"အစ်ကို ကျွန်တော်နဲ့ဘောလုံးကစားတာကိုလိုက်ကြည့်ပေးပါလား "
အလက်ာ တစ်ယောက် အဏ္ဏဝါ့ကိုကပ်တိုးလေးပူဆာ နေလေ၏။ အဏ္ဏဝါက အရမ်းအသန့်ကြိုက်ပြီး သီးသီးသန့်သန့်နေတတ်တယ်။ ချွေးထွက်ရတဲ့ အားကစားဆို မကြိုက်တဲ့ အဏ္ဏဝါကြောင့် အလက်ာ ကဘောလုံးအတူတူကစားဖို့တောင်းဆိုချက်အစား ဘောလုံးကစားတာလိုက်ကြည့်ပေးဖို့တောင်းဆိုချက်လေးကိုပဲ အလိုက်တသိတောင်းရှာသည်။
"နော် အစ်ကို "
"ကဲ ကိုယ်တော်လေးရေ။ ငါညနေကျူရှင်မှာ စာမေးပွဲရှိတယ်ကွ ။ ငါစာလုပ်ရမယ်လေ "
"အစ်ကိုကအဲ့လိုပဲ အမြဲကျွန်တော့်ကိုဆို လျစ်လျူရှုနေတာ"
အလက်ာက စာရေးခုံပေါ် လက်လေးပိုက်လို့မှောက်ချပြီး အသံတိုးတိုးလေးနဲ့ညီးညူပြ တော့ အဏ္ဏဝါ ကအလကားနေရင်းလူဆိုးကြီးဖြစ်ရရှာပြီ။
"မင်းတို့က ဘယ်အတန်းနဲ့ကန်မှာလဲ "
အလက်ာခေါင်းလေးပြန်ထောင်လာပြီး သွားဖြူဖြူလေးတွေပေါ်တဲ့အထိပြုံးပြလျက်
"ကိုးတန်း နဲ့ "
"ကိုးတန်းလား။ ငါတို့အခန်းထဲကလား "
"မဟုတ်လောက်ဘူး။ အစ်ကိုတို့အခန်းကိုကြည့်အုံး။ စာကြမ်းပိုးတွေချည်းပဲ။ "
"ထားပါတော့။ "
"အစ်ကို လိုက်မယ်မလား။ လာသွားရအောင်။ ကျောင်းတက်ဖို့နာရီဝက်လိုသေးတယ်"
"ဟေ့ကောင် "
အဏ္ဏဝါ စကားလေးတောင်မဆုံးလိုက် အလက်ာလေးဟာ အဏ္ဏဝါ့လက်ကိုဆွဲလို့ ကျောင်းဘောလုံးကွင်းရှိရာဆွဲခေါ်သွားတော့၏။
"ဟေ့ကောင် မျိုးမြင့်ထွန်း ငါလူစားလဲမယ် "
"အေး! "
အလက်ာက သူ့သူငယ်ချင်းဖြစ်သူနဲ့လူစားလဲဖို့ပြင်သည်။ အဏ္ဏဝါ ကတော့ ဘောလုံးကွင်းဘေးက အရိပ်ကောင်းကောင်းရှိတဲ့ခရေပင်အောက်မှာ စီးထားတဲ့ကတ္တီပါဖိနပ်လေးခုလို့ထိုင်လိုက်သည်။
"အစ်ကို ကျွန်တော်ကစားတာကြည့် "
"အေး။ ချော်လဲအုံးမယ် "
"အစ်ကိုယူထားပေး "
အလက်ာက သူ့ကျောင်းစိမ်းပုဆိုးလေးကို ချွတ်လို့သေချာခေါက်ပြီး အဏ္ဏဝါ့ဆီအပ်ထားလေသည်။ အပေါ်ကကျောင်းစိမ်းအကျီလက်တို နှင့်အောက်က မန်ယူဘောလုံးအသင်းတံဆိပ်နှင့်ဘောင်းဘီအနီလေး။
13 နှစ်သားအလက်ာက ပုပုသေးသေးလေး။ ကိုးတန်းကျောင်းသားတွေနဲ့ယှဥ်ရင် ခေါင်းတစ်လုံးစာလောက်ပုသေး၏။ သူ့ထက်လူကောင်ကြီးတဲ့ကိုးတန်းကျောင်းသားတွေခြေထောက်ကြားက ဘောလုံးကို ဖြတ်ဖြတ်လုသွားတာများ ။ တစ်ချက် တစ်ချက် ဘောလုံးကန်ရင်း အဏ္ဏဝါ့ကိုလည်းခိုးကြည့်ရသေးသည်။ နေပူပူကွင်းပြင်ကြီးထဲ ပြေးလွှားလို့ အလက်ာ့ မျက်နှာပြင်လေးမှာချွေးတွေများသီးလို့။
တစ်ဖြည်းဖြည်းနဲ့ ကိုးတန်းကျောင်းသားတွေရဲ့ကစားပုံက ကြမ်းတမ်း လာတော့ အဏ္ဏဝါ စိုးရိမ်စပြုလာ၏။ အဏ္ဏဝါ အလက်ာရဲ့ ပုဆိုးကိုကိုင်လို့ မတ်တပ်လေးရပ်ကြည့်နေလိုက်သည်။ ထိုစဥ်
"အလက်ာ အနောက်မှာ! "
ဘောလုံးကို ဂိုးပေါက်ဆီဆွဲယူလာတဲ့ အလက်ာကို အနောက်က ကပ်ပါလာတဲ့ကိုးတန်းကျောင်းသားက လက်နှင့်ဆောင့်တွန်းလိုက်တော့ အလက်ာ့ကိုယ်လေးက နှစ်ပတ်၊ သုံးပတ်လောက်လွင့်စင်သွားခဲ့လေသည်။
"ဟာ! သွားပြီ ။ အလက်ာ! "
အဏ္ဏဝါ ကွင်းထောင့်မှာခွေခွေလေးလဲကျနေတဲ့အလက်ာ့ဆီ အပြေးသွားလိုက်၏။ နာလွန်းလို့ ရှုံ့မဲ့နေတဲ့အလက်ာကို အဏ္ဏဝါရင်ခွင်ထဲဆွဲသွင်းလိုက်တော့ အင့်ခနဲ အသံပြုရှာသည်။
"အလက်ာ ဘယ်နားကနာနေလဲ အစ်ကို့ကိုပြော"
"ဘာမှမဖြစ်ဘူးအစ်ကို "
"ဘာကိုဘာမှမဖြစ်တာလဲ ။ မင်းနေအုံး "
အဏ္ဏဝါ တစ်ယောက် အလက်ာ့ကို ငုတ်တုပ်ထိုင်ခိုင်းထားပြီး အလက်ာ့ကိုတွန်းလိုက်တဲ့တစ်ယောက်ဆီသွားကာ ရင်ဘတ်ကိုဆောင့်တွန်းလိုက်ချေ ၏။ ကျောင်းသားတွေက ရန်ဖြစ်တော့မယ့် အဏ္ဏဝါ နဲ့ထိုကျောင်းသားကိုဝိုင်းဆွဲကြဖို့ပြင်၏။ အလက်ာကတော့ အဏ္ဏဝါ ထားခဲ့တဲ့အတိုင်းကနေကပြာကယာထလို့ ရှူးရှူးရှဲရှဲဖြစ်နေသည့် အဏ္ဏဝါ့ကိုဆွဲဖို့ပြေးရသည်။
"ဟေ့ကောင် မင်းယောကျ်ားမဟုတ်ဘူးလား။ ကိုယ့်ထက်ငယ်တဲ့သူကို အနိုင်ကျင့်ရမယ်လို့မင်းမိဘတွေကသင်ပေးထားတာလား ။ "
အဏ္ဏဝါ ထိုသူ့ကိုတစ်ချက်ထပ်မံဆောင့်တွန်းလိုက်တော့ ထိုသူက မြေမြင်ပေါ်ငုတ်တုပ်ထိုင်လျက်ပြုတ်ကျ၏။ ထိုသူက အလက်ာထက်ခေါင်းတစ်လုံးမျှရှည်သော်လည်း အဏ္ဏဝါ နှင့်ယှဥ်ရင်တော့ ရွယ်တူမျှသာ။ အင်မတန်မှ အနေအေးပါသည့် အဏ္ဏဝါ ထိုမျှဒေါသထွက်နေသည်ကို မည်သူမျှမဖြင်ဖူးပါချေ။ ထိုသူသည်လည်း ဆောင့်တွန်းခံလိုက်ရသဖြင့်ဒေါသတကြီး ထလာပြီး အဏ္ဏဝါ့ကိုထိုးဖို့ပြင်သည်။ သို့သော် ဝိုင်းဆွဲထားကြသည့်ကျောင်းသားတွေကြောင့် ရှေ့မရောက်နိုင်ရှာ။
"မင်းကဘာကောင်မို့ဝင်ပြောနေတာလဲ! ဘောလုံးကစားနေတာကွ။ ဒီလောက်မှအထိအခိုက်မခံနိုင်ရင် မိန်းမတွေနဲ့ကြိုးသွားခုန်။ စောက်ခြောက်လိုလိုလာမလုပ်နဲ့ "
"မင်း ရှုံးမဲမဲပြီးကစားနေတာကျောင်းသားတိုင်းတွေ့တယ်။ မင်း အလက်ာ့ကိုတွန်းလိုက်တာလဲငါမြင်တယ်။ ဟေ့ကောင် ငါပြောမယ်။ ဘောလုံးကစားနေပြီး အားကစားစိတ်ဓာတ်မရှိရင် မင်းလည်း ထဘီဝတ်ပြီး အိုးပုတ်ချိုးရုပ်ထိုင်ဆော့နေ။ ငါလိုးထဲမှ။ မင်းဆောင့်တွန်းလိုက်တာ ငါ့ညီကွ! "
"အစ်ကို တော်ပါတော့ ။ " .
အလက်ာ လည်း အဏ္ဏဝါ ဤမျှလောက်ဒေါသကြီးမယ်မှန်းမထင်ထားမိ။ အဏ္ဏဝါ့ လက်ကိုသွားဆွဲပြီးတားရန်ပြင်တော့ အလက်ာ့ ကိုပါစူးစူးရဲရဲစိုက်ကြည့်လာလေသည်။
"မင်းလဲငြိမ်ခံမနေနဲ့ ။ စောက်ရေးမပါတဲ့ကောင်တွေဆိုဆွဲထိုးခဲ့ ။ ဘယ်လိုထိုးရမလဲ သင်ပေးရအုံးမလား "
ပြောနေရင်း ဆွဲထားသည့်ကြားမှ ထိုလူ့ဆီတစ်ဟုန်ထိုး ပြေးသွားဖို့ပြင်တော့ ဆွဲထားတဲ့လူတွေတောင်ဟက်ထိုးလဲကျတော့မလိုလို။ စိတ်တိုနေတဲ့ အဏ္ဏဝါ ရဲ့အားကိုအတော်လေးထိန်းလိုက်ရသည်။ မဟုတ်လျှင် တစ်ဖက်ကျောင်းသားမျက်နှာ ရစရာရှိတော့မည်မဟုတ်။
ထိုနောက် အလက်ာ၊ အဏ္ဏဝါ နှင့် ထိုကျောင်းသား သုံးယောက်လုံး ကျောင်းအုပ်ကြီးရုံးခန်းသို့ရောက်ခဲ့လေသည်။ သုံးယောက်လုံး ခံဝန်ကတိထိုးပြီး မှ အတန်းပြန်ခွင့်ရကြလေသည်။
အဏ္ဏဝါ ကျောင်းမှနေ့တစ်ဝက်ခွင့်ယူပြီး အလက်ာ့အိမ်ကို လိုက်ပို့ဖို့ပြင်သည်။ စက်ဘီးနောက်ထိုင်ခုံပေါ်ငြိမ်ငြိမ်လေးလိုက်လာသည့် အလက်ာက အဏ္ဏဝါ ရဲ့ကျောပြင်ကိုငေးကြည့်လို့ သက်ပြင်းချလေ၏။ သူ့ကြောင့်ပဲ ရုံးခန်းဆိုရင် စာမေးဖို့နဲ့ ဆုယူဖို့အတွက်ပဲသွားရသည့် ထိပ်တန်းကျောင်းသား အဏ္ဏဝါ ကခံဝန်ကတိထိုးခဲ့ရသည်တဲ့။
"သက်ပြင်းခိုးချမနေနဲ့။ မင်းအပြစ်မင်းသိ"
"အစ်ကို ကကျွန်တော်သက်ပြင်းခိုးချတာလဲသိတာပဲလား "
"မင်းနှာခေါင်းကလေတွေကိုငါ့ကျောပေါ်မှုတ်ထုတ်နေမှတော့ ငါမသိဘဲနေမလား"
"အော့် "
အလက်ာပြုံးစိစိလေးလုပ်လိုက်သည်။ အစ်ကို့ လေသံအရမ်းမမာတော့ဘူးဆိုတော့ စိတ်ဆိုးနည်းနည်းပြေလာပြီထင်ပါ့။
"အစ်ကို အရှေ့လမ်းဆိုဘယ်ချိုးလိုက် "
အလက်ာပြောတဲ့အတိုင်းချိုးလိုက်တော့ လမ်းကသိပ်မကောင်းလှသည်မို့ အဏ္ဏဝာစက်ဘီးကိုထိန်းပြီးဖြည်းဖြည်းချင်းနင်းလာလိုက်ရသည်။ သိပ်မနင်းလိုက်ရ။ သစ်သားပျဥ်ထောင်အိမ်လေးတစ်ခုရှေ့အရောက်ရပ်လိုက်ပြီး ဘယ်ဘက်လက်ထိသွားသည့် အလက်ာ့ကိုကူတွဲကာ အိမ်ထဲပို့ပေးလိုက်သည်။
"ဟဲ့ ငမွှေထိုး ဘာဖြစ်လာပြန်ပြီလဲ "
အိမ်နောက်ဖေး ထမင်းချက်နေတဲ့ အလက်ာ့မေမေက ယောက်မကြီးကိုင်လို့ထွက်လာချေသည်။
"အန်တီ။ အလက်ာက ဘောလုံးကန်ရင်း ချော်လဲလာတာ ။ အဲ့တာကျွန်တော်လိုက်ပို့ပေးတာ။ "
"အေးအေး ။ ကျေးဇူးပါပဲကွယ်။ "
"ဒါဆိုသားကိုခွင့်ပြုပါအုံး။ အလက်ာ့ကိုဆေးခန်းပြလိုက်ပါအုံးအန်တီနော် "
"အေးပါသားလေးရယ်။ "
အဏ္ဏဝါ အလက်ာ့ ကိုတစ်ချက်သာကြည့်ပြီး အိမ်ပြန်ဖို့ပြင်လိုက်သည်။ အဏ္ဏဝါ အိမ်ပေါက်ဝပင်မရောက်သေး အလက်ာ့ကို သူ့မေမေက ဆူနေတော့၏။
"ဗိုက်ပူနော်! ဗိုက်ပူ နင်တော်တော်မွှေတဲ့ကောင် "
အဏ္ဏဝါ ကျိတ်ရီလိုက်သည်။ လိပ်မြေး ရဲ့အိမ်ခေါ်နာမည်က ဗိုက်ပူ တဲ့လေ။ အဏ္ဏဝါ အိမ်ရှေ့မှာရပ်ထားတဲ့စက်ဘီးလေးဆီမရောက်ခင်မှာပဲ အဏ္ဏဝါ့လက်လေးကအဆွဲခံလိုက်ရသည်။
"အစ်ကို့အတွက် "
ထိုအရာသည်ကား အပြာရောင်ပလက်စတစ်လေးအုပ်ထားသည့် ပူရှိန်းအရသာ စုပ်လုံးလေးတစ်လုံး....။
အစ်ကို့ကို အများကြီးချစ်ပါတယ်။
_______________________
#klwin1234
<<Zawgyi >>
"အစ္ကို ကြၽန္ေတာ္နဲ႕ေဘာလုံးကစားတာကိုလိုက္ၾကည့္ေပးပါလား "
အလက္ာ တစ္ေယာက္ အဏၰဝါ့ကိုကပ္တိုးေလးပူဆာ ေနေလ၏။ အဏၰဝါက အရမ္းအသန့္ႀကိဳက္ၿပီး သီးသီးသန့္သန့္ေနတတ္တယ္။ ေခြၽးထြက္ရတဲ့ အားကစားဆို မႀကိဳက္တဲ့ အဏၰဝါေၾကာင့္ အလက္ာ ကေဘာလုံးအတူတူကစားဖို႔ေတာင္းဆိုခ်က္အစား ေဘာလုံးကစားတာလိုက္ၾကည့္ေပးဖို႔ေတာင္းဆိုခ်က္ေလးကိုပဲ အလိုက္တသိေတာင္းရွာသည္။
"ေနာ္ အစ္ကို "
"ကဲ ကိုယ္ေတာ္ေလးေရ။ ငါညေနက်ဴရွင္မွာ စာေမးပြဲရွိတယ္ကြ ။ ငါစာလုပ္ရမယ္ေလ "
"အစ္ကိုကအဲ့လိုပဲ အၿမဲကြၽန္ေတာ့္ကိုဆို လ်စ္လ်ဴရႈေနတာ"
အလက္ာက စာေရးခုံေပၚ လက္ေလးပိုက္လို႔ေမွာက္ခ်ၿပီး အသံတိုးတိုးေလးနဲ႕ညီးၫူျပ ေတာ့ အဏၰဝါ ကအလကားေနရင္းလူဆိုးႀကီးျဖစ္ရရွာၿပီ။
"မင္းတို႔က ဘယ္အတန္းနဲ႕ကန္မွာလဲ "
အလက္ာေခါင္းေလးျပန္ေထာင္လာၿပီး သြားျဖဴျဖဴေလးေတြေပၚတဲ့အထိၿပဳံးျပလ်က္
"ကိုးတန္း နဲ႕ "
"ကိုးတန္းလား။ ငါတို႔အခန္းထဲကလား "
"မဟုတ္ေလာက္ဘူး။ အစ္ကိုတို႔အခန္းကိုၾကည့္အုံး။ စာၾကမ္းပိုးေတြခ်ည္းပဲ။ "
"ထားပါေတာ့။ "
"အစ္ကို လိုက္မယ္မလား။ လာသြားရေအာင္။ ေက်ာင္းတက္ဖို႔နာရီဝက္လိုေသးတယ္"
"ေဟ့ေကာင္ "
အဏၰဝါ စကားေလးေတာင္မဆုံးလိုက္ အလက္ာေလးဟာ အဏၰဝါ့လက္ကိုဆြဲလို႔ ေက်ာင္းေဘာလုံးကြင္းရွိရာဆြဲေခၚသြားေတာ့၏။
"ေဟ့ေကာင္ မ်ိဳးျမင့္ထြန္း ငါလူစားလဲမယ္ "
"ေအး! "
အလက္ာက သူ႕သူငယ္ခ်င္းျဖစ္သူနဲ႕လူစားလဲဖို႔ျပင္သည္။ အဏၰဝါ ကေတာ့ ေဘာလုံးကြင္းေဘးက အရိပ္ေကာင္းေကာင္းရွိတဲ့ခေရပင္ေအာက္မွာ စီးထားတဲ့ကတၱီပါဖိနပ္ေလးခုလို႔ထိုင္လိုက္သည္။
"အစ္ကို ကြၽန္ေတာ္ကစားတာၾကည့္ "
"ေအး။ ေခ်ာ္လဲအုံးမယ္ "
"အစ္ကိုယူထားေပး "
အလက္ာက သူ႕ေက်ာင္းစိမ္းပုဆိုးေလးကို ခြၽတ္လို႔ေသခ်ာေခါက္ၿပီး အဏၰဝါ့ဆီအပ္ထားေလသည္။ အေပၚကေက်ာင္းစိမ္းအက်ီလက္တို ႏွင့္ေအာက္က မန္ယူေဘာလုံးအသင္းတံဆိပ္ႏွင့္ေဘာင္းဘီအနီေလး။
13 ႏွစ္သားအလက္ာက ပုပုေသးေသးေလး။ ကိုးတန္းေက်ာင္းသားေတြနဲ႕ယွဥ္ရင္ ေခါင္းတစ္လုံးစာေလာက္ပုေသး၏။ သူ႕ထက္လူေကာင္ႀကီးတဲ့ကိုးတန္းေက်ာင္းသားေတြေျခေထာက္ၾကားက ေဘာလုံးကို ျဖတ္ျဖတ္လုသြားတာမ်ား ။ တစ္ခ်က္ တစ္ခ်က္ ေဘာလုံးကန္ရင္း အဏၰဝါ့ကိုလည္းခိုးၾကည့္ရေသးသည္။ ေနပူပူကြင္းျပင္ႀကီးထဲ ေျပးလႊားလို႔ အလက္ာ့ မ်က္ႏွာျပင္ေလးမွာေခြၽးေတြမ်ားသီးလို႔။
တစ္ျဖည္းျဖည္းနဲ႕ ကိုးတန္းေက်ာင္းသားေတြရဲ႕ကစားပုံက ၾကမ္းတမ္း လာေတာ့ အဏၰဝါ စိုးရိမ္စျပဳလာ၏။ အဏၰဝါ အလက္ာရဲ႕ ပုဆိုးကိုကိုင္လို႔ မတ္တပ္ေလးရပ္ၾကည့္ေနလိုက္သည္။ ထိုစဥ္
"အလက္ာ အေနာက္မွာ! "
ေဘာလုံးကို ဂိုးေပါက္ဆီဆြဲယူလာတဲ့ အလက္ာကို အေနာက္က ကပ္ပါလာတဲ့ကိုးတန္းေက်ာင္းသားက လက္ႏွင့္ေဆာင့္တြန္းလိုက္ေတာ့ အလက္ာ့ကိုယ္ေလးက ႏွစ္ပတ္၊ သုံးပတ္ေလာက္လြင့္စင္သြားခဲ့ေလသည္။
"ဟာ! သြားၿပီ ။ အလက္ာ! "
အဏၰဝါ ကြင္းေထာင့္မွာေခြေခြေလးလဲက်ေနတဲ့အလက္ာ့ဆီ အေျပးသြားလိုက္၏။ နာလြန္းလို႔ ရႈံ႕မဲ့ေနတဲ့အလက္ာကို အဏၰဝါရင္ခြင္ထဲဆြဲသြင္းလိုက္ေတာ့ အင့္ခနဲ အသံျပဳရွာသည္။
"အလက္ာ ဘယ္နားကနာေနလဲ အစ္ကို႔ကိုေျပာ"
"ဘာမွမျဖစ္ဘူးအစ္ကို "
"ဘာကိုဘာမွမျဖစ္တာလဲ ။ မင္းေနအုံး "
အဏၰဝါ တစ္ေယာက္ အလက္ာ့ကို ငုတ္တုပ္ထိုင္ခိုင္းထားၿပီး အလက္ာ့ကိုတြန္းလိုက္တဲ့တစ္ေယာက္ဆီသြားကာ ရင္ဘတ္ကိုေဆာင့္တြန္းလိုက္ေခ် ၏။ ေက်ာင္းသားေတြက ရန္ျဖစ္ေတာ့မယ့္ အဏၰဝါ နဲ႕ထိုေက်ာင္းသားကိုဝိုင္းဆြဲၾကဖို႔ျပင္၏။ အလက္ာကေတာ့ အဏၰဝါ ထားခဲ့တဲ့အတိုင္းကေနကျပာကယာထလို႔ ရႉးရႉးရွဲရွဲျဖစ္ေနသည့္ အဏၰဝါ့ကိုဆြဲဖို႔ေျပးရသည္။
"ေဟ့ေကာင္ မင္းေယာက်္ားမဟုတ္ဘူးလား။ ကိုယ့္ထက္ငယ္တဲ့သူကို အနိုင္က်င့္ရမယ္လို႔မင္းမိဘေတြကသင္ေပးထားတာလား ။ "
အဏၰဝါ ထိုသူ႕ကိုတစ္ခ်က္ထပ္မံေဆာင့္တြန္းလိုက္ေတာ့ ထိုသူက ေျမျမင္ေပၚငုတ္တုပ္ထိုင္လ်က္ျပဳတ္က်၏။ ထိုသူက အလက္ာထက္ေခါင္းတစ္လုံးမွ်ပုေသာ္လည္း အဏၰဝါ ႏွင့္ယွဥ္ရင္ေတာ့ ႐ြယ္တူမွ်သာ။ အင္မတန္မွ အေနေအးပါသည့္ အဏၰဝါ ထိုမွ်ေဒါသထြက္ေနသည္ကို မည္သူမွ်မျဖင္ဖူးပါေခ်။ ထိုသူသည္လည္း ေဆာင့္တြန္းခံလိုက္ရသျဖင့္ေဒါသတႀကီး ထလာၿပီး အဏၰဝါ့ကိုထိုးဖို႔ျပင္သည္။ သို႔ေသာ္ ဝိုင္းဆြဲထားၾကသည့္ေက်ာင္းသားေတြေၾကာင့္ ေရွ႕မေရာက္နိုင္ရွာ။
"မင္းကဘာေကာင္မို႔ဝင္ေျပာေနတာလဲ! ေဘာလုံးကစားေနတာကြ။ ဒီေလာက္မွအထိအခိုက္မခံနိုင္ရင္ မိန္းမေတြနဲ႕ႀကိဳးသြားခုန္။ ေစာက္ေျခာက္လိုလိုလာမလုပ္နဲ႕ "
"မင္း ရႈံးမဲမဲၿပီးကစားေနတာေက်ာင္းသားတိုင္းေတြ႕တယ္။ မင္း အလက္ာ့ကိုတြန္းလိုက္တာလဲငါျမင္တယ္။ ေဟ့ေကာင္ ငါေျပာမယ္။ ေဘာလုံးကစားေနၿပီး အားကစားစိတ္ဓာတ္မရွိရင္ မင္းလည္း ထဘီဝတ္ၿပီး အိုးပုတ္ခ်ိဳး႐ုပ္ထိုင္ေဆာ့ေန။ ငါလိုးထဲမွ။ မင္းေဆာင့္တြန္းလိုက္တာ ငါ့ညီကြ! "
"အစ္ကို ေတာ္ပါေတာ့ ။ " .
အလက္ာ လည္း အဏၰဝါ ဤမွ်ေလာက္ေဒါသႀကီးမယ္မွန္းမထင္ထားမိ။ အဏၰဝါ့ လက္ကိုသြားဆြဲၿပီးတားရန္ျပင္ေတာ့ အလက္ာ့ ကိုပါစူးစူးရဲရဲစိုက္ၾကည့္လာေလသည္။
"မင္းလဲၿငိမ္ခံမေနနဲ႕ ။ ေစာက္ေရးမပါတဲ့ေကာင္ေတြဆိုဆြဲထိုးခဲ့ ။ ဘယ္လိုထိုးရမလဲ သင္ေပးရအုံးမလား "
ေျပာေနရင္း ဆြဲထားသည့္ၾကားမွ ထိုလူ႕ဆီတစ္ဟုန္ထိုး ေျပးသြားဖို႔ျပင္ေတာ့ ဆြဲထားတဲ့လူေတြေတာင္ဟက္ထိုးလဲက်ေတာ့မလိုလို။ စိတ္တိုေနတဲ့ အဏၰဝါ ရဲ႕အားကိုအေတာ္ေလးထိန္းလိုက္ရသည္။ မဟုတ္လွ်င္ တစ္ဖက္ေက်ာင္းသားမ်က္ႏွာ ရစရာရွိေတာ့မည္မဟုတ္။
ထိုေနာက္ အလက္ာ၊ အဏၰဝါ ႏွင့္ ထိုေက်ာင္းသား သုံးေယာက္လုံး ေက်ာင္းအုပ္ႀကီး႐ုံးခန္းသို႔ေရာက္ခဲ့ေလသည္။ သုံးေယာက္လုံး ခံဝန္ကတိထိုးၿပီး မွ အတန္းျပန္ခြင့္ရၾကေလသည္။
အဏၰဝါ ေက်ာင္းမွေန႕တစ္ဝက္ခြင့္ယူၿပီး အလက္ာ့အိမ္ကို လိုက္ပို႔ဖို႔ျပင္သည္။ စက္ဘီးေနာက္ထိုင္ခုံေပၚၿငိမ္ၿငိမ္ေလးလိုက္လာသည့္ အလက္ာက အဏၰဝါ ရဲ႕ေက်ာျပင္ကိုေငးၾကည့္လို႔ သက္ျပင္းခ်ေလ၏။ သူ႕ေၾကာင့္ပဲ ႐ုံးခန္းဆိုရင္ စာေမးဖို႔နဲ႕ ဆုယူဖို႔အတြက္ပဲသြားရသည့္ ထိပ္တန္းေက်ာင္းသား အဏၰဝါ ကခံဝန္ကတိထိုးခဲ့ရသည္တဲ့။
"သက္ျပင္းခိုးခ်မေနနဲ႕။ မင္းအျပစ္မင္းသိ"
"အစ္ကို ကကြၽန္ေတာ္သက္ျပင္းခိုးခ်တာလဲသိတာပဲလား "
"မင္းႏွာေခါင္းကေလေတြကိုငါ့ေက်ာေပၚမႈတ္ထုတ္ေနမွေတာ့ ငါမသိဘဲေနမလား"
"ေအာ့္ "
အလက္ာၿပဳံးစိစိေလးလုပ္လိုက္သည္။ အစ္ကို႔ ေလသံအရမ္းမမာေတာ့ဘူးဆိုေတာ့ စိတ္ဆိုးနည္းနည္းေျပလာၿပီထင္ပါ့။
"အစ္ကို အေရွ႕လမ္းဆိုဘယ္ခ်ိဳးလိုက္ "
အလက္ာေျပာတဲ့အတိုင္းခ်ိဳးလိုက္ေတာ့ လမ္းကသိပ္မေကာင္းလွသည္မို႔ အဏၰဝာစက္ဘီးကိုထိန္းၿပီးျဖည္းျဖည္းခ်င္းနင္းလာလိုက္ရသည္။ သိပ္မနင္းလိုက္ရ။ သစ္သားပ်ဥ္ေထာင္အိမ္ေလးတစ္ခုေရွ႕အေရာက္ရပ္လိုက္ၿပီး ဘယ္ဘက္လက္ထိသြားသည့္ အလက္ာ့ကိုကူတြဲကာ အိမ္ထဲပို႔ေပးလိုက္သည္။
"ဟဲ့ ငေမႊထိုး ဘာျဖစ္လာျပန္ၿပီလဲ "
အိမ္ေနာက္ေဖး ထမင္းခ်က္ေနတဲ့ အလက္ာ့ေမေမက ေယာက္မႀကီးကိုင္လို႔ထြက္လာေခ်သည္။
"အန္တီ။ အလက္ာက ေဘာလုံးကန္ရင္း ေခ်ာ္လဲလာတာ ။ အဲ့တာကြၽန္ေတာ္လိုက္ပို႔ေပးတာ။ "
"ေအးေအး ။ ေက်းဇူးပါပဲကြယ္။ "
"ဒါဆိုသားကိုခြင့္ျပဳပါအုံး။ အလက္ာ့ကိုေဆးခန္းျပလိုက္ပါအုံးအန္တီေနာ္ "
"ေအးပါသားေလးရယ္။ "
အဏၰဝါ အလက္ာ့ ကိုတစ္ခ်က္သာၾကည့္ၿပီး အိမ္ျပန္ဖို႔ျပင္လိုက္သည္။ အဏၰဝါ အိမ္ေပါက္ဝပင္မေရာက္ေသး အလက္ာ့ကို သူ႕ေမေမက ဆူေနေတာ့၏။
"ဗိုက္ပူေနာ္! ဗိုက္ပူ နင္ေတာ္ေတာ္ေမႊတဲ့ေကာင္ "
အဏၰဝါ က်ိတ္ရီလိုက္သည္။ လိပ္ေျမး ရဲ႕အိမ္ေခၚနာမည္က ဗိုက္ပူ တဲ့ေလ။ အဏၰဝါ အိမ္ေရွ႕မွာရပ္ထားတဲ့စက္ဘီးေလးဆီမေရာက္ခင္မွာပဲ အဏၰဝါ့လက္ေလးကအဆြဲခံလိုက္ရသည္။
"အစ္ကို႔အတြက္ "
ထိုအရာသည္ကား အျပာေရာင္ပလက္စတစ္ေလးအုပ္ထားသည့္ ပူရွိန္းအရသာ စုပ္လုံးေလးတစ္လုံး....။
အစ္ကို႔ကို အမ်ားႀကီးခ်စ္ပါတယ္။
_______________________
#klwin1234