UNICODE
ရေထဲမှာဆိုသူမစွမ်းအားကပိုပြီးဖြည့်တင်းနိုင်တာမို့ အလွယ်တကူအိပ်မငိုက်တော့..။သူမပါပါးပြန်လာတာကို စောင့်ရင်းလုလီက၂နာရီကျော် လောက်ရေချိုးဖို့စဉ်းစား လိုက်သည်။
ဒါပေမယ့်..အိမ်အကူတွေကသူကို၁၀မိနစ်သာရေထဲမှာ ရေချိုးစေပြီးညအိပ်ဝတ်စုံဝတ်ခိုင်းလိုက်သည်။
လုလီကအင်တင်တင်ဖြစ်မိပေမယ့်..ညအိပ်ဝတ်စုံကိုဝတ် လိုက်သည်။
အိမ်အကူကသူမအိပ်သွားပြီထင်ကာအခန်းထဲကထွက် သွားချိန်မှာသူမအိပ်ယာပေါ်ကပြန်ဆင်းပြီးအခန်းမီးပိတ် လိုက်ဖို့ကြိုးစားလိုက်သည်..ဒါပေမယ့်ခြေထောက်လေး တွေကတိုနေတာမို့မီးခလုတ်ကိုမမှီဘူး..သူမကဂါထာနဲနဲ ရွတ်ပြီးအစွမ်းသုံးလိုက်သည်။အဲဒိ့နောက် လုလီကရေချိုး ကန်ကိုရေပြန်ဖြည့်ပြီးအထဲပြန်ဝင်လိုက်သည်။အဲဒိ့နောက် ငါးပုံစံပြောင်းကာပျော်ရွှင်စွာရေကူးနေလိုက်သည်။
တကယ်ပျော်ဖို့ကောင်းတယ်။
အချိန်တွေကုန်သွားပြီး လုလီ၂နာရီကျော်ရေကူးနေတာ တောင် ပါပါးပြန်မလာသေးပါ။
သူမကိုယ်လေးကကောင်းကင်နဲ့မြေကြီးကချီစွမ်းအင်တွေကိုစုပ်ယူပြီးသူမစွမ်းအားလဲပြန်ပြည့်သွားပြီဒါပေမယ့်.. သူမ အရမ်းပျင်းနေပြီး..ပူပေါင်းတွေပဲမှုတ်ထုတ်နေမိ၏
တဖြေးဖြေး..အချိန်ကုန်လာတော့..သူမကိုယ်ကအလင်း အချို့နဲ့ရွှေရောင်အလင်းတန်းအချို့ပါလင်းလက်လာ သည်..။
ကံကောင်းခြင်းတွေသက်ဆင်းလာတာဖြစ်သည်။
ခြံထဲကအိမ်ကအကူတွေကအံ့သြသွားကြသည်။
"ဘာဖြစ်ကြတာလဲ? ကန်ထဲကသေမလိုဖြစ်နေတဲ့ငါးတွေ ကိုအခုပဲဆယ်ထုတ်ဖို့လုပ်နေတာ...ဘာလို့သူတို့အရမ်း ကိုတက်ကြွရွှင်လန်းသွားတာလဲ?"
သစ်ပင်ဘေးနားမှာဂိမ်းကစားနေတဲ့အိမ်အကူလေးကစိတ် လှုပ်ရှားစွာအော်လိုက်သည်။
"အားးးး..ငါနိုင်ပီ!ငါတကယ်ထီပေါက်တယ်..!ဒီတစ်ခါဒီ လောက်ကံကောင်းရင်..ဆုကြီးကြီးထိုးပါတယ်..ဒါပေမယ့် ဒါ..ပထမဆုံးပေါက်ဘူးတာပဲ!"
တတိယအဆင့်မှော်စွမ်းအင်သိုလှောင်ပြီးချိန်မှာ..လုလီရဲ့ အကြားအာရုံတွေကပိုကောင်းလာပြီးအနီးနားကအသံ တွေအားလုံးကိုကြားလိုက်ရသည်။
သူမ၏ရေအနီရောင်အမြီးသည်အနီရောင်ကန့်လန်ကာ ပါးပါးလေးနှင့်တူသည်၊ သူမကပူပေါင်းတွေထပ်မှုတ်ရင်း ကစားနေသည်။သူမအမြှီးလေးယမ်းရင်းရေကူးပြီးရင်းကူးနေသည်။
ထိုခဏမှာသူမလှုပ်ရှားမှုရပ်သွားပြီးမျက်ဝန်းတွေပြူးကျယ် သွားသည်။
ပါပါး!
ပါပါးအသံပဲ!
သူဒီအထပ်မှာပဲ!
သူ့နားမှာလူဆိုးတွေဝိုင်းနေတယ်!
သူမချက်ခြင်းရေချိုးတာကိုရပ်ပြီး..လူပုံစံပြန်ပြောင်းလိုက်ကာ...ညအိပ်ဝတ်စုံဝတ်ပြီးအမြန်ပြေးထွက်သွားလိုက် သည်။
......
"သခင်လေးလုမျှော်လင့်ထားတဲ့အတိုင်းပဲဒီနေ့ပွဲမှာ စာကြည့်ခန်းကိုခိုးဝင်ပြီးဖိုင်အချို့လာခိုးတဲ့လူရှိပါတယ်!"
ကိုယ်ရံတော်တွေကဖမ်းမိထားတဲ့လူနှစ်ယောက်ကို လုဂျင်ဟန်ခြေထောက်နားကိုပစ်ချလိုက်သည်။
ထိုလူနှစ်ယောက်ကအတင်းကြမ်းပြင်ကကုန်းရုံးထဖို့လုပ် လိုက်သည်..ဒါပေမယ့်သူ့နောက်ကိုယ်ရံတော်ကသူ့ကို ခွေးလိုကန်လိုက်သည်။
ဤအရှက်ရွံစရာကောင်းသောကိုယ်ဟန်အနေအထား ကြောင့်အသက်ငါးဆယ်ကျော်နှစ်ဦးကဒေါသကြောင့် မျက်နှာနီသွားပေမယ့်သူတို့ကဘာမှမပြောဝံ့ပါ။
လုဂျင်ဟန်ကခမ်းနားတဲ့ထိုင်ခုံမှာထိုင်နေသည်..သူကစီး ကရက်မီးညှိကာ..အလေးမထားစွာရှိုက်ဖွါလိုက်သည်။သူကခုံလက်တန်းတွေကိုလက်နဲ့ဖွဖွခေါက်ရင်း..ဒေါသဖြစ်ရ မယ့်အစားရယ်ရင်းထိုလူတွေကိုကြည့်လိုက်သည်။
သူဘာမှမပြောပေမယ့်ထိုလူတွေကတစ်ကိုယ်လုံးချွေးစေးတွေပျံကာနဖူးကချွေးတွေအလုံးလိုက်ကျလာသည်။
အခုသူတို့နားလည်မိတာကသူတို့ထောင်ချောက်ထဲကို တည့်တည့်တိုးဝင်မိတယ်ဆိုတာပဲ!
လုဂျင်ဟန်ကတမင်ဒီနေ့ပွဲလုပ်ပြီးဒီလိုသစ္စာဖောက်တွေကိုရှာဖွေချင်တာဖြစ်သည်!
လုဂျင်ဟန်နောက်ကွယ်မှာသူတို့ကသူ့ကိုဦးနှောက်မရှိတဲ့ လူလိုနှစ်ပေါင်းများစွာလှောင်ပြောင်လာကြသည်။
လုဂျင်ဟန်ဘာမှမပြောတော့ဘယ်သူမှလဲမပြောရဲဘဲ စာကြည့်ခန်းတစ်ခုလုံးကတိတ်ဆိတ်နေသည်။
ကြမ်းပြင်ပေါ်ကလူနှစ်ယောက်ကလုံးဝမလှုပ်ရဲသလောက် ဖြစ်နေသည်။
အချိန်အတော်ကြာတော့..ခုံပေါ်မှာထိုင်နေတဲ့လူကဆေး လိပ်ငွေ့အချို့မှုတ်ထုတ်လိုက်ပြီးတည်ငြိမ်တဲ့အသံဖြင့်
"မန်နေဂျာချန်..ဒုတိယအထွေထွေမန်နေဂျာလျူ..ရှားပါး တဲ့ဧည့်သည်တွေပဲ"
မန်နေဂျာချန်..ဒုတိယအထွေထွေမန်နေဂျာလျူကလုဂျင်ဟန်ရဲ့နှိုင်းဆမရတဲ့ရက်စက်မှုနဲ့ဥပဒေမဲ့လုပ်ရပ်တွေကို ပြန်တွေးမိတော့..နှလုံးသားတွေတုန်ယင်မိသည်။သူတို့ဘက်ကလွန်ပြီးပီမို့ဘာဆင်ခြေမှမပေးတော့ဘဲတောင်း ပန်ဖို့သာကြိုးစားလိုက်သည်။
"မစ္စတာလု ...... ကျွန်တော်တို့မှားတာသိပါတယ်..ဒီတစ် ကြိမ်တော့ခွင့်လွှတ်ပေးပါ..ကျေးဇူးပြုပြီး..ကျွန်တော့်မှာလဲ ရွေးချယ်စရာမရှိတော့လို့ပါ! ကျွန်တော်တို့ဒီလိုမလုပ်ပေး ရင်..သခင်ကြီးလုကကျွန်တော်တို့ကိုလက်လွှတ်ပေးမှာ မဟုတ်ဘူး..!ကျွန်တော်တို့ကဟန်ပြပဲလာခဲ့တာပါ.... တကယ်ခိုးဖို့မဟုတ်ရပါဘူး....."
========================
ZAWGYI
ေရထဲမွာဆိုသူမစြမ္းအားကပိုျပီးျဖည့္တင္းႏုိင္တာမို႕ အလြယ္တကူအိပ္မငိုက္ေတာ့..။သူမပါပါးျပန္လာတာကို ေစာင့္ရင္းလုလီက၂နာရီေက်ာ္ ေလာက္ေရခ်ိဳးဖို႕စဥ္းစား လိုက္သည္။
ဒါေပမယ့့္..အိမ္အကူေတြကသူကို၁၀မိနစ္သာေရထဲမွာ ေရခ်ိဳးေစျပီးညအိပ္၀တ္စံု၀တ္ခိုင္းလိုက္သည္။
လုလီကအင္တင္တင္ျဖစ္မိေပမယ့္..ညအိပ္၀တ္စံုကို၀တ္ လိုက္သည္။
အိမ္အကူကသူမအိပ္သြားျပီထင္ကာအခန္းထဲကထြက္ သြားခ်ိန္မွာသူမအိပ္ယာေပၚကျပန္ဆင္းျပီးအခန္းမီးပိတ္ လိုက္ဖုိ႕ၾကိဳးစားလိုက္သည္..ဒါေပမယ့္ေျခေထာက္ေလး ေတြကတုိေနတာမို႕မီးခလုတ္ကုိမမွီဘူး..သူမကဂါထာနဲနဲ ရြတ္ျပီးအစြမး္သံုးလိုက္သည္။အဲဒိ့ေနာက္ လုလီကေရခ်ိဳး ကန္ကုိေရျပန္ျဖည့္ျပီးအထဲျပန္၀င္လုိက္သည္။အဲဒိ့ေနာက္ ငါးပံုစံေျပာင္းကာေပ်ာ္ရႊင္စြာေရကူးေနလိုက္သည္။
တကယ္ေပ်ာ္ဖို႕ေကာင္းတယ္။
အခ်ိန္ေတြကုန္သြားျပီး လုလီ၂နာရီေက်ာ္ေရကူးေနတာ ေတာင္ ပါပါးျပန္မလာေသးပါ။
သူမကုိယ္ေလးကေကာင္းကင္နဲ႕ေျမၾကီးကခ်ီစြမ္းအင္ေတြကိုစုပ္ယူျပီးသူမစြမ္းအားလဲျပန္ျပည့္သြားျပီဒါေပမယ့္.. သူမ အရမ္းပ်င္းေနျပီး..ပူေပါင္းေတြပဲမႈတ္ထုတ္ေနမိ၏
တေျဖးေျဖး..အခ်ိန္ကုန္လာေတာ့..သူမကိုယ္ကအလင္း အခ်ိဳ႕နဲ႕ေရႊေရာင္အလင္းတန္းအခ်ိဳ႕ပါလင္းလက္လာ သည္..။
ကံေကာင္းျခင္းေတြသက္ဆင္းလာတာျဖစ္သည္။
ျခံထဲကအိမ္ကအကူေတြကအံ့ၾသသြားၾကသည္။
"ဘာျဖစ္ၾကတာလဲ? ကန္ထဲကေသမလိုျဖစ္ေနတဲ့ငါးေတြ ကိုအခုပဲဆယ္ထုတ္ဖို႕လုပ္ေနတာ...ဘာလုိ႕သူတုိ႕အရမ္း ကိုတက္ၾကြရႊင္လန္းသြားတာလဲ?"
သစ္ပင္ေဘးနားမွာဂိမ္းကစားေနတဲ့အိမ္အကူေလးကစိတ္ လႈပ္ရွားစြာေအာ္လုိက္သည္။
"အားးးး..ငါႏုိင္ပီ!ငါတကယ္ထီေပါက္တယ္..!ဒီတစ္ခါဒီ ေလာက္ကံေကာင္းရင္..ဆုၾကီးၾကီးထိုးပါတယ္..ဒါေပမယ့္ ဒါ..ပထမဆံုးေပါက္ဘူးတာပဲ!"
တတိယအဆင့္ေမွာ္စြမ္းအင္သိုေလွာင္ျပီးခ်ိန္မွာ..လုလီရဲ႕ အၾကားအာရံုေတြကပိုေကာင္းလာျပီးအနီးနားကအသံ ေတြအားလံုးကုိၾကားလိုက္ရသည္။
သူမ၏ေရအနီေရာင္အၿမီးသည္အနီေရာင္ကန္႕လန္ကာ ပါးပါးေလးႏွင့္တူသည္၊ သူမကပူေပါင္းေတြထပ္မႈတ္ရင္း ကစားေနသည္။သူမအျမွီးေလးယမ္းရင္းေရကူးျပီးရင္းကူးေနသည္။
ထိုခဏမွာသူမလႈပ္ရွားမႈရပ္သြားျပီးမ်က္၀န္းေတြျပဴးက်ယ္ သြားသည္။
ပါပါး!
ပါပါးအသံပဲ!
သူဒီအထပ္မွာပဲ!
သူ႕နားမွာလူဆိုးေတြ၀ိုင္းေနတယ္!
သူမခ်က္ျခင္းေရခ်ိဳးတာကိုရပ္ျပီး..လူပံုစံျပန္ေျပာင္းလိုက္ကာ...ညအိပ္၀တ္စံု၀တ္ျပီးအျမန္ေျပးထြက္သြားလုိက္ သည္။
......
"သခင္ေလးလုေမွ်ာ္လင့္ထားတဲ့အတိုင္းပဲဒီေန႕ပြဲမွာ စာၾကည့္ခန္းကိုခိုး၀င္ျပီးဖုိင္အခ်ိဳ႕လာခိုးတဲ့လူရွိပါတယ္!"
ကိုယ္ရံေတာ္ေတြကဖမ္းမိထားတဲ့လူႏွစ္ေယာက္ကို လုဂ်င္ဟန္ေျခေထာက္နားကိုပစ္ခ်လိုက္သည္။
ထိုလူႏွစ္ေယာက္ကအတင္းၾကမ္းျပင္ကကုန္းရံုးထဖို႕လုပ္ လိုက္သည္..ဒါေပမယ့္သူ႕ေနာက္ကိုယ္ရံေတာ္ကသူ႕ကို ေခြးလိုကန္လိုက္သည္။
ဤအရွက္႐ြံစရာေကာင္းေသာကိုယ္ဟန္အေနအထား ေၾကာင့္အသက္ငါးဆယ္ေက်ာ္ႏွစ္ဦးကေဒါသေၾကာင့္ မ်က္ႏွာနီသြားေပမယ့္သူတို႔ကဘာမွမေျပာဝံ့ပါ။
လုဂ်င္ဟန္ကခမ္းနားတဲ့ထိုင္ခံုမွာထိုင္ေနသည္..သူကစီး ကရက္မီးညွိကာ..အေလးမထားစြာရိႈက္ဖြါလိုက္သည္။သူကခံုလက္တန္းေတြကိုလက္နဲ႕ဖြဖြေခါက္ရင္း..ေဒါသျဖစ္ရ မယ့္အစားရယ္ရင္းထိုလူေတြကိုၾကည့္လုိက္သည္။
သူဘာမွမေျပာေပမယ့္ထိုလူေတြကတစ္ကိုယ္လံုးေခၽြးေစးေတြပ်ံကာနဖူးကေခၽြးေတြအလံုးလိုက္က်လာသည္။
အခုသူတို႕နားလည္မိတာကသူတို႕ေထာင္ေခ်ာက္ထဲကို တည့္တည့္တုိး၀င္မိတယ္ဆုိတာပဲ!
လုဂ်င္ဟန္ကတမင္ဒီေန႕ပြဲလုပ္ျပီးဒီလိုသစၥာေဖာက္ေတြကိုရွာေဖြခ်င္တာျဖစ္သည္!
လုဂ်င္ဟန္ေနာက္ကြယ္မွာသူတုိ႕ကသူ႕ကိုဦးေႏွာက္မရွိတဲ့ လူလိုႏွစ္ေပါင္းမ်ားစြာေလွာင္ေျပာင္လာၾကသည္။
လုဂ်င္ဟန္ဘာမွမေျပာေတာ့ဘယ္သူမွလဲမေျပာရဲဘဲ စာၾကည့္ခန္းတစ္ခုလံုးကတိတ္ဆိတ္ေနသည္။
ၾကမ္းျပင္ေပၚကလူႏွစ္ေယာက္ကလံုး၀မလႈပ္ရဲသေလာက္ ျဖစ္ေနသည္။
အခ်ိန္အေတာ္ၾကာေတာ့..ခံုေပၚမွာထိုင္ေနတဲ့လူကေဆး လိပ္ေငြ႕အခ်ိဳ႕မႈတ္ထုတ္လို္က္ျပီးတည္ျငိမ္တဲ့အသံျဖင့္
"မန္ေနဂ်ာခ်န္..ဒုတိယအေထြေထြမန္ေနဂ်ာလ်ဴ..ရွားပါး တဲ့ဧည့္သည္ေတြပဲ"
မန္ေနဂ်ာခ်န္..ဒုတိယအေထြေထြမန္ေနဂ်ာလ်ဴကလုဂ်င္ဟန္ရဲ႕ႏိႈင္းဆမရတဲ့ရက္စက္မႈနဲ႕ဥပေဒမဲ့လုပ္ရပ္ေတြကို ျပန္ေတြးမိေတာ့..ႏွလံုးသားေတြတုန္ယင္မိသည္။သူတို႕ဘက္ကလြန္ျပီးပီမို႕ဘာဆင္ေျခမွမေပးေတာ့ဘဲေတာင္း ပန္ဖို႕သာၾကိဳးစားလိုက္သည္။
"မစၥတာလု ...... ကၽြန္ေတာ္တို႕မွားတာသိပါတယ္..ဒီတစ္ ၾကိမ္ေတာ့ခြင့္လႊတ္ေပးပါ..ေက်းဇူးျပဳျပီး..ကၽြန္ေတာ့္မွာလဲ ေရြးခ်ယ္စရာမရွိေတာ့လို႕ပါ! ကၽြန္ေတာ္တို႕ဒီလိုမလုပ္ေပး ရင္..သခင္ၾကီးလုကကၽြန္ေတာ္တုိ႕ကိုလက္လႊတ္ေပးမွာ မဟုတ္ဘူး..!ကၽြန္ေတာ္တို႕ကဟန္ျပပဲလာခဲ့တာပါ.... တကယ္ခိုးဖို႕မဟုတ္ရပါဘူး....."