"မောင့်ကိုမုန်းပစ်ချင်လိုက်တာ...

By sea-horse55

30.1K 1.3K 124

နောင်ဘဝသာ ရှိခဲ့ရင် မောင့်လိုလူမျိုးနဲ့ ကင်းလွှတ်ခွင့် ရချင်ပါရဲ့..!!!! More

Part -1💔(uni)
Part-1(zawgyi)
Part-2(zawgyi)
Hello!!

Part-2💔(uni) -end

7.5K 482 51
By sea-horse55

"ကို့ ချူးကိုချစ်လားဟင်..."

ချူး...ကောင်းစံပေါင်ပေါ် ထိုင်ကာ လက်တစ်ဖက်က ရင်ဘတ်ကို ပွတ်သတ်နေပြီး ကျန်လက်တစ်ဖက်က လည်ပင်းကိုဖတ်ထားလိုက်သည်...။

"‌ကို့ ...ချူးမေးတာရောကြားရဲ့လား"

ချွဲနွှဲ့စွာပြောနေသော ချူသစ္စာ၏ အသံကိုကြားမှ

"ကြားတာပေါ့ ချူးကလည်း ကိုက ချစ်စရာကောင်းတဲ့ချူးကိုကြည့်လို့မဝလို့ပါဗျာ..."

ချူး မျက်စောင်းလေးထိုးလိုက်ပြီး

"ကို့ ...မိုးနေကိုဘယ်လိုလုပ်မှာလဲ...?"

ကောင်းစံ တချက်တွေဝေသွားကာ..

"ကို သူ့ကိုအားနာတယ် ချူး....သူကို့ကို ကူညီခဲ့ဖူးတာတွေအများကြီးပဲ သူအခု အိမ်များပြန်ရောက်နေပြီလားမသိဘူး..."

"အို....ဘာလဲ ကိုက စိတ်ပူနေတာလား...?"

"ချူးကလည်း သူနဲ့ကိုက သူငယ်ချင်းဖြစ်တာ ၁၅နှစ်လောက်ကြာနေပြီလေ နဲနဲတော့စိတ်ပူတာပေါ့ ..ပြီးတော့ ကိုသူ့ကိုပြောတာလွန်သွားတယ်ထင်တယ်..."

တွေဝေစွာ ပြောနေသောကောင်းစံကို

"ဘာလွန်စရာရှိလဲ gayမို့လို့ ရွံတယ်ပြောတာ ဘာနာစရာရှိလဲ ..?"

ကောင်းစံ ချူးသစ္စာကို ကိုယ်ပေါ်မှ တွန်းချလိုက်ကာ

"ချူးသစ္စာ....! မင်းလွန်မလာနဲ့ မင်းစကားတွေက အောက်တန်းကျလွန်းတယ်ကွ..!!!"

ချူးသစ္စာ လဲနေရာမှ အမြန်ထ လိုက်ပြီး

"ဟက်....!အောက်တန်းကျတယ်ဟုတ်လား...?အဲ့စကားတွေ နင့်ပါးစပ်က အရင်ထွက်ခဲ့တာလေ ... နင်က ခုမှ ဟိုကောင်ဘက်က ဘာတွေ လာနာနေတာလဲ အဲ့တာတွေအကုန် နင်ကိုယ်တိုင်လုပ်ခဲ့တာပဲ မဟုတ်ဘူးလား.....? ကောင်းစံ..!!!!"

"ချူးသစ္စာ ...!မင်းငါ့ကို လာမအော်နဲ့..."

ချူးသစ္စာ စိတ်ပျက်စွာကြည့်၍

"အော် ...နင်က သိပ်ရိုသေစရာကောင်းနေတာဆိုတော့ ...ငါက လက်အုပ်ချီပီးထိုင်ကန်တော့နေရမှာလား...?၊ပြီးရင် ငါ့ကိုအရင် တွန်းချတာ ဘယ်သူလဲ...ဟမ်...ကောင်းစံ...!"

"မင်း.....မင်းကွာ......!!"

ကောင်းစံ လက်ညိုးထိုးပြီး ပြောကာ အိမ်ထဲမှ အမြန်ထွက်ခဲ့လိုက်သည်။

'တောက်.....ငါဘာတွေဖြစ်နေတာလဲကွာ...ခေါင်းတွေကိုရှုပ်နေတာပဲ ....မိုးနေ မင်းကရော ဘာလို့ငါ့ကိုလာကြိုက်နေတာလဲ....sh*t! ငါဘာလို့ တစ်ခုခုဆုံးရှုံးသလိုခံစားနေရတာလဲ...? မိုးနေ ....မင်းအိမ်ကောပြန်ရောက်ပြီမလား...? ပြန်ရောက်လောက်ပါပြီ...ဟုတ်တယ်မလား?'

ကောင်းစံ ကိုယ့်ဘာသာမေးခွန်းတွေထုတ်ကာ မိုးနေနဲ့ အတူနေခဲ့ရာ လုံးချင်းအိမ်ဆီသို့ အပြေးလာခဲ့လိုက်တော့သည်။ ကောင်းစံတစ်ယောက် ခေါင်းထဲတွင်ရှုပ်‌ထွေးလွန်းလို့ ကားငှားပြီးသွားရမည်လည်းမသိ အပြေးသာ လာခဲ့တော့သည်။

အိမ်ရှေ့အရောက်ကြည့်မိတော့ ခြံတခါးကပွင့်နေသည်။

"ဟူး.....အိမ်ပြန်ရောက်နေပြီပဲ ...."

ကောင်းစံ သက်ပြင်းချကာ အိမ်ထဲဝင်ရမလား...? မဝင်ရဘူးလား....?စဉ်းစားနေရင်း ခြံရှေ့ရပ်နေသည်မှာ အတော်ပင်ကြာ၍ မိုးစုန်းစုန်းချုပ်လုနေပြီ....။

ပတ်ဝန်းကျင်တွင် လူခြေတိတ်ဆိတ်‌နေပြီး မိုးစက်ကလေးများ စတင်ကျလာသည်။

"ငါမိုးရွာလို့ အိမ်ထဲဝင်တာ ဟုတ်တယ် ...မင်းကိုစိတ်ပူလို့မဟုတ်ဘူး..."

ကောင်းစံ ကိုယ့်ဘာသာရေရွတ်ရင်း အိမ်ထဲသို့ဝင်လိုက်သည်။ အလိုက်သိတဲ့ မိုးက ကောင်းစံအိမ်ထဲ ဝင်ပြီးမှသာ သဲသဲမဲမဲ ရွာချလိုက်လေသည်။

တစ်အိမ်လုံး အမှောင်ဖုံးလွှမ်းနေကာ ကောင်းစံ phမီးလေးဖွင့်လို့ အိမ်ထဲလှည့်ပတ်ကြည့်မိသည်...။ မိုးနေ၏ အရိပ်ယောင်မတွေ့.....

'မင်းအိမ်ပြန်မရောက်သေးတာလား....?
မဟုတ်သေးပါဘူး၊ ပြန်မရောက်ရင် ခြံတံခါးရော အိမ်တံခါးကပါ ပွင့်နေစရာ အကြောင်းမရှိဘူးလေ....၊ အော်....အိပ်ခန်း......'

ကောင်းစံ၏ ခြေလှမ်းများ အိပ်ခန်းဘက်ဦးတည်ကာ တစ်အိမ်လုံးတွင် တစ်ခန်းမျှသာရှိသော အခန်းတံခါးအား တွန်းဖွင့်လိုက်သည်......။

"မိုး.....မိုး..မိုးနေ"

မြင်ရလိုက်သည်က ကုတင်ဘေးတွင် ပုံ့ပုံ့လေးလဲနေသော မိုးနေ၏ အသက်မရှိသော ခန္ဓာ.....

ကောင်းစံတစ်ယောက် ထိတ်လန့်နေရင်း... လက်ထဲက phoneကို ကျစ်နေအောင်စုပ်ကိုင်လျက် ....ဘေးကို ကြည့်လိုက်သည့်အခါ ဆေးများအနားတွင်ပြန့်ကျဲလျက်ရှိနေသည်....။

မျက်ဝန်းထက်နီစွေးကာ စိုစွတ်နေသော မျက်ရည်များ၊ မျက်တောင်မခတ်လျင်တောင် ကျလာနေသော မျက်ရည်များက ရင်တွင်း၌ ခံစားချက်များလျော့လာမလား ဟူ၍ ပါးပြင်တစ်လျောက် သက်ဆင်နေသည်။

ကောင်းစံ လက်ထဲက phကိုလွှတ်ချ၍ မယုံကြည်နိုင်သော ခြေလှမ်းများလှမ်းကာ လျှောက်လာလိုက်သည်။

မိုးနေ၏ ခန္ဓာကိုယ်အသာပိုက်ကာ အသက်ခုန်နှုန်းစမ်းကြည့်တော့ ဘာမျှမကြား ...!ထပ်တလည်းလည်း နားထောင်သော်လည်း တိတ်ဆိတ်နေသော နှလုံးခုန်သံသာ....။

ကောင်းစံ ထပ်တလဲလဲ နှလုံးခုန်သံ နားထောင်နေပေမယ့် ဘာသံမျှမကြားရသည့်အခါ

"မိုးနေ........!"

ကျယ်လောင်လှသော မိုးသံများနှင့်အပြိုင် အသံကုန်ခေါ်ကြည့်လိုက်သည်

သို့‌သော်လည်း အချည်းနှီးသာ အခုချိန်တွင်မည်သူမျှ သေလူကို ရှင်လာအောင်လုပ်၍မရပေ ။

"မိုးနေ မင်းငါ့ထားသွားပြီပေါ့...ဟမ်
ငါ့သူငယ်ချင်း ....ငါမင်းကို ထွက်သွားခိုင်းတာ ငါမှားပါတယ်ကွာ ခုလိုပုံစံမျိုးနဲ့ထွက်သွားရမှာ မဟုတ်ဘူးလေ...၊

မင်းသိတယ်မလား ဟင်..မင်းသိတယ်မလားလို့ .!!
ငါမှားပါတယ်...ငါတကယ်မှားပါတယ်...မင်းပြန်လာနော်...ငါကလေ မင်းပြန်လာရင် ချူးနဲ့လက်မထပ်တော့ဘူးသိလား? အရင်လိုလည်းလေ မင်းကို မအော်တော့ဘူး ၊ မင်းကိုလည်းမနှိမ်တော့ဘူးလေ.၊ ငါ...ငါ မင်းဘေးမှာ ထာဝရရပ်တည်ပေးသွားပါ့မယ်ကွာ....!"

"မိုးနေ....!!!!!"

"မိုးနေ မင်းထပါကွာ ခုအိပ်နေတာမလား..? ငါသိတယ် မနောက်ပါနဲ့ကွာ ....အရင်လို ငါမင်းကို မရက်စက်တော့ဘူးလေ နော်...နော်...ပြန်လာမယ်မလား...?"

"မိုးနေ...ငါမှားတယ်လို့...!!!!"

ကောင်းစံ တစ်ယောက် မိုးနေခန္ဓာကိုယ်ကို ပိုက်ကာ ရှိုက်ကြီးတငင်‌ငိုလေတော့သည်။ ပါးစပ်မှလည်း ငါတောင်းပန်ပါတယ် အထပ်ထပ်ပြောရင်း......
မျက်လုံးထဲ အလင်းရောင်စူးစူးခံစားလိုက်၍ မီးလာပြီဆိုတာသည့်လိုက်သည်။ ‌မိုးနေ၏ လက်နားတွင် phoneနှင့် ဖိထားသော စာရွက်တစ်ရွက်.....အသာယူကာ ကြည့်မိလိုက်တော့ ရေးထားသည်က
"မောင့်ကိုမုန်းပစ်ချင်လိုက်တာ"တဲ့

"အားးးးးးးးးးးးးးး...!!!!"

အသံကုန်စူးနစ်စွာအော်ပစ်လိုက်သည်။ မိုးနေ မင်းကလေ နောက်ဆုံးချိန်ထိ ငါ့ကိုမုန်းမနေခဲ့ဘူးလား .?ဟုတ်လား..?မင်းသိပ်တုံးတယ် မိုးနေ...ငါကိုမုန်းပစ်ရမှာလေ ...မင်းမုန်းရမှာလေ.....ငါလေ....ငါ မင်းမရှိလို့မဖြစ်ဘူး သိလား ...? မိုးနေ ....ငါလေ...ငါမင်းနောက်လိုက်ခဲ့ရမလားဟင်...!!

ကောင်းစံပြောလည်းပြော မိုးနေကိုယ်ကိုအိပ်ယာပေါ်အသာချကာ အိပ်ဆေးဘူးကိုဖွင့်ပီးသောက်မယ်အလုပ်..

'ငါသေရင်တရားပါ့မလား ...? ငါက မိုးနေကိုနာကျဉ်အောင်လုပ်ခဲ့ပြီးမှ ခုလိုထွက်သွားရင် ....ဟင့်အင်း !!
ငါသတ်မသေဘူး....၊ငါမသေရဘူး ...မိုးနေ၊ နာကျဉ်ခြင်းနဲ့ ငါမင်းအပေါ် လွန်ခဲ့တာတွေအတွက် ငါပေးဆပ်မယ်မိုးနေ ....ငါပြန်ပေးဆပ်မယ်
ဒါပေမယ့်မင်းငါ့အနားကို တချိန်ချိန်တော့ ပြန်လာရမှာနော်...."

ကောင်းစံ ဆေးဘူးကိုပစ်ချပီး ကုတင်ဘေး ဒူးထောက်ကာ မိုးနေဆံပင်များ အသာသပ်ပေးနေသည်။ မင်းကို ခုမှကြည့်မိတယ် မျက်ကွင်းညိုနေတာတောင် မင်းမျက်တောင်လေးတွေ လှနေတုန်းပဲ....ဖြူစုပ်နေတဲ့နှုတ်ခမ်းကလည်း ဖူးဖူးလေးနဲ့ လှနေပြန်ရော ...၊ အရင်ကလို ပြည့်ပြည့်လေးမဟုတ်တော့ ပါးနှစ်ဖက်က ငါ့ကို လှောင်နေသလို ...ငါ့ကြောင့် ...ငါ့ကြောင့်မင်းခံစားခဲ့ရလို့ ခုလိုတွေဖြစ်တာ.....!!

ထိုစဉ်...."တီ...တီ...တီ.."

Phone ringtoneအသံနှင့်အတူ screenပေါ်မှာ
"ချူး" တဲ့

"Hello! ကို ဘယ်မှာလဲ ပြန်မလာသေးဘူးလား ..?မေမေတို့ကမေးနေတယ်... "

တစ်ဖက်က ဘာမှပြန်မဖြေသည့်အခါ

"ကောင်းစံ ....နင်ပြန်မလာဘူးလားလို့..!!"

"နင်နဲ့ငါရဲ့ မဂ်လာပွဲကို ငါဘက်ကဖြတ်တယ် ချူးသစ္စာ ငါတောင်းပန်ပါတယ်...."

ထိုသို့ ပြောပြီး ကောင်းစံ phoneချ‌သည် ။

"မိုးနေ ...ခုဆိုလေ မင်းနဲ့ငါ ကြားမှာ ဘယ်သူမှမရှိတော့ဘူး သိလား  ဘယ်သူမှမရှိတော့ဘူး ဟားဟားဟား "

ကောင်းစံ မျက်ရည်များစွာနဲ့ သွေးရူးသွေးတမ်း အော်ရယ်နေလိုက်သည် ။

"ငါကလေ ဘယ်သူမှ ဝင်မလာအောင်လည်း တားထားမှာ...အာ့ကြောင့် မင်းပျော်နေရမယ်နော် ... မင်းပျော်နေနော် မောင့်ရဲ့ မိုးနေ..."

****************************************

"မိုးနေ ....ငါမင်းဆီလာတယ် ခုဆို တစ်လပြည့်ပြီနော် မင်းငါ့နားကထွက်သွားတာ....မင်းပျော်တယ်မလား...?ငါ့တွက်မပူနဲ့နော် ၊.ငါကအဆင်ပြေတယ် မင်းမရှိတာကလွဲလို့ပေါ့ ငါအရင်လိုပဲ ဟိုတယ်တစ်ခုမှာ မန်နေဂျာရာထူးနဲ့ အလုပ်လုပ်တယ် ...အရင်လိုပဲ ..ဒါနဲ့လေ ငါအိမ်ရှေ့မှာ မင်းကြိုက်တဲ့နှင်းဆီတွေစိုက်ထားတယ်သိလား..?နောက်ခါယူလာပြမယ်နော်..၊ ခုတော့ ဒီမှာ Daisy...လေးပဲယူလာတယ် ...မင်းကြိုက်တယ်မလား..?"

ကောင်းစံလက်ထဲက ‌Daisyပန်းကို မိုးနေရဲ့ အုတ်ဂူပေါ်လေးတင်ကာ အုတ်ဂူပေါ်မှ သစ်ရွက်ခြောက်တွေကိုလည်း ဖယ်ကာ သန့်ရှင်းပေးလိုက်သည်။ ထို့နောက် အုတ်ဂူ ဘေးအသာချထိုင်ကာ စီးကရက်တစ်လိပ် လက်ကြားညှပ်ကာ သောက်လိုက်သည်။

ဆေးလိပ်ငွေ့တွေနဲ့ အတူ ခံစားချက်တွေမှုတ်ထုတ်ရင်း...
တ‌စ်နေကုန် အုတ်ဂူဘေးထိုင်ကာ ညနေစောင်းတော့ ..

"မိုးနေ.....ငါပြန်တော့မယ် .၊ဒါနဲ့လေ Daisyရဲ့ အဓိပ္ပါယ်က.... 'True Love; မင်းနဲ့ကိုယ်ရဲ့ပေါင်းစည်းမှုဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ တစ်ခုပါ'....တဲ့ ငါသွားပြီမိုးနေ.."

ကောင်းစံလက်ပြကာ ‌ထွက်သွားလိုက်သည်..။

***********************

"မိုးနေ ဒီတစ်ခါတော့ ငါ...ဘာယူလာလဲသိလား..?
ဒီမှာ....cream အရောင် Tulipလေး...လှတယ်မလား?
အဓိပ္ပါယ်က ....'ငါမင်းကို ထာဝရချစ်နေမယ်တဲ့.'...."

************************

"မိုးနေ ဒီမှာ Aster.....'မင်းကိုသတိရနေမယ်တဲ့'...."

"မိုးနေ...ရော့...ဒီမှာ Lily...'Romance, wealth' ..တဲ့.."

*
*
*

နှစ်တွေ၊ လတွေ၊ ရာသီတွေ အလီလီပြောင်းလဲလာခဲ့တာ ခုဆို ကောင်းစံ အသက် ၆၀ရောက်လာခဲ့ပြီ...။

"မိုးနေ.....ဒီမှာ Sunflower...'ကိုယ့်ကိုပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးမယ်တဲ့'...."

ထို့နောက် ကောင်းစံတုတ်ကောက်လေးတစ်ချောင်းနဲ့ ထွက်ခွာသွားပြန်တယ်...။

*
*
*
*

ကောင်းစံ တုတ်ကောက်လေးကို အသာထိန်းကာ မိုးနေရှိရာအုတ်ဂူလေးသို့လှမ်းလာခဲ့သည်။ အုတ်ဂူလေးရှေ့အရောက်မှာတော့ ...အသံခပ်အက်အက် မောပန်းလှသည့် အသံနှင့်

"မိုးနေ ...မင်းအဆင်ပြေတယ်မလား ..?ငါမင်းဆီလိုက်လာခဲ့လို့ရပြီထင်တယ်...၊ ဒီတစ်ခါတော့ ငါ..ငါ.. Forget me not ဆိုတဲ့ ပန်းလေးယူခဲ့တယ် ...မင်းကြိုက်တယ်မလား..?
အဓိပ္ပါယ်က 'ဘယ်တော့မှ မသေဆုံးသောအချစ်၊ သစ္စာတရား၊ အတူရှိခဲ့ဖူးတဲ့အမှတ်တရတွေ၊ သတိရခြင်း'...တဲ့"

"ငါမင်းဆီလိုက်လာနိုင်ခဲ့ပြီ နောက်ဆုံး ....နောက်ဆုံးတော့ ငါလေ မင်းဆီလာခဲ့နိုင်ပြီ.....နောင်ဘဝတွေများကြရင် .ငါကမင်းကိုသိပ်ချစ်နိုင်တဲ့လူ ...မင်းက ငါချစ်တာခံရမယ့်လူတစ်ယောက် ဖြစ်ပါစေ....
မောင့်ရဲ့ မိုးနေ..!!"

*
*
*

"ငါ့အိမ်ရဲ့အမိုးအောက်မှာ ငါနေထိုင်ခဲ့တယ်
မင်းထံပါးကနေ ငါထွက်ခွာသွားရင်....
မင်းဘယ်လောက်နာကျဉ်ရမလဲဆိုတာ...
ငါမသိခဲ့ဘူး......။

ဒီနာကျဉ်မှုက ငါ့ရင်ဘတ်ထဲက .
တိတ်တဆိတ်ကြေကွဲမှုပဲ......။
ငါ့ရဲ့လေးနက်တဲ့ နှလုံးသားနဲ့
နက်ရှိုင်းတဲ့ နှလုံးသားရဲ့ နာကျဉ်ခြင်းဆီကနေ
ငါထွက်သွားခဲ့မိတယ်....။

(ရာဘင်ဒြာနတ်တဂိုး)

By Nyathwaychey

***********************************

ရှည်ရှည်လေးတတ်နိုင်သလောက်ကြိုစားပီးရေးပေးထားတယ်နော်endingလေးကို ကြိုက်မယ်လို့မျှော်လင့်ပါတယ်
အားလုံးဖတ်ပေးကြတဲ့အတွက်ကျေးဇူးပါ love you all ❣️

Continue Reading

You'll Also Like

92.2K 7.1K 64
ရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date...
625K 28.6K 68
[NEEDS HEAVY EDITING] Adaa and Isha Malhotra. The famous sisters of Bikaner. Their father, one of the most successful businessman of the city. With l...
Chaotic Relations By Nia

General Fiction

38.5K 2.9K 30
Ruhanika Senghal hates changes. Even though her life is not the best, she is content with how it is. What will happen when she will have to change he...
13.6K 1K 34
"You were magnificent, Satoru Gojo. I will never forget you for as long as I live." Satoru Gojo laid there, bisected in half, as if the universe itse...