မြတ်နိုးရပါသော....သည်းငယ်

By Iris_Gom

60.1K 1.3K 83

ကိုယ့်ထက် 10နှစ်ကျော်ငယ်တဲ့ကောင်လေးကိုချစ်မိသွားမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့မိဘူး....မြတ်နိုးရတဲ့ကောင်ငယ်လေးကို... More

မိတ်ဆက်
အပိုင်း ၁
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
Sad Memory

အပိုင်း ၂

2.4K 209 14
By Iris_Gom

"တူးတူးလေး သားသားမူကြိုကိုသွားတက်တယ်မလား မမဒီနေ့အလုပ်ရှိလို့မလိုက်တော့ဘူးနော်"

အိမ်ပေါ်ထပ်ကနေ အလှပြင်ပြီးဆင်းလာတဲ့မမကို တူးတူးခေါင်းငြိမ့်ပြလိုက်သည်။သူ‌ဒီရောက်ပြီးသိလိုက်တာကမမကသူထင်ထားဝာာထက်သဘောကောင်းပြီးကြင်နာတက်တယ်ဆိုတာပင်။မမကတူးတူးကိုမောင်အရင်းတစ်ယောက်လိုပဲဆက်ဆံသည်။ဂေဟာကနေယူလာခဲ့တဲ့အဝတ်နွမ်းနွမ်းလေးတွေအစား အကျီအသစ်လေးတွေသူဝတ်ဆင်ရသည်။မမကသူ့အတွက်အမရင်းနဲ့မခြားတဲ့သူ့ကျေးဇူးရှင်ပင်။ မမကတူးတူးလေးပါးလေးကိုဆွဲဖျစ်ပြီး ကားမောင်းကာထွက်သွားတော့မှ တူးတူးလေးလဲတံခါးတွေသေချာပိတ်လိုက်သည်။မမရဲ့သားလေးမူကြိုက တူးတူးတို့လမ်းထိပ်လေးတင်မိုလို့ တူးတူးမှတ်မိနေသည်။တူးတူးဒီအိမ်ရောက်တဲ့ ၁ပတ်လုံးလဲ မမနဲ့အတူ သွားကြိုနေကြပင်။

ရှပ်အကျီအပြာလေးနဲ့ ဘောင်းဘီဒူးဖုံးလေးဝတ်ထားတဲ့ တူးတူးလေးက ၁၆နှစ်ဆိုတာမထင်ရပေ။နှဖူးပေါ်အတိကျနေတဲ့ဆံပင်လေးတွေကလေတိုက်တိုင်း လွင့်နေပြီး တူးတူးမျက်နှာလေးကပြုံးရယ်နေသည်။လမ်းထိပ်နဲ့အိမ်နဲ့က 10မိနစ်လောက်သာလမ်းလျှောက်ရသည်။

"ကိုကို "

မူကြိုအိမ်ရှေ့ရောက်တော့ သူ့နံမည်ခေါ်ကာပြေးထွက်လာတဲ့ နေမင်းခြံရံ လေးကိုတူးတူးလက်လေးတန်းကာပွေ့ဖက်လိုက်သည်။နေမင်းခြံရံလေးကအနေအေးတဲ့ကလေးဆိုပြီးမမပြောပြထားပေမယ့် သူ့ကိုတော့တကယ်ခင်တွယ်ပါသည်။နေမင်းခြံရံလေးက အသက် 5နှစ်မပြည့်သေးပေမယ့် သူမသိတာမတက်တာမရှိ။ငယ်ငယ်လေးနဲ့ညာဏ်ရည်ထက်တဲ့ကလေးဆိုတာသိသာနေသည်။

"တူးတူးရောက်နေပြီလား နေမင်းခြံရံလေးဆရာမပေးလိုက်တဲ့အိမ်စာလေး‌တွေသေချာလုပ်ခဲ့နော်"

"ဟုတ်ဆရာမ ကိုကိုသားကိုမုန့်တီဝယ်တိုက်"

တူးတူး ခြံရံခေါင်းကိုပုတ်လိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။ခြံရံကိုလာကြိုတိုင်း မမနဲ့အတူဝင်သောက်နေကျ မုန့်တီဆိုင်လေးက မူကြိုအိမ်ရဲ့တစ်အိမ်ကျော်မှာဖြစ်သည်။ဆိုင်လေးကသန့်သန့်ရှင်းရှင်းလေးနဲ့ လက်ရာလဲကောင်းတာမိုလို့ တူးတူးလေးတောင်အကြိုက်တွေ့နေမိသည်။

"ခြံရံလေးကဘာနဲ့သောက်မလဲ တူးတူးကတော့ထုံးစံအတိုင်းပဲမလား"

တူးတူးခေါင်းလေးသာငြိမ့်ပြလိုက်သည်။မူကြိုဆရာမအပြင် မုန့်တီဆိုင်ကလူတွေပါတူးတူးအကြောင်း မမပြောပြထားတာမိုလို့ တူးတူးကိုဂရုဏာသက်ကြသည်။ဆိုင်ရှင်အဒေါ်ကြီးကတူးတူးကိုဆို ငါးဖယ်များများထည့်ထည့်ပေးသည်။ခြံရံလေးကငါးဆိုဘာငါးမှမစားတာကြောင့် အကြော်နဲ့ပဲသွေးသာထည့်သည်။

"ကိုကို ဒက်ဒီအတွက်လဲ ဝယ်ခဲ့ပါလား ဒက်ဒီကလဲမုန့်တီကြိုက်တယ်"

သောကြာနေ့တိုင်း ရုံးစောစောပြန်လာတက်တဲ့ ကိုခေတ်ကြောင့် ဝယ်သွားရန်ဆုံးဖြတ်လိုက်သည်။မမကတော့ ညမှပဲပြန်လာမယ်ဟုပြောသွားသည်မိုလို့ မမအတွက်ဝယ်ရန်မလိုပေ။

"ကြီးကြီး မုန့်တီ ငါးဖယ်နဲ့တစ်ပွဲ"

"ထပ်သောက်မလို့လားခြံရံလေး"

"မဟုတ်ဘူး ဒက်ဒီအတွက်"

"ဟုတ်ပြီ ဟုတ်ပြီ ကြီးကြီးပါဆယ်ထည့်ပေးလိုက်မယ် တူးတူးလေးသောက်လို့ကောင်းလား"

တူးတူးလက်မလေးထောင်ပြလိုက်သည်။ကိုခေတ်အတွက်ပါဆယ်ဆွဲပြီး ခြံရံလေးလက်ကိုဆွဲကာအိမ်ပြန်လာခဲ့သည်။သူတို့အိမ်ရောက်ပြီးမကြာပါ ကိုခေတ်ကပြန်ရောက်လာသည်။ရောက်တာနဲ့အပေါ်ထပ်တက်သွားတဲ့ကိုခေတ်ကြောင့် တူးတူးဝယ်လာတဲ့မုန့်တီကိုအပူပေးပြီး ခွက်ထဲထည့်လိုက်သည်။ဧည့်ခန်းထဲမှာအရုပ်တွေနဲ့ဆော့နေတဲ့ ခြံရံလေးကို မုန့်တီသွားပေးဖို့ဟုအမူအရာပြပြီးအပေါ်ထပ်တက်ခဲ့လိုက်သည်။ခြံရံလေးက ကိုခေတ်နဲ့မတူစွာ သူ့အမူအရာတွေကိုနားလည်နေသည်။ခုလဲ"ဟုတ်ကဲ့"လို့ပြောပြီးအရုပ်တွေနဲ့ပြန်ဆော့နေသည်။

"ဒေါက်ဒေါက်"

"ဝင်ခဲ့"

ဝင်ခဲ့ဆိုတဲ့အသံကြားမှ တူးတူးအခန်းတံခါးကိုဖြေးဖြေးချင်းတွန်းဖွင့်ပြီးဝင်သွားလိုက်သည်။ကုမ္ပဏီကပြန်လာတဲ့အတိုင်း ကုတင်ပေါ်မှာလှဲနေတဲ့ ကိုခေတ်ဘေးသွားပြီး မုန့်တီပန်းကန်ကိုစားပွဲပေါ်တင်လိုက်သည်။

"ဘာလဲ"

မျက်လုံးကြီးမှိတ်ပြီး ဘာလဲမေးနေသူအား တူးတူးဘာပြန်ပြောရပါ့မလဲ။

ခေတ် ပြန်ဖြေသံလဲမကြား ဘေးနားကလဲထွက်မသွားတဲ့သူကြောင့် မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့ သူ့ကိုငုံ့ကြည့်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ဆုံသည်။သူမျက်လုံးဝိုင်းဝိုင်းလေးတွေကို ၁၀စက္ကန့်လောက်အကြည့်မလွှဲမိလဲငေးကြည့်နေမိသည်။သူသတိဝင်လာတော့ကောင်လေးကအမူအရာနဲ့ရှင်းပြနေသည်။သူဒီတစ်ခါလဲမေ့သွားခဲ့ပါသည်။ကောင်လေးစကားမပြောနိုင်တာကိုပေါ့။ပြီးတော့သူနားမလည်ခဲ့ပါဘူး ကြိုးစားပန်းစားရှင်းပြနေတဲ့ကောင်လေးရဲ့စကားတွေကို ။

"ကိုယ်နားမလည်ဘူးတူးတူး"

နားမလည်ဘူးဆိုလာတဲ့ကိုခေတ်ကြောင့် တူးတူးအကြပ်ရိုက်သွားရသည်။ကိုခေတ်နေမကောင်းဘူးလားမေးချင်ပေမယ့် သူမှစကားမပြောနိုင်ဘဲ။ကိုခေတ်ကလဲသူပြောတာကိုနားမလည်ဘူး။တူးတူးအားတင်းကာ ကိုခေတ်နှဖူးပေါ်လက်လေးတင်လိုက်သည်။ကိုခေတ်မကြိုက်လို့အော်လဲအအော်ခံလိုက်တော့မယ် သူမှရှင်းမပြတက်တော့တာ။

နှဖူးပေါ်လက်လေးတင်လာတဲ့ကောင်လေးကြောင့် ခေတ်ကောင်လေးကိုကြည့်လိုက်သည်။သူထင်တာမမှားဘူးဆိုရင် ကောင်လေးကသူ့ကိုနေမကောင်းဘူးလားမေးချင်တာနေမှာ။ခေတ်ပါးချိုင်တုတွေပေါ်သည်အထိပြုံးလိုက်မိသည်။

"ကိုယ့်ကိုနေမကောင်းဘူးလားလို့မေးချင်တာလား"

ဆံပင်လေးတွေခါယမ်းသည်အထိ ခေါင်းငြိမ့်ပြလာတဲ့ကောင်လေး ပါးဖောင်းဖောင်းလေးတွေကို သူတောင်သတိမထားမိပါဘဲ အသဲယားစွာဖျစ်ညှစ်ပစ်လိုက်မိသည်။ကောင်လေးကတကယ်ချစ်ဖို့ကောင်းလွန်းတယ်။ဘာလို့များဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ။သူမေးချင်လဲမေးချစ်စရာပင် သူအကျီတောင်မလဲနိုင်ဘဲကုတင်ပေါ်မှာလှဲနေမိတာမလား။တကယ်တော့သူပင်ပန်းနေတာကြောင့် နားနေခြင်းပင်။

"ကိုယ်နေကောင်းပါတယ် ပင်ပန်းလို့ခဏနားတာ စားပွဲပေါ်ကကိုယ့်အတွက်ယူလာတာလား ကျေးဇူးပဲ"

ခေတ် ကုတင်ပေါ်ကနေ ဘေးခုံကိုပြောင်းထိုင်လိုက်ပြီး မုန့်တီသောက်လိုက်သည်။ကောင်လေးဝင်လာထဲက မုန့်တီအနံ့ကသူ့နှာခေါင်းထဲတိုးဝင်နေတာဖြစ်သည်။ကောင်လေးကသူ့ဘေးမှာမတ်တပ်လေးရပ်နေတုန်းပင်။

"တူးတူး ညကျရင်ကိုယ့်အခန်းထဲသံပုရာရည်ပို့မပေးနဲ့တော့နော်"

တူးတူးမျက်နှာလေးပျက်သွားတာ ခေတ်မြင်လိုက်ရတာကြောင့် တူးတူးလက်လေးကိုစုပ်ကိုင်လိုက်သည်။မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တအံ့တဩမော့ကြည့်လာတဲ့မျက်နှာလေးကို ခေတ်ပြုံးကာကြည့်ရင်း

"အဲ့အစား ကော်ဖီခါးခါးလေးပဲဖျော်လာပေးနော်"

တူးတူးပြုံးကာခေါင်းအဆက်မပြတ်ငြိမ့်ပြလိုက်သည်။၁မိနစ်လောက်ကြာတဲ့အထိ ခေတ် တူးတူးမျက်နှာလေးကိုစိုက်ကြည့်နေမိသည်။

ကောင်လေးဝာစ်ယောက်ကဘာလို့ သူ့မျက်လုံးထဲမှာအသဲယားစရာကောင်းနေရတာလဲ...?

...

ဒီနေ့က စနေနေ့ဖြစ်တာကြောင့် ခြံရံလေးမူကြိုမသွားရပေ။တူးတူးလေးမှာလဲအလုပ်မရှိတာကြောင့် ခြံရံလေးနဲ့ TV ကလာတဲ့ ကာတွန်း ကိုကြည့်နေလိုက်သည်။မမကမနက်ထဲက အပြင်ထွက်သွားသလို ကိုခေတ်ကလဲမနက်ပိုင်းကုမ္ပဏီသွားတာကြောင့် တူးတူးနဲ့ခြံရံလေးသာအိမ်မှာကျန်နေခဲ့သည်။

"ကိုကို သား ဝေဟင်တို့အိမ်သွားချင်တယ် TV ကြည့်ရဝာာပျင်းနေပြီ"

ခြံရံမျက်နှာလေးကပျင်းနေမှန်းသိသာစွာရှုံ့မဲ့နေလေသည်။ဝေဟင်တို့အိမ်က သူတို့လမ်းထဲတင်ဖြစ်တာကြောင့် တူးတူးခေါင်းငြိမ့်ပြလိုက်သည်။တကယ်ဆို တူးတူးလဲပျင်းနေတာဖြစ်သည်။ဒါပေမယ့် သူကတော့ဘယ်မှသွားစရာမရှိ။သူ့ဆီကခွင့်ပြုချက်ရတာနဲ့ ခြံရံလေးကပြုံးရွှင်စွာပြေးထွက်သွားတော့သည်။တူးတူးလဲ ခြံတံခါးကိုသေချာပိတ်လိုက်ပြီး နေ့လည်စာချက်ရန်ပြင်လိုက်သည်။မမကအပြင်သွားဝာာကြောင့် နေ့လည်စာအတွက် သူကိုယ်တိုင်ပဲဝင်ချက်ဖို့တွေး‌လိုက်မိသည်။

ရေခဲသေတ္တာထဲမှာအသင့်ဝယ်ထည့်ထားတဲ့ အသီးအရွက် အသားတွေရှိနေတာမို့ ဈေးသွားရန်မလိုပေ။ဒီနေ့တော့ တူးတူးလေးကျွမ်းတဲ့ အာလူးအစာသွပ်ကြော်ရယ် ကန်စွန်းရွက်ချဉ်ရည်ဟင်းရယ် ငရုပ်သီးထောင်းလေးရယ် အသားအနေနဲ့ ဝက်သားချက်ရန်ဆုံးဖြတ်လိုက်သည်။

ဂေဟာမှာထဲက တူးတူးလေးကဟင်းချက်တာဝန်ယူနေကြမိုလို့ သူ့အတွက်မခက်ခဲပေ။တူးတူးဒီအိမ်ကြီးရောက်ထဲကအလုပ်မရှိတာကြောင့် ဟင်းချက်နဲ့သန့်ရှင်းရေးတာဝန်ကိုယူချင်တယ်ပြောပေမယ့် မမကခွင့်မပြုပေ။မမဟင်းချင်ရင်ကူညီပေမယ့် မမကကူညီတာတောင်မကြိုက်။မမကသူ့အပေါ်အမရင်းထက်တောင်ကောင်းနေသေးသည်။

"မွှေးနေတာပဲ ဘာတွေချက်နေတာလဲ "

တူးတူး ဟင်းချက်တဲ့ထဲအာရုံရောက်နေတာနဲ့ ကိုခေတ်ပြန်လာတာတောင်မသိလိုက်။အသံကြားလို့လှည့်ကြည့်မိတော့ နီးကပ်လွန်းတဲ့ခန္ဓာကိုယ်ကြောင့် တူးတူးကိုယ်လုံးလေး ကိုခေတ်ရင်ခွင်ထဲလုံးလုံးရောက်သွားရသည်။ချွေးနံ့နဲ့ရေမွှေးနံ့ရောနေတဲ့အနံ့ကနှာခေါင်းထဲတိုးဝင်လာသည်။တူးတူးမော့ကြည့်တော့ ကိုခေတ်ကလဲပြုံးကာငုံကြည့်နေတာကြောင့် တူးတူးကိုခေတ်ရင်ဘက်ကို ခပ်ဖွဖွတွန်းလိုက်သည်။

"အာလူးကြော်နေတာလား မွှေးနေတာပဲကွာ"

"သားသားရောဘယ်သွားလဲ တူးတူးတစ်ယောက်ထဲလား"

တူးတူး ခြံရံလေး ဝေဟင်တို့အိမ်သွားတဲ့အကြောင်းရှင်းပြတော့ ကိုခေတ်ကပြုံးကာခေါင်းငြိမ့်ပြသည်။ကိုခေတ်ကသူ့ကိုဘာလို့ခဏခဏပြုံးပြနေတာလဲ သူမတွေးတက်။ကိုခေတ်အပြုံးတွေကိုတူးတူးသဘောကျဝာယ်။

"ဝေဟင်တို့အိမ်သွာတာမလား ကိုယ်ရေချိုးပြီးဆင်းခဲ့မယ် သားသားကညနေမှပြန်လာလောက်မှာ ကိုယ်တို့အတွက်ပဲ ပြင်ထားလိုက်တော့"

တူးတူးဆံပင်ကိုဆွဲဖွပြီးအပေါ်တက်သွားတဲ့ ကိုခေတ်ကိုတူးတူးလိုက်ကြည့်နေမိသည်။ကိုခေတ်ကိုစတွေ့တုန်းကကြောက်ပေမယ့် ကိုခေတ်ကသူ့အပေါ်ကောင်းမှန်းသိသွားတာကြောင့် ကိုခေတ်ကိုသဘောကျမိသည်။တူးတူးပါးချိုင့်လေးတွေပေါ်သည်အထိပြုံးလိုက်မိသည်။

"ဘာလို့အသဲယားစရာကောင်းနေတာလဲကောင်လေးရာ ကိုယ်ဖျစ်ညှစ်မိတော့မယ်"

............

August 17,2021

#Iris Gom

Zawgyi

"တူးတူးေလး သားသားမူႀကိဳကိုသြားတက္တယ္မလား မမဒီေန႕အလုပ္ရွိလို႔မလိုက္ေတာ့ဘူးေနာ္"

အိမ္ေပၚထပ္ကေန အလွျပင္ၿပီးဆင္းလာတဲ့မမကို တူးတူးေခါင္းၿငိမ့္ျပလိုက္သည္။သူ‌ဒီေရာက္ၿပီးသိလိုက္တာကမမကသူထင္ထားဝာာထက္သေဘာေကာင္းၿပီးၾကင္နာတက္တယ္ဆိုတာပင္။မမကတူးတူးကိုေမာင္အရင္းတစ္ေယာက္လိုပဲဆက္ဆံသည္။ေဂဟာကေနယူလာခဲ့တဲ့အဝတ္ႏြမ္းႏြမ္းေလးေတြအစား အက်ီအသစ္ေလးေတြသူဝတ္ဆင္ရသည္။မမကသူ႕အတြက္အမရင္းနဲ႕မျခားတဲ့သူ႕ေက်းဇူးရွင္ပင္။ မမကတူးတူးေလးပါးေလးကိုဆြဲဖ်စ္ၿပီး ကားေမာင္းကာထြက္သြားေတာ့မွ တူးတူးေလးလဲတံခါးေတြေသခ်ာပိတ္လိုက္သည္။မမရဲ႕သားေလးမူႀကိဳက တူးတူးတို႔လမ္းထိပ္ေလးတင္မိုလို႔ တူးတူးမွတ္မိေနသည္။တူးတူးဒီအိမ္ေရာက္တဲ့ ၁ပတ္လုံးလဲ မမနဲ႕အတူ သြားႀကိဳေနၾကပင္။

ရွပ္အက်ီအျပာေလးနဲ႕ ေဘာင္းဘီဒူးဖုံးေလးဝတ္ထားတဲ့ တူးတူးေလးက ၁၆ႏွစ္ဆိုတာမထင္ရေပ။ႏွဖူးေပၚအတိက်ေနတဲ့ဆံပင္ေလးေတြကေလတိုက္တိုင္း လြင့္ေနၿပီး တူးတူးမ်က္ႏွာေလးကၿပဳံးရယ္ေနသည္။လမ္းထိပ္နဲ႕အိမ္နဲ႕က 10မိနစ္ေလာက္သာလမ္းေလွ်ာက္ရသည္။

"ကိုကို "

မူႀကိဳအိမ္ေရွ႕ေရာက္ေတာ့ သူ႕နံမည္ေခၚကာေျပးထြက္လာတဲ့ ေနမင္းၿခံရံ ေလးကိုတူးတူးလက္ေလးတန္းကာေပြ႕ဖက္လိုက္သည္။ေနမင္းၿခံရံေလးကအေနေအးတဲ့ကေလးဆိုၿပီးမမေျပာျပထားေပမယ့္ သူ႕ကိုေတာ့တကယ္ခင္တြယ္ပါသည္။ေနမင္းၿခံရံေလးက အသက္ 5ႏွစ္မျပည့္ေသးေပမယ့္ သူမသိတာမတက္တာမရွိ။ငယ္ငယ္ေလးနဲ႕ညာဏ္ရည္ထက္တဲ့ကေလးဆိုတာသိသာေနသည္။

"တူးတူးေရာက္ေနၿပီလား ေနမင္းၿခံရံေလးဆရာမေပးလိုက္တဲ့အိမ္စာေလး‌ေတြေသခ်ာလုပ္ခဲ့ေနာ္"

"ဟုတ္ဆရာမ ကိုကိုသားကိုမုန႔္တီဝယ္တိုက္"

တူးတူး ၿခံရံေခါင္းကိုပုတ္လိုက္ၿပီးေခါင္းၿငိမ့္ျပလိုက္သည္။ၿခံရံကိုလာႀကိဳတိုင္း မမနဲ႕အတူဝင္ေသာက္ေနက် မုန႔္တီဆိုင္ေလးက မူႀကိဳအိမ္ရဲ႕တစ္အိမ္ေက်ာ္မွာျဖစ္သည္။ဆိုင္ေလးကသန႔္သန႔္ရွင္းရွင္းေလးနဲ႕ လက္ရာလဲေကာင္းတာမိုလို႔ တူးတူးေလးေတာင္အႀကိဳက္ေတြ႕ေနမိသည္။

"ၿခံရံေလးကဘာနဲ႕ေသာက္မလဲ တူးတူးကေတာ့ထုံးစံအတိုင္းပဲမလား"

တူးတူးေခါင္းေလးသာၿငိမ့္ျပလိုက္သည္။မူႀကိဳဆရာမအျပင္ မုန႔္တီဆိုင္ကလူေတြပါတူးတူးအေၾကာင္း မမေျပာျပထားတာမိုလို႔ တူးတူးကိုဂ႐ုဏာသက္ၾကသည္။ဆိုင္ရွင္အေဒၚႀကီးကတူးတူးကိုဆို ငါးဖယ္မ်ားမ်ားထည့္ထည့္ေပးသည္။ၿခံရံေလးကငါးဆိုဘာငါးမွမစားတာေၾကာင့္ အေၾကာ္နဲ႕ပဲေသြးသာထည့္သည္။

"ကိုကို ဒက္ဒီအတြက္လဲ ဝယ္ခဲ့ပါလား ဒက္ဒီကလဲမုန႔္တီႀကိဳက္တယ္"

ေသာၾကာေန႕တိုင္း ႐ုံးေစာေစာျပန္လာတက္တဲ့ ကိုေခတ္ေၾကာင့္ ဝယ္သြားရန္ဆုံးျဖတ္လိုက္သည္။မမကေတာ့ ညမွပဲျပန္လာမယ္ဟုေျပာသြားသည္မိုလို႔ မမအတြက္ဝယ္ရန္မလိုေပ။

"ႀကီးႀကီး မုန႔္တီ ငါးဖယ္နဲ႕တစ္ပြဲ"

"ထပ္ေသာက္မလို႔လားၿခံရံေလး"

"မဟုတ္ဘူး ဒက္ဒီအတြက္"

"ဟုတ္ၿပီ ဟုတ္ၿပီ ႀကီးႀကီးပါဆယ္ထည့္ေပးလိုက္မယ္ တူးတူးေလးေသာက္လို႔ေကာင္းလား"

တူးတူးလက္မေလးေထာင္ျပလိုက္သည္။ကိုေခတ္အတြက္ပါဆယ္ဆြဲၿပီး ၿခံရံေလးလက္ကိုဆြဲကာအိမ္ျပန္လာခဲ့သည္။သူတို႔အိမ္ေရာက္ၿပီးမၾကာပါ ကိုေခတ္ကျပန္ေရာက္လာသည္။ေရာက္တာနဲ႕အေပၚထပ္တက္သြားတဲ့ကိုေခတ္ေၾကာင့္ တူးတူးဝယ္လာတဲ့မုန႔္တီကိုအပူေပးၿပီး ခြက္ထဲထည့္လိုက္သည္။ဧည့္ခန္းထဲမွာအ႐ုပ္ေတြနဲ႕ေဆာ့ေနတဲ့ ၿခံရံေလးကို မုန႔္တီသြားေပးဖို႔ဟုအမူအရာျပၿပီးအေပၚထပ္တက္ခဲ့လိုက္သည္။ၿခံရံေလးက ကိုေခတ္နဲ႕မတူစြာ သူ႕အမူအရာေတြကိုနားလည္ေနသည္။ခုလဲ"ဟုတ္ကဲ့"လို႔ေျပာၿပီးအ႐ုပ္ေတြနဲ႕ျပန္ေဆာ့ေနသည္။

"ေဒါက္ေဒါက္"

"ဝင္ခဲ့"

ဝင္ခဲ့ဆိုတဲ့အသံၾကားမွ တူးတူးအခန္းတံခါးကိုေျဖးေျဖးခ်င္းတြန္းဖြင့္ၿပီးဝင္သြားလိုက္သည္။ကုမၸဏီကျပန္လာတဲ့အတိုင္း ကုတင္ေပၚမွာလွဲေနတဲ့ ကိုေခတ္ေဘးသြားၿပီး မုန႔္တီပန္းကန္ကိုစားပြဲေပၚတင္လိုက္သည္။

"ဘာလဲ"

မ်က္လုံးႀကီးမွိတ္ၿပီး ဘာလဲေမးေနသူအား တူးတူးဘာျပန္ေျပာရပါ့မလဲ။

ေခတ္ ျပန္ေျဖသံလဲမၾကား ေဘးနားကလဲထြက္မသြားတဲ့သူေၾကာင့္ မ်က္လုံးဖြင့္ၿပီးၾကည့္လိုက္ေတာ့ သူ႕ကိုငုံ႕ၾကည့္ေနတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ဆုံသည္။သူမ်က္လုံးဝိုင္းဝိုင္းေလးေတြကို ၁၀စကၠန႔္ေလာက္အၾကည့္မလႊဲမိလဲေငးၾကည့္ေနမိသည္။သူသတိဝင္လာေတာ့ေကာင္ေလးကအမူအရာနဲ႕ရွင္းျပေနသည္။သူဒီတစ္ခါလဲေမ့သြားခဲ့ပါသည္။ေကာင္ေလးစကားမေျပာနိုင္တာကိုေပါ့။ၿပီးေတာ့သူနားမလည္ခဲ့ပါဘူး ႀကိဳးစားပန္းစားရွင္းျပေနတဲ့ေကာင္ေလးရဲ႕စကားေတြကို ။

"ကိုယ္နားမလည္ဘူးတူးတူး"

နားမလည္ဘူးဆိုလာတဲ့ကိုေခတ္ေၾကာင့္ တူးတူးအၾကပ္ရိုက္သြားရသည္။ကိုေခတ္ေနမေကာင္းဘူးလားေမးခ်င္ေပမယ့္ သူမွစကားမေျပာနိုင္ဘဲ။ကိုေခတ္ကလဲသူေျပာတာကိုနားမလည္ဘူး။တူးတူးအားတင္းကာ ကိုေခတ္ႏွဖူးေပၚလက္ေလးတင္လိုက္သည္။ကိုေခတ္မႀကိဳက္လို႔ေအာ္လဲအေအာ္ခံလိုက္ေတာ့မယ္ သူမွရွင္းမျပတက္ေတာ့တာ။

ႏွဖူးေပၚလက္ေလးတင္လာတဲ့ေကာင္ေလးေၾကာင့္ ေခတ္ေကာင္ေလးကိုၾကည့္လိုက္သည္။သူထင္တာမမွားဘူးဆိုရင္ ေကာင္ေလးကသူ႕ကိုေနမေကာင္းဘူးလားေမးခ်င္တာေနမွာ။ေခတ္ပါးခ်ိဳင္တုေတြေပၚသည္အထိၿပဳံးလိုက္မိသည္။

"ကိုယ့္ကိုေနမေကာင္းဘူးလားလို႔ေမးခ်င္တာလား"

ဆံပင္ေလးေတြခါယမ္းသည္အထိ ေခါင္းၿငိမ့္ျပလာတဲ့ေကာင္ေလး ပါးေဖာင္းေဖာင္းေလးေတြကို သူေတာင္သတိမထားမိပါဘဲ အသဲယားစြာဖ်စ္ညွစ္ပစ္လိုက္မိသည္။ေကာင္ေလးကတကယ္ခ်စ္ဖို႔ေကာင္းလြန္းတယ္။ဘာလို႔မ်ားဒီေလာက္ခ်စ္ဖို႔ေကာင္းေနရတာလဲ။သူေမးခ်င္လဲေမးခ်စ္စရာပင္ သူအက်ီေတာင္မလဲနိုင္ဘဲကုတင္ေပၚမွာလွဲေနမိတာမလား။တကယ္ေတာ့သူပင္ပန္းေနတာေၾကာင့္ နားေနျခင္းပင္။

"ကိုယ္ေနေကာင္းပါတယ္ ပင္ပန္းလို႔ခဏနားတာ စားပြဲေပၚကကိုယ့္အတြက္ယူလာတာလား ေက်းဇူးပဲ"

ေခတ္ ကုတင္ေပၚကေန ေဘးခုံကိုေျပာင္းထိုင္လိုက္ၿပီး မုန႔္တီေသာက္လိုက္သည္။ေကာင္ေလးဝင္လာထဲက မုန႔္တီအနံ႕ကသူ႕ႏွာေခါင္းထဲတိုးဝင္ေနတာျဖစ္သည္။ေကာင္ေလးကသူ႕ေဘးမွာမတ္တပ္ေလးရပ္ေနတုန္းပင္။

"တူးတူး ညက်ရင္ကိုယ့္အခန္းထဲသံပုရာရည္ပို႔မေပးနဲ႕ေတာ့ေနာ္"

တူးတူးမ်က္ႏွာေလးပ်က္သြားတာ ေခတ္ျမင္လိုက္ရတာေၾကာင့္ တူးတူးလက္ေလးကိုစုပ္ကိုင္လိုက္သည္။မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ တအံ့တဩေမာ့ၾကည့္လာတဲ့မ်က္ႏွာေလးကို ေခတ္ၿပဳံးကာၾကည့္ရင္း

"အဲ့အစား ေကာ္ဖီခါးခါးေလးပဲေဖ်ာ္လာေပးေနာ္"

တူးတူးၿပဳံးကာေခါင္းအဆက္မျပတ္ၿငိမ့္ျပလိုက္သည္။၁မိနစ္ေလာက္ၾကာတဲ့အထိ ေခတ္ တူးတူးမ်က္ႏွာေလးကိုစိုက္ၾကည့္ေနမိသည္။

ေကာင္ေလးဝာစ္ေယာက္ကဘာလို႔ သူ႕မ်က္လုံးထဲမွာအသဲယားစရာေကာင္းေနရတာလဲ...?

...

ဒီေန႕က စေနေန႕ျဖစ္တာေၾကာင့္ ၿခံရံေလးမူႀကိဳမသြားရေပ။တူးတူးေလးမွာလဲအလုပ္မရွိတာေၾကာင့္ ၿခံရံေလးနဲ႕ TV ကလာတဲ့ Running man ကိုၾကည့္ေနလိုက္သည္။မမကမနက္ထဲက အျပင္ထြက္သြားသလို ကိုေခတ္ကလဲမနက္ပိုင္းကုမၸဏီသြားတာေၾကာင့္ တူးတူးနဲ႕ၿခံရံေလးသာအိမ္မွာက်န္ေနခဲ့သည္။

"ကိုကို သား ေဝဟင္တို႔အိမ္သြားခ်င္တယ္ TV ၾကည့္ရဝာာပ်င္းေနၿပီ"

ၿခံရံမ်က္ႏွာေလးကပ်င္းေနမွန္းသိသာစြာရႈံ႕မဲ့ေနေလသည္။ေဝဟင္တို႔အိမ္က သူတို႔လမ္းထဲတင္ျဖစ္တာေၾကာင့္ တူးတူးေခါင္းၿငိမ့္ျပလိုက္သည္။တကယ္ဆို တူးတူးလဲပ်င္းေနတာျဖစ္သည္။ဒါေပမယ့္ သူကေတာ့ဘယ္မွသြားစရာမရွိ။သူ႕ဆီကခြင့္ျပဳခ်က္ရတာနဲ႕ ၿခံရံေလးကၿပဳံး႐ႊင္စြာေျပးထြက္သြားေတာ့သည္။တူးတူးလဲ ၿခံတံခါးကိုေသခ်ာပိတ္လိုက္ၿပီး ေန႕လည္စာခ်က္ရန္ျပင္လိုက္သည္။မမကအျပင္သြားဝာာေၾကာင့္ ေန႕လည္စာအတြက္ သူကိုယ္တိုင္ပဲဝင္ခ်က္ဖို႔ေတြး‌လိုက္မိသည္။

ေရခဲေသတၱာထဲမွာအသင့္ဝယ္ထည့္ထားတဲ့ အသီးအ႐ြက္ အသားေတြရွိေနတာမို႔ ေဈးသြားရန္မလိုေပ။ဒီေန႕ေတာ့ တူးတူးေလးကြၽမ္းတဲ့ အာလူးအစာသြပ္ေၾကာ္ရယ္ ကန္စြန္း႐ြက္ခ်ဥ္ရည္ဟင္းရယ္ င႐ုပ္သီးေထာင္းေလးရယ္ အသားအေနနဲ႕ ဝက္သားခ်က္ရန္ဆုံးျဖတ္လိုက္သည္။

ေဂဟာမွာထဲက တူးတူးေလးကဟင္းခ်က္တာဝန္ယူေနၾကမိုလို႔ သူ႕အတြက္မခက္ခဲေပ။တူးတူးဒီအိမ္ႀကီးေရာက္ထဲကအလုပ္မရွိတာေၾကာင့္ ဟင္းခ်က္နဲ႕သန႔္ရွင္းေရးတာဝန္ကိုယူခ်င္တယ္ေျပာေပမယ့္ မမကခြင့္မျပဳေပ။မမဟင္းခ်င္ရင္ကူညီေပမယ့္ မမကကူညီတာေတာင္မႀကိဳက္။မမကသူ႕အေပၚအမရင္းထက္ေတာင္ေကာင္းေနေသးသည္။

"ေမႊးေနတာပဲ ဘာေတြခ်က္ေနတာလဲ "

တူးတူး ဟင္းခ်က္တဲ့ထဲအာ႐ုံေရာက္ေနတာနဲ႕ ကိုေခတ္ျပန္လာတာေတာင္မသိလိုက္။အသံၾကားလို႔လွည့္ၾကည့္မိေတာ့ နီးကပ္လြန္းတဲ့ခႏၶာကိုယ္ေၾကာင့္ တူးတူးကိုယ္လုံးေလး ကိုေခတ္ရင္ခြင္ထဲလုံးလုံးေရာက္သြားရသည္။ေခြၽးနံ႕နဲ႕ေရေမႊးနံ႕ေရာေနတဲ့အနံ႕ကႏွာေခါင္းထဲတိုးဝင္လာသည္။တူးတူးေမာ့ၾကည့္ေတာ့ ကိုေခတ္ကလဲၿပဳံးကာငုံၾကည့္ေနတာေၾကာင့္ တူးတူးကိုေခတ္ရင္ဘက္ကို ခပ္ဖြဖြတြန္းလိုက္သည္။

"အာလူးေၾကာ္ေနတာလား ေမႊးေနတာပဲကြာ"

"သားသားေရာဘယ္သြားလဲ တူးတူးတစ္ေယာက္ထဲလား"

တူးတူး ၿခံရံေလး ေဝဟင္တို႔အိမ္သြားတဲ့အေၾကာင္းရွင္းျပေတာ့ ကိုေခတ္ကၿပဳံးကာေခါင္းၿငိမ့္ျပသည္။ကိုေခတ္ကသူ႕ကိုဘာလို႔ခဏခဏၿပဳံးျပေနတာလဲ သူမေတြးတက္။ကိုေခတ္အၿပဳံးေတြကိုတူးတူးသေဘာက်ဝာယ္။

"ေဝဟင္တို႔အိမ္သြာတာမလား ကိုယ္ေရခ်ိဳးၿပီးဆင္းခဲ့မယ္ သားသားကညေနမွျပန္လာေလာက္မွာ ကိုယ္တို႔အတြက္ပဲ ျပင္ထားလိုက္ေတာ့"

တူးတူးဆံပင္ကိုဆြဲဖြၿပီးအေပၚတက္သြားတဲ့ ကိုေခတ္ကိုတူးတူးလိုက္ၾကည့္ေနမိသည္။ကိုေခတ္ကိုစေတြ႕တုန္းကေၾကာက္ေပမယ့္ ကိုေခတ္ကသူ႕အေပၚေကာင္းမွန္းသိသြားတာေၾကာင့္ ကိုေခတ္ကိုသေဘာက်မိသည္။တူးတူးပါးခ်ိဳင့္ေလးေတြေပၚသည္အထိၿပဳံးလိုက္မိသည္။

"ဘာလို႔အသဲယားစရာေကာင္းေနတာလဲေကာင္ေလးရာ ကိုယ္ဖ်စ္ညွစ္မိေတာ့မယ္"

............

August 17,2021

#Iris Gom

Continue Reading

You'll Also Like

32.9K 6.3K 100
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
291K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
242K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...