ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

113K 19.8K 966

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 19

1.7K 372 11
By Kay_Wine

{Zawgyi}

ေျမေအာက္ကို ျပန္ေရာက္ေတာ့ ဝမ္ေရွာင္းမ်ယ္ ထိုင္းမႈိင္းေနတဲ့စိတ္နဲ႔ သစ္ပင္ႀကီးကို မွီေနလိုက္တယ္။ သူ႔စိတ္ထဲမွာ ဝိေရာဓိတစ္ခုျဖစ္ေနတယ္။

ေနာက္ၿပီး ထူးဆန္းစြာ စိတ္ဘဝင္မက်ျဖစ္ေနတယ္။

သူ႔ေခါင္းထဲမွာ သူ႔ရဲ႕ဆင္ျခင္တုံတရားနဲ႔ အသိဉာဏ္က လူေလးႏွစ္ဦး အခ်င္းပြားေနသလိုပဲ။

အျဖဴေလးကေျပာတယ္ : သူက ငါ့အရွိတိုင္းကို ႀကိဳက္တာလား ဒါမွမဟုတ္ မ်န္တ်န္းဝင္စားလို႔လား?

အနက္ေလးက ေျပာတယ္ : ဒါက တုံးအလိုက္တဲ့ ေမးခြန္းပဲ၊ အေျဖက သိသာေနတာပဲမဟုတ္ဘူးလား? မင္းက ဘယ္သူလဲ? သူ႔ရဲ႕အပတ္တကုတ္ႀကိဳးစားၿပီး ပိုးပန္းခဲ့ရတာေတြကေန တျဖည္းျဖည္း စြဲလမ္းမႈတစ္ခုလိုေျပာင္းလဲသြားတာေတြအားလုံးက သူ႔ရဲ႕ရွစ္ရႈန္းမ်န္တ်န္းအတြက္ပဲ... မင္းဆိုတဲ့ ဝမ္ေရွာင္းမ်ယ္ကို မဟုတ္ဘူး!

အျဖဴေလးက သနားဖြယ္ေျပာတယ္ : ဒါေပမယ့္ မ်န္တ်န္းဆိုတာ ငါေလ ၿပီးေတာ့ ငါကလည္း မ်န္တ်န္းပဲ... ဒါႀကီးက ငါ့ကို လူစားထိုးတစ္ေယာက္လို ခံစားရေစတယ္။

အနက္ေလးက မ်က္လုံးကို လွည့္လိုက္ၿပီး : ဟက္! အဲ့တာက ဘယ္လိုလုပ္တူႏိုင္မွာလဲ? မင္းက သူျဖစ္ေနတယ္ဆိုရင္ေတာင္မွ သူတို႔အခ်င္းခ်င္းရွိၾကတဲ့ ေလးနက္တဲ့ခံစားခ်က္ေတြကို ခံစားဖူးလား? မင္း အဲ့တာကို အစားထိုးႏိုင္လား?

ဝမ္ဖုန္းက်င္ မင္းဆီမွာ ျမင္ေနတာက အတိတ္ကအမွတ္တရေတြ... လက္ရွိအခိုက္အတန႔္မဟုတ္ဘူး...

ထိုစကားက သူ႔ႏွလုံးသားကို ဓားတစ္ေခ်ာင္းနဲ႔ ထိုးစိုက္လိုက္သလိုပဲ။ ဆူးထစ္ကေလးေတြပါတဲ့ ဓားက ျပန္ဆြဲထုတ္လိုက္ခ်ိန္မွာ သူ႔ရဲ႕ကြဲအက္ေနတဲ့ႏွလုံးသားကို ေသြးေတြမတရားလွ်ံထြက္လာေစတယ္။

လက္မခံခ်င္တဲ့ အျဖဴေလးက ေျပာတယ္ : ဒါေပမယ့္ ငါတို႔ကိုၾကည့္တဲ့အခ်ိန္ဆို ဖုန္းက်င္ရဲ႕မ်က္လုံးေတြက အၿမဲတမ္း ငါတို႔ကို ႏူးႏူးညံ့ညံ့ၿပဳံးျပတယ္ေလ။

အနက္ေလးက ေလွာင္ေျပာင္လိုက္တယ္ : ဖုန္းက်င္? သူ႔ကိုေခၚတဲ့ဟာကို ဘာျဖစ္လို႔ ဒီလိုရင္းႏွီးသလိုမ်ိဳးနဲ႔ သုံးေနရတာလဲ? ဝမ္ေရွာင္းမ်ယ္ မင္း လူသားေတြရဲ႕ေျပာင္းလဲတတ္တဲ့သဘာ၀ကို ျမင္ခဲ့ၿပီးၿပီပဲ... သူ႔ရဲ႕ရက္စက္ၿပီး ေမွာင္မိုက္တဲ့ပုံကို မျမင္ႏိုင္သလိုမ်ိဳး တုံးအဟန္ေဆာင္ေနမွာလား? ၿပဳံးတယ္? အဲ့တာေတြအားလုံးက အတုေယာင္ေတြပဲ ဟုတ္ၿပီလား?

မင္း မေတြ႕ႏိုင္ဘူးလို႔ မေျပာနဲ႔! သူ႔အၿပဳံးေတြက မင္းရဲ႕ဟန္ေဆာင္ပန္ေဆာင္ ေဆြမ်ိဳးေတြထက္ေတာင္မွာ ပိုၿပီးအတုေယာင္ဆန္ေသးတယ္။ သူေနာက္ကြယ္မွာ မင္းအေပၚ သူ႔ရဲ႕သေဘာမက်မႈေတြ ဖုံးကြယ္ေနတာမ်ားလားဆိုတာ ဘယ္သူသိမွာလဲ အ႐ူးရဲ႕!

အျဖဴေလးမွာ ငိုသြားတဲ့အထိ ဆိုဆုံးမခံလိုက္ရေတာ့တယ္။ အနက္ေလးက အင္အားႀကီးၿပီး ေမာက္မာတယ္။

သစ္ပင္ကို ေက်ာမွီထားတဲ့ ဝမ္ေရွာင္းမ်ယ္ ေခါင္းငိုက္စိုက္ခ်ၿပီး ခါးသက္စြာၿပဳံးလိုက္တယ္။

သူတို႔ထိခိုက္လာခ်ိန္မွာ မၾကာခဏၿပဳံးေပးရင္ နာက်င္မႈကို မခံစားရဘူးလို႔ ေျပာၾကတယ္။ ဆုံးရႈံးၿပီးတာေတာင္မွ တက္တက္ႂကြႂကြေနတဲ့သူက သန္မာေနအုံးမွာပဲလို႔ ေျပာၾကတယ္။

ေပါက္ကရေတြခ်ည္းပဲ။ ငါ့မွာ ဝမ္းနည္းလြန္းလို႔ ေသေတာင္ေသႏိုင္တယ္...

"မ်န္တ်န္း ဘာျဖစ္လို႔လဲ? ဘယ္ေနရာက ေနလို႔မေကာင္းျဖစ္ေနလို႔လဲ?" ျမင္ကြင္းထဲကို အလြန္တရာလွပတဲ့မ်က္ႏွာတစ္ခုေရာက္လာၿပီး သူ႔ႏွဖူးေပၚက ေတာက္ပတဲ့အနီေရာင္အမွတ္အသားေလးက ဝမ္ေရွာင္းမ်ယ္ကို သတိျပန္ဝင္လာေစတယ္။

ဝမ္ဖုန္းက်င္ မ်က္ေမွာင္ၾကဳတ္ၿပီး စူးစမ္းေနတာကိုျမင္ေတာ့ အက်င့္အတိုင္း ဝမ္ေရွာင္းမ်ယ္ျပန္ေျဖလိုက္တယ္ "အိုး ဘာမွမဟုတ္ပါဘူး"

ဝမ္ေရွာင္းမ်ယ္ သူ႔စိတ္ထဲမွာေတာ့ ေၾကာင္သူေတာ္လိုမ်ိဳး ေျပာလိုက္တယ္ : ငါက ကိုယ့္ကိုယ္ကို ႀကိဳးဆြဲခ်ၿပီးေသခ်င္ေနေလာက္ေအာင္ အသည္းကြဲေန႐ုံေလးပါ။ မင္းငါ့ကို စိုးရိမ္ေနစရာမလိုဘူး။ ႐ြဲ႕ၿပီးေတာ့သာ ၿပဳံးေနလိုက္။

"ဘာလို႔ ဘာမွမျဖစ္ရမွာလဲ? မ်န္တ်န္း ဘာျဖစ္တာလဲ? မင္းၾကည့္ရတာ ငိုေတာ့မယ့္အတိုင္းပဲ..." ဝမ္ဖုန္းက်င္ သူ႔လက္ကိုလာကိုင္တယ္။ သူ အနားကို ပိုတိုးကပ္လာၿပီး ဝမ္ေရွာင္းမ်ယ္ရဲ႕ႏွဖူးကို ခ်စ္စဖြယ္အနမ္းေလးတစ္ပြင့္ ေႁခြလိုက္တယ္။

"ကိုယ္မသိသင့္တဲ့ဟာမ်ား ျဖစ္ေနလို႔လား?" တဒဂၤမွ် ရပ္တန႔္သြားၿပီးေနာက္ အသံတိုးတိုးနဲ႔ ေမးလာတယ္။ "မ်န္တ်န္း မင္း တစ္ခုခုကို မွတ္မိသြားတာလား?"

သူ႔မ်က္လုံးေတြထဲက ခ်စ္ရိပ္ေတြျပည့္လွ်ံေနၿပီး ဂ႐ုတစိုက္ထိေတြ႕ေနတဲ့ သူ႔လက္ကိုၾကည့္ကာ ဝမ္ေရွာင္းမ်ယ္ ေခါင္းယမ္းလိုက္တယ္။ "ငါ ဘာမွမမွတ္မိပါဘူး"

"အဲ့လိုလား? ေကာင္းပါၿပီ စိတ္မရွည္ျဖစ္မေနနဲ႔... အဲ့တာက မွတ္ဉာဏ္တစ္ခုဆိုရင္ေတာင္မွ မွားယြင္းႏိုင္ေသးတာပဲေလ၊ မင္း ဘာကိုပဲ မွတ္မိမွတ္မိ ကိုယ့္ကိုေျပာျပရမယ္ေနာ္ ဟုတ္‌ၿပီလား?" ဝမ္ဖုန္းက်င္ ခပ္ေဖ်ာ့ေဖ်ာ့အၿပဳံးနဲ႔ ေျပာလာတယ္။

"သိပါၿပီ..."

သူ႔မွတ္ဉာဏ္ေတြကို ျပန္သတိရလာမယ့္အေပၚ ဝမ္ဖုန္းက်င္ရဲ႕သေဘာထားက တမူထူးျခားၿပီး အၿမီးအေမာက္တည့္မေနဘူးလို႔ ဝမ္ေရွာင္းမ်ယ္ခံစားရတယ္။ တခါတေလ ေပ်ာ္႐ႊင္ေနၿပီး တခါတေလ သတိအေနအထားျဖစ္ေနတယ္။

သူ႔ရဲ႕ၿပဳံး႐ႊင္ေနတဲ့မ်က္ႏွာကိုၾကည့္ၿပီး တခ်ိဳ႕ေသာအေၾကာင္းအရာေၾကာင့္ ဝမ္ေရွာင္းမ်ယ္ စိတ္တိုသလိုခံစားေနရတယ္။ ထိုမ်က္ႏွာမ်ိဳးက သ႐ုပ္ေဆာင္တစ္ေယာက္ လုပ္ယူထားသလိုမ်က္ႏွာမ်ိဳးနဲ႔ တူေနတယ္။ တကယ့္ဝမ္ဖုန္းက်င္အစစ္က ဒီလူလိုမ်ိဳး သိမ္ေမြ႕၊ ဂ႐ုစိုက္တတ္ၿပီး ဘယ္ေတာ့မွ ေဒါသမထြက္တတ္တဲ့လူမဟုတ္ေလာက္ဘူးလို႔ သူခံစားမိတယ္။

သူ႔ခံစားခ်က္ေတြ သူ႔အေပၚလႊမ္းမိုးသြားကာ ဝမ္ေရွာင္းမ်ယ္ေျပာလိုက္တယ္ "ၿပဳံးမေနနဲ႔ေတာ့ မင္းအၿပဳံးက အတုေယာင္ဆန္လြန္းတယ္..."

ထိုစကားေျပာၿပီးတာနဲ႔ ခ်က္ခ်င္းဆိုသလို ေနာက္တရမိသြားတယ္။ ေနာက္ၿပီး ဝမ္ဖုန္းက်င္ရဲ႕ျပဴးက်ယ္ေနတဲ့မ်က္လုံးေတြနဲ႔ ေရခဲ႐ိုက္အၿပဳံးႀကီးက သူ႔ကိုပိုၿပီး တုန္ရီသြားေစတယ္။

သူတို႔ႏွစ္ေယာက္ အခ်ိန္တစ္ခုေလာက္အထိ တိတ္ဆိတ္ေနၾကၿပီး ေလထုက ေလးလံလာကာ အသက္ရႈဖို႔ေတာင္ ခဲယဥ္းလာတယ္။ ဝမ္ဖုန္းက်င္က ေခါင္းငုံ႔ခ်လိုက္တာေၾကာင့္ သူ႔ရဲ႕မ်က္ႏွာထားကို ဝမ္ေရွာင္းမ်ယ္မျမင္ႏိုင္ေတာ့ဘူး...

သူအေတာ္ေလး စိတ္တိုေနပုံရတယ္...

ၿပီးသြားၿပီ ၿပီးသြားၿပီ! ငါ့ရဲ႕ဘယ္ဦးေႏွာက္က ပတ္လမ္းက သုံးစားမရေအာင္ပ်က္သြားတာလဲ?!

ဝမ္ေရွာင္းမိန္အျမန္ေျပာလိုက္တယ္ "ေတာင္းပန္ပါတယ္... အဲ့တာကေလ... ငါ့ဦးေႏွာက္က offlineျဖစ္သြားလို႔ စိတ္ထဲမထားနဲ႔ေနာ္..." သူထိတ္ထိတ္ပ်ာပ်ာနဲ႔ စကားလမ္းေၾကာင္း ေျပာင္းကာ အက်ယ္ႀကီးေျပာလိုက္တယ္ "ေအာ္ ဟုတ္သားပဲ! ငါတို႔ရဲ႕ေခါင္းစည္းႀကိဳးေလး ဘယ္ေရာက္သြားလဲ? မင္း မေပ်ာက္ခဲ့ပါဘူးေနာ္ ဟုတ္တယ္မွတ္လား?"

ဝမ္ဖုန္းက်င္ ေခါင္းေမာ့လာၿပီး ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးျပတယ္။ သူ႔မ်က္လုံးေတြက နက္ရႈိင္းကာ ေအးစက္ေနတာေၾကာင့္ ဝမ္ေရွာင္းမ်ယ္အလြန္အမင္း ေၾကာက္႐ြံ႕ေနမိတယ္။

ထို႔ေနာက္ ႐ုတ္တရက္ဆိုသလို စိတ္လိုလက္ရထရယ္ၿပီး "ရွစ္ရႈန္း ေၾကာက္စရာမလိုပါဘူးဗ်ာ၊ ဒီေန႔က ကြၽန္ေတာ္တို႔ရဲ႕ ေပ်ာ္စရာေန႔ေလးေလ... ကြၽန္ေတာ္က ဘယ္လိုလုပ္ ေဒါသထြက္ႏိုင္မွာလဲ?"

"..." အဲ့တာဆိုလည္း ဒီစကားေျပာေနခ်ိန္မွာ အရွင္ႀကီးရဲ႕အစြယ္ေတြကို သိမ္းထားေပးလို႔ရမလား?

ေဒါသမထြက္ဘူး? မင္း ေဒါသထြက္တိုင္း ငါ့ကိုအၿမဲ 'ရွစ္ရႈန္း'လို႔ ေခၚတာေလ။ ဝမ္ေရွာင္းမ်ယ္ စိတ္ထဲကေနႀကိတ္ၿပီး မေက်မနပ္ေတြျပန္ေျပာေနတယ္။

"အေခါင္းထဲက ေသတၱာထဲမွာ ကြၽန္ေတာ္သိမ္းထားလိုက္တယ္၊ အဲ့ေသတၱာထဲမွာ ကြၽန္ေတာ့္ရဲ႕တန္ဖိုးအရွိဆုံးပစၥည္းေတြ ရွိေနတာ" ေသတၱာကို ရည္ၫႊန္းလိုက္ေတာ့ bossရဲ႕မီးေတာက္က တျဖည္းျဖည္းၿငိမ္က်သြားတယ္။

တန္ဖိုးအရွိဆုံးပစၥည္းေတြ... ဝမ္ေရွာင္းမ်ယ္ရဲ႕မ်က္လုံးေတြ အေရာင္ေတာက္သြားတယ္။

ဝမ္ဖုန္းက်င္က ေျပာတယ္ "ရွစ္ရႈန္း အဲ့တာကို ၾကည့္ခ်င္လား?"တဲ့။

ဝမ္ေရွာင္းမ်ယ္ "အမ္း ငါၾကည့္ၾကည့္ခ်င္တယ္..."

သူ ၿပဳံးကာ ေခါင္းၿငိတ္လိုက္တယ္ "ေကာင္းၿပီေလ ဒါဆိုလည္း ကြၽန္ေတာ္ မျပေတာ့ဘူး"

ဝမ္ေရွာင္းမ်ယ္ "..."

Boss ရယ္ အၿငိဳးႀကီးလွခ်ည္လား?! ဒါမွမဟုတ္လည္း မင္းရဲ႕ဇနီးသည္ဆီကေန လုံၿခဳံေအာင္လို႔ ထိန္းသိမ္းထားတာလား! အဲ့လိုသာ အမွန္ဆိုရင္ေတာ့ မင္းကို အဝတ္ဖြတ္တဲ့သစ္သားခုံေပၚမွာ ဒူးေထာက္သြားရေအာင္ လုပ္ပစ္မယ္!

ပိုက္ဆံဆိုတာ ဇနီးရဲ႕လက္ထဲမွာပဲ လုံၿခဳံမႈရွိတယ္ဆိုတာ မသိဘူးလား?! ငါနဲ႔က်ေတာ့ ထုံးတမ္းစဥ္လာအရ ကတိကဝတ္ေတြျပဳခဲ့ၿပီး အခုက်ေတာ့ လွ်ိဳ႕ဝွက္ပစၥည္းကိုေတာင္ ဖြက္ေနပါေရာ့လား... ၀ူး ငါေလး သနားဖို႔ေကာင္းလိုက္တာ။ ဖက္ထုပ္ႀကီးက ႏွလုံးသားမဲ့လြန္းတယ္ ဟမ့္!

ဝမ္ဖုန္းက်င္ အားပါးတရရယ္ေမာၿပီးေနာက္မွာ လူေကာင္းတစ္ေယာက္အျဖစ္ ျပန္ေျပာင္းလဲသြားတယ္။ ေရသြားခပ္ၿပီး ဝမ္ေရွာင္းမ်ယ္ရဲ႕မ်က္ႏွာနဲ႔ လက္ေတြကေန ေျခေထာက္အထိ သုတ္သင္ေပးလိုက္တယ္။ လက္အႀကီးႀကီးေတြက သူ႔ေျခဖဝါးကို အဝတ္တစ္စနဲ႔ ပြတ္တိုက္လာတယ္။ ဝမ္ေရွာင္းမ်ယ္ ယားက်ိက်ိျဖစ္လာတဲ့အခါ ဝမ္ဖုန္းက်င္ လႊတ္ေပးလိုက္တယ္။

"အိပ္လိုက္ေတာ့ ကိုယ္မင္းေဘးနားမွာ အၿမဲတမ္းရွိေနေပးမယ္"

ဝမ္ဖုန္းက်င္ သူ႔ကိုယ္သူလည္း ေဆးေၾကာသန႔္စင္ၿပီး ဝမ္ေရွာင္းမ်ယ္နဲ႔အတူ အေခါင္းထဲမွာ လွဲလိုက္တယ္။ အဖိုးတန္ဘူးေလးက အေခါင္းထဲကဝမ္ဖုန္းက်င္ရဲ႕ဘက္အျခမ္းမွာရွိေနတယ္။

ေျမေအာက္နန္းေတာ္ႀကီးထဲမွာ ေဖ်ာ္ေျဖေရးဆိုတာ တစ္ခုမွမရွိသလို ဝမ္ေရွာင္းမ်ယ္ကလည္း မၾကာခဏဆိုသလို လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိျဖစ္ေနတတ္တာေၾကာင့္ သူတို႔ရဲ႕အခ်ိန္အမ်ားစုကို အေခါင္းထဲမွာ အိပ္စက္ရင္းနဲ႔သာ ကုန္ဆုံးတယ္။

သူ႔ကို ေလထဲကခါးသက္တဲ့ရနံ႔က ရစ္ေႏွာင္လာခ်ိန္မွာ ဝမ္ေရွာင္းမိန္အျပဳသေဘာေဆာင္စြာ ေတြးလိုက္တယ္ : ဒီေပြ႕ဖက္မႈက ဘယ္သူ႔အတြက္လဲ? တကယ္တမ္း ငါ့အတြက္ပဲ ျဖစ္ေလာက္တယ္။

ပုလဲေရာင္အေခါင္းထဲမွာ တျဖည္းျဖည္း ဝမ္ေရွာင္းမ်ယ္အိပ္ေပ်ာ္သြားတဲ့ေနာက္ ဝမ္ဖုန္းက်င္ မ်က္လုံးေတြကို ေျဖးညႇင္းစြာ ဖြင့္လိုက္တယ္။ ခပ္ေဖ်ာ့ေဖ်ာ့အလင္းကို အသုံးခ်ၿပီး ဝမ္ဖုန္းက်င္လက္ေထာက္ကာ ဝမ္ေရွာင္းမ်ယ္ေပၚကေန အုပ္မိုးလိုက္တယ္။ သူ႔ကိုသူ လက္တစ္ဖက္နဲ႔ ေထာက္ထားၿပီး ေနာက္တစ္ဖက္က သူ႔ပါးစပ္နားထိ ေျမႇာက္ကာ လက္ေကာက္ဝတ္ကို ကိုက္ခ်လိုက္တယ္။ ထို႔ေနာက္ သူ႔ေအာက္မွာရွိတဲ့ လူရဲ႕ႏႈတ္ခမ္းနားမွာ အသာေနရာခ်လိုက္တယ္။

ေသြးကိုလက္ခံၿပီး ေနထိုင္ရတဲ့ခႏၶာကိုယ္က သူ႔ဘာသာစတင္ ဝါးၿမိဳလာတယ္။

ခဏအၾကာမွာ ဝမ္ဖုန္းက်င္ သူ႔လက္ကို ျပန္႐ုတ္ၿပီး သူ႔အခ်စ္ကေလးရဲ႕မ်က္ႏွာကို တယုတယ ပြတ္သပ္ေနတယ္။ သူ႔ရဲ႕ခ်စ္စိတ္မႊန္ေနတဲ့မ်က္လုံးေတြက ထိုလူ႔ရဲ႕ႏွာေခါင္းနဲ႔ နဖူးကို လြမ္းဆြတ္ေနေၾကာင္း ျပသေနတယ္။ သူ႔လက္မနဲ႔ ႏႈတ္ခမ္းေတြကိုလည္း ခ်စ္ျမတ္ႏိုးစြာ ပြတ္ေနတယ္။

အေယာင္ေဆာင္အၿပဳံးနဲ႔ မ်က္ႏွာဖုံးကြာက်သြားၿပီး ေအးစက္တဲ့အမူအယာေပၚထြက္လာကာ လွပတဲ့မ်က္ႏွာတစ္ခုလုံး ရက္စက္ခက္ထန္မႈေတြနဲ႔ ျပည့္သြားေစတယ္။ သို႔ေပမယ့္ ထူးဆန္းတဲ့မ်က္ဝန္းတစ္စုံကေတာ့ ဟန္ပန္ေဆာင္လုပ္ေနတာမ်ိဳးေတြ မရွိဘဲ ႏူးညံ့မႈေတြသာ က်န္ရွိေနတယ္။ သူ႔ပုံစံက ေကာင္းမြန္တဲ့ဘက္အျခမ္းကို ကူးေျပာင္းလာတဲ့ နတ္သက္ေႂကြနတ္ဆိုးတစ္ေကာင္နဲ႔တူတယ္။

ေအးစက္၊ အညႇာအတာမဲ့ကာ သူ႔ကို ေႏြးေထြးမႈေပးႏိုင္တဲ့ လူတစ္ေယာက္တည္းကိုပဲ တစ္သက္လုံးစြဲလမ္းေနခဲ့တယ္၊ ဒီဟာက တကယ့္အစစ္အမွန္ ဝမ္ဖုန္းက်င္ျဖစ္တယ္။

"ရွစ္ရႈန္း ဒီေန႔ တျခားဟာေတြ မွတ္မိခဲ့တာလား?"

သူ ဝမ္ေရွာင္းမ်ယ္နဲ႔ ရွိေနခ်ိန္ဆို သူ႔အသံကို ျမႇင့္ၿပီး တက္ႂကြတဲ့ေလသံမ်ိဳးျဖစ္ေအာင္ ႀကိဳးစားခဲ့ရတယ္။ ဒါေပမယ့္လည္း သူ႔ပင္ကိုစ႐ိုက္ အရွိန္အဝါေၾကာင့္ ဒီဟာက ဆန႔္က်င္ဘက္ႀကီးျဖစ္ေနကာ ၾကက္သီးထေလာက္ေအာင္ ရယ္ေမာတတ္တဲ့ ႏွာဘူးလူပ်က္တစ္ေယာက္နဲ႔ တူသြားေစတယ္။

တစ္ေယာက္တည္းျဖစ္ေနခ်ိန္မွာေတာ့ ဝမ္ဖုန္းက်င္အသံက ဩရွရွသာျဖစ္တယ္။ သူ႔စကားအသြားအလာက တစ္ဖက္လူကို ျဖားေယာင္းေနသလားလို႔ ခံစားမိႏိုင္ေလာက္တဲ့အထိ မေႏွးမျမန္ပုံမွန္မ်ိဳးျဖစ္တယ္။

သူေျပာၿပီးတဲ့ေနာက္မွာ အိပ္ေပ်ာ္ေနတဲ့ ဝမ္ေရွာင္းမ်ယ္ရဲ႕ေသြးေရာင္ေျပာင္းကာ ရဲေနတဲ့မ်က္လုံးေတြ ခ်က္ခ်င္းမ်က္လုံးပြင့္လာတယ္။ သူ႔မ်က္လုံးသူငယ္အိမ္ေတြက လႈပ္ရွားမႈမရွိ မ်က္ႏွာၾကက္ကို စိုက္ၾကည့္ေနကာ တစ္လုံးစီေျဖးေျဖးခ်င္း ျပန္ေျဖလာတယ္ "မမွတ္မိဘူး"

"အဲ့တာဆိုလည္း ရွစ္ရႈန္းက ဒီေန႔ဘာလို႔ မေပ်ာ္မ႐ႊင္ျဖစ္ေနရတာလဲ? ကြၽန္ေတာ့္ကို တစ္ခုခုဖုံးကြယ္ထားတာလား?"

"ငါ... စိုးရိမ္တာ... မင္းႀကိဳက္တဲ့... လူက... မ်န္တ်န္း"

"ငါျဖစ္ခ်င္တာက... မင္းႀကိဳက္တဲ့... လူက... ဝမ္ေရွာင္းမ်ယ္"

ဝမ္ဖုန္းက်င္ ေခါင္းယမ္းလိုက္တယ္ "မွားေနၿပီ၊ ကိုယ္အၿမဲတမ္း သေဘာက်ရတဲ့သူက မင္းပဲ၊ ရွစ္ရႈန္း နားမလည္ပါဘူး... မ်န္တ်န္းေၾကာင့္ မင္းဒီမွာ ရွိေနတာမဟုတ္ဘူး၊ မင္းေၾကာင့္ ကိုယ္ခ်စ္တဲ့မ်န္တ်န္းဆိုတာ ရွိေနတာ" [ T/N : နည္းနည္းရႈပ္ ]

"ကိုယ္ခ်စ္တဲ့လူက မင္းပဲ၊ အၿမဲတမ္း မင္းျဖစ္ေနတာ..."

ဒါေပမယ့္ ကိုယ္က အလိမ္အညာေတြအမ်ားႀကီး ေျပာခဲ့ၿပီး ကိစၥေတြအမ်ားႀကီးလည္း လုပ္ခဲ့ၿပီးၿပီျဖစ္လို႔ မင္းကို ထုတ္မေျပာျပရဲဘူး။ အဲ့တာေၾကာင့္ အခုခ်ိန္မွာ မင္းသေဘာက်တဲ့လူမ်ိဳးျဖစ္ေအာင္ ကိုယ္အေကာင္းဆုံး ႀကိဳးစားေနတာေၾကာင့္ မင္းကိုယ့္ဆီကေတာ့ အရင္ဆုံး ထြက္သြားလို႔မရဘူး။

"အိုး တစ္ခုရွိေသးတယ္" ဝမ္ဖုန္းက်င္ သူ႔မ်က္ႏွာသူကိုင္ကာ ထူးဆန္းတဲ့အမူအယာနဲ႔ ေျပာလိုက္တယ္ "ကိုယ့္အၿပဳံးက ဒီေလာက္ေတာင္ အတုေယာင္ဆန္ေနလို႔လား?"

"အင္း"

"ဒါေပမယ့္ အၿမဲတမ္းၿပဳံးရယ္ေနတဲ့လူေတြကို သေဘာက်တယ္လို႔ ရွစ္ရႈံးပဲေျပာခဲ့တာ မဟုတ္ဘူးလား? ... လိမ္တယ္..."

ဝမ္ဖုန္းက်င္ သူ႔ႏႈတ္ခမ္းေတြကို အနည္းငယ္ေကြးၫြတ္လိုက္တယ္။ သူ႔လက္ကို ဝမ္ေရွာင္းမ်ယ္မ်က္ႏွာေပၚတင္ကာ ေသြးလိုရဲေတာက္ေနတဲ့ မ်က္လုံးေတြကို ပိတ္လိုက္တယ္။

"ရွစ္ရႈံး ျပန္အိပ္လိုက္ေတာ့၊ ဒီေန႔ ကြၽန္ေတာ္ တကယ္ေပ်ာ္တယ္"

ဝမ္ဖုန္းက်င္ သူ႔ေဘးနားမွာ လွဲခ်လိုက္တယ္။ သူ႔ႏွလုံးသားေပၚ လက္တင္ကာ ေအးခ်မ္းစြာ မ်က္လုံးေတြ မွိတ္ခ်လိုက္ေတာ့တယ္။

_____

{Unicode}

မြေအောက်ကို ပြန်ရောက်တော့ ဝမ်ရှောင်းမျယ် ထိုင်းမှိုင်းနေတဲ့စိတ်နဲ့ သစ်ပင်ကြီးကို မှီနေလိုက်တယ်။ သူ့စိတ်ထဲမှာ ဝိရောဓိတစ်ခုဖြစ်နေတယ်။

နောက်ပြီး ထူးဆန်းစွာ စိတ်ဘဝင်မကျဖြစ်နေတယ်။

သူ့ခေါင်းထဲမှာ သူ့ရဲ့ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်က လူလေးနှစ်ဦး အချင်းပွားနေသလိုပဲ။

အဖြူလေးကပြောတယ် : သူက ငါ့အရှိတိုင်းကို ကြိုက်တာလား ဒါမှမဟုတ် မျန်တျန်းဝင်စားလို့လား?

အနက်လေးက ပြောတယ် : ဒါက တုံးအလိုက်တဲ့ မေးခွန်းပဲ၊ အဖြေက သိသာနေတာပဲမဟုတ်ဘူးလား? မင်းက ဘယ်သူလဲ? သူ့ရဲ့အပတ်တကုတ်ကြိုးစားပြီး ပိုးပန်းခဲ့ရတာတွေကနေ တဖြည်းဖြည်း စွဲလမ်းမှုတစ်ခုလိုပြောင်းလဲသွားတာတွေအားလုံးက သူ့ရဲ့ရှစ်ရှုန်းမျန်တျန်းအတွက်ပဲ... မင်းဆိုတဲ့ ဝမ်ရှောင်းမျယ်ကို မဟုတ်ဘူး!

အဖြူလေးက သနားဖွယ်ပြောတယ် : ဒါပေမယ့် မျန်တျန်းဆိုတာ ငါလေ ပြီးတော့ ငါကလည်း မျန်တျန်းပဲ... ဒါကြီးက ငါ့ကို လူစားထိုးတစ်ယောက်လို ခံစားရစေတယ်။

အနက်လေးက မျက်လုံးကို လှည့်လိုက်ပြီး : ဟက်! အဲ့တာက ဘယ်လိုလုပ်တူနိုင်မှာလဲ? မင်းက သူဖြစ်နေတယ်ဆိုရင်တောင်မှ သူတို့အချင်းချင်းရှိကြတဲ့ လေးနက်တဲ့ခံစားချက်တွေကို ခံစားဖူးလား? မင်း အဲ့တာကို အစားထိုးနိုင်လား?

ဝမ်ဖုန်းကျင် မင်းဆီမှာ မြင်နေတာက အတိတ်ကအမှတ်တရတွေ... လက်ရှိအခိုက်အတန့်မဟုတ်ဘူး...

ထိုစကားက သူ့နှလုံးသားကို ဓားတစ်ချောင်းနဲ့ ထိုးစိုက်လိုက်သလိုပဲ။ ဆူးထစ်ကလေးတွေပါတဲ့ ဓားက ပြန်ဆွဲထုတ်လိုက်ချိန်မှာ သူ့ရဲ့ကွဲအက်နေတဲ့နှလုံးသားကို သွေးတွေမတရားလျှံထွက်လာစေတယ်။

လက်မခံချင်တဲ့ အဖြူလေးက ပြောတယ် : ဒါပေမယ့် ငါတို့ကိုကြည့်တဲ့အချိန်ဆို ဖုန်းကျင်ရဲ့မျက်လုံးတွေက အမြဲတမ်း ငါတို့ကို နူးနူးညံ့ညံ့ပြုံးပြတယ်လေ။

အနက်လေးက လှောင်ပြောင်လိုက်တယ် : ဖုန်းကျင်? သူ့ကိုခေါ်တဲ့ဟာကို ဘာဖြစ်လို့ ဒီလိုရင်းနှီးသလိုမျိုးနဲ့ သုံးနေရတာလဲ? ဝမ်ရှောင်းမျယ် မင်း လူသားတွေရဲ့ပြောင်းလဲတတ်တဲ့သဘာ၀ကို မြင်ခဲ့ပြီးပြီပဲ... သူ့ရဲ့ရက်စက်ပြီး မှောင်မိုက်တဲ့ပုံကို မမြင်နိုင်သလိုမျိုး တုံးအဟန်ဆောင်နေမှာလား? ပြုံးတယ်? အဲ့တာတွေအားလုံးက အတုယောင်တွေပဲ ဟုတ်ပြီလား?

မင်း မတွေ့နိုင်ဘူးလို့ မပြောနဲ့! သူ့အပြုံးတွေက မင်းရဲ့ဟန်ဆောင်ပန်ဆောင် ဆွေမျိုးတွေထက်တောင်မှာ ပိုပြီးအတုယောင်ဆန်သေးတယ်။ သူနောက်ကွယ်မှာ မင်းအပေါ် သူ့ရဲ့သဘောမကျမှုတွေ ဖုံးကွယ်နေတာများလားဆိုတာ ဘယ်သူသိမှာလဲ အရူးရဲ့!

အဖြူလေးမှာ ငိုသွားတဲ့အထိ ဆိုဆုံးမခံလိုက်ရတော့တယ်။ အနက်လေးက အင်အားကြီးပြီး မောက်မာတယ်။

သစ်ပင်ကို ကျောမှီထားတဲ့ ဝမ်ရှောင်းမျယ် ခေါင်းငိုက်စိုက်ချပြီး ခါးသက်စွာပြုံးလိုက်တယ်။

သူတို့ထိခိုက်လာချိန်မှာ မကြာခဏပြုံးပေးရင် နာကျင်မှုကို မခံစားရဘူးလို့ ပြောကြတယ်။ ဆုံးရှုံးပြီးတာတောင်မှ တက်တက်ကြွကြွနေတဲ့သူက သန်မာနေအုံးမှာပဲလို့ ပြောကြတယ်။

ပေါက်ကရတွေချည်းပဲ။ ငါ့မှာ ဝမ်းနည်းလွန်းလို့ သေတောင်သေနိုင်တယ်...

"မျန်တျန်း ဘာဖြစ်လို့လဲ? ဘယ်နေရာက နေလို့မကောင်းဖြစ်နေလို့လဲ?" မြင်ကွင်းထဲကို အလွန်တရာလှပတဲ့မျက်နှာတစ်ခုရောက်လာပြီး သူ့နှဖူးပေါ်က တောက်ပတဲ့အနီရောင်အမှတ်အသားလေးက ဝမ်ရှောင်းမျယ်ကို သတိပြန်ဝင်လာစေတယ်။

ဝမ်ဖုန်းကျင် မျက်မှောင်ကြုတ်ပြီး စူးစမ်းနေတာကိုမြင်တော့ အကျင့်အတိုင်း ဝမ်ရှောင်းမျယ်ပြန်ဖြေလိုက်တယ် "အိုး ဘာမှမဟုတ်ပါဘူး"

ဝမ်ရှောင်းမျယ် သူ့စိတ်ထဲမှာတော့ ကြောင်သူတော်လိုမျိုး ပြောလိုက်တယ် : ငါက ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီးသေချင်နေလောက်အောင် အသည်းကွဲနေရုံလေးပါ။ မင်းငါ့ကို စိုးရိမ်နေစရာမလိုဘူး။ ရွဲ့ပြီးတော့သာ ပြုံးနေလိုက်။

"ဘာလို့ ဘာမှမဖြစ်ရမှာလဲ? မျန်တျန်း ဘာဖြစ်တာလဲ? မင်းကြည့်ရတာ ငိုတော့မယ့်အတိုင်းပဲ..." ဝမ်ဖုန်းကျင် သူ့လက်ကိုလာကိုင်တယ်။ သူ အနားကို ပိုတိုးကပ်လာပြီး ဝမ်ရှောင်းမျယ်ရဲ့နှဖူးကို ချစ်စဖွယ်အနမ်းလေးတစ်ပွင့် ခြွေလိုက်တယ်။

"ကိုယ်မသိသင့်တဲ့ဟာများ ဖြစ်နေလို့လား?" တဒင်္ဂမျှ ရပ်တန့်သွားပြီးနောက် အသံတိုးတိုးနဲ့ မေးလာတယ်။ "မျန်တျန်း မင်း တစ်ခုခုကို မှတ်မိသွားတာလား?"

သူ့မျက်လုံးတွေထဲက ချစ်ရိပ်တွေပြည့်လျှံနေပြီး ဂရုတစိုက်ထိတွေ့နေတဲ့ သူ့လက်ကိုကြည့်ကာ ဝမ်ရှောင်းမျယ် ခေါင်းယမ်းလိုက်တယ်။ "ငါ ဘာမှမမှတ်မိပါဘူး"

"အဲ့လိုလား? ကောင်းပါပြီ စိတ်မရှည်ဖြစ်မနေနဲ့... အဲ့တာက မှတ်ဉာဏ်တစ်ခုဆိုရင်တောင်မှ မှားယွင်းနိုင်သေးတာပဲလေ၊ မင်း ဘာကိုပဲ မှတ်မိမှတ်မိ ကိုယ့်ကိုပြောပြရမယ်နော် ဟုတ်‌ပြီလား?" ဝမ်ဖုန်းကျင် ခပ်ဖျော့ဖျော့အပြုံးနဲ့ ပြောလာတယ်။

"သိပါပြီ..."

သူ့မှတ်ဉာဏ်တွေကို ပြန်သတိရလာမယ့်အပေါ် ဝမ်ဖုန်းကျင်ရဲ့သဘောထားက တမူထူးခြားပြီး အမြီးအမောက်တည့်မနေဘူးလို့ ဝမ်ရှောင်းမျယ်ခံစားရတယ်။ တခါတလေ ပျော်ရွှင်နေပြီး တခါတလေ သတိအနေအထားဖြစ်နေတယ်။

သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာကိုကြည့်ပြီး တချို့သောအကြောင်းအရာကြောင့် ဝမ်ရှောင်းမျယ် စိတ်တိုသလိုခံစားနေရတယ်။ ထိုမျက်နှာမျိုးက သရုပ်ဆောင်တစ်ယောက် လုပ်ယူထားသလိုမျက်နှာမျိုးနဲ့ တူနေတယ်။ တကယ့်ဝမ်ဖုန်းကျင်အစစ်က ဒီလူလိုမျိုး သိမ်မွေ့၊ ဂရုစိုက်တတ်ပြီး ဘယ်တော့မှ ဒေါသမထွက်တတ်တဲ့လူမဟုတ်လောက်ဘူးလို့ သူခံစားမိတယ်။

သူ့ခံစားချက်တွေ သူ့အပေါ်လွှမ်းမိုးသွားကာ ဝမ်ရှောင်းမျယ်ပြောလိုက်တယ် "ပြုံးမနေနဲ့တော့ မင်းအပြုံးက အတုယောင်ဆန်လွန်းတယ်..."

ထိုစကားပြောပြီးတာနဲ့ ချက်ချင်းဆိုသလို နောက်တရမိသွားတယ်။ နောက်ပြီး ဝမ်ဖုန်းကျင်ရဲ့ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ ရေခဲရိုက်အပြုံးကြီးက သူ့ကိုပိုပြီး တုန်ရီသွားစေတယ်။

သူတို့နှစ်ယောက် အချိန်တစ်ခုလောက်အထိ တိတ်ဆိတ်နေကြပြီး လေထုက လေးလံလာကာ အသက်ရှုဖို့တောင် ခဲယဉ်းလာတယ်။ ဝမ်ဖုန်းကျင်က ခေါင်းငုံ့ချလိုက်တာကြောင့် သူ့ရဲ့မျက်နှာထားကို ဝမ်ရှောင်းမျယ်မမြင်နိုင်တော့ဘူး...

သူအတော်လေး စိတ်တိုနေပုံရတယ်...

ပြီးသွားပြီ ပြီးသွားပြီ! ငါ့ရဲ့ဘယ်ဦးနှောက်က ပတ်လမ်းက သုံးစားမရအောင်ပျက်သွားတာလဲ?!

ဝမ်ရှောင်းမိန်အမြန်ပြောလိုက်တယ် "တောင်းပန်ပါတယ်... အဲ့တာကလေ... ငါ့ဦးနှောက်က offlineဖြစ်သွားလို့ စိတ်ထဲမထားနဲ့နော်..." သူထိတ်ထိတ်ပျာပျာနဲ့ စကားလမ်းကြောင်း ပြောင်းကာ အကျယ်ကြီးပြောလိုက်တယ် "အော် ဟုတ်သားပဲ! ငါတို့ရဲ့ခေါင်းစည်းကြိုးလေး ဘယ်ရောက်သွားလဲ? မင်း မပျောက်ခဲ့ပါဘူးနော် ဟုတ်တယ်မှတ်လား?"

ဝမ်ဖုန်းကျင် ခေါင်းမော့လာပြီး ခပ်ဖျော့ဖျော့ပြုံးပြတယ်။ သူ့မျက်လုံးတွေက နက်ရှိုင်းကာ အေးစက်နေတာကြောင့် ဝမ်ရှောင်းမျယ်အလွန်အမင်း ကြောက်ရွံ့နေမိတယ်။

ထို့နောက် ရုတ်တရက်ဆိုသလို စိတ်လိုလက်ရထရယ်ပြီး "ရှစ်ရှုန်း ကြောက်စရာမလိုပါဘူးဗျာ၊ ဒီနေ့က ကျွန်တော်တို့ရဲ့ ပျော်စရာနေ့လေးလေ... ကျွန်တော်က ဘယ်လိုလုပ် ဒေါသထွက်နိုင်မှာလဲ?"

"..." အဲ့တာဆိုလည်း ဒီစကားပြောနေချိန်မှာ အရှင်ကြီးရဲ့အစွယ်တွေကို သိမ်းထားပေးလို့ရမလား?

ဒေါသမထွက်ဘူး? မင်း ဒေါသထွက်တိုင်း ငါ့ကိုအမြဲ 'ရှစ်ရှုန်း'လို့ ခေါ်တာလေ။ ဝမ်ရှောင်းမျယ် စိတ်ထဲကနေကြိတ်ပြီး မကျေမနပ်တွေပြန်ပြောနေတယ်။

"အခေါင်းထဲက သေတ္တာထဲမှာ ကျွန်တော်သိမ်းထားလိုက်တယ်၊ အဲ့သေတ္တာထဲမှာ ကျွန်တော့်ရဲ့တန်ဖိုးအရှိဆုံးပစ္စည်းတွေ ရှိနေတာ" သေတ္တာကို ရည်ညွှန်းလိုက်တော့ bossရဲ့မီးတောက်က တဖြည်းဖြည်းငြိမ်ကျသွားတယ်။

တန်ဖိုးအရှိဆုံးပစ္စည်းတွေ... ဝမ်ရှောင်းမျယ်ရဲ့မျက်လုံးတွေ အရောင်တောက်သွားတယ်။

ဝမ်ဖုန်းကျင်က ပြောတယ် "ရှစ်ရှုန်း အဲ့တာကို ကြည့်ချင်လား?"တဲ့။

ဝမ်ရှောင်းမျယ် "အမ်း ငါကြည့်ကြည့်ချင်တယ်..."

သူ ပြုံးကာ ခေါင်းငြိတ်လိုက်တယ် "ကောင်းပြီလေ ဒါဆိုလည်း ကျွန်တော် မပြတော့ဘူး"

ဝမ်ရှောင်းမျယ် "..."

Boss ရယ် အငြိုးကြီးလှချည်လား?! ဒါမှမဟုတ်လည်း မင်းရဲ့ဇနီးသည်ဆီကနေ လုံခြုံအောင်လို့ ထိန်းသိမ်းထားတာလား! အဲ့လိုသာ အမှန်ဆိုရင်တော့ မင်းကို အဝတ်ဖွတ်တဲ့သစ်သားခုံပေါ်မှာ ဒူးထောက်သွားရအောင် လုပ်ပစ်မယ်!

ပိုက်ဆံဆိုတာ ဇနီးရဲ့လက်ထဲမှာပဲ လုံခြုံမှုရှိတယ်ဆိုတာ မသိဘူးလား?! ငါနဲ့ကျတော့ ထုံးတမ်းစဉ်လာအရ ကတိကဝတ်တွေပြုခဲ့ပြီး အခုကျတော့ လျှို့ဝှက်ပစ္စည်းကိုတောင် ဖွက်နေပါရော့လား... ၀ူး ငါလေး သနားဖို့ကောင်းလိုက်တာ။ ဖက်ထုပ်ကြီးက နှလုံးသားမဲ့လွန်းတယ် ဟမ့်!

ဝမ်ဖုန်းကျင် အားပါးတရရယ်မောပြီးနောက်မှာ လူကောင်းတစ်ယောက်အဖြစ် ပြန်ပြောင်းလဲသွားတယ်။ ရေသွားခပ်ပြီး ဝမ်ရှောင်းမျယ်ရဲ့မျက်နှာနဲ့ လက်တွေကနေ ခြေထောက်အထိ သုတ်သင်ပေးလိုက်တယ်။ လက်အကြီးကြီးတွေက သူ့ခြေဖဝါးကို အဝတ်တစ်စနဲ့ ပွတ်တိုက်လာတယ်။ ဝမ်ရှောင်းမျယ် ယားကျိကျိဖြစ်လာတဲ့အခါ ဝမ်ဖုန်းကျင် လွှတ်ပေးလိုက်တယ်။

"အိပ်လိုက်တော့ ကိုယ်မင်းဘေးနားမှာ အမြဲတမ်းရှိနေပေးမယ်"

ဝမ်ဖုန်းကျင် သူ့ကိုယ်သူလည်း ဆေးကြောသန့်စင်ပြီး ဝမ်ရှောင်းမျယ်နဲ့အတူ အခေါင်းထဲမှာ လှဲလိုက်တယ်။ အဖိုးတန်ဘူးလေးက အခေါင်းထဲကဝမ်ဖုန်းကျင်ရဲ့ဘက်အခြမ်းမှာရှိနေတယ်။

မြေအောက်နန်းတော်ကြီးထဲမှာ ဖျော်ဖြေရေးဆိုတာ တစ်ခုမှမရှိသလို ဝမ်ရှောင်းမျယ်ကလည်း မကြာခဏဆိုသလို လုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတတ်တာကြောင့် သူတို့ရဲ့အချိန်အများစုကို အခေါင်းထဲမှာ အိပ်စက်ရင်းနဲ့သာ ကုန်ဆုံးတယ်။

သူ့ကို လေထဲကခါးသက်တဲ့ရနံ့က ရစ်နှောင်လာချိန်မှာ ဝမ်ရှောင်းမိန်အပြုသဘောဆောင်စွာ တွေးလိုက်တယ် : ဒီပွေ့ဖက်မှုက ဘယ်သူ့အတွက်လဲ? တကယ်တမ်း ငါ့အတွက်ပဲ ဖြစ်လောက်တယ်။

ပုလဲရောင်အခေါင်းထဲမှာ တဖြည်းဖြည်း ဝမ်ရှောင်းမျယ်အိပ်ပျော်သွားတဲ့နောက် ဝမ်ဖုန်းကျင် မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်လိုက်တယ်။ ခပ်ဖျော့ဖျော့အလင်းကို အသုံးချပြီး ဝမ်ဖုန်းကျင်လက်ထောက်ကာ ဝမ်ရှောင်းမျယ်ပေါ်ကနေ အုပ်မိုးလိုက်တယ်။ သူ့ကိုသူ လက်တစ်ဖက်နဲ့ ထောက်ထားပြီး နောက်တစ်ဖက်က သူ့ပါးစပ်နားထိ မြှောက်ကာ လက်ကောက်ဝတ်ကို ကိုက်ချလိုက်တယ်။ ထို့နောက် သူ့အောက်မှာရှိတဲ့ လူရဲ့နှုတ်ခမ်းနားမှာ အသာနေရာချလိုက်တယ်။

သွေးကိုလက်ခံပြီး နေထိုင်ရတဲ့ခန္ဓာကိုယ်က သူ့ဘာသာစတင် ဝါးမြိုလာတယ်။

ခဏအကြာမှာ ဝမ်ဖုန်းကျင် သူ့လက်ကို ပြန်ရုတ်ပြီး သူ့အချစ်ကလေးရဲ့မျက်နှာကို တယုတယ ပွတ်သပ်နေတယ်။ သူ့ရဲ့ချစ်စိတ်မွှန်နေတဲ့မျက်လုံးတွေက ထိုလူ့ရဲ့နှာခေါင်းနဲ့ နဖူးကို လွမ်းဆွတ်နေကြောင်း ပြသနေတယ်။ သူ့လက်မနဲ့ နှုတ်ခမ်းတွေကိုလည်း ချစ်မြတ်နိုးစွာ ပွတ်နေတယ်။

အယောင်ဆောင်အပြုံးနဲ့ မျက်နှာဖုံးကွာကျသွားပြီး အေးစက်တဲ့အမူအယာပေါ်ထွက်လာကာ လှပတဲ့မျက်နှာတစ်ခုလုံး ရက်စက်ခက်ထန်မှုတွေနဲ့ ပြည့်သွားစေတယ်။ သို့ပေမယ့် ထူးဆန်းတဲ့မျက်ဝန်းတစ်စုံကတော့ ဟန်ပန်ဆောင်လုပ်နေတာမျိုးတွေ မရှိဘဲ နူးညံ့မှုတွေသာ ကျန်ရှိနေတယ်။ သူ့ပုံစံက ကောင်းမွန်တဲ့ဘက်အခြမ်းကို ကူးပြောင်းလာတဲ့ နတ်သက်ကြွေနတ်ဆိုးတစ်ကောင်နဲ့တူတယ်။

အေးစက်၊ အညှာအတာမဲ့ကာ သူ့ကို နွေးထွေးမှုပေးနိုင်တဲ့ လူတစ်ယောက်တည်းကိုပဲ တစ်သက်လုံးစွဲလမ်းနေခဲ့တယ်၊ ဒီဟာက တကယ့်အစစ်အမှန် ဝမ်ဖုန်းကျင်ဖြစ်တယ်။

"ရှစ်ရှုန်း ဒီနေ့ တခြားဟာတွေ မှတ်မိခဲ့တာလား?"

သူ ဝမ်ရှောင်းမျယ်နဲ့ ရှိနေချိန်ဆို သူ့အသံကို မြှင့်ပြီး တက်ကြွတဲ့လေသံမျိုးဖြစ်အောင် ကြိုးစားခဲ့ရတယ်။ ဒါပေမယ့်လည်း သူ့ပင်ကိုစရိုက် အရှိန်အဝါကြောင့် ဒီဟာက ဆန့်ကျင်ဘက်ကြီးဖြစ်နေကာ ကြက်သီးထလောက်အောင် ရယ်မောတတ်တဲ့ နှာဘူးလူပျက်တစ်ယောက်နဲ့ တူသွားစေတယ်။

တစ်ယောက်တည်းဖြစ်နေချိန်မှာတော့ ဝမ်ဖုန်းကျင်အသံက ဩရှရှသာဖြစ်တယ်။ သူ့စကားအသွားအလာက တစ်ဖက်လူကို ဖြားယောင်းနေသလားလို့ ခံစားမိနိုင်လောက်တဲ့အထိ မနှေးမမြန်ပုံမှန်မျိုးဖြစ်တယ်။

သူပြောပြီးတဲ့နောက်မှာ အိပ်ပျော်နေတဲ့ ဝမ်ရှောင်းမျယ်ရဲ့သွေးရောင်ပြောင်းကာ ရဲနေတဲ့မျက်လုံးတွေ ချက်ချင်းမျက်လုံးပွင့်လာတယ်။ သူ့မျက်လုံးသူငယ်အိမ်တွေက လှုပ်ရှားမှုမရှိ မျက်နှာကြက်ကို စိုက်ကြည့်နေကာ တစ်လုံးစီဖြေးဖြေးချင်း ပြန်ဖြေလာတယ် "မမှတ်မိဘူး"

"အဲ့တာဆိုလည်း ရှစ်ရှုန်းက ဒီနေ့ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ? ကျွန်တော့်ကို တစ်ခုခုဖုံးကွယ်ထားတာလား?"

"ငါ... စိုးရိမ်တာ... မင်းကြိုက်တဲ့... လူက... မျန်တျန်း"

"ငါဖြစ်ချင်တာက... မင်းကြိုက်တဲ့... လူက... ဝမ်ရှောင်းမျယ်"

ဝမ်ဖုန်းကျင် ခေါင်းယမ်းလိုက်တယ် "မှားနေပြီ၊ ကိုယ်အမြဲတမ်း သဘောကျရတဲ့သူက မင်းပဲ၊ ရှစ်ရှုန်း နားမလည်ပါဘူး... မျန်တျန်းကြောင့် မင်းဒီမှာ ရှိနေတာမဟုတ်ဘူး၊ မင်းကြောင့် ကိုယ်ချစ်တဲ့မျန်တျန်းဆိုတာ ရှိနေတာ" [ T/N : နည်းနည်းရှုပ် ]

"ကိုယ်ချစ်တဲ့လူက မင်းပဲ၊ အမြဲတမ်း မင်းဖြစ်နေတာ..."

ဒါပေမယ့် ကိုယ်က အလိမ်အညာတွေအများကြီး ပြောခဲ့ပြီး ကိစ္စတွေအများကြီးလည်း လုပ်ခဲ့ပြီးပြီဖြစ်လို့ မင်းကို ထုတ်မပြောပြရဲဘူး။ အဲ့တာကြောင့် အခုချိန်မှာ မင်းသဘောကျတဲ့လူမျိုးဖြစ်အောင် ကိုယ်အကောင်းဆုံး ကြိုးစားနေတာကြောင့် မင်းကိုယ့်ဆီကတော့ အရင်ဆုံး ထွက်သွားလို့မရဘူး။

"အိုး တစ်ခုရှိသေးတယ်" ဝမ်ဖုန်းကျင် သူ့မျက်နှာသူကိုင်ကာ ထူးဆန်းတဲ့အမူအယာနဲ့ ပြောလိုက်တယ် "ကိုယ့်အပြုံးက ဒီလောက်တောင် အတုယောင်ဆန်နေလို့လား?"

"အင်း"

"ဒါပေမယ့် အမြဲတမ်းပြုံးရယ်နေတဲ့လူတွေကို သဘောကျတယ်လို့ ရှစ်ရှုံးပဲပြောခဲ့တာ မဟုတ်ဘူးလား? ... လိမ်တယ်..."

ဝမ်ဖုန်းကျင် သူ့နှုတ်ခမ်းတွေကို အနည်းငယ်ကွေးညွတ်လိုက်တယ်။ သူ့လက်ကို ဝမ်ရှောင်းမျယ်မျက်နှာပေါ်တင်ကာ သွေးလိုရဲတောက်နေတဲ့ မျက်လုံးတွေကို ပိတ်လိုက်တယ်။

"ရှစ်ရှုံး ပြန်အိပ်လိုက်တော့၊ ဒီနေ့ ကျွန်တော် တကယ်ပျော်တယ်"

ဝမ်ဖုန်းကျင် သူ့ဘေးနားမှာ လှဲချလိုက်တယ်။ သူ့နှလုံးသားပေါ် လက်တင်ကာ အေးချမ်းစွာ မျက်လုံးတွေ မှိတ်ချလိုက်တော့တယ်။

_____

Thanks 🌹



Continue Reading

You'll Also Like

711K 41.9K 31
story description>>>>> start-5/10/2021 end-1/1/2022