English Translator Note:
1. ဒီnovelထဲမွာ ေျပာထားတဲ့ zombieဆိုတာ တ႐ုတ္သရဲ (僵尸- ခုန္ဆြခုန္ဆြ သရဲ)ေတြကို ေျပာခ်င္တာျဖစ္ပါတယ္။ အသက္ျပန္ဝင္လာတဲ့ အေလာင္းေကာင္ေတြကို ေျပာခ်င္တာေပါ့။ Vampireေတြနဲ႔ Zombieေတြလည္း အနည္းနဲ႔အမ်ားေတာ့ ေရာေနႏိုင္ပါတယ္။ သူတို႔ေတြက Zombieေတြလို ဦးေႏွာက္က ေသဆုံးေနၿပီဆိုေပမယ့္ Vampireေတြလို ေသြးကို ႀကိဳက္ၾကပါတယ္။
2. စာေရးသူက MCေတြကို ရံဖန္ရံခါ 粽子 (ဖက္ထုပ္)ေတြလို႔လည္း ေခၚတတ္ပါတယ္။ သူတို႔ေတြကို ဖက္ထုပ္ေတြကို တာရွည္ခံေအာင္လုပ္သလိုမ်ိဳး အထပ္ထပ္ပတ္ထားတာဆိုေတာ့ ဒီလိုနာမည္ေျပာင္ေလးေပးထားလိုက္တာပါတဲ့။
{Zawgyi}
အားလုံးပဲ မဂၤလာပါ၊ ကြၽန္ေတာ့္နာမည္က ဝမ္ေရွာင္းမ်ယ္။
ကြၽန္ေတာ္က အခုေခါင္းတလားႀကီးထဲမွာ အိပ္ေပ်ာ္ေနခဲ့တာ၊ အနီေရာင္မဂၤလာေဆာင္ဝတ္႐ုံႀကီးဝတ္ထားၿပီး ႏွစ္တစ္ေထာင္ေလာက္ေသေနခဲ့တဲ့ဖက္ထုပ္ေကာင္(zombie)ႀကီးအျဖစ္ ဘ၀ကူးေျပာင္းလာတယ္။ ကြၽန္ေတာ္အခု အရမ္းကိုျပာယာခတ္ေနတယ္။ လႈပ္ေတာင္မလႈပ္ရဲသလို ေသးေပါက္ဖို႔လည္းလိုေနၿပီ။
ဘာေၾကာင့္လဲ? ဘာလို႔ဆို ဒါက ေၾကာက္စရာအေကာင္းဆုံးအရာမဟုတ္ေသးတာကို သတိထားမိသြားလို႔ေလ။ ပိုၿပီးေၾကာက္စရာေကာင္းတာက ဒီေခါင္းတလားႀကီးက လူတစ္ေယာက္စာအတြက္ပဲမဟုတ္ဘူး... ေသာက္ရမ္းကို ႏွစ္ေယာက္အိပ္ကုတင္အ႐ြယ္အစားႀကီး!
ဝမ္ေရွာင္းမ်ယ္မ်က္လုံးကို အတင္းပိတ္ထားမိတယ္။ တကယ္ေတာ့ သူႏိုးတာ နည္းနည္းၾကာၿပီ။ သူႏိုးလာခ်ိန္မွာ သူက သူမဟုတ္ေတာ့ဘဲ ေရွးေခတ္အနီေရာင္မဂၤလာေဆာင္ဝတ္႐ုံႀကီးဝတ္ထားတဲ့ တစ္စုံတစ္ေယာက္အျဖစ္ေျပာင္းလဲေနၿပီ၊ ၿပီးေတာ့လည္း အဲ့တစ္စုံတစ္ေယာက္က ေသၿပီးသားႀကီး...
သူ႔ေဘးနားမွာက်ေတာ့ အနီေရာင္နဲ႔အနက္ေရာက္စပ္ထားတဲ့ဝတ္႐ုံကို ဝတ္ထားတဲ့လူတစ္ေယာက္လွဲေနတယ္။ သက္ရွိေခ်ာေမာလွပတဲ့ေယာက်ာ္းတစ္ေယာက္လို႔ထင္ရေပမယ့္ သူကလည္း ေသၿပီးသားႀကီး...
ဝမ္ေရွာင္းမ်ယ္ မ်က္ျဖဴလန္သြားၿပီး ေၾကာက္လြန္းလို႔ သတိလစ္သြားတယ္။
သူျပန္သတိရလာတဲ့အခါ သူ႔ေဘးနားက အစ္ကိုႀကီးက တကယ္ႀကီး လႈပ္..လႈပ္...လႈပ္ေနတာကို ဝမ္ေရွာင္းမ်ယ္သိလိုက္ရတယ္!!!
ခ်ီးပဲ...!!
ဝမ္ေရွာင္းမ်ယ္မ်က္လုံးဆက္မွိတ္ထားၿပီး ေဘးနားကလူကို လွမ္းေတာင္မၾကည့္ရဲဘူး။
'သူက ေခ်ာေနေတာ့ေရာ ဘာလုပ္ရမွာလဲ?! သူက ေခ်ာတယ္ဆိုရင္ေတာင္ ေသၿပီးသားႀကီးေလ! ေသစမ္း လႈပ္ေတာင္လႈပ္ေနလိုက္ေသးတယ္!'
'အို ေက်ာက္စိမ္းအရွင္... ေဂါတမျမတ္စြာဘုရား... မယ္ေတာ္မယ္ရီ...'
သူ႔ေခါင္းထဲမွာ ႐ုပ္ရွင္ကားေတြထဲက တာအိုဘုန္းေတာ္ႀကီးေတြနဲ႔ zombieေတြကို ဖ်တ္ခနဲျမင္ေယာင္သြားတယ္။ ဒီဖက္ထုပ္ေကာင္ႀကီးက သူ႔လည္ပင္းကို တစ္ခ်က္တည္းနဲ႔ ကိုက္ျဖတ္ပစ္မွာကို သူစိုးရိမ္မိတယ္။
ေနာက္ေတာ့ သူ႔ေဘးနားက အစ္ကိုႀကီးက ပိုေတာင္လူးလြန႔္လာၿပီး သူ႔လည္ပင္းေပၚမွာ ေအးစက္စက္အထိအေတြ႕တစ္ခု ရလိုက္တယ္။
အား အား အား _!
ရႈးမေပါက္ခ်မိေအာင္နဲ႔ မေအာ္မိေအာင္ႀကိဳးစားထိန္းခ်ဳပ္ေနရတယ္။ သူ႔လည္ပင္းမွာ ၾကက္သီးေတြထလာတာကိုေတာင္ ခံစားမိတယ္... အယ္? ေသၿပီးတဲ့လူေတြလည္း ၾကက္သီးထတတ္တယ္လား?
ဝမ္ေရွာင္းမ်ယ္မွာ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းခ်က္တစ္ခုရွိတယ္။ သူေၾကာက္႐ြံ႕ၿပီး စိတ္လႈပ္ရွားေလေလ သူ႔မ်က္ႏွာက ပိုၿပီးတည္ၿငိမ္လာေလပဲ။ ေၾကာက္႐ြံ႕တာေတြ ထိတ္လန႔္တာေတြ လြန္ကဲသြားၿပီဆိုရင္ေတာ့ အသည္းအသန္ရယ္ေမာတတ္တယ္။ သူငယ္ငယ္ေလးတုန္းက တျခားကေလးေတြနဲ႔အတူ ေဆးထိုးခံရဖူးတယ္။ တျခားကေလးေတြ ငိုေနတဲ့အခ်ိန္မွာ သူကေတာ့ ရယ္လို႔ေမာလို႔...
သူနာျပဳကဆိုရင္ ဒီကေလး ေဆးထိုးခံလိုက္ရလို႔ စိတ္မႏွံ႔ေတာ့တာလားလို႔ေတာင္ ထင္သြားတာ။
ဒီတိုင္းေျပာျပရမယ္ဆိုရင္ 'ေခြးအိုႀကီးတစ္ေကာင္လို မ်က္ႏွာထားက တည္ၿငိမ္ေနၿပီဆိုရင္ တကယ္ထိတ္လန႔္ေနၿပီလို႔ ေျပာလို႔ရတယ္'
သူ႔ရဲ႕သက္တမ္းတစ္ေလွ်ာက္ ေခြးအိုတစ္ေကာင္လို အေတြ႕အႀကဳံရွိခဲ့တဲ့သူပီပီ ဝမ္ေရွာင္းမ်ယ္ သူ႔လည္ပင္းေပၚက ယားက်ိက်ိျဖစ္ေနတာေတြကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ဒီတိုင္းဆက္ေနေနေတာ့တယ္။ ေအးစက္တဲ့အထိအေတြ႕ႀကီး မရွိေတာ့လို႔ ဝမ္းသာမလို႔ပဲရွိေသးတယ္...
ခပ္ေခ်ာေခ်ာဖက္ထုပ္ႀကီးက သူ႔အဝတ္ေတြကို ဆြဲခြၽတ္လာတယ္...
အမ္... သူ႔အဝတ္ေတြကို ဆြဲခြၽတ္တာ...
ေတေလဂ်ပိုး ငနာေကာင္ႀကီး!
ေရခဲတမွ်ေအးစက္ေနတဲ့လက္သည္းေတြက သူ႔ခႏၶာကိုယ္တစ္ေလွ်ာက္ ပြတ္သပ္ေနတယ္။ ဒီသခင္ေလးကိုယ္တိုင္ မင္းကို ဒူးနဲ႔မတိုက္ႏိုင္ဘူးဆိုရင္ သခင္ေလးက ကိုယ့္မ်ိဳး႐ိုးနာမည္ကိုယ္ ေျပာင္းျပန္ေရးပစ္လိုက္မယ္!
... ဘယ္လိုပဲျဖစ္ေနေန ေျပာင္းျပန္ေရးလည္း ဒီအတိုင္းျဖစ္ေနမယ့္အတူတူ [T/N : မ်ိဳး႐ိုးနာမည္က 王 ဆိုေတာ့ ေျပာင္းျပန္ေရးလည္း ဒီစာလုံးပါပဲ]
ဝမ္ေရွာင္းမ်ယ္ သူ႔ရဲ႕ၿပီးျပည့္စုံတဲ့ ကိုယ္က်င့္သိကၡာေတြအတြက္ သတၱိေတြစုၿပီး တိုက္ခိုက္ေတာ့မယ့္အခ်ိန္မွာ ေရွးေဟာင္းပုံစံ cosplayလုပ္ထားတဲ့ ခပ္ေခ်ာေခ်ာဖက္ထုပ္ႀကီးက သူ႔ကို အသာဖက္ၿပီး သက္ျပင္းခ်တယ္။ သူ႔ႏွဖူးေပၚကေန ေအးစက္စက္အသံတစ္ခု ထြက္ေပၚလာတယ္။
"မ်န္တ်န္း ေနာက္ထပ္ေသမ်ိဳးေန႔ေတာင္ေရာက္ေနၿပီ၊ ဘယ္ေတာ့မွ ႏိုးမွာလဲ?"
ဖက္ထုပ္ႀကီးက စကားေတာင္ေျပာတတ္ေနပါတယ္လို႔။ ဝမ္ေရွာင္းမ်ယ္ တိတ္တိတ္ေလးေတြးၾကည့္တယ္ မ်န္တ်န္းက ဘယ္သူတုန္း? ဒီခႏၶာကိုယ္ရဲ႕မူလပိုင္ရွင္မ်ားလား? ၾကည့္ရတာ ဒီခႏၶာကိုယ္ကို ေကာင္းေကာင္းထိန္းသိမ္းေပးထားရတာပဲရွိတယ္ ျပန္မရွင္လာတာျဖစ္ႏိုင္တယ္။
သူဒါကိုေတြးေနတုန္း ေအးစက္စက္ေလထုက သူ႔ႏႈတ္ခမ္းနားကပ္လာၿပီး ေရွးေဟာင္းသစ္ေမႊးပင္လိုအနံ႔မ်ိဳး ရလိုက္တယ္။ အဲ့ေနာက္ ဖြဖြေလးလာနမ္းတာကို ခံစားလိုက္ရတယ္။
အိုး ခ်ီးပဲ! ငါ့ရဲ႕ ပထမဆုံးအနမ္းေလး!
အတြင္းထဲမွာ ဝမ္ေရွာင္းမ်ယ္ရဲ႕မ်က္ရည္ေတြက ျမစ္ေခ်ာင္းတစ္ခုလို တသြင္သြင္စီးက်ေနၿပီ။ ယုံခ်င္စရာေတာင္မရွိဘူး၊ သူ႔ရဲ႕ပထမဆုံးအနမ္းကို သူစိမ္းဖက္ထုပ္ေကာင္တစ္ေကာင္က ယူသြားတယ။ 'သူက ၾကည့္ေကာင္းတယ္ဆိုရင္ေတာင္ ဖက္ထုပ္ေကာင္ျဖစ္ေနတုန္းပဲ!'
Huu Huu ငါ့ရဲ႕အနာဂတ္မွာရလာမယ့္ ခ်စ္သူေကာင္ေလးအတြက္ ထိန္းသိမ္းထားခ်င္ခဲ့တဲ့ ငါ့ရဲ႕ပထမဆုံးအနမ္းေလး...
သူဝမ္းနည္းေနတယ္ဆိုေပမယ့္ အသက္ဆက္ရွင္ေနႏိုင္ဖို႔ကလြဲၿပီး ဘာမွပိုအေရးမႀကီးဘူး။
ဝမ္ေရွာင္းမ်ယ္အေမွာင္ထဲမွာ မ်က္လုံးကိုမွိတ္ထားၿပီး သိသြားေအာင္ဘာမွမလုပ္ရဲဘူး။ ႏွစ္လိုဖြယ္ေကာင္းတဲ့အနမ္းက သူ႔ႏႈတ္ခမ္းကဖယ္ခြာသြားခ်ိန္မွာ အကာအကြယ္ေပးခံရသလို တန္ဖိုးထားခံရသလို ခံစားခ်က္ေလး က်န္ေနရစ္ခဲ့တယ္။ သူမေနႏိုင္မထိုင္ႏိုင္ နည္းနည္းေတာင္ရွက္သြားတယ္။ သူကငယ္တုန္း႐ြယ္တုန္းပဲရွိေသးတာေၾကာင့္ ဒီလိုအခိုက္အတန႔္မ်ိဳးႀကဳံရရင္ စိတ္လႈပ္ရွားတာကို ထိန္းခ်ဳပ္ဖို႔က အရမ္းခက္ခဲတယ္။
ၿပီးေတာ့ ဝမ္ေရွာင္းမ်ယ္က အနမ္းကိုလက္ခံဖို႔ စိတ္တင္းထားရတာ။ ဒီခပ္ေခ်ာေခ်ာzombieႀကီးရဲ႕ေအးစက္စက္ပါးစပ္က အေလာင္းေကာင္လိုမ်ိဳး အနံ႔မထြက္လာတာပဲ ဝမ္းသာေနၿပီ။ ႐ုပ္ရွင္ကားေတြထဲက ငနာေကာင္ေတြလိုသာဆိုလို႔ကေတာ့ သူ႔ကိုလာနမ္းတဲ့လူရဲ႕မ်က္ႏွာတည့္တည့္ကို အန္ထုတ္မိလိမ့္မယ္။
ဒီအနမ္းက နာရီဝက္ေလာက္ေတာင္ ၾကာတယ္။ သူသာအခုခ်ိန္မွာ အေလာင္းေကာင္ႀကီးမဟုတ္ဘူးဆိုရင္ ဖုတ္လိုက္ဖုတ္လိုက္ျဖစ္ေနေတာ့မွာ။ သခ်ႋဳင္းပိုင္ရွင္ရယ္၊ သူ႔ကိုယ္ေပၚက မဂၤလာေဆာင္ဝတ္႐ုံေတြရယ္နဲ႔ ဒီလိုနီးကပ္လြန္းတဲ့အျပဳအမူေတြရယ္ကို ေတြးၾကည့္ရင္း...
ဒီႏွစ္ေယာက္က ေရွးေခတ္ကေယာက်ာ္းခ်င္းႀကိဳက္တဲ့သူေတြျဖစ္ႏိုင္တယ္!
ငါက ေခတ္သစ္ယဥ္ေက်းမႈထြန္းကားတဲ့ အမိႏိုင္ငံေတာ္ႀကီးမွာ ေနထိုင္တဲ့လူတစ္ေယာက္ပါ ဒါေတာင္ ငါကတစ္ကိုယ္တည္းသမားျဖစ္ေနတဲ့ဟာကို ဒီေရွးေခတ္အေလာင္းေကာင္းေတြက်ေတာ့ ခ်စ္သူေတြေတာင္ရွိေနလိုက္ေသးတယ္။
*သက္ျပင္းခ်*
ခဏၾကာေတာ့ ဝမ္ေရွာင္းမ်ယ္လည္း အနမ္းမွာတျဖည္းျဖည္း ေပ်ာ္ဝင္လာတယ္။ သူ႔ရဲ႕လွ်ာကို မလႈပ္ရဲဘဲ ပါးစပ္ဟလ်က္သား အနမ္းကိုလက္ခံေန႐ုံပဲတတ္ႏိုင္တယ္။ ဒီခပ္ေခ်ာေခ်ာဖက္ထုပ္ႀကီးရဲ႕အျပဳအမူေတြက ဘယ္လိုေတာင္ ညႇာတာၿပီး ဂ႐ုတစိုက္ရွိေနလိုက္သလဲဆိုတာကို ေတြးေနတယ္။ သူနဲ႔ဒီခႏၶာကိုယ္က အရမ္းကိုခ်စ္ၾကတဲ့အတြဲေတြလို႔ သူခံစားမိတယ္။ မဟုတ္လို႔ရွိရင္ ေသၿပီးတာေတာင္ ဘယ္လိုလုပ္ၿပီး အတူျမႇဳပ္ၾကမွာလဲ။ zombieတစ္ေကာင္ျဖစ္ေနတာေတာင္ သူ႔ရဲ႕လက္တြဲေဖာက္ကို ေန႔တိုင္းနမ္းေနတယ္။ ၿပီးေတာ့ အနမ္းေတြကလည္း အရမ္းကိုမြန္းသိပ္လြန္းတယ္။
လူေကာင္းေလးကြာ၊ ေသၿပီးေနတာက ဆိုးတယ္...
အေတြးေတြ ေတာင္စဥ္ေရမရျဖစ္ေနတုန္း ဝမ္ေရွာင္းမိန္းသတိလက္လြတ္ တံေတြးၿမိဳခ်မိသြားတယ္...
ႏူးညံ့ၿပီး ခ်စ္စိတ္ျပင္းတဲ့အနမ္းက ႐ုတ္ျခည္းရပ္တန႔္သြားတယ္။
သူ႔ႏႈတ္ခမ္းေပၚက ေအးစက္စက္ႏႈတ္ခမ္းေတြ ဖယ္ခြာသြားေတာ့ ဝမ္ေရွာင္းမိန္ ေခြၽးေစးေတြျပန္လာတယ္။
အိုး ႏိုး ေသၿပီေလ...
ေလထုက ေလ်ာ့က်လာတယ္။
ဝမ္ေရွာင္းမ်ယ္ မ်က္လုံးကိုနည္းနည္းေမွးကာ ေခါင္းတလားထဲက ေတာက္ပေနတဲ့ညပုလဲရဲ႕အလင္းေရာင္အားကိုးနဲ႔ ခိုးၾကည့္လိုက္တယ္။ အနီေရာင္နဲ႔ အနက္ေရာင္ဝတ္႐ုံကို၀တ္ထားတဲ့ ခပ္ေခ်ာေခ်ာဖက္ထုပ္ႀကီးမွာ အနီေရာင္သရဖူနဲ႔ အနက္ေရာင္ဆံပင္ေတြရွိတာကို ေတြ႕လိုက္ရတယ္။ သူ႔ရဲ႕မ်က္ခုံးၾကားထဲမွာ အနီေရာင္အစက္ေလးရွိၿပီး ႏူးညံ့ၿပီးေထာင့္က်တဲ့မ်က္ႏွာရွိတယ္။ သူ႔ႏႈတ္ခမ္းေတြက ျပာႏွမ္းေနၿပီး မ်က္လုံးေတြကို ေမွးက်ဥ္းထားတယ္။ သူ႔ရဲ႕အနက္ေရာင္မ်က္ဆံႀကီးကေတြက သူ႔ကိုရႈပ္ေထြးၿပီး စိတ္လႈပ္ရွားေနသလိုမ်ိဳး ၾကည့္ေနတယ္။
ေသစမ္း!
ဝမ္ေရွာင္းမ်ယ္ ကိုယ့္ကိုယ္ကို လွည့္စားၿပီးမ်က္လုံးအျမန္ပိတ္လိုက္တယ္။ ခပ္ေခ်ာေခ်ာအစ္ကိုႀကီးက တစ္စုံတစ္ခုကိုဖိလိုက္ခ်ိန္မွာ ေခါင္းတလားထဲက စက္ပစၥည္းလႈပ္ရွားသံတစ္ခု ထြက္ေပၚလာတယ္။
အဲ့ေနာက္မွာ ေခါင္းတလားရဲ႕အဖုံးက ေျဖးေျဖးခ်င္းပြင့္ဟလာတယ္...
သူေဌးရာ ခင္ဗ်ားအိမ္ကေခါင္းတလားကေတာင္မွ အလိုအေလ်ာက္စနစ္နဲ႔ပါလား...
စူးရွတဲ့အလင္းေတြ တိုးဝင္လာတယ္။ ဝမ္ေရွာင္းမ်ယ္မ်က္လုံးကို အသာဖြင့္လိုက္တယ္။ သူစိုးရိမ္ေနတာေတြကိုေမ့ၿပီး ငုတ္တုတ္ထထိုင္ကာ ေခါင္းတလားရဲ႕အျပင္ဘက္ကို ၾကည့္လိုက္တယ္။
သူ႔ပတ္လည္က ေတာင္တစ္ခုရဲ႕ခ်ိဳင့္လိုမ်ိဳး စက္ဝိုင္းပုံအႀကီးႀကီးျဖစ္ေနတယ္။ အိုလံပစ္အားကစားကြင္းႀကီးလိုမ်ိဳး မေတာ္မတရားကိုႀကီးတာ။ ဒီေနရာက်ယ္ႀကီးက အလွဆင္ထားတဲ့အေဆာက္အအုံေတြ နန္းေဆာင္ေတြနဲ႔ ေဘးခ်င္းကပ္ရွိေနတယ္။
ျမင္ကြင္းေကာင္းတဲ့ေတာင္ေစာင္းေတြမွာ ဘုရားေက်ာင္းေလးေတြ ေဆာက္ထားသလိုပဲ အထက္ကေန ေအာက္ကိုလွမ္းၾကည့္လို႔လည္းရတယ္။ ေျပာရမယ္ဆိုရင္...
ဒီေနရာက်ယ္ႀကီးက ႀကီးမားတဲ့ေက်ာက္တိုင္ႀကီးတစ္ခုရဲ႕အလယ္ဗဟိုတည့္တည့္မွာရွိေနၿပီး မႈိႀကီးတစ္ခုနဲ႔ေတာင္တူတယ္။
ၿပီးေတာ့ ေက်ာက္တိုင္ႀကီးရဲ႕ထိပ္ဆုံးမွာ ပင္စည္ေတြအမ်ားႀကီးနဲ႔ လူခုနစ္ေယာက္ေလာက္ လက္ခ်င္းခ်ိတ္ေတာ့မွ အျပည့္ဖက္လို႔ရႏိုင္မယ့္ ေရွးေဟာင္းသစ္ပင္ႀကီးတစ္ခုလည္းရွိတယ္။
ဝမ္ေရွာင္းမ်ယ္ကို အံ့ဩေစတာက သစ္ပင္အိုႀကီးက ႀကီးမား႐ုံတင္မကဘူး ပန္းေရာင္မက္မြန္ပန္းေတြ ပြင့္ဖူးေနတာေၾကာင့္ျဖစ္တယ္။ ပန္းပြင့္ေတြခ်ည္းပဲ အ႐ြက္တစ္ခုေတာင္မရွိဘူး။
ပန္းေတြက ဘယ္ေလာက္ေတာင္ပြင့္မွာလဲ? သစ္ပင္ႀကီးေပၚမွာ မီးေတြေလာင္ကြၽမ္းေနသလို အျပည့္ပြင့္ေနလိုက္တာမ်ားကြာ...
သစ္ပင္ႀကီးဆီကေန ျဖာက်တဲ့အလင္းေရာင္က အံ့ဩစရာေကာင္းတဲ့ခံစားခ်က္ကို ေပးစြမ္းေနတယ္။
ၿပီးေတာ့ သူတို႔ရဲ႕ေခါင္းတလားႀကီးက ပန္းေတြဖူးပြင့္ေနတဲ့သစ္ပင္ႀကီးေအာက္မွာရွိတာ။
ဝမ္ေရွာင္းမ်ယ္ ေန႔ဝက္ေလာက္တအံ့တဩျဖစ္ၿပီးေတာ့မွ အသိစိတ္ျပန္ကပ္လာတယ္။
ၿပီးေတာ့ သူေနာက္ကို လွည့္ၾကည့္လိုက္တဲ့အခါ...
မီးေတာက္လိုပြင့္ဖူးေနတဲ့သစ္ပင္ႀကီးထက္ေတာင္ ပိုၿပီးေတာက္ပစြာ ဖက္ထုပ္အစ္ကိုႀကီးက သူ႔ကိုၿပဳံးျပေနတယ္။
"..."
ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ အသံတိတ္ အေတာ္ၾကာစိုက္ၾကည့္ေနၾကတယ္။
"Zo... zombie အား!"
ဝမ္ေရွာင္းမ်ယ္ တုန္လႈပ္ေျခာက္ျခားစြာေအာ္ၿပီးေနာက္ မ်က္ျဖဴစိုက္သြားတယ္။
ဒုတ္! ဝမ္ေရွာင္းမ်ယ္ ေနာက္တစ္ႀကိမ္ သတိလစ္သြားျပန္တယ္။
_____
English Translator Note:
1. ဒီnovelထဲမှာ ပြောထားတဲ့ zombieဆိုတာ တရုတ်သရဲ (僵尸- ခုန်ဆွခုန်ဆွ သရဲ)တွေကို ပြောချင်တာဖြစ်ပါတယ်။ အသက်ပြန်ဝင်လာတဲ့ အလောင်းကောင်တွေကို ပြောချင်တာပေါ့။ Vampireတွေနဲ့ Zombieတွေလည်း အနည်းနဲ့အများတော့ ရောနေနိုင်ပါတယ်။ သူတို့တွေက Zombieတွေလို ဦးနှောက်က သေဆုံးနေပြီဆိုပေမယ့် Vampireတွေလို သွေးကို ကြိုက်ကြပါတယ်။
2. စာရေးသူက MCတွေကို ရံဖန်ရံခါ 粽子 (ဖက်ထုပ်)တွေလို့လည်း ခေါ်တတ်ပါတယ်။ သူတို့တွေကို ဖက်ထုပ်တွေကို တာရှည်ခံအောင်လုပ်သလိုမျိုး အထပ်ထပ်ပတ်ထားတာဆိုတော့ ဒီလိုနာမည်ပြောင်လေးပေးထားလိုက်တာပါတဲ့။
{Unicode}
အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ဝမ်ရှောင်းမျယ်။
ကျွန်တော်က အခုခေါင်းတလားကြီးထဲမှာ အိပ်ပျော်နေခဲ့တာ၊ အနီရောင်မင်္ဂလာဆောင်ဝတ်ရုံကြီးဝတ်ထားပြီး နှစ်တစ်ထောင်လောက်သေနေခဲ့တဲ့ဖက်ထုပ်ကောင်(zombie)ကြီးအဖြစ် ဘ၀ကူးပြောင်းလာတယ်။ ကျွန်တော်အခု အရမ်းကိုပြာယာခတ်နေတယ်။ လှုပ်တောင်မလှုပ်ရဲသလို သေးပေါက်ဖို့လည်းလိုနေပြီ။
ဘာကြောင့်လဲ? ဘာလို့ဆို ဒါက ကြောက်စရာအကောင်းဆုံးအရာမဟုတ်သေးတာကို သတိထားမိသွားလို့လေ။ ပိုပြီးကြောက်စရာကောင်းတာက ဒီခေါင်းတလားကြီးက လူတစ်ယောက်စာအတွက်ပဲမဟုတ်ဘူး... သောက်ရမ်းကို နှစ်ယောက်အိပ်ကုတင်အရွယ်အစားကြီး!
ဝမ်ရှောင်းမျယ်မျက်လုံးကို အတင်းပိတ်ထားမိတယ်။ တကယ်တော့ သူနိုးတာ နည်းနည်းကြာပြီ။ သူနိုးလာချိန်မှာ သူက သူမဟုတ်တော့ဘဲ ရှေးခေတ်အနီရောင်မင်္ဂလာဆောင်ဝတ်ရုံကြီးဝတ်ထားတဲ့ တစ်စုံတစ်ယောက်အဖြစ်ပြောင်းလဲနေပြီ၊ ပြီးတော့လည်း အဲ့တစ်စုံတစ်ယောက်က သေပြီးသားကြီး...
သူ့ဘေးနားမှာကျတော့ အနီရောင်နဲ့အနက်ရောက်စပ်ထားတဲ့ဝတ်ရုံကို ဝတ်ထားတဲ့လူတစ်ယောက်လှဲနေတယ်။ သက်ရှိချောမောလှပတဲ့ယောကျာ်းတစ်ယောက်လို့ထင်ရပေမယ့် သူကလည်း သေပြီးသားကြီး...
ဝမ်ရှောင်းမျယ် မျက်ဖြူလန်သွားပြီး ကြောက်လွန်းလို့ သတိလစ်သွားတယ်။
သူပြန်သတိရလာတဲ့အခါ သူ့ဘေးနားက အစ်ကိုကြီးက တကယ်ကြီး လှုပ်..လှုပ်...လှုပ်နေတာကို ဝမ်ရှောင်းမျယ်သိလိုက်ရတယ်!!!
ချီးပဲ...!!
ဝမ်ရှောင်းမျယ်မျက်လုံးဆက်မှိတ်ထားပြီး ဘေးနားကလူကို လှမ်းတောင်မကြည့်ရဲဘူး။
'သူက ချောနေတော့ရော ဘာလုပ်ရမှာလဲ?! သူက ချောတယ်ဆိုရင်တောင် သေပြီးသားကြီးလေ! သေစမ်း လှုပ်တောင်လှုပ်နေလိုက်သေးတယ်!'
'အို ကျောက်စိမ်းအရှင်... ဂေါတမမြတ်စွာဘုရား... မယ်တော်မယ်ရီ...'
သူ့ခေါင်းထဲမှာ ရုပ်ရှင်ကားတွေထဲက တာအိုဘုန်းတော်ကြီးတွေနဲ့ zombieတွေကို ဖျတ်ခနဲမြင်ယောင်သွားတယ်။ ဒီဖက်ထုပ်ကောင်ကြီးက သူ့လည်ပင်းကို တစ်ချက်တည်းနဲ့ ကိုက်ဖြတ်ပစ်မှာကို သူစိုးရိမ်မိတယ်။
နောက်တော့ သူ့ဘေးနားက အစ်ကိုကြီးက ပိုတောင်လူးလွန့်လာပြီး သူ့လည်ပင်းပေါ်မှာ အေးစက်စက်အထိအတွေ့တစ်ခု ရလိုက်တယ်။
အား အား အား _!
ရှုးမပေါက်ချမိအောင်နဲ့ မအော်မိအောင်ကြိုးစားထိန်းချုပ်နေရတယ်။ သူ့လည်ပင်းမှာ ကြက်သီးတွေထလာတာကိုတောင် ခံစားမိတယ်... အယ်? သေပြီးတဲ့လူတွေလည်း ကြက်သီးထတတ်တယ်လား?
ဝမ်ရှောင်းမျယ်မှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်တစ်ခုရှိတယ်။ သူကြောက်ရွံ့ပြီး စိတ်လှုပ်ရှားလေလေ သူ့မျက်နှာက ပိုပြီးတည်ငြိမ်လာလေပဲ။ ကြောက်ရွံ့တာတွေ ထိတ်လန့်တာတွေ လွန်ကဲသွားပြီဆိုရင်တော့ အသည်းအသန်ရယ်မောတတ်တယ်။ သူငယ်ငယ်လေးတုန်းက တခြားကလေးတွေနဲ့အတူ ဆေးထိုးခံရဖူးတယ်။ တခြားကလေးတွေ ငိုနေတဲ့အချိန်မှာ သူကတော့ ရယ်လို့မောလို့...
သူနာပြုကဆိုရင် ဒီကလေး ဆေးထိုးခံလိုက်ရလို့ စိတ်မနှံ့တော့တာလားလို့တောင် ထင်သွားတာ။
ဒီတိုင်းပြောပြရမယ်ဆိုရင် 'ခွေးအိုကြီးတစ်ကောင်လို မျက်နှာထားက တည်ငြိမ်နေပြီဆိုရင် တကယ်ထိတ်လန့်နေပြီလို့ ပြောလို့ရတယ်'
သူ့ရဲ့သက်တမ်းတစ်လျှောက် ခွေးအိုတစ်ကောင်လို အတွေ့အကြုံရှိခဲ့တဲ့သူပီပီ ဝမ်ရှောင်းမျယ် သူ့လည်ပင်းပေါ်က ယားကျိကျိဖြစ်နေတာတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒီတိုင်းဆက်နေနေတော့တယ်။ အေးစက်တဲ့အထိအတွေ့ကြီး မရှိတော့လို့ ဝမ်းသာမလို့ပဲရှိသေးတယ်...
ခပ်ချောချောဖက်ထုပ်ကြီးက သူ့အဝတ်တွေကို ဆွဲချွတ်လာတယ်...
အမ်... သူ့အဝတ်တွေကို ဆွဲချွတ်တာ...
တေလေဂျပိုး ငနာကောင်ကြီး!
ရေခဲတမျှအေးစက်နေတဲ့လက်သည်းတွေက သူ့ခန္ဓာကိုယ်တစ်လျှောက် ပွတ်သပ်နေတယ်။ ဒီသခင်လေးကိုယ်တိုင် မင်းကို ဒူးနဲ့မတိုက်နိုင်ဘူးဆိုရင် သခင်လေးက ကိုယ့်မျိုးရိုးနာမည်ကိုယ် ပြောင်းပြန်ရေးပစ်လိုက်မယ်!
... ဘယ်လိုပဲဖြစ်နေနေ ပြောင်းပြန်ရေးလည်း ဒီအတိုင်းဖြစ်နေမယ့်အတူတူ [T/N : မျိုးရိုးနာမည်က 王 ဆိုတော့ ပြောင်းပြန်ရေးလည်း ဒီစာလုံးပါပဲ]
ဝမ်ရှောင်းမျယ် သူ့ရဲ့ပြီးပြည့်စုံတဲ့ ကိုယ်ကျင့်သိက္ခာတွေအတွက် သတ္တိတွေစုပြီး တိုက်ခိုက်တော့မယ့်အချိန်မှာ ရှေးဟောင်းပုံစံ cosplayလုပ်ထားတဲ့ ခပ်ချောချောဖက်ထုပ်ကြီးက သူ့ကို အသာဖက်ပြီး သက်ပြင်းချတယ်။ သူ့နှဖူးပေါ်ကနေ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာတယ်။
"မျန်တျန်း နောက်ထပ်သေမျိုးနေ့တောင်ရောက်နေပြီ၊ ဘယ်တော့မှ နိုးမှာလဲ?"
ဖက်ထုပ်ကြီးက စကားတောင်ပြောတတ်နေပါတယ်လို့။ ဝမ်ရှောင်းမျယ် တိတ်တိတ်လေးတွေးကြည့်တယ် မျန်တျန်းက ဘယ်သူတုန်း? ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်များလား? ကြည့်ရတာ ဒီခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းသိမ်းပေးထားရတာပဲရှိတယ် ပြန်မရှင်လာတာဖြစ်နိုင်တယ်။
သူဒါကိုတွေးနေတုန်း အေးစက်စက်လေထုက သူ့နှုတ်ခမ်းနားကပ်လာပြီး ရှေးဟောင်းသစ်မွှေးပင်လိုအနံ့မျိုး ရလိုက်တယ်။ အဲ့နောက် ဖွဖွလေးလာနမ်းတာကို ခံစားလိုက်ရတယ်။
အိုး ချီးပဲ! ငါ့ရဲ့ ပထမဆုံးအနမ်းလေး!
အတွင်းထဲမှာ ဝမ်ရှောင်းမျယ်ရဲ့မျက်ရည်တွေက မြစ်ချောင်းတစ်ခုလို တသွင်သွင်စီးကျနေပြီ။ ယုံချင်စရာတောင်မရှိဘူး၊ သူ့ရဲ့ပထမဆုံးအနမ်းကို သူစိမ်းဖက်ထုပ်ကောင်တစ်ကောင်က ယူသွားတယ။ 'သူက ကြည့်ကောင်းတယ်ဆိုရင်တောင် ဖက်ထုပ်ကောင်ဖြစ်နေတုန်းပဲ!'
Huu Huu ငါ့ရဲ့အနာဂတ်မှာရလာမယ့် ချစ်သူကောင်လေးအတွက် ထိန်းသိမ်းထားချင်ခဲ့တဲ့ ငါ့ရဲ့ပထမဆုံးအနမ်းလေး...
သူဝမ်းနည်းနေတယ်ဆိုပေမယ့် အသက်ဆက်ရှင်နေနိုင်ဖို့ကလွဲပြီး ဘာမှပိုအရေးမကြီးဘူး။
ဝမ်ရှောင်းမျယ်အမှောင်ထဲမှာ မျက်လုံးကိုမှိတ်ထားပြီး သိသွားအောင်ဘာမှမလုပ်ရဲဘူး။ နှစ်လိုဖွယ်ကောင်းတဲ့အနမ်းက သူ့နှုတ်ခမ်းကဖယ်ခွာသွားချိန်မှာ အကာအကွယ်ပေးခံရသလို တန်ဖိုးထားခံရသလို ခံစားချက်လေး ကျန်နေရစ်ခဲ့တယ်။ သူမနေနိုင်မထိုင်နိုင် နည်းနည်းတောင်ရှက်သွားတယ်။ သူကငယ်တုန်းရွယ်တုန်းပဲရှိသေးတာကြောင့် ဒီလိုအခိုက်အတန့်မျိုးကြုံရရင် စိတ်လှုပ်ရှားတာကို ထိန်းချုပ်ဖို့က အရမ်းခက်ခဲတယ်။
ပြီးတော့ ဝမ်ရှောင်းမျယ်က အနမ်းကိုလက်ခံဖို့ စိတ်တင်းထားရတာ။ ဒီခပ်ချောချောzombieကြီးရဲ့အေးစက်စက်ပါးစပ်က အလောင်းကောင်လိုမျိုး အနံ့မထွက်လာတာပဲ ဝမ်းသာနေပြီ။ ရုပ်ရှင်ကားတွေထဲက ငနာကောင်တွေလိုသာဆိုလို့ကတော့ သူ့ကိုလာနမ်းတဲ့လူရဲ့မျက်နှာတည့်တည့်ကို အန်ထုတ်မိလိမ့်မယ်။
ဒီအနမ်းက နာရီဝက်လောက်တောင် ကြာတယ်။ သူသာအခုချိန်မှာ အလောင်းကောင်ကြီးမဟုတ်ဘူးဆိုရင် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတော့မှာ။ သင်္ချိုင်းပိုင်ရှင်ရယ်၊ သူ့ကိုယ်ပေါ်က မင်္ဂလာဆောင်ဝတ်ရုံတွေရယ်နဲ့ ဒီလိုနီးကပ်လွန်းတဲ့အပြုအမူတွေရယ်ကို တွေးကြည့်ရင်း...
ဒီနှစ်ယောက်က ရှေးခေတ်ကယောကျာ်းချင်းကြိုက်တဲ့သူတွေဖြစ်နိုင်တယ်!
ငါက ခေတ်သစ်ယဉ်ကျေးမှုထွန်းကားတဲ့ အမိနိုင်ငံတော်ကြီးမှာ နေထိုင်တဲ့လူတစ်ယောက်ပါ ဒါတောင် ငါကတစ်ကိုယ်တည်းသမားဖြစ်နေတဲ့ဟာကို ဒီရှေးခေတ်အလောင်းကောင်းတွေကျတော့ ချစ်သူတွေတောင်ရှိနေလိုက်သေးတယ်။
*သက်ပြင်းချ*
ခဏကြာတော့ ဝမ်ရှောင်းမျယ်လည်း အနမ်းမှာတဖြည်းဖြည်း ပျော်ဝင်လာတယ်။ သူ့ရဲ့လျှာကို မလှုပ်ရဲဘဲ ပါးစပ်ဟလျက်သား အနမ်းကိုလက်ခံနေရုံပဲတတ်နိုင်တယ်။ ဒီခပ်ချောချောဖက်ထုပ်ကြီးရဲ့အပြုအမူတွေက ဘယ်လိုတောင် ညှာတာပြီး ဂရုတစိုက်ရှိနေလိုက်သလဲဆိုတာကို တွေးနေတယ်။ သူနဲ့ဒီခန္ဓာကိုယ်က အရမ်းကိုချစ်ကြတဲ့အတွဲတွေလို့ သူခံစားမိတယ်။ မဟုတ်လို့ရှိရင် သေပြီးတာတောင် ဘယ်လိုလုပ်ပြီး အတူမြှုပ်ကြမှာလဲ။ zombieတစ်ကောင်ဖြစ်နေတာတောင် သူ့ရဲ့လက်တွဲဖောက်ကို နေ့တိုင်းနမ်းနေတယ်။ ပြီးတော့ အနမ်းတွေကလည်း အရမ်းကိုမွန်းသိပ်လွန်းတယ်။
လူကောင်းလေးကွာ၊ သေပြီးနေတာက ဆိုးတယ်...
အတွေးတွေ တောင်စဉ်ရေမရဖြစ်နေတုန်း ဝမ်ရှောင်းမိန်းသတိလက်လွတ် တံတွေးမြိုချမိသွားတယ်...
နူးညံ့ပြီး ချစ်စိတ်ပြင်းတဲ့အနမ်းက ရုတ်ခြည်းရပ်တန့်သွားတယ်။
သူ့နှုတ်ခမ်းပေါ်က အေးစက်စက်နှုတ်ခမ်းတွေ ဖယ်ခွာသွားတော့ ဝမ်ရှောင်းမိန် ချွေးစေးတွေပြန်လာတယ်။
အိုး နိုး သေပြီလေ...
လေထုက လျော့ကျလာတယ်။
ဝမ်ရှောင်းမျယ် မျက်လုံးကိုနည်းနည်းမှေးကာ ခေါင်းတလားထဲက တောက်ပနေတဲ့ညပုလဲရဲ့အလင်းရောင်အားကိုးနဲ့ ခိုးကြည့်လိုက်တယ်။ အနီရောင်နဲ့ အနက်ရောင်ဝတ်ရုံကို၀တ်ထားတဲ့ ခပ်ချောချောဖက်ထုပ်ကြီးမှာ အနီရောင်သရဖူနဲ့ အနက်ရောင်ဆံပင်တွေရှိတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့မျက်ခုံးကြားထဲမှာ အနီရောင်အစက်လေးရှိပြီး နူးညံ့ပြီးထောင့်ကျတဲ့မျက်နှာရှိတယ်။ သူ့နှုတ်ခမ်းတွေက ပြာနှမ်းနေပြီး မျက်လုံးတွေကို မှေးကျဉ်းထားတယ်။ သူ့ရဲ့အနက်ရောင်မျက်ဆံကြီးကတွေက သူ့ကိုရှုပ်ထွေးပြီး စိတ်လှုပ်ရှားနေသလိုမျိုး ကြည့်နေတယ်။
သေစမ်း!
ဝမ်ရှောင်းမျယ် ကိုယ့်ကိုယ်ကို လှည့်စားပြီးမျက်လုံးအမြန်ပိတ်လိုက်တယ်။ ခပ်ချောချောအစ်ကိုကြီးက တစ်စုံတစ်ခုကိုဖိလိုက်ချိန်မှာ ခေါင်းတလားထဲက စက်ပစ္စည်းလှုပ်ရှားသံတစ်ခု ထွက်ပေါ်လာတယ်။
အဲ့နောက်မှာ ခေါင်းတလားရဲ့အဖုံးက ဖြေးဖြေးချင်းပွင့်ဟလာတယ်...
သူဌေးရာ ခင်ဗျားအိမ်ကခေါင်းတလားကတောင်မှ အလိုအလျောက်စနစ်နဲ့ပါလား...
စူးရှတဲ့အလင်းတွေ တိုးဝင်လာတယ်။ ဝမ်ရှောင်းမျယ်မျက်လုံးကို အသာဖွင့်လိုက်တယ်။ သူစိုးရိမ်နေတာတွေကိုမေ့ပြီး ငုတ်တုတ်ထထိုင်ကာ ခေါင်းတလားရဲ့အပြင်ဘက်ကို ကြည့်လိုက်တယ်။
သူ့ပတ်လည်က တောင်တစ်ခုရဲ့ချိုင့်လိုမျိုး စက်ဝိုင်းပုံအကြီးကြီးဖြစ်နေတယ်။ အိုလံပစ်အားကစားကွင်းကြီးလိုမျိုး မတော်မတရားကိုကြီးတာ။ ဒီနေရာကျယ်ကြီးက အလှဆင်ထားတဲ့အဆောက်အအုံတွေ နန်းဆောင်တွေနဲ့ ဘေးချင်းကပ်ရှိနေတယ်။
မြင်ကွင်းကောင်းတဲ့တောင်စောင်းတွေမှာ ဘုရားကျောင်းလေးတွေ ဆောက်ထားသလိုပဲ အထက်ကနေ အောက်ကိုလှမ်းကြည့်လို့လည်းရတယ်။ ပြောရမယ်ဆိုရင်...
ဒီနေရာကျယ်ကြီးက ကြီးမားတဲ့ကျောက်တိုင်ကြီးတစ်ခုရဲ့အလယ်ဗဟိုတည့်တည့်မှာရှိနေပြီး မှိုကြီးတစ်ခုနဲ့တောင်တူတယ်။
ပြီးတော့ ကျောက်တိုင်ကြီးရဲ့ထိပ်ဆုံးမှာ ပင်စည်တွေအများကြီးနဲ့ လူခုနစ်ယောက်လောက် လက်ချင်းချိတ်တော့မှ အပြည့်ဖက်လို့ရနိုင်မယ့် ရှေးဟောင်းသစ်ပင်ကြီးတစ်ခုလည်းရှိတယ်။
ဝမ်ရှောင်းမျယ်ကို အံ့ဩစေတာက သစ်ပင်အိုကြီးက ကြီးမားရုံတင်မကဘူး ပန်းရောင်မက်မွန်ပန်းတွေ ပွင့်ဖူးနေတာကြောင့်ဖြစ်တယ်။ ပန်းပွင့်တွေချည်းပဲ အရွက်တစ်ခုတောင်မရှိဘူး။
ပန်းတွေက ဘယ်လောက်တောင်ပွင့်မှာလဲ? သစ်ပင်ကြီးပေါ်မှာ မီးတွေလောင်ကျွမ်းနေသလို အပြည့်ပွင့်နေလိုက်တာများကွာ...
သစ်ပင်ကြီးဆီကနေ ဖြာကျတဲ့အလင်းရောင်က အံ့ဩစရာကောင်းတဲ့ခံစားချက်ကို ပေးစွမ်းနေတယ်။
ပြီးတော့ သူတို့ရဲ့ခေါင်းတလားကြီးက ပန်းတွေဖူးပွင့်နေတဲ့သစ်ပင်ကြီးအောက်မှာရှိတာ။
ဝမ်ရှောင်းမျယ် နေ့ဝက်လောက်တအံ့တဩဖြစ်ပြီးတော့မှ အသိစိတ်ပြန်ကပ်လာတယ်။
ပြီးတော့ သူနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ...
မီးတောက်လိုပွင့်ဖူးနေတဲ့သစ်ပင်ကြီးထက်တောင် ပိုပြီးတောက်ပစွာ ဖက်ထုပ်အစ်ကိုကြီးက သူ့ကိုပြုံးပြနေတယ်။
"..."
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အသံတိတ် အတော်ကြာစိုက်ကြည့်နေကြတယ်။
"Zo... zombie အား!"
ဝမ်ရှောင်းမျယ် တုန်လှုပ်ခြောက်ခြားစွာအော်ပြီးနောက် မျက်ဖြူစိုက်သွားတယ်။
ဒုတ်! ဝမ်ရှောင်းမျယ် နောက်တစ်ကြိမ် သတိလစ်သွားပြန်တယ်။
_____
Thanks 🌹