမမှတ်မိလို့ တောင်းပန်ပါတယ် ...
ဒါပေမဲ့ ဘယ်ကနေ ဘယ်လို ဘာ့ကြောင့်မှတ်မိနေရတာလဲ ... ပြောချင်တဲ့ အဓိပ္ပာယ်က ငါ့ အိမ်မက်ထဲမှာ မင်းနဲ့ပတ်သက်သမျှအကြောင်းတွေငို ကိုယ်စောင့်နတ်ဆိုတဲ့ကောင်ကနေ လာလာပြောနေလို့ပဲ သိနေရတာ။
ဒါ့ကြောင့် ... "
သူစကားဆက်ပြောမလို့ လုပ်နေစဥ်မှာ သူ၏ခါးနောက်ကနေ ဂျရယ်မိုင်ရာ၏လက်မောင်းများက သူ့ရင်ဘတ်နားကိုတက်လာရုံမက ခါးတုပ်တုပ်ခိုင်ခိုင်ပတ်လည်တစ်ဝိုက်ကိုလည်း တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ထို့နောက် ခရစ်စတိုဖာ၏ ညာဘက်ပခုံးပေါ်တွင် မေးတင်လိုက်လျက် ...။
" ကိုယ့် ရင်ဘတ်နာနေတယ်၊ ပျောက်အောင်လုပ်ပေး... "
ဂျရယ်မိုင်ရာ၏နူးညံ့သိမ်မွေ့သော လေသံမတိုးမရွလေးဟာ ခရစ်စတိုဖာ၏နားအတွင်းသို့ ညင်သာစွာ ဝင်ရောက်သွားသော်၊ ခရစ်စတိုဖာမှာ မျက်နှာကနေနားအထိ ရှက်သွေးဖြာသွားမိသည်။
" ဘယ်လိုနာနေတာလဲ ... ဆေး ... ဆေးသောက်လေ ...."
" မင်းက ငါ့အတွက်ဆေးပဲလေ "
မင်းက ငါ့အတွက်ဆေးပဲလေတဲ့လား။
ဂျရယ်မိုင်ရာဆီက ထိုစကားတစ်ခွန်းဟာ ခရစ်စတိုဖာ့နားစည်ထဲတွင် မတူညီသော ပဲ့တင်သံများ ပြန့်လွှင့်သွားသည့်အတိုင်း။ သူ့ခေါင်းထဲမှာလည်း ပဲ့တင်သံ အတွေးများစွာက ကျယ်ပြန့်သွားသယောင်။
" သောက်ပိုတွေ"
" ဟုတ်တယ်ဆို၊ မင်းက ငါ့အတွက် အမတ ဆေးတစ်မျိုးပဲ ခရစ်၊ မင်းတစ်ယောက်ရှိနေရုံနဲ့ တင် ငါ့ကိုထာဝရနုပျိုပြီးသက်တော်ရှည်စေတဲ့ အမတကျင့်စဉ်တွေတောင် မလိုအပ်နေဘူး "
" သောက်ပိုတွေက ထပ်ပြောပြန်ပြီ ...
အဓိပ္ပာယ်မရှိတာ"
ခရစ်စတိုဖာဘက်က ရှက်ရမ်းရမ်းကာ ဆဲဆိုနေသော်လည်း ဂျရယ်မိုင်ရာကတော့ ဆက်လက်၍ကဗျာဆန်နေခဲ့သည်။
" ငါ့ရဲ့တစ်ခုတည်းသော ထာဝရနုပျိုသက်ရှည်ဆေးလုံးလေးက မင်းပါပဲ ခရစ်ရယ်...
အဲဒါကြောင့် အခုငါမင်းကို သောက်လို့ရမလား "
" ဟမ် "
ခရစ်စတိုဖာ၏ခါးကို အတင်းဖက်ထားသောဂျရယ်မိုင်ရာ၏လက်များဟာ နေရာတရွေ့ရွေ့ဖြင့် အောက်ဘက်ကို ဆင်းသက်လာရင်း ခရစ်စတိုဖာ၏ညီငယ်လေးတစ်ဝိုက်ကို ဝှေ့ဝိုက်ပွတ်သပ်နေလျက်။
" ဒီ ဒီ မအေဘေးကတော့ ....
အခွင့်အရေးက လိုတာထက် ပိုယူနေပါလား"
" မင်း ငါ့ရင်ဝကို ဇွက်ခနဲ စိုက်ခဲ့တဲ့လှံကြောင့်လည်း ငါနာကျင်ရပြီးပြီလေ ...
ငါ့နှလုံးသားကို ထိုးစိုက်ခဲ့တဲ့ မင်းရဲ့ဥပေက္ခာတွေကြောင့်လည်း နာကျင်ခဲ့ရပြီးပြီပဲ၊
ငါ့အတွက် ဒီလောက်အခွင့်အရေးပိစိလေးက ပြန်ရဖို့ ထိုက်တန်တယ်ထင်တယ် "
" မင်းဘာသာမင်း ဇွက်ခနဲ ထိုးခဲ့ပြီးမှ။ တော်တော့ကွာ...
ငါ ယောကျာ်းချင်း စိတ်မပါနေဘူး။
မင်း လက်က ငြိမ်ငြိမ်နေစမ်းပါ ...
အမြဲတမ်း ဟိုက်ိုင်ဒီကိုင်နဲ့ စိတ်ညစ်လာပြီဟ"
ခရစ်စတိုဖာကနေ စိတ်ရူပ်ရူပ်ပြောလာသည့်အသံအနေအထားလေးကို သဘောကျမိနေသူက ဂျရယ်မိုင်ရာပင်။ သူ၏စွာစိလန်နေကာ ရှက်သွေးဖြာနေသည့်အသံလေးက ဂျရယ်မိုင်ရာ့နားထဲမှာ ချစ်စရာကောင်းလွန်းနေပြီး သာယာသည့်တယောသံလေးပမာ။
" ဟက်ဟက် ... မင်းကတကယ့်လူပျိုစင်လေးပဲ ခရစ်၊ ကိုယ်တင် စင်တာမဟုတ်ဘူး၊ စိတ်ကပါ စင်နေတာပဲ ခစ်ခစ်။
အွန်းပါ ... ဒီညတော့ ... မင်းကို ခံစားလို့ကောင်းအောင် ... ကိုယ် မင်းကို ...ဖြည်းဖြည်းသာသာနဲ့ ငြိမ့်ငြိမ့်လေး ...."
ဂျရယ်မိုင်ရာက လေသံကိုတိုးတိုးပြောနေရာမှ ခဏရပ်လိုက်ပြီးနောက် ခရစ်စတိုဖာ၏နားအနားကို သူ့နူတ်ခမ်းဝဖြင့် အသာတေ့လိုက်ကာ တစ်ဖက်ကလည်း ခရစ်စတိုဖာ၏ညီငယ်လေးကို မထိတထိလုပ်ဖို့ လက်ကရွယ်လာလျှင် ...
" ဒီအထန်ကောင်ကတော့ ... "
ဂျရယ်မိုင်ရာ၏လက်ကို ခရစ်စတိုဖာမှာ ဖြောင်းခနဲ ရိုက်ချလိုက်ရသည်။ ဂျရယ်မိုင်ရာကတော့ တခစ်ခစ်ရယ်နေမိသည်။
" ဟွန်း ...
အကြင်နာညလေးကို ဖြတ်သန်းကြမယ်လေ မွ"
ခရစ်စတိုဖာ၏နားကို အနမ်းတစ်ချက်ပေးလိုက်သောအခါ ခရစ်စတိုဖာမှာ တစိကိုယ်လုံးကြက်သီးမွေးညင်းများထသွားရုံမက မျက်နှာတစ်ခုလုံးပါ မဲ့ရွဲ့သွားသည်။
" ဒီခွေးမ ... သား ..."
" ကိုယ်က မင်းဆဲတာလေးကိုမှ ပိုချစ်မိနေတော့ ဆဲသံလေးတွေ ထွက်အောင် ဆက်တိုက်ဖန်တီးပေးရတာပေါ့ ခစ်ခစ် "
" မင်း ငါ့ကိုအခုပဲ အသေသတ်လိုက်လို့ မရဘူးလားကွာ၊ ငါအရမ်းစိတ်ညစ်လာပြီ ..."
" ဒါပေါ့ ... နှလုံးခုန်နူန်းတွေမြန်ပြီး ရပ်သွားတဲ့အထိ ... သတ်ပေးမှာပေါ့"
ခရစ်စတိုဖာ့ခမျာ ဂျရယ်မိုင်ရာ၏လက်မောင်းများထဲမှာ ရုန်းရင်းဆန်ခတ်နှင့် သူ၏မဟာရန်သူကောင်ဆီကနေ လွတ်မြောက်ရန် ကြိုးစားနေရသည်။
" ငါပြောတဲ့ သေအောင်သတ်ဆိုတာ ဒီလိုနည်းနဲ့မဟုတ်နေဘူး ခွေးသားရဲ့ ... "
" ကိုယ်ကတော့ ဒီနည်းပဲ သိတယ် "
" သောက်ပိုတွေ .... "
ခရစ်စတိုဖာ၏ကုတ်အင်္ကျီက ချက်ချင်းဆိုသလို ဂျရယ်မိုင်ရာ့လက်ချက်၊ သူ့အစွမ်းဖြင့် ဖျောက်ပစ်ခံရလိုက်တဲ့အခါ ခရစ်တစ်ယောက် ရုတ်တရက်ချည်း သူ့တစ်ကိုယ်လုံးက အေးလာသလို ခံစားမိလို့ သူ့ဘာသူ ပြန်ကြည့်မိသည်။
" မင်း ငါ့အဝတ်တွေ ဘာလုပ်လိုက်တာလဲ"
" ပစ္စည်းလေးတွေ ကြည့်ချင်လို့ "
ခရစ်စတိုဖာမှာ သူ့အနေဖြင့် ဆက်လက်ဆဲဆိုရန် စကားလုံးများ ပျောက်ရှသွားခဲ့ရသောအခြေအနေတစ်ခုထိ ဖြစ်သွားရသည်။ သူ နောက်တစိကြိမ် ကြက်သီးမွေးညင်းများပြန်ထသွားပြီး အနီးနားက ခေါင်းအုံးကို အမြန်ဆွဲယူလိုက်ကာ သူ့ငယ်ပါလေးကို ရှက်ရှက်နှင့်ဖုံးဖိထားရသည်။
ထိုအခါ သန်မာတောင့်တင်းပြီး လှပပြည့်ဖြိုးသော ဂျရယ်မိုင်ရာ၏ခြောက်ထစ်ရှိသည့်ကြွက်သားအဖုအထစ်များကို တွေ့လိုက်ရသည့်အပြင်၊ ဂျရယ်မိုင်ရာ၏ညာဘက်ရင်အုံဘက်ခြမ်းက လှပသည့်တက်တူးတစ်ခုကိုလည်း တွေ့မြင်ရပေသည်။ ထိုတက်တူးမှာ အရိုးခေါင်းထဲသို့ မြွေဝင်နေသောတက်တူးတစ်ခု။ သူမြင်ရသည်မှာ ဤအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်မြောက်ရှိလေပြီ။
ပထမတစ်ကြိမ်က ဟော်တယ်မှာ။ ဒုတိယတစ်ကြိမ်က ရေချိုးခန်းထဲမှာ။ တတိယတစ်ကြိမ်က ယခုဖြစ်လျက်။
ဂျရယ်မိုင်ရာက သူ့ခန္ဓာကိုယ်ထံ တွေဝေငေးကြည့်နေသော ခရစ်စတိုဖာကို ပြုံးပြခဲ့ပြီးနောက်တွင် ရမ္မက်ပြင်းထန်နေပြီး ညို့ယူအားကောင်းနေသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေသော်၊ ခရစ်စတိုဖာခမျာ ဂျရယ်မိုင်ရာ၏ဘေးနားကနေ အပြင်ဘက်ကို ထွက်သွားရန် အသည်းအသန်ကြိုးစားနေစဥ် ဂျရယ်မိုင်ရာဘက်က သူ့လက်ကို နောက်ပြန်ဆွဲထားလိုက်၏။
ထို့နောက် သူ့အားဖြင့် ခရစ်စတိုဖာကို အိပ်ရာထဲသို့ တွန်းလှဲပစ်သည်။ ခရစ်စတိုဖာခမျာ အငိုက်မိသွားရှာပြီး ထုံးစံအတိုင်း ဂျရယ်မိုင်ရာ၏အကြင်နာဝေဆာလှသည့် အနမ်းပိုက်ကွန်ယက်ထဲမှာ ရုန်းမထွက်နိုင်တော့ဘဲ ပိတ်မိနေခဲ့တော့သည်။ ထို့နောက် နမ်းနေစဥ်မှာပဲ ခရစ်စတိုဖာကို ကုတင်ပေါ် သို့ နေရာတကျ လဲလျောင်းစေခဲ့ပြီး ဆက်နမ်းနေ၏။
ထို့နောက်မှတော့ ...
" မင်း ငါ့ကို ..."
'မင်း ငါ့ကို ... ' ဤစကား၏နောက်ဆက်တွဲတွင် ဂျရယ်မိုင်ရာဘက်က အမှန်တကယ်ပြောချင်မိသည်မှာ ' မင်းငါ့ကို တစ်သက်လုံးမေ့သွားတော့မှာလား' ဆိုသောစကားလုံးများပင်။
သို့သော် ခရစ်စတိုဖာဘက်က မှတ်ဉာဏ်များ ပြန်ရသွားသည့်အခါ ကြုံလာရမည့် အန္တရာယ်အဖုံဖုံကို ကြိုမြင်ခဲ့သောကြောင့် သူ ဆက်ပြောချင်ခဲ့သည့်စကားလုံးများက လေထဲမှာသာ ပျောက်ရှသွားခဲ့လျက်။ ခရစ်စတိုဖာ၏လက်များကိုသာ အတင်းအကျပ် ဆုပ်ကိုင်ထားခဲ့သည်။
" ခရစ်ဆိုတဲ့မြေခွေးဖြူလေးက ဒီကောင့်အတွက်တော့ အဆုံးအရူံးမခံနိုင်တဲ့ ရှားပါးရတနာလေးတစ်ခုပဲ ... ရတနာဆိုတာထက်ကို ပိုပါတယ်။ မင်း မှတ်ဉာဏ်တွေကို လုံးဝပြန်မရတော့ရင်တောင် ရှေ့လျောက် ငါ့ခံစားချက်တွေကို ပိုနားလည်ပေးနိုင်မလားဟင် "
ဂျရယ်မိုင်ရာမှာ ခရစ်စတိုဖာ၏ပယင်းမျက်ဝန်းလေးများကို တစိမ့်စိမ့်ငေးကြည့်နေရင်း အသနားခံနေသည့်မျက်နှာပေးလေးဖြင့် နူးညံ့စွာ ပြောရှာသည်။ ခရစ်စတိုဖာကလည်း ဂျရယ်မိုင်ရာ၏ပြာလဲ့သော နီလာမျက်ဝန်းများကို ပြန်စိုက်ကြည့်နေခဲ့ကာ ...
" ငါ့အတွက်နဲ့ မင်းဘက်က ဒီလောက်ထိ ခံစားဖို့မတန်ဘူးထင်တယ် ဂျရယ်မိုင်ရာ"
ခရစ်စတိုဖာမှာ ဂျရယ်မိုင်ရာအပေါ် မေတ္တာငွေ့များပါနေသည့်ခံစားချက်များ စတင်ဖြစ်ပေါ်နေပေသည်။ သို့သော် ဤခံစားချက်များကို ထိန်းချုပ်ရမည်မှာ သူ၏တာဝန်သာ။
အကြောင်းတရားမှာကား တစ်ခုတည်း။
သူတို့သည် အသွင်မတူသော အမတရန်သူများဖြစ်သောကြောင့်။
" ဘာမတန်စရာရှိလို့လဲ ..."
ဂျရယ်မိုင်ရာက ခရစ်စတိုဖာကို ပွေ့ဖက်ထားနေရင်း ပြန်ဖြေခဲ့သည်။
" အိပ်ကြရအောင်... ငါ့ မျက်လုံးတွေ မတရားလေးနေပြီ "
" အင်း ဒါပေမဲ့ မအိပ်ခင် ငါမေးပါဦးမယ်"
" ဘာလဲ ..."
" မင်းနဲ့ငါက ... ငါမမှတ်မိနိုင်သေးတဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာကို မေးချင်တယ်... ငါတကယ် သ်ိချင်တယ် "
ခရစ်စတိုဖာဘက်ကနေ သူ့ကိုယခုကဲ့သို့စိတ်အားထက်သန်စွာ မေးမြန်းလာသည့်အခါ ပြန်မတုံ့ပြန်သေးဘဲ သက်ပြင်းသေးသေးလေးသာ ချလိုက်သည်။
" မနက်ဖြန်မှ ကိုယ်ပြောပြမယ်...
ခုတော့ ကိုယ့်သောက်လုံးတွေလေးလာပြီ၊ တကယ်မခံနိုင်တော့ဘူး၊ အိပ်ကြစို့ ကိုယ့်အချစ်"
ခရစ်စတိုဖာလည်း အင်မတန်အိပ်ချင်နေသောသူ့ရန်သူကြီးကို ဆက်မမေးမြန်းတော့ပေ။ ဂျရယ်မိုင်ရာ၏လက်မောင်းများက သူ့ကျောပြင်နောက်ဘက်ကနေ သူ့ခါးကိုဖက်ထားခြင်းကို ခံခဲ့ရသည်။ သူလည်း မရုန်းနေတော့ပေ။ သူ သည်းခံလိုက်သည်။ မနက်ဖြန်တွင် သူသိချင်သမျှအကြောင်းအရာများကို သိရှိရဖို့အရေးသည် သူ့အရေးပင်။ သို့ဖြစ်လျှင် သူလည်း မျက်လုံးများ ပိတ်လိုက်ကာ ဂျရယ်မိုင်ရာ၏ရင်ခွင်ထဲတွင် ကြိုးစား၍အိပ်စက်ရတော့မည်။
ဤသို့ဖြင့် ရန်သူတော်နှစ်ဦးမှာ အဝတ်ဗလာများနှင့် အသားချင်းထိကပ်ထားကြလျက် အိပ်စက်ခဲ့ကြရင်း ....။
◎ ══════ ❈ ══════ ◎
◎ ══════ ❈ ══════ ◎