ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 2

4.3K 746 46
By Kay_Wine

{Zawgyi}

ဝမ္ေရွာင္းမ်ယ္ ႏိုးလာတဲ့အခ်ိန္ သူကတစ္စုံတစ္ေယာက္ရဲ႕ ေပြ႕ဖက္မႈၾကားမွာ လဲေလ်ာင္းေနရတယ္ဆိုတာကို သိလိုက္ရတယ္။ သူမွီခိုထားခဲ့ရတဲ့ ရင္ဘတ္ႀကီးကအစိုင္အခဲႀကီးတစ္ခုလိုမ်ိဳးပဲ သူ႔ေနာက္ေက်ာဘက္ေလးကေတာင္ ေရခဲလိုမ်ိဳးေအးေနတယ္လို႔ေတာင္ခံစားေနရတယ္။ ေနာက္ၿပီး သူသက္ေတာင့္သက္သာေနလို႔ရေအာင္ ထိုလူကဖက္ထားတဲ့ပုံအေနအထားေတာင္ေျပာင္းေပးလိုက္ေသးတယ္။

ၾကယ္ေတြေလာင္ကြၽမ္းသလိုမ်ိဳးျဖစ္ေနတဲ့ အနီေရာင္ေနာက္ခံႀကီးကိုဆန္႔က်င္ၿပီး ပန္းပြင့္အနည္းငယ္က အနီေရာင္မဂၤလာဝတ္စုံေပၚေႂကြက်လွ်က္ လွပတဲ့အေျခအေနေလးျဖစ္ေနခဲ့တယ္။

ဒီအေျခအေနကိုအျပင္လူေတြ႕ခဲ့ရင္: ခမ္းနားႀကီးက်ယ္တဲ့ေျမေအာက္နန္းေတာ္ႀကီးရဲ႕ အျမင့္တေနရာမွာ ေယာက်ာ္းေလးခ်စ္သူစုံတြဲတစ္တြဲက အနီနဲ႔အနတ္ဝတ္႐ုံေတြကိုဝတ္ဆင္ထားၿပီး အိပ္မက္ဆန္ဆန္ မက္မြန္ပင္ႀကီးကိုမွီထားလွ်က္ရွိေနၾကတယ္ေပါ့။ သူေတာင္မွ ရင္အဖိုလြန္သြားႏိုင္ေသးတယ္။

အဲ..ဒီအေျခအေနကိုအပုတ္မေတြသာျမင္ခဲ့မယ္ဆိုရင္: သူ႔ေခါင္းထဲမွာတင္ပဲ ေထာင္ေပါင္းမ်ားစြာေသာ ဝတၳဳေတြကိုေရးလို႔ၿပီးသြားလိမ့္မယ္။

တကယ္လို႔....တကယ္လို႔အခုငါ့ကိုဖက္ထားတဲ့လူက ေသၿပီးသားလူသာမဟုတ္ခဲ့ရင္ ငါအရမ္းေပ်ာ္မိမွာပဲ။

ဒီတိုင္းေပ်ာ္႐ုံေတာင္မဟုတ္ဘူး ငါတကယ္ပဲအဲ့ဟာကိုေတာင္ လုပ္ခ်င္လုပ္မိအုံးမွာ

ဒါေပမယ့္လည္း ဝမ္ေရွာင္းမ်ယ္ကေတာ့အရမ္းေၾကာက္ေနခဲ့တယ္ အရမ္းေၾကာက္လို႔ သူ႔မ်က္ႏွာမွာ ဘာအမူအရာမွမျပေသာ္ျငားလည္း သူ႔တစ္ကိုယ္လုံးကေတာ့ ပါကင္ဆန္လူနာတစ္ေယာက္လိုမ်ိဴး အဝတ္ေလွ်ာ္တဲ့အခါသုံးတဲ့ အဝတ္ေလွ်ာ္စက္ေတြလိုမ်ိဳး တုန္ခါေနခဲ့တယ္။ [T/N: ပါကင္ဆန္ကေရာဂါနာမည္ပါ။ သူကအာ႐ုံေၾကာေရာဂါတစ္ခုပဲ ေရာဂါလကၡဏာေတြကတျဖည္းျဖည္းနဲ႔စတင္လာၿပီး လက္တစ္ေခ်ာင္းလုံးစတင္ၿပီးတုန္ခါလာတာမ်ိဳး]

သူ႔ေနာက္ေက်ာဘက္ကေန ရယ္သံတိုးတိုးေလးထြက္လာခဲ့တယ္။ ထိုလူ႔ရဲ႕ေပြ႕ဖက္မႈက ပိုၿပီးတင္းၾကပ္လာတာကို ဝမ္ေရွာင္းမ်ယ္ ခံစားလိုက္ရတယ္ ၿပီးေတာ့ သူက တကယ္ပဲ အဲ့ဒီေအးစက္ေနတဲ့ညစ္ညမ္းတဲ့အရာႀကီးကို သုံးေနတာပဲ အဲ့ဒါက ႏူးညံ့ညင္သာစြာနဲ႔ သူ႔လည္ပင္းကို ေရွ႕တိုးေနာက္ဆုတ္ပြတ္သပ္ေနတယ္

ခန္႔မွန္းရသေလာက္ ထိုအရာကသူ႔ႏႈတ္ခမ္းျဖစ္မယ့္ပုံပဲ။

ဝမ္ေရွာင္းမ်ယ္ရဲ႕မ်က္လုံး႐ြဲႀကီးမ်ားကျပဴးက်ယ္လာခဲ့တယ္။ သူကအရမ္းကိုတုန္လႈပ္ေနခဲ့ၿပီး အဲ့လိုတုန္လႈပ္ေနတာေၾကာင့္ပဲ သူ႔ေခါင္းေတာင္ငိုက္စိုက္က်သြားရတယ္။

" အ အ အကိုႀကီး ကြၽန္ေတာ္တို႔ေတြစကားေျပာလို႔ရပါတယ္ဗ်ာ " ခဗ်ားႀကီး ကြၽန္ေတာ့ကိုႀကိဳက္တာလုပ္လို႔ရပါတယ္ဗ်ာ ဒါေပမယ့္ ကိုက္ေတာ့မကိုက္လိုက္ပါနဲ႔လို႔!

" မ်န္တ်န္း ဘာလို႔မင္းကဒီဘဝမွာအရမ္းခ်စ္ဖို႔ေကာင္းေနရတာလဲ " ရင္ဘတ္ထဲမွလာေသာ အၿပဳံးေရးေရးေလးႏွင့္အတူ သူ႔အသံကျပာေနခဲ့တယ္ " မ်န္တ်န္း အဲ့ဒီ့မေသမ်ိဳးလူအိုႀကီးက ငါ့ကိုတကယ္မညာခဲ့ဘူးပဲ ဒီအေကးရွားပင္ႀကီးက ေနာက္ဆုံးေတာ့မင္းကိုျပန္ေခၚလာေပးခဲ့တယ္ "

{အေကးရွားပင္ႀကီး လွတယ္မလား}

ဝမ္ေရွာင္းမ်ယ္မွာေတာ့ စကားလုံးေတြကိုနားလည္ႏိုင္ဖို႔အတြက္ အရမ္းကိုခက္ခက္ခဲခဲတုန္လႈပ္ေနခဲ့တယ္။

သူ႔ဦးေႏွာက္ထဲမွာ ေရစီးသံတစ္ခုထဲကိုပဲၾကားေနရတယ္။

ထိုလူသားကအခ်ိန္အေတာ္ၾကာအထိေစာင့္ေနေပးေသာ္လည္း ဝမ္ေရွာင္းမ်ယ္ရဲ႕ဆိတ္ဆိတ္ေနမႈက သူ႔ကိုမေက်မနပ္ျဖစ္လာေစၿပီး သူ႔ကိုသူ႔ဘက္ဆြဲလွည့္လိုက္ေတာ့တယ္။ ထိုလႈပ္ရွားမႈက သူတို႔ကို မ်က္ႏွာခ်င္းဆိုင္သြားေစခဲ့တယ္။

ဝမ္ေရွာင္းမ်ယ္ရဲ႕သြားေတြက ဇြန္ဘီကိုေၾကာက္႐ြံ႕တဲ့အေၾကာက္တရားမ်ားေၾကာင့္ တဆက္ဆက္႐ိုက္ခတ္ေနတယ္။ သူနဲ႔မ်က္ႏွာခ်င္းဆိုင္က ဖက္ထုပ္အကိုႀကီးရဲ႕ေခါင္းမွာ အနီေရာင္သရဖူတစ္ခုရွိေနတယ္ အနီေရာင္အမွတ္အသားတစ္ခုက သူ႔မ်က္ခုံးႏွစ္ခုၾကားမွာ ရွိေနၿပီး က်ဥ္းေျမာင္းေျမာင္းမ်က္ဝန္းေတြၾကားက အနက္ေရာင္မ်က္ဆံက်ယ္က်ယ္က တကယ္ပဲ ၾကည့္လိုက္႐ုံနဲ႔ နမိတ္မေကာင္းသလိုခံစားရတယ္။

" မ်န္တ်န္း ဘာလို႔စကားမေျပာတာလဲ " လြန္ခဲ့တဲ့ စကၠန္႔အနည္းငယ္ကတင္ၿပဳံးေနခဲ့ေပမယ့္ အခုေတာ့သူ႔ရဲ႕ေခ်ာေမာတဲ့မ်က္ႏွာေလးကရက္စက္တဲ့ပုံျဖစ္သြားခဲ့တယ္။

ၿပီးေတာ့ ဝမ္ေရွာင္းမ်ယ္ကို အေၾကာက္လန္႔ေစဆုံးအရာက ဘာလဲဆိုရင္ အားေကာင္းၿပီးထင္ေယာင္ထင္မွားျဖစ္ေစတဲ့ အဲ့မ်က္ဝန္းထဲက အၾကည့္ေတြပဲ ေျပာရရင္ ေသရာကေန အသက္ျပန္ရွင္လာတဲ့ ကိုယ့္ခ်စ္သူကို ျမင္လိုက္ရသလိုပဲ ဒါေပမဲ့ အဲ့ဒီအခ်စ္က အမုန္းအျဖစ္ကို ေျပာင္းလဲသြားတာမ်ိဳး...

သူတို႔ကတစ္ေယာက္ကိုတစ္ေယာက္ ကိုက္ခ်င္ေနၾကတယ္။

ေနာက္ဆုံးေတာ့ ဝမ္ေရွာင္းမ်ယ္လည္း တုန္ခါေနျခင္းဘက္ကိုေျပာင္းသြားေတာ့တယ္။

ငါအရင္ကေျပာခဲ့တာကိုျပန္႐ုတ္သိမ္းတယ္ ဒီႏွစ္ေယာက္က အခ်စ္ငွက္ေတြ လုံးဝမျဖစ္ႏိုင္ဘူး။ အဲ့ဒါက လင္ငယ္ေနတဲ့မယားကို ေဒါသတအားထြက္ၿပီး လည္မ်ိဳညႇစ္သတ္ေနတာနဲ႔ ပိုတူတယ္။

ဝမ္ေရွာင္းမ်ယ္က ထိုအၾကည့္ေတြကေန သူ႔တကိုယ္လုံးနာက်င္လာသလို ခံစားလိုက္ရတယ္။ ဦးေႏွာက္ကလည္း တကယ္ေတာ့ဟာလာဟင္းလင္းျဖစ္ေနၿပီး ပါးစပ္ထဲကေနစကားလုံးေတြကထြက္က်လာခဲ့တယ္ " ဇြန္ဘီအကိုႀကီး ကြၽန္ေတာ့ကိုသနားပါအုံး! ကြၽန္ေတာ္က မ်န္တ်န္း မဟုတ္ဘူး ကြၽန္ေတာ့နာမည္က ဝမ္ေရွာင္းမ်ယ္ ကြၽန္ေတာ္က နမ္ဂန္း ဝူေတာင္းလမ္းမွာေနတာဗ် ကြၽန္ေတာ့ဘဝရဲ႕ႏွစ္ႏွစ္ဆယ္အတြင္းမွာေလ တစ္ခါမွလည္းမလိမ္ခဲ့ဖူးသလို ဘယ္မိန္းခေလးနဲ႔မွလည္းမတြဲခဲ့ဖူးပါဘူးဗ်ာ ဘာလို႔ကြၽန္ေတာ္ကဒီခႏၶာကိုယ္ထဲေရာက္လာလဲဆိုတာမရွင္းျပတတ္ဘူး ဒါေပမယ့္....! "

စာေၾကာင္းအရွည္ႀကီးေတြေျပာၿပီး ဝမ္ေရွာင္းမ်ယ္ရပ္ကာ အသက္ျပင္းျပင္းရႉလိုက္၍ဆက္ေျပာျပန္တယ္ " အကိုႀကီး ခဗ်ားကြၽန္ေတာ့ကိုမွားလာတာျဖစ္မယ္ ေက်းဇူးျပဳၿပီးကြၽန္ေတာ့ကိုလႊတ္ေပးပါဗ်ာ "

ငိုယိုလွ်က္.... ငါကမင္းကို ဝပ္တြားခယေနတာပါေနာ္

ငါ့ကိုမသတ္ပါနဲ႔။ ငါ့မွာအသက္ေတာင္လုံေလာက္ေအာင္မရွင္ရေသးဘူး..... ဒီ့အျပင္ ဝမ္ေရွာင္းမ်ယ္၏ႏွလုံးသားထဲ မ်က္ရည္မ်ားျဖင့္ျပည့္လို႔ေနသည္ ငါကသရဲေတြကိုေၾကာက္တယ္လို႔!

သူေျပာၿပီးသြားေတာ့ ထိုနတ္ဆိုးဘုရင္ႀကီးနဲ႔တူလွတဲ့ေယာက်ာ္းရဲ႕ အသားအေရာင္ကပိုေလ်ာ့နည္းလာတယ္။ သူ႔ရဲ႕အမူအရာေတြကထူးဆန္းလာၿပီး သူ႔မွာသံသယအခ်ိဳ႕ရွိလာပုံေပၚတယ္ ၿပီးေတာ့ ေပ်ာ္႐ႊင္မႈအနည္းငယ္လည္းရွိေနသလိုပဲ။

သူက သူ႔လက္ေမာင္းထဲမွာသစ္သားတုံးႀကီးလိုမ်ိဴး ေတာင့္တင္းေနတဲ့ ဝမ္ေရွာင္းမ်ယ္ကိုဖက္လိုက္တယ္။

အႏၲရာယ္ရွိတဲ့အမူအရာေတြကေျပာင္းလဲသြားၿပီး ခ်ိဳသာၿပီးညင္သာတဲ့အသံေလးနဲ႔တိုးတိုးေလးေမးလိုက္တယ္ " မ်န္တ်န္း မင္းဘာမွမမွတ္မိဘူးလား "

သူ႔ရဲ႕မ်က္ႏွာအမူအရာေျပာင္းလဲမႈႏႈန္းကိုျမင္လိုက္ရတဲ့ ဝမ္ေရွာင္းမ်ယ္ကပိုပိုၿပီးေၾကာက္႐ြံ႕လာတယ္ ဒါေပမယ့္လည္း သူ႔ကိုယ္သူထိန္းၿပီးရွင္းျပေနတုန္းပဲ " ကြၽန္ေတာ္က...ကြၽန္ေတာ္က ဝမ္ေရွာင္းမ်ယ္ မ်န္တ်န္း မဟုတ္ဘူး.... "

" မင္းတကယ္ကို ဘာမွမမွတ္မိဘူးပဲ.. " ဘာျဖစ္ခဲ့လဲဆိုတာကိုသာ မင္းမွတ္မိေနခဲ့ရင္ ဘယ္လိုလုပ္မင္းကငါ့ကို မင္းအနားအကပ္ခံပါ့မလဲ ဝမ္ဖုန္းက်င္က သူနင့္နင့္နဲနဲခ်စ္ရတဲ့သူေလးရဲ႕မ်က္ႏွာကို ၾကည့္လိုက္တယ္။ သူ႔ခႏၶာကိုယ္ကမပုတ္သိုးႏိုင္တဲ့ အေလာင္းေကာင္ျဖစ္ေနေပမယ့္လည္း သူ႔ရဲ႕ဝိဉာဥ္ကေတာ့ျပန္ေရာက္လာခဲ့တယ္... ဒါဆိုလုံေလာက္ပါၿပီ...

[T/N: သူတို႔ႏွစ္ေယာက္လုံးရဲ႕ မ်ိဳး႐ိုးနာမည္က ဝမ္ခ်င္းတူေနေပမယ့္ စာလုံးမတူဘူး]

သူမမွတ္မိတာက ေကာင္းကင္ကေပးတဲ့လက္ေဆာင္တစ္ခုျဖစ္ႏိုင္တယ္.....

"မ်န္တ်န္း.....ငါမင္းကို ဒီျမင့္ျမတ္တဲ့သစ္ပင္ႀကီးရဲ႕ေအာက္မွာ ႏွစ္ေပါင္း ၁၂၀၀ ေက်ာ္တဲ့အထိထိန္းသိမ္းထားခဲ့ရတာ ဒ႑ာရီေတြအရေတာ့ ထူးျခားတဲ့အေျခအေနတစ္ခုကိုျဖတ္ေက်ာ္ၿပီး ဆယ္ခါေလာက္ျပန္လည္ဝင္စားၿပီးေတာ့မွ ဒီသစ္ပင္ႀကီးက ဝိဉာဥ္ေလးတစ္ခုကိုျပန္ေခၚေပးႏိုင္တာတဲ့ "

ထိုေယာက်ာ္းရဲ႕မ်က္ႏွာေပၚမွာ မက်န္းမာတဲ့ပုံမ်ိဳး ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနေသာ္လည္း ထိုအရာကသူ႔ရဲ႕အသြင္အျပင္ကိုေတာ့သက္ေရာက္မႈမရွိေပ။ ထိုခံစားခ်က္ေတြနဲ႔ျပည့္ႏွက္ေနတဲ့ ထူးဆန္းတဲ့မ်က္လုံးေတြကိုၾကည့္ရင္း ဝမ္ေရွာင္းမ်ယ္ တုန္လႈပ္သလိုမ်ိဳးခံစားလိုက္ရတယ္။

သူ႔ရဲ႕႐ူးေလာက္ေအာင္ခုန္ေနတဲ့ ရင္ဘတ္ႀကီးကိုကာထားရင္း ျဖည္းျဖည္းခ်င္းသူ႔ပါးစပ္ကိုဖြင့္လိုက္တယ္ " ဒီေျမေအာက္နန္းေတာ္ႀကီးထဲမွာလား ႏွစ္ေပါင္း ၁၂၀၀ ေက်ာ္အထိ... "

" ဟုတ္တယ္ ဒါေပမယ့္ ေစာင့္ရက်ိဳးနပ္ပါတယ္ " သူကသူ႔မ်က္လုံးေတြကိုမွိတ္လိုက္ၿပီး ဝမ္ေရွာင္းမ်ယ္ရဲ႕ႏွဖူးေပၚကပ္လိုက္တယ္။ အဲ့တာကတကယ္ကို အခ်စ္စစ္ျဖစ္ခဲ့တာပဲ...

မင္းက စားေသာက္စရာမလိုဘူးဆိုရင္ေတာင္ ဒီတိတ္ဆိတ္တဲ့သခ်ႋဳင္းႀကီးထဲမွာ မင္းရဲ႕ခ်စ္သူျပန္အလာကိုေစာင့္ေနေပးတာက အေတာ္ေလးေတာ့ရင္ထဲထိသြားပါတယ္။

အနည္းဆုံးေတာ့ ဝမ္ေရွာင္းမ်ယ္က အခုထိုလူ႔ကိုေၾကာက္မေနေတာ့ဘူး။ ေနာက္ဆုံးေတာ့လည္း ဒီလိုအေပါစားဇာတ္လမ္းက ဘယ္သူ႔ကိုမဆိုလႈပ္ခပ္သြားေစတာပါပဲ။

ၿပီးေတာ့ ... ငါက မ်န္တ်န္းလို႔ေခၚတဲ့လူရဲ႕ဆယ္ႀကိမ္ေျမာက္ျပန္ဝင္စားရတဲ့သူလား?

ဝမ္ေရွာင္းမ်ယ္ : " ငါကေရာ? ငါကေသသြားၿပီလား? "

ဒါမျဖစ္ႏိုင္ဘူး။ သူ႔အိပ္ရာထဲမွာသူအိပ္ေနခဲ့တာေတာင္မွတ္မိေနေသးတဲ့ဟာကို သူကႀကိဳ႕ေတာင္ထိုးေနခဲ့တာေလ!!

မဲေမွာင္လွသည့္မ်က္လုံးမ်ားကိုဖြင့္ၿပီး ထိုလူကေျပာလိုက္တယ္ " အဲ့တာျဖစ္ႏိုင္တယ္ "

ဝမ္ေရွာင္းမ်ယ္ရဲ႕မ်က္လုံးေတြကျပဴးက်ယ္လာလွ်က္ : " ငါအိမ္မွာရွိေနခဲ့တာေလ ဘယ္လိုလုပ္ငါေသ.... "

ထိုလူကၿပဳံးလွ်က္ : " သဘာဝနဲ႔လူလုပ္ေဘးအႏၲရာယ္ေတြ မျဖစ္ႏိုင္တာမရွိဘူး ၿပီးေတာ့ ပိုက္ဆံအတြက္နဲ႔လူသတ္ေနတဲ့ သူခိုးေတြမွာအမ်ားႀကီးပဲ "

ဝမ္ေရွာင္းမ်ယ္ တခဏေတာ့ရႈပ္ေထြးသြားခဲ့တယ္။ သူကသူ႔ေခါင္းကိုငုံ႔လိုက္ၿပီး ဒီအခ်က္ကိုလက္မခံႏိုင္ေသးခင္အထိ အခ်ိန္အေတာ္ၾကာေအာင္တိတ္ဆိတ္ေနခဲ့တယ္။

သူက ထိုလူ႔ရဲ႕မ်က္လုံးထဲကနက္ရႈိင္းတဲ့ခံစားခ်က္ေတြကို ျမင္ဖို႔မျဖစ္ႏိုင္ခဲ့ဘူး။

အခ်ိန္ခဏေလာက္ေတြးေတာၿပီးေနာက္ ေနာက္ဆုံးေတာ့ သူကသက္ျပင္းခ်လိုက္ၿပီး ​ေမးလိုက္တယ္ " ကြၽန္ေတာ္နဲ႔ခဗ်ား....ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားကဆက္ဆံေရးကေရာ ဘယ္လိုမ်ိဳးလဲ "

" မင္းနဲ႔ငါလား " ထိုလူကသူ႔မ်က္လုံးေတြထဲက ခံစားခ်က္ေတြကိုသိုဝွက္ဖို႔အတြက္ သူ႔မ်က္လုံးကိုတစ္ဝက္မွိတ္လိုက္ၿပီးမွ အိုေဟာင္းေနၿပီျဖစ္တဲ့ဇာတ္လမ္းတစ္ပုဒ္ကို ျဖည္းျဖည္းခ်င္းစတင္ေျပာျပေတာ့တယ္။

_____

{Unicode}

ဝမ်ရှောင်းမျယ် နိုးလာတဲ့အချိန် သူကတစ်စုံတစ်ယောက်ရဲ့ ပွေ့ဖက်မှုကြားမှာ လဲလျောင်းနေရတယ်ဆိုတာကို သိလိုက်ရတယ်။ သူမှီခိုထားခဲ့ရတဲ့ ရင်ဘတ်ကြီးကအစိုင်အခဲကြီးတစ်ခုလိုမျိုးပဲ သူ့နောက်ကျောဘက်လေးကတောင် ရေခဲလိုမျိုးအေးနေတယ်လို့တောင်ခံစားနေရတယ်။ နောက်ပြီး သူသက်တောင့်သက်သာနေလို့ရအောင် ထိုလူကဖက်ထားတဲ့ပုံအနေအထားတောင်ပြောင်းပေးလိုက်သေးတယ်။

ကြယ်တွေလောင်ကျွမ်းသလိုမျိုးဖြစ်နေတဲ့ အနီရောင်နောက်ခံကြီးကိုဆန့်ကျင်ပြီး ပန်းပွင့်အနည်းငယ်က အနီရောင်မင်္ဂလာဝတ်စုံပေါ်ကြွေကျလျှက် လှပတဲ့အခြေအနေလေးဖြစ်နေခဲ့တယ်။

ဒီအခြေအနေကိုအပြင်လူတွေ့ခဲ့ရင်: ခမ်းနားကြီးကျယ်တဲ့မြေအောက်နန်းတော်ကြီးရဲ့ အမြင့်တနေရာမှာ ယောကျာ်းလေးချစ်သူစုံတွဲတစ်တွဲက အနီနဲ့အနတ်ဝတ်ရုံတွေကိုဝတ်ဆင်ထားပြီး အိပ်မက်ဆန်ဆန် မက်မွန်ပင်ကြီးကိုမှီထားလျှက်ရှိနေကြတယ်ပေါ့။ သူတောင်မှ ရင်အဖိုလွန်သွားနိုင်သေးတယ်။

အဲ..ဒီအခြေအနေကိုအပုတ်မတွေသာမြင်ခဲ့မယ်ဆိုရင်: သူ့ခေါင်းထဲမှာတင်ပဲ ထောင်ပေါင်းများစွာသော ဝတ္ထုတွေကိုရေးလို့ပြီးသွားလိမ့်မယ်။

တကယ်လို့....တကယ်လို့အခုငါ့ကိုဖက်ထားတဲ့လူက သေပြီးသားလူသာမဟုတ်ခဲ့ရင် ငါအရမ်းပျော်မိမှာပဲ။

ဒီတိုင်းပျော်ရုံတောင်မဟုတ်ဘူး ငါတကယ်ပဲအဲ့ဟာကိုတောင် လုပ်ချင်လုပ်မိအုံးမှာ

ဒါပေမယ့်လည်း ဝမ်ရှောင်းမျယ်ကတော့အရမ်းကြောက်နေခဲ့တယ် အရမ်းကြောက်လို့ သူ့မျက်နှာမှာ ဘာအမူအရာမှမပြသော်ငြားလည်း သူ့တစ်ကိုယ်လုံးကတော့ ပါကင်ဆန်လူနာတစ်ယောက်လိုမျိူး အဝတ်လျှော်တဲ့အခါသုံးတဲ့ အဝတ်လျှော်စက်တွေလိုမျိုး တုန်ခါနေခဲ့တယ်။ [T/N: ပါကင်ဆန်ကရောဂါနာမည်ပါ။ သူကအာရုံကြောရောဂါတစ်ခုပဲ ရောဂါလက္ခဏာတွေကတဖြည်းဖြည်းနဲ့စတင်လာပြီး လက်တစ်ချောင်းလုံးစတင်ပြီးတုန်ခါလာတာမျိုး]

သူ့နောက်ကျောဘက်ကနေ ရယ်သံတိုးတိုးလေးထွက်လာခဲ့တယ်။ ထိုလူ့ရဲ့ပွေ့ဖက်မှုက ပိုပြီးတင်းကြပ်လာတာကို ဝမ်ရှောင်းမျယ် ခံစားလိုက်ရတယ် ပြီးတော့ သူက တကယ်ပဲ အဲ့ဒီအေးစက်နေတဲ့ညစ်ညမ်းတဲ့အရာကြီးကို သုံးနေတာပဲ အဲ့ဒါက နူးညံ့ညင်သာစွာနဲ့ သူ့လည်ပင်းကို ရှေ့တိုးနောက်ဆုတ်ပွတ်သပ်နေတယ်

ခန့်မှန်းရသလောက် ထိုအရာကသူ့နှုတ်ခမ်းဖြစ်မယ့်ပုံပဲ။

ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးရွဲကြီးများကပြူးကျယ်လာခဲ့တယ်။ သူကအရမ်းကိုတုန်လှုပ်နေခဲ့ပြီး အဲ့လိုတုန်လှုပ်နေတာကြောင့်ပဲ သူ့ခေါင်းတောင်ငိုက်စိုက်ကျသွားရတယ်။

" အ အ အကိုကြီး ကျွန်တော်တို့တွေစကားပြောလို့ရပါတယ်ဗျာ " ခဗျားကြီး ကျွန်တော့ကိုကြိုက်တာလုပ်လို့ရပါတယ်ဗျာ ဒါပေမယ့် ကိုက်တော့မကိုက်လိုက်ပါနဲ့လို့!

" မျန်တျန်း ဘာလို့မင်းကဒီဘဝမှာအရမ်းချစ်ဖို့ကောင်းနေရတာလဲ " ရင်ဘတ်ထဲမှလာသော အပြုံးရေးရေးလေးနှင့်အတူ သူ့အသံကပြာနေခဲ့တယ် " မျန်တျန်း အဲ့ဒီ့မသေမျိုးလူအိုကြီးက ငါ့ကိုတကယ်မညာခဲ့ဘူးပဲ ဒီအကေးရှားပင်ကြီးက နောက်ဆုံးတော့မင်းကိုပြန်ခေါ်လာပေးခဲ့တယ် "

{အကေးရှားပင်ကြီး လှတယ်မလား}

ဝမ်ရှောင်းမျယ်မှာတော့ စကားလုံးတွေကိုနားလည်နိုင်ဖို့အတွက် အရမ်းကိုခက်ခက်ခဲခဲတုန်လှုပ်နေခဲ့တယ်။

သူ့ဦးနှောက်ထဲမှာ ရေစီးသံတစ်ခုထဲကိုပဲကြားနေရတယ်။

ထိုလူသားကအချိန်အတော်ကြာအထိစောင့်နေပေးသော်လည်း ဝမ်ရှောင်းမျယ်ရဲ့ဆိတ်ဆိတ်နေမှုက သူ့ကိုမကျေမနပ်ဖြစ်လာစေပြီး သူ့ကိုသူ့ဘက်ဆွဲလှည့်လိုက်တော့တယ်။ ထိုလှုပ်ရှားမှုက သူတို့ကို မျက်နှာချင်းဆိုင်သွားစေခဲ့တယ်။

ဝမ်ရှောင်းမျယ်ရဲ့သွားတွေက ဇွန်ဘီကိုကြောက်ရွံ့တဲ့အကြောက်တရားများကြောင့် တဆက်ဆက်ရိုက်ခတ်နေတယ်။ သူနဲ့မျက်နှာချင်းဆိုင်က ဖက်ထုပ်အကိုကြီးရဲ့ခေါင်းမှာ အနီရောင်သရဖူတစ်ခုရှိနေတယ် အနီရောင်အမှတ်အသားတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားမှာ ရှိနေပြီး ကျဉ်းမြောင်းမြောင်းမျက်ဝန်းတွေကြားက အနက်ရောင်မျက်ဆံကျယ်ကျယ်က တကယ်ပဲ ကြည့်လိုက်ရုံနဲ့ နမိတ်မကောင်းသလိုခံစားရတယ်။

" မျန်တျန်း ဘာလို့စကားမပြောတာလဲ " လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကတင်ပြုံးနေခဲ့ပေမယ့် အခုတော့သူ့ရဲ့ချောမောတဲ့မျက်နှာလေးကရက်စက်တဲ့ပုံဖြစ်သွားခဲ့တယ်။

ပြီးတော့ ဝမ်ရှောင်းမျယ်ကို အကြောက်လန့်စေဆုံးအရာက ဘာလဲဆိုရင် အားကောင်းပြီးထင်ယောင်ထင်မှားဖြစ်စေတဲ့ အဲ့မျက်ဝန်းထဲက အကြည့်တွေပဲ ပြောရရင် သေရာကနေ အသက်ပြန်ရှင်လာတဲ့ ကိုယ့်ချစ်သူကို မြင်လိုက်ရသလိုပဲ ဒါပေမဲ့ အဲ့ဒီအချစ်က အမုန်းအဖြစ်ကို ပြောင်းလဲသွားတာမျိုး...

သူတို့ကတစ်ယောက်ကိုတစ်ယောက် ကိုက်ချင်နေကြတယ်။

နောက်ဆုံးတော့ ဝမ်ရှောင်းမျယ်လည်း တုန်ခါနေခြင်းဘက်ကိုပြောင်းသွားတော့တယ်။

ငါအရင်ကပြောခဲ့တာကိုပြန်ရုတ်သိမ်းတယ် ဒီနှစ်ယောက်က အချစ်ငှက်တွေ လုံးဝမဖြစ်နိုင်ဘူး။ အဲ့ဒါက လင်ငယ်နေတဲ့မယားကို ဒေါသတအားထွက်ပြီး လည်မျိုညှစ်သတ်နေတာနဲ့ ပိုတူတယ်။

ဝမ်ရှောင်းမျယ်က ထိုအကြည့်တွေကနေ သူ့တကိုယ်လုံးနာကျင်လာသလို ခံစားလိုက်ရတယ်။ ဦးနှောက်ကလည်း တကယ်တော့ဟာလာဟင်းလင်းဖြစ်နေပြီး ပါးစပ်ထဲကနေစကားလုံးတွေကထွက်ကျလာခဲ့တယ် " ဇွန်ဘီအကိုကြီး ကျွန်တော့ကိုသနားပါအုံး! ကျွန်တော်က မျန်တျန်း မဟုတ်ဘူး ကျွန်တော့နာမည်က ဝမ်ရှောင်းမျယ် ကျွန်တော်က နမ်ဂန်း ဝူတောင်းလမ်းမှာနေတာဗျ ကျွန်တော့ဘဝရဲ့နှစ်နှစ်ဆယ်အတွင်းမှာလေ တစ်ခါမှလည်းမလိမ်ခဲ့ဖူးသလို ဘယ်မိန်းခလေးနဲ့မှလည်းမတွဲခဲ့ဖူးပါဘူးဗျာ ဘာလို့ကျွန်တော်ကဒီခန္ဓာကိုယ်ထဲရောက်လာလဲဆိုတာမရှင်းပြတတ်ဘူး ဒါပေမယ့်....! "

စာကြောင်းအရှည်ကြီးတွေပြောပြီး ဝမ်ရှောင်းမျယ်ရပ်ကာ အသက်ပြင်းပြင်းရှူလိုက်၍ဆက်ပြောပြန်တယ် " အကိုကြီး ခဗျားကျွန်တော့ကိုမှားလာတာဖြစ်မယ် ကျေးဇူးပြုပြီးကျွန်တော့ကိုလွှတ်ပေးပါဗျာ "

ငိုယိုလျှက်.... ငါကမင်းကို ဝပ်တွားခယနေတာပါနော်

ငါ့ကိုမသတ်ပါနဲ့။ ငါ့မှာအသက်တောင်လုံလောက်အောင်မရှင်ရသေးဘူး..... ဒီ့အပြင် ဝမ်ရှောင်းမျယ်၏နှလုံးသားထဲ မျက်ရည်များဖြင့်ပြည့်လို့နေသည် ငါကသရဲတွေကိုကြောက်တယ်လို့!

သူပြောပြီးသွားတော့ ထိုနတ်ဆိုးဘုရင်ကြီးနဲ့တူလှတဲ့ယောကျာ်းရဲ့ အသားအရောင်ကပိုလျော့နည်းလာတယ်။ သူ့ရဲ့အမူအရာတွေကထူးဆန်းလာပြီး သူ့မှာသံသယအချို့ရှိလာပုံပေါ်တယ် ပြီးတော့ ပျော်ရွှင်မှုအနည်းငယ်လည်းရှိနေသလိုပဲ။

သူက သူ့လက်မောင်းထဲမှာသစ်သားတုံးကြီးလိုမျိူး တောင့်တင်းနေတဲ့ ဝမ်ရှောင်းမျယ်ကိုဖက်လိုက်တယ်။

အန္တရာယ်ရှိတဲ့အမူအရာတွေကပြောင်းလဲသွားပြီး ချိုသာပြီးညင်သာတဲ့အသံလေးနဲ့တိုးတိုးလေးမေးလိုက်တယ် " မျန်တျန်း မင်းဘာမှမမှတ်မိဘူးလား "

သူ့ရဲ့မျက်နှာအမူအရာပြောင်းလဲမှုနှုန်းကိုမြင်လိုက်ရတဲ့ ဝမ်ရှောင်းမျယ်ကပိုပိုပြီးကြောက်ရွံ့လာတယ် ဒါပေမယ့်လည်း သူ့ကိုယ်သူထိန်းပြီးရှင်းပြနေတုန်းပဲ " ကျွန်တော်က...ကျွန်တော်က ဝမ်ရှောင်းမျယ် မျန်တျန်း မဟုတ်ဘူး.... "

" မင်းတကယ်ကို ဘာမှမမှတ်မိဘူးပဲ.. " ဘာဖြစ်ခဲ့လဲဆိုတာကိုသာ မင်းမှတ်မိနေခဲ့ရင် ဘယ်လိုလုပ်မင်းကငါ့ကို မင်းအနားအကပ်ခံပါ့မလဲ ဝမ်ဖုန်းကျင်က သူနင့်နင့်နဲနဲချစ်ရတဲ့သူလေးရဲ့မျက်နှာကို ကြည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကမပုတ်သိုးနိုင်တဲ့ အလောင်းကောင်ဖြစ်နေပေမယ့်လည်း သူ့ရဲ့ဝိဉာဥ်ကတော့ပြန်ရောက်လာခဲ့တယ်... ဒါဆိုလုံလောက်ပါပြီ...

[T/N: သူတို့နှစ်ယောက်လုံးရဲ့ မျိုးရိုးနာမည်က ဝမ်ချင်းတူနေပေမယ့် စာလုံးမတူဘူး]

သူမမှတ်မိတာက ကောင်းကင်ကပေးတဲ့လက်ဆောင်တစ်ခုဖြစ်နိုင်တယ်.....

"မျန်တျန်း.....ငါမင်းကို ဒီမြင့်မြတ်တဲ့သစ်ပင်ကြီးရဲ့အောက်မှာ နှစ်ပေါင်း ၁၂၀၀ ကျော်တဲ့အထိထိန်းသိမ်းထားခဲ့ရတာ ဒဏ္ဍာရီတွေအရတော့ ထူးခြားတဲ့အခြေအနေတစ်ခုကိုဖြတ်ကျော်ပြီး ဆယ်ခါလောက်ပြန်လည်ဝင်စားပြီးတော့မှ ဒီသစ်ပင်ကြီးက ဝိဉာဥ်လေးတစ်ခုကိုပြန်ခေါ်ပေးနိုင်တာတဲ့ "

ထိုယောကျာ်းရဲ့မျက်နှာပေါ်မှာ မကျန်းမာတဲ့ပုံမျိုး ဖြူဖတ်ဖြူရော်ဖြစ်နေသော်လည်း ထိုအရာကသူ့ရဲ့အသွင်အပြင်ကိုတော့သက်ရောက်မှုမရှိပေ။ ထိုခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့မျက်လုံးတွေကိုကြည့်ရင်း ဝမ်ရှောင်းမျယ် တုန်လှုပ်သလိုမျိုးခံစားလိုက်ရတယ်။

သူ့ရဲ့ရူးလောက်အောင်ခုန်နေတဲ့ ရင်ဘတ်ကြီးကိုကာထားရင်း ဖြည်းဖြည်းချင်းသူ့ပါးစပ်ကိုဖွင့်လိုက်တယ် " ဒီမြေအောက်နန်းတော်ကြီးထဲမှာလား နှစ်ပေါင်း ၁၂၀၀ ကျော်အထိ... "

" ဟုတ်တယ် ဒါပေမယ့် စောင့်ရကျိုးနပ်ပါတယ် " သူကသူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး ဝမ်ရှောင်းမျယ်ရဲ့နှဖူးပေါ်ကပ်လိုက်တယ်။ အဲ့တာကတကယ်ကို အချစ်စစ်ဖြစ်ခဲ့တာပဲ...

မင်းက စားသောက်စရာမလိုဘူးဆိုရင်တောင် ဒီတိတ်ဆိတ်တဲ့သင်္ချိုင်းကြီးထဲမှာ မင်းရဲ့ချစ်သူပြန်အလာကိုစောင့်နေပေးတာက အတော်လေးတော့ရင်ထဲထိသွားပါတယ်။

အနည်းဆုံးတော့ ဝမ်ရှောင်းမျယ်က အခုထိုလူ့ကိုကြောက်မနေတော့ဘူး။ နောက်ဆုံးတော့လည်း ဒီလိုအပေါစားဇာတ်လမ်းက ဘယ်သူ့ကိုမဆိုလှုပ်ခပ်သွားစေတာပါပဲ။

ပြီးတော့ ... ငါက မျန်တျန်းလို့ခေါ်တဲ့လူရဲ့ဆယ်ကြိမ်မြောက်ပြန်ဝင်စားရတဲ့သူလား?

ဝမ်ရှောင်းမျယ် : " ငါကရော? ငါကသေသွားပြီလား? "

ဒါမဖြစ်နိုင်ဘူး။ သူ့အိပ်ရာထဲမှာသူအိပ်နေခဲ့တာတောင်မှတ်မိနေသေးတဲ့ဟာကို သူကကြို့တောင်ထိုးနေခဲ့တာလေ!!

မဲမှောင်လှသည့်မျက်လုံးများကိုဖွင့်ပြီး ထိုလူကပြောလိုက်တယ် " အဲ့တာဖြစ်နိုင်တယ် "

ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးတွေကပြူးကျယ်လာလျှက် : " ငါအိမ်မှာရှိနေခဲ့တာလေ ဘယ်လိုလုပ်ငါသေ.... "

ထိုလူကပြုံးလျှက် : " သဘာဝနဲ့လူလုပ်ဘေးအန္တရာယ်တွေ မဖြစ်နိုင်တာမရှိဘူး ပြီးတော့ ပိုက်ဆံအတွက်နဲ့လူသတ်နေတဲ့ သူခိုးတွေမှာအများကြီးပဲ "

ဝမ်ရှောင်းမျယ် တခဏတော့ရှုပ်ထွေးသွားခဲ့တယ်။ သူကသူ့ခေါင်းကိုငုံ့လိုက်ပြီး ဒီအချက်ကိုလက်မခံနိုင်သေးခင်အထိ အချိန်အတော်ကြာအောင်တိတ်ဆိတ်နေခဲ့တယ်။

သူက ထိုလူ့ရဲ့မျက်လုံးထဲကနက်ရှိုင်းတဲ့ခံစားချက်တွေကို မြင်ဖို့မဖြစ်နိုင်ခဲ့ဘူး။

အချိန်ခဏလောက်တွေးတောပြီးနောက် နောက်ဆုံးတော့ သူကသက်ပြင်းချလိုက်ပြီး ​မေးလိုက်တယ် " ကျွန်တော်နဲ့ခဗျား....ကျွန်တော်တို့နှစ်ယောက်ကြားကဆက်ဆံရေးကရော ဘယ်လိုမျိုးလဲ "

" မင်းနဲ့ငါလား " ထိုလူကသူ့မျက်လုံးတွေထဲက ခံစားချက်တွေကိုသိုဝှက်ဖို့အတွက် သူ့မျက်လုံးကိုတစ်ဝက်မှိတ်လိုက်ပြီးမှ အိုဟောင်းနေပြီဖြစ်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ဖြည်းဖြည်းချင်းစတင်ပြောပြတော့တယ်။

_____

Thanks 🌹

Continue Reading

You'll Also Like

865K 17.3K 83
ကောင်မလေးကိုချစ်ပါသည်။
57K 1.9K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
2.4M 174K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023