"အားရှောင်နိုးရင်ထတော့....ဒေါက်တာကိုကိုကအလုပ်သွားရဦးမယ်...မင်းရောနဂါးပေါက်စလေးရောအိမ်မှာလိမ်လိမ်မာမာနေခဲ့...နေ့လည်စာပါတစ်ခါတည်းချက်ပေးခဲ့မယ်...နေ့လည်ခင်းရောက်ရင်ရေခဲသေတ္တာထဲကထုတ်စား...ဟုတ်ပြီလား"
"ဟုတ်ကဲ့"
"ဟိုတာလေ...ဒေါက်တာကိုကို....ကျွန်တော်ဗိုက်ဆာတယ်"
ဗိုက်ကလေးကိုင်ပြီးမျက်နှာလေးမဲ့ရွဲ့ကာပြောနေသောနဂါးပေါက်လေး
"မင်းကညတုန်းကဘာမှမစားဘဲအိပ်သွားတာကိုး"
"ဟုတ်တယ်"
"ငါးတွေပုစွန်တွေမရှိဘူးလား...စားစရာလေးဘာလေး"
"ငါးတွေပုစွန်တွေကရှိတယ်...ဒီမှာတော့မဟုတ်ဘူး...ဈေးဝယ်စင်တာနဲ့marketတွေမှာ...လောလောဆယ်တော့ကြက်ဥရယ်ပေါင်မုန့်ရယ်နွားနို့ရယ်ထောပတ်ရယ်ရှိတယ်
နွားနို့နဲ့ကြက်ဥထောပတ်သုတ်ကျွေးမယ်...အဲ့တာလေးအရင်စားထားနှင့်"
"အဲ့တာကအရသာရှိလို့လား...ကြားတောင်မကြားဖူးဘူး"
"စားကြည့်သိလိမ့်မယ်...ခဏလေးတော့စောင့်"
"ဟုတ်ဟုတ်"
စားပွဲမှာအဆင်သင့်ထိုင်စောင့်နေသောအားရှောင်နဲ့နဂါးပေါက်စလေး
ခပ်လှမ်းလှမ်းမီးဖိုချောင်မှာချက်ပြုတ်နေသောဆရာဝန်ရှောင်းကျန့်
ခဏလောက်ကြာတော့
"ကဲစားလို့ရပြီ...မင်းတို့၂ယောက်ကနွားနို့သောက်ငါကကော်ဖီသောက်မယ်...ဟုတ်ပြီလား"
နဂါးပေါက်လေးရှောင်းကျန့်စားနေတဲ့အရာတွေကိုမျက်စပစ်ကြည့်မိသည်....သူနဲ့မတူညီမှန်းသတိထားမိသောကြောင့်
"ဟိုဒေါက်တာကိုကိုသောက်နေတဲ့ခွက်သေးသေးလေးထဲကဟာလေးနည်းနည်းလောက်မတိုက်ချင်ဘူးလား...မသောက်ဖူးလို့ပါနော်"
"မရဘူး...နဂါးပေါက်လေးကငယ်သေးတယ်...နွားနို့ဘဲသောက်...အသက်ကြီးလာရင်ဒါသောက်ရမယ်"
"အခုလည်းအသက်ကြီးသင့်သလောက်ကြီးနေပြီလေ...ဒေါက်တာကိုကိုကလည်းကပ်စေးနှဲလိုက်တာနည်းနည်းလေးဘဲဟာကို"
"အိုက်ယား...ဒီမနက်ကော်ဖီမတိုက်မိရင်တနေ့လုံးနားအေးပါ့မလား...နည်းနည်းသောက်ကြည့်"
"ဟုတ်ဟုတ်"
ရှောင်းကျန့်ပေးတဲ့ခွက်ကိုယူကာသောက်ကြည့်တော့
"ခါးတယ်နည်းနည်းဘဲချိုတယ်...မကောင်းဘူးမကြိုက်ဘူး"
ကော်ဖီသောက်ပြီးရုပ်ကလေးရှုံ့မဲ့သွားသည်
ဘေးနားကအားရှောင်ကတော့နဂါးပေါက်လေးကိုကြည့်ရင်းတခိခိနဲ့ခိုးရယ်နေသည်
"ဒေါက်တာကိုကိုချက်ကျွေးတာတွေကိုအရမ်းကြိုက်တယ်တခါမှမစားဖူးလို့လားမသိဘူးစားရတာအရမ်းအရသာရှိတယ်"
"ဟုတ်ပါပြီ......ကိုကိုကအလုပ်သွားတော့မှာဆိုတော့အိမ်မှာလိမ်လိမ်မာမာနေခဲ့ကြကိုယ်မသိတဲ့သူစိမ်းတွေခေါ်တဲ့နောက်ကိုမလိုက်နဲ့နေ့လည်စာကရေခဲသေတ္တာထဲမှာထည့်ထားတယ်...ညစာကတော့ကိုကိုပြန်လာမှအတူတူစားကြမယ်"
"အားရှောင်ကသိပ်ပြောစရာမလိုဘူး...နဂါးပေါက်လေးကိုကိုပြောတာနားလည်လား"
"ဟုတ်ဟုတ်....ဒေါက်တာကိုကိုရေ...အလုပ်မှာအဆင်ပြေပါစေဘိုင်ဘိုင့်"
ရှောင်းကျန့်တယောက်လူကအလုပ်မှာရှိပေမဲ့စိတ်ကအိမ်မှာကျန်ခဲ့တဲ့သူတို့၂ယောက်ဆီရောက်နေသည်
အဆင်ပြေပါ့မလားတခုခုဖြစ်သွားရင်ဆိုတဲ့အတွေးသာတနေ့လုံးကြီးစိုးနေခဲ့သည်
ဘာလိုလိုနဲ့အလုပ်ဆင်းချိန်အိမ်ပြန်လာတော့
အားရှောင်ကပြုံးဖြီးဖြီးနဲ့ရယ်ပြနေသည်...နဂါးပေါက်လေးကတော့ဆိုဖာပေါ်မှာထိုင်ကာTVကြည့်နေသည်သူပြန်လာတာကိုသတိမထားမိသေး
အဟမ်း....
"ဒေါက်တာကိုကိုပြန်လာပြီ...အလုပ်မှာအဆင်ပြေရဲ့လား...ပင်ပန်းနေပြီလား"
နဂါးပေါက်လေးမှာညတည်းကရှောင်းကျန့်ဝတ်ပေးထားသောပေါင်လည်လောက်သာရှည်တဲ့တီရှပ်အင်္ကျီကြီးတစ်ထည်တည်းနဲ့ပင်....ပေါင်သားလေးတွေကဖျစ်ညှစ်လိုက်လျှင်ပင်အနီရောင်အစင်းကြောင်းတွေထင်သွားမည့်အလား
"နေ့လည်စာကောင်းကောင်းစားကြရဲ့လား"
"ဘာမှမစားရသေးဘူးဒေါက်တာကိုကို"
"ဟမ်...ဘာဖြစ်လို့လဲ"
"နေ့လည်စာစားခါနီးတုန်းကအားရှောင်ကနေ့လည်စာတွေပြန်နွေးစားရအောင်တဲ့...ပူပူလေးဆိုတော့ကျန်းမာရေးနဲ့ညီညွတ်တယ်တဲ့...အဲ့တာသူကခလေးဆိုတော့ဟိုအလုပ်လုပ်တာမမှီမကန်းဖြစ်နေတယ်...တခုခုဖြစ်မှာစိုးတာနဲ့ကျွန်တော်ကသူပြောတဲ့အတိုင်းလုပ်လိုက်တာပေါ့...ဒါမဲ့...ဘာလဲ...ဂက်စ့်မီးဖိုဆိုလား...အဲ့အပေါ်တင်ပြီးနွေးမလို့အဲ့ဒီမီးဖိုဆိုတာကြီးကိုအဝိုင်းလေးလှည့်ပြီးဖွင့်လိုက်တာ"
"မီးတွေတောက်လာလို့မီးလောင်တယ်ထင်ပြီးရေနဲ့ပတ်လိုက်တယ်...ဒေါက်တာကိုကိုရဲ့အိမ်ပျက်စီးသွားမှာစိုးလို့ပါ"
"ဟေ"
ရှောင်းကျန့်မီးဖိုချောင်ထဲလျင်မြန်စွာဝင်ကြည့်မိတော့ဂက်စ့်မီးဖိုတခုလုံးမှာသုံးစားမရတော့ပေ
ရှောင်းကျန့်ခမျာ...ရယ်ရမှာလည်းအခက်ငိုရမှာလည်းအခက်
ပြုံးပြုံးလေးနဲ့ပင်မျက်ရည်များကျချင်လာသည်
"ဟူး...ပျက်သွားမှဖြင့်ထားလိုက်တော့..ဒီညတော့ရာသီဥတုလည်းသာယာအေးချမ်းတယ်ဆိုတော့အပြင်မှာထွက်စားကြရအောင်"
ရှောင်းကျန့်အဝတ်အစားလဲဖို့လှည့်ထွက်မယ်ကြံတော့နဂါးပေါက်လေးကသူ့လက်ကိုလှမ်းဆွဲကာ
"ဒေါက်တာကိုကို..စိတ်မဆိုးပါနဲ့နော်..တမင်တကာလုပ်တာမဟုတ်ပါဘူး"
အဟင့်....
ပြောရင်းနဲ့ပင်ငိုမဲ့မဲ့ဖြစ်လာကာခေါင်းငုံ့ပြီးမျက်ရည်များကျလာသည်
တောက်...တောက်...တောက်
"ဟာ...မင်းမျက်ရည်တွေကပုလဲတွေဖြစ်တာလား"
မျက်ရည်လုံးမှထွက်ကျလာသောမျက်ရည်စများကကြမ်းပြင်ပေါ်ရောက်သည်နှင့်ပုလဲလုံးများအဖြစ်သို့ပြောင်းသွားခဲ့သည်
"ဘာဖြစ်လို့လဲဟင်...လန့်သွားလို့လား..."
"မဟုတ်ပါဘူးကွာ...မငိုပါနဲ့တော့"
ဘေးနားကအားရှောင်မှာတော့သူ့အပြစ်သူသိတာကြောင့်ဘာမှမပြောဘဲတိတ်တိတ်လေးနေသည်
နဂါးပေါက်လေးမျက်ရည်ကပုလဲတွေဖြစ်လာတော့အားရှောင်လည်းအံ့ဩနေသည်
ရှောင်းကျန့်ချော့လေငိုလေဖြစ်နေသောနဂါးပေါက်လေးကိုရင်ခွင်ထဲထည့်ကာကျောကုန်းလေးကိုပုတ်ပေးပြီးနှစ်သိမ့်သည်
ပုလဲလုံးပူပူနွေးနွေးတွေကတော့သူ့ခြေထောက်ပေါ်ကိုတလုံးပြီးတလုံးပြုတ်ကျလာသည်
"ကြည့်...ကိုကို့မျက်နှာကိုကြည့်မီးဖိုလေးတလုံးပျက်သွားတာဒေါက်တာကိုကိုကဘာလို့စိတ်ဆိုးရမှာလဲ....ပြီးတော့နဂါးပေါက်လေးကတမင်တကာဖျက်စီးပစ်တာမှမဟုတ်တာ....ဒေါက်တာကိုကိုကဘာလို့ဆူရမှာလည်း....အဲ့တာကြောင့်မငိုနဲ့တိတ်တော့"
ရှောင်းကျန့်ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောလာသောကြောင့်နဂါးပေါက်လေးအငိုတိတ်သွားလေသည်
"စိတ်မဆိုးပါနဲ့...ကျွန်တော့်ကိုမစွန့်ပစ်ပါနဲ့နော်.."
ရှောင်းကျန့်စိတ်ထဲနည်းနည်းတော့သနားသွားသည်
"မစွန့်ပစ်ဘူး...ဒီလောက်ချစ်စရာကောင်းတဲ့ကောင်လေးကိုစွန့်ပစ်စရာလား...ပြီးခဲ့တာတွေထားတော့"
"နဂါးပေါက်လေးကဒီပုံစံအတိုင်းအပြင်ထွက်ရင်တော့မဖြစ်ဘူး...လာ..ဒေါက်တာကိုကိုကအဝတ်အစားလဲပေးမယ်...အားရှောင်လည်းအဝတ်အစားလဲ..ကဲတို့၃ယောက်လုံးအဝတ်အစားလဲပြီးအပြင်ထွက်ညစာစားကြမယ်အားရှောင်ကြိုက်တာတွေအကုန်မှာစား...နဂါးပေါက်လေးကြိုက်တဲ့ပုစွန်တွေလည်းဝယ်ကျွေးမယ်.."
ရေးရေး.....
ရှောင်းကျန့်အပြင်မှာခဏခဏထွက်ပြီးအစားအစာမျိုးစုံကိုစားခဲ့ပေမဲ့ဒီတခါတော့သူ့စိတ်ထဲမှာနွေးထွေးမှုတွေ,ကျေနပ်မှုတွေလွမ်းခြုံနေသည်
-------------------******------------
ဒီအပိုင်းကနည်းနည်းပေါ့သွားတယ်ထင်တယ်😣
Zawgyi~~~
"အားေ႐ွာင္ႏိုးရင္ထေတာ့....ေဒါက္တာကိုကိုကအလုပ္သြားရဦးမယ္...မင္းေရာနဂါးေပါက္စေလးေရာအိမ္မွာလိမ္လိမ္မာမာေနခဲ့...ေန႔လည္စာပါတစ္ခါတည္းခ်က္ေပးခဲ့မယ္...ေန႔လည္ခင္းေရာက္ရင္ေရခဲေသတၱာထဲကထုတ္စား...ဟုတ္ၿပီလား"
"ဟုတ္ကဲ့"
"ဟိုတာေလ...ေဒါက္တာကိုကို....ကြၽန္ေတာ္ဗိုက္ဆာတယ္"
ဗိုက္ကေလးကိုင္ၿပီးမ်က္ႏွာေလးမဲ့႐ြဲ႕ကာေျပာေနေသာနဂါးေပါက္ေလး
"မင္းကညတုန္းကဘာမွမစားဘဲအိပ္သြားတာကိုး"
"ဟုတ္တယ္"
"ငါးေတြပုစြန္ေတြမ႐ွိဘူးလား...စားစရာေလးဘာေလး"
"ငါးေတြပုစြန္ေတြက႐ွိတယ္...ဒီမွာေတာ့မဟုတ္ဘူး...ေဈးဝယ္စင္တာနဲ႔marketေတြမွာ...ေလာေလာဆယ္ေတာ့ၾကက္ဥရယ္ေပါင္မုန္႔ရယ္ႏြားႏို႔ရယ္ေထာပတ္ရယ္႐ွိတယ္
ႏြားႏို႔နဲ႔ၾကက္ဥေထာပတ္သုတ္ေကြၽးမယ္...အဲ့တာေလးအရင္စားထားႏွင့္"
"အဲ့တာကအရသာ႐ွိလို႔လား...ၾကားေတာင္မၾကားဖူးဘူး"
"စားၾကည့္သိလိမ့္မယ္...ခဏေလးေတာ့ေစာင့္"
"ဟုတ္ဟုတ္"
စားပြဲမွာအဆင္သင့္ထိုင္ေစာင့္ေနေသာအားေ႐ွာင္နဲ႔နဂါးေပါက္စေလး
ခပ္လွမ္းလွမ္းမီးဖိုေခ်ာင္မွာခ်က္ျပဳတ္ေနေသာဆရာဝန္ေ႐ွာင္းက်န္႔
ခဏေလာက္ၾကာေတာ့
"ကဲစားလို႔ရၿပီ...မင္းတို႔၂ေယာက္ကႏြားႏို႔ေသာက္ငါကေကာ္ဖီေသာက္မယ္...ဟုတ္ၿပီလား"
နဂါးေပါက္ေလးေ႐ွာင္းက်န္႔စားေနတဲ့အရာေတြကိုမ်က္စပစ္ၾကည့္မိသည္....သူနဲ႔မတူညီမွန္းသတိထားမိေသာေၾကာင့္
"ဟိုေဒါက္တာကိုကိုေသာက္ေနတဲ့ခြက္ေသးေသးေလးထဲကဟာေလးနည္းနည္းေလာက္မတိုက္ခ်င္ဘူးလား...မေသာက္ဖူးလို႔ပါေနာ္"
"မရဘူး...နဂါးေပါက္ေလးကငယ္ေသးတယ္...ႏြားႏို႔ဘဲေသာက္...အသက္ႀကီးလာရင္ဒါေသာက္ရမယ္"
"အခုလည္းအသက္ႀကီးသင့္သေလာက္ႀကီးေနၿပီေလ...ေဒါက္တာကိုကိုကလည္းကပ္ေစးႏွဲလိုက္တာနည္းနည္းေလးဘဲဟာကို"
"အိုက္ယား...ဒီမနက္ေကာ္ဖီမတိုက္မိရင္တေန႔လုံးနားေအးပါ့မလား...နည္းနည္းေသာက္ၾကည့္"
"ဟုတ္ဟုတ္"
ေ႐ွာင္းက်န္႔ေပးတဲ့ခြက္ကိုယူကာေသာက္ၾကည့္ေတာ့
"ခါးတယ္နည္းနည္းဘဲခ်ိဳတယ္...မေကာင္းဘူးမႀကိဳက္ဘူး"
ေကာ္ဖီေသာက္ၿပီး႐ုပ္ကေလး႐ႈံ႕မဲ့သြားသည္
ေဘးနားကအားေ႐ွာင္ကေတာ့နဂါးေပါက္ေလးကိုၾကည့္ရင္းတခိခိနဲ႔ခိုးရယ္ေနသည္
"ေဒါက္တာကိုကိုခ်က္ေကြၽးတာေတြကိုအရမ္းႀကိဳက္တယ္တခါမွမစားဖူးလို႔လားမသိဘူးစားရတာအရမ္းအရသာ႐ွိတယ္"
"ဟုတ္ပါၿပီ......ကိုကိုကအလုပ္သြားေတာ့မွာဆိုေတာ့အိမ္မွာလိမ္လိမ္မာမာေနခဲ့ၾကကိုယ္မသိတဲ့သူစိမ္းေတြေခၚတဲ့ေနာက္ကိုမလိုက္နဲ႔ေန႔လည္စာကေရခဲေသတၱာထဲမွာထည့္ထားတယ္...ညစာကေတာ့ကိုကိုျပန္လာမွအတူတူစားၾကမယ္"
"အားေ႐ွာင္ကသိပ္ေျပာစရာမလိုဘူး...နဂါးေပါက္ေလးကိုကိုေျပာတာနားလည္လား"
"ဟုတ္ဟုတ္....ေဒါက္တာကိုကိုေရ...အလုပ္မွာအဆင္ေျပပါေစဘိုင္ဘိုင့္"
ေ႐ွာင္းက်န္႔တေယာက္လူကအလုပ္မွာ႐ွိေပမဲ့စိတ္ကအိမ္မွာက်န္ခဲ့တဲ့သူတို႔၂ေယာက္ဆီေရာက္ေနသည္
အဆင္ေျပပါ့မလားတခုခုျဖစ္သြားရင္ဆိုတဲ့အေတြးသာတေန႔လုံးႀကီးစိုးေနခဲ့သည္
ဘာလိုလိုနဲ႔အလုပ္ဆင္းခ်ိန္အိမ္ျပန္လာေတာ့
အားေ႐ွာင္ကျပဳံးၿဖီးၿဖီးနဲ႔ရယ္ျပေနသည္...နဂါးေပါက္ေလးကေတာ့ဆိုဖာေပၚမွာထိုင္ကာTVၾကည့္ေနသည္သူျပန္လာတာကိုသတိမထားမိေသး
အဟမ္း....
"ေဒါက္တာကိုကိုျပန္လာၿပီ...အလုပ္မွာအဆင္ေျပရဲ႕လား...ပင္ပန္းေနၿပီလား"
နဂါးေပါက္ေလးမွာညတည္းကေ႐ွာင္းက်န္႔ဝတ္ေပးထားေသာေပါင္လည္ေလာက္သာ႐ွည္တဲ့တီ႐ွပ္အက်ႌႀကီးတစ္ထည္တည္းနဲ႔ပင္....ေပါင္သားေလးေတြကဖ်စ္ညႇစ္လိုက္လွ်င္ပင္အနီေရာင္အစင္းေၾကာင္းေတြထင္သြားမည့္အလား
"ေန႔လည္စာေကာင္းေကာင္းစားၾကရဲ႕လား"
"ဘာမွမစားရေသးဘူးေဒါက္တာကိုကို"
"ဟမ္...ဘာျဖစ္လို႔လဲ"
"ေန႔လည္စာစားခါနီးတုန္းကအားေ႐ွာင္ကေန႔လည္စာေတြျပန္ေႏြးစားရေအာင္တဲ့...ပူပူေလးဆိုေတာ့က်န္းမာေရးနဲ႔ညီၫြတ္တယ္တဲ့...အဲ့တာသူကခေလးဆိုေတာ့ဟိုအလုပ္လုပ္တာမမွီမကန္းျဖစ္ေနတယ္...တခုခုျဖစ္မွာစိုးတာနဲ႔ကြၽန္ေတာ္ကသူေျပာတဲ့အတိုင္းလုပ္လိုက္တာေပါ့...ဒါမဲ့...ဘာလဲ...ဂက္စ့္မီးဖိုဆိုလား...အဲ့အေပၚတင္ၿပီးေႏြးမလို႔အဲ့ဒီမီးဖိုဆိုတာႀကီးကိုအဝိုင္းေလးလွည့္ၿပီးဖြင့္လိုက္တာ"
"မီးေတြေတာက္လာလို႔မီးေလာင္တယ္ထင္ၿပီးေရနဲ႔ပတ္လိုက္တယ္...ေဒါက္တာကိုကိုရဲ႕အိမ္ပ်က္စီးသြားမွာစိုးလို႔ပါ"
"ေဟ"
ေ႐ွာင္းက်န္႔မီးဖိုေခ်ာင္ထဲလ်င္ျမန္စြာဝင္ၾကည့္မိေတာ့ဂက္စ့္မီးဖိုတခုလုံးမွာသုံးစားမရေတာ့ေပ
ေ႐ွာင္းက်န္႔ခမ်ာ...ရယ္ရမွာလည္းအခက္ငိုရမွာလည္းအခက္
ျပဳံးျပဳံးေလးနဲ႔ပင္မ်က္ရည္မ်ားက်ခ်င္လာသည္
"ဟူး...ပ်က္သြားမွျဖင့္ထားလိုက္ေတာ့..ဒီညေတာ့ရာသီဥတုလည္းသာယာေအးခ်မ္းတယ္ဆိုေတာ့အျပင္မွာထြက္စားၾကရေအာင္"
ေ႐ွာင္းက်န္႔အဝတ္အစားလဲဖို႔လွည့္ထြက္မယ္ၾကံေတာ့နဂါးေပါက္ေလးကသူ႕လက္ကိုလွမ္းဆြဲကာ
"ေဒါက္တာကိုကို..စိတ္မဆိုးပါနဲ့ေနာ္..တမင္တကာလုပ္တာမဟုတ္ပါဘူး"
အဟင့္....
ေျပာရင္းနဲ႔ပင္ငိုမဲ့မဲ့ျဖစ္လာကာေခါင္းငုံ႔ၿပီးမ်က္ရည္မ်ားက်လာသည္
ေတာက္...ေတာက္...ေတာက္
"ဟာ...မင္းမ်က္ရည္ေတြကပုလဲေတြျဖစ္တာလား"
မ်က္ရည္လုံးမွထြက္က်လာေသာမ်က္ရည္စမ်ားကၾကမ္းျပင္ေပၚေရာက္သည္ႏွင့္ပုလဲလုံးမ်ားအျဖစ္သို႔ေျပာင္းသြားခဲ့သည္
"ဘာျဖစ္လို႔လဲဟင္...လန္႔သြားလို႔လား..."
"မဟုတ္ပါဘူးကြာ...မငိုပါနဲ႔ေတာ့"
ေဘးနားကအားေ႐ွာင္မွာေတာ့သူ႕အျပစ္သူသိတာေၾကာင့္ဘာမွမေျပာဘဲတိတ္တိတ္ေလးေနသည္
နဂါးေပါက္ေလးမ်က္ရည္ကပုလဲေတြျဖစ္လာေတာ့အားေ႐ွာင္လည္းအံ့ဩေနသည္
ေ႐ွာင္းက်န္႔ေခ်ာ့ေလငိုေလျဖစ္ေနေသာနဂါးေပါက္ေလးကိုရင္ခြင္ထဲထည့္ကာေက်ာကုန္းေလးကိုပုတ္ေပးၿပီးႏွစ္သိမ့္သည္
ပုလဲလုံးပူပူေႏြးေႏြးေတြကေတာ့သူ႕ေျခေထာက္ေပၚကိုတလုံးၿပီးတလုံးျပဳတ္က်လာသည္
"ၾကည့္...ကိုကို႔မ်က္ႏွာကိုၾကည့္မီးဖိုေလးတလုံးပ်က္သြားတာေဒါက္တာကိုကိုကဘာလို႔စိတ္ဆိုးရမွာလဲ....ၿပီးေတာ့နဂါးေပါက္ေလးကတမင္တကာဖ်က္စီးပစ္တာမွမဟုတ္တာ....ေဒါက္တာကိုကိုကဘာလို႔ဆူရမွာလည္း....အဲ့တာေၾကာင့္မငိုနဲ႔တိတ္ေတာ့"
ေ႐ွာင္းက်န္႔ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔စကားေျပာလာေသာေၾကာင့္နဂါးေပါက္ေလးအငိုတိတ္သြားေလသည္
"စိတ္မဆိုးပါနဲ႔...မစြန္႔ပစ္ပါနဲ႔ေနာ္.."
ေ႐ွာင္းက်န္႔စိတ္ထဲနည္းနည္းေတာ့သနားသြားသည္
"နဂါးေပါက္ေလးကဒီပုံစံအတိုင္းအျပင္ထြက္ရင္ေတာ့မျဖစ္ဘူး...လာ..ေဒါက္တာကိုကိုကအဝတ္အစားလဲေပးမယ္...အားေ႐ွာင္လည္းအဝတ္အစားလဲ..ကဲတို႔၃ေယာက္လုံးအဝတ္အစားလဲၿပီးအျပင္ထြက္ညစာစားၾကမယ္အားေ႐ွာင္ႀကိဳက္တာေတြအကုန္မွာစား...နဂါးေပါက္ေလးႀကိဳက္တဲ့ပုစြန္ေတြလည္းဝယ္ေကြၽးမယ္.."
ေရးေရး.....
ေ႐ွာင္းက်န္႔အျပင္မွာခဏခဏထြက္ၿပီးအစားအစာမ်ိဳးစုံကိုစားခဲ့ေပမဲ့ဒီတခါေတာ့သူ႕စိတ္ထဲမွာေႏြးေထြးမႈေတြ,ေက်နပ္မႈေတြလြမ္းျခဳံေနသည္
-------------------******------------
ဒီအပိုင္းကနည္းနည္းေပါ့သြားတယ္ထင္တယ္😣