ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 18

1.8K 353 8
By Kay_Wine

{Zawgyi}

တလက္လက္ေတာက္ပတဲ့ ၾကယ္စုေလးေတြရွိတဲ့ နက္ျပာေရာင္ေကာင္းကင္ႀကီးေပၚမွာ ဝိုင္းစက္ေနတဲ့လမင္းႀကီးရွိေနၿပီး ေနေရာင္ထိုးတာနဲ႔မတူညီစြာ ထိုအလင္းေရာင္ေလးေတြက ေလထုထဲမွာ ေအးခ်မ္းၿငိမ့္ေျငာင္းစြာျဖစ္တည္ေနတယ္။

ထူထပ္ေသာျမဴခိုးေတြနဲ႔ တိမ္ေတြက ေတာင္ေတြကိုဝိုင္းရံထားၿပီး အနက္ေရာင္အေဆာက္အဦးတစ္ခုကို ႏွင္းစက္ေလးမ်ားက ညည့္နက္နက္ညခ်မ္းကေန ကာကြယ္ေပးထားတယ္။ သူတို႔ေတြဝတ္ဆင္ထားတဲ့ ေ႐ႊခ်ည္မွ်င္ေတြျမႇဳပ္ထိုးထားတဲ့ မီးေတာက္လိုအနီေရာင္ဝတ္စုံေတြက လေရာင္နဲ႔အၿပိဳင္အလင္းျပန္ေနေတာ့တယ္။ ေသးငယ္တဲ့ႏွင္းစက္ေလးေတြက ေတာက္ပတဲ့ဝတ္စုံေပၚကေနေလွ်ာက်သြားတယ္။

ေဆြးေျမ့တဲ့သစ္သားေတြနဲ႔ တည္ေဆာက္ထားတဲ့ ေရွးေဟာင္းအေဆာက္အအုံႀကီးတစ္ခုမွန္း သိႏိုင္ေသးတဲ့ေနရာဆီ ဦးတည္ေနတဲ့ေက်ာက္ထူထူလမ္းေလးကို ဝမ္ေရွာင္းမ်ယ္ မိန္းေမာၾကည့္ေနမိတယ္။

" မ်န္တ်န္း ဘာျဖစ္လို႔လဲ " တစ္စုံတစ္ေယာက္က သူ႔ေနာက္ကေန တင္းတင္းၾကပ္ၾကပ္ဖက္လာခဲ့တယ္။

ထိုသူကေတာ့ ဝမ္ဖုန္းက်င္သာျဖစ္တယ္။ သူကလည္း စြန္႔ပစ္ထားတဲ့အပ်က္အစီးေတြကိုၾကည့္ေနခဲ့ၿပီး သူ႔မ်က္ဝန္းမ်ားကေတာ့ အၿပဳံးေလးတစ္ခုနဲ႔အတူ ေအးခ်မ္းေနခဲ့တယ္။

" ဘာမွမျဖစ္ပါဘူး။ ဒီျမင္ကြင္းနဲ႔အကြၽမ္းတဝင္ရွိတယ္လို႔ ခံစားမိလို႔ပါ...ငါတို႔ရဲ႕ ဂူသခ်ႋဳင္းေပၚမွာ ဒီလိုေရွးေဟာင္းအေဆာက္အဦးႀကီး ရွိေနမယ္လို႔ မထင္ခဲ့မိဘူး " ဝမ္ေရွာင္းမ်ယ္ ကမီးေလာင္ထားၿပီးက်န္ခဲ့တဲ့ အႂကြင္းအက်န္ေတြကိုၾကည့္ရင္း ရွင္းျပလို႔မရႏိုင္တဲ့ ဝမ္းနည္းမႈမ်ိဳးကိုခံစားလိုက္ရတယ္။

ခံစားခ်က္အေငြ႕အသက္ေတြက သူ႔လည္ေခ်ာင္းထဲတစ္ေနခဲ့ၿပီး မတင္မက်ျဖစ္ေနခဲ့တယ္။ အဲ့တာက တကယ္ကိုနာက်င္ေစရတယ္။

" ဒီေနရာက ငါ့အိပ္မက္ထဲကေနရာနဲ႔တူေနတယ္... "

" ရွစ္ရႈန္းအမ်ားႀကီးေတြးေနမိတာပါ။ ရွစ္ရႈန္း ေမ့သြားၿပီလား။ ကြၽန္ေတာ္တို႔အသတ္ခံရတဲ့အခ်ိန္တုန္းကေတာင္ ကြၽန္ေတာ္တို႔ဂိုဏ္းက အဆင္ေျပေနတုန္းပဲေလ။ သူတို႔ကဘယ္လိုလုပ္ ဒုကၡေရာက္ရမွာလဲ " သူက ဝမ္ေရွာင္းမ်ယ္နဲ႔မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ေျပာလာတယ္။ " ဒီေနရာက အင္အားႀကီးတဲ့စြမ္းအားေတြဝိုင္းရံခံထားရၿပီး နဂါးေသြးေၾကာေပၚမွာရွိေနတာ ၊ ႏွေျမာစရာေကာင္းတာက ဒီေနရာကို ဆန္ကုန္ေျမေလးအုပ္စုက အပိုင္စီးထားၿပီးသား ျဖစ္ေနတယ္ "

" ရွစ္ရႈန္း ကြၽန္ေတာ္ေကာင္းတဲ့အလုပ္လုပ္ခဲ့ရတာလို႔ ထင္လားဟင္ "

ဝမ္ေရွာင္းမ်ယ္က ပ်က္စီးယိုယြင္းေနတဲ့အေဆာက္အဦးကိုၾကည့္လိုက္ၿပီး ခ်က္ခ်င္းေခါင္းညိတ္လိုက္တယ္ " .....အဲ့တာကတကယ္ပဲ ေကာင္းတဲ့အရာတစ္ခုပါ "

ဝမ္ဖုန္းက်င္ရဲ႕ႏႈတ္ခမ္းေထာင့္ေလးေတြက တျဖည္းျဖည္း ေကြးတက္လာတယ္။ ရက္စက္ၿပီး ေၾကာက္စရာေကာင္းတဲ့အၿပဳံးက သူ႔ရဲ႕လွပတဲ့မ်က္ႏွာေလးေပၚမွာေပၚလာခဲ့တယ္။ သူ႔မ်က္လုံးေတြကေတာ့ ဝမ္ေရွာင္းမ်ယ္ရဲ႕မႈန္ကုတ္ေနတဲ့ မ်က္ႏွာေလးေပၚမွာ က်ေရာက္လို႔ေနခဲ့ၿပီး သူ႔ရဲ႕ဝမ္းနည္းမႈေတြကို ဝမ္ဖုန္းက်င္ျမင္ေနရတယ္။ ဒါေပမယ့္လည္း အပ်က္အစီးေတြကိုၾကည့္လိုက္မိတဲ့အခါ ဝမ္ဖုန္းက်င္တစ္ေယာက္ ေက်နပ္မႈတစ္ခုတည္းကိုသာခံစားလို႔ရခဲ့တယ္။

ရွစ္ရႈန္း ၾကည့္ပါအုံး ၊ ကြၽန္ေတာ္တို႔ကိုဆန္႔က်င္ခဲ့တဲ့လူေတြ ေသသြားၾကရၿပီ ၊ ဒီ႐ြံစရာေကာင္းတဲ့ဟာေတြကို ျပာဘဝေရာက္ေအာင္ ကြၽန္ေတာ္မီးရႈိ႕ပစ္လိုက္တာေလ။ ဒီ​ေနရာမွာကြၽန္ေတာ္က ေျမေအာက္နန္းေတာ္ႀကီးတည္ေဆာက္လိုက္ေတာ့ သူတို႔ရဲ႕ေသဆုံးမႈေတြက ကြၽန္ေတာ္တို႔ရဲ႕ ထာဝရေပ်ာ္႐ႊင္ရမႈအတြက္ သက္ေသေတြျဖစ္သြားၾကရေတာ့မယ္....

" မ်န္တ်န္း ထပ္မၾကည့္ပါနဲ႔ေတာ့ " ညအေမွာင္ထုက မေကာင္းဆိုးဝါးရဲ႕ဂုဏ္ယူဝင့္ႂကြားေနတဲ့ မ်က္ႏွာအမူအရာကို ဖုံးကြယ္ထားေပးတယ္။ မေကာင္းဆိုးဝါးဆန္တဲ့အၾကည့္ေတြနဲ႔ၾကည့္ေနၿပီး ႏူးညံ့တဲ့စကားလုံးေတြကိုအသုံးျပဳလွ်က္ သူကေျပာလိုက္တယ္ " ဒီ​ေနရာကဘာမွၾကည့္စရာမရွိပါဘူး ၊ ညစ္ပတ္ၿပီး ရႈပ္ပြေနတာပဲ။ ဟိုနားကေနရာေလးမွာ ကြၽန္ေတာ္တို႔ေတြ ေနထြက္လာတာကိုေစာင့္ၾကည့္ၾကမလား "

" ဟမ္ အင္း " ဝမ္ေရွာင္းမ်ယ္ကသူ႔ရဲ႕ ရင္ဘက္ကိုပြတ္သပ္လိုက္ၿပီး ဝမ္ဖုန္းက်င္ေခၚသြားတဲ့ သစ္ပင္ႀကီးနားလိုက္သြားလိုက္တယ္။ သစ္ပင္ေအာက္မွာ ေက်ာက္ခုံတန္းရွည္နဲ႔အတူက်ိဳးပဲ့ေနတဲ့ေက်ာက္စားပြဲတစ္ခု ရွိေနခဲ့တယ္။

ဝမ္ဖုန္းက်င္က သူ႔ရဲ႕လက္ကိုင္ပုဝါကိုထုတ္လိုက္ၿပီး ဖုန္သုတ္လိုက္တယ္။ ၿပီးတဲ့အခါ ႏွစ္ေယာက္လုံး ေဘးခ်င္းကပ္ထိုင္ခ်လိုက္ၾကတယ္။

တစ္ခ်ိန္တုန္းကေတာ့ သစ္ပင္ႀကီးကရွင္သန္ႀကီးထြားခဲ့ေပမယ့္လည္း အခုေတာ့ေျခာက္ေသြ႕ၿပီးသာက်န္ခဲ့ေတာ့တယ္။ အကိုင္းအခက္ေတြက ျပန္႔ကားတုတ္ခိုင္ေနၿပီး အေလးခ်ိန္စီးသည့္ လူတစ္ေယာက္တြယ္တက္ရင္ေတာင္ ခံႏိုင္ရည္ရွိေလာက္တယ္။

ေလေတြက ေတာင္ေပၚကေနတိုက္ခတ္လာတယ္။ ဝမ္ေရွာင္းမ်ယ္က လတ္ဆတ္လွသည့္သဘာဝေလကိုရႉသြင္းလိုက္တဲ့အခါ က်​ေနတဲ့စိတ္ဓာတ္ေလးေတြကေပ်ာက္ကြယ္သြားၿပီး သူ႔ရဲ႕အရင္တက္ႂကြတဲ့စိတ္ေလးျပန္ေရာက္လာခဲ့တယ္။

အခ်ိဳ႕အေၾကာင္းကိစၥမ်ားေၾကာင့္ သစ္ပင္ႀကီးေအာက္ထိုင္ေနခ်ိန္မွာ အရမ္းကိုေအးလာခဲ့တယ္။ ထိုသစ္ပင္ႀကီးက ေလေအးေပးစက္တစ္ခုလိုမ်ိဳး ေအးစက္မႈေတြကိုထုတ္လႊတ္ေနခဲ့တယ္။

" ဖုန္းက်င္ ဒါဘယ္လိုသစ္ပင္မ်ိဳးလဲ ၊ သူကေအးျမ လတ္ဆတ္တဲ့အနံ႔မ်ိဳးေတြထုတ္ေပးတယ္ "

ဝမ္ဖုန္းက်င္ကခဏေလာက္စဥ္းစားလိုက္ၿပီး ေတာက္ပေနေသာအၿပဳံးတစ္ခ်က္ၿပဳံးလွ်က္ ဝမ္ေရွာင္းမ်ယ္ကိုၾကည့္လိုက္တယ္။ သူ႔ေမးေစ့ဆီကို သူ႔လက္ေခ်ာင္းေလးေတြကေရာက္ရွိသြားခ်ိန္ အက်ႌလက္ကေလ်ာက်သြား၍ ျဖဴေရာ္ပိန္လွီလွသည့္ လက္ေကာက္ဝတ္ေလးကို လွစ္ဟျပေလတယ္။

သူကႏူးညံ့ေႏြးေထြးလွေသာအသံျဖင့္ ျပန္လည္ေျဖၾကားလာတယ္ " ဒါက ဒီတိုင္းသာမန္အပင္ေလးပါပဲ။ ရွစ္ရႈန္းခံစားရတဲ့အေအးဓာတ္က ျဖစ္ႏိုင္တာက ဘာလို႔လဲဆိုေတာ့... "

ဝမ္ေရွာင္းမ်ယ္ : " ဘာျဖစ္ႏိုင္တာလဲ "

" ဘာလို႔လဲဆိုေတာ့ ဒီသစ္ပင္ေပၚမွာ အမႈိက္လိုအုပ္စုေတြကို ခ်ိတ္ဆြဲထားလို႔ေလ....အားလုံးေပါင္း တစ္ရာခုနစ္ဆယ့္သုံးေယာက္ေလာက္ ဒီေနရာမွာခ်ိတ္ဆြဲခံထားရတာ။ တျခားႀကီးတဲ့သစ္ကိုင္းႀကီးတစ္ခုရွိေသးတယ္ ဒါေပမယ့္ အဲ့သစ္ကိုင္းက ဝိတ္ေလးၿပီးက်ိဳးသြားလို႔ေလ ၊ အိုးဟုတ္သားပဲ အဲ့လူေတြျပဳတ္က်လာတုန္းက ဗ်ာ သူတို႔ရဲ႕လည္ပင္းေတြကလည္းက်ိဳး သူတို႔ရဲ႕ေခါင္းေတြကလည္းျပဳတ္က်နဲ႔ အင္း အဲ့တာကအေတာ္ေလးစိတ္ဝင္စားစရာေကာင္းတဲ့ျမင္ကြင္းေလးေပါ့ဗ်ာ ဟား~~~ "

ဝမ္ေရွာင္းမ်ယ္ : "........"

ငါ ငါ....ခ်ီးပဲ!

သူ႔ေနာက္ေက်ာကို ေလျပင္းတစ္ခ်က္တစ္ခ်က္ တိုက္ခတ္သြားသလို ခံစားလိုက္ရတယ္။

ဝမ္ေရွာင္းမ်ယ္တစ္ေယာက္ ေအာ္ဟစ္ၿပီး ထခုန္လိုက္မိတယ္။ ဝမ္ဖုန္းက်င္က သူ႔ခါးကိုဆြဲၿပီး သူ႔လက္ေမာင္းထဲဆြဲထည့္လိုက္တဲ့အခါ သူကေျပးဖို႔ေတာင္အဆင္သင့္ျဖစ္ေနခဲ့ၿပီ။ ဝမ္ဖုန္းက်င္ တဟားဟားနဲ႔အက်ယ္ႀကီးေအာ္ရယ္လိုက္တဲ့အခါမွာေတာ့ ဝမ္ေရွာင္းမ်ယ္တကယ္ႀကီးကို ထြက္ေျပးလိုက္ခ်င္မိေတာ့တယ္။

" အဲ့တာကအလိမ္အညာေတြပါ " သူကေျပာတယ္။

သူ႔ရဲ႕ႀကီးမားလွတဲ့အနက္ေရာင္မ်က္ဆံႀကီးေတြက သူ႔လက္ေမာင္းထဲက အေၾကာက္လြန္ေနတဲ့အေကာင္ေပါက္ေလးကို စိုက္ၾကည့္လိုက္တယ္။ စာနာမႈနဲ႔ခ်စ္ျခင္းေတြက သူ႔ရင္ထဲတိုးပြားလာရတယ္။

" ဟားဟား မင္းကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ "

ငါ့ဖင္ကိုပဲခ႐ုေနလိုက္! ဝမ္ေရွာင္းမ်ယ္ သူ႔တစ္ကိုယ္လုံးေပၚက ထလာတဲ့ၾကက္သီးေမြးညင္းေတြအားလုံးကို ပြတ္ခ်ေနမိတယ္။

" အဲ့လူေတြလည္း သူတို႔ရဲ႕ေသဆုံးမႈကိုေၾကာက္႐ြံ႕ေနလိမ့္မယ္ဆိုတာ မင္းသိရဲ႕လား "

" ဒါေပမယ့္ ရွစ္ရႈန္း မင္းကလည္းေသၿပီးသားပဲေလ "

"..... ယုံခ်င္ယုံ မယုံခ်င္ေန မင္းကိုငါေသတဲ့အထိကိုက္ပစ္မယ္ " မင္းရဲ႕ပါးစပ္က တကယ္ပဲဘာျဖစ္ေနတာလဲ!!

Woof Woof Woof!

ဝမ္ေရွာင္းမိန္က သြားႀကီးစိၿပီးအစြယ္ထုတ္ျပလိုက္တယ္။ သူ႔ရဲ႕ေဝွ႔ယမ္းေနတဲ့လက္သီးေလးေတာ့ ဝမ္ဖုန္းက်င္ရဲ႕ဆြဲဖမ္းျခင္းခံလိုက္ရေလတယ္။ ဝမ္ဖုန္းက်င္ ေက်ာက္စိမ္းလိုေအးျမေနတဲ့ လက္ေခ်ာင္းေလးေတြကို အနမ္းေပးလိုက္ၿပီး သူ႔ကိုၾကည့္လိုက္တယ္။

" ရပါတယ္ ၊ မင္းဘယ္ေနရာကိုကိုက္ခ်င္လဲ "

မင္းကဘာလို႔အဲ့တာကိုေမွ်ာ္လင့္ေနရတာလဲ?!

သူ႔အေနနဲ႔ ဝမ္ဖုန္းက်င္လက္ေမာင္းထဲမွ႐ုန္းထြက္လို႔မရႏိုင္တာေၾကာင့္ ေပြ႕ဖက္ထားတဲ့အတိုင္းအလိုက္သင့္ေနလိုက္ေတာ့တယ္။ သူ႔ေခါင္းေပၚကေန ဝမ္ဖုန္းက်င္ အသံကိုၾကားလိုက္ရတယ္။ " မ်န္တ်န္း ငါမင္းကို ဒီေနရာေခၚလာတာ တျခားအေၾကာင္းျပခ်က္ရွိေသးတယ္။ ဒါကိုၾကည့္ "

ကတ္ေၾကးတစ္စုံနဲ႔အနီေရာင္ေခါင္းစည္းတစ္ခုကို ဝမ္ေရွာင္းမ်ယ္လက္ထဲထည့္ေပး လိုက္တယ္။

" မင္းမွာ မဂၤလာေခါင္းစည္းလည္းရွိတာလား "

" အဆုံးမဲ့တဲ့ဘဝက ငါလိုခ်င္တဲ့ဟာမဟုတ္ဘူး။ ငါအၿမဲတမ္းလိုခ်င္ခဲ့တဲ့တစ္ခုတည္းေသာအရာက မင္းရဲ႕အိမ္ေထာင္ဖက္ျဖစ္ဖို႔ပဲ... "

".... မင္းဆီကေနမခြဲသြားရဖို႔ ၊ ဘာျပႆနာေတြပဲျဖစ္လာပါေစ ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္ မစြန္႔လႊတ္ၾကဖို႔ ၊ ငါတို႔ရဲ႕ႏွလုံးသားထဲမွာ အၿမဲတမ္းငါတို႔ပဲရွိေနၾကဖို႔ ၊ ရွစ္ရႈန္း ငါ့ကိုေစာင့္ေနေပးဖို႔ငါေျပာခဲ့တယ္ေလ ငါျပန္လာၿပီး က်ိန္းေသေပါက္မင္းနဲ႔လက္ထပ္မယ္လို႔ေျပာခဲ့တယ္ေလ "

" ငါအခုျပန္လာၿပီေလ။ အခုမင္းေပးထားတဲ့ကတိကိုျဖည့္ဆည္းဖို႔အတြက္ ငါနဲ႔လက္ထပ္မယ္မလားဟင္ "

ေတာင္ကိုဝန္းရံထားတဲ့ ျမဴခိုးထူထူေတြက ပင္လယ္ေရေတြ လႈိင္းထန္သလိုမ်ိဳး ကခုန္ေနခဲ့တယ္။ မဲေမွာင္လွေသာေကာင္းကင္ထက္က ၾကယ္ေတြကလည္း လမင္းႀကီးနဲ႔အတူစတင္ေမွးမွိန္လာတယ္။

ေတာက္ပေသာအဝါေရာင္အလင္းတန္းေတြက ေအးစက္မႈေတြကိုဖယ္ရွားသြားၿပီး သူတို႔ရဲ႕အနီေရာင္ မဂၤလာေဆာင္ဝတ္စုံေတြကို ေတာက္ပေစခဲ့တယ္။

ထိုအခ်ိန္ ဝမ္ဖုန္းက်င္ရဲ႕မ်က္ႏွာကေႏြးေထြးမႈေတြကိုျပသေနၿပီး သူ႔ရဲ႕ေအးစက္စက္မ်က္လုံးေတြက မည္သူမဆိုက်ရႈံးသြားေစေလာက္တဲ့ အလွအပေတြနဲ႔အစားထိုးေနခဲ့ေလတယ္။

ဝမ္ေရွာင္းမ်ယ္ကအေတြးတစ္ခုထဲေရာက္သြားခဲ့တယ္။ စာသင္ခန္းထဲမွာ သူ႔ရွစ္ရႈန္းကိုလက္ထပ္ဖို႔အတြက္ အျပင္းအထန္ေတာင္းဆိုေနတဲ့ ကေလးငယ္တစ္ေယာက္ကို သူျမင္ေနရတယ္။ ထိုအခ်ိန္မွာ သူက ထိုလူနဲ႔အတူအခ်ိန္အေတာ္ၾကာ ခ်စ္ကြၽမ္းဝင္ေနခဲ့တာပါလားလို႔ ထင္ေယာင္ထင္မွားျဖစ္လာခဲ့တယ္.....

" မင္း ဒီအႀကံကိုအစထဲကႀကံေနခဲ့တာပဲျဖစ္ရမယ္ " ဝမ္ေရွာင္းမ်ယ္ကသက္ျပင္းခ်လိုက္ၿပီး ကတ္ေၾကးတစ္စုံကိုလက္ခံလိုက္တယ္။

" ေနေရာင္ေအာက္မွာ မင္းနဲ႔ပြင့္ပြင့္လင္းလင္းလက္ထပ္ရဖို႔က ငါ့ရဲ႕စြဲလန္းမႈပဲ ၊ ဒီေန႔အတြက္ ငါလုပ္ခဲ့တဲ့အရာအားလုံးက မင္းႏိုးလာၿပီး ငါတို႔ကတိေတြကို ျဖည့္ဆည္းႏိုင္ဖို႔အတြက္ပဲ "

ဝမ္ဖုန္းက်င္က သူ႔မ်က္လုံးေတြကိုမွိတ္လိုက္ၿပီး ပထမဆုံးအႀကိမ္ ဝမ္ေရွာင္းမ်ယ္ကသူ႔ရဲ႕ ဝမ္းနည္းမႈေတြနဲ႔ျပည့္ေနတဲ့ အၿပဳံးတစ္ခုကိုျမင္လိုက္ရတယ္။ ဝမ္ေရွာင္းမိန္က သူ႔ရဲ႕ငိုေတာ့မလိုျဖစ္ေနတဲ့ မ်က္ႏွာေလးကိုၾကည့္ေနလိုက္တယ္။

တကယ္ေတာ့ ဝမ္ဖုန္းက်င္ကသူ႔ရဲ႕အမူအရာေတြနဲ႔ပက္သက္ၿပီး သတိမထားမိတတ္ဘူး။ သူတို႔ေတြ ဖက္ၿပီး အနမ္းေတြေပးၾကရင္ေတာင္ အၿမဲတမ္းရန္လိုမႈေတြကို သယ္ေဆာင္ထားတယ္။ ဒါက​ သူတကယ္ၿပဳံးတဲ့အခါျဖစ္လာတဲ့အစစ္အမွန္အၿပဳံးမ်ိဳးေပါ့ေလ။

ေနာက္စကၠန႔္ပိုင္းအတြင္းမွာ ထင္ေယာင္ထင္မွားျဖစ္ေနတာ ေပ်ာက္ကြယ္သြားၿပီး စိတ္ပ်က္စရာေတြ တရွိန္ထိုးထပ္ဝင္လာေတာ့မွာကို အဆင္သင့္ျပင္ႏိုင္ေအာင္ လုပ္ေပးေနသေယာင္ေယာင္ပင္။

ဝမ္ေရွာင္းမ်ယ္လည္း ထိုလူကအစထဲက ႏူးညံ့ျငင္သာသည့္လူမ်ိဳးမဟုတ္မွန္း သိခဲ့ပါတယ္။ ဒါေပမယ့္လည္း ဝမ္ဖုန္းက်င္သူ႔ကိုၾကည့္လာတဲ့အခါတိုင္း သူ႔မ်က္လုံးထဲက႐ူးသြပ္စြဲလန္းမႈေတြက အကူအညီမဲ့ေစခဲ့တယ္။

ငါလည္းအခ်စ္မ်က္ႏွာ တစ္ကမာၻျဖစ္ေနမိၿပီထင္ပါရဲ႕။

ဝမ္ေရွာင္းမ်ယ္ခါးသက္စြာၿပဳံးလိုက္မိတယ္။ သူက သူတို႔ရဲ႕ဆံပင္ရွည္အနည္းငယ္ကို စုလိုက္ၿပီး ေခါင္းစည္းႀကိဳးနဲ႔စုခ်ည္လိုက္တဲ့အခါ နက္ေမွာင္လွေသာ ဆံခ်ည္မွ်င္အလုံးလိုက္ေလးျဖစ္သြားေလတယ္။

ဝမ္ေရွာင္းမ်ယ္ရဲ႕ဆံပင္ကႏူးညံ့ၿပီးပါးတယ္။ ဝမ္ဖုန္းက်င္ရဲ႕ဆံပင္ကေတာ့ ထိကိုင္ဖို႔ရန္ေတာင္ အလြန္တရာခက္ခဲလြန္းတယ္။

ႏူးညံ့တဲ့ဆံပင္ရွိသူက လူခ်စ္လူခင္ပိုမ်ားၿပီး စိတ္ထားေကာင္းရွိၾကသည္ ဟုလူအမ်ားစုကယုံၾကည္ၾကတယ္။

ေနေရာင္ျခည္က ေနာက္ဆုံးေတာ့ကမာၻေျမေပၚ ထြန္းလင္းလာခဲ့ၿပီ ၊ သစ္႐ြက္ေတြနဲ႔ ေက်ာက္စိမ္းေရာင္ျမက္ပင္ေတြေပၚမွာ ပုလဲလုံးကဲ့သို႔ ႏွင္းရည္စက္ေလးမ်ားကကပ္တင္ေနခဲ့တယ္။ သန္႔ရွင္းလတ္ဆတ္တဲ့ ေလထုေလးက ငွက္ေလးမ်ားရဲ႕ေတးသီသံကို ေဆာင္က်ဥ္းလာၾကတယ္...

ေ႐ႊဝါေရာင္အလင္းတန္းက ေကာင္းကင္ေပၚမွာ ေတာက္ပေနခဲ့တယ္...

လူတစ္ေယာက္က အျခားတစ္ေယာက္ကိုရင္ခြင္ထဲဖက္ရင္း ထိုင္ေနၾကတယ္ ၊ သူ႔ရဲ႕ေခါင္းကိုေတာ့ ထိုလူရဲ႕လည္တိုင္ၾကားထဲ ႏွစ္ျမဳပ္ထားေလတယ္။ သူက သူ႔ရဲ႕ခႏၶာကိုယ္ကို ျဖည္းျဖည္းခ်င္း ယိမ္းႏြဲ႕ေနရင္း သီခ်င္းေဟာင္းတစ္ပုဒ္ကို အသံအက္အက္ျဖင့္သီဆိုေနေလတယ္။ သူ႔မ်က္လုံးေတြကေတာ့ သြယ္လ်တဲ့လက္ေခ်ာင္းေလးေတြကိုအသုံးျပဳၿပီး ဆံပင္ေတြကိုထုံးခ်ည္ေနတဲ့ သူ႔ရင္ခြင္ထဲကလူဆီကိုသာေရာက္ေနခဲ့တယ္။

ေ႐ႊေရာင္ကတ္ေၾကးက ဆံပင္ေတြကိုျဖတ္လိုက္ၿပီး သြယ္လ်တဲ့လက္ေခ်ာင္းေလးေတြက ထိုအရာကို ဖဲျပားႀကိဳးနီေလးနဲ႔တြဲခ်ည္ေနတယ္။

သီခ်င္းသံကရပ္တန္႔သြားတယ္။ ဝမ္ဖုန္းက်င္ရဲ႕ လက္တစ္ဖက္က သူ႔ခႏၶာကိုယ္ကိုေပြ႕ဖက္ထားၿပီး အျခားလက္တစ္ဖက္က က်စ္ဆံၿမီးေလးကိုတင္းတင္းဆုပ္ကိုင္ထားတယ္။

" မ်န္တ်န္း ကိုယ့္ကိုဖုန္းက်င္လို႔ေခၚ.... "

ဝမ္ေရွာင္းမ်ယ္နည္းနည္းေလးရွက္သြားေပမယ့္လည္း လိုက္နာေနဆဲပါပဲ။ " ဖုန္းက်င္... "

" မ်န္တ်န္း ကိုယ့္ကိုခ်စ္တယ္လို႔ေျပာ... " အသံ Tone က အသံအက္အက္ကေန တစ္နည္းတစ္ဖုံ ေျပာင္းလဲသြားပုံရတယ္။

ဝမ္ေရွာင္းမ်ယ္ကထုတ္မေျပာခင္ ထိုစကားလုံးေတြအား အခ်ိန္အေတာ္ၾကာျပန္ျပန္မ်ိဳခ်မိတယ္။ " ငါ ၊ အမ္း ၊ အဲ ၊ အမ္း.... ငါမင္းကိုခ်စ္တယ္ "

ေနာက္ဆုံးစကားလုံးႏွစ္လုံးရဲ႕အသံကို မၾကားခဲ့ကေပ။ တစ္ဖက္လူက အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနေလတယ္။ ဝမ္ေရွာင္းမ်ယ္က ဝမ္ဖုန္းက်င္ သူ႔စကားကိုမၾကားလိုက္ဘူးဟု ေတြးမိလိုက္တဲ့အခ်ိန္မွ မ်က္ရည္တစ္စက္ ၊ မ်က္ႏွာတစ္ခုနဲ႔ ပုခုံးတစ္စုံကသူ႔အေပၚ လဲက်လာခဲ့တယ္။

ဟမ္? မိုး႐ြာတာလား?

ဝမ္ေရွာင္းမ်ယ္က သူ႔ရဲ႕လက္ေလးကိုထုတ္ၿပီး မိုး႐ြာတာဟုတ္မဟုတ္ စမ္းၾကည့္ၿပီးေျပာလိုက္တယ္ " ဖုန္းက်င္ မိုး႐ြာ... "

" မၾကည့္နဲ႔ "

ေအးစက္လွေသာလက္တစ္ဖက္က ဝမ္ေရွာင္းမ်ယ္ရဲ႕မ်က္လုံးမ်ားကို ဖုံးကြယ္လိုက္တယ္။

ဝမ္ေရွာင္းမ်ယ္ ေခါင္းငုံ႔ခ်လိုက္တယ္။ အခုေလးတင္ (ျမင္လိုက္ရတဲ့?) မ်က္ႏွာအသြင္အျပင္က သူ႔ေခါင္းထဲမွာ ထပ္ခါထပ္ခါေပၚေနတယ္။ ဘယ္လိုအေျခအေနပဲေရာက္ေရာက္ မ်က္ႏွာေသႀကီးသာျဖစ္ေနတတ္တဲ့မ်က္ႏွာက ပုံမွန္ဆိုဖုံးကြယ္ထားေနက်အမူအယာေတြ ေပ်ာက္ဆုံးေနတယ္။ အဲ့အစား ေခ်ာက္ထဲတြန္းခ်ခံရတဲ့အတြက္ စိတ္မေကာင္းျဖစ္ၿပီး ေမွ်ာ္လင့္ခ်က္ေပ်ာက္ဆုံးေနသလိုျဖစ္ေနခဲ့တယ္။ ၿပီးေတာ့ ထိုအနက္ေရာင္မ်က္ဝန္းထဲမွာလည္း အရည္ၾကည္ေတြကျပည့္ႏွက္လို႔...

ဝမ္ဖုန္းက်င္ကငိုေနတယ္။

ဒါေပမယ့္ အဲ့မ်က္ရည္ေတြကေပ်ာ္လို႔က်လာတဲ့မ်က္ရည္ေတြမဟုတ္ဘူး။

ဘာလို႔လဲ?

သူရွင္းရွင္းလင္းလင္းေျပာလိုက္တာပါ မဟုတ္ဘူးလား? ဘာလို႔လဲ?

ခဏၾကာၿပီးတဲ့ေနာက္ ထိုလူကသူ႔ကိုလႊတ္ေပးလိုက္ၿပီး မတ္တပ္ထရပ္လိုက္တယ္။ ဆံပင္ႀကိဳးေလးကိုေတာ့ ဂ႐ုတစိုက္နဲ႔သူ႔အိတ္ထဲထည့္ထားလိုက္တယ္။ သူ႔မွာ ႏူးညံ့ၾကင္နာမႈေတြက ထပ္ေပၚလာခဲ့ၿပီး သူကေျပာလာတယ္ " ရွစ္ရႈန္း သြားရေအာင္ေလ ၊ ကြၽန္ေတာ္တို႔အခုျပန္သင့္ၿပီ... "

အခ်ိန္ခဏေလာက္အေတြးပ်ံ႕ၿပီးေနာက္မွာေတာ့ ဝမ္ေရွာင္းမ်ယ္က သူ႔ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီး ႏူးညံ့စြာေမးလိုက္တယ္ " မင္းလိုခ်င္တာက မ်န္တ်န္းရဲ႕ခံစားခ်က္ေတြလား....ဒါမွမဟုတ္....ငါ့ရဲ႕ခံစားခ်က္ေတြလား... "

သူ႔ေရွ႕ကလူကရပ္တန္႔လိုက္ၿပီး ဝမ္ေရွာင္းမ်ယ္ရဲ႕လက္ေလးကို ပိုတိုးလို႔ဆုပ္ကိုင္လိုက္တယ္။

" ဘာေတြေျပာေနတာလဲ ၊ မင္းကမင္းပဲေလ ၊ မ်န္တ်န္း ငါတို႔အိမ္ျပန္ေရာက္ၿပီေလ "

သူ႔ေရွ႕က က်ယ္ျပန္႔လွတဲ့ပုခုံးႀကီးကိုၾကည့္ရင္း ဝမ္ေရွာင္းမ်ယ္သက္ျပင္းခ်လိုက္တယ္။

သူ႔ႏွလုံးသားကေတာ့ လုံးဝကိုေအးစက္မႈအျဖစ္ ေျပာင္းလဲသြားခဲ့ေတာ့တယ္။

_____


{Unicode}

တလက်လက်တောက်ပတဲ့ ကြယ်စုလေးတွေရှိတဲ့ နက်ပြာရောင်ကောင်းကင်ကြီးပေါ်မှာ ဝိုင်းစက်နေတဲ့လမင်းကြီးရှိနေပြီး နေရောင်ထိုးတာနဲ့မတူညီစွာ ထိုအလင်းရောင်လေးတွေက လေထုထဲမှာ အေးချမ်းငြိမ့်ငြောင်းစွာဖြစ်တည်နေတယ်။

ထူထပ်သောမြူခိုးတွေနဲ့ တိမ်တွေက တောင်တွေကိုဝိုင်းရံထားပြီး အနက်ရောင်အဆောက်အဦးတစ်ခုကို နှင်းစက်လေးများက ညည့်နက်နက်ညချမ်းကနေ ကာကွယ်ပေးထားတယ်။ သူတို့တွေဝတ်ဆင်ထားတဲ့ ရွှေချည်မျှင်တွေမြှုပ်ထိုးထားတဲ့ မီးတောက်လိုအနီရောင်ဝတ်စုံတွေက လရောင်နဲ့အပြိုင်အလင်းပြန်နေတော့တယ်။ သေးငယ်တဲ့နှင်းစက်လေးတွေက တောက်ပတဲ့ဝတ်စုံပေါ်ကနေလျှောကျသွားတယ်။

ဆွေးမြေ့တဲ့သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံကြီးတစ်ခုမှန်း သိနိုင်သေးတဲ့နေရာဆီ ဦးတည်နေတဲ့ကျောက်ထူထူလမ်းလေးကို ဝမ်ရှောင်းမျယ် မိန်းမောကြည့်နေမိတယ်။

" မျန်တျန်း ဘာဖြစ်လို့လဲ " တစ်စုံတစ်ယောက်က သူ့နောက်ကနေ တင်းတင်းကြပ်ကြပ်ဖက်လာခဲ့တယ်။

ထိုသူကတော့ ဝမ်ဖုန်းကျင်သာဖြစ်တယ်။ သူကလည်း စွန့်ပစ်ထားတဲ့အပျက်အစီးတွေကိုကြည့်နေခဲ့ပြီး သူ့မျက်ဝန်းများကတော့ အပြုံးလေးတစ်ခုနဲ့အတူ အေးချမ်းနေခဲ့တယ်။

" ဘာမှမဖြစ်ပါဘူး။ ဒီမြင်ကွင်းနဲ့အကျွမ်းတဝင်ရှိတယ်လို့ ခံစားမိလို့ပါ...ငါတို့ရဲ့ ဂူသင်္ချိုင်းပေါ်မှာ ဒီလိုရှေးဟောင်းအဆောက်အဦးကြီး ရှိနေမယ်လို့ မထင်ခဲ့မိဘူး " ဝမ်ရှောင်းမျယ် ကမီးလောင်ထားပြီးကျန်ခဲ့တဲ့ အကြွင်းအကျန်တွေကိုကြည့်ရင်း ရှင်းပြလို့မရနိုင်တဲ့ ဝမ်းနည်းမှုမျိုးကိုခံစားလိုက်ရတယ်။

ခံစားချက်အငွေ့အသက်တွေက သူ့လည်ချောင်းထဲတစ်နေခဲ့ပြီး မတင်မကျဖြစ်နေခဲ့တယ်။ အဲ့တာက တကယ်ကိုနာကျင်စေရတယ်။

" ဒီနေရာက ငါ့အိပ်မက်ထဲကနေရာနဲ့တူနေတယ်... "

" ရှစ်ရှုန်းအများကြီးတွေးနေမိတာပါ။ ရှစ်ရှုန်း မေ့သွားပြီလား။ ကျွန်တော်တို့အသတ်ခံရတဲ့အချိန်တုန်းကတောင် ကျွန်တော်တို့ဂိုဏ်းက အဆင်ပြေနေတုန်းပဲလေ။ သူတို့ကဘယ်လိုလုပ် ဒုက္ခရောက်ရမှာလဲ " သူက ဝမ်ရှောင်းမျယ်နဲ့မျက်နှာချင်းဆိုင်လိုက်ပြီး ပြောလာတယ်။ " ဒီနေရာက အင်အားကြီးတဲ့စွမ်းအားတွေဝိုင်းရံခံထားရပြီး နဂါးသွေးကြောပေါ်မှာရှိနေတာ ၊ နှမြောစရာကောင်းတာက ဒီနေရာကို ဆန်ကုန်မြေလေးအုပ်စုက အပိုင်စီးထားပြီးသား ဖြစ်နေတယ် "

" ရှစ်ရှုန်း ကျွန်တော်ကောင်းတဲ့အလုပ်လုပ်ခဲ့ရတာလို့ ထင်လားဟင် "

ဝမ်ရှောင်းမျယ်က ပျက်စီးယိုယွင်းနေတဲ့အဆောက်အဦးကိုကြည့်လိုက်ပြီး ချက်ချင်းခေါင်းညိတ်လိုက်တယ် " .....အဲ့တာကတကယ်ပဲ ကောင်းတဲ့အရာတစ်ခုပါ "

ဝမ်ဖုန်းကျင်ရဲ့နှုတ်ခမ်းထောင့်လေးတွေက တဖြည်းဖြည်း ကွေးတက်လာတယ်။ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့အပြုံးက သူ့ရဲ့လှပတဲ့မျက်နှာလေးပေါ်မှာပေါ်လာခဲ့တယ်။ သူ့မျက်လုံးတွေကတော့ ဝမ်ရှောင်းမျယ်ရဲ့မှုန်ကုတ်နေတဲ့ မျက်နှာလေးပေါ်မှာ ကျရောက်လို့နေခဲ့ပြီး သူ့ရဲ့ဝမ်းနည်းမှုတွေကို ဝမ်ဖုန်းကျင်မြင်နေရတယ်။ ဒါပေမယ့်လည်း အပျက်အစီးတွေကိုကြည့်လိုက်မိတဲ့အခါ ဝမ်ဖုန်းကျင်တစ်ယောက် ကျေနပ်မှုတစ်ခုတည်းကိုသာခံစားလို့ရခဲ့တယ်။

ရှစ်ရှုန်း ကြည့်ပါအုံး ၊ ကျွန်တော်တို့ကိုဆန့်ကျင်ခဲ့တဲ့လူတွေ သေသွားကြရပြီ ၊ ဒီရွံစရာကောင်းတဲ့ဟာတွေကို ပြာဘဝရောက်အောင် ကျွန်တော်မီးရှို့ပစ်လိုက်တာလေ။ ဒီ​နေရာမှာကျွန်တော်က မြေအောက်နန်းတော်ကြီးတည်ဆောက်လိုက်တော့ သူတို့ရဲ့သေဆုံးမှုတွေက ကျွန်တော်တို့ရဲ့ ထာဝရပျော်ရွှင်ရမှုအတွက် သက်သေတွေဖြစ်သွားကြရတော့မယ်....

" မျန်တျန်း ထပ်မကြည့်ပါနဲ့တော့ " ညအမှောင်ထုက မကောင်းဆိုးဝါးရဲ့ဂုဏ်ယူဝင့်ကြွားနေတဲ့ မျက်နှာအမူအရာကို ဖုံးကွယ်ထားပေးတယ်။ မကောင်းဆိုးဝါးဆန်တဲ့အကြည့်တွေနဲ့ကြည့်နေပြီး နူးညံ့တဲ့စကားလုံးတွေကိုအသုံးပြုလျှက် သူကပြောလိုက်တယ် " ဒီ​နေရာကဘာမှကြည့်စရာမရှိပါဘူး ၊ ညစ်ပတ်ပြီး ရှုပ်ပွနေတာပဲ။ ဟိုနားကနေရာလေးမှာ ကျွန်တော်တို့တွေ နေထွက်လာတာကိုစောင့်ကြည့်ကြမလား "

" ဟမ် အင်း " ဝမ်ရှောင်းမျယ်ကသူ့ရဲ့ ရင်ဘက်ကိုပွတ်သပ်လိုက်ပြီး ဝမ်ဖုန်းကျင်ခေါ်သွားတဲ့ သစ်ပင်ကြီးနားလိုက်သွားလိုက်တယ်။ သစ်ပင်အောက်မှာ ကျောက်ခုံတန်းရှည်နဲ့အတူကျိုးပဲ့နေတဲ့ကျောက်စားပွဲတစ်ခု ရှိနေခဲ့တယ်။

ဝမ်ဖုန်းကျင်က သူ့ရဲ့လက်ကိုင်ပုဝါကိုထုတ်လိုက်ပြီး ဖုန်သုတ်လိုက်တယ်။ ပြီးတဲ့အခါ နှစ်ယောက်လုံး ဘေးချင်းကပ်ထိုင်ချလိုက်ကြတယ်။

တစ်ချိန်တုန်းကတော့ သစ်ပင်ကြီးကရှင်သန်ကြီးထွားခဲ့ပေမယ့်လည်း အခုတော့ခြောက်သွေ့ပြီးသာကျန်ခဲ့တော့တယ်။ အကိုင်းအခက်တွေက ပြန့်ကားတုတ်ခိုင်နေပြီး အလေးချိန်စီးသည့် လူတစ်ယောက်တွယ်တက်ရင်တောင် ခံနိုင်ရည်ရှိလောက်တယ်။

လေတွေက တောင်ပေါ်ကနေတိုက်ခတ်လာတယ်။ ဝမ်ရှောင်းမျယ်က လတ်ဆတ်လှသည့်သဘာဝလေကိုရှူသွင်းလိုက်တဲ့အခါ ကျ​နေတဲ့စိတ်ဓာတ်လေးတွေကပျောက်ကွယ်သွားပြီး သူ့ရဲ့အရင်တက်ကြွတဲ့စိတ်လေးပြန်ရောက်လာခဲ့တယ်။

အချို့အကြောင်းကိစ္စများကြောင့် သစ်ပင်ကြီးအောက်ထိုင်နေချိန်မှာ အရမ်းကိုအေးလာခဲ့တယ်။ ထိုသစ်ပင်ကြီးက လေအေးပေးစက်တစ်ခုလိုမျိုး အေးစက်မှုတွေကိုထုတ်လွှတ်နေခဲ့တယ်။

" ဖုန်းကျင် ဒါဘယ်လိုသစ်ပင်မျိုးလဲ ၊ သူကအေးမြ လတ်ဆတ်တဲ့အနံ့မျိုးတွေထုတ်ပေးတယ် "

ဝမ်ဖုန်းကျင်ကခဏလောက်စဥ်းစားလိုက်ပြီး တောက်ပနေသောအပြုံးတစ်ချက်ပြုံးလျှက် ဝမ်ရှောင်းမျယ်ကိုကြည့်လိုက်တယ်။ သူ့မေးစေ့ဆီကို သူ့လက်ချောင်းလေးတွေကရောက်ရှိသွားချိန် အင်္ကျီလက်ကလျောကျသွား၍ ဖြူရော်ပိန်လှီလှသည့် လက်ကောက်ဝတ်လေးကို လှစ်ဟပြလေတယ်။

သူကနူးညံ့နွေးထွေးလှသောအသံဖြင့် ပြန်လည်ဖြေကြားလာတယ် " ဒါက ဒီတိုင်းသာမန်အပင်လေးပါပဲ။ ရှစ်ရှုန်းခံစားရတဲ့အအေးဓာတ်က ဖြစ်နိုင်တာက ဘာလို့လဲဆိုတော့... "

ဝမ်ရှောင်းမျယ် : " ဘာဖြစ်နိုင်တာလဲ "

" ဘာလို့လဲဆိုတော့ ဒီသစ်ပင်ပေါ်မှာ အမှိုက်လိုအုပ်စုတွေကို ချိတ်ဆွဲထားလို့လေ....အားလုံးပေါင်း တစ်ရာခုနစ်ဆယ့်သုံးယောက်လောက် ဒီနေရာမှာချိတ်ဆွဲခံထားရတာ။ တခြားကြီးတဲ့သစ်ကိုင်းကြီးတစ်ခုရှိသေးတယ် ဒါပေမယ့် အဲ့သစ်ကိုင်းက ဝိတ်လေးပြီးကျိုးသွားလို့လေ ၊ အိုးဟုတ်သားပဲ အဲ့လူတွေပြုတ်ကျလာတုန်းက ဗျာ သူတို့ရဲ့လည်ပင်းတွေကလည်းကျိုး သူတို့ရဲ့ခေါင်းတွေကလည်းပြုတ်ကျနဲ့ အင်း အဲ့တာကအတော်လေးစိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းလေးပေါ့ဗျာ ဟား~~~ "

ဝမ်ရှောင်းမျယ် : "........"

ငါ ငါ....ချီးပဲ!

သူ့နောက်ကျောကို လေပြင်းတစ်ချက်တစ်ချက် တိုက်ခတ်သွားသလို ခံစားလိုက်ရတယ်။

ဝမ်ရှောင်းမျယ်တစ်ယောက် အော်ဟစ်ပြီး ထခုန်လိုက်မိတယ်။ ဝမ်ဖုန်းကျင်က သူ့ခါးကိုဆွဲပြီး သူ့လက်မောင်းထဲဆွဲထည့်လိုက်တဲ့အခါ သူကပြေးဖို့တောင်အဆင်သင့်ဖြစ်နေခဲ့ပြီ။ ဝမ်ဖုန်းကျင် တဟားဟားနဲ့အကျယ်ကြီးအော်ရယ်လိုက်တဲ့အခါမှာတော့ ဝမ်ရှောင်းမျယ်တကယ်ကြီးကို ထွက်ပြေးလိုက်ချင်မိတော့တယ်။

" အဲ့တာကအလိမ်အညာတွေပါ " သူကပြောတယ်။

သူ့ရဲ့ကြီးမားလှတဲ့အနက်ရောင်မျက်ဆံကြီးတွေက သူ့လက်မောင်းထဲက အကြောက်လွန်နေတဲ့အကောင်ပေါက်လေးကို စိုက်ကြည့်လိုက်တယ်။ စာနာမှုနဲ့ချစ်ခြင်းတွေက သူ့ရင်ထဲတိုးပွားလာရတယ်။

" ဟားဟား မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ "

ငါ့ဖင်ကိုပဲခရုနေလိုက်! ဝမ်ရှောင်းမျယ် သူ့တစ်ကိုယ်လုံးပေါ်က ထလာတဲ့ကြက်သီးမွေးညင်းတွေအားလုံးကို ပွတ်ချနေမိတယ်။

" အဲ့လူတွေလည်း သူတို့ရဲ့သေဆုံးမှုကိုကြောက်ရွံ့နေလိမ့်မယ်ဆိုတာ မင်းသိရဲ့လား "

" ဒါပေမယ့် ရှစ်ရှုန်း မင်းကလည်းသေပြီးသားပဲလေ "

"..... ယုံချင်ယုံ မယုံချင်နေ မင်းကိုငါသေတဲ့အထိကိုက်ပစ်မယ် " မင်းရဲ့ပါးစပ်က တကယ်ပဲဘာဖြစ်နေတာလဲ!!

Woof Woof Woof!

ဝမ်ရှောင်းမိန်က သွားကြီးစိပြီးအစွယ်ထုတ်ပြလိုက်တယ်။ သူ့ရဲ့ဝှေ့ယမ်းနေတဲ့လက်သီးလေးတော့ ဝမ်ဖုန်းကျင်ရဲ့ဆွဲဖမ်းခြင်းခံလိုက်ရလေတယ်။ ဝမ်ဖုန်းကျင် ကျောက်စိမ်းလိုအေးမြနေတဲ့ လက်ချောင်းလေးတွေကို အနမ်းပေးလိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။

" ရပါတယ် ၊ မင်းဘယ်နေရာကိုကိုက်ချင်လဲ "

မင်းကဘာလို့အဲ့တာကိုမျှော်လင့်နေရတာလဲ?!

သူ့အနေနဲ့ ဝမ်ဖုန်းကျင်လက်မောင်းထဲမှရုန်းထွက်လို့မရနိုင်တာကြောင့် ပွေ့ဖက်ထားတဲ့အတိုင်းအလိုက်သင့်နေလိုက်တော့တယ်။ သူ့ခေါင်းပေါ်ကနေ ဝမ်ဖုန်းကျင် အသံကိုကြားလိုက်ရတယ်။ " မျန်တျန်း ငါမင်းကို ဒီနေရာခေါ်လာတာ တခြားအကြောင်းပြချက်ရှိသေးတယ်။ ဒါကိုကြည့် "

ကတ်ကြေးတစ်စုံနဲ့အနီရောင်ခေါင်းစည်းတစ်ခုကို ဝမ်ရှောင်းမျယ်လက်ထဲထည့်ပေး လိုက်တယ်။

" မင်းမှာ မင်္ဂလာခေါင်းစည်းလည်းရှိတာလား "

" အဆုံးမဲ့တဲ့ဘဝက ငါလိုချင်တဲ့ဟာမဟုတ်ဘူး။ ငါအမြဲတမ်းလိုချင်ခဲ့တဲ့တစ်ခုတည်းသောအရာက မင်းရဲ့အိမ်ထောင်ဖက်ဖြစ်ဖို့ပဲ... "

".... မင်းဆီကနေမခွဲသွားရဖို့ ၊ ဘာပြဿနာတွေပဲဖြစ်လာပါစေ ငါတို့တစ်ယောက်နဲ့တစ်ယောက် မစွန့်လွှတ်ကြဖို့ ၊ ငါတို့ရဲ့နှလုံးသားထဲမှာ အမြဲတမ်းငါတို့ပဲရှိနေကြဖို့ ၊ ရှစ်ရှုန်း ငါ့ကိုစောင့်နေပေးဖို့ငါပြောခဲ့တယ်လေ ငါပြန်လာပြီး ကျိန်းသေပေါက်မင်းနဲ့လက်ထပ်မယ်လို့ပြောခဲ့တယ်လေ "

" ငါအခုပြန်လာပြီလေ။ အခုမင်းပေးထားတဲ့ကတိကိုဖြည့်ဆည်းဖို့အတွက် ငါနဲ့လက်ထပ်မယ်မလားဟင် "

တောင်ကိုဝန်းရံထားတဲ့ မြူခိုးထူထူတွေက ပင်လယ်ရေတွေ လှိုင်းထန်သလိုမျိုး ကခုန်နေခဲ့တယ်။ မဲမှောင်လှသောကောင်းကင်ထက်က ကြယ်တွေကလည်း လမင်းကြီးနဲ့အတူစတင်မှေးမှိန်လာတယ်။

တောက်ပသောအဝါရောင်အလင်းတန်းတွေက အေးစက်မှုတွေကိုဖယ်ရှားသွားပြီး သူတို့ရဲ့အနီရောင် မင်္ဂလာဆောင်ဝတ်စုံတွေကို တောက်ပစေခဲ့တယ်။

ထိုအချိန် ဝမ်ဖုန်းကျင်ရဲ့မျက်နှာကနွေးထွေးမှုတွေကိုပြသနေပြီး သူ့ရဲ့အေးစက်စက်မျက်လုံးတွေက မည်သူမဆိုကျရှုံးသွားစေလောက်တဲ့ အလှအပတွေနဲ့အစားထိုးနေခဲ့လေတယ်။

ဝမ်ရှောင်းမျယ်ကအတွေးတစ်ခုထဲရောက်သွားခဲ့တယ်။ စာသင်ခန်းထဲမှာ သူ့ရှစ်ရှုန်းကိုလက်ထပ်ဖို့အတွက် အပြင်းအထန်တောင်းဆိုနေတဲ့ ကလေးငယ်တစ်ယောက်ကို သူမြင်နေရတယ်။ ထိုအချိန်မှာ သူက ထိုလူနဲ့အတူအချိန်အတော်ကြာ ချစ်ကျွမ်းဝင်နေခဲ့တာပါလားလို့ ထင်ယောင်ထင်မှားဖြစ်လာခဲ့တယ်.....

" မင်း ဒီအကြံကိုအစထဲကကြံနေခဲ့တာပဲဖြစ်ရမယ် " ဝမ်ရှောင်းမျယ်ကသက်ပြင်းချလိုက်ပြီး ကတ်ကြေးတစ်စုံကိုလက်ခံလိုက်တယ်။

" နေရောင်အောက်မှာ မင်းနဲ့ပွင့်ပွင့်လင်းလင်းလက်ထပ်ရဖို့က ငါ့ရဲ့စွဲလန်းမှုပဲ ၊ ဒီနေ့အတွက် ငါလုပ်ခဲ့တဲ့အရာအားလုံးက မင်းနိုးလာပြီး ငါတို့ကတိတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်ပဲ "

ဝမ်ဖုန်းကျင်က သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး ပထမဆုံးအကြိမ် ဝမ်ရှောင်းမျယ်ကသူ့ရဲ့ ဝမ်းနည်းမှုတွေနဲ့ပြည့်နေတဲ့ အပြုံးတစ်ခုကိုမြင်လိုက်ရတယ်။ ဝမ်ရှောင်းမိန်က သူ့ရဲ့ငိုတော့မလိုဖြစ်နေတဲ့ မျက်နှာလေးကိုကြည့်နေလိုက်တယ်။

တကယ်တော့ ဝမ်ဖုန်းကျင်ကသူ့ရဲ့အမူအရာတွေနဲ့ပက်သက်ပြီး သတိမထားမိတတ်ဘူး။ သူတို့တွေ ဖက်ပြီး အနမ်းတွေပေးကြရင်တောင် အမြဲတမ်းရန်လိုမှုတွေကို သယ်ဆောင်ထားတယ်။ ဒါက​ သူတကယ်ပြုံးတဲ့အခါဖြစ်လာတဲ့အစစ်အမှန်အပြုံးမျိုးပေါ့လေ။

နောက်စက္ကန့်ပိုင်းအတွင်းမှာ ထင်ယောင်ထင်မှားဖြစ်နေတာ ပျောက်ကွယ်သွားပြီး စိတ်ပျက်စရာတွေ တရှိန်ထိုးထပ်ဝင်လာတော့မှာကို အဆင်သင့်ပြင်နိုင်အောင် လုပ်ပေးနေသယောင်ယောင်ပင်။

ဝမ်ရှောင်းမျယ်လည်း ထိုလူကအစထဲက နူးညံ့ငြင်သာသည့်လူမျိုးမဟုတ်မှန်း သိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝမ်ဖုန်းကျင်သူ့ကိုကြည့်လာတဲ့အခါတိုင်း သူ့မျက်လုံးထဲကရူးသွပ်စွဲလန်းမှုတွေက အကူအညီမဲ့စေခဲ့တယ်။

ငါလည်းအချစ်မျက်နှာ တစ်ကမ္ဘာဖြစ်နေမိပြီထင်ပါရဲ့။

ဝမ်ရှောင်းမျယ်ခါးသက်စွာပြုံးလိုက်မိတယ်။ သူက သူတို့ရဲ့ဆံပင်ရှည်အနည်းငယ်ကို စုလိုက်ပြီး ခေါင်းစည်းကြိုးနဲ့စုချည်လိုက်တဲ့အခါ နက်မှောင်လှသော ဆံချည်မျှင်အလုံးလိုက်လေးဖြစ်သွားလေတယ်။

ဝမ်ရှောင်းမျယ်ရဲ့ဆံပင်ကနူးညံ့ပြီးပါးတယ်။ ဝမ်ဖုန်းကျင်ရဲ့ဆံပင်ကတော့ ထိကိုင်ဖို့ရန်တောင် အလွန်တရာခက်ခဲလွန်းတယ်။

နူးညံ့တဲ့ဆံပင်ရှိသူက လူချစ်လူခင်ပိုများပြီး စိတ်ထားကောင်းရှိကြသည် ဟုလူအများစုကယုံကြည်ကြတယ်။

နေရောင်ခြည်က နောက်ဆုံးတော့ကမ္ဘာမြေပေါ် ထွန်းလင်းလာခဲ့ပြီ ၊ သစ်ရွက်တွေနဲ့ ကျောက်စိမ်းရောင်မြက်ပင်တွေပေါ်မှာ ပုလဲလုံးကဲ့သို့ နှင်းရည်စက်လေးများကကပ်တင်နေခဲ့တယ်။ သန့်ရှင်းလတ်ဆတ်တဲ့ လေထုလေးက ငှက်လေးများရဲ့တေးသီသံကို ဆောင်ကျဥ်းလာကြတယ်...

ရွှေဝါရောင်အလင်းတန်းက ကောင်းကင်ပေါ်မှာ တောက်ပနေခဲ့တယ်...

လူတစ်ယောက်က အခြားတစ်ယောက်ကိုရင်ခွင်ထဲဖက်ရင်း ထိုင်နေကြတယ် ၊ သူ့ရဲ့ခေါင်းကိုတော့ ထိုလူရဲ့လည်တိုင်ကြားထဲ နှစ်မြုပ်ထားလေတယ်။ သူက သူ့ရဲ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ယိမ်းနွဲ့နေရင်း သီချင်းဟောင်းတစ်ပုဒ်ကို အသံအက်အက်ဖြင့်သီဆိုနေလေတယ်။ သူ့မျက်လုံးတွေကတော့ သွယ်လျတဲ့လက်ချောင်းလေးတွေကိုအသုံးပြုပြီး ဆံပင်တွေကိုထုံးချည်နေတဲ့ သူ့ရင်ခွင်ထဲကလူဆီကိုသာရောက်နေခဲ့တယ်။

ရွှေရောင်ကတ်ကြေးက ဆံပင်တွေကိုဖြတ်လိုက်ပြီး သွယ်လျတဲ့လက်ချောင်းလေးတွေက ထိုအရာကို ဖဲပြားကြိုးနီလေးနဲ့တွဲချည်နေတယ်။

သီချင်းသံကရပ်တန့်သွားတယ်။ ဝမ်ဖုန်းကျင်ရဲ့ လက်တစ်ဖက်က သူ့ခန္ဓာကိုယ်ကိုပွေ့ဖက်ထားပြီး အခြားလက်တစ်ဖက်က ကျစ်ဆံမြီးလေးကိုတင်းတင်းဆုပ်ကိုင်ထားတယ်။

" မျန်တျန်း ကိုယ့်ကိုဖုန်းကျင်လို့ခေါ်.... "

ဝမ်ရှောင်းမျယ်နည်းနည်းလေးရှက်သွားပေမယ့်လည်း လိုက်နာနေဆဲပါပဲ။ " ဖုန်းကျင်... "

" မျန်တျန်း ကိုယ့်ကိုချစ်တယ်လို့ပြော... " အသံ Tone က အသံအက်အက်ကနေ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားပုံရတယ်။

ဝမ်ရှောင်းမျယ်ကထုတ်မပြောခင် ထိုစကားလုံးတွေအား အချိန်အတော်ကြာပြန်ပြန်မျိုချမိတယ်။ " ငါ ၊ အမ်း ၊ အဲ ၊ အမ်း.... ငါမင်းကိုချစ်တယ် "

နောက်ဆုံးစကားလုံးနှစ်လုံးရဲ့အသံကို မကြားခဲ့ကပေ။ တစ်ဖက်လူက အချိန်အတော်ကြာတိတ်ဆိတ်နေလေတယ်။ ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင် သူ့စကားကိုမကြားလိုက်ဘူးဟု တွေးမိလိုက်တဲ့အချိန်မှ မျက်ရည်တစ်စက် ၊ မျက်နှာတစ်ခုနဲ့ ပုခုံးတစ်စုံကသူ့အပေါ် လဲကျလာခဲ့တယ်။

ဟမ်? မိုးရွာတာလား?

ဝမ်ရှောင်းမျယ်က သူ့ရဲ့လက်လေးကိုထုတ်ပြီး မိုးရွာတာဟုတ်မဟုတ် စမ်းကြည့်ပြီးပြောလိုက်တယ် " ဖုန်းကျင် မိုးရွာ... "

" မကြည့်နဲ့ "

အေးစက်လှသောလက်တစ်ဖက်က ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးများကို ဖုံးကွယ်လိုက်တယ်။

ဝမ်ရှောင်းမျယ် ခေါင်းငုံ့ချလိုက်တယ်။ အခုလေးတင် (မြင်လိုက်ရတဲ့?) မျက်နှာအသွင်အပြင်က သူ့ခေါင်းထဲမှာ ထပ်ခါထပ်ခါပေါ်နေတယ်။ ဘယ်လိုအခြေအနေပဲရောက်ရောက် မျက်နှာသေကြီးသာဖြစ်နေတတ်တဲ့မျက်နှာက ပုံမှန်ဆိုဖုံးကွယ်ထားနေကျအမူအယာတွေ ပျောက်ဆုံးနေတယ်။ အဲ့အစား ချောက်ထဲတွန်းချခံရတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး မျှော်လင့်ချက်ပျောက်ဆုံးနေသလိုဖြစ်နေခဲ့တယ်။ ပြီးတော့ ထိုအနက်ရောင်မျက်ဝန်းထဲမှာလည်း အရည်ကြည်တွေကပြည့်နှက်လို့...

ဝမ်ဖုန်းကျင်ကငိုနေတယ်။

ဒါပေမယ့် အဲ့မျက်ရည်တွေကပျော်လို့ကျလာတဲ့မျက်ရည်တွေမဟုတ်ဘူး။

ဘာလို့လဲ?

သူရှင်းရှင်းလင်းလင်းပြောလိုက်တာပါ မဟုတ်ဘူးလား? ဘာလို့လဲ?

ခဏကြာပြီးတဲ့နောက် ထိုလူကသူ့ကိုလွှတ်ပေးလိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။ ဆံပင်ကြိုးလေးကိုတော့ ဂရုတစိုက်နဲ့သူ့အိတ်ထဲထည့်ထားလိုက်တယ်။ သူ့မှာ နူးညံ့ကြင်နာမှုတွေက ထပ်ပေါ်လာခဲ့ပြီး သူကပြောလာတယ် " ရှစ်ရှုန်း သွားရအောင်လေ ၊ ကျွန်တော်တို့အခုပြန်သင့်ပြီ... "

အချိန်ခဏလောက်အတွေးပျံ့ပြီးနောက်မှာတော့ ဝမ်ရှောင်းမျယ်က သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး နူးညံ့စွာမေးလိုက်တယ် " မင်းလိုချင်တာက မျန်တျန်းရဲ့ခံစားချက်တွေလား....ဒါမှမဟုတ်....ငါ့ရဲ့ခံစားချက်တွေလား... "

သူ့ရှေ့ကလူကရပ်တန့်လိုက်ပြီး ဝမ်ရှောင်းမျယ်ရဲ့လက်လေးကို ပိုတိုးလို့ဆုပ်ကိုင်လိုက်တယ်။

" ဘာတွေပြောနေတာလဲ ၊ မင်းကမင်းပဲလေ ၊ မျန်တျန်း ငါတို့အိမ်ပြန်ရောက်ပြီလေ "

သူ့ရှေ့က ကျယ်ပြန့်လှတဲ့ပုခုံးကြီးကိုကြည့်ရင်း ဝမ်ရှောင်းမျယ်သက်ပြင်းချလိုက်တယ်။

သူ့နှလုံးသားကတော့ လုံးဝကိုအေးစက်မှုအဖြစ် ပြောင်းလဲသွားခဲ့တော့တယ်။

_____

Thanks 🌹


Continue Reading

You'll Also Like

236K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
311K 28.3K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
203K 17.1K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...