ငြိမ့် (COMPLETED)

By Kattamkaung

1.6M 151K 6.9K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available More

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-3
Chapter-4
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-2

53.6K 5.1K 317
By Kattamkaung

Unicode

သူ၏ အမှန်တရား

"မေမေ ကတော့ တကယ်ကို လုပ်ချင်တာ
လုပ်နေတော့တာပဲ"

ခေတ်မှီဆိုဖာခုံများနှင့် သန့်ရှင်းသပ်ရပ်လှသည့် ဧည့်ခန်းသည် မမကြီး၏
စိတ်ပျက်နေသည့် အသံအောက်တွင် ငြိမ်သက်မှုအငွေ့အသက်များ ပြည့်နှက်နေလျက်ရှိသည်။

အသက်ရှူသံများပင် သိသိသာသာ
ကြားနိုင်သော ဒီအခန်းထဲတွင်
သူတို့ တစ်မိသားစု အကုန် အတူတူ
ရှိနေကြတာဖြစ်ပြီး အားလုံးပေါင်း
၅ ယောက်ပင်။

မိခင် ဒေါ်မိုးမိုးဌေးဟာ သူမ၏
မျက်နှာကို မော့လို့နေပြီး ဘယ်သူ့စကားမှ
နားထောင်မည်မဟုတ်သည့် ဟန်နှင့်ဖြစ်သည်။
ရှားညိုရောင် ရင်ဖုံးအင်္ကျီ နှင့် နက်ပြာရောင်
ပါတိတ်ကိုဝတ်ဆင်ထားသော
အသက်၆၀ကျော် အမျိုးသမီးကြီးသည်
သူမ၏ နှဖူးပြင်‌တို့ထက်က အရေးအကြောင်း
များပင် ညှိုးငယ်လောက်အောင်
သွက်လက်နေဆဲ။

စိတ်သိပ်မာတဲ့ ဒီအမျိုးသမီးကြီးက
သူမ ဘဝမှာ ဘာမှလိုလေသေးမရှိခဲ့။
ဆရာမတစ်ယောက်ဖြစ်ခဲ့ပေမဲ့
မျိုးကြီးရိုးကြီးဖြစ်သည့် သူမက
အရွယ်ကောင်းတုန်းမှာပဲ အလုပ်ထွက်ခဲ့ကာ
ခင်ပွန်းဖြစ်သည့် ဦးကျော်နိုင်၏
လုပ်ငန်းများကိုသာ ကူညီပေးခဲ့ရသည်။

သူမ ဘဝမှာ ဘာမှမလိုအပ်ခဲ့ဖူးဘူး။
သားသမီး သုံယောက်မွေးဖွားခဲ့ပြီး
ထူးချွန်တဲ့ သူမရဲ့ သားသမီးတွေကြောင့်
သူမ တို့ ဇနီးမောင်နှံနှစ်ယောက်လုံး အမြဲတမ်း ခေါင်းမေ့ာနေခဲ့ရသည် ချည်းသာ။
တစ်ဦးတည်းသော သူမရဲ့သားငယ်က
လိင်တူသဘောကျသူဆိုတာကို
မသိသေးခင်အထိပေါ့။

ဆိုဖာပေါ်တွင် အသာထိုင်ရင်း
ငြိမ်သက်နေသော သားဖြစ်သူကို
သူမ တစ်ချက်လှမ်းကြည့်လိုက်မိသည်။
ရှင်းလင်းကြည်လင်တဲ့ သားက
အမြဲတမ်းအေးစက်နေခဲ့ပြီး
ခန့်ညားလှတဲ့မျက်နှာထက်မှာ
ပါးချိုင့်လေးပေါ်သည်အထိ ပြုံးနေတာမျိုး
သူမ မမြင်တာ နှစ်‌ပေါင်းများစွာကြာခဲ့ပြီ။
ခင်ပွန်းသည်နှင့် သားဖြစ်သူကြားက
ကြီးမားတဲ့ သွေးအေးမှုတွေကြားမှာ
မိသားစုဆက်ဆံရေးက သားပါလာသည်နှင့်
ပိုမိုတိတ်ဆိတ်ပြီးရင်း တိတ်ဆိတ်လာခဲ့ရသည်။

သူမက မျက်နှာကိုမော့လိုက်ကာ သမီးဖြစ်သူကို စိုက်ကြည့်ရင်း ခပ်မာမာပြောလိုက်မိသည်။
" ညည်းတို့လဲ ညည်းတို့ဆန္ဒအတိုင်းပဲ
နေကြတာ.. အခု ငါ့သားကိစ္စကို
ဘာမှဝင်ပြောစရာမလိုဘူး"

"ယုတ္တိရှိတာ ပြောပါမေမေရယ်။
သူတောင် ခုလိုထိ ထိန်းသိမ်းလာရတာ
မေမေက အခုမှ ဘာဖြစ်ချင်နေတာလဲ"
မမကြီး ဘက်ကလည်း တော်တော်နဲ့ လျှော့မည့်ပုံမပေါ်။

"မမကြီးရယ် မေမေ့ကို အေးအေးဆေးဆေးပြောရအောင်ပါ"
မမကြီး၏ မျက်နှာချင်းဆိုင်မှ မမငယ်က
ဝင်ရောက်ဖြန်ဖြေသည်။
သူမတို့ စထိုင်လိုက်ကတည်းက
စကားဝိုင်းတစ်ခုလုံး တင်းမာနေခဲ့တာဖြစ်၏။

ဘေးနားက သူမအမျိုးသားမှ
သူမလက်ကိုအသာဆုပ်ကိုင်ရင်း
သတိပေးလာသည်မို့ သူမဝင်ထိန်းမှ
ဖြစ်တော့မည်ဖြစ်သည်။
မမကြီးရဲ့ စိတ်ကြီးမှုရယ် မေမေ့ရဲ့
စိတ်ဓာတ်မာကြောမှုရယ် နှင့်
လွန်းထိုးနေကြတဲ့ စကားဝိုင်းမှာ
ကာယကံရှင် မောင်ဖြစ်သူကတော့
ကောင်းသည်ဆိုးသည် တစ်ခွန်းမှပင်
ဝင်ရောက်ပြောဆိုလာခြင်း မရှိသေးပေ။

နက်ပြာရောင် အကွက်စိတ်ပုဆိုး၊
အဝါဖြော့‌‌ဖြော့ ရှပ်လက်တိုနှင့်
ခရီးပန်းနေပုံရသော ‌သူမ မောင်လေးက
မျက်နှာ အနည်းငယ်နွမ်းလျနေပေမဲ့
ရောက်ကတည်းက စကားဝိုင်းကြားမှာ
ငုတ်တုပ်ထိုင်‌နေခဲ့ရတာမို့
သူမ အတော်‌လေး ဂရုဏာသက်နေရပြီ။

"မေမေ လှိုင်းဆက်လေးကို အရင်မေးဖို့ကောင်းပါတယ်"

သူမ အသာအယာ ပြောလိုက်ပေမဲ့
မမကြီးရဲ့ ခပ်မာမာလေသံက ပြန်လည်ဝင်ရောက်လာပြန်သည်။

"အို ...သူက အလုပ်တောင်ထွက်လာပြီလေ
ဘာဖြစ်ဖြစ် မေမေ့သဘောပဲ လုပ်တော့မှာ"

"ညည်းသိရင် ထပ်ပြီး ငါ့ကို ဟိုဟိုဒီဒီ မပြောနဲ့တော့ မမကြီး"
မေမေ့ အသံက ခပ်စူးစူးထွက်လာသည်မို့
အသက် ၄၂နှစ်အရွယ် မမ ကြီးသည်ပင်
မကျေနပ်သော်လည်း ငြိမ်သက်ရတော့သည်။

" ငါဆုံးဖြတ်ထားပြီးသား၊
ငါ့သား ဘဝမှာ သူနေချင်သလို မနေခဲ့ရဖူးဘူး ။ ငါမသေခင် သူ့သဘောအတိုင်း
သူ့ကိုနေခိုင်းမှရမယ်...ညည်းတို့ တရားသလားအေ။ ညည်းတို့မိသားစုနဲ့ညည်းတို့
အဆင်ပြေနေချိန် ငါ့သားက အထီးကျန်နေရမှာလား"

အသာအယာငြိမ်ထိုင်နေသည့်
လှိုင်းဆက်ကတော့ အနည်းငယ်မှ
လှုပ်ရှားခြင်းမရှိ။တိတ်ဆိတ်စွာပဲ
နားထောင်လျက်ရှိနေသည်။

သူက ဆက်တီခုံထက်က မေမေ့ရဲ့
ပဌာန်းစာအုပ်ကိုဖြစ်စေ ၊ အဲ့ဒီဘေးက
ပန်းအိုးကိုဖြစ်စေ ရောက်တတ်ရာရာ
ကြည့်နေပေမဲ့ သူ့အာရုံတွေ
ဘယ်ရောက်နေလဲဆိုတာသူကိုယ်တိုင်တောင် သိမနေပါဘူး။

မမကြီးပန်ထားသည့် သနပ်ခါးပန်းတွေ၏
ရနံ့တွေနောက်ပဲ လိုက်မိနေသလား။
ဒါမှမဟုတ် ပန်းအိုးထဲက ရနံ့ပြင်းပြင်း
ဂမုန်းပန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပဲ
ပါသွားမိလေသလား။

အပြိုင်အဆိုင်ငြင်းဆိုနေကြတာဟာ
လှိုင်းဆက်အတွက်ပါဆိုပေမဲ့
သူတကယ်ကို ဘာမှ ပြောချင်စိတ်မရှိပါ။
စိတ်တိုတာ ၊စိတ်ဆိုးတာ ၊ ဝမ်းနည်းတာ
သူ့စိတ်ခံစားချက်တွေကိုလည်း သူသဲသဲကွဲကွဲ နားမလည်ခဲ့ဖူးဘူး။

သူကအခွင့်အရေးလဲ မရှိခဲ့ဘူးထင်ပါသည်။ သူလုပ်တတ်တာက တည်ငြိမ်စွာနဲ့
သူများတွေ စကားကိုနားထောင်ရင်း
သူတို့ ဆန္ဒတွေကို လိုက်‌လျောပေးရတာပဲ
ဖြစ်သည်။

အပြင်လူတွေနဲ့ ဆက်ဆံပြောဆိုလျှင်သာ
သူပြုံးရွှင်တာမျိုးရှိပေမဲ့လည်း
သူ့မိသားစုကိုတော့ သူပိုစိမ်းသက်မိသည်။
သူ့စိတ်ထဲရှိရာ‌တွေ ထုတ်ပြမိလိုက်ရင်
သူ့ကိုနာကြင်အောင် အပြောနိုင်ဆုံးက
ဒီမိသားစုဝင်တွေပဲ ဖြစ်ပြီး၊
ဒီလူတွေက သူဖြတ်ပြေးလို့မရနိုင်တဲ့
ကြိုးတွေလဲ ဖြစ်သည်။

" သား မင်း မေမေ့သဘောထားကို လက်ခံတယ်မို့လား"

ချည်ပြီးတုပ်ပြီး မေးလာတဲ့မေးခွန်းကို
သူ အတွန့်တက်‌ချင်တာမျိုးမရှိတော့။
အခြေအနေ အားလုံးအရ သူအတွန့်တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ပြောင်းလဲသွားနိုင်မည့် အကြောင်းမရှိပေ။

မေမေကလည်း သူ့သဘောထားကို လိုက်နာစေချင်ရုံသာဖြစ်ပြီး မမ ကြီးကလဲ သူ့ဘက်မှာ အားကြိုးမာန်တက် ရပ်တည်ပေးလိမ့်မည်မဟုတ်။

" မေမေ ကောင်းသလို စီစဉ်လိုက်ပါ"

ဟင်းခနဲ မမကြီးရဲ့ သက်ပြင်းချသံကို
သေသေချာချာကြားလိုက်ရပေမဲ့
သူကတော့ ခပ်ပြုံးပြုံးနဲ့ ကျေနပ်နေသည့်
မေမေနဲ့သာ မျက်နှာချင်းဆိုင်လိုက်သည်။
မေမေ့ သဘောထားတွေကို နားမလည်ပေမဲ့
သူ့မှာလဲ ဘာဆန္ဒတွေမှ မရှိဖူးဘူး။
သူက ပုံမှန်အတိုင်း အသက်ရှင်နေရပြီး
မိဘတွေရဲ့ သဘောထားအတိုင်း
ပေးဆပ်ဖို့ဆုံးဖြတ်ထားရပြီးသား။

" ကောင်းတယ် မေမေဖုန်းဆက်ထားပြီး
စီစဉ်လိုက်မယ် သားက ဒီကြားထဲ
နားနား နေနေ နေပေါ့"
မေမေ့ အသံက ‌အားရကျေနပ်မှုအပြည့်နှင့်။

မမကြီးဆီမှ ဘာစကားမှထပ်ထွက်မလာပေမဲ့
မမငယ်ရဲ့ မေမေနဲ့တိုင်ပင်သံတွေကတော့
သူ့နားထဲမှာ ကြားရတစ်ချက် မကြားရတစ်ချက်ဖြစ်သည်။
သူ့အတွက် စီစဉ်နေကြတာပေမဲ့ လည်း
သူ့အတွက်လို့မခံစားရပေ။

သူဟာ လိင်တူတစ်ယောက်ဖြစ်တဲ့အပေါ်
ဖေဖေ ရှိစဉ်က အမြဲ သိမ်ငယ်ခဲ့ရသည်။
အေးစက်စက်နှင့် ဖေဖေ့ပုံရိပ်က သူ့အတွက်
အိပ်မက်ဆိုး အရှည်ကြီးဖြစ်သည်။
ငယ်စဉ်က ဖေဖေ့ကိုကြောက်ရပြီး
အရွယ်ရောက်လာတော့လဲ ဖေဖေ့ကို
နည်းနည်းလေးမှ မတွန်းလှန်နိုင်ခဲ့သလို
တွန်းလှန်ဖို့လဲ မကြိုးစားနိုင်ခဲ့ပြန်။

ဖေဖေက သူဟာ လိင်တူစိတ်ဝင်စားသူမို့
မုန်းတာလား၊ ဒါမှမဟုတ် သူဖြစ်နေလို့ကို
မုန်းခဲ့တာလား။
သေဆုံးသွားတဲ့အချိန်အထိ ဖေဖေက
သူ့ကို နည်းနည်းလေးမှတောင် စိတ်မဝင်စားခဲ့ဘူးမို့လား။

မေမေကတော သူနဲ့ အဆက်အသွယ်အများဆုံးဖြစ်သည်။
ဖေဖေ စိတ်ချမ်းသာအောင် နေထိုင်ဖို့
မေမေက သူ့ကို အမြဲဆုံးမနေတတ်ခဲ့ပြီး
သူပုံစံတော်တော်များများဟာ
မေမေ့ရဲ့ပုံသွင်းမှုများပင်ဖြစ်ခဲ့သည်။
ဖေဖေနှင့် မတူညီစွာပဲ မေမေက သူ့ကို
အမြဲ ဂုဏ်ယူရတဲ့ သားတစ်ယောက်အဖြစ်
ပွဲထုတ်ခဲ့သူဖြစ်၏။

၃၅နှစ်တာ ကာလလုံးမှာ သူက
ဒေါ် မိုးမိုးဌေးရဲ့ သားလိမ္မာအဖြစ်
မေမေ့ သူငယ်ချင်းတွေကြား နာမည်ကောင်းရခဲ့သည်။
ထူးချွန်ထက်မြတ်သော ၊ အနေအထိုင်အေးဆေးသော ၊ ရုပ်ရည်သင့်တင့်ပြီး
မိဘနှင့် နောက်ခံအားကောင်းသော
အစိုးရ အရာရှိ ဦးလှိုင်းဆက်အနေနဲ့
အများက လေးစားကြတဲ့ သူပေါ့။

ဒါပေမဲ့ တစ်ခုတည်းသော သူ့ရဲ့အားနည်းချက်က သူ့ကို ဟိုးအဆုံးထိ
သိမ်နုံ့ စေသည်။ သူကပဲ အားလုံးကို
လိမ်လည်ထားသလို ၊ သူကပဲ မရိုးမဖြောင့်နဲ့
အရှက်မဲ့တဲ့သူလို သူ့လိပ်ပြာသူ မလုံနိုင်အောင် ညှင်းပန်းခံခဲ့ရသည်။

တကယ်ကိုပဲ သူ့အားနည်းချက်ကို
လူနည်းနည်းပဲ သိတာတောင်မှ
အဲ့ဒီလူတွေက သူ့ကို ရောဂါသည်တစ်ယောက်လို စောင့်ကြည့်နေခဲ့ကြတာ။
သူ့မိသားစု ဝင်တွေ ကိုယ်တိုင်ကိုယ်က သူ့ကို မသတီသလို အမြဲခံစားခဲ့ရသည်။

မေမေတို့ စကားဝိုင်း‌ဆုံးတော့
အနားယူဖို့ ပြောလာကြသည်မို့
သူအပေါ်ထပ်ဆီ တက်ခဲ့ လိုက်သည်။
ကျွန်းလှေကားများထက် သူခြေလှမ်းမှန်မှန်နှင့် တက်လာခဲ့ပြီးနောက် ဘုရားခန်းဆီသို့
အရင်ဦးတည်လိုက်၏။

ကြွေရည်ဝနေသော ပန်းအိုးကြီးများသည်
နှင်းဆီနီနီတို့ဖြင့် ပြည့်လျက်ရှိပြီး
ငွေရောင်တောက်နေသည့် သောက်တော်ရေ ခွက်များဟာ ဆီမီးအဖြစ်ကပ်လှူပူဇော်ထားသည့် မီးလုံးများအောက်တွင် ငြိမ်သက်လျက်ရှိသည်။

မွေးကြိုင်နေသည့် ဘုရားခန်းအတွင်း
ရောက်လာသည်နှင့် စိတ်အေးချမ်းမှုတို့ဟာ
အတိုင်းမသိများပြားလာသည်။
အိစက်နေသည့် နီညိုရောင် ကော်ဇောထက်
သူထိုင်ချလိုက်ပြီးနောက် ထိခြင်းငါးပါးဖြင့်
ဘုရားကို သေချာကန်တော့ကာ
သူရဲ့ ခန္ဓာငါးပါးနှင့် ရုပ်နာမ်နှစ်ပါးကို
ဘုရားရှင်ထံ အပ်နှံ လှူဒန်းလိုက်သည်။

ဖေဖေ က ဘုရားခန်းကို အမြဲ သန့်ရှင်းပြီး
ကြည်လင်နေမှ သဘောကျတာ
သူမှတ်မိသေးသည်။
သယ် လူပျိုပေါက်မရောက်ခင်အထိ
ဖွားဖွားနဲ့အတူ ဘုရားဝတ်ပြုပြီး
တရားထိုင်တာမျိုးလုပ်ခဲ့ရသည်မို့
သူကိုယ်တိုင်လည်း ဘယ်နေရာရောက်ရောက် ဘုရားကိုတော့ သေချာကန်တော့ဖြစ်ပါသည်။
အိမ်ကြီးကတော့ သူနဲ့မရင်းနှီးပေမဲ့
သူငယ်စဉ်ကတည်းက နေခဲ့ရတာမို့
သံယောဇဉ်ဖြစ်ရတဲ့ နေရာလည်းဖြစ်သည်။

သူ့အခန်းမှာတော့ ကုတင်နှင့် ဆက်တီတစ်စုံကအရင်အတိုင်း နေရာယူထား၏။
စုကာပုံထားသည့် သူ့အိတ်တွေကိုတော့
နေရာမချပဲ ဒီတိုင်းထားလိုက်ဖို့သာ
တွေးထားသည်မို့ နံရံမှာကပ်ထားလိုက်ပြီး
အခန်းကို မရှုပ်အောင် ရှင်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူဒီမှာ ကြာကြာနေရမည်မထင်။မေမေ့ရဲ့ စီစဉ်ပေးမယ်ဆိုသည့်
အတိုင်းအတာက ဘယ်လောက်ထိမြန်မည်မသိ။ ကြည့်ရတာကတော့ သူ့ကိုမပြောခင်ကတည်းက မေမေက အကုန်စီစဉ်ခဲ့တာဖြစ်လိမ့်မည်။

တစ်ချက်ပြုံးလိုက်ပြီးနောက် ကုတင်ပေါ်
အသာထိုင်လိုက်ပြီး သူ့ရှေ့က ကိုယ်လုံးပေါ်မှန်ဆီ အကြည့်ရောက်မိသည်။
ရှည်လျားတဲ့ ခြေတံလက်တံ ၊ ခေါင်းလိမ်းဆီတို့နှင့် ပိရိနေတဲ့ သူ့ဆံပင်ပုံစံနှင့် သူ့ပုံစံက
ခရီးပန်းတာကြောင့် အနည်းငယ်တော့
နွမ်းလျပုံပေါက်နေသည်။

ပုဆိုးလဲရမလား တွေးမိပေမဲ့ အတွေးနဲ့
ဆန့်ကျင်စွာပဲ သူကုတင်ပေါ်ကန့်လန့်လှဲချမိလိုက်သည်။ ခြေထောက်ရှည်တွေက ကုတင်မှ ကြမ်းပြင်တို့ တွဲလောင်းကျနေပြီး
လက်ချောင်းရှည်တို့ကတော့ ကုတင်ထက်
စိတ်လွတ်ကိုယ်လွတ် တင်ထားလျက်ရှိ၏။

မျက်နှာကျက်အဖြူရောင်တို့ဟာ
သန့်ရှင်းနေတာမို့ သူ့အခန်းကို ပုံမှန်
သန့်ရှင်းရေးလုပ်တာ သတိထားမိသည်။
ဖုန်နံ့ပင်မရှိစေရ၊ အမြဲ လူနေသလိုမျိုး
ခံစား‌ရစေတဲ့ ဒီအခန်းက တကယ်တော့
သူတစ်နှစ်နေလို့ တစ်ခေါက်တောင် လာနေဖြစ်တဲ့‌ နေရာမဟုတ်။

အိမ်မှာ ဖေဖေနဲ့ မေမေရယ် ၊ မမကြီးရယ်
အိမ်ကူဖို့ ခေါ်ထားတဲ့ ဆွေမျိုးနီးစပ် သုံးယောက်လောက်ရယ်က လွဲရင် မမငယ်ကလဲ သူ့အမျိုးသားနှင့်အတူ တခြားမှာနေသည်မို့
ကြီးမားတဲ့အိမ်ကြီးအနေနဲ့ လူ‌နေပါးသည်ဟု
ဆိုနိုင်သည်လေ။

သူ လက်ထပ်ပြီးရင်ရော ဘယ်မှာနေရမလဲ။
သေချာကတော့ မမကြီးက အိမ်မှာထားဖို့ ကန့်ကွက်မှာပဲ။
သူကလည်း လုံးဝကို အိမ်မှာမနေချင်။
သူရထားတဲ့ တိုက်ခန်းမှာနေရမလား။
အစိုးရဝန်ထမ်းမို့ သူ့မှာ အပိုငွေ များများစားစား မရှိပေမဲ့ တိုက်ခန်းနဲ့ ကားတစ်စီးတော့
သူကြီးကြီးမားမားပိုင်သေးသည်။

ပုံမှန်စားဖို့အတွက်တော့ ဖွားဖွားဆုံးစဉ်က
သူ့အတွက်ပေးခဲ့တဲ့ ငွေတွေကို ဘဏ်တိုးနှင့်စားလို့ရသေးပေမဲ့ သူ့အမျိုးသားက
အလုပ်ဆက်လုပ်စေချင်ရင်တော့
သူအပြင် ကုမ္ပဏီ တစ်ခုခုမှာ အလုပ်လျှောက်ရမည်ထင်သည်။ ဒါကလဲ ခက်ခဲတာတော့
မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့အမျိုးသားကိုတော့ သူကောင်းကောင်း ရှာကျွေးနိုင်ပါသေးသည်။

ရုတ်တရက် သတိထားမိတာနဲ့
သူ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကာ
သူရယ်လိုက်မိသည်။
သူ အိမ်ထောင်ပြုဖို့ကို တကယ်ပဲစိတ်ပါနေသလား?
တစ်ဖက်က ဘယ်သူလဲမသိသေးပေမဲ့
ဘယ်လို ရှေ့ဆက်ရမလဲဆိုတာကိုပါ
သူကတွေးနေပြီဖြစ်သည်။

အချိန်အတော်ကြာ သူသတိမထားမိခဲ့တဲ့
တစ်စုံတစ်ယောက်အား လိုအပ်မှု
သူ့ဆီမှာရှိနေသေးတာ တကယ်ကို
အံ့ဩစရာပင်။
သူ့ကိုယ်သူ အထီးကျန်နေတယ်လို့
မခံစားမိလောက်တဲ့အထိ နေခဲ့ပေမဲ့
တကယ့် တကယ် တစ်ယောက်‌ယောက်ရဲ့အနားမှာ နေရတော့မယ်ဆိုပြန်တော့
အသစ်အဆန်းတစ်ခုလိုဖြစ်ကာ
သူ့အတွေးတွေက ပုံမှန်ထက် ထူးခြားနေခဲ့သည်မို့လား။

မေမေက ဘာစိတ်ကူးနဲ့များ
သူ့ကို အမျိုးသားတစ်ယောက်နဲ့
အိမ်ထောင်ချပေးဖို့ တွေးလိုက်ရတာလဲ။
အမြဲတမ်းဖုံးကွယ်နေခဲ့ရတဲ့ သူ့ကို
စာနာလို့ပဲလား? ဒါမှ မဟုတ် သူမ မရှိတော့မဲ့ အနာဂတ်မှာ သူမရဲ့ လိင်တူကြိုက်တဲ့သားက ယောက်ျားတွေနဲ့ ဖြစ်ချင်တိုင်းဖြစ်မှာကိုပဲ တားဆီးချင်ခဲ့တာလား?

ဘာပဲဖြစ်ဖြစ် ကြုံလာမဲ့အတူတူ
သူမ စီစဉ်ပေးခဲ့တာကောင်းလိမ့်မယ်လို့
မေမေတွေးခဲ့သလား ဟုပင် သူထင်မိသည်။
ကြည့်ရတာ မေမေက သူ့အပေါ် ယုံကြည်ချက်ရှိပုံ မရပါ။
သို့သော်လည်း သူဘာမှ မပြောလို ၊ မေမေ့စိုးရိမ်မှုက သူ့နည်းသူ့ဟန်နှင့်တော့ အကျိုးအကြောင့် သင့်ပုံရသည်။

ဒါဆို သူသာ ပုံမှန်လူဆိုရင်ရော?
သူနည်းနည်း တွေးကြည့်ချင်လာပြန်သည်။
သူသာ မိန်းကလေးတွေကိုပဲ သဘောကျတဲ့
ပုံမှန်ယောက်ျားတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် မေမေ ဒီလောက် အလုပ်ရှုပ်ပါ့မလား?

သူ့ကို အမြဲ ဆက်နွယ်ချင်နေတဲ့
မေမေ့အသိုင်း အဝိုင်းက အမျိုးသမီး
တစ်ယောက်ယောက်နှင့် မေမေချိတ်ဆက်ပေးနိုင်တာကို သူခပ်မြန်မြန်တွေးမိတော့
သူ့ပါးချိုင့်တွေ ပေါ်သည်အထိ သူနင့်နင့်နဲနဲ ပြုံးမိပြန်သည်။

ဘာပဲဖြစ်ဖြစ် မေမေ စီစဉ်ပေးမည်ဖြစ်နိုင်သည်။
သူက လိင်တူသဘောကျတာဖြစ်ဖြစ်
လိင်ကွဲ သဘောကျတာ ဖြစ်ဖြစ်ပေါ့။

လှိုင်းဆက်သည် သဘောကျလွန်းစွာ
ထထိုင်မိလိုက်ပြီး အနည်းငယ် ခြောက်ကပ်နေသည့် သူ့နှုတ်ခမ်းများကို လျှာနှင့်အသာသပ်လိုက်မိသည်။
ရုတ်တရက် သူပိုပြီး ရယ်ချင်လာသလို
ခံစားရလာ၍ဖြစ်သည်။

ပျော်လို့ ဖြစ်လာတာမျိုးမဟုတ်ပဲ
သူ့ဘဝကို တွေးမိတာကြောင့်ဖြစ်မည်။

.....................................................

သူအိပ်ရာနိုးလာတော့ တိုင်ကပ်နာရီက
ညနေ ၄ နာရီကို ညွှန်ပြနေပြီဖြစ်သည်။
အနောက်ဖက် ပြတင်းပေါက်မှတဆင့်
နေရောင်တချို့က သူ့အခန်းထဲသို့ဖြာကျနေတာမို့ အခန်းက ပုံမှန်ထက် ပူကာနေ၏။

ခပ်မြန်မြန်ရေချိုးပြီးတာနှင့်
ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီတစ်ထည်ကို
ချည်သားဘောင်းဘီနှင့်ဝတ်လိုက်ကာ
သူအောက်ထက်ကို ဆင်းလာခဲ့လိုက်သည်။

တိတ်ဆိတ်နေတဲ့ အောက်ထပ်ဧည့်ခန်းက
နေ့လည်းတုန်းက အခြေအနေနှင့်ကွာခြားလွန်းလှသည်။
ဧည့်ခန်းကိုဖြတ်လျှောက်လာပြီးနောက်
အိမ်ရှေ့ဘက် မြက်ခင်းပြင်ဆီ သူဦးတည်လိုက်တော့ မမငယ် နှင့် သူ့အမျိုးသားက
သူ့ကို မြင်သွားကြကာ လှမ်းခေါ်ကြသည်မို့
သစ်ခွ ပန်းအိုးများ အစီအရီချိတ်ထားသည့်
အမိုးငယ်လေးအောက်ဖြတ်ကာ
သူတို့ထိုင်နေသည် ခုံတန်းလေးဆီ လာလိုက်သည်။

ခြံအတွင်းရှိ ဖွေးဖွေးလှုပ်ဖူးနေတဲ့ ဆံပင်ပင်တို့ဆီမှ သင်းပျံ့ပျံ့ရနံ့ က လတ်ဆတ်လှ၏။

အုတ်ခုံ တန်းလေးနှစ်ခုက မျက်နှာချင်းဆိုင်လျက် ရှိနေပြီး မမငယ်တို့က တစ်ဖက်ထဲထိုင်နေကြတာမို့ သူကမျက်နှာချင်းဆိုင်မှယဝင်ထိုင်တော့ အပြုံးချိုချိုနှင့်ကြိုဆိုတဲ့ မမ ငယ်က သူ့လိုပဲ ပါးချိုင့်ကလေးနှင့်ဖြစ်သည်။

" လှိုင်းဆက် နိုးလာပြီလား"

သူ့ခေါင်းတချက်ငြိမ့်ပြီး ပြုံးပြရင်း
မမငယ် အမျိုးသား ကိုဥက္ကာကိုပါ
ခေါင်းငုံ့နှုတ်ဆက်လိုက်၏။

" မမ ငယ်တို့ ဒီမှာ အိပ်ကြမှာလား"

"ဟုတ်တယ် မေမေက မပြန်နဲ့အုန်းလို့ပြောတယ်။ လှိုင်းဆက်လေး အတွက် စီစဉ်ပေးဖို့တဲ့"

"ယောက်ဖက အိမ်ထောင်ပြုတော့ ခပ်မြန်မြန်ပဲ ၊ ကြီးကြီးမားမား လက်ဖွဲ့ဖို့တောင် မစီစဉ်ရဘူးဗျာ"
ပွဲစားဖြစ်တဲ့ ကိုဥက္ကာက သွက်လက်စွာပြောလာသည်မို့ လှိုင်းဆက် ပေါ့ပေါ့ပါးပါးပဲရယ်လိုက်မိသည်။ တကယ်ဆို သူကိုယ်တိုင်တောင် တော်တော် အံ့ဩမိတုန်းပါပဲ။

"ဥက္ကာကလဲ လက်ဖွဲ့က ဘယ်အချိန်ပေးပေးရတယ်။ လှိုင်းဆက် လိုချင်တာရှိရင် မမ ငယ်ကိုပြော အဲ့ကျရင်စီစဉ်ပေးမယ်"

" တူလေး ရော စီစဉ်ပေးမလား"

အံ့အားသင့်သွားတဲ့ မမငယ်က ဟယ်ခနဲ ပြောရင်း လှိုင်းဆက်ကို အသာရိုက်သည်။
မမငယ်ကတော့ သူနဲ့ တော်တော်လေး
ရင်းရင်းနီးနီး ရှိတဲ့ မိသားစုဝင်ဟုဆိုရမည်။
မမ ကြီးကဲ့သို့ စိတ်မာန်မကြီးပဲ သွက်လက်တဲ့ မမငယ်က သူ့အပေါ် နားလည်မှုအရှိဆုံးလည်းဖြစ်သည်။

" အတည်ပြောမလို့ မေမေ အခွင့်အရေးပေးနေတဲ့အတူတူ မင်းသဘောကျတဲ့သူရှိရင်
မေမေ့ကိုပြောလိုက်"

လှိုင်းဆက်က ခဏလောက်ငြိမ်သွားမိသည်။
သူသဘောကျတဲ့သူ? သူ့မှာ ရှိဖူးရဲ့လား?
အားလုံးဟာကြာခဲ့ပြီမို့ သူသိပ်မှတ်မထားချင်တော့။

" မေမေကလဲ စီစဉ်ပေးပြီးသားပေမဲ့
ပေါင်းရမှာက မင်းနော် လှိုင်းဆက်။
မမ ငယ် ကတော့ ဒီလိုတွေ စီစဉ်တာကို
အရမ်း ခေတ်နောက်ကျနေပြီပဲ ထင်တယ်"

"ငယ်ငယ် က တော့ သူ့မောင်ကို စ သင်နေပြီ"
ကိုဥက္ကာက မမငယ်ရဲ့ လက်မောင်းကို တစ်ချက်ဖျစ်ညှစ်ရင်းစတော့ မမငယ်က မျက်စောင်းထိုးလိုက်သည်မို့ သူရော ကိုဥက္ကာပါ ရယ်လိုက်မိကြသည်။

" ကျွန်တော် သဘောကျတဲ့သူလဲ မရှိပါဘူး"

" လှိုင်းဆက်ကတော့ တကယ်ပါပဲ
မင်းကိုတော့ မမငယ် လက်လန်တယ်
မင်းစိတ်တိုင်းကျ ဆိုတာကို မမြင်ဖူးဘူး"

မမငယ်ရဲ့ ညည်းညည်းညူညူအပြောမှာ
လှိုင်းဆက် ခေါင်းငုံ့ရင်းပြုံးမိသည်။
သူ့ကို စိတ်မကောင်းစွာ ကြည့်နေမည့်
မမငယ်တို့ အကြည့်တွေကို ကြိုသိနေပေမဲ့
တကယ်လည်း သူ့စိတ်တိုင်းကျဆိုတာက
အဲ့လောက်အရေးကြီးတဲ့ အရာမှမဟုတ်တာ။

တံခါးတွန်းဖွင့်သံနဲ့အတူ သူတို့သုံးယောက်
ခြံတံခါးဆီကြည့်လိုက်တော့
တံခါးစောင့် ဦးလေးက တွန်းဖွင့်နေခြင်းဖြစ်သည်။ တံခါးကို ကျောပေးထိုင်နေတာကြောင့် လှိုင်းဆက်က ဒီဘက်ပြန်လှည့်ပေမဲ့
စူးစူးစမ်းစမ်း ငေးနေကြသည့် မမငယ်တို့ကြောင့် သူတစ်ဖန်ပြန်ကြည့်ချိန်မှာတော့
သူပါ စူးစူးစမ်းစမ်းဖြစ်သွားရတော့သည်။

မိုးပြာရောင် ရှပ်အင်္ကျီလက်ရှည်ကို
ကြယ်သီးတို့ဖြုတ်ဟထားပြီး အောက်မှ
အဖြူရောင် စပို့ရှပ်ဝတ်ကို ဂျင်းဘောင်းဘီနှင့် တွဲဝတ်ထားသည် အမျိုးသားတစ်ယောက်က သူတို့ခြံပေါက်ဝတွင် အတောင့်လိုက်ရပ်နေသောကြောင့်ပင်။

ခပ်ငယ်ငယ်ဖြစ်ပုံရတဲ့ ထိုအမျိုးသားက
ကျောပိုးအိတ်တစ်ခုကိုလွယ်ထားပြီး
လက်ထဲမှာလဲ ကြွပ်ကြွပ်အိတ်ထုပ်ကြီး
နှစ်ထုပ်ကို တစ်ဖက်စီသယ်လို့ထားသည်။

ချွေးစို့နေတဲ့ ဆံပင်တိုတိုတွေက သူ့နှဖူးထက် ကပ်နေလျက်ရှိပြီး ကြည့်ရတာ အတော်လေး
မောနေပုံလဲ ရ၏။
ခပ်ညိုညို အသားအရည်ရှိပြီး ခပ်ပြည့်ပြည့်ဖြစ်နေသည့် ခန္ဓာကိုယ်က သူဝတ်စားထားသည့် ပုံစံနှင့်တော့ အံဝင်ခွင်ကျဖြစ်သည်ဟုဆိုနိုင်သည်။

ခပ်ဝိုင်းဝိုင်း မျက်လုံးတို့က ဘယ်သူ့ကို
လိုက်ရှာနေသည်မသိပေမဲ့ ခြံထဲရှိ သူတို့ထိုင်နေရာဆီ အကြည့်ရောက်လာချိန်မှာတော့
ပိုမိုဝိုင်းစက်သွားကာ ခပ်ဟဟ ဖြစ်သွားသည့် နှုတ်ခမ်းတစ်စုံ။

လှိုင်းဆက်က လှည့်ကြည့်နေရင်း
ထနှုတ်ဆက်သင့်လား ထိုင်နေရမလား
ဝေခွဲမရဖြစ်နေဆဲပင်။
သေချာတာက သူ့မိတ်ဆွေတော့မဟုတ်။
မမငယ်တို့ကလည်း အခြေအနေကြည့်နေကြသည်မို့ သူတို့အသိလဲမဖြစ်နိုင်ပေ။

ထိုသူကလဲ ပြူးကြောင်ကြောင်ရုပ်နှင့်
ဟိုဟို ဒီဒီကြည့်နေကာ တံခါးစောင့် ဦးလေးကလည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ မေးမလို မမေးမလိုဖြစ်လို့နေ၏။

" ဘယ်သူ...."

"ကြီးကြီး!!!"

လှိုင်းဆက် မေးရန်ပြင်လိုက်စဉ်ပဲ
ကျယ်လောင်စွာထွက်လာသံနဲ့အတူ
ပြုံးရွှင်သွားတဲ့ ထိုလူ။
သွားဖြူဖြူတွေပေါ်သည်အထိ ရယ်နေပုံက
အတော်လေး ပျော်သွားသည့်အတိုင်း။
ထိုလူကြည့်နေရာဆီ လိုက်ကြည့်မိတော့
မေမေက အိမ်ကူပေးသည့် ကလေးမလေး၏ လက်ကို ထိန်းကိုင်းထားရင်း ခပ်ဖြေးဖြေးနှင့် လျှောက်လာတာကို တွေ့ရတာမို့
လှိုင်းဆက်က သွက်သွက်ထလိုက်ရင်း
မေမေ့နားကိုလျှောက်ကာ လက်လွှဲယူထားလိုက်၏။

မေမေကတော့ လှိုင်းဆက်ကို တစ်ချက်ပြုံးကာပြပြီးတဲ့နောက် တံခါးဝမှထိုသူဆီ လှမ်းကာ ပြောရှာသည်။

" ငြိမ့်....သားရောက်လာပြီ"

သိမ့်ခနဲ ခံစားချက်တစ်ခုဟာ
လှိုင်းဆက် ရင်ထဲဝင်ရောက်လို့လာသည်။
အကြောင်းအရာ တစ်ခုကို အာရုံရသွားသလိုမျိုး သူ့ရင်ထဲ ဖြစ်သွားခြင်းပင်။

ပြုံးရွှင်လျက် ခပ်သွက်သွက်ခြံထဲဝင်လာတဲ့
ထိုလူက မေမေ့ အနားရောက်သည်နှင့်
သူဆွဲယမ်းကိုင်လာသည့် အထုပ်ကြီး
နှစ်ထုပ်ကို အောက်ချလိုက်ရင်း
လက်နှစ်ဖက်ကိုရှေ့မှာ ယှက်ရင်း
မေမေ့ကို နှုတ်ဆက်လာတော့၏။

" ကျွန်တော် ရောက်ပြီ ကြီးကြီး"

ချွေးစို့နေသောမျက်နှာကတော့
ပြုံးရွှင်လျက်..။

..................................................................

ဒုတိယ ဇာတ်ကောင် လိုင်းတက်လာပါပြီ!

စာရေးသူ၏ မှတ်စု;
အဓိက ဇာတ်ကောင် "လှိုင်းဆက်" သည်
၁၉၈၀ ခုနှစ်နောက်ပိုင်းကာလများတွင်
‌ဘဝဖြတ်သန်းခဲ့ရသူဖြစ်ပြီး
လက်ရှိခေတ်ကာလကဲ့သို့
လိင်တူ စိတ်ဝင်စားမှုများကို ပွင့်လင်းစွာ ကြုံတွေ့ခွင့်မရှိခဲ့သူဖြစ်သည်။

ဇာတ်ကောင်သည် အနည်းငယ်
ပျင်းစရာကောင်းသော ‌ခေတ်နောက်ကျသည့်
သဘောတရားရှိသူဟု ဆိုနိုင်သည်။

ပါဝင်သော အကြောင်းအရာအားလုံးသည်
စာရေးသူ၏ စိတ်ကူးများသာဖြစ်သည်။

Zawgyi

သူ၏ အမွန္တရား

"ေမေမ ကေတာ့ တကယ္ကို လုပ္ခ်င္တာ
လုပ္ေနေတာ့တာပဲ"

ေခတ္မွီဆိုဖာခုံမ်ားႏွင့္ သန႔္ရွင္းသပ္ရပ္လွသည့္ ဧည့္ခန္းသည္ မမႀကီး၏
စိတ္ပ်က္ေနသည့္ အသံေအာက္တြင္ ၿငိမ္သက္မႈအေငြ႕အသက္မ်ား ျပည့္ႏွက္ေနလ်က္ရွိသည္။

အသက္ရႉသံမ်ားပင္ သိသိသာသာ
ၾကားနိုင္ေသာ ဒီအခန္းထဲတြင္
သူတို႔ တစ္မိသားစု အကုန္ အတူတူ
ရွိေနၾကတာျဖစ္ၿပီး အားလုံးေပါင္း
၅ ေယာက္ပင္။

မိခင္ ေဒၚမိုးမိုးေဌးဟာ သူမ၏
မ်က္ႏွာကို ေမာ့လို႔ေနၿပီး ဘယ္သူ႕စကားမွ
နားေထာင္မည္မဟုတ္သည့္ ဟန္ႏွင့္ျဖစ္သည္။
ရွားညိုေရာင္ ရင္ဖုံးအကၤ်ီ ႏွင့္ နက္ျပာေရာင္
ပါတိတ္ကိုဝတ္ဆင္ထားေသာ
အသက္၆၀ေက်ာ္ အမ်ိဳးသမီးႀကီးသည္
သူမ၏ ႏွဖူးျပင္‌တို႔ထက္က အေရးအေၾကာင္း
မ်ားပင္ ညွိုးငယ္ေလာက္ေအာင္
သြက္လက္ေနဆဲ။

စိတ္သိပ္မာတဲ့ ဒီအမ်ိဳးသမီးႀကီးက
သူမ ဘဝမွာ ဘာမွလိုေလေသးမရွိခဲ့။
ဆရာမတစ္ေယာက္ျဖစ္ခဲ့ေပမဲ့
မ်ိဳးႀကီးရိုးႀကီးျဖစ္သည့္ သူမက
အ႐ြယ္ေကာင္းတုန္းမွာပဲ အလုပ္ထြက္ခဲ့ကာ
ခင္ပြန္းျဖစ္သည့္ ဦးေက်ာ္နိုင္၏
လုပ္ငန္းမ်ားကိုသာ ကူညီေပးခဲ့ရသည္။

သူမ ဘဝမွာ ဘာမွမလိုအပ္ခဲ့ဖူးဘူး။
သားသမီး သုံေယာက္ေမြးဖြားခဲ့ၿပီး
ထူးခြၽန္တဲ့ သူမရဲ႕ သားသမီးေတြေၾကာင့္
သူမ တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္လုံး အၿမဲတမ္း ေခါင္းေမ့ာေနခဲ့ရသည္ ခ်ည္းသာ။
တစ္ဦးတည္းေသာ သူမရဲ႕သားငယ္က
လိင္တူသေဘာက်သဴဆိုတာကို
မသိေသးခင္အထိေပါ့။

ဆိုဖာေပၚတြင္ အသာထိုင္ရင္း
ၿငိမ္သက္ေနေသာ သားျဖစ္သူကို
သူမ တစ္ခ်က္လွမ္းၾကည့္လိုက္မိသည္။
ရွင္းလင္းၾကည္လင္တဲ့ သားက
အၿမဲတမ္းေအးစက္ေနခဲ့ၿပီး
ခန႔္ညားလွတဲ့မ်က္ႏွာထက္မွာ
ပါးခ်ိဳင့္ေလးေပၚသည္အထိ ၿပဳံးေနတာမ်ိဳး
သူမ မျမင္တာ ႏွစ္‌ေပါင္းမ်ားစြာၾကာခဲ့ၿပီ။
ခင္ပြန္းသည္ႏွင့္ သားျဖစ္သူၾကားက
ႀကီးမားတဲ့ ေသြးေအးမႈေတြၾကားမွာ
မိသားစုဆက္ဆံေရးက သားပါလာသည္ႏွင့္
ပိုမိုတိတ္ဆိတ္ၿပီးရင္း တိတ္ဆိတ္လာခဲ့ရသည္။

သူမက မ်က္ႏွာကိုေမာ့လိုက္ကာ သမီးျဖစ္သူကို စိုက္ၾကည့္ရင္း ခပ္မာမာေျပာလိုက္မိသည္။
" ညည္းတို႔လဲ ညည္းတို႔ဆႏၵအတိုင္းပဲ
ေနၾကတာ.. အခု ငါ့သားကိစၥကို
ဘာမွဝင္ေျပာစရာမလိုဘူး"

"ယုတၱိရွိတာ ေျပာပါေမေမရယ္။
သူေတာင္ ခုလိုထိ ထိန္းသိမ္းလာရတာ
ေမေမက အခုမွ ဘာျဖစ္ခ်င္ေနတာလဲ"
မမႀကီး ဘက္ကလည္း ေတာ္ေတာ္နဲ႕ ေလွ်ာ့မည့္ပုံမေပၚ။

"မမႀကီးရယ္ ေမေမ့ကို ေအးေအးေဆးေဆးေျပာရေအာင္ပါ"
မမႀကီး၏ မ်က္ႏွာခ်င္းဆိုင္မွ မမငယ္က
ဝင္ေရာက္ျဖန္ေျဖသည္။
သူမတို႔ စထိုင္လိုက္ကတည္းက
စကားဝိုင္းတစ္ခုလုံး တင္းမာေနခဲ့တာျဖစ္၏။

ေဘးနားက သူမအမ်ိဳးသားမွ
သူမလက္ကိုအသာဆုပ္ကိုင္ရင္း
သတိေပးလာသည္မို႔ သူမဝင္ထိန္းမွ
ျဖစ္ေတာ့မည္ျဖစ္သည္။
မမႀကီးရဲ႕ စိတ္ႀကီးမႈရယ္ ေမေမ့ရဲ႕
စိတ္ဓာတ္မာေၾကာမႈရယ္ ႏွင့္
လြန္းထိုးေနၾကတဲ့ စကားဝိုင္းမွာ
ကာယကံရွင္ ေမာင္ျဖစ္သူကေတာ့
ေကာင္းသည္ဆိုးသည္ တစ္ခြန္းမွပင္
ဝင္ေရာက္ေျပာဆိုလာျခင္း မရွိေသးေပ။

နက္ျပာေရာင္ အကြက္စိတ္ပုဆိုး၊
အဝါေျဖာ့‌‌ေျဖာ့ ရွပ္လက္တိုႏွင့္
ခရီးပန္းေနပုံရေသာ ‌သူမ ေမာင္ေလးက
မ်က္ႏွာ အနည္းငယ္ႏြမ္းလ်ေနေပမဲ့
ေရာက္ကတည္းက စကားဝိုင္းၾကားမွာ
ငုတ္တုပ္ထိုင္‌ေနခဲ့ရတာမို႔
သူမ အေတာ္‌ေလး ဂ႐ုဏာသက္ေနရၿပီ။

"ေမေမ လွိုင္းဆက္ေလးကို အရင္ေမးဖို႔ေကာင္းပါတယ္"

သူမ အသာအယာ ေျပာလိုက္ေပမဲ့
မမႀကီးရဲ႕ ခပ္မာမာေလသံက ျပန္လည္ဝင္ေရာက္လာျပန္သည္။

"အို ...သူက အလုပ္ေတာင္ထြက္လာၿပီေလ
ဘာျဖစ္ျဖစ္ ေမေမ့သေဘာပဲ လုပ္ေတာ့မွာ"

"ညည္းသိရင္ ထပ္ၿပီး ငါ့ကို ဟိုဟိုဒီဒီ မေျပာနဲ႕ေတာ့ မမႀကီး"
ေမေမ့ အသံက ခပ္စူးစူးထြက္လာသည္မို႔
အသက္ ၄၂ႏွစ္အ႐ြယ္ မမ ႀကီးသည္ပင္
မေက်နပ္ေသာ္လည္း ၿငိမ္သက္ရေတာ့သည္။

" ငါဆုံးျဖတ္ထားၿပီးသား၊
ငါ့သား ဘဝမွာ သူေနခ်င္သလို မေနခဲ့ရဖူးဘူး ။ ငါမေသခင္ သူ႕သေဘာအတိုင္း
သူ႕ကိုေနခိုင္းမွရမယ္...ညည္းတို႔ တရားသလားေအ။ ညည္းတို႔မိသားစုနဲ႕ညည္းတို႔
အဆင္ေျပေနခ်ိန္ ငါ့သားက အထီးက်န္ေနရမွာလား"

အသာအယာၿငိမ္ထိုင္ေနသည့္
လွိုင္းဆက္ကေတာ့ အနည္းငယ္မွ
လႈပ္ရွားျခင္းမရွိ။တိတ္ဆိတ္စြာပဲ
နားေထာင္လ်က္ရွိေနသည္။

သူက ဆက္တီခုံထက္က ေမေမ့ရဲ႕
ပဌာန္းစာအုပ္ကိုျဖစ္ေစ ၊ အဲ့ဒီေဘးက
ပန္းအိုးကိုျဖစ္ေစ ေရာက္တတ္ရာရာ
ၾကည့္ေနေပမဲ့ သူ႕အာ႐ုံေတြ
ဘယ္ေရာက္ေနလဲဆိုတာသူကိုယ္တိုင္ေတာင္ သိမေနပါဘူး။

မမႀကီးပန္ထားသည့္ သနပ္ခါးပန္းေတြ၏
ရနံ႕ေတြေနာက္ပဲ လိုက္မိေနသလား။
ဒါမွမဟုတ္ ပန္းအိုးထဲက ရနံ႕ျပင္းျပင္း
ဂမုန္းပန္းေတြရဲ႕ ေခၚေဆာင္ရာေနာက္ပဲ
ပါသြားမိေလသလား။

အၿပိဳင္အဆိုင္ျငင္းဆိုေနၾကတာဟာ
လွိုင္းဆက္အတြက္ပါဆိုေပမဲ့
သူတကယ္ကို ဘာမွ ေျပာခ်င္စိတ္မရွိပါ။
စိတ္တိုတာ ၊စိတ္ဆိုးတာ ၊ ဝမ္းနည္းတာ
သူ႕စိတ္ခံစားခ်က္ေတြကိုလည္း သူသဲသဲကြဲကြဲ နားမလည္ခဲ့ဖူးဘူး။

သူကအခြင့္အေရးလဲ မရွိခဲ့ဘူးထင္ပါသည္။ သူလုပ္တတ္တာက တည္ၿငိမ္စြာနဲ႕
သူမ်ားေတြ စကားကိုနားေထာင္ရင္း
သူတို႔ ဆႏၵေတြကို လိုက္‌ေလ်ာေပးရတာပဲ
ျဖစ္သည္။

အျပင္လူေတြနဲ႕ ဆက္ဆံေျပာဆိုလွ်င္သာ
သူၿပဳံး႐ႊင္တာမ်ိဳးရွိေပမဲ့လည္း
သူ႕မိသားစုကိုေတာ့ သူပိုစိမ္းသက္မိသည္။
သူ႕စိတ္ထဲရွိရာ‌ေတြ ထုတ္ျပမိလိုက္ရင္
သူ႕ကိုနာၾကင္ေအာင္ အေျပာနိုင္ဆုံးက
ဒီမိသားစုဝင္ေတြပဲ ျဖစ္ၿပီး၊
ဒီလူေတြက သူျဖတ္ေျပးလို႔မရနိုင္တဲ့
ႀကိဳးေတြလဲ ျဖစ္သည္။

" သား မင္း ေမေမ့သေဘာထားကို လက္ခံတယ္မို႔လား"

ခ်ည္ၿပီးတုပ္ၿပီး ေမးလာတဲ့ေမးခြန္းကို
သူ အတြန႔္တက္‌ခ်င္တာမ်ိဳးမရွိေတာ့။
အေျခအေန အားလုံးအရ သူအတြန႔္တက္သည္ျဖစ္ေစ မတက္သည္ျဖစ္ေစ ေျပာင္းလဲသြားနိုင္မည့္ အေၾကာင္းမရွိေပ။

ေမေမကလည္း သူ႕သေဘာထားကို လိုက္နာေစခ်င္႐ုံသာျဖစ္ၿပီး မမ ႀကီးကလဲ သူ႕ဘက္မွာ အားႀကိဳးမာန္တက္ ရပ္တည္ေပးလိမ့္မည္မဟုတ္။

" ေမေမ ေကာင္းသလို စီစဥ္လိုက္ပါ"

ဟင္းခနဲ မမႀကီးရဲ႕ သက္ျပင္းခ်သံကို
ေသေသခ်ာခ်ာၾကားလိုက္ရေပမဲ့
သူကေတာ့ ခပ္ၿပဳံးၿပဳံးနဲ႕ ေက်နပ္ေနသည့္
ေမေမနဲ႕သာ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
ေမေမ့ သေဘာထားေတြကို နားမလည္ေပမဲ့
သူ႕မွာလဲ ဘာဆႏၵေတြမွ မရွိဖူးဘူး။
သူက ပုံမွန္အတိုင္း အသက္ရွင္ေနရၿပီး
မိဘေတြရဲ႕ သေဘာထားအတိုင္း
ေပးဆပ္ဖို႔ဆုံးျဖတ္ထားရၿပီးသား။

" ေကာင္းတယ္ ေမေမဖုန္းဆက္ထားၿပီး
စီစဥ္လိုက္မယ္ သားက ဒီၾကားထဲ
နားနား ေနေန ေနေပါ့"
ေမေမ့ အသံက ‌အားရေက်နပ္မႈအျပည့္ႏွင့္။

မမႀကီးဆီမွ ဘာစကားမွထပ္ထြက္မလာေပမဲ့
မမငယ္ရဲ႕ ေမေမနဲ႕တိုင္ပင္သံေတြကေတာ့
သူ႕နားထဲမွာ ၾကားရတစ္ခ်က္ မၾကားရတစ္ခ်က္ျဖစ္သည္။
သူ႕အတြက္ စီစဥ္ေနၾကတာေပမဲ့ လည္း
သူ႕အတြက္လို႔မခံစားရေပ။

သူဟာ လိင္တူတစ္ေယာက္ျဖစ္တဲ့အေပၚ
ေဖေဖ ရွိစဥ္က အၿမဲ သိမ္ငယ္ခဲ့ရသည္။
ေအးစက္စက္ႏွင့္ ေဖေဖ့ပုံရိပ္က သူ႕အတြက္
အိပ္မက္ဆိုး အရွည္ႀကီးျဖစ္သည္။
ငယ္စဥ္က ေဖေဖ့ကိုေၾကာက္ရၿပီး
အ႐ြယ္ေရာက္လာေတာ့လဲ ေဖေဖ့ကို
နည္းနည္းေလးမွ မတြန္းလွန္နိုင္ခဲ့သလို
တြန္းလွန္ဖို႔လဲ မႀကိဳးစားနိုင္ခဲ့ျပန္။

ေဖေဖက သူဟာ လိင္တူစိတ္ဝင္စားသူမို႔
မုန္းတာလား၊ ဒါမွမဟုတ္ သူျဖစ္ေနလို႔ကို
မုန္းခဲ့တာလား။
ေသဆုံးသြားတဲ့အခ်ိန္အထိ ေဖေဖက
သူ႕ကို နည္းနည္းေလးမွေတာင္ စိတ္မဝင္စားခဲ့ဘူးမို႔လား။

ေမေမကေတာ သူနဲ႕ အဆက္အသြယ္အမ်ားဆုံးျဖစ္သည္။
ေဖေဖ စိတ္ခ်မ္းသာေအာင္ ေနထိုင္ဖို႔
ေမေမက သူ႕ကို အၿမဲဆုံးမေနတတ္ခဲ့ၿပီး
သူပုံစံေတာ္ေတာ္မ်ားမ်ားဟာ
ေမေမ့ရဲ႕ပုံသြင္းမႈမ်ားပင္ျဖစ္ခဲ့သည္။
ေဖေဖႏွင့္ မတူညီစြာပဲ ေမေမက သူ႕ကို
အၿမဲ ဂုဏ္ယူရတဲ့ သားတစ္ေယာက္အျဖစ္
ပြဲထုတ္ခဲ့သူျဖစ္၏။

၃၅ႏွစ္တာ ကာလလုံးမွာ သူက
ေဒၚ မိုးမိုးေဌးရဲ႕ သားလိမၼာအျဖစ္
ေမေမ့ သူငယ္ခ်င္းေတြၾကား နာမည္ေကာင္းရခဲ့သည္။
ထူးခြၽန္ထက္ျမတ္ေသာ ၊ အေနအထိုင္ေအးေဆးေသာ ၊ ႐ုပ္ရည္သင့္တင့္ၿပီး
မိဘႏွင့္ ေနာက္ခံအားေကာင္းေသာ
အစိုးရ အရာရွိ ဦးလွိုင္းဆက္အေနနဲ႕
အမ်ားက ေလးစားၾကတဲ့ သူေပါ့။

ဒါေပမဲ့ တစ္ခုတည္းေသာ သူ႕ရဲ႕အားနည္းခ်က္က သူ႕ကို ဟိုးအဆုံးထိ
သိမ္ႏုံ႕ ေစသည္။ သူကပဲ အားလုံးကို
လိမ္လည္ထားသလို ၊ သူကပဲ မရိုးမေျဖာင့္နဲ႕
အရွက္မဲ့တဲ့သူလို သူ႕လိပ္ျပာသူ မလုံနိုင္ေအာင္ ညွင္းပန္းခံခဲ့ရသည္။

တကယ္ကိုပဲ သူ႕အားနည္းခ်က္ကို
လူနည္းနည္းပဲ သိတာေတာင္မွ
အဲ့ဒီလူေတြက သူ႕ကို ေရာဂါသည္တစ္ေယာက္လို ေစာင့္ၾကည့္ေနခဲ့ၾကတာ။
သူ႕မိသားစု ဝင္ေတြ ကိုယ္တိုင္ကိုယ္က သူ႕ကို မသတီသလို အၿမဲခံစားခဲ့ရသည္။

ေမေမတို႔ စကားဝိုင္း‌ဆုံးေတာ့
အနားယူဖို႔ ေျပာလာၾကသည္မို႔
သူအေပၚထပ္ဆီ တက္ခဲ့ လိုက္သည္။
ကြၽန္းေလွကားမ်ားထက္ သူေျခလွမ္းမွန္မွန္ႏွင့္ တက္လာခဲ့ၿပီးေနာက္ ဘုရားခန္းဆီသို႔
အရင္ဦးတည္လိုက္၏။

ေႂကြရည္ဝေနေသာ ပန္းအိုးႀကီးမ်ားသည္
ႏွင္းဆီနီနီတို႔ျဖင့္ ျပည့္လ်က္ရွိၿပီး
ေငြေရာင္ေတာက္ေနသည့္ ေသာက္ေတာ္ေရ ခြက္မ်ားဟာ ဆီမီးအျဖစ္ကပ္လႉပူေဇာ္ထားသည့္ မီးလုံးမ်ားေအာက္တြင္ ၿငိမ္သက္လ်က္ရွိသည္။

ေမြးႀကိဳင္ေနသည့္ ဘုရားခန္းအတြင္း
ေရာက္လာသည္ႏွင့္ စိတ္ေအးခ်မ္းမႈတို႔ဟာ
အတိုင္းမသိမ်ားျပားလာသည္။
အိစက္ေနသည့္ နီညိုေရာင္ ေကာ္ေဇာထက္
သူထိုင္ခ်လိဳက္ၿပီးေနာက္ ထိျခင္းငါးပါးျဖင့္
ဘုရားကို ေသခ်ာကန္ေတာ့ကာ
သူရဲ႕ ခႏၶာငါးပါးႏွင့္ ႐ုပ္နာမ္ႏွစ္ပါးကို
ဘုရားရွင္ထံ အပ္ႏွံ လႉဒန္းလိုက္သည္။

ေဖေဖ က ဘုရားခန္းကို အၿမဲ သန႔္ရွင္းၿပီး
ၾကည္လင္ေနမွ သေဘာက်တာ
သူမွတ္မိေသးသည္။
သယ္ လူပ်ိဳေပါက္မေရာက္ခင္အထိ
ဖြားဖြားနဲ႕အတူ ဘုရားဝတ္ျပဳၿပီး
တရားထိုင္တာမ်ိဳးလုပ္ခဲ့ရသည္မို႔
သူကိုယ္တိုင္လည္း ဘယ္ေနရာေရာက္ေရာက္ ဘုရားကိုေတာ့ ေသခ်ာကန္ေတာ့ျဖစ္ပါသည္။
အိမ္ႀကီးကေတာ့ သူနဲ႕မရင္းႏွီးေပမဲ့
သူငယ္စဥ္ကတည္းက ေနခဲ့ရတာမို႔
သံေယာဇဥ္ျဖစ္ရတဲ့ ေနရာလည္းျဖစ္သည္။

သူ႕အခန္းမွာေတာ့ ကုတင္ႏွင့္ ဆက္တီတစ္စုံကအရင္အတိုင္း ေနရာယူထား၏။
စုကာပုံထားသည့္ သူ႕အိတ္ေတြကိုေတာ့
ေနရာမခ်ပဲ ဒီတိုင္းထားလိုက္ဖို႔သာ
ေတြးထားသည္မို႔ နံရံမွာကပ္ထားလိုက္ၿပီး
အခန္းကို မရႈပ္ေအာင္ ရွင္းလိုက္သည္။

ဘာပဲျဖစ္ျဖစ္ သူဒီမွာ ၾကာၾကာေနရမည္မထင္။ေမေမ့ရဲ႕ စီစဥ္ေပးမယ္ဆိုသည့္
အတိုင္းအတာက ဘယ္ေလာက္ထိျမန္မည္မသိ။ ၾကည့္ရတာကေတာ့ သူ႕ကိုမေျပာခင္ကတည္းက ေမေမက အကုန္စီစဥ္ခဲ့တာျဖစ္လိမ့္မည္။

တစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္ ကုတင္ေပၚ
အသာထိုင္လိုက္ၿပီး သူ႕ေရွ႕က ကိုယ္လုံးေပၚမွန္ဆီ အၾကည့္ေရာက္မိသည္။
ရွည္လ်ားတဲ့ ေျခတံလက္တံ ၊ ေခါင္းလိမ္းဆီတို႔ႏွင့္ ပိရိေနတဲ့ သူ႕ဆံပင္ပုံစံႏွင့္ သူ႕ပုံစံက
ခရီးပန္းတာေၾကာင့္ အနည္းငယ္ေတာ့
ႏြမ္းလ်ပဳံေပါက္ေနသည္။

ပုဆိုးလဲရမလား ေတြးမိေပမဲ့ အေတြးနဲ႕
ဆန႔္က်င္စြာပဲ သူကုတင္ေပၚကန႔္လန႔္လွဲခ်မိလိုက္သည္။ ေျခေထာက္ရွည္ေတြက ကုတင္မွ ၾကမ္းျပင္တို႔ တြဲေလာင္းက်ေနၿပီး
လက္ေခ်ာင္းရွည္တို႔ကေတာ့ ကုတင္ထက္
စိတ္လြတ္ကိုယ္လြတ္ တင္ထားလ်က္ရွိ၏။

မ်က္ႏွာက်က္အျဖဴေရာင္တို႔ဟာ
သန႔္ရွင္းေနတာမို႔ သူ႕အခန္းကို ပုံမွန္
သန႔္ရွင္းေရးလုပ္တာ သတိထားမိသည္။
ဖုန္နံ႕ပင္မရွိေစရ၊ အၿမဲ လူေနသလိုမ်ိဳး
ခံစား‌ရေစတဲ့ ဒီအခန္းက တကယ္ေတာ့
သူတစ္ႏွစ္ေနလို႔ တစ္ေခါက္ေတာင္ လာေနျဖစ္တဲ့‌ ေနရာမဟုတ္။

အိမ္မွာ ေဖေဖနဲ႕ ေမေမရယ္ ၊ မမႀကီးရယ္
အိမ္ကူဖို႔ ေခၚထားတဲ့ ေဆြမ်ိဳးနီးစပ္ သုံးေယာက္ေလာက္ရယ္က လြဲရင္ မမငယ္ကလဲ သူ႕အမ်ိဳးသားႏွင့္အတူ တျခားမွာေနသည္မို႔
ႀကီးမားတဲ့အိမ္ႀကီးအေနနဲ႕ လူ‌ေနပါးသည္ဟု
ဆိုနိုင္သည္ေလ။

သူ လက္ထပ္ၿပီးရင္ေရာ ဘယ္မွာေနရမလဲ။
ေသခ်ာကေတာ့ မမႀကီးက အိမ္မွာထားဖို႔ ကန႔္ကြက္မွာပဲ။
သူကလည္း လုံးဝကို အိမ္မွာမေနခ်င္။
သူရထားတဲ့ တိုက္ခန္းမွာေနရမလား။
အစိုးရဝန္ထမ္းမို႔ သူ႕မွာ အပိုေငြ မ်ားမ်ားစားစား မရွိေပမဲ့ တိုက္ခန္းနဲ႕ ကားတစ္စီးေတာ့
သူႀကီးႀကီးမားမားပိုင္ေသးသည္။

ပုံမွန္စားဖို႔အတြက္ေတာ့ ဖြားဖြားဆုံးစဥ္က
သူ႕အတြက္ေပးခဲ့တဲ့ ေငြေတြကို ဘဏ္တိုးႏွင့္စားလို႔ရေသးေပမဲ့ သူ႕အမ်ိဳးသားက
အလုပ္ဆက္လုပ္ေစခ်င္ရင္ေတာ့
သူအျပင္ ကုမၸဏီ တစ္ခုခုမွာ အလုပ္ေလွ်ာက္ရမည္ထင္သည္။ ဒါကလဲ ခက္ခဲတာေတာ့
မဟုတ္ပါဘူး။ ဘာပဲျဖစ္ျဖစ္ သူ႕အမ်ိဳးသားကိုေတာ့ သူေကာင္းေကာင္း ရွာေကြၽးနိုင္ပါေသးသည္။

႐ုတ္တရက္ သတိထားမိတာနဲ႕
သူ႕မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႕အုပ္ကာ
သူရယ္လိုက္မိသည္။
သူ အိမ္ေထာင္ျပဳဖို႔ကို တကယ္ပဲစိတ္ပါေနသလား?
တစ္ဖက္က ဘယ္သူလဲမသိေသးေပမဲ့
ဘယ္လို ေရွ႕ဆက္ရမလဲဆိုတာကိုပါ
သူကေတြးေနၿပီျဖစ္သည္။

အခ်ိန္အေတာ္ၾကာ သူသတိမထားမိခဲ့တဲ့
တစ္စုံတစ္ေယာက္အား လိုအပ္မႈ
သူ႕ဆီမွာရွိေနေသးတာ တကယ္ကို
အံ့ဩစရာပင္။
သူ႕ကိုယ္သူ အထီးက်န္ေနတယ္လို႔
မခံစားမိေလာက္တဲ့အထိ ေနခဲ့ေပမဲ့
တကယ့္ တကယ္ တစ္ေယာက္‌ေယာက္ရဲ႕အနားမွာ ေနရေတာ့မယ္ဆိုျပန္ေတာ့
အသစ္အဆန္းတစ္ခုလိုျဖစ္ကာ
သူ႕အေတြးေတြက ပုံမွန္ထက္ ထူးျခားေနခဲ့သည္မို႔လား။

ေမေမက ဘာစိတ္ကူးနဲ႕မ်ား
သူ႕ကို အမ်ိဳးသားတစ္ေယာက္နဲ႕
အိမ္ေထာင္ခ်ေပးဖို႔ ေတြးလိုက္ရတာလဲ။
အၿမဲတမ္းဖုံးကြယ္ေနခဲ့ရတဲ့ သူ႕ကို
စာနာလို႔ပဲလား? ဒါမွ မဟုတ္ သူမ မရွိေတာ့မဲ့ အနာဂတ္မွာ သူမရဲ႕ လိင္တူႀကိဳက္တဲ့သားက ေယာက္်ားေတြနဲ႕ ျဖစ္ခ်င္တိုင္းျဖစ္မွာကိုပဲ တားဆီးခ်င္ခဲ့တာလား?

ဘာပဲျဖစ္ျဖစ္ ႀကဳံလာမဲ့အတူတူ
သူမ စီစဥ္ေပးခဲ့တာေကာင္းလိမ့္မယ္လို႔
ေမေမေတြးခဲ့သလား ဟုပင္ သူထင္မိသည္။
ၾကည့္ရတာ ေမေမက သူ႕အေပၚ ယုံၾကည္ခ်က္ရွိပုံ မရပါ။
သို႔ေသာ္လည္း သူဘာမွ မေျပာလို ၊ ေမေမ့စိုးရိမ္မႈက သူ႕နည္းသူ႕ဟန္ႏွင့္ေတာ့ အက်ိဳးအေၾကာင့္ သင့္ပုံရသည္။

ဒါဆို သူသာ ပုံမွန္လူဆိုရင္ေရာ?
သူနည္းနည္း ေတြးၾကည့္ခ်င္လာျပန္သည္။
သူသာ မိန္းကေလးေတြကိုပဲ သေဘာက်တဲ့
ပုံမွန္ေယာက္်ားတစ္ေယာက္ ျဖစ္ေနခဲ့မယ္ဆိုရင္ ေမေမ ဒီေလာက္ အလုပ္ရႈပ္ပါ့မလား?

သူ႕ကို အၿမဲ ဆက္ႏြယ္ခ်င္ေနတဲ့
ေမေမ့အသိုင္း အဝိုင္းက အမ်ိဳးသမီး
တစ္ေယာက္ေယာက္ႏွင့္ ေမေမခ်ိတ္ဆက္ေပးနိုင္တာကို သူခပ္ျမန္ျမန္ေတြးမိေတာ့
သူ႕ပါးခ်ိဳင့္ေတြ ေပၚသည္အထိ သူနင့္နင့္နဲနဲ ၿပဳံးမိျပန္သည္။

ဘာပဲျဖစ္ျဖစ္ ေမေမ စီစဥ္ေပးမည္ျဖစ္နိုင္သည္။
သူက လိင္တူသေဘာက်တာျဖစ္ျဖစ္
လိင္ကြဲ သေဘာက်တာ ျဖစ္ျဖစ္ေပါ့။

လွိုင္းဆက္သည္ သေဘာက်လြန္းစြာ
ထထိုင္မိလိုက္ၿပီး အနည္းငယ္ ေျခာက္ကပ္ေနသည့္ သူ႕ႏႈတ္ခမ္းမ်ားကို လွ်ာႏွင့္အသာသပ္လိုက္မိသည္။
႐ုတ္တရက္ သူပိုၿပီး ရယ္ခ်င္လာသလို
ခံစားရလာ၍ျဖစ္သည္။

ေပ်ာ္လို႔ ျဖစ္လာတာမ်ိဳးမဟုတ္ပဲ
သူ႕ဘဝကို ေတြးမိတာေၾကာင့္ျဖစ္မည္။

.....................................................

သူအိပ္ရာနိုးလာေတာ့ တိုင္ကပ္နာရီက
ညေန ၄ နာရီကို ၫႊန္ျပေနၿပီျဖစ္သည္။
အေနာက္ဖက္ ျပတင္းေပါက္မွတဆင့္
ေနေရာင္တခ်ိဳ႕က သူ႕အခန္းထဲသို႔ျဖာက်ေနတာမို႔ အခန္းက ပုံမွန္ထက္ ပူကာေန၏။

ခပ္ျမန္ျမန္ေရခ်ိဳးၿပီးတာႏွင့္
ေပါ့ေပါ့ပါးပါး ရွပ္အကၤ်ီတစ္ထည္ကို
ခ်ည္သားေဘာင္းဘီႏွင့္ဝတ္လိုက္ကာ
သူေအာက္ထက္ကို ဆင္းလာခဲ့လိုက္သည္။

တိတ္ဆိတ္ေနတဲ့ ေအာက္ထပ္ဧည့္ခန္းက
ေန႕လည္းတုန္းက အေျခအေနႏွင့္ကြာျခားလြန္းလွသည္။
ဧည့္ခန္းကိုျဖတ္ေလွ်ာက္လာၿပီးေနာက္
အိမ္ေရွ႕ဘက္ ျမက္ခင္းျပင္ဆီ သူဦးတည္လိုက္ေတာ့ မမငယ္ ႏွင့္ သူ႕အမ်ိဳးသားက
သူ႕ကို ျမင္သြားၾကကာ လွမ္းေခၚၾကသည္မို႔
သစ္ခြ ပန္းအိုးမ်ား အစီအရီခ်ိတ္ထားသည့္
အမိုးငယ္ေလးေအာက္ျဖတ္ကာ
သူတို႔ထိုင္ေနသည္ ခုံတန္းေလးဆီ လာလိုက္သည္။

ၿခံအတြင္းရွိ ေဖြးေဖြးလႈပ္ဖူးေနတဲ့ ဆံပင္ပင္တို႔ဆီမွ သင္းပ်ံ့ပ်ံ့ရနံ႕ က လတ္ဆတ္လွ၏။

အုတ္ခုံ တန္းေလးႏွစ္ခုက မ်က္ႏွာခ်င္းဆိုင္လ်က္ ရွိေနၿပီး မမငယ္တို႔က တစ္ဖက္ထဲထိုင္ေနၾကတာမို႔ သူကမ်က္ႏွာခ်င္းဆိုင္မွယဝင္ထိုင္ေတာ့ အၿပဳံးခ်ိဳခ်ိဳႏွင့္ႀကိဳဆိုတဲ့ မမ ငယ္က သူ႕လိုပဲ ပါးခ်ိဳင့္ကေလးႏွင့္ျဖစ္သည္။

" လွိုင္းဆက္ နိုးလာၿပီလား"

သူ႕ေခါင္းတခ်က္ၿငိမ့္ၿပီး ၿပဳံးျပရင္း
မမငယ္ အမ်ိဳးသား ကိုဥကၠာကိုပါ
ေခါင္းငုံ႕ႏႈတ္ဆက္လိုက္၏။

" မမ ငယ္တို႔ ဒီမွာ အိပ္ၾကမွာလား"

"ဟုတ္တယ္ ေမေမက မျပန္နဲ႕အုန္းလို႔ေျပာတယ္။ လွိုင္းဆက္ေလး အတြက္ စီစဥ္ေပးဖို႔တဲ့"

"ေယာက္ဖက အိမ္ေထာင္ျပဳေတာ့ ခပ္ျမန္ျမန္ပဲ ၊ ႀကီးႀကီးမားမား လက္ဖြဲ႕ဖို႔ေတာင္ မစီစဥ္ရဘူးဗ်ာ"
ပြဲစားျဖစ္တဲ့ ကိုဥကၠာက သြက္လက္စြာေျပာလာသည္မို႔ လွိုင္းဆက္ ေပါ့ေပါ့ပါးပါးပဲရယ္လိုက္မိသည္။ တကယ္ဆို သူကိုယ္တိုင္ေတာင္ ေတာ္ေတာ္ အံ့ဩမိတုန္းပါပဲ။

"ဥကၠာကလဲ လက္ဖြဲ႕က ဘယ္အခ်ိန္ေပးေပးရတယ္။ လွိုင္းဆက္ လိုခ်င္တာရွိရင္ မမ ငယ္ကိုေျပာ အဲ့က်ရင္စီစဥ္ေပးမယ္"

" တူေလး ေရာ စီစဥ္ေပးမလား"

အံ့အားသင့္သြားတဲ့ မမငယ္က ဟယ္ခနဲ ေျပာရင္း လွိုင္းဆက္ကို အသာရိုက္သည္။
မမငယ္ကေတာ့ သူနဲ႕ ေတာ္ေတာ္ေလး
ရင္းရင္းနီးနီး ရွိတဲ့ မိသားစုဝင္ဟုဆိုရမည္။
မမ ႀကီးကဲ့သို႔ စိတ္မာန္မႀကီးပဲ သြက္လက္တဲ့ မမငယ္က သူ႕အေပၚ နားလည္မႈအရွိဆုံးလည္းျဖစ္သည္။

" အတည္ေျပာမလို႔ ေမေမ အခြင့္အေရးေပးေနတဲ့အတူတူ မင္းသေဘာက်တဲ့သူရွိရင္
ေမေမ့ကိုေျပာလိုက္"

လွိုင္းဆက္က ခဏေလာက္ၿငိမ္သြားမိသည္။
သူသေဘာက်တဲ့သူ? သူ႕မွာ ရွိဖူးရဲ႕လား?
အားလုံးဟာၾကာခဲ့ၿပီမို႔ သူသိပ္မွတ္မထားခ်င္ေတာ့။

" ေမေမကလဲ စီစဥ္ေပးၿပီးသားေပမဲ့
ေပါင္းရမွာက မင္းေနာ္ လွိုင္းဆက္။
မမ ငယ္ ကေတာ့ ဒီလိုေတြ စီစဥ္တာကို
အရမ္း ေခတ္ေနာက္က်ေနၿပီပဲ ထင္တယ္"

"ငယ္ငယ္ က ေတာ့ သူ႕ေမာင္ကို စ သင္ေနၿပီ"
ကိုဥကၠာက မမငယ္ရဲ႕ လက္ေမာင္းကို တစ္ခ်က္ဖ်စ္ညွစ္ရင္းစေတာ့ မမငယ္က မ်က္ေစာင္းထိုးလိုက္သည္မို႔ သူေရာ ကိုဥကၠာပါ ရယ္လိုက္မိၾကသည္။

" ကြၽန္ေတာ္ သေဘာက်တဲ့သူလဲ မရွိပါဘူး"

" လွိုင္းဆက္ကေတာ့ တကယ္ပါပဲ
မင္းကိုေတာ့ မမငယ္ လက္လန္တယ္
မင္းစိတ္တိုင္းက် ဆိုတာကို မျမင္ဖူးဘူး"

မမငယ္ရဲ႕ ညည္းညည္းၫူၫူအေျပာမွာ
လွိုင္းဆက္ ေခါင္းငုံ႕ရင္းၿပဳံးမိသည္။
သူ႕ကို စိတ္မေကာင္းစြာ ၾကည့္ေနမည့္
မမငယ္တို႔ အၾကည့္ေတြကို ႀကိဳသိေနေပမဲ့
တကယ္လည္း သူ႕စိတ္တိုင္းက်ဆိဳတာက
အဲ့ေလာက္အေရးႀကီးတဲ့ အရာမွမဟုတ္တာ။

တံခါးတြန္းဖြင့္သံနဲ႕အတူ သူတို႔သုံးေယာက္
ၿခံတံခါးဆီၾကည့္လိုက္ေတာ့
တံခါးေစာင့္ ဦးေလးက တြန္းဖြင့္ေနျခင္းျဖစ္သည္။ တံခါးကို ေက်ာေပးထိုင္ေနတာေၾကာင့္ လွိုင္းဆက္က ဒီဘက္ျပန္လွည့္ေပမဲ့
စူးစူးစမ္းစမ္း ေငးေနၾကသည့္ မမငယ္တို႔ေၾကာင့္ သူတစ္ဖန္ျပန္ၾကည့္ခ်ိန္မွာေတာ့
သူပါ စူးစူးစမ္းစမ္းျဖစ္သြားရေတာ့သည္။

မိုးျပာေရာင္ ရွပ္အကၤ်ီလက္ရွည္ကို
ၾကယ္သီးတို႔ျဖဳတ္ဟထားၿပီး ေအာက္မွ
အျဖဴေရာင္ စပို႔ရွပ္ဝတ္ကို ဂ်င္းေဘာင္းဘီႏွင့္ တြဲဝတ္ထားသည္ အမ်ိဳးသားတစ္ေယာက္က သူတို႔ၿခံေပါက္ဝတြင္ အေတာင့္လိုက္ရပ္ေနေသာေၾကာင့္ပင္။

ခပ္ငယ္ငယ္ျဖစ္ပုံရတဲ့ ထိုအမ်ိဳးသားက
ေက်ာပိုးအိတ္တစ္ခုကိုလြယ္ထားၿပီး
လက္ထဲမွာလဲ ႂကြပ္ႂကြပ္အိတ္ထုပ္ႀကီး
ႏွစ္ထုပ္ကို တစ္ဖက္စီသယ္လို႔ထားသည္။

ေခြၽးစို႔ေနတဲ့ ဆံပင္တိုတိုေတြက သူ႕ႏွဖူးထက္ ကပ္ေနလ်က္ရွိၿပီး ၾကည့္ရတာ အေတာ္ေလး
ေမာေနပုံလဲ ရ၏။
ခပ္ညိုညို အသားအရည္ရွိၿပီး ခပ္ျပည့္ျပည့္ျဖစ္ေနသည့္ ခႏၶာကိုယ္က သူဝတ္စားထားသည့္ ပုံစံႏွင့္ေတာ့ အံဝင္ခြင္က်ျဖစ္သည္ဟုဆိုနိုင္သည္။

ခပ္ဝိုင္းဝိုင္း မ်က္လုံးတို႔က ဘယ္သူ႕ကို
လိုက္ရွာေနသည္မသိေပမဲ့ ၿခံထဲရွိ သူတို႔ထိုင္ေနရာဆီ အၾကည့္ေရာက္လာခ်ိန္မွာေတာ့
ပိုမိုဝိုင္းစက္သြားကာ ခပ္ဟဟ ျဖစ္သြားသည့္ ႏႈတ္ခမ္းတစ္စုံ။

လွိုင္းဆက္က လွည့္ၾကည့္ေနရင္း
ထႏႈတ္ဆက္သင့္လား ထိုင္ေနရမလား
ေဝခြဲမရျဖစ္ေနဆဲပင္။
ေသခ်ာတာက သူ႕မိတ္ေဆြေတာ့မဟုတ္။
မမငယ္တို႔ကလည္း အေျခအေနၾကည့္ေနၾကသည္မို႔ သူတို႔အသိလဲမျဖစ္နိုင္ေပ။

ထိုသူကလဲ ျပဴးေၾကာင္ေၾကာင္႐ုပ္ႏွင့္
ဟိုဟို ဒီဒီၾကည့္ေနကာ တံခါးေစာင့္ ဦးေလးကလည္း တြန႔္ဆုတ္တြန႔္ဆုတ္နဲ႕ ေမးမလို မေမးမလိုျဖစ္လို႔ေန၏။

" ဘယ္သူ...."

"ႀကီးႀကီး!!!"

လွိုင္းဆက္ ေမးရန္ျပင္လိုက္စဥ္ပဲ
က်ယ္ေလာင္စြာထြက္လာသံနဲ႕အတူ
ၿပဳံး႐ႊင္သြားတဲ့ ထိုလူ။
သြားျဖဴျဖဴေတြေပၚသည္အထိ ရယ္ေနပုံက
အေတာ္ေလး ေပ်ာ္သြားသည့္အတိုင္း။
ထိုလူၾကည့္ေနရာဆီ လိုက္ၾကည့္မိေတာ့
ေမေမက အိမ္ကူေပးသည့္ ကေလးမေလး၏ လက္ကို ထိန္းကိုင္းထားရင္း ခပ္ေျဖးေျဖးႏွင့္ ေလွ်ာက္လာတာကို ေတြ႕ရတာမို႔
လွိုင္းဆက္က သြက္သြက္ထလိုက္ရင္း
ေမေမ့နားကိုေလွ်ာက္ကာ လက္လႊဲယူထားလိုက္၏။

ေမေမကေတာ့ လွိုင္းဆက္ကို တစ္ခ်က္ၿပဳံးကာျပၿပီးတဲ့ေနာက္ တံခါးဝမွထိုသူဆီ လွမ္းကာ ေျပာရွာသည္။

" ၿငိမ့္....သားေရာက္လာၿပီ"

သိမ့္ခနဲ ခံစားခ်က္တစ္ခုဟာ
လွိုင္းဆက္ ရင္ထဲဝင္ေရာက္လို႔လာသည္။
အေၾကာင္းအရာ တစ္ခုကို အာ႐ုံရသြားသလိုမ်ိဳး သူ႕ရင္ထဲ ျဖစ္သြားျခင္းပင္။

ၿပဳံး႐ႊင္လ်က္ ခပ္သြက္သြက္ၿခံထဲဝင္လာတဲ့
ထိုလူက ေမေမ့ အနားေရာက္သည္ႏွင့္
သူဆြဲယမ္းကိုင္လာသည့္ အထုပ္ႀကီး
ႏွစ္ထုပ္ကို ေအာက္ခ်လိဳက္ရင္း
လက္ႏွစ္ဖက္ကိုေရွ႕မွာ ယွက္ရင္း
ေမေမ့ကို ႏႈတ္ဆက္လာေတာ့၏။

" ကြၽန္ေတာ္ ေရာက္ၿပီ ႀကီးႀကီး"

ေခြၽးစို႔ေနေသာမ်က္ႏွာကေတာ့
ၿပဳံး႐ႊင္လ်က္..။

..................................................................

ဒုတိယ ဇာတ္ေကာင္ လိုင္းတက္လာပါၿပီ!

စာေရးသူ၏ မွတ္စု;
အဓိက ဇာတ္ေကာင္ "လွိုင္းဆက္" သည္
၁၉၈၀ ခုႏွစ္ေနာက္ပိုင္းကာလမ်ားတြင္
‌ဘဝျဖတ္သန္းခဲ့ရသူျဖစ္ၿပီး
လက္ရွိေခတ္ကာလကဲ့သို႔
လိင္တူ စိတ္ဝင္စားမႈမ်ားကို ပြင့္လင္းစြာ ႀကဳံေတြ႕ခြင့္မရွိခဲ့သူျဖစ္သည္။

ဇာတ္ေကာင္သည္ အနည္းငယ္
ပ်င္းစရာေကာင္းေသာ ‌ေခတ္ေနာက္က်သည့္
သေဘာတရားရွိသူဟု ဆိုနိုင္သည္။

ပါဝင္ေသာ အေၾကာင္းအရာအားလုံးသည္
စာေရးသူ၏ စိတ္ကူးမ်ားသာျဖစ္သည္။

Continue Reading

You'll Also Like

1.2M 85.8K 28
[This fiction is written with both Unicode and Zawgyi]
629K 36.3K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
4.3M 364K 86
Marriage life ပါ။ မိသားစု ဒရမ်မာတွေလည်း ပါတယ်။ သေချာတာကတော့ အကြင်နာတွေပေးမဲ့ ဧရိယာအရပ်အဝန်းလေးပါပဲ။ (Started On_ 6/September/2021) / Marriage life ပ...