[Unicode]
ရှုပ်ထွေးလွန်းသည့် ဓါတ်ပုံရိုက်ချက်များနှင့် အံ့သြလောက်ဖွယ် တွေ့ရှိမှု
မော်ဒယ်တစ်ဦးအနေနဲ့ ဆုနိုအတွက်က ဓာတ်ပုံရိုက်ခြင်းသည် သေးငယ်တဲ့ကိစ္စတစ်ခုဖြစ်သည်။
ဒါပေမယ့် ....သူ ချိုးကျီယန်နဲ့ လုံးဝပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတာပင်။အဲ့ဒါထက် သူ့ရဲ့ အပေါ်ပိုင်းတစ်ခုလုံးက အဝတ်အစားတစ်ခုမှ ကပ်မနေတာပဲ။
အပေါ်ပိုင်းတစ်ခုလုံးဗြောင်ကြီး!!အပေါ်ပိုင်းတစ်ခုလုံးနော်!!
စိတ်ပျက်စရာ အကောင်းဆုံးအရာတွေက freshers(ပထမနှစ်) ပြန်ဖြစ်သွားတာနဲ့ ဒီလို ကိစ္စမျိုးတွေပဲ။
မင်း အခွင့်အရေးရှာပြီး abs တွေကို ပြနေတာကိုက မုန်းစရာကောင်းတယ်။
မင်း အဲ့ဒီလောက် abs တွေကို အသားပေးဖော်ပြရမှာ ကြိုက်နေရင် ဘာလို့ မင်းမျက်နှာပေါ်မှာ စာလုံးလေးလုံးပါတဲ့ "ကျွန်တော့်မှာ ဝမ်းဗိုက်ကြွက်သားတွေ ရှိပါတယ်" လို့ စာ မကပ်ထားတာလဲ!
ပြီးရင် ကွင်းစကွင်းပိတ်နဲ " six packs မဟုတ်ဘူး eight packs နော် " ဆိုပြီးပါ ထပ်ထည့်လိုက်! ဒါမှသာ မင်းရင်ဘက်ပေါ်ကစာတွေနဲ့ စိတ်နေစိတ်ထားက ကိုက်ညီသွားလိမ့်မယ်!
"ငါ သူ့ကိုလုံးဝ မနာလိုနေတာမဟုတ်ဘူးနော်!"
ဆုနို အံသွားကို တင်းတင်းကြိတ်နေပြီး သူ့မန်နေဂျာကိုလည်း ပြင်းပြင်းထန်ထန် လိမ်ဆွဲနေသည်။
“ဟုတ်ပါတယ်...ငါတို့ သူ့ကို မနာလိုမဖြစ်ပါဘူး ရှေးရိုးဆွဲနေတဲ့သူတွေကသာ အင်္ကျီမ၀တ်ကြတာပါ” မန်နေဂျာက သူ့မျက်လုံးထဲတွင် မျက်ရည်တွေ အပြည့်နဲ့ သူ့လက်နဲ့ ဝေးရာကို အမြန်ရှောင်ရှားလိုက်ရသည်။
“နိုနို မင်းဝင်လို့ရပြီ ! " လက်ထောက်ကင်မရာသမား က သူ့ကိုခေါ်လိုက်သည်။
"နိုနို, ငါ မင်းကို စိတ်ငြိမ်ငြိမ်ထားဖို့ တောင်းဆိုပါတယ်နော်" သူ့မန်နေဂျာက သူ့ကို စိတ်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားပေးနေကာ သူ့ဒေါသကြောင့် တခြားလူအပေါ်ကိုခုန်တတ်ပြီးကြွက်သားတွေကို ဆွဲကုတ်လိုက်မှာကို ကြောက်နေမိသည်။
"ငါ စိတ်ငြိမ်ငြိမ် ထားမှာပါ ငါက ပရိုဖက်ရှင်နယ်တစ်ယောက်ပဲလေ! " ဆုနို အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး အေးစက်ကြော့ရှင်းစွာ လမ်းလျှောက်သွားလိုက်သည်။
"မင်းနဲ့ အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်" ချိုးကျီယန် သူ့ကိုပြုံးပြလိုက်သည်။
မင်းက ဘာအတွက်ပြုံးနေတာလဲ? ငါကတော့ လုံးဝပျော်မနေဘူးကွ!
ဆုနို သူ့စိတ်ထဲတွင်တော့ သူရဲ့လက်ဖဝါးကို နောက်လက်တစ်ဖက်က လက်သီးနှင့်ထိုးလိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက်တွင် အကြောင်းတစ်ခုခုကြောင့် သူ့နားနောက်တွင် ပူနွေးလာခဲ့သည်။
“ အိုခေ!ကျီယန်......နိုနိုကို အနောက်ကနေ ပွေ့ဖက်လိုက် ” ဓာတ်ပုံဆရာက focus ကိုချိန်ညှိနေရင်း ညွှန်ကြားလိုက်သည်။
"အဟွတ်..အဟွတ်.." Na-na-nii!! ဆုနိုသည် အနောက်ကနေ ပွေ့ဖက်ခံလိုက်ရသောကြောင့် တံတွေးသီးသွားရသည်။
"ဒီလိုမျိုးလား?" ချိုးကျီယန် သူ့ကိုအနောက်ကနေ ညင်သာစွာပွေ့ဖက်လိုက်၏။
အား...! ဆုနို ချက်ချင်းပင် သူ့မျက်လုံးဝိုင်းကြီးတွေနဲ့ ငေးကြည့်လိုက်ပြီး သူ့ဦးနှောက်တစ်ခုလုံးကလည်း ခေါင်းတည့်တည့်ကို မိုးကြိုး ပစ်ချလိုက်သည့်အတိုင်း ဗလာကျင်းသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက Sparta ဖြစ်သွားတော့သည်။
“ အရမ်းကောင်းတယ်,နိုနို မင်းရဲ့အမူအယာလေးကို ခပ်ဆိုးဆိုး ပုံစံလေး ဖြစ်အောင်လုပ်လိုက်” ဓာတ်ပုံဆရာက အလွန်ကျေနပ်သွားသည်။
မင်းတစ်မိသားစုလုံးသာ ဆိုးသွမ်းယုတ်မာနေလိုက်!!
အခု သူက သူ့နောက်ကျောမှာရှိနေတဲ့ တစ်ဖက်လူရဲ့ လက်မောင်းတွေကြားမှာ တင်းတင်းကျပ်ကျပ်အဖက်ခံနေရပြီး သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်နဲ့ ရင်အုပ်ကြွပ်သားတွေကိုပါ သူ့ရှပ်အကျီတွေကနေတဆင့် ခံစားလို့ရသည်။
ဆုနို ချွေးတွေရွဲနစ်နေပြီး သူ့ တစ်ကိုယ်လုံးက ဓါတ်လိုက်နေသလို ခံစားနေရတဲ့အပြင် သူ့လည်ပင်းသည်လည်း တောင့်နေပြီ ဖြစ်သည်။
အရမ်း,အရမ်း,အရမ်းကို ဆိုးရွားလွန်းလိုက်တာ!!သူ့နောက်ကျောဘက်မှာကပ်နေတဲ့ ပုဂ္ဂိုလ်က ကောင်းကျိုးကို မပေးတာ , ဟုတ်ပြီလား!!
"နိုနို, မင်း ဘာဖြစ်သွားတာလဲ?"
ဓာတ်ပုံဆရာက ခေါင်းမော့လိုက်ပြီး အနည်းငယ်ရှုပ်ထွေးသွားရသည်။
“ တောင်းပန်ပါတယ်ဗျာ ,နိုနိုက ခုတလောရာသီဥတုအပြောင်းအလဲလေးတွေကြောင့် နည်းနည်းနေမကောင်းချင်သလို ဖြစ်နေလို့ပါ ” မန်နေဂျာက အခြေအနေကို ချက်ချင်းဆိုသလို ကယ်တင်လိုက်သည်။
ချိုးကျီယန်ကလည်း "သူ မိနစ်အနည်းငယ်လောက်အနားယူဖို့လိုလိမ့်မယ်ထင်တယ် "
သူတို့မရိုက်ကူးခင်တုန်းကလည်း ခဏနားထားကြသေးတယ်မလား?
ဓာတ်ပုံဆရာက နည်းနည်းတော့ လက်မခံချင်သော်လည်း အခြားတစ်ဖက်က နာမည်ကြီးတစ်ယောက်ဖြစ်နေပြီး ချိုးကျီယန်သည်လည်း သူရဲ့ နားလည်မှုကိုထုတ်ဖော်ပြောဆိုခဲ့သဖြင့် သဘောတူခဲ့ရသည်။
"မင်းအဆင်ပြေရဲ့လား?" သူ့မန်နေဂျာက သူ့ကိုထောင့်တစ်နေရာမှာထိုင်ခိုင်းပြီး အရမ်းကိုစိတ်ပူနေသည်။
ဆုနိုရဲ့ ကျောပြင်က ထုံကျဥ်နေပြီဖြစ်သည်။
ဒါက အလုပ်နှင့်သက်ဆိုင်နေသည်မို့ မန်နေဂျာလည်း ဆုနိုအား အကောင်းဆုံးလုပ်ရန် စည်းရုံးသိမ်းသွင်းဖို့ကြိုးစားနေသည်။ "ဒါက ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး...မင်းသူ့ကို အော်တိုမန်း တစ်ယောက်လို့မင်းတွေးလိုက်”
အော်တိုမန်းရဲ့ ပွေ့ဖက်ထားခံရတာထက်တောင် သူက ပိုပြီး ကြောက်စရာကောင်းတယ်! ဆုနို တုန်လှုပ်သွားရသည်။
"မင်း ဘာလို့ သူ့အပေါ်အရမ်း....... "
မန်နေဂျာက မူလက 'ကြောက်နေရတာလဲ?'လို့ မေးလိုက်ချင်ပေမယ့် ကံကောင်းစွာနဲ့ပဲ အချိန်မီရပ်တန့်နိုင်ခဲ့သည်။ ဒီစကားက ဆုနိုအတွက် စိတ်တိုစေမယ့်စကားဖြစ်သည့်အတွက် သူလုံးဝကို မတို့ရဲ့ပေ။
"ငါလည်းမသိတော့ဘူး.." ဆုနို ငိုချင်ပေမဲ့လည်း မျက်ရည်မကျနိုင်ခဲ့ပေ။ သူ ဒီလောကထဲကို စ၀င်ကတည်းက ယောက်ျားတစ်ယောက်ကိုမပြောနဲ့ ရင်သားကြီးတဲ့မမ တစ်ယောက်နဲ့ရင်းရင်းနှီးနှီးပိုစ့်ပေးရရင်တောင် သူ့မှာဘာပြဿနာမှမရှိခဲ့ပေ။
တစ်ခြားဘက်ကလူက ချိုးကျီယန်အဖြစ် ပြောင်းလဲသွားလိုက်တာနဲ့ ဘာကြောင့်ဒီလောက် သဘာဝမကျဖြစ်သွားရတာလဲ?
ခဏလေး!!< တခြားသူတွေနဲ့ဆိုရင် ငါမှာ ဘာပြသနာမှမရှိဘူး ချိုးကျီယန်နဲ့သာ မတူညီတဲ့ ခံစားချက်တွေဖြစ်လာရတယ် >
ဒီစာကြောင်းကနေ မိန်းကလေးတစ်ယောက်ရဲ့ ပြင်းပြင်းပြပြရှိတဲ့ ခံစားချက်မျိုး ရနေတာလဲ.....
အခု သူက တခြားတစ်ယောက်ရဲ့ ပွေ့ဖက်တာကို ခံလိုက်ရတယ် ပြီးတော့ သူ့ရဲ့နှလုံးကလည်း ခုန်ပေါက်နေပြီး မျက်နှာကလည်း နီရဲလာ.....ဖာ့ခ် ငါ သူ့ကိုများတစ်ဖက်သတ်ကြိုက်နေမိတာလား?!
ဖာ့ခ်!ဖာ့ခ်!ဖာ့ခ်!ဖာ့ခ်!ဖာ့ခ်!ဖာ့ခ်! ဒါက မိုးကြိုး ပစ်ချလိုက်သလိုပဲ!!
ဆုနိုရဲ့ လက်ဖျားလေးတွေက ချက်ချင်းကို အေးစက်လာတော့သည်။ သူ့အမြင်အာရုံက မှောင်မိုက်သွားပြီး သတိလစ်မေ့မျောတော့မလိုပင်။
"နိုနို ဘာဖြစ်တာလဲ?" မန်နေဂျာက သူရဲ့ဖြူဖျော့နေသည့် မျက်နှာကိုမြင်ပြီး လန့်လာသည်။
Ahhhhhh!!!, ကြောက်စရာကောင်းလွန်းတယ်!
ဆုနို ဒိုင်အန်းကို မြန်မြန် ပွေ့ဖက်လိုက်သည်။
"နိုနို ,ငါ့ကို မခြောက်ပါနဲ့!" သူ့မန်နေဂျာက သူ့ကျောကို အလျင်အမြန် ပုတ်ပေးလိုက်ပြီး " ဘယ်နေရာမှာ မသက်မသာ ဖြစ်နေတာကို ခံစားနေရလို့လဲ?"
ဆုနို သူ့နှလုံးသားထဲတွင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဒါတကယ်မဟုတ်တာ သေချာတယ်!!
"မင်းအဆင်ပြေရဲ့လား?" ချိုးကျီယန်က အလွန်ကြင်နာတတ်ကာ သူ့အတွက် ရေတစ်ခွက်ကိုယူလာပေးသည်။
“ ကျေးဇူးအများကြီးတင်ပါတယ်” ဆုနို ရေခွက်ကိုယူလိုက်ပြီး သူ့မျက်လုံးများသည် မကောင်းတာတစ်ခုခုကိုလုပ်မိသလို ဖြစ်နေပြီး မျက်လုံးချင်းမစုံဘဲ ရှောင်တိမ်းနေသည်။
"ခဏလောက်အနားယူလိုက်ပါ ကျွန်တော် စောင့်ရလည်း ကိစ္စမရှိပါဘူး” ချိုးကျီယန် ပြုံးပြီး ကင်မရာမန်းနဲ့စကားပြောဖို့ လှည့်ထွက်လာခဲ့သည်။
"ငါ- ငါ- ငါ ဒါကိုမလုပ်တော့ဘူး" ဆုနို ဒိုင်အန်းကိုကြောက်ရွံ့စွာ လှမ်းဆွဲလိုက်သည်။
"ဟုတ်ပြီ..ဟုတ်ပြီ..ငါတို့ ဒါကိုမလုပ်တော့ဘူး
မလုပ်တော့ဘူး..ဟုတ်ပြီလား” ဒိုင်အန်း သူ့ကို ဒီလိုမျိုး ဖြစ်တာကိုတစ်ခါမှမမြင်ဖူးခဲ့၍ သူသည်လည်း အလွန်ထိတ်လန့်သွားခဲ့သည်။
"ငါတို့ပြန်ပြီးအနားယူရအောင်"
“အင်း!" ဆုနို ခေါင်းညိတ်လိုက်ပြီး သူ့နှလုံးသားကအရူးကဲ့သို့ခုန်ပေါက်နေသည်။
"ဘာဖြစ်တာလဲ?" အိုးရန်လုံသည် မူလကဓါတ်ပုံရိုက်ကွင်းကိုကြည့်ရန် ဝင်သွားလိုက်ချင်ခဲ့သော်လည်း ဒီလိုကိစ္စတွေဖြစ်သွားလိမ့်မယ်လို့ သူ မထင်ခဲ့ပေ။အချိန်တော်တော်ကြာကြာ ရှာဖွေပြီးနောက်မှသာ ဆုနိုကိုထောင့်တစ်နေရာမှာ သူတွေ့ခဲ့သည်။
"နိုနိုက နေမကောင်းဖြစ်နေလို့ သူ့ကို အိမ်အရင်ပြန်ပို့ပေးမလို့ပါ,ဒါရိုက်တာ ” မန်နေဂျာက သူ့အတွက် ကူဖြေပေးလိုက်သည်။
"မင်းနေမကောင်းဘူးလား?" အိုးရန်လုံ သူ့ရှေ့မှာခြေတစ်ဖက်ညွှတ်ထိုင်လိုက်ကာ "မင်းမျက်နှာက ဘာလို့ဒီလောက်နီနေတာလဲ? အဖျားရှိနေတာလား? "
"....ဟုတ်မယ်ထင်တယ်” ဆုနိုရဲ့ လက်သည် ရေခဲတမျှအေးစက်သွားသည်။
ဒိုင်အန်းက တာဝန်ခံဆီမှ ခွင့်ပြုချက်ကို သွားတောင်းခံနေပြီး အိုးရန်လုံကတော့ ဆုနိုရဲ့ နံဘေး၌ ထိုင်လိုက်ကာ သူရဲ့လက်ဖြင့် နှာဖူးအပူချိန်ကို တိုင်းလိုက်သည်။
"ပူတော့ မပူပါဘူး,Ah.."
"En..."
ဆုနို သူရဲ့ ထိတ်လန့်တုန်လှုပ်နေမှုကနေ နှစ်မြုပ်နေဆဲဖြစ်ပြီး အခုထိထွက်မလာနိုင် သေးပေ။ အက်ပါကာ(alpaca) တစ်သိန်းလောက်က သူ့နှလုံးသားမှာ ပြေးလွှားနေသလို။ တစ်သိန်းတောင်နော် !
"မင်းရဲ့နှလုံးသားထဲမှာ စိုးရိမ်နေတဲ့အရာ တစ်ခုခုရှိနေလို့လား?" အိုးရန်လုံရဲ့ အသံမှာ နူးညံ့ကာ ကြင်နာလှသည်။
'အမ်! ငါစိတ်ထဲမှာ တစ်ခုခုရှိနေတာ ခင်ဗျားဘယ်လိုသိနေတာလဲ? ငါ့မှာ လျှို့ဝှက်ထားတဲ့အချစ်ရှိတယ်ဆိုတာ သိသာလွန်းနေလို့လား? ဒါက လျှို့ဝှက်ထားတဲ့ တစ်ဖက်သက်အချစ်မဟုတ်ဘူး!!ငါ သူ့ကိုမုန်းတယ်ဆိုတာ သိသာနေတာပဲ!
အဝေးမှရယ်ရယ်မောမောပြောနေသည့် ချိုးကျီယန်ကိုမော့ကြည့်လိုက်သောအခါ ဆုနိုသည် အကျိုးအကြောင်းရှင်းပြ၍ မရနိုင်လောက်အောင် မှားယွင်းနေတယ် ဆိုတာကို ခံစားလိုက်သည်။
အိုးရန်လုံ သူရဲ့အကြည့်ကိုလိုက်ကြည့်လိုက်သောအခါ သူ့မျက်လုံးတစ်လျှောက်မှာ မရေရာသည့်ခံစားချက်တချို့ဖြင့် ပြည့်နှက်သွားသည်။
"ကျွန်တော်အရင်ပြန်လိုက်ဦးမယ်" ဆုနို စိတ်ငြိမ်သွားအောင် တစ်ယောက်တည်းအေးအေးဆေးဆေး နေချင်သည်။
“ ညစာအတူသွာစားရအောင် ” အိုးရန်လုံ ဖိတ်ခေါ်လိုက်ကာ "ကိုယ် မင်းကို Meadow ကို ခေါ်သွားပေးမယ်"
"အဲဒါက ဘယ်နေရာလဲ?" ဆုနို အာရုံလွဲသွားကာ..
“ အရမ်းပျော်စရာကောင်းတဲ့နေရာ..” အိုးရန်လုံ သူ့လည်ပင်းကော်လံကို သပ်ရပ်အောင်ကူညီပေးလိုက်ကာ “ မင်းရဲ့စိတ်အခြေအနေက မကောင်းဘူးလို့ မင်းထင်နေတာမလား အပြင်ခဏထွက်ပြီး လည်ပတ်လိုက်ရင် ပိုကောင်းသွားလိမ့်မယ် ”
“ ကျွန်တော် -”
"ဒါဆို ဆုံးဖြတ်ပြီးပြီနော်” အိုးရန်လုံ သူရဲ့ဖုန်းကိုထုတ်လိုက်ပြီး “ ကိုယ့်ရဲ့အတွင်းရေးမှူးကို နေရာယူထား ခိုင်းလိုက်မယ်”
"ကျွန်တော် အိမ်ပြန်ပြီးပဲ အိပ်ချင်တယ်" ဆုနိုသည် ထိုမြက်ခင်းပြင်သို့သွားရန်စိတ်ကူး မရှိခဲ့ချေ။
ဒါရိုက်တာအိုးရန်ကတော့ သူရဲ့ ကန့်ကွက်မှုများကို လုံးဝလျစ်လျူရှုလိုက်ရင်း သူသဘောအတိုင်း လုပ်ခဲ့ပြီး ဖုန်းဆက်ကာ နေရာယူထားခိုင်းခဲ့သည်။
“ သွားရအောင် နိုနို, အိမ်ပြန်ရအောင် "
သူ့မန်နေဂျာက သူ့ဆီကို အိမ်ပြန်ရန် လာခေါ်လိုက်သည်။
"ကျွန်တော် မစ္စတာဆုနဲ့ ညစာအရင် သွားစားမလို့..” အိုးရန်လုံက အလျင်အမြန် ပြောလိုက်သည်။
"ညစာ?" မန်နေဂျာက ဆုနိုကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်ကာ "မင်းအနားယူဖို့ မပြန်ချင်တော့ဘူးလား?"
".....ကိစ္စမရှိပါဘူး" ဆုနိုရဲ့စိတ်ထဲမှာ ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ဒီလူနှစ်ယောက်နဲ့ ဖက်ဖြစ်ဖို့ရာ အင်အားလုံးဝမရှိတော့ချေ။
"မင်းတကယ်အပြင်ကို သွားချင်တာလား?" မန်နေဂျာက သူ့ကိုအရမ်းကိုစိုးရိမ်နေဆဲ ဖြစ်သည်။
"အင်...ငါနောက်မှ ကိုယ့်ဘာသာပြန်လာခဲ့မယ် ” ဆုနို အိုးရန်လုံကို ကြည့်လိုက်ပြီး သူနဲ့ အတူညစာ စားဖို့အဖော်တစ်ယောက်ရှိနေတာကလည်း မဆိုးပါဘူး လို့ ခံစားရသည်။
“......ကောင်းပြီ၊ ဒါဆို မင်းတစ်ခုခုလိုအပ်ရင်ငါ့ကိုဖုန်းခေါ်လိုက်နော်” မန်နေဂျာခင်ဗျာ မတတ်နိုင်တော့ပဲ သူ့ကိုသွားခွင့်ပြုလိုက်ရသည်။
သူတို့သုံးယောက် လှည့်ထွက်တော့မည်အချိန်တွင် လူဆိုးလေးက တုံ့ဆိုင်းသွားပြီး ရိုက်ကူးရေးရှိရာဘက်သို့ တစ်ချက်ပြန် လှည့်ကြည့်လိုက်သည်။
အိုးရန်လုံက ခြေတစ်လှမ်း လှမ်းလိုက်ပြီး မသိသာ
သည့် အမူအယာဖြင့် သူ့ရဲ့မြင်ကွင်းကို ပိတ်စို့စေလိုက်သည်။ သူတို့အဝတ်အစားတွေလဲ ပြီးနောက် အိုးရန်လုံနဲ့ ဆုနိုတို့ ကားပါကင်ကို အတူတူသွားကြသည်။
ဆုနို ရှေ့ထိုင်ခုံမှာထိုင်လိုက်ရင်း " ကျွန်တော် ဒါရိုက်တာကို ဝယ်ကျွေးပါမယ် ကျွန်တော်ကျွေးဖို့ အကြွေးကျန်နေသေးတယ်လေ"
"နောက်တစ်ကြိမ်အတွက် မှတ်,ထားလိုက်ပါ " အိုးရန်လုံ သူရဲ့ ထိုင်ခုံခါးပတ်ကိုကူပတ်ပေးလိုက်သည်။
"မင်းသီချင်းနားထောင်ချင်လား?"
ဆုနို ခေါင်းခါလိုက်သည်။ သူ့မှာ အင်အားတွေ ကုန်ဆုံးနေပြီ ဖြစ်သည်။ အိုးရန်လုံ စိတ်ထဲမှသက်ပြင်းချလိုက်ပြီး ကားကို ကားပါကင်ကနေ မောင်းထွက်လာခဲ့သည်။
ဆုနို ပြတင်းပေါက်ဘက်ကို ငေးစိုက်ကြည့်နေပြီး သူ့ခေါင်းထဲမှာ ချိုးကျီယန်တွေချည်း ပြည့်နှက်နေ၏။
ငါ အွန်လိုင်းတက်တိုင်း သူ့ရဲ့ကိုယ်ပိုင် webpage ကို သွားပြီး တချိန်လုံး သူရဲ့ လှုပ်ရှားမှုတွေမှာ အာရုံစိုက်တယ် သူ့ပုံတွေကို သိမ်းဖို့ ရိုက်ကလစ် နှိပ်တယ် သူ အသစ်တွေ တင်တိုင်းလည်း သွားပုတ်ခတ်တယ် ပြီးတော့ ထပ်တင်ရင် ထပ်ပြီး......
အဲ့ဒါတွေ အကုန်လုံးက မနာလိုဖြစ်နေလို အနှောင့်အယှက်သွားပေးတာ မဟုတ်ဘူးပေါ့!!
ဆုနိုရဲ့ နှာခေါင်းက ရှုံ့ပွပွဖြစ်လာသည်။
သူက တကယ်ကိုအရူး တစ်ယောက်ပဲ!
အိုးရန်လုံသည် သူရဲ့ အမူအယာတွေကို မျက်လုံးထောင့်ကနေမြင်လိုက်ရကာ သူ CD player ပေါ်ရှိ play ခလုတ်ကိုနှိပ်လိုက်သည်။
🎶"ဂိတ်အရှေ့ဘက်ရှိ တံတားအောက်မှာ ရေကူးနေတဲ့ဘဲတွေအုပ်စုလိုက်ရှိတယ်..."🎶 ကလေးတစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့အသံလေးတစ်သံ ထွက်လာသောကြောင့် ဆုနိုသည် ကြောင်အသွားရသည်။
သူ သတိပြန်ဝင်လာပြီး "ဘာသီချင်းလဲ? "
"ကလေးသီချင်း" အိုးရန်လုံရဲ့ နှုတ်ခမ်းများက ကွေးညွှတ်လျက်" ဒါက မင်းလိုကလေးလေးတစ်ယောက်အတွက် အရမ်းသင့်တော်တယ်"
"ကျွန်တော်က ကလေးတစ်ယောက်နဲ့ဘယ်လိုလုပ်တူမှာလဲ?" ဆုနို စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။
'မဟုတ်ဘူး,မင်းက ကလေးတစ်ယောက်နဲ့ တူတာမဟုတ်ဘူး ကလေးတစ်ယောက်ပဲ' အိုးရန်လုံ ပြုံးလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။
KG ကလေးလေးတွေကပဲ သူတို့စိတ်ထဲမှာ ကြိုက်ရင် ကြိုက်တဲ့ အကြောင်းပြောပြီး မုန်းရင် မုန်းတဲ့အကြောင်းတွေ ပြောကြတာ။
KG ကလေးတွေကပဲ ငတုံးလေးတွေလို တုံးကြတာ။ အင်တာနက် သုံးပြီးရင် ပြန်မဖျက်ဘဲထားခဲ့တာမျိုးပေါ့
ဆုနိုပြန်သွားတဲ့ အဲဒီနေ့မှာပဲ အိုးရန်လုံ အင်တာနက်သုံးဖို့ ကွန်ပြူတာဖွင့်လိုက်သောအခါ ဆုနိုရဲ့ လော့အင် ဝင်ပြီးသားအကောင့်ကို တွေ့လိုက်ရသည်။
သူ တကယ် တုန့်ဆိုင်းနေခဲ့တယ်ဆိုတာကို ဝန်ခံပါတယ် လော့အောက်လုပ်ဖို့ကိုတောင် မတွေးခဲ့မိဘူး အဲ့ဒီ အစား [ မင်းက ငါ့ရဲ့အမွှေးပြောင် နတ်ဆိုးလေး ] ဆိုတဲ့ acc name ကိုပဲ စူးစိုက်ကြည့်နေမိတယ် ပြီးတော့ သူ့ ပရိုဖိုင်ပုံကိုကြည့်လိုက်ပြီး ရယ်နေမိသည်မှာ သူရဲ့ မှတ်တမ်းတွေကိုတောင် မကြည့်ရသေးခင်အထိ နေ့တစ်ဝက်လောက်ပင် ကြာသွားခဲ့သည်။
ပို့စ်တစ်ခု...ပို့စ်နှစ်ခု....မှတ်တမ်းနှစ်ရာကျော်...ချွင်းချက်မရှိမှတ်တမ်းတွေအားလုံးက ချိုးကျီယန်ဆီမှာ cmt ဝင်ရေးထားသည့် မှတ်တမ်းများသာဖြစ်သည်။
သွားရေးထားတဲ့ အကြောင်းအရာက နှစ်မျိုးတည်းပင်။တစ်ခုက ချိုးကျီယန်ရဲ့ခန္ဓာကိုယ်ကို ဆဲရေးထားခြင်းဖြစ်ပြီး နောက်တစ်ခုက ဆုနိုကို ချီးမွမ်းထားသည့် မှတ်တမ်းများသာ။
"ဆုနိုရဲ့ ကိုယ်ပိုင် webpage ကိုသွားပြီးကြည့်လိုက်စမ်းပါ သူဓာတ်ပုံတွေက ပိုပြီး ကြည့်ကောင်းတယ်" ဆိုသည့် စကားလုံးတွေ, ပြောရရင် စာမေးပွဲတစ်ခုမှာ အမှတ်တစ်ရာရခဲ့ပြီး လူကြီးတွေရဲ့ချီးမွမ်းမှုကို အပြည့်အဝမျှော်လင့်ထားတဲ့ ကလေးတစ်ယောက်လိုမျိုး စကားတွေနဲ့ ပြည့်နှက်နေသည်။
Website ရဲ့ ကိုယ်ပိုင်မှတ်စု(ဒိုင်ယာရီ)မှာလည်း ချိုးကျီယန်ရဲ့ ပိုစ့်တွေ အခြေအနေတွေကို ပုံတူပွားယူထားကာ ဘေးနားမှာလည်း ပျော်ပျော်ကြီး မှတ်စုတိုတွေရေးထားသေးသည်၊
"သူ့ webpage မှာတော့ ဒီအကြောင်းအရာကို ဖျက်ထားလိုက်တယ် ကံကောင်းလို့ ငါ ss ယူထားလိုက်နိုင်တယ် ဟဟဟဟဟ!' 'ဒီစားသောက်ဆိုင်က စားမကောင်းဘူး အဲ့ဒါကို ညွှန်းပေးလိုက်တာ သူရူးနေတာပဲ။ နောက်တစ်ခါကျရင် အခွင့်အရေးရှာပြီး တကယ် အရသာရှိတဲ့ ငါးကင်ဆိုင်ကို ပြပေးရမယ် !'
ဒါကို ကြည့်ရတာ ရူးကြောင်ကြောင်နိုင်ပေမယ့် ချစ်စရာကောင်းနေ၏။
တိတ်တခိုးတစ်ဖက်သတ်ကြိုက်နေတဲ့တစ်ယောက် ... အိုးရန်လုံသည် သူရဲ့ မေးစေ့ ကိုပွတ်သပ်နေလိုက်သည်။ ဆုနိုရဲ့ အချိန်ဇယားကို အဆက်အသွယ်နဲ့ ကော်ပီရယူထားလိုက်နိုင်ကာ သူ ချိုးကျီယန်နဲ့ အလုပ်တွဲလုပ်နေသည်ကို မြင်လိုက်ရသောအခါ အံ့သြသွားရသည်။ထိုကြောင့် ဒါရိုက်တာက အချိန်နဲ့ နေရာကို သေချာမှတ်ထားလိုက်ပြီး စတူဒီယိုမှာ အချိန်ကိုက်ပေါ်လာခဲ့သည်။
ဒီမတိုင်ခင်တုန်းက ဆုနိုရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို မသိသေးသည့်အတွက် သူ ဘာမှ မလုပ်ခဲ့ပေ။ အခုတော့ အရုပ်လေးရဲ့ တစ်ဖက်သတ်ကြိုက်နေတဲ့သူကို ဖွင့်မပြောရသေးတာကို အခွင့်ကောင်းယူပြီးတော့ ဒီလူသားလေးကို အမိဖမ်းရမယ်။
"မင်းစိတ်အခြေအနေမကောင်းတဲ့အခါ မင်းဘာလုပ်ရတာကြိုက်လဲ? " ကားကိုမောင်းရင်း အိုးရန်လုံ မေးလိုက်သည်။
"စားရတာ" ဆုနို စိတ်ရှုပ်ထွေးနေသည့်အခြေအနေတွင်ရှိနေပြီး ထိုအကြောင်းအရာ ကိုဖုံးကွယ်ရန်ပျင်းရိနေသည်။
"အစားစားတာအပြင် တခြားသူတွေနဲ့လည်းစကားပြောလို့ရပါတယ်" အိုးရန်လုံ သူရဲ့ ကားပြတင်းပေါက်မှန်ကိုဖွင့်လိုက်ရင်း "ပျော်ဖို့အပြင်သွားရတာလည်း မဆိုးပါဘူး"
"... လူတစ်ယောက်ကို လျှို့ဝှကပြီး ချစ်ခဲ့ဖူးလား?" ဆုနို တွန့်ဆုတ်နေသော်လည်း သူ ဆက်မေးလိုက်သည်။ ထို့နောက် သူ ချက်ချင်းဖုံးကွယ်ရန်ကြိုးစားသော်လည်း ပိုကြိုးစားလေ သူ အလေးအနက်ထားပြီး တကယ်ပြောလိုက်သည်က ပိုထင်ရှားလာလေ ဖြစ်သည်။
"ဒိုင်အန်းက ခုတလောသိပ်မှုမမှန်ဘူးလို့ခံစားရလို့ပါ "
မန်နေဂျာကို ဓါးစာခံအဖြစ် အသုံးချဖို့ရည်ရွယ်လိုက်တာပေါ့ ဟုတ်လား!
သူ ဒီစကားကို ကြားလိုက်ရသောအခါ အိုးရန်လုံ ရယ်လုနီးပါးဖြစ်သွားသော်လည်း ကံကောင်းစွာဖြင့် သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သည်။
" တိတ်တခိုး တစ်ဖက်သတ် ချစ်ရတဲ့သူလား? တစ်ခါမှ ကိုယ့်မှာ မရှိခဲ့ဖူးဘူး "
"ဘာလို့လဲ?" ဆုနို နားမလည်ပေ!
"မင်းသာ တစ်စုံတစ်ယောက်ကို တကယ်ကြိုက်ရင် သူလက်ခံလာအောင် ဘာလို့ မကြိုးစားကြည့်ရတာလဲ? အိုးရန်လုံ သူ့ကို တစ်ချက်ကြည့်လိုက်ကာ "တကယ်လို့ မင်းမှာ ဖွင့်ပြောဖို့ သတ္တိမရှိရင် အချက်နှစ်ချက်နဲ့ သက်ဆိုင်နေလို့ပဲ"
" နှစ်ချက်က ဘာလဲ?" ဆုနို ဆက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ပထမတစ်ချက်က သူတို့က အဲ့လူကို တကယ်မကြိုက်လို့ ဒုတိယတစ်ချက်က မဖြစ်နိုင်မှန်း သူတို့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိနေလို့ ဖွင့်ပြောလိုက်ရင် သူတို့ စိတ်ထဲမှာ ဝမ်းနည်းသွားရလိမ့်မယ် "
အိုးရန်လုံ မေးလိုက်၏ "မင်း.....မန်နေဂျာက ဘယ်အမျိုးအစားထဲမှာပါတယ်လို့ထင်လဲ?
"ကျွန်တော်လည်း မသိဘူး!" ဆုနို သူ့စိတ်ထဲတွင်ပူပန်သွားရသည်။
"ပျော်စရာကောင်းတဲ့ ကိစ္စတွေကိုပဲ စဉ်းစားပါ" အိုးရန်လုံ ကားကိုအမြန်လမ်းမသို့ ဦးတည်မောင်းသွားလိုက်ကာ "ဒါမှမဟုတ်ရင် မျက်လုံးမှိတ်ပြီး ခဏလောက်အိပ်လိုက်ပါလား အခုမှဆယ့်ငါးမိနစ်လောက်ပဲ မောင်းရသေးတယ် "
"ကျွန်တော်တို့ အခုဘယ်သွားနေတာလဲ?"
နောက်ဆုံးတွင် ဆုနိုသည် ထိုမေးခွန်းကိုမေးဖို့ သတိရလာတော့သည်။
" မင်းကိုရောင်းစားမလို့ ခေါ်သွားနေတာ" အိုးရန်လုံသည် သာသာယာယာပဲ ပြောလိုက်သည်။
"... ချမ်းသာတဲ့လူတစ်ယောက်ကို ရွေးရောင်းဖို့ သတိထားပေးနော်" ဆုနိုသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်ခုံပေါ် ကျောမှီလိုက်သည်။
"ဒါပေါ့! သူတို့က ချမ်းသာတဲ့ လူတွေပဲ ဖြစ်စေရမယ်" အိုးရန်လုံ ရယ်လိုက်သည်
ဒီလိုမှမဟုတ်ရင် တစ်နပ်တည်းမှာအများကြီးစားနိုင်တဲ့သူကို ဘယ်သူက တတ်နိုင်မှာလဲ?
Author Note~
စာရေးသူမှာ ပြောစရာရှိပါတယ်
CP က အိုးရန်လုံ × ဆုနို,ချိုးကျီယန် × ထန်ရှောင်းယွီ ပါ ဒါက သိသာထင်ရှားပါတယ် မိန်းကလေးတော်တော်များများ ဘာလို့မေးနေသေးတာလဲ ?? အဟင့်အင့်.....
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
႐ႈပ္ေထြးလြန္းသည့္ ဓါတ္ပုံ႐ိုက္ခ်က္မ်ားႏွင့္ အံ့ၾသေလာက္ဖြယ္ ေတြ႕႐ွိမႈ
ေမာ္ဒယ္တစ္ဦးအေနနဲ႔ ဆုႏိုအတြက္က ဓာတ္ပုံ႐ိုက္ျခင္းသည္ ေသးငယ္တဲ့ကိစၥတစ္ခုျဖစ္သည္။
ဒါေပမယ့္ ....သူ ခ်ိဳးက်ီယန္နဲ႔ လုံးဝပူးေပါင္းေဆာင္႐ြက္လိုျခင္းမ႐ွိတာပင္။အဲ့ဒါထက္ သူ႕ရဲ႕ အေပၚပိုင္းတစ္ခုလုံးက အဝတ္အစားတစ္ခုမွ ကပ္မေနတာပဲ။
အေပၚပိုင္းတစ္ခုလုံးေျဗာင္ႀကီး!!အေပၚပိုင္းတစ္ခုလုံးေနာ္!!
စိတ္ပ်က္စရာ အေကာင္းဆုံးအရာေတြက freshers(ပထမႏွစ္) ျပန္ျဖစ္သြားတာနဲ႔ ဒီလို ကိစၥမ်ိဳးေတြပဲ။
မင္း အခြင့္အေရး႐ွာၿပီး abs ေတြကို ျပေနတာကိုက မုန္းစရာေကာင္းတယ္။
မင္း အဲ့ဒီေလာက္ abs ေတြကို အသားေပးေဖာ္ျပရမွာ ႀကိဳက္ေနရင္ ဘာလို႔ မင္းမ်က္ႏွာေပၚမွာ စာလုံးေလးလုံးပါတဲ့ "ကြၽန္ေတာ္႕မွာ ဝမ္းဗိုက္ႂကြက္သားေတြ ႐ွိပါတယ္" လို႔ စာ မကပ္ထားတာလဲ!
ၿပီးရင္ ကြင္းစကြင္းပိတ္နဲ " six packs မဟုတ္ဘူး eight packs ေနာ္ " ဆိုၿပီးပါ ထပ္ထည့္လိုက္! ဒါမွသာ မင္းရင္ဘက္ေပၚကစာေတြနဲ႔ စိတ္ေနစိတ္ထားက ကိုက္ညီသြားလိမ့္မယ္!
"ငါ သူ႕ကိုလုံးဝ မနာလိုေနတာမဟုတ္ဘူးေနာ္!"
ဆုႏို အံသြားကို တင္းတင္းႀကိတ္ေနၿပီး သူ႕မန္ေနဂ်ာကိုလည္း ျပင္းျပင္းထန္ထန္ လိမ္ဆြဲေနသည္။
“ဟုတ္ပါတယ္...ငါတို႔ သူ႕ကို မနာလိုမျဖစ္ပါဘူး ေ႐ွး႐ိုးဆြဲေနတဲ့သူေတြကသာ အက်ႌမ၀တ္ၾကတာပါ” မန္ေနဂ်ာက သူ႕မ်က္လုံးထဲတြင္ မ်က္ရည္ေတြ အျပည့္နဲ႔ သူ႕လက္နဲ႔ ေဝးရာကို အျမန္ေ႐ွာင္႐ွားလိုက္ရသည္။
“ႏိုႏို မင္းဝင္လို႔ရၿပီ ! " လက္ေထာက္ကင္မရာသမား က သူ႕ကိုေခၚလိုက္သည္။
"ႏိုႏို, ငါ မင္းကို စိတ္ၿငိမ္ၿငိမ္ထားဖို႔ ေတာင္းဆိုပါတယ္ေနာ္" သူ႕မန္ေနဂ်ာက သူ႕ကို စိတ္ၿငိမ္ေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားေပးေနကာ သူ႕ေဒါသေၾကာင့္ တျခားလူအေပၚကိုခုန္တတ္ၿပီးႂကြက္သားေတြကို ဆြဲကုတ္လိုက္မွာကို ေၾကာက္ေနမိသည္။
"ငါ စိတ္ၿငိမ္ၿငိမ္ ထားမွာပါ ငါက ပ႐ိုဖက္႐ွင္နယ္တစ္ေယာက္ပဲေလ! " ဆုႏို အသက္ကိုခပ္ျပင္းျပင္း႐ွဴလိုက္ၿပီး ေအးစက္ေၾကာ့႐ွင္းစြာ လမ္းေလွ်ာက္သြားလိုက္သည္။
"မင္းနဲ႔ အလုပ္တြဲလုပ္ရတာ ဝမ္းသာပါတယ္" ခ်ိဳးက်ီယန္ သူ႕ကိုျပဳံးျပလိုက္သည္။
မင္းက ဘာအတြက္ျပဳံးေနတာလဲ? ငါကေတာ့ လုံးဝေပ်ာ္မေနဘူးကြ!
ဆုႏို သူ႕စိတ္ထဲတြင္ေတာ့ သူရဲ႕လက္ဖဝါးကို ေနာက္လက္တစ္ဖက္က လက္သီးႏွင့္ထိုးလိုက္ၿပီး ေဒါသတႀကီးေအာ္ဟစ္လိုက္ၿပီးေနာက္တြင္ အေၾကာင္းတစ္ခုခုေၾကာင့္ သူ႕နားေနာက္တြင္ ပူေႏြးလာခဲ့သည္။
“ အိုေခ!က်ီယန္......ႏိုႏိုကို အေနာက္ကေန ေပြ႕ဖက္လိုက္ ” ဓာတ္ပုံဆရာက focus ကိုခ်ိန္ညႇိေနရင္း ၫႊန္ၾကားလိုက္သည္။
"အဟြတ္..အဟြတ္.." Na-na-nii!! ဆုႏိုသည္ အေနာက္ကေန ေပြ႕ဖက္ခံလိုက္ရေသာေၾကာင့္ တံေတြးသီးသြားရသည္။
"ဒီလိုမ်ိဳးလား?" ခ်ိဳးက်ီယန္ သူ႕ကိုအေနာက္ကေန ညင္သာစြာေပြ႕ဖက္လိုက္၏။
အား...! ဆုႏို ခ်က္ခ်င္းပင္ သူ႕မ်က္လုံးဝိုင္းႀကီးေတြနဲ႔ ေငးၾကည့္လိုက္ၿပီး သူ႕ဦးေႏွာက္တစ္ခုလုံးကလည္း ေခါင္းတည့္တည့္ကို မိုးႀကိဳး ပစ္ခ်လိုက္သည့္အတိုင္း ဗလာက်င္းသြားကာ သူ႕ခႏၶာကိုယ္တစ္ခုလုံးက Sparta ျဖစ္သြားေတာ့သည္။
“ အရမ္းေကာင္းတယ္,ႏိုႏို မင္းရဲ႕အမူအယာေလးကို ခပ္ဆိုးဆိုး ပုံစံေလး ျဖစ္ေအာင္လုပ္လိုက္” ဓာတ္ပုံဆရာက အလြန္ေက်နပ္သြားသည္။
မင္းတစ္မိသားစုလုံးသာ ဆိုးသြမ္းယုတ္မာေနလိုက္!!
အခု သူက သူ႕ေနာက္ေက်ာမွာ႐ွိေနတဲ့ တစ္ဖက္လူရဲ႕ လက္ေမာင္းေတြၾကားမွာ တင္းတင္းက်ပ္က်ပ္အဖက္ခံေနရၿပီး သူ႕ရဲ႕ ခႏၶာကိုယ္အပူခ်ိန္နဲ႔ ရင္အုပ္ႂကြပ္သားေတြကိုပါ သူ႕႐ွပ္အက်ီေတြကေနတဆင့္ ခံစားလို႔ရသည္။
ဆုႏို ေခြၽးေတြ႐ြဲနစ္ေနၿပီး သူ႕ တစ္ကိုယ္လုံးက ဓါတ္လိုက္ေနသလို ခံစားေနရတဲ့အျပင္ သူ႕လည္ပင္းသည္လည္း ေတာင့္ေနၿပီ ျဖစ္သည္။
အရမ္း,အရမ္း,အရမ္းကို ဆိုး႐ြားလြန္းလိုက္တာ!!သူ႕ေနာက္ေက်ာဘက္မွာကပ္ေနတဲ့ ပုဂၢိဳလ္က ေကာင္းက်ိဳးကို မေပးတာ , ဟုတ္ၿပီလား!!
"ႏိုႏို, မင္း ဘာျဖစ္သြားတာလဲ?"
ဓာတ္ပုံဆရာက ေခါင္းေမာ့လိုက္ၿပီး အနည္းငယ္႐ႈပ္ေထြးသြားရသည္။
“ ေတာင္းပန္ပါတယ္ဗ်ာ ,ႏိုႏိုက ခုတေလာရာသီဥတုအေျပာင္းအလဲေလးေတြေၾကာင့္ နည္းနည္းေနမေကာင္းခ်င္သလို ျဖစ္ေနလို႔ပါ ” မန္ေနဂ်ာက အေျခအေနကို ခ်က္ခ်င္းဆိုသလို ကယ္တင္လိုက္သည္။
ခ်ိဳးက်ီယန္ကလည္း "သူ မိနစ္အနည္းငယ္ေလာက္အနားယူဖို႔လိုလိမ့္မယ္ထင္တယ္ "
သူတို႔မ႐ိုက္ကူးခင္တုန္းကလည္း ခဏနားထားၾကေသးတယ္မလား?
ဓာတ္ပုံဆရာက နည္းနည္းေတာ့ လက္မခံခ်င္ေသာ္လည္း အျခားတစ္ဖက္က နာမည္ႀကီးတစ္ေယာက္ျဖစ္ေနၿပီး ခ်ိဳးက်ီယန္သည္လည္း သူရဲ႕ နားလည္မႈကိုထုတ္ေဖာ္ေျပာဆိုခဲ့သျဖင့္ သေဘာတူခဲ့ရသည္။
"မင္းအဆင္ေျပရဲ႕လား?" သူ႕မန္ေနဂ်ာက သူ႕ကိုေထာင့္တစ္ေနရာမွာထိုင္ခိုင္းၿပီး အရမ္းကိုစိတ္ပူေနသည္။
ဆုႏိုရဲ႕ ေက်ာျပင္က ထုံက်ဥ္ေနၿပီျဖစ္သည္။
ဒါက အလုပ္ႏွင့္သက္ဆိုင္ေနသည္မို႔ မန္ေနဂ်ာလည္း ဆုႏိုအား အေကာင္းဆုံးလုပ္ရန္ စည္း႐ုံးသိမ္းသြင္းဖို႔ႀကိဳးစားေနသည္။ "ဒါက ႀကီးႀကီးမားမားကိစၥမဟုတ္ပါဘူး...မင္းသူ႕ကို ေအာ္တိုမန္း တစ္ေယာက္လို႔မင္းေတြးလိုက္”
ေအာ္တိုမန္းရဲ႕ ေပြ႕ဖက္ထားခံရတာထက္ေတာင္ သူက ပိုၿပီး ေၾကာက္စရာေကာင္းတယ္! ဆုႏို တုန္လႈပ္သြားရသည္။
"မင္း ဘာလို႔ သူ႕အေပၚအရမ္း....... "
မန္ေနဂ်ာက မူလက 'ေၾကာက္ေနရတာလဲ?'လို႔ ေမးလိုက္ခ်င္ေပမယ့္ ကံေကာင္းစြာနဲ႔ပဲ အခ်ိန္မီရပ္တန္႔ႏိုင္ခဲ့သည္။ ဒီစကားက ဆုႏိုအတြက္ စိတ္တိုေစမယ့္စကားျဖစ္သည့္အတြက္ သူလုံးဝကို မတို႔ရဲ႕ေပ။
"ငါလည္းမသိေတာ့ဘူး.." ဆုႏို ငိုခ်င္ေပမဲ့လည္း မ်က္ရည္မက်ႏိုင္ခဲ့ေပ။ သူ ဒီေလာကထဲကို စ၀င္ကတည္းက ေယာက်္ားတစ္ေယာက္ကိုမေျပာနဲ႔ ရင္သားႀကီးတဲ့မမ တစ္ေယာက္နဲ႔ရင္းရင္းႏွီးႏွီးပိုစ့္ေပးရရင္ေတာင္ သူ႕မွာဘာျပႆနာမွမ႐ွိခဲ့ေပ။
တစ္ျခားဘက္ကလူက ခ်ိဳးက်ီယန္အျဖစ္ ေျပာင္းလဲသြားလိုက္တာနဲ႔ ဘာေၾကာင့္ဒီေလာက္ သဘာဝမက်ျဖစ္သြားရတာလဲ?
ခဏေလး!!< တျခားသူေတြနဲ႔ဆိုရင္ ငါမွာ ဘာျပသနာမွမ႐ွိဘူး ခ်ိဳးက်ီယန္နဲ႔သာ မတူညီတဲ့ ခံစားခ်က္ေတြျဖစ္လာရတယ္ >
ဒီစာေၾကာင္းကေန မိန္းကေလးတစ္ေယာက္ရဲ႕ ျပင္းျပင္းျပျပ႐ွိတဲ့ ခံစားခ်က္မ်ိဳး ရေနတာလဲ.....
အခု သူက တျခားတစ္ေယာက္ရဲ႕ ေပြ႕ဖက္တာကို ခံလိုက္ရတယ္ ၿပီးေတာ့ သူ႕ရဲ႕ႏွလုံးကလည္း ခုန္ေပါက္ေနၿပီး မ်က္ႏွာကလည္း နီရဲလာ.....ဖာ့ခ္ ငါ သူ႕ကိုမ်ားတစ္ဖက္သတ္ႀကိဳက္ေနမိတာလား?!
ဖာ့ခ္!ဖာ့ခ္!ဖာ့ခ္!ဖာ့ခ္!ဖာ့ခ္!ဖာ့ခ္! ဒါက မိုးႀကိဳး ပစ္ခ်လိုက္သလိုပဲ!!
ဆုႏိုရဲ႕ လက္ဖ်ားေလးေတြက ခ်က္ခ်င္းကို ေအးစက္လာေတာ့သည္။ သူ႕အျမင္အာ႐ုံက ေမွာင္မိုက္သြားၿပီး သတိလစ္ေမ့ေမ်ာေတာ့မလိုပင္။
"ႏိုႏို ဘာျဖစ္တာလဲ?" မန္ေနဂ်ာက သူရဲ႕ျဖဴေဖ်ာ့ေနသည့္ မ်က္ႏွာကိုျမင္ၿပီး လန္႔လာသည္။
Ahhhhhh!!!, ေၾကာက္စရာေကာင္းလြန္းတယ္!
ဆုႏို ဒိုင္အန္းကို ျမန္ျမန္ ေပြ႕ဖက္လိုက္သည္။
"ႏိုႏို ,ငါ့ကို မေျခာက္ပါနဲ႔!" သူ႕မန္ေနဂ်ာက သူ႕ေက်ာကို အလ်င္အျမန္ ပုတ္ေပးလိုက္ၿပီး " ဘယ္ေနရာမွာ မသက္မသာ ျဖစ္ေနတာကို ခံစားေနရလို႔လဲ?"
ဆုႏို သူ႕ႏွလုံးသားထဲတြင္ က်ယ္ေလာင္စြာေအာ္ဟစ္လိုက္သည္။
ဒါတကယ္မဟုတ္တာ ေသခ်ာတယ္!!
"မင္းအဆင္ေျပရဲ႕လား?" ခ်ိဳးက်ီယန္က အလြန္ၾကင္နာတတ္ကာ သူ႕အတြက္ ေရတစ္ခြက္ကိုယူလာေပးသည္။
“ ေက်းဇူးအမ်ားႀကီးတင္ပါတယ္” ဆုႏို ေရခြက္ကိုယူလိုက္ၿပီး သူ႕မ်က္လုံးမ်ားသည္ မေကာင္းတာတစ္ခုခုကိုလုပ္မိသလို ျဖစ္ေနၿပီး မ်က္လုံးခ်င္းမစုံဘဲ ေ႐ွာင္တိမ္းေနသည္။
"ခဏေလာက္အနားယူလိုက္ပါ ကြၽန္ေတာ္ ေစာင့္ရလည္း ကိစၥမ႐ွိပါဘူး” ခ်ိဳးက်ီယန္ ျပဳံးၿပီး ကင္မရာမန္းနဲ႔စကားေျပာဖို႔ လွည့္ထြက္လာခဲ့သည္။
"ငါ- ငါ- ငါ ဒါကိုမလုပ္ေတာ့ဘူး" ဆုႏို ဒိုင္အန္းကိုေၾကာက္႐ြံ႕စြာ လွမ္းဆြဲလိုက္သည္။
"ဟုတ္ၿပီ..ဟုတ္ၿပီ..ငါတို႔ ဒါကိုမလုပ္ေတာ့ဘူး
မလုပ္ေတာ့ဘူး..ဟုတ္ၿပီလား” ဒိုင္အန္း သူ႕ကို ဒီလိုမ်ိဳး ျဖစ္တာကိုတစ္ခါမွမျမင္ဖူးခဲ့၍ သူသည္လည္း အလြန္ထိတ္လန္႔သြားခဲ့သည္။
"ငါတို႔ျပန္ၿပီးအနားယူရေအာင္"
“အင္း!" ဆုႏို ေခါင္းညိတ္လိုက္ၿပီး သူ႕ႏွလုံးသားကအ႐ူးကဲ့သို႔ခုန္ေပါက္ေနသည္။
"ဘာျဖစ္တာလဲ?" အိုးရန္လုံသည္ မူလကဓါတ္ပုံ႐ိုက္ကြင္းကိုၾကည့္ရန္ ဝင္သြားလိုက္ခ်င္ခဲ့ေသာ္လည္း ဒီလိုကိစၥေတြျဖစ္သြားလိမ့္မယ္လို႔ သူ မထင္ခဲ့ေပ။အခ်ိန္ေတာ္ေတာ္ၾကာၾကာ ႐ွာေဖြၿပီးေနာက္မွသာ ဆုႏိုကိုေထာင့္တစ္ေနရာမွာ သူေတြ႕ခဲ့သည္။
"ႏိုႏိုက ေနမေကာင္းျဖစ္ေနလို႔ သူ႕ကို အိမ္အရင္ျပန္ပို႔ေပးမလို႔ပါ,ဒါ႐ိုက္တာ ” မန္ေနဂ်ာက သူ႕အတြက္ ကူေျဖေပးလိုက္သည္။
"မင္းေနမေကာင္းဘူးလား?" အိုးရန္လုံ သူ႕ေ႐ွ႕မွာေျခတစ္ဖက္ၫႊတ္ထိုင္လိုက္ကာ "မင္းမ်က္ႏွာက ဘာလို႔ဒီေလာက္နီေနတာလဲ? အဖ်ား႐ွိေနတာလား? "
"....ဟုတ္မယ္ထင္တယ္” ဆုႏိုရဲ႕ လက္သည္ ေရခဲတမွ်ေအးစက္သြားသည္။
ဒိုင္အန္းက တာဝန္ခံဆီမွ ခြင့္ျပဳခ်က္ကို သြားေတာင္းခံေနၿပီး အိုးရန္လုံကေတာ့ ဆုႏိုရဲ႕ နံေဘး၌ ထိုင္လိုက္ကာ သူရဲ႕လက္ျဖင့္ ႏွာဖူးအပူခ်ိန္ကို တိုင္းလိုက္သည္။
"ပူေတာ့ မပူပါဘူး,Ah.."
"En..."
ဆုႏို သူရဲ႕ ထိတ္လန္႔တုန္လႈပ္ေနမႈကေန ႏွစ္ျမဳပ္ေနဆဲျဖစ္ၿပီး အခုထိထြက္မလာႏိုင္ ေသးေပ။ အက္ပါကာ(alpaca) တစ္သိန္းေလာက္က သူ႕ႏွလုံးသားမွာ ေျပးလႊားေနသလို။ တစ္သိန္းေတာင္ေနာ္ !
"မင္းရဲ႕ႏွလုံးသားထဲမွာ စိုးရိမ္ေနတဲ့အရာ တစ္ခုခု႐ွိေနလို႔လား?" အိုးရန္လုံရဲ႕ အသံမွာ ႏူးညံ့ကာ ၾကင္နာလွသည္။
'အမ္! ငါစိတ္ထဲမွာ တစ္ခုခု႐ွိေနတာ ခင္ဗ်ားဘယ္လိုသိေနတာလဲ? ငါ့မွာ လွ်ိဳ႕ဝွက္ထားတဲ့အခ်စ္႐ွိတယ္ဆိုတာ သိသာလြန္းေနလို႔လား? ဒါက လွ်ိဳ႕ဝွက္ထားတဲ့ တစ္ဖက္သက္အခ်စ္မဟုတ္ဘူး!!ငါ သူ႕ကိုမုန္းတယ္ဆိုတာ သိသာေနတာပဲ!
အေဝးမွရယ္ရယ္ေမာေမာေျပာေနသည့္ ခ်ိဳးက်ီယန္ကိုေမာ့ၾကည့္လိုက္ေသာအခါ ဆုႏိုသည္ အက်ိဳးအေၾကာင္း႐ွင္းျပ၍ မရႏိုင္ေလာက္ေအာင္ မွားယြင္းေနတယ္ ဆိုတာကို ခံစားလိုက္သည္။
အိုးရန္လုံ သူရဲ႕အၾကည့္ကိုလိုက္ၾကည့္လိုက္ေသာအခါ သူ႕မ်က္လုံးတစ္ေလွ်ာက္မွာ မေရရာသည့္ခံစားခ်က္တခ်ိဳ႕ျဖင့္ ျပည့္ႏွက္သြားသည္။
"ကြၽန္ေတာ္အရင္ျပန္လိုက္ဦးမယ္" ဆုႏို စိတ္ၿငိမ္သြားေအာင္ တစ္ေယာက္တည္းေအးေအးေဆးေဆး ေနခ်င္သည္။
“ ညစာအတူသြာစားရေအာင္ ” အိုးရန္လုံ ဖိတ္ေခၚလိုက္ကာ "ကိုယ္ မင္းကို Meadow ကို ေခၚသြားေပးမယ္"
"အဲဒါက ဘယ္ေနရာလဲ?" ဆုႏို အာ႐ုံလြဲသြားကာ..
“ အရမ္းေပ်ာ္စရာေကာင္းတဲ့ေနရာ..” အိုးရန္လုံ သူ႕လည္ပင္းေကာ္လံကို သပ္ရပ္ေအာင္ကူညီေပးလိုက္ကာ “ မင္းရဲ႕စိတ္အေျခအေနက မေကာင္းဘူးလို႔ မင္းထင္ေနတာမလား အျပင္ခဏထြက္ၿပီး လည္ပတ္လိုက္ရင္ ပိုေကာင္းသြားလိမ့္မယ္ ”
“ ကြၽန္ေတာ္ -”
"ဒါဆို ဆုံးျဖတ္ၿပီးၿပီေနာ္” အိုးရန္လုံ သူရဲ႕ဖုန္းကိုထုတ္လိုက္ၿပီး “ ကိုယ့္ရဲ႕အတြင္းေရးမႉးကို ေနရာယူထား ခိုင္းလိုက္မယ္”
"ကြၽန္ေတာ္ အိမ္ျပန္ၿပီးပဲ အိပ္ခ်င္တယ္" ဆုႏိုသည္ ထိုျမက္ခင္းျပင္သို႔သြားရန္စိတ္ကူး မ႐ွိခဲ့ေခ်။
ဒါ႐ိုက္တာအိုးရန္ကေတာ့ သူရဲ႕ ကန္႔ကြက္မႈမ်ားကို လုံးဝလ်စ္လ်ဴ႐ႈလိုက္ရင္း သူသေဘာအတိုင္း လုပ္ခဲ့ၿပီး ဖုန္းဆက္ကာ ေနရာယူထားခိုင္းခဲ့သည္။
“ သြားရေအာင္ ႏိုႏို, အိမ္ျပန္ရေအာင္ "
သူ႕မန္ေနဂ်ာက သူ႕ဆီကို အိမ္ျပန္ရန္ လာေခၚလိုက္သည္။
"ကြၽန္ေတာ္ မစၥတာဆုနဲ႔ ညစာအရင္ သြားစားမလို႔..” အိုးရန္လုံက အလ်င္အျမန္ ေျပာလိုက္သည္။
"ညစာ?" မန္ေနဂ်ာက ဆုႏိုကိုစိတ္႐ႈပ္ေထြးစြာၾကည့္လိုက္ကာ "မင္းအနားယူဖို႔ မျပန္ခ်င္ေတာ့ဘူးလား?"
".....ကိစၥမ႐ွိပါဘူး" ဆုႏိုရဲ႕စိတ္ထဲမွာ ႐ႈပ္ေထြးေနဆဲ ျဖစ္ၿပီး ဒီလူႏွစ္ေယာက္နဲ႔ ဖက္ျဖစ္ဖို႔ရာ အင္အားလုံးဝမ႐ွိေတာ့ေခ်။
"မင္းတကယ္အျပင္ကို သြားခ်င္တာလား?" မန္ေနဂ်ာက သူ႕ကိုအရမ္းကိုစိုးရိမ္ေနဆဲ ျဖစ္သည္။
"အင္...ငါေနာက္မွ ကိုယ့္ဘာသာျပန္လာခဲ့မယ္ ” ဆုႏို အိုးရန္လုံကို ၾကည့္လိုက္ၿပီး သူနဲ႔ အတူညစာ စားဖို႔အေဖာ္တစ္ေယာက္႐ွိေနတာကလည္း မဆိုးပါဘူး လို႔ ခံစားရသည္။
“......ေကာင္းၿပီ၊ ဒါဆို မင္းတစ္ခုခုလိုအပ္ရင္ငါ့ကိုဖုန္းေခၚလိုက္ေနာ္” မန္ေနဂ်ာခင္ဗ်ာ မတတ္ႏိုင္ေတာ့ပဲ သူ႕ကိုသြားခြင့္ျပဳလိုက္ရသည္။
သူတို႔သုံးေယာက္ လွည့္ထြက္ေတာ့မည္အခ်ိန္တြင္ လူဆိုးေလးက တုံ႔ဆိုင္းသြားၿပီး ႐ိုက္ကူးေရး႐ွိရာဘက္သို႔ တစ္ခ်က္ျပန္ လွည့္ၾကည့္လိုက္သည္။
အိုးရန္လုံက ေျခတစ္လွမ္း လွမ္းလိုက္ၿပီး မသိသာ
သည့္ အမူအယာျဖင့္ သူ႕ရဲ႕ျမင္ကြင္းကို ပိတ္စို႔ေစလိုက္သည္။ သူတို႔အဝတ္အစားေတြလဲ ၿပီးေနာက္ အိုးရန္လုံနဲ႔ ဆုႏိုတို႔ ကားပါကင္ကို အတူတူသြားၾကသည္။
ဆုႏို ေ႐ွ႕ထိုင္ခုံမွာထိုင္လိုက္ရင္း " ကြၽန္ေတာ္ ဒါ႐ိုက္တာကို ဝယ္ေကြၽးပါမယ္ ကြၽန္ေတာ္ေကြၽးဖို႔ အေႂကြးက်န္ေနေသးတယ္ေလ"
"ေနာက္တစ္ႀကိမ္အတြက္ မွတ္,ထားလိုက္ပါ " အိုးရန္လုံ သူရဲ႕ ထိုင္ခုံခါးပတ္ကိုကူပတ္ေပးလိုက္သည္။
"မင္းသီခ်င္းနားေထာင္ခ်င္လား?"
ဆုႏို ေခါင္းခါလိုက္သည္။ သူ႕မွာ အင္အားေတြ ကုန္ဆုံးေနၿပီ ျဖစ္သည္။ အိုးရန္လုံ စိတ္ထဲမွသက္ျပင္းခ်လိုက္ၿပီး ကားကို ကားပါကင္ကေန ေမာင္းထြက္လာခဲ့သည္။
ဆုႏို ျပတင္းေပါက္ဘက္ကို ေငးစိုက္ၾကည့္ေနၿပီး သူ႕ေခါင္းထဲမွာ ခ်ိဳးက်ီယန္ေတြခ်ည္း ျပည့္ႏွက္ေန၏။
ငါ အြန္လိုင္းတက္တိုင္း သူ႕ရဲ႕ကိုယ္ပိုင္ webpage ကို သြားၿပီး တခ်ိန္လုံး သူရဲ႕ လႈပ္႐ွားမႈေတြမွာ အာ႐ုံစိုက္တယ္ သူ႕ပုံေတြကို သိမ္းဖို႔ ႐ိုက္ကလစ္ ႏွိပ္တယ္ သူ အသစ္ေတြ တင္တိုင္းလည္း သြားပုတ္ခတ္တယ္ ၿပီးေတာ့ ထပ္တင္ရင္ ထပ္ၿပီး......
အဲ့ဒါေတြ အကုန္လုံးက မနာလိုျဖစ္ေနလို အေႏွာင့္အယွက္သြားေပးတာ မဟုတ္ဘူးေပါ့!!
ဆုႏိုရဲ႕ ႏွာေခါင္းက ႐ႈံ႕ပြပြျဖစ္လာသည္။
သူက တကယ္ကိုအ႐ူး တစ္ေယာက္ပဲ!
အိုးရန္လုံသည္ သူရဲ႕ အမူအယာေတြကို မ်က္လုံးေထာင့္ကေနျမင္လိုက္ရကာ သူ CD player ေပၚ႐ွိ play ခလုတ္ကိုႏွိပ္လိုက္သည္။
🎶"ဂိတ္အေ႐ွ႕ဘက္႐ွိ တံတားေအာက္မွာ ေရကူးေနတဲ့ဘဲေတြအုပ္စုလိုက္႐ွိတယ္..."🎶 ကေလးတစ္ေယာက္ရဲ႕ခ်စ္စရာေကာင္းတဲ့အသံေလးတစ္သံ ထြက္လာေသာေၾကာင့္ ဆုႏိုသည္ ေၾကာင္အသြားရသည္။
သူ သတိျပန္ဝင္လာၿပီး "ဘာသီခ်င္းလဲ? "
"ကေလးသီခ်င္း" အိုးရန္လုံရဲ႕ ႏႈတ္ခမ္းမ်ားက ေကြးၫႊတ္လ်က္" ဒါက မင္းလိုကေလးေလးတစ္ေယာက္အတြက္ အရမ္းသင့္ေတာ္တယ္"
"ကြၽန္ေတာ္က ကေလးတစ္ေယာက္နဲ႔ဘယ္လိုလုပ္တူမွာလဲ?" ဆုႏို စိတ္အေႏွာင့္အယွက္ျဖစ္သြားရသည္။
'မဟုတ္ဘူး,မင္းက ကေလးတစ္ေယာက္နဲ႔ တူတာမဟုတ္ဘူး ကေလးတစ္ေယာက္ပဲ' အိုးရန္လုံ ျပဳံးလိုက္ရင္း ေခါင္းကို ခါယမ္းလိုက္သည္။
KG ကေလးေလးေတြကပဲ သူတို႔စိတ္ထဲမွာ ႀကိဳက္ရင္ ႀကိဳက္တဲ့ အေၾကာင္းေျပာၿပီး မုန္းရင္ မုန္းတဲ့အေၾကာင္းေတြ ေျပာၾကတာ။
KG ကေလးေတြကပဲ ငတုံးေလးေတြလို တုံးၾကတာ။ အင္တာနက္ သုံးၿပီးရင္ ျပန္မဖ်က္ဘဲထားခဲ့တာမ်ိဳးေပါ့
ဆုႏိုျပန္သြားတဲ့ အဲဒီေန႔မွာပဲ အိုးရန္လုံ အင္တာနက္သုံးဖို႔ ကြန္ျပဴတာဖြင့္လိုက္ေသာအခါ ဆုႏိုရဲ႕ ေလာ့အင္ ဝင္ၿပီးသားအေကာင့္ကို ေတြ႕လိုက္ရသည္။
သူ တကယ္ တုန္႔ဆိုင္းေနခဲ့တယ္ဆိုတာကို ဝန္ခံပါတယ္ ေလာ့ေအာက္လုပ္ဖို႔ကိုေတာင္ မေတြးခဲ့မိဘူး အဲ့ဒီ အစား [ မင္းက ငါ့ရဲ႕အေမႊးေျပာင္ နတ္ဆိုးေလး ] ဆိုတဲ့ acc name ကိုပဲ စူးစိုက္ၾကည့္ေနမိတယ္ ၿပီးေတာ့ သူ႕ ပ႐ိုဖိုင္ပုံကိုၾကည့္လိုက္ၿပီး ရယ္ေနမိသည္မွာ သူရဲ႕ မွတ္တမ္းေတြကိုေတာင္ မၾကည့္ရေသးခင္အထိ ေန႔တစ္ဝက္ေလာက္ပင္ ၾကာသြားခဲ့သည္။
ပို႔စ္တစ္ခု...ပို႔စ္ႏွစ္ခု....မွတ္တမ္းႏွစ္ရာေက်ာ္...ခြၽင္းခ်က္မ႐ွိမွတ္တမ္းေတြအားလုံးက ခ်ိဳးက်ီယန္ဆီမွာ cmt ဝင္ေရးထားသည့္ မွတ္တမ္းမ်ားသာျဖစ္သည္။
သြားေရးထားတဲ့ အေၾကာင္းအရာက ႏွစ္မ်ိဳးတည္းပင္။တစ္ခုက ခ်ိဳးက်ီယန္ရဲ႕ခႏၶာကိုယ္ကို ဆဲေရးထားျခင္းျဖစ္ၿပီး ေနာက္တစ္ခုက ဆုႏိုကို ခ်ီးမြမ္းထားသည့္ မွတ္တမ္းမ်ားသာ။
"ဆုႏိုရဲ႕ ကိုယ္ပိုင္ webpage ကိုသြားၿပီးၾကည့္လိုက္စမ္းပါ သူဓာတ္ပုံေတြက ပိုၿပီး ၾကည့္ေကာင္းတယ္" ဆိုသည့္ စကားလုံးေတြ, ေျပာရရင္ စာေမးပြဲတစ္ခုမွာ အမွတ္တစ္ရာရခဲ့ၿပီး လူႀကီးေတြရဲ႕ခ်ီးမြမ္းမႈကို အျပည့္အဝေမွ်ာ္လင့္ထားတဲ့ ကေလးတစ္ေယာက္လိုမ်ိဳး စကားေတြနဲ႔ ျပည့္ႏွက္ေနသည္။
Website ရဲ႕ ကိုယ္ပိုင္မွတ္စု(ဒိုင္ယာရီ)မွာလည္း ခ်ိဳးက်ီယန္ရဲ႕ ပိုစ့္ေတြ အေျခအေနေတြကို ပုံတူပြားယူထားကာ ေဘးနားမွာလည္း ေပ်ာ္ေပ်ာ္ႀကီး မွတ္စုတိုေတြေရးထားေသးသည္၊
"သူ႕ webpage မွာေတာ့ ဒီအေၾကာင္းအရာကို ဖ်က္ထားလိုက္တယ္ ကံေကာင္းလို႔ ငါ ss ယူထားလိုက္ႏိုင္တယ္ ဟဟဟဟဟ!' 'ဒီစားေသာက္ဆိုင္က စားမေကာင္းဘူး အဲ့ဒါကို ၫႊန္းေပးလိုက္တာ သူ႐ူးေနတာပဲ။ ေနာက္တစ္ခါက်ရင္ အခြင့္အေရး႐ွာၿပီး တကယ္ အရသာ႐ွိတဲ့ ငါးကင္ဆိုင္ကို ျပေပးရမယ္ !'
ဒါကို ၾကည့္ရတာ ႐ူးေၾကာင္ေၾကာင္ႏိုင္ေပမယ့္ ခ်စ္စရာေကာင္းေန၏။
တိတ္တခိုးတစ္ဖက္သတ္ႀကိဳက္ေနတဲ့တစ္ေယာက္ ... အိုးရန္လုံသည္ သူရဲ႕ ေမးေစ့ ကိုပြတ္သပ္ေနလိုက္သည္။ ဆုႏိုရဲ႕ အခ်ိန္ဇယားကို အဆက္အသြယ္နဲ႔ ေကာ္ပီရယူထားလိုက္ႏိုင္ကာ သူ ခ်ိဳးက်ီယန္နဲ႔ အလုပ္တြဲလုပ္ေနသည္ကို ျမင္လိုက္ရေသာအခါ အံ့ၾသသြားရသည္။ထိုေၾကာင့္ ဒါ႐ိုက္တာက အခ်ိန္နဲ႔ ေနရာကို ေသခ်ာမွတ္ထားလိုက္ၿပီး စတူဒီယိုမွာ အခ်ိန္ကိုက္ေပၚလာခဲ့သည္။
ဒီမတိုင္ခင္တုန္းက ဆုႏိုရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈကို မသိေသးသည့္အတြက္ သူ ဘာမွ မလုပ္ခဲ့ေပ။ အခုေတာ့ အ႐ုပ္ေလးရဲ႕ တစ္ဖက္သတ္ႀကိဳက္ေနတဲ့သူကို ဖြင့္မေျပာရေသးတာကို အခြင့္ေကာင္းယူၿပီးေတာ့ ဒီလူသားေလးကို အမိဖမ္းရမယ္။
"မင္းစိတ္အေျခအေနမေကာင္းတဲ့အခါ မင္းဘာလုပ္ရတာႀကိဳက္လဲ? " ကားကိုေမာင္းရင္း အိုးရန္လုံ ေမးလိုက္သည္။
"စားရတာ" ဆုႏို စိတ္႐ႈပ္ေထြးေနသည့္အေျခအေနတြင္႐ွိေနၿပီး ထိုအေၾကာင္းအရာ ကိုဖုံးကြယ္ရန္ပ်င္းရိေနသည္။
"အစားစားတာအျပင္ တျခားသူေတြနဲ႔လည္းစကားေျပာလို႔ရပါတယ္" အိုးရန္လုံ သူရဲ႕ ကားျပတင္းေပါက္မွန္ကိုဖြင့္လိုက္ရင္း "ေပ်ာ္ဖို႔အျပင္သြားရတာလည္း မဆိုးပါဘူး"
"... လူတစ္ေယာက္ကို လွ်ိဳ႕ဝွကၿပီး ခ်စ္ခဲ့ဖူးလား?" ဆုႏို တြန္႔ဆုတ္ေနေသာ္လည္း သူ ဆက္ေမးလိုက္သည္။ ထို႔ေနာက္ သူ ခ်က္ခ်င္းဖုံးကြယ္ရန္ႀကိဳးစားေသာ္လည္း ပိုႀကိဳးစားေလ သူ အေလးအနက္ထားၿပီး တကယ္ေျပာလိုက္သည္က ပိုထင္႐ွားလာေလ ျဖစ္သည္။
"ဒိုင္အန္းက ခုတေလာသိပ္မႈမမွန္ဘူးလို႔ခံစားရလို႔ပါ "
မန္ေနဂ်ာကို ဓါးစာခံအျဖစ္ အသုံးခ်ဖို႔ရည္႐ြယ္လိုက္တာေပါ့ ဟုတ္လား!
သူ ဒီစကားကို ၾကားလိုက္ရေသာအခါ အိုးရန္လုံ ရယ္လုနီးပါးျဖစ္သြားေသာ္လည္း ကံေကာင္းစြာျဖင့္ သူ႕ကိုယ္သူ ျပန္ထိန္းလိုက္ႏိုင္သည္။
" တိတ္တခိုး တစ္ဖက္သတ္ ခ်စ္ရတဲ့သူလား? တစ္ခါမွ ကိုယ့္မွာ မ႐ွိခဲ့ဖူးဘူး "
"ဘာလို႔လဲ?" ဆုႏို နားမလည္ေပ!
"မင္းသာ တစ္စုံတစ္ေယာက္ကို တကယ္ႀကိဳက္ရင္ သူလက္ခံလာေအာင္ ဘာလို႔ မႀကိဳးစားၾကည့္ရတာလဲ? အိုးရန္လုံ သူ႕ကို တစ္ခ်က္ၾကည့္လိုက္ကာ "တကယ္လို႔ မင္းမွာ ဖြင့္ေျပာဖို႔ သတၱိမ႐ွိရင္ အခ်က္ႏွစ္ခ်က္နဲ႔ သက္ဆိုင္ေနလို႔ပဲ"
" ႏွစ္ခ်က္က ဘာလဲ?" ဆုႏို ဆက္ၿပီး သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
"ပထမတစ္ခ်က္က သူတို႔က အဲ့လူကို တကယ္မႀကိဳက္လို႔ ဒုတိယတစ္ခ်က္က မျဖစ္ႏိုင္မွန္း သူတို႔စိတ္ထဲမွာ ႐ွင္း႐ွင္းလင္းလင္းသိေနလို႔ ဖြင့္ေျပာလိုက္ရင္ သူတို႔ စိတ္ထဲမွာ ဝမ္းနည္းသြားရလိမ့္မယ္ "
အိုးရန္လုံ ေမးလိုက္၏ "မင္း.....မန္ေနဂ်ာက ဘယ္အမ်ိဳးအစားထဲမွာပါတယ္လို႔ထင္လဲ?
"ကြၽန္ေတာ္လည္း မသိဘူး!" ဆုႏို သူ႕စိတ္ထဲတြင္ပူပန္သြားရသည္။
"ေပ်ာ္စရာေကာင္းတဲ့ ကိစၥေတြကိုပဲ စဥ္းစားပါ" အိုးရန္လုံ ကားကိုအျမန္လမ္းမသို႔ ဦးတည္ေမာင္းသြားလိုက္ကာ "ဒါမွမဟုတ္ရင္ မ်က္လုံးမွိတ္ၿပီး ခဏေလာက္အိပ္လိုက္ပါလား အခုမွဆယ့္ငါးမိနစ္ေလာက္ပဲ ေမာင္းရေသးတယ္ "
"ကြၽန္ေတာ္တို႔ အခုဘယ္သြားေနတာလဲ?"
ေနာက္ဆုံးတြင္ ဆုႏိုသည္ ထိုေမးခြန္းကိုေမးဖို႔ သတိရလာေတာ့သည္။
" မင္းကိုေရာင္းစားမလို႔ ေခၚသြားေနတာ" အိုးရန္လုံသည္ သာသာယာယာပဲ ေျပာလိုက္သည္။
"... ခ်မ္းသာတဲ့လူတစ္ေယာက္ကို ေ႐ြးေရာင္းဖို႔ သတိထားေပးေနာ္" ဆုႏိုသည္ ပင္ပန္းႏြမ္းနယ္စြာျဖင့္ ထိုင္ခုံေပၚ ေက်ာမွီလိုက္သည္။
"ဒါေပါ့! သူတို႔က ခ်မ္းသာတဲ့ လူေတြပဲ ျဖစ္ေစရမယ္" အိုးရန္လုံ ရယ္လိုက္သည္
ဒီလိုမွမဟုတ္ရင္ တစ္နပ္တည္းမွာအမ်ားႀကီးစားႏိုင္တဲ့သူကို ဘယ္သူက တတ္ႏိုင္မွာလဲ?
Author Note~
စာေရးသူမွာ ေျပာစရာ႐ွိပါတယ္
CP က အိုးရန္လုံ × ဆုႏို,ခ်ိဳးက်ီယန္ × ထန္ေ႐ွာင္းယြီ ပါ ဒါက သိသာထင္႐ွားပါတယ္ မိန္းကေလးေတာ္ေတာ္မ်ားမ်ား ဘာလို႔ေမးေနေသးတာလဲ ?? အဟင့္အင့္.....