The Husband [ COMPLEDED ]

By Misaki_CB

111K 15.6K 4.6K

Paring - CHANBAEK Language - Burmese ___________________________________ Waring : It has a lot of mutual cont... More

(1)
(2)
(3)
(4)
(5)
(5.1)
(6)
(6.1)
(7)
(8)
(8.1)
(9)
- Bonus -
(10)
(10.1)
(10.2)
(11)
(12)
(13)
(14)
(14.1)
(15)
(16)
( 17 )
( Ending )
( Extra - 1 )
( Extra - 2 )
( Extra - 3 )
( Extra - 4 )

- Bonus -

4K 546 213
By Misaki_CB

( Unicode )

" ဘမ်ဘီ "

အိမ်ထဲကနေခြံအဝမှာရပ်နေတဲ့ ဘတ်ခ်ဟျွန်းဆီ ခြေလှမ်းကျဲကြီးများဖြင့်ပြေးလာတဲ့ချန်းယောလ်ကိုမြင်လိုက်ရသည်နှင့် ဘတ်ခ်ဟျွန်း ၏လက်တစ်ဖက်ကိုကမ်းပေးလိုက်သည်။

ကပွဲမှာဖိတ်ခေါ်ခံရတဲ့မင်းသမီးတစ်ပါးရဲ့လက်ကိုကိုင်သလိုပဲ ဘတ်ခ်ဟျွန်း၏လက်တစ်ဖက်ကို ချန်းယောလ်ကသူ၏လက်နှစ်ဖက်ဖြင့်ညင်သာစွာအုပ်ကိုင်လာပါ၏။

ချန်းယောလ်၏မျက်လုံးတွေဟာလည်း မထင်မှတ်ဘဲရောက်လာတဲ့ ဘတ်ခ်ဟျွန်းကြောင့် အံ့သြလွန်းလို့မယုံနိုင်သေးသည့်ပုံစံဖြစ်နေသေးသည်။

" အစ်ကိုလေးကို လွမ်းလို့ "

တိုးဖွဖွထွက်လာတဲ့ဘမ်ဘီ့၏စကားတစ်ခွန်းကြောင့် ချန်းယောလ်ရင်ထဲလှိုက်ကနဲဖြစ်ကာအချစ်ကိုစတင်ခံစားဖူးတဲ့ ဆယ်ကျော်သက်အရွယ်ကိုပြန်ရောက်သွားသလိုခံစားလိုက်ရ ၏။

မှိုင်းကျကာအားအင်ကုန်ခမ်းလုမတတ်ဖြစ်နေတဲ့အချိန်မှာ ဘမ်ဘီကနတ်ဆေးဆရာလေးလိုပဲ ချန်းယောလ်နားအချိန်မှီရောက်ရှိလာတဲ့အခါမှာတော့ ချန်းယောလ်ကကျားကိုးစီးစားမကုန်တဲ့အားတွေနှင့်တစ်ဖန်နလန်ပြန်ထူနိုင်ခဲ့ပြီ။

" ဘမ်ဘီ၊ မင်းဆေးလိပ်တွေသောက်ထားတာလား "

" ယောကျ်ားလေးနဲ့ ဆေးလိပ်မကင်းနိုင်ဘူးဆိုတာ အစ်က်ိုလေးလည်းသိရဲ့သားနဲ့ထူးဆန်းပြနေသေးတယ် "

ညချမ်းအချိန်ဖြစ်တာကြောင့် ရာသီဥတု၏ အေးစက်ခြင်းတွေကလည်း စကားတစ်ခွန်းဆိုလိုက်တိုင်း နှုတ်ဖျားကနေအငွေ့တ ထောင်းထောင်းထွက်စေ၏။

ထို့အတူ ဘမ်ဘီ့၏လက်တစ်ဖက်ကလည်း ချန်းယောလ်၏လက်ခုံနှစ်ဖက်ထဲတွင်နွေးထွေးစွာရှိနေပါ၏။

ခြံအပြင်ဖက်မှာထွန်းထားတဲ့ မိန်ပျပျဓါတ်မီးတိုင်၏အလင်းရောင်ကြောင့် ဘမ်ဘီ့ကိုမှုန်ရီဝါးစွာမြင်တွေ့နေရသော်လည်း ဘမ်ဘီ့ ၏ညို့ချက်ပြင်းတဲ့ဆွဲဆောင်မှုအလှတရားတွေက်ိုတော့ ချန်းယောလ်၏စိတ်နှလုံးသားထဲကနေမြင်နေရသည်။

" ယောလ် "

ထိုစဥ်မှာပဲ အိမ်ထဲက အယ်ရီကာသည်သူတို့ရှိရာကိုလာတော့မည့်အနေအထားအကြောင့် ဘမ်ဘီ့၏လက်ကိုသူဖွဖွလေးဖြေလွှတ်ပေး လိုက်မိတာ ဘာကြောင့်လဲဆိုတာ ဘမ်ဘီနား လည်ပေးနိုင်မည်ထင်ပါသည်။

မပိုင်ဆိုင်ရသေးတော့လည်း ချန်းယောလ်၏ ဘဝက မီးဖိုချောင်ထဲချက်ထားတဲ့ဟင်းကိုပါပါးမသိအောင်ခိုးစားနေရသလို အလားသဏ္ဌာန်တူလှ၏။

" ယောလ်ရဲ့ ဧည့်သည်လား "

အယ်ရီကာသည် ခြံဝမှာရပ်နေသည့်လူနှစ်ယောက်၏ရှေ့မှောက်သို့ရောက်လာပြီး ဘမ်ဘီဟု သူ့ကိုယ်သူသုံးနှုန်းသည့် ကောင်လေးကိုကြည့်လိုက်၊ တစ်ဖန်သူ၏ချစ်သူယောလ်ကိုကြည့်လိုက်ဖြင့် စတင်မေးခွန်းထုတ်ပါတော့သည်။

" ကိုယ့်အသိမိတ်ဆွေပါ "

ယောလ်၏ဖြေကြားမှုကြောင့်သာ အယ်ရီကာဖြစ်သလိုခေါင်းညိတ်ပြလိုက်ရပေမယ့် ချန်းယောလ်ကို မထီမဲ့မြင်ပုံစံဖြင့်စိုက်ကြည့်နေတဲ့ဘမ်ဘီ့ဆိုသူ၏ မျက်ဝန်းတွေကိုတော့သူမနှစ်မြို့ပေ။

မသိစိတ်က ပြဿနာတွေသယ်လာပေးမယ့် ကောင်လေးလိုပဲ သတ်မှတ်နေမိတာခက်သည်။

" ယောလ်ရဲ့ မိတ်ဆွေဆိုလည်း အိမ်ထဲဝင်ပြီးညစာ စားသွားပါဦးလား "

" အယ်ရီကာ "

ချန်းယောလ်ထံမှ အနည်းငယ်တုန်လှုပ်သွားဟန်ရှိသော အသံတို့တစွန်းတစထွက်ပေါ်လာပြီး ဘမ်ဘီ့ဆိုသူထံမှ မခို့တရို့လေးထွက်လာတဲ့ရယ်သံယဲ့ယဲ့လေးကြောင့် အယ်ရီကာမျက်ခုံးလှုပ်သွားရသည်။

" ဟဲဟဲ .. အမှန်တိုင်းပြောရရင်ကျွန်တော်ဘာမှမစားရသေးဘူး "

" ဒါဆို တစ်ခါတည်းစားသွားမလား "

" ဘမ်ဘီက အစားကြီးတယ်နော်။အစ်ကိုလေးကျွေးနိုင်မှာမလို့လား "

အယ်ရီကာသည် ထူးဆန်းသောအပြုအမှုတွေနှင့် စကားကိုမရင်းနှီးသလိုအတင်းဟန် ဆောင်ပြီးပြောနေသော လေယူလေသိမ်းတွေကိုနားထောင်ရင်းအကဲခတ်နေရသည်။

စကားသံတွေကသာ သူစိမ်းဆန်သလိုဖြစ်နေပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကြည့်တဲ့အကြည့်တွေကတော့ ပညာသားပါပါနှင့်အ ထာကျနေသလိုမျိုးဖြစ်နေသည်။

" ကဲပါ.. အိမ်ထဲအရင်ဝင်ရအောင်လေ။အ ပြင်မှာက အေးလည်းအေးတယ် "

အယ်ရီကာ့၏စကားကြောင့် ချန်းယောလ်ရှေ့ကဘမ်ဘီ့ထံကိုကားသော့ပေးဖို့ရာလက်ဖြန့်တောင်းလိုက်သည်။

မဆိုင်းမတွပင် ဘမ်ဘီသည်လည်းချက်ချင်းကိုထုတ်ပေး၏။

" ဘမ်ဘီ့ကိုအိမ်ထဲခေါ်သွားလိုက်တော့ အယ်ရီကာ။ ကိုယ်သူ့ကားကိုအထဲသွင်းပေးလိုက်ဦးမယ် "

ပြောပြောဆိုဆိုဖြင့် ချန်းယောလ်ဟာခြံအ ပြင်မှာရပ်ထားတဲ့ ဘမ်ဘီဆိုသူ၏ကားဆီကိုပြေးသွားသည်။

" အိမ်ထဲဝင်ရအောင် "

အယ်ရီကာ၏စကားကို ဘမ်ဘီအပြုံးလေးဖြင့်သာခေါင်းညိတ်ပြသည်။

ခရမ်းနုရောင်ဆံနွယ်ရှည်လေးတွေဟာပခုံးပေါ်အိကျနေသည်။

ဖျက်ကနဲကြည့်လိုက်ရင်ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းတဲ့အလှတရားတွေနဲ့တင် အယ်ရီကာ့အနားချန်းယောလ်ရှိနေတဲ့အကြောင်း အရင်းကို ဘတ်ခ်ဟျွန်းသဘောပေါက်သွားသည်။

အယ်ရီကာက ဘတ်ခ်ဟျွန်းကိုအိမ်ထဲသို့ခေါ်သွားပြီး ဧည့်ခန်းမှာထိုင်စေသည်။

သူကတော့ ဘတ်ခ်ဟျွန်း၏ကားကိုခြံထဲသွင်းပေးနေသည့် ချန်းယောလ်ကိုသွားခေါ်ဖို့ဆိုပြီး အပြင်ကိုတစ်ဖန်ပြန်ထွက်သွားလေရဲ့။

ခြံထဲသို့မောင်းဝင်လာသည့် ဇိမ်ခံကားတစ်စီးကိုကြည့်ပြီး အယ်ရီကာ၏စေ့ပိတ်ထားတဲ့နှုတ်ခမ်းတွေပွင့်ဟ,သွားရသည်။

သည်ကားဟာ အယ်ရီကာမှာထားတဲ့နောက် ဆုံးပေါ်ဇိမ်ခံကားပင်ဖြစ်သည်။

အရောင်းပြခန်းက ပိုင်ရှင်ကိုယ်တိုင်အယ်ရီကာမှာထားတဲ့ကားကိုပိုပေးတဲ့သူရှိလို့ရောင်းပေးလိုက်ရပါတယ်ဆိုပြီး တောင်းတောင်းပန်ပန်နဲ့ပြောတာကြောင့် အယ်ရီကာမှာစိတ်ထဲမတင်မကျဖြစ်သွားရသေးသည်လေ။

အယ်ရီကာစိတ်ရူပ်ရပြန်ပြီ။

" ယောလ် "

ကားထဲကထွက်လာတဲ့ ချန်းယောလ်ကအယ်ရီကာ့အနားကိုရောက်လာသည်။

" ဘာဟင်းတွေချက်ထားလဲ အယ်ရီကာ "

ချန်းယောလ်က သူ့ရှေ့ရပ်နေတဲ့အယ်ရီကာ့ကိုမကြည့်ပဲ အိမ်ထဲကိုသာစိတ်ရောက်နေ သည်။

" ယောလ်ကြိုက်မယ့်ဟင်းတွေ ချက်ထားတယ်လေ။ ဟိုယောလ်ရဲ့ဧည့်သည်သဘောမကျမှာစိုးလို့လေ "

" ခက်တော့ခက်နေပြီ။ သူဘာကြိုက်လည်းဆိုတာ ကိုယ်မသိဘူး "

ချန်းယောလ်၏ စိုးရိမ်ပူပန်ခြင်းတွေကအယ်ရီကာ့ကို ထပ်မံပြီးသံသယဝင်စေသည်။

သူစိမ်းတစ်ယောက်အပေါ် ဧည့်ဝတ်မကျေပြွန်မှာစိုးရိမ်၍လား။ တခြားသောပတ်သက်ဆက်နွယ်မှုတွေကြောင့် ဆက်ဆံရေးကျဲသွားမှာကို ကြောက်နေလို့လား။

" ကိုယ်သူ့ကိုသွားမေးလိုက်ဦးမယ် "

ခါးပေါ်တွင်လက်တစ်ဖက်ထောက်ရင်း၊ ဆံ ပင်တွေပွရူတ်မတတ်ခေါင်းကိုကုတ်ကာအိမ်ထဲသို့ဝင်သွားသော ယောလ်​နောက်ကိုအယ်ရီကာလိုက်ခဲ့သည်။

" ဘမ်ဘီ၊ မင်းမကြိုက်တဲ့ဟင်းတွေရှိမှာစိုးလို့အရင်ဆုံးချက်ထားတဲ့ဟင်းတွေလိုက်ကြည့်ပါလား "

ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်နေသောဘမ်ဘီသည်သူ့စကားကြောင့် မျက်လုံးလေးဝိုင်း စက်သွားကာမော့ကြည့်လာပါ၏။

ချန်းယောလ်သည်လည်း က္ကန္ဒြေရလွန်းတဲ့ဘမ်ဘီ၏အကြည့်တစ်ချက်အောက်မှာ ရင်ခုန်သံတွေတသိမ့်သိမ့်ခုန်မြန်ခဲ့သည်။

အမြဲလိုလိုညို့ချက်ပြင်းပျနေတဲ့မျက်ဝန်းတွေနှင့်ကောင်လေးငယ်ဟာ သည်နေ့သည်ချိန်မှာတော့ လွန်တရာမှရင့်ကျက်လှသည့်လူကြီးပေါက်စလေးအလား ပဥ္စလက်ဆန်တဲ့အလှတရားလေးတွေနှင့် ချန်းယောလ်၏ က မ္ဘာကြီးကို သာယာစေပြန်သည်။

ဘယ်လောက်ထိတောင် ဘမ်ဘီဆိုတဲ့ကောင်လေးအပေါ် ဆိုးဆိုးဝါးဝါးစွဲလမ်းနေမိသလဲဆိုရင် ဘမ်ဘီသာသူ့ဘေးနားရှိနေမယ်ဆိုထမင်းမစား၊ ရေမသောက်ဘဲနေနိုင်သည်ဆိုသည့်အထိ မိုက်မဲရူးသွပ်နိုင်သလိုမျိုး။

       __________________________

ထမင်းစားပွဲဝိုင်းတွင် အယ်ရီကာနှင့်ယောလ်မှာဘေးချင်းယှဥ်ထိုင်နေပြီး ဘမ်ဘီဆိုသူမှာ ချန်းယောလ်၏ရှေ့တည့်တည့်တွင်ထိုင်ရင်း အယ်ရီကာချက်ထားပေးတဲ့ဟင်းတွေကိုမြိန်ရည်ရှက်ရည် စားသုံးနေပါ၏။

စကားတစ်ခွန်းမဆိုတဲ့ ထိုထမင်းစားဝိုင်းမှာဇွန်းသံ၊တူချသံတို့ဖြင့်သာဆူညံနေ၏။

" အယ်ရီကာရှီးက ဟင်းချက်တော်လိုက်တာ၊ အစ်ကိုလေးက ဒီလိုမျိုးလူကိုရထားတာတော်တော်ကံကောင်းတာပဲ "

တိတ်ဆိတ်နေသောအရာကို ချီးကျူးခြင်းတွေနှင့်စတင်ဖြိုခွဲလိုက်သူမှာ ဘမ်ဘီဖြစ်၏။

" ဘမ်ဘီက ငယ်သေးမယ့်ပုံပဲ၊အသက်ဘယ် လောက်ရှိပြီလဲ ဟင် "

အယ်ရီကာ့၏မေးခွန်းက ချန်းယောလ်သိချင်နေတဲ့ အဖြေတစ်ခုကိုရမှာဖြစ်တာကြောင့်ထ မင်းကိုသာအေးဆေးစားရင်း ဘမ်ဘီ့နှုတ် ဖျားကထွက်လာမယ့်​အဖြေတစ်ခုကိုငံ့လင့်နေရသည်။

" ကျွန်တော့်အသက်က ၂၃ နှစ်ပါ "

ချန်းယောလ် ထမင်းသီးချင်သလိုဖြစ်သွားတာကြောင့် အတတ်နိုင်ဆုံးရေတစ်ခွက်ဖြင့်မျှောချရင်း ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်ရသည်။

ဘမ်ဘီက ချန်းယောလ်အသက်ပင်မဆိုနှင့် အယ်ရီကာနှင့်ယှဥ်ရင်တောင် တော်တော်ငယ်သေးတာပဲ။

" အယ်ရီကာ့ထက် ၂နှစ်တောင်ငယ်တာပဲ။ ဒါဖြင့် ခင်ပွန်းသည်ရောရှိနေပြီလား "

" အဟမ်း၊ အယ်ရီကာ ဘာလို့သူများအ ကြောင်းတွေလိုက်စပ်စုနေတာလဲ "

ထိုမေးခွန်း၏အဖြေကို ချန်းယောလ်မကြားချင်တာကြောင့်တူကိုစားပွဲပေါ်ဆောင့်ချပြီးအယ်ရီကာ့ကိုသတိပေးလိုက်ရသည်။

" တောင်းပန်ပါတယ်။ အယ်ရီကာအရမ်းသိချင်နေသလို ဖြစ်သွားတယ် "

ဘမ်ဘီကတော့ ကိစ္စမရှိဘူးဆိုသည့်နှယ်ခေါင်းကိုသာ​ဖြည်းညင်းစွာခါရမ်းပြပါ၏။

" ဘမ်ဘီ၊ ဟင်းတွေထည့်စားလေ "

စကားနှင့်အညီ ဘတ်ခ်ဟျွန်း၏မို့မောက်နေအောင်ထမင်းတွေထည့်ထားပေးခြင်းခံရတဲ့ပန်းကန်လုံးပေါ်သို့ အသားဖတ်တွေတစ်ခုပြီးတစ်ခုရောက်လာသည်။

ချန်းယောလ်ကို တစ်ချက်ကြည့်တော့လည်းမျက်နှာက ပြောင်စပ်စပ်ဖြင့်လျှာတစ်လစ်ထုတ်နေနိုင်သေးသည်။

" စားပါတယ် အစ်ကိုလေးရဲ့ "

ရုတ်တရက် ချန်းယောလ်၏ကျောပြင်တစ်ခုလုံးမတ်ကာ ကြက်သီးဖြန်းဖြန်းထသွားရသည်။

စားပွဲခုံအောက်က ဘမ်ဘီ၏ခြေထောက်တစ် ဖက်က ချန်းယောလ်၏ခြေဖျားတွေကိုလာရောက်ပွတ်သပ်နေသည်ကိုး။

ချန်းယောလ်ကသာ လှုပ်ရွပြီးငါးရံ့ပြာလူးဖြစ်နေပေမယ့် ဘမ်ဘီကတော့တည်ငြိမ်စွာဖြင့် အေးဆေးထမင်းစားနေသည်မှာ သူလုပ်နေတာမဟုတ်သည့်အတိုင်းပင်။

ထို့နောက် ဘမ်ဘီကသူ့ကိုစိုက်ကြည့်လာသည်။

ထမင်းစားတူကိုလျှာဖျားနှင့်ထိထားပြီးချန်းယောလ်ကို မြွေတစ်ကောင်အလားလှုပ်၍မရအောင်ညို့ယူဖမ်းစားသွားသည့်အကြည့်လေးတစ်ချက်​၊ ငါးမိနစ်တောင်မကြာလိုက်ပါဘူး။

" ဘမ်ဘီ၊ အစားနည်းလိုက်တာ၊ ဟင်းတွေမကြိုက်လို့လား "

ယောလ်ထည့်ပေးထားတဲ့ အသားဖတ်တွေတစ်ချက်တောင်မတို့ဘဲ ထမင်းကိုသာတူတစ်ခါကော်စာလေး တို့ကနဲ၊စိတ်ကနဲစားနေသော ဘမ်ဘီ၏ထမင်းစားပုံစားနည်းကိုအားမရဖြစ်နေတဲ့ အယ်ရီကာမေးရတော့သည်။

" ဘမ်ဘီက ထမင်းစားလေ့မရှိဘူး၊ ထမင်းထက် လမ်းဘေးသရေစာတွေပဲပိုကြိုက်တာမလို့ "

" ယောလ်နဲ့ကျ ပြောင်းပြန်နော်။ ယောလ်ကအပြင်စာတွေမကြိုက်ဘူး ဟုတ်တယ်ဟုတ် "

ချန်းယောလ် ချောင်းတစ်ချက်ဟန့်လိုက်သည်။

အယ်ရီကာက ဘာကြောင့်ချန်းယောလ်ဖက်လှည့်ပြီးအဖြေတိုက်နေရတာလဲ။

" အစ်ကိုလေးက အပြင်စာမကြိုက်ဘူးပေါ့ "

ဘမ်ဘီကပါထပ်မေးလာတဲ့အချိန်မှာ ချန်းယောလ်​ ဘာဖြေရမှန်းပင်မသိတော့အောင်အာစေးမိသွားရတာမို့ ရယ်ပြရုံသာတတ်နိုင်တော့သည်။

" အစ်ကိုလေးက လူဖြစ်ရူံးတာပဲ။အပြင်စာတွေစားရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာ အစ်ကိုလေးမသိသေးလို့နေမှာပါဟုတ်တယ်မလား အယ်ရီကာရှီး "

သုံးယောက်တည်းရှိလို့သာတော်တော့သည်။မေးခွန်းတွေက ပတ်လည်ရိုက်ပြီးကြာရင်ရန်ဖြစ်စကားများရတော့မည့်အခြေအနေကိုရောက်သွားမှာလည်းကြောက်ရသေးသည်။

ထို့အပြင် စားပွဲခုံအောက်ကဘမ်ဘီ၏ခြေ ဖျားလေးတွေကလည်း ချန်းယောလ်၏ သ မာဓိအားကောင်း၊ မကောင်းကိုစမ်းသပ်နေဆဲပင်။

" သြော်.. ခြံရှေ့မှာဧည့်သည်ရောက်နေတယ်ထင်တယ် "

ခြံတံခါး၏လူခေါ်ဘဲလ်သံကြောင့် အယ်ရီကာ့၏စကားသံဦးဆုံးထွက်လာသည်။

ဘမ်ဘီကတော့ ဧည့်သည်မို့သွားဖွင့်ပေးစရာမလိုဘူးဆိုပေမယ့် အိမ်ရှင်ဖြစ်တဲ့ အယ်ရီကာနှင့် ယောလ်သာ ဘယ်သူသွားဖွင့်ပေးမလည်းဆိုတာ စောင့်ကြည့်ရမည်။

လူခေါ်ဘဲလ်သံ​ကြားနေရသော်လည်း အေး ဆေးတည်ငြိမ်စွာထမင်းစားနေနိုင်သူချန်းယောလ်ကြောင့်တံခါးသွားဖွင့်ပေးရမည့်သူဟာ အယ်ရီကာဖြစ်လာခဲ့သည်။

နှစ်ယောက်တည်းထားခဲ့ရမှာ စိတ်ထဲမသိုးမသန့်ဖြစ်မိပေမယ့်လည်း အယ်ရီကာသည်မီး ဖိုခန်းထဲကထွက်ပြီး ခြံဝကိုဒုန်းစိုင်းပြေးရပါတော့သည်။

အယ်ရီကာထွက်သွားသည်နှင့် ချန်းယောလ်က မတ်တပ်ထ,ပြီးခါးကိုကိုင်းကာဘမ်ဘီ့၏ မေးဖျားကိုဆွဲမော့ပြီး လှုပ်လီလှုပ်လဲ့ဖြင့်ထ မင်းဝါးနေတဲ့နှုတ်ခမ်းလေးကိုငုံလိုက်သည်။

" ဘမ်ဘီ၊ ငါ့အိမ်ကိုမပြောမဆိုဘဲရောက်လာတာ ဘာသဘောလဲ "

ဘမ်ဘီကပြုံး၏။

ခြောက်ချားစရာကောင်းလွန်းတဲ့အပြုံးတွေဟာ ကောင်းတာတွေကိုပဲဆောင်ကျဥ်းပေးနိုင်ပါစေလို့ ချန်းယောလ်ဆုတောင်းလိုက်မိ သည်။

" အစ်ကိုလေးကို လွမ်းလို့ရောက်လာတာလို့ ပြောထားပြီးသားပဲ "

" မင်းကိုမြင်နေရပြီး ဘာမှလုပ်ခွင့်မရတာလောက် စိတ်ပျက်တာမရှိဘူး "

" အစ်ကိုလေးကလည်း ဘမ်ဘီ့ကိုလွမ်းနေတယ်ဆိုပါတော့ "

" အတိုင်းထက် အလွန်ပဲ "

ပြောရင်း ချန်းယောလ်၏လည်ပင်းကအင်္ကျီစကိုဆောင့်ဆွဲပြီး ဘတ်ခ်ဟျွန်းသူ၏နှုတ် ခမ်းတွေကိုသိမ်းပိုက်လိုက်သည်။

မက်မောမှုတွေ​ကြောင့် အနမ်းတ်ို့၏သံစဥ်တွေလည်း ပြွတ်ခနဲ၊ပြွတ်ခနဲထွက်မည်လာပါ၏။

အသက်ရူသံတို့သည်လည်း ပုံမှန်ထက်ကိုပင်မြန်ဆန်နေခဲ့ပြီ။

ရင်ခုန်သံတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ကြားကနေ ချန်းယောလ်တွေးလိုက်မိတာ ဒီညလည်း သူဟာ လက်သမားဘဝနဲ့ဒူးချောင်ရပေဦးတော့မည်။

" အိုမိုး.. ငါတို့ယောလ်လေးရဲ့ဧည့်သည်ဆိုတော့ ဘယ်သူများလဲလို့ "

ထိုစဥ် ထမင်းစားခန်းထဲဝင်လာသည့် ဂျွန်းဆစ်ကြောင့် ချန်းယောလ်မျက်နှာထားတည် ငြိမ်စွာနှင့်လှည့်ကြည့်လိုက်သည်။

အနေအထားကတော့ ပုံမှန်ပြန်ဖြစ်သွားတာကြောင့် လူမိသွားမှာစိုးရိမ်ထိတ်လန့်နေစရာမလိုတော့ဘူးလေ။

" အစေခံကောင်လေး ငါ့ကိုမှတ်မိသေးလား "

ဂျွန်းဆစ်က ဘမ်ဘီ့အနားကိုလွှားခနဲပြေးရောက်လာပြီး ဘမ်ဘီ့ပခုံးပေါ်ပိုင်စိုးပိုင်နင်းဖြင့်လက်တင်ထားတာကြောင့် ချန်းယောလ်ဇွန်းကိုကျစ်ကျစ်ပါအောင်ဆုတ်ထားမိသည်။

ဘေးမှာ အယ်ရီကာတို့လည်းရှိနေတာကြောင့်စိတ်ရှိတိုင်း ဒေါသထွက်ပြလို့မရသည့်အ ခြေအနေက ဆိုးဆိုးဝါးဝါးဖြစ်နေစေ၏။

" မင်းရောက်နေတာ အတော်ပဲ။ ဆူဝွန်းလာခဲ့စမ်း "

ဘတ်ခ်ဟျွန်းမျက်လုံးပြူးသွားရသည်။

" သခင်လေးဂျွန်းဆစ် "

ဂျွန်းဆစ်၏ခေါ်သံကြောင့် ဆူဝွန်းပါအနားသို့ရောက်လာ၏။

" ဆူဝွန်း မင်းသူ့ကိုသေချာကြည့်စမ်း၊တနေ ရာရာမှာ မြင်ဖူးတယ်လို့မခံစားရဘူးလား "

ဆူဝွန်းက ဘမ်ဘီ့ကိုစိုက်ကြည့်လာသလိုချန်းယောလ်သည်လည်း ဆူဝွန်းပြောမည့်စကားတွေကို သိချင်စိတ်ပြင်းပြနေခဲ့သည်။

တကယ်ပဲ ဂျွန်းဆစ်နဲ့ ဘမ်ဘီတို့ကတစ်ယောက်ကိုတစ်ယောက်သိနေခဲ့ကြတာလား။

" စိုးရွံ့မိပါတယ်။ ဆူဝွန်းသူ့ကိုမသိပါဘူး "

" မဖြစ်နိုင်တာ.. ဆူဝွန်းမင်းငါ့ကိုလိမ်ရင်ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော် "

ဂျွန်းဆစ်၏ဒေါသသံတွေ ထမင်းစားခန်းထဲဆူညံသွားစေခဲ့သည်။

ထိုစဥ်မှာပဲ ဘတ်ခ်ဟျွန်း၏ဖုန်းထဲသို့စာလေးတစ်စောင်ဝင်လာခဲ့ပြန်သည်။

" မင်းစိတ်ဆိုးပြေရင်ပြန်ခဲ့တော့ ကိုယ်စောင့်နေမယ် ဟျွန်း "

ဟူ၍ပင်။

ပေးပို့သူက သခင်လေးအိုဆယ်ဟွန်း။

       ___________________________

A:N/  ပထမဆုံး Bonus အပိုင်းလေးနဲ့ စီပုရိုက်တိုက်လိုက်ပါပြီရှင်။

ခံစားချက်လေးတွေ ပြောပြပေးသွားကြပါဦးနော်။

ဒါနဲ့ ဆကိရဲ့အရေးအသားမပြေပြစ်မှုကြောင့်ချန်းယောလ်ရဲ့ မြှုပ်ကွက်သေးသေးလေးတစ်ခုကိုဘယ်သူမှရှာမတွေ့သေးဘူးဖြစ်နေတယ် ဗြဲ။

        ___________________________

( Zawgyi )

" ဘမ္ဘီ "

အိမ္ထဲကေနၿခံအဝမွာရပ္ေနတဲ့ ဘတ္ခ္ဟြၽန္းဆီ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ေျပးလာတဲ့ခ်န္းေယာလ္ကိုျမင္လိုက္ရသည္ႏွင့္ ဘတ္ခ္ဟြၽန္း ၏လက္တစ္ဖက္ကိုကမ္းေပးလိုက္သည္။

ကပြဲမွာဖိတ္ေခၚခံရတဲ့မင္းသမီးတစ္ပါးရဲ့လက္ကိုကိုင္သလိုပဲ ဘတ္ခ္ဟြၽန္း၏လက္တစ္ဖက္ကို ခ်န္းေယာလ္ကသူ၏လက္ႏွစ္ဖက္ျဖင့္ညင္သာစြာအုပ္ကိုင္လာပါ၏။

ခ်န္းေယာလ္၏မ်က္လံုးေတြဟာလည္း မထင္မွတ္ဘဲေရာက္လာတဲ့ ဘတ္ခ္ဟြၽန္းေၾကာင့္ အံ့ၾသလြန္းလို႔မယံုႏိုင္ေသးသည့္ပံုစံျဖစ္ေနေသးသည္။

" အစ္ကိုေလးကို လြမ္းလို႔ "

တိုးဖြဖြထြက္လာတဲ့ဘမ္ဘီ့၏စကားတစ္ခြန္းေၾကာင့္ ခ်န္းေယာလ္ရင္ထဲလိႈက္ကနဲျဖစ္ကာအခ်စ္ကိုစတင္ခံစားဖူးတဲ့ ဆယ္ေက်ာ္သက္အရြယ္ကိုျပန္ေရာက္သြားသလိုခံစားလိုက္ရ ၏။

မိႈင္းက်ကာအားအင္ကုန္ခမ္းလုမတတ္ျဖစ္ေနတဲ့အခ်ိန္မွာ ဘမ္ဘီကနတ္ေဆးဆရာေလးလိုပဲ ခ်န္းေယာလ္နားအခ်ိန္မွီေရာက္ရိွလာတဲ့အခါမွာေတာ့ ခ်န္းေယာလ္ကက်ားကိုးစီးစားမကုန္တဲ့အားေတြႏွင့္တစ္ဖန္နလန္ျပန္ထူႏိုင္ခဲ့ၿပီ။

" ဘမ္ဘီ၊ မင္းေဆးလိပ္ေတြေသာက္ထားတာလား "

" ေယာက်္ားေလးနဲ႔ ေဆးလိပ္မကင္းႏိုင္ဘူးဆိုတာ အစ္က္ိုေလးလည္းသိရဲ့သားနဲ႔ထူးဆန္းျပေနေသးတယ္ "

ညခ်မ္းအခ်ိန္ျဖစ္တာေၾကာင့္ ရာသီဥတု၏ ေအးစက္ျခင္းေတြကလည္း စကားတစ္ခြန္းဆိုလိုက္တိုင္း ႏႈတ္ဖ်ားကေနအေငြ့တ ေထာင္းေထာင္းထြက္ေစ၏။

ထို႔အတူ ဘမ္ဘီ့၏လက္တစ္ဖက္ကလည္း ခ်န္းေယာလ္၏လက္ခံုႏွစ္ဖက္ထဲတြင္ေနြးေထြးစြာရိွေနပါ၏။

ၿခံအျပင္ဖက္မွာထြန္းထားတဲ့ မိန္ပ်ပ်ဓါတ္မီးတိုင္၏အလင္းေရာင္ေၾကာင့္ ဘမ္ဘီ့ကိုမႈန္ရီဝါးစြာျမင္ေတြ့ေနရေသာ္လည္း ဘမ္ဘီ့ ၏ညို႔ခ်က္ျပင္းတဲ့ဆြဲေဆာင္မႈအလွတရားေတြက္ိုေတာ့ ခ်န္းေယာလ္၏စိတ္ႏွလံုးသားထဲကေနျမင္ေနရသည္။

" ေယာလ္ "

ထိုစဥ္မွာပဲ အိမ္ထဲက အယ္ရီကာသည္သူတို႔ရိွရာကိုလာေတာ့မည့္အေနအထားအေၾကာင့္ ဘမ္ဘီ့၏လက္ကိုသူဖြဖြေလးေျဖလႊတ္ေပး လိုက္မိတာ ဘာေၾကာင့္လဲဆိုတာ ဘမ္ဘီနား လည္ေပးႏိုင္မည္ထင္ပါသည္။

မပိုင္ဆိုင္ရေသးေတာ့လည္း ခ်န္းေယာလ္၏ ဘဝက မီးဖိုေခ်ာင္ထဲခ်က္ထားတဲ့ဟင္းကိုပါပါးမသိေအာင္ခိုးစားေနရသလို အလားသဏၭာန္တူလွ၏။

" ေယာလ္ရဲ့ ဧည့္သည္လား "

အယ္ရီကာသည္ ၿခံဝမွာရပ္ေနသည့္လူႏွစ္ေယာက္၏ေရ႔ွေမွာက္သို႔ေရာက္လာၿပီး ဘမ္ဘီဟု သူ႔ကိုယ္သူသံုးႏႈန္းသည့္ ေကာင္ေလးကိုၾကည့္လိုက္၊ တစ္ဖန္သူ၏ခ်စ္သူေယာလ္ကိုၾကည့္လိုက္ျဖင့္ စတင္ေမးခြန္းထုတ္ပါေတာ့သည္။

" ကိုယ့္အသိမိတ္ေဆြပါ "

ေယာလ္၏ေျဖၾကားမႈေၾကာင့္သာ အယ္ရီကာျဖစ္သလိုေခါင္းညိတ္ျပလိုက္ရေပမယ့္ ခ်န္းေယာလ္ကို မထီမဲ့ျမင္ပံုစံျဖင့္စိုက္ၾကည့္ေနတဲ့ဘမ္ဘီ့ဆိုသူ၏ မ်က္ဝန္းေတြကိုေတာ့သူမႏွစ္ၿမိဳ႔ေပ။

မသိစိတ္က ျပႆနာေတြသယ္လာေပးမယ့္ ေကာင္ေလးလိုပဲ သတ္မွတ္ေနမိတာခက္သည္။

" ေယာလ္ရဲ့ မိတ္ေဆြဆိုလည္း အိမ္ထဲဝင္ၿပီးညစာ စားသြားပါၪီးလား "

" အယ္ရီကာ "

ခ်န္းေယာလ္ထံမွ အနည္းငယ္တုန္လႈပ္သြားဟန္ရိွေသာ အသံတို႔တစြန္းတစထြက္ေပၚလာၿပီး ဘမ္ဘီ့ဆိုသူထံမွ မခို႔တရို႔ေလးထြက္လာတဲ့ရယ္သံယဲ့ယဲ့ေလးေၾကာင့္ အယ္ရီကာမ်က္ခံုးလႈပ္သြားရသည္။

" ဟဲဟဲ .. အမွန္တိုင္းေျပာရရင္ကြၽန္ေတာ္ဘာမွမစားရေသးဘူး "

" ဒါဆို တစ္ခါတည္းစားသြားမလား "

" ဘမ္ဘီက အစားႀကီးတယ္ေနာ္။အစ္ကိုေလးေကြၽးႏိုင္မွာမလို႔လား "

အယ္ရီကာသည္ ထူးဆန္းေသာအျပဳအမႈေတြႏွင့္ စကားကိုမရင္းႏွီးသလိုအတင္းဟန္ ေဆာင္ၿပီးေျပာေနေသာ ေလယူေလသိမ္းေတြကိုနားေထာင္ရင္းအကဲခတ္ေနရသည္။

စကားသံေတြကသာ သူစိမ္းဆန္သလိုျဖစ္ေနေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္တဲ့အၾကည့္ေတြကေတာ့ ပညာသားပါပါႏွင့္အ ထာက်ေနသလိုမ်ိဳးျဖစ္ေနသည္။

" ကဲပါ.. အိမ္ထဲအရင္ဝင္ရေအာင္ေလ။အ ျပင္မွာက ေအးလည္းေအးတယ္ "

အယ္ရီကာ့၏စကားေၾကာင့္ ခ်န္းေယာလ္ေရ႔ွကဘမ္ဘီ့ထံကိုကားေသာ့ေပးဖို႔ရာလက္ျဖန္႔ေတာင္းလိုက္သည္။

မဆိုင္းမတြပင္ ဘမ္ဘီသည္လည္းခ်က္ခ်င္းကိုထုတ္ေပး၏။

" ဘမ္ဘီ့ကိုအိမ္ထဲေခၚသြားလိုက္ေတာ့ အယ္ရီကာ။ ကိုယ္သူ႔ကားကိုအထဲသြင္းေပးလိုက္ၪီးမယ္ "

ေျပာေျပာဆိုဆိုျဖင့္ ခ်န္းေယာလ္ဟာၿခံအ ျပင္မွာရပ္ထားတဲ့ ဘမ္ဘီဆိုသူ၏ကားဆီကိုေျပးသြားသည္။

" အိမ္ထဲဝင္ရေအာင္ "

အယ္ရီကာ၏စကားကို ဘမ္ဘီအၿပံဳးေလးျဖင့္သာေခါင္းညိတ္ျပသည္။

ခရမ္းႏုေရာင္ဆံႏြယ္ရွည္ေလးေတြဟာပခံုးေပၚအိက်ေနသည္။

ဖ်က္ကနဲၾကည့္လိုက္ရင္ရင္ဖိုစိတ္လႈပ္ရွားစရာေကာင္းတဲ့အလွတရားေတြနဲ႔တင္ အယ္ရီကာ့အနားခ်န္းေယာလ္ရိွေနတဲ့အေၾကာင္း အရင္းကို ဘတ္ခ္ဟြၽန္းသေဘာေပါက္သြားသည္။

အယ္ရီကာက ဘတ္ခ္ဟြၽန္းကိုအိမ္ထဲသို႔ေခၚသြားၿပီး ဧည့္ခန္းမွာထိုင္ေစသည္။

သူကေတာ့ ဘတ္ခ္ဟြၽန္း၏ကားကိုၿခံထဲသြင္းေပးေနသည့္ ခ်န္းေယာလ္ကိုသြားေခၚဖို႔ဆိုၿပီး အျပင္ကိုတစ္ဖန္ျပန္ထြက္သြားေလရဲ့။

ၿခံထဲသို႔ေမာင္းဝင္လာသည့္ ဇိမ္ခံကားတစ္စီးကိုၾကည့္ၿပီး အယ္ရီကာ၏ေစ့ပိတ္ထားတဲ့ႏႈတ္ခမ္းေတြပြင့္ဟ,သြားရသည္။

သည္ကားဟာ အယ္ရီကာမွာထားတဲ့ေနာက္ ဆံုးေပၚဇိမ္ခံကားပင္ျဖစ္သည္။

အေရာင္းျပခန္းက ပိုင္ရွင္ကိုယ္တိုင္အယ္ရီကာမွာထားတဲ့ကားကိုပိုေပးတဲ့သူရိွလို႔ေရာင္းေပးလိုက္ရပါတယ္ဆိုၿပီး ေတာင္းေတာင္းပန္ပန္နဲ႔ေျပာတာေၾကာင့္ အယ္ရီကာမွာစိတ္ထဲမတင္မက်ျဖစ္သြားရေသးသည္ေလ။

အယ္ရီကာစိတ္ရူပ္ရျပန္ၿပီ။

" ေယာလ္ "

ကားထဲကထြက္လာတဲ့ ခ်န္းေယာလ္ကအယ္ရီကာ့အနားကိုေရာက္လာသည္။

" ဘာဟင္းေတြခ်က္ထားလဲ အယ္ရီကာ "

ခ်န္းေယာလ္က သူ႔ေရ႔ွရပ္ေနတဲ့အယ္ရီကာ့ကိုမၾကည့္ပဲ အိမ္ထဲကိုသာစိတ္ေရာက္ေန သည္။

" ေယာလ္ႀကိဳက္မယ့္ဟင္းေတြ ခ်က္ထားတယ္ေလ။ ဟိုေယာလ္ရဲ့ဧည့္သည္သေဘာမက်မွာစိုးလို႔ေလ "

" ခက္ေတာ့ခက္ေနၿပီ။ သူဘာႀကိဳက္လည္းဆိုတာ ကိုယ္မသိဘူး "

ခ်န္းေယာလ္၏ စိုးရိမ္ပူပန္ျခင္းေတြကအယ္ရီကာ့ကို ထပ္မံၿပီးသံသယဝင္ေစသည္။

သူစိမ္းတစ္ေယာက္အေပၚ ဧည့္ဝတ္မေက်ႁပြန္မွာစိုးရိမ္၍လား။ တျခားေသာပတ္သက္ဆက္ႏြယ္မႈေတြေၾကာင့္ ဆက္ဆံေရးက်ဲသြားမွာကို ေၾကာက္ေနလို႔လား။

" ကိုယ္သူ႔ကိုသြားေမးလိုက္ၪီးမယ္ "

ခါးေပၚတြင္လက္တစ္ဖက္ေထာက္ရင္း၊ ဆံ ပင္ေတြပြရူတ္မတတ္ေခါင္းကိုကုတ္ကာအိမ္ထဲသို႔ဝင္သြားေသာ ေယာလ္​ေနာက္ကိုအယ္ရီကာလိုက္ခဲ့သည္။

" ဘမ္ဘီ၊ မင္းမႀကိဳက္တဲ့ဟင္းေတြရိွမွာစိုးလို႔အရင္ဆံုးခ်က္ထားတဲ့ဟင္းေတြလိုက္ၾကည့္ပါလား "

ဆိုဖာေပၚတြင္ေျခခ်ိတ္ထိုင္ေနေသာဘမ္ဘီသည္သူ႔စကားေၾကာင့္ မ်က္လံုးေလးဝိုင္း စက္သြားကာေမာ့ၾကည့္လာပါ၏။

ခ်န္းေယာလ္သည္လည္း ကၠႁႏၵေရလြန္းတဲ့ဘမ္ဘီ၏အၾကည့္တစ္ခ်က္ေအာက္မွာ ရင္ခုန္သံေတြတသိမ့္သိမ့္ခုန္ျမန္ခဲ့သည္။

အၿမဲလိုလိုညို႔ခ်က္ျပင္းပ်ေနတဲ့မ်က္ဝန္းေတြႏွင့္ေကာင္ေလးငယ္ဟာ သည္ေန့သည္ခ်ိန္မွာေတာ့ လြန္တရာမွရင့္က်က္လွသည့္လူႀကီးေပါက္စေလးအလား ပဥၥလက္ဆန္တဲ့အလွတရားေလးေတြႏွင့္ ခ်န္းေယာလ္၏ က မ႓ာႀကီးကို သာယာေစျပန္သည္။

ဘယ္ေလာက္ထိေတာင္ ဘမ္ဘီဆိုတဲ့ေကာင္ေလးအေပၚ ဆိုးဆိုးဝါးဝါးစြဲလမ္းေနမိသလဲဆိုရင္ ဘမ္ဘီသာသူ႔ေဘးနားရိွေနမယ္ဆိုထမင္းမစား၊ ေရမေသာက္ဘဲေနႏိုင္သည္ဆိုသည့္အထိ မိုက္မဲရူးသြပ္ႏိုင္သလိုမ်ိဳး။

       __________________________

ထမင္းစားပြဲဝိုင္းတြင္ အယ္ရီကာႏွင့္ေယာလ္မွာေဘးခ်င္းယွဥ္ထိုင္ေနၿပီး ဘမ္ဘီဆိုသူမွာ ခ်န္းေယာလ္၏ေရ႔ွတည့္တည့္တြင္ထိုင္ရင္း အယ္ရီကာခ်က္ထားေပးတဲ့ဟင္းေတြကိုၿမိန္ရည္ရွက္ရည္ စားသံုးေနပါ၏။

စကားတစ္ခြန္းမဆိုတဲ့ ထိုထမင္းစားဝိုင္းမွာဇြန္းသံ၊တူခ်သံတို႔ျဖင့္သာဆူညံေန၏။

" အယ္ရီကာရွီးက ဟင္းခ်က္ေတာ္လိုက္တာ၊ အစ္ကိုေလးက ဒီလိုမ်ိဳးလူကိုရထားတာေတာ္ေတာ္ကံေကာင္းတာပဲ "

တိတ္ဆိတ္ေနေသာအရာကို ခ်ီးက်ူးျခင္းေတြႏွင့္စတင္ၿဖိဳခြဲလိုက္သူမွာ ဘမ္ဘီျဖစ္၏။

" ဘမ္ဘီက ငယ္ေသးမယ့္ပံုပဲ၊အသက္ဘယ္ ေလာက္ရိွၿပီလဲ ဟင္ "

အယ္ရီကာ့၏ေမးခြန္းက ခ်န္းေယာလ္သိခ်င္ေနတဲ့ အေျဖတစ္ခုကိုရမွာျဖစ္တာေၾကာင့္ထ မင္းကိုသာေအးေဆးစားရင္း ဘမ္ဘီ့ႏႈတ္ ဖ်ားကထြက္လာမယ့္​အေျဖတစ္ခုကိုငံ့လင့္ေနရသည္။

" ကြၽန္ေတာ့္အသက္က ၂၃ ႏွစ္ပါ "

ခ်န္းေယာလ္ ထမင္းသီးခ်င္သလိုျဖစ္သြားတာေၾကာင့္ အတတ္ႏိုင္ဆံုးေရတစ္ခြက္ျဖင့္ေမ်ွာခ်ရင္း ဘာမွမျဖစ္သလိုဟန္ေဆာင္လိုက္ရသည္။

ဘမ္ဘီက ခ်န္းေယာလ္အသက္ပင္မဆိုႏွင့္ အယ္ရီကာႏွင့္ယွဥ္ရင္ေတာင္ ေတာ္ေတာ္ငယ္ေသးတာပဲ။

" အယ္ရီကာ့ထက္ ၂ႏွစ္ေတာင္ငယ္တာပဲ။ ဒါျဖင့္ ခင္ပြန္းသည္ေရာရိွေနၿပီလား "

" အဟမ္း၊ အယ္ရီကာ ဘာလို႔သူမ်ားအ ေၾကာင္းေတြလိုက္စပ္စုေနတာလဲ "

ထိုေမးခြန္း၏အေျဖကို ခ်န္းေယာလ္မၾကားခ်င္တာေၾကာင့္တူကိုစားပြဲေပၚေဆာင့္ခ်ၿပီးအယ္ရီကာ့ကိုသတိေပးလိုက္ရသည္။

" ေတာင္းပန္ပါတယ္။ အယ္ရီကာအရမ္းသိခ်င္ေနသလို ျဖစ္သြားတယ္ "

ဘမ္ဘီကေတာ့ ကိစၥမရိွဘူးဆိုသည့္ႏွယ္ေခါင္းကိုသာ​ျဖည္းညင္းစြာခါရမ္းျပပါ၏။

" ဘမ္ဘီ၊ ဟင္းေတြထည့္စားေလ "

စကားႏွင့္အညီ ဘတ္ခ္ဟြၽန္း၏မို႔ေမာက္ေနေအာင္ထမင္းေတြထည့္ထားေပးျခင္းခံရတဲ့ပန္းကန္လံုးေပၚသို႔ အသားဖတ္ေတြတစ္ခုၿပီးတစ္ခုေရာက္လာသည္။

ခ်န္းေယာလ္ကို တစ္ခ်က္ၾကည့္ေတာ့လည္းမ်က္ႏွာက ေျပာင္စပ္စပ္ျဖင့္လ်ွာတစ္လစ္ထုတ္ေနႏိုင္ေသးသည္။

" စားပါတယ္ အစ္ကိုေလးရဲ့ "

ရုတ္တရက္ ခ်န္းေယာလ္၏ေက်ာျပင္တစ္ခုလံုးမတ္ကာ ၾကက္သီးျဖန္းျဖန္းထသြားရသည္။

စားပြဲခံုေအာက္က ဘမ္ဘီ၏ေျခေထာက္တစ္ ဖက္က ခ်န္းေယာလ္၏ေျခဖ်ားေတြကိုလာေရာက္ပြတ္သပ္ေနသည္ကိုး။

ခ်န္းေယာလ္ကသာ လႈပ္ရြၿပီးငါးရံ့ျပာလူးျဖစ္ေနေပမယ့္ ဘမ္ဘီကေတာ့တည္ၿငိမ္စြာျဖင့္ ေအးေဆးထမင္းစားေနသည္မွာ သူလုပ္ေနတာမဟုတ္သည့္အတိုင္းပင္။

ထို႔ေနာက္ ဘမ္ဘီကသူ႔ကိုစိုက္ၾကည့္လာသည္။

ထမင္းစားတူကိုလ်ွာဖ်ားႏွင့္ထိထားၿပီးခ်န္းေယာလ္ကို ေႁမြတစ္ေကာင္အလားလႈပ္၍မရေအာင္ညို႔ယူဖမ္းစားသြားသည့္အၾကည့္ေလးတစ္ခ်က္​၊ ငါးမိနစ္ေတာင္မၾကာလိုက္ပါဘူး။

" ဘမ္ဘီ၊ အစားနည္းလိုက္တာ၊ ဟင္းေတြမႀကိဳက္လို႔လား "

ေယာလ္ထည့္ေပးထားတဲ့ အသားဖတ္ေတြတစ္ခ်က္ေတာင္မတို႔ဘဲ ထမင္းကိုသာတူတစ္ခါေကာ္စာေလး တို႔ကနဲ၊စိတ္ကနဲစားေနေသာ ဘမ္ဘီ၏ထမင္းစားပံုစားနည္းကိုအားမရျဖစ္ေနတဲ့ အယ္ရီကာေမးရေတာ့သည္။

" ဘမ္ဘီက ထမင္းစားေလ့မရိွဘူး၊ ထမင္းထက္ လမ္းေဘးသေရစာေတြပဲပိုႀကိဳက္တာမလို႔ "

" ေယာလ္နဲ႔က် ေျပာင္းျပန္ေနာ္။ ေယာလ္ကအျပင္စာေတြမႀကိဳက္ဘူး ဟုတ္တယ္ဟုတ္ "

ခ်န္းေယာလ္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။

အယ္ရီကာက ဘာေၾကာင့္ခ်န္းေယာလ္ဖက္လွည့္ၿပီးအေျဖတိုက္ေနရတာလဲ။

" အစ္ကိုေလးက အျပင္စာမႀကိဳက္ဘူးေပါ့ "

ဘမ္ဘီကပါထပ္ေမးလာတဲ့အခ်ိန္မွာ ခ်န္းေယာလ္​ ဘာေျဖရမွန္းပင္မသိေတာ့ေအာင္အာေစးမိသြားရတာမို႔ ရယ္ျပရံုသာတတ္ႏိုင္ေတာ့သည္။

" အစ္ကိုေလးက လူျဖစ္ရူံးတာပဲ။အျပင္စာေတြစားရတာ ဘယ္ေလာက္ေပ်ာ္ဖို႔ေကာင္းလဲဆိုတာ အစ္ကိုေလးမသိေသးလို႔ေနမွာပါဟုတ္တယ္မလား အယ္ရီကာရွီး "

သံုးေယာက္တည္းရိွလို႔သာေတာ္ေတာ့သည္။ေမးခြန္းေတြက ပတ္လည္ရိုက္ၿပီးၾကာရင္ရန္ျဖစ္စကားမ်ားရေတာ့မည့္အေျခအေနကိုေရာက္သြားမွာလည္းေၾကာက္ရေသးသည္။

ထို႔အျပင္ စားပြဲခံုေအာက္ကဘမ္ဘီ၏ေျခ ဖ်ားေလးေတြကလည္း ခ်န္းေယာလ္၏ သ မာဓိအားေကာင္း၊ မေကာင္းကိုစမ္းသပ္ေနဆဲပင္။

" ေၾသာ္.. ၿခံေရ႔ွမွာဧည့္သည္ေရာက္ေနတယ္ထင္တယ္ "

ၿခံတံခါး၏လူေခၚဘဲလ္သံေၾကာင့္ အယ္ရီကာ့၏စကားသံၪီးဆံုးထြက္လာသည္။

ဘမ္ဘီကေတာ့ ဧည့္သည္မို႔သြားဖြင့္ေပးစရာမလိုဘူးဆိုေပမယ့္ အိမ္ရွင္ျဖစ္တဲ့ အယ္ရီကာႏွင့္ ေယာလ္သာ ဘယ္သူသြားဖြင့္ေပးမလည္းဆိုတာ ေစာင့္ၾကည့္ရမည္။

လူေခၚဘဲလ္သံ​ၾကားေနရေသာ္လည္း ေအး ေဆးတည္ၿငိမ္စြာထမင္းစားေနႏိုင္သူခ်န္းေယာလ္ေၾကာင့္တံခါးသြားဖြင့္ေပးရမည့္သူဟာ အယ္ရီကာျဖစ္လာခဲ့သည္။

ႏွစ္ေယာက္တည္းထားခဲ့ရမွာ စိတ္ထဲမသိုးမသန္႔ျဖစ္မိေပမယ့္လည္း အယ္ရီကာသည္မီး ဖိုခန္းထဲကထြက္ၿပီး ၿခံဝကိုဒုန္းစိုင္းေျပးရပါေတာ့သည္။

အယ္ရီကာထြက္သြားသည္ႏွင့္ ခ်န္းေယာလ္က မတ္တပ္ထ,ၿပီးခါးကိုကိုင္းကာဘမ္ဘီ့၏ ေမးဖ်ားကိုဆြဲေမာ့ၿပီး လႈပ္လီလႈပ္လဲ့ျဖင့္ထ မင္းဝါးေနတဲ့ႏႈတ္ခမ္းေလးကိုငံုလိုက္သည္။

" ဘမ္ဘီ၊ ငါ့အိမ္ကိုမေျပာမဆိုဘဲေရာက္လာတာ ဘာသေဘာလဲ "

ဘမ္ဘီကၿပံဳး၏။

ေျခာက္ခ်ားစရာေကာင္းလြန္းတဲ့အၿပံဳးေတြဟာ ေကာင္းတာေတြကိုပဲေဆာင္က်ဥ္းေပးႏိုင္ပါေစလို႔ ခ်န္းေယာလ္ဆုေတာင္းလိုက္မိ သည္။

" အစ္ကိုေလးကို လြမ္းလို႔ေရာက္လာတာလို႔ ေျပာထားၿပီးသားပဲ "

" မင္းကိုျမင္ေနရၿပီး ဘာမွလုပ္ခြင့္မရတာေလာက္ စိတ္ပ်က္တာမရိွဘူး "

" အစ္ကိုေလးကလည္း ဘမ္ဘီ့ကိုလြမ္းေနတယ္ဆိုပါေတာ့ "

" အတိုင္းထက္ အလြန္ပဲ "

ေျပာရင္း ခ်န္းေယာလ္၏လည္ပင္းကအက်ႌစကိုေဆာင့္ဆြဲၿပီး ဘတ္ခ္ဟြၽန္းသူ၏ႏႈတ္ ခမ္းေတြကိုသိမ္းပိုက္လိုက္သည္။

မက္ေမာမႈေတြ​ေၾကာင့္ အနမ္းတ္ို႔၏သံစဥ္ေတြလည္း ႁပြတ္ခနဲ၊ႁပြတ္ခနဲထြက္မည္လာပါ၏။

အသက္ရူသံတို႔သည္လည္း ပံုမွန္ထက္ကိုပင္ျမန္ဆန္ေနခဲ့ၿပီ။

ရင္ခုန္သံေတြ ရုန္းရင္းဆန္ခတ္ျဖစ္ေနသည့္ၾကားကေန ခ်န္းေယာလ္ေတြးလိုက္မိတာ ဒီညလည္း သူဟာ လက္သမားဘဝနဲ႔ဒူးေခ်ာင္ရေပၪီးေတာ့မည္။

" အိုမိုး.. ငါတို႔ေယာလ္ေလးရဲ့ဧည့္သည္ဆိုေတာ့ ဘယ္သူမ်ားလဲလို႔ "

ထိုစဥ္ ထမင္းစားခန္းထဲဝင္လာသည့္ ဂြၽန္းဆစ္ေၾကာင့္ ခ်န္းေယာလ္မ်က္ႏွာထားတည္ ၿငိမ္စြာႏွင့္လွည့္ၾကည့္လိုက္သည္။

အေနအထားကေတာ့ ပံုမွန္ျပန္ျဖစ္သြားတာေၾကာင့္ လူမိသြားမွာစိုးရိမ္ထိတ္လန္႔ေနစရာမလိုေတာ့ဘူးေလ။

" အေစခံေကာင္ေလး ငါ့ကိုမွတ္မိေသးလား "

ဂြၽန္းဆစ္က ဘမ္ဘီ့အနားကိုလႊားခနဲေျပးေရာက္လာၿပီး ဘမ္ဘီ့ပခံုးေပၚပိုင္စိုးပိုင္နင္းျဖင့္လက္တင္ထားတာေၾကာင့္ ခ်န္းေယာလ္ဇြန္းကိုက်စ္က်စ္ပါေအာင္ဆုတ္ထားမိသည္။

ေဘးမွာ အယ္ရီကာတို႔လည္းရိွေနတာေၾကာင့္စိတ္ရိွတိုင္း ေဒါသထြက္ျပလို႔မရသည့္အ ေျခအေနက ဆိုးဆိုးဝါးဝါးျဖစ္ေနေစ၏။

" မင္းေရာက္ေနတာ အေတာ္ပဲ။ ဆူဝြန္းလာခဲ့စမ္း "

ဘတ္ခ္ဟြၽန္းမ်က္လံုးျပဴးသြားရသည္။

" သခင္ေလးဂြၽန္းဆစ္ "

ဂြၽန္းဆစ္၏ေခၚသံေၾကာင့္ ဆူဝြန္းပါအနားသို႔ေရာက္လာ၏။

" ဆူဝြန္း မင္းသူ႔ကိုေသခ်ာၾကည့္စမ္း၊တေန ရာရာမွာ ျမင္ဖူးတယ္လို႔မခံစားရဘူးလား "

ဆူဝြန္းက ဘမ္ဘီ့ကိုစိုက္ၾကည့္လာသလိုခ်န္းေယာလ္သည္လည္း ဆူဝြန္းေျပာမည့္စကားေတြကို သိခ်င္စိတ္ျပင္းျပေနခဲ့သည္။

တကယ္ပဲ ဂြၽန္းဆစ္နဲ႔ ဘမ္ဘီတို႔ကတစ္ေယာက္ကိုတစ္ေယာက္သိေနခဲ့ၾကတာလား။

" စိုးရြံ႔မိပါတယ္။ ဆူဝြန္းသူ႔ကိုမသိပါဘူး "

" မျဖစ္ႏိုင္တာ.. ဆူဝြန္းမင္းငါ့ကိုလိမ္ရင္ဘာျဖစ္မလဲဆိုတာ မင္းသိတယ္ေနာ္ "

ဂြၽန္းဆစ္၏ေဒါသသံေတြ ထမင္းစားခန္းထဲဆူညံသြားေစခဲ့သည္။

ထိုစဥ္မွာပဲ ဘတ္ခ္ဟြၽန္း၏ဖုန္းထဲသို႔စာေလးတစ္ေစာင္ဝင္လာခဲ့ျပန္သည္။

" မင္းစိတ္ဆိုးေျပရင္ျပန္ခဲ့ေတာ့ ကိုယ္ေစာင့္ေနမယ္ ဟြၽန္း "

ဟူ၍ပင္။

ေပးပို႔သူက သခင္ေလးအိုဆယ္ဟြန္း။

       ___________________________

A:N/  ပထမဆံုး Bonus အပိုင္းေလးနဲ႔ စီပုရိုက္တိုက္လိုက္ပါၿပီရွင္။

ခံစားခ်က္ေလးေတြ ေျပာျပေပးသြားၾကပါၪီးေနာ္။

ဒါနဲ႔ ဆကိရဲ့အေရးအသားမေျပျပစ္မႈေၾကာင့္ခ်န္းေယာလ္ရဲ့ ျမႇဳပ္ကြက္ေသးေသးေလးတစ္ခုကိုဘယ္သူမွရွာမေတြ့ေသးဘူးျဖစ္ေနတယ္ ၿဗဲ။

        ___________________________

Continue Reading

You'll Also Like

192K 8.2K 56
ဖတ်​ရှု့​ဝေဖန်​ပေးကြပါအုံး​နော် ဖတ္​႐ႈ့ ​ေဝဖန္​​ေပးၾကပါအံုး​ေနာ္​
50K 8.5K 25
ချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ...
339K 20.5K 35
မၿပိဳပ်က္ႏိုင္တဲ့ ဆူးတံတုိင္းရဲ႕တဖက္တခ်က္စီ မွာ က်ိန္စာေတြြအထပ္ထပ္သင့္ေစရင္း ယွက္သြယ္ထားမိတဲ့လက္တစံုက ေသြးခ်င္းခ်င္းနီေနတဲ့အခါ... တေပါက္ခ်င္းစိမ့္ထ...