Peculiarly System [Completed ]

Oleh MaLaKaoYa

854K 90.3K 2.7K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... Lebih Banyak

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(3.6)

8K 900 31
Oleh MaLaKaoYa

ရှောင်းကျန့်သည် သက်ပြင်းသာ ခဏခဏချနေမိသည်။ အိပ်လို့လည်းမရပေ။ ယခုတော့ မိုးလင်းလာခဲ့ပြီ တစ်ညလုံး စဉ်းစားနေရသည်မို့အခုတော့
ထိုးထိုးထောင်ထောင် ဆံပင်တွေနဲ့ မျက်ကွင်းညိုတွေနဲ့ ထလာရသည်။

သူတကယ် မခံစားနိုင်ဘူး
သူလေး ဖင်ကြိမ်းရမယ့်အဖြစ်မို့ မခံစားနိုင်ဘူး ဘယ့်နှယ် သရီးဆမ်းရမယ်လို့

"ငိုးမ System''

"သခင် နိုးနေရင်လည်း ထတော့ စောစောစီးစီး System ကို ကျိန်ဆဲမနေနဲ့
ဟိုက စိတ်မထင်လို့ Four တွေ Five တွေပါဆမ်းပေးလိုက်မှ မာလကဈာန်ကြွနေအုန်းမယ် ဟွင်း ''

ရှောင်းကျန့်သည် Kitty အား ဒိုင်းခနဲ အားရပါးရ မျက်စောင်းထိုးပစ်လိုက်သည်။

Kitty က ခပ်ချေချေပင် မသိချင်ယောင်ဆောင်ကာ ပုဇွန်ကြော်တွေကို တဂျွတ်ဂျွတ်စားနေသည်။

"ပေး အဲ့တာ ငါ့ပုဇွန်ကြော် မင်းကို မကျွေးဘူး ''

"ကြောင်တစ်ကောင်စားနေးတာ ဒါဟာ ကြောင်စာပဲ သခင် ပြီးတော့ သူများစားနေတာကိုလုတာ ဟန့်တားတာက မကောင်းဘူး သေရင် ပြိတ္တာ ဖြစ်တတ်တယ် သိလား ''

"အံမယ် ဒင်းတောင် ကြောင်ဘဝရောက်လာတာကို ငါလေးကိုများပြောရတယ်ရှိသေး မရဘူး အဲ့တာ ငါ့ပုစွန်ကြော် ''

"သခင်က စိတ်ပုတ်တယ် အရမ်းပဲနော်
ဒါ့ကြောင့် System က သရီးဆမ်းခိုင်းတာ အဟွင်း နောက်ဘဝတွေ ဆိုရင်
ဘယ်လိုထိဆမ်းမလဲပဲနော် စိတ်ဝင်စားစရာပဲ ''

"ရော့ အဲ့မှာ မျို သေချင်းဆိုးလေးရဲ့ ''

"စို့စရာရောမပေးတော့ဘူးလား ''

"ဘာကွ Kitty မင်း! "

"သခင် အတွေးမှားမနေနဲ့ နို့ကိုပြောတာနော် ကျွန်တော်က ''

"ဘာ နို့ ဟုတ်လား ''

"ဘာလို့ ငှက်ဆိုးသံနဲ့အော်နေတာ အာ သခင့်နို့ကိုကျွန်တော်မစို့ပါဘူး ကျွန်တော်အတွက် အာဟာရပဲနို့တို့ အုန်းနို့တို့ ဘာညာ နို့တို့ကိုပြောတာပါ ''

"အေး အတော်စို့ချင်နေရင် တံစို့ပေးမယ်
စို့ထားလိုက် သေချင်းဆိုးလေး အစုတ်ပလုတ် Kitty ''

Kitty က သူအမှားမလုပ်မိသည့်အလျောက်ခပ်တည်တည်နဲ့ ရှေ့က ပုစွန်ထုပ်ကြော်တွေကို သွားဖြဲနားဖြဲစားနေသည်။

နောက်ဆုံး မနေနိုင်တဲ့ရှောင်းကျန့်ကပဲ
ချောကလက်မစ်တစ်ခွက်ကို Kitty ရှေ့ချပေးလိုက်သည်။

"ငါ ကြားဖူးတဲ့ System က မင်းလို
အငတ်မဟုတ်ဘူး သိလား Kitty ''

"သခင်နဲ့ ရေကြောမြေကြောလိုက်ပြီး
ကျွန်တော်လည်းအငတ် System ဖြစ်သွားတာပါ ''

"အော် အေးပါ ငါမှားတာ ငါက အငတ်ကြီး ဟုတ်ပြီလား ''

"အင်း ''

"ဘာကွ!!!!''

"ခဏနေ Oku ရဲ့ Fashion Show ကိုသွားရမှာမလား ပြင်ဆင်တော့လေ''

ထပ်ပြီး ကျရောက်လာမယ့် အာဗြဲစိန်ရဲ့စကားကိုမကြားလိုတာကြောင့် ဖြတ်ပြောလိုက်သည့် Kitty လေးက သူ့ကိုယ်သူ တော်လွန်းလို့ ချီးကျူးနေသည်။

အခုတော့ သူလေးနားအေးပါးအေးနဲ့
မနက်စာစားရပြီလေ ။

"သခင်က စိတ်ထားလေးကကောင်းပါတယ် သောက်ကျင့်ပဲမကောင်းတာ
ဘယ်လိုပြောရမလဲ ရုပ်ရည်လေးကချောပါရက်နဲ့မျက်နှာလေးကမလှတာဆိုသလိုမျိုးပေါ့ ''

"Kitty မင်းဘာတွေပြောနေတာလဲ ''

အဝတ်လဲပြီး ထွက်လာတဲ့ သခင်ရဲ့စကားကြောင့် ချောကလက်မစ်တွေတောင်သီးသွားသည်။

'အဟွတ် နှမြောစရာပဲ '

"သခင့်ရဲ့အလှတရားတွေကို ချီးမွမ်းခန်းဖွင့်နေတာပါ ''

"အော် ဟုတ်လား ဆက်ပြောပါအုန်း ''

အနားရောက်လာပြီး အမြီးဆွဲကာ လေထဲမှာ တန်းလန်းကြီးထားပြီး ချိန်သီးရမ်းသလိုရမ်းနေတဲ့ သခင့်ကြောင့် Kitty မှာ ခေါင်းမူးနေပြီ ဖြစ်သည်။

"သခင် အိမ်ရှေ့မှာ ကားသံကြားတယ် သွားတော့ Noah လာနေပြီ ''

"......''

ရှောင်းကျန့်ကတော့ Kitty အား မင်းသတိထားနေဆိုတဲ့အကြည့်နဲ့ကြည့်လို့
အခန်းထဲကထွက်သွားတော့သည်။

မူးနေသည့် Kitty မှာလည်း စားပိုးနင့်ထားသည့်အရှိန်ပါပေါင်းကာ အိပ်ပျော်သွားတော့သည်။

-----------

Noah နဲ့အတူ Fashion Show ကျင်းပမည့်
ပွဲခန်းမကို လျှောက်လှမ်းလာခဲ့သည်။

"မာမီ ဒီမှာ သားပြောပြောနေတဲ့ Jason ဆိုတာ ''

"ကျွန်တော်က Jason Berman ပါ ''

Noah ရဲ့စကားအဆုံး မိတ်ဆက်လာသည့် လူချောလေးကို Oku Willow က သဘောကျသွားသည်။

"Ohh အချစ်ကလေးရဲ့ မိတ်ဆွေက လူချောလေးပဲ ''

" ကျေးဇူးပါ မဒမ် ''

"မလိုဘူးလေ သွား အချစ်ကလေး သူငယ်ချင်းကို ဧည့်ခံလိုက်ပါအုန်း ကဲ
Jason အန်တီ့ကို အားမနာနဲ့ အဆင်ပြေသလိုနေပါ ဟုတ်ပြီလား ''

Oku က Jason ခေါင်းကို ပုတ်လို့ အခြားသူတွေရှိရာဧည့်ခံရန်ထွက်သွားသည်။

Noah နဲ့ သူနှစ်ယောက်သားလည်း ဘူဖေးကျွေးတဲ့နေရာသို့ ဝါးတီးဆွဲဖို့ ထွက်လာခဲ့ကြသည်။

"Jason မင်းနူတ်ခမ်းက ဘာဖြစ်တာလဲ ''

"ဟမ် အ အပူကန် အပူတက်တာ ''

စားသောက်နေရင်း မေးလာသည့် Noah ၏မေးခွန်းကို ကြုံသလိုဖြေလိုက်သည်။

"အင်း ဟုတ်ပါပြီ မင်းလည်ပင်းက ရဲနေတာပဲ ဘာဖြစ်တာလဲ ''

"ဟို ခြင် အဲ ပျားတုပ်တာ ''

" ပျားတုပ်တာ? မင်းက ဘာသွားလုပ်တာလဲ တုတ်နဲ့သွားထိုးမိလို့လား"

"မဟုတ်ဘူး ဒီအတိုင်း ငါ့ကို လာတုပ်တာ''

"အရမ်းနာတာလား ''

"နာတာပေါ့ အရမ်းပဲ ငါ့မှာ မျက်ရည်တောက်တောက်ကျတယ် တကယ် ''

"အော် အဆိပ်ထုတ်ပြီးပြီလား ''

"အမ် အင်း ပြီးပြီ မပူပါနဲ့ ဟုတ်ပြီလား စားပြီး Show ကြည့်ရအောင် ''

".......''

Noah က ဘာမှမပြောဘဲ သေချာအကဲခတ်နေသည် မို့ ရှောင်းကျန့်က ခပ်တည်တည်နဲ့ အစားမပျက်နေလိုက်သည်။

စားသောက်ပြီး Show စတော့မှာဖြစ်တာကြောင့် သတ်မှတ်ထားသည့် ခုံအသီးသီးမှာ နေရာယူလိုက်ကြသည်။

ထို့နောက် ရှောင်းကျန့်သည် Jason အတွက် ထိုဖက်ရှင်များကို သေချာလေ့လာနေခဲ့သည်။

----------

ရှောင်းကျန့်၏ ကျောင်းတက်ရက်တွေသည် ထိုလူသားနှစ်ယောက်ကြောင့်
ကုန်ဆုံးသည်။

အတန်းမတူသော်လည်း ရောက်လာတတ်သည့် ၄င်းတို့က တစ်ယောက်တည်းနဲ့နှစ်ကိုယ်ဖြစ်နေသည့်အပြင် အချင်းချင်းရန်လိုပြိုင်ဆိုင်တတ်ကြသေးသည်။

'ငါ ဘယ်လိုလုပ်ရမလဲ Kitty ''

Gingo ပင်တွေကြားမှာ ဇာတ်လိုက်နှစ်ယောက်ကြောင့် စိတ်ရှုပ်သမျှကို အကြံရလို့ရငြား ရင်ဖွင့်လိုက်သည်။

'မပြောတတ်လို့ မပြောတော့ဘူး ''

နို့ဘီစကစ်ကို တဂျွမ်းဂျွမ်းစားနေသည့်
ကြောင်နာစုတ်အား ရှောင်းကျန့်ကမျက်စောင်းထိုးသည်။

'အော် အေး ပေး အဲ့တာ ငါ့ဘီစကစ်ထုပ်မစားနဲ့ အသုံးမကျတဲ့ မင်းကို မကျွေးနိုင်ဘူး '

'သခင် သူများက ကျွန်တော့်ကို မမြင်ရဘူးလေ အဲ့တော့ သခင်က အခုချိန်မှာ အရူးနဲ့တူနေမှာပဲ '

'ဘာ မင်း ''

Kitty က ရုပ်ချည်းပျောက်ကွယ်သွားသည်။

ဒါက အခုတလော Kitty လုပ်နေကျအကွက်တွေဖြစ်သည်။ သူစိတ်တိုပြသည်နှင့် Kitty က ပုန်းတော့သည်။

"Jason? ''

"Alex ''

"တကယ်ပဲ နင်ကိုး ဘာလုပ်နေတာလဲ''

"အင်း ပျင်းလို့ဟ ''

"အော် စာတွေပိုင်ပြီလား Jason ''

"အင်း မင်းရော ''

"ငါ? မဆိုးပါဘူး ''

ထို့နောက် နှစ်ယောက်သားကြားကလေထုကတိတ်ဆိတ်သွားပြန်သည်။

"နင် ''

Alex ကစကားစလာပြီး ဆက်မပြောဘဲ ရပ်နေကာ တစ်ခုခုကို တွေးနေပုံရသည်။
ထို့နောက် သူမက သက်ပြင်းချကာ ရှောင်းကျန့်မျက်ဝန်းကိုကြည့်လို့ဆိုပြန်သည်။

" သူတို့ နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်ထားလဲ Jason ''

"ဟမ် ''

"Noah နဲ့ Lucas လေ သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးချယ်ထားလဲ လို့ ဆိုလိုတာ ''

အမှန်အတိုင်းပြောရရင် ရှောင်းကျန့်မှာ ထိုမေးခွန်းအတွက်အဖြေမရှိသေးပေ။

နှစ်ယောက်စလုံးက သူ့ချစ်သူတွေမို့ သူ့မှာ ဘယ်လိုရွေးရမလဲမသိဖြစ်နေသည်။

Gingo ပင်ပေါ်မှ Kitty ကလည်း ကိုက်လက်စ ဘီစကစ်ကိုဆက်မဝါးသေးဘဲ
သခင်၏ အဖြေကို နားစွင့်သည်။

တိတ်ဆိတ်နေသည့်သခင်က စဉ်းစားရခက်နေပုံပင်။

Kitty မှာ သခင်ကို သနားသွားရသည်။

'သူဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးရမလဲ
နှစ်ယောက်လုံးနဲ့သခင်ကိုယူခိုင်းလိုက်ရင်ရော အာ အဲ့တာက မင်္ဂလာဦးညအတွက်ဒုက္ခရောက်တယ် မတော်လို့ ငါ့သခင်အသက်ထွက်သွားရင် ဘယ်လိုလုပ်မလဲ'

Kitty မှာ အကြံမထုတ်နိုင်တော့တာကြောင့် ဘီစကစ်ကိုသာ ထပ်ဝါးနေလိုက်တော့သည်။

-------

Lucas နှင့် Noah သည် Jason ကိုလိုက်ရှာနေကြသည်။

"ဟွင့် ''

တစ်ယောက်နဲ့တစ်ယောက် ဆုံမိတာနဲ့ နှာမှုတ်ကာ မျက်နှာလွှဲလိုက်ကြသည်။

ထို့နောက် ဟိုဘက်ဒီဘက်လမ်းကျယ်ကြီးခြားကာ လျှောက်လာခဲ့ကြသည်။

မကြာမီတွင် Alex ဆိုသည့် မိန်းကလေးနဲ့ ပြုံးပြီးစကားပြောနေသည့် Jason ကို
အဝါရောင်ဂျင်ဂိုပင်တွေကြားမှာတွေ့လိုက်ရသည်။

"Jason ''x2

ဆောင့်အောင့်ခေါ်လိုက်သည့်အသံကြောင့်
Jason တင်မဟုတ်ဘဲ Alex ပါ လန့်သွားသည်။

"Lucas Noah အဟဲ လာလေ လာကြ ''

အကျင့်အတိုင်း အရူးကွက်နင်းလိုက်ရသည်။ သတ်တော့မလိုရုပ်တည်ကြီးနဲ့နှစ်ယောက်က တစ်ခါတစ်လေ ရယ်စရာကောင်းသည်။

"ဘာလုပ်နေတာလဲ ''x2

ပြိုင်တူမေးလာသည့်မေးခွန်းကြောင့် ရှောင်းကျန့်က တံတွေးပင်မျိုချလိုက်မိသည်။

"စ စကားပြောနေကြတာ ဘာလို့လဲ ''

"ဘာတွေပြောနေကြတာလဲ ''x2

"စာအကြောင်းပေါ့ ''

" သေချာလား "x2

"အင်း ''

အခြေအနေကိုသဘောပေါက်သည့် Alex က ရှာလကာရည်သောက်နေသည့် ဘဲနှစ်ပွေကိုမျက်စိနောက်လာရသည်မို့ သူမဘက်ကပဲ အလိုက်သိစွာ ထွက်သွားဖို့ ဆုံးဖြတ်သည်။

"Jason စာရှင်းပြလို့ကျေးဇူးပဲဟာ သွားတော့မယ် ''

"အော် အေးအေး ''

ထွက်သွားတဲ့ Alex ကတော့ အေးဆေးပင်။ ကျန်ခဲ့သည့် ရှောင်ကျန့်မှာ အမဲဖြတ်မည့် ကျားနှစ်ကောင်ကြားယုန်လေးလို တုန်နေရသည်။

အမှန်တကယ်ပင် သူ့၏ ဒူးတွေက တုန်ယင်နေခဲ့သည်။

Double Update
ကျေးဇူး ဖတ်ပေးလို့

Zawgyi

ေရွာင္းက်န့္သည္ သက္ျပင္းသာ ခဏခဏခ်ေနမိသည္။ အိပ္လို႔လည္းမရေပ။ ယခုေတာ့ မိုးလင္းလာခဲ့ၿပီ တစ္ညလုံး စဥ္းစားေနရသည္မို႔အခုေတာ့
ထိုးထိုးေထာင္ေထာင္ ဆံပင္ေတြနဲ႕ မ်က္ကြင္းညိုေတြနဲ႕ ထလာရသည္။

သူတကယ္ မခံစားနိုင္ဘူး
သူေလး ဖင္ႀကိမ္းရမယ့္အျဖစ္မို႔ မခံစားနိုင္ဘူး ဘယ့္ႏွယ္ သရီးဆမ္းရမယ္လို႔

"ငိုးမ System''

"သခင္ နိုးေနရင္လည္း ထေတာ့ ေစာေစာစီးစီး System ကို က်ိန္ဆဲမေနနဲ႕
ဟိုက စိတ္မထင္လို႔ Four ေတြ Five ေတြပါဆမ္းေပးလိုက္မွ မာလကဈာန္ႂကြေနအုန္းမယ္ ဟြင္း ''

ေရွာင္းက်န့္သည္ Kitty အား ဒိုင္းခနဲ အားရပါးရ မ်က္ေစာင္းထိုးပစ္လိုက္သည္။

Kitty က ခပ္ေခ်ေခ်ပင္ မသိခ်င္ေယာင္ေဆာင္ကာ ပုဇြန္ေၾကာ္ေတြကို တဂြၽတ္ဂြၽတ္စားေနသည္။

"ေပး အဲ့တာ ငါ့ပုဇြန္ေၾကာ္ မင္းကို မေကြၽးဘူး ''

"ေၾကာင္တစ္ေကာင္စားေနးတာ ဒါဟာ ေၾကာင္စာပဲ သခင္ ၿပီးေတာ့ သူမ်ားစားေနတာကိုလုတာ ဟန့္တားတာက မေကာင္းဘူး ေသရင္ ၿပိတၱာ ျဖစ္တတ္တယ္ သိလား ''

"အံမယ္ ဒင္းေတာင္ ေၾကာင္ဘဝေရာက္လာတာကို ငါေလးကိုမ်ားေျပာရတယ္ရွိေသး မရဘူး အဲ့တာ ငါ့ပုစြန္ေၾကာ္ ''

"သခင္က စိတ္ပုတ္တယ္ အရမ္းပဲေနာ္
ဒါ့ေၾကာင့္ System က သရီးဆမ္းခိုင္းတာ အဟြင္း ေနာက္ဘဝေတြ ဆိုရင္
ဘယ္လိုထိဆမ္းမလဲပဲေနာ္ စိတ္ဝင္စားစရာပဲ ''

"ေရာ့ အဲ့မွာ မ်ိဳ ေသခ်င္းဆိုးေလးရဲ႕ ''

"စို႔စရာေရာမေပးေတာ့ဘူးလား ''

"ဘာကြ Kitty မင္း! "

"သခင္ အေတြးမွားမေနနဲ႕ နို႔ကိုေျပာတာေနာ္ ကြၽန္ေတာ္က ''

"ဘာ နို႔ ဟုတ္လား ''

"ဘာလို႔ ငွက္ဆိုးသံနဲ႕ေအာ္ေနတာ အာ သခင့္နို႔ကိုကြၽန္ေတာ္မစို႔ပါဘူး ကြၽန္ေတာ္အတြက္ အာဟာရပဲနို႔တို႔ အုန္းနို႔တို႔ ဘာညာ နို႔တို႔ကိုေျပာတာပါ ''

"ေအး အေတာ္စို႔ခ်င္ေနရင္ တံစို႔ေပးမယ္
စို႔ထားလိုက္ ေသခ်င္းဆိုးေလး အစုတ္ပလုတ္ Kitty ''

Kitty က သူအမွားမလုပ္မိသည့္အေလ်ာက္ခပ္တည္တည္နဲ႕ ေရွ႕က ပုစြန္ထုပ္ေၾကာ္ေတြကို သြားၿဖဲနားၿဖဲစားေနသည္။

ေနာက္ဆုံး မေနနိုင္တဲ့ေရွာင္းက်န့္ကပဲ
ေခ်ာကလက္မစ္တစ္ခြက္ကို Kitty ေရွ႕ခ်ေပးလိုက္သည္။

"ငါ ၾကားဖူးတဲ့ System က မင္းလို
အငတ္မဟုတ္ဘူး သိလား Kitty ''

"သခင္နဲ႕ ေရေၾကာေျမေၾကာလိုက္ၿပီး
ကြၽန္ေတာ္လည္းအငတ္ System ျဖစ္သြားတာပါ ''

"ေအာ္ ေအးပါ ငါမွားတာ ငါက အငတ္ႀကီး ဟုတ္ၿပီလား ''

"အင္း ''

"ဘာကြ!!!!''

"ခဏေန Oku ရဲ႕ Fashion Show ကိုသြားရမွာမလား ျပင္ဆင္ေတာ့ေလ''

ထပ္ၿပီး က်ေရာက္လာမယ့္ အာၿဗဲစိန္ရဲ႕စကားကိုမၾကားလိုတာေၾကာင့္ ျဖတ္ေျပာလိုက္သည့္ Kitty ေလးက သူ႕ကိုယ္သူ ေတာ္လြန္းလို႔ ခ်ီးက်ဴးေနသည္။

အခုေတာ့ သူေလးနားေအးပါးေအးနဲ႕
မနက္စာစားရၿပီေလ ။

"သခင္က စိတ္ထားေလးကေကာင္းပါတယ္ ေသာက္က်င့္ပဲမေကာင္းတာ
ဘယ္လိုေျပာရမလဲ ႐ုပ္ရည္ေလးကေခ်ာပါရက္နဲ႕မ်က္ႏွာေလးကမလွတာဆိုသလိုမ်ိဳးေပါ့ ''

"Kitty မင္းဘာေတြေျပာေနတာလဲ ''

အဝတ္လဲၿပီး ထြက္လာတဲ့ သခင္ရဲ႕စကားေၾကာင့္ ေခ်ာကလက္မစ္ေတြေတာင္သီးသြားသည္။

'အဟြတ္ ႏွေျမာစရာပဲ '

"သခင့္ရဲ႕အလွတရားေတြကို ခ်ီးမြမ္းခန္းဖြင့္ေနတာပါ ''

"ေအာ္ ဟုတ္လား ဆက္ေျပာပါအုန္း ''

အနားေရာက္လာၿပီး အၿမီးဆြဲကာ ေလထဲမွာ တန္းလန္းႀကီးထားၿပီး ခ်ိန္သီးရမ္းသလိုရမ္းေနတဲ့ သခင့္ေၾကာင့္ Kitty မွာ ေခါင္းမူးေနၿပီ ျဖစ္သည္။

"သခင္ အိမ္ေရွ႕မွာ ကားသံၾကားတယ္ သြားေတာ့ Noah လာေနၿပီ ''

"......''

ေရွာင္းက်န့္ကေတာ့ Kitty အား မင္းသတိထားေနဆိုတဲ့အၾကည့္နဲ႕ၾကည့္လို႔
အခန္းထဲကထြက္သြားေတာ့သည္။

မူးေနသည့္ Kitty မွာလည္း စားပိုးနင့္ထားသည့္အရွိန္ပါေပါင္းကာ အိပ္ေပ်ာ္သြားေတာ့သည္။

-----------

Noah နဲ႕အတူ Fashion Show က်င္းပမည့္
ပြဲခန္းမကို ေလွ်ာက္လွမ္းလာခဲ့သည္။

"မာမီ ဒီမွာ သားေျပာေျပာေနတဲ့ Jason ဆိုတာ ''

"ကြၽန္ေတာ္က Jason Berman ပါ ''

Noah ရဲ႕စကားအဆုံး မိတ္ဆက္လာသည့္ လူေခ်ာေလးကို Oku Willow က သေဘာက်သြားသည္။

"Ohh အခ်စ္ကေလးရဲ႕ မိတ္ေဆြက လူေခ်ာေလးပဲ ''

" ေက်းဇူးပါ မဒမ္ ''

"မလိုဘူးေလ သြား အခ်စ္ကေလး သူငယ္ခ်င္းကို ဧည့္ခံလိုက္ပါအုန္း ကဲ
Jason အန္တီ့ကို အားမနာနဲ႕ အဆင္ေျပသလိုေနပါ ဟုတ္ၿပီလား ''

Oku က Jason ေခါင္းကို ပုတ္လို႔ အျခားသူေတြရွိရာဧည့္ခံရန္ထြက္သြားသည္။

Noah နဲ႕ သူႏွစ္ေယာက္သားလည္း ဘူေဖးေကြၽးတဲ့ေနရာသို႔ ဝါးတီးဆြဲဖို႔ ထြက္လာခဲ့ၾကသည္။

"Jason မင္းႏူတ္ခမ္းက ဘာျဖစ္တာလဲ ''

"ဟမ္ အ အပူကန္ အပူတက္တာ ''

စားေသာက္ေနရင္း ေမးလာသည့္ Noah ၏ေမးခြန္းကို ႀကဳံသလိုေျဖလိုက္သည္။

"အင္း ဟုတ္ပါၿပီ မင္းလည္ပင္းက ရဲေနတာပဲ ဘာျဖစ္တာလဲ ''

"ဟို ျခင္ အဲ ပ်ားတုပ္တာ ''

" ပ်ားတုပ္တာ? မင္းက ဘာသြားလုပ္တာလဲ တုတ္နဲ႕သြားထိုးမိလို႔လား"

"မဟုတ္ဘူး ဒီအတိုင္း ငါ့ကို လာတုပ္တာ''

"အရမ္းနာတာလား ''

"နာတာေပါ့ အရမ္းပဲ ငါ့မွာ မ်က္ရည္ေတာက္ေတာက္က်တယ္ တကယ္ ''

"ေအာ္ အဆိပ္ထုတ္ၿပီးၿပီလား ''

"အမ္ အင္း ၿပီးၿပီ မပူပါနဲ႕ ဟုတ္ၿပီလား စားၿပီး Show ၾကည့္ရေအာင္ ''

".......''

Noah က ဘာမွမေျပာဘဲ ေသခ်ာအကဲခတ္ေနသည္ မို႔ ေရွာင္းက်န့္က ခပ္တည္တည္နဲ႕ အစားမပ်က္ေနလိုက္သည္။

စားေသာက္ၿပီး Show စေတာ့မွာျဖစ္တာေၾကာင့္ သတ္မွတ္ထားသည့္ ခုံအသီးသီးမွာ ေနရာယူလိုက္ၾကသည္။

ထို႔ေနာက္ ေရွာင္းက်န့္သည္ Jason အတြက္ ထိုဖက္ရွင္မ်ားကို ေသခ်ာေလ့လာေနခဲ့သည္။

----------

ေရွာင္းက်န့္၏ ေက်ာင္းတက္ရက္ေတြသည္ ထိုလူသားႏွစ္ေယာက္ေၾကာင့္
ကုန္ဆုံးသည္။

အတန္းမတူေသာ္လည္း ေရာက္လာတတ္သည့္ ၄င္းတို႔က တစ္ေယာက္တည္းနဲ႕ႏွစ္ကိုယ္ျဖစ္ေနသည့္အျပင္ အခ်င္းခ်င္းရန္လိုၿပိဳင္ဆိုင္တတ္ၾကေသးသည္။

'ငါ ဘယ္လိုလုပ္ရမလဲ Kitty ''

Gingo ပင္ေတြၾကားမွာ ဇာတ္လိုက္ႏွစ္ေယာက္ေၾကာင့္ စိတ္ရႈပ္သမွ်ကို အႀကံရလို႔ရျငား ရင္ဖြင့္လိုက္သည္။

'မေျပာတတ္လို႔ မေျပာေတာ့ဘူး ''

နို႔ဘီစကစ္ကို တဂြၽမ္းဂြၽမ္းစားေနသည့္
ေၾကာင္နာစုတ္အား ေရွာင္းက်န့္ကမ်က္ေစာင္းထိုးသည္။

'ေအာ္ ေအး ေပး အဲ့တာ ငါ့ဘီစကစ္ထုပ္မစားနဲ႕ အသုံးမက်တဲ့ မင္းကို မေကြၽးနိုင္ဘူး '

'သခင္ သူမ်ားက ကြၽန္ေတာ့္ကို မျမင္ရဘူးေလ အဲ့ေတာ့ သခင္က အခုခ်ိန္မွာ အ႐ူးနဲ႕တူေနမွာပဲ '

'ဘာ မင္း ''

Kitty က ႐ုပ္ခ်ည္းေပ်ာက္ကြယ္သြားသည္။

ဒါက အခုတေလာ Kitty လုပ္ေနက်အကြက္ေတြျဖစ္သည္။ သူစိတ္တိုျပသည္ႏွင့္ Kitty က ပုန္းေတာ့သည္။

"Jason? ''

"Alex ''

"တကယ္ပဲ နင္ကိုး ဘာလုပ္ေနတာလဲ''

"အင္း ပ်င္းလို႔ဟ ''

"ေအာ္ စာေတြပိုင္ၿပီလား Jason ''

"အင္း မင္းေရာ ''

"ငါ? မဆိုးပါဘူး ''

ထို႔ေနာက္ ႏွစ္ေယာက္သားၾကားကေလထုကတိတ္ဆိတ္သြားျပန္သည္။

"နင္ ''

Alex ကစကားစလာၿပီး ဆက္မေျပာဘဲ ရပ္ေနကာ တစ္ခုခုကို ေတြးေနပုံရသည္။
ထို႔ေနာက္ သူမက သက္ျပင္းခ်ကာ ေရွာင္းက်န့္မ်က္ဝန္းကိုၾကည့္လို႔ဆိုျပန္သည္။

" သူတို႔ ႏွစ္ေယာက္ထဲက ဘယ္သူ႕ကို ေ႐ြးခ်ယ္ထားလဲ Jason ''

"ဟမ္ ''

"Noah နဲ႕ Lucas ေလ သူတို႔ႏွစ္ေယာက္ထဲက ဘယ္သူ႕ကိုေ႐ြးခ်ယ္ထားလဲ လို႔ ဆိုလိုတာ ''

အမွန္အတိုင္းေျပာရရင္ ေရွာင္းက်န့္မွာ ထိုေမးခြန္းအတြက္အေျဖမရွိေသးေပ။

ႏွစ္ေယာက္စလုံးက သူ႕ခ်စ္သူေတြမို႔ သူ႕မွာ ဘယ္လိုေ႐ြးရမလဲမသိျဖစ္ေနသည္။

Gingo ပင္ေပၚမွ Kitty ကလည္း ကိုက္လက္စ ဘီစကစ္ကိုဆက္မဝါးေသးဘဲ
သခင္၏ အေျဖကို နားစြင့္သည္။

တိတ္ဆိတ္ေနသည့္သခင္က စဥ္းစားရခက္ေနပုံပင္။

Kitty မွာ သခင္ကို သနားသြားရသည္။

'သူဒီကိစၥကိုဘယ္လိုေျဖရွင္းေပးရမလဲ
ႏွစ္ေယာက္လုံးနဲ႕သခင္ကိုယူခိုင္းလိုက္ရင္ေရာ အာ အဲ့တာက မဂၤလာဦးညအတြက္ဒုကၡေရာက္တယ္ မေတာ္လို႔ ငါ့သခင္အသက္ထြက္သြားရင္ ဘယ္လိုလုပ္မလဲ'

Kitty မွာ အႀကံမထုတ္နိုင္ေတာ့တာေၾကာင့္ ဘီစကစ္ကိုသာ ထပ္ဝါးေနလိုက္ေတာ့သည္။

-------

Lucas ႏွင့္ Noah သည္ Jason ကိုလိုက္ရွာေနၾကသည္။

"ဟြင့္ ''

တစ္ေယာက္နဲ႕တစ္ေယာက္ ဆုံမိတာနဲ႕ ႏွာမႈတ္ကာ မ်က္ႏွာလႊဲလိုက္ၾကသည္။

ထို႔ေနာက္ ဟိုဘက္ဒီဘက္လမ္းက်ယ္ႀကီးျခားကာ ေလွ်ာက္လာခဲ့ၾကသည္။

မၾကာမီတြင္ Alex ဆိုသည့္ မိန္းကေလးနဲ႕ ၿပဳံးၿပီးစကားေျပာေနသည့္ Jason ကို
အဝါေရာင္ဂ်င္ဂိုပင္ေတြၾကားမွာေတြ႕လိုက္ရသည္။

"Jason ''x2

ေဆာင့္ေအာင့္ေခၚလိုက္သည့္အသံေၾကာင့္
Jason တင္မဟုတ္ဘဲ Alex ပါ လန့္သြားသည္။

"Lucas Noah အဟဲ လာေလ လာၾက ''

အက်င့္အတိုင္း အ႐ူးကြက္နင္းလိုက္ရသည္။ သတ္ေတာ့မလို႐ုပ္တည္ႀကီးနဲ႕ႏွစ္ေယာက္က တစ္ခါတစ္ေလ ရယ္စရာေကာင္းသည္။

"ဘာလုပ္ေနတာလဲ ''x2

ၿပိဳင္တူေမးလာသည့္ေမးခြန္းေၾကာင့္ ေရွာင္းက်န့္က တံေတြးပင္မ်ိဳခ်လိဳက္မိသည္။

"စ စကားေျပာေနၾကတာ ဘာလို႔လဲ ''

"ဘာေတြေျပာေနၾကတာလဲ ''x2

"စာအေၾကာင္းေပါ့ ''

" ေသခ်ာလား "x2

"အင္း ''

အေျခအေနကိုသေဘာေပါက္သည့္ Alex က ရွာလကာရည္ေသာက္ေနသည့္ ဘဲႏွစ္ေပြကိုမ်က္စိေနာက္လာရသည္မို႔ သူမဘက္ကပဲ အလိုက္သိစြာ ထြက္သြားဖို႔ ဆုံးျဖတ္သည္။

"Jason စာရွင္းျပလို႔ေက်းဇူးပဲဟာ သြားေတာ့မယ္ ''

"ေအာ္ ေအးေအး ''

ထြက္သြားတဲ့ Alex ကေတာ့ ေအးေဆးပင္။ က်န္ခဲ့သည့္ ေရွာင္က်န့္မွာ အမဲျဖတ္မည့္ က်ားႏွစ္ေကာင္ၾကားယုန္ေလးလို တုန္ေနရသည္။

အမွန္တကယ္ပင္ သူ႕၏ ဒူးေတြက တုန္ယင္ေနခဲ့သည္။

Double Update
ေက်းဇူး ဖတ္ေပးလို႔

Lanjutkan Membaca

Kamu Akan Menyukai Ini

398K 50.5K 38
Hey ! Let me be your wrong person . . . .
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
51.8K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...