ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 9

2.1K 454 19
By Kay_Wine

{Zawgyi}

ဝမ္ေရွာင္းမ်ယ္ဒိုင္ယာရီ : ဒီေန႔ ငါ့ရဲ႕အုတ္ဂူထဲမွာ ေဟာ့ေပါ့လုပ္စားတယ္။

ျမဴအတိဖုံးလႊမ္းေနတဲ့ ျမစ္တစ္စင္းက တုပၿပီးတူးေဖာ္ထားတဲ့ ျမစ္လက္ၾကားေတြနဲ႔ ေက်ာက္ခတ္ပင္ေတြၾကား စီးဆင္းေနတယ္။ ေက်ာက္ေဆာင္ေခ်ာက္ကမ္းပါးေဘးမွာ လွပတဲ့နားေနေဆာင္ေလးက မ်က္စိပသာဒျဖစ္စရာေကာင္းလွတယ္။

ေက်ာက္နံရံေပၚမွာ ေတာက္ပတဲ့ပုလဲေတြနဲ႔ ေရသူမမီးအိမ္ေလးေတြ လမ္းတစ္ေလွ်ာက္ထြန္းထားတာေၾကာင့္ ေန႔ဘက္လိုမ်ိဳး လင္းထင္းလို႔ေနတယ္။

ဝမ္ေရွာင္းမ်ယ္ သူ႔ရဲ႕ကိုး႐ိုးကားယားႏိုင္တဲ့ ေရွးေဟာင္းမဂၤလာေဆာင္ဝတ္႐ုံႀကီးရဲ႕ အနားစကိုဆြဲမၿပီး သူ႔ရဲ႕ခါးစည္းထဲထိုးသိပ္ထည့္လိုက္တယ္။ ရွည္လ်ားလွတဲ့အက်ီလက္စေတြကိုလည္း ပုခုံးထိေရာက္ေအာင္ လိပ္တင္လိုက္တယ္။ မင္းမ်ိဳးမင္းႏြယ္တစ္ေယာက္ ေရခဲေခ်ာင္းစားေတာ့မလိုမ်ိဳး ျမစ္ေဘးနားမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး သူ႔ရဲ႕ေဟာ့ေပါ့ကို စတင္ျပဳလုပ္ေတာ့တယ္။ သခ်ႋဳင္းတူးသူေတြရဲ႕ ေက်ာပိုးအိတ္ထဲကရွာေတြ႕ခဲ့တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ ျမည္းခြာေတြကို အိုးထဲထည့္လိုက္တယ္။

ႏွပ္ထားတဲ့ေခ်ာ္ရည္ေတြလိုမ်ိဳး ပူေဖာင္းေလးေတြ ပလုံစီၿပီးတက္လာတယ္။ ဝမ္ေရွာင္းမ်ယ္အဲ့တာကို အငမ္းမရၾကည့္ၿပီး တံေတြးၿမိဳခ်လိုက္တယ္။ သူ႔ရဲ႕ဂႏၶာမာပန္းအတြက္ နာသလိုခံစားရတာကတစ္ပိုင္း စားဖို႔မေစာင့္ႏိုင္တာက တစ္ပိုင္းပဲ။

"ဖုန္းက်င္ ေလွ်ာ္မေနနဲ႔ေတာ့၊ ဒီကိုလာခဲ့... ေဟာ့ေပါ့လာစား" ဝမ္ေရွာင္းမ်ယ္ေအာ္လိုက္တယ္။

ဝမ္ဖုန္းက်င္ဆံပင္စည္းၿပီး ဝမ္ေရွာင္းမိန္လိုမ်ိဳး အက်ီေတြကို ေခါက္တင္လိုက္တယ္။ တစ္စုံတစ္ေယာက္ကိုၾကည့္ရတာေတာ့ ႐ြဲပလဲေနတာပဲ... ဘယ္သူလဲဆိုတာေတာ့ သိသာပါတယ္။ သူ႔နာမည္ၾကားလိုက္တာနဲ႔တင္ လူေတြရဲ႕ရင္ထဲကအေၾကာက္တရားေတြကို တစ္ခ်က္တည္းနဲ႔႐ိုက္ခတ္ႏိုင္စြမ္းရွိတဲ့ မေကာင္းဆိုးဝါးက အခုေတာ့ ျမစ္ကမ္းေဘးနားမွာ ေဆာင့္ေဆာင့္ႀကီးထိုင္ကာ မည္းေမွာင္ေနတဲ့မ်က္ႏွာႀကီးနဲ႔ အဝတ္ေလွ်ာ္ေနရတယ္။

ဟိုးအရင္တုန္းက သစ္တုံးလိုဦးေႏွာက္နဲ႔သူ႔ရဲ႕လက္ေအာက္ငယ္သားေတြရဲ႕စကားကို ယုံၿပီး ဟိတ္ဟန္အမ်ားဆုံးမဂၤလာေဆာင္ဝတ္စုံေတြကို ေ႐ြးၿပီး အရံေတြလည္းအမ်ားႀကီးလုပ္ထားခဲ့တယ္။ ျဖစ္ခ်င္ေတာ့ သူဝတ္စုံလဲလို႔ရတယ္ဆိုတာကို ဝမ္ေရွာင္းမိန္သိသြားၿပီး အေဟာင္းေတြကို ေလွ်ာ္ၿပီးသားမွမဟုတ္ရင္ မဝတ္ႏိုင္ဘူးဆိုၿပီးျငင္းေတာ့တယ္။

"ဒါေတြကို ႏွစ္ေပါင္းတစ္ေထာင္ေက်ာ္ေလာက္ဝတ္ေပးၿပီး ဘယ္တုန္းကမွမေလွ်ာ္ခဲ့တာလား?!" ဝမ္ေရွာင္းမ်ယ္ ႐ြံရွာေနတယ္ဆိုတာ အရမ္းသိသာတယ္။ ဝမ္ဖုန္းက်င္ လွ်ာဖ်ားေပၚက စကားလုံးေတြကို ျပန္ၿမိဳခ်႐ုံသာတတ္ႏိုင္ေတာ့တယ္ : အဝတ္ေတြအားလုံးက သဲဒဏ္ဖုန္ဒဏ္ေတြကို ခံႏိုင္ပါတယ္။

ဒါေပမယ့္ ဝမ္ေရွာင္းမ်ယ္အက်ီလဲတာကို ျမင္ႏိုင္ဖို႔အတြက္ ဝမ္းပန္းတသာနဲ႔ အဝတ္အစားအသစ္ေတြ ယူလာေပးခဲ့တယ္။

ဒါေပမယ့္ လူရမ္းကားေလးရဲ႕အဆုံးသတ္က သိပ္ေတာ့မေကာင္းရွာဘူး။

ဝမ္ေရွာင္းမ်ယ္အဝတ္ေတြ လဲၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ညစ္ပတ္ေနတဲ့အဝတ္ေတြကို သူ႔ဆီလွမ္းေပးၿပီး လက္တစ္ဖက္နဲ႔လည္း ႏွာေခါင္းကိုပိတ္ထားေသးတယ္ "ေဘာ့စ္ အဝတ္ဘယ္လိုေလွ်ာ္ရလဲဆိုတာ သိလား?"

ဝမ္ဖုန္းက်င္ "..."

ေလကိုဆင့္ေခၚကာ မုန္တိုင္းထန္ေစႏိုင္တဲ့ သမိုင္းတြင္ခဲ့အထိအစြမ္းႀကီးမားတဲ့ပုဂၢိဳလ္တစ္ေယာက္က ဘယ္လိုလုပ္... ဒီလိုအရာေလးေတာင္ မသိဘူးဆိုတာ ျဖစ္ႏိုင္မွာလဲ!

တစ္ခါတုန္းက အစပိုင္းမွာဆင္းရဲခဲ့တာေၾကာင့္ ဝမ္ဖုန္းက်င္က အလြန္ငယ္႐ြယ္ေသးတဲ့အခ်ိန္တည္းက သူ႔အဝတ္သူဘယ္လိုေလွ်ာ္ဖြတ္ရမယ္ဆိုတာ သိခဲ့တယ္။ အရမ္းကိုၾကာေညာင္းလွၿပီဆိုေပမယ့္လည္း သူမွတ္မိေနေသးတယ္။

ဝမ္ေရွာင္းမ်ယ္ရဲ႕ သနားစဖြယ္လုပ္ျပေနတဲ့အမူအယာကို ၾကည့္ၿပီး ဝမ္ဖုန္းက်င္လည္း မအီမသာနဲ႔ေခါင္းၿငိတ္ျပလိုက္ရတယ္။

အဆုံးမွာ တက္ႂကြလွတဲ့ဝမ္ေရွာင္းမ်ယ္က သူ႔ကို ေဘးနားကခန္းမဆီကေန သစ္သားအင္တုံတစ္ခုရွာခိုင္းၿပီး ေဆာင့္ေၾကာင့္ထိုင္ကာ ျမစ္ေဘးမွာ အဝတ္ေလွ်ာ္ခိုင္းေတာ့တယ္။

ဘယ္သူမွလႊမ္းမိုးလို႔မရႏိုင္တဲ့ မေကာင္းဆိုးဝါးအရွင္က အဝတ္ေတြကိုပြတ္ေနရင္း ဝမ္ေရွာင္းမ်ယ္ေလပန္းေနတာကို နားေထာင္ေနရေတာ့တယ္ : ကြၽန္ေတာ္တို႔အဝတ္ေလွ်ာ္ခန္းအျဖစ္သုံးမယ့္ ေဘးခန္းမကို သံစင္ယူလာခဲ့လိုက္မယ္၊ သံစင္က အဝတ္ေတြကို အေျခာက္လွန္းဖို႔သုံးတဲ့ေနရာမွာ ေကာင္းတယ္ တဲ့ေလ။

ဝမ္ဖုန္းက်င္ : ... အဲ့တာက အဝတ္လွန္းဖို႔မဟုတ္ဘူးေလ၊ အဲ့တာက သ႐ုပ္ျပထားတဲ့လက္နက္ေလ...

ဝမ္ေရွာင္းမ်ယ္ သူ႔ကိုေခၚလာေတာ့ ဝမ္ဖုန္းက်င္ မေဟာ္ဂနီခြက္ကိုၾကည့္ၿပီး အျမန္ထရပ္လိုက္တယ္။ အဝတ္ေတြကို သပ္သပ္ရပ္ရပ္ျပန္လုပ္ရင္း သူ႔နားေလွ်ာက္သြားလိုက္တယ္။

"အက်ီလက္ေတြကို ျပန္မခ်နဲ႔အုံးေလ! အဝတ္ေလွ်ာ္လို႔ ၿပီးမွမၿပီးေသးတာကို!" ဝမ္ေရွာင္းမ်ယ္သူ႔ကိုအျမန္တားလိုက္တယ္။

"..." ဝမ္ဖုန္းက်င္သူ႔ရဲ႕တြန႔္ေၾကေနတဲ့ အက်ီလက္ေတြကိုၾကည့္ၿပီး နာနာခံခံနဲ႔ျပန္လိပ္တင္လိုက္တယ္။

ႏွစ္ေယာက္သား ေရွးမူေရွးဟန္အျပည့္နဲ႔ ေဟာ့ေပါ့အိုးေရွ႕မွာထိုင္လိုက္ၾကတယ္။ အကုန္ကေမာက္ကမေတြနဲ႔ လမ္းေဘးမွာ ငုတ္တုပ္ထိုင္ၿပီး ေဆးလိပ္ေသာက္ေနၾကတဲ့ တန္ရွန္းနဲ႔ သူ႔တပည့္သုံးေယာက္လိုအျဖစ္မ်ိဳး ျမင္ကြင္းကရီစရာေကာင္းလွတယ္။ [T/N : ၀ူခုန္းတို႔အဖြဲ႕ကိုေျပာတာပါ]

ဝမ္ဖုန္းက်င္ ေဟာ့ေပါ့အိုးကို အနံ႔ခံရင္းေတြးလိုက္တယ္ : သခ်ႋဳင္းထဲမွာ ဖက္ထုပ္ႀကီးႏွစ္ေကာင္ ျမည္းခြာကိုစားေနၾကတာကို ျမင္သြားမယ္ဆိုရင္ သခ်ႋဳင္းတူးသူ ဘယ္လိုမ်ားေတြးမိလိမ့္မလဲ?

သေဘာေကာင္းလွတဲ့သခ်ႋဳင္းတူးသူမ်ားခင္ဗ်ာ ေနာက္တစ္ခါမ်ားလာျဖစ္မယ္ဆိုရင္ ျမည္းခြာေလးေတြပိုယူလာေပးပါအုံး!

လြန္ခဲ့တဲ့ရက္ေတြတုန္းက ဒီေျမေအာက္နန္းေတာ္ႀကီးထဲမွာ ေဟာ့ေပါ့စားရလိမ့္မယ္လို႔ သူမေတြးခဲ့ဖူးဘူး။

ဝမ္ဖုန္းက်င္က စူးရွတဲ့အနံ႔နဲ႔ အနီေရာင္အရည္ေတြ ပြက္ပြက္ဆူတဲ့အထိ ခ်က္ျပဳထားတာကိုၾကည့္ၿပီး ေနမထိထိုင္မသာျဖစ္လာတယ္ : "ဒါႀကီးက တာအိုဘုန္းေတာ္ႀကီးေတြရဲ႕ လုပ္ဇာတ္ထြင္ထားတဲ့အနီေရာင္အရည္ေတြနဲ႔ တူတယ္၊ ဒါတကယ္စားလို႔ရတာလား?"

ဝမ္ေရွာင္းမ်ယ္က ေဆးေၾကာထားတဲ့ ခြက္ႏွစ္လုံးထုတ္ၿပီး သူ႔ကိုစားစရာထည့္ေပးရင္းေျပာလိုက္တယ္ "စိတ္မပူနဲ႔ ဒါေတြက စားလို႔ေကာင္းတယ္၊ အခုေခတ္လူေတြက အစပ္မရွိဘဲမေနႏိုင္ၾကေတာ့ဘူး! ေရာ့ စားၾကည့္လိုက္!" ဝမ္ေရွာင္းမ်ယ္ တူနဲ႔စားစရာလွမ္းေပးလိုက္တယ္။ အဲ့ေနာက္ ပူပူေလာင္ေလာင္စားစရာေတြကို သူ႔ပါးစပ္ထဲ အငမ္းမရသြတ္သြင္းေတာ့တယ္။

ဝမ္ေရွာင္းမ်ယ္ပါးစပ္ ထူပူသြားၿပီး ဟင္းခတ္အေမႊးအႀကိဳင္ေၾကာင့္ မ်က္ရည္ဝိုင္းသြားကာ စပ္ၿပဲမႈက ဦးေခါင္းခြံထဲထိ တရွိန္ထိုးေဆာင့္တက္လာတယ္။ ဒီေလာက္လြမ္းဆြတ္ခဲ့ရတဲ့အရသာေၾကာင့္ ေနာက္တစ္ဖန္ျပန္လည္ရွင္သန္လာၿပီလို႔ေတာင္ ခံစားရေစတယ္။

"ဘုရားေရ ဒီသခ်ႋဳင္းတူးတဲ့သူက စီခြၽမ္ကမ်ားလား!? စပ္လိုက္တာ!"

ဝမ္ေရွာင္းမ်ယ္ မ်က္ရည္ေတြက်ေနေပမယ့္ အစားမျပတ္တာကိုျမင္ေတာ့ ဝမ္ဖုန္းက်င္မ်က္လုံးေတြက လက္ထဲကခြက္ဆီအၾကည့္ေရာက္သြားၿပီး အသားလႊာကိုစိုက္ၾကည့္လိုက္တယ္။ ေနာက္ေတာ့ သူ႔တူနဲ႔ အသားကိုထိုးယူကာ ပါးစပ္ထဲထည့္လိုက္တယ္။

အဲ့အခ်ိန္မွာ ဝမ္ေရွာင္းမ်ယ္ကလည္း ဝမ္ဖုန္းက်င္ကိုလိုက္ၾကည့္ေနတယ္။ သူေျဖးေျဖးခ်င္းဝါးေနရင္းက မ်က္ႏွာကအနည္းငယ္နီလာၿပီး စပ္လြန္းတာေၾကာင့္ ႏွာေခါင္းကတရႈံ႕ရႈံ႕ျဖစ္လာတာကို ၾကည့္ေနလိုက္တယ္။ ေနာက္ေတာ့ သူက်င့္ဝတ္ေတြဘာေတြဂ႐ုစိုက္မေနေတာ့ဘဲ အျမန္ၿမိဳခ်လိုက္တယ္။ လွပၿပီးက်က္သေရရွိတဲ့မ်က္ႏွာေလးက ရႈံ႕တြသြားတယ္။

ဝမ္ေရွာင္းမ်ယ္သူ႔ခြက္ေလးကိုကိုင္ကာ ထိုင္ဟားေတာ့တယ္ "အဲ့ေတာ့ မင္းအစပ္မစားႏိုင္ဘူးေပါ့"

ဝမ္ဖုန္းက်င္စပ္ေနတာကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ေနရတယ္။ သူမ်က္ေမွာင္ၾကဳတ္ကာ "ကိုယ္က ခ်ဥ္တာကိုပဲစားေနက်"လို႔ေျပာလာတယ္။

"ငါကအစပ္ေၾကာက္တယ္" ပဲငံျပာရည္တို႔ ရွာလကာရွည္တို႔ဆိုရင္ အဆင္ေျပေပမယ့္ အသီးေတြဆိုရင္ေတာ့ မစားႏိုင္ဘူး။ အဲ့လိုဆို သူ႔သြားေတြေတာင္ ကြၽတ္ေတာ့မတတ္ပဲ။

ႏွစ္ေယာက္သား အေငြ႕ေတြကိုမႈတ္ကာ ျမည္းခြာက အေၾကာေတြကိုေျဖးေျဖးခ်င္းစားေနၾကတယ္။

အဲ့အခ်ိန္မွာ ဝမ္ေရွာင္းမ်ယ္ထေျပာတယ္ "ငါက အသက္ဝင္ေနတဲ့အေလာင္းေကာင္အျဖစ္ေျပာင္းသြားၿပီဆိုေတာ့ ထြက္သြားဖို႔စိတ္ကူးလည္းမရွိေတာ့ပါဘူး၊ ငါဒီမွာေနၿပီး မင္းကိုအေဖာ္ျပဳေပးမယ္... ေနာက္ၿပီး ငါ့ရဲ႕ေဆြမ်ိဳးေတြကလည္း ငါ့ကိုသေဘာက်တာမဟုတ္ဘူး၊ ၿပီးေတာ့ ငါ့မိဘေတြကလည္း ငါေသသြားတယ္ဆိုတာကိုသိခဲ့ရင္ ငါ့ခႏၶာကိုယ္ကိုေျဖရွင္းေပးဖို႔ တစ္ေယာက္ေယာက္ကို ပိုက္ဆံေပးလိုက္လိမ့္မယ္"

"မင္းအရင္ေျပာခဲ့တာေတြကို အျပည့္အ၀မယုံႏိုင္ေသးေပမယ့္ မင္းတစ္ေယာက္တည္းျဖစ္ေနတာျမင္ေတာ့ ငါလည္းအထီးက်န္ေနရတာပဲေလ... ငါကေဂးတစ္ေယာက္ မင္းတို႔စကားနဲ႔ဆိုရင္ 'ဝတ္႐ုံလက္ျပတ္'တစ္ေယာက္ဆိုတာေတာ့ မဖုံးကြယ္ေတာ့ပါဘူး၊ မင္းငါ့အေပၚ႐ိုးသားၿပီး မကြယ္ဝွက္ဘူးဆိုရင္ ငါတို႔ေတြသူငယ္ခ်င္းေတြအျဖစ္ကစၿပီး ဒီေျမေအာက္နန္းေတာ္ႀကီးထဲမွာ အတူတူေနသြားလို႔ရတယ္... အဲ့တာေၾကာင့္ မင္းငါ့ကို လွည့္စားစရာမလိုဘူး..."

"ဒီေနာက္ပိုင္း ငါပိုပိုၿပီးပုံမွန္မဟုတ္လာတာကို သတိျပဳမိတယ္၊ အဲ့တာမင္းလုပ္ထားတာလား?" ဝမ္ေရွာင္းမ်ယ္ေတြးေနရင္း ေတာက္ေလွ်ာက္လႊတ္ေပမယ့္ သူ႔ရဲ႕တူကလည္း မရပ္တန႔္သြားဘူး။

ေသြးထိုးလႈံ႕ေဆာ္တာမ်ိဳးျဖစ္ေပမယ့္ ဝမ္ဖုန္းက်င္ကိုအလြယ္တကူေမးခြန္းထုတ္လို႔ရေအာင္ ပုံမွန္ေလထုေလးတစ္ခု ဖန္တီးလိုက္တယ္။

ဘာလို႔ဆို ေနာက္ႏွစ္တစ္ေထာင္ဖက္ထုပ္ေကာင္ႀကီးက တစ္ခ်က္မွားလိုက္တာနဲ႔ ငါ့ကိုေသေအာင္ ကိုက္ဖဲ့ပစ္လိမ့္မယ္!

အတိတ္ကပဲျဖစ္ျဖစ္ လက္ရွိဝင္စားလာတာပဲျဖစ္ျဖစ္ သူ႔မွာက ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္မွတ္ဉာဏ္ပဲရွိေတာ့ သိပ္ၿပီးမသိမ္းသြင္းႏိုင္ေလာက္ဘူး။

တစ္ေန႔ေန႔မ်န္တ်န္းရဲ႕မွတ္ဉာဏ္ေတြ ျပန္ရလာမွျဖစ္တယ္။ မဟုတ္ရင္ တစ္စုံတစ္ေယာက္ျဖစ္လာေပးဖို႔ဆိုတာ သူ႔အတြက္အလြန္တရာခက္ခဲလြန္းတယ္။

ဝမ္ဖုန္းက်င္ လက္ထဲမွာတူကိုကိုင္ရင္း စကၠန႔္ပိုင္းေလာက္ ၾကက္ေသေသသြားတယ္။ သူဝမ္ေရွာင္းမ်ယ္ကို လွမ္းၾကည့္လိုက္တယ္။

ဝမ္ေရွာင္းမ်ယ္ေၾကာက္လြန္းလို႔ တံေတြးျပန္ျပန္ၿမိဳခ်ေနရတယ္။

ခဏေလာက္တိတ္ဆိတ္သြားၿပီး ဝမ္ဖုန္းက်င္မ်က္ႏွာက ေမွာင္မည္းလာတယ္။ ႏႈတ္ခမ္းေထာင့္ကိုကိုက္ကာ မ်က္လုံးေတြငိုက္စိုက္ခ်ၿပီးေျပာလိုက္တယ္ "မင္းကိုယ္နဲ႔ အေဖာ္ျပဳေပးၿပီး ေနခ်င္တယ္ဆိုလို႔ ကိုယ္ဝမ္းသာပါတယ္၊ မစိုးရိမ္ပါနဲ႔ ကိုယ္မင္းကို ထိခိုက္ေအာင္မလုပ္ပါဘူး... ကိုယ္မင္းကို ဘာမွလည္းမလုပ္ထားပါဘူး"

ဝမ္ေရွာင္းမ်ယ္မယုံသကၤာနဲ႔ မ်က္ေမွာင္ၾကဳတ္လိုက္တယ္ "မင္းတကယ္ဘာမွမလုပ္ထားဘူးလား?"

ဝမ္ဖုန္းက်င္ လက္သီးဆုပ္ထားလိုက္တယ္။ သူေခါင္းငုံ႔ခ်လိုက္ေတာ့ ဆံပင္တစ္စုက သူ႔ပါးေပၚက်လာတယ္။

"ကိုယ္မမွားဘူးပဲ မ်န္တ်န္း မင္းက မင္းပဲ၊ ကိုယ္ေစာင့္ေနခဲ့ရတဲ့တစ္ေယာက္တည္းေသာသူက ေသခ်ာေပါက္မင္းပဲ" အဲ့ေနာက္သူ႔ကိုယ္သူေလွာင္သလိုၿပဳံးလိုက္တယ္ "ၿပီးေတာ့ မင္း၊ အရင္ဘ၀မွာလည္း ကိုယ့္ရဲ႕မႏွစ္ၿမိဳ႕စရာေကာင္းတဲ့မ်က္လုံးေတြေၾကာင့္ လူတိုင္းလိုပဲ ကိုယ့္ကိုသံသယဝင္ခဲ့တယ္၊ ဘာလို႔ အခုထိေတာင္လဲ... မင္းရဲ႕အျပည့္အ၀ယုံၾကည္ေပးမႈကို ကိုယ္မရႏိုင္ေသးဘူးလား?"

"ကိုယ္မင္းကို ႏွစ္ေတြအမ်ားႀကီးေစာင့္ေနခဲ့ရတာ! ဘယ္လိုလုပ္ မင္းနာက်င္ေအာင္လုပ္ရက္ႏိုင္မွာလဲ?!" သူ႔အသံက ငိုေနသလိုမ်ိဳး တုန္ရီအက္ရွလာတယ္။

ဝမ္ေရွာင္းမ်ယ္ "..." အခုခ်ိန္မွာ ငါ့ကိုယ္ငါ မေကာင္းတဲ့ေကာင္လို႔ေတာင္ ခံစားမိသြားတယ္။

_____


{Unicode}

ဝမ်ရှောင်းမျယ်ဒိုင်ယာရီ : ဒီနေ့ ငါ့ရဲ့အုတ်ဂူထဲမှာ ဟော့ပေါ့လုပ်စားတယ်။

မြူအတိဖုံးလွှမ်းနေတဲ့ မြစ်တစ်စင်းက တုပပြီးတူးဖော်ထားတဲ့ မြစ်လက်ကြားတွေနဲ့ ကျောက်ခတ်ပင်တွေကြား စီးဆင်းနေတယ်။ ကျောက်ဆောင်ချောက်ကမ်းပါးဘေးမှာ လှပတဲ့နားနေဆောင်လေးက မျက်စိပသာဒဖြစ်စရာကောင်းလှတယ်။

ကျောက်နံရံပေါ်မှာ တောက်ပတဲ့ပုလဲတွေနဲ့ ရေသူမမီးအိမ်လေးတွေ လမ်းတစ်လျှောက်ထွန်းထားတာကြောင့် နေ့ဘက်လိုမျိုး လင်းထင်းလို့နေတယ်။

ဝမ်ရှောင်းမျယ် သူ့ရဲ့ကိုးရိုးကားယားနိုင်တဲ့ ရှေးဟောင်းမင်္ဂလာဆောင်ဝတ်ရုံကြီးရဲ့ အနားစကိုဆွဲမပြီး သူ့ရဲ့ခါးစည်းထဲထိုးသိပ်ထည့်လိုက်တယ်။ ရှည်လျားလှတဲ့အကျီလက်စတွေကိုလည်း ပုခုံးထိရောက်အောင် လိပ်တင်လိုက်တယ်။ မင်းမျိုးမင်းနွယ်တစ်ယောက် ရေခဲချောင်းစားတော့မလိုမျိုး မြစ်ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ရဲ့ဟော့ပေါ့ကို စတင်ပြုလုပ်တော့တယ်။ သင်္ချိုင်းတူးသူတွေရဲ့ ကျောပိုးအိတ်ထဲကရှာတွေ့ခဲ့တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ မြည်းခွာတွေကို အိုးထဲထည့်လိုက်တယ်။

နှပ်ထားတဲ့ချော်ရည်တွေလိုမျိုး ပူဖောင်းလေးတွေ ပလုံစီပြီးတက်လာတယ်။ ဝမ်ရှောင်းမျယ်အဲ့တာကို အငမ်းမရကြည့်ပြီး တံတွေးမြိုချလိုက်တယ်။ သူ့ရဲ့ဂန္ဓာမာပန်းအတွက် နာသလိုခံစားရတာကတစ်ပိုင်း စားဖို့မစောင့်နိုင်တာက တစ်ပိုင်းပဲ။

"ဖုန်းကျင် လျှော်မနေနဲ့တော့၊ ဒီကိုလာခဲ့... ဟော့ပေါ့လာစား" ဝမ်ရှောင်းမျယ်အော်လိုက်တယ်။

ဝမ်ဖုန်းကျင်ဆံပင်စည်းပြီး ဝမ်ရှောင်းမိန်လိုမျိုး အကျီတွေကို ခေါက်တင်လိုက်တယ်။ တစ်စုံတစ်ယောက်ကိုကြည့်ရတာတော့ ရွဲပလဲနေတာပဲ... ဘယ်သူလဲဆိုတာတော့ သိသာပါတယ်။ သူ့နာမည်ကြားလိုက်တာနဲ့တင် လူတွေရဲ့ရင်ထဲကအကြောက်တရားတွေကို တစ်ချက်တည်းနဲ့ရိုက်ခတ်နိုင်စွမ်းရှိတဲ့ မကောင်းဆိုးဝါးက အခုတော့ မြစ်ကမ်းဘေးနားမှာ ဆောင့်ဆောင့်ကြီးထိုင်ကာ မည်းမှောင်နေတဲ့မျက်နှာကြီးနဲ့ အဝတ်လျှော်နေရတယ်။

ဟိုးအရင်တုန်းက သစ်တုံးလိုဦးနှောက်နဲ့သူ့ရဲ့လက်အောက်ငယ်သားတွေရဲ့စကားကို ယုံပြီး ဟိတ်ဟန်အများဆုံးမင်္ဂလာဆောင်ဝတ်စုံတွေကို ရွေးပြီး အရံတွေလည်းအများကြီးလုပ်ထားခဲ့တယ်။ ဖြစ်ချင်တော့ သူဝတ်စုံလဲလို့ရတယ်ဆိုတာကို ဝမ်ရှောင်းမိန်သိသွားပြီး အဟောင်းတွေကို လျှော်ပြီးသားမှမဟုတ်ရင် မဝတ်နိုင်ဘူးဆိုပြီးငြင်းတော့တယ်။

"ဒါတွေကို နှစ်ပေါင်းတစ်ထောင်ကျော်လောက်ဝတ်ပေးပြီး ဘယ်တုန်းကမှမလျှော်ခဲ့တာလား?!" ဝမ်ရှောင်းမျယ် ရွံရှာနေတယ်ဆိုတာ အရမ်းသိသာတယ်။ ဝမ်ဖုန်းကျင် လျှာဖျားပေါ်က စကားလုံးတွေကို ပြန်မြိုချရုံသာတတ်နိုင်တော့တယ် : အဝတ်တွေအားလုံးက သဲဒဏ်ဖုန်ဒဏ်တွေကို ခံနိုင်ပါတယ်။

ဒါပေမယ့် ဝမ်ရှောင်းမျယ်အကျီလဲတာကို မြင်နိုင်ဖို့အတွက် ဝမ်းပန်းတသာနဲ့ အဝတ်အစားအသစ်တွေ ယူလာပေးခဲ့တယ်။

ဒါပေမယ့် လူရမ်းကားလေးရဲ့အဆုံးသတ်က သိပ်တော့မကောင်းရှာဘူး။

ဝမ်ရှောင်းမျယ်အဝတ်တွေ လဲပြီးတဲ့နောက်မှာ သူ့ရဲ့ညစ်ပတ်နေတဲ့အဝတ်တွေကို သူ့ဆီလှမ်းပေးပြီး လက်တစ်ဖက်နဲ့လည်း နှာခေါင်းကိုပိတ်ထားသေးတယ် "ဘော့စ် အဝတ်ဘယ်လိုလျှော်ရလဲဆိုတာ သိလား?"

ဝမ်ဖုန်းကျင် "..."

လေကိုဆင့်ခေါ်ကာ မုန်တိုင်းထန်စေနိုင်တဲ့ သမိုင်းတွင်ခဲ့အထိအစွမ်းကြီးမားတဲ့ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ်... ဒီလိုအရာလေးတောင် မသိဘူးဆိုတာ ဖြစ်နိုင်မှာလဲ!

တစ်ခါတုန်းက အစပိုင်းမှာဆင်းရဲခဲ့တာကြောင့် ဝမ်ဖုန်းကျင်က အလွန်ငယ်ရွယ်သေးတဲ့အချိန်တည်းက သူ့အဝတ်သူဘယ်လိုလျှော်ဖွတ်ရမယ်ဆိုတာ သိခဲ့တယ်။ အရမ်းကိုကြာညောင်းလှပြီဆိုပေမယ့်လည်း သူမှတ်မိနေသေးတယ်။

ဝမ်ရှောင်းမျယ်ရဲ့ သနားစဖွယ်လုပ်ပြနေတဲ့အမူအယာကို ကြည့်ပြီး ဝမ်ဖုန်းကျင်လည်း မအီမသာနဲ့ခေါင်းငြိတ်ပြလိုက်ရတယ်။

အဆုံးမှာ တက်ကြွလှတဲ့ဝမ်ရှောင်းမျယ်က သူ့ကို ဘေးနားကခန်းမဆီကနေ သစ်သားအင်တုံတစ်ခုရှာခိုင်းပြီး ဆောင့်ကြောင့်ထိုင်ကာ မြစ်ဘေးမှာ အဝတ်လျှော်ခိုင်းတော့တယ်။

ဘယ်သူမှလွှမ်းမိုးလို့မရနိုင်တဲ့ မကောင်းဆိုးဝါးအရှင်က အဝတ်တွေကိုပွတ်နေရင်း ဝမ်ရှောင်းမျယ်လေပန်းနေတာကို နားထောင်နေရတော့တယ် : ကျွန်တော်တို့အဝတ်လျှော်ခန်းအဖြစ်သုံးမယ့် ဘေးခန်းမကို သံစင်ယူလာခဲ့လိုက်မယ်၊ သံစင်က အဝတ်တွေကို အခြောက်လှန်းဖို့သုံးတဲ့နေရာမှာ ကောင်းတယ် တဲ့လေ။

ဝမ်ဖုန်းကျင် : ... အဲ့တာက အဝတ်လှန်းဖို့မဟုတ်ဘူးလေ၊ အဲ့တာက သရုပ်ပြထားတဲ့လက်နက်လေ...

ဝမ်ရှောင်းမျယ် သူ့ကိုခေါ်လာတော့ ဝမ်ဖုန်းကျင် မဟော်ဂနီခွက်ကိုကြည့်ပြီး အမြန်ထရပ်လိုက်တယ်။ အဝတ်တွေကို သပ်သပ်ရပ်ရပ်ပြန်လုပ်ရင်း သူ့နားလျှောက်သွားလိုက်တယ်။

"အကျီလက်တွေကို ပြန်မချနဲ့အုံးလေ! အဝတ်လျှော်လို့ ပြီးမှမပြီးသေးတာကို!" ဝမ်ရှောင်းမျယ်သူ့ကိုအမြန်တားလိုက်တယ်။

"..." ဝမ်ဖုန်းကျင်သူ့ရဲ့တွန့်ကြေနေတဲ့ အကျီလက်တွေကိုကြည့်ပြီး နာနာခံခံနဲ့ပြန်လိပ်တင်လိုက်တယ်။

နှစ်ယောက်သား ရှေးမူရှေးဟန်အပြည့်နဲ့ ဟော့ပေါ့အိုးရှေ့မှာထိုင်လိုက်ကြတယ်။ အကုန်ကမောက်ကမတွေနဲ့ လမ်းဘေးမှာ ငုတ်တုပ်ထိုင်ပြီး ဆေးလိပ်သောက်နေကြတဲ့ တန်ရှန်းနဲ့ သူ့တပည့်သုံးယောက်လိုအဖြစ်မျိုး မြင်ကွင်းကရီစရာကောင်းလှတယ်။ [T/N : ၀ူခုန်းတို့အဖွဲ့ကိုပြောတာပါ]

ဝမ်ဖုန်းကျင် ဟော့ပေါ့အိုးကို အနံ့ခံရင်းတွေးလိုက်တယ် : သင်္ချိုင်းထဲမှာ ဖက်ထုပ်ကြီးနှစ်ကောင် မြည်းခွာကိုစားနေကြတာကို မြင်သွားမယ်ဆိုရင် သင်္ချိုင်းတူးသူ ဘယ်လိုများတွေးမိလိမ့်မလဲ?

သဘောကောင်းလှတဲ့သင်္ချိုင်းတူးသူများခင်ဗျာ နောက်တစ်ခါများလာဖြစ်မယ်ဆိုရင် မြည်းခွာလေးတွေပိုယူလာပေးပါအုံး!

လွန်ခဲ့တဲ့ရက်တွေတုန်းက ဒီမြေအောက်နန်းတော်ကြီးထဲမှာ ဟော့ပေါ့စားရလိမ့်မယ်လို့ သူမတွေးခဲ့ဖူးဘူး။

ဝမ်ဖုန်းကျင်က စူးရှတဲ့အနံ့နဲ့ အနီရောင်အရည်တွေ ပွက်ပွက်ဆူတဲ့အထိ ချက်ပြုထားတာကိုကြည့်ပြီး နေမထိထိုင်မသာဖြစ်လာတယ် : "ဒါကြီးက တာအိုဘုန်းတော်ကြီးတွေရဲ့ လုပ်ဇာတ်ထွင်ထားတဲ့အနီရောင်အရည်တွေနဲ့ တူတယ်၊ ဒါတကယ်စားလို့ရတာလား?"

ဝမ်ရှောင်းမျယ်က ဆေးကြောထားတဲ့ ခွက်နှစ်လုံးထုတ်ပြီး သူ့ကိုစားစရာထည့်ပေးရင်းပြောလိုက်တယ် "စိတ်မပူနဲ့ ဒါတွေက စားလို့ကောင်းတယ်၊ အခုခေတ်လူတွေက အစပ်မရှိဘဲမနေနိုင်ကြတော့ဘူး! ရော့ စားကြည့်လိုက်!" ဝမ်ရှောင်းမျယ် တူနဲ့စားစရာလှမ်းပေးလိုက်တယ်။ အဲ့နောက် ပူပူလောင်လောင်စားစရာတွေကို သူ့ပါးစပ်ထဲ အငမ်းမရသွတ်သွင်းတော့တယ်။

ဝမ်ရှောင်းမျယ်ပါးစပ် ထူပူသွားပြီး ဟင်းခတ်အမွှေးအကြိုင်ကြောင့် မျက်ရည်ဝိုင်းသွားကာ စပ်ပြဲမှုက ဦးခေါင်းခွံထဲထိ တရှိန်ထိုးဆောင့်တက်လာတယ်။ ဒီလောက်လွမ်းဆွတ်ခဲ့ရတဲ့အရသာကြောင့် နောက်တစ်ဖန်ပြန်လည်ရှင်သန်လာပြီလို့တောင် ခံစားရစေတယ်။

"ဘုရားရေ ဒီသင်္ချိုင်းတူးတဲ့သူက စီချွမ်ကများလား!? စပ်လိုက်တာ!"

ဝမ်ရှောင်းမျယ် မျက်ရည်တွေကျနေပေမယ့် အစားမပြတ်တာကိုမြင်တော့ ဝမ်ဖုန်းကျင်မျက်လုံးတွေက လက်ထဲကခွက်ဆီအကြည့်ရောက်သွားပြီး အသားလွှာကိုစိုက်ကြည့်လိုက်တယ်။ နောက်တော့ သူ့တူနဲ့ အသားကိုထိုးယူကာ ပါးစပ်ထဲထည့်လိုက်တယ်။

အဲ့အချိန်မှာ ဝမ်ရှောင်းမျယ်ကလည်း ဝမ်ဖုန်းကျင်ကိုလိုက်ကြည့်နေတယ်။ သူဖြေးဖြေးချင်းဝါးနေရင်းက မျက်နှာကအနည်းငယ်နီလာပြီး စပ်လွန်းတာကြောင့် နှာခေါင်းကတရှုံ့ရှုံ့ဖြစ်လာတာကို ကြည့်နေလိုက်တယ်။ နောက်တော့ သူကျင့်ဝတ်တွေဘာတွေဂရုစိုက်မနေတော့ဘဲ အမြန်မြိုချလိုက်တယ်။ လှပပြီးကျက်သရေရှိတဲ့မျက်နှာလေးက ရှုံ့တွသွားတယ်။

ဝမ်ရှောင်းမျယ်သူ့ခွက်လေးကိုကိုင်ကာ ထိုင်ဟားတော့တယ် "အဲ့တော့ မင်းအစပ်မစားနိုင်ဘူးပေါ့"

ဝမ်ဖုန်းကျင်စပ်နေတာကို ခက်ခက်ခဲခဲထိန်းချုပ်နေရတယ်။ သူမျက်မှောင်ကြုတ်ကာ "ကိုယ်က ချဉ်တာကိုပဲစားနေကျ"လို့ပြောလာတယ်။

"ငါကအစပ်ကြောက်တယ်" ပဲငံပြာရည်တို့ ရှာလကာရှည်တို့ဆိုရင် အဆင်ပြေပေမယ့် အသီးတွေဆိုရင်တော့ မစားနိုင်ဘူး။ အဲ့လိုဆို သူ့သွားတွေတောင် ကျွတ်တော့မတတ်ပဲ။

နှစ်ယောက်သား အငွေ့တွေကိုမှုတ်ကာ မြည်းခွာက အကြောတွေကိုဖြေးဖြေးချင်းစားနေကြတယ်။

အဲ့အချိန်မှာ ဝမ်ရှောင်းမျယ်ထပြောတယ် "ငါက အသက်ဝင်နေတဲ့အလောင်းကောင်အဖြစ်ပြောင်းသွားပြီဆိုတော့ ထွက်သွားဖို့စိတ်ကူးလည်းမရှိတော့ပါဘူး၊ ငါဒီမှာနေပြီး မင်းကိုအဖော်ပြုပေးမယ်... နောက်ပြီး ငါ့ရဲ့ဆွေမျိုးတွေကလည်း ငါ့ကိုသဘောကျတာမဟုတ်ဘူး၊ ပြီးတော့ ငါ့မိဘတွေကလည်း ငါသေသွားတယ်ဆိုတာကိုသိခဲ့ရင် ငါ့ခန္ဓာကိုယ်ကိုဖြေရှင်းပေးဖို့ တစ်ယောက်ယောက်ကို ပိုက်ဆံပေးလိုက်လိမ့်မယ်"

"မင်းအရင်ပြောခဲ့တာတွေကို အပြည့်အ၀မယုံနိုင်သေးပေမယ့် မင်းတစ်ယောက်တည်းဖြစ်နေတာမြင်တော့ ငါလည်းအထီးကျန်နေရတာပဲလေ... ငါကဂေးတစ်ယောက် မင်းတို့စကားနဲ့ဆိုရင် 'ဝတ်ရုံလက်ပြတ်'တစ်ယောက်ဆိုတာတော့ မဖုံးကွယ်တော့ပါဘူး၊ မင်းငါ့အပေါ်ရိုးသားပြီး မကွယ်ဝှက်ဘူးဆိုရင် ငါတို့တွေသူငယ်ချင်းတွေအဖြစ်ကစပြီး ဒီမြေအောက်နန်းတော်ကြီးထဲမှာ အတူတူနေသွားလို့ရတယ်... အဲ့တာကြောင့် မင်းငါ့ကို လှည့်စားစရာမလိုဘူး..."

"ဒီနောက်ပိုင်း ငါပိုပိုပြီးပုံမှန်မဟုတ်လာတာကို သတိပြုမိတယ်၊ အဲ့တာမင်းလုပ်ထားတာလား?" ဝမ်ရှောင်းမျယ်တွေးနေရင်း တောက်လျှောက်လွှတ်ပေမယ့် သူ့ရဲ့တူကလည်း မရပ်တန့်သွားဘူး။

သွေးထိုးလှုံ့ဆော်တာမျိုးဖြစ်ပေမယ့် ဝမ်ဖုန်းကျင်ကိုအလွယ်တကူမေးခွန်းထုတ်လို့ရအောင် ပုံမှန်လေထုလေးတစ်ခု ဖန်တီးလိုက်တယ်။

ဘာလို့ဆို နောက်နှစ်တစ်ထောင်ဖက်ထုပ်ကောင်ကြီးက တစ်ချက်မှားလိုက်တာနဲ့ ငါ့ကိုသေအောင် ကိုက်ဖဲ့ပစ်လိမ့်မယ်!

အတိတ်ကပဲဖြစ်ဖြစ် လက်ရှိဝင်စားလာတာပဲဖြစ်ဖြစ် သူ့မှာက နှစ်ပေါင်းနှစ်ဆယ်ကျော်မှတ်ဉာဏ်ပဲရှိတော့ သိပ်ပြီးမသိမ်းသွင်းနိုင်လောက်ဘူး။

တစ်နေ့နေ့မျန်တျန်းရဲ့မှတ်ဉာဏ်တွေ ပြန်ရလာမှဖြစ်တယ်။ မဟုတ်ရင် တစ်စုံတစ်ယောက်ဖြစ်လာပေးဖို့ဆိုတာ သူ့အတွက်အလွန်တရာခက်ခဲလွန်းတယ်။

ဝမ်ဖုန်းကျင် လက်ထဲမှာတူကိုကိုင်ရင်း စက္ကန့်ပိုင်းလောက် ကြက်သေသေသွားတယ်။ သူဝမ်ရှောင်းမျယ်ကို လှမ်းကြည့်လိုက်တယ်။

ဝမ်ရှောင်းမျယ်ကြောက်လွန်းလို့ တံတွေးပြန်ပြန်မြိုချနေရတယ်။

ခဏလောက်တိတ်ဆိတ်သွားပြီး ဝမ်ဖုန်းကျင်မျက်နှာက မှောင်မည်းလာတယ်။ နှုတ်ခမ်းထောင့်ကိုကိုက်ကာ မျက်လုံးတွေငိုက်စိုက်ချပြီးပြောလိုက်တယ် "မင်းကိုယ်နဲ့ အဖော်ပြုပေးပြီး နေချင်တယ်ဆိုလို့ ကိုယ်ဝမ်းသာပါတယ်၊ မစိုးရိမ်ပါနဲ့ ကိုယ်မင်းကို ထိခိုက်အောင်မလုပ်ပါဘူး... ကိုယ်မင်းကို ဘာမှလည်းမလုပ်ထားပါဘူး"

ဝမ်ရှောင်းမျယ်မယုံသင်္ကာနဲ့ မျက်မှောင်ကြုတ်လိုက်တယ် "မင်းတကယ်ဘာမှမလုပ်ထားဘူးလား?"

ဝမ်ဖုန်းကျင် လက်သီးဆုပ်ထားလိုက်တယ်။ သူခေါင်းငုံ့ချလိုက်တော့ ဆံပင်တစ်စုက သူ့ပါးပေါ်ကျလာတယ်။

"ကိုယ်မမှားဘူးပဲ မျန်တျန်း မင်းက မင်းပဲ၊ ကိုယ်စောင့်နေခဲ့ရတဲ့တစ်ယောက်တည်းသောသူက သေချာပေါက်မင်းပဲ" အဲ့နောက်သူ့ကိုယ်သူလှောင်သလိုပြုံးလိုက်တယ် "ပြီးတော့ မင်း၊ အရင်ဘ၀မှာလည်း ကိုယ့်ရဲ့မနှစ်မြို့စရာကောင်းတဲ့မျက်လုံးတွေကြောင့် လူတိုင်းလိုပဲ ကိုယ့်ကိုသံသယဝင်ခဲ့တယ်၊ ဘာလို့ အခုထိတောင်လဲ... မင်းရဲ့အပြည့်အ၀ယုံကြည်ပေးမှုကို ကိုယ်မရနိုင်သေးဘူးလား?"

"ကိုယ်မင်းကို နှစ်တွေအများကြီးစောင့်နေခဲ့ရတာ! ဘယ်လိုလုပ် မင်းနာကျင်အောင်လုပ်ရက်နိုင်မှာလဲ?!" သူ့အသံက ငိုနေသလိုမျိုး တုန်ရီအက်ရှလာတယ်။

ဝမ်ရှောင်းမျယ် "..." အခုချိန်မှာ ငါ့ကိုယ်ငါ မကောင်းတဲ့ကောင်လို့တောင် ခံစားမိသွားတယ်။

_____

Thanks 🌹

Continue Reading

You'll Also Like

51.8K 3.9K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
140K 24.1K 110
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
124K 15.2K 113
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...