ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 20

1.8K 363 7
By Kay_Wine


{Zawgyi}

ဝမ္ဖုန္းက်င္အတိတ္အေၾကာင္းကို အိပ္မက္မက္ခဲ့တာက ထိုဆံႏြယ္ခ်ည္ႀကိဳးေလးေၾကာင့္ပဲျဖစ္လိမ့္မယ္။

အနီေရာင္ၿခဳံထည္ဝတ္ဆင္ထားသည့္ လွပေသာ္ျငား‌ ေအးစက္ေသာအသြင္အျပင္ရွိတဲ့ ဝမ္ဖုန္းက်င္က အထက္မွာ ပ်ံဝဲေနရင္း ေခါင္းျဖတ္သတ္ကြင္းထဲသို႔ လမ္းတေလွ်ာက္ေခၚေဆာင္ခံလာရတဲ့ ဖခင္ျဖစ္သူကို ၾကည့္ေနတဲ့ေကာင္ေလးကို ၾကည့္ေနမိတယ္။ တစ္ခ်ိန္တစ္ခါက ေျမာက္ပိုင္းအင္ပါယာရဲ႕ကိုယ္စားလွယ္မင္းသားအျဖစ္ ဘုရင္ရဲ႕ထီးနန္းကို အေထာက္အပံ့ေပးရင္း လူထုၾကားထဲ လူအျဖစ္ျပန္ဝင္စားလာတဲ့ နတ္ဘုရားတစ္ပါးလို သတ္မွတ္ျခင္းခံခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ ရန္သူႏိုင္ငံနဲ႔ ပူးေပါင္းႀကံစည္တယ္ဆိုတဲ့ အျပစ္ဒဏ္ခ်မွတ္ခံထားရတယ္...

"အျပစ္သားဝန္ႀကီး၏ သားျဖစ္သူကို ႐ႊမ္ဖုန္းပညာေတာ္သင္ေက်ာင္းသို႔ ေစလႊတ္မည္။ သို႔ေသာ္ ေနာက္လာမည့္မ်ိဳးဆက္သုံးဆက္ကိုေတာ့ မည္သည့္အဆင့္အတန္းမွ ေပးအပ္ျခင္းမျပဳရဟု အရွင္မင္းျမတ္မွ အမိန္႔ေတာ္ခ်မွတ္လိုက္သည္..."

ဘုရင္ခံနယ္ေျမမွာ ေနထိုင္ၾကတဲ့ ရာေပါင္းမ်ားစြာေသာလူေတြေရွ႕မွာတင္ ဖုံးကြယ္ထားေသာ အေျခအျမစ္မရွိတဲ့ အေထာက္အထားေတြနဲ႔ ဘုရင္ခံရဲ႕ျပစ္မႈေတြဆိုကာ ေခါင္းေပၚပုံခ်ခံလိုက္ရတယ္။ ပုံေျပာဆရာေတြက ႐ြံရွာေဒါသထြက္စရာစကားလုံးေတြကို လိုက္ျဖန႔္ေနၿပီး အထိန္းအမွတ္ေက်ာက္တိုင္ေပၚမွာ သူ႔ဖခင္ရဲ႕နာမည္ကိုေတာင္ ထြင္းထုခ်င္ခဲ့တဲ့လူထုက အခုေတာ့ သူ႔ကို သစၥာေဖာက္ေခြးတစ္ေကာင္လို က်ိန္ဆဲေနၾကၿပီ။

သူတို႔ေတြက ဒီေခြးမ်ိဳးဆက္ကို အေမႊးတိုင္ထြန္းႏိုင္လာတဲ့အထိ လႊတ္ထားေပးခဲ့တဲ့ ဧကရာဇ္ႀကီးရဲ႕ စိတ္သေဘာထားႀကီးမႈကို အမႊန္းတင္ေနၾကတယ္။

သို႔ေသာ္ျငား ဒါက ညႇာတာေထာက္ထားတာလား ဒါမွမဟုတ္ အၿငိဳးအေတးထားတာလား...

မိသားစုကလူတစ္ေယာက္ခ်င္း ေခါင္းျဖတ္သတ္ခံရတာကိုၾကည့္ဖို႔အတြက္နဲ႔ ေလးႏွစ္သားအ႐ြယ္ ေကာင္ေလးကို လႊတ္ေပးခဲ့သည္လား ။

ေကာင္ေလးကို ႐ႊမ္ဖုန္းပညာေတာ္သင္ေက်ာင္းကို ပို႔လိုက္လို႔ အသိပညာအားလုံးသင္ၾကားခြင့္ရမယ္ဆိုေပမယ့္ ေကာင္ေလးရဲ႕မ်ိဳးဆက္သုံးဆက္ထိတိုင္ေအာင္ ေအာင္​ျမင္ေက်ာ္ၾကားလာႏိုင္မွာမဟုတ္ေတာ့ဘူး။

လူအုပ္ႀကီးက ဩဘာေပးေနၾကကာ ညစ္ပတ္တဲ့အရာေတြ သူ႔ဆီလွမ္းေပါက္ေနၿပီး ဓားအပင့္အခ်မွာတင္ အသတ္ခံေနရတဲ့ မိဘေတြကို ငိုၿပီးေတာ့သာ ၾကည့္ေနႏိုင္တဲ့ေကာင္ေလးကို ဝမ္ဖုန္းက်င္ၾကည့္ေနမိတယ္။

ေနာက္ေတာ့ ထိုအထင္အျမင္ေသးဖို႔ေကာင္းတဲ့ေကာင္ေလးကို ေတာင္ေတြထဲကမွအနက္ရႈိင္းဆုံးျဖစ္တဲ့ ႐ႊမ္ဖုန္းပညာေတာ္သင္ေက်ာင္းကို ပို႔လိုက္ၾကတယ္။

ပညာေရးမွာေအာင္ျမင္ဖို႔အတြက္ ​ေနရာလား။ ေလးႏွစ္သားေကာင္ေလးကေတာ့ ပထမဆုံးေန႔မွာပဲ သစၥာေဖာက္ေကာင္ဆိုၿပီး အေခၚခံခဲ့ရေလရဲ႕။ တစ္စုံတစ္ေယာက္က သူ႔ကိုဖိၿပီး သူ႔ေခါင္းကို ေရအိမ္ထဲတြန္းထည့္ဖို႔ ႀကိဳးစားခဲ့တယ္။ သူ႔ထက္ သိပ္အသက္ႀကီးပုံေတာင္မေပၚတဲ့ ေက်ာင္းသားအဖြဲ႕လိုက္ႀကီးက လက္ခုပ္ေတြတီးရင္း သူ႔ကိုရယ္ေမာခဲ့ၾကေလရဲ႕။

" သူ႔ကိုေသာက္ခိုင္းလိုက္! ဟားဟားဟား သူ႔ကိုေသာက္ခိုင္းလိုက္! သူ႔မ်က္လုံးေတြကိုလည္းၾကည့္ပါအုံး ဘယ္လိုလူမ်ိဳးက အဲ့လိုမ်က္လုံးမ်ိဳးရွိမွာလဲ "

" ဘာလို႔ဆို သူက သစၥာေဖာက္ေခြးရဲ႕သား ျဖစ္ေနတာကိုး ဟားဟားဟား.... "

ၿပီးေတာ့ အဲ့တာက လူငယ္ေလးႏွစ္ဝက္ေလာက္အထိ ဘယ္လိုေနခဲ့ရတယ္ဆိုတာပဲ။ အၿမဲတမ္း သူ႔အိပ္ရာက ညစ္ပတ္တဲ့ေရေတြနဲ႔စြန္းေပခံထားရတာ ဟုတ္ရင္ဟုတ္ မဟုတ္ရင္လည္း အျခားမေကာင္းတဲ့အရာတစ္ခုခုနဲ႔စြန္းေပခံထားရတယ္။ သူ႔အစားအစာေတြကလည္း အၿမဲတမ္း ေမွာက္ခ်ခံထားရၿပီး ဆရာေတြကလည္းအၿမဲတမ္း စာသင္ခ်ိန္အတြင္း သူ႔ကိုစာသင္ခန္းအျပင္ဘက္မွာ မတ္တပ္ရပ္အျပစ္ေပးထားခဲ့တယ္။ ဒါေပမယ့္လည္း ညစ္ပတ္ ပိန္လွီေနတဲ့ထိုေကာင္ေလးကေတာ့ တိတ္တိတ္ေလးသူ႔နားကို နံရံမွာကပ္ၿပီး သင္ယူေလ့လာေနဆဲပါပဲ...

ထိုပုံစံနဲ႔ သူ႔ကိုမိသြားၿပီဆိုရင္လည္း ​ႀကိမ္လုံးနဲ႔ အျပစ္ေပးခံခဲ့ရေသးတယ္...

ေရတံခြန္လိုမ်ိဳး ဖ်ာက်ေနတဲ့ အနက္ေရာင္ဆံႏြယ္ရွည္ရွိတဲ့ ဝမ္ဖုန္းက်င္က ထိုျမင္ကြင္းကို အမူအရာမရွိ စိတ္ဆိုးေဒါသထြက္ျခင္း တစ္စက္ေလးေတာင္မရွိပဲ ၾကည့္ေနခဲ့တယ္။ ေကာင္ေလးက အသက္ခုနစ္ႏွစ္ ေရာက္သည္အထိ ဒီလိုဘဝမ်ိဳးနဲ႔ပဲေနထိုင္ခဲ့ရတယ္။ အေနာက္ေတာင္ဘက္ကို တိတ္တိတ္ေလးလာၿပီး သူ႔အစာအိမ္ျဖည့္ဖို႔ သစ္သီး႐ိုင္းေတြလာေကာက္တဲ့အခ်ိန္ အႀကီးအကဲနဲ႔ သူတို႔ရဲ႕တာ့ရွစ္ရႈန္းကို သူေတြ႕လိုက္ရတယ္။

ဒီရွစ္ရႈန္းကို ကေလးတုန္းကတစ္ခါပဲသူေတြ႕ဖူးခဲ့တာ။ ဘာလို႔ဆို သူက အဖြဲ႕အတူတူ ပညာသင္ခဲ့ရတာမဟုတ္လို႔ပဲ။

ဒါေပမယ့္လည္း သူတို႔ရဲ႕ရွစ္ရႈန္းက ေက်ာက္စိမ္းေလးလိုႏူးညံ့သိမ္ေမြ႕ၿပီး အသက္ငယ္ငယ္ေလးနဲ႔ေတာင္ ၿပိဳင္ဘက္ကင္းအမ်ိဳးသားေကာင္းတစ္ေယာက္အျဖစ္ ဂုဏ္သတင္းေမႊးေနခဲ့တယ္။ ထိုလူသားက အၿမဲတမ္းအၿပဳံးတစ္ခုကိုသယ္ေဆာင္ထားၿပီး ေတာင္ေဘးတစ္ေလွ်ာက္လြင့္ေမ်ာေနတဲ့ တိမ္ေတြလိုမ်ိဳး မိုးျပာေရာင္ဝတ္႐ုံကိုဝတ္ဆင္ထားေလတယ္။

သူတို႔ပထမဆုံးစေတြ႕ခ်ိန္တုန္းက ဖုန္းက်င္ေသးေသးေလးဟာ အခ်ိန္အၾကာႀကီး မ်က္ႏွာေတြနီရဲေနခဲ့ေလရဲ႕။

အႀကီးအကဲေျပာတာကို သူၾကားလိုက္ရတယ္ " အစီအစဥ္ကဘယ္လိုအေျခအေနရွိလဲ "

တာ့ရွစ္ရႈန္းကၿပဳံးလိုက္တယ္ " သုံးႏွစ္ေတာင္ရွိသြားခဲ့ၿပီ။ အဲ့ကေလးက အေတာ္ေလးကံေကာင္းတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အျခားကေလးေတြနဲ႔ဆရာေတြကို ေျပာထားၿပီးပါၿပီ။ ဆရာ စိတ္ခ်လက္ခ်အနားယူလို႔ရၿပီ။ သူဘယ္ေတာ့မွ ဒီ့ထက္ပိုေကာင္းမွာမဟုတ္သလို အထက္ကိုလည္းတက္လို႔ရမွာမဟုတ္ပါဘူး "

"....."

ထိုျမင္ကြင္းကိုၾကည့္ေနတဲ့ အ႐ြယ္ေရာက္ၿပီးသူဖုန္းက်င္က ၿပဳံးေနတဲ့မ်န္တ်န္းကို ႐ြံရွာတဲ့အၾကည့္နဲ႔ၾကည့္လိုက္တယ္။ ရွင္းျပလို႔မရႏိုင္တဲ့ အထင္ေသးတဲ့အၾကည့္ေတြက သူ႔မ်က္ႏွာေပၚမွာေပၚလာခဲ့တယ္။

ထိုအခ်ိန္ကစၿပီး ဖုန္းက်င္အေသးေလးဟာ ရက္စက္ၿပီး သီးျခားေနတတ္တဲ့သူအျဖစ္ေျပာင္းလဲသြားေတာ့တယ္။ သူဟာ ထပ္ၿပီးသည္းခံမေနေတာ့ပဲ သူ႔ရဲ႕လက္တစ္ဖက္နဲ႔ ေျခေထာက္တစ္ဖက္အဖိုးအခေပးရမယ္ဆိုရင္ေတာင္ လက္တုံ႔ျပန္အုံးမွာပဲျဖစ္တယ္။

အဲ့တာၿပီး တစ္ႏွစ္ၾကာၿပီးေတာ့ ထို ' ေက်ာက္စိမ္းလို အမ်ိဳးသားေကာင္းေလး ' တာ့ရွစ္ရႈန္းနဲ႔ ေနာက္ထပ္တစ္ႀကိမ္ျပန္ေတြ႕ဆုံခဲ့ရတယ္။

အသစ္စိုက္ပ်ိဳးထားတဲ့ ဂ်န္ဂိုပင္ႀကီးေအာက္က ေက်ာက္သားခုံေပၚမွာထိုင္ၿပီး သစ္ပင္ႀကီးကိုအၿပဳံးေလးနဲ႔ ရႉစားေနခဲ့တဲ့ တာ့ရွစ္ရႈန္းကိုျမင္လိုက္ရတယ္။ ေနာက္ၿပီး သူ(မ်န္တ်န္း) လွည့္ၾကည့္လိုက္ခ်ိန္ သူ႔(ဖုန္းက်င္) ကိုျမင္လိုက္ရတဲ့အခါ သူ႔(မ်န္တ်န္း) မ်က္ႏွာေပၚမွာ မွင္တက္ေနတဲ့ပုံရွိေနခဲ့တယ္....

ေလတစ္ခ်က္တိုးေဝွ႔လာတိုင္း အနက္ေရာင္ဆံႏြယ္ရွည္ႀကီးနဲ႔အျပာေဖ်ာ့ေဖ်ာ့အဝတ္အစားေတြက ညင္သာစြာလြင့္ေနခဲ့တယ္။ ေခ်ာေမာတဲ့မ်က္ႏွာေလးေပၚမွာ ေတာက္ပတဲ့အၿပဳံးေလးတစ္ခုကရွိေနခဲ့ၿပီး ​သန္႔ရွင္းၾကည္လင္လွတဲ့မ်က္လုံးတစ္စုံကေတာ့ မီးရႉးမီးပန္းလိုမ်ိဳးေတာက္ပေနခဲ့တယ္။ ဒီအခ်ိန္မွာေတာ့ သူကေတာင္ေစာင္းေပၚက မိုးတိမ္ေတြနဲ႔မတူေတာ့ဘဲ မိုး႐ြာၿပီးေနာက္ တိုက္ခတ္လာတဲ့ ေလေျပေလးနဲ႔တူေနေတာ့တယ္။

ဒီျမင္ကြင္းတစ္ခုလုံးကိုၾကည့္ေနရတဲ့ ဝမ္ဖုန္းက်င္ရဲ႕ မ်က္ခုံးႏွစ္ခုၾကားကအမွတ္ေလးက အနီေရာင္ေတာက္လာခဲ့ၿပီး သူ႔ရဲ႕မ်က္လုံးနဲ႔မ်က္ႏွာေပၚက ထူးမျခားနားပုံရိပ္ေတြက အေဝးကိုလွည္းထုတ္ခံလိုက္ရတယ္။ သူက သူ႔လက္ကိုေျမႇာက္လိုက္ၿပီး လြမ္းဆြတ္တမ္းတေနခဲ့ရတဲ့ ထိုလူငယ္ေလးကိုထိေတြ႕ခ်င္ေနခဲ့တယ္...

ရွစ္ရႈန္းက ေျပာတယ္ : " ေကာင္ကေလး မင္းကဘယ္သူတုန္း.... "

ကေလးက လက္သီးဆုပ္လိုက္ၿပီး ဝံပုေလြေပါက္ေလးလိုအၾကည့္ေတြနဲ႔ သူ႔ကိုၾကည့္လိုက္တယ္: " ကြၽန္ေတာ္ဘယ္သူဆိုတာ ခင္ဗ်ားသိၿပီးသားပဲ မဟုတ္ဘူးလား "

သူက ငုတ္တုတ္ေမ့ေနခဲ့ၿပီးမွ သူ႔မ်က္ႏွာေပၚမွာရွက္ရိပ္ေလးနည္းနည္းသန္းလာခဲ့တယ္: " အာ....ဟား, ဒီေနရာမွာက ကေလးေတြအမ်ားႀကီးရွိတာေလ ၊ ငါ့အတြက္ေတာ့ မမွတ္မိတာကပုံမွန္ပဲမဟုတ္ဘူးလား။ တစ္ေယာက္နဲ႔တစ္ေယာက္ထပ္ၿပီး မိတ္ဆက္ရေအာင္ေလ။ ငါက မ်န္တ်န္း ။ မင္းကေရာ ။ မင္းနာမည္ကဘယ္လိုေခၚလဲ.... "

ေမးၿပီးတဲ့ေနာက္ သူကမတ္တပ္ရပ္လာၿပီး ကေလးငယ္ရဲ႕ေစာင့္ၾကည့္မႈေအာက္မွာပဲ အေရွ႕သို႔ငုံ႔ကိုင္းလာခဲ့တယ္။ ထင္းရႉးနံ႔ေလးက ေလထုတစ္ဝိုက္လႊမ္းခ်ဳံသြားၿပီး သူ႔ရဲ႕လက္ကိုကေလးငယ္ရဲ႕ေခါင္းေပၚထားလို႔ ေတာက္ပတဲ့အၿပဳံးေလးနဲ႔ ပြတ္သပ္ေပးေလတယ္။

" အျပင္စာသင္ေဆာင္မွာ အရမ္းကိုထူးျခားတဲ့မ်က္လုံးတစ္စုံပိုင္တဲ့ ကေလးတစ္ေယာက္ရွိတယ္လို႔ သူတို႔ေတြေျပာတာငါၾကားခဲ့တယ္ "

ဖုန္းက်င္အေသးေလးက သူ႔လက္ကို အပူတျပင္းအေဝးသို႔႐ိုက္ထုတ္လိုက္ေလရဲ႕။ သူက သူ႔မ်က္လုံးေတြကို အေစာ္ကားခံလိုက္ရသလိုမ်ိဳး ရွက္႐ြံ႕စြာနဲ႔ ကာကြယ္ထားေလတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္စကၠန္႔အနည္းငယ္အၾကာမွာ သူ႔လက္ေတြကျပန္ဆြဲယူခံလိုက္ရတယ္။ သူ႔ေရွ႕ကလူ​က သူ႔အတြက္ သုံးႏွစ္ၾကာေအာင္အိပ္မက္ဆိုးတစ္ခုအေနနဲ႔ အျမစ္တြယ္ေနခဲ့တဲ့လူသားတစ္ေယာက္ျဖစ္တယ္။ ဒါေပမယ့္အခုေတာ့ သူၾကည့္ရတာ အျခားတစ္ေယာက္အျဖစ္ေျပာင္းသြားသလိုပဲ။ သူကေျပာလာတယ္: " ဘယ္ေနရာကထူးျခားတဲ့ မ်က္ဝန္းတစ္စုံမလို႔လဲ..... "

" သမိုင္းတေလွ်ာက္ ထူးခြၽန္ခဲ့တဲ့လူေတြထဲမွာ ပုံမွန္လူေတြနဲ႔မတူတဲ့အရာေတြရွိၾကတယ္တဲ့ "

" မင္းကက်ိန္းေသေပါက္ကို အနာဂတ္မွာထူးခြၽန္တဲ့လူတစ္ေယာက္ျဖစ္လာမွာ... "

ထိုေန႔မွာ ​ေနကပိုၿပီးေတာက္ပေနလို႔ျဖစ္မယ္, ေလေတြကပိုၿပီးလတ္ဆတ္ေနလို႔လည္းျဖစ္မယ္ ထိုလူသားရဲ႕အၿပဳံးက ပိုၿပီးေတာ့ႏူးညံ့သိမ္ေမြ႕ေနခဲ့တယ္။

" လာပါ မင္းရဲ႕နာမည္ကိုေနာက္တစ္ေခါက္ထပ္ေျပာျပလိုက္။ ဒီတစ္ခါေတာ့ ငါလုံးဝမေမ့ေတာ့ဘူး "

ဖုန္းက်င္အေသးေလးက အခ်ိန္အၾကာႀကီးဆြံ႕အေနခဲ့မိတယ္။ အနီေရာင္ဝတ္႐ုံနဲ႔ လူႀကီးဖုန္းက်င္ကေတာ့ သူ႔ေနာက္မွာရပ္ရင္း ၿပဳံးေနေလတယ္။

သူတို႔က တညီတၫြတ္ထဲေျပာလိုက္ၾကတယ္: " မ်န္တ်န္းရွစ္ရႈန္း ရွစ္ရႈန္းေကာင္းေကာင္းမွတ္မိမွာပါ ကြၽန္ေတာ့္နာမည္က ဝမ္ဖုန္းက်င္..... "

ဒီလိုနဲ႔ပဲ ထူးျခားတဲ့လူက တြင္းနက္ႀကီးထဲ က်သြားၿပီး ဝမ္ဖုန္းက်င္ဆိုတဲ့နာမည္နဲ႔ ကေလးတစ္ေယာက္ကို ရွာေတြ႕ခဲ့ကာ သူ႔ႏွလုံးသားထဲမွာ ထာ၀ရအလင္းေရာင္ေလးျဖစ္လာခဲ့တယ္။

ငါ့ႏွလုံးသားထဲမွာေနထိုင္တဲ့ လူတစ္ေယာက္ရွိတယ္။

သူ​က ၿပဳံးတဲ့လူေတြကိုသေဘာက်တာေၾကာင့္ ငါလည္း မၾကာခဏၿပဳံးျပေပးတတ္တယ္။

သူက ၾကင္နာတဲ့လူ​ေတြကိုသေဘာက်တာေၾကာင့္ ငါလည္း ဟန္ေဆာင္ဖုံးကြယ္တဲ့ေနရာမွာဆရာတစ္ဆူ ျဖစ္လာခဲ့တယ္။

သူက သန္မာတဲ့လူေတြကိုသေဘာက်တာေၾကာင့္ ငါလည္း ငါ့ရဲ႕သံခ်ပ္ကာကိုဝတ္ဆင္ထားလိုက္တယ္။

သူက ေျဖာင့္မတ္တဲ့လူေတြကိုသေဘာက်တာေၾကာင့္ ငါ့ရဲ႕ဝံပုေလြအေရခြံကိုခြၽတ္လိုက္ၿပီး စင္ၾကယ္တဲ့သိုးသငယ္ေလးပုံစံအစားထိုးလိုက္တယ္။

ဒါေပမယ့္ ငါဟာ အေသြးကိုေသာက္ ၊ အသားကိုစားဖို႔သာေမြးဖြားလာခဲ့တဲ့သူမို႔ အခ်ိန္တိုင္း အခ်ိန္တိုင္း သူ႔ရဲ႕ခ်စ္ျမတ္ႏိုးျခင္းေတြနဲ႔ ေႏြးေထြးမႈကိုခံစားရဖို႔အတြက္ သူ႔မ်က္လုံးေတြကို အလိမ္အညာေတြနဲ႔သာ ဖုံးကြယ္ႏိုင္ခဲ့တယ္။

ငါဘယ္ေတာ့မွ ငါ့ကိုယ္ငါမသနားခဲ့ဘူး။ ငါဟာအရမ္းကို ဝမ္းသာပီတိျဖစ္ခဲ့တယ္။ ငါသူ႔ကိုခ်စ္တယ္ ဒါေပမယ့္ အလိမ္အညာေတြဟာ တစ္ေန႔ေတာ့ဆုတ္ၿပဲသြားရအုံးမွာပဲ။

အဲ့တာေၾကာင့္ အဓိပၸါယ္မရွိတဲ့အရာေတြအကုန္လုံးငါလုပ္ခဲ့တယ္။ အလင္းေရာင္ဟာ အညစ္အေၾကးေတြနဲ႔စြန္းထင္းေနခဲ့မယ္ဆိုရင္ေတာင္ ငါကေတာ့ ငါ့ႏွလုံးသားထဲမွာခိုင္ၿမဲစြာအက်ဥ္းခ်ထားခ်င္ေနတုန္းပဲ။

ဝမ္ဖုန္းက်င္ႏိုးထလာၿပီး သူ႔ေဘးကလူကိုၾကည့္ဖို႔လွည့္လိုက္တယ္။ သူ႔ရဲ႕ျဖဴေဖြးေနတဲ့အသားအေရမွာေတာက္ပေနတဲ့လိုင္းတစ္ခုက ေခ်ာေမြ႕ေနတဲ့ႏွဖူးေပၚကေန ႏွာေခါင္းအဖ်ားေလးအထိ ခိုင္မာစြာေရးဆြဲထားတာေၾကာင့္ သူ႔မ်က္ႏွာေလးကို ႏူးညံ့သိမ္ေမြ႕တဲ့ပုံေပါက္ေနေစတယ္။ သူ႔မ်က္လုံးကိုမွိတ္ထားတဲ့အခ်ိန္ ထူထဲ ေကာ့ဆင္းေနတဲ့မ်က္ေတာင္ေလးေတြက ကာကြယ္ေပးထားေလရဲ႕။

ႏူးညံ့သိမ္ေမြ႕တဲ့ႏႈတ္ခမ္းေလးတစ္စုံက တီးတိုးေျပာလိုက္တယ္: " မ်န္တ်န္း အခုက ကမာၻေျမေပၚကေန႔သစ္တစ္ေန႔ ျဖစ္ေနခဲ့ၿပီ "

မင္းမ်က္လုံးဖြင့္လာတဲ့အခ်ိန္ေလးမွာပဲ မင္းနာမည္က ဝမ္ေရွာင္းမ်ယ္ပါဆိုၿပီး မ်က္လုံးေလးေမွးလို႔အေနခက္စြာေျပာခဲ့တယ္: ငါက ငါ့ကိုဖုန္းက်င္လို႔ေခၚဖို႔ ေတာင္းဆိုလို႔ မင္းေခၚလိုက္တဲ့အခ်ိန္ထဲက ငါသိခဲ့လိုက္တယ္။

မင္းျပန္လာခဲ့ၿပီ...

ဝမ္ဖုန္းက်င္ ေခါင္းငုံ႔ကာ ထိုလူရဲ႕ႏႈတ္ခမ္းေတြကို အရည္ေပ်ာ္ေနတဲ့ရတနာတစ္ပါးလိုမ်ိဳး အလြန္တရာဂ႐ုတစိုက္နဲ႔ နမ္းရႈိက္ေနတာက အိပ္ေပ်ာ္ေနတဲ့သူေတာင္ ႏိုးလာတဲ့အထိျဖစ္တယ္။

ဝမ္းေရွာင္းမ်ယ္က ခက္ခက္ခဲခဲနဲ႔သူ႔မ်က္လုံးေတြကိုျဖည္းျဖည္းခ်င္းဖြင့္လာတယ္။

" အမ္းးး....မင္းဘာလုပ္ေနတာတုန္း! ငါ့ကိုအိပ္မက္ထဲမွာ ျမဴစြယ္ဖို႔ႀကိဳးစားေနတာလား "

" မ်န္တ်န္း "

" ဟမ္ "

" ငါလိုခ်င္တယ္ "

"....."

ဝမ္ေရွာင္းမ်ယ္က သစ္သားတုံးမ်က္ႏွာႀကီးျဖင့္: ဘာလိုခ်င္တာလဲ။ ေသခ်င္တာလား။

မင္းလိုမေသမ်ိဳးႀကီးက ဘာေတြေတြးေနတာတုန္း။

သို႔ေသာ္လည္း ဝမ္ဖုန္းက်င္က သူ႔ကိုတင္းတင္ၾကပ္ၾကပ္ ကပ္ေနေလရဲ႕။ သူ႔မ်က္ႏွာေပၚမွာလည္း အမူအရာအသစ္တစ္ခုကရွိေနခဲ့တယ္။ အဲ့တာက ဆိုက္ကိုလိုလည္းမဟုတ္ ႏူးညံ့ညင္သာေနတာလည္းမဟုတ္ဘဲ ေၾကာင္ေလးတစ္ေကာင္က သူ႔အတၱကိုေဘးဖယ္ထားၿပီး ပထမဆုံးအႀကိမ္သူ႔သခင္ေက်နပ္ေအာင္ ႀကိဳးစားၿပီးလုပ္ျပေနတာနဲ႔တူေနတယ္။ အျခားဟာေတြထက္ သူက သူ႔ခႏၶာကိုယ္နဲ႔ပြတ္သပ္ေနၿပီး သူကတိတ္တဆိတ္နဲ႔ သူ႔အဝတ္အစားေတြကိုလည္းဆြဲထားေသးတယ္။

ေျမာင္ လို႔အသံမထြက္႐ုံတမယ္ပဲ။

အဲ့တာထက္ ငါကေတာ့မင္းကို ေၾကာင္လို႔ကိုစဥ္းစားလို႔မရဘူး။ မင္းက ဝံပုေလြႀကီးတစ္ေကာင္နဲ႔ေတာင္ ပိုၿပီးတူေသးတယ္။

ဘာလို႔ ေဘာစ့္ႀကီးမွာေနာက္ထပ္စ႐ိုက္တစ္မ်ိဳးရွိေနရတာတုန္းလို႔။ ၾကည့္ရတာ ငါေနာက္ထပ္တစ္ႏွစ္ေလာက္ထပ္အိပ္ေပ်ာ္သြားလို႔ေနမယ္။

ၿပီးေတာ့ မင္းက စိတ္အေျခအေနကို မဖတ္တတ္ဘူးလား? ငါ မအိပ္ခင္ေလးတင္ မင္းကို မေတြ႕ခ်င္တဲ့ပုံစံလုပ္ျပထားတာေလ!

ဝမ္ေရွာင္းမ်ယ္ရဲ႕လက္နဲ႔ေျခေထာက္ေတြက ဝမ္ဖုန္းက်င္ေၾကာင့္ရႈပ္ပြသြားရတဲ့ သူ႔အဝတ္အစားေတြကို ျပန္ဖိခ်ဖို႔႐ုန္းကန္ေနရတယ္။

" ငါအပိုင္း(episode) တစ္ခုခုမ်ားလြတ္သြားခဲ့တာလားဟင္ ဒါမွမဟုတ္ မင္းဘာသာတမင္သက္သက္ေရွ႕ဆက္သြားခဲ့လိုက္တာလား။ ခ်ီးလိုပဲ! ဆြဲေနတာရပ္ေတာ့။ မင္းက မင္းရွစ္ရႈန္းကိုႏွစ္သက္တဲ့ သားရဲတစ္ေကာင္ဆိုတာ ငါသိပါတယ္။ ငါကဝမ္ေရွာင္းမ်ယ္လို႔။ ဒီညံ့ဖ်င္းတဲ့လူက ဖိအားေပးခံရမွာကိုျငင္းဆန္တယ္— မင္းဆက္လုပ္ေနမယ္ဆိုရင္ ငါေအာ္ေတာ့မွာေနာ္ "

" ငါအစားထိုးတစ္ေယာက္ျဖစ္ဖို႔ ျငင္းတယ္လို႔ " ဝမ္ေရွာင္းဖက္ထုပ္ေလးက သူ႔အဝတ္ေတြအခြၽတ္ခံေနရတာေတာင္ သူ႔ရဲ႕႐ိုးသားေျဖာင့္မတ္မႈေလးအတြက္ ေနာက္ဆုံးတစ္ႀကိမ္ ေအာ္ဟစ္ခဲ့လိုက္ေသးတယ္။

ဒါေပမယ့္လည္း အသုံးေတာ့မဝင္ခဲ့ပါဘူး....

မေသဆုံးႏိုင္တဲ့ဖက္ထုပ္ႀကီးက ပူးေပါင္းေဆာင္႐ြက္ျခင္းမရွိဘဲ ခြတီးခြက်ႏိုင္စြာ .... အတိုင္းဆက္လုပ္ေနေတာ့တယ္။ သူ႔မ်က္ႏွာေပၚမွာ ဘာအမူအရာမွရွိမေနေပမယ့္ သူ႔မ်က္လုံးေတြကေတာ့ ၾကယ္ေတြလိုေတာက္ပေနခဲ့ၿပီး ဖက္ထုပ္ရဲ႕ထုတ္ပိုးျခင္းအေပၚမွာသာ သစၥာရွိရွိဆက္လက္လႈပ္ရွားေနခဲ့တယ္။

သူအကိုက္ခံလိုက္ရတဲ့အခ်ိန္မွာပဲ ဝမ္ေရွာင္းမ်ယ္က လက္ကိုေျမႇာက္ၿပီး သူ႔မ်က္ႏွာေပၚကို ' pa ' ဟူေသာအသံႏွင့္အတူ ခပ္ၾကမ္းၾကမ္းထိုးခ်ေပးလိုက္တယ္။

သူ႔အဝတ္အစားေတြက စိတ္ပ်က္ဖို႔ေကာင္းေအာင္ယိုယြင္းေနခဲ့သလို သူ႔မ်က္ႏွာေပၚမွာလည္း ေဒါသထြက္ေနေၾကာင္းေဖာ္ျပထားခဲ့ၿပီး သူ႔လက္ကလည္း ခပ္တင္းတင္းလက္သီးဆုပ္ထားခဲ့တယ္။

" မင္းက တကယ့္လူလိမ္ႀကီးပဲ! ငါတို႔အစကေနျပန္စႏိုင္တယ္လို႔ပဲ မင္းေျပာခဲ့တယ္။ ဒါေပမယ့္ တစ္ခုသတိမထားမိတာက မင္းငါ့ကိုၾကည့္လိုက္တဲ့အခါတိုင္း မင္းရဲ႕ရွစ္ရႈန္းအေနနဲ႔ ၾကည့္ခဲ့တာခ်ည္းပဲ "

" ဝမ္ဖုန္းက်င္ မင္းေခါင္းကိုမင္းရွင္းရွင္းလင္းလင္းထားၿပီး ငါဘယ္သူလဲဆိုတာေသခ်ာၾကည့္ "

ဝမ္ေရွာင္းမ်ယ္က ယုတၱိမတန္တဲ့လူမျဖစ္ခ်င္ခဲ့ဘူး ဒါေပမယ့္လည္း ဒီကိစၥမွာေတာ့အခိုင္အမာကိုျဖစ္ေနခဲ့တယ္။ ဝမ္ဖုန္းက်င္သာ အသစ္ဝင္လာတဲ့သူ႔ကို လုံးဝလက္ခံႏိုင္ခဲ့ပါရင္ သူကလည္း သူနဲ႔အတူအသစ္ကျပန္စဖို႔အစီအစဥ္ရွိတယ္။ အကယ္၍ တစ္ဖက္လူက သူ႔ကိုေသလြန္ၿပီးတဲ့ မ်န္တ်န္းအေနနဲ႔သာျမင္ေနမယ္ဆိုရင္ေတာ့ သူလုံးဝကိုခြင့္မလႊတ္ေပးႏိုင္ဘူး။

ငါတို႔ေယာက်ာ္းေတြမွာလည္း ဂုဏ္သိကၡာရွိေသးတယ္ဆိုတာ မင္းသိထား။

သူမ်ားစားၿပီးသားႀကီးေကာက္စားရမယ့္အစား အငတ္ခံၿပီး အေသပဲခံလိုက္မယ္။

" ဟား ဟား ဟား ဟား.... " ဝမ္ဖုန္းက်င္က သူ႔ေခါင္းေလးကိုေစာင္းၿပီး စတင္ရယ္ေမာလာတယ္။ သူ႔မ်က္လုံးေတြထဲမွာလည္း စိတ္လႈပ္ရွားမႈတစ္ခုကရွိေနခဲ့တယ္။ " အတူတူပဲ။ ဒီ႐ိုက္ခ်က္က အဲ့ဒီတုန္းကနဲ႔အတူတူပဲ "

"......"

အိုး ႏိုး ငါသူ႔ကို လက္သီးနဲ႔ထိုးလိုက္မိၿပီ။

ဝမ္ေရွာင္းမ်ယ္တစ္ေယာက္ တံေတြးေတြမ်ိဳခ်လိုက္မိတယ္။ သူ႔အေပၚကလူက ေနာက္တစ္ဖန္ ႏူးညံ့ညင္သာမႈကို ျပန္ေျပာင္းသြားခဲ့ျပန္တယ္။ သူ႔ႏႈတ္ခမ္းကလည္း ေကြးတက္သြားၿပီး ထူးဆန္းတဲ့မ်က္ဆံေတြထဲ အလြန္ခ်စ္ခင္တြယ္တာမႈေတြနဲ႔ျပည့္ႏွက္ေနတယ္။

ဝမ္ေရွာင္းမ်ယ္ရဲ႕ဆံႏြယ္ေတြက အဆုံးထိေျပက်သြားခ်ိန္ ဝမ္ဖုန္းက်င္က သူ႔မ်က္လုံးေတြကိုေမွးက်ဥ္းလိုက္ၿပီး ႏွစ္ေယာက္သားရဲ႕အၾကည့္ေတြကို စုံေစလိုက္တယ္။ သူကေျပာလာတယ္: " ဒီအျပင္ဘက္ ပုံပန္းသ႑ာန္ကို ကိုယ္လုံးဝႀကိဳက္ခဲ့တာမဟုတ္ဘူး။ ဒါေပမယ့္ ဒီခႏၶာကိုယ္ထဲကို မင္းဝင္လာခဲ့တဲ့အခ်ိန္ကစၿပီး အရာအားလုံးကေျပာင္းလဲသြားခဲ့ၿပီ "

" ဒီအေၾကာင္းေၾကာင့္ မင္းအရမ္းစိတ္အေႏွာင့္အယွက္ျဖစ္ရတယ္ ၊ ကိုယ္တို႔ဆက္ဆံေရးကိုထိခိုက္ေစတယ္ဆိုရင္ ကိုယ္မင္းကိုေျပာျပမယ္ အတိတ္ေတြ အနာဂတ္ေတြဆိုတာ လုံးဝမရွိဘူး ကိုယ္အၿမဲတမ္းခ်စ္ခဲ့တဲ့ တစ္ဦးတည္းေသာသူက မင္းပဲ.... "

ထိန္းမႏိုင္သိမ္းမရေတာ့တဲ့ မေကာင္းဆိုးဝါးႀကီးကတျဖည္းျဖည္းနဲ႔ ရစ္ပတ္ထြက္ေပၚလာတယ္။

ဝမ္ေရွာင္းမ်ယ္က ထိုသူ႔မ်က္ဆံေတြထဲက သူ႔ပုံရိပ္ကိုသူၾကည့္ေနမိတယ္။ လက္ေခ်ာင္းေလးကေတာ့ သူ႔ရင္ဘက္ေပၚတင္ထားလွ်က္နဲ႔။

သူ႔ႏႈတ္ခမ္းေတြကလႈပ္ရွားလာၿပီး ဆက္ေျပာတယ္: " လြန္ခဲ့တဲ့ႏွစ္တစ္ေထာင္ေက်ာ္ထဲက ကိုယ္ခ်စ္ရတဲ့လူရဲ႕နာမည္က ဝမ္ေရွာင္းမ်ယ္တဲ့ "

" မင္းက ကိုယ့္ကိုလူလိမ္လို႔ေျပာတယ္ ၊ ဒါေပမယ့္ မင္းကမွ တကယ့္လူလိမ္အႀကီးစားျဖစ္ေနတာ "

"....."

" မင္း....ဘာေျပာခ်င္ေနတာလဲ "

"Ah?"

ဝမ္ဖုန္းက်င္က သူ႔ကိုဆြဲထူလိုက္ၿပီး အေခါင္းကိုဖြင့္လိုက္တယ္။ သူကေခါင္အုံးလို ေသတၱာႀကီးကိုဆြဲယူလိုက္ေလတယ္။ သူဘယ္လိုလုပ္လိုက္လဲေတာ့မသိဘူး ေသတၱာႀကီးက ကလစ္ဆိုၿပီးပြင့္သြားေလရဲ႕။ ငုတ္တုတ္ေမ့ေနတုန္းမွာပဲ ဝမ္ေရွာင္းမ်ယ္က သူတို႔ရဲ႕ဆံႏြယ္ခ်ည္ႀကိဳးေလးနဲ႔အတူ အျခားအရာေသးေသးေလးအေတာ္မ်ားမ်ားကိုေတြ႕လိုက္ရတယ္။ အဲ့ထဲမွာ ေဟာင္းႏြမ္းစုတ္ၿပဲေနတဲ့ စာအုပ္ႏွစ္အုပ္လည္းပါဝင္ေလတယ္။

ဝမ္ဖုန္းက်င္က အေပၚကစာအုပ္ကိုယူထုတ္လိုက္ၿပီး ေသတၱာကိုခပ္ျမန္ျမန္ျပန္ပိတ္လိုက္တယ္။ ထို႔ေနာက္ သူက စာအုပ္ကို႔ သူ႔လက္ထဲထည့္ေပးလာတယ္။

" ၾကည့္လိုက္ "

" ဒါ...ဒါက.... "

ဝမ္ေရွာင္းမ်ယ္က အားနည္းနည္းေလးစိုက္႐ုံနဲ႔ ၿပဲသြားႏိုင္တဲ့စာအုပ္ကို ဗလာျဖစ္စြာနဲ႔ၾကည့္ေနမိတယ္။

သူက ပထမစာမ်က္ႏွာကိုလွန္ၿပီး အေပၚဆုံးစာလုံးေတြကိုဖတ္လိုက္ၿပီးေနာက္ သူခ်က္ခ်င္းကိုစိတ္ပ်က္သြားခဲ့ေတာ့တယ္။

" ဒါက....ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ "

_____


{Unicode}

ဝမ်ဖုန်းကျင်အတိတ်အကြောင်းကို အိပ်မက်မက်ခဲ့တာက ထိုဆံနွယ်ချည်ကြိုးလေးကြောင့်ပဲဖြစ်လိမ့်မယ်။

အနီရောင်ခြုံထည်ဝတ်ဆင်ထားသည့် လှပသော်ငြား‌ အေးစက်သောအသွင်အပြင်ရှိတဲ့ ဝမ်ဖုန်းကျင်က အထက်မှာ ပျံဝဲနေရင်း ခေါင်းဖြတ်သတ်ကွင်းထဲသို့ လမ်းတလျှောက်ခေါ်ဆောင်ခံလာရတဲ့ ဖခင်ဖြစ်သူကို ကြည့်နေတဲ့ကောင်လေးကို ကြည့်နေမိတယ်။ တစ်ချိန်တစ်ခါက မြောက်ပိုင်းအင်ပါယာရဲ့ကိုယ်စားလှယ်မင်းသားအဖြစ် ဘုရင်ရဲ့ထီးနန်းကို အထောက်အပံ့ပေးရင်း လူထုကြားထဲ လူအဖြစ်ပြန်ဝင်စားလာတဲ့ နတ်ဘုရားတစ်ပါးလို သတ်မှတ်ခြင်းခံခဲ့ရပေမယ့် အခုချိန်မှာတော့ ရန်သူနိုင်ငံနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ အပြစ်ဒဏ်ချမှတ်ခံထားရတယ်...

"အပြစ်သားဝန်ကြီး၏ သားဖြစ်သူကို ရွှမ်ဖုန်းပညာတော်သင်ကျောင်းသို့ စေလွှတ်မည်။ သို့သော် နောက်လာမည့်မျိုးဆက်သုံးဆက်ကိုတော့ မည်သည့်အဆင့်အတန်းမှ ပေးအပ်ခြင်းမပြုရဟု အရှင်မင်းမြတ်မှ အမိန့်တော်ချမှတ်လိုက်သည်..."

ဘုရင်ခံနယ်မြေမှာ နေထိုင်ကြတဲ့ ရာပေါင်းများစွာသောလူတွေရှေ့မှာတင် ဖုံးကွယ်ထားသော အခြေအမြစ်မရှိတဲ့ အထောက်အထားတွေနဲ့ ဘုရင်ခံရဲ့ပြစ်မှုတွေဆိုကာ ခေါင်းပေါ်ပုံချခံလိုက်ရတယ်။ ပုံပြောဆရာတွေက ရွံရှာဒေါသထွက်စရာစကားလုံးတွေကို လိုက်ဖြန့်နေပြီး အထိန်းအမှတ်ကျောက်တိုင်ပေါ်မှာ သူ့ဖခင်ရဲ့နာမည်ကိုတောင် ထွင်းထုချင်ခဲ့တဲ့လူထုက အခုတော့ သူ့ကို သစ္စာဖောက်ခွေးတစ်ကောင်လို ကျိန်ဆဲနေကြပြီ။

သူတို့တွေက ဒီခွေးမျိုးဆက်ကို အမွှေးတိုင်ထွန်းနိုင်လာတဲ့အထိ လွှတ်ထားပေးခဲ့တဲ့ ဧကရာဇ်ကြီးရဲ့ စိတ်သဘောထားကြီးမှုကို အမွှန်းတင်နေကြတယ်။

သို့သော်ငြား ဒါက ညှာတာထောက်ထားတာလား ဒါမှမဟုတ် အငြိုးအတေးထားတာလား...

မိသားစုကလူတစ်ယောက်ချင်း ခေါင်းဖြတ်သတ်ခံရတာကိုကြည့်ဖို့အတွက်နဲ့ လေးနှစ်သားအရွယ် ကောင်လေးကို လွှတ်ပေးခဲ့သည်လား ။

ကောင်လေးကို ရွှမ်ဖုန်းပညာတော်သင်ကျောင်းကို ပို့လိုက်လို့ အသိပညာအားလုံးသင်ကြားခွင့်ရမယ်ဆိုပေမယ့် ကောင်လေးရဲ့မျိုးဆက်သုံးဆက်ထိတိုင်အောင် အောင်​မြင်ကျော်ကြားလာနိုင်မှာမဟုတ်တော့ဘူး။

လူအုပ်ကြီးက ဩဘာပေးနေကြကာ ညစ်ပတ်တဲ့အရာတွေ သူ့ဆီလှမ်းပေါက်နေပြီး ဓားအပင့်အချမှာတင် အသတ်ခံနေရတဲ့ မိဘတွေကို ငိုပြီးတော့သာ ကြည့်နေနိုင်တဲ့ကောင်လေးကို ဝမ်ဖုန်းကျင်ကြည့်နေမိတယ်။

နောက်တော့ ထိုအထင်အမြင်သေးဖို့ကောင်းတဲ့ကောင်လေးကို တောင်တွေထဲကမှအနက်ရှိုင်းဆုံးဖြစ်တဲ့ ရွှမ်ဖုန်းပညာတော်သင်ကျောင်းကို ပို့လိုက်ကြတယ်။

ပညာရေးမှာအောင်မြင်ဖို့အတွက် ​နေရာလား။ လေးနှစ်သားကောင်လေးကတော့ ပထမဆုံးနေ့မှာပဲ သစ္စာဖောက်ကောင်ဆိုပြီး အခေါ်ခံခဲ့ရလေရဲ့။ တစ်စုံတစ်ယောက်က သူ့ကိုဖိပြီး သူ့ခေါင်းကို ရေအိမ်ထဲတွန်းထည့်ဖို့ ကြိုးစားခဲ့တယ်။ သူ့ထက် သိပ်အသက်ကြီးပုံတောင်မပေါ်တဲ့ ကျောင်းသားအဖွဲ့လိုက်ကြီးက လက်ခုပ်တွေတီးရင်း သူ့ကိုရယ်မောခဲ့ကြလေရဲ့။

" သူ့ကိုသောက်ခိုင်းလိုက်! ဟားဟားဟား သူ့ကိုသောက်ခိုင်းလိုက်! သူ့မျက်လုံးတွေကိုလည်းကြည့်ပါအုံး ဘယ်လိုလူမျိုးက အဲ့လိုမျက်လုံးမျိုးရှိမှာလဲ "

" ဘာလို့ဆို သူက သစ္စာဖောက်ခွေးရဲ့သား ဖြစ်နေတာကိုး ဟားဟားဟား.... "

ပြီးတော့ အဲ့တာက လူငယ်လေးနှစ်ဝက်လောက်အထိ ဘယ်လိုနေခဲ့ရတယ်ဆိုတာပဲ။ အမြဲတမ်း သူ့အိပ်ရာက ညစ်ပတ်တဲ့ရေတွေနဲ့စွန်းပေခံထားရတာ ဟုတ်ရင်ဟုတ် မဟုတ်ရင်လည်း အခြားမကောင်းတဲ့အရာတစ်ခုခုနဲ့စွန်းပေခံထားရတယ်။ သူ့အစားအစာတွေကလည်း အမြဲတမ်း မှောက်ချခံထားရပြီး ဆရာတွေကလည်းအမြဲတမ်း စာသင်ချိန်အတွင်း သူ့ကိုစာသင်ခန်းအပြင်ဘက်မှာ မတ်တပ်ရပ်အပြစ်ပေးထားခဲ့တယ်။ ဒါပေမယ့်လည်း ညစ်ပတ် ပိန်လှီနေတဲ့ထိုကောင်လေးကတော့ တိတ်တိတ်လေးသူ့နားကို နံရံမှာကပ်ပြီး သင်ယူလေ့လာနေဆဲပါပဲ...

ထိုပုံစံနဲ့ သူ့ကိုမိသွားပြီဆိုရင်လည်း ​ကြိမ်လုံးနဲ့ အပြစ်ပေးခံခဲ့ရသေးတယ်...

ရေတံခွန်လိုမျိုး ဖျာကျနေတဲ့ အနက်ရောင်ဆံနွယ်ရှည်ရှိတဲ့ ဝမ်ဖုန်းကျင်က ထိုမြင်ကွင်းကို အမူအရာမရှိ စိတ်ဆိုးဒေါသထွက်ခြင်း တစ်စက်လေးတောင်မရှိပဲ ကြည့်နေခဲ့တယ်။ ကောင်လေးက အသက်ခုနစ်နှစ် ရောက်သည်အထိ ဒီလိုဘဝမျိုးနဲ့ပဲနေထိုင်ခဲ့ရတယ်။ အနောက်တောင်ဘက်ကို တိတ်တိတ်လေးလာပြီး သူ့အစာအိမ်ဖြည့်ဖို့ သစ်သီးရိုင်းတွေလာကောက်တဲ့အချိန် အကြီးအကဲနဲ့ သူတို့ရဲ့တာ့ရှစ်ရှုန်းကို သူတွေ့လိုက်ရတယ်။

ဒီရှစ်ရှုန်းကို ကလေးတုန်းကတစ်ခါပဲသူတွေ့ဖူးခဲ့တာ။ ဘာလို့ဆို သူက အဖွဲ့အတူတူ ပညာသင်ခဲ့ရတာမဟုတ်လို့ပဲ။

ဒါပေမယ့်လည်း သူတို့ရဲ့ရှစ်ရှုန်းက ကျောက်စိမ်းလေးလိုနူးညံ့သိမ်မွေ့ပြီး အသက်ငယ်ငယ်လေးနဲ့တောင် ပြိုင်ဘက်ကင်းအမျိုးသားကောင်းတစ်ယောက်အဖြစ် ဂုဏ်သတင်းမွှေးနေခဲ့တယ်။ ထိုလူသားက အမြဲတမ်းအပြုံးတစ်ခုကိုသယ်ဆောင်ထားပြီး တောင်ဘေးတစ်လျှောက်လွင့်မျောနေတဲ့ တိမ်တွေလိုမျိုး မိုးပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားလေတယ်။

သူတို့ပထမဆုံးစတွေ့ချိန်တုန်းက ဖုန်းကျင်သေးသေးလေးဟာ အချိန်အကြာကြီး မျက်နှာတွေနီရဲနေခဲ့လေရဲ့။

အကြီးအကဲပြောတာကို သူကြားလိုက်ရတယ် " အစီအစဥ်ကဘယ်လိုအခြေအနေရှိလဲ "

တာ့ရှစ်ရှုန်းကပြုံးလိုက်တယ် " သုံးနှစ်တောင်ရှိသွားခဲ့ပြီ။ အဲ့ကလေးက အတော်လေးကံကောင်းတယ်။ ဒါပေမယ့် ကျွန်တော် အခြားကလေးတွေနဲ့ဆရာတွေကို ပြောထားပြီးပါပြီ။ ဆရာ စိတ်ချလက်ချအနားယူလို့ရပြီ။ သူဘယ်တော့မှ ဒီ့ထက်ပိုကောင်းမှာမဟုတ်သလို အထက်ကိုလည်းတက်လို့ရမှာမဟုတ်ပါဘူး "

"....."

ထိုမြင်ကွင်းကိုကြည့်နေတဲ့ အရွယ်ရောက်ပြီးသူဖုန်းကျင်က ပြုံးနေတဲ့မျန်တျန်းကို ရွံရှာတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ ရှင်းပြလို့မရနိုင်တဲ့ အထင်သေးတဲ့အကြည့်တွေက သူ့မျက်နှာပေါ်မှာပေါ်လာခဲ့တယ်။

ထိုအချိန်ကစပြီး ဖုန်းကျင်အသေးလေးဟာ ရက်စက်ပြီး သီးခြားနေတတ်တဲ့သူအဖြစ်ပြောင်းလဲသွားတော့တယ်။ သူဟာ ထပ်ပြီးသည်းခံမနေတော့ပဲ သူ့ရဲ့လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်အဖိုးအခပေးရမယ်ဆိုရင်တောင် လက်တုံ့ပြန်အုံးမှာပဲဖြစ်တယ်။

အဲ့တာပြီး တစ်နှစ်ကြာပြီးတော့ ထို ' ကျောက်စိမ်းလို အမျိုးသားကောင်းလေး ' တာ့ရှစ်ရှုန်းနဲ့ နောက်ထပ်တစ်ကြိမ်ပြန်တွေ့ဆုံခဲ့ရတယ်။

အသစ်စိုက်ပျိုးထားတဲ့ ဂျန်ဂိုပင်ကြီးအောက်က ကျောက်သားခုံပေါ်မှာထိုင်ပြီး သစ်ပင်ကြီးကိုအပြုံးလေးနဲ့ ရှူစားနေခဲ့တဲ့ တာ့ရှစ်ရှုန်းကိုမြင်လိုက်ရတယ်။ နောက်ပြီး သူ(မျန်တျန်း) လှည့်ကြည့်လိုက်ချိန် သူ့(ဖုန်းကျင်) ကိုမြင်လိုက်ရတဲ့အခါ သူ့(မျန်တျန်း) မျက်နှာပေါ်မှာ မှင်တက်နေတဲ့ပုံရှိနေခဲ့တယ်....

လေတစ်ချက်တိုးဝှေ့လာတိုင်း အနက်ရောင်ဆံနွယ်ရှည်ကြီးနဲ့အပြာဖျော့ဖျော့အဝတ်အစားတွေက ညင်သာစွာလွင့်နေခဲ့တယ်။ ချောမောတဲ့မျက်နှာလေးပေါ်မှာ တောက်ပတဲ့အပြုံးလေးတစ်ခုကရှိနေခဲ့ပြီး ​သန့်ရှင်းကြည်လင်လှတဲ့မျက်လုံးတစ်စုံကတော့ မီးရှူးမီးပန်းလိုမျိုးတောက်ပနေခဲ့တယ်။ ဒီအချိန်မှာတော့ သူကတောင်စောင်းပေါ်က မိုးတိမ်တွေနဲ့မတူတော့ဘဲ မိုးရွာပြီးနောက် တိုက်ခတ်လာတဲ့ လေပြေလေးနဲ့တူနေတော့တယ်။

ဒီမြင်ကွင်းတစ်ခုလုံးကိုကြည့်နေရတဲ့ ဝမ်ဖုန်းကျင်ရဲ့ မျက်ခုံးနှစ်ခုကြားကအမှတ်လေးက အနီရောင်တောက်လာခဲ့ပြီး သူ့ရဲ့မျက်လုံးနဲ့မျက်နှာပေါ်က ထူးမခြားနားပုံရိပ်တွေက အဝေးကိုလှည်းထုတ်ခံလိုက်ရတယ်။ သူက သူ့လက်ကိုမြှောက်လိုက်ပြီး လွမ်းဆွတ်တမ်းတနေခဲ့ရတဲ့ ထိုလူငယ်လေးကိုထိတွေ့ချင်နေခဲ့တယ်...

ရှစ်ရှုန်းက ပြောတယ် : " ကောင်ကလေး မင်းကဘယ်သူတုန်း.... "

ကလေးက လက်သီးဆုပ်လိုက်ပြီး ဝံပုလွေပေါက်လေးလိုအကြည့်တွေနဲ့ သူ့ကိုကြည့်လိုက်တယ်: " ကျွန်တော်ဘယ်သူဆိုတာ ခင်ဗျားသိပြီးသားပဲ မဟုတ်ဘူးလား "

သူက ငုတ်တုတ်မေ့နေခဲ့ပြီးမှ သူ့မျက်နှာပေါ်မှာရှက်ရိပ်လေးနည်းနည်းသန်းလာခဲ့တယ်: " အာ....ဟား, ဒီနေရာမှာက ကလေးတွေအများကြီးရှိတာလေ ၊ ငါ့အတွက်တော့ မမှတ်မိတာကပုံမှန်ပဲမဟုတ်ဘူးလား။ တစ်ယောက်နဲ့တစ်ယောက်ထပ်ပြီး မိတ်ဆက်ရအောင်လေ။ ငါက မျန်တျန်း ။ မင်းကရော ။ မင်းနာမည်ကဘယ်လိုခေါ်လဲ.... "

မေးပြီးတဲ့နောက် သူကမတ်တပ်ရပ်လာပြီး ကလေးငယ်ရဲ့စောင့်ကြည့်မှုအောက်မှာပဲ အရှေ့သို့ငုံ့ကိုင်းလာခဲ့တယ်။ ထင်းရှူးနံ့လေးက လေထုတစ်ဝိုက်လွှမ်းချုံသွားပြီး သူ့ရဲ့လက်ကိုကလေးငယ်ရဲ့ခေါင်းပေါ်ထားလို့ တောက်ပတဲ့အပြုံးလေးနဲ့ ပွတ်သပ်ပေးလေတယ်။

" အပြင်စာသင်ဆောင်မှာ အရမ်းကိုထူးခြားတဲ့မျက်လုံးတစ်စုံပိုင်တဲ့ ကလေးတစ်ယောက်ရှိတယ်လို့ သူတို့တွေပြောတာငါကြားခဲ့တယ် "

ဖုန်းကျင်အသေးလေးက သူ့လက်ကို အပူတပြင်းအဝေးသို့ရိုက်ထုတ်လိုက်လေရဲ့။ သူက သူ့မျက်လုံးတွေကို အစော်ကားခံလိုက်ရသလိုမျိုး ရှက်ရွံ့စွာနဲ့ ကာကွယ်ထားလေတယ်။ ဒါပေမယ့်လည်း နောက်ထပ်စက္ကန့်အနည်းငယ်အကြာမှာ သူ့လက်တွေကပြန်ဆွဲယူခံလိုက်ရတယ်။ သူ့ရှေ့ကလူ​က သူ့အတွက် သုံးနှစ်ကြာအောင်အိပ်မက်ဆိုးတစ်ခုအနေနဲ့ အမြစ်တွယ်နေခဲ့တဲ့လူသားတစ်ယောက်ဖြစ်တယ်။ ဒါပေမယ့်အခုတော့ သူကြည့်ရတာ အခြားတစ်ယောက်အဖြစ်ပြောင်းသွားသလိုပဲ။ သူကပြောလာတယ်: " ဘယ်နေရာကထူးခြားတဲ့ မျက်ဝန်းတစ်စုံမလို့လဲ..... "

" သမိုင်းတလျှောက် ထူးချွန်ခဲ့တဲ့လူတွေထဲမှာ ပုံမှန်လူတွေနဲ့မတူတဲ့အရာတွေရှိကြတယ်တဲ့ "

" မင်းကကျိန်းသေပေါက်ကို အနာဂတ်မှာထူးချွန်တဲ့လူတစ်ယောက်ဖြစ်လာမှာ... "

ထိုနေ့မှာ ​နေကပိုပြီးတောက်ပနေလို့ဖြစ်မယ်, လေတွေကပိုပြီးလတ်ဆတ်နေလို့လည်းဖြစ်မယ် ထိုလူသားရဲ့အပြုံးက ပိုပြီးတော့နူးညံ့သိမ်မွေ့နေခဲ့တယ်။

" လာပါ မင်းရဲ့နာမည်ကိုနောက်တစ်ခေါက်ထပ်ပြောပြလိုက်။ ဒီတစ်ခါတော့ ငါလုံးဝမမေ့တော့ဘူး "

ဖုန်းကျင်အသေးလေးက အချိန်အကြာကြီးဆွံ့အနေခဲ့မိတယ်။ အနီရောင်ဝတ်ရုံနဲ့ လူကြီးဖုန်းကျင်ကတော့ သူ့နောက်မှာရပ်ရင်း ပြုံးနေလေတယ်။

သူတို့က တညီတညွတ်ထဲပြောလိုက်ကြတယ်: " မျန်တျန်းရှစ်ရှုန်း ရှစ်ရှုန်းကောင်းကောင်းမှတ်မိမှာပါ ကျွန်တော့်နာမည်က ဝမ်ဖုန်းကျင်..... "

ဒီလိုနဲ့ပဲ ထူးခြားတဲ့လူက တွင်းနက်ကြီးထဲ ကျသွားပြီး ဝမ်ဖုန်းကျင်ဆိုတဲ့နာမည်နဲ့ ကလေးတစ်ယောက်ကို ရှာတွေ့ခဲ့ကာ သူ့နှလုံးသားထဲမှာ ထာ၀ရအလင်းရောင်လေးဖြစ်လာခဲ့တယ်။

ငါ့နှလုံးသားထဲမှာနေထိုင်တဲ့ လူတစ်ယောက်ရှိတယ်။

သူ​က ပြုံးတဲ့လူတွေကိုသဘောကျတာကြောင့် ငါလည်း မကြာခဏပြုံးပြပေးတတ်တယ်။

သူက ကြင်နာတဲ့လူ​တွေကိုသဘောကျတာကြောင့် ငါလည်း ဟန်ဆောင်ဖုံးကွယ်တဲ့နေရာမှာဆရာတစ်ဆူ ဖြစ်လာခဲ့တယ်။

သူက သန်မာတဲ့လူတွေကိုသဘောကျတာကြောင့် ငါလည်း ငါ့ရဲ့သံချပ်ကာကိုဝတ်ဆင်ထားလိုက်တယ်။

သူက ဖြောင့်မတ်တဲ့လူတွေကိုသဘောကျတာကြောင့် ငါ့ရဲ့ဝံပုလွေအရေခွံကိုချွတ်လိုက်ပြီး စင်ကြယ်တဲ့သိုးသငယ်လေးပုံစံအစားထိုးလိုက်တယ်။

ဒါပေမယ့် ငါဟာ အသွေးကိုသောက် ၊ အသားကိုစားဖို့သာမွေးဖွားလာခဲ့တဲ့သူမို့ အချိန်တိုင်း အချိန်တိုင်း သူ့ရဲ့ချစ်မြတ်နိုးခြင်းတွေနဲ့ နွေးထွေးမှုကိုခံစားရဖို့အတွက် သူ့မျက်လုံးတွေကို အလိမ်အညာတွေနဲ့သာ ဖုံးကွယ်နိုင်ခဲ့တယ်။

ငါဘယ်တော့မှ ငါ့ကိုယ်ငါမသနားခဲ့ဘူး။ ငါဟာအရမ်းကို ဝမ်းသာပီတိဖြစ်ခဲ့တယ်။ ငါသူ့ကိုချစ်တယ် ဒါပေမယ့် အလိမ်အညာတွေဟာ တစ်နေ့တော့ဆုတ်ပြဲသွားရအုံးမှာပဲ။

အဲ့တာကြောင့် အဓိပ္ပါယ်မရှိတဲ့အရာတွေအကုန်လုံးငါလုပ်ခဲ့တယ်။ အလင်းရောင်ဟာ အညစ်အကြေးတွေနဲ့စွန်းထင်းနေခဲ့မယ်ဆိုရင်တောင် ငါကတော့ ငါ့နှလုံးသားထဲမှာခိုင်မြဲစွာအကျဥ်းချထားချင်နေတုန်းပဲ။

ဝမ်ဖုန်းကျင်နိုးထလာပြီး သူ့ဘေးကလူကိုကြည့်ဖို့လှည့်လိုက်တယ်။ သူ့ရဲ့ဖြူဖွေးနေတဲ့အသားအရေမှာတောက်ပနေတဲ့လိုင်းတစ်ခုက ချောမွေ့နေတဲ့နှဖူးပေါ်ကနေ နှာခေါင်းအဖျားလေးအထိ ခိုင်မာစွာရေးဆွဲထားတာကြောင့် သူ့မျက်နှာလေးကို နူးညံ့သိမ်မွေ့တဲ့ပုံပေါက်နေစေတယ်။ သူ့မျက်လုံးကိုမှိတ်ထားတဲ့အချိန် ထူထဲ ကော့ဆင်းနေတဲ့မျက်တောင်လေးတွေက ကာကွယ်ပေးထားလေရဲ့။

နူးညံ့သိမ်မွေ့တဲ့နှုတ်ခမ်းလေးတစ်စုံက တီးတိုးပြောလိုက်တယ်: " မျန်တျန်း အခုက ကမ္ဘာမြေပေါ်ကနေ့သစ်တစ်နေ့ ဖြစ်နေခဲ့ပြီ "

မင်းမျက်လုံးဖွင့်လာတဲ့အချိန်လေးမှာပဲ မင်းနာမည်က ဝမ်ရှောင်းမျယ်ပါဆိုပြီး မျက်လုံးလေးမှေးလို့အနေခက်စွာပြောခဲ့တယ်: ငါက ငါ့ကိုဖုန်းကျင်လို့ခေါ်ဖို့ တောင်းဆိုလို့ မင်းခေါ်လိုက်တဲ့အချိန်ထဲက ငါသိခဲ့လိုက်တယ်။

မင်းပြန်လာခဲ့ပြီ...

ဝမ်ဖုန်းကျင် ခေါင်းငုံ့ကာ ထိုလူရဲ့နှုတ်ခမ်းတွေကို အရည်ပျော်နေတဲ့ရတနာတစ်ပါးလိုမျိုး အလွန်တရာဂရုတစိုက်နဲ့ နမ်းရှိုက်နေတာက အိပ်ပျော်နေတဲ့သူတောင် နိုးလာတဲ့အထိဖြစ်တယ်။

ဝမ်းရှောင်းမျယ်က ခက်ခက်ခဲခဲနဲ့သူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လာတယ်။

" အမ်းးး....မင်းဘာလုပ်နေတာတုန်း! ငါ့ကိုအိပ်မက်ထဲမှာ မြူစွယ်ဖို့ကြိုးစားနေတာလား "

" မျန်တျန်း "

" ဟမ် "

" ငါလိုချင်တယ် "

"....."

ဝမ်ရှောင်းမျယ်က သစ်သားတုံးမျက်နှာကြီးဖြင့်: ဘာလိုချင်တာလဲ။ သေချင်တာလား။

မင်းလိုမသေမျိုးကြီးက ဘာတွေတွေးနေတာတုန်း။

သို့သော်လည်း ဝမ်ဖုန်းကျင်က သူ့ကိုတင်းတင်ကြပ်ကြပ် ကပ်နေလေရဲ့။ သူ့မျက်နှာပေါ်မှာလည်း အမူအရာအသစ်တစ်ခုကရှိနေခဲ့တယ်။ အဲ့တာက ဆိုက်ကိုလိုလည်းမဟုတ် နူးညံ့ညင်သာနေတာလည်းမဟုတ်ဘဲ ကြောင်လေးတစ်ကောင်က သူ့အတ္တကိုဘေးဖယ်ထားပြီး ပထမဆုံးအကြိမ်သူ့သခင်ကျေနပ်အောင် ကြိုးစားပြီးလုပ်ပြနေတာနဲ့တူနေတယ်။ အခြားဟာတွေထက် သူက သူ့ခန္ဓာကိုယ်နဲ့ပွတ်သပ်နေပြီး သူကတိတ်တဆိတ်နဲ့ သူ့အဝတ်အစားတွေကိုလည်းဆွဲထားသေးတယ်။

မြောင် လို့အသံမထွက်ရုံတမယ်ပဲ။

အဲ့တာထက် ငါကတော့မင်းကို ကြောင်လို့ကိုစဥ်းစားလို့မရဘူး။ မင်းက ဝံပုလွေကြီးတစ်ကောင်နဲ့တောင် ပိုပြီးတူသေးတယ်။

ဘာလို့ ဘောစ့်ကြီးမှာနောက်ထပ်စရိုက်တစ်မျိုးရှိနေရတာတုန်းလို့။ ကြည့်ရတာ ငါနောက်ထပ်တစ်နှစ်လောက်ထပ်အိပ်ပျော်သွားလို့နေမယ်။

ပြီးတော့ မင်းက စိတ်အခြေအနေကို မဖတ်တတ်ဘူးလား? ငါ မအိပ်ခင်လေးတင် မင်းကို မတွေ့ချင်တဲ့ပုံစံလုပ်ပြထားတာလေ!

ဝမ်ရှောင်းမျယ်ရဲ့လက်နဲ့ခြေထောက်တွေက ဝမ်ဖုန်းကျင်ကြောင့်ရှုပ်ပွသွားရတဲ့ သူ့အဝတ်အစားတွေကို ပြန်ဖိချဖို့ရုန်းကန်နေရတယ်။

" ငါအပိုင်း(episode) တစ်ခုခုများလွတ်သွားခဲ့တာလားဟင် ဒါမှမဟုတ် မင်းဘာသာတမင်သက်သက်ရှေ့ဆက်သွားခဲ့လိုက်တာလား။ ချီးလိုပဲ! ဆွဲနေတာရပ်တော့။ မင်းက မင်းရှစ်ရှုန်းကိုနှစ်သက်တဲ့ သားရဲတစ်ကောင်ဆိုတာ ငါသိပါတယ်။ ငါကဝမ်ရှောင်းမျယ်လို့။ ဒီညံ့ဖျင်းတဲ့လူက ဖိအားပေးခံရမှာကိုငြင်းဆန်တယ်— မင်းဆက်လုပ်နေမယ်ဆိုရင် ငါအော်တော့မှာနော် "

" ငါအစားထိုးတစ်ယောက်ဖြစ်ဖို့ ငြင်းတယ်လို့ " ဝမ်ရှောင်းဖက်ထုပ်လေးက သူ့အဝတ်တွေအချွတ်ခံနေရတာတောင် သူ့ရဲ့ရိုးသားဖြောင့်မတ်မှုလေးအတွက် နောက်ဆုံးတစ်ကြိမ် အော်ဟစ်ခဲ့လိုက်သေးတယ်။

ဒါပေမယ့်လည်း အသုံးတော့မဝင်ခဲ့ပါဘူး....

မသေဆုံးနိုင်တဲ့ဖက်ထုပ်ကြီးက ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ခွတီးခွကျနိုင်စွာ .... အတိုင်းဆက်လုပ်နေတော့တယ်။ သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှရှိမနေပေမယ့် သူ့မျက်လုံးတွေကတော့ ကြယ်တွေလိုတောက်ပနေခဲ့ပြီး ဖက်ထုပ်ရဲ့ထုတ်ပိုးခြင်းအပေါ်မှာသာ သစ္စာရှိရှိဆက်လက်လှုပ်ရှားနေခဲ့တယ်။

သူအကိုက်ခံလိုက်ရတဲ့အချိန်မှာပဲ ဝမ်ရှောင်းမျယ်က လက်ကိုမြှောက်ပြီး သူ့မျက်နှာပေါ်ကို ' pa ' ဟူသောအသံနှင့်အတူ ခပ်ကြမ်းကြမ်းထိုးချပေးလိုက်တယ်။

သူ့အဝတ်အစားတွေက စိတ်ပျက်ဖို့ကောင်းအောင်ယိုယွင်းနေခဲ့သလို သူ့မျက်နှာပေါ်မှာလည်း ဒေါသထွက်နေကြောင်းဖော်ပြထားခဲ့ပြီး သူ့လက်ကလည်း ခပ်တင်းတင်းလက်သီးဆုပ်ထားခဲ့တယ်။

" မင်းက တကယ့်လူလိမ်ကြီးပဲ! ငါတို့အစကနေပြန်စနိုင်တယ်လို့ပဲ မင်းပြောခဲ့တယ်။ ဒါပေမယ့် တစ်ခုသတိမထားမိတာက မင်းငါ့ကိုကြည့်လိုက်တဲ့အခါတိုင်း မင်းရဲ့ရှစ်ရှုန်းအနေနဲ့ ကြည့်ခဲ့တာချည်းပဲ "

" ဝမ်ဖုန်းကျင် မင်းခေါင်းကိုမင်းရှင်းရှင်းလင်းလင်းထားပြီး ငါဘယ်သူလဲဆိုတာသေချာကြည့် "

ဝမ်ရှောင်းမျယ်က ယုတ္တိမတန်တဲ့လူမဖြစ်ချင်ခဲ့ဘူး ဒါပေမယ့်လည်း ဒီကိစ္စမှာတော့အခိုင်အမာကိုဖြစ်နေခဲ့တယ်။ ဝမ်ဖုန်းကျင်သာ အသစ်ဝင်လာတဲ့သူ့ကို လုံးဝလက်ခံနိုင်ခဲ့ပါရင် သူကလည်း သူနဲ့အတူအသစ်ကပြန်စဖို့အစီအစဥ်ရှိတယ်။ အကယ်၍ တစ်ဖက်လူက သူ့ကိုသေလွန်ပြီးတဲ့ မျန်တျန်းအနေနဲ့သာမြင်နေမယ်ဆိုရင်တော့ သူလုံးဝကိုခွင့်မလွှတ်ပေးနိုင်ဘူး။

ငါတို့ယောကျာ်းတွေမှာလည်း ဂုဏ်သိက္ခာရှိသေးတယ်ဆိုတာ မင်းသိထား။

သူများစားပြီးသားကြီးကောက်စားရမယ့်အစား အငတ်ခံပြီး အသေပဲခံလိုက်မယ်။

" ဟား ဟား ဟား ဟား.... " ဝမ်ဖုန်းကျင်က သူ့ခေါင်းလေးကိုစောင်းပြီး စတင်ရယ်မောလာတယ်။ သူ့မျက်လုံးတွေထဲမှာလည်း စိတ်လှုပ်ရှားမှုတစ်ခုကရှိနေခဲ့တယ်။ " အတူတူပဲ။ ဒီရိုက်ချက်က အဲ့ဒီတုန်းကနဲ့အတူတူပဲ "

"......"

အိုး နိုး ငါသူ့ကို လက်သီးနဲ့ထိုးလိုက်မိပြီ။

ဝမ်ရှောင်းမျယ်တစ်ယောက် တံတွေးတွေမျိုချလိုက်မိတယ်။ သူ့အပေါ်ကလူက နောက်တစ်ဖန် နူးညံ့ညင်သာမှုကို ပြန်ပြောင်းသွားခဲ့ပြန်တယ်။ သူ့နှုတ်ခမ်းကလည်း ကွေးတက်သွားပြီး ထူးဆန်းတဲ့မျက်ဆံတွေထဲ အလွန်ချစ်ခင်တွယ်တာမှုတွေနဲ့ပြည့်နှက်နေတယ်။

ဝမ်ရှောင်းမျယ်ရဲ့ဆံနွယ်တွေက အဆုံးထိပြေကျသွားချိန် ဝမ်ဖုန်းကျင်က သူ့မျက်လုံးတွေကိုမှေးကျဥ်းလိုက်ပြီး နှစ်ယောက်သားရဲ့အကြည့်တွေကို စုံစေလိုက်တယ်။ သူကပြောလာတယ်: " ဒီအပြင်ဘက် ပုံပန်းသဏ္ဍာန်ကို ကိုယ်လုံးဝကြိုက်ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် ဒီခန္ဓာကိုယ်ထဲကို မင်းဝင်လာခဲ့တဲ့အချိန်ကစပြီး အရာအားလုံးကပြောင်းလဲသွားခဲ့ပြီ "

" ဒီအကြောင်းကြောင့် မင်းအရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတယ် ၊ ကိုယ်တို့ဆက်ဆံရေးကိုထိခိုက်စေတယ်ဆိုရင် ကိုယ်မင်းကိုပြောပြမယ် အတိတ်တွေ အနာဂတ်တွေဆိုတာ လုံးဝမရှိဘူး ကိုယ်အမြဲတမ်းချစ်ခဲ့တဲ့ တစ်ဦးတည်းသောသူက မင်းပဲ.... "

ထိန်းမနိုင်သိမ်းမရတော့တဲ့ မကောင်းဆိုးဝါးကြီးကတဖြည်းဖြည်းနဲ့ ရစ်ပတ်ထွက်ပေါ်လာတယ်။

ဝမ်ရှောင်းမျယ်က ထိုသူ့မျက်ဆံတွေထဲက သူ့ပုံရိပ်ကိုသူကြည့်နေမိတယ်။ လက်ချောင်းလေးကတော့ သူ့ရင်ဘက်ပေါ်တင်ထားလျှက်နဲ့။

သူ့နှုတ်ခမ်းတွေကလှုပ်ရှားလာပြီး ဆက်ပြောတယ်: " လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ထဲက ကိုယ်ချစ်ရတဲ့လူရဲ့နာမည်က ဝမ်ရှောင်းမျယ်တဲ့ "

" မင်းက ကိုယ့်ကိုလူလိမ်လို့ပြောတယ် ၊ ဒါပေမယ့် မင်းကမှ တကယ့်လူလိမ်အကြီးစားဖြစ်နေတာ "

"....."

" မင်း....ဘာပြောချင်နေတာလဲ "

"Ah?"

ဝမ်ဖုန်းကျင်က သူ့ကိုဆွဲထူလိုက်ပြီး အခေါင်းကိုဖွင့်လိုက်တယ်။ သူကခေါင်အုံးလို သေတ္တာကြီးကိုဆွဲယူလိုက်လေတယ်။ သူဘယ်လိုလုပ်လိုက်လဲတော့မသိဘူး သေတ္တာကြီးက ကလစ်ဆိုပြီးပွင့်သွားလေရဲ့။ ငုတ်တုတ်မေ့နေတုန်းမှာပဲ ဝမ်ရှောင်းမျယ်က သူတို့ရဲ့ဆံနွယ်ချည်ကြိုးလေးနဲ့အတူ အခြားအရာသေးသေးလေးအတော်များများကိုတွေ့လိုက်ရတယ်။ အဲ့ထဲမှာ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ စာအုပ်နှစ်အုပ်လည်းပါဝင်လေတယ်။

ဝမ်ဖုန်းကျင်က အပေါ်ကစာအုပ်ကိုယူထုတ်လိုက်ပြီး သေတ္တာကိုခပ်မြန်မြန်ပြန်ပိတ်လိုက်တယ်။ ထို့နောက် သူက စာအုပ်ကို့ သူ့လက်ထဲထည့်ပေးလာတယ်။

" ကြည့်လိုက် "

" ဒါ...ဒါက.... "

ဝမ်ရှောင်းမျယ်က အားနည်းနည်းလေးစိုက်ရုံနဲ့ ပြဲသွားနိုင်တဲ့စာအုပ်ကို ဗလာဖြစ်စွာနဲ့ကြည့်နေမိတယ်။

သူက ပထမစာမျက်နှာကိုလှန်ပြီး အပေါ်ဆုံးစာလုံးတွေကိုဖတ်လိုက်ပြီးနောက် သူချက်ချင်းကိုစိတ်ပျက်သွားခဲ့တော့တယ်။

" ဒါက....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

_____

Thanks 🌹


Continue Reading

You'll Also Like

855K 17.1K 83
ကောင်မလေးကိုချစ်ပါသည်။
194K 16.5K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...