For..

By Gael_2001

549K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For...

7.7K 633 23
By Gael_2001

ကျောင်းလာသည်နှင့် ရှောင်းကျန့်ရှာမိတာက လူဆိုးကောင်လေးကို။ ကားရပ်သည့်နေရာမှာ ပြိုင်ကား အနက်လေးကို တွေ့ခဲ့၍ အဆိုးလေး ရောက်နေပြီဆိုတာ သေချာသည်။

*ရှောင်းကျန့်ကော..*

အနောက်ကနေ လှမ်းခေါ်သည့် အသံကြောင့် လှည့်ကြည့်မိတော့ မေရီပင်။ ရှောင်းကျန့်ကို ရယ်ပြရင်း လက်ကာပြနေလေသည်။ ရှောင်းကျန့် လက်ကာပြလိုက်ရင်း ရပ်ကာ သူမကို စောင့်ပေးလိုက်၏။

*ဒီနေ့ ကျောင်းကို အစောကြီး ရောက်လို့ပါလား*

*ဟုတ်တယ်..စာကြည့်တိုက်ဘက် ခနသွားမလို့လေ။ အဲ့တာ ကျောင်းအစော လာလိုက်တာ*

*အော်..*

မေရီက ဘေးကနေ ကပ်လျှောက်ကာ စာတွေအကြောင်းဆွေးနွေးသည်။ မေရီသည် ယောကျာ်းလေး တော်တော်များများ၏ စိတ်ဝင်စားမှုကို သိမ်းပိုက်နိုင်သည့် မိန်းမလှလေးဖြစ်သည်။

သို့ပေမယ့် ထိုအထဲတွင်တော့ ရှောင်းကျန့်မပါ။

*ရှောင်းကျန့်ကော စာကြည့်တိုက်သွားမှာဆို သွားလေ။ မေရီတို့ ဒီမှာပဲ လမ်းခွဲလိုက်ကြတာပေါ့*။

*ဒါဆို သွားပြီနော်*

ရှောင်းကျန့် မေရီ့နားက အစောကြီးထဲက ထွက်သွားချင်နေတာ။ အဆိုးလေးက သူနဲ့မေရီ့ကို မြင်လျှင် တစ်မျိုး ထင်မည်စိုး၍။

*အဆိုးလေး..!*

ရှောင်းကျန့် စာကြည့်တိုက်သွားသည့်လမ်းတွင် ကျောင်းဆောင်ဟောင်းရှိသည့်အတွတ် ဘာရယ်မဟုတ် အထဲကို လှမ်းကြည့်မိတော့ အဆိုးလေးနဲ့ ဆင်တူသည့် ကောင်လေးတစ်ယောက်။

အဆိုးလေးလား မသေချာပေမယ့် ပုံစံလေးက တစ်ပုံစံထဲပင်။ ကျောဘက်ကနေ ကြည့်ရတာမို့ မသေချာ၍ ရှောင်းကျန့် ထိုအဆောင်ဟောင်းဆီ ဦးတည်လိုက်၏။

ထိုအဆောင်းဟောင်းတွင် ကျောင်းသားတွေအချင်းချင်း ဗိုလ်ကျသည့်နေရာ၊ မဟုတ်တာမှန်သမျှ လုပ်သည့်နေရာပင် ဖြစ်သည်။ ထိုနေရာကိုလဲ ဝမ်ရိပေါ်တို့ သူငယ်ချင်းတွေက စိုးမိုးထားတာပင်။

*ရိပေါ်..မင်းလူကြီး*

ဆေးလိပ်သောက်နေသည့် ရိပေါ်သည် ဘာရယ်မဟုတ် ဟယ်ရီ့ဆီက စကားကြောင့် အနောက်ကို လှည့်ကြည့်လိုက်တော့ အခန်းပေါက်ဝတွင် ပြုံးလျက် မတ်တပ်ရပ်နေသည့် ရှောင်းကျန့်။

သူက ဒီနေရာကို ဘာလာလုပ်တာလဲ။ ဒီနေရာနဲ့ ရှောင်းကျန့်သည် နည်းနည်းမှ အက်စပ်မှုမှ မရှိ။ ရိပေါ် ဆိုးသည်ပေသည်ဆိုပေမယ့် ရှောင်းကျန့်ကို ထိုလိုမဖြစ်စေချင်။

*ဘာလာလုပ်တာလဲ မင်းက*

ဟယ်ရီနှင့်joeက အလိုက်တသိ ထွက်သွားပေးသည်။ ရှောင်းကျန့်သည် အခန်းထဲ ဝင်လာရင်း အကုန်လုံးကို လျှောက်ကြည့်နေလေသည်။ သူ့လိုသာတော်သည့် ကျောင်းသားဖို့ ဒီလိုနေရာဆိုတာ ခြေပင်ချသင့်တဲ့အရာမဟုတ်။

*အဆိုးလေးကို တွေ့လို့ ဝင်လာလိုက်တာ။ ကိုယ်က စာကြည့်တိုက်သွားတာ..အဟွတ်*

ရိပေါ်မှုတ်ထုတ်လိုက်သည့် ဆေးလိပ်ငွေ့ကြောင့် ရှောင်းကျန့် မွှန်သွားကာ ချောင်းဆိုးလေသည်။ ရှောင်းကျန့်ကို ခပ်စူးစူးကြည့်ကာ ရိပေါ် လက်ထဲက ဆေးလိပ်ကို အောက်ပစ်ချပြီး ဖိနပ်ခြေဦးဖြင့် ဖိနင်းလိုက်သည်။

*စာကြည့်တိုက်သွားမှာမလား သွားတော့*

*အဆိုးလေးကရော*

ရိပေါ် စိတ်ညစ်ညူးသလို ဆံပင်ကို ဆွဲဖွပစ်လိုက်သည်။ ပြီးမှ လေပူမှုတ်ထုတ်ကာ ရှောင်းကျန့်ကို ကြည့်လိုက်၏။

ရိပေါ် အပြင်မထွက်လျှင် သူပါလိုက်ထွက်မည့်ပုံမပေါ်။

*မင်းက တော်တော်ဒုက္ခပေးတဲ့ကောင်*

*ကိုယ်ပေးတဲ့ ဒုက္ခက အဆိုးလေးကို အန္တရာယ်မဖြစ်စေပါဘူး*

ရိပေါ် ရင်ထဲ လှိုက်ခနဲ ဖြစ်သွားကာ ဘာပြန်ပြောရမှန်းမသိ။ ပကတိ ရိုးသားလွန်းသည့် မျက်နှာနှင့် ရှောင်းကျန့်က ပြုံးစစလေး ကြည့်နေလေသည်။

ရိပေါ် ဘယ်လိုမှ စိတ်ထိန်းမရတော့။ ရှောင်းကျန့်က သူ့ကို လုံးဝပျော်ဝင်အောင် လုပ်နေသည်ပဲ။

*အဆိုးလေး..အင့်*

ရိပေါ်ရှေ့ မတ်တပ်ရပ်နေသည့် ရှောင်းကျန့်၏ လည်တိုင်ကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ ရိပေါ် အငမ်းမရ နမ်းရှိုက်ပစ်သည်။ တစ်ခါမှ အနမ်းဆိုတာကို သေသေချာချာ မသိသည့် ရှောင်းကျန့်မှာ ရိပေါ်၏ အနမ်းတွေနောက် အမှီမလိုက်နိုင်။

*အ..အဆိုးလေး..ပြွတ်စ်*

ရှောင်းကျန့်၏ အောက်နှုတ်ခမ်းကို အသာဆွဲစုပ်ကာ အရမ်းမောဟိုက်နေသည့် ရှောင်းကျန့်ကို ရိပေါ် ခနအနားယူစေပြီး ထပ်ကာ အငမ်းမရ နမ်းပြန်သည်။

ဒီတစ်ခေါက်အနမ်းသည် ပထမအနမ်းထက် ကြမ်းတမ်းသည်။ လက်တွေက ရှောင်းကျန့်၏ ကျောပြင်ကို ပွတ်သပ်နေသလို နှုတ်ခမ်းတစ်ခုလုံးကိုလဲ လျှာဖြင့် သိမ်းလျက်ကာ ဖိလိုက် ကိုက်လိုက်ဖြင့်။

*ဟင်း..*

အခန်းထဲတွင် နှုတ်ခမ်းချင်း ပွတ်တိုက်သံနှင့် အသက်ရှူသံပြင်းပြင်းက ကြီးစိုးနေလေသည်။ ရှောင်းကျန့် အသက်ရှူလို့ မဝတော့မှ ရိပေါ်က လွှတ်ပေးလေသည်။

*ရိ..ရိပေါ်*

*ငါ မင်းကို ချစ်တယ် ရှောင်းကျန့်။ ငါ့ကို ချစ်ပေးပါ*

ရှောင်းကျန့်၏ လည်တိုင်ကို သိုင်းဖက်ကာ မျက်ရည်စတွေနှင့် ပြောလာသည့် ရိပေါ်ကြောင့် ရှောင်းကျန့် ရယ်လိုက်ကာ အဆိုးလေး၏ ကျောကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။

*ကိုယ်က မင်းမတောင်းဆိုလဲ ချစ်ပေးမှာပါ။ အဆိုးလေးက ကိုယ့်ရဲ့ ဒုတိယအသက်အိုးလေးကို*

ရှောင်းကျန့် ရိပေါ်၏ ခါးသိမ်လေးကို ပွေ့ဖက်ပစ်လိုက်သည်။ ရိပေါ်ဆီက ချစ်တယ်ဆိုတာလေးကို ကြားရတာ ဘယ်လိုအရာနှင့်မှ ရှောင်းကျန့်မလဲနိုင်။

ငိုနေသည့် အဆိုးလေး၏ ကျောပြင်လေးကို ပွတ်သပ်ကာ မငိုဖို့ ချော့နေမိ၏။ ကိုယ်က နောက်ဆို မင်းကို မပင်ပန်းစေတော့ပါဘူး အဆိုးလေး..။

_______________________

*ငါ ဗိုက်ဆာတယ်*

အိမ်မပြန်ပဲ ရှောင်းကျန့်ဆီလိုက်လာသည့် အဆိုးလေးက ညဆယ့်နှစ်နာရီမှ အိပ်မောကျနေသည့် ရှောင်းကျန့်ကို နှိုးကာ ပူဆာလေသည်။

*ဟမ်..ဟင်*

*ငါ ဗိုက်ဆာလို့*

ရှောင်းကျန့်မှာ အချိန်ပိုင်း လုပ်ရသည့် အလုပ်က ပင်ပန်း၍ ညကျ အတော်အိပ်မောကျကာ ကောင်းကောင်းအိပ်စက် အနားယူရသည်။

သို့ပေမယ့် အတင်းနှိုးနေသည့် အဆိုးလေးကြောင့် မျက်လုံးတွေကို ပွတ်ကာ အိပ်ယာပေါ်က ထထိုင်လိုက်သည်။

*ဘာမှတော့မရှိဘူး အဆိုးလေးရဲ့။ ခေါက်ဆွဲပဲ ရှိမယ်ထင်တယ်*

*အဲ့တာဆို ခေါက်ဆွဲပြုတ်ကျွေး။ ဟိုတစ်ခါကလို..*

ရှောင်းကျန့် ခေါင်းညိမ့်လိုက်ကာ စောင်တွေကို ဆွဲဖယ်ရင်း ထရပ်လိုက်သည်။

*ဒါဆို ကိုယ်သွားပြုတ်ပေးမယ်နော်*

အိပ်ယာပေါ်က ရိပေါ်၏ ခေါင်းလေးကို အသာပွတ်ကာ ညဆယ့်နှစ်နာရီမှခေါက်ဆွဲတွေ ထပြုတ်ရသည်။ အဖွားနိုးမည်စိုး၍ ခေါက်ဆွဲပြုတ်အိုးကို အခန်းထဲထိ သယ်လာခဲ့သည်။

*ရပါပြီဗျာ*

ခေါက်ဆွဲပြုတ်လိုက်၍ မျက်လုံး ကျယ်သွားပြီး ရှောင်းကျန့် မအိပ်သေးပဲ အဆိုးလေး စားပြီးသည်အထိ စောင့်နေလိုက်သည်။ ဘယ်လောက်တောင် ဗိုက်ဆာနေသည်မသိ ရှောင်းကျန့် ပြုတ်ပေးသည့် ခေါက်ဆွဲကို စားနေသည်မှာ အားရပါးရ။

*ကောင်းလား*

လက်မထောင်ပြလာပြီး အားရပါးရစားနေသည့် အဆိုးလေးကြောင့် ရှောင်းကျန့် အိပ်ရေးပျက်ရတာပင် တန်သည်ဟု ထင်လာသည်။ ပိုက်ဆံတွေ သုံးမကုန်အောင် ရှိသည့်ကောင်လေးက ရှောင်းကျန့် ပြုတ်ကျွေးသည့် ခေါက်ဆွဲကို စားနေသည်ဆိုတော့ ဘယ်လိုဖြစ်ဖြစ်ရှောင်းကျန့် ပျော်သည်။

*အား..ဝသွားပြီ။ မင်း ပြုတ်တဲ့ ခေါက်ဆွဲက အရမ်းကောင်းတာ*

*ကဲ..စားပြီးပြီဆို အိပ်တော့ အဆိုးလေး။ မနက်အစော ထရမှာ။ ကျောင်းရှိသေးတယ်*

*Goodnight*

*Goodnight အဆိုးလေး*

ရှောင်းကျန့် ရိပေါ် စားပြီးသား ပန်းကန်တွေ ဆေးပြီးမှ အိပ်ယာဝင်ခဲ့ရသည်။ ရှောင်းကျန့် အိပ်ယာဝင်တော့ အဆိုးလေးက အိပ်ပျော်နေလေပြီ။

ဗိုက်ပြည့်ပြီး အိပ်သွားပုံရသည်။ ရှောင်းကျန့် မအိပ်ဖြစ်သေးပဲ အဆိုးလေး၏ မျက်နှာကို ထိုင်ကြည့်နေကာ ပါးဖောင်းဖောင်းလေးနှင့် နှာတံလုံးလုံးလေးကို အသာနမ်းလိုက်သည်။

*Goodnight ကိုယ့်အသဲလေး*

____________________________

*တောက်..!*

ဝမ်လီယိ သူ့ဆီရောက်လာသော ပုံတွေကို စားပွဲပေါ် ပစ်ချပစ်သည်။ သူ့ရှေ့က ဝမ်လီလီကတော့ ခေါင်းငုံ့လျက်။

*မင်းရဲ့သား ဘာအချိုးတွေ ချိုးနေလဲ မြင်လား ဟမ်။ အိမ်မှာနေပြီး မင်း ဘာစောက်သုံးကျလဲ..! သားတစ်ယောက်ကိုတောင် သေချာ မထိန်းသိမ်းနိုင်တဲ့ မိန်းမ*

သားအပေါ် ဒေါသထွက်သမျှကို ဝမ်လီယိသည် သူ့မိန်းမအပေါ်ကိုသာ ပုံချလေသည်။ အခုဆို ဝမ်ရိပေါ် အိမ်ပြန်မလာ ၅ရက်လောက်ရှိပြီ။၅ရက်လုံးလုံး ဟိုကောင်လေး အိမ်မှာပဲ နေကာ ထိုအိမ်မှာပဲ ညအိပ်လေသည်။

ကလပ်တွေ၊ ဘားတွေလဲ မတက်တော့ပဲ ထိုကောင်လေးနဲ့သာ အတူတူအမြဲနေနေလေသည်တဲ့။ ဝမ်လီယိဆီ ရောက်လာသည့်ပုံတွေက သားနဲ့ထိုကောင်လေး နမ်းနေသည့် ပုံအချို့။

*အခု ငါ့သားက ယောကျာ်းချင်း ကြိုက်တဲ့ကောင်လို့ အပြောခံရတော့မှာလား ဟမ်.! မဖြစ်နိုင်ဘူး..အေး အဖြစ်လဲ မခံနိုင်ဘူး*

*သားကို ပျော်ရွှင်ခွင့် ပေးလိုက်ပါ အကို*

*ဘာ..!*

ဝမ်လီလီသည် ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြောလိုက်သည်။ သားသည် သူတို့အိမ်ထောင်ရေးကြောင့် ဘယ်တော့မှ မပျော်ရွှင်ခဲ့ရ။ လူတစ်ယောက်ဘေးမှာလဲ အကြာကြီးမနေ။

အခု သားကြိုက်နေသည်ဆိုတဲ့ ကောင်လေးက သားအပေါ် တကယ်ချစ်ပေးလို့၊ သား ပျော်ရွှင်ရလို့ ထိုကောင်လေးနဲ့ အတူနေနေတာ ဖြစ်နိုင်သည်။

*ဟုတ်တယ်အကို..သားက လူဖြစ်လာကထဲက ကျွန်မတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကြောင့် ဘယ်တော့မှမပျော်ခဲ့ရဘူး။ ဒီကလေးက သူ့ကို ပျော်အောင်ထားနိုင်တယ်လို့ ကျွန်မထင်လို့ သားကို အဲ့ကလေးနဲ့ စိတ်ချတယ် အကို*

*မင်းပါးစပ်ကို ပိတ်ထား..မင်းပါးစပ်ကို ပိတ်ထားစမ်း.! ဒီမိန်းမကတော့*

လက်ရွယ်လာသည့် အကို့ကြောင့် သူမ မျက်လုံးမှိတ်ပေးလိုက်သည်။ သို့ပေမယ့် ဒီတစ်ခါတော့ ရိုက်ချက်သည် သူမအပေါ်သို့ ကျ မလာခဲ့။

*ငါ့သားကို အဲ့ကောင်နဲ့ ငါ ရအောင်ခွဲပြမယ်*

ဒေါသတကြီး ထွက်သွားသည့် အကို့ကျောပြင်ကို ကြည့်ကာ သူမ ရယ်မိသွားသည်။ အကိုသည် သားအတွတ်ဆိုပြီး သူ့ရဲ့ သုံးစားမရသည့် ဂုဏ်သိက္ခာအတွတ် သားရဲ့ ပျော်ရွှင်မှုကို ဖျတ်ဆီးနေလေသည်။

ရှင် သိပ်ကို အတ္တကြီးတယ် ဝမ်လီယိ။

_______________ဆက်ရန်_______________






ေက်ာင္းလာသည္ႏွင့္ ေရွာင္းက်န႔္ရွာမိတာက လူဆိုးေကာင္ေလးကို။ ကားရပ္သည့္ေနရာမွာ ၿပိဳင္ကား အနက္ေလးကို ေတြ႕ခဲ့၍ အဆိုးေလး ေရာက္ေနၿပီဆိုတာ ေသခ်ာသည္။

*ေရွာင္းက်န႔္ေကာ..*

အေနာက္ကေန လွမ္းေခၚသည့္ အသံေၾကာင့္ လွည့္ၾကည့္မိေတာ့ ေမရီပင္။ ေရွာင္းက်န႔္ကို ရယ္ျပရင္း လက္ကာျပေနေလသည္။ ေရွာင္းက်န႔္ လက္ကာျပလိုက္ရင္း ရပ္ကာ သူမကို ေစာင့္ေပးလိုက္၏။

*ဒီေန႔ ေက်ာင္းကို အေစာႀကီး ေရာက္လို႔ပါလား*

*ဟုတ္တယ္..စာၾကည့္တိုက္ဘက္ ခနသြားမလို႔ေလ။ အဲ့တာ ေက်ာင္းအေစာ လာလိုက္တာ*

*ေအာ္..*

ေမရီက ေဘးကေန ကပ္ေလၽွာက္ကာ စာေတြအေၾကာင္းေဆြးေႏြးသည္။ ေမရီသည္ ေယာက်ာ္းေလး ေတာ္ေတာ္မ်ားမ်ား၏ စိတ္ဝင္စားမွုကို သိမ္းပိုက္နိုင္သည့္ မိန္းမလွေလးျဖစ္သည္။

သို႔ေပမယ့္ ထိုအထဲတြင္ေတာ့ ေရွာင္းက်န႔္မပါ။

*ေရွာင္းက်န႔္ေကာ စာၾကည့္တိုက္သြားမွာဆို သြားေလ။ ေမရီတို႔ ဒီမွာပဲ လမ္းခြဲလိုက္ၾကတာေပါ့*။

*ဒါဆို သြားၿပီေနာ္*

ေရွာင္းက်န႔္ ေမရီ့နားက အေစာႀကီးထဲက ထြက္သြားခ်င္ေနတာ။ အဆိုးေလးက သူနဲ႔ေမရီ့ကို ျမင္လၽွင္ တစ္မ်ိဳး ထင္မည္စိုး၍။

*အဆိုးေလး..!*

ေရွာင္းက်န႔္ စာၾကည့္တိုက္သြားသည့္လမ္းတြင္ ေက်ာင္းေဆာင္ေဟာင္းရွိသည့္အတြတ္ ဘာရယ္မဟုတ္ အထဲကို လွမ္းၾကည့္မိေတာ့ အဆိုးေလးနဲ႔ ဆင္တူသည့္ ေကာင္ေလးတစ္ေယာက္။

အဆိုးေလးလား မေသခ်ာေပမယ့္ ပုံစံေလးက တစ္ပုံစံထဲပင္။ ေက်ာဘက္ကေန ၾကည့္ရတာမို႔ မေသခ်ာ၍ ေရွာင္းက်န႔္ ထိုအေဆာင္ေဟာင္းဆီ ဦးတည္လိုက္၏။

ထိုအေဆာင္းေဟာင္းတြင္ ေက်ာင္းသားေတြအခ်င္းခ်င္း ဗိုလ္က်သည့္ေနရာ၊ မဟုတ္တာမွန္သမၽွ လုပ္သည့္ေနရာပင္ ျဖစ္သည္။ ထိုေနရာကိုလဲ ဝမ္ရိေပၚတို႔ သူငယ္ခ်င္းေတြက စိုးမိုးထားတာပင္။

*ရိေပၚ..မင္းလူႀကီး*

ေဆးလိပ္ေသာက္ေနသည့္ ရိေပၚသည္ ဘာရယ္မဟုတ္ ဟယ္ရီ့ဆီက စကားေၾကာင့္ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ အခန္းေပါက္ဝတြင္ ျပဳံးလ်က္ မတ္တပ္ရပ္ေနသည့္ ေရွာင္းက်န႔္။

သူက ဒီေနရာကို ဘာလာလုပ္တာလဲ။ ဒီေနရာနဲ႔ ေရွာင္းက်န႔္သည္ နည္းနည္းမွ အက္စပ္မွုမွ မရွိ။ ရိေပၚ ဆိုးသည္ေပသည္ဆိုေပမယ့္ ေရွာင္းက်န႔္ကို ထိုလိုမျဖစ္ေစခ်င္။

*ဘာလာလုပ္တာလဲ မင္းက*

ဟယ္ရီႏွင့္joeက အလိုက္တသိ ထြက္သြားေပးသည္။ ေရွာင္းက်န႔္သည္ အခန္းထဲ ဝင္လာရင္း အကုန္လုံးကို ေလၽွာက္ၾကည့္ေနေလသည္။ သူ႔လိုသာေတာ္သည့္ ေက်ာင္းသားဖို႔ ဒီလိုေနရာဆိုတာ ေျခပင္ခ်သင့္တဲ့အရာမဟုတ္။

*အဆိုးေလးကို ေတြ႕လို႔ ဝင္လာလိုက္တာ။ ကိုယ္က စာၾကည့္တိုက္သြားတာ..အဟြတ္*

ရိေပၚမွုတ္ထုတ္လိုက္သည့္ ေဆးလိပ္ေငြ႕ေၾကာင့္ ေရွာင္းက်န႔္ မႊန္သြားကာ ေခ်ာင္းဆိုးေလသည္။ ေရွာင္းက်န႔္ကို ခပ္စူးစူးၾကည့္ကာ ရိေပၚ လက္ထဲက ေဆးလိပ္ကို ေအာက္ပစ္ခ်ၿပီး ဖိနပ္ေျခဦးျဖင့္ ဖိနင္းလိုက္သည္။

*စာၾကည့္တိုက္သြားမွာမလား သြားေတာ့*

*အဆိုးေလးကေရာ*

ရိေပၚ စိတ္ညစ္ညဴးသလို ဆံပင္ကို ဆြဲဖြပစ္လိုက္သည္။ ၿပီးမွ ေလပူမွုတ္ထုတ္ကာ ေရွာင္းက်န႔္ကို ၾကည့္လိုက္၏။

ရိေပၚ အျပင္မထြက္လၽွင္ သူပါလိုက္ထြက္မည့္ပုံမေပၚ။

*မင္းက ေတာ္ေတာ္ဒုကၡေပးတဲ့ေကာင္*

*ကိုယ္ေပးတဲ့ ဒုကၡက အဆိုးေလးကို အႏၲရာယ္မျဖစ္ေစပါဘူး*

ရိေပၚ ရင္ထဲ လွိုက္ခနဲ ျဖစ္သြားကာ ဘာျပန္ေျပာရမွန္းမသိ။ ပကတိ ရိုးသားလြန္းသည့္ မ်က္ႏွာႏွင့္ ေရွာင္းက်န႔္က ျပဳံးစစေလး ၾကည့္ေနေလသည္။

ရိေပၚ ဘယ္လိုမွ စိတ္ထိန္းမရေတာ့။ ေရွာင္းက်န႔္က သူ႔ကို လုံးဝေပ်ာ္ဝင္ေအာင္ လုပ္ေနသည္ပဲ။

*အဆိုးေလး..အင့္*

ရိေပၚေရွ႕ မတ္တပ္ရပ္ေနသည့္ ေရွာင္းက်န႔္၏ လည္တိုင္ကို လက္တစ္ဖက္ျဖင့္ အုပ္ကိုင္ကာ ရိေပၚ အငမ္းမရ နမ္းရွိုက္ပစ္သည္။ တစ္ခါမွ အနမ္းဆိုတာကို ေသေသခ်ာခ်ာ မသိသည့္ ေရွာင္းက်န႔္မွာ ရိေပၚ၏ အနမ္းေတြေနာက္ အမွီမလိုက္နိုင္။

*အ..အဆိုးေလး..ႁပြတ္စ္*

ေရွာင္းက်န႔္၏ ေအာက္ႏွုတ္ခမ္းကို အသာဆြဲစုပ္ကာ အရမ္းေမာဟိုက္ေနသည့္ ေရွာင္းက်န႔္ကို ရိေပၚ ခနအနားယူေစၿပီး ထပ္ကာ အငမ္းမရ နမ္းျပန္သည္။

ဒီတစ္ေခါက္အနမ္းသည္ ပထမအနမ္းထက္ ၾကမ္းတမ္းသည္။ လက္ေတြက ေရွာင္းက်န႔္၏ ေက်ာျပင္ကို ပြတ္သပ္ေနသလို ႏွုတ္ခမ္းတစ္ခုလုံးကိုလဲ လၽွာျဖင့္ သိမ္းလ်က္ကာ ဖိလိုက္ ကိုက္လိုက္ျဖင့္။

*ဟင္း..*

အခန္းထဲတြင္ ႏွုတ္ခမ္းခ်င္း ပြတ္တိုက္သံႏွင့္ အသက္ရွူသံျပင္းျပင္းက ႀကီးစိုးေနေလသည္။ ေရွာင္းက်န႔္ အသက္ရွူလို႔ မဝေတာ့မွ ရိေပၚက လႊတ္ေပးေလသည္။

*ရိ..ရိေပၚ*

*ငါ မင္းကို ခ်စ္တယ္ ေရွာင္းက်န႔္။ ငါ့ကို ခ်စ္ေပးပါ*

ေရွာင္းက်န႔္၏ လည္တိုင္ကို သိုင္းဖက္ကာ မ်က္ရည္စေတြႏွင့္ ေျပာလာသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န႔္ ရယ္လိုက္ကာ အဆိုးေလး၏ ေက်ာကို ခပ္ဖြဖြ ပြတ္သပ္လိုက္သည္။

*ကိုယ္က မင္းမေတာင္းဆိုလဲ ခ်စ္ေပးမွာပါ။ အဆိုးေလးက ကိုယ့္ရဲ့ ဒုတိယအသက္အိုးေလးကို*

ေရွာင္းက်န႔္ ရိေပၚ၏ ခါးသိမ္ေလးကို ေပြ႕ဖက္ပစ္လိုက္သည္။ ရိေပၚဆီက ခ်စ္တယ္ဆိုတာေလးကို ၾကားရတာ ဘယ္လိုအရာႏွင့္မွ ေရွာင္းက်န႔္မလဲနိုင္။

ငိုေနသည့္ အဆိုးေလး၏ ေက်ာျပင္ေလးကို ပြတ္သပ္ကာ မငိုဖို႔ ေခ်ာ့ေနမိ၏။ ကိုယ္က ေနာက္ဆို မင္းကို မပင္ပန္းေစေတာ့ပါဘူး အဆိုးေလး..။

_______________________

*ငါ ဗိုက္ဆာတယ္*

အိမ္မျပန္ပဲ ေရွာင္းက်န႔္ဆီလိုက္လာသည့္ အဆိုးေလးက ညဆယ့္ႏွစ္နာရီမွ အိပ္ေမာက်ေနသည့္ ေရွာင္းက်န္႔ကို ႏွိုးကာ ပူဆာေလသည္။

*ဟမ္..ဟင္*

*ငါ ဗိုက္ဆာလို႔*

ေရွာင္းက်န႔္မွာ အခ်ိန္ပိုင္း လုပ္ရသည့္ အလုပ္က ပင္ပန္း၍ ညက် အေတာ္အိပ္ေမာက်ကာ ေကာင္းေကာင္းအိပ္စက္ အနားယူရသည္။

သို႔ေပမယ့္ အတင္းႏွိုးေနသည့္ အဆိုးေလးေၾကာင့္ မ်က္လုံးေတြကို ပြတ္ကာ အိပ္ယာေပၚက ထထိုင္လိုက္သည္။

*ဘာမွေတာ့မရွိဘူး အဆိုးေလးရဲ့။ ေခါက္ဆြဲပဲ ရွိမယ္ထင္တယ္*

*အဲ့တာဆို ေခါက္ဆြဲျပဳတ္ေကၽြး။ ဟိုတစ္ခါကလို..*

ေရွာင္းက်န႔္ ေခါင္းညိမ့္လိုက္ကာ ေစာင္ေတြကို ဆြဲဖယ္ရင္း ထရပ္လိုက္သည္။

*ဒါဆို ကိုယ္သြားျပဳတ္ေပးမယ္ေနာ္*

အိပ္ယာေပၚက ရိေပၚ၏ ေခါင္းေလးကို အသာပြတ္ကာ ညဆယ့္ႏွစ္နာရီမွေခါက္ဆြဲေတြ ထျပဳတ္ရသည္။ အဖြားနိုးမည္စိုး၍ ေခါက္ဆြဲျပဳတ္အိုးကို အခန္းထဲထိ သယ္လာခဲ့သည္။

*ရပါၿပီဗ်ာ*

ေခါက္ဆြဲျပဳတ္လိုက္၍ မ်က္လုံး က်ယ္သြားၿပီး ေရွာင္းက်န႔္ မအိပ္ေသးပဲ အဆိုးေလး စားၿပီးသည္အထိ ေစာင့္ေနလိုက္သည္။ ဘယ္ေလာက္ေတာင္ ဗိုက္ဆာေနသည္မသိ ေရွာင္းက်န႔္ ျပဳတ္ေပးသည့္ ေခါက္ဆြဲကို စားေနသည္မွာ အားရပါးရ။

*ေကာင္းလား*

လက္မေထာင္ျပလာၿပီး အားရပါးရစားေနသည့္ အဆိုးေလးေၾကာင့္ ေရွာင္းက်န႔္ အိပ္ေရးပ်က္ရတာပင္ တန္သည္ဟု ထင္လာသည္။ ပိုက္ဆံေတြ သုံးမကုန္ေအာင္ ရွိသည့္ေကာင္ေလးက ေရွာင္းက်န႔္ ျပဳတ္ေကၽြးသည့္ ေခါက္ဆြဲကို စားေနသည္ဆိုေတာ့ ဘယ္လိုျဖစ္ျဖစ္ေရွာင္းက်န႔္ ေပ်ာ္သည္။

*အား..ဝသြားၿပီ။ မင္း ျပဳတ္တဲ့ ေခါက္ဆြဲက အရမ္းေကာင္းတာ*

*ကဲ..စားၿပီးၿပီဆို အိပ္ေတာ့ အဆိုးေလး။ မနက္အေစာ ထရမွာ။ ေက်ာင္းရွိေသးတယ္*

*Goodnight*

*Goodnight အဆိုးေလး*

ေရွာင္းက်န႔္ ရိေပၚ စားၿပီးသား ပန္းကန္ေတြ ေဆးၿပီးမွ အိပ္ယာဝင္ခဲ့ရသည္။ ေရွာင္းက်န႔္ အိပ္ယာဝင္ေတာ့ အဆိုးေလးက အိပ္ေပ်ာ္ေနေလၿပီ။

ဗိုက္ျပည့္ၿပီး အိပ္သြားပုံရသည္။ ေရွာင္းက်န႔္ မအိပ္ျဖစ္ေသးပဲ အဆိုးေလး၏ မ်က္ႏွာကို ထိုင္ၾကည့္ေနကာ ပါးေဖာင္းေဖာင္းေလးႏွင့္ ႏွာတံလုံးလုံးေလးကို အသာနမ္းလိုက္သည္။

*Goodnight ကိုယ့္အသဲေလး*

____________________________

*ေတာက္..!*

ဝမ္လီယိ သူ႔ဆီေရာက္လာေသာ ပုံေတြကို စားပြဲေပၚ ပစ္ခ်ပစ္သည္။ သူ႔ေရွ႕က ဝမ္လီလီကေတာ့ ေခါင္းငုံ႔လ်က္။

*မင္းရဲ့သား ဘာအခ်ိဳးေတြ ခ်ိဳးေနလဲ ျမင္လား ဟမ္။ အိမ္မွာေနၿပီး မင္း ဘာေစာက္သုံးက်လဲ..! သားတစ္ေယာက္ကိုေတာင္ ေသခ်ာ မထိန္းသိမ္းနိုင္တဲ့ မိန္းမ*

သားအေပၚ ေဒါသထြက္သမၽွကို ဝမ္လီယိသည္ သူ႔မိန္းမအေပၚကိုသာ ပုံခ်ေလသည္။ အခုဆို ဝမ္ရိေပၚ အိမ္ျပန္မလာ ၅ရက္ေလာက္ရွိၿပီ။၅ရက္လုံးလုံး ဟိုေကာင္ေလး အိမ္မွာပဲ ေနကာ ထိုအိမ္မွာပဲ ညအိပ္ေလသည္။

ကလပ္ေတြ၊ ဘားေတြလဲ မတက္ေတာ့ပဲ ထိုေကာင္ေလးနဲ႔သာ အတူတူအျမဲေနေနေလသည္တဲ့။ ဝမ္လီယိဆီ ေရာက္လာသည့္ပုံေတြက သားနဲ႔ထိုေကာင္ေလး နမ္းေနသည့္ ပုံအခ်ိဳ႕။

*အခု ငါ့သားက ေယာက်ာ္းခ်င္း ႀကိဳက္တဲ့ေကာင္လို႔ အေျပာခံရေတာ့မွာလား ဟမ္.! မျဖစ္နိုင္ဘူး..ေအး အျဖစ္လဲ မခံနိုင္ဘူး*

*သားကို ေပ်ာ္ရႊင္ခြင့္ ေပးလိုက္ပါ အကို*

*ဘာ..!*

ဝမ္လီလီသည္ ေၾကာက္ေၾကာက္ရြံ့ရြံ့ႏွင့္ ေျပာလိုက္သည္။ သားသည္ သူတို႔အိမ္ေထာင္ေရးေၾကာင့္ ဘယ္ေတာ့မွ မေပ်ာ္ရႊင္ခဲ့ရ။ လူတစ္ေယာက္ေဘးမွာလဲ အၾကာႀကီးမေန။

အခု သားႀကိဳက္ေနသည္ဆိုတဲ့ ေကာင္ေလးက သားအေပၚ တကယ္ခ်စ္ေပးလို႔၊ သား ေပ်ာ္ရႊင္ရလို႔ ထိုေကာင္ေလးနဲ႔ အတူေနေနတာ ျဖစ္နိုင္သည္။

*ဟုတ္တယ္အကို..သားက လူျဖစ္လာကထဲက ကၽြန္မတို႔ႏွစ္ေယာက္ရဲ့ အိမ္ေထာင္ေရးေၾကာင့္ ဘယ္ေတာ့မွမေပ်ာ္ခဲ့ရဘူး။ ဒီကေလးက သူ႔ကို ေပ်ာ္ေအာင္ထားနိုင္တယ္လို႔ ကၽြန္မထင္လို႔ သားကို အဲ့ကေလးနဲ႔ စိတ္ခ်တယ္ အကို*

*မင္းပါးစပ္ကို ပိတ္ထား..မင္းပါးစပ္ကို ပိတ္ထားစမ္း.! ဒီမိန္းမကေတာ့*

လက္ရြယ္လာသည့္ အကို႔ေၾကာင့္ သူမ မ်က္လုံးမွိတ္ေပးလိုက္သည္။ သို႔ေပမယ့္ ဒီတစ္ခါေတာ့ ရိုက္ခ်က္သည္ သူမအေပၚသို႔ က် မလာခဲ့။

*ငါ့သားကို အဲ့ေကာင္နဲ႔ ငါ ရေအာင္ခြဲျပမယ္*

ေဒါသတႀကီး ထြက္သြားသည့္ အကို႔ေက်ာျပင္ကို ၾကည့္ကာ သူမ ရယ္မိသြားသည္။ အကိုသည္ သားအတြတ္ဆိုၿပီး သူ႔ရဲ့ သုံးစားမရသည့္ ဂုဏ္သိကၡာအတြတ္ သားရဲ့ ေပ်ာ္ရႊင္မွုကို ဖ်တ္ဆီးေနေလသည္။

ရွင္ သိပ္ကို အတၱႀကီးတယ္ ဝမ္လီယိ။

_______________ဆက္ရန္_______________






Continue Reading

You'll Also Like

18.3K 215 22
Have you ever thought how the Gods and lightning thief crew would react to the Percy Jackson and the Olympian books? What about camp half-blood with...
14.6K 1.5K 26
ချစ်မိပြီးသွားရင် ဘာဆက်ဖြစ်မယ်ထင်ပါသလဲ..
823K 38.1K 60
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
303K 6.7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc