-ခင်ဗျားရှိနေလို့ ကျွန်တော် မကြောက်တော့
ဘူး-
(This chapter contains mild sexual
references,mild gore!)
ချင်ကျုးအဆောင်တော်မှ ကျဥ်းကျဥ်းကျပ်
ကျပ် ရေစည်လေးနှင့် မတူဘဲ ဧကရာဇ်တွင်တော့ ရေချိုးသန့်စင်ရန် ထန်ချွမ်းအဆောင်တော် တစ်ခုလုံးတောင် ရှိသေး၏။၎င်းသည် ကျယ်ဝန်းပြီး အတွင်း၌ ရေပူစမ်းကန်များလ
ည်း ပါဝင်သည်။နံရံကို အဖြူရောင်ကျောက်
သလင်းများဖြင့် အုပ်ရံထားပြီး နဂါးခေါင်းသဏ္ဍာန် ထွင်းထုထားသော ရေပိုက်မှတဆင့် ရေတဝေါဝေါ ကျဆင်းလျက်ရှိသည်။ထို့အ
ပြင် အောက်ခြေမှ မြေပြင်အပူရှိန်ကိုလည်း နွေးထွေးပြီး သက်တောင့်သက်သာဖြစ်စေ
သော အနေအထားအထိ ချိန်ညှိထားသည်။
ဝေ့လျန်သည် အဝတ်အစားများကို ချွတ်၍ ခေါက်တံခါးပေါ်သို့ တင်လိုက်ပြီး ကျောက်ဆ
စ်လှေကားထစ်များအတိုင်း ခြေဗလာဖြင့် ဆ
င်းလာ၍ ကန်ထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာခဲ့သည်။မှင်ရောင်လို နက်ရှိုင်းနေသော ဆံနွယ်များသည် ရေမျက်နှာပြင်တွင် မျေယလွင့်နေပြီး နို့နစ်ရောင်ကဲ့သို့ မွတ်ညက်ဖြူဝ
င်းသော အသားအရည်သည် ရေနွေးငွေ့ကြောင့် အနည်းငယ် နီသွေးဖြန်းလာခဲ့သည်။
ရေစက်များသည် သူ၏ နှစ်လိုဖွယ်ကောင်း
သော ညှပ်ရိုးနှင့် ကြော့ရှင်းဖြောင့်မတ်သော ကျောရိုးအတိုင်း စီးကျလျက်ရှိသည်။သူသ
ည် လက်တစ်ဆုပ်စာခန့် ရေခပ်၍ ကိုယ်ပေါ်သို့ လောင်းချလေရာ ရေနွေးငွေ့များက သိမ်
မွေ့ပြီး ပျင်းရိနေဟန်ပေါ်သော မျက်ခုံးများကို ဖုံးလွှမ်းသွားခဲ့သည်။
ရေပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသော အကြည့်များမှာ လေးနက်လျက်ရှိသည်။သူပြုံးလို
က်ရာ ရေထဲတွင် ရှိနေသူသည် ဝိဥာဥ်ဖမ်းယူသော နတ်ဆိုးတစ်ကောင်ပမာ ဆွဲဆောင်မှုရှိစွာ ပြောင်းလဲသွားခဲ့သည်။
ရေချိုးခြင်းကို အချိန်လင့်အောင် မလုပ်ဝံ့ပါချေ။မကြာမီ ရေထဲမှ ထွက်လာပြီး ခန္ဓာကိုယ်ကို ရေခြောက်အောင်သုတ်၍ ပြင်ဆင်ထားသော အဝတ်အစားများကို ယူဝတ်လိုက်သ
ည်။ပါးလွှာနေသော ဝတ်ရုံသည် သူ၏ သွယ်လျလျ အသွင်ကို ဖုံးကွယ်ခြင်းငှာ မတတ်နိုင်ခဲ့။
ရေချိုးသန့်စင်ပြီးသည်နှင့် အဆောင်တော်ထဲတွင် ယိုထိုးထားသော သကြားလုံးများဖြင့် စောင့်ကြိုနေလိမ့်မည်ဟု ထင်ထားသော်လ
ည်း သူ့ကို ပြန်ခေါ်သွားရမည့်အစား နန်းတွင်းအမှုထမ်းများသည် ခေါက်တံခါးအနီးသို့ ပြန်ခေါ်လာပြီး စားပွဲပေါ်တွင် တင်ထားသော ပစ္စ
ည်းအချို့ကို ပြသလာခဲ့သည်။
ထို့အပြင် မိန်းမစိုးလီဖုချွမ်သည် စားပွဲထိပ်၌ မတ်တပ်ရပ်လျက်ရှိသည်။
ဝေ့လျန်သည် စားပွဲပေါ်မှ ပစ္စည်းများကို ပြော
င်းလဲခြင်း မရှိလေသော မျက်နှာထားဖြင့် လှ
မ်းကြည့်လိုက်သည်။
သို့ပေသိ အတွင်းစိတ်တွင်တော့ ဝရုန်းသုန်း
ကား အော်ဟစ်နေရလေပြီ။
.....ဒီပြွန်က ဘာလုပ်ဖို့လဲ?
အဲ့ဒီလိမ်းဆေးကိုရော...ဘယ်မှာသုံးမလို့လဲ?
ထိုမေးခွန်းအတွက် အဖြေများကို ဝေ့လျန် မသိ၊နားမလည်ခြင်းတော့ မဟုတ်ပါလေ။ချင်ဧကရာဇ်ကို ကျောထောက်နောက်ခံအဖြ
စ် အသုံးချရန် ဆုံးဖြတ်လိုက်ချိန်မှစ၍ ယခုလို နေ့ရက်မျိုး ရောက်လာလိမ့်မည်ဟု နားလ
ည်ထားပြီးဖြစ်သည်။
ဒါ...ဒါပေမယ့်...လူမမာဖြစ်နေတုန်းပဲလေ!
အဖျားမပျောက်သေးသည့်အပြင် ဒဏ်ရာများကိုလည်း အပြည့်အဝ မကုစားရသေးချေ။ချင်ဧကရာဇ်၏ မျက်ဝန်းထဲတွင် ရယ်စ
ရာဖြစ်နေမည်ကတော့ ပြောစရာတောင်မလို။
ချင်ဧကရာဇ်က ဒီလိုအခြေအနေမှာတောင် သူနဲ့ နှီးနှောချင်နေတာလား?
ဒါက လူတစ်ယောက်ရဲ့ လုပ်ရပ်မျိုးရော ဟု
တ်သေးရဲ့လား!?
လီဖုချွမ်သည် ချင်ဧကရာဇ်နှင့် အနီးကပ်ဆုံး အစေခံဖြစ်ရာ သူ့စကားသည် ချင်ဧကရာဇ်
၏ စကားများသာ ဖြစ်ချေသည်။
ယခုအချိန်တွင် ချင်ဧကရာဇ်ဟာ ဝေ့လျန်၏ နှလုံးသားထဲ၌ လူသားစင်စစ်တစ်ယောက် မဟုတ်တော့ပေ။
အထင်လွှဲမှားမှုကြောင့် ဂုဏ်သိက္ခာကို ချိုးချိုးဖဲ့ဖဲ့ စော်ကားခံနေရရှာသော ချင်ဧကရာဇ်ခမျာတော့ ကိစ္စတစ်ရပ်လုံးကို သတိမမူမိသေးဘဲ အဘယ့်ကြောင့် လူငယ်လေး ရောက်မလာသေးကြောင်းကို ယန်ရှင်းအဆောင်တော်ထဲ၌ တစိမ့်စိမ့်တွေးချင့်လျက်ပင်။
*****
ဝေ့လျန်သည် ထိုပစ္စည်းများကို နားမလည်ဟန်ဆောင်၍ ပြန်လှမ်းကြည့်ပြီး မသက်သာသေးသော နာမကျန်းဖြစ်နေသည့် အသွင်ကို ထုတ်ပြရင်း အံ့သြထိတ်လန့်နေသော အမူအ
ရာဖြင့်
"ဒါတွေက ဘာတွေလဲ...."
လီဖုချွမ်းသည်လည်း ဟန်ဆောင်ပြုံးပြရင်း
ပြန်ဖြေလာခဲ့သည်။
"ဂုဏ်ယူပါတယ် ဝေ့ရှစ်ကျွင့်။ဒါတွေက ပစ္စ
ည်းကောင်းတွေပါ။အရှင်ဧကရာဇ်က သင့်ကို နှစ်ခြိုက်လေတဲ့အတွက် ဒီညမှာ ကောင်းချီး
ပေးပါလိမ့်မယ်။ဒါပေမယ့် အရှင်ဧကရာဇ်ရဲ့ မြင့်မြတ်လှတဲ့ တော်ဝင်ကိုယ်ခန္ဓာကို မညှိုးနွ
မ်းစေဖို့အတွက် ဝေ့ရှစ်ကျွင့်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတချို့တော့ လုပ်ဖို့ ရှိပါသေးတယ်။အစောင့်တွေ လာကြစမ်း!ဝေ့ရှစ်ကျွင့်ရဲ့ ခန္ဓာ
ကိုယ်ကို ပြင်ဆင်ပေးလိုက်ကြ"
"ခင်ဗျားတို့ ဘာလုပ်မလို့လဲ?"
သန်မာလှသော နန်းတော်စောင့်နှစ်ဦးသည် လျင်မြန်စွာ ရောက်ရှိလာပြီး လက်မောင်းရင်းမှ ဆွဲကိုင်လျက် စားပွဲပေါ်သို့ တင်ရန် ကြိုး
စားစဥ်တွင် ဝေ့လျန်၏မျက်နှာထက်၌ စိတ်ရှု
ပ်နေသော အသွင်မျိုး စတင်ဖြစ်ပေါ်လာခဲ့သ
ည်။
ဝေ့လျန်သည် မျက်လွှာချ၍ ရှည်သွယ်သွယ် လက်ချောင်းများကို လက်သီးတင်းတင်းကျစ်လိုက်သည်။လူသတ်ချင်သော အငွေ့အသက်များသည် သူ့မျက်ဝန်းများထဲ၌ အရိပ်အမြွက်အဖြစ် ဖုံးလွှမ်းလာခဲ့သည်။
ထိုအခိုက်တွင် နန်းတော်စောင့်နှစ်ဦး၏ အရိုးများထဲသို့ အေးစက်စက် အငွေ့အသက်များ စီးဝင်သွားလေရာ ပတ်ဝန်းကျင် အပူချိန်ပင် လျှင် အတန်ငယ် ကျဆင်းသွားပြီး နှစ်ဦးသား၏ လှုပ်ရှားမှုများလည်း နှေးကွေးသွားခဲ့သည်။
ဒီနှစ်ယောက်ကို ချက်ချင်းသတ်ပစ်လိုက်ချင်ပြီ !ဒါပေမယ့်...လုပ်လို့မရဘူး။ဒီနေရာက ချင်ဧကရာဇ်ရှိနေတဲ့ ချင်အင်ပါယာပဲ။ကမူးရှုးထိုး လုပ်လို့မဖြစ်ဘူး ။
အတန်ငယ် စဥ်းစားပြီးမှ ဝေ့လျန်သည် လက်
သီးဆုပ်ကို ဖြေလျော့၍ အတွင်းအားကို ပျေက်ကွယ်စေပြီး ကူကယ်ရာမဲ့နေသော အမူအ
ရာသို့ ချက်ချင်းပြောင်းလဲပစ်လိုက်သည်။
"လွှတ်! ငါ့ကိုလွှတ်စမ်း!"
နန်းတော်စောင့်နှစ်ဦးသည် မရဏတံခါးနှင့် ခြေတစ်လှမ်းအကွာသို့ ရောက်သွားမှန်းတော
င် သတိမပြုမိပါဘဲ အေးစက်စက် အငွေ့အ
သက်များ ပျောက်ကွယ်သွားသည်နှင့် တုံ့ဆို
င်းနေခြင်းကို ရပ်၍ လူငယ်လေးကို စားပွဲပေါ်သို့ ပစ်တင်ပြီး တစ်ဦးသည် ပြွန်ကို ကိုင်ရင်း အရှေ့တိုးလာကာ ဘောင်းဘီဆွဲချွတ်ရန် ကြိုးစားလေသည်။
လူငယ်လေးသည် ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း ငိုကြွေးသံကလည်း ပိုအက်ရှလာခဲ့သ
ည်။
"မလုပ်ပါနဲ့...."
လီဖုချွမ်က လှောင်ပြောင်သော လေသံဖြင့်
ဝင်ပြောလာ၏။
"ဝေ့ရှစ်ကျွင့်အနေနဲ့ တိတ်တဆိတ်ပူးပေါင်းလိုက်တာ အကောင်းဆုံးပဲ။အဲ့တာမှ နောက်
ပိုင်း သွေးထွက်တာနဲ့ နာကျင်တာတွေ သက်
သာမှာလေ"
လူငယ်လေးသည် ကစားစရာ အရုပ်မျှသာဖြစ်သော်လည်း သူ့ကိုယ်သူ ထိုအဆင့်ထက်ပို၍ မျှော်လင့်ထားပုံရသည်။သူသည် ဖြူဖျော့လာသော မျက်နှာဖြင့် ညည်းညူနေဆဲပင်။
"မလုပ်ချင်ဘူး....."
"ဘာတွေဖြစ်နေတာလဲ?"
အနီးအနား၌ ခပ်ဖော့ဖော့ အသံတစ်သံ ထွက်ပေါ်လာပြီးသည်နှင့် အနက်ရောင်ဝတ်ရုံတော်ကို ဆင်မြန်းထားသော ချင်ဧကရာဇ်သည်လည်း အဝင်ဝ၌ ထွက်ပေါ်လာခဲ့သည်။
အဆောင်တော်ထဲမှ လူတိုင်း၏ လှုပ်ရှားမှုများလည်း ရပ်တန့်သွားတော့သည်။
တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်၍ အ
ရိုအသေပေးလာကြသည်။
"အရှင်ဧကရာဇ်ကို အရိုအသေပေးပါတယ်"
တစ်ယောက်တည်းသော အပြင်လူမှာ ဝေ့လျန်ဖြစ်ပြီး မြေပြင်ပေါ်သို့ ခွန်အားမဲ့စွာ လျှော
ကျသွားခဲ့သည်။သူ့နှုတ်ခမ်းဖျားမှ ကြောက်
ရွံ့နေသော အသံများ ထွက်အံလာစဥ်တွင် ဆံပင်သည်လည်း ဖရိုဖရဲဖြစ်လို့နေ၏။
ကျီယွယ့်ကို မြင်သည်နှင့် ကယ်တင်ရှင်တစ်ဦး ရောက်လာသကဲ့သို့ ချက်ချင်းလှမ်းကြည့်ပြီး တွားသွား၍ အနှီမြင့်မြတ်လှပါသောပုဂ္ဂို
လ်၏ရင်ခွင်ထဲသို့ ပစ်ဝင်ကာ အသက်ကြိုးမျှင်မျှင်လေးအတွက် ခါးကိုပါ ဖက်ထားလို
က်တော့သည်။
ဝေ့လျန်သည် ကျီယွယ့်၏ရင်ခွင်ထဲသို့ ပိုတိုး
ဝင်ပြီး ညင်သာစွာ ရှိုက်ငင်လျက်။
"မယ်တော်၊အားလျန် ကြောက်တယ်..."
ကျီယွယ့်: "......"
ကျီယွယ့်သည် ဝေ့လျန်၏ကျောပြင်လေးကို ချော့မြူသည့်နှယ် ပွတ်သပ်ပေးလိုက်သည်။ထို့နောက် အကြည့်များကို ရွှေ့၍ အေးစက်နေသော လေသံဖြင့် မေးလေ၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ?"
လီဖုချွမ်၏နဖူး၌ ချွေးစေးများ ချက်ချင်းထွ
က်လာရတော့သည်။
"အရှင်ဧကရာဇ်က ဝေ့ရှစ်ကျွင့်ကို ယန်ရှင်းအ
ဆောင်တော်ဆီ ပြန်ခေါ်လာတာကြောင့် ကျွန်
တော်မျိုးက အရှင်ဧကရာဇ်အနေနဲ့ ဝေ့ရှစ်ကျွင့်ကို ပျော်တော်ဆက်ခိုင်းတော့မယ်ထင်လို့ ကျွန်တော်မျိုး...."
အရှင်ဧကရာဇ်ရဲ့ စိတ်ကူးကို အထင်လွဲမိတာ
ငါ့အပြစ်မှမဟုတ်ဘဲ!!
ရှေးယခင်အချိန်များကတည်းက ဧကရာဇ်တိုင်းသည် တစ်ခုတည်းသော ကိစ္စအတွက်သာ ကိုယ်လုပ်တော်များကို ယန်ရှင်းအဆော
င်တော်ဆီသို့ ခေါ်လာတတ်ကြသည်။
ထိုကိစ္စသည် ရိုးရှင်းစွာ တွေးထင်ကြသလို စောင်တစ်ထည်အောက်တွင် အတူအိပ်၍
စကားစမြည် ပြောကြခြင်းတော့ မဟုတ်ပါလေ့။
အရှင်ဧကရာဇ်မှာ အဲ့လိုစိတ်မျိုး မရှိမှန်း သူဘယ်လိုလုပ်သိပါ့မလဲ....
ကျီယွယ့်၏လေသံမှာ ပိုမြင့်လာသော်လည်း ညင်သာနေဆဲပင်။
"မင်းကို ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ခွင့် ဘယ်သူပေးထားလို့လဲ?"
သူသည် သလွန်တော်ထက်၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သော်လည်း ပေါ်မလာသည့်အတွက် စိတ်မရှည်ဖြစ်လာရပြီး မေးမြန်းရန် ထွက်လာခဲ့ခြင်းဖြစ်သည်။သို့သော် သူဝင်လာသည်နှင့် လူငယ်လေး၏ အော်ဟစ်သံကို ကြားလိုက်ရပြီး ရုန်းကန်နေသူကို နန်းတော်စောင့်နှစ်ဦးက အတင်းချုပ်နှောင်နေသော မြ
င်ကွင်းကိုပါ တစ်ဆက်တည်း မြင်လိုက်ရလေသည်။
ရုတ်ချည်းဆိုသလို သူ၏ကောင်းမွန်နေသော စိတ်အခြေအနေလည်း ပျောက်ကွယ်သွားချေပြီ။
သူ၏ကောင်းမွန်နေသော စိတ်အခြေအနေကို ဖျက်လိုဖျက်ဆီးလုပ်သူသည် ဘယ်သောအ
ခါမှ အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်။
အဖြေမလိုအပ်သော မေးခွန်းမျိုးကို မေးသံကြားလိုက်ရသောအခါ လီဖုချွမ်သည် ကြော
က်လွန်း၍ ချက်ချင်းဒူးထောက်ချလိုက်၏။
"ကျွန်တော်မျိုး သေသင့်လောက်တဲ့ အပြစ်ကိုကျူးလွန်မိပါတယ်!"
သူသည် အရှင်ဧကရာဇ်အနီးတွင် နှစ်ပေါင်းများစွာ ကြာမြင့်အောင် အမှုထမ်းခဲ့သည်ဖြစ်ရာ အရှင်ဧကရာဇ်၏ ပြောင်းလဲတတ်သော စိတ်နေစိတ်ထားတိုင်းကို သူ့လက်ဖဝါးပေါ်မှ လက္ခဏာကြောများကဲ့သို့ ကြေညက်နေအော
င် သဘောပေါက်ထားပြီးဖြစ်သည်။
နိုင်လိုမင်းထက်ဧကရာဇ်တစ်ပါးသည် မုန်
တိုင်းထန်နေသောအချိန်တွင် မိုးခြိန်းသံကဲ့သို့ လွယ်လွယ်ကူကူ ဟိန်းဟောက်နေမည်မဟုတ်သလို အတန်ငယ် သဘောထားကွဲလွဲမှုတွင်လည်း လူသားစား သတ္တဝါကဲ့သို့ ကြမ်းကြ
မ်းတမ်းတမ်း ဟိန်းဟောက်နေမည်မဟုတ်။
မဟုတ်ဘူး....ချင်ဧကရာဇ်ကတော့ အဲ့ဒီလိုပုံစံမျိုး မဟုတ်ဘူး။
အရှင်ဧကရာဇ်သည် ထက်မြက်ပြီး ခန့်ညား၊ကြည့်ကောင်းလှသော ယောကျာ်းတစ်ယော
က်ဖြစ်ရာ အရာခပ်သိမ်းကို အလွန်ကျက်သ
ရေရှိရှိ ကိုင်တွယ်တတ်သူဖြစ်သည်။အရှင်ဧကရာဇ်သည် အသံကျယ်ကျယ်ဖြင့် ပြစ်တ
င်ကဲ့ရဲ့ခြင်းမျိုး မလုပ်တတ်ဘဲ ကြုံတောင့်ကြုံခဲ ဒေါသထွက်သော အချိန်မျိုးတွင်သာ...
ဒေါသထွက်သော အချိန်မျိုးတွင်သာ ရိုးရှင်းစွာ သေမိန့်ပေးလိုက်သည့်နှယ် သတ်စင်တင်နိုင်လောက်သော အပြုံးမျိုးဖြင့် ပြုံးပြလေ
၏။
ပြုံးနေသော ကျားတစ်ကောင်ပမာ ရုပ်လုံး
ဖော်လေသော။
အရှင်ဧကရာဇ်၏လေသံ ပျော့ပျောင်းလေလေ၊တစ်ဖက်လူ၏ကံကြမ္မာဟာ မှေးမှိန်လာလေလေဖြစ်သည်။
လီဖုချွမ်သည် လေတိုက်တိုင်း ယိမ်းနွဲ့သော သစ်ရွက်ပမာ တစ်ကိုယ်လုံး တုန်ယင်နေပြီး ခဏလေးအတွင်းမှာပင် သူ့ခေါင်းကို သူကို
ယ်တိုင် မပိုင်တော့မည်ကို စိုးထိတ်လျက်ရှိသ
ည်။
ဆိုရိုးစကားတွင် အမှန်တရားတောင် ရှိပါသေး၏။
အာဏာစက်နှင့် ဆက်နွယ်ခြင်းသည် ကျားနှင့်အတူ လဲလျောင်းသည့်နှယ် အန္တရာယ်ကြီးပေစွ။
"လီဖုချွမ်၊ မင်းက ကိုယ်တော်နဲ့အတူ ဆယ့်နှစ်နှစ်တိုင်တိုင် အမှုထမ်းလာတဲ့အတွက် မင်းရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အ
သက်ကို ငဲ့ညှာပေးလိုက်မယ်"
ကျီယွယ့်က မပြောင်းလဲသော လေသံဖြင့် မိန့်လေ၏။
"ကိုယ်တော့်အနားမှာ နှစ်ပေါင်းများစွာ အမှု
ထမ်းလာတာနဲ့ပဲ ကိစ္စတိုင်းကို ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ရမယ် မထင်နဲ့။ကြိမ်ဒဏ်အချက်သုံးဆယ် ခံယူစေ"
လီဖုချွမ်သည် ချက်ချင်းအရိုအသေပေးရင်းဖြင့်
"အရှင်ဧကရာဇ်ရဲ့ သက်ညှာမှုအတွက် ကျေး
ဇူးတော် ကြီးမြတ်လှကြောင်းပါ"
"ကျန်တဲ့လူတွေကတော့"
ကျီယွယ့်၏ခံစားချက်မပါသော အကြည့်များသည် အစောပိုင်းတုန်းက ဝေ့လျန်ကို စား
ပွဲပေါ်သို့ ပစ်တင်၍ ချုပ်နှောင်ခဲ့သော အမှုထ
မ်းများထံ ရွေ့သွားခဲ့သည်။
နန်းတွင်းအမှုထမ်းများသည် ဖြူဖပ်ဖြူရော်မျက်နှာများဖြင့် ပျာယာခတ်နေကြပြီး မြေ
ကြီးပေါ် ဒူးထောက်ချလျက်
"အရှင်ဧကရာဇ်၊ကျွန်တော်မျိုးတို့ကို သက်
ညှာတော်မူပေးပါ!"
ကျီယွယ့်သည် စိုးစဥ်းမျှတောင် မလှုပ်ယှက်ဘဲ အမိန့်ဆက်ပေးလေ၏။
"ကြိုးချည်ပြီး သေတဲ့အထိ ရိုက်"
"အရှင်ဧကရာဇ်၊ကျေးဇူးပြုပြီး သက်ညှာပေးပါ!သက်ညှာပေးတော်မူပါ!"
နန်းတွင်းအမှုထမ်းများသည် ချက်ချင်းအော်
ဟစ်၊ငိုကြွေးလာကြသော်လည်း အခြားသော အမှုထမ်းများ၏ ရက်စက်စွာ ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။
သူတို့ထဲမှတစ်ဦးသည် သေခြင်းတရားကို ရှောင်ဖယ်ခြင်းငှာ မတတ်နိုင်တော့မှန်း သ
ဘောပေါက်သွားလေရာ သက်ညှာပေးရန် မတောင်းဆိုတော့ဘဲ ကျယ်ကျယ်လောင်လော
င် ကျိန်ဆဲလာခဲ့သည်။
"နိုင်လိုမင်းထက်ဧကရာဇ်!ခင်ဗျားက လူ့အ
သက်ကို ဘယ်တော့မှ အလေးမထားဘူး!ခင်ဗျား အသေဖြောင့်မှာ မဟုတ်ဘူး! ချင်အင်ပါယာက ခင်ဗျားနဲ့အတူ ပျက်သုဥ်းရလိမ့်မ
ယ်!"
ကျီယွယ့်၏အမူအရာကတော့ မပြောင်းမလဲပင်။
"ကိုယ်တော် မကြားချင်ဘူး"
အမှုထမ်းများသည် အရှင်ဧကရာဇ်၏အမိန့်တော်အတိုင်း ထိုယောကျာ်း၏ လျှာကို ချက်
ချင်းဖြတ်ပစ်လိုက်ကြသည်။ပျော့ပျောင်း
သော အသားတစ် ပြုတ်ကျသွားသည်နှင့်သွေးများလည်း ပန်းထွက်လာခဲ့သည်။ယခုအချိန်တွင် ထိုယောကျာ်းဟာ အပြည့်အဝ နားလည်နိုင်သော စကားမျိုးကို မပြောနိုင်တော့ချေ။
ဝေ့လျန်သည် ကျီယွယ့်၏ရင်ခွင်ထဲသို့ ပိုကျုံဝင်သွားပြီး မျက်ဝန်းများကို မှိတ်ထားလိုက်
၏။
ကောလဟလတွေက အမှန်ပဲ။ချင်ဧရာဇ်က တကယ်ကို....တကယ်ကို နိုင်လိုမင်းထက်ဧကရာဇ်ပဲ။
ဝေ့လျန်သည် ထိုနန်းတွင်းအမှုထမ်းကို လုံးဝမသနားပါလေ။
သေဖို့မထိုက်တန်တာတော့ အမှန်ပဲဆိုပေမယ့် သူက ဘယ်လိုလူမျိုးမို့လဲ?
ချူအင်ပါယာ၏ တော်ဝင်နန်းတော်ထဲမှ မင်း
သားအများစုသည် အချိန်မတန်မီ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။သူသာလျှင် စာနာစိတ်မရှိသော အကြံအစည်များနှင့် ခိုင်မာသော ရ
ည်ရွယ်ချက်ကြောင့် ယနေ့ထိတိုင် အသက်ရှ
င်ကျန်ရစ်နေခြင်းသာ။သို့ဖြစ်ရာ သူသည် မလိုအပ်သော ကိုယ်ချင်းစာတရားများကို နေ
ရာတကာ လိုက်မတွေးပေးတတ်ချေ။
မြေခွေးတစ်ကောင်အနေနှင့် ယုန်တစ်ကောင် သေဆုံးရခြင်းအတွက် မပြောပနိုင်လောက်သော ပူဆွေးမှုအနည်းအကျဥ်းသာ ရှိနိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်နေခြင်းကပင် ကံအကျိုးထူးလှချေပြီ။ယနေ့တွင် ဆွဲထုတ်ခံရသူသည် နန်းတွင်းအမှုထမ်းဖြစ်သော်လည်း မနက်ဖြန်တွင်တော့ သူအလှည့်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်သည်။
"ကိုယ်တော်တို့ရဲ့ ဘုန်းအသရေတင့်လှတဲ့ ချ
င်အင်ပါယာဟာ နှစ်ပေါင်းထောင်ချီတိုင်အော
င် အသင်္ချေကျက်သရေအတိနဲ့ တည်မြဲနေမှာဖြစ်သလို 'ကျီယွယ့်'ဆိုတဲ့နာမည်ဟာလည်း သမိုင်းတစ်လျှောက်မှာ ပြောစမှတ်တွင်လော
က်အောင် အမှတ်ရနေကြရလိမ့်မယ်။ဘာမ
ဟုတ်တဲ့အစေခံကများ ဒီလိုစကားမျိုးကို ထု
တ်ပြောရဲတယ်ပေါ့?"
ကျီယွယ့်သည် 'ဟွန့်'ခနဲ နှာခေါင်းရှုံ့၍ သ
ရော်လေ၏။
"ရယ်စရာပဲ"
ဝေ့လျန်သည် ဘာမှနားမလည်ဟန်ဆောင်လျက် ထိုပုဂ္ဂိုလ်၏ခါးကို တင်းကျပ်စွာ ဖက်ထားမြဲဖြစ်ပြီး ကိုယ်လုံးလေးတောင် အတန်င
ယ် တုန်ယင်နေပါသေး၏။
ကျီယွယ့်သည် ဝေ့လျန်ကို မ,ထူပေးပြီးနော
က် ဖျော့တော့နေသော အသွင်ကို ကြည့်ရင်း မေးလေ၏။
"မင်း ကြောက်သွားလား?"
ဖြူဖျော့နေသော ကောင်လေးသည် ကြောက်လန့်တကြား မော့ကြည့်လာခဲ့သည်။အချိန်အ
တန်ကြာမှ ခေါင်းညိတ်ပြ၏။ထို့နောက် ခေါ
င်းခါလိုက်ပြန်လေသည်။
"ခင်ဗျားရှိနေလို့ ကျွန်တော် မကြောက်တော့ပါဘူး"
ပြောပြီးသည့်နှင့် ကျီယွယ့်၏ရင်ခွင်ထဲသို့ ချ
က်ချင်း သတိလစ်လဲကျသွားတော့သည်။
...............................××..............................
-ခင္ဗ်ားရွိေနလို႔ ကြၽန္ေတာ္ မေၾကာက္ေတာ့ဘူး-
(This chapter contains mild sexual
references,mild gore!)
ခ်င္က်ဳးအေဆာင္ေတာ္မွ က်ဥ္းက်ဥ္းက်ပ္
က်ပ္ ေရစည္ေလးႏွင့္ မတူဘဲ ဧကရာဇ္တြင္ေတာ့ ေရခ်ိဳးသန့္စင္ရန္ ထန္ခြၽမ္းအေဆာင္ေတာ္ တစ္ခုလုံးေတာင္ ရွိေသး၏။၎သည္ က်ယ္ဝန္းၿပီး အတြင္း၌ ေရပူစမ္းကန္မ်ားလည္း ပါဝင္သည္။နံရံကို အျဖဴေရာင္ေက်ာက္သလင္းမ်ားျဖင့္ အုပ္ရံထားၿပီး နဂါးေခါင္းသ႑ာန္ ထြင္းထုထားေသာ ေရပိုက္မွတဆင့္ ေရတေဝါေဝါ က်ဆင္းလ်က္ရွိသည္။ထို႔အျပင္ ေအာက္ေျခမွ ေျမျပင္အပူရွိန္ကိုလည္း ႏြေးေထြးၿပီး သက္ေတာင့္သက္သာျဖစ္ေစေသာ အေနအထားအထိ ခ်ိန္ညွိထားသည္။
ေဝ့လ်န္သည္ အဝတ္အစားမ်ားကို ခြၽတ္၍ ေခါက္တံခါးေပၚသို႔ တင္လိုက္ၿပီး ေက်ာက္ဆ
စ္ေလွကားထစ္မ်ားအတိုင္း ေျခဗလာျဖင့္ ဆင္းလာ၍ ကန္ထဲသို႔ ျဖည္းျဖည္းခ်င္း တိုးဝင္လာခဲ့သည္။မွင္ေရာင္လို နက္ရွိုင္းေနေသာ ဆံႏြယ္မ်ားသည္ ေရမ်က္ႏွာျပင္တြင္ ေမ်ယလြင့္ေနၿပီး နို႔နစ္ေရာင္ကဲ့သို႔ မြတ္ညက္ျဖဴဝင္းေသာ အသားအရည္သည္ ေရႏြေးေငြ႕ေၾကာင့္ အနည္းငယ္ နီေသြးျဖန္းလာခဲ့သည္။
ေရစက္မ်ားသည္ သူ၏ ႏွစ္လိုဖြယ္ေကာင္းေသာ ညွပ္ရိုးႏွင့္ ေၾကာ့ရွင္းေျဖာင့္မတ္ေသာ ေက်ာရိုးအတိုင္း စီးက်လ်က္ရွိသည္။သူသည္ လက္တစ္ဆုပ္စာခန့္ ေရခပ္၍ ကိုယ္ေပၚသို႔ ေလာင္းခ်ေလရာ ေရႏြေးေငြ႕မ်ားက သိမ္ေမြ႕ၿပီး ပ်င္းရိေနဟန္ေပၚေသာ မ်က္ခုံးမ်ားကို ဖုံးလႊမ္းသြားခဲ့သည္။
ေရျပင္ေပၚတြင္ ေရာင္ျပန္ဟပ္ေနေသာ အၾကည့္မ်ားမွာ ေလးနက္လ်က္ရွိသည္။သူၿပဳံးလိုက္ရာ ေရထဲတြင္ ရွိေနသူသည္ ဝိဥာဥ္ဖမ္းယူေသာ နတ္ဆိုးတစ္ေကာင္ပမာ ဆြဲေဆာင္မႈရွိစြာ ေျပာင္းလဲသြားခဲ့သည္။
ေရခ်ိဳးျခင္းကို အခ်ိန္လင့္ေအာင္ မလုပ္ဝံ့ပါေခ်။မၾကာမီ ေရထဲမွ ထြက္လာၿပီး ခႏၶာကိုယ္ကို ေရေျခာက္ေအာင္သုတ္၍ ျပင္ဆင္ထားေသာ အဝတ္အစားမ်ားကို ယူဝတ္လိုက္သ
ည္။ပါးလႊာေနေသာ ဝတ္႐ုံသည္ သူ၏ သြယ္လ်လ် အသြင္ကို ဖုံးကြယ္ျခင္းငွာ မတတ္နိုင္ခဲ့။
ေရခ်ိဳးသန့္စင္ၿပီးသည္ႏွင့္ အေဆာင္ေတာ္ထဲတြင္ ယိုထိုးထားေသာ သၾကားလုံးမ်ားျဖင့္ ေစာင့္ႀကိဳေနလိမ့္မည္ဟု ထင္ထားေသာ္လည္း သူ႕ကို ျပန္ေခၚသြားရမည့္အစား နန္းတြင္းအမႈထမ္းမ်ားသည္ ေခါက္တံခါးအနီးသို႔ ျပန္ေခၚလာၿပီး စားပြဲေပၚတြင္ တင္ထားေသာ ပစၥည္းအခ်ိဳ႕ကို ျပသလာခဲ့သည္။
ထို႔အျပင္ မိန္းမစိုးလီဖုခြၽမ္သည္ စားပြဲထိပ္၌ မတ္တပ္ရပ္လ်က္ရွိသည္။
ေဝ့လ်န္သည္ စားပြဲေပၚမွ ပစၥည္းမ်ားကို ေျပာင္းလဲျခင္း မရွိေလေသာ မ်က္ႏွာထားျဖင့္ လွမ္းၾကည့္လိုက္သည္။
သို႔ေပသိ အတြင္းစိတ္တြင္ေတာ့ ဝ႐ုန္းသုန္းကား ေအာ္ဟစ္ေနရေလၿပီ။
.....ဒီႁပြန္က ဘာလုပ္ဖို႔လဲ?
အဲ့ဒီလိမ္းေဆးကိုေရာ...ဘယ္မွာသုံးမလို႔လဲ?
ထိုေမးခြန္းအတြက္ အေျဖမ်ားကို ေဝ့လ်န္ မသိ၊နားမလည္ျခင္းေတာ့ မဟုတ္ပါေလ။ခ်င္ဧကရာဇ္ကို ေက်ာေထာက္ေနာက္ခံအျဖစ္ အသုံးခ်ရန္ ဆုံးျဖတ္လိုက္ခ်ိန္မွစ၍ ယခုလို ေန႕ရက္မ်ိဳး ေရာက္လာလိမ့္မည္ဟု နားလည္ထားၿပီးျဖစ္သည္။
ဒါ...ဒါေပမယ့္...လူမမာျဖစ္ေနတုန္းပဲေလ!
အဖ်ားမေပ်ာက္ေသးသည့္အျပင္ ဒဏ္ရာမ်ားကိုလည္း အျပည့္အဝ မကုစားရေသးေခ်။ခ်င္ဧကရာဇ္၏ မ်က္ဝန္းထဲတြင္ ရယ္စ
ရာျဖစ္ေနမည္ကေတာ့ ေျပာစရာေတာင္မလို။
ခ်င္ဧကရာဇ္က ဒီလိုအေျခအေနမွာေတာင္ သူနဲ႕ ႏွီးႏွောခ်င္ေနတာလား?
ဒါက လူတစ္ေယာက္ရဲ႕ လုပ္ရပ္မ်ိဳးေရာ ဟု
တ္ေသးရဲ႕လား!?
လီဖုခြၽမ္သည္ ခ်င္ဧကရာဇ္ႏွင့္ အနီးကပ္ဆုံး အေစခံျဖစ္ရာ သူ႕စကားသည္ ခ်င္ဧကရာဇ္
၏ စကားမ်ားသာ ျဖစ္ေခ်သည္။
ယခုအခ်ိန္တြင္ ခ်င္ဧကရာဇ္ဟာ ေဝ့လ်န္၏ ႏွလုံးသားထဲ၌ လူသားစင္စစ္တစ္ေယာက္ မဟုတ္ေတာ့ေပ။
အထင္လႊဲမွားမႈေၾကာင့္ ဂုဏ္သိကၡာကို ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ေစာ္ကားခံေနရရွာေသာ ခ်င္ဧကရာဇ္ခမ်ာေတာ့ ကိစၥတစ္ရပ္လုံးကို သတိမမူမိေသးဘဲ အဘယ့္ေၾကာင့္ လူငယ္ေလး ေရာက္မလာေသးေၾကာင္းကို ယန္ရွင္းအေဆာင္ေတာ္ထဲ၌ တစိမ့္စိမ့္ေတြးခ်င့္လ်က္ပင္။
*****
ေဝ့လ်န္သည္ ထိုပစၥည္းမ်ားကို နားမလည္ဟန္ေဆာင္၍ ျပန္လွမ္းၾကည့္ၿပီး မသက္သာေသးေသာ နာမက်န္းျဖစ္ေနသည့္ အသြင္ကို ထုတ္ျပရင္း အံ့ၾသထိတ္လန့္ေနေသာ အမူအရာျဖင့္
"ဒါေတြက ဘာေတြလဲ...."
လီဖုခြၽမ္းသည္လည္း ဟန္ေဆာင္ၿပဳံးျပရင္းျပန္ေျဖလာခဲ့သည္။
"ဂုဏ္ယူပါတယ္ ေဝ့ရွစ္ကြၽင့္။ဒါေတြက ပစၥည္းေကာင္းေတြပါ။အရွင္ဧကရာဇ္က သင့္ကို ႏွစ္ၿခိဳက္ေလတဲ့အတြက္ ဒီညမွာ ေကာင္းခ်ီးေပးပါလိမ့္မယ္။ဒါေပမယ့္ အရွင္ဧကရာဇ္ရဲ႕ ျမင့္ျမတ္လွတဲ့ ေတာ္ဝင္ကိုယ္ခႏၶာကို မညွိုးႏြမ္းေစဖို႔အတြက္ ေဝ့ရွစ္ကြၽင့္အေနနဲ႕ ႀကိဳတင္ျပင္ဆင္မႈတခ်ိဳ႕ေတာ့ လုပ္ဖို႔ ရွိပါေသးတယ္။အေစာင့္ေတြ လာၾကစမ္း!ေဝ့ရွစ္ကြၽင့္ရဲ႕ ခႏၶာ
ကိုယ္ကို ျပင္ဆင္ေပးလိုက္ၾက"
"ခင္ဗ်ားတို႔ ဘာလုပ္မလို႔လဲ?"
သန္မာလွေသာ နန္းေတာ္ေစာင့္ႏွစ္ဦးသည္ လ်င္ျမန္စြာ ေရာက္ရွိလာၿပီး လက္ေမာင္းရင္းမွ ဆြဲကိုင္လ်က္ စားပြဲေပၚသို႔ တင္ရန္ ႀကိဳးစားစဥ္တြင္ ေဝ့လ်န္၏မ်က္ႏွာထက္၌ စိတ္ရႈပ္ေနေသာ အသြင္မ်ိဳး စတင္ျဖစ္ေပၚလာခဲ့သည္။
ေဝ့လ်န္သည္ မ်က္လႊာခ်၍ ရွည္သြယ္သြယ္ လက္ေခ်ာင္းမ်ားကို လက္သီးတင္းတင္းက်စ္လိုက္သည္။လူသတ္ခ်င္ေသာ အေငြ႕အသက္မ်ားသည္ သူ႕မ်က္ဝန္းမ်ားထဲ၌ အရိပ္အႁမြက္အျဖစ္ ဖုံးလႊမ္းလာခဲ့သည္။
ထိုအခိုက္တြင္ နန္းေတာ္ေစာင့္ႏွစ္ဦး၏ အရိုးမ်ားထဲသို႔ ေအးစက္စက္ အေငြ႕အသက္မ်ား စီးဝင္သြားေလရာ ပတ္ဝန္းက်င္ အပူခ်ိန္ပင္ လွ်င္ အတန္ငယ္ က်ဆင္းသြားၿပီး ႏွစ္ဦးသား၏ လႈပ္ရွားမႈမ်ားလည္း ႏွေးေကြးသြားခဲ့သည္။
ဒီႏွစ္ေယာက္ကို ခ်က္ခ်င္းသတ္ပစ္လိုက္ခ်င္ၿပီ !ဒါေပမယ့္...လုပ္လို႔မရဘူး။ဒီေနရာက ခ်င္ဧကရာဇ္ရွိေနတဲ့ ခ်င္အင္ပါယာပဲ။ကမူးရႈးထိုး လုပ္လို႔မျဖစ္ဘူး ။
အတန္ငယ္ စဥ္းစားၿပီးမွ ေဝ့လ်န္သည္ လက္
သီးဆုပ္ကို ေျဖေလ်ာ့၍ အတြင္းအားကို ေပ်က္ကြယ္ေစၿပီး ကူကယ္ရာမဲ့ေနေသာ အမူအရာသို႔ ခ်က္ခ်င္းေျပာင္းလဲပစ္လိုက္သည္။
"လႊတ္! ငါ့ကိုလႊတ္စမ္း!"
နန္းေတာ္ေစာင့္ႏွစ္ဦးသည္ မရဏတံခါးႏွင့္ ေျခတစ္လွမ္းအကြာသို႔ ေရာက္သြားမွန္းေတာင္ သတိမျပဳမိပါဘဲ ေအးစက္စက္ အေငြ႕အသက္မ်ား ေပ်ာက္ကြယ္သြားသည္ႏွင့္ တုံ႕ဆိုင္းေနျခင္းကို ရပ္၍ လူငယ္ေလးကို စားပြဲေပၚသို႔ ပစ္တင္ၿပီး တစ္ဦးသည္ ႁပြန္ကို ကိုင္ရင္း အေရွ႕တိုးလာကာ ေဘာင္းဘီဆြဲခြၽတ္ရန္ ႀကိဳးစားေလသည္။
လူငယ္ေလးသည္ ျပင္းျပင္းထန္ထန္ ႐ုန္းကန္ရင္း ငိုေႂကြးသံကလည္း ပိုအက္ရွလာခဲ့သ
ည္။
"မလုပ္ပါနဲ႕...."
လီဖုခြၽမ္က ေလွာင္ေျပာင္ေသာ ေလသံျဖင့္ဝင္ေျပာလာ၏။
"ေဝ့ရွစ္ကြၽင့္အေနနဲ႕ တိတ္တဆိတ္ပူးေပါင္းလိုက္တာ အေကာင္းဆုံးပဲ။အဲ့တာမွ ေနာက္
ပိုင္း ေသြးထြက္တာနဲ႕ နာက်င္တာေတြ သက္
သာမွာေလ"
လူငယ္ေလးသည္ ကစားစရာ အ႐ုပ္မွ်သာျဖစ္ေသာ္လည္း သူ႕ကိုယ္သူ ထိုအဆင့္ထက္ပို၍ ေမွ်ာ္လင့္ထားပုံရသည္။သူသည္ ျဖဴေဖ်ာ့လာေသာ မ်က္ႏွာျဖင့္ ညည္းၫူေနဆဲပင္။
"မလုပ္ခ်င္ဘူး....."
"ဘာေတြျဖစ္ေနတာလဲ?"
အနီးအနား၌ ခပ္ေဖာ့ေဖာ့ အသံတစ္သံ ထြက္ေပၚလာၿပီးသည္ႏွင့္ အနက္ေရာင္ဝတ္႐ုံေတာ္ကို ဆင္ျမန္းထားေသာ ခ်င္ဧကရာဇ္သည္လည္း အဝင္ဝ၌ ထြက္ေပၚလာခဲ့သည္။
အေဆာင္ေတာ္ထဲမွ လူတိုင္း၏ လႈပ္ရွားမႈမ်ားလည္း ရပ္တန့္သြားေတာ့သည္။
တစ္ေယာက္ၿပီးတစ္ေယာက္ ဒူးေထာက္၍ အရိုအေသေပးလာၾကသည္။
"အရွင္ဧကရာဇ္ကို အရိုအေသေပးပါတယ္"
တစ္ေယာက္တည္းေသာ အျပင္လူမွာ ေဝ့လ်န္ျဖစ္ၿပီး ေျမျပင္ေပၚသို႔ ခြန္အားမဲ့စြာ ေလွ်ာက်သြားခဲ့သည္။သူ႕ႏႈတ္ခမ္းဖ်ားမွ ေၾကာက္႐ြံ႕ေနေသာ အသံမ်ား ထြက္အံလာစဥ္တြင္ ဆံပင္သည္လည္း ဖရိုဖရဲျစ္လို႔ေန၏။
က်ီယြယ့္ကို ျမင္သည္ႏွင့္ ကယ္တင္ရွင္တစ္ဦး ေရာက္လာသကဲ့သို႔ ခ်က္ခ်င္းလွမ္းၾကည့္ၿပီး တြားသြား၍ အႏွီျမင့္ျမတ္လွပါေသာပုဂၢိုလ္၏ရင္ခြင္ထဲသို႔ ပစ္ဝင္ကာ အသက္ႀကိဳးမွ်င္မွ်င္ေလးအတြက္ ခါးကိုပါ ဖက္ထားလို
က္ေတာ့သည္။
ေဝ့လ်န္သည္ က်ီယြယ့္၏ရင္ခြင္ထဲသို႔ ပိုတိုး
ဝင္ၿပီး ညင္သာစြာ ရွိုက္ငင္လ်က္။
"မယ္ေတာ္၊အားလ်န္ ေၾကာက္တယ္..."
က်ီယြယ့္: "......"
က်ီယြယ့္သည္ ေဝ့လ်န္၏ေက်ာျပင္ေလးကို ေခ်ာ့ျမဴသည့္ႏွယ္ ပြတ္သပ္ေပးလိုက္သည္။ထို႔ေနာက္ အၾကည့္မ်ားကို ေ႐ႊ႕၍ ေအးစက္ေနေသာ ေလသံျဖင့္ ေမးေလ၏။
"မင္းတို႔ ဘာလုပ္ေနၾကတာလဲ?"
လီဖုခြၽမ္၏နဖူး၌ ေခြၽးေစးမ်ား ခ်က္ခ်င္းထြ
က္လာရေတာ့သည္။
"အရွင္ဧကရာဇ္က ေဝ့ရွစ္ကြၽင့္ကို ယန္ရွင္းအ
ေဆာင္ေတာ္ဆီ ျပန္ေခၚလာတာေၾကာင့္ ကြၽန္ေတာ္မ်ိဳးက အရွင္ဧကရာဇ္အေနနဲ႕ ေဝ့ရွစ္ကြၽင့္ကို ေပ်ာ္ေတာ္ဆက္ခိုင္းေတာ့မယ္ထင္လို႔ ကြၽန္ေတာ္မ်ိဳး...."
အရွင္ဧကရာဇ္ရဲ႕ စိတ္ကူးကို အထင္လြဲမိတာ
ငါ့အျပစ္မွမဟုတ္ဘဲ!!
ေရွးယခင္အခ်ိန္မ်ားကတည္းက ဧကရာဇ္တိုင္းသည္ တစ္ခုတည္းေသာ ကိစၥအတြက္သာ ကိုယ္လုပ္ေတာ္မ်ားကို ယန္ရွင္းအေဆာ
င္ေတာ္ဆီသို႔ ေခၚလာတတ္ၾကသည္။
ထိုကိစၥသည္ ရိုးရွင္းစြာ ေတြးထင္ၾကသလို ေစာင္တစ္ထည္ေအာက္တြင္ အတူအိပ္၍
စကားစျမည္ ေျပာၾကျခင္းေတာ့ မဟုတ္ပါေလ့။
အရွင္ဧကရာဇ္မွာ အဲ့လိုစိတ္မ်ိဳး မရွိမွန္း သူဘယ္လိုလုပ္သိပါ့မလဲ....
က်ီယြယ့္၏ေလသံမွာ ပိုျမင့္လာေသာ္လည္း ညင္သာေနဆဲပင္။
"မင္းကို ကိုယ့္စိတ္နဲ႕ကိုယ္ ဆုံးျဖတ္ခြင့္ ဘယ္သူေပးထားလို႔လဲ?"
သူသည္ သလြန္ေတာ္ထက္၌ အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းခဲ့ေသာ္လည္း ေပၚမလာသည့္အတြက္စိတ္မရွည္ျဖစ္လာရၿပီး ေမးျမန္းရန္ ထြက္လာခဲ့ျခင္းျဖစ္သည္။သို႔ေသာ္ သူဝင္လာသည္ႏွင့္ လူငယ္ေလး၏ ေအာ္ဟစ္သံကို ၾကားလိုက္ရၿပီး ႐ုန္းကန္ေနသူကို နန္းေတာ္ေစာင့္ႏွစ္ဦးက အတင္းခ်ဳပ္ႏွောင္ေနေသာ ျမ
င္ကြင္းကိုပါ တစ္ဆက္တည္း ျမင္လိုက္ရေလသည္။
႐ုတ္ခ်ည္းဆိုသလို သူ၏ေကာင္းမြန္ေနေသာ စိတ္အေျခအေနလည္း ေပ်ာက္ကြယ္သြားေခ်ၿပီ။
သူ၏ေကာင္းမြန္ေနေသာ စိတ္အေျခအေနကို ဖ်က္လိုဖ်က္ဆီးလုပ္သူသည္ ဘယ္ေသာအ
ခါမွ အဆုံးသတ္ေကာင္းလိမ့္မည္မဟုတ္။
အေျဖမလိုအပ္ေသာ ေမးခြန္းမ်ိဳးကို ေမးသံၾကားလိုက္ရေသာအခါ လီဖုခြၽမ္သည္ ေၾကာ
က္လြန္း၍ ခ်က္ခ်င္းဒူးေထာက္ခ်လိဳက္၏။
"ကြၽန္ေတာ္မ်ိဳး ေသသင့္ေလာက္တဲ့ အျပစ္ကိုက်ဴးလြန္မိပါတယ္!"
သူသည္ အရွင္ဧကရာဇ္အနီးတြင္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေအာင္ အမႈထမ္းခဲ့သည္ျဖစ္ရာ အရွင္ဧကရာဇ္၏ ေျပာင္းလဲတတ္ေသာ စိတ္ေနစိတ္ထားတိုင္းကို သူ႕လက္ဖဝါးေပၚမွ လကၡဏာေၾကာမ်ားကဲ့သို႔ ေၾကညက္ေနေအာ
င္ သေဘာေပါက္ထားၿပီးျဖစ္သည္။
နိုင္လိုမင္းထက္ဧကရာဇ္တစ္ပါးသည္ မုန္
တိုင္းထန္ေနေသာအခ်ိန္တြင္ မိုးၿခိန္းသံကဲ့သို႔ လြယ္လြယ္ကူကူ ဟိန္းေဟာက္ေနမည္မဟုတ္သလို အတန္ငယ္ သေဘာထားကြဲလြဲမႈတြင္လည္း လူသားစား သတၱဝါကဲ့သို႔ ၾကမ္းၾက
မ္းတမ္းတမ္း ဟိန္းေဟာက္ေနမည္မဟုတ္။
မဟုတ္ဘူး....ခ်င္ဧကရာဇ္ကေတာ့ အဲ့ဒီလိုပုံစံမ်ိဳး မဟုတ္ဘူး။
အရွင္ဧကရာဇ္သည္ ထက္ျမက္ၿပီး ခန့္ညား၊ၾကည့္ေကာင္းလွေသာ ေယာက်ာ္းတစ္ေယာ
က္ျဖစ္ရာ အရာခပ္သိမ္းကို အလြန္က်က္သ
ေရရွိရွိ ကိုင္တြယ္တတ္သူျဖစ္သည္။အရွင္ဧကရာဇ္သည္ က်ယ္ေလာင္ေသာ အသံျဖင့္ ျပစ္တင္ကဲ့ရဲ႕ျခင္းမ်ိဳး မလုပ္တတ္ဘဲ ႀကဳံေတာင့္ႀကဳံခဲ ေဒါသထြက္ေသာ အခ်ိန္မ်ိဳးတြင္သာ....
ေဒါသထြက္ေသာ အခ်ိန္မ်ိဳးတြင္သာ ရိုးရွင္းစြာ ေသမိန့္ေပးလိုက္သည့္ႏွယ္ သတ္စင္တင္နိုင္ေလာက္ေသာ အၿပဳံးမ်ိဳးျဖင့္ ၿပဳံးျပေလ
၏။
ၿပဳံးေနေသာ က်ားတစ္ေကာင္ပမာ ႐ုပ္လုံး
ေဖာ္ေလေသာ။
အရွင္ဧကရာဇ္၏ေလသံ ေပ်ာ့ေပ်ာင္းေလေလ၊တစ္ဖက္လူ၏ကံၾကမၼာဟာ ေမွးမွိန္လာေလေလျဖစ္သည္။
လီဖုခြၽမ္သည္ ေလတိုက္တိုင္း ယိမ္းႏြဲ႕ေသာ သစ္႐ြက္ပမာ တစ္ကိုယ္လုံး တုန္ယင္ေနၿပီး ခဏေလးအတြင္းမွာပင္ သူ႕ေခါင္းကို သူကို
ယ္တိုင္ မပိုင္ေတာ့မည္ကို စိုးထိတ္လ်က္ရွိသ
ည္။
ဆိုရိုးစကားတြင္ အမွန္တရားေတာင္ ရွိပါေသး၏။
အာဏာစက္ႏွင့္ ဆက္ႏြယ္ျခင္းသည္ က်ားႏွင့္အတူ လဲေလ်ာင္းသည့္ႏွယ္ အႏၱရာယ္ႀကီးေပစြ။
"လီဖုခြၽမ္၊ မင္းက ကိုယ္ေတာ္နဲ႕အတူ ဆယ့္ႏွစ္ႏွစ္တိုင္တိုင္ အမႈထမ္းလာတဲ့အတြက္ မင္းရဲ႕ သစၥာရွိမႈကို အသိအမွတ္ျပဳတဲ့အေနနဲ႕ အ
သက္ကို ငဲ့ညွာေပးလိုက္မယ္"
က်ီယြယ့္က မေျပာင္းလဲေသာ ေလသံျဖင့္ မိန့္ေလ၏။
"ကိုယ္ေတာ့္အနားမွာ ႏွစ္ေပါင္းမ်ားစြာ အမႈ
ထမ္းလာတာနဲ႕ပဲ ကိစၥတိုင္းကို ကိုယ့္သေဘာနဲ႕ကိုယ္ ဆုံးျဖတ္လို႔ရမယ္ မထင္နဲ႕။ႀကိမ္ဒဏ္အခ်က္သုံးဆယ္ ခံယူေစ"
လီဖုခြၽမ္သည္ ခ်က္ခ်င္းအရိုအေသေပးရင္းျဖင့္
"အရွင္ဧကရာဇ္ရဲ႕ သက္ညွာမႈအတြက္ ေက်း
ဇူးေတာ္ ႀကီးျမတ္လွေၾကာင္းပါ"
"က်န္တဲ့လူေတြကေတာ့"
က်ီယြယ့္၏ခံစားခ်က္မပါေသာ အၾကည့္မ်ားသည္ အေစာပိုင္းတုန္းက ေဝ့လ်န္ကို စား
ပြဲေပၚသို႔ ပစ္တင္၍ ခ်ဳပ္ႏွောင္ခဲ့ေသာ အမႈထ
မ္းမ်ားထံ ေ႐ြ႕သြားခဲ့သည္။
နန္းတြင္းအမႈထမ္းမ်ားသည္ ျဖဴဖပ္ျဖဴေရာ္မ်က္ႏွာမ်ားျဖင့္ ပ်ာယာခတ္ေနၾကၿပီး ေျမ
ႀကီးေပၚ ဒူးေထာက္ခ်လ်က္
"အရွင္ဧကရာဇ္၊ကြၽန္ေတာ္မ်ိဳးတို႔ကို သက္
ညွာေတာ္မူေပးပါ!"
က်ီယြယ့္သည္ စိုးစဥ္းမွ်ေတာင္ မလႈပ္ယွက္ဘဲ အမိန့္ဆက္ေပးေလ၏။
"ႀကိဳးခ်ည္ၿပီး ေသတဲ့အထိ ရိုက္"
"အရွင္ဧကရာဇ္၊ေက်းဇူးျပဳၿပီး သက္ညွာေပးပါ!သက္ညွာေပးေတာ္မူပါ!"
နန္းတြင္းအမႈထမ္းမ်ားသည္ ခ်က္ခ်င္းေအာ္
ဟစ္၊ငိုေႂကြးလာၾကေသာ္လည္း အျခားေသာ အမႈထမ္းမ်ား၏ ရက္စက္စြာ ဆြဲထုတ္ျခင္းကို ခံလိုက္ရေလသည္။
သူတို႔ထဲမွတစ္ဦးသည္ ေသျခင္းတရားကို ေရွာင္ဖယ္ျခင္းငွာ မတတ္နိုင္ေတာ့မွန္း သ
ေဘာေပါက္သြားေလရာ သက္ညွာေပးရန္ မေတာင္းဆိုေတာ့ဘဲ က်ယ္က်ယ္ေလာင္ေလာ
င္ က်ိန္ဆဲလာခဲ့သည္။
"နိုင္လိုမင္းထက္ဧကရာဇ္!ခင္ဗ်ားက လူ႕အ
သက္ကို ဘယ္ေတာ့မွ အေလးမထားဘူး!ခင္ဗ်ား အေသေျဖာင့္မွာ မဟုတ္ဘူး! ခ်င္အင္ပါယာက ခင္ဗ်ားနဲ႕အတူ ပ်က္သုဥ္းရလိမ့္မ
ယ္!"
က်ီယြယ့္၏အမူအရာကေတာ့ မေျပာင္းမလဲပင္။
"ကိုယ္ေတာ္ မၾကားခ်င္ဘူး"
အမႈထမ္းမ်ားသည္ အရွင္ဧကရာဇ္၏အမိန့္ေတာ္အတိုင္း ထိုေယာက်ာ္း၏ လွ်ာကို ခ်က္
ခ်င္းျဖတ္ပစ္လိုက္ၾကသည္။ေပ်ာ့ေပ်ာင္း
ေသာ အသားတစ္ ျပဳတ္က်သြားသည္ႏွင့္ေသြးမ်ားလည္း ပန္းထြက္လာခဲ့သည္။ယခုအခ်ိန္တြင္ ထိုေယာက်ာ္းဟာ အျပည့္အဝ နားလည္နိုင္ေသာ စကားမ်ိဳးကို မေျပာနိုင္ေတာ့ေခ်။
ေဝ့လ်န္သည္ က်ီယြယ့္၏ရင္ခြင္ထဲသို႔ ပိုက်ဳံဝင္သြားၿပီး မ်က္ဝန္းမ်ားကို မွိတ္ထားလိုက္
၏။
ေကာလဟလေတြက အမွန္ပဲ။ခ်င္ဧရာဇ္က တကယ္ကို....တကယ္ကို နိုင္လိုမင္းထက္ဧကရာဇ္ပဲ။
ေဝ့လ်န္သည္ ထိုနန္းတြင္းအမႈထမ္းကို လုံးဝမသနားပါေလ။
ေသဖို႔မထိုက္တန္တာေတာ့ အမွန္ပဲဆိုေပမယ့္ သူက ဘယ္လိုလူမ်ိဳးမို႔လဲ?
ခ်ဴအင္ပါယာ၏ ေတာ္ဝင္နန္းေတာ္ထဲမွ မင္း
သားအမ်ားစုသည္ အခ်ိန္မတန္မီ ေသဆုံးခဲ့ၾကရျခင္းျဖစ္သည္။သူသာလွ်င္ စာနာစိတ္မရွိေသာ အႀကံအစည္မ်ားႏွင့္ ခိုင္မာေသာ ရ
ည္႐ြယ္ခ်က္ေၾကာင့္ ယေန႕ထိတိုင္ အသက္ရွ
င္က်န္ရစ္ေနျခင္းသာ။သို႔ျဖစ္ရာ သူသည္ မလိုအပ္ေသာ ကိုယ္ခ်င္းစာတရားမ်ားကို ေန
ရာတကာ လိုက္မေတြးေပးတတ္ေခ်။
ေျမေခြးတစ္ေကာင္အေနႏွင့္ ယုန္တစ္ေကာင္ ေသဆုံးရျခင္းအတြက္ မေျပာပနိုင္ေလာက္ေသာ ပူေဆြးမႈအနည္းအက်ဥ္းသာ ရွိနိုင္ေပလိမ့္မည္။
သို႔ျဖစ္ရာ ယခုအခ်ိန္ထိ အသက္ရွင္က်န္ရစ္ေနျခင္းကပင္ ကံအက်ိဳးထူးလွေခ်ၿပီ။ယေန႕တြင္ ဆြဲထုတ္ခံရသူသည္ နန္းတြင္းအမႈထမ္းျဖစ္ေသာ္လည္း မနက္ျဖန္တြင္ေတာ့ သူအလွည့္လည္း ျဖစ္ေကာင္းျဖစ္သြားနိုင္သည္။
"ကိုယ္ေတာ္တို႔ရဲ႕ ဘုန္းအသေရတင့္လွတဲ့ ခ်င္အင္ပါယာဟာ ႏွစ္ေပါင္းေထာင္ခ်ီတိုင္
ေအာင္ အသေခၤ်က်က္သေရအတိနဲ႕ တည္ၿမဲေနမွာျဖစ္သလို 'က်ီယြယ့္'ဆိုတဲ့နာမည္ဟာလည္း သမိုင္းတစ္ေလွ်ာက္မွာ ေျပာစမွတ္တြင္ေလာက္ေအာင္ အမွတ္ရေနၾကရလိမ့္မယ္။ဘာမဟုတ္တဲ့လူကမ်ား ဒီလိုစကားမ်ိဳးကို ထုတ္ေျပာရဲတယ္ေပါ့?"
က်ီယြယ့္သည္ 'ဟြန့္'ခနဲ ႏွာမႈတ္၍ သေရာ္ေလ၏။
"ရယ္စရာပဲ"
ေဝ့လ်န္သည္ ဘာမွနားမလည္ဟန္ေဆာင္လ်က္ ထိုပုဂၢိုလ္၏ခါးကို တင္းက်ပ္စြာ ဖက္ထားၿမဲျဖစ္ၿပီး ကိုယ္လုံးေလးေတာင္ အတန္င
ယ္ တုန္ယင္ေနပါေသး၏။
က်ီယြယ့္သည္ ေဝ့လ်န္ကို မ,ထူေပးၿပီးေနာ
က္ ေဖ်ာ့ေတာ့ေနေသာ အသြင္ကို ၾကည့္ရင္း ေမးေလ၏။
"မင္း ေၾကာက္သြားလား?"
ျဖဴေဖ်ာ့ေနေသာ ေကာင္ေလးသည္ ေၾကာက္လန့္တၾကား ေမာ့ၾကည့္လာခဲ့သည္။အခ်ိန္အတန္ၾကာမွ ေခါင္းညိတ္ျပ၏။ထို႔ေနာက္ ေခါင္းခါလိုက္ျပန္ေလသည္။
"ခင္ဗ်ားရွိေနလို႔ ကြၽန္ေတာ္ မေၾကာက္ေတာ့ပါဘူး"
ေျပာၿပီးသည့္ႏွင့္ က်ီယြယ့္၏ရင္ခြင္ထဲသို႔ ခ်က္ခ်င္း သတိလစ္လဲက်သြားေတာ့သည္။
.................................................................