Home In The Adin Garden(ဧဒင်ဥ...

By elisa_khin

61.9K 4.1K 98

အိမ်ဆိုတာ နွေးထွေးလုံခြုံမှုပေးတဲ့နေရာတခုတဲ့..... ✨ What if home is a person...... Start date - 17 August 202... More

1.
2.
3.
4.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
16.
17.
18.
19.
Note
20.
21.
22.
23.
new fic announcement
24.
25.
26.
27.
28.
29.
30.
31.
new fic announcement
32.
33.
34.
ဖတ်ပေးပါ ❤
35.
36 (Final)
Extra
new fic announcement
One shot
New fic ✨
S2? not S2 ?

5.

1.5K 135 1
By elisa_khin


Adin Min Thu's POV:

အောင်မြင်ကျော်ကြားသော Architectတယောက်ဖြစ်ချင်သောကြောင့် ဆယ်တန်းအောင်ပြီးပြီးချင်းစင်ကာပူ၌ engineering college သွားတက်ရန် စဥ်းစားထားပြီးပြီဖြစ်သော်လည်း ''မေမေ့ကိုတယောက်ထဲ ထားခဲ့မလို့လား''ဟုပြောကာ မျက်နှာမကောင်းသောမေမေကြောင့် ဧဒင်လက်လျှော့လိုက်ရတော့သည် ။
မတတ်နိုင် အမေတခု သားတခုဘဝမှာ မေမေ့ကိုသူလဲမထားခဲ့နိုင်ပါဘူး ။ သားအမိနှစ်ယောက်လုံးကျောင်းတက်မယ့်ဆီသွားနေဖို့စဥ်းစားမိပေမဲ့ မေမေက မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ရွှေဆိုင်ဖွင့်ထားတာမို့ ပိတ်ဖို့အဆင်မပြေပေ ။
ထို့ကြောင့်လုပ်ချင်ရာလုပ်မည်ဟု ဆုံးဖြတ်ထားသော်လည်း အဖေ့ဘက်အမေ့ဘက်ဆွေမျိုးများမှ ဆေးကျောင်းတက်စေချင်သည်ဟု အဆိုပြုလာကြသောကြောင့် အကုန်လုံးစိတ်ချမ်းသာအောင် ဆေးကျောင်းကိုသာရွေးချယ်ခဲ့မိသည် ။ ငယ်စဥ်ထဲက ဖတဆိုးသားလေးမို့ မေမေသာမက ဆွေမျိုးများကပါ ဖူးဖူးမှုတ်အလိုလိုက်ချစ်ကြသောကြောင့် တကြိမ်တခါတော့ သူတို့ဆန္ဒအတိုင်းဖြည့်ဆည်းပေးချင်မိသည်ပင် ။
ဧဒင်အတွက် ဆေးကျောင်းသည်လဲအခက်အခဲရှိလိမ့်မည်မဟုတ်ပေ
။ ဧဒင်ဆိုသောသူက ဥာဏ်ကောင်းထက်မြက်ပြီးသားသူတယောက်ဖြစ်သည်...။ ဘယ်အရာမဆို ကောင်းကောင်းလုပ်နိုင်သောသူတယောက်ပင်ဖြစ်သည် ။
လိုချင်သမျှဖြည့်ဆည်းပေးသောမေမေရှိလျှင် သူ့ဘဝက ပြည့်စုံပြီဟု တွေးမှတ်ထားသူတယောက်ပင်ဖြစ်သည်..။

မနက်ပိုင်းစျေးဖွင့်မည့်အချိန်ထဲကအလုပ်လုပ်ရသောမိခင်ဖြစ်သူအား အလုပ်မပိုစေလိုသောကြောင့် လိုက်မပို့ခိုင်းတော့ဘဲ taxiနှင့်သာကျောင်းသို့လာဖြစ်လိုက်သည် ။
အတန်းထဲရောက်တော့ အတန်းစဖို့နာရီဝက်ပင်လိုသေးသောကြောင့် ဂိမ်းတပွဲလောက်အေးဆေးဆော့လို့ရသေးသည်ဟု တွေးလိုက်မိသည် ။ အထက်တန်းတူတူအောင်ခဲ့သောသူငယ်ချင်းများနှင့်ပါကျောင်းတူသောကြောင့် ဧဒင်တယောက်ထဲကြောင်တောင်တောင်ဖြစ်မနေပေ ။ အလယ်ခုံ၌ထိုင်ကာ ဂိမ်းဆော့နေကြသောမိမိ၏သူငယ်ချင်းများကိုတွေ့သောကြောင့်သွားရန်အပြုမျက်စိထဲ၌ အနောက်ဆုံးတန်းမှ မိမိအားမျက်တောင်မခတ်ဘဲ ငေးကြည့်နေသော ဖြူဖြူကောင်လေးတယောက်ကိုမြင်မိသည်။
ထို့ကြောင့် ခြေလှမ်းများသည် ထိုကောင်လေးရှိရာသာ တန်းတန်းမတ်မတ်လျှောက်သွားလိုက်တော့သည်။
ဧဒင် ထိုကောင်လေးအရှေ့ရောက်သည်အထိ ထိုကောင်လေးသည် ငေးလို့ကောင်းတုန်းပင် ။
ယောင်္ကျားလေးအချင်းချင်းကြည့်လျှင် တခြားသူသာဆို ကြက်သီးထလောက်သော်လည်း ထိုကောင်လေးငေးကြည့်နေသည်ကိုတော့ ဧဒင်စိတ်ထဲ၌ဘယ်လိုမှမနေပေ ။ သဘောပင်ကျမိသေးသည်။ ထိုကောင်လေးသည်လဲ မိမိအားပေါက်ထွက်မတက်စိုက်ကြည့်နေခြင်းဖြစ်သည် ။
ဒီကောင်လေးငေးလို့တယ်ကောင်းနေတာပဲ...။ မဖြစ်တော့ သူခေါ်မှဖြစ်တော့မယ်...။

"ဟေး ဒီမှာထိုင်လို့ရလား....''

ဧဒင် မေးနေသည်ကိုမကြား၍ပဲလားမသိ ထိုကောင်လေးက အငေးမပျက် ။ ထိုကောင်လေးငေးနေတာနဲ့ အတန်းထဲကလူတွေဝိုင်းကြည့်ကုန်ပြီ... ။

"ဖျောက်ခ်....''

လက်ဖြောက်တီးသံကြားမှ အလန့်တကြားနှင့်သတိပြန်ဝင်လာသောထိုကောင်လေး ။ ထိုကောင်လေးလို့သာခေါ်သော်လည်း သူ၏အရပ်အမောင်းသည် မိမိနှင့်မတိမ်းမယိမ်းပင် ။ ခန္ဓာကိုယ်ကတော့ မိမိထက်အနည်းငယ်မျှလောက်သာသေးနိုင်သည် ။

"Yo bro ကြည့်လှချည်လားဗျ မေးတာဖြေပါဦး''

"အမ် အမ် အင်း..... ဘာမေးတာလဲမသိဘူး''

"ဒီမှာထိုင်လို့ရလားလို့မေးတာ အရှေ့ကခုံတွေမှာမထိုင်ချင်လို့လေ... ''

"သြော် ရပါတယ် ထိုင်ပါ ''

ပြောပြောဆိုဆိုနဲ့ သူ့ပစ္စည်းတွေဟိုဘက်ရွှေ့ကာထိုင်ခိုင်းပြီးတာနဲ့ ကိုယ့်ကို လှည့်တောင်မကြည့်တော့ပေ..။ သူ့phကိုသာအာရုံစိုက်နေတဲ့ထိုကောင်လေးက ခုနက ကိုယ့်ကို ငေးနေတာ သူမဟုတ်သလိုချေနေပြန်ရော.....။ ဧဒင်လဲဘာမှဆက်မပြောတော့ပဲ ဂိမ်းထိုင်ဆော့နေလိုက်သည် ။

နေ့လည်ထမင်းစားချိန်ရောက်တော့ canteen၌ တယောက်ထဲထိုင်နေသော အချေကောင်လေးကိုတွေ့ပါသေးသည်..။

အချေလေးကိုသွားနှုတ်ဆက်မလို့ပဲရှိသေး သူငယ်ချင်းတွေအတင်းဆွဲခေါ်တာနဲ့ ပါသွားရတော့သည် ။

အတန်းထဲပြန်ရောက်တော့လဲ ထိုကောင်လေး လာတာမြင်ပေမဲ့ gameကပွဲကောင်းနေတော့ ထမသွားဖြစ်ပေ။
ကျောင်းဆင်းချိန်ရောက်သည်အထိကို ထိုကောင်လေးနှင့် စကားမစမိပဲဖြစ်နေတော့သည်...။

***************************************************

ကျောင်းဆင်းချိန်ရောက်သောအခါ ထိုကောင်လေးကိုရှာကြည့်ပေမဲ့မတွေ့ရ...။အရင်သွားနှင့်ပြီဟုထင်သောကြောင့် သူငယ်ချင်းဖြစ်သူ အာကာဦးနှင့် နေသုတတို့ကိုသာ အတန်းရှေ့၌စောင့်နေလိုက်သည်။ ထိုအချိန်၌

"Hey u......''

မိမိအားစကားလာပြောသော ကောင်မလေးကြောင့် ဧဒင်ထိုင်နေရာမှမော့ကြည့်မိသည် ။

" Uနာမည်လေး သိချင်လို့... ''

အဝါရောင်မြန်မာဝတ်စုံလေးအား ခေတ်ဆန်ဆန်ချုပ်၍ ဝတ်ထားသော ကောင်မလေးမှာ အသားအရည်လေးနှင့်လိုက်ဖက်စွာ လင်းထင်းနေသည် ။
ကောင်မလေးရဲ့အမေးအား ဧဒင်တချက်ပြုံးကာ

"ကျွန်တော့်နာမည်.. ဧဒင်မင်းသူပါ.....ဒီက sis နာမည်ကရော???? ''

ဧဒင်ပြောပြလိုက်တော့ ကောင်မလေးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြကာ..

"တို့နာမည်က ဆုဆုလင်းရှိန်....ဧဒင်နဲ့အတန်းတူတူပဲ...တို့ဧဒင်ကိုစိတ်ဝင်စားတယ်.....''

ရှည်လားသောအညိုရောင်ဆံနွယ်များအား ခပ်မြင့်မြင့်စုစည်းထားသော ကောင်မလေးက socialကျကာ ခေတ်ဆန်မည့်ပုံမျိုးပင် ။ အရာရာကိုကြောက်ရွံမှုမရှိ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သော ကောင်မလေးဟု ဧဒင်မှတ်ချက်ချမိသည် ။သို့သော်.....

"အာ sorry နာမည်ကို မင်းသူလို့ပဲခေါ်ပေးပါ ပြီးတော့ ဘယ်လိုလုပ်မလဲ ကျွန်တော်က ဂိမ်းကလွဲပြီးကျန်တာသိပ်စိတ်မဝင်စားလို့....အဟွန်း ..ဒါဆို သွားခွင့်ပြုဦးနော်... ''

ဧဒင် ခပ်ပြုံးပြုံးဆိုကာ လှည့်ထွက်မည်အပြု ကောင်မလေးစကားကြောင့်ပြန်လှည့်ကြည့်မိသည် ။

"Hey......မင်းသူ တို့ကိုဒီတခါငြင်းပေမယ့် နောက်တခါဆိုမငြင်းနိုင်စေရဘူး တို့ပြောတာယုံ...''

ယုံကြည်ချက်ရှိရှိပြောလာသောကောင်မလေးအားဧဒင်သဘောတကျပြုံးပြမိသည် ။ ဒီကောင်မလေးက သိပ်ကိုရဲတင်းတယ်...။ first impression မှာတင် အထင်ကြီးလောက်စေမယ့် typeမျိုးဟု ဧဒင်မှတ်ချက်ချမိသည် ။

"အိုကေ...စောင့်ကြည့်နေမယ်...see you....''

နှုတ်ခမ်းစွန်းလေးကော့တက်ရုံမျှပြုံးပြပြီး မျက်လုံးတဖက်မှိတ်ပြကာ ကျောင်းရှေ့သို့သာထွက်လာခဲ့လိုက်တော့သည် ။

"ဟေ့ကောင် မင်းသူ မင်း ဆုဆုလင်းရှိန်နဲ့ဘယ်တုန်းကခင်သွားတာလဲ...''

ပုခုံးလာဖက်ကာပြောသော အာကာဦးကြောင့် ခုနကမြင်ကွင်းအား သကောင့်သားတို့မြင်ပြီး စတော့မည်ဆိုတာကြိုသိလိုက်သည် ။

"မခင်ပါဘူးကွာ...သူစကားလာပြောလို့ ပြန်ပြောရုံတင်ပါ...''

အကြောင်းစုံကိုတော့ ဧဒင်မပြောမိပေ ။ တဖက်မိန်းကလေး၏ ဂုဏ်သိက္ခာအားတန်ဖိုးထားပေးရမည်မဟုတ်လား ။ အချစ်မှာဘယ်သူကစဖွင့်ပြောရမည်ဟုမသတ်မှတ်ထားသော်လည်း မိန်းကလေးဘက်က စဖွင့်ပြောလျှင် အထင်အမြင်သေးတတ်ကြသော လူမှုပတ်ဝန်းကျင်အား ဧဒင်မနှစ်မြို့ပေ ။

သူငယ်ချင်းနှစ်ကောင်နှင့် စကားတပြောပြောဖြင့်လမ်းလျှောက်လာကာ ဂိမ်းပွဲအကြောင်းများအား ပြောနေရင်းနှင့် ကျောင်းရှေ့၌ကားပေါ်အားမတက်ဘဲ မိမိိအားငေးမောရင်းကြည့်နေသော ကောင်လေးအား သတိထားမိသွားသည် ။ ဒီကောင်လေးက သူနှင့်တွေ့တိုင်းဒီလိုပဲအမြဲတစေကြည့်နေတတ်သည် ။ ထိုကောင်လေးကြည့်သည့်အခါများတွင်လည်း ဧဒင်တယောက် ခြေဖျားလက်ဖျားတွေအေးကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနှင့် မိမိမှာအပြစ်တခုခုလုပ်ထားသလို ရင်တုန်ပန်းတုန်ခံစားရသည် ။ နောက်များမှတွေ့လျှင် ''ဘာအပြစ်လုပ်မိလို့ကြည့်နေတာလဲ'' ဟု မေးကိုမေးရမည်ဟု ဧဒင်တေးထားသည် ။

ထိုကောင်လေးကားထဲဝင်သွားချိန်အထိကြည့်မိတော့ ကားပေါ်၌ ရယ်ရယ်မောမောစကားပြောနေသော ကောင်မလေးတယောက်နဲ့ ထိုကောင်လေးကိုတွေ့လိုက်ရသည်။

*ကောင်လေးမှာ girlfriendရှိနေတာပဲ...*

ထိုမြင်ကွင်းကြောင့် ဧဒင် အလိုလိုမျက်မှောင်ကြုတ်မိသွား၏ ။ စိတ်ထဲ၌လဲတခုခုအလိုမကျသလိုလို...။ ဧဒင်ကြည့်နေရင်းမှ ထိုကောင်လေးတို့ကားထွက်သွားမှသာ အကြည့်လွှဲမိတော့သည် ။ ထို့နောက် ဧဒင်တို့သုံးယောက်လဲtaxiငှားကာ အိမ်သို့သာပြန်လာကြတော့သည် ။

***************************************************

#Zawgyi

Adin Min Thu's POV:

ေအာင္ျမင္ေက်ာ္ၾကားေသာ Architectတေယာက္ျဖစ္ခ်င္ေသာေၾကာင့္ ဆယ္တန္းေအာင္ၿပီးၿပီးခ်င္းစင္ကာပူ၌ engineering college သြားတက္ရန္ စဥ္းစားထားၿပီးၿပီျဖစ္ေသာ္လည္း ''ေမေမ့ကိုတေယာက္ထဲ ထားခဲ့မလို႔လား''ဟုေျပာကာ မ်က္ႏွာမေကာင္းေသာေမေမေၾကာင့္ ဧဒင္လက္ေလွ်ာ့လိုက္ရေတာ့သည္ ။
မတတ္နိုင္ အေမတခု သားတခုဘဝမွာ ေမေမ့ကိုသူလဲမထားခဲ့နိုင္ပါဘူး ။ သားအမိႏွစ္ေယာက္လုံးေက်ာင္းတက္မယ့္ဆီသြားေနဖို႔စဥ္းစားမိေပမဲ့ ေမေမက မိဘလက္ငုပ္လက္ရင္းျဖစ္တဲ့ ေ႐ႊဆိုင္ဖြင့္ထားတာမို႔ ပိတ္ဖို႔အဆင္မေျပေပ ။
ထို႔ေၾကာင့္လုပ္ခ်င္ရာလုပ္မည္ဟု ဆုံးျဖတ္ထားေသာ္လည္း အေဖ့ဘက္အေမ့ဘက္ေဆြမ်ိဳးမ်ားမွ ေဆးေက်ာင္းတက္ေစခ်င္သည္ဟု အဆိုျပဳလာၾကေသာေၾကာင့္ အကုန္လုံးစိတ္ခ်မ္းသာေအာင္ ေဆးေက်ာင္းကိုသာေ႐ြးခ်ယ္ခဲ့မိသည္ ။ ငယ္စဥ္ထဲက ဖတဆိုးသားေလးမို႔ ေမေမသာမက ေဆြမ်ိဳးမ်ားကပါ ဖူးဖူးမႈတ္အလိုလိုက္ခ်စ္ၾကေသာေၾကာင့္ တႀကိမ္တခါေတာ့ သူတို႔ဆႏၵအတိုင္းျဖည့္ဆည္းေပးခ်င္မိသည္ပင္ ။
ဧဒင္အတြက္ ေဆးေက်ာင္းသည္လဲအခက္အခဲရွိလိမ့္မည္မဟုတ္ေပ
။ ဧဒင္ဆိုေသာသူက ဥာဏ္ေကာင္းထက္ျမက္ၿပီးသားသူတေယာက္ျဖစ္သည္...။ ဘယ္အရာမဆို ေကာင္းေကာင္းလုပ္နိုင္ေသာသူတေယာက္ပင္ျဖစ္သည္ ။
လိုခ်င္သမွ်ျဖည့္ဆည္းေပးေသာေမေမရွိလွ်င္ သူ႕ဘဝက ျပည့္စုံၿပီဟု ေတြးမွတ္ထားသူတေယာက္ပင္ျဖစ္သည္..။

မနက္ပိုင္းေစ်းဖြင့္မည့္အခ်ိန္ထဲကအလုပ္လုပ္ရေသာမိခင္ျဖစ္သူအား အလုပ္မပိုေစလိုေသာေၾကာင့္ လိုက္မပို႔ခိုင္းေတာ့ဘဲ taxiႏွင့္သာေက်ာင္းသို႔လာျဖစ္လိုက္သည္ ။
အတန္းထဲေရာက္ေတာ့ အတန္းစဖို႔နာရီဝက္ပင္လိုေသးေသာေၾကာင့္ ဂိမ္းတပြဲေလာက္ေအးေဆးေဆာ့လို႔ရေသးသည္ဟု ေတြးလိုက္မိသည္ ။ အထက္တန္းတူတူေအာင္ခဲ့ေသာသူငယ္ခ်င္းမ်ားႏွင့္ပါေက်ာင္းတူေသာေၾကာင့္ ဧဒင္တေယာက္ထဲေၾကာင္ေတာင္ေတာင္ျဖစ္မေနေပ ။ အလယ္ခုံ၌ထိုင္ကာ ဂိမ္းေဆာ့ေနၾကေသာမိမိ၏သူငယ္ခ်င္းမ်ားကိုေတြ႕ေသာေၾကာင့္သြားရန္အျပဳမ်က္စိထဲ၌ အေနာက္ဆုံးတန္းမွ မိမိအားမ်က္ေတာင္မခတ္ဘဲ ေငးၾကည့္ေနေသာ ျဖဴျဖဴေကာင္ေလးတေယာက္ကိုျမင္မိသည္။
ထို႔ေၾကာင့္ ေျခလွမ္းမ်ားသည္ထိုေကာင္ေလးရွိရာသာ တန္းတန္းမတ္မတ္ေလွ်ာက္သြားလိုက္ေတာ့သည္။
ဧဒင္ ထိုေကာင္ေလးအေရွ႕ေရာက္သည္အထိ ထိုေကာင္ေလးသည္ ေငးလို႔ေကာင္းတုန္းပင္ ။
ေယာကၤ်ားေလးအခ်င္းခ်င္းၾကည့္လွ်င္ တျခားသူသာဆို ၾကက္သီးထေလာက္ေသာ္လည္း ထိုေကာင္ေလးေငးၾကည့္ေနသည္ကိုေတာ့ ဧဒင္စိတ္ထဲ၌ဘယ္လိုမွမေနေပ ။ သေဘာပင္က်မိေသးသည္။ ထိုေကာင္ေလးသည္လဲ မိမိအားေပါက္ထြက္မတက္စိုက္ၾကည့္ေနျခင္းျဖစ္သည္ ။
ဒီေကာင္ေလးေငးလို႔တယ္ေကာင္းေနတာပဲ...။ မျဖစ္ေတာ့ သူေခၚမွျဖစ္ေတာ့မယ္...။

"ေဟး ဒီမွာထိုင္လို႔ရလား....''

ဧဒင္ ေမးေနသည္ကိုမၾကား၍ပဲလားမသိ ထိုေကာင္ေလးက အေငးမပ်က္ ။ ထိုေကာင္ေလးေငးေနတာနဲ႕ အတန္းထဲကလူေတြဝိုင္းၾကည့္ကုန္ၿပီ... ။

"ေဖ်ာက္ခ္....''

လက္ေျဖာက္တီးသံၾကားမွ အလန့္တၾကားႏွင့္သတိျပန္ဝင္လာေသာထိုေကာင္ေလး ။ ထိုေကာင္ေလးလို႔သာေခၚေသာ္လည္း သူ၏အရပ္အေမာင္းသည္ မိမိႏွင့္မတိမ္းမယိမ္းပင္ ။ ခႏၶာကိုယ္ကေတာ့ မိမိထက္အနည္းငယ္မွ်ေလာက္သာေသးနိုင္သည္ ။

"Yo bro ၾကည့္လွခ်ည္လားဗ် ေမးတာေျဖပါဦး''

"အမ္ အမ္ အင္း..... ဘာေမးတာလဲမသိဘူး''

"ဒီမွာထိုင္လို႔ရလားလို႔ေမးတာ အေရွ႕ကခုံေတြမွာမထိုင္ခ်င္လို႔ေလ... ''

"ေၾသာ္ ရပါတယ္ ထိုင္ပါ ''

ေျပာေျပာဆိုဆိုနဲ႕ သူ႕ပစၥည္းေတြဟိုဘက္ေ႐ႊ႕ကာထိုင္ခိုင္းၿပီးတာနဲ႕ ကိုယ့္ကို လွည့္ေတာင္မၾကည့္ေတာ့ေပ..။ သူ႕phကိုသာအာ႐ုံစိုက္ေနတဲ့ထိုေကာင္ေလးက ခုနက ကိုယ့္ကို ေငးေနတာ သူမဟုတ္သလိုေခ်ေနျပန္ေရာ.....။ ဧဒင္လဲဘာမွဆက္မေျပာေတာ့ပဲ ဂိမ္းထိုင္ေဆာ့ေနလိုက္သည္ ။

ေန႕လည္ထမင္းစားခ်ိန္ေရာက္ေတာ့ canteen၌ တေယာက္ထဲထိုင္ေနေသာ အေခ်ေကာင္ေလးကိုေတြ႕ပါေသးသည္..။

အေခ်ေလးကိုသြားႏႈတ္ဆက္မလို႔ပဲရွိေသး သူငယ္ခ်င္းေတြအတင္းဆြဲေခၚတာနဲ႕ ပါသြားရေတာ့သည္ ။

အတန္းထဲျပန္ေရာက္ေတာ့လဲ ထိုေကာင္ေလး လာတာျမင္ေပမဲ့ gameကပြဲေကာင္းေနေတာ့ ထမသြားျဖစ္ေပ။
ေက်ာင္းဆင္းခ်ိန္ေရာက္သည္အထိကို ထိုေကာင္ေလးႏွင့္ စကားမစမိပဲျဖစ္ေနေတာ့သည္...။

***************************************************

ေက်ာင္းဆင္းခ်ိန္ေရာက္ေသာအခါ ထိုေကာင္ေလးကိုရွာၾကည့္ေပမဲ့မေတြ႕ရ...။အရင္သြားႏွင့္ၿပီဟုထင္ေသာေၾကာင့္ သူငယ္ခ်င္းျဖစ္သူ အာကာဦးႏွင့္ ေနသုတတို႔ကိုသာ အတန္းေရွ႕၌ေစာင့္ေနလိုက္သည္။ ထိုအခ်ိန္၌

"Hey u......''

မိမိအားစကားလာေျပာေသာ ေကာင္မေလးေၾကာင့္ ဧဒင္ထိုင္ေနရာမွေမာ့ၾကည့္မိသည္ ။

" Uနာမည္ေလး သိခ်င္လို႔... ''

အဝါေရာင္ျမန္မာဝတ္စုံေလးအား ေခတ္ဆန္ဆန္ခ်ဳပ္၍ ဝတ္ထားေသာ ေကာင္မေလးမွာ အသားအရည္ေလးႏွင့္လိုက္ဖက္စြာ လင္းထင္းေနသည္ ။
ေကာင္မေလးရဲ႕အေမးအား ဧဒင္တခ်က္ၿပဳံးကာ

"ကြၽန္ေတာ့္နာမည္.. ဧဒင္မင္းသူပါ.....ဒီက sis နာမည္ကေရာ???? ''

ဧဒင္ေျပာျပလိုက္ေတာ့ ေကာင္မေလးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပကာ..

"တို႔နာမည္က ဆုဆုလင္းရွိန္....ဧဒင္နဲ႕အတန္းတူတူပဲ...တို႔ဧဒင္ကိုစိတ္ဝင္စားတယ္.....''

ရွည္လားေသာအညိုေရာင္ဆံႏြယ္မ်ားအား ခပ္ျမင့္ျမင့္စုစည္းထားေသာ ေကာင္မေလးက socialက်ကာ ေခတ္ဆန္မည့္ပုံမ်ိဳးပင္ ။ အရာရာကိုေၾကာက္႐ြံမႈမရွိ ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္ေသာ ေကာင္မေလးဟု ဧဒင္မွတ္ခ်က္ခ်မိသည္ ။သို႔ေသာ္.....

"အာ sorry နာမည္ကို မင္းသူလို႔ပဲေခၚေပးပါ ၿပီးေတာ့ ဘယ္လိုလုပ္မလဲ ကြၽန္ေတာ္က ဂိမ္းကလြဲၿပီးက်န္တာသိပ္စိတ္မဝင္စားလို႔....အဟြန္း ..ဒါဆို သြားခြင့္ျပဳဦးေနာ္... ''

ဧဒင္ ခပ္ၿပဳံးၿပဳံးဆိုကာ လွည့္ထြက္မည္အျပဳ ေကာင္မေလးစကားေၾကာင့္ျပန္လွည့္ၾကည့္မိသည္ ။

"Hey......မင္းသူ တို႔ကိုဒီတခါျငင္းေပမယ့္ ေနာက္တခါဆိုမျငင္းနိုင္ေစရဘူး တို႔ေျပာတာယုံ...''

ယုံၾကည္ခ်က္ရွိရွိေျပာလာေသာေကာင္မေလးအားဧဒင္သေဘာတက်ၿပဳံးျပမိသည္ ။ ဒီေကာင္မေလးက သိပ္ကိုရဲတင္းတယ္...။ first impression မွာတင္ အထင္ႀကီးေလာက္ေစမယ့္ typeမ်ိဳးဟု ဧဒင္မွတ္ခ်က္ခ်မိသည္ ။

"အိုေက...ေစာင့္ၾကည့္ေနမယ္...see you....''

ႏႈတ္ခမ္းစြန္းေလးေကာ့တက္႐ုံမွ်ၿပဳံးျပၿပီး မ်က္လုံးတဖက္မွိတ္ျပကာ ေက်ာင္းေရွ႕သို႔သာထြက္လာခဲ့လိုက္ေတာ့သည္ ။

"ေဟ့ေကာင္ မင္းသူ မင္း ဆုဆုလင္းရွိန္နဲ႕ဘယ္တုန္းကခင္သြားတာလဲ...''

ပုခုံးလာဖက္ကာေျပာေသာ အာကာဦးေၾကာင့္ ခုနကျမင္ကြင္းအား သေကာင့္သားတို႔ျမင္ၿပီး စေတာ့မည္ဆိုတာႀကိဳသိလိုက္သည္ ။

"မခင္ပါဘူးကြာ...သူစကားလာေျပာလို႔ ျပန္ေျပာ႐ုံတင္ပါ...''

အေၾကာင္းစုံကိုေတာ့ ဧဒင္မေျပာမိေပ ။ တဖက္မိန္းကေလး၏ ဂုဏ္သိကၡာအားတန္ဖိုးထားေပးရမည္မဟုတ္လား ။ အခ်စ္မွာဘယ္သူကစဖြင့္ေျပာရမည္ဟုမသတ္မွတ္ထားေသာ္လည္း မိန္းကေလးဘက္က စဖြင့္ေျပာလွ်င္ အထင္အျမင္ေသးတတ္ၾကေသာ လူမႈပတ္ဝန္းက်င္အား ဧဒင္မႏွစ္ၿမိဳ႕ေပ ။

သူငယ္ခ်င္းႏွစ္ေကာင္ႏွင့္ စကားတေျပာေျပာျဖင့္လမ္းေလွ်ာက္လာကာ ဂိမ္းပြဲအေၾကာင္းမ်ားအား ေျပာေနရင္းႏွင့္ ေက်ာင္းေရွ႕၌ကားေပၚအားမတက္ဘဲ မိမိိအားေငးေမာရင္းၾကည့္ေနေသာ ေကာင္ေလးအား သတိထားမိသြားသည္ ။ ဒီေကာင္ေလးက သူႏွင့္ေတြ႕တိုင္းဒီလိုပဲအၿမဲတေစၾကည့္ေနတတ္သည္ ။ ထိုေကာင္ေလးၾကည့္သည့္အခါမ်ားတြင္လည္း ဧဒင္တေယာက္ ေျခဖ်ားလက္ဖ်ားေတြေအးကာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိႏွင့္ မိမိမွာအျပစ္တခုခုလုပ္ထားသလို ရင္တုန္ပန္းတုန္ခံစားရသည္ ။ ေနာက္မ်ားမွေတြ႕လွ်င္ ''ဘာအျပစ္လုပ္မိလို႔ၾကည့္ေနတာလဲ'' ဟု ေမးကိုေမးရမည္ဟု ဧဒင္ေတးထားသည္ ။

ထိုေကာင္ေလးကားထဲဝင္သြားခ်ိန္အထိၾကည့္မိေတာ့ ကားေပၚ၌ ရယ္ရယ္ေမာေမာစကားေျပာေနေသာ ေကာင္မေလးတေယာက္နဲ႕ ထိုေကာင္ေလးကိုေတြ႕လိုက္ရသည္။

*ေကာင္ေလးမွာ girlfriendရွိေနတာပဲ...*

ထိုျမင္ကြင္းေၾကာင့္ ဧဒင္ အလိုလိုမ်က္ေမွာင္ၾကဳတ္မိသြား၏ ။ စိတ္ထဲ၌လဲတခုခုအလိုမက်သလိုလို...။ ဧဒင္ၾကည့္ေနရင္းမွ ထိုေကာင္ေလးတို႔ကားထြက္သြားမွသာ အၾကည့္လႊဲမိေတာ့သည္ ။ ထို႔ေနာက္ ဧဒင္တို႔သုံးေယာက္လဲtaxiငွားကာ အိမ္သို႔သာျပန္လာၾကေတာ့သည္ ။

***************************************************

Continue Reading

You'll Also Like

48.7K 3.8K 42
Accident ဖြစ်ပြီးနောက် အရာအားလုံးကို မေ့သွားတဲ့ဝိညာဥ်လေး...။ ကိုယ်ချစ်ရသူဟာ မသမာစွာ လုပ်ကြံခံရတယ်လို့ ခံစားရတယ်အထင်နဲ့ စုံစမ်းနေတဲ့ လူတစ်ယောက်...။ ပြ...
13.1K 665 40
ႀကိဳေတာင္းပန္ခ်င္ပါတယ္ေနာ္ ... ျမန္မာနန္းတြင္းဇာတ္လမ္းကို အခုမွေရးဖူးတာမို႔လို႔ အမွားအယြင္းရိွရင္ နားလည္ေပးၾကပါလို႔ ကြိုတောင်းပန်ချင်ပါတယ်နော် ... မ...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
61K 5.5K 30
စျေးဗန်းအသစ်တစ်ပုဒ်ပါ... ထပ်ပြီးဝယ်ဖတ်ပေးကြပါအုံး...😁😁