🌻Unicode 🌻
ဆေးရုံလိုက်မည်ဆိုသည့်ကောင်လေးကြောင့် တစ်ညလုံး လူးလိမ့်ကာစဥ်းစားဖြစ်ခဲ့သည် ။ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲသည့်ကောင်လေးအား ကျွန်တော်စောင့်ရှောက်နိုင်လေမလား ။
လူရှုတ်သည့်ဆေးရုံဝန်းထဲ ပျောက်သွားမှာလဲစိုးရသလို သွေးတွေဘာတွေကြောက်တတ်ရင်များဟုဆိုတာ စိတ်ပူပေးရသေးသည်။
သို့သော် ကျွန်တော်တတီတီအသံပေးတော့ သူ့မေမေနှင့်အန်တီလေးအားနှုတ်ဆက်ရင်း ကျွန်တော့်ဆီပြေးလာလေသည် ။
ကားတံခါးကိုဖွင့်ကာဝင်ထိုင်တော့ ကျွန်တော့်ခေါင်းထဲနောက်ခနဲဖြစ်သွားသည် ။
"ဟို...ရေမွှေးစွတ်တာများသွားလို့..."
ကျွန်တော့်မျက်နှာသိသိသာသာ ပျက်ယွင်းသွားမိသည်ထင်သည် ။ ချက်ချင်းအဖြေပြန်ပေးလာသည် ။
"ဟိုရောက်ရင် လိမ်လိမ်မာမာနေမှာသေချာလား....."
"ဟုတ်...ကိုကို...သားလိမ်မာမှာပါ"
ပေါင်ပေါ်တင်ထားသည့်အထုတ်ထဲတွင်လဲ မုန့်ထုတ်ပေါင်းစုံဖြင့် ။
ကျစ်....ဒီကလေးကွာ။
"မုန့်တွေဘာလို့ယူလာတာလည်း....ကိုကိုဝယ်ကျွေးမှာပေါ့"
"သားကလိမ်မာမှာလေ....ကိုကို့ကိုပူဆာရင်ဘယ်လိမ်မာတော့မလဲ"
ရွှန်းစိုသောမျက်လုံးများဖြင့် ကျွန်တော့်ကိုကြည့်ရင်းဆိုသည် ။ သဘာဝအတိုင်း တောက်ပနေသည့် နီထွေးထွေးနှုတ်ခမ်းပါးတစ်စုံဆီမှ ကျွန်တော့်အကြည့်များမခွာနိုင် ။
သူ့လက်ကလေးအား ဆုတ်ကိုင်မိခဲ့စဥ်က ၊ သူ့အားပန်းပန်ပေးခဲ့စဥ်က ၊ ခေါင်းလေးအား ခပ်ဖွဖွပုတ်ခဲ့ပေးစဥ်က ၊ လက်ကလေးအားသေချာဆေးကြောပေးစဥ်ကရခဲ့သော ရင်ခုန်ခြင်းမျိုး ကျွန်တော်အခုခံစားနေရသည်။
ဆေးရုံဝန်းထဲရောက်ပြန်တော့ လူကြောက်သည့်ကောင်လေးက ကျွန်တော့်အနားအတင်းတိုးကပ်နေပြန်သည် ။
ဘေးပတ်ပတ်လည်မှလူများအား မလွတ်တမ်းငေးကြည့်ရင်း ကျွန်တော့်အင်္ကျီလက်မောင်းစကိုကိုင်ထားသေးသည် ။
သူတစ်ယောက်တည်းကျန်ခဲ့မှာတော့ ကြောက်ရှာသေးသည် ။
ဌာနရောက်တော့ ထိုင်ခုံတစ်ခုမှာ ထိုင်ခိုင်းတော့ ချက်ချင်းဝင်ထိုင်သည် ။
"ကိုကိုဟိုမှာရှိနေမယ်....ညိမ်ညိမ်လေးထိုင်နော်...."
"ဟုတ်....ကိုကို"
ကျွန်တော့်အား ချစ်စရာကောင်းအောင်ပြုံးပြသည့်ကောင်လေး၏ခေါင်းကိုခပ်ဖွဖွပုတ်တော့ ဇက်လေးပုသွားသည် ။
ကျွန်တော် လူနာအခြေအနေများအား လိုက်ကြည့်သည် ။ စိတ်မချစွာ မှူးကိုကြည့်တော့ မိုင်လိုသောက်ကာ ငေးနေလေသည်။
ကျွန်တော်မှာထားသည့်အတိုင်း ထိုနေရာတွင်ငြိမ်နေခြင်းကြောင့် ကျွန်တော်စိတ်ချသွားသည် ။
တော်ပါသေးရဲ့....လိမ်မာလို့။
"နောက်ကျတယ်နော်....ကိုစစ်"
"အေးကွာလင်းဆက်...."
လင်းဆက်၏နာမည်အပြည့်အစုံမှာ လင်းဆက်ကိုဖြစ်သည် ။ လင်းဆက်နှင့်တော့ ဆေးကျောင်းရောက်မှခင်ကြခြင်းဖြစ်သည် ။
သို့သော်လည်း ငယ်ပေါင်းကြီးဖော်တွေအတိုင်းပင်ဖြစ်သည် ။ အကြင်နာနှင့်လင်းဆက်ကိုသည် ကျောင်းတွင်နာမည်အကြီးဆုံးထဲပါလေသည် ။
ကံကောင်းစွာဖြင့် ဆေးရုံတစ်ခုတည်းမှာပင် တာဝန်ကျကြလေသည် ။ ဌာနလည်းအတူတူပင်ဆိုတော့ ပိုအဆင်ပြေလေသည် ။ လင်းဆက်ကတော့ ဤမြို့ဇာတိဖြစ်သည် ။
"အရေးပေါ်....အရေးပေါ်"
ထိုအသံကြားတော့ ကောင်းကောင်းတောင်မနှုတ်ဆက်ရ ။ အပြေးအလွှားဖြစ်ရလေသည် ။
ယာဥ်မတော်တဆမှုလူနာအား ကြည့်ရှုစစ်ဆေးရင်း မှူးကိုလည်းလှမ်းကြည့်ရသည်။ မိုင်လိုသောက်နေရက်နှင့် တစ်ခါတစ်ရံ ကျွန်တော်နှင့်အကြည့်ချင်းဆုံတော့ပြုံးပြသေးသည်။
ကျွန်တော်လူနာအားတစ်လှည့် မှူးကိုတစ်လှည့်ကြည့်နေပုံကို သတိထားမိသည့်လင်းဆပ်က မေးငေါ့ပြသည် ။
ကျွန်တော်ခေါင်းခါပြလိုက်ပြီး လူနာပေါ်ပြန်အာရုံစိုက်လိုက်သည် ။ နေမြင့်လာသည်နှင့် လူစုံလာတော့သည် ။
အစပိုင်းတော့ မှူးကိုမျက်ခြေမပြတ်စောင့်ကြည့်နေသော်လည်း လူနာများကျလာတော့ သိပ်ဂရုမစိုက်ဖြစ်တော့ပေ ။
လင်းဆက်လည်း အခြားလူများအား ကုသပေးရင်း ၊ အကြင်နာလည်း နှုတ်ဆက်ချိန်တောင်မရအောင် အလုပ်ရှုတ်ရင်း ၊ ကျွန်တော်လဲ ပြာယာခတ်ရင်းဖြင့် မှူးကိုမေ့လျော့သွားသည် ။
နေ့လည်၁၂ထိုးလောက်ရောက်တော့ အခြေအနေတွေတည်ငြိမ်သွားသည် ။ လူနာများကတော့အဆက်မပြတ်သေးချေ။
ကျွန်တော်မှူးထိုင်နေသည့်နေရာလှမ်းကြည့်တော့ မှူးမရှိတော့ချေ ။ ကျွန်တော်ခေါင်းနပန်းကြီးသွားသည် ။
ပတ်ဝန်းကျင်တစ်ခုလုံး ဝေ့ဝိုက်ရှာမိသည် ။ အသားတွေတုန်ယင်လာသည်အထိ ကျွန်တော်အထိတ်တလန့်ဖြစ်နေမိသည် ။
ကျွန်တော်တာဝန်ယူလာသည့်ကလေးသာတစ်ခုခုဖြစ်သွားရင်...။
ကျွန်တော်ဆက်မတွေးချင်တော်ပါ ။ ဌာနပတ်လည်တစ်ခုလုံး ကျွန်တော်ပတ်ရှာသည် ။ မတွေ့ ။
ကလေးရေ....အဲ့လိုမလုပ်လိုက်ပါနဲ့ ။
ကျွန်တော် ဆရာဝန်ဂုဏ်ပုတ်အား မဆောင့်ထိန်းနိုင်အောင် တုန်ယင်နေချေပြီ။
ကလေးရာ.....ကိုကိုစိတ်ပူနေပြီ။
"ကိုစစ်....ဘာဖြစ်တာလဲ"
"ငါ...ငါနဲ့ပါလာတဲ့ကလေးပျောက်သွားလို့"
"ဟာ...တအားငယ်လို့လား"ဟုလင်းဆက်မေးမှ ကိုယ့်နှုတ်မှထွက်သွားသည့်စကားကို ပြန်သတိထားမိသည် ။
ကလေးဟုစတင်ခေါ်စဥ်တုန်းက အတိုင်းမသိရင်ခုန်မိခဲ့သော်လည်း အမှတ်မထင် စိတ်ထဲမှာပါရေရွတ်နေမိသည် ။
"၁၆ ၁၇လောက်တော့ရှိပြီကွာ....ကလေးသာတစ်ခုခုဖြစ်ရင်တော့ကွာ."
ကျွန်တော်ခါးထောက်ရင်း မျက်စိဖြင့်လိုက်ရှာမိသေးသည် ။
"အသက်လဲမငယ်တော့ပါဘူးကွာ....ပြန်လာမှာပေါ့....အိမ်သာတွေဘာတွေသွားလားမှမသိတာ"
မငယ်လဲမငယ်တော့ဘူး ဟူသည့်လင်းဆက်စကားကိုကျွန်တော်လက်မခံချင်ပါ။ မှူးက ကျွန်တော်စတွေ့စဥ်ကတည်းက ကလေးငယ်တစ်ယောက်အဖြစ်သတ်မှတ်ခဲ့တာ ။
ရင်ထဲစို့နစ်ပူလောင်လာသည့်ခံစားချက်သည် ကျွန်တော့်ကိုမီးတောက်တစ်ခုလိုလောင်မြိုက်နေသည် ။
"ကျစ်....မင်းပုံစံလည်းကြည့်ဦး...ကလေးအဖေနဲ့တူနေပြီ....ငါဝိုင်းရှာပေးမယ်..."
"အိုကေ...ခွဲရှာကြမယ်....မင်းအရိုးဌာနဘက်သွား....ငါအာရုံကြောဘက်သွားမယ်"
"ဟို.. ခဏ"
ကျွန်တော် လင်းဆက်ကို ကျောခိုင်းလိုက်ပြီးမှ ပြန်လှည့်လိုက်သည် ။ ကျွန်တော် မှူးပုံစံကိုမပြောမိခဲ့ဘူးလေ ။
အဲ့လောက်ထိ ကျွန်တော်စိတ်မောနေရပါတယ်ဆို။
"ဆံပင်ကရွှေညိုရောင်ကောက်ကောက်လေးကွာ....ဂုတ်နားလောက်ထိရှည်တယ်.... အနက်နဲ့အဖြူပွင့်စပ်ထားတဲ့ရှပ်လေးဝတ်ထားတယ်...ပြီးတော့... "
"အဲ့လောက်ဆိုရပြီ"
ကျွန်တော်သက်ပြင်းအကြိမ်ကြိမ်ချရင်း နေရာလပ်တစ်ခုမကျန်လိုက်ကြည့်သည် ။ ကျွန်တော်ရူးချင်နေပြီ ။
ကလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင်....ကျွန်တော့်ကိုယ်ကျွန်တော်ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။
ခဏအကြာ လင်းဆက်ဆီမှဖုန်းဝင်လာသည် ။ ကျွန်တော်ချက်ချင်းကောက်ကိုင်လိုက်တော့ "အရိုးဌာနမှာတွေ့တယ် " ဟုပြောလာလေသည် ။
ကျွန်တော် အရိုးဌာနကိုချက်ချင်းပြေးသည် ။
"ကိုစစ်....ဟိုကောင်လေးလား"
ကျွန်တော်လှမ်းကြည့်လိုက်တော့ ခြေထောက်ကျိုးထားသည့်ကောင်လေးနှင့်ဆော့နေသည့်မှူး ။
ကျွန်တော် လင်းဆက်ကိုခေါင်းညိမ့်ပြရင်း အခုမှအသက်ရှူနိုင်တော့သည် ။
ဘာမှမဖြစ်လို့တော်သေးတာပေါ့ကွာ...။
"မှူး...."
ကျွန်တော့်အသံကြားမှ မှူးလှည့်ကြည့်လေသည် ။ ကျွန်တော့်နားတစ်ရွေ့ရွေ့လျှောက်လာသည့်ကောင်လေးက မျက်လွှာများကိုချထားသေးသည် ။
"မှူး....လျှောက်သွားနေတယ်ကွာ....ကိုကိုဘယ်လောက်စိတ်ပူနေလဲသိလား"
"သားက ဘောလုံးလေးလိမ့်လာလို့သွားပေးတာပါ...သူကဆော့မလားဆိုလို့"
ငိုတော့မယ့်ကလေးအတိုင်း အသံလေးတွေသိမ်ဝင်သွားပုံကြောင့် ကျွန်တော်ဆူတောင်မဆူရက်တော့ ။
ဌာနဘက်ပြန်ခေါ်လာပြီး ထိုင်ခုံတွင်ဝင်ထိုင်စေသည် ။
"မှူး....ဒါ ကိုကိုလင်းဆက်ကိုတဲ့....ကိုကို့သူငယ်ချင်းလေ"
မှူးက လင်းဆက်အား သေချာကြည့်ရင်း ဟုတ် ဟု တစ်ခွန်းသာပြန်ဖြေသည် ။
"သားနာမည်က....မှူးသံဇဥ်ပါ"
"နာမည်က မိန်းကလေးဆန်သားကွ"
လင်းဆက်လည်း ကျွန်တော် မှူးနာမည်ကို စကြားတုန်းကလို အံ့သြသွားပြန်သည်။
"သွေးသံရဲရဲနဲ့လူနာတွေကိုင်တာတောင်...တစ်ချက်လက်မတွန့်တဲ့မင်းက....ဒီကောင်လေးပျောက်တာနဲ့....တုန်ယင်နေရအောင်...ဘာတော်တာတုန်းကွ"
"ငါ့ခေါင်းရင်းအိမ်ကကောင်လေးလေ....လိုက်ချင်တယ်ဆိုလို့...."
"ချစ်စရာလေးကွာ....နောက်လဲလိုက်ခဲ့နော်"
"ဟုတ်....ကိုလင်းဆက်ကို"
"အကိုလင်းဆက်လို့ပဲခေါ်ပါ....ကျောင်းသားလား"
"သား..ဆယ်တန်းဖြေထားတာ"
"ဖြေနိုင်ရဲ့လားမှူးလေး"
"ဖြေနိုင်ပါတယ်..."
အမေးအဖြေတည့်နေသော လင်းဆက်နှင့်မှူးကြားတွင် ကျွန်တော်ကအပိုလူလိုဖြစ်နေသည် ။
လင်းဆက်ကြောင့်ပြုံးနေသည့် မှူးအပြုံးများကိုသဘောမကျသလို မှူးနှင့်တရင်းတနှီးရှိနေသည့် လင်းဆက်ကိုလဲကျွန်တော်သဘောမကျတော့ပါ ။
လည်ချောင်းထဲ ငါးရိုးကြီးကန့်လန့်ခံထားသလို မြိုချရခက် ၊ ထွေးထုတ်ရခက်ခံစားချက်မျိုး ။
"ဘယ်သူလေးလဲ"
မြန်မာကားထဲပါနေကျရဲတွေ နောက်ဆုံးမှရောက်လာသလို အကြင်နာသည်လည်း နောက်ဆုံးမှရောက်လာလေသည် ။
"မှူးသံဇဥ်တဲ့...ခေါင်းရင်းအိမ်ကကောင်လေး"
"ချစ်စရာလေး....အကြင်နာပါ"
To be continue......
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
Viewers နည်းလည်း အားမငယ်ဘူး....😗💙
11 October
2021
Poppykar
🌻Zawgyi 🌻
ေဆး႐ုံလိုက္မည္ဆိုသည့္ေကာင္ေလးေၾကာင့္ တစ္ညလုံး လူးလိမ့္ကာစဥ္းစားျဖစ္ခဲ့သည္ ။ အိမ္ထဲကအိမ္ျပင္ေတာင္ မထြက္ရဲသည့္ေကာင္ေလးအား ကြၽန္ေတာ္ေစာင့္ေရွာက္နိုင္ေလမလား ။
လူရႈတ္သည့္ေဆး႐ုံဝန္းထဲ ေပ်ာက္သြားမွာလဲစိုးရသလို ေသြးေတြဘာေတြေၾကာက္တတ္ရင္မ်ားဟုဆိုတာ စိတ္ပူေပးရေသးသည္။
သို႔ေသာ္ ကြၽန္ေတာ္တတီတီအသံေပးေတာ့ သူ႕ေမေမႏွင့္အန္တီေလးအားႏႈတ္ဆက္ရင္း ကြၽန္ေတာ့္ဆီေျပးလာေလသည္ ။
ကားတံခါးကိုဖြင့္ကာဝင္ထိုင္ေတာ့ ကြၽန္ေတာ့္ေခါင္းထဲေနာက္ခနဲျဖစ္သြားသည္ ။
"ဟို...ေရေမႊးစြတ္တာမ်ားသြားလို႔..."
ကြၽန္ေတာ့္မ်က္ႏွာသိသိသာသာ ပ်က္ယြင္းသြားမိသည္ထင္သည္ ။ ခ်က္ခ်င္းအေျဖျပန္ေပးလာသည္ ။
"ဟိုေရာက္ရင္ လိမ္လိမ္မာမာေနမွာေသခ်ာလား....."
"ဟုတ္...ကိုကို...သားလိမ္မာမွာပါ"
ေပါင္ေပၚတင္ထားသည့္အထုတ္ထဲတြင္လဲ မုန့္ထုတ္ေပါင္းစုံျဖင့္ ။
က်စ္....ဒီကေလးကြာ။
"မုန့္ေတြဘာလို႔ယူလာတာလည္း....ကိုကိုဝယ္ေကြၽးမွာေပါ့"
"သားကလိမ္မာမွာေလ....ကိုကို႔ကိုပူဆာရင္ဘယ္လိမ္မာေတာ့မလဲ"
႐ႊန္းစိုေသာမ်က္လုံးမ်ားျဖင့္ ကြၽန္ေတာ့္ကိုၾကည့္ရင္းဆိုသည္ ။ သဘာဝအတိုင္း ေတာက္ပေနသည့္ နီေထြးေထြးႏႈတ္ခမ္းပါးတစ္စုံဆီမွ ကြၽန္ေတာ့္အၾကည့္မ်ားမခြာနိုင္ ။
သူ႕လက္ကေလးအား ဆုတ္ကိုင္မိခဲ့စဥ္က ၊ သူ႕အားပန္းပန္ေပးခဲ့စဥ္က ၊ ေခါင္းေလးအား ခပ္ဖြဖြပုတ္ခဲ့ေပးစဥ္က ၊ လက္ကေလးအားေသခ်ာေဆးေၾကာေပးစဥ္ကရခဲ့ေသာ ရင္ခုန္ျခင္းမ်ိဳး ကြၽန္ေတာ္အခုခံစားေနရသည္။
ေဆး႐ုံဝန္းထဲေရာက္ျပန္ေတာ့ လူေၾကာက္သည့္ေကာင္ေလးက ကြၽန္ေတာ့္အနားအတင္းတိုးကပ္ေနျပန္သည္ ။
ေဘးပတ္ပတ္လည္မွလူမ်ားအား မလြတ္တမ္းေငးၾကည့္ရင္း ကြၽန္ေတာ့္အကၤ်ီလက္ေမာင္းစကိုကိုင္ထားေသးသည္ ။
သူတစ္ေယာက္တည္းက်န္ခဲ့မွာေတာ့ ေၾကာက္ရွာေသးသည္ ။
ဌာနေရာက္ေတာ့ ထိုင္ခုံတစ္ခုမွာ ထိုင္ခိုင္းေတာ့ ခ်က္ခ်င္းဝင္ထိုင္သည္ ။
"ကိုကိုဟိုမွာရွိေနမယ္....ညိမ္ညိမ္ေလးထိုင္ေနာ္...."
"ဟုတ္....ကိုကို"
ကြၽန္ေတာ့္အား ခ်စ္စရာေကာင္းေအာင္ၿပဳံးျပသည့္ေကာင္ေလး၏ေခါင္းကိုခပ္ဖြဖြပုတ္ေတာ့ ဇက္ေလးပုသြားသည္ ။
ကြၽန္ေတာ္ လူနာအေျခအေနမ်ားအား လိုက္ၾကည့္သည္ ။ စိတ္မခ်စြာ မႉးကိုၾကည့္ေတာ့ မိုင္လိုေသာက္ကာ ေငးေနေလသည္။
ကြၽန္ေတာ္မွာထားသည့္အတိုင္း ထိုေနရာတြင္ၿငိမ္ေနျခင္းေၾကာင့္ ကြၽန္ေတာ္စိတ္ခ်သြားသည္ ။
ေတာ္ပါေသးရဲ႕....လိမ္မာလို႔။
"ေနာက္က်တယ္ေနာ္....ကိုစစ္"
"ေအးကြာလင္းဆက္...."
လင္းဆက္၏နာမည္အျပည့္အစုံမွာ လင္းဆက္ကိုျဖစ္သည္ ။ လင္းဆက္ႏွင့္ေတာ့ ေဆးေက်ာင္းေရာက္မွခင္ၾကျခင္းျဖစ္သည္ ။
သို႔ေသာ္လည္း ငယ္ေပါင္းႀကီးေဖာ္ေတြအတိုင္းပင္ျဖစ္သည္ ။ အၾကင္နာႏွင့္လင္းဆက္ကိုသည္ ေက်ာင္းတြင္နာမည္အႀကီးဆုံးထဲပါေလသည္ ။
ကံေကာင္းစြာျဖင့္ ေဆး႐ုံတစ္ခုတည္းမွာပင္ တာဝန္က်ၾကေလသည္ ။ ဌာနလည္းအတူတူပင္ဆိုေတာ့ ပိုအဆင္ေျပေလသည္ ။ လင္းဆက္ကေတာ့ ဤၿမိဳ႕ဇာတိျဖစ္သည္ ။
"အေရးေပၚ....အေရးေပၚ"
ထိုအသံၾကားေတာ့ ေကာင္းေကာင္းေတာင္မႏႈတ္ဆက္ရ ။ အေျပးအလႊားျဖစ္ရေလသည္ ။
ယာဥ္မေတာ္တဆမႈလူနာအား ၾကည့္ရႈစစ္ေဆးရင္း မႉးကိုလည္းလွမ္းၾကည့္ရသည္။ မိုင္လိုေသာက္ေနရက္ႏွင့္ တစ္ခါတစ္ရံ ကြၽန္ေတာ္ႏွင့္အၾကည့္ခ်င္းဆုံေတာ့ၿပဳံးျပေသးသည္။
ကြၽန္ေတာ္လူနာအားတစ္လွည့္ မႉးကိုတစ္လွည့္ၾကည့္ေနပုံကို သတိထားမိသည့္လင္းဆပ္က ေမးေငါ့ျပသည္ ။
ကြၽန္ေတာ္ေခါင္းခါျပလိုက္ၿပီး လူနာေပၚျပန္အာ႐ုံစိုက္လိုက္သည္ ။ ေနျမင့္လာသည္ႏွင့္ လူစုံလာေတာ့သည္ ။
အစပိုင္းေတာ့ မႉးကိုမ်က္ေျခမျပတ္ေစာင့္ၾကည့္ေနေသာ္လည္း လူနာမ်ားက်လာေတာ့ သိပ္ဂ႐ုမစိုက္ျဖစ္ေတာ့ေပ ။
လင္းဆက္လည္း အျခားလူမ်ားအား ကုသေပးရင္း ၊ အၾကင္နာလည္း ႏႈတ္ဆက္ခ်ိန္ေတာင္မရေအာင္ အလုပ္ရႈတ္ရင္း ၊ ကြၽန္ေတာ္လဲ ျပာယာခတ္ရင္းျဖင့္ မႉးကိုေမ့ေလ်ာ့သြားသည္ ။
ေန႕လည္၁၂ထိုးေလာက္ေရာက္ေတာ့ အေျခအေနေတြတည္ၿငိမ္သြားသည္ ။ လူနာမ်ားကေတာ့အဆက္မျပတ္ေသးေခ်။
ကြၽန္ေတာ္မႉးထိုင္ေနသည့္ေနရာလွမ္းၾကည့္ေတာ့ မႉးမရွိေတာ့ေခ် ။ ကြၽန္ေတာ္ေခါင္းနပန္းႀကီးသြားသည္ ။
ပတ္ဝန္းက်င္တစ္ခုလုံး ေဝ့ဝိုက္ရွာမိသည္ ။ အသားေတြတုန္ယင္လာသည္အထိ ကြၽန္ေတာ္အထိတ္တလန့္ျဖစ္ေနမိသည္ ။
ကြၽန္ေတာ္တာဝန္ယူလာသည့္ကေလးသာတစ္ခုခုျဖစ္သြားရင္...။
ကြၽန္ေတာ္ဆက္မေတြးခ်င္ေတာ္ပါ ။ ဌာနပတ္လည္တစ္ခုလုံး ကြၽန္ေတာ္ပတ္ရွာသည္ ။ မေတြ႕ ။
ကေလးေရ....အဲ့လိုမလုပ္လိုက္ပါနဲ႕ ။
ကြၽန္ေတာ္ ဆရာဝန္ဂုဏ္ပုတ္အား မေဆာင့္ထိန္းနိုင္ေအာင္ တုန္ယင္ေနေခ်ၿပီ။
ကေလးရာ.....ကိုကိုစိတ္ပူေနၿပီ။
"ကိုစစ္....ဘာျဖစ္တာလဲ"
"ငါ...ငါနဲ႕ပါလာတဲ့ကေလးေပ်ာက္သြားလို႔"
"ဟာ...တအားငယ္လို႔လား"ဟုလင္းဆက္ေမးမွ ကိုယ့္ႏႈတ္မွထြက္သြားသည့္စကားကို ျပန္သတိထားမိသည္ ။
ကေလးဟုစတင္ေခၚစဥ္တုန္းက အတိုင္းမသိရင္ခုန္မိခဲ့ေသာ္လည္း အမွတ္မထင္ စိတ္ထဲမွာပါေရ႐ြတ္ေနမိသည္ ။
"၁၆ ၁၇ေလာက္ေတာ့ရွိၿပီကြာ....ကေလးသာတစ္ခုခုျဖစ္ရင္ေတာ့ကြာ."
ကြၽန္ေတာ္ခါးေထာက္ရင္း မ်က္စိျဖင့္လိုက္ရွာမိေသးသည္ ။
"အသက္လဲမငယ္ေတာ့ပါဘူးကြာ....ျပန္လာမွာေပါ့....အိမ္သာေတြဘာေတြသြားလားမွမသိတာ"
မငယ္လဲမငယ္ေတာ့ဘူး ဟူသည့္လင္းဆက္စကားကိုကြၽန္ေတာ္လက္မခံခ်င္ပါ။ မႉးက ကြၽန္ေတာ္စေတြ႕စဥ္ကတည္းက ကေလးငယ္တစ္ေယာက္အျဖစ္သတ္မွတ္ခဲ့တာ ။
ရင္ထဲစို႔နစ္ပူေလာင္လာသည့္ခံစားခ်က္သည္ ကြၽန္ေတာ့္ကိုမီးေတာက္တစ္ခုလိုေလာင္ၿမိဳက္ေနသည္ ။
"က်စ္....မင္းပုံစံလည္းၾကည့္ဦး...ကေလးအေဖနဲ႕တူေနၿပီ....ငါဝိုင္းရွာေပးမယ္..."
"အိုေက...ခြဲရွာၾကမယ္....မင္းအရိုးဌာနဘက္သြား....ငါအာ႐ုံေၾကာဘက္သြားမယ္"
"ဟို.. ခဏ"
ကြၽန္ေတာ္ လင္းဆက္ကို ေက်ာခိုင္းလိုက္ၿပီးမွ ျပန္လွည့္လိုက္သည္ ။ ကြၽန္ေတာ္ မႉးပုံစံကိုမေျပာမိခဲ့ဘူးေလ ။
အဲ့ေလာက္ထိ ကြၽန္ေတာ္စိတ္ေမာေနရပါတယ္ဆို။
"ဆံပင္ကေ႐ႊညိုေရာင္ေကာက္ေကာက္ေလးကြာ....ဂုတ္နားေလာက္ထိရွည္တယ္.... အနက္နဲ႕အျဖဴပြင့္စပ္ထားတဲ့ရွပ္ေလးဝတ္ထားတယ္...ၿပီးေတာ့... "
"အဲ့ေလာက္ဆိုရၿပီ"
ကြၽန္ေတာ္သက္ျပင္းအႀကိမ္ႀကိမ္ခ်ရင္း ေနရာလပ္တစ္ခုမက်န္လိုက္ၾကည့္သည္ ။ ကြၽန္ေတာ္႐ူးခ်င္ေနၿပီ ။
ကေလးသာ တစ္ခုခုျဖစ္သြားခဲ့ရင္....ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ခြင့္လႊတ္နိုင္မွာမဟုတ္ဘူး ။
ခဏအၾကာ လင္းဆက္ဆီမွဖုန္းဝင္လာသည္ ။ ကြၽန္ေတာ္ခ်က္ခ်င္းေကာက္ကိုင္လိုက္ေတာ့ "အရိုးဌာနမွာေတြ႕တယ္ " ဟုေျပာလာေလသည္ ။
ကြၽန္ေတာ္ အရိုးဌာနကိုခ်က္ခ်င္းေျပးသည္ ။
"ကိုစစ္....ဟိုေကာင္ေလးလား"
ကြၽန္ေတာ္လွမ္းၾကည့္လိုက္ေတာ့ ေျခေထာက္က်ိဳးထားသည့္ေကာင္ေလးႏွင့္ေဆာ့ေနသည့္မႉး ။
ကြၽန္ေတာ္ လင္းဆက္ကိုေခါင္းညိမ့္ျပရင္း အခုမွအသက္ရႉနိုင္ေတာ့သည္ ။
ဘာမွမျဖစ္လို႔ေတာ္ေသးတာေပါ့ကြာ...။
"မႉး...."
ကြၽန္ေတာ့္အသံၾကားမွ မႉးလွည့္ၾကည့္ေလသည္ ။ ကြၽန္ေတာ့္နားတစ္ေ႐ြ႕ေ႐ြ႕ေလွ်ာက္လာသည့္ေကာင္ေလးက မ်က္လႊာမ်ားကိုခ်ထားေသးသည္ ။
"မႉး....ေလွ်ာက္သြားေနတယ္ကြာ....ကိုကိုဘယ္ေလာက္စိတ္ပူေနလဲသိလား"
"သားက ေဘာလုံးေလးလိမ့္လာလို႔သြားေပးတာပါ...သူကေဆာ့မလားဆိုလို႔"
ငိုေတာ့မယ့္ကေလးအတိုင္း အသံေလးေတြသိမ္ဝင္သြားပုံေၾကာင့္ ကြၽန္ေတာ္ဆူေတာင္မဆူရက္ေတာ့ ။
ဌာနဘက္ျပန္ေခၚလာၿပီး ထိုင္ခုံတြင္ဝင္ထိုင္ေစသည္ ။
"မႉး....ဒါ ကိုကိုလင္းဆက္ကိုတဲ့....ကိုကို႔သူငယ္ခ်င္းေလ"
မႉးက လင္းဆက္အား ေသခ်ာၾကည့္ရင္း ဟုတ္ ဟု တစ္ခြန္းသာျပန္ေျဖသည္ ။
"သားနာမည္က....မႉးသံဇဥ္ပါ"
"နာမည္က မိန္းကေလးဆန္သားကြ"
လင္းဆက္လည္း ကြၽန္ေတာ္ မႉးနာမည္ကို စၾကားတုန္းကလို အံ့ၾသသြားျပန္သည္။
"ေသြးသံရဲရဲနဲ႕လူနာေတြကိုင္တာေတာင္...တစ္ခ်က္လက္မတြန့္တဲ့မင္းက....ဒီေကာင္ေလးေပ်ာက္တာနဲ႕....တုန္ယင္ေနရေအာင္...ဘာေတာ္တာတုန္းကြ"
"ငါ့ေခါင္းရင္းအိမ္ကေကာင္ေလးေလ....လိုက္ခ်င္တယ္ဆိုလို႔...."
"ခ်စ္စရာေလးကြာ....ေနာက္လဲလိုက္ခဲ့ေနာ္"
"ဟုတ္....ကိုလင္းဆက္ကို"
"အကိုလင္းဆက္လို႔ပဲေခၚပါ....ေက်ာင္းသားလား"
"သား..ဆယ္တန္းေျဖထားတာ"
"ေျဖနိုင္ရဲ႕လားမႉးေလး"
"ေျဖနိုင္ပါတယ္..."
အေမးအေျဖတည့္ေနေသာ လင္းဆက္ႏွင့္မႉးၾကားတြင္ ကြၽန္ေတာ္ကအပိုလူလိုျဖစ္ေနသည္ ။
လင္းဆက္ေၾကာင့္ၿပဳံးေနသည့္ မႉးအၿပဳံးမ်ားကိုသေဘာမက်သလို မႉးႏွင့္တရင္းတႏွီးရွိေနသည့္ လင္းဆက္ကိုလဲကြၽန္ေတာ္သေဘာမက်ေတာ့ပါ ။
လည္ေခ်ာင္းထဲ ငါးရိုးႀကီးကန့္လန့္ခံထားသလို ၿမိဳခ်ရခက္ ၊ ေထြးထုတ္ရခက္ခံစားခ်က္မ်ိဳး ။
"ဘယ္သူေလးလဲ"
ျမန္မာကားထဲပါေနက်ရဲေတြ ေနာက္ဆုံးမွေရာက္လာသလို အၾကင္နာသည္လည္း ေနာက္ဆုံးမွေရာက္လာေလသည္ ။
"မႉးသံဇဥ္တဲ့...ေခါင္းရင္းအိမ္ကေကာင္ေလး"
"ခ်စ္စရာေလး....အၾကင္နာပါ"
To be continue......
🌻🌻🌻🌻🌻🌻🌻🌻🌻🌻
Viewers နည္းလည္း အားမငယ္ဘူး....😗💙
11 October
2021
Poppykar