ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

Av Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... Mer

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 16

1.9K 361 3
Av Kay_Wine

{Zawgyi}

ျမဴခိုးတိမ္ေငြ႕ေတြရစ္ဝဲေနတဲ့ ေတာင္တန္းေပၚမွာ ျမဴခိုးေတြကိုျဖတ္ၿပီး ေနဘုရားေက်ာင္းကို လွမ္းျမင္ေနရတယ္။ အျပာေရာင္ေဖ်ာ့ေဖ်ာ့ဝတ္စုံေလးနဲ႔ ခန႔္ညားေတာက္ပတဲ့လူငယ္ေလးက စာလိပ္ေလးတစ္ခုလက္ထဲကိုင္ထားၿပီး သူ႔ရဲ႕ၾကင္နာတတ္တဲ့မ်က္ဝန္းေလးေတြကလည္း ဖတ္စာအုပ္ကိုဖတ္ရင္း ထိုင္ခုံမွာတင္ ခ်ာခ်ာလည္ေနတဲ့မုန္လာဥျဖဴလိုေခါင္းေလးေတြကိုလိုက္ၾကည့္ေနတယ္။

သူ႔အၾကည့္က အားလုံးအေပၚျဖတ္သန္းသြားၿပီးေနာက္မွာေတာ့ သူတို႔ထဲက တစ္ေယာက္ထံမွာရပ္တန္႔လိုက္တယ္။ ထိုခေလးရဲ႕ေရွာင္တိမ္းေနတဲ့ မ်က္လုံးေတြနဲ႔ အျပာေရာင္ေျပာင္းသြားၿပီျဖစ္တဲ့မ်က္ႏွာေလးက သူ႔အားကူကယ္ရာမဲ့စြာၿပဳံးမိေစတယ္။

" ဒီေန႔အတြက္ေတာ့ ဒီေလာက္ပဲ " သူ႔လက္ထဲက စာအုပ္ကိုေအာက္သို႔ခ်လိုက္ၿပီးတာနဲ႔ ေသးငယ္လွေသာမုန္လာဥျဖဴေခါင္းေလးေတြက စတင္ဆူညံလာၾကၿပီး သူ႔ေျခေထာက္နားစု႐ုံးလာလွ်က္ ေခၚလာၾကတယ္ " တာ့ရွစ္ရႈန္း တာ့ရွစ္ရႈန္း "

ကေလးေတြကိုအေဝးသို႔ေခ်ာ့လႊတ္ၿပီးေနာက္ ထင္းရႉးရနံ႔ေလးသင္းေနတဲ့ အျပာႏုေရာင္အက်ႌလက္ေလးက အတန္းထဲတစ္ေယာက္ထဲက်န္ခဲ့တဲ့ အျခားကေလးေတြထက္ပိုအသက္ႀကီးတဲ့ေကာင္ေလးဆီကို တေ႐ြ႕ေ႐ြ႕ေရာက္သြားခဲ့တယ္။

ဘာခံစားခ်က္မွရွိပုံမေပၚတဲ့ေကာင္ေလးက သူ႔စာအုပ္ေတြကိုသာ သိမ္းဆည္းေနတယ္။ သူ႔ရဲ႕ ႏူးညံ့တဲ့ပုံစံနဲ႔ ထူးျခားတဲ့သူငယ္အိမ္ေတြက ​ေမွာင္မိုက္တဲ့ခံစားခ်က္မ်ိဳးကို ေပးစြမ္းႏိုင္တာေၾကာင့္ သူဟာေပါင္းသင္းဆက္ဆံေရး မေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာခဲ့တယ္။ သူတျခားလူေတြကို ၾကည့္လိုက္တဲ့အခ်ိန္တိုင္း နတ္ဆိုးဆန္ဆန္ခံစားခ်က္မ်ိဳးရရွိႏိုင္ေစၿပီး အားလုံးကို ေအာ္ဂလီဆန္သလို ျဖစ္သြားေစတယ္။ ဒီလိုအသက္ငယ္ငယ္ေလးနဲ႔ ဒီလိုေခ်ာင္က်က်ေတာင္ေပၚေက်ာင္းေလးမွာေတာင္ သူက တသီးတျခားျဖစ္ေနခဲ့တယ္။

ဒါေပမဲ့ ၿမီးေကာင္ေပါက္အ႐ြယ္ေရာက္စျပဳလာတဲ့ တာ့ရွစ္ရႈန္းကေတာ့ ဒီေကာင္ေလးနဲ႔ပတ္သတ္ၿပီး ဘာမွျငင္းဆန္စရာရွိပုံမရဘူး။ သူက အ႐ိုးေပၚအေရတင္ေလာက္ေအာင္ ပိန္ပါးၿပီး ေခါင္းေလးငုံ႔ထားတဲ့ေကာင္ေလးကို ၾကည့္လိုက္ကာ အၿပဳံးတစ္ခုက ထိန္းမရစြာပဲ ေပၚေပါက္လာခဲ့ေတာ့တယ္။

ေကာင္ေလးကဂ႐ုမစိုက္စြာဆက္ေနေနေပမယ့္လည္း သူ႔ပါးေလးေတြကေတာ့နီရဲလာခဲ့တယ္။ သူကမ်က္ေတာင္ႏွစ္ခါခတ္လိုက္ၿပီး တိုးလ်လွေသာအသံေလးျဖင့္ တီးတိုးေျပာလာတယ္ " အဲ့တိုက္ပြဲမွာ ကြၽန္ေတာ္ႏိုင္ခဲ့တယ္... "

" ဟုတ္ပါၿပီ ဟုတ္ပါၿပီ ဟုတ္ပါၿပီ ဒါေပမယ့္ မင္းမွာဘာအျမတ္မွေတာင္မရခဲ့ဘူးေလ "

" မ်န္တ်န္းရွစ္ရႈန္း! "

ေနာက္ဆုံးေတာ့ထိုကေလးေလးက သူ႔ေခါင္းေလးကိုေမာ့လာခဲ့ၿပီး သူ႔ရဲ႕ပန္ဒါလိုမ်ိဳး မ်က္လုံးေလးေတြကိုေဖာ္ထုတ္လွ်က္ ေဒါသျဖင့္ေအာ္ဟစ္လာေလတယ္။

"..."

"..."

"Ha haha haa!"

" ရွစ္ရႈန္း! "

ေကာင္ေလးက ရွက္႐ြံ႕မႈေၾကာင့္ ေဒါသထြက္လာခဲ့တယ္။ သူက လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ၿပီး သူ႔ေရွ႕က ႏူးညံ့ၿပီး ေႏြးေထြးအၿပဳံးနဲ႔ လူငယ္ေလးေရွ႕ကို ေျပးဝင္သြားကာ ပိန္သြယ္တဲ့ခါးေလးကို ေျပးဖက္လိုက္ေတာ့တယ္။ ႏူးညံ့တဲ့ႏွလုံးသားပိုင္ရွင္​ေကာင္ေလးဟာ လက္ေမာင္းေသးေသးေလးေတြရဲ႕ တင္းၾကပ္စြာ ဖက္ထားျခင္းကို ခံေနရတယ္။

" ရွစ္ရႈန္းကို မုန္းတယ္ "

ဒါေတြက မ်န္တ်န္းရဲ႕ရင္ဘတ္ထဲကို သူ႔ေခါင္းေလးျမႇဳပ္ေနေအာင္ တိုးဝင္ထားတဲ့ေကာင္ဆိုးေလးရဲ႕ စကားေတြဆိုေပမဲ့လည္း မ်န္တ်န္းကို ပြတ္သပ္တိုးဝင္ေနတဲ့ သူ႔ပါးမို႔ေလးေတြနဲ႔ နီရဲတြတ္ေနတဲ့ နား႐ြက္ကေလးေတြက တျခားအဓိပၸါယ္တမ်ိဳးကို ေဖာ္ျပေနတယ္။

" မင္းရဲ႕ဆယ့္တစ္ႏွစ္ျပည့္ေမြးေန႔ေတာင္နီးေနၿပီပဲ ဘာလိုခ်င္လဲ ဟမ္ "

မ်န္တ်န္းက သူ႔မ်က္လုံးေတြကိုႏွိမ့္ခ်ၿပီး ေကာင္ေလးကိုၾကည့္လိုက္တယ္။ ေကာင္ေလးရဲ႕ ေခါင္းေပၚမွာ ရႈပ္ပြကပ္ၿငိေနတဲ့သစ္႐ြက္စေတြကို ဖယ္ေပးေနရင္းနဲ႔ ေခါင္းေနာက္ေလးကို ညင္သာစြာ ၿဖီးေပးေနခ်ိန္မွာ သူ႔ရဲ႕ေက်ာက္စိမ္းလိုျဖဴတဲ့မ်က္ႏွာဟာ ႏူးညံ့ၾကင္နာမႈေတြနဲ႔ ျပည့္ႏွက္ေနေတာ့တယ္ ။

သံသယျဖစ္စရာမလိုဘူး အဲ့တိုက္ပြဲအတြင္းမွာ ဒီေကာင္ေလးေျမႀကီးေပၚလွိမ့္ေနရမွာပဲ....

" ဘာျဖစ္ျဖစ္ေတာင္းလို႔ရလား " သူ႔လက္ေမာင္းထဲကေကာင္ေလးက သူ႔ေခါင္းေလးကိုေမာ့ၿပီး ေမးလာတယ္။ သူ႔ရဲ႕ က်ဥ္းေျမာင္းၿပီး ရွည္လ်ားတဲ့မ်က္လုံးမ်ားက ႀကီးမားတဲ့အနက္ေရာင္မ်က္ဆံႀကီးနဲ႔အတူ ေမွ်ာ္လင့္ခ်က္မ်ားအျပည့္နဲ႔ ေတာက္ပေနခဲ့တယ္ ။ " တကယ္ပဲ ကြၽန္ေတာ္လိုခ်င္တာမွန္သမွ်ရမွာလား "

" ရမွာေပါ့ " သူကေျပာလိုက္တယ္။

ေကာင္ငယ္ေလးက ကမာၻေပၚကအရာေတြအားလုံး ရရွိလိုက္သလိုမ်ိဳး ခ်က္ခ်င္းေပ်ာ္႐ႊင္သြားခဲ့တယ္။ သူကေျပာလာေလတယ္ " ဒါဆိုရင္ ကြၽန္ေတာ္ ရွစ္ရႈန္းကိုကြၽန္ေတာ့္ဇနီးျဖစ္လာေစခ်င္တယ္ ကြၽန္ေတာ္ႀကီးလာရင္ ရွစ္ရႈန္းကိုလက္ထပ္မယ္ မ်န္တ်န္းရွစ္ရႈန္း အဲ့တာအဆင္ေျပလားဟင္ "

အံ့ၾသေနတဲ့ရွစ္ရႈန္းက စတင္ရယ္ေမာလာခဲ့ျပန္တယ္ ။

" အရာအားလုံးမွာ ယင္ နဲ႔ ယန္ ဆိုၿပီးရွိရတယ္ အ႐ူးေလးရဲ႕ ေယာက်ာ္းႏွစ္ေယာက္ကလက္ထပ္လို႔မရဘူး ။ ဒီလိုထုံးတမ္းစဥ္လာနဲ႔ဆန္႔က်င္တဲ့ ကိစၥမ်ိဳးေနာက္တစ္ခါထပ္မေျပာရဘူးေနာ္ သိလား ။ ရွစ္ဖူစိတ္ဆိုးၿပီး မင္းကိုေနာက္တစ္ခါထပ္ၿပီး အျပစ္ေပးေအာင္မလုပ္နဲ႔ "

အလြန္ကိုအမ်က္ထြက္ေနတဲ့ေကာင္ေလးက ေအာ္ဟစ္လိုက္တယ္ " ရွစ္ရႈန္းကလိမ္တယ္ ။ ရွစ္ရႈန္းေျပာေတာ့ ကြၽန္ေတာ္လိုခ်င္တာဘာမဆိုေတာင္းလို႔ရတယ္ဆို ။ ေလာကႀကီးကဒါကိုခြင့္မျပဳဘူးဆိုရင္ အဲ့စည္းမ်ဥ္းေတြကို ေနာင္အနာဂတ္မွာ ကြၽန္ေတာ္ႀကိဳက္သလိုေျပာင္းလဲပစ္မယ္ "

ၿပဳံးေနတဲ့ရွစ္ရႈန္းက ျဖဴေရာ္တဲ့ဘက္ကိုေျပာင္းလဲသြားခဲ့တယ္ ။ " တိတ္စမ္း! လူတိုင္းက သူတို႔ရဲ႕ကိုယ္ပိုင္ဘဝမွာ ဒီလိုစကားမ်ိဳးေျပာႏိုင္ေပမယ့္ မင္းကေျပာလို႔မရဘူး ။ ငါေျပာတာ ၾကားလား ။ မင္းက က်ိန္းေသေပါက္ ဒီလိုစကားမ်ိဳးေတြ ေျပာလို႔မရဘူး! "

ေကာင္ေလးရဲ႕မ်က္လုံးေတြမွာ မ်က္ရည္ေတြစတင္က်ဆင္းလာေတာ့တယ္။ ထိုနတ္ဆိုးလိုမ်က္ဝန္းထဲမွာ သမင္ေလးတစ္ေကာင္လိုအၾကည့္မ်ိဳးကိုသာ မ်န္တ်န္းျမင္ရေလတာေၾကာင့္ သူ႔မွာကူကယ္ရာမဲ့စြာပဲ ႏူးညံသိမ္ေမြ႕မႈေလးကိုခံစားေနရတယ္။

" ရွစ္ရႈန္းက လိမ္တယ္... " ေကာင္ေလးက သူ႔ရဲ႕အားနည္းတဲ့အသြင္အျပင္ နဲ႔ အားနည္းတဲ့ေနာက္ခံေၾကာင့္ အႏိုင္က်င့္ခံရတဲ့အခ်ိန္မွာေတာင္ မငိုခဲ့ဖူးေပ။ သူ႔ကိုေျမျပင္ေပၚမွာဖိထားၿပီး သူေသြးထြက္တဲ့အထိ ႐ိုက္ႏွက္ခ်ိန္မွာလည္းမငိုခဲ့ဖူးေပ။ သူ႔ကို အရွက္ခြဲ အျပစ္ေပးတဲ့အခ်ိန္တိုင္းမွာေတာင္မွ သူဟာ ေခါင္းမာစြာျဖင့္ပဲေငးၾကည့္ေနခဲ့ဖူး၏။

ဒီအခ်ိန္မွာေတာ့ သူဟာ ေ႐ႊေရာင္မ်က္ရည္စက္ေလးေတြကို တိတ္တဆိတ္ပဲ က်ဆင္းခြင့္ျပဳလိုက္တယ္။

မ်န္တ်န္းရဲ႕ ႏွလုံးသားေလးအရည္ေပ်ာ္က်လာခဲ့ရတယ္။ သူက သူ႔ကိုနီးကပ္စြာဖက္ထားလိုက္ၿပီး ကူကယ္ရာမဲ့စြာေျပာလိုက္ရတယ္ ။ " ေကာင္းၿပီ ေကာင္းၿပီ ငါသေဘာတူတယ္ အခုေပ်ာ္ၿပီလား " မင္းႀကီးလာတဲ့အခါက် မင္းကို ဒီကိစၥနဲ႔ ငါစမလား မစဘူးလား ဆိုတာၾကည့္ေနလိုက္ပါ။

ေကာင္ေလးက ေနာက္တစ္ႀကိမ္ေပ်ာ္႐ႊင္လာခဲ့တယ္။ သူက မ်က္ရည္ေတြကိုသူ႔လက္နဲ႔သုတ္ပစ္လိုက္ၿပီး အေလးအနက္ထားတဲ့မ်က္ႏွာနဲ႔ေမးလိုက္တယ္ " မ်န္တ်န္း မင္းငါ့ကိုေစာင့္ေန! ေနာက္အနာဂတ္က်ရင္ မင္းကိုငါ က်ိန္းေသေပါက္လက္ထပ္မယ္ "

ရွစ္ရႈန္းကသူ႔ေခါင္းေလးကိုေခါက္လိုက္ရင္း " ေကာင္ဆိုးေလး ငါ့ကို ရွစ္ရႈန္းလို႔ထည့္ေခၚစမ္း "

" ငါဂ႐ုမစိုက္ဘူး မ်န္တ်န္း ငါ့ကိုျမန္ျမန္ကတိေပး "

" ဟုတ္ပါၿပီ ဟုတ္ပါၿပီ ဟုတ္ပါၿပီ ငါကတိေပးတယ္.... "

" ငါမင္းကိုေစာင့္ေနမယ္ ဖုန္းက်င္... "

ငါမင္းကိုအၿမဲတမ္းေစာင့္ေနမယ္။ မင္းႀကီးလာတဲ့အခ်ိန္အထိ မင္းအတြက္အေရးႀကီးတဲ့အရာေတြကို ကာကြယ္ဖို႔အားေတြျပည့္လာအခ်ိန္အထိ.....

အဲ့အခ်ိန္အထိ ငါ့ရဲ႕လက္ေတြကို မင္းအတြက္ဆက္ၿပီးဖြင့္ထားေပးမွာပါ။

မင္းရွင္သန္သြားရမယ္...

ဖုန္းက်င္ ။

ေခါင္းတလားႀကီးထဲမွာေတာ့ ဝမ္ေရွာင္းမ်ယ္ရဲ႕ ႏွစ္ေရာင္စပ္ မဂၤလာဝတ္စုံဟာ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေနၿပီး တံေတာင္ဆစ္နားအထိ ဆြဲခ်ထားခံရတယ္။ အနီေရာင္အခ်စ္အမွတ္အသားေတြဟာ သူ႔ ခႏၶာကိုယ္တစ္ခုလုံးမွာ စြဲထင္က်န္ေနၿပီး နား႐ြက္ေနာက္နားကေန ရင္ဘတ္ ရင္ဘတ္ကေန ဟိုးေအာက္ပိုင္းအထိကိုစြဲေနခဲ့တယ္။

ရွင္းလင္းသြယ္လ်တဲ့ပခုံးမ်ားကေတာ့ လွပတဲ့ႏႈတ္ခမ္းတစ္စုံနဲ႔ ပိတ္ကာထားျခင္းခံေနရတယ္။ ရွည္လ်ားလွတဲ့ဆံပင္ေတြက ျပန္႔ကားေနၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေရာယွက္ဆက္ႏြယ္ေနၾကေလတယ္။

ဝမ္ေရွာင္းမ်ယ္က အနည္းငယ္ကိုက္ခဲေနျခင္းနဲ႔အတူ ႏိုးထလာခဲ့တယ္။ အခ်ိန္ခဏေလာက္ေတာ့ သူဘယ္ေနရာေရာက္လဲဆိုတာ ရွင္းရွင္းမသိႏိုင္ခဲ့ဘူး။

" ဖုန္းက်င္... ငါအိပ္မက္တစ္ခု မက္ခဲ့တယ္ထင္တယ္ "

သူ႔အေပၚကလူက လုပ္လက္စေတြကိုရပ္လိုက္ၿပီး သူ႔နား႐ြက္ေတြကိုကလူက်ီစယ္ေနရင္းနဲ႔ ေျပာလာတယ္ " ငါလည္းအိပ္မက္ မက္ခဲ့တယ္။ ၿပီးေတာ့ အဲ့တာက အိပ္မက္ေကာင္းေလး "

ဝမ္ေရွာင္းမိန္လည္း ထိုလူရဲ႕အၿပဳံးေတြကိုေတာင့္ခံမထားႏိုင္ေတာ့ဘဲ သူ႔ပခုံးေတြကို ညင္ညင္သာသာေလး အေဝးသို႔တြန္းထုတ္လိုက္တယ္။

" လုပ္ေနတာေတာ္ေတာ့... "

ဝမ္ ဖုန္းက်င္ က စိတ္ပ်က္အားငယ္စြာနဲ႔ပဲ ' အမ္း ' လို႔အသံျပဳလာခဲ့တယ္။ အခ်ိန္တိုင္း သူ႔ရဲ႕ဗိုက္ျပားခ်ပ္ခ်ပ္ေလးကို ဖိလိုက္ၿပီး ဤလူသားဟာမိနစ္နည္းနည္းေလာက္ တုန္ရီသြားေအာင္ျပဳလုပ္လွ်က္ သူ႔ရဲ႕စိတ္ဝင္စားမႈကိုဆက္လက္ လုပ္ေဆာင္ေနတယ္။

လည္တိုင္ေအာက္ရွိျမင္ကြင္းေလးက ပိုၿပီးလွပေပမယ့္လည္း ဝမ္ဖုန္းက်င္ကေရွ႕ဆက္မတိုးခဲ့ေလဘူး။ ဒီေန႔အတြက္ေတာ့ ဒါကဝမ္ေရွာင္းမ်ယ္ လက္ခံႏိုင္တဲ့ အကန္႔အသတ္ကိုေရာက္ရွိေနခဲ့ၿပီးၿပီ။

သူက သူျဖဳတ္လိုက္တဲ့ေကာ္လံေလးကို ျပန္ၿပီးစိေပးလိုက္တယ္။

" ဒါကေနာက္ဆုံးတစ္ခါပဲ.... "

ဝမ္ဖုန္းက်င္ကေခါင္းေမာ့လာၿပီးသူ႔ႏႈတ္ခမ္းေလးနဲ႔ ဝမ္ေရွာင္းမ်ယ္ရဲ႕ေအာက္ႏႈတ္ခမ္းေလးကို ညင္ညင္သာသာေလးငုံေထြးလိုက္တာေၾကာင့္ ဝမ္ေရွာင္းမ်ယ္ဆီကေန ညည္းသံေလးမ်ားထြက္လာခဲ့တယ္။ ပုံစံက လႊတ္ေပးဖို႔အတြက္ စိတ္မရွည္မႈမ်ားနဲ႔ျပည့္ႏွက္ေနပုံေပၚတယ္။

အဝတ္အစားမ်ားပြတ္တိုက္သြားသံထြက္လာခဲ့ခ်ိန္ သူ႔အေပၚမွာဖိထားတဲ့ေယာက်ာ္းသားက လွည့္လိုက္ၿပီး ေခါင္းတလားထဲကစက္ယႏၲရားကို ဖြင့္လိုက္တာေၾကာင့္ ႀကီးမားလွသည့္အဖုံးႀကီးက ပြင့္ဟလာခဲ့တယ္။ သစ္ပင္ႀကီးေပၚက ေတာက္ပစြာပြင့္ေနတဲ့ပန္းပြင့္ေတြကလည္း အလြန္ႏွစ္သက္ဖြယ္ေကာင္းစြာျဖင့္ က်ဆင္းေနခဲ့တယ္။

ဝမ္ေရွာင္းမ်ယ္က သူ႔လက္ကိုေျမႇာက္လိုက္ၿပီး သူ႔ပါးစပ္ေလးကိုကာလိုက္မိတယ္။​ သူဟာ သစ္ပင္နဲ႔နီးလာေလ အသက္ရွင္ေနဆဲလူတစ္ေယာက္နဲ႔တူလာေလျဖစ္ေနတယ္။ သူမ်က္လုံးမ်ားက စိတ္အားထက္သန္မႈေတြျဖစ္ေပၚေနၿပီး သူ႔မ်က္ႏွာေလးကလည္း အခုတင္အလုပ္ခံထားရျခင္းရဲ႕အက်ိဳးဆက္ေၾကာင့္ နီရဲေနခဲ့တယ္။ (1)

လြန္ခဲ့ေသာမိနစ္ကတင္ သူ႔အား မတရားျပဳခဲ့တဲ့ ေခ်ာေမာလွတဲ့ေယာက်ာ္းဟာ ေခါင္းတလားအျပင္ဘက္ကိုထြက္လိုက္ၿပီး ​ၿပဳံးျပလာလွ်က္ ဝမ္ေရွာင္းမိန္ဘက္လွည့္လာၿပီး သူ႔ကိုေခါင္းတလားႀကီးထဲကထြက္ႏိုင္ေအာင္ လက္လွမ္းေပးလာခဲ့တယ္။

" လာ ​မ်န္တ်န္း ငါမင္းရဲ႕ဆံပင္ေတြကိုကူစည္းေပးမယ္ "

*

*

*

အလယ္မွာႏုတ္ေတြမေရးခ်င္လို႔အခုေပါင္းေရးပါ့မယ္။

(1). နားလည္မလားမသိဘူး။ ဝမ္ေရွာင္းမ်ယ္က ဇြန္ဘီႀကီးကြာ။ သူကဘယ္လိုမွမ်က္ႏွာမရဲႏိုင္ဘူး။ မ်က္ႏွာရဲတယ္ဆိုတာ ေသြးေရာင္ေလဟုတ္တယ္မလား။ အဲ့တာက သူအသက္ရွင္ေနဆဲလူတစ္ေယာက္လိုျဖစ္ေနေၾကာင္း ဥပမာျပထားတာ။

(2) ရွစ္ဖူ ဆိုတာ ဆရာသခင္ကိုေျပာတာ။

(3) ဘာရယ္မဟုတ္ ဖတ္ရတာေထာက္ေနရ အထက္ရဲ႕အမွားပါပဲ။ ကိုယ္ဒီအပိုဒ္ကိုအေတာ္ေလးျပန္လိုက္ရတယ္။ ဆိုလိုရင္းကိုနားမလည္လို႔ နားလည္သလိုျဖည့္စြက္ျပန္ထားတာပါ။ အဲ့ေတာ့ နားလည္ခြင့္လႊတ္ေပးၾကဖို႔ပါ။

_____

{Unicode}

မြူခိုးတိမ်ငွေ့တွေရစ်ဝဲနေတဲ့ တောင်တန်းပေါ်မှာ မြူခိုးတွေကိုဖြတ်ပြီး နေဘုရားကျောင်းကို လှမ်းမြင်နေရတယ်။ အပြာရောင်ဖျော့ဖျော့ဝတ်စုံလေးနဲ့ ခန့်ညားတောက်ပတဲ့လူငယ်လေးက စာလိပ်လေးတစ်ခုလက်ထဲကိုင်ထားပြီး သူ့ရဲ့ကြင်နာတတ်တဲ့မျက်ဝန်းလေးတွေကလည်း ဖတ်စာအုပ်ကိုဖတ်ရင်း ထိုင်ခုံမှာတင် ချာချာလည်နေတဲ့မုန်လာဥဖြူလိုခေါင်းလေးတွေကိုလိုက်ကြည့်နေတယ်။

သူ့အကြည့်က အားလုံးအပေါ်ဖြတ်သန်းသွားပြီးနောက်မှာတော့ သူတို့ထဲက တစ်ယောက်ထံမှာရပ်တန့်လိုက်တယ်။ ထိုခလေးရဲ့ရှောင်တိမ်းနေတဲ့ မျက်လုံးတွေနဲ့ အပြာရောင်ပြောင်းသွားပြီဖြစ်တဲ့မျက်နှာလေးက သူ့အားကူကယ်ရာမဲ့စွာပြုံးမိစေတယ်။

" ဒီနေ့အတွက်တော့ ဒီလောက်ပဲ " သူ့လက်ထဲက စာအုပ်ကိုအောက်သို့ချလိုက်ပြီးတာနဲ့ သေးငယ်လှသောမုန်လာဥဖြူခေါင်းလေးတွေက စတင်ဆူညံလာကြပြီး သူ့ခြေထောက်နားစုရုံးလာလျှက် ခေါ်လာကြတယ် " တာ့ရှစ်ရှုန်း တာ့ရှစ်ရှုန်း "

ကလေးတွေကိုအဝေးသို့ချော့လွှတ်ပြီးနောက် ထင်းရှူးရနံ့လေးသင်းနေတဲ့ အပြာနုရောင်အင်္ကျီလက်လေးက အတန်းထဲတစ်ယောက်ထဲကျန်ခဲ့တဲ့ အခြားကလေးတွေထက်ပိုအသက်ကြီးတဲ့ကောင်လေးဆီကို တရွေ့ရွေ့ရောက်သွားခဲ့တယ်။

ဘာခံစားချက်မှရှိပုံမပေါ်တဲ့ကောင်လေးက သူ့စာအုပ်တွေကိုသာ သိမ်းဆည်းနေတယ်။ သူ့ရဲ့ နူးညံ့တဲ့ပုံစံနဲ့ ထူးခြားတဲ့သူငယ်အိမ်တွေက ​မှောင်မိုက်တဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်တာကြောင့် သူဟာပေါင်းသင်းဆက်ဆံရေး မကောင်းတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူတခြားလူတွေကို ကြည့်လိုက်တဲ့အချိန်တိုင်း နတ်ဆိုးဆန်ဆန်ခံစားချက်မျိုးရရှိနိုင်စေပြီး အားလုံးကို အော်ဂလီဆန်သလို ဖြစ်သွားစေတယ်။ ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဒီလိုချောင်ကျကျတောင်ပေါ်ကျောင်းလေးမှာတောင် သူက တသီးတခြားဖြစ်နေခဲ့တယ်။

ဒါပေမဲ့ မြီးကောင်ပေါက်အရွယ်ရောက်စပြုလာတဲ့ တာ့ရှစ်ရှုန်းကတော့ ဒီကောင်လေးနဲ့ပတ်သတ်ပြီး ဘာမှငြင်းဆန်စရာရှိပုံမရဘူး။ သူက အရိုးပေါ်အရေတင်လောက်အောင် ပိန်ပါးပြီး ခေါင်းလေးငုံ့ထားတဲ့ကောင်လေးကို ကြည့်လိုက်ကာ အပြုံးတစ်ခုက ထိန်းမရစွာပဲ ပေါ်ပေါက်လာခဲ့တော့တယ်။

ကောင်လေးကဂရုမစိုက်စွာဆက်နေနေပေမယ့်လည်း သူ့ပါးလေးတွေကတော့နီရဲလာခဲ့တယ်။ သူကမျက်တောင်နှစ်ခါခတ်လိုက်ပြီး တိုးလျလှသောအသံလေးဖြင့် တီးတိုးပြောလာတယ် " အဲ့တိုက်ပွဲမှာ ကျွန်တော်နိုင်ခဲ့တယ်... "

" ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါပေမယ့် မင်းမှာဘာအမြတ်မှတောင်မရခဲ့ဘူးလေ "

" မျန်တျန်းရှစ်ရှုန်း! "

နောက်ဆုံးတော့ထိုကလေးလေးက သူ့ခေါင်းလေးကိုမော့လာခဲ့ပြီး သူ့ရဲ့ပန်ဒါလိုမျိုး မျက်လုံးလေးတွေကိုဖော်ထုတ်လျှက် ဒေါသဖြင့်အော်ဟစ်လာလေတယ်။

"..."

"..."

"Ha haha haa!"

" ရှစ်ရှုန်း! "

ကောင်လေးက ရှက်ရွံ့မှုကြောင့် ဒေါသထွက်လာခဲ့တယ်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့ရှေ့က နူးညံ့ပြီး နွေးထွေးအပြုံးနဲ့ လူငယ်လေးရှေ့ကို ပြေးဝင်သွားကာ ပိန်သွယ်တဲ့ခါးလေးကို ပြေးဖက်လိုက်တော့တယ်။ နူးညံ့တဲ့နှလုံးသားပိုင်ရှင်​ကောင်လေးဟာ လက်မောင်းသေးသေးလေးတွေရဲ့ တင်းကြပ်စွာ ဖက်ထားခြင်းကို ခံနေရတယ်။

" ရှစ်ရှုန်းကို မုန်းတယ် "

ဒါတွေက မျန်တျန်းရဲ့ရင်ဘတ်ထဲကို သူ့ခေါင်းလေးမြှုပ်နေအောင် တိုးဝင်ထားတဲ့ကောင်ဆိုးလေးရဲ့ စကားတွေဆိုပေမဲ့လည်း မျန်တျန်းကို ပွတ်သပ်တိုးဝင်နေတဲ့ သူ့ပါးမို့လေးတွေနဲ့ နီရဲတွတ်နေတဲ့ နားရွက်ကလေးတွေက တခြားအဓိပ္ပါယ်တမျိုးကို ဖော်ပြနေတယ်။

" မင်းရဲ့ဆယ့်တစ်နှစ်ပြည့်မွေးနေ့တောင်နီးနေပြီပဲ ဘာလိုချင်လဲ ဟမ် "

မျန်တျန်းက သူ့မျက်လုံးတွေကိုနှိမ့်ချပြီး ကောင်လေးကိုကြည့်လိုက်တယ်။ ကောင်လေးရဲ့ ခေါင်းပေါ်မှာ ရှုပ်ပွကပ်ငြိနေတဲ့သစ်ရွက်စတွေကို ဖယ်ပေးနေရင်းနဲ့ ခေါင်းနောက်လေးကို ညင်သာစွာ ဖြီးပေးနေချိန်မှာ သူ့ရဲ့ကျောက်စိမ်းလိုဖြူတဲ့မျက်နှာဟာ နူးညံ့ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတော့တယ် ။

သံသယဖြစ်စရာမလိုဘူး အဲ့တိုက်ပွဲအတွင်းမှာ ဒီကောင်လေးမြေကြီးပေါ်လှိမ့်နေရမှာပဲ....

" ဘာဖြစ်ဖြစ်တောင်းလို့ရလား " သူ့လက်မောင်းထဲကကောင်လေးက သူ့ခေါင်းလေးကိုမော့ပြီး မေးလာတယ်။ သူ့ရဲ့ ကျဥ်းမြောင်းပြီး ရှည်လျားတဲ့မျက်လုံးများက ကြီးမားတဲ့အနက်ရောင်မျက်ဆံကြီးနဲ့အတူ မျှော်လင့်ချက်များအပြည့်နဲ့ တောက်ပနေခဲ့တယ် ။ " တကယ်ပဲ ကျွန်တော်လိုချင်တာမှန်သမျှရမှာလား "

" ရမှာပေါ့ " သူကပြောလိုက်တယ်။

ကောင်ငယ်လေးက ကမ္ဘာပေါ်ကအရာတွေအားလုံး ရရှိလိုက်သလိုမျိုး ချက်ချင်းပျော်ရွှင်သွားခဲ့တယ်။ သူကပြောလာလေတယ် " ဒါဆိုရင် ကျွန်တော် ရှစ်ရှုန်းကိုကျွန်တော့်ဇနီးဖြစ်လာစေချင်တယ် ကျွန်တော်ကြီးလာရင် ရှစ်ရှုန်းကိုလက်ထပ်မယ် မျန်တျန်းရှစ်ရှုန်း အဲ့တာအဆင်ပြေလားဟင် "

အံ့သြနေတဲ့ရှစ်ရှုန်းက စတင်ရယ်မောလာခဲ့ပြန်တယ် ။

" အရာအားလုံးမှာ ယင် နဲ့ ယန် ဆိုပြီးရှိရတယ် အရူးလေးရဲ့ ယောကျာ်းနှစ်ယောက်ကလက်ထပ်လို့မရဘူး ။ ဒီလိုထုံးတမ်းစဥ်လာနဲ့ဆန့်ကျင်တဲ့ ကိစ္စမျိုးနောက်တစ်ခါထပ်မပြောရဘူးနော် သိလား ။ ရှစ်ဖူစိတ်ဆိုးပြီး မင်းကိုနောက်တစ်ခါထပ်ပြီး အပြစ်ပေးအောင်မလုပ်နဲ့ "

အလွန်ကိုအမျက်ထွက်နေတဲ့ကောင်လေးက အော်ဟစ်လိုက်တယ် " ရှစ်ရှုန်းကလိမ်တယ် ။ ရှစ်ရှုန်းပြောတော့ ကျွန်တော်လိုချင်တာဘာမဆိုတောင်းလို့ရတယ်ဆို ။ လောကကြီးကဒါကိုခွင့်မပြုဘူးဆိုရင် အဲ့စည်းမျဥ်းတွေကို နောင်အနာဂတ်မှာ ကျွန်တော်ကြိုက်သလိုပြောင်းလဲပစ်မယ် "

ပြုံးနေတဲ့ရှစ်ရှုန်းက ဖြူရော်တဲ့ဘက်ကိုပြောင်းလဲသွားခဲ့တယ် ။ " တိတ်စမ်း! လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ဘဝမှာ ဒီလိုစကားမျိုးပြောနိုင်ပေမယ့် မင်းကပြောလို့မရဘူး ။ ငါပြောတာ ကြားလား ။ မင်းက ကျိန်းသေပေါက် ဒီလိုစကားမျိုးတွေ ပြောလို့မရဘူး! "

ကောင်လေးရဲ့မျက်လုံးတွေမှာ မျက်ရည်တွေစတင်ကျဆင်းလာတော့တယ်။ ထိုနတ်ဆိုးလိုမျက်ဝန်းထဲမှာ သမင်လေးတစ်ကောင်လိုအကြည့်မျိုးကိုသာ မျန်တျန်းမြင်ရလေတာကြောင့် သူ့မှာကူကယ်ရာမဲ့စွာပဲ နူးညံသိမ်မွေ့မှုလေးကိုခံစားနေရတယ်။

" ရှစ်ရှုန်းက လိမ်တယ်... " ကောင်လေးက သူ့ရဲ့အားနည်းတဲ့အသွင်အပြင် နဲ့ အားနည်းတဲ့နောက်ခံကြောင့် အနိုင်ကျင့်ခံရတဲ့အချိန်မှာတောင် မငိုခဲ့ဖူးပေ။ သူ့ကိုမြေပြင်ပေါ်မှာဖိထားပြီး သူသွေးထွက်တဲ့အထိ ရိုက်နှက်ချိန်မှာလည်းမငိုခဲ့ဖူးပေ။ သူ့ကို အရှက်ခွဲ အပြစ်ပေးတဲ့အချိန်တိုင်းမှာတောင်မှ သူဟာ ခေါင်းမာစွာဖြင့်ပဲငေးကြည့်နေခဲ့ဖူး၏။

ဒီအချိန်မှာတော့ သူဟာ ရွှေရောင်မျက်ရည်စက်လေးတွေကို တိတ်တဆိတ်ပဲ ကျဆင်းခွင့်ပြုလိုက်တယ်။

မျန်တျန်းရဲ့ နှလုံးသားလေးအရည်ပျော်ကျလာခဲ့ရတယ်။ သူက သူ့ကိုနီးကပ်စွာဖက်ထားလိုက်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်ရတယ် ။ " ကောင်းပြီ ကောင်းပြီ ငါသဘောတူတယ် အခုပျော်ပြီလား " မင်းကြီးလာတဲ့အခါကျ မင်းကို ဒီကိစ္စနဲ့ ငါစမလား မစဘူးလား ဆိုတာကြည့်နေလိုက်ပါ။

ကောင်လေးက နောက်တစ်ကြိမ်ပျော်ရွှင်လာခဲ့တယ်။ သူက မျက်ရည်တွေကိုသူ့လက်နဲ့သုတ်ပစ်လိုက်ပြီး အလေးအနက်ထားတဲ့မျက်နှာနဲ့မေးလိုက်တယ် " မျန်တျန်း မင်းငါ့ကိုစောင့်နေ! နောက်အနာဂတ်ကျရင် မင်းကိုငါ ကျိန်းသေပေါက်လက်ထပ်မယ် "

ရှစ်ရှုန်းကသူ့ခေါင်းလေးကိုခေါက်လိုက်ရင်း " ကောင်ဆိုးလေး ငါ့ကို ရှစ်ရှုန်းလို့ထည့်ခေါ်စမ်း "

" ငါဂရုမစိုက်ဘူး မျန်တျန်း ငါ့ကိုမြန်မြန်ကတိပေး "

" ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ ငါကတိပေးတယ်.... "

" ငါမင်းကိုစောင့်နေမယ် ဖုန်းကျင်... "

ငါမင်းကိုအမြဲတမ်းစောင့်နေမယ်။ မင်းကြီးလာတဲ့အချိန်အထိ မင်းအတွက်အရေးကြီးတဲ့အရာတွေကို ကာကွယ်ဖို့အားတွေပြည့်လာအချိန်အထိ.....

အဲ့အချိန်အထိ ငါ့ရဲ့လက်တွေကို မင်းအတွက်ဆက်ပြီးဖွင့်ထားပေးမှာပါ။

မင်းရှင်သန်သွားရမယ်...

ဖုန်းကျင် ။

ခေါင်းတလားကြီးထဲမှာတော့ ဝမ်ရှောင်းမျယ်ရဲ့ နှစ်ရောင်စပ် မင်္ဂလာဝတ်စုံဟာ လျော့တိလျော့ရဲ ဖြစ်နေပြီး တံတောင်ဆစ်နားအထိ ဆွဲချထားခံရတယ်။ အနီရောင်အချစ်အမှတ်အသားတွေဟာ သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ စွဲထင်ကျန်နေပြီး နားရွက်နောက်နားကနေ ရင်ဘတ် ရင်ဘတ်ကနေ ဟိုးအောက်ပိုင်းအထိကိုစွဲနေခဲ့တယ်။

ရှင်းလင်းသွယ်လျတဲ့ပခုံးများကတော့ လှပတဲ့နှုတ်ခမ်းတစ်စုံနဲ့ ပိတ်ကာထားခြင်းခံနေရတယ်။ ရှည်လျားလှတဲ့ဆံပင်တွေက ပြန့်ကားနေကြပြီး တစ်ယောက်နဲ့တစ်ယောက် ရောယှက်ဆက်နွယ်နေကြလေတယ်။

ဝမ်ရှောင်းမျယ်က အနည်းငယ်ကိုက်ခဲနေခြင်းနဲ့အတူ နိုးထလာခဲ့တယ်။ အချိန်ခဏလောက်တော့ သူဘယ်နေရာရောက်လဲဆိုတာ ရှင်းရှင်းမသိနိုင်ခဲ့ဘူး။

" ဖုန်းကျင်... ငါအိပ်မက်တစ်ခု မက်ခဲ့တယ်ထင်တယ် "

သူ့အပေါ်ကလူက လုပ်လက်စတွေကိုရပ်လိုက်ပြီး သူ့နားရွက်တွေကိုကလူကျီစယ်နေရင်းနဲ့ ပြောလာတယ် " ငါလည်းအိပ်မက် မက်ခဲ့တယ်။ ပြီးတော့ အဲ့တာက အိပ်မက်ကောင်းလေး "

ဝမ်ရှောင်းမိန်လည်း ထိုလူရဲ့အပြုံးတွေကိုတောင့်ခံမထားနိုင်တော့ဘဲ သူ့ပခုံးတွေကို ညင်ညင်သာသာလေး အဝေးသို့တွန်းထုတ်လိုက်တယ်။

" လုပ်နေတာတော်တော့... "

ဝမ် ဖုန်းကျင် က စိတ်ပျက်အားငယ်စွာနဲ့ပဲ ' အမ်း ' လို့အသံပြုလာခဲ့တယ်။ အချိန်တိုင်း သူ့ရဲ့ဗိုက်ပြားချပ်ချပ်လေးကို ဖိလိုက်ပြီး ဤလူသားဟာမိနစ်နည်းနည်းလောက် တုန်ရီသွားအောင်ပြုလုပ်လျှက် သူ့ရဲ့စိတ်ဝင်စားမှုကိုဆက်လက် လုပ်ဆောင်နေတယ်။

လည်တိုင်အောက်ရှိမြင်ကွင်းလေးက ပိုပြီးလှပပေမယ့်လည်း ဝမ်ဖုန်းကျင်ကရှေ့ဆက်မတိုးခဲ့လေဘူး။ ဒီနေ့အတွက်တော့ ဒါကဝမ်ရှောင်းမျယ် လက်ခံနိုင်တဲ့ အကန့်အသတ်ကိုရောက်ရှိနေခဲ့ပြီးပြီ။

သူက သူဖြုတ်လိုက်တဲ့ကော်လံလေးကို ပြန်ပြီးစိပေးလိုက်တယ်။

" ဒါကနောက်ဆုံးတစ်ခါပဲ.... "

ဝမ်ဖုန်းကျင်ကခေါင်းမော့လာပြီးသူ့နှုတ်ခမ်းလေးနဲ့ ဝမ်ရှောင်းမျယ်ရဲ့အောက်နှုတ်ခမ်းလေးကို ညင်ညင်သာသာလေးငုံထွေးလိုက်တာကြောင့် ဝမ်ရှောင်းမျယ်ဆီကနေ ညည်းသံလေးများထွက်လာခဲ့တယ်။ ပုံစံက လွှတ်ပေးဖို့အတွက် စိတ်မရှည်မှုများနဲ့ပြည့်နှက်နေပုံပေါ်တယ်။

အဝတ်အစားများပွတ်တိုက်သွားသံထွက်လာခဲ့ချိန် သူ့အပေါ်မှာဖိထားတဲ့ယောကျာ်းသားက လှည့်လိုက်ပြီး ခေါင်းတလားထဲကစက်ယန္တရားကို ဖွင့်လိုက်တာကြောင့် ကြီးမားလှသည့်အဖုံးကြီးက ပွင့်ဟလာခဲ့တယ်။ သစ်ပင်ကြီးပေါ်က တောက်ပစွာပွင့်နေတဲ့ပန်းပွင့်တွေကလည်း အလွန်နှစ်သက်ဖွယ်ကောင်းစွာဖြင့် ကျဆင်းနေခဲ့တယ်။

ဝမ်ရှောင်းမျယ်က သူ့လက်ကိုမြှောက်လိုက်ပြီး သူ့ပါးစပ်လေးကိုကာလိုက်မိတယ်။​ သူဟာ သစ်ပင်နဲ့နီးလာလေ အသက်ရှင်နေဆဲလူတစ်ယောက်နဲ့တူလာလေဖြစ်နေတယ်။ သူမျက်လုံးများက စိတ်အားထက်သန်မှုတွေဖြစ်ပေါ်နေပြီး သူ့မျက်နှာလေးကလည်း အခုတင်အလုပ်ခံထားရခြင်းရဲ့အကျိုးဆက်ကြောင့် နီရဲနေခဲ့တယ်။ (1)

လွန်ခဲ့သောမိနစ်ကတင် သူ့အား မတရားပြုခဲ့တဲ့ ချောမောလှတဲ့ယောကျာ်းဟာ ခေါင်းတလားအပြင်ဘက်ကိုထွက်လိုက်ပြီး ​ပြုံးပြလာလျှက် ဝမ်ရှောင်းမိန်ဘက်လှည့်လာပြီး သူ့ကိုခေါင်းတလားကြီးထဲကထွက်နိုင်အောင် လက်လှမ်းပေးလာခဲ့တယ်။

" လာ ​မျန်တျန်း ငါမင်းရဲ့ဆံပင်တွေကိုကူစည်းပေးမယ် "

*

*

*

အလယ်မှာနုတ်တွေမရေးချင်လို့အခုပေါင်းရေးပါ့မယ်။

(1). နားလည်မလားမသိဘူး။ ဝမ်ရှောင်းမျယ်က ဇွန်ဘီကြီးကွာ။ သူကဘယ်လိုမှမျက်နှာမရဲနိုင်ဘူး။ မျက်နှာရဲတယ်ဆိုတာ သွေးရောင်လေဟုတ်တယ်မလား။ အဲ့တာက သူအသက်ရှင်နေဆဲလူတစ်ယောက်လိုဖြစ်နေကြောင်း ဥပမာပြထားတာ။

(2) ရှစ်ဖူ ဆိုတာ ဆရာသခင်ကိုပြောတာ။

(3) ဘာရယ်မဟုတ် ဖတ်ရတာထောက်နေရ အထက်ရဲ့အမှားပါပဲ။ ကိုယ်ဒီအပိုဒ်ကိုအတော်လေးပြန်လိုက်ရတယ်။ ဆိုလိုရင်းကိုနားမလည်လို့ နားလည်သလိုဖြည့်စွက်ပြန်ထားတာပါ။ အဲ့တော့ နားလည်ခွင့်လွှတ်ပေးကြဖို့ပါ။

_____

Thanks 🌹


Fortsätt läs

Du kommer också att gilla

235K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
1.3M 57K 27
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
202K 17K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...