🌻Unicode 🌻
ကျွန်တော်မှန်ရှေ့ရပ်နေတာ တော်တော်ကြာနေချေပြီ ။ ကုတင်ပေါ်လည်း အဝတ်အစားအပုံလိုက်ဖြစ်နေပြီ။ စိတ်တိုင်းမကျတိုင်း ချွတ်လိုက် ဝတ်လိုက်နှင့် ။
ဒီဟာလေးဆိုရင်ရော.....။
နောက်ဆုံးတော့ အစိမ်းနုရောင်ဆွယ်တာလေးနှင့်သာ ဓာတ်ကျသွားလေသည် ။ မှန်ထဲမှကိုယ့်ပုံကိုယ်ပြန်ကြည့်ရင်း ကျွန်တော်ပြုံးမိသည် ။
ကိုကိုမျက်လုံးထဲမှာ.....ကြည့်လို့လှနေရောက်ပါရဲ့ ။
ကျွန်တော့်စားပွဲပေါ်တင်ထားသည့် နွားနို့ဖန်ခွက်ကိုကိုင်၍ နှစ်ငုံ့လောက်မော့သောက်လိုက်သည် ။ ရင်ထဲလှိုက်ဖိုစွာဖြင့် အောက်ထပ်သို့ဘယ်လိုဘယ်ပုံရောက်လာမှန်းတောင်မသိတော့ချေ ။
ဧည့်ခန်းထဲမှမေမေအား ကျွန်တော်လှမ်းရယ်ပြတော့ "သွားချင်နေတာမှတ်လား....နေ့လည်၁၂မထိုးခင်ပြန်လာခဲ့" ဟုမှာတမ်းခြွေလေသည် ။
ကျွန်တော်ခေါင်းညိမ့်ပြရင်း ခြံထဲပြေးထွက်လာခဲ့သည် ။ ခြံထဲမှမမမိငယ်အား ရှာထုတ်ပြောင်ပြပြီး ကိုကိုတို့ခြံဘက်ကူးလိုက်သည် ။
ကိုကိုတို့ခြံရှေ့မှာရပ်ရင်း အထဲမှအခြေအနေကိုအကဲခတ်သည် ။ အနက်ရောင်ကားလေးရပ်ထားသည့်အတွက် ကိုကိုရှိတာသေချာသည် ။
ရင်တွေဟာ ကိုကိုနှင့်မတွေ့ခင်ကတည်းက ခုန်နေချေပြီ ။
"ကိုကိုရှိလား.....ကိုကို"
ကျွန်တော်အော်ခေါ်တော့ အသက်လတ်ပိုင်းလူကြီးတစ်ယောက်ထွက်လာသည် ။ ကျွန်တော့်ကိုခေါင်းအစခြေအဆုံးကြည့်ကာ အနံ့ခံသလိုနှာခေါင်းကိုတစ်ရှုံ့ရှုံ့လုပ်နေလေသည် ။
"ဘယ်က ကိုကိုလဲ....ဘယ်ကိုကိုမှမရှိဘူး"
"ကိုကိုဒေါက်တာစစ်သူရမင်းကိုပြောတာ....ဖွင့်ပေးမြန်မြန်"
ကျွန်တော်တံခါးကို တဒုန်းဒုန်းမြည်အောင် ဆောင့်ဆွဲတော့ ချက်ချင်းဖွင့်ပေးသည် ။
ကျွန်တော် မာလကာပင်ကြီးအား တချက်လှမ်းရှိုးရင်းအိမ်ထဲသို့ဝင်လိုက်သည် ။ ဆိုဖာပေါ်ထိုင်နေသည့်အမျိုးသမီးကြီးက ကျွန်တော့်ကိုငေးကြည့်နေ၏။
"ဟို....သား....ကိုကို့ဆီလာတာ"
"ကိုကို...."
အန်တီကြီးကသူတပ်ထားသည့်မျက်မှန်ကိုချွတ်ကာ ကျွန်တော့်ကိုစိုက်ကြည့်သည် ။
"မှူးလေး....ရောက်လာပြီလား..."
လှေကားပေါ်မှတစ်လှမ်းချင်းဆင်းလာသည့် ကိုကိုသည်အရင်နေ့တွေကထက် ပိုကြည့်ကောင်းနေသည် ။
တီရှပ်နှင့်ဘောင်းဘီရှည်နှင့်သာတွေ့ဖူးသည့်ကိုကိုပုံစံသည် ကွဲပြားထူးခြားစွာ။
အပြာနုရောင်ရှပ်အင်္ကျီလက်ရှည်အား တံတောင်ဆစ်အထိ အထိခေါက်တင်ထားသည် ။ အနက်ရောင်ပုဆိုးနှင့် ကိုကို၏ဝင်းဝါသည့်အသားအရေမှာ ပိုတင့်တယ်နေသယောင် ။
ကိုကိုက ကျွန်တော့်အနားလာရပ်ကာ နှစ်လိုဖွယ်ပြုံးပြ၏ ။
ရင်ခုန်နေတယ်.....။
ကျွန်တော့်နှလုံးသားတစ်ခုလုံး မြင်းဆေးမိသလိုထခုန်နေသည် ။
"မေမေ...ဒါဟိုဘက်အိမ်က ကောင်လေး လေးလေ..နာမည်က မှူးသံဇဥ်တဲ့"
ကိုကိုနှင့်အတူ အန်တီကြီးနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်သည်။
"ဆံပင်ကောက်ကောက်လေးတွေနဲ့....အသားလေးကလဲဖွေးနေတာပဲချစ်စရာလေး..."
ကျွန်တော့်ရှိသမျှသွားတွေပေါ်အောင် ရယ်ပြတော့ အန်တီကြီသဘောကျသွားသည် ။
"ကိုကို့အမေနာမည်က...ဒေါ်ကလျာနွယ်တဲ့..ဖေဖေကတော့ အလုပ်များတယ်...ဒီချိန်မှုးတွေ့ရမှာမဟုတ်ဘူး.."
"ဟုတ်...အန်တီနွယ်က ကိုကို့ထက်ချောတယ်"
ကျွန့်တော့်စကားကြောင့် ကိုကို့အမေက ကျွန်တော့်ပါးတွေလာဆွဲညှစ်သည် ။ ကိုကိုကတော့ လက်ပိုက်ကာပြုံးကြည့်နေလေရဲ့ ။
"အန်တီနွယ်ကသဘောကောင်းတယ်နော်ကိုကို...."
ဟုဆိုတော့ ကိုကိုကရောဆိုကာ ဂျစ်ကန်တတ်သေးသည် ။ ကိုကိုရဲ့အပြုံး ၊ကိုကို့မျက်နှာ၊ ကိုကိုနှင့်မျက်လုံးချင်းဆုံတိုင်း ကျွန်တော်ရင်ခုန်မိသည် ။
ဒါသာမာန်ပါဟုတွေးမိတော့လည်း ကျွန်တော်လက်မခံချင်ပြန် ။ကိုကို့အပေါ်ထူးကဲလေးနက်နေခြင်းမျိုးလားဆိုတော့လည်း ကျွန်တော်သေချာမသိပြန် ။
ဆယ်ကျော်သက်အရွယ်ဆိုတာ သစ်ရွက်လှုတ်တာတောင် ရယ်ချင် ရင်ခုန်ချင်ကြတယ်တဲ့ ။ ကျွန်တော်လဲ ထိုကဲ့သို့ပင် ကိုကို့အပြုံးအား ရိုးသားစွာရင်ခုန်မိခြင်းဖြစ်ပေလိမ့်မည် ။
"မေမေ....သားမှူးကိုအခန်းထဲခေါ်သွားလိုက်မယ်"
"ဟုတ်ပြီသား...."
ကိုကိုကကျွန်တော့်ကိုလက်ကမ်းပေးသည် ။ ကျွန်တော်မော့ကြည့်တဲ့အခါ မဟူရာမျက်လုံးများနှင့် အကြည့်ချင်းဆုံသည် ။
ကိုကို၏လက်အားမဝင့်မရဲဆုတ်ကိုင်ရင်း ကိုကိုခေါ်ရာနောက်လိုက်သည် ။ ကိုကို၏လက်ဖဝါးပြင်သည် ပိုးသားစလိုနူးညံ့နေပါ၏။
ကျွန်တော်၏နှလုံးသားသည်လဲ အဆမတန်ခုန်နေခဲ့ပါ၏။
"ဒါကိုကို့အခန်းလေ...."
စီခြယ်ထုံးဖွဲ့မှုများမပါသည့် ရိုးရှင်းစွာတည်ဆောက်ထားသောကိုကို့အခန်း ။ ကျွန်းသားဗီဒိုနှစ်လုံး ၊ နှင်းဆီနှင့်နွယ်ပုံစံကနုတ်များရစ်ပတ်ထားသည့် နီညိုရောင်ကုတင်တစ်လုံး ၊ စာကြည့်စားပွဲတစ်လုံး ၊ ဂစ်တာတစ်လုံးရယ်သာရှိသည့် ကိုကို့အခန်းသည် သပ်ရပ်စွာတည်ရှိနေသည် ။
"ထိုင်လေမှူး...ကိုကိုဆေးရုံကခုမှပြန်ရောက်လို့ ရေချိုးဦးမယ်....ပျင်းရင်စာအုပ်တွေဖတ်နော်"
"ဟုတ်...ကိုကို"
ကျွန်တော် ကိုကို့စားပွဲပေါ်မှစာအုပ်တွေလှမ်းရှိုးတော့ လေးလက်မအထူလောက်ရှိသည့် ဆေးဘက်ဆိုင်ရာစာအုပ်တွေချည်း ။
ရေးထားတာလည်းအင်္ဂလိပ်လိုတွေနှင့် ။ ကျွန်တော်တစ်လုံးမှနားမလည်ပါကိုကိုရေ။
ကျွန်တော်ဝေ့ဝိုက်ကြည့်ရင်း အင်္ကျီချွတ်နေသည့်ကိုကို့ဆီအကြည့်ရောက်သွားသည် ။
ကျယ်ပြောလှသည့်ကျောပြင် ၊ ကျယ်ပြန့်သည့်ပုခုံးပြင် ၊ ညီညာဖွင့်ထွားသည့်လက်မောင်းသားများ ။
အား....ရင်ခုန်လာပြန်ပြီ ။
စားပွဲပေါ်မှဆေးစာအုပ်များထက် ကိုကိုသည်ပိုစိတ်ဝင်စားဖို့ကောင်းသည် ။ ကိုကို ကျွန်တော်အားတစ်ချက်လှည့်ကြည့်ရင်းပြုံးပြသည် ။
အားကစားသမားလည်းမဟုတ်ပါဘဲနှင့် ဖွင့်ထွားသည့်ရင်အုံကြောင့် မှင်သက်ရပြန်သည် ။ ကျွန်တော့်လို ဗိုက်ပူကြီးလဲမဟုတ် ။
ဆီးခုံအထက် ချက်အောက်ပိုင်းမှ အမွှေးနုခပ်ရေးရေးကိုမြင်တော့ ကျွန်တော်ရင်ခုန်ချင်လာပြန်သည် ။ မဟုတ်ဘူး.....အစကတည်းကရင်ခုန်နေခဲ့တာ။
ကိုကိုတဘက်တစ်ထည်ပုခုံးပေါ်တင်ရင်း ရေချိုးခန်းထဲဝင်သွားမှ သက်ပြင်းချနိုင်တော့သည် ။
ရေချိုးခန်းထဲမဝင်ခင်ပြောသွားသည့်စကားက "မှူးမှာလဲအကုန်ပါ ပါတယ်နော် "တဲ့ ။
ကြည့်....ရင်ခုန်အောင်လုပ်တဲ့လူကြီး ။
ကိုကိုမရှိတုန်း ကိုကို့စာအုပ်များအား ကိုင်ကြည့်မိသည် ။ ဒီလောက်စာအုပ်အထူကြီးအား စိတ်တဝင်တစားဖတ်နိုင်သည့် ကိုကို့ ကိုနားမလည်နိုင် ။
ဂျူတီကုတ်ဝတ်ကာရိုက်ထားသည့် သုံးယောက်တွဲဓာတ်ပုံလေးထဲတွင် ကိုကိုကပိုထင်ပေါ်နေသည် ။
မဟုတ်ဘူး....ကိုကိုကအခန့်ညားဆုံးကိုဖြစ်နေတာ ။
မျက်နှာဝိုင်းသည့်အမျိုးသမီးငယ်လေးသည် လက်နှက်ဖက်ကို အပေါ်မြှောက်ကာ လက်နှစ်ချောင်းထောင်ထားသေးသည် ။(သိတယ်မို့လား....ဓာတ်ပုံရိုက်တိုင်းကိုယ်ပေးတဲ့ပို့စ်...ဟီး...😁)
မျက်ခုံးကောင်းကောင်း အသားခပ်ညိုညိုနှင့်ကောင်လေးကတော့ ကိုကို့ပုခုံးကိုဖက်ထားသည် ။ ကိုကိုကအလယ်မှနေ၍ ကျောက်ရုပ်ကြီးအတိုင်း ရပ်နေလေသည် ။
ကိုကို့မျက်နှာအား လက်နှင့်တို့ထိကြည့်မိသည် ။ ဘာလို့လုပ်နေတာလဲ ဟုအတွေးဝင်လာမှ ထိုလက်တို့ကိုပြန်ရုတ်လိုက်သည် ။
"မှူး......ကြာသွားလား...sorryကွာ ပြစ်ထားမိသွားတယ်"
"ဟင့်အင်း...ရပါတယ်"
ကျွန်တော့်၏မျက်လုံးများသည် ကို့ကိုမျက်နှာတွင်ရှိမနေကြောင်းသတိထားမိသည် ။ရေစက်များတွဲခိုနေသည့် ကိုကို့ခန္ဓာကိုယ်သည် ရှော့ရိုက်စက်ကြီးလို ကျွန်တော့်နှလုံးကို ခုန်လာစေသည် ။
ကိုကိုအနေရခက်မှာစိုး၍ အပြင်ထွက်နေပေးမယ်ပြောတော့ "နေ...ရတယ်" တဲ့ ။
ကျွန်တော် ကိုကို့ကိုကျောပေးလိုက်ပြီး နာမလည်သည့်စာများအား ကောက်ဖတ်သည် ။ ကျွန်တော့်ခန္ဓာကိုယ်မှလွဲ၍ အရွယ်ရောက်ပြီးသားယောကျ်ားတစ်ဦး၏ခန္ဓာကိုယ်အား ကျွန်တော်မမြင်ဖူးပေ ။
ကျွန်တော့်နှလုံးခုန်သံနှင့်အတူ အသက်ရှူသံတွေတောင်မြန်လာသည်ထင် ။ ကျွန်တော်စာအုပ်တွေကိုသာ တစ်ရွက်ပြီးတစ်ရွက်လှန်နေမိသည် ။
"ပြီးပြီကွာ....ကိုကိုတို့ဘာလုပ်ကြမလဲ"
ကိုကိုက ကုတင်ပေါ်လွတ်လပ်စွာထိုင်ရင်းပြောနေသော်လည်း ကျွန်တော့်မျက်နှာကတော့ ရှိန်းကနည်းဖြစ်သွားသည် ။
"အို....ဟို....ဟို...."
"ခြံထဲမှာနှင်းဆီတွေရှိတယ်... ကိုကိုနဲ့သွားကြည့်မလား"
"ဟုတ်....ကိုကို"
ကိုကို၏နူးညံ့နွေးထွေးသောအပြုံးလေး ။ ကျွန်တော်ရင်ခုန်ရလောက်သည်အထိ ဆွဲညှို့နိုင်လေသည် ။
ခြံထဲရောက်တော့ ကိုကိုက နှင်းဆီပင်တွေလိုက်ပြသည် ။ အရောင်မျိုးစုံသောနှင်းဆီပွင့်တို့သည် ကိုကိုထက်ပို၍မလှနိုင်ကြ ။
ကျွန်တော်ပိုပြောချင်းမဟုတ်ပါ ။ ကျွန်တော့်မျက်လုံးထဲ ကိုကိုက တကယ်ကိုလှနေတာ ။
"မှူး....ကိုကိုပန်းပန်ပေးမယ်"
ကျွန်တော် ဘာမှမပြောရသေးခင် နားကြားထဲဝင်ရောက်လာသည့် နှင်းဆီနီတစ်ပွင့် ။ ကျွန်တော်ငြင်းဖယ်ရမည့်အစား လိုလိုလားလားလက်ခံမိခဲ့သည်ထင်သည် ။
မိန်းကလေးတစ်ယောက်မဟုတ်ပါဘဲနှင့် ရှက်သွေးဖြာသလိုခံစားချက်မျိုးကို ကျွန်တော်ခံစားရသည် ။
"ကိုကို....လှတယ်မို့လား"
"ကို့ကလေးက အမြဲတမ်းအလှဆုံးဖြစ်နေတာ"ဟုဆိုကာ ကျွန်တော့်ဆံပင်တွေကိုဆွဲဖွသည် ။
ကလေးတဲ့လား...ကိုကို။ ကျွန်တော့်ကိုရင်ခုန်ပြီးသေအောင်လုပ်နေတာလားဗျာ.....။
ထို့အကြည့်၊ ထိုအပြုံး ၊ ထိုအပြုအမူများသည် သာမန်ထက် ထူးကဲစွာချိုမြနေကြောင်း ကျွန်တော်ခံစားမိသည် ။
ကိယ့်ခေါင်းကိုယ်ပြန်ကိုင်ကြည့်ရင်း ခပ်ဖွဖွပြုံးမိသည် ။
"ကိုကိုနဲ့....မြက်တွေနှုတ်မလား"
နှင်းဆီပင်ခြေရင်းနား ထိုင်ချသည့် ကိုကို့ပုံစံအတိုင်း ကျွန်တော်ထိုင်ချလိုက်သည် ။ ကိုကိုလုပ်သည့်အတိုင်း ကျွန်တော်မြက်ပင်များကိုဆွဲနှုတ်သည် ။
ကိုကို၏လက်ချောင်းသွယ်သွယ်များသည် မြက်ပင်များသာမက ကျွန်တော့်နှလုံးသားကိုပါ ရစ်ပတ်နှုတ်ယူနေခြင်းဖြစ်သည် ။
"ကိုကို....မနက်ကျဆေးရုံကိုဘယ်အချိန်သွားရမှာလဲဟင်"
"မနက်ကိုးနာရီလေ...."
ကျွန်တော် ကိုကို့အနားတောက်တဲ့လိုသာကပ်နေချင်သည် ။ ကျွန်တော်သည် ကိုကို့အား အတော်ကြီးခင်တွယ်မိနေပုံပင် ။
"သားလိုက်လို့ရမလား" ဟုမေးတော့"ဆေးရုံကလူရှုတ်တယ်.....မှူးနဲ့မဖြစ်ပါဘူး" ဟု ချက်ချင်းငြင်းသည် ။
မရပါဘူးဗျာ....။
"သား ကိုကိုထားတဲ့နေရာမှာပဲနေမှာပါ....လိုက်ချင်လို့ပါ...ခေါ်ပါနော်...သားလိမ်မာမယ်လေ..... နော်လို့"
ကျွန်တော်ရှိသမျှ မူယာမာယာများထုတ်သုံးတော့ သနားသွားသည့်ဟန် မျက်မှောင်ကုတ်သည် ။
"မှူးကွာ....မှူးမေေမတို့လွှတ်ရင် လိုက်ခဲ့ပေါ့"
ကျွန်တော်ဝမ်းသာစွာရယ်တော့ ကိုကိုကပါလိုက်ရယ်သည် ။
"ဒါဆိုသားပြန်မယ်လေ....မေမေတို့ကိုတစ်ညလုံးပူဆာရမှာ"
"ကိုကိုလက်ဆေးပေးမယ်...လာခဲ့"
ကိုကိုကရေဘဲလ်ကိုဖွင့်ကာ ကျွန်တော့်လက်ကိုကိုင်၍ ရေဆေးပေးသည် ။ အခုကျွန်တော့်ပုံစံသည် ကလေးတစ်ယောက်နှင့်တူမနေဘူးလား ။
ကိုကိုသာဂရုစိုက်မယ်ဆို ကျွန်တော်ကလေးဖြစ်ရလည်းတန်တာပဲဗျာ ။
ကိုကို၏လက်ချောင်များဖြင့် ကျွန်တော့်လက်များအား သေချာပွတ်သပ်ဆေးပေးသည် ။ ကျွန်တော့်ကျောနှင့်ကပ်နေသည့်ကိုကို့ရင်ဘက်လည်း ခုန်နေသလို ခံစားရသည် ။
ကိုကို့ကိုကျောပေးထား၍ ကိုကို့မျက်နှာကိုတော့မမြင်ရပေ ။ ကျွန်တော့်မျက်နှာကတော့ ခရမ်းချဥ်သီးအရှုံးပေးရမှာသေချာနေပါပြီ။
"ကဲ....ရပြီမှူးလေး...."
"ဟုတ်ကိုကို....သားသွားပြီ"
ကျွန်တော်လမ်းရမ်းပြတော့ ကျွန်တော့်အတိုင်း ပြန်လုပ်ပြသေးသည် ။
ထိုနေ့ညက အတွေးပေါင်းများစွာဖြင့် ကျွန်တော်အိပ်မပျော်နိုင် ။
မျက်ဝန်းနက်တစ်စုံသည် ကျွန်တော့်အား အပြီးအပိုင်စိုးမိုးထားသလို ။
To be continue......
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
စာဖတ်သူသိပ်မရှိတော့ ကိုယ့်မှာစိတ်အားငယ်....😥😥
9 October
2021
Poppykar
🌻Zawgyi 🌻
ကြၽန္ေတာ္မွန္ေရွ႕ရပ္ေနတာ ေတာ္ေတာ္ၾကာေနေခ်ၿပီ ။ ကုတင္ေပၚလည္း အဝတ္အစားအပုံလိုက္ျဖစ္ေနၿပီ။ စိတ္တိုင္းမက်တိဳင္း ခြၽတ္လိုက္ ဝတ္လိုက္ႏွင့္ ။
ဒီဟာေလးဆိုရင္ေရာ.....။
ေနာက္ဆုံးေတာ့ အစိမ္းႏုေရာင္ဆြယ္တာေလးႏွင့္သာ ဓာတ္က်သြားေလသည္ ။ မွန္ထဲမွကိုယ့္ပုံကိုယ္ျပန္ၾကည့္ရင္း ကြၽန္ေတာ္ၿပဳံးမိသည္ ။
ကိုကိုမ်က္လုံးထဲမွာ.....ၾကည့္လို႔လွေနေရာက္ပါရဲ႕ ။
ကြၽန္ေတာ့္စားပြဲေပၚတင္ထားသည့္ ႏြားနို႔ဖန္ခြက္ကိုကိုင္၍ ႏွစ္ငုံ႕ေလာက္ေမာ့ေသာက္လိုက္သည္ ။ ရင္ထဲလွိုက္ဖိုစြာျဖင့္ ေအာက္ထပ္သို႔ဘယ္လိုဘယ္ပုံေရာက္လာမွန္းေတာင္မသိေတာ့ေခ် ။
ဧည့္ခန္းထဲမွေမေမအား ကြၽန္ေတာ္လွမ္းရယ္ျပေတာ့ "သြားခ်င္ေနတာမွတ္လား....ေန႕လည္၁၂မထိုးခင္ျပန္လာခဲ့" ဟုမွာတမ္းေႁခြေလသည္ ။
ကြၽန္ေတာ္ေခါင္းညိမ့္ျပရင္း ၿခံထဲေျပးထြက္လာခဲ့သည္ ။ ၿခံထဲမွမမမိငယ္အား ရွာထုတ္ေျပာင္ျပၿပီး ကိုကိုတို႔ၿခံဘက္ကူးလိုက္သည္ ။
ကိုကိုတို႔ၿခံေရွ႕မွာရပ္ရင္း အထဲမွအေျခအေနကိုအကဲခတ္သည္ ။ အနက္ေရာင္ကားေလးရပ္ထားသည့္အတြက္ ကိုကိုရွိတာေသခ်ာသည္ ။
ရင္ေတြဟာ ကိုကိုႏွင့္မေတြ႕ခင္ကတည္းက ခုန္ေနေခ်ၿပီ ။
"ကိုကိုရွိလား.....ကိုကို"
ကြၽန္ေတာ္ေအာ္ေခၚေတာ့ အသက္လတ္ပိုင္းလူႀကီးတစ္ေယာက္ထြက္လာသည္ ။ ကြၽန္ေတာ့္ကိုေခါင္းအစေျခအဆုံးၾကည့္ကာ အနံ႕ခံသလိုႏွာေခါင္းကိုတစ္ရႈံ႕ရႈံ႕လုပ္ေနေလသည္ ။
"ဘယ္က ကိုကိုလဲ....ဘယ္ကိုကိုမွမရွိဘူး"
"ကိုကိုေဒါက္တာစစ္သူရမင္းကိုေျပာတာ....ဖြင့္ေပးျမန္ျမန္"
ကြၽန္ေတာ္တံခါးကို တဒုန္းဒုန္းျမည္ေအာင္ ေဆာင့္ဆြဲေတာ့ ခ်က္ခ်င္းဖြင့္ေပးသည္ ။
ကြၽန္ေတာ္ မာလကာပင္ႀကီးအား တခ်က္လွမ္းရွိုးရင္းအိမ္ထဲသို႔ဝင္လိုက္သည္ ။ ဆိုဖာေပၚထိုင္ေနသည့္အမ်ိဳးသမီးႀကီးက ကြၽန္ေတာ့္ကိုေငးၾကည့္ေန၏။
"ဟို....သား....ကိုကို႔ဆီလာတာ"
"ကိုကို...."
အန္တီႀကီးကသူတပ္ထားသည့္မ်က္မွန္ကိုခြၽတ္ကာ ကြၽန္ေတာ့္ကိုစိုက္ၾကည့္သည္ ။
"မႉးေလး....ေရာက္လာၿပီလား..."
ေလွကားေပၚမွတစ္လွမ္းခ်င္းဆင္းလာသည့္ ကိုကိုသည္အရင္ေန႕ေတြကထက္ ပိုၾကည့္ေကာင္းေနသည္ ။
တီရွပ္ႏွင့္ေဘာင္းဘီရွည္ႏွင့္သာေတြ႕ဖူးသည့္ကိုကိုပုံစံသည္ ကြဲျပားထူးျခားစြာ။
အျပာႏုေရာင္ရွပ္အကၤ်ီလက္ရွည္အား တံေတာင္ဆစ္အထိ အထိေခါက္တင္ထားသည္ ။ အနက္ေရာင္ပုဆိုးႏွင့္ ကိုကို၏ဝင္းဝါသည့္အသားအေရမွာ ပိုတင့္တယ္ေနသေယာင္ ။
ကိုကိုက ကြၽန္ေတာ့္အနားလာရပ္ကာ ႏွစ္လိုဖြယ္ၿပဳံးျပ၏ ။
ရင္ခုန္ေနတယ္.....။
ကြၽန္ေတာ့္ႏွလုံးသားတစ္ခုလုံး ျမင္းေဆးမိသလိုထခုန္ေနသည္ ။
"ေမေမ...ဒါဟိုဘက္အိမ္က ေကာင္ေလး ေလးေလ..နာမည္က မႉးသံဇဥ္တဲ့"
ကိုကိုႏွင့္အတူ အန္တီႀကီးႏွင့္မ်က္ႏွာခ်င္းဆိုင္ခုံတြင္ဝင္ထိုင္သည္။
"ဆံပင္ေကာက္ေကာက္ေလးေတြနဲ႕....အသားေလးကလဲေဖြးေနတာပဲခ်စ္စရာေလး..."
ကြၽန္ေတာ့္ရွိသမွ်သြားေတြေပၚေအာင္ ရယ္ျပေတာ့ အန္တီႀကီသေဘာက်သြားသည္ ။
"ကိုကို႔အေမနာမည္က...ေဒၚကလ်ာႏြယ္တဲ့..ေဖေဖကေတာ့ အလုပ္မ်ားတယ္...ဒီခ်ိန္မႈးေတြ႕ရမွာမဟုတ္ဘူး.."
"ဟုတ္...အန္တီႏြယ္က ကိုကို႔ထက္ေခ်ာတယ္"
ကြၽန့္ေတာ့္စကားေၾကာင့္ ကိုကို႔အေမက ကြၽန္ေတာ့္ပါးေတြလာဆြဲညွစ္သည္ ။ ကိုကိုကေတာ့ လက္ပိုက္ကာၿပဳံးၾကည့္ေနေလရဲ႕ ။
"အန္တီႏြယ္ကသေဘာေကာင္းတယ္ေနာ္ကိုကို...."
ဟုဆိုေတာ့ ကိုကိုကေရာဆိုကာ ဂ်စ္ကန္တတ္ေသးသည္ ။ ကိုကိုရဲ႕အၿပဳံး ၊ကိုကို႔မ်က္ႏွာ၊ ကိုကိုႏွင့္မ်က္လုံးခ်င္းဆုံတိုင္း ကြၽန္ေတာ္ရင္ခုန္မိသည္ ။
ဒါသာမာန္ပါဟုေတြးမိေတာ့လည္း ကြၽန္ေတာ္လက္မခံခ်င္ျပန္ ။ကိုကို႔အေပၚထူးကဲေလးနက္ေနျခင္းမ်ိဳးလားဆိုေတာ့လည္း ကြၽန္ေတာ္ေသခ်ာမသိျပန္ ။
ဆယ္ေက်ာ္သက္အ႐ြယ္ဆိုတာ သစ္႐ြက္လႈတ္တာေတာင္ ရယ္ခ်င္ ရင္ခုန္ခ်င္ၾကတယ္တဲ့ ။ ကြၽန္ေတာ္လဲ ထိုကဲ့သို႔ပင္ ကိုကို႔အၿပဳံးအား ရိုးသားစြာရင္ခုန္မိျခင္းျဖစ္ေပလိမ့္မည္ ။
"ေမေမ....သားမႉးကိုအခန္းထဲေခၚသြားလိုက္မယ္"
"ဟုတ္ၿပီသား...."
ကိုကိုကကြၽန္ေတာ့္ကိုလက္ကမ္းေပးသည္ ။ ကြၽန္ေတာ္ေမာ့ၾကည့္တဲ့အခါ မဟူရာမ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံသည္ ။
ကိုကို၏လက္အားမဝင့္မရဲဆုတ္ကိုင္ရင္း ကိုကိုေခၚရာေနာက္လိုက္သည္ ။ ကိုကို၏လက္ဖဝါးျပင္သည္ ပိုးသားစလိုႏူးညံ့ေနပါ၏။
ကြၽန္ေတာ္၏ႏွလုံးသားသည္လဲ အဆမတန္ခုန္ေနခဲ့ပါ၏။
"ဒါကိုကို႔အခန္းေလ...."
စီျခယ္ထုံးဖြဲ႕မႈမ်ားမပါသည့္ ရိုးရွင္းစြာတည္ေဆာက္ထားေသာကိုကို႔အခန္း ။ ကြၽန္းသားဗီဒိုႏွစ္လုံး ၊ ႏွင္းဆီႏွင့္ႏြယ္ပုံစံကႏုတ္မ်ားရစ္ပတ္ထားသည့္ နီညိုေရာင္ကုတင္တစ္လုံး ၊ စာၾကည့္စားပြဲတစ္လုံး ၊ ဂစ္တာတစ္လုံးရယ္သာရွိသည့္ ကိုကို႔အခန္းသည္ သပ္ရပ္စြာတည္ရွိေနသည္ ။
"ထိုင္ေလမႉး...ကိုကိုေဆး႐ုံကခုမွျပန္ေရာက္လို႔ ေရခ်ိဳးဦးမယ္....ပ်င္းရင္စာအုပ္ေတြဖတ္ေနာ္"
"ဟုတ္...ကိုကို"
ကြၽန္ေတာ္ ကိုကို႔စားပြဲေပၚမွစာအုပ္ေတြလွမ္းရွိုးေတာ့ ေလးလက္မအထူေလာက္ရွိသည့္ ေဆးဘက္ဆိုင္ရာစာအုပ္ေတြခ်ည္း ။
ေရးထားတာလည္းအဂၤလိပ္လိုေတြႏွင့္ ။ ကြၽန္ေတာ္တစ္လုံးမွနားမလည္ပါကိုကိုေရ။
ကြၽန္ေတာ္ေဝ့ဝိုက္ၾကည့္ရင္း အကၤ်ီခြၽတ္ေနသည့္ကိုကို႔ဆီအၾကည့္ေရာက္သြားသည္ ။
က်ယ္ေျပာလွသည့္ေက်ာျပင္ ၊ က်ယ္ျပန့္သည့္ပုခုံးျပင္ ၊ ညီညာဖြင့္ထြားသည့္လက္ေမာင္းသားမ်ား ။
အား....ရင္ခုန္လာျပန္ၿပီ ။
စားပြဲေပၚမွေဆးစာအုပ္မ်ားထက္ ကိုကိုသည္ပိုစိတ္ဝင္စားဖို႔ေကာင္းသည္ ။ ကိုကို ကြၽန္ေတာ္အားတစ္ခ်က္လွည့္ၾကည့္ရင္းၿပဳံးျပသည္ ။
အားကစားသမားလည္းမဟုတ္ပါဘဲႏွင့္ ဖြင့္ထြားသည့္ရင္အုံေၾကာင့္ မွင္သက္ရျပန္သည္ ။ ကြၽန္ေတာ့္လို ဗိုက္ပူႀကီးလဲမဟုတ္ ။
ဆီးခုံအထက္ ခ်က္ေအာက္ပိုင္းမွ အေမႊးႏုခပ္ေရးေရးကိုျမင္ေတာ့ ကြၽန္ေတာ္ရင္ခုန္ခ်င္လာျပန္သည္ ။ မဟုတ္ဘူး.....အစကတည္းကရင္ခုန္ေနခဲ့တာ။
ကိုကိုတဘက္တစ္ထည္ပုခုံးေပၚတင္ရင္း ေရခ်ိဳးခန္းထဲဝင္သြားမွ သက္ျပင္းခ်နိဳင္ေတာ့သည္ ။
ေရခ်ိဳးခန္းထဲမဝင္ခင္ေျပာသြားသည့္စကားက "မႉးမွာလဲအကုန္ပါ ပါတယ္ေနာ္ "တဲ့ ။
ၾကည့္....ရင္ခုန္ေအာင္လုပ္တဲ့လူႀကီး ။
ကိုကိုမရွိတုန္း ကိုကို႔စာအုပ္မ်ားအား ကိုင္ၾကည့္မိသည္ ။ ဒီေလာက္စာအုပ္အထူႀကီးအား စိတ္တဝင္တစားဖတ္နိုင္သည့္ ကိုကို႔ ကိုနားမလည္နိုင္ ။
ဂ်ဴတီကုတ္ဝတ္ကာရိုက္ထားသည့္ သုံးေယာက္တြဲဓာတ္ပုံေလးထဲတြင္ ကိုကိုကပိုထင္ေပၚေနသည္ ။
မဟုတ္ဘူး....ကိုကိုကအခန့္ညားဆုံးကိုျဖစ္ေနတာ ။
မ်က္ႏွာဝိုင္းသည့္အမ်ိဳးသမီးငယ္ေလးသည္ လက္ႏွက္ဖက္ကို အေပၚျမႇောက္ကာ လက္ႏွစ္ေခ်ာင္းေထာင္ထားေသးသည္ ။(သိတယ္မို႔လား....ဓာတ္ပုံရိုက္တိုင္းကိုယ္ေပးတဲ့ပို႔စ္...ဟီး...😁)
မ်က္ခုံးေကာင္းေကာင္း အသားခပ္ညိုညိုႏွင့္ေကာင္ေလးကေတာ့ ကိုကို႔ပုခုံးကိုဖက္ထားသည္ ။ ကိုကိုကအလယ္မွေန၍ ေက်ာက္႐ုပ္ႀကီးအတိုင္း ရပ္ေနေလသည္ ။
ကိုကို႔မ်က္ႏွာအား လက္ႏွင့္တို႔ထိၾကည့္မိသည္ ။ ဘာလို႔လုပ္ေနတာလဲ ဟုအေတြးဝင္လာမွ ထိုလက္တို႔ကိုျပန္႐ုတ္လိုက္သည္ ။
"မႉး......ၾကာသြားလား...sorryကြာ ျပစ္ထားမိသြားတယ္"
"ဟင့္အင္း...ရပါတယ္"
ကြၽန္ေတာ့္၏မ်က္လုံးမ်ားသည္ ကို႔ကိုမ်က္ႏွာတြင္ရွိမေနေၾကာင္းသတိထားမိသည္ ။ေရစက္မ်ားတြဲခိုေနသည့္ ကိုကို႔ခႏၶာကိုယ္သည္ ေရွာ့ရိုက္စက္ႀကီးလို ကြၽန္ေတာ့္ႏွလုံးကို ခုန္လာေစသည္ ။
ကိုကိုအေနရခက္မွာစိုး၍ အျပင္ထြက္ေနေပးမယ္ေျပာေတာ့ "ေန...ရတယ္" တဲ့ ။
ကြၽန္ေတာ္ ကိုကို႔ကိုေက်ာေပးလိုက္ၿပီး နာမလည္သည့္စာမ်ားအား ေကာက္ဖတ္သည္ ။ ကြၽန္ေတာ့္ခႏၶာကိုယ္မွလြဲ၍ အ႐ြယ္ေရာက္ၿပီးသားေယာက်္ားတစ္ဦး၏ခႏၶာကိုယ္အား ကြၽန္ေတာ္မျမင္ဖူးေပ ။
ကြၽန္ေတာ့္ႏွလုံးခုန္သံႏွင့္အတူ အသက္ရႉသံေတြေတာင္ျမန္လာသည္ထင္ ။ ကြၽန္ေတာ္စာအုပ္ေတြကိုသာ တစ္႐ြက္ၿပီးတစ္႐ြက္လွန္ေနမိသည္ ။
"ၿပီးၿပီကြာ....ကိုကိုတို႔ဘာလုပ္ၾကမလဲ"
ကိုကိုက ကုတင္ေပၚလြတ္လပ္စြာထိုင္ရင္းေျပာေနေသာ္လည္း ကြၽန္ေတာ့္မ်က္ႏွာကေတာ့ ရွိန္းကနည္းျဖစ္သြားသည္ ။
"အို....ဟို....ဟို...."
"ၿခံထဲမွာႏွင္းဆီေတြရွိတယ္... ကိုကိုနဲ႕သြားၾကည့္မလား"
"ဟုတ္....ကိုကို"
ကိုကို၏ႏူးညံ့ႏြေးေထြးေသာအၿပဳံးေလး ။ ကြၽန္ေတာ္ရင္ခုန္ရေလာက္သည္အထိ ဆြဲညွို႔နိုင္ေလသည္ ။
ၿခံထဲေရာက္ေတာ့ ကိုကိုက ႏွင္းဆီပင္ေတြလိုက္ျပသည္ ။ အေရာင္မ်ိဳးစုံေသာႏွင္းဆီပြင့္တို႔သည္ ကိုကိုထက္ပို၍မလွနိုင္ၾက ။
ကြၽန္ေတာ္ပိုေျပာခ်င္းမဟုတ္ပါ ။ ကြၽန္ေတာ့္မ်က္လုံးထဲ ကိုကိုက တကယ္ကိုလွေနတာ ။
"မႉး....ကိုကိုပန္းပန္ေပးမယ္"
ကြၽန္ေတာ္ ဘာမွမေျပာရေသးခင္ နားၾကားထဲဝင္ေရာက္လာသည့္ ႏွင္းဆီနီတစ္ပြင့္ ။ ကြၽန္ေတာ္ျငင္းဖယ္ရမည့္အစား လိုလိုလားလားလက္ခံမိခဲ့သည္ထင္သည္ ။
မိန္းကေလးတစ္ေယာက္မဟုတ္ပါဘဲႏွင့္ ရွက္ေသြးျဖာသလိုခံစားခ်က္မ်ိဳးကို ကြၽန္ေတာ္ခံစားရသည္ ။
"ကိုကို....လွတယ္မို႔လား"
"ကို႔ကေလးက အၿမဲတမ္းအလွဆုံးျဖစ္ေနတာ"ဟုဆိုကာ ကြၽန္ေတာ့္ဆံပင္ေတြကိုဆြဲဖြသည္ ။
ကေလးတဲ့လား...ကိုကို။ ကြၽန္ေတာ့္ကိုရင္ခုန္ၿပီးေသေအာင္လုပ္ေနတာလားဗ်ာ.....။
ထို႔အၾကည့္၊ ထိုအၿပဳံး ၊ ထိုအျပဳအမူမ်ားသည္ သာမန္ထက္ ထူးကဲစြာခ်ိဳျမေနေၾကာင္း ကြၽန္ေတာ္ခံစားမိသည္ ။
ကိယ့္ေခါင္းကိုယ္ျပန္ကိုင္ၾကည့္ရင္း ခပ္ဖြဖြၿပဳံးမိသည္ ။
"ကိုကိုနဲ႕....ျမက္ေတြႏႈတ္မလား"
ႏွင္းဆီပင္ေျခရင္းနား ထိုင္ခ်သည့္ ကိုကို႔ပုံစံအတိုင္း ကြၽန္ေတာ္ထိုင္ခ်လိဳက္သည္ ။ ကိုကိုလုပ္သည့္အတိုင္း ကြၽန္ေတာ္ျမက္ပင္မ်ားကိုဆြဲႏႈတ္သည္ ။
ကိုကို၏လက္ေခ်ာင္းသြယ္သြယ္မ်ားသည္ ျမက္ပင္မ်ားသာမက ကြၽန္ေတာ့္ႏွလုံးသားကိုပါ ရစ္ပတ္ႏႈတ္ယူေနျခင္းျဖစ္သည္ ။
"ကိုကို....မနက္က်ေဆး႐ုံကိုဘယ္အခ်ိန္သြားရမွာလဲဟင္"
"မနက္ကိုးနာရီေလ...."
ကြၽန္ေတာ္ ကိုကို႔အနားေတာက္တဲ့လိုသာကပ္ေနခ်င္သည္ ။ ကြၽန္ေတာ္သည္ ကိုကို႔အား အေတာ္ႀကီးခင္တြယ္မိေနပုံပင္ ။
"သားလိုက္လို႔ရမလား" ဟုေမးေတာ့"ေဆး႐ုံကလူရႈတ္တယ္.....မႉးနဲ႕မျဖစ္ပါဘူး" ဟု ခ်က္ခ်င္းျငင္းသည္ ။
မရပါဘူးဗ်ာ....။
"သား ကိုကိုထားတဲ့ေနရာမွာပဲေနမွာပါ....လိုက္ခ်င္လို႔ပါ...ေခၚပါေနာ္...သားလိမ္မာမယ္ေလ..... ေနာ္လို႔"
ကြၽန္ေတာ္ရွိသမွ် မူယာမာယာမ်ားထုတ္သုံးေတာ့ သနားသြားသည့္ဟန္ မ်က္ေမွာင္ကုတ္သည္ ။
"မႉးကြာ....မႉးေမေမတို႔လႊတ္ရင္ လိုက္ခဲ့ေပါ့"
ကြၽန္ေတာ္ဝမ္းသာစြာရယ္ေတာ့ ကိုကိုကပါလိုက္ရယ္သည္ ။
"ဒါဆိုသားျပန္မယ္ေလ....ေမေမတို႔ကိုတစ္ညလုံးပူဆာရမွာ"
"ကိုကိုလက္ေဆးေပးမယ္...လာခဲ့"
ကိုကိုကေရဘဲလ္ကိုဖြင့္ကာ ကြၽန္ေတာ့္လက္ကိုကိုင္၍ ေရေဆးေပးသည္ ။ အခုကြၽန္ေတာ့္ပုံစံသည္ ကေလးတစ္ေယာက္ႏွင့္တူမေနဘူးလား ။
ကိုကိုသာဂ႐ုစိုက္မယ္ဆို ကြၽန္ေတာ္ကေလးျဖစ္ရလည္းတန္တာပဲဗ်ာ ။
ကိုကို၏လက္ေခ်ာင္မ်ားျဖင့္ ကြၽန္ေတာ့္လက္မ်ားအား ေသခ်ာပြတ္သပ္ေဆးေပးသည္ ။ ကြၽန္ေတာ့္ေက်ာႏွင့္ကပ္ေနသည့္ကိုကို႔ရင္ဘက္လည္း ခုန္ေနသလို ခံစားရသည္ ။
ကိုကို႔ကိုေက်ာေပးထား၍ ကိုကို႔မ်က္ႏွာကိုေတာ့မျမင္ရေပ ။ ကြၽန္ေတာ့္မ်က္ႏွာကေတာ့ ခရမ္းခ်ဥ္သီးအရႈံးေပးရမွာေသခ်ာေနပါၿပီ။
"ကဲ....ရၿပီမႉးေလး...."
"ဟုတ္ကိုကို....သားသြားၿပီ"
ကြၽန္ေတာ္လမ္းရမ္းျပေတာ့ ကြၽန္ေတာ့္အတိုင္း ျပန္လုပ္ျပေသးသည္ ။
ထိုေန႕ညက အေတြးေပါင္းမ်ားစြာျဖင့္ ကြၽန္ေတာ္အိပ္မေပ်ာ္နိုင္ ။
မ်က္ဝန္းနက္တစ္စုံသည္ ကြၽန္ေတာ့္အား အၿပီးအပိုင္စိုးမိုးထားသလို ။
To be continue......
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
စာဖတ္သူသိပ္မရွိေတာ့ ကိုယ့္မွာစိတ္အားငယ္....😥😥
9 October
2021
Poppykar