╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 9
𝖂𝖆𝖗 𝖋𝖔𝖗 𝖁𝖆𝖑𝖊𝖓𝖙𝖎𝖓𝖊
╚═════ ࿇ ═════╝
သူတို့နှစ်ယောက်နမ်းပြီးသည့် အချိန်ကတည်းစ၍ ခရစ်စတိုဖာတစ်ယောက် တစ်ချိန်လုံးဆေးမိထားသလိုဖြစ်နေခဲ့သည်။ မိစ္ဆာဘုရင်ကြီး ဂျက်ဖရီက သူ့ကုမ္ပဏီတွင် ရုံးပြန်ထိုင်နေပြီဖြစ်သောကြောင့် နေ့ဘက်များတွင် ဘုရင်Bossကြီး၏ကိုယ်ရံတော်အဖြင့် အလုပ်လုပ်ပေးရသေးသည်။
ထိုအချိန်များတွင် သူ့အတွေးများထဲ၌ ၇၅ % သည် ဂျရယ်မိုင်ရာနှင့်ပတ်သက်သောအကြောင်းများသာ အများဆုံးပြည့်နှက်နေခဲ့လျက်။
ယနေ့တွင်လည်း ကုမ္ပဏီ၏သူဌေးဖြစ်သူ မိစ္ဆာဘုရင်ကြီးအား သေချာအဖော်ပြုကာ စောင့်ရှောက်ရမည့်အစား အာရုံမစိုက်နိုင်ဘဲ အတွေးများဖြင့် တစ်ချိန်လုံးတွေဝေနေခဲ့သည်။
ကုမ္ပဏီတစ်ခုလုံးရှိ ဝန်ထမ်းအားလုံးသည် မိစ္ဆာများဖြစ်ကြသောကြောင့် ခရစ်စတိုဖာအနေဖြင့် လူသားများ၏အကျင့်စရိုက်အတိုင်း သိပ်ပြီးဟန်ဆောင်နေစရာမလိုကြပေ။ သူတို့၏မိစ္ဆာသဘာဝအတိုင်း လွတ်လပ်စွာ လှုပ်ရှားသွားလာ၍ ပြုမူနေထိုင်တတ်ကြသည်။
မိစ္ဆာဘုရင်ကြီး၏ယနေ့အချိန်ဇယားတွင် အစည်းအဝေး ၃ ချိန်ဆက်တိုက်ရှိသည်။ ၎င်းအစည်းအဝေး ၃ ခုကြားတွင်မူ နာရီဝက်စီသာ နားချိန်ရှိခဲ့၏။ နောက်ဆုံးအစည်းအဝေးတစ်ခုပြီးခဲ့ချိန်၌ နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင် ဂျက်ဖရီက သူ၏သားတော်ဂါဗင်နှင့် ညစာအတူတူစားရန် ချိန်းဆိုထားခဲ့သောကြောင့် ခရစ်စတိုဖာကလည်း ညစာအတူတူလိုက်စားရန် အကြောင်းဖန်လာခဲ့သည်။
စားသောက်ဆိုင်၏အပြင်ပန်းပုံစံအဆင်အယင်များမှာ အနောက်ဥရောပုံစံအငွေ့အသက်မဟုတ်ခဲ့ဘဲ အရှေ့အာရှအငွေ့အသက်များသာ လွှမ်းမိုးထား၏။ ဆိုင်အတွင်းရှိ VVIP အခန်းထဲသို့ ဝင်သွားခဲ့ကြသောအခါ ဂါဗင်နှင့်သူ့မိစ္တာတပည့်များက စောစီးစွာ အရင်ရောက်ရှိနေခဲ့ကြသည်။
" အဖေ "
ဂျက်ဖရီကို မြင်လျှင်မြင်ချင်း ဂါဗင်က ပြုံးပြခဲ့သည်။ ဂါဗင်၏ကျောနောက်မှာ မတ်တပ်ရပ်နေကြသည့် တပည့်မိစ္ဆာများထဲကနှစ်ယောက်မှာ ရှေ့ထွက်လာကြပြီး ဘုရင်ကြီးဂျက်ဖရီနှင့်ခရစ်စတိုဖာတို့ထိုင်ရန် ခုံများကို ရိုသေစွာ ရွှေ့ပေးကြ၏။ ဘုရင်ကြီး၏ရတနာတုတ်ကောက်နှင့် ကုတ်အင်္ကျီကိုလည်း ယူသွားကြသည်။
" အဖေ့အကြိုက်တွေတော့ သားရွေးမှာထားတာပဲ။ စားချင်တာရှိရင် ထပ်မှာပါ။ ခရစ်စတိုဖာ ... မင်းလည်းမင်းကြိုက်တာမှာလိုက်"
ဂါဗင်က ခရစ်စတိုဖာ၏အရှေ့တွင် ချထားသောမီနူးစာအုပ်ကို လက်ညိုးထိုးပြလိုက်သည်။
" ဟုတ်ကဲ့ပါ အရှင်မင်းသား "
ခရစ်စတိုဖာက ဂါဗင်ကို ရိုကျိုးစွာ ဖြေသည်။
" ဂျွန် စားပွဲထိုးတစ်ယောက်လောက်ကို ဝင်လာခိုင်းလိုက် "
" အမိန့်တော်တိုင်းပါ အရှင်မင်းသား "
ဂါဗင်၏တပည့်တစ်ဦးဖြစ်သူ ဂျွန်ကလည်း အခန်းပြင်မှာ စောင့်နေကြသည့်စားပွဲထိုးများကို အခန်းထဲသို့ ဝင်လာကြရန် ပြောကြားခဲ့သည်။ စားပွဲထိုးမလေးတစ်ယောက်ကလည်း ဂျွန်နှင့်အတူ ဝင်လာ၏။
" ဒီဧည့်သည် စားပွဲတွေ မမှာရသေးဘူး "
" ဪ ... ဟုတ်ကဲ့ပါရှင်။ လူကြီးမင်းတ်ို့ ဘာများသုံးဆောင်ချင်ကြပါသလဲရှင် "
စားပွဲထိုးမလေးက သူမ၏tabletကို ကိုင်ပြီး ယဉ်ကျေးပျူငှာစွာ မေးမြန်းလာသောအခါ ခရစ်စတိုဖာက မီနူးစာအုပ်ကို သေချာစိုက်ကြည့်နေခဲ့သည်။
" အယ် ... ဘာစားရမလဲဆိုတော့ အမဲသားနဲ့ပတ်သက်တာ ဘာတွေရလဲ"
" ဟုတ်ကဲ့ရှင့်။ အမဲသားဟင်းလျာတွေက ဒီစာမျက်နှာမှာပါရှင်"
ခရစ်စတိုဖာကိုင်ထားသောမီနူးစာအုပ်ဆီ စားပွဲထိုးမလေး၏လက်ချောင်းများက ရောက်သွားခဲ့ပြီး အမဲသားဟင်းလျာချည်းသီးသန့်ဖော်ပြထားသောစာမျက်နှာကို လှန်ပေးနေသည်။
" ဪ ... ကျေးဇူး။ ဒါဆိုရင် .... အမဲသားမြို့တော်နံရိုးကြော်၊ ပြင်သစ်စတိုင် ဝိုင်အမဲသားကင်၊ စပိန်ရိုးရာအမဲသားပေါင်း၊ ဝိုင်ကတော့ ကောင်းတဲ့ဟာချပေးပါ။ ဒီလောက်ပါပဲ"
စားပွဲထိုးမလေးက ခရစ်စတိုဖာဘက်က မှာကြားသမျှဟင်းလျာအားလုံးကို tablet အတွင်းရှိ မီနူးစာရင်းများမှ လိုက်လံရွေးချယ်နေခဲ့သည်။
" မှာယူမှုတွေကို အတည်ပြုပြီးပါပြီရှင်။ လူကြီးမင်းတို့ ဟင်းလျာတွေ စောင့်ဆိုင်းနေတုန်းမှာ လာဗန်ဒါရေနွေးကြမ်းလေးတွေ သုံးဆောင်နိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင် "
စားပွဲထိုးမလေးက သူမ၏တာဝန်အပြီးမှာ အခန်းပြင်သို့ ပြန်ထွက်သွားခဲ့သည်။
ခရစ်စတိုဖာလည်း သူ့ရှေ့တည်တည့်က မှန်ဆုံလည်အဝိုင်းပြားပေါ်တွင်ရှိနေသော လက်ရာမြောက်၍ လှပသောကြွေထည်ရေနွေးအိုးနှင့်ကြွေထည်ပန်းကန်လုံးများကို ကြည့်နေခဲ့သည်။ ထိုကြွေထည်များပေါ်တွင် အနုပညာလက်ရာမြောက်သည့် ပန်းကနုတ်ပန်းချီများရှိနေခဲ့မှန်း သူသတိထားမိ၏။
" ဒွိ " (ဖုန်းမှ notification မြည်သံ )
ထိုစဉ် သူ့ဖုန်းမှာ notification တစ်ခု ဝင်လာခဲ့သည့်အတွက် မျက်နှာပြင်မီးလင်းသွားသောအခါ ခရစ်စတိုဖာက ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်မိသည်။
" ဒွိ "
နောက်ထပ်စာတစ်စောင် ဝင်လာသောအခါ ခရစ်စတိုဖာလည်း လက်မနှေးတော့ပေ။
ထို့နောက် ဖုန်းကို အမြန်ဖွင့်ကြည့်လိုက်လျှင် ...
" ကိုယ်မင်းကို လွမ်းနေတယ် အသည်းလေး! ဖြစ်နိုင်ရင် ထပ်နမ်းချင်မိတယ် သိလားလို့ <3"
သူတွေ့လိုက်ရတာက ဂျရယ်မိုင်ရာဆီက ရွံစရာကောင်းသည့်စာတစ်စောင်သာ။
သူ့စိတ်ထဲတွင်မူ ဤကဲ့သို့ မကျေနပ်စွာ ရေရွတ်မိနေသည်။
' ဒီကောင် ငါ့ဖုန်းနံပါတ်ကို ဘယ်လိုသိသွားတာလဲ။ အား .... ဒီ ခွေးမသားကတော့ '
" အဖေ ရေနွေးကြမ်းကြိုက်တယ်မလား။ ပန်းလက်ဖက်ခြောက် ရေနွေးကြမ်းတွေက ကျန်းမာရေးအတွက် ကောင်းတယ်"
" အင်း ... ခရစ်၊ ငါ့ကိုငှဲ့ပေးစမ်း "
ဂါဗင်တို့သားဖနှစ်ယောက် စကားပြောနေကြစဉ်မှာ ခရစ်စတိုဖာတစ်ယောက်ကတော့ လောင်မြိုက်နေခဲ့သည်။ ဘုရင်ကြီးဂျက်ဖရီက ရေနွေးကြမ်းငှဲ့ပေးဖို့ ပြောလာသည်ကိုတောင် ခရစ်စတိုဖာဘက်က လုံးဝအာရုံမရနေပေ။
"ဟေး ခရစ် .... ငါ့ကို ရေနွေးကြမ်းငှဲ့ပေးလို့၊ မင်း ခုတလော စိတ်နဲ့ကိုယ်နဲ့မကပ်နေပါလား"
ဘုရင်ကြီးဂျက်ဖရီကနေ ခရစ်စိုဖာ၏ ညာဘက်ပခုံးကို ရိုက်လိုက်တော့မှ သူလည်းအသိစိတ်ပြန်ဝင်ခဲ့ကာ လန့်ဖျတ်ပြီး ရေနွေးငှဲ့ပေးရန် အမြန်ပြင်ဆင်ခဲ့သည်။ ကြွေရေခရားထဲက ရေနွေးကြမ်းများ ကြွေပန်းကန်လုံးထဲသို့ ရောက်သည့်အခါ ရေနွေးငွေ့များက တထောင်းထောင်းဖြင့်။
" ဟုတ်ကဲ့ အရှင်မင်းကြီး"
သူရေနွေးငှဲ့နေတုန်း ရုတ်တရက် ဖုန်းမြည်လာခဲ့သည့်အခါ သူ့အကြည့်များက ဖုန်းဘက်သို့ ဦးတည်သွားခဲ့လျက်။ ရေတွေးကြမ်းခွက်ကို သူ့ဘေးအနီးနားက ဘုရင်ကြီးရှေ့လေးတင် ဘေးတိုက်ရွှေ့ပေးရမည်ကို သတိလက်လွတ်ဖြစ်ကာ ဘုရင်ကြီးဂျက်ဖရီ၏ပေါင်ကြားလယ် မိမွေးဖမွေးနေရာသို့ လောင်းချမိတော့၏။
ကံဆိုးချင်တော့ ရေနွေးသည် အလွန့်အလွန် ပူပြင်းနေခဲ့သည်။
" အားး ခရစ်စတိုဖာ ....
မင်းငါ့ရှေ့ကနေ တစ်ပတ်လောက် ပျောက်ပေးစမ်း၊ ခုထွက်သွား၊ အားး"
" အဖေ ... "
ခရစ်စတိုဖာတစ်ယောက် မျက်လုံးအပြူးသားဖြင့် အော်ဟစ်သောင်းကျန်းနေသည့် ဘုရင်ကြီးကိုကြည့်ကာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိဘဲ လန့်ဖျတ်သွားတော့သည်။
" ကျွန်တော် အရမ်းတောင်းပန်ပါတယ် အရှင်မင်းကြီး "
" မင်း ထွက်သွား "
" ဟုတ်ကဲ့ "
ခရစ်စတိုဖာလည်း သူ့ဖုန်းကို ကမန်းကတန်းယူခဲ့ပြီးနောက် စားသောက်ဆိုင်ထဲမှ အပြီးထွက်ခဲ့ရသည်။ ဂါဗင်က အဓိကနေရာ အပူလောက်သွားသဖြင့် ဆွေ့ဆွေ့ခုန်နေသောသူ့ခမည်းတော်ကို စိုးရိမ်တကြီးကူညီနေခဲ့သည်။ သို့ဖြစ်လျှင် သူ့ခမည်းတော်ရေနွေးကြမ်းအပူလောင်ခြင်းမှ သက်သာစေရန် သူ့လက်ဖဝါးများကို အသုံးပြုကာ ယပ်ခတ်ပေးနေခဲ့သည်။
ထိုမျှမက ဘုရင်ကြီးဂျက်ဖရီ ဝေဒနာခံစားရသည့်နေရာအား တဖူးဖူးဖြင့် လေမှုတ်ပေးနေခဲ့သည်။ ဂါဗင့်တပည့်များကလည်း ဘုရင်ကြီးဂျက်ဖရီနားတွင် ပျာပျာသလဲဖြင့် ဝိုင်းအုံနေခဲဲ့ကြကာ တတ်နိုင်သမျှ ကူညီပေးခဲ့ကြသည်။
ခရစ်စတိုဖာ စားသောက်ဆိုင်အပြင်သို့ ရောက်သောအခါ ဂျရယ်မိုင်ရာကို ချက်ချင်းဖုန်းဆက်ခဲ့၏ ယခုအချိန်၌ သူ့ဒေါသအားလုံးကို ပုံချရန်အကောင်းဆုံးမှာ ဂျရယ်မိုင်ရာသာ။ အကြိမ်ကြိမ်တောက်ခေါက်ခဲ့ပြီး ဂျရယ်မိုင်ရာ၏ဖုန်းပြန်ဖြေကြားမှုကို စောင့်ဆိုင်းနေခဲ့သည်။
" ဘေဘီ "
" မင်းမေလင် ဘေဘီနေလိုက်... ခွေးသတောင်းစား @$&$%*$$@ "
ဂျရယ်မိုင်ရာဘက်က ဖုန်းကိုင်လျှင်ကိုင်ချင်း ကြားရသည်မှာ သူ့အချစ်တော် ခရစ်စတိုဖာလေး၏မွှန်ထူနေအောင် မနားတမ်းဆဲဆိုခြင်းများဖြစ်ပေသည်။
" ဟားဟားဟား "
" -ီးဖြစ်နေလို့ အဲဒီလောက်ထိရယ်နေရတာလား။ -ီးလိုကောင် "
ခရစ်စတိုဖာက ဂျရယ်မိုင်ရာကို သူ့စိတ်ထဲရှိသမျှ အော်ဟစ်ဆဲဆိုပြီးနောက် ဖုန်းချသွားခဲ့၏ ။ ထို့နောက် တက္ကစီတစ်စီးကို လက်နှင့်ဖမ်းတားပြီးနောက် သူ့အိမ်သို့ တန်းတန်းမတ်မတ်ငှားခဲ့သည်။ တက္ကစီပေါ်တွင် ၁၆ မိနစ်ကြာသောအခါ ဂျရယ်မိုင်ရာထံမှ စာတစ်စောင်ဝင်လာ၏ ။
" ဟေး .... ပြိုင်ပွဲလေးတစ်ခုလုပ်ရအောင်လား၊ပြိုင်ပွဲနေရာကို location ပို့လိုက်မယ်၊ လာခဲ့နော် ... ကိုယ်စောင့်နေမယ်"
ခရစ်စတိုဖာ၏တိတ်ဆိတ်ခါစ ဒေါသအလုံးအရင်းက ၎င်းစာများကြောင့် တစ်ဖန်ပြန်လည်ဆူပူခဲ့လေပြီ။ ချက်ချင်းဆိုသလို တက္ကစီကားသမားအား လိပ်စာပြောင်းပြောပြီး ဂျရယ်မိုင်ရာချိန်းဆိုထားသည့်နေရာသို့ အမြန်မောင်းခိုင်းလိုက်သည်။ တစ်နာရီအကြာတွင် ဂျရယ်မိုင်ရာချိန်းဆိုထားသည့် သင်္ချိုင်းကုန်းတစ်ခုရှေ့သို့ ရောက်ရှိခဲ့သည်။
" ရပြီ။ ဒီမှာပဲ ဆင်းလိုက်မယ်"
" ဟုတ်ကဲ့ ဆရာ "
တက္ကစီကား၏မီးရောင်များက ရှေ့တည့်တည့်က သင်္ချိုင်းကုန်း၏ဂိတ်ပေါက်ကြီးကို မီးမောင်းထိုးပြထားသလိုဖြစ်နေ၏။ တက္ကစီကား ပြန်ထွက်သွားချိန်၌ သင်္ချိုင်းကုန်းတစ်ခုလုံးဟာ မှောင်အတိဖြင့် ကျန်ရှိနေခဲ့သည်။ ခရစ်စတိုဖာက သင်္ချိုင်းကုန်းထဲသို့ ခြင်္သေ့တစ်ကောင်ကနေ သားရဲရှာနေသလို ဝင်ချလာခဲ့သည်။
" ဟိတ် "
" သောက်ခွေးမ ..."
ဘယ်ကမှန်းမသိပေါ်လာသော ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏ဘယ်ပခုံးပေါ် ဘတ်ခနဲ ပုတ်လိုက်သည့်အခါ ခရစ်စတိုဖာလည်း သတိလက်လွတ်ဖြင့် တုန်လှုပ်သွားမိသည်။
" အဟက် လန့်သွားတာလား "
" မလန့်ဘူး"
" ဟားဟား... ဒါဆို ကိုယ်တို့ပြိုင်ရမယ့်ပွဲလေးအကြောင်းရှင်းပြမယ် ... နားထောင် "
ဂျရယ်မိုင်ရာက အုတ်ဂူကမ္ဗပည်းတိုင်ပေါ်ကို မြောက်ပျံကာ ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် လက်ပိုက်ကာ အပြုံးတစ်ခုနှင့်အတူ လေပြင်းပြင်းရှူသွင်းလိုက်သည်။
" မနက်ဖြန်ဘာနေ့လဲဆိုတာ... သိလား "
" ဖေဖော်ဝါရီ ၁၄ လေ "
" မနက်ဖြန်က ချစ်သူများနေ့ အရူးလေးရဲ့ "
ခရစ်စတိုဖာလည်း နှာခေါင်းလေတရှူးရှူးနှင့် စိတ်ဆိုးနေသည့်ကျွဲရိုင်းတစ်ကောင်ကဲ့သို့ အကြည့်များဖြင့် မျက်လုံးပိတ်လုမတတ် မျက်မှောင်ကုတ်လိုက်၏။
" အဲဒါ ငါနဲ့ဘာဆိုင်နေလို့လဲ "
" ငါ့မှာ မနက်ဖြန်အတူတူလျောက်လည်ရမဲ့ ကောင်မလေးမရှိနေဘူး။ အဲဒါကြောင့် မင်းနဲ့ငါ သမလို့ မင်းရူံးရင် ငါ့ရည်းစားအဖြစ် တစ်နေကုန်နေပေးရမယ်။ မင်းနိုင်ခဲ့ရင် ငါဘယ်တော့မှ မင်းရှေ့ထပ်မပေါ်လာတော့ဘူးလေ ....
Ok လား "
" အားး .... သောက်အဓိပ္ပာယ်မရှိလိုက်တာ "
" အဟက်ဟက် "
" အေး ... ငါမင်းကို အခုပဲသတ်ပစ်မယ် "
ခရစ်စတိုဖာက စိတ်တအားဆိုးနေသည့် မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ ရင်ထဲက ဒေါသဆူနာမီများ လျှံကျလာကာ သူ၏မြေခွေးပုံစံကို စတင်ပြောင်းလဲတော့သည်။
" ခစ်ခစ် ... ကိုယ့်ပူတူတူးလေး စိတ်ဆိုးသွားပါပြီ... လာလာ ကိုယ့်ကိုမိအောင်ဖမ်း အချစ်"
ဂျရယ်မိုင်ရာ၏မထိတထိစိန်ခေါ်နေမှုကြောင့် မြေခွေးခရစ်စတိုဖာလည်း အရှိန်ဟုန်ပြင်းပြင်းဖြင့် မြောက်တက်သွားပြီး ဒေါသဟိန်းဟောက်သံတစ်ခုနှင့်အတူ သူ့အပေါ်သို့ အရှိန်ဖြင့်ခုန်အုပ်လိုက်သည်။
" ဂါးး"
" ခစ်ခစ် "
အုတ်ဂူများကြားကနေ ဂျရယ်မိုင်ရာနောက်ကို ပြေးလိုက်လာပြီး ဂျရယ်မိုင်ရာ၏ကိုယ်ကို မှီခံနီးဆဲဆဲ သူ့လက်သည်းများနှင့် ဖမ်းဆွဲဖို့ကြိုးစားတိုင်းမှာ ဂျရယ်မိုင်ရာက ပိုအရှိန်မြှင့်ကာ ပြေးလိုက်လုပ်နေသည်မှာ ကလေးကစားကွင်းတစ်ခုသို့ ရောက်နေကြသည့်အတိုင်း။ သင်္ချိုင်းကုန်းထဲက တစ္ဆေဝိညာဉ် မှင်စာများလည်း နေရာစရာမရှိကြတော့ပေ။ သူတို့နှစ်ယောက်ရန်မှ လွတ်မြောက်ကြရန် ဟိုရှောင်ဒီရှောင်ဖြင့် ဘုံပျောက်ကာ ကြောက်လန့်နေကြလျက်။
ခရစ်စတိုဖာက ရှေ့တည့်တည့်တွင် ဂျရယ်မိုင်ရာကို မိလောက်ပြီအထင်ဖြင့် သူ့ခေါင်းပေါ်ကို ခုန်ကိုက်လိုက်သည့်အခါ ဂျရယ်မိုင်ရာ၏ဦးခေါင်းမဟုတ်နေဘဲ အုတ်ကမ္ဗည်းတိုင်ကြီးတစ်ခုဖြစ်နေကာ သူ့သွားအစွယ်တို့ဖြင့် ကိုက်မိလျက်သားဖြစ်သွား၏။ ထို့နောက် ပိုဒေါသထွက်သွားပြီး နောက်ပြန်လှည့်လာကာ သူ့ပါးစပ်အတွင်းမှာ နီညိုရောင်အဆိပ်ဆူးများကို ဂျရယ်မိုင်ရာဆီ ဆက်တိုက်ထုတ်လွှတ်တော့သည်။
ဂျရယ်မိုင်ရာက ချက်ချင်းအကာအကွယ် spell တစ်ခုကို ရွတ်ဆိုဖန်ဆင်းလိုက်သည့်အခါ ထိုအဆိပ်ဆူးမြှားတို့သည် အဝါရောင်မန်ဒလမှော်စက်ဝိုင်းကြီးဆီမရောက်ခင် လေထဲတွင် ပျောက်ကွယ်သွားကြသည်။
ထို့နောက် ဂျရယ်မိုင်ရာက ယင်နှင့်ယမ်စွမ်းအားတစ်ခုကို သူ့လက်ချောင်းများအား ပုံစံတစ်ခုပြုလုပ်ကာ ဖန်တီးလိုက်ပြီးနောက် ....
" ငါ့ရဲ့အဆင့် ၄ သစ္စာခံတပည့်တွေ မင်းတို့ကို ဆင့်ခေါ်တယ်။ မြေခွေးဖြူကို သွားသမကြ "
သူဆင့်ခေါ်လိုက်သော သစ္စာခံတပည့်များဟာ ကျားမိစ္ဆာ၊ မြွေမိစ္ဆာ၊ ကြံ့မိစ္ဆာနှင့်သိမ်းငှက်မိစ္ဆာတို့ဖြစ်ကြသည်။ ထိုမိစ္ဆာများဟာ မြေခွေးခရစ်စတိုဖာဆီသို့ တစ်ကောင်ပြီးတစ်ကောင်သွားကြပြီး ၎င်းတို့၏အစွမ်းကိုယ်စီများဖြင့် မရပ်မနား တိုက်ခိုက်ကြသည်။ ဂျရယ်မိုင်ရာကတော့ လေပေါ်အထက်စီးမှ ပွဲကြည့်ရူနေခဲ့သည်။
၃ နာရီကြာထိ ခရစ်စတိုဖာလည်း ယင်းမိစ္ဆာတို့ကို အရူံးမပေးဇွဲမလျော့ဘဲ ခုခံတိုက်ခံလာခဲ့ပြီးနောက် ဒဏ်ရာများဖြင့် မောဟိုက်လာကာ မြေပြင်ပေါ် သို့ ဗုန်းခနဲ ပစ်လဲကျသွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်သောဂျရယ်မိုင်ရာလည သူ့တပည့်မိစ္ဆာများကို ယင်နှင့်ယမ်စွမ်းအင်ထဲ ပြန်လည်ရုတ်သိမ်းလိုက်၏။ မြေကြီးပေါ်က လူပုံစံပြန်ပြောင်းလဲသွားသော ခရစ်စတိုဖာဆီ လျင်မြန်စွာ သွားရောက်ခဲ့သည်။
ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏ကိုယ်ကို ဆတ်ခနဲ ပွေ့ချီလိုက်သော် ဒဏ်ရာများစွာရထားသည့် သနားစရာခရစ်စတိုဖာ၏မျက်နှာလေးကို တွေ့မြင်ခဲ့ရသည်။ ခရစ်စတိုဖာ၏မျက်ဝန်းများထဲ၌ အလိုအလျောက်ဖြစ်ပေါ်လာသောမျက်ရည်များက ဝပ်ဆင်းလျက်သား။ ရရှိခဲ့သောဒဏ်ရာများကြောင့် နာကျင်နေရကာ မျက်ရည်ကျနေရခြင်းပင်။
" ငါ .... ငါ မင်းကို ... အရမ်းမုန်းတယ် .. အဟွတ် ... ဂျရယ်...မိုင်ရာ ... ငါမင်းကို နိုင်တဲ့ထိ ...တိုက်မှာ ... ငါမင်းကို ဘယ်တော့မှ ... မရူံးချင်ဘူး "
သူ့အနေဖြင့် အားအင်ကုန်ခမ်းပြီး မောပန်းနေသောကြောင့် အသံတိုးတိုးဖြည်းဖြည်းနှင့်သာ ဂျရယ်မိုင်ရာကို ရန်တွေ့နိုင်သည်။ ဒဏ်ရာအပြင်းအထန်နှင့် ဝေဒနာခံစားနေရသည့်ခရစ်စတိုဖာဟာ သူ့ကိုပွေ့ချီထားသော ဂျရယ်မိုင်ရာ၏ရင်ဘတ်ကို သူ့ရှိသမျှနောက်ဆုံးအားအင်တို့ဖြင့် နှေးကွေးသောလက်သီးချက်များနှင့်အတူတူ ထိုးကြိတ်နေခဲ့သည်။
ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏ပုံစံကို သဘောကျမိသဖြင့် နူးညံ့စွာ ပြုံးနေခဲ့သည်။
" ဒီပွဲမှာ မင်းရူံးသွားခဲ့ပေမဲ့ ငါ့နှလုံးသားထဲမှာတော့ winner ဟာ မင်းပါပဲ"
" အဓိပ္ပာယ် ... မရှိလိုက်တာ ... ငါ့ကိုသေအောင် .. သတ်ပြီးတော့ ... မှ "
" မင်းဒီလောက်နဲ့ လွယ်လွယ်မသေမှန်း ငါသိနေလို့ပါ "
" မကျေနပ်ဘူး ... မင်းကို ... "
" မငိုပါနဲ့ ... မင်းငါ့ကို အစထဲက နိုင်ပါတယ် "
ဂျရယ်မိုင်ရာက နူးညံ့တည်ငြိမ်သည့်လေသံဖြင့် ပြောခဲ့သည်။ ခရစ်စတိုဖာ၏နာကျင်နေသည့် ဝေဒနာမျက်ရည်စီးကြောင်းများကိုလည်း ကရုဏာသက်စွာ ကြည့်နေမိသည်။
" ဘယ်မှာ ငိုနေလို့လဲ၊ မနိုင်အောင် တမင်လုပ်ပြီးတော့ ... သောက်ပိုတွေ ..."
" မင်းကလေ မင်းကိုတစ်မိနစ်အတွင်း သေအောင်သတ်နိုင်တဲ့ရန်သူကိုမှ မသတ်ချင်အောင်လုပ်နိုင်တယ်သိလား "
" အဟက် သောက်ပိုတွေ ... ငါ့ကိုမသေမရှင်သတ်နေရတာကို ... ကြိုက်နေပြီးတော့များ .."
" ငါမင်းကို ပြန်ကုပေးမှာပါ၊ ငါ့စွမ်းအားတွေနဲ့ပေါ့"
သူ့ရင်ဘတ်ကို ထုနေဆဲဖြစ်သည့် ခရစ်စတိုဖာကို ကြည့်နေပြီး အနည်းငယ်လှောင်ရယ်ပြုံးလိုက်ရင်း ....
" ငါ့အချစ်တွေနဲ့ရောပေါ့"
ခရစ်စတိုဖာ၏လက်သီးချက်များက ဂျရယ်မိုင်ရာ၏ရင်ဘတ်ကို နာကျင်စေအောင် လုပ်နိုင်စွမ်းမရှိခဲ့ပေ။ ခရစ်စတိုဖာက ဂျရယ်မိုင်ရာ၏နီလာရောင်မျက်လုံးတွေကို သက်ပြင်းငွေ့ငွေ့လေးတစ်ခုဖြင့် စိုက်ကြည့်နေခဲ့သည်။
" မင်း ... သောက်ပိုတွေ တအားပြော ..."
" ခစ်ခစ် အတည်ပါကွာ ... ဒါနဲ့ မင်း ငါ့ရင်ဘတ်ကို ဘယ်လောက်ထိ ဆက်ထုနေမှာလဲ"
" မင်းသေသွားတဲ့အထိ... အဟွတ်ဟွတ် "
ဂျရယ်မိုင်ရာက ခရစ်စတိုဖာကို တင်းကျပ်စွာပွေ့ချီထားခဲ့ပြီး ရယ်နေခဲ့သည်။ ထို့နောက် သူ၏ teleport အစွမ်းဖြင့် သင်္ချိုင်းကုန်းထဲမှာ ခရစ်စတိုဖာနှင့်အတူတူ ပျောက်ကွယ်သွားခဲ့သည်။
◎ ══════ ❈ ══════ ◎