"ကျိရန် "
ကန်တင်းမှာစောင့်နေတဲ့ ရိပေါ်က လှမ်းခေါ်တာကြောင့် ရိပေါ်နားကို ကျိရန်လျှောက်လာသည်။ဒီနေ့ကျောင်းပြန်တက်ကြပေမဲ့ ရင်ထဲမှာဟာတာတာကြီးပင်။ အရင်လိုစလိုက်နောက်လိုက် သုံးယောက်ကနေ နှစ်ယောက်တည်းဖြစ်သွားပြီမဟုတ်လား။
"ရောက်နေတာကြာပြီလား"
"သိပ်မကြာသေးဘူး မင်းပါးကောသက်သာနေပြီလားမနေ့က ဝင်မမေးဖြစ်လိုက်လို့"
"သက်သာနေပြီ ဒီနေ့တော့ ငါတို့နှစ်ယောက် အချိန်ပြည့်အတန်းတက်တော့ရမယ်"
"အင်း ဟောက်ရွှမ်းကလဲမရှိတော့ဘူး စားမေးပွဲကလဲနီးပြီ ပျက်ထားတဲ့ လက်တွေ့ချိန်တွေကော "
ဟောက်ရွှမ်းဆိုတဲ့နာမည်လေးကြားရုံနဲ့ ဝမ်းနည်းရိပ်သန်းသွားတဲ့ကျိရန် မျက်ဝန်းကိုရိပေါ်မြင်ဖြစ်အောင် မြင်သည်။ဘာဘဲပြောပြော စာမေးပွဲနီးနေပြီမို့စာထဲအာရုံစိုက်လိုက်ရင် နည်းနည်းတော့စိတ်သက်သာရာရမှာပါ။
"ဘာစားမလဲ ကျိရန်"
"အိမ်ကစားလာပြီ အတန်းထဲသွားကြမလား "
"အင်း သွားတာပေါ့"
အရင်ဆို အတန်းမတက်သေးခင် ဟောက်ရွှမ်းရဲ့ပေါက်ကရစကားတွေကို လွမ်းမိသား။ မဟုတ်တာဆိုအကုန်ကြံနေတတ်တဲ့ ဟောက်ရွှမ်းရဲ့ စည်းရုံးမဲဆွယ်တဲ့အသံတွေလဲမကြားရတော့ဘူး။စာသင်ချိန်ငိုက်ပြီး "ကျိရန် စာအုပ်ငှားနော်"ဆိုတဲ့စကားကိုလဲ ထပ်မကြားရတော့ဘူးပေါ့။
"ကျိရန်ငိုနေတာလား"
စာကူးနေတဲ့ရိပေါ်က ကျိရန်ပခုံးကိုကိုင်ပြီး မေးလာသည်။မျက်ရည်တွေကို သုတ်လိုက်ပြီးမှ အတတ်နိုင်ဆုံးပြုံးလိုက်ကာ
"ငါ ဟောက်ရွှမ်းကိုသတိရသွားလို့ပါကွာ"
ကျိရန်အပြောကို ရိပေါ်ကထောက်ခံသလိုကြည့်သည်။သူလဲဟောက်ရွှမ်းကိုလွမ်းမိသည်။ပေါက်ကရဆိုနှစ်ခါတိုင်ပင်စရာမလိုလောက်အောင်အတိုက်ဖောက်ညီခဲ့တာမဟုတ်လား။ ကျိရန်ရဲ့ပခုံးတွေဆုပ်ကိုင်ကာနှစ်သိမ့်ပေးပြီး စာပြန်ကူးကြသည်။
စာမေးပွဲကနီးနေပြီ။
ရိပေါ်တို့မှာအားလပ်ချိန်ဆိုတဲ့နေရာမှာ စာတွေကျက်မှတ်ရ တဲ့အချိန်တွေကအစားဝင်သည်။အတန်းချိန်တွေလဲမှန်မှန်တက်ရသည်။အိမ်နဲ့ကျောင်း ကျောင်းနဲ့အိမ်ဘဲ သွားချည်ပြန်ချည်လုပ်သည်။အိမ်ရောက်တာနဲ့ စာကြည့်စားပွဲ၌ထိုင်သည်။
တစ်နှစ်လုံး ကျလာတဲ့စာမေးပွဲတွေကမရေမတွက်နိုင်ပေမဲ့ နောက်ဆုံးစာမေးပွဲတော့အောင်ကိုအောင်ရမည်။သူနဲ့လဲမတွေ့တော့ဘူး။သူဆိုတာကျွန်တော်ချစ်နေပါပြီဆိုတဲ့ရှောင်းကျန့်။မားကနေတစ်ဆင့်ဘဲစာလာမသင်တော့ဖို့ ကိုယ်တိုင်ဘဲလုပ်တော့မယ်ဆိုပြီးပိတ်ခိုင်းလိုက်သည်။
မျှော်မိပါသည်။ လာလို့လာငြားပေါ့ စာတွေပိနေတယ်ဆိုပေမဲ့
ခနလေးတော့ လာတွေ့သင့်သည်မလား။သူလဲအလုပ်တွေမအားလို့လား။ကျောင်းသွားချိန်သူ့ဆိုင်ရှေ့ကဖြတ်ပေမဲ့
မကြည့်မိအောင်ထိန်းချုပ်ထားသည်။ သို့ ပေမဲ့ ကျွန်တော်သူ့ကိုအရမ်းလွမ်းပါသည်။
___________________
တစ်နှစ်လုံးရေခဲဖင်ပေး အေးအေးနေလာခဲ့သမျှ ကုန်းရုန်းကျက်မှတ်နိုင်ခဲ့လို့ ပထမနှစ်စာ မေးပွဲကိုတော့ ကျော်ဖြတ်နိုင်ခဲ့ပြီ။ကျိရန်က စားမေးပွဲပြီးပြီးမို့ သူ့အဖေနဲ့အတူ သူတို့ဇာတိမြေလေးကိုပြန်မည်ဟုဆိုသည်။ အလည်လိုက်ဖို့ခေါ်ပေမဲ့ မလိုက်ချင်ပါ။အခုချက်ချင်း လွမ်းနေခဲ့ရတဲ့သူဆီကို ပြေးသွားချင်နေပြီ။
ကျိရန်နဲ့ အပြန်လမ်းမှာလမ်းခွဲလိုက်ကြ ပြီး အိမ်ကိုပြန်လာခဲ့သည်။ မားက အိမ်ရှေ့ထွက်ပြီး ပန်းစည်းကိုင်ကာရပ်နေသည်။
ရိပေါ်ကိုမြင်တော့ ပြုံးပြီးကြိုသည်။
"ပင်ပန်းသွားပြီ "
ရိပေါ်ပြုံးလိုက်ပြီး ဆိုင်ကယ်ပေါ်ကဆင်းကာ မားကိုဖက်ထားလိုက်တယ်။မားကလဲတင်းနေအောင်ပြန်ဖက်တွယ်လာတယ်။
"မားသားကြိုက်တာတွေချက်ထားတယ် "
လက်ထဲကိုပန်းစည်းထည့်ပေးပြီး လက် မောင်းကိုချိတ်တွယ်ကာ ဆိုလာသည်။
"သားလမ်းထိပ်ကဆိုင် ခနသွားလိုက်အုန်းမယ်"
လက်ထဲကပန်းစည်းကို မားလက်ထဲ ပြန်ထည့်ပေးလိုက်တယ်။
"ဒါဆို မားကို သကြားလေးဝယ်ခဲ့အုန်းသကြားကုန်နေပြီ"
"ဟုတ်မား"
"မကြာနဲ့နော် ဟငိးတွေအေးကုန်လိမ့်မယ်"
"ဟုတ်"
ဆိုင်ကယ်ကိုထားခဲ့ပြီး လမ်းသာလျှောက်လာခဲ့တယ်။လမ်းမှာတွေ့သမျှကိုလဲ ကန်ရင်းနဲ့ဘဲ ချစ်ရပါသော ရှောင်းကျန့်ဆီကိုရောက်ခဲ့လာပြီ။ ဆိုင်ထဲဝင်လိုက်တာနဲ့ ဝန်ထမ်းကောင်လေးကနှုတ်ဆက်သည်။
ဝန်ထမ်းကောင်လေးကလဲွဲ ပြီး မည်သည့်အရိပ်ယောင်မျှမတွေ့ရ။ မားဝယ်ခိုင်းတဲ့ သကြားနဲ့ချိုချဥ်ထုတ်ကိုဘဲယူလိုက်ပြီး ပိုက်ဆံရှင်းလိုက်သည်။ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ရိပေါ်ကြည့်ကာ ဝန်ထမ်းကောင်လေးက
"အကိုရှောင်း အလုပ်ကိစ္စနဲ့ခရီးသွားနေတာကြာပြီ"
"သြော် ကြာအုန်းမှာလား"
"ပြန်လာတော့မယ်ထင်တယ် "
"သြော် "
ဝန်ထမ်းကောင်လေးကိုခေါင်းညိမ့်နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။အပြန်လမ်းက အလာလမ်းထက်ပိုကြာရှည်၏။အလာလမ်းမှာတွေ့ကရာကန်ခဲ့သမျှ အပြန်လမ်းမှာတော့ လေးပင်တဲ့ခြေလှမ်းတွေနဲ့သာ။
မားချက်ပေးတဲ့ညစာကိုစားပြီး မားနဲ့အတူ ဧည့်ခန်းမှာထိုင်နေတာ ကြာပြီ။ မားကရိပေါ်ဆံပင်လေးတွေကို ထိုးဖွပေးနေသည်
"သားငယ် စိတ်ညစ်စရာရှိနေလို့လား"
ငြိမ်ချက်သားကောင်းတဲ့သားငယ်ရဲ့ အမူအရာတွေကိုမနှစ်မြို့။သားငယ်လေးပျော်နေတာဘဲ မြင်ချင်မိသည်။သားငယ်လေးရဲ့လက်တွေကိုဆုပ်ကိုင်ပြီးခပ်ဖွဖွလေးပုတ်ပေးနေမိသည်။သားငယ်လေးကသိုဝှက်လွန်းတယ် ခံစားချက်ကိုထုတ်မပြောတတ်တဲ့ကလေး။
"မရှိပါဘူးမားရဲ့ စာတွေလုပ်ရလွန်းလို့ပင်ပန်းနေတာပါ"
"ဟုတ်ပါပြီရှင် ဒါဆို စောစောနားတော့"
"ဟုတ် မား good night"
"good night သားငယ်"
မားရဲ့ပါးပြင်ကိုနမ်းပြီး အခန်းဆီတက်လာခဲ့တယ်။ အိပ်ရာပေါ် လှဲချလိုက်ပြီး မဖိတ်ခေါ်ဘဲကျလာတဲ့ မျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။ ခင်ဗျားကို အရမ်းလွမ်းတယ် ရှောင်းကျန့်။
အောက်ထပ်မှာကျန်ခဲ့တဲ့ဝမ်မားက ရိပေါ်ကြည့်ပြီးသက်ပြင်းချသည်။ပြီးတော့ တစ်နေရာကိုဖုန်းဆက်တယ်။ ဖုန်းချအပြီး ဝမ်မားရဲ့မျက်နှာထက်မှာအပြုံးတစ်ပွင့်ရှိလို့နေသည်။
_________________
< ကျိရန် ငါ့ကိုမင်းသတိရနေမလား။ ဒီနေ့က ပထမနှစ်
နောက်ဆုံးနေ့။ငါဖြေနိုင်တယ် မင်းကောဖြေနိုင်လား။မှားလို့မင်းကတော့ဖြေနိုင်မှာပါ။မင်းကတော်ပြီးသားဘဲဟာ။ဒီမှာ နေရတာ အဆင်မပြေဘူး။စားဝတ်နေရေးမဟုတ်ဘဲ ရင်ဘက်ထဲကအဆင်မပြေတာ။ဖြစ်နိုင်ရင်မင်းဆီကို အခုချက်ချင်းဘဲပြေးလာချင်တာ။
ပါးကိုပေးထားတဲ့ကတိကြောင့် မင်းထိခိုက်မှာမလိုလားလို့ မင်းနဲ့အဆက်သွယ်ဖြတ်ထားရတာပါ။ မင်းကိုအရမ်းလွမ်းတာဘဲ။ပြီးတော့ငါမင်းကိုသိပ်ချစ်တယ်။ >
ဟောက်ရွှမ်းရဲ့ညစဥ်အလုပ်က ဖုန်းscreenထက်က ကျိရန်ပုံလေးကိုကြည့်တယ်။ ဒိုင်ယာရီလို့အမည်တပ်ထားတဲ့ စာအုပ်ထဲမှာကျိရန်ကိုလွမ်းကြောင်းတွေဘဲထပ်နေတဲ့ စာတွေကိုနေ့တိုင်းရေးတယ်။
~ နိဒါန်းတောင်မပျိုးရသေးတဲ့ ချစ်ခြင်းတရားတွေက တစ်နေ့ထက်တစ်နေ့ ပိုခိုင်မြဲလာတယ် ~
_______________________
1284 words~
Thank for reading ❣
ပေါ့ပျက်ပျက်နိုင်သွားရင် ဒီစာရေးသူရဲ့ ပုံဖော်နိုင်တဲ့အရေးအသားညံဖျင်းမှုကြောင့် သည်းခံပေးပါ။စာလုံးပေါင်းအမှားယွင်းရှိခဲ့လျှင် ဖြည့်စွက်ဖတ်ပေးဖို့တောင်းဆိုပါရစေ။ Take care all 💛
TBC CL-14 🍭
#Zawgyi
"ကျိရန် "
"ရောက်နေတာကြာပြီလား"
"ဘာစားမလဲ ကျိရန်"
"အင်း သွားတာပေါ့"
"ကျိရန်ငိုနေတာလား"
စာမေးပွဲကနီးနေပြီ။
___________________
"ပင်ပန်းသွားပြီ "
"ဟုတ်မား"
"ဟုတ်"
"သြော် ကြာအုန်းမှာလား"
"ပြန်လာတော့မယ်ထင်တယ် "
"သြော် "
"ဟုတ် မား good night"
"good night သားငယ်"
_________________
_______________________
1284 words~
Thank for reading ❣
TBC CL-14 🍭