I Became the Villain's Own Da...

By Nigarpal

10.8K 950 25

Author(s) Qu Xiaoxi 曲小兮 ** Please note no copyright infringement is intended, and I do not own nor claim to o... More

Chapter 1: Reincarnated!-U/Z
Chapter 2: Dont' Leave - U/Z
Chapter 3: Pa Pa - U/Z
Chapter 4: Take Her Away
Chapter 5: Gentleman to Take Vengeance
Chapter 6: Making Money is Hard-U/Z
Chapter 7: Already Drowned-U/Z
Chapter 8: The Family-U/Z
Chapter 9: Anty
Chapter 10: Trouble in the Head-U/Z
Chapter 11: No One Found-U/Z
Chapter 12: Get Down Here Now!U/Z
Chapter 13: Stealing and Raising You-U/Z
Chapter 14: I will bear the responsibility-U/Z
Chapter 16: She's on the verge of tears-U/Z
Chapter 17: Can you even do it?-U/Z
Chapter 18: Sounding so Sour-U/Z
Chapter 19: The Best Father -U/Z
Chapter 20: LiLi's Mother-U/Z
Chapter 21: Carrying a Child in His Arms-U/Z
Chapter 22: Not Even a Touch of Wine-U/Z
Chapter 23: There Are Bad People-U/Z
Chapter 24: Avenging Death-U/Z

Chapter 15: Do You Dare to Fight-U/Z

311 43 1
By Nigarpal

UNICODE

လုမိသားစုအိမ်တော်ကအတော်ကျယ်ဝန်းပြီးစာကြည့်ခန်း နဲ့ဧည့်ခံပွဲနေရာကပဲတော်လျှောက်ယူရသည်။

လုဂျင်ဟန်ကတော့ခြေထောက်တွေရှည်သူမို့အမြန်ပဲ လှေကားနားရောက်လာသည်..သူကဧည့်ခန်းကိုဆင်း သွားလိုက်သည်။ သူနဲ့စကားပြောချင်နေတဲ့ဧည့်သည် တွေကိုလျစ်လျူရှုကာအချိုပွဲတွေထားတဲ့နေရာဆီကိုတန်း သွားလိုက်သည်။

အရမ်းချောတဲ့မျက်နှာကတင်းမာနေပြီး..ရက်စက်မှုတွေ ပြည့်နေကာနက်မှောင်ရှည်လျားတဲ့မျက်ဝန်းတွေကအဆုံး မဲ့တွင်းနက်တွေလိုခံစားမိစေသည်။

သူ့မျက်နှာအမြဲလိုအေးစက်တည်တင်းနေတက်ပေမယ့် အခုက..အလွန့်အလွန်ကိုအေးစက်နေကာပတ်ဝန်းကျင် ကိုပါအေးစက်မှုကိုသိသာစွာခံစားစေတာမို့သူ့နားကို မကပ်ရဲဘဲဖြစ်ကြသည်။သူ့မျက်နှာကိုကြည့်တဲ့ဘယ်လို ကလေးမဆိုထိတ်လန့်ကြောက်ရွံ့သွားကြမှာတော့အမှန် ပဲဖြစ်သည်။

သူကအေးစက်စက်နဲ့အချိုပွဲနေရာတစ်ဝိုက်ကိုကြည့် တော့ကိတ်ကောင်တာနားမှာထိုင်နေတဲ့ စုန့်ချင်းဝမ်ကို တွေ့လိုက်သည်..သူမကကိုယ်ရံတော်နဲ့စကားပြောနေ ပြီးသူမမျက်နှာကတည်ငြိမ်ကာကျက်သရေရှိသည်။သူမ နှုတ်ခမ်းတွေကကော့ညွှတ်နေပြီးစိတ်ကောင်းအလွန်ဝင် နေပုံထင်ရသည်။

သူကတည်ငြိမ်စွာပဲစုန့်ချင်းဝမ်ဆီကိုလျှောက်သွားလိုက်သည်။ စုန့်ချင်းဝမ်ကသူကကိုတွေ့ပြီးသားဖြစ်ကာအရမ်း ကိုပျော်ရွှင်သွားပြီးသူမနားရောက်တဲ့အထိစောင့်လိုက်ကာ ဒေါသကိုပေါက်ကွဲလိုက်သည်။

"လူဆိုးလေး..ဆင်းလာဖို့ကိုဒီလောက်ပင့်ရလား!မျက်နှာကိုလဲကြည့်အုန်းနင်ကသွေးအေးလူသတ်သမားလား.. ဒီလောက်ဆူပုတ်နေရအောင်..ငါကနင့်ကိုထိခိုက်အောင် ဘာလုပ်နေလို့လဲ?"

လုဂျင်ဟန်ပတ်ဝန်းကျင်ကိုအေးစက်ကျဉ်းမြောင်းတဲ့မျက် ဝန်းတွေနဲ့အကဲခတ်ရင်းနှာခေါင်းရှုံ့ကာ

"ကျွန်တော့်ကိုအောက်ဆင်းလာပြီး 'သမီး' လက်ခံဖို့ပြော တယ်မဟုတ်လား..? ဘယ်မှာလဲသူမက?"

"သမီး" ဆိုတဲ့အသုံးနှုန်းကိုသူပိုပြီးအေးစက်အခဲမကျေစွာ ပြောလိုက်သည်။

သူမနားမှာဘယ်ကလေးမမှမတွေ့ဘဲကိုယ်ရံတော်ပဲတွေ့ တော့သူကနှာခေါင်းရှုံ့လိုက်ပြီး

"သူမဘာသာထွက်ပြေးသွားပြီလား?သူမကကျွန်တော့်ကို အလုပ်ရှုပ်သက်သာအောင်လုပ်တက်တာပဲ..မဆိုးဘူး.. တော်တယ်"

"နင်ကထွက်ပြေးစေချင်နေတာမဟုတ်လား?"

စုန့်ချင်းဝမ်ကမနေနိုင်စွာမျက်စောင်းထိုးလိုက်သည်။

လုဂျင်ဟန်ကဘာမှပြန်မပြောပေမယ့်..အဓိပ္ပါယ်ကအရမ်း ကိုသူ့မျက်နှာမှာတင်အရမ်းကိုသိသာနေသည်။

စုန့်ချင်းဝမ်ကသက်ပြင်းချလိုက်ပြီး

"လီလီနို့သွားယူတယ်..ခဏနေပြန်လာမှာ"

သူမကသူ့ကိုကြိုပြီးသတိပေးလိုက်သည်။

"တခြားကလေးတွေကိုနင်ဘာလုပ်ခဲ့လဲငါဂရုမစိုက်ဘူး.. အနာဂတ်မှာတခြားကလေးတွေကိုလွှင့်ပစ်လဲငါဂရုမစိုက် ဘူး..ဒါပေမယ့်..ဒီကလေးကိုတော့လုံးဝမလုပ်ရဘူး..သူမကတကယ်အားနည်းတဲ့ကလေးမလေးပါ..သူမနင့်ကိုဒုက္ခ မပေးပါဘူး!"

"လီလီ?"

လုဂျင်ဟန်ကနှာခေါင်းရှုံ့လိုက်ပြီး

"ဒီခေတ်ကြီးထဲမှာ.လူတွေကဒီလိုတောဆန်ဆန်နာမည် တွေပေးသေးတာလား?"

"သူမနာမည်က..သစ်တော်ပန်း! လီလီ, လီလီ, ဘယ် လောက်လှလဲ..ကြားရတဲ့သူဘယ်လောက်စိတ်ချမ်းသာ မလဲ..."

(丽 = အလှလေး..သူမမိဘတွေကအလှလေးလို့ခေါ်တာ မျိုးလို့ထင်လုဂျင်ဟန်ကထင်မိတာ..တကယ်က 梨 အဲဒိ့ လီဖြစ်ပြီး..သစ်တော်ပန်းဖြစ်သည်)

လုဂျင်ဟန်ကအေးစက်စက်ရယ်ရင်းဆက်ပြောဖို့ပြင်လိုက် တုန်း..

ထိုခဏမှာ..

အိမ်တော်ထိန်းကသူ့နားအလျင်အမြန်ပြေးလာပြီးအသက် လုရှုလိုက်သည်...သူကလုဂျင်ဟန်ဘေးက စုန့်ချင်းဝမ် ကိုတောင်သတိမထားမိလိုက်..။

"သခင်လေးလု! ကလေးမလေးနဲ့ပတ်သတ်တဲ့သတင်းရ ပါတယ်..! အိမ်အကူလေးကသူမကိုအောက်ထပ်ကဧည့် ခန်းနားမှာတွေ့ခဲ့တယ်တဲ့သူမက.."

ထိုခဏမှာပဲသူမခုံမှာထိုင်နေတဲ့ စုန့်ချင်းဝမ်ကရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး နေရာတစ်ခုဆီကိုလက်ဝေ့ယမ်းပြ လိုက်ကာ

"လီလီ..ဒီကိုလာ..အန်တီပြောစရာရှိတယ်.."

"ပါပါး!"

ကြည်လင်နူးညံ့တဲ့ကလေးသံလေးကအားလုံးရဲ့နားထဲမှာ ဗုံးတစ်လုံးလိုပေါက်ကွဲသွားသည်။

နောက်စက္ကန့်အနည်းငယ်မှာလှပနူးညံ့ချစ်စရာကောင်းတဲ့အစိမ်းနုရောင်ဂါဝန်လေးဝတ်ထားပြီးအရုပ်လေးနဲ့တူတဲ့ကလေးမလေးလူကြားထဲကပြေးထွက်လာသည်။အားလုံးကလုဂျင်ဟန်ခြေထောက်ရှည်တွေကိုလက်နဲ့တင်းကြပ်

စွာဖက်တွယ်လိုက်တဲ့သူမကိုကြည့်ပြီးဆွံ့အသွားသည်!

ကလေးမလေးကစပျစ်သီးလိုမဲနက်တဲ့မျက်ဝန်းတွေနဲ့သူမ အဖေကိုမော့ကြည့်ကာအံ့သြစွာပြောလိုက်သည်။

"ပါပါး...တကယ် လီလီကိုလာရှာတာလား!"

အိမ်တော်ထိန်းကလဲစုန့်ချင်းဝမ်နဲ့တူညီစွာကြောင်အနေ ပြီးတော့မှတီးတိုးရေရွတ်လိုက်သည်.

"သူမက..မစ္စစုန့်နဲ့အတူထွက်သွားတယ်.."

လုဂျင်ဟန် "......"

စုန့်ချင်းဝမ်ကအမူယာမဲ့တဲ့ လုဂျင်ဟန်နဲ့ပျော်ရွှင်နေတဲ့ လုလီကိုကြည့်ပြီးဝိဉာဉ်လွင့်သွားသူလိုအံ့သြပြီးရင်းအံ့သြ နေသည်။

လုဂျင်ဟန်

"ဒါ..အန်တီလေးကောက်လာတဲ့မြေးမလား?"

စုန့်ချင်းဝမ်

"နင်ကသူမကိုမလိုချင်တဲ့အမှိုက်ကောင်ပါပါးလား?"

— ရုတ်တရက်အသံနှစ်ခုတပြိုင်ထဲထွက်သွားသည်!

အဲဒ့ိနောက်နှစ်ယောက်လုံးတိတ်ဆိတ်သွားသည်။

အိမ်တော်ထိန်းကငိုတော့မလိုဖြစ်သွားသည်။

ဘာတွေဖြစ်နေကြတာလဲ!

သူတို့သူမကိုရူးလောက်အောင်ရှာနေပြီး..ရဲစခန်းကို တောင်တိုင်ထားတာ..နောက်ဆုံးသူမကိုကောက်ယူခဲ့တဲ့လူကမစ္စစုန့်ဖြစ်နေသည်။

နောက်ဆုံးကလေးကိုကောက်ယူသွားတဲ့သူတို့အဖမ်းချင် ဆုံးလူက..အန်တီ..စုန့်ဖြစ်နေသည်!

ပထဆုံးလှုပ်ရှားသူက စုန့်ချင်းဝမ်လက်ထောက်ဖြစ်ပြီး သူကသမနားကပ်ကာအသံတိုးတိုးနဲ့ပြောလိုက်သည်။ ဒါပေမယ့်တိတ်ဆိတ်နေတဲ့နားမှာအားလုံးကြားနေရသည်။

"မစ္စစုန့်..ဒီကလေးမလေးရဲ့ပါပါးရှာတွေ့ပြီ..ကျွန်တော် တို့လူခေါ်ဆွဲထုတ်ပြီးရိုက်လိုက်ရမလား?"

သူပြောပြီးတာနဲ့ပတ်ဝန်းကျင်ကအပ်ကျသံမကြားရ လောက်အောင်တိတ်ဆိတ်သွားသည်။

နောက်စက္ကန့်အနည်းငယ်မှာစုန့်ချင်းဝမ်ကသူ့လက် ထောက်ကိုသူမပိုက်ဆံအိတ်နဲ့ရိုက်လိုက်ရင်း

"ဘာတွေပြောနေတာလဲ!ရိုက်ချင်ရိုက်မရိုက်ချင်နေ! အခု ဒီမှာ..နင်လုပ်ရဲရင်လုပ်လိုက်! အဲဒါငါနဲ့မဆိုင်ဘူး!"

လက်ထောက် "......"

အိုကေ..ငါမလုပ်ရဲဘူး..။

==========================================

ZAWGYI

လုမိသားစုအိမ္ေတာ္ကအေတာ္က်ယ္၀န္းျပီးစာၾကည့္ခန္း နဲ႕ဧည့္ခံပြဲေနရာကပဲေတာ္ေလွ်ာက္ယူရသည္။

လုဂ်င္ဟန္ကေတာ့ေျခေထာက္ေတြရွည္သူမို႕အျမန္ပဲ ေလွကားနားေရာက္လာသည္..သူကဧည့္ခန္းကိုဆင္း သြားလိုက္သည္။ သူနဲ႕စကားေျပာခ်င္ေနတဲ့ဧည့္သည္ ေတြကိုလ်စ္လ်ဴရႈကာအခ်ိဳပြဲေတြထားတဲ့ေနရာဆီကိုတန္း သြားလိုက္သည္။

အရမ္းေခ်ာတဲ့မ်က္ႏွာကတင္းမာေနျပီး..ရက္စက္မႈေတြ ျပည့္ေနကာနက္ေမွာင္ရွည္လ်ားတဲ့မ်က္၀န္းေတြကအဆံုး မဲ့တြင္းနက္ေတြလိုခံစားမိေစသည္။

သူ႕မ်က္ႏွာအျမဲလိုေအးစက္တည္တင္းေနတက္ေပမယ့္ အခုက..အလြန္႕အလြန္ကိုေအးစက္ေနကာပတ္၀န္းက်င္ ကိုပါေအးစက္မႈကိုသိသာစြာခံစားေစတာမို႕သူ႕နားကို မကပ္ရဲဘဲျဖစ္ၾကသည္။သူ႕မ်က္ႏွာကိုၾကည့္တဲ့ဘယ္လို ကေလးမဆိုထိတ္လန္႕ေၾကာက္ရြံ႕သြားၾကမွာေတာ့အမွန္ ပဲျဖစ္သည္။

သူကေအးစက္စက္နဲ႕အခ်ိဳပြဲေနရာတစ္၀ိုက္ကိုၾကည့္ ေတာ့ကိတ္ေကာင္တာနားမွာထိုင္ေနတဲ့ စုန္႕ခ်င္း၀မ္ကို ေတြ႕လိုက္သည္..သူမကကိုယ္ရံေတာ္နဲ႕စကားေျပာေန ျပီးသူမမ်က္ႏွာကတည္ျငိမ္ကာက်က္သေရရွိသည္။သူမ ႏႈတ္ခမ္းေတြကေကာ့ညႊတ္ေနျပီးစိတ္ေကာင္းအလြန္၀င္ ေနပံုထင္ရသည္။

သူကတည္ျငိမ္စြာပဲစုန္႕ခ်င္း၀မ္ဆီကိုေလွ်ာက္သြားလိုက္သည္။ စုန္႕ခ်င္း၀မ္ကသူကကိုေတြ႕ျပီးသားျဖစ္ကာအရမ္း ကိုေပ်ာ္ရႊင္သြားျပီးသူမနားေရာက္တဲ့အထိေစာင့္လိုက္ကာ ေဒါသကိုေပါက္ကြဲလိုက္သည္။

"လူဆိုးေလး..ဆင္းလာဖို႕ကိုဒီေလာက္ပင့္ရလား!မ်က္ႏွာကိုလဲၾကည့္အုန္းနင္ကေသြးေအးလူသတ္သမားလား.. ဒီေလာက္ဆူပုတ္ေနရေအာင္..ငါကနင့္ကိုထိခိုက္ေအာင္ ဘာလုပ္ေနလုိ႕လဲ?"

လုဂ်င္ဟန္ပတ္၀န္းက်င္ကိုေအးစက္က်ဥ္းေျမာင္းတဲ့မ်က္ ၀န္းေတြနဲ႕အကဲခတ္ရင္းႏွာေခါင္းရံႈ႕ကာ

"ကၽြန္ေတာ့္ကိုေအာက္ဆင္းလာျပီး 'သမီး' လက္ခံဖို႕ေျပာ တယ္မဟုတ္လား..? ဘယ္မွာလဲသူမက?"

"သမီး" ဆိုတဲ့အသံုးႏႈန္းကိုသူပိုျပီးေအးစက္အခဲမေက်စြာ ေျပာလိုက္သည္။

သူမနားမွာဘယ္ကေလးမမွမေတြ႕ဘဲကိုယ္ရံေတာ္ပဲေတြ႕ ေတာ့သူကႏွာေခါင္းရံႈ႕လိုက္ျပီး

"သူမဘာသာထြက္ေျပးသြားျပီလား?သူမကကၽြန္ေတာ့္ကို အလုပ္ရႈပ္သက္သာေအာင္လုပ္တက္တာပဲ..မဆိုးဘူး.. ေတာ္တယ္"

"နင္ကထြက္ေျပးေစခ်င္ေနတာမဟုတ္လား?"

စုန္႕ခ်င္း၀မ္ကမေနႏုိင္စြာမ်က္ေစာင္းထိုးလိုက္သည္။

လုဂ်င္ဟန္ကဘာမွျပန္မေျပာေပမယ့္..အဓိပၸါယ္ကအရမ္း ကိုသူ႕မ်က္ႏွာမွာတင္အရမ္းကိုသိသာေနသည္။

စုန္႕ခ်င္း၀မ္ကသက္ျပင္းခ်လုိက္ျပီး

"လီလီႏုိ႕သြားယူတယ္..ခဏေနျပန္လာမွာ"

သူမကသူ႕ကိုၾကိဳျပီးသတိေပးလိုက္သည္။

"တျခားကေလးေတြကိုနင္ဘာလုပ္ခဲ့လဲငါဂရုမစိုက္ဘူး.. အနာဂတ္မွာတျခားကေလးေတြကိုလႊင့္ပစ္လဲငါဂရုမစိုက္ ဘူး..ဒါေပမယ့္..ဒီကေလးကိုေတာ့လံုး၀မလုပ္ရဘူး..သူမကတကယ္အားနည္းတဲ့ကေလးမေလးပါ..သူမနင့္ကိုဒုကၡ မေပးပါဘူး!"

"လီလီ?"

လုဂ်င္ဟန္ကႏွာေခါင္းရံႈ႕လိုက္ျပီး

"ဒီေခတ္ၾကီးထဲမွာ.လူေတြကဒီလိုေတာဆန္ဆန္နာမည္ ေတြေပးေသးတာလား?"

"သူမနာမည္က..သစ္ေတာ္ပန္း! လီလီ, လီလီ, ဘယ္ ေလာက္လွလဲ..ၾကားရတဲ့သူဘယ္ေလာက္စိတ္ခ်မ္းသာ မလဲ..."

(丽 = အလွေလး..သူမမိဘေတြကအလွေလးလို႕ေခၚတာ မ်ိဳးလို႕ထင္လုဂ်င္ဟန္ကထင္မိတာ..တကယ္က 梨 အဲဒိ့ လီျဖစ္ျပီး..သစ္ေတာ္ပန္းျဖစ္သည္)

လုဂ်င္ဟန္ကေအးစက္စက္ရယ္ရင္းဆက္ေျပာဖို႕ျပင္လုိက္ တုန္း..

ထိုခဏမွာ..

အိမ္ေတာ္ထိန္းကသူ႕နားအလ်င္အျမန္ေျပးလာျပီးအသက္ လုရႈလိုက္သည္...သူကလုဂ်င္ဟန္ေဘးက စုန္႕ခ်င္း၀မ္ ကိုေတာင္သတိမထားမိလိုက္..။

"သခင္ေလးလု! ကေလးမေလးနဲ႕ပတ္သတ္တဲ့သတင္းရ ပါတယ္..! အိမ္အကူေလးကသူမကိုေအာက္ထပ္ကဧည့္ ခန္းနားမွာေတြ႕ခဲ့တယ္တဲ့သူမက.."

ထိုခဏမွာပဲသူမခံုမွာထုိင္ေနတဲ့ စုန္႕ခ်င္း၀မ္ကရုတ္တရက္ မတ္တပ္ရပ္လိုက္ျပီး ေနရာတစ္ခုဆီကိုလက္ေ၀့ယမ္းျပ လိုက္ကာ

"လီလီ..ဒီကိုလာ..အန္တီေျပာစရာရွိတယ္.."

"ပါပါး!"

ၾကည္လင္ႏူးညံ့တဲ့ကေလးသံေလးကအားလံုးရဲ႕နားထဲမွာ ဗံုးတစ္လံုးလိုေပါက္ကြဲသြားသည္။

ေနာက္စကၠန္႕အနည္းငယ္မွာလွပႏူးညံ့ခ်စ္စရာေကာင္းတဲ့အစိမ္းႏုေရာင္ဂါ၀န္ေလး၀တ္ထားျပီးအရုပ္ေလးနဲ႕တူတဲ့ကေလးမေလးလူၾကားထဲကေျပးထြက္လာသည္။အားလံုးကလုဂ်င္ဟန္ေျခေထာက္ရွည္ေတြကိုလက္နဲ႕တင္းၾကပ္

စြာဖက္တြယ္လိုက္တဲ့သူမကိုၾကည့္ျပီးဆြံ႕အသြားသည္!

ကေလးမေလးကစပ်စ္သီးလိုမဲနက္တဲ့မ်က္၀န္းေတြနဲ႕သူမ အေဖကိုေမာ့ၾကည့္ကာအ့့ံၾသစြာေျပာလိုက္သည္။

"ပါပါး...တကယ္ လီလီကိုလာရွာတာလား!"

အိမ္ေတာ္ထိန္းကလဲစုန္႕ခ်င္း၀မ္နဲ႕တူညီစြာေၾကာင္အေန ျပီးေတာ့မွတီးတိုးေရရြတ္လုိက္သည္.

"သူမက..မစၥစုန္႕နဲ႕အတူထြက္သြားတယ္.."

လုဂ်င္ဟန္ "......"

စုန္႕ခ်င္း၀မ္ကအမူယာမဲ့တဲ့ လုဂ်င္ဟန္နဲ႕ေပ်ာ္ရႊင္ေနတဲ့ လုလီကိုၾကည့္ျပီး၀ိဥာဥ္လြင့္သြားသူလိုအ့ံၾသျပီးရင္းအံ့ၾသ ေနသည္။

လုဂ်င္ဟန္

"ဒါ..အန္တီေလးေကာက္လာတဲ့ေျမးမလား?"

စုန္႕ခ်င္း၀မ္

"နင္ကသူမကိုမလိုခ်င္တဲ့အမိႈက္ေကာင္ပါပါးလား?"

— ရုတ္တရက္အသံႏွစ္ခုတျပိဳင္ထဲထြက္သြားသည္!

အဲဒ့ိေနာက္ႏွစ္ေယာက္လံုးတိတ္ဆိတ္သြားသည္။

အိမ္ေတာ္ထိန္းကငိုေတာ့မလုိျဖစ္သြားသည္။

ဘာေတြျဖစ္ေနၾကတာလဲ!

သူတုိ႕သူမကိုရူးေလာက္ေအာင္ရွာေနျပီး..ရဲစခန္းကို ေတာင္တုိင္ထားတာ..ေနာက္ဆံုးသူမကိုေကာက္ယူခဲ့တဲ့လူကမစၥစုန္႕ျဖစ္ေနသည္။

ေနာက္ဆံုးကေလးကိုေကာက္ယူသြားတဲ့သူတို႕အဖမ္းခ်င္ ဆံုးလူက..အန္တီ..စုန္႕ျဖစ္ေနသည္!

ပထဆံုးလႈပ္ရွားသူက စုန္႕ခ်င္း၀မ္လက္ေထာက္ျဖစ္ျပီး သူကသမနားကပ္ကာအသံတိုးတိုးနဲ႕ေျပာလိုက္သည္။ ဒါေပမယ့္တိတ္ဆိတ္ေနတဲ့နားမွာအားလံုးၾကားေနရသည္။

"မစၥစုန္႕..ဒီကေလးမေလးရဲ႕ပါပါးရွာေတြ႕ျပီ..ကၽြန္ေတာ္ တုိ႕လူေခၚဆြဲထုတ္ျပီးရိုက္လိုက္ရမလား?"

သူေျပာျပီးတာနဲ႕ပတ္၀န္းက်င္ကအပ္က်သံမၾကားရ ေလာက္ေအာင္တိတ္ဆိတ္သြားသည္။

ေနာက္စကၠန္႕အနည္းငယ္မွာစုန္႕ခ်င္း၀မ္ကသူ႕လက္ ေထာက္ကိုသူမပိုက္ဆံအိတ္နဲ႕ရိုက္လိုက္ရင္း

"ဘာေတြေျပာေနတာလဲ!ရိုက္ခ်င္ရိုက္မရုိက္ခ်င္ေန! အခု ဒီမွာ..နင္လုပ္ရဲရင္လုပ္လိုက္! အဲဒါငါနဲ႕မဆုိင္ဘူး!"

လက္ေထာက္ "......"

အိုေက..ငါမလုပ္ရဲဘူး..။

Continue Reading

You'll Also Like

3K 255 13
Name - YOU'RE SO ARROGANT Type - Web novel Genre - Comedy Josei Romance Tags - Arranged Marriage Arrogant Characters Beautiful Female Lead Cold Love...
10.2M 762K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
42.3K 516 7
Her life's already a mess, so will he make it worse or fix it and will his bad actions make her leave him or will it rub off on her?
28.1K 3.5K 34
Eng name- Phoenix Hairpin Eng translator- Musings of a small town woman (from Otaku translation) Original author- Xun Zhao Shi Luo De Ai Qing Total e...