แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

360K 53.3K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแˆ.แ‚ {U}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แแƒ.แ {U}

3.6K 752 144
By Hot_Tofu1

Unicode

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်း -
Chapter 13

ON Aug 17, 2021 BY HOT TOFU

Arc 1 : ရင်ခွဲရုံထဲမှ ထူးဆန်းသောအသံ

ထျီရန်ကောသည်တံခါးလက်ကိုင်းကို
ကိုင်ထားလိုက်မိသည်။သူ၏ဘယ်ဘက်
မျက်လုံးသည် ထိုဟနေသည့်တံခါးကြား
လေးထဲမှအပြင်ဘက်ရှိအခြေအနေများကို
အနည်းငယ်လောက်သာမြင်ရသည်။

ရှပ်-

ဟောင်းနွမ်းနေသည့်လုံခြုံရေးဝတ်စုံကို
ဝတ်ဆင်ထားသည့်အရပ်မြင့်မြင့်လူတစ်ယောက်
သည်ကော်ရစ်တာအစွန်ဆုံးထောင့်ဆီမှ
ပြန်လှည့်ကာထျီရန်ကောမြင်နေရသည့်
မြင်ကွင်းအတွင်းသို့လျှောက်လှမ်းလာခဲ့သည်။

ထျီရန်ကောသူ၏ကျောရိုးတစ်လျှောက်လုံး
တောင့်တင်းသွားပြီးကြက်သီးမွေးညင်းများ
ထလာတော့သည်။ထိုအရပ်မြင့်မြင့်လူသည်
သူတို့၏တံခါးကိုဖြတ်ကျော်၍အဝေးသို့
လျှောက်သွားတော့မည်ကိုမြင်လိုက်ရသည့်အခါ,သူ၏အနောက်တွင်ရှိနေသော
ကြောက်ရွံ့နေသည့်အမျိုးသမီးနှစ်ဦးကို
တိတ်တဆိတ်နေကြရန်အမြန်လက်ဟန်ခြေဟန်
ပြလိုက်သည်။

Amy နှင့် Cao သည်ချက်ချင်းကိုသူတို့၏
တုန်ရီနေသောပါးစပ်များကိုလက်ဖြင့်အုပ်ကာ,
ကြွက်သားလေးအနည်းငယ်တောင်မလှုပ်ရှားရဲ
တော့ပေ။

အဲ့ဒါကသရဲရာဇဝင်ထဲကသေသွားပြီ
ဖြစ်တဲ့လုံခြုံရေးစောင့်လား?

ထျီရန်ကောသည်ထိုဟောင်းနွမ်းနေသည့်
လုံခြုံရေးဝတ်စုံကိုဝတ်ဆင်ထားသည့်
ထိုအရပ်မြင့်မြင့်ဝိဉာဉ်အားခေါင်းအစခြေအဆုံး
ကြည့်လိုက်မိပြီးမတတ်နိုင်စွာဖြင့်သေချာစူးစမ်း
လေ့လာနေမိသည်။အဲ့လူကသူတို့ကိုဒီနေရာကြီးထဲမှာ
ပိတ်လှောင်ထားခဲ့တဲ့အဓိကလက်သည်တရားခံပေါ့။
သို့သော်လည်း,ထိုဝိဉာဉ်၌အားနည်းချက်တစ်ခု
တစ်စုံတစ်ရာရှိမရှိကိုတော့ သူတို့မသိရသေးပေ။

ရှပ်- လေးလံသည့်ခြေလှမ်းကြီးသည်တံခါးကို
ဖြတ်ကျော်သွားတော့သည်။

ဟမ်?

ရုတ်တရပ်,ထျီရန်ကော၏မျက်နှာအမူအရာသည်
အလွန်အံ့ဩသင့်သွားရသည်။သိပ်မဝေးကွာလှသော
နေရာတွင်ရှိနေသည့်လုံခြုံရေးလက်မောင်းထဲမှ
တစ်စွန်းတစ်စထွက်ပေါ်နေသည့်အဝတ်စကို
စိုက်ကြည့်နေမိသည်။

နေစမ်းပါအုန်း,သူထင်ယောင်ထင်မှား
ဖြစ်နေတာတော့,မဟုတ်ဘူးမလား?
အဲ့လုံခြုံရေးရဲ့လက်မောင်းထဲမှ
လူတစ်ယောက်ရှိနေတာလား?

Swish-

အဝတ်စားချင်းပွတ်တိုက်မိရာမှထွက်ပေါ်
လာသည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ယောင်းယီသည်ထိုအရပ်မြင့်မြင့်ဝိဉာဉ်၏
လည်ပင်းကိုရစ်ပတ်တွယ်ချိတ်ထားသည့်
သူ၏လက်များကိုချဲ့လိုက်ပြီးထိုအရိပ်၏
ပခုံးပေါ်သို့ကြည်ညိုမှုဖြင့်တောက်ပနေသည့်
မျက်နှာဖြင့်မှီအပ်လိုက်သည်။သူ၏မျက်လုံးများ
သည်မီးခိုးရောင်မြူများဆိုင်းနေသလိုမျိုး
ဖြစ်နေပြီးကြည့်ရသည်မှာအလွှာပါးတစ်ခု
ဖုံးထားသလိုပင်။

ထိုဝိဉာဉ်၏လက်မောင်းများအတွင်း၌
အလိုလိုက်ခံထားရသည့်ကလေးလေးအလား
ပွတ်သီးပွတ်သပ်လုပ်နေသည်မှာ,သူ၏မျက်လုံး
ထောင့်များမှတဆင့်,အမှောင်ထုထဲတွင်ပုန်းကွယ်
ကာချောင်းကြည့်နေသည့်အကြည့်များကို
သတိမထားမိခင်အထိဖြစ်သည်။

"အဲ့မှာ-" သူ၏လက်ကိုဆန့်ထုတ်ကာ
တစ်ဖက်လူနာဆောင်ရှိတံခါးကိုညွှန်းပြလိုက်သည်။

ယောင်းယီထိုအထဲထဲတွင်သူ့ကို
ပြဿနာရှာခဲ့သည့်လူအချို့
ရှိနေသည်ကိုသိရှိထားပြီး,
ထိုလူများသူ့အပေါ်ကြည့်သည့်
အကြည့်များကိုတကယ်သဘောမကျပေ။

အနက်ရောင်မြူခိုးများလွင့်ပါးသွားပြီး,
ယောင်းယီ၏မျက်လုံးများထဲတွင်
ချောမွတ်ကာအပြစ်အနာအဆာ
တစ်စက်လေးတောင်မရှိသည့်
ထိုအရိပ်မည်း၏မျက်နှာအစိတ်အပိုင်းများ
ပေါ်လာခဲ့သည်။ထိုလူ၏အကြည့်များသည်
ကြင်နာယုယစွာဖြင့်ချစ်ခြင်းမေတ္တာများ
ပြည့်လျှံနေပြီး,ဘဝတစ်လျှောက်လုံး
မေတ္တာငတ်မွတ်နေခဲ့သည့်,ယောင်းယီ,
၏နှလုံးသားကိုမယှဉ်နိုင်အောင်
နှစ်သက်ကြည်နူးစေသည်။

ထိုမျက်ဝန်းတစ်စုံသည်နူးညံ့ညင်သာသည့်
တသွင်သွင်စီးကျနေသောရေစီးကြောင်းလေး
အလားယောင်းယီကိုတသိမ့်စိမ့်စိုက်ကြည့်ရင်း,
ယောင်းယီလက်ညိုးညွှန်းပြလိုက်သည့်နေရာကို
ကြည့်ကာ,အရူးအမူးစွဲလမ်းနေသည့်ပိုင်ဆိုင်လို
စိတ်ကိုဖုံးကွယ်ထားသည့်နွေးထွေးသော
အပြုံးလေးအားလှစ်ဟပြသလိုက်သည်။

""ဒေါက်တာယောင်း....သူတို့ကိုသဘောမကျ
လို့လားဟင်?""

ထိုဝိဉာဉ်၏အသံသည်အလွန်ဖျော့တော့ကာ,
သေပြီးသားလူများသာပိုင်ဆိုင်ထားနိုင်သည့်
ချောက်ချားစဖွယ်,ထူးခြားသောပင်ကိုယ်
လက္ခဏာများကိုသယ်ဆောင်ထားသည်။
သို့သော်လည်းညို့ဓာတ်ပါသည့်ခပ်ဩဩ
အသံဩဇာကိုတော့မဆုံးရှုံးသွားပေ။

""ကျွန်တော်သူတို့ကိုသဘောမကျဘူး!""
ယောင်းယီဆုံးဖြတ်ချက်ခိုင်သည့်အကြောင်း
ထုတ်ဖော်ပြသကာ,ထိုခပ်ဟဟဖြစ်နေသည့်
တံခါးကြားကိုမျက်မှောင်ကြုံရင်းပြောလိုက်သည်။

"".....ဟုတ်ပြီလေ,အာ....တကယ်လို့
ဒေါက်တာယောင်းသာ,သူတို့ကိုသဘောမကျဘူး
ဆိုရင်,ကျွန်တော်သူတို့ကိုအဝေးဆုံးကို
မောင်းထုတ်လိုက်မယ်....""

ထိုဝိဉာဉ်သည်လွမ်းဆွတ်တမ်းတခြင်းမှ
ပိုင်ဆိုင်လိုစိတ်အဖြစ်သို့ကူးပြောင်းသွားရသည့်
နွေးထွေးမှုများစွာဖြင့်သူ၏ချစ်ရသူအပေါ်
အလွန်ဂရုတစိုက်ရှိခဲ့သည်။နားထောင်ရသည်မှာ
အလွန်နားဝင်ချိုလှသည့်သူ၏ခပ်ဩဩအသံ
သည်အလိုလိုက်မှုများအပြည့်ဖြင့်ဖြစ်နေပြီး,
အခြားလူများကိုပြောသည့်အသံနှင့်
ပြဒါးတစ်လမ်း,သံတစ်လမ်းဖြစ်လို့နေသည်။

ထိုသို့ပြောပြီးသည်နှင့်,ထိုဝိဉာဉ်၏အလွန်
နက်ရှိုင်းသောမျက်လုံးများသည်ထိုတံခါးကြား
ကိုကြည့်လာခဲ့သည်။

ထျီရန်ကောသည်အသက်ရှင်နေသည့်လူများ၏
မျက်လုံးများဖြင့်အလွန်တရာမှကိုခြားနားနေသည့်
ထိုခြောက်ခြားစရာမျက်လုံးများဖြင့်ရင်ဆိုင်လိုက်
ရသည့်အခါ,သူ၏တစ်ကိုယ်လုံးကြောက်ရွံမှုဖြင့်
တုန်ရီလာတော့သည်။

အလျင်အမြန်တံခါးလက်ကိုင်းကိုလှည့်ကာ,
တံခါးကိုတင်းကြပ်စွာပိတ်လိုက်ပြီး,တံခါးရွက်ကို
မယုံကြည်နိုင်သေးသည့်မျက်နှာအမူအရာဖြင့်
တွန်းကာဖိပိတ်လိုက်သည်။

ထျီရန်ကောအခန်းထဲရှိအသက်တောင်ရဲရဲ
မရှုရဲသည့်သူ၏အဖော်များကိုကြည့်လိုက်ပြီး,
စကားပြောရန်ပါးစပ်ဟရုံရှိသေး,မျက်ရည်များ
ချက်ချင်းကိုစီးကျလာတော့သည်။ထို့နောက်
သူ၏နှလုံးသားထဲမှလှိုက်တက်လာသည့်
အကြောက်တရားကြောင့်,
အထစ်ထစ်အငေါ့ငေါ့ပြောလိုက်မိသည်။

""မ-မဟုတ်! ငါတို့အကုန်လုံးမှားသွားပြီ,
အဲ့လုံခြုံရေး....""

အခုလေးတင်,သူ၏မျက်လုံးနှစ်လုံးဖြင့်
မြင်လာခဲ့ရသည်မှာခေါင်းအစခြေအဆုံး
မီးမကျွမ်းထားသည့်အသားတစ်နေရာစာ
လေးတောင်မရှိသည့်အပြင်
အနက်ရောင်မြူခိုးများဖုံးလွှမ်းနေသည့်
မျက်နှာဖြင့်ထိုလုံခြုံရေးအစောင့်သည်
သူ၏လက်မောင်းများကြားထဲတွင်
ဆရာဝန်ကိုထွေးပွေ့ထားပြီး,သူ၏
လှုပ်ရှားမှုများမှာအလွန်တရာမှကို
ညင်သာလှသည်။

[ T/N ယောင်းယီတစ်ယောက်ဘဲအန်းလင်ရဲ့
မျက်နှာအစစ်ကိုမြင်ရတာပါ။ကျန်တဲ့သူတွေ
အကုန်လုံးကအန်းလင်ကိုသူမီးလောင်ပြီး
သေဆုံးသွားတဲ့ကြောက်စရာပုံစံကြီး
အတိုင်းမြင်ရတာပါ]

ထို့အပြင်ဒေါက်တာသည်လည်း
သရဲရာဇဝင်ထဲမှလူသတ်ရာတွင်
မျက်တောင်တစ်ချက်တောင်မခတ်သည့်
ထိုတစ္ဆေသရဲကြီးကိုအလွန်ခင်မင်
ရင်းနှီးစွာဖြင့်ပွေ့ဖက်ထားသေးသည်။

""အဲ့ဆရာဝန်ကမှ လုံခြုံရေးစောင့်မကျွတ်ဘဲ
စွဲလမ်းနေရတဲ့စွဲလမ်းမှုဘဲ,ငါတို့အားလုံးမှား
သွားပြီ.....""

ခုနကလေးတင်မြင်တွေ့ခဲ့ရသည့်မြင်ကွင်းကြောင့်
ကယောင်ကတမ်းဖြစ်စွာ,ထျီရန်ကော၏
စကားလုံးများသည်ရှုပ်ထွေးပြီးအဆက်စပ်
မရှိဗလုံးဗထွေးထွက်လာတော့သည်။
နားထောင်နေခဲ့သည့် Amy နှင့် Cao တို့လည်း
သူတို့၏ခေါင်းများကျိန်းသွားသည်ကိုခံစား
လိုက်ရပြီး,မျက်ရည်များလည်းတာကျိုးသည့်
အလားထိန်းမရသိမ်းမရဖြစ်ကာ,ပူဆွေးစွာဖြင့်
ဆွဲဆွဲငင်ငင်ငိုကြွေးလိုက်ကြသည်။

""Wuwu... အခုတော့အကုန်လုံးသွားပြီ ,
ငါတို့အကုန်လုံးဒီမှာဘဲသေရတော့မယ်!""

""ငါမသေချင်သေးဘူးလေ အား,
ငါနာမည်ကြီးစတားတစ်ယောက်ဖြစ်ချင်သေးတယ်!
Wuwu! ""

"" F*ck you! ငါတို့အားလုံးသေရတော့မဲ့
အချိန်မှာတောင် နင်ကနာမည်ကြီးစတား
ဖြစ်ချင်နေသေးတယ်ပေါ့! နင့်ကိုယ်နင်
အခြားသူတွေထက်သာသလိုမျိုး
ခွေးပိန်မဖြစ်နေသလိုဟန်ဆောင်ရုံ
ကလွဲလို့အခြားဘာများတတ်နေလို့လဲ!""

""နင်ဘာပြောလိုက်တယ်! ဒီစောက်ရုပ်ဆိုးမကတော့!
မြန်မြန်သာသေသွားစမ်းပါ !!""

အချိန်အကြာကြီးချုပ်တည်းခဲ့ရသည့်
Cao ၏မကျေမချမ်းမှုများသည်
သေဆုံးရတော့မည်ဆိုသောဖိအားများ
အောက်၌ပေါက်ကွဲထွက်လာတော့သည်။
ထို့ကြောင့်လက်ဦးမှုအရင်ရယူကာ,
Amy ၏ပါးကိုပြင်းပြင်းထန်ထန်
ရိုက်ချပလိုက်သည်။

Amy လည်းပြန်ချသည်။ပြန်ချရုံနှင့်
တင်မပြီး,သူမ၏လက်ရောခြေများကိုပါ
အသုံးပြုကာလုံးထွေးသတ်ပုတ်တော့သည်။

လူနာဆောင်ထဲရှိတိတ်ဆိတ်မှုသည်
ရန်သတ်ပွဲအဖြစ်သို့ကူးပြောင်းသွားတော့သည်။
ထောင့်တစ်ဖက်တွင်,အမျိုးသားတစ်ဦးသည်
အလွန်အမင်းသွေးပျက်လျက်သူ၏လက်မောင်း
များဖြင့်သူကိုယ်သူကွေးနိုင်သမျှကွေးကာ
ထွေးပွေ့ထားစဉ်,အခြားတစ်ဖက်၌အမျိုးသမီး
နှစ်ဦးသည်တစ်ယောက်ကိုတစ်ယောက်
သူသေကိုယ်သေပြင်းထန်စွာသတ်ပုတ်
လုံးပန်းနေကြသည်။

ဘယ်သူကမှအစောတုန်းကပိတ်ဆို့ထားသည့်
လူနာဆောင်တံခါးသည်တဖန်ပြန်ပြီးပွင့်လာသည်ကို
သတိမထားမိပေ။

ကလစ်-

အရပ်မြင့်မြင့်အရိပ်သည်လူနာဆောင်ထဲသို့
မဝင်ခင် သူ၏နက်မှောင်လှသော
မျက်လုံးများထဲတွင်ဖုံးကွယ်ထားသည့်
ဖိနှိပ်ညှင်းပန်းကာအသေသတ်ချင်နေသည့်
အကြည့်များဖြင့်အေးစက်စက်ကြည့်လိုက်သည်။
ထိုမျက်လုံးများကိုတိုက်ရိုက်ကြည့်ရဲသည့်
ဘယ်လူသားမဆိုရက်စက်ပြီး
ကြောက်စရာကောင်းသော
မုန်တိုင်းသဖွယ်ခံစားချက်များ၏
လွှမ်းမိုးမှုကြောင့်အဆုံးမရှိ
အပိုင်းပိုင်းဖြစ်သွားမည်ဖြစ်သည်။

လူနာဆောင်ထဲရှိလူတိုင်းအဆုံးမှာတော့
တစ်ခုခုမှားယွင်းနေမှန်းသိသွားကြတော့သည်။

Amy နှင့် Cao သည်တစ်ဦးဆံပင်ကိုတစ်ဦး
ဆောင့်ဆွဲထားကြသည့်သူတို့၏လက်များကို
လွှတ်လိုက်ကြပြီး,ထိုအရပ်မြင့်မြင့်ဝိဉာဉ်ဘေးတွင်
လုံလုံခြုံခြုံရှိနေသည့်ယောင်းယီကိုအလွန်တရာမှ
အံ့ဩနေသည့်ပုံဖြင့်ကြည့်လိုက်မိသည်။

""အဲ့ဒါဟိုကောင်ချောလေးမဟုတ်လား?!
သူမသေသေးဘူးလား? ဘယ်လိုဖြစ်ပြီး
သူဒီမှာရှိနေနိုင်တော့မှာလဲ-အားးးးးးး!!!
အဲ့ဒါသရဲဘဲ!""

Cao ၏မျက်နှာပေါ်မှာအထင်သေးမှုများသည်
ထိတ်လန့်မှုအဖြစ်သို့ကူးပြောင်းသွားပြီး,
ထိုအရပ်မြင့်မြင့်ဝိဉာဉ်၏မျက်လုံးများကို
ကြည့်လိုက်မိသည့်အခါသွေးပျက်သွားတော့သည်။
ထိုနေရာတွင်မှာဘဲကြက်သေသေသွားပြီး,
သူ၏ခြေရောလက်များပါပျော့ခွေကာ,
အသံမထွက်ရဲတော့ပေ။

""ယောင်းယီ...အကို့နာမည်က
ယောင်းယီလို့ခေါ်တာမလား?
ကျေးဇူးပြုပြီး,ကျေးဇူးပြုပြီးတော့,
ကျွန်တော်တို့ကိုလွှတ်ပေးလို့ရမလား!
ကျွန်တော်တို့က တစ်သင်းထဲသားတွေလေ,
မဟုတ်ဘူးလား?!""

မျက်ရည်ရောနှပ်ချေးတွေပါစီးကျရင်း,
ထျီရန်ကောငိုယိုကာ,အရှေ့သို့
လေးဖက်ထောက်ကာသွားလိုက်ပြီး,
ကြမ်းပြင်ပေါ်၌တစ်ကိုယ်လုံးထိန်းချုပ်
မရစွာဖြင့်တုန်ရီနေပြီးယောင်းယီကို
ကူညီပေးပါရန်တောင်းဆိုနေခဲ့သည်။

ယခုအခြေအနေတွင်ရှိနေသည့်ဘယ်သူမဆို
သူတို့ရှေ့တွင်ရှိနေသည့်ယခုဆရာဝန်သည်
သေချာပေါက်ကိုထိုလုံခြုံရေးစောင့်ဝိဉာဉ်နှင့်
လေးနက်သည့်သူငယ်ချင်းဆက်ဆံရေးမျိုးရှိ
သည်မှာသေချာသည်။

"Wuwuwu ! ယောင်းယီကောကော,
ကယ်-ကယ်ပါ,ကျွန်မမသေချင်သေးဘူး အာ!
ရှင်ကျွန်မကိုကယ်သ၍,ကျွန်မဘာမဆိုလုပ်ဖို့
ဆန္ဒရှိပါတယ်,တကယ်ပါ!""

ထိုဝိဉာဉ်ထံမှကြောက်စရာအလွန်ကောင်းသည့်
ပုံပန်းသွင်ပြင်မျိုးမြင်လိုက်ရသည့်အခါ, Amy
၏မျက်နှာသည်ဖြူဖျော့သွားခဲ့သည်။
သို့သော်လည်း,သူမအတတ်နိုင်ဆုံးကြိုးစားကာ
မျက်နှာချိုသွေးလိုက်ပြီး,အရင်ကထပ်ပိုပြီး
အသားအချို့ပေါ်လာစေရန်သူမ၏
စကတ်စကိုဆွဲဖြဲလိုက်တော့သည်။

ယောင်းယီထိုအရိပ်မည်းဘေးတွင်
ရပ်ရင်းစိတ်ရှုပ်ထွေးစွာဖြင့်,
အော်ဂလီဆန်စရာကောင်းသော
ယခုလူတွေဘာတွေလုပ်ပြနေသလဲ
ဆိုတာကိုမတွေးတတ်တော့ပေ။

ထိုဝိဉာဉ်သည်ယောင်းယီကိုအေးချမ်းစွာ
ပြုံးပြလိုက်သည်,သို့သော်လူနာဆောင်
ထဲတွင်ရှိနေသည့်အခြားသော
သက်ရှိလူသားများကိုကမ္ဘာပေါ်ရှိ
အဆိပ်အပြင်းဆုံးမြွေဟောက်ထက်တောင်
ပိုပြီးအဆိပ်ပြင်းသည့်အန္တာရာယ်ပေးလိုသော
အကြည့်များဖြင့်စိုက်ကြည့်လိုက်သည်။

သူရဲ့ဒေါက်တာယောင်းကို.....
သူတစ်ယောက်တည်းပိုင်တာ.....

သူ့ဆီကနေဒေါက်တာယောင်းကို
ဆွဲထုတ်သွားဖို့ကြိုးစားနေတဲ့....
ဘယ်သူမဆိုတစ်စစီနှုတ်နှုတ်စင်း
ခံရမယ်....

"အားးးးး!!!"

"မဟုတ်ဘူး-!!! ကယ်-ကယ်ပါ, အားးးး!!!"

"Wuwu-! အီးးး! အရမ်းနာတာဘဲ!"

ထိုသွေးပျက်ခြောက်ခြားစရာအော်သံများသည်
လူနာဆောင်များထဲရှိအမှောင်ထုများထဲတွင်
ပုန်းခိုနေကြသည့်မရေမတွက်နိုင်သောသရဲများကို
ဆွဲဆောင်လိုက်သလိုဖြစ်ကာ,သက်ရှိ
လူသားများအပေါ်အလွန်အမင်း
ဆာလောင်ကာသရေကျနေသည့်
မကောင်းဆိုးဝါးများစွာထွက်ပေါ်လာတော့သည်။

ကြမ်းပြင်ပေါ်တွင်စေးပျစ်နေသည့်သွေးများစွာ
အပုံလိုက်ရှိနေပြီး,ကုတင်နှင့်နံရံများတွင်
ခြေပြတ်လက်ပြတ်အချို့နှင့်ကိုယ်တွင်းကလီစာ
များပြန့်ကျဲနေခဲ့သည်။

ထျီရန်ကောသွေးများကိုအန်ထုတ်လိုက်ပြီး,
နာကျင်မှုကြောင့်ငြီးငြူကာ,သူ၏မျက်လုံးများသည်
နောင်တများဖြင့်ပြည့်နှက်နေခဲ့သည်။

တကယ်လို့သူသာ ထိုဂျုတီကုတ်ဝတ်ထားသည့်
လူကိုနည်းနည်းလေးသာကောင်းပေးမိခဲ့ပါက,
သူဒီနေရာကြီးကနေလွတ်မြောက်ကောင်း
လွတ်မြောက်နိုင်လိမ့်မည်.....
လီးဘဲ,ဘယ်သူကများ ထိုသရဲရာဇဝင်သည်
မှားယွင်းနေသည်ဟုတွေးမိမှာလဲ!
အဲ့လုံခြုံရေးကြိုက်တာသူနာပြုမှ
လုံးဝမဟုတ်တာ!

Amy နှင့် Cao ထံမှထွက်ပေါ်လာသည့်
အော်ဟစ်သံများသည်လူတစ်ယောက်၏နား
များကိုတောင်ကန်းသွားစေနိုင်သည်။
သူတို့၏မျက်လုံးများသည်ပွင့်ဟနေပြီး,
မကျေမချမ်းနိုင်ဖြစ်နေသောအကြည့်များ
ထဲတွင်နောင်တတရားများပါဝင်နေခဲ့သည်။





thoughts of tofu:
လေးနက်တဲ့သူငယ်ချင်းဆက်ဆံရေး?...
( 。・-・。`)


Continue Reading

You'll Also Like

299K 14.2K 54
แ€™แ€„แ€บแ€ธแ€†แ€ญแ€ฏแ€ธแ€แ€ปแ€„แ€บแ€žแ€œแ€ฑแ€ฌแ€€แ€บ แ€†แ€ญแ€ฏแ€ธแ€…แ€™แ€บแ€ธแ€•แ€ซ แ€žแ€ฒแ€„แ€šแ€บแ€œแ€ฑแ€ธแ€›แ€šแ€บ แ€แ€…แ€บแ€แ€ฏแ€•แ€ฒ แ€ฅแ€ฎแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€„แ€ซแ€ทแ€€แ€ญแ€ฏแ€™แ€ฑแ€ทแ€™แ€žแ€ฝแ€ฌแ€ธแ€›แ€„แ€บแ€›แ€•แ€ผแ€ฎ ๐Ÿ’—๐Ÿ’—แ€™แ€ฏแ€แ€บแ€ธแ€…แ€ฑแ€แ€”แ€บ๐Ÿ’—๐Ÿ’— แ€€แ€™แ€นแ€˜แ€ฌแ€แ€ฝแ€ฑ แ€กแ€†แ€€แ€บแ€†แ€€แ€บแ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฝแ€ฌแ€ธแ€™แ€šแ€บแ€†แ€ญแ€ฏแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฌแ€ธแ€›แ€ฒแ€ท...
241K 27.7K 19
Kim taehyung+ jeon jungkook taekook yaio
459K 70.6K 183
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ- แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ (แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐแ€แ€…แ€บแ€ฆแ€ธแ€แ€Šแ€บแ€ธ แ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซ) MC แ€€แ€ปแ€”แ€บแ€ธแ€œแ€ฑแ€ฌแ€ทแ€€ แ€กแ€”แ€ญแ€ฏแ€„แ€บแ€™แ€แ€ถ แ€กแ€›แ€พแ€ฏแ€ถแ€ธแ€™แ€•แ€ฑแ€ธแ€แ€แ€บแ€แ€ฒแ€ท แ€…แ€ญแ€แ€บแ€”แ€ฑแ€žแ€˜แ€ฑแ€ฌแ€žแ€˜แ€ฌแ€แ€€แ€ญแ€ฏ แ€•แ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€‘แ€ฌแ€ธแ€•แ€ซแ€แ€šแ€บแ‹ ML แ€แ€ปแ€ฎแ€šแ€ฏแ€ถแ€€แ€€แ€ป แ€…...
180K 36.5K 159
Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy