ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 5

2.8K 562 40
By Kay_Wine


[Kay : ႐ြံတတ္သူမ်ား၊ ေၾကာက္တတ္သူမ်ား သတိျပဳရန္။အစားအေသာက္စားေနစဥ္ မဖတ္ပါႏွင့္]

{Zawgyi}

"ထြင္းထားတဲ့စာလုံးေတြအရဆိုရင္ ဒီခမ္းနားတဲ့ဂူသခ်ႋဳင္းႀကီးထဲမွာ ခႏၶာကိုယ္ႏွစ္ခုျမႇဳပ္ထားတာတဲ့၊ တစ္ေယာက္က ေသၿပီးသား... တစ္ေယာက္က ရွင္လ်က္!"

"ဟာ့? ဟားဟား ဦးေလး ေနာက္ေနတာလား? ေသၿပီးသားလူကို ေျမႀကီးထဲျမႇဳပ္လိုက္မွေတာ့ ေသၿပီေပါ့"

လူမ်ားစြာကလည္း အတူလိုက္ရယ္ေမာၾကတယ္။

သက္လတ္ပိုင္းလူႀကီးက ေခါင္းရမ္းတယ္ "မဟုတ္ဘူး ထြင္းထားတဲ့စာထဲမွာေျပာထားခ်က္အရဆို တကယ္ကိုအသက္ရွင္ေနတာ... သခ်ႋဳင္းသခင္နဲ႔ သူ႔ရဲ႕ခ်စ္သူက သက္ရွည္ေဆးကိုရၿပီးခ်ိန္မွာ ရန္သူေတြအမ်ားႀကီးလိုက္တာကို ခံခဲ့ရတယ္လို႔လည္းေျပာၾကတယ္၊ သခ်ႋဳင္းသခင္နဲ႔ သူ႔ခ်စ္သူလည္း လမ္းဆုံးေရာက္ခဲ့တယ္... လူေပါင္းမ်ားစြာက သူတို႔ကိုေသေစခ်င္ခဲ့တယ္ အဲ့တာမွပဲ သူတို႔လက္ထဲကေဆးလုံးကို ရမွာေလ၊ သူ႔ရဲ႕ခ်စ္သူေသသြားၿပီးေနာက္မွာ သခ်ႋဳင္းသခင္က သက္ရွည္ေဆးေသာက္ၿပီး ထိန္းခ်ဳပ္လို႔မရတဲ့မေကာင္းဆိုးဝါးျဖစ္လာေတာ့တာ"

ဒီအေၾကာင္းေျပာေနရင္း သူ႔ေလသံကတိုးတိုးလာၿပီး ရင္ဖိုစရာေကာင္းလာတယ္ "ဒါေပမယ့္ ထြင္းထားတဲ့စာရဲ႕တစ္ဖက္မွာ ဒီလူကသူ႔ရဲ႕ခ်စ္သူမဟုတ္ဘူးလို႔ ေဖာ္ျပထားတယ္၊ သခ်ႋဳင္းသခင္က အဲ့လူကိုတဖက္သတ္ခ်စ္ေနၿပီးေတာ့ ေဆးလုံးအတြက္႐ုန္းကန္ေနရခ်ိန္မွာ မေတာ္တဆသတ္မိသြားတာတဲ့... သူ႔ရဲ႕အခ်စ္ေသဆုံးမႈက သူ႔ကိုေနာင္တေတြရေစခဲ့တယ္"

"ႏွစ္ေပါင္းမ်ားစြာၾကာေတာ့ သခ်ႋဳင္းသခင္ျပန္ေပၚလာၿပီး ကမာၻေပၚက ရတနာေတြနဲ႔ ေသၿပီးသူေတြကို ျပန္ေခၚႏိုင္မယ့္အစြမ္းေတြကို ရွာေဖြႏိုင္တဲ့လူေတြအားလုံးကို ဆင့္ေခၚလိုက္ၿပီး တစ္ခ်ိန္တည္းမွာ ေ႐ႊေတြ ေငြေတြအပုံလိုက္ႀကီးစုေဆာင္းေတာ့တာပဲ... ဒါေပမယ့္ အဆုံးမွာ သူ႔ခ်စ္သူကို ျပန္မေခၚႏိုင္ခဲ့ဘဲ သူ႐ူးသြားခဲ့တယ္၊ သူစိတ္လြတ္ေနတဲ့လူလိုမ်ိဳး သတ္ျဖတ္ၿပီး ေသြးေခ်ာင္းစီးေစခဲ့တယ္၊ သူ႔ရဲ႕ရန္သူေတြ၊ သူတို႔နဲ႔ဆက္စပ္ေနတဲ့ ႀကီးႀကီးငယ္ငယ္ အကုန္ဖမ္းၿပီး ဒီသခ်ႋဳင္းထဲမွာ တြဲေလာင္းခ်ိတ္ခဲ့တယ္"

"အဲ့တာဆို အေပါက္၀နားက မပုပ္မသိုးတဲ့အေလာင္းေတြက..."

"အဲ့တာေတြက ထြင္းထားတဲ့စာထဲမွာ ေျပာထားတာေတြျဖစ္မွာေပါ့"

"အဲ့တာ..." သခ်ႋဳင္းတူးသူေတြထဲက တစ္ေယာက္က တံေတြးၿမိဳခ်လိုက္တယ္။ ေတာင္ရဲ႕ဂိတ္ေပါက္၀မွာ သူျမင္ခဲ့ရတဲ့ ထူထပ္မ်ားျပားလြန္းတဲ့အ႐ိုးေတြကို ျပန္သတိရသြားခ်ိန္မွာ ႐ုတ္တရက္ဆိုသလို သခ်ႋဳင္းရဲ႕နက္ရႈိင္းတဲ့အတြင္းထဲကေန ေလေအးေတြတိုက္လာတာကို ခံစားမိလိုက္တယ္။

သူတို႔လုပ္လာတဲ့တစ္ေလွ်ာက္ အ႐ိုးစုအနည္းငယ္က သူတို႔ကိုမေၾကာက္႐ြံ႕ေစဘူး။ သို႔ေပမယ့္ ေျမေပၚမွာရွိေနတဲ့အ႐ိုးပုံလိုက္ႀကီးနဲ႔ မ်က္ႏွာက်က္မွာျပည့္ႏွက္ေနေအာင္ ခ်ိတ္ဆြဲထားတဲ့ အေလာင္းေတြ၊ ေလတိုက္တိုင္း ရမ္းခါေနၿပီး တေဂ်ာက္ေဂ်ာက္ျမည္ေနသံေတြၾကားရတဲ့အခ်ိန္မွာက်ေတာ့ မတူေတာ့ဘူးေလ။

မေကာင္းဆိုးဝါးရွိေနတယ္ဆိုတာလည္း ေသခ်ာၿပီး သူတို႔ရဲ႕ေျမာက္ျမားစြာေသာ ညီအစ္ကိုေတြလည္း ဒီမွာေသဆုံးကုန္ၾကၿပီ။

"ၿပီးေတာ့ အခ်ိဳ႕အရာေတြကို စုေပါင္းစပ္ေပါင္းလုပ္ၿပီး သူ႔ရဲ႕လက္ေအာက္ငယ္သားေတြကို မေကာင္းဆိုးဝါးေကာင္ေတြအျဖစ္ ဖန္တီးၿပီးေတာ့ သူ႔ခ်စ္သူအိပ္စက္ေနတဲ့ အထြတ္အျမတ္သစ္ပင္ႀကီးေအာက္မွာ အေဖာ္ျပဳေပးေနတုန္း သူ႔အစား သခ်ႋဳင္းနန္းေတာ္ႀကီးကို ေစာင့္ေရွာက္ခိုင္းထားတယ္လို႔ေျပာၾကတယ္... စာထဲမွာေရးထားတာက သခ်ႋဳင္းသခင္ရဲ႕ေ႐ႊေတြ ေငြေတြနဲ႔ေတာင္ ေတာင္ႀကီးတစ္​ခုတည္လို႔ရတယ္တဲ့၊ အျပင္ေလာကႀကီးကို မုန္တိုင္းထန္ေစမယ့္ သမိုင္းဝင္အသုံးအေဆာင္ပစၥည္းေတြေတာင္ရွိတယ္တဲ့!"

ရတနာေတြအေၾကာင္းေရာက္တဲ့အခါ လူတိုင္းမ်က္ႏွာက ျပန္ၿပီးဝင္းပလာတယ္။ သက္လတ္ပိုင္းလူႀကီးက ေလထုကိုျပန္တည့္ၿပီးေျပာတယ္ "ဒီတစ္ေခါက္ငါတို႔ကို စပြန္ဆာေပးတဲ့လူက ဒီသခ်ႋဳင္းထဲက'ငါးပုလဲ'လို႔ေခၚတဲ့အရာကိုလိုခ်င္တယ္လို႔ေျပာတယ္၊ ငါတို႔အဲ့တာယူႏိုင္တယ္ဆိုရင္..."

သူ႔မ်က္လုံးေတြတျဖတ္ျဖတ္လက္ေနၿပီး တဖက္လူက သူ႔ကိုကတိေပးထားတဲ့ေငြေၾကးပမာဏကို ေတြးၾကည့္႐ုံနဲ႔တင္ အၿပဳံးႀကီးျဖစ္ေပၚလာတယ္။

"ဒါေပမယ့္ သခ်ႋဳင္းသခင္ တျမတ္တႏိုးျဖစ္ေနရတဲ့ေကာင္မေလးကေတာ့ ကံဆိုးတာပဲ၊ ဒီလူက ေျပာရဆိုရလြယ္မယ့္ပုံမေပၚဘူး" ခုနတုန္းကလူက ေရွ႕ထြက္ၿပီး ပြစိပြစိလုပ္ေနတယ္။ အဲ့ေနာက္သူ႔ရဲ႕တြဲဖက္က ေျမႀကီးေပၚကန္ခ်လိုက္တယ္ "ေဝ့! သတိလည္းထားအုံး! ေသစမ္း! ငါတို႔က ဒီေနရာကို အပန္းေျဖခရီးထြက္လာတယ္မ်ားထင္ေနတာလား?"

သက္လတ္ပိုင္းလူႀကီးက အနည္းငယ္ၿပဳံးကာ မတ္တပ္ရပ္လိုက္တယ္ "မိန္းကေလးလို႔ ဘယ္သူေျပာလဲ? ထြင္းထားတဲ့စာေတြအရဆိုရင္ သခ်ႋဳင္းသခင္က သူနဲ႔ဂိုဏ္းတူရွစ္ရႈန္း(အစ္ကိုႀကီး)ကို ခ်စ္ေနတာလို႔ ရွင္းရွင္းလင္းလင္းေရးထားတယ္!"

"Ha?!" ႐ြံရွာသြားသလိုပုံမ်ိဳးေတြ သူတို႔မ်က္ႏွာမွာေပၚလာတယ္။ သူတို႔တံေတြးေထြးကာ "အဲ့ေတာ့ လိင္တူႀကိဳက္တဲ့အတြဲေပါ့... ဒီသခ်ႋဳင္းသခင္က ေသခ်ာေပါက္ႏွာဘူးတစ္ေကာင္ပဲ"

"ေယာက်ာ္းႏွစ္ေယာက္တဲ့ ဘယ္လိုလုပ္ေပ်ာ္စရာေကာင္းမွာလဲ?"

"ေဟးေဟး မင္းက ဒုံးေဝးလိုက္တာ... ေပ်ာ္ဖို႔နည္းလမ္းေတြမွ အမ်ားႀကီးပဲ"

"ကြၽတ္! သြားစမ္းပါ!"

အမ်ိဳးသားအုပ္ႀကီးက သူတို႔ခ်င္းခ်င္းစေနာက္ ရယ္ေမာေနၾကတယ္။ သက္လတ္ပိုင္းလူႀကီးရဲ႕ ေစာင့္ၾကည့္ေနတဲ့မ်က္လုံးေတြေအာက္မွာ သူတို႔ျပန္တည္ၿငိမ္သြားၿပီး ဆက္လက္ရွာေဖြၾကေတာ့တယ္။

ဝမ္ဖုန္းက်င္က အနီးနားမွာရပ္ေနတယ္။ သူ႔ရဲ႕ေဘးဘက္ သခ်ႋဳင္းရဲ႕ေျခာက္ျခားဖြယ္ပိတ္ေမွာင္ေနတဲ့ဝင္ေပါက္ကေန အသက္ရႈသံမသဲမကြဲထြက္ေပၚေနတယ္။ အသံက သူ႔ေျခရင္းေျမႀကီးေပၚမွာ ဖြတ္ပုတက္လိုမ်ိဳး လဲေလ်ာင္းေနတဲ့ လူဆီကထြက္ေပၚေနတာျဖစ္တယ္၊ ဒါေပမယ့္ 'လူ'လို႔ေခၚေနရတာက...

ဘာေၾကာင့္ဆို အေရျပားေရာ ဆံပင္ေတြမွာ ဒီ 'လူ႔'ဆီမွာမရွိဘူး၊ ႂကြက္သားေတြနဲ႔ အေၾကာမွ်င္ေတြကို ျမင္ေနရတယ္။ ဒါေပမယ့္ ေသခ်ာၾကည့္မယ္ဆိုရင္ေတာ့ အဲ့ႂကြက္သားအလႊာကသာ သူ႔ရဲ႕အေရျပားျဖစ္ကာ အနီေရာင္ေသြးေတြနဲ႔ အက်ိခြၽဲလႊာေတြ တစ္ကိုယ္လုံးဖုံးလႊမ္းေနတာကို ျမင္ႏိုင္တယ္...

ဖြတ္ပုတက္လိုအေကာင္ႀကီးရဲ႕လည္ေခ်ာင္းထဲက တခ်က္ခ်က္ထြက္ေပၚေနတဲ့အသံကို ဝမ္ဖုန္းက်င္က နားလည္ပုံေပၚၿပီး ေအးစက္စက္တစ္ခ်က္ၿပဳံးလိုက္တယ္။

"မင္းလုပ္တာေကာင္းတယ္၊ သူတို႔ေတြကို သခ်ႋဳင္းထြက္ေပါက္ကို လမ္းျပေပးလိုက္... သက္လတ္ပိုင္းလူႀကီးကလြဲရင္ တစ္ေယာက္မွအရွင္မထားနဲ႔..."

"ကတစ္ ကတစ္ ကတစ္..."

အနီေရာင္ဖြတ္ပုတက္လိုအေကာင္ႀကီးရဲ႕အရွိန္က မယုံႏိုင္စရာေကာင္းလွတယ္။ လ်ပ္တျပက္တြင္းမွာတင္ ဝမ္ဖုန္းက်င္ရဲ႕အမိန႔္ကို ေဆာင္႐ြက္ေပးေတာ့တယ္။

အေမႊးတိုင္တစ္ဝက္စာၾကာခ်ိန္(ဆယ့္ငါးမိနစ္)ေလာက္ၾကာၿပီးေနာက္ သခ်ႋဳင္းေပါက္၀တစ္ေလွ်ာက္ ေလးလံၿပီးတ႐ြတ္ဆြဲလာေနရတဲ့ ေျခသံေတြကို ၾကားလိုက္ရတယ္။

သက္လတ္ပိုင္းလူႀကီးမွာ တည္ၿငိမ္အားရေနမႈေတြ မရွိေတာ့ဘူး။ သူ႔ရဲ႕ညာဘက္လက္ကလည္း တစ္ခုခု​ေၾကာင့္ ျပဳတ္ထြက္လုနီးနီးျဖစ္ေနၿပီး ေၾကာက္စရာေကာင္းလွတဲ့ဒဏ္ရာႀကီးကို သူ႔ရဲ႕ဘယ္လက္နဲ႔ ထိန္းကိုင္ထားရတယ္။ သူ႔ရဲ႕မ်က္ႏွာတစ္ခုလုံးလည္း ေသြးေတြဖုံးလႊမ္းေနတယ္။

"ေသစမ္း! ေသစမ္း!" သက္လတ္ပိုင္းလူႀကီးက မခ်ိမဆန႔္ေဝဒနာကို ႀကိတ္မွိတ္ခံေနေပမယ့္ အဆုံးမွာ ေသြးဆုံးရႈံးမႈနဲ႔ ထိတ္လန႔္မႈေတြေၾကာင့္ ေျမႀကီးေပၚလဲက်သြားတယ္။

လဲက်မႈဒဏ္ေၾကာင့္ အႀကီးအက်ယ္ဒဏ္ရာရထားတဲ့လက္က ပိုၿပီးစုတ္ၿပဲသြားတယ္။

"ငါ့လက္! အား!!" ထိုလူႀကီးက သူ႔ရဲ႕ဒဏ္ရာရထားတဲ့လက္ကို ဆုတ္ကိုင္ရင္း နာက်င္လြန္းလို႔ၿငီးျငဴကာ ေျမႀကီးေပၚမွာ စမ္းတဝါးဝါးျဖစ္ေနတယ္။ ႐ုတ္တရက္ သူ႔ျမင္ကြင္းထဲကို ေ႐ႊေရာင္အနားကြတ္ထားတဲ့ အနက္ေရာင္ဘြတ္ဖိနပ္တစ္စုံေရာက္လာတယ္။

ဖိနပ္ကို လွလွပပေလးျပဳလုပ္ထားတာျဖစ္ေပမယ့္ ဒါကေခတ္သစ္လူတစ္ေယာက္ ဝတ္တတ္တဲ့ပုံမ်ိဳးမဟုတ္တာ သိသာတယ္! ၿပီးေတာ့ သခ်ႋဳင္းကိုရွာေဖြေနတုန္း ဘယ္သခ်ႋဳင္းတူးသူမွ ဒီလိုမ်ိဳးကို ဝတ္မွာမဟုတ္ဘူး!

သက္လတ္ပိုင္းလူႀကီးက ၿငီးျငဴဖို႔ေတာင္ေမ့သြားတယ္။ သူေခြၽးေစးေတြျပန္လာၿပီး မ်က္ႏွာကလည္း ေသြးေတြအေျမာက္အျမားဆုံးရႈံးထားတာေၾကာင့္ လူေသတစ္ေယာက္ထက္ေတာင္ ျဖဴဆုပ္ေနတယ္။

အဖိုးတန္ဖိနပ္နဲ႔ ဝတ္ေကာင္းစားလွေတြဝတ္ထားတဲ့လူက သူ႔ေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္ခ်လာတယ္။

သြယ္လ်ရွည္လ်ားၿပီး ေအးစက္ေနတဲ့လက္ေခ်ာင္းေတြနဲ႔ သူ႔ေခါင္းကို ခပ္တင္းတင္းဖိကာ သူ႔တစ္ကိုယ္လုံးကို ေျမႇာက္လိုက္ခ်ိန္မွာ သူ႔ျမင္ကြင္းထဲကို ေရွးေခတ္အနီနဲ႔အနက္ေရာထားတဲ့ဝတ္စုံဝတ္ထားတဲ့ လူတစ္ေယာက္ကို အတိအက်ေတြ႕လိုက္ရေတာ့တယ္။

ဒီလူက အရမ္းၾကည့္ေကာင္းတယ္။ လက္ဖက္ဖက္ေနာက္ပစ္ၿပီး ေနာက္တစ္ဖက္နဲ႔ သူ႔ကိုေျမႇာက္ထားတာ။ စိတ္ဝင္စားစရာေကာင္းတဲ့တစ္စုံတစ္ခုကိုၾကည့္ေနသလိုမ်ိဳး သူ႔ႏႈတ္ခမ္းေထာင့္ေတြက ေကြးၫႊတ္လို႔ေနတယ္။

သူ႔ရဲ႕နက္ေမွာင္မည္းနက္ေနတဲ့မ်က္ဆန္အလယ္က အနီေရာင္အလင္းတန္းတစ္ခုထြက္ေပၚလာတယ္။

Zombieႀကီးပဲ!

တကယ့္ zombieႀကီးရွိတယ္!

သက္လတ္ပိုင္းလူႀကီးက ပါးစပ္ဖြင့္ကာ ေအာ္လိုက္ခ်င္ေပမယ့္ လႈပ္လို႔မရျဖစ္ေနတာကို သိလိုက္ရတယ္။ စကားေတာင္ေျပာလို႔မရဘူး!

"အေရးမပါတဲ့အရာ ဒီကိုဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ? ဟမ္?"

လူႀကီးက အျပင္းအထန္႐ုန္းကန္ေနေပမယ့္ သူ႔ဆီက တစ္ခုခုကိုထုတ္ယူထားသလိုမ်ိဳး အခ်ည္းႏွီးသာျဖစ္ေနတယ္။

"ေျဖေလ၊ မင္းနဲ႔အဲ့ႂကြက္ေတြ ငါ့ရဲ႕ေျမေအာက္နန္းေတာ္ကို ဘယ္လိုလုပ္ေရာက္လာတာလဲ?" ဝမ္ဖုန္းက်င္ အားနည္းနည္းသုံးလိုက္တာေၾကာင့္ ထိုလူ႔ဦး​ေခါင္းခြံေတာင္ အက္ကြဲမတတ္ျဖစ္သြားတယ္!

ထိုလူက ပါးစပ္အက်ယ္ႀကီးဟကာ အားကုန္သုံးၿပီး ေအာ္ေျပာေတာ့တယ္ "အဲ့.. အဲ့တာ ေျမပုံပါ၊ ကြၽန္ေတာ့္မွာ ေျမပုံရွိပါတယ္!"

"အိုး?"

"ကြၽန္ေတာ့္ရဲ႕ေက်ာပိုးအိတ္ထဲမွာပါ! တကယ္ေျပာတာပါ! ကြၽန္ေတာ့္ကို လႊတ္ေပးပါဗ်ာ! ကြၽန္ေတာ့္ကို_"

ေနာက္ေတာ့ နံရံေပၚကို အရည္ေတြျပန႔္က်ဲသြားသလိုအသံထြက္ေပၚလာၿပီး သခ်ႋဳင္းတစ္ေလွ်ာက္ ေလထုထဲမွာ ခ်ိဳအီအီေသြးနံ႔ေတြလြင့္ပ်ံလာတယ္။

ေျမေပၚက ေခါင္းျပတ္ေနတဲ့ကိုယ္လုံးႀကီးက ႏွစ္ႀကိမ္ေလာက္လိမ္တြန႔္ၿပီး လႈပ္ရွားျခင္းမရွိေတာ့ဘူး။

ဝမ္ဖုန္းက်င္ သူ႔ရဲ႕လက္နဲ႔ ေစးကပ္ကပ္အရည္ေတြေပက်ံေနတဲ့ ျဖဴသြယ္သြယ္လက္ေခ်ာင္းေတြကို တေျဖာက္ေျဖာက္ျမည္တဲ့အထိ ခါလိုက္တယ္။

ဝမ္ဖုန္းက်င္အေလာင္းဆီျပန္လွည့္ကာ ေက်ာပိုးအိတ္ထဲက ေျမပုံကိုထုတ္ယူလိုက္တယ္။ အေနာက္ဘက္ကို မ်က္ႏွာေသနဲ႔ၾကည့္ကာ လက္သုတ္ပစ္လိုက္တယ္။

႐ုတ္တရက္ ဝမ္ဖုန္းက်င္တစ္ကိုယ္လုံး တုန္ရီသြားတယ္။

"မ်န္တ်န္း ေက်းဇူးျပဳၿပီးစိတ္မဆိုးပါနဲ႔!" ေအးစက္စက္နဲ႔ ခန႔္ညားလွတဲ့အမ်ိဳးသားက တစ္ေယာက္တည္းထိတ္လန႔္စြာ ေျပာေနတယ္ "ကိုယ္လူထပ္မသတ္ေတာ့ဘူးေလ ဟုတ္ၿပီလား? သူတို႔က ကိုယ့္ကိုလာၿပီးအႏိုင္က်င့္လို႔ အဲ့တာေၾကာင့္ ကိုယ္သူတို႔ေတြကို သတ္လိုက္ရတာ..."

အဲ့ေနာက္ တခ်ိဳ႕ေသာအေၾကာင္းအရာေတြေၾကာင့္ ဦးေႏွာက္ကျပန္အသားက်သြားၿပီး ခန႔္ညားလွတဲ့အမ်ိဳးသား စိတ္တည္ၿငိမ္သြားတယ္။ သူ႔ဘာသာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေျပာေနတာက "မင္းကိုယ့္ကို စိတ္မဆိုးဘူးဆိုတာ ကိုယ္သိသားပဲ၊ သူတို႔အားလုံးက အျပင္လူေတြ... မင္းနဲ႔ကိုယ္ကပဲ အရင္းႏွီးဆုံးလူေတြ"

႐ုတ္ျခည္း ဝမ္ဖုန္းက်င္ စိတၱဇလိုမ်ိဳးျဖစ္သြားၿပီး တစ္ေယာက္တည္းၿပဳံး႐ႊင္ကာ စကားေတြေျပာေနတယ္။

ဝမ္ေရွာင္းမ်ယ္သာ ဒါကိုျမင္ရင္ ေခ်းထြက္မတတ္ေၾကာက္ၿပီး ျမန္ႏိုင္သမွ်အျမန္ဆုံး ထြက္ေျပးသြားလိမ့္မယ္။

ခဏေနေတာ့ ဝမ္ဖုန္းက်င္ ျပန္တည္ၿငိမ္သြားတယ္။ တျခားသူတစ္ေယာက္အျဖစ္ေျပာင္းသြားသလိုမ်ိဳး ေျပာလာတယ္ "စာထြင္းထားတာ? သခ်ႋဳင္းကိုေဆာက္သြားတဲ့ လက္မႈသည္ေတြက မ႐ိုးသားဘူးပဲ... ဒါကိုေတာင္ ခ်ၿပီးမွတ္တမ္းတင္ရဲေသးတယ္"

ဝမ္ဖုန္းက်င္ ေခါင္းငုံ႔ၿပီး ေျမႀကီးေပၚက အေလာင္းကိုေျပာလိုက္တယ္။ "မင္းငါ့ကိုေျပာျပေပးတာ ေကာင္းတယ္၊ ဒါကို မ်န္တ်န္းေတြ႕သြားရင္ ဘယ့္ႏွယ္လုပ္မလဲ?"

"ၿပီးေတာ့ မ်န္တ်န္းက လူယဥ္ေက်းေတြဆိုသေဘာက်ေတာ့ ငါကမင္းကို ဆုေပးရမွာေပါ့"

သူေဆာင့္ေၾကာင့္ထိုင္ကာ အေလာင္းရဲ႕လက္ကို လူႀကီးလူေကာင္းတစ္ေယာက္လို ကိုင္ကာ လူေသေကာင္ႀကီးကို ၿပဳံးၿပီးေျပာလိုက္တယ္ "ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

ထိုမေျပာင္းလဲေသးတဲ့အမူအယာနဲ႔ပဲမတ္တပ္ရပ္ကာ ထြက္ေပါက္ဘက္ကို လွည့္ေျပာလိုက္တယ္ "မုယိ စာထြင္းထားတဲ့ေနရာမွန္သမွ် ဖ်က္ဆီးပစ္၊ ဒါေပမယ့္ ငါတို႔ရဲ႕ဧည့္သည္ကိုလည္း ေသခ်ာေလးဆုေပးလိုက္အုံး... သူက ေ႐ႊေတြ ေငြေတြႀကိဳက္တယ္ဆိုေတာ့ စိတ္ေက်နပ္သြားေအာင္ သူ႔ခႏၶာကိုယ္ကို အဲ့တာေတြထားတဲ့ေနရာကိုသယ္သြားေပးလိုက္၊ ကပ္ေစးနည္းမေနနဲ႔ ဟုတ္ၿပီလား?"

'ကတစ္'ဆိုတဲ့အသံက မည္းေမွာင္ေနတဲ့သခ်ႋဳင္းႀကီးထဲက ထြက္ေပၚလာတယ္။

"ၾကည့္ေလ မ်န္တ်န္း ကိုယ္လုပ္တာေကာင္းတယ္မွတ္လား?" သူ႔ကိုယ္သူဖုံးကြယ္ရင္ မ်က္ႏွာကရဲတက္လာတယ္။ သူႏႈတ္ခမ္းကိုကိုက္ရင္း "ရွစ္ရႈန္း ကြၽန္ေတာ့္ကိုေျမႇာက္စရာမလိုပါဘူး ကြၽန္ေတာ့္ကို ရွစ္ရႈန္းပဲ ေကာင္းေကာင္းသင္ေပးထားတာ"

သူ႔ႏႈတ္ခမ္းေတြ တြန႔္ေကြးေနၿပီး ဘာမွမရွိတဲ့ဆီကို လွမ္းေျပာေနတယ္။ ၿပီးေနာက္ တစ္စုံတစ္ေယာက္က သေဘာတူလိုက္တဲ့အလား သူအနည္းငယ္ရွက္႐ြံ႕လာၿပီး လွည့္ထြက္သြားတယ္။ သူ႔ဖိနပ္မွာ ေျမေပၚကေသြးေတြစြန္းထင္းေနၿပီး အေနာက္မွာ အနီေရာင္ေျခရာတန္းႀကီး က်န္ရစ္ခဲ့တယ္။

သူလွည့္ထြက္သြားၿပီဆိုတာနဲ႔ ေျမေပၚကအေလာင္းကလည္း ခ်က္ခ်င္းေပ်ာက္ကြယ္သြားတယ္။

မ်န္တ်န္းက ငါ့ကိုေစာင့္ေနတုန္းပဲ။

သူ ငါ့ဆီျပန္လာၿပီ။

ဒီတစ္ေခါက္...

ဒီတစ္ေခါက္...

သူ႔ကိုထြက္ေျပးခြင့္မေပးေတာ့ဘူး...

_____

စာေရးသူမွာေျပာစရာရွိပါတယ္ : ေျမေအာက္နန္းေတာ္ႀကီးထဲမွာ အေလာင္းေကာင္တစ္ခုနဲ႔ ႏွစ္ေပါင္းတစ္ေထာင္ေက်ာ္ေလာက္ လဲၿပီးေနရေတာ့ ဘယ္လိုလုပ္ၿပီး ပုံမွန္ျဖစ္ႏိုင္ေတာ့မွာလဲ?

_____

[Kay : ရွံတတ်သူများ၊ ကြောက်တတ်သူများ သတိပြုရန်။အစားအသောက်စားနေစဉ် မဖတ်ပါနှင့်]

{Unicode}

"ထွင်းထားတဲ့စာလုံးတွေအရဆိုရင် ဒီခမ်းနားတဲ့ဂူသင်္ချိုင်းကြီးထဲမှာ ခန္ဓာကိုယ်နှစ်ခုမြှုပ်ထားတာတဲ့၊ တစ်ယောက်က သေပြီးသား... တစ်ယောက်က ရှင်လျက်!"

"ဟာ့? ဟားဟား ဦးလေး နောက်နေတာလား? သေပြီးသားလူကို မြေကြီးထဲမြှုပ်လိုက်မှတော့ သေပြီပေါ့"

လူများစွာကလည်း အတူလိုက်ရယ်မောကြတယ်။

သက်လတ်ပိုင်းလူကြီးက ခေါင်းရမ်းတယ် "မဟုတ်ဘူး ထွင်းထားတဲ့စာထဲမှာပြောထားချက်အရဆို တကယ်ကိုအသက်ရှင်နေတာ... သင်္ချိုင်းသခင်နဲ့ သူ့ရဲ့ချစ်သူက သက်ရှည်ဆေးကိုရပြီးချိန်မှာ ရန်သူတွေအများကြီးလိုက်တာကို ခံခဲ့ရတယ်လို့လည်းပြောကြတယ်၊ သင်္ချိုင်းသခင်နဲ့ သူ့ချစ်သူလည်း လမ်းဆုံးရောက်ခဲ့တယ်... လူပေါင်းများစွာက သူတို့ကိုသေစေချင်ခဲ့တယ် အဲ့တာမှပဲ သူတို့လက်ထဲကဆေးလုံးကို ရမှာလေ၊ သူ့ရဲ့ချစ်သူသေသွားပြီးနောက်မှာ သင်္ချိုင်းသခင်က သက်ရှည်ဆေးသောက်ပြီး ထိန်းချုပ်လို့မရတဲ့မကောင်းဆိုးဝါးဖြစ်လာတော့တာ"

ဒီအကြောင်းပြောနေရင်း သူ့လေသံကတိုးတိုးလာပြီး ရင်ဖိုစရာကောင်းလာတယ် "ဒါပေမယ့် ထွင်းထားတဲ့စာရဲ့တစ်ဖက်မှာ ဒီလူကသူ့ရဲ့ချစ်သူမဟုတ်ဘူးလို့ ဖော်ပြထားတယ်၊ သင်္ချိုင်းသခင်က အဲ့လူကိုတဖက်သတ်ချစ်နေပြီးတော့ ဆေးလုံးအတွက်ရုန်းကန်နေရချိန်မှာ မတော်တဆသတ်မိသွားတာတဲ့... သူ့ရဲ့အချစ်သေဆုံးမှုက သူ့ကိုနောင်တတွေရစေခဲ့တယ်"

"နှစ်ပေါင်းများစွာကြာတော့ သင်္ချိုင်းသခင်ပြန်ပေါ်လာပြီး ကမ္ဘာပေါ်က ရတနာတွေနဲ့ သေပြီးသူတွေကို ပြန်ခေါ်နိုင်မယ့်အစွမ်းတွေကို ရှာဖွေနိုင်တဲ့လူတွေအားလုံးကို ဆင့်ခေါ်လိုက်ပြီး တစ်ချိန်တည်းမှာ ရွှေတွေ ငွေတွေအပုံလိုက်ကြီးစုဆောင်းတော့တာပဲ... ဒါပေမယ့် အဆုံးမှာ သူ့ချစ်သူကို ပြန်မခေါ်နိုင်ခဲ့ဘဲ သူရူးသွားခဲ့တယ်၊ သူစိတ်လွတ်နေတဲ့လူလိုမျိုး သတ်ဖြတ်ပြီး သွေးချောင်းစီးစေခဲ့တယ်၊ သူ့ရဲ့ရန်သူတွေ၊ သူတို့နဲ့ဆက်စပ်နေတဲ့ ကြီးကြီးငယ်ငယ် အကုန်ဖမ်းပြီး ဒီသင်္ချိုင်းထဲမှာ တွဲလောင်းချိတ်ခဲ့တယ်"

"အဲ့တာဆို အပေါက်၀နားက မပုပ်မသိုးတဲ့အလောင်းတွေက..."

"အဲ့တာတွေက ထွင်းထားတဲ့စာထဲမှာ ပြောထားတာတွေဖြစ်မှာပေါ့"

"အဲ့တာ..." သင်္ချိုင်းတူးသူတွေထဲက တစ်ယောက်က တံတွေးမြိုချလိုက်တယ်။ တောင်ရဲ့ဂိတ်ပေါက်၀မှာ သူမြင်ခဲ့ရတဲ့ ထူထပ်များပြားလွန်းတဲ့အရိုးတွေကို ပြန်သတိရသွားချိန်မှာ ရုတ်တရက်ဆိုသလို သင်္ချိုင်းရဲ့နက်ရှိုင်းတဲ့အတွင်းထဲကနေ လေအေးတွေတိုက်လာတာကို ခံစားမိလိုက်တယ်။

သူတို့လုပ်လာတဲ့တစ်လျှောက် အရိုးစုအနည်းငယ်က သူတို့ကိုမကြောက်ရွံ့စေဘူး။ သို့ပေမယ့် မြေပေါ်မှာရှိနေတဲ့အရိုးပုံလိုက်ကြီးနဲ့ မျက်နှာကျက်မှာပြည့်နှက်နေအောင် ချိတ်ဆွဲထားတဲ့ အလောင်းတွေ၊ လေတိုက်တိုင်း ရမ်းခါနေပြီး တဂျောက်ဂျောက်မြည်နေသံတွေကြားရတဲ့အချိန်မှာကျတော့ မတူတော့ဘူးလေ။

မကောင်းဆိုးဝါးရှိနေတယ်ဆိုတာလည်း သေချာပြီး သူတို့ရဲ့မြောက်မြားစွာသော ညီအစ်ကိုတွေလည်း ဒီမှာသေဆုံးကုန်ကြပြီ။

"ပြီးတော့ အချို့အရာတွေကို စုပေါင်းစပ်ပေါင်းလုပ်ပြီး သူ့ရဲ့လက်အောက်ငယ်သားတွေကို မကောင်းဆိုးဝါးကောင်တွေအဖြစ် ဖန်တီးပြီးတော့ သူ့ချစ်သူအိပ်စက်နေတဲ့ အထွတ်အမြတ်သစ်ပင်ကြီးအောက်မှာ အဖော်ပြုပေးနေတုန်း သူ့အစား သင်္ချိုင်းနန်းတော်ကြီးကို စောင့်ရှောက်ခိုင်းထားတယ်လို့ပြောကြတယ်... စာထဲမှာရေးထားတာက သင်္ချိုင်းသခင်ရဲ့ရွှေတွေ ငွေတွေနဲ့တောင် တောင်ကြီးတစ်​ခုတည်လို့ရတယ်တဲ့၊ အပြင်လောကကြီးကို မုန်တိုင်းထန်စေမယ့် သမိုင်းဝင်အသုံးအဆောင်ပစ္စည်းတွေတောင်ရှိတယ်တဲ့!"

ရတနာတွေအကြောင်းရောက်တဲ့အခါ လူတိုင်းမျက်နှာက ပြန်ပြီးဝင်းပလာတယ်။ သက်လတ်ပိုင်းလူကြီးက လေထုကိုပြန်တည့်ပြီးပြောတယ် "ဒီတစ်ခေါက်ငါတို့ကို စပွန်ဆာပေးတဲ့လူက ဒီသင်္ချိုင်းထဲက'ငါးပုလဲ'လို့ခေါ်တဲ့အရာကိုလိုချင်တယ်လို့ပြောတယ်၊ ငါတို့အဲ့တာယူနိုင်တယ်ဆိုရင်..."

သူ့မျက်လုံးတွေတဖြတ်ဖြတ်လက်နေပြီး တဖက်လူက သူ့ကိုကတိပေးထားတဲ့ငွေကြေးပမာဏကို တွေးကြည့်ရုံနဲ့တင် အပြုံးကြီးဖြစ်ပေါ်လာတယ်။

"ဒါပေမယ့် သင်္ချိုင်းသခင် တမြတ်တနိုးဖြစ်နေရတဲ့ကောင်မလေးကတော့ ကံဆိုးတာပဲ၊ ဒီလူက ပြောရဆိုရလွယ်မယ့်ပုံမပေါ်ဘူး" ခုနတုန်းကလူက ရှေ့ထွက်ပြီး ပွစိပွစိလုပ်နေတယ်။ အဲ့နောက်သူ့ရဲ့တွဲဖက်က မြေကြီးပေါ်ကန်ချလိုက်တယ် "ဝေ့! သတိလည်းထားအုံး! သေစမ်း! ငါတို့က ဒီနေရာကို အပန်းဖြေခရီးထွက်လာတယ်များထင်နေတာလား?"

သက်လတ်ပိုင်းလူကြီးက အနည်းငယ်ပြုံးကာ မတ်တပ်ရပ်လိုက်တယ် "မိန်းကလေးလို့ ဘယ်သူပြောလဲ? ထွင်းထားတဲ့စာတွေအရဆိုရင် သင်္ချိုင်းသခင်က သူနဲ့ဂိုဏ်းတူရှစ်ရှုန်း(အစ်ကိုကြီး)ကို ချစ်နေတာလို့ ရှင်းရှင်းလင်းလင်းရေးထားတယ်!"

"Ha?!" ရွံရှာသွားသလိုပုံမျိုးတွေ သူတို့မျက်နှာမှာပေါ်လာတယ်။ သူတို့တံတွေးထွေးကာ "အဲ့တော့ လိင်တူကြိုက်တဲ့အတွဲပေါ့... ဒီသင်္ချိုင်းသခင်က သေချာပေါက်နှာဘူးတစ်ကောင်ပဲ"

"ယောကျာ်းနှစ်ယောက်တဲ့ ဘယ်လိုလုပ်ပျော်စရာကောင်းမှာလဲ?"

"ဟေးဟေး မင်းက ဒုံးဝေးလိုက်တာ... ပျော်ဖို့နည်းလမ်းတွေမှ အများကြီးပဲ"

"ကျွတ်! သွားစမ်းပါ!"

အမျိုးသားအုပ်ကြီးက သူတို့ချင်းချင်းစနောက် ရယ်မောနေကြတယ်။ သက်လတ်ပိုင်းလူကြီးရဲ့ စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာ သူတို့ပြန်တည်ငြိမ်သွားပြီး ဆက်လက်ရှာဖွေကြတော့တယ်။

ဝမ်ဖုန်းကျင်က အနီးနားမှာရပ်နေတယ်။ သူ့ရဲ့ဘေးဘက် သင်္ချိုင်းရဲ့ခြောက်ခြားဖွယ်ပိတ်မှောင်နေတဲ့ဝင်ပေါက်ကနေ အသက်ရှုသံမသဲမကွဲထွက်ပေါ်နေတယ်။ အသံက သူ့ခြေရင်းမြေကြီးပေါ်မှာ ဖွတ်ပုတက်လိုမျိုး လဲလျောင်းနေတဲ့ လူဆီကထွက်ပေါ်နေတာဖြစ်တယ်၊ ဒါပေမယ့် 'လူ'လို့ခေါ်နေရတာက...

ဘာကြောင့်ဆို အရေပြားရော ဆံပင်တွေမှာ ဒီ 'လူ့'ဆီမှာမရှိဘူး၊ ကြွက်သားတွေနဲ့ အကြောမျှင်တွေကို မြင်နေရတယ်။ ဒါပေမယ့် သေချာကြည့်မယ်ဆိုရင်တော့ အဲ့ကြွက်သားအလွှာကသာ သူ့ရဲ့အရေပြားဖြစ်ကာ အနီရောင်သွေးတွေနဲ့ အကျိချွဲလွှာတွေ တစ်ကိုယ်လုံးဖုံးလွှမ်းနေတာကို မြင်နိုင်တယ်...

ဖွတ်ပုတက်လိုအကောင်ကြီးရဲ့လည်ချောင်းထဲက တချက်ချက်ထွက်ပေါ်နေတဲ့အသံကို ဝမ်ဖုန်းကျင်က နားလည်ပုံပေါ်ပြီး အေးစက်စက်တစ်ချက်ပြုံးလိုက်တယ်။

"မင်းလုပ်တာကောင်းတယ်၊ သူတို့တွေကို သင်္ချိုင်းထွက်ပေါက်ကို လမ်းပြပေးလိုက်... သက်လတ်ပိုင်းလူကြီးကလွဲရင် တစ်ယောက်မှအရှင်မထားနဲ့..."

"ကတစ် ကတစ် ကတစ်..."

အနီရောင်ဖွတ်ပုတက်လိုအကောင်ကြီးရဲ့အရှိန်က မယုံနိုင်စရာကောင်းလှတယ်။ လျပ်တပြက်တွင်းမှာတင် ဝမ်ဖုန်းကျင်ရဲ့အမိန့်ကို ဆောင်ရွက်ပေးတော့တယ်။

အမွှေးတိုင်တစ်ဝက်စာကြာချိန်(ဆယ့်ငါးမိနစ်)လောက်ကြာပြီးနောက် သင်္ချိုင်းပေါက်၀တစ်လျှောက် လေးလံပြီးတရွတ်ဆွဲလာနေရတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။

သက်လတ်ပိုင်းလူကြီးမှာ တည်ငြိမ်အားရနေမှုတွေ မရှိတော့ဘူး။ သူ့ရဲ့ညာဘက်လက်ကလည်း တစ်ခုခု​ကြောင့် ပြုတ်ထွက်လုနီးနီးဖြစ်နေပြီး ကြောက်စရာကောင်းလှတဲ့ဒဏ်ရာကြီးကို သူ့ရဲ့ဘယ်လက်နဲ့ ထိန်းကိုင်ထားရတယ်။ သူ့ရဲ့မျက်နှာတစ်ခုလုံးလည်း သွေးတွေဖုံးလွှမ်းနေတယ်။

"သေစမ်း! သေစမ်း!" သက်လတ်ပိုင်းလူကြီးက မချိမဆန့်ဝေဒနာကို ကြိတ်မှိတ်ခံနေပေမယ့် အဆုံးမှာ သွေးဆုံးရှုံးမှုနဲ့ ထိတ်လန့်မှုတွေကြောင့် မြေကြီးပေါ်လဲကျသွားတယ်။

လဲကျမှုဒဏ်ကြောင့် အကြီးအကျယ်ဒဏ်ရာရထားတဲ့လက်က ပိုပြီးစုတ်ပြဲသွားတယ်။

"ငါ့လက်! အား!!" ထိုလူကြီးက သူ့ရဲ့ဒဏ်ရာရထားတဲ့လက်ကို ဆုတ်ကိုင်ရင်း နာကျင်လွန်းလို့ငြီးငြူကာ မြေကြီးပေါ်မှာ စမ်းတဝါးဝါးဖြစ်နေတယ်။ ရုတ်တရက် သူ့မြင်ကွင်းထဲကို ရွှေရောင်အနားကွတ်ထားတဲ့ အနက်ရောင်ဘွတ်ဖိနပ်တစ်စုံရောက်လာတယ်။

ဖိနပ်ကို လှလှပပလေးပြုလုပ်ထားတာဖြစ်ပေမယ့် ဒါကခေတ်သစ်လူတစ်ယောက် ဝတ်တတ်တဲ့ပုံမျိုးမဟုတ်တာ သိသာတယ်! ပြီးတော့ သင်္ချိုင်းကိုရှာဖွေနေတုန်း ဘယ်သင်္ချိုင်းတူးသူမှ ဒီလိုမျိုးကို ဝတ်မှာမဟုတ်ဘူး!

သက်လတ်ပိုင်းလူကြီးက ငြီးငြူဖို့တောင်မေ့သွားတယ်။ သူချွေးစေးတွေပြန်လာပြီး မျက်နှာကလည်း သွေးတွေအမြောက်အမြားဆုံးရှုံးထားတာကြောင့် လူသေတစ်ယောက်ထက်တောင် ဖြူဆုပ်နေတယ်။

အဖိုးတန်ဖိနပ်နဲ့ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့လူက သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလာတယ်။

သွယ်လျရှည်လျားပြီး အေးစက်နေတဲ့လက်ချောင်းတွေနဲ့ သူ့ခေါင်းကို ခပ်တင်းတင်းဖိကာ သူ့တစ်ကိုယ်လုံးကို မြှောက်လိုက်ချိန်မှာ သူ့မြင်ကွင်းထဲကို ရှေးခေတ်အနီနဲ့အနက်ရောထားတဲ့ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ကို အတိအကျတွေ့လိုက်ရတော့တယ်။

ဒီလူက အရမ်းကြည့်ကောင်းတယ်။ လက်ဖက်ဖက်နောက်ပစ်ပြီး နောက်တစ်ဖက်နဲ့ သူ့ကိုမြှောက်ထားတာ။ စိတ်ဝင်စားစရာကောင်းတဲ့တစ်စုံတစ်ခုကိုကြည့်နေသလိုမျိုး သူ့နှုတ်ခမ်းထောင့်တွေက ကွေးညွှတ်လို့နေတယ်။

သူ့ရဲ့နက်မှောင်မည်းနက်နေတဲ့မျက်ဆန်အလယ်က အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာတယ်။

Zombieကြီးပဲ!

တကယ့် zombieကြီးရှိတယ်!

သက်လတ်ပိုင်းလူကြီးက ပါးစပ်ဖွင့်ကာ အော်လိုက်ချင်ပေမယ့် လှုပ်လို့မရဖြစ်နေတာကို သိလိုက်ရတယ်။ စကားတောင်ပြောလို့မရဘူး!

"အရေးမပါတဲ့အရာ ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ? ဟမ်?"

လူကြီးက အပြင်းအထန်ရုန်းကန်နေပေမယ့် သူ့ဆီက တစ်ခုခုကိုထုတ်ယူထားသလိုမျိုး အချည်းနှီးသာဖြစ်နေတယ်။

"ဖြေလေ၊ မင်းနဲ့အဲ့ကြွက်တွေ ငါ့ရဲ့မြေအောက်နန်းတော်ကို ဘယ်လိုလုပ်ရောက်လာတာလဲ?" ဝမ်ဖုန်းကျင် အားနည်းနည်းသုံးလိုက်တာကြောင့် ထိုလူ့ဦး​ခေါင်းခွံတောင် အက်ကွဲမတတ်ဖြစ်သွားတယ်!

ထိုလူက ပါးစပ်အကျယ်ကြီးဟကာ အားကုန်သုံးပြီး အော်ပြောတော့တယ် "အဲ့.. အဲ့တာ မြေပုံပါ၊ ကျွန်တော့်မှာ မြေပုံရှိပါတယ်!"

"အိုး?"

"ကျွန်တော့်ရဲ့ကျောပိုးအိတ်ထဲမှာပါ! တကယ်ပြောတာပါ! ကျွန်တော့်ကို လွှတ်ပေးပါဗျာ! ကျွန်တော့်ကို_"

နောက်တော့ နံရံပေါ်ကို အရည်တွေပြန့်ကျဲသွားသလိုအသံထွက်ပေါ်လာပြီး သင်္ချိုင်းတစ်လျှောက် လေထုထဲမှာ ချိုအီအီသွေးနံ့တွေလွင့်ပျံလာတယ်။

မြေပေါ်က ခေါင်းပြတ်နေတဲ့ကိုယ်လုံးကြီးက နှစ်ကြိမ်လောက်လိမ်တွန့်ပြီး လှုပ်ရှားခြင်းမရှိတော့ဘူး။

ဝမ်ဖုန်းကျင် သူ့ရဲ့လက်နဲ့ စေးကပ်ကပ်အရည်တွေပေကျံနေတဲ့ ဖြူသွယ်သွယ်လက်ချောင်းတွေကို တဖြောက်ဖြောက်မြည်တဲ့အထိ ခါလိုက်တယ်။

ဝမ်ဖုန်းကျင်အလောင်းဆီပြန်လှည့်ကာ ကျောပိုးအိတ်ထဲက မြေပုံကိုထုတ်ယူလိုက်တယ်။ အနောက်ဘက်ကို မျက်နှာသေနဲ့ကြည့်ကာ လက်သုတ်ပစ်လိုက်တယ်။

ရုတ်တရက် ဝမ်ဖုန်းကျင်တစ်ကိုယ်လုံး တုန်ရီသွားတယ်။

"မျန်တျန်း ကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့!" အေးစက်စက်နဲ့ ခန့်ညားလှတဲ့အမျိုးသားက တစ်ယောက်တည်းထိတ်လန့်စွာ ပြောနေတယ် "ကိုယ်လူထပ်မသတ်တော့ဘူးလေ ဟုတ်ပြီလား? သူတို့က ကိုယ့်ကိုလာပြီးအနိုင်ကျင့်လို့ အဲ့တာကြောင့် ကိုယ်သူတို့တွေကို သတ်လိုက်ရတာ..."

အဲ့နောက် တချို့သောအကြောင်းအရာတွေကြောင့် ဦးနှောက်ကပြန်အသားကျသွားပြီး ခန့်ညားလှတဲ့အမျိုးသား စိတ်တည်ငြိမ်သွားတယ်။ သူ့ဘာသာပျော်ပျော်ရွှင်ရွှင်ပြောနေတာက "မင်းကိုယ့်ကို စိတ်မဆိုးဘူးဆိုတာ ကိုယ်သိသားပဲ၊ သူတို့အားလုံးက အပြင်လူတွေ... မင်းနဲ့ကိုယ်ကပဲ အရင်းနှီးဆုံးလူတွေ"

ရုတ်ခြည်း ဝမ်ဖုန်းကျင် စိတ္တဇလိုမျိုးဖြစ်သွားပြီး တစ်ယောက်တည်းပြုံးရွှင်ကာ စကားတွေပြောနေတယ်။

ဝမ်ရှောင်းမျယ်သာ ဒါကိုမြင်ရင် ချေးထွက်မတတ်ကြောက်ပြီး မြန်နိုင်သမျှအမြန်ဆုံး ထွက်ပြေးသွားလိမ့်မယ်။

ခဏနေတော့ ဝမ်ဖုန်းကျင် ပြန်တည်ငြိမ်သွားတယ်။ တခြားသူတစ်ယောက်အဖြစ်ပြောင်းသွားသလိုမျိုး ပြောလာတယ် "စာထွင်းထားတာ? သင်္ချိုင်းကိုဆောက်သွားတဲ့ လက်မှုသည်တွေက မရိုးသားဘူးပဲ... ဒါကိုတောင် ချပြီးမှတ်တမ်းတင်ရဲသေးတယ်"

ဝမ်ဖုန်းကျင် ခေါင်းငုံ့ပြီး မြေကြီးပေါ်က အလောင်းကိုပြောလိုက်တယ်။ "မင်းငါ့ကိုပြောပြပေးတာ ကောင်းတယ်၊ ဒါကို မျန်တျန်းတွေ့သွားရင် ဘယ့်နှယ်လုပ်မလဲ?"

"ပြီးတော့ မျန်တျန်းက လူယဉ်ကျေးတွေဆိုသဘောကျတော့ ငါကမင်းကို ဆုပေးရမှာပေါ့"

သူဆောင့်ကြောင့်ထိုင်ကာ အလောင်းရဲ့လက်ကို လူကြီးလူကောင်းတစ်ယောက်လို ကိုင်ကာ လူသေကောင်ကြီးကို ပြုံးပြီးပြောလိုက်တယ် "ကျေးဇူးအများကြီးတင်ပါတယ်"

ထိုမပြောင်းလဲသေးတဲ့အမူအယာနဲ့ပဲမတ်တပ်ရပ်ကာ ထွက်ပေါက်ဘက်ကို လှည့်ပြောလိုက်တယ် "မုယိ စာထွင်းထားတဲ့နေရာမှန်သမျှ ဖျက်ဆီးပစ်၊ ဒါပေမယ့် ငါတို့ရဲ့ဧည့်သည်ကိုလည်း သေချာလေးဆုပေးလိုက်အုံး... သူက ရွှေတွေ ငွေတွေကြိုက်တယ်ဆိုတော့ စိတ်ကျေနပ်သွားအောင် သူ့ခန္ဓာကိုယ်ကို အဲ့တာတွေထားတဲ့နေရာကိုသယ်သွားပေးလိုက်၊ ကပ်စေးနည်းမနေနဲ့ ဟုတ်ပြီလား?"

'ကတစ်'ဆိုတဲ့အသံက မည်းမှောင်နေတဲ့သင်္ချိုင်းကြီးထဲက ထွက်ပေါ်လာတယ်။

"ကြည့်လေ မျန်တျန်း ကိုယ်လုပ်တာကောင်းတယ်မှတ်လား?" သူ့ကိုယ်သူဖုံးကွယ်ရင် မျက်နှာကရဲတက်လာတယ်။ သူနှုတ်ခမ်းကိုကိုက်ရင်း "ရှစ်ရှုန်း ကျွန်တော့်ကိုမြှောက်စရာမလိုပါဘူး ကျွန်တော့်ကို ရှစ်ရှုန်းပဲ ကောင်းကောင်းသင်ပေးထားတာ"

သူ့နှုတ်ခမ်းတွေ တွန့်ကွေးနေပြီး ဘာမှမရှိတဲ့ဆီကို လှမ်းပြောနေတယ်။ ပြီးနောက် တစ်စုံတစ်ယောက်က သဘောတူလိုက်တဲ့အလား သူအနည်းငယ်ရှက်ရွံ့လာပြီး လှည့်ထွက်သွားတယ်။ သူ့ဖိနပ်မှာ မြေပေါ်ကသွေးတွေစွန်းထင်းနေပြီး အနောက်မှာ အနီရောင်ခြေရာတန်းကြီး ကျန်ရစ်ခဲ့တယ်။

သူလှည့်ထွက်သွားပြီဆိုတာနဲ့ မြေပေါ်ကအလောင်းကလည်း ချက်ချင်းပျောက်ကွယ်သွားတယ်။

မျန်တျန်းက ငါ့ကိုစောင့်နေတုန်းပဲ။

သူ ငါ့ဆီပြန်လာပြီ။

ဒီတစ်ခေါက်...

ဒီတစ်ခေါက်...

သူ့ကိုထွက်ပြေးခွင့်မပေးတော့ဘူး...

_____

စာရေးသူမှာပြောစရာရှိပါတယ် : မြေအောက်နန်းတော်ကြီးထဲမှာ အလောင်းကောင်တစ်ခုနဲ့ နှစ်ပေါင်းတစ်ထောင်ကျော်လောက် လဲပြီးနေရတော့ ဘယ်လိုလုပ်ပြီး ပုံမှန်ဖြစ်နိုင်တော့မှာလဲ?

_____

Thanks 🌹

Continue Reading

You'll Also Like

203K 17.1K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
567K 36.7K 31
story description>>>>> start-5/10/2021 end-1/1/2022
56.9K 1.9K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...