🌻Unicode 🌻
ကျွန်တော် အိပ်မပျော်နိုင်စွာ ကုတင်ပေါ်လူးလိမ့်နေမိသည် ။မိုးသံတဖြောက်ဖြောက်သည် အရင်တုန်းကကျွန်တော်သတ်မှတ်ခဲ့သည့် ချော့တေးတစ်ပုဒ်လိုနားထောင်မကောင်းတော့ ။
ကိုကိုနှင့်ဆေးရုံလိုက်ခဲ့ရစဥ်က အဆမတန်ပျော်ရွှင်ခဲ့ရသည် ။
ကိုကိုနှင့်ခင်မင်ခွင့်ရသည်ကိုပင် ပျော်မဆုံးနိုင်ဖြစ်နေခဲ့သည် ။
ကမ္ဘာမှာကျွန်တော့်လောက်ကံကောင်းတဲ့လူ ရှိသလားလို့မေးရမည့်အချိန်တွင် ကျွန်တော့်ထက်ကံကောင်းတဲ့လူနှစ်ယောက်ပေါ်လာလေသည် ။
ကျွန်တော့်ထက်အချိန်ကြာမြင့်စွာ ပိုခင်တွယ်ခဲ့ကြသည့်အဲ့ဒီ့လူနှစ်ဦး ။ ကိုလင်းဆက်ကတော့ ဓာတ်ပုံထဲကထက် ပိုကြည့်ကောင်းသည် ။
ညိုသော်လည်း ဝင်းသောအသားအရေ ။ မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် ကျွန်တော့်အပေါ်လည်း ဖော်ရွေသေးသည် ။
အကြင်နာလို့ဆိုသည့်အမျိုးသမီးကိုတော့ ကျွန်တော်သဘောမကျပေ။ နှစ်ခါပြန်ငေးရသည့်အလှမျိုးနှင့်သူမသည် ကိုကိုနှင့်အနီးကပ်ဆုံးရှိနေခဲ့သည်တဲ့။
ကျွန်တော်မကျေနပ်ပါ ။ ကျွန်တော့်ထက် ကိုကိုနှင့်အရင်တွေ့ခဲ့ရ့သည်သူမ ။ ရင်းနှီးသည့်သူတို့နှစ်ယောက်ဆက်ဆံရေး ။
အခြားသူများက နေနဲ့လ ရွှေနဲ့မြလို့ပြောရင် ကျွန်တော်ဘုကလန့်ဆန်စွာပြန်ပြောမိမှာ ။
"ခေါင်းရင်းအိမ်ကကောင်လေး "ဟု ကိုကိုမိတ်ဆက်ပေးတုန်းက "ငါ့ထက်ခင်လို့မရဘူးနော်" ဆိုသည့်စကား ။
အဲ့တာကိုကိုနဲ့ပဲဆိုင်တာ....သူနဲ့ဆိုင်တာမှမဟုတ်တာ ။
ချစ်စရာလေးနော်....မိန်းကလေးဆန်တယ် ဆိုသည့်စကားတွင် ကျွန်တော်ဒေါသအလိပ်လိပ်ထွက်ခဲ့ရသည် ။
သာမန်ယောကျ်ားလေးများကဲ့သို့ တူညီစွာတည်ရှိသည့်ကျွန်တော်က မိန်းကလေးနှင့်တူသတဲ့လား ။
လူကောင်သေးလို့လား ၊ အသားဖြူလို့လားဆိုတာတော့ မသိချေ ။ သူမ၏အကြည့်များကို မနှစ်မြို့ ။ ကိုကို့အနားရှိနေတာလဲမကြိုက် ။
ကိုကိုက ဆိုင်မှာလိုက်ကျွေးတော့ သူထမင်းချိုင့်ကြီးထားခဲ့ပြီး ကျွန်တော်တို့နှင့်လိုက်စားသေးသည် ။ ကျွန်တော့်အကြိုက် မှာထားသည့်ဟင်းပွဲများသည် သူ့လက်ချက်ဖြင့် ကိုကို့ပန်းကန်ထဲပြည့်ကုန်သည် ။
ကိုကိုကလည်း တစ်ချက်မငြင်း ။ "ငါ့မှာလက်ပါ ပါတာတယ်" ဆိုသည့်ကိုကို့စကားက သူမအပေါ်မထိရောက် ။
ဘယ်လောက်ပင် ရိုးရှင်းစွာမြန်မာဆန်တယ်ဆိုပေဦးတော့ ကျွန်တော့်မျက်လုံးထဲတွင်တော့ သိပ်ကိုဆိုးသွမ်းနေလှသည် ။
ကိုကိုနှင့်ပတ်သက်၍ အဖြေမရှိသော မေးခွန်းများကိုဆက်တိုက်မေးခဲ့သည် ။
ကျွန်တော်ကိုကို့ ကိုချစ်မိနေခြင်းလား ဆိုသည့်မေးခွန်းအား ကျွန်တော်ဖြေ ဖို့ခက်နေပြန်သည် ။
ကျွန်တော်ယောကျ်ားတစ်ယောက်ကို ချစ်မိနေပြီလားဟူ၍ စိုးရိမ်စိတ်ဝင်ခဲ့သည် ။ ရုပ်ရှင်ထဲမှ မင်းသမီးများမြင်ရင်လည်း အများနည်းတူရင်ခုန်ခဲ့ရသည်လေ ။
ယောကျ်ားတစ်ယောက်ကိုချစ်ဖို့ဆိုတာ ဖြစ်နိုင်ပါလေမလား ။
ဆိုရှယ်မီဒီယာပေါ်မှ အလန်းဆုံးကောင်မလေးများပုံရှာကြည့်သည် ။ အများနည်းတူ သဘောကျသည်ပဲလေ ။
အပေါ်ပိုင်းဗလာဖြစ်နေသည့် မော်ဒယ်ကောင်လေး ပုံများလဲရှာကြည့်သည် ။ ကိုကို့တုန်းကလို ရင်ခုန်ခြင်း၊ ရှက်ခြင်း ၊သဘောကျခြင်းမျိုးမရှိ ။
ကျွန်တော်ခေါင်းခြောက်စွာဖြင့် ။
တစ်ဦးတည်းရှိသည့် ရရှိခဲ့ဖူးသည့် အမျိုးသားတစ်ဦးမို့ ကျွန်တော်ထူးကဲစွာခင်တွယ်ခြင်းသာဖြစ်ပေလိမ့်မည် ။
ဆေးရုံမှပြန်လာစဥ်က တစ်ခုခုဆိုဖုန်းဆက်ရအောင် ဖုန်းနံပါတ်ပေးထားပါဆိုတုန်းက ကျွန်တော်ဝမ်းသာစွာပေးခဲ့သည် ။
တကယ်ဆို ကျွန်တော်ကအရင်တောင်းခဲ့သင့်တာ ။ ကိုကိုက တစ်ခုခုဆိုမှဆက်မှာ ။ ကျွန်တော်ကတော့ ခဏခဏဆက်ဖြစ်နေမှာ ။
"ကိုမှူး....အန်တီလေးကထမင်းလာစားတော့တဲ့"
"မမမိငယ်... ဝင်လာခဲ့ဦး"
ကျွန်တော် ကုတင်ပေါ်ငေါက်ကနဲကောက်ထိုင်လိုက်သည် ။ မမမိငယ်က လွတ်နေသည့်ကုတင်ခြေရင်းတွင်ဝင်ထိုင်သည်။
"ကဲ....ပြောပါအရှင့်သား"
ကျွန်တော့်ဘဝတွင် အမျိုးသမီးသုံးဦးကိုသာ ခင်တွယ်မိခဲ့သည် ။ မေမေရယ် ၊အန်တီလေးရယ် ၊မမမိငယ်ရယ်သာ ။
တစ်ခါတစ်လေ ကစားဖော် ၊ တစ်ခါတစ်လေ အမတစ်ဦးအဖြစ် လိုသလို သရုပ်ဆောင်ပေးတတ်သူ ။ ကျွန်တော်ယုံကြည်ရသည့်သူစိမ်းမလေး ။
"မမမိငယ်.....အချစ်ဆိုတာဘာလဲသိလား"
မမမိငယ်၏တဟားဟားရယ်သံသည် ကျွန်တော့ကိုလှောင်ပြောင်ခြင်းပင် ။
"ကိုမှူးက ကလေးပဲရှိပါသေးတယ်"
ကျွန်တော့်အသက်အရွယ်သည် အချစ်ကိုမရှာသင့်လေခြင်းလား ။ သို့မဟုတ် အချစ်ကပဲ ကျွန်တော့်ကိုလာရှာမည်လေ လား ။
"မမမိငယ်ကလည်း.....သားကမေးကြည့်တဲ့ဟာကို"
"ဒေါက်တာနဲ့ဆေးရုံလိုက်သွားပြီး...ဆရာမလေးတွေကိုပဲလိုက်ကြည့်နေတာလားကိုမှူး"
မမမိငယ်စကားကြောင့် ကျွန်တော်ရယ်ချင်သည်။ ကျွန်တော့်မျက်လုံးထဲတွင် ကိုကိုမှလွှဲ၍ မည်သည့်ဆရာမများမှမရှိချေ ။
အကြင်နာဆိုသည့် ဆရာဝန်မလေးက ခြွင်းချက်ပေါ့။ ကြည့်မရလို့ကို မှတ်မိနေတာ ။
"မပြောလဲပြန်ဗျာ....."
"ပြောပါမယ်မှူးလေးရဲ့....အချစ်ဆိုတာ စိတ္တဇနာမ်ပဲ ပေးဆပ်ခြင်းလို့အဓိပ္ပါယ်ဖွင့်လို့ရသလို ရယူခြင်းလို့လဲအဓိပ္ပါယ်ဖွင့်လို့ရတယ်"
"ပေးဆပ်ခြင်းဆိုတာဘယ်လိုမျိုးလဲ"
မမမိငယ်စကားကို ကျွန်တော်ကုတင်ပေါ်ကန့်လန့်လှဲ၍ နားထောင်နေသည် ။
"ပေးဆပ်ခြင်းဆိုတာ.....
သူရယ်ရင်ကိုယ်ပျော်တယ်.....
သူပျော်ရွှင်အောင်လုပ်ပေးမယ်.....
လိုအပ်ချိန်တိုင်းရှိနေပေးမယ်.....
အဝေးကနေကြည့်နေရလဲဖြစ်တယ်....
မပိုင်ဆိုင်ရလဲဖြစ်တယ်....
သူ့ပျော်ရွှင်မှုဟာကို့ပျော်ရွှင်မှုပဲ"
မမမိငယ်စကားသည် ကျွန်တော်အားပြုံးစေနိုင်သော်လည်း ကျွန်တော်လိုချင်သည့်အဖြေမျိုးတော့မဟုတ်သေးချေ။
"ရယူခြင်းကရော....."
"ရယူခြင်းကျတော့...တစ်ဖက်သက်ဆန်တာပေါ့...
ကို့အနားမှာသူ့ကိုရှိနေစေချင်တယ်.....
ကို့တစ်ယောက်တည်းအတွက်ပဲသူ့ကိုပြုံစေချင်တယ်.....
ကို့ကြောင့်ပဲသူပျော်ရမယ်.....
အခြားလူတွေနဲ့ပြိုင်ပြီးသူ့ကိုလုယူမယ်....
သူအနားမှာရှိရင် အရာရာရင်ဆိုင်ရဲတယ်"
ကျွန်တော်လိုချင်သည့်အဖြေအား ရခဲ့ပါသည် ။ ကျွန်တော်၏အချစ်သည် ရယူခြင်းနည်းသာဖြစ်ပေလိမ့်မည် ။
"ကဲ....ကိုတော်ချောရေ...ထ ထ တော်ကြာနှစ်ယောက်လုံးဆူခံထိမှဖြင့် "
"ဟုတ်....လာပြီ"
ကျွန်တော်၏ညစာသည် ပြည့်စုံခဲ့ပါသည် ။ ထမင်းစားပြီး စာကြည့်စားပွဲပေါ်ခဏထိုင်ရင်း ဟိုဆွဲဒီဆွဲလုပ်လိုက်သေးသည် ။
တဒူးဒူးဖုန်မြည်သံနှင့်အတူ ဖုန်းနံပါတ်အစိမ်းတစ်ခုသည် ကျွန်တော့်ရင့်ကိုအဆမတန်ခုန်စေသည် ။
"ဟဲလို....."
တိတ်ဆိတ်ငြိမ်သက်နေသည့်တစ်ဖက်မှအသံ ။
ခဏကြာမှ....
"မှူး....ကိုကိုအိပ်မပျော်လို့" ဟူသည့်စကားသံထွက်ပေါ်လာသည် ။
မမြင်ရသော်လဲ ဘေးနားရှိနေသလို ရှက်ကိုးရှက်ကန်းဖြစ်နေပြန်သည်။
ကိုပိုကနတ်သူငယ်လေလား...
လူကိုပြုစားလွန်းလို့။
"အစောကြီးပဲရှိသေးတာကို.....ဘယ်အိပ်ပျော်မလဲ "
ကျွန်တော်၏ဘောက်ဆက်ဆက်အပြောကို ခပ်သဲ့သဲ့ရယ်သံဖြင့်ခြေဖျက်သည် ။
"တကယ်တော့....မှူးကိုဖုန်းဆက်ဖို့အကြောင်းရှာနေတာ...."
". .........."
"မှူး....."
"ဗျာ....."
"Good night ကိုကိုအိပ်ပြီ" ဟုဆိုကာ ချက်ချင်းဖုန်းချသွားသည် ။
တကယ်တော့ ကျွန်တော်က ဖုန်းအကြာကြီးပြောရမယ်ထင်နေတာ ။ အခုတော့ ဂွတ်နိုက်တစ်လုံးတည်းနှင့် ချော့သိပ်သွားလေသည် ။
ကျွန်တော်တော့အိပ်ပျော်တော့မှာပဲဗျာ ။
ဟိုခြစ်ဒီခြစ်လုပ်နေသည့် စာရွက်ပေါ်စိတ်ရောက်သွာတော့ ကျွန်တော်တဟားဟားအော်ရယ်ပစ်ချင်သည် ။
ကိုကိုဟူသော စာလုံးလေးသည် ကျွန်တော့်ပုံဆွဲစာရွက်ပေါ်ထင်းကနဲ ။
ကျွန်တော့်ဖုန်း contact မှာ ကိုကိုဟူ၍မှတ်လိုက်သည် ။ ဘေးတွင်တော့ အနီရောင်အသံပုံလေးထားလိုက်သည်။ လစ်ဟာနေသည့်ဓာတ်ပုံနေရာကိုသဘောမကျ ။ ကိုကိုနဲ့တွေ့မှ ဓာတ်ပုံရိုက်ယူထားရမယ် ။
ကျွန်တော့်လက်သည် ကောလ်ခလုတ်ကိုနှိတ်မိသွားမှ ပြန်ချမည်ပြင့တော့ "ဟဲလို" ဟူသည့် ကိုကို့အသံကိုကြားရသည် ။
ဝိုင်လိုစူးရှသော ၊ ပျားရည်လိုချိုမြသော ၊ ဝီစကီလိုရစ်မူးသော တို့သည် ကိုကို့အသံထဲမျောပါစီးဝင်နေသည် ။
"ဟို....သားလဲအိပ်မပျော်လို့"
"ကိုကို့ကိုပြန်ချေတာလား".
ထိုစကားသည် နှစ်ဦးစလုံးကိုပြုံးမိစေသည်ထင် ။ ကိုကို၏အသံရှူသံမျှင်မျှင်လေးကိုတောင်ကြားနေရသည် ။
"ကိုကို....နောက်နေ့တွေလဲ ဆေးရုံလိုက်မယ်လေ....ဒီတစ်ခါဘယ်မှမပျောက်စေရဘူး..."
"ဟုတ်ပါပြီ....ကိုကိုယုံပါတယ်"
"ကိုကိုမိုးတိတ်သွားပြီ....ကိုကို့ဆီမှာရောတိတ်သွားပြီလား"
ကိုကို့၏ရယ်သံသည် ဖုန်းထဲမှနေ၍ ကျွန်တော့်နှလုံးသားဆီ စီးဝင်နေသည် ။
"အိမ်ချင်းကပ်ရပ်ကိုကွာ....မှူးအိမ်မှာတိတ်ပြီး...ကိုကို့ဆီမှာရွာနေမလား"
"ဟုတ်သားပဲ"
ကျွန်တော့်လက်က ဒိုင်ယာရီစာအုပ်ကြားညှပ်ထားသည့် နွမ်းလျလျနှင်းဆီနီဆီသို့လက်ရောက်သွားသည် ။
ထိုနှင်းဆီပန်းအား ရနံ့ပြယ်သည်အထိနမ်းရှိုက်သည်။ ရနံ့ပြယ်ကာ နွမ်းလျသွားသော်လည်း လွှတ်ပြစ်ဖို့နှမြောမိပြန်သည် ။
စာအုပ်ကြားထဲညှပ်ထားတော့မှ ကျေနပ်ရလေသည် ။
"ကိုကို.....Good night လို့"
"ဟုတ်ပါပြီ....ဒါပဲနော်.... အိမ်မက်လှလှမက်ပါစေဗျာ"
Called end. ကာလင်းသွားသည့်ဖုန်းစခရင်ကို ကြည့်နေမိသည်။
ကိုကိုသာပါမယ်ဆို အိမ်မက်လှလှတင်မဟုတ် တင်တင်တို့မြမြတို့ကိုပါစိတ်မဝင်စားတော့တာ ။
ကိုကိုက အဲ့လို စိုးမိုးနိုင်တဲ့ သူစိမ်းလေးပါဆို.....။
To be continue.....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
မအားလို့နော်.....😁
13 October
2021
poppykar
🌻Zawgyi 🌻
ကြၽန္ေတာ္ အိပ္မေပ်ာ္နိုင္စြာ ကုတင္ေပၚလူးလိမ့္ေနမိသည္ ။မိုးသံတေျဖာက္ေျဖာက္သည္ အရင္တုန္းကကြၽန္ေတာ္သတ္မွတ္ခဲ့သည့္ ေခ်ာ့ေတးတစ္ပုဒ္လိုနားေထာင္မေကာင္းေတာ့ ။
ကိုကိုႏွင့္ေဆး႐ုံလိုက္ခဲ့ရစဥ္က အဆမတန္ေပ်ာ္႐ႊင္ခဲ့ရသည္ ။
ကိုကိုႏွင့္ခင္မင္ခြင့္ရသည္ကိုပင္ ေပ်ာ္မဆုံးနိုင္ျဖစ္ေနခဲ့သည္ ။
ကမၻာမွာကြၽန္ေတာ့္ေလာက္ကံေကာင္းတဲ့လူ ရွိသလားလို႔ေမးရမည့္အခ်ိန္တြင္ ကြၽန္ေတာ့္ထက္ကံေကာင္းတဲ့လူႏွစ္ေယာက္ေပၚလာေလသည္ ။
ကြၽန္ေတာ့္ထက္အခ်ိန္ၾကာျမင့္စြာ ပိုခင္တြယ္ခဲ့ၾကသည့္အဲ့ဒီ့လူႏွစ္ဦး ။ ကိုလင္းဆက္ကေတာ့ ဓာတ္ပုံထဲကထက္ ပိုၾကည့္ေကာင္းသည္ ။
ညိုေသာ္လည္း ဝင္းေသာအသားအေရ ။ မ်က္ခုံးမ်က္လုံးေကာင္းေကာင္းႏွင့္ ကြၽန္ေတာ့္အေပၚလည္း ေဖာ္ေ႐ြေသးသည္ ။
အၾကင္နာလို႔ဆိုသည့္အမ်ိဳးသမီးကိုေတာ့ ကြၽန္ေတာ္သေဘာမက်ေပ။ ႏွစ္ခါျပန္ေငးရသည့္အလွမ်ိဳးႏွင့္သူမသည္ ကိုကိုႏွင့္အနီးကပ္ဆုံးရွိေနခဲ့သည္တဲ့။
ကြၽန္ေတာ္မေက်နပ္ပါ ။ ကြၽန္ေတာ့္ထက္ ကိုကိုႏွင့္အရင္ေတြ႕ခဲ့ရ႕သည္သူမ ။ ရင္းႏွီးသည့္သူတို႔ႏွစ္ေယာက္ဆက္ဆံေရး ။
အျခားသူမ်ားက ေနနဲ႕လ ေ႐ႊနဲ႕ျမလို႔ေျပာရင္ ကြၽန္ေတာ္ဘုကလန့္ဆန္စြာျပန္ေျပာမိမွာ ။
"ေခါင္းရင္းအိမ္ကေကာင္ေလး "ဟု ကိုကိုမိတ္ဆက္ေပးတုန္းက "ငါ့ထက္ခင္လို႔မရဘူးေနာ္" ဆိုသည့္စကား ။
အဲ့တာကိုကိုနဲ႕ပဲဆိုင္တာ....သူနဲ႕ဆိုင္တာမွမဟုတ္တာ ။
ခ်စ္စရာေလးေနာ္....မိန္းကေလးဆန္တယ္ ဆိုသည့္စကားတြင္ ကြၽန္ေတာ္ေဒါသအလိပ္လိပ္ထြက္ခဲ့ရသည္ ။
သာမန္ေယာက်္ားေလးမ်ားကဲ့သို႔ တူညီစြာတည္ရွိသည့္ကြၽန္ေတာ္က မိန္းကေလးႏွင့္တူသတဲ့လား ။
လူေကာင္ေသးလို႔လား ၊ အသားျဖဴလို႔လားဆိုတာေတာ့ မသိေခ် ။ သူမ၏အၾကည့္မ်ားကို မႏွစ္ၿမိဳ႕ ။ ကိုကို႔အနားရွိေနတာလဲမႀကိဳက္ ။
ကိုကိုက ဆိုင္မွာလိုက္ေကြၽးေတာ့ သူထမင္းခ်ိဳင့္ႀကီးထားခဲ့ၿပီး ကြၽန္ေတာ္တို႔ႏွင့္လိုက္စားေသးသည္ ။ ကြၽန္ေတာ့္အႀကိဳက္ မွာထားသည့္ဟင္းပြဲမ်ားသည္ သူ႕လက္ခ်က္ျဖင့္ ကိုကို႔ပန္းကန္ထဲျပည့္ကုန္သည္ ။
ကိုကိုကလည္း တစ္ခ်က္မျငင္း ။ "ငါ့မွာလက္ပါ ပါတာတယ္" ဆိုသည့္ကိုကို႔စကားက သူမအေပၚမထိေရာက္ ။
ဘယ္ေလာက္ပင္ ရိုးရွင္းစြာျမန္မာဆန္တယ္ဆိုေပဦးေတာ့ ကြၽန္ေတာ့္မ်က္လုံးထဲတြင္ေတာ့ သိပ္ကိုဆိုးသြမ္းေနလွသည္ ။
ကိုကိုႏွင့္ပတ္သက္၍ အေျဖမရွိေသာ ေမးခြန္းမ်ားကိုဆက္တိုက္ေမးခဲ့သည္ ။
ကြၽန္ေတာ္ကိုကို႔ ကိုခ်စ္မိေနျခင္းလား ဆိုသည့္ေမးခြန္းအား ကြၽန္ေတာ္ေျဖ ဖို႔ခက္ေနျပန္သည္ ။
ကြၽန္ေတာ္ေယာက်္ားတစ္ေယာက္ကို ခ်စ္မိေနၿပီလားဟူ၍ စိုးရိမ္စိတ္ဝင္ခဲ့သည္ ။ ႐ုပ္ရွင္ထဲမွ မင္းသမီးမ်ားျမင္ရင္လည္း အမ်ားနည္းတူရင္ခုန္ခဲ့ရသည္ေလ ။
ေယာက်္ားတစ္ေယာက္ကိုခ်စ္ဖို႔ဆိုတာ ျဖစ္နိုင္ပါေလမလား ။
ဆိုရွယ္မီဒီယာေပၚမွ အလန္းဆုံးေကာင္မေလးမ်ားပုံရွာၾကည့္သည္ ။ အမ်ားနည္းတူ သေဘာက်သည္ပဲေလ ။
အေပၚပိုင္းဗလာျဖစ္ေနသည့္ ေမာ္ဒယ္ေကာင္ေလး ပုံမ်ားလဲရွာၾကည့္သည္ ။ ကိုကို႔တုန္းကလို ရင္ခုန္ျခင္း၊ ရွက္ျခင္း ၊သေဘာက်ျခင္းမ်ိဳးမရွိ ။
ကြၽန္ေတာ္ေခါင္းေျခာက္စြာျဖင့္ ။
တစ္ဦးတည္းရွိသည့္ ရရွိခဲ့ဖူးသည့္ အမ်ိဳးသားတစ္ဦးမို႔ ကြၽန္ေတာ္ထူးကဲစြာခင္တြယ္ျခင္းသာျဖစ္ေပလိမ့္မည္ ။
ေဆး႐ုံမွျပန္လာစဥ္က တစ္ခုခုဆိုဖုန္းဆက္ရေအာင္ ဖုန္းနံပါတ္ေပးထားပါဆိုတုန္းက ကြၽန္ေတာ္ဝမ္းသာစြာေပးခဲ့သည္ ။
တကယ္ဆို ကြၽန္ေတာ္ကအရင္ေတာင္းခဲ့သင့္တာ ။ ကိုကိုက တစ္ခုခုဆိုမွဆက္မွာ ။ ကြၽန္ေတာ္ကေတာ့ ခဏခဏဆက္ျဖစ္ေနမွာ ။
"ကိုမႉး....အန္တီေလးကထမင္းလာစားေတာ့တဲ့"
"မမမိငယ္... ဝင္လာခဲ့ဦး"
ကြၽန္ေတာ္ ကုတင္ေပၚေငါက္ကနဲေကာက္ထိုင္လိုက္သည္ ။ မမမိငယ္က လြတ္ေနသည့္ကုတင္ေျခရင္းတြင္ဝင္ထိုင္သည္။
"ကဲ....ေျပာပါအရွင့္သား"
ကြၽန္ေတာ့္ဘဝတြင္ အမ်ိဳးသမီးသုံးဦးကိုသာ ခင္တြယ္မိခဲ့သည္ ။ ေမေမရယ္ ၊အန္တီေလးရယ္ ၊မမမိငယ္ရယ္သာ ။
တစ္ခါတစ္ေလ ကစားေဖာ္ ၊ တစ္ခါတစ္ေလ အမတစ္ဦးအျဖစ္ လိုသလို သ႐ုပ္ေဆာင္ေပးတတ္သူ ။ ကြၽန္ေတာ္ယုံၾကည္ရသည့္သူစိမ္းမေလး ။
"မမမိငယ္.....အခ်စ္ဆိုတာဘာလဲသိလား"
မမမိငယ္၏တဟားဟားရယ္သံသည္ ကြၽန္ေတာ့ကိုေလွာင္ေျပာင္ျခင္းပင္ ။
"ကိုမႉးက ကေလးပဲရွိပါေသးတယ္"
ကြၽန္ေတာ့္အသက္အ႐ြယ္သည္ အခ်စ္ကိုမရွာသင့္ေလျခင္းလား ။ သို႔မဟုတ္ အခ်စ္ကပဲ ကြၽန္ေတာ့္ကိုလာရွာမည္ေလ လား ။
"မမမိငယ္ကလည္း.....သားကေမးၾကည့္တဲ့ဟာကို"
"ေဒါက္တာနဲ႕ေဆး႐ုံလိုက္သြားၿပီး...ဆရာမေလးေတြကိုပဲလိုက္ၾကည့္ေနတာလားကိုမႉး"
မမမိငယ္စကားေၾကာင့္ ကြၽန္ေတာ္ရယ္ခ်င္သည္။ ကြၽန္ေတာ့္မ်က္လုံးထဲတြင္ ကိုကိုမွလႊဲ၍ မည္သည့္ဆရာမမ်ားမွမရွိေခ် ။
အၾကင္နာဆိုသည့္ ဆရာဝန္မေလးက ႁခြင္းခ်က္ေပါ့။ ၾကည့္မရလို႔ကို မွတ္မိေနတာ ။
"မေျပာလဲျပန္ဗ်ာ....."
"ေျပာပါမယ္မႉးေလးရဲ႕....အခ်စ္ဆိုတာ စိတၱဇနာမ္ပဲ ေပးဆပ္ျခင္းလို႔အဓိပၸါယ္ဖြင့္လို႔ရသလို ရယူျခင္းလို႔လဲအဓိပၸါယ္ဖြင့္လို႔ရတယ္"
"ေပးဆပ္ျခင္းဆိုတာဘယ္လိုမ်ိဳးလဲ"
မမမိငယ္စကားကို ကြၽန္ေတာ္ကုတင္ေပၚကန့္လန့္လွဲ၍ နားေထာင္ေနသည္ ။
"ေပးဆပ္ျခင္းဆိုတာ.....
သူရယ္ရင္ကိုယ္ေပ်ာ္တယ္.....
သူေပ်ာ္႐ႊင္ေအာင္လုပ္ေပးမယ္.....
လိုအပ္ခ်ိန္တိုင္းရွိေနေပးမယ္.....
အေဝးကေနၾကည့္ေနရလဲျဖစ္တယ္....
မပိုင္ဆိုင္ရလဲျဖစ္တယ္....
သူ႕ေပ်ာ္႐ႊင္မႈဟာကို႔ေပ်ာ္႐ႊင္မႈပဲ"
မမမိငယ္စကားသည္ ကြၽန္ေတာ္အားၿပဳံးေစနိုင္ေသာ္လည္း ကြၽန္ေတာ္လိုခ်င္သည့္အေျဖမ်ိဳးေတာ့မဟုတ္ေသးေခ်။
"ရယူျခင္းကေရာ....."
"ရယူျခင္းက်ေတာ့...တစ္ဖက္သက္ဆန္တာေပါ့...
ကို႔အနားမွာသူ႕ကိုရွိေနေစခ်င္တယ္.....
ကို႔တစ္ေယာက္တည္းအတြက္ပဲသူ႕ကိုၿပဳံေစခ်င္တယ္.....
ကို႔ေၾကာင့္ပဲသူေပ်ာ္ရမယ္.....
အျခားလူေတြနဲ႕ၿပိဳင္ၿပီးသူ႕ကိုလုယူမယ္....
သူအနားမွာရွိရင္ အရာရာရင္ဆိုင္ရဲတယ္"
ကြၽန္ေတာ္လိုခ်င္သည့္အေျဖအား ရခဲ့ပါသည္ ။ ကြၽန္ေတာ္၏အခ်စ္သည္ ရယူျခင္းနည္းသာျဖစ္ေပလိမ့္မည္ ။
"ကဲ....ကိုေတာ္ေခ်ာေရ...ထ ထ ေတာ္ၾကာႏွစ္ေယာက္လုံးဆူခံထိမွျဖင့္ "
"ဟုတ္....လာၿပီ"
ကြၽန္ေတာ္၏ညစာသည္ ျပည့္စုံခဲ့ပါသည္ ။ ထမင္းစားၿပီး စာၾကည့္စားပြဲေပၚခဏထိုင္ရင္း ဟိုဆြဲဒီဆြဲလုပ္လိုက္ေသးသည္ ။
တဒူးဒူးဖုန္ျမည္သံႏွင့္အတူ ဖုန္းနံပါတ္အစိမ္းတစ္ခုသည္ ကြၽန္ေတာ့္ရင့္ကိုအဆမတန္ခုန္ေစသည္ ။
"ဟဲလို....."
တိတ္ဆိတ္ၿငိမ္သက္ေနသည့္တစ္ဖက္မွအသံ ။
ခဏၾကာမွ....
"မႉး....ကိုကိုအိပ္မေပ်ာ္လို႔" ဟူသည့္စကားသံထြက္ေပၚလာသည္ ။
မျမင္ရေသာ္လဲ ေဘးနားရွိေနသလို ရွက္ကိုးရွက္ကန္းျဖစ္ေနျပန္သည္။
ကိုပိုကနတ္သူငယ္ေလလား...
လူကိုျပဳစားလြန္းလို႔။
"အေစာႀကီးပဲရွိေသးတာကို.....ဘယ္အိပ္ေပ်ာ္မလဲ "
ကြၽန္ေတာ္၏ေဘာက္ဆက္ဆက္အေျပာကို ခပ္သဲ့သဲ့ရယ္သံျဖင့္ေျခဖ်က္သည္ ။
"တကယ္ေတာ့....မႉးကိုဖုန္းဆက္ဖို႔အေၾကာင္းရွာေနတာ...."
". .........."
"မႉး....."
"ဗ်ာ....."
"Good night ကိုကိုအိပ္ၿပီ" ဟုဆိုကာ ခ်က္ခ်င္းဖုန္းခ်သြားသည္ ။
တကယ္ေတာ့ ကြၽန္ေတာ္က ဖုန္းအၾကာႀကီးေျပာရမယ္ထင္ေနတာ ။ အခုေတာ့ ဂြတ္နိုက္တစ္လုံးတည္းႏွင့္ ေခ်ာ့သိပ္သြားေလသည္ ။
ကြၽန္ေတာ္ေတာ့အိပ္ေပ်ာ္ေတာ့မွာပဲဗ်ာ ။
ဟိုျခစ္ဒီျခစ္လုပ္ေနသည့္ စာ႐ြက္ေပၚစိတ္ေရာက္သြာေတာ့ ကြၽန္ေတာ္တဟားဟားေအာ္ရယ္ပစ္ခ်င္သည္ ။
ကိုကိုဟူေသာ စာလုံးေလးသည္ ကြၽန္ေတာ့္ပုံဆြဲစာ႐ြက္ေပၚထင္းကနဲ ။
ကြၽန္ေတာ့္ဖုန္း contact မွာ ကိုကိုဟူ၍မွတ္လိုက္သည္ ။ ေဘးတြင္ေတာ့ အနီေရာင္အသံပုံေလးထားလိုက္သည္။ လစ္ဟာေနသည့္ဓာတ္ပုံေနရာကိုသေဘာမက် ။ ကိုကိုနဲ႕ေတြ႕မွ ဓာတ္ပုံရိုက္ယူထားရမယ္ ။
ကြၽန္ေတာ့္လက္သည္ ေကာလ္ခလုတ္ကိုႏွိတ္မိသြားမွ ျပန္ခ်မည္ျပင့ေတာ့ "ဟဲလို" ဟူသည့္ ကိုကို႔အသံကိုၾကားရသည္ ။
ဝိုင္လိုစူးရွေသာ ၊ ပ်ားရည္လိုခ်ိဳျမေသာ ၊ ဝီစကီလိုရစ္မူးေသာ တို႔သည္ ကိုကို႔အသံထဲေမ်ာပါစီးဝင္ေနသည္ ။
"ဟို....သားလဲအိပ္မေပ်ာ္လို႔"
"ကိုကို႔ကိုျပန္ေခ်တာလား".
ထိုစကားသည္ ႏွစ္ဦးစလုံးကိုၿပဳံးမိေစသည္ထင္ ။ ကိုကို၏အသံရႉသံမွ်င္မွ်င္ေလးကိုေတာင္ၾကားေနရသည္ ။
"ကိုကို....ေနာက္ေန႕ေတြလဲ ေဆး႐ုံလိုက္မယ္ေလ....ဒီတစ္ခါဘယ္မွမေပ်ာက္ေစရဘူး..."
"ဟုတ္ပါၿပီ....ကိုကိုယုံပါတယ္"
"ကိုကိုမိုးတိတ္သြားၿပီ....ကိုကို႔ဆီမွာေရာတိတ္သြားၿပီလား"
ကိုကို႔၏ရယ္သံသည္ ဖုန္းထဲမွေန၍ ကြၽန္ေတာ့္ႏွလုံးသားဆီ စီးဝင္ေနသည္ ။
"အိမ္ခ်င္းကပ္ရပ္ကိုကြာ....မႉးအိမ္မွာတိတ္ၿပီး...ကိုကို႔ဆီမွာ႐ြာေနမလား"
"ဟုတ္သားပဲ"
ကြၽန္ေတာ့္လက္က ဒိုင္ယာရီစာအုပ္ၾကားညွပ္ထားသည့္ ႏြမ္းလ်လ်ႏွင္းဆီနီဆီသို႔လက္ေရာက္သြားသည္ ။
ထိုႏွင္းဆီပန္းအား ရနံ႕ျပယ္သည္အထိနမ္းရွိုက္သည္။ ရနံ႕ျပယ္ကာ ႏြမ္းလ်သြားေသာ္လည္း လႊတ္ျပစ္ဖို႔ႏွေျမာမိျပန္သည္ ။
စာအုပ္ၾကားထဲညွပ္ထားေတာ့မွ ေက်နပ္ရေလသည္ ။
"ကိုကို.....Good night လို႔"
"ဟုတ္ပါၿပီ....ဒါပဲေနာ္.... အိမ္မက္လွလွမက္ပါေစဗ်ာ"
Called end. ကာလင္းသြားသည့္ဖုန္းစခရင္ကို ၾကည့္ေနမိသည္။
ကိုကိုသာပါမယ္ဆို အိမ္မက္လွလွတင္မဟုတ္ တင္တင္တို႔ျမျမတို႔ကိုပါစိတ္မဝင္စားေတာ့တာ ။
ကိုကိုက အဲ့လို စိုးမိုးနိုင္တဲ့ သူစိမ္းေလးပါဆို.....။
To be continue.....
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
မအားလို႔ေနာ္.....😁
13 October
2021
poppykar