ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...
By Kay_Wine
108K 19.4K 960
Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44
Chapter 12
1.8K 402 15
By Kay_Wine
{Zawgyi}
မျန်တျန်း!
ဝမ်ရှောင်းမျယ်: "....."
ဒုန်း!
"....."
(T/N: Like this 👇)
နက်နက်နဲနဲတွေတွေးခေါ်ပြီးချိန်မှာတော့ ထိုလူကဝမ်ရှောင်းမျယ်ရဲ့ ပခုံးကိုပုတ်ပြီး ရယ်လိုက်တယ် " နောက်ဆုံးတော့ငါသိခဲ့ပြီ! မင်းကငါ့အကိုခန့်လိုက်တဲ့ သင်္ချိုင်းထဲငါ့ကိုခြောက်မယ့်လူမလား ဟုတ်တယ်ဟုတ်?! ငါ့ကိုသူတို့နဲ့အတူ သင်္ချိုင်းထဲမဝင်စေချင်လို့ လာတားနေတာ ဟုတ်တယ်မလား?! ဟားဟားဟား ငါကအရမ်းဉာဏ်ပြေးတာပဲ! "
_____
{Unicode}
မိန်းမတစ်ယောက်ရဲ့ငိုကြွေးသံက စင်္ကြံရဲ့တစ်ဖက်တစ်ချက်ကနေ ထွက်ပေါ်လာခဲ့တယ်။ အဲ့တာက အရင်တစ်ခါသင်္ချိုင်းသူခိုးတွေ ဝင်လာတုန်းကပေါ်လာတဲ့ အသံအတိုင်းပဲ။ အဲ့အသံက ဝမ်ဖုန်းကျင် ဖန်တီးထားတဲ့အရာတစ်ခုခုဆီကနေလာခဲ့တာပဲဖြစ်တယ်။ သင်္ချိုင်းထဲကို ဝင်နိုင်ခဲ့တဲ့ ကျူးကျော်သူရဲ့အခြေအနေကို သူမကဒီလိုသတိပေးဖော်ပြလိမ့်မယ်။
ထိုမိန်းမငိုသံကိုကြားလိုက်ရ ရခြင်း ဝမ်ဖုန်းကျင် ကအသံလာရာ နေရာကို လျင်မြန်စွာ ကောက်ချက်ချလိုက်နိုင်တယ်။ သူ့မျက်နှာကလည်း လူသတ်ချင်တဲ့အငွေ့အသက်ကိုပြောင်းလဲသွားခဲ့တယ်။
မျန်တျန်း!
သင်္ချိုင်းသူခိုးက မျန်တျန်းကိုဦးတည်နေတယ်!
ထိုအချိန်အတွင်းမှာပဲ ဝမ်ရှောင်းမျယ်က သူ့ဆီကိုအနက်ရောင်မြည်းခွာကြီးယမ်းပြနေပြီး မြေပေါ်မှာထိုင်နေတဲ့လူကို ပြောစရာစကားမရှိစွာဖြင့်ကြည့်နေခဲ့ရတယ်။ ထိုသူက အလွန်ကြောက်ပြီး အလွန်အကျွံကိုငိုကြွေးနေခဲ့တယ်။
သယ်ရင်းရာ မင်းဒီလိုလုပ်နေတာ ဆယ်မိနစ်လောက်ရှိနေပြီ မပင်ပန်းဘူးလား!
ဝမ်ရှောင်းမျယ်က သူ့ပါးစပ်ကိုဖွင့်ပြီး ပြောဖို့လုပ်လိုက်တယ် " ငါ... " ငါကမကောင်းတဲ့လူ မဟုတ်ပါဘူးကွာ။
ဒါပေမယ့်လည်း သူ့ရဲ့စကားလေးတောင်ဆုံးအောင်မပြောရသေးခင် အခြားတစ်ဖက်ကလူက အော်ဟစ်လိုက်တယ် " မလာနဲ့ ကပ်မလာနဲ့! အား—! "
ဝမ်ရှောင်းမျယ်: "....."
ဝမ်ရှောင်းမျယ်က ကို့ယို့ကားယားနဲ့ငုတ်တုတ်လေးထိုင်နေခဲ့တာဖြစ်တယ်။ သူကသူ့ရဲ့ပုံစံကို ကြိုးကြိုးစားစားပြင်လိုက်ပြီး တစ်ချိန်ထဲမှာလည်း သူ့ဟာလေးကိုဖုံးဖို့အတွက် သူ့ရဲ့အဝတ်အစားတွေကိုအောက်ဆွဲချလိုက်တယ်။ သူတို့နှစ်ယောက်လုံးက ယောကျာ်းချင်းဖြစ်နေပေမယ့်လည်း သူသူ့ကိုအမြင်မခံနိုင်သေးတုန်းပဲ။
သူ့လုပ်ရပ်က တဖက်လူကို အထင်လွဲစေခဲ့ပြီး ပေတူးနေတဲ့မျက်နှာနဲ့လူက တိုက်ပွဲခေါ်သံကို စတင်လိုက်တယ် "ငါ မင်းကို သတ်မယ်" လို့ အော်ပြီးတာနဲ့ပဲ မြည်းခွာနဲ့ ဝမ်ရှောင်းမျယ်ရဲ့ နဖူးကို လျှပ်တပြတ် တိုက်ခိုက်လိုက်တယ်။
ဒုန်း!
"....."
လုံးဝကိုဘာမှဖြစ်မသွားသော ဝမ်ရှောင်းမျယ်က ထိုသူ့ကို မျက်လုံးသေနဲ့ပြန်ကြည့်နေလိုက်တယ်။
(T/N: Like this 👇)
(Gintama မှပါဝင်ကူညီအားဖြည့်သည် 🤣 အမှန်တော့ကွာ အဲ့လိုအကြည့်ကိုပြချင်တာဆိုပေမယ့် ရှာရင်းနဲ့ဒီပုံတွေ့တော့ ဝမ်ရှောင်းမျယ်နဲ့ပိုလိုက်မယ်ထင်လို့ ခိုးလာတာကွာ 😂 )
တိုက်ခိုက်လိုက်သည့်သူက စတင်တုန်လှုပ်လာပြီး " ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?! ဘာလို့ဒီဇွန်ဘီကို သက်ရောက်မှုမရှိရတာလဲ?! ငါလုံလောက်အောင် အားမသုံးလိုက်မိလို့ဖြစ်မယ် " အဲ့ဒါနဲ့ သူ့ရဲ့လက်နက်ကို မြှောက်လိုက်ပြီး​ မေးရိုးကျိုးစေနိုင်တဲ့ ရိုက်ချက်ကို ဖော်ထုတ်လိုက်တယ်။ **
(** မြည်းခွာက ဇွန်ဘီတွေကိုအကျိုးသက်ရောက်မှုရှိတယ်လို့ ယုံကြည်ကြတယ်တဲ့။ ကြက်သွန်ဖြူတို့ ဆားတို့ သုံးရင် သရဲကိုနိုင်တယ်ဆိုတာလိုမျိုး။)
ဝမ်ရှောင်းမျယ်က မြည်းခွာကြီးလာနေတဲ့ လေသံနဲ့ တဖြည်းဖြည်းနီးလာတာကိုကြားလိုက်ရတယ်။
ဝှက်သယ်ဖာခ်! မင်းကဒီအင်နိုးစန့်ဖက်ထုပ်လေးကို အသေသတ်ဖို့ကြံနေတာလားဟမ်?!!
သူ့ရဲ့မျက်နှာအမူအရာက ပြောင်းလဲသွားတော့တယ်။ သူ့အသားအရည်ကသိသိသာသာမာပြီး အနာခံနိုင်တဲ့ဇွန်ဘီတစ်ကောင် ဖြစ်နေတယ်ဆိုပေမယ့်လည်း ဒီခွာကြီးကနေ သက်ရောက်လာမယ့် နာကျင်မှုကိုခံနိုင်မယ်လို့မဆိုလိုဘူးလေ။
သူ့အသားအရည်ကလုံ​လောက်အောင်မမာကျောပဲ သူ့ခေါင်းကြီးသာထိုးဖောက်ခံလိုက်ရရင် သူပုံပျက်ပန်းပျက်ကြီး ဖြစ်သွားမှာမဟုတ်ပေဘူးလား?!!
သူကြောက်ရွံ့နေတဲ့အချိန်အတွင်းမှာပဲ မြည်းခွာကြီးက အေးစက်တဲ့အလင်းတစ်ခုလိုမျိုး တောက်ပစွာလာနေခဲ့တယ်။
ဖွတ်လူသားမုယီက သူ့ရဲ့အမိန့်ကိုစောင့်နေခဲ့ပေမယ့်လည်း ထိုအချိန်ထိအမိန့်ကရောက်မလာခဲ့ဘူး။ ထိုယောကျာ်းရဲ့တိုက်ခိုက်မှုကိုလည်းမြင်ရော သူ့မျက်လုံးတွေက အနီရောင်သမ်းသွားပြီး စက္ကန့်အနည်းငယ်အတွင်းပျောက်ကွယ်သွားတယ်။ သူက သူ့ရဲ့မေးရိုးကြီးကိုဖွင့်ပြီး ထိုလူသားရဲ့ခေါင်းဆီကိုခုန်အုပ်လိုက်တယ်။
ဝမ်ရှောင်းမျယ်က အဲ့အကောင်ကြီးရဲ့ လှုပ်ရှားမှုကို တွေ့လိုက်ရတဲ့အခါ သူက မြည်းခွာကို ဆွဲဖမ်းလိုက်တယ်။ မထင်မှတ်ထားစွာနဲ့ပဲ သူ့ရဲ့ခွန်အားက ထိုလူရဲ့လက်ထဲကနေဆွဲထုတ်နိုင်တဲ့အထိကိုသန်မာနေခဲ့တယ်။
" မလှုပ်နဲ့! " ဝမ်ရှောင်းမျယ်ကအော်လိုက်တယ်။
အပေါ်မှာ တွားသွားနေတဲ့ မိစ္ဆာကြီးက ရပ်တန့်သွားတယ်။ အဲ့လူအနေနဲ့ အခုလေးတင် သေမင်းတံခါးဝက သီသီလေးလွတ်လာတယ်ဆိုတာ သိသာပါတယ်။ အဲ့လူက သူ့လက်ထဲဘာမှမရှိတော့တာကိုကြည့်ပြီး ဖြူဖျော့သွားတယ်။
ငါတော့ ပြီးသွားပြီ။ ဒီဖက်ထုပ်ရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်လွန်းတယ်။ မြည်းခွာကိုတောင် အဝေးကိုယူသွားခဲ့ပြီ။
အားနည်းကြောက်ရွံ့နေတဲ့ သင်္ချိုင်းသူခိုးကိုမြင်တော့ အခုထိဖင်ကိုသုတ်စရာ တစ်ရှူးမရသေးတဲ့ဝမ်ရှောင်းမျယ်က အသံကျယ်ကျယ်နဲ့ပြောလိုက်တယ် " မကြောက်ပါနဲ့! ငါ့ကိုကြောက်စရာမလိုပါဘူး! စိတ်ချပါ ငါမင်းကိုထိခိုက်အောင်မလုပ်ပါဘူး။ ငါကအိမ်သာလေးတက်ချင်ခဲ့ရုံပါကွာ မင်းအပေါ်ကနေဒီကိုဘယ်လိုကျလာလဲ ဘုရားပဲသိလိမ့်မယ်။ သယ်ရင်းရာ ငါအခုချိန်လေးမှာ အီးကုန်းဖို့တစ်ရှူးလေးအရမ်းကိုလိုအပ်နေတာကွာ ငါ့ကိုမင်းကတစ်ရှူးလေးနည်းနည်းပေး ငါကမင်းကို မြည်းခွာပြန်ပေးမယ်လေ။ မင်းကိုဒီနေရာကထွက်သွားလို့ရအောင်တောင်ပြောပေးအုံးမယ်ကွာ! ဘယ်လိုလဲ? "
ထိုလူ့ရဲ့စိတ်တွေပြန့်ကျဲသွားရတယ်။ သူက ဝမ်ရှောင်းမျယ်ရဲ့ငုတ်တုတ်ထိုင်နေတဲ့ပုံ၊ ပုံမှန်မဟုတ်တဲ့အဝတ်အစားတွေနဲ့ အသားအရောင်တွေကိုကြည့်လိုက်ပြီး ခက်ခက်ခဲခဲမေးလိုက်ရတယ် " ဇွန်ဘီက......အိမ်သာတက်ဖို့လိုသေးတုန်းပဲလား? "
ဝမ်ရှောင်းမျယ်: ".....ဘာလို့မလိုရမှာလဲ ဇွန်ဘီတွေကိုဒီလိုမျိုး ခွဲခြားမဆက်ဆံပါနဲ့! "
ထိုလူသားက သူ့ရဲ့စိတ်တွေပြန်လည်မစုစည်းနိုင်သေးခင်အထိ အချိန်အတော်ကြာပြောစရာစကားမဲ့ခဲ့ရတယ်။ သူကသူ့လက်တွေနဲ့ သူ့ရဲ့မဲပြီးသားမျက်နှာကို သုတ်ပစ်လိုက်တယ်။
နောက်ဆုံးတော့ သူက သူ့ရဲ့ကျောပိုးအိတ်ကိုဖွင့်လိုက်ပြီး တစ်ရှူးအသစ်တစ်ထုပ်ကိုဆွဲထုတ်၍ ဝမ်ရှောင်းမိန်ကိုပေးလိုက်တယ်။
" ကျေးဇူးတင်ပါတယ်! " ဒီလူကမဆိုးဘူးပဲ သူတကယ်ငါ့ကိုယုံသွားတယ်။ ဝမ်ရှောင်းမျယ်ကကျေးဇူးတင်စွာဖြင့် တစ်ရှူးကိုယူလိုက်တယ်။
ဖက်ထုပ်တစ်ထုပ်က တစ်ရှူးအိတ်ကိုဖောက်ပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့အသုံးပြုနေတဲ့ပုံကိုကြည့်ပြီးသော သင်္ချိုင်းသူခိုး: "....."
သူ့မျက်နှာအပြည့် ထိုစာသားတွေကိုရေးသားထားတယ် " ငါဘယ်သူလဲ? ဘယ်ရောက်နေတာလဲ? ဘာလို့ဇွန်ဘီတစ်ကောင်က တစ်ရှူးကိုဘယ်လိုသုံးရမလဲသိနေရတာလဲ? " စသည်ဖြင့်။
နောက်ဆုံးတော့ သူ့ကိုယ်သူသန့်ရှင်းရေးလုပ်တော့မယ့် ဝမ်ရှောင်းမိန်က ထူးဆန်းတဲ့အကြည့်နဲ့ကြည့်ခံနေရတာကြောင့် ကိုးယို့ကားယားခံစားလာရတယ် " သယ်ရင်း မင်းကဒီလိုမျိုးကြည့်နေတော့ ငါနည်းနည်းလေးတော့ရှက်တယ်ကွ မင်းဟိုဘက်လေးလှည့်နေပေးလို့ရမလား? "
" အိုး အိုခေ! " ထိုလူကလည်း ရှက်ရှက်နဲ့ တခြားဘက်ကို မြန်မြန်လေးလှည့်လိုက်တော့တယ်။
ဝမ်ရှောင်းမိန် စိတ်သက်သာရာရသွားခဲ့တယ်။ အားလုံးပြီးသွားတဲ့အခါမှာတော့ သူကမြည်းခွာကြီးကိုင်လျှက် မတ်တပ်ရပ်လိုက်ပြီး တံခါးမရှိတဲ့အိမ်သာထဲကနေ ထိုလူ့ဆီကိုလမ်းလျှောက်ထွက်လာလိုက်တယ်။
ဇွန်ဘီဖြစ်ရတာကောင်းတဲ့အချက်တစ်ချက်ကတော့: ဒီလောက်အကြာကြီးထိုင်တာတောင် ကြွက်တက်ခြင်းမရှိတာပဲ။
နက်နက်နဲနဲတွေတွေးခေါ်ပြီးချိန်မှာတော့ ထိုလူကဝမ်ရှောင်းမျယ်ရဲ့ ပခုံးကိုပုတ်ပြီး ရယ်လိုက်တယ် " နောက်ဆုံးတော့ငါသိခဲ့ပြီ! မင်းကငါ့အကိုခန့်လိုက်တဲ့ သင်္ချိုင်းထဲငါ့ကိုခြောက်မယ့်လူမလား ဟုတ်တယ်ဟုတ်?! ငါ့ကိုသူတို့နဲ့အတူ သင်္ချိုင်းထဲမဝင်စေချင်လို့ လာတားနေတာ ဟုတ််တယ်မလား?! ဟားဟားဟား ငါကအရမ်းဉာဏ်ပြေးတာပဲ! "
ဇွန်ဘီကဘယ်လိုလုပ် ဒီလောက်ချောချောချူချူစကားတွေပြောနိုင်မှာလဲ?
ဇွန်ဘီကဘယ်လိုလုပ် အိမ်သာတက်ဖို့လိုမှာလဲ?
ဇွန်ဘီတစ်ကောင်က အသက်ရှင်နေဆဲလူကိုဘာလို့မတိုက်ပဲနေနိုင်ရမှာလဲ?
ဒါ့ကြောင့်ပဲ ဒီလူကငါ့ကိုတားဖို့အတွက် ငါ့အကိုအလုပ်ခန့်ထားတဲ့လူပဲဖြစ်ရမယ်။
" ဟားဟား မင်းကငါ့အကိုရဲ့ဆိုင်က တစ်ယောက်ယောက်မလား? မင်းအတွက်ခက်ခဲမှာပဲနော် ဒီနေရာမှာတစ်ချိန်လုံးငုတ်တုတ်ထိုင်နေရတာ၊ ငါ့ကို မြည်းခွာပြန်ပေးတော့ ငါ ငါးပုလဲရှာရအုံးမယ်! "
ဝမ်ရှောင်းမျယ်က ထိုလူသူ့ဦးနှော​က်သူ ချီးမွမ်းနေတာကိုကြည့်ရင်းနဲ့ သူ့သွားဖြူဖွေးဖွေးတွေပေါ်တဲ့အထိ ရယ်လိုက်တယ်။ ဒါပေမယ့်လည်း အခု သူကဝမ်ရှောင်းမျယ်ကိုလူသားလို့ထင်လာတာကြောင့် ကိစ္စတွေကရှုပ်ထွေးမှုနည်းသွားခဲ့တယ်။ သူက ထိုလူ့ကိုသူ့ရဲ့မြည်းခွာကိုပြန်ပေးလိုက်တော့တယ်။
ထိုပစ္စည်းအားပြန်ပေးပြီးနောက်မှာတော့ ဝမ်ရှောင်းမျယ်ဟာ သူ့လက်ကအမဲရောင်ဆေးတွေစွန်းထင်းနေတာကို သတိထားလိုက်မိတယ်!
" ဘာလဲ! မင်းရဲ့​မြည်းခွာအမဲရောင်ကဆေးဆိုးခဲ့တာလား? ပြီးတော့လည်း ငါသတိထားမိနေတာ ဘာလို့မင်းမျက်နှာက မင်းလက်နဲ့သုတ်ပြီးချိန်မှပိုမဲသွားရတာလဲပေါ့ " ဝမ်ရှောင်းမျယ်ရဲ့ခေါင်းပေါ်မှာ အနက်ရောင်လိုင်းတွေရှိနေခဲ့တယ်: " သယ်ရင်းရာ ငါတို့ဘယ်လောက်ဆင်းရဲရဲ ကိစ္စမရှိပါဘူး ဒါပေမယ့် သူများတွေကိုလှည့်စားဖို့အတွက်နဲ့တော့ မြည်းခွာကိုအမဲရောင်မဆိုးသင့်ပါဘူးကွာ "
ကျွတ် ကျွတ် ဘယ်သူ့ကိုမင်းကအရူးလုပ်ဖို့ ကြိုးစားနေတာလဲ? ဇွန်ဘီတွေက အရူးလို့များမင်းကထင်နေတာလား?
ထိုလူကခဏလောက်ငုတ်တုန်မေ့နေပြီးမှ သူ့ခေါင်းလေးကိုကုတ်ရင်း ပြုံးပြီးပြောလာတယ် " ငါ ငါလည်းဒီအကြောင်းသိပ်မသိဘူး ငါတို့အိမ်မှာ မရှိတော့တာနဲ့ ငါလည်း ပင်းရှီရှီကနေမှာလိုက်တာ... " (TN: တကယ့်နာမည်က ပင်းဒိုဒို အမေဇုန်လိုမျိုးတဲ့ Eng tran ကပြောတာပဲ)
ဝမ်ရှောင်းမျယ်: "....." ဟီးဟီး မင်းကနည်းနည်းတော့ ချစ်စရာကောင်းသားပဲ။
ဝမ်ရှောင်းမျယ်က တစ်ချက်ကြည့်လိုက်တာနဲ့ ဒီကောင်လေးကငယ်သေးကြောင်းသိလိုက်ပြီး သူကယုံလွယ်သူတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်တယ်။
" ဒါနဲ့ မင်းကငါ့အကိုရဲ့ အလုပ်သမားအသစ်လား? ဘယ်လိုလုပ် ငါမင်းကိုတစ်ခါမှမမြင်ဖူးရတာလဲ? " သူကပေါ့ပေါ့ပါးပါးနဲ့မေးလိုက်တယ်။
" ငါကမင်းအကိုအတွက်အလုပ်မလုပ်ပေးပါဘူး ငါကဝမ်ရှောင်းမျယ် ပြီးတော့ မင်းအကို ကိုလည်းငါသိမနေဘူး "
" အို ငါက ကျန်းပိုင် မင်းကငါ့အကိုပို့လိုက်တဲ့လူမဟုတ်ဘူးဆိုတော့ မင်းကတကယ်ပဲဘယ်သူလဲ? ဖြစ်နိုင်တာက.... " သူကတက်တက်ကြွကြွဖြစ်လာခဲ့တယ် " ဖြစ်နိုင်တာက မင်းကလည်းသင်္ချိုင်းသူခိုးပဲလား? "
မဟုတ်ပါဘူး ငါကအလုယက်ခံရမယ့် အိမ်ပိုင်ရှင် ကံဆိုးသူလေးပါဗျာ...
_____
Thanks 🌹
Continue Reading
You'll Also Like
123K 15.1K 113
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
340K 5K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။