WITH COMPASS (On Going)

By Gary-Nick267

338 14 26

Title Name - WITH COMPASS Start Date - 11.Sep. 2021 Both Uni and Zaw My Own Creation ******* Note: Unicode... More

My Note
Part-1 (Zawgyi)

Part - 1 (Unicode)

121 7 23
By Gary-Nick267


အနီရောင်ကတ္တီပါသားခင်းထားသော လျှောက်လမ်းထက်တွင် Oနိုင်ငံ၏ အရောင်အသွေးစုံလင်လှသော  ကြယ်ပွင့်များက သူ့ထက်ငါအပြိုင် တောက်ပစွာ လျှောက်လှမ်းလာကြသည်။ သတင်းထောက်၊ ကင်မရာသမားများ၏ ကင်မရာမီးရောင်များသည် တဖြတ်ဖြတ်လက်ကာ ကြယ်ပွင့်များ၏ အမူအရာပေါင်းများစွာကို လက်မနှေးပဲ ပုံကောင်းများရဖို့အရေး အမိအရဖမ်းယူနေကြသည်။ လျှောက်လမ်း၏ဘေးတစ်ဖက်ဆီတွင် ကန့်သက်ထားသော ဖဲကြိုးအနီရောင်တန်းများရှိပြီး တာဝန်ကျအစောင့်များသည်လည်း သတိအနေအထားနှင့် ပြဿနာဖြစ်လာလျှင် ဖြေရှင်းနိုင်ရန် အသင့်အနေအထားဖြင့်ရှိနေကြသည်။

အဆင့်မြင့်ဇိမ်ခံကားတစ်စီးသည်လည်း အချိန်မလင့်ခင်ရောက်လာပြီး လျှောက်လမ်းထိပ်တွင်ရပ်တန့်လိုက်သည်။ အပေါက်ဝနှင့်ဝေးသော သတင်းထောက်တွေသည်ပင် ၎င်းဘက်သို့ လှည့်ကြည့်ကြသည်။

ကားခေါင်းခန်းမှ အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသည့်လူတစ်ယောက် ဆင်းလာပြီး ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။

ပြောင်လက်နေသော အနက်ရောင်လည်သာရှူးဖိနပ်ကို စီးနင်းထားသော ခြေထောက်တစ်ဖက်က အပြင်သို့အရင်ထွက်လာသည်။ ထို့နောက်တွင် ဂုတ်ထောက်နေသော အနက်ရောင် ဆံနွယ်ရှည်များကို စုစည်းထားပြီး ငွေရောင်တောက်နေသည့်ကိုင်းပါသော လေးထောင့်မျက်မှန်ဖြင့် သူ၏စူးရှသောမျက်ဝန်းများအား ကွယ်ဝှက်ထားသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ၏အရှိန်အဝါသည် တောက်ပနေပြီး သူကိုယ်တိုင်သည်လည်း ဘေးပတ်ဝန်းကျင်မှလူများအား သေးသိမ်နိမ့်ကျအောင် လုပ်နိုင်စွမ်းရှိသည်။

အဖြူရောင်စတစ်လက်ရှည်တွင် ငွေရောင်အဆင်း၊အခြစ် သေးသေးလေးများ ပါရှိပြီး အရောင်လက်နေသည့် စိန်ကြယ်သီးများသည်လည်း သူ့နေရာနှင့်သူရှိနေသည်။ စတိုင်ပန်နက်ပြာရောင်တောက်တောက်နှင့် တွဲဖက်ဝတ်ဆင်ထားပုံက ပို၍ထင်းလင်းစေသည်။ အပေါ်ဝတ်အင်္ကျီနက်ပြာရောင်ကို လက်တစ်ဖက်တွင် တင်ထားပြီး အနည်းငယ်လျှောကျနေသော မျက်မှန်ကို အသာပင့်တင်လိုက်ပုံက တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေသည်။

လျှောက်လမ်းမထက် သူဖြတ်လာသည့်အခါတွင် ကင်မရာမီးရောင်များက သူတစ်ဦးတည်းထံတွင်သာ။ ကြုံတုန်းဆုံခိုက် အင်တာဗျူးချင်သည့် သတင်းထောက်များက မနည်းမနော။ သို့ပေမယ့် သူကဘာမှပြန်မပြော ပြုံး၍သာကြည့်သွားပြီး ခန်းမကျယ်ကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သူရောက်လာသည့် အချိန်သည် ပွဲစရန် နာရီဝက်မျှသာ လိုတော့သည်မို့ ခန်းမအတွင်း လူအများအပြားရောက်နေပြီး ထိုသူများအားလုံးမှာ ဖိတ်ကြားခံရသူများဖြစ်ပြီး ကိုယ်တိုင်စင်ပေါ်တက်ရန်မဟုတ်လျှင် မိမိနှင့်ရင်းနှီးသူများအတွက် လာရောက် ဂုဏ်ပြုကြခြင်းဖြစ်သည်။

သူ့အတွက် ဖယ်ချန်ထားသောနေရာသည် ပိတ်ကားနောက်ခံထားရှိသော စင်မြင့်နှင့် မျက်နှာချင်းဆိုင် အရှေ့ဘက် သုံးတန်းမြောက်တွင်ဖြစ်ပြီး အလယ်နားလောက်တွင်ဖြစ်သည်။ အရမ်းလည်းမနီးသလို သိပ်လည်းမဝေးသောကြောင့် အတော်အဆင်ပြေသည့်နေရာတစ်ခု။

အစီစဥ်တင်ဆက်သူတစ်ဦး စင်မြင့်ပေါ်မရောက်လာသေးခင်အချိန်ထိ အချို့သော ကပြ​ဖျော်ဖြေမှုများရှိနေပြီး ခန်းမအတွင်း စကားပြောသံများနှင့် ဟိုဒီသွားလာနေသည့် လူအချို့လည်းရှိသည်။

သူ့အား နှုတ်ဆက်ချင်သူများနှင့် စကားလာပြောချင်သူများလည်းရှိပေမယ့် သူ့ဘေးနားသို့သိပ်မကပ်ရဲကြ။ သူ့အရှိန်အဝါကို မခံစားနိုင်သလို သူ့ဘေးနားရပ်နေလျှင်ပင် သိမ်ငယ်သလိုခံစားချက်မျိုးက ရင်တွင်းဝင်ရောက်ကာ အားကျိုးမာန်တက် ထိုးနှက်ခြင်းခံနေရမည်။

သူ့ထိုင်ခုံဘေးရှိ လူများကတော့ သူ့အားနှုတ်ဆက်ရင်း ဘာမှမဖြစ်သကဲ့သို့ အေးဆေးပင် စကားပြောဆိုနေကြသည်။ သို့သော်လည်း သူတို့စကားဝိုင်းထဲ ပါမလာသော သူ့ကြောင့် သူတို့လည်းလက်လျှော့ရင်း အခြားသူတို့ဘေးတွင်ရှိသော လူများနှင့်သာ ဖောင်ဖွဲ့ပြောဆိုနေတော့သည်။

သူ့အား စကားပြောမည့်သူတစ်ဦးမှ မရှိတော့လျှင် ထိုနေရာအားသူနှင့်မဆိုင်သလို မျက်ဝန်းမှိတ်ကာ အနောက်သို့မှီရင်း ဇိမ်ကျကျအနားယူနေသည်။ ပတ်ဝန်းကျင်ရှိ မငြိမ်မသက်အသံများက သူ့အားမနှောင့်ယှက်နိုင်သလို သူတစ်ယောက်တည်း တခြားကမ္ဘာရောက်နေသလို အနားယူမှေးစက်ခြင်းမှ ပျော်ဝင်နေတော့သည်။

မကြာမှီအချိန်ခဏလေးအတွင်း ခန်းမထဲရှိ မီးအလင်းများမှိန်ကျသွားပြီး ဖျော်ဖြေရေးစင်ထက်တွင် အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးက နေရာယူထားသည်။ သူတို့အနောက်ဘက်ရှိ LEDပိတ်ကားထက်တွင် ရွေရောင်မီးပန်းများအကြား  Wနိုင်ငံ၏ရုပ်ရှင်နှစ်တစ်ရာ့ငါးဆယ်ပြည့်ပွဲတော် နှင့် 20..5 ခုနှစ် အကောင်းဆုံး အော်စကာဆုပေးပွဲ အခမ်းအနား ဆိုသည့် ပုံဖော်ရေးသားထားသော စာလုံးများက ခမ်းနားစွာရှိသည်။

ခန္ဓာကိုယ်ကောက်ကြောင်းဖော်ပြထားသည့် ရွှေရောင်ဂါဝန်နှင့် အမျိုးသမီးက စတင်၍နှုတ်ဆက်လျှင် အဖြူရောင် ဝတ်စုံပြည့်နှင့်ခမ်းနားသပ်ရပ်သော အမျိုးသားနှင့် အဖြူရောင်အမွှေးများဖြင့် ပြုလုပ်ထားသော ငွေရောင်တလက်လက်တောက်ပနေသည့် ဂါဝန်အားဝတ်ဆင်ထားသော အမျိုးသမီး တို့က သူတို့အချင်းချင်းအပြန်အလှန်နှုတ်ဆက်ပြီး ကြွရောက်လာသော ဧည့်သည်အပေါင်းအား ကြိုဆိုနှုတ်ဆက်စကားပြောပြီး ပွဲစတင်ကြောင်း ကြေညာလိုက်သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားက Wနိုင်ငံ၏နာမည်ကျော် Idolအဖွဲ့နှင့် ဖွင့်လှစ်ခဲ့ပြီး ကျော်ကြားသောရိုးရာအကကိုပါ သူတို့၏အရည်အချင်းဖြင့် ကောင်းမွန်စွာ ကပြဖျော်ဖြေခဲ့သည်။ ပြီးသည့်နောက် ပွဲရဲ့အစဥ်လာအတိုင်း ဦးစီးကျင်းပသည့် Wနိုင်ငံ၏ပင်မအနုပညာအသင်းဥက္ကဌမှ တက်ရောက်စကားပြောရင်း Wနိုင်ငံ Noမြို့တော်ဝန်ရဲ့ ဂုဏ်ပြုစာလွှာအား လက်ခံရယူပြီး ဖွင့်ဖောက်ဖတ်ပြခဲ့သည်။

နှစ်တစ်ရာ့ငါးဆယ်ပြည့် ရုပ်ရှင်အခမ်းအနားဖြစ်၍ ယခင်နှစ်များမှ အကောင်းဆုံး ရုပ်ရှင် တစ်ရာ့ငါးဆယ်၏ အကောင်းဆုံးဇာတ်ဝင်ခန်းများနှင့် ခေတ်အလိုက်ကွဲဲပြားသွားသော ရိုက်ကူးရေးပုံစံ၊ သရုပ်ပြအမူအကျင့်၊  ကာလာအပြောင်းအလဲမှစ၍ တိုးတက်ထွန်းကားလာသည့် ရုပ်ရှင်သမိုင်းရှုထောင့်များ၊ စက်ပိုင်းဆိုင်ရာပစ္စည်းများနှင့် လူကြီးပိုင်းသရုပ်ဆောင်များ၏ သူတို့အမြင်နှင့်လက်တွေ့ဘဝရှိ ရုပ်ရှင်များအပေါ် ဝေဖန်ချီးကျူးမှုများကိုပါ ပြသခဲ့သည်။

အချိန်အားဖြင့် နှစ်နာရီနီးပါးကုန်လွန်ပြီးသည့်နောက် လူတိုင်းနီးပါးပျင်းရိနေကြသည့်အချိန်တွင်  အားလုံးစောင့်မျှော်နေသော 20..5ခုနှစ်  အကောင်းဆုံး အော်စကာဆုပေးပွဲ အစီအစဥ်ရောက်လို့လာသည်။ စုစုပေါင်း ချီးမြှင့်မည့် ဆုအရေအတွက်မှာ 15ဆုရှိပြီး အပိုထပ်ပေါင်းအနေဖြင့် ဆုတစ်ဆုအတွက် နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေ ဒေါ်လာငါးသောင်းရရှိမည်ဖြစ်သည်။ ဒါ့အပြင် သည်နေ့အခမ်းအနားအတွက် စပွန်ဆာပေးထားသော ကုမ္ပဏီများအားလုံးပေါင်း၍ ဆုရထူးချွန်သူအားလုံးအတွက် အပျော်ခရီးတစ်ခုစီစဥ်ကျင်းပေးပြီး ဂုဏ်ပြုညစာစားပွဲလည်းရှိသည်။

" အားလုံးစောင့်မျှော်နေသည့် အချိန် ရောက်ရှိလို့လာပါပြီ  အားလုံးနဲ့ထပ်တူ ကျွန်မလည်း သိပ်ကိုစိတ်လှုပ်ရှားမိတယ် မစ္စတာဂင် ရှင်ရော ဘယ်လိုခံစားရလဲ"

ငွေရောင်ဂါဝန်နှင့် ဆံနွယ်များအား ထုံးဖွဲ့ထားသော အမျိုးသမီးက  သူ့ဘေးနာရှိအမျိုးသားအား လှမ်းမေးလိုက်သည်။

" အိုးဂေါ့ဒ် ကျွန်တော့်လက်ကချွေးတွေက သက်သေပါဘဲ"

ထိုအမျိုးသားရဲ့ ပေါ့ပေါ့ပါးပါးပြန်ဖြေသံကြောင့် ခန်းမတစ်ခုလုံး ရယ်သံများထွက်လာသည်။

" ရှင့်အတွက် သိပ်ကိုခက်ခဲလွန်းနေသလိုပဲ"

"မစ်စု, တကယ်ပြောရရင် အရမ်းကိုဝန်ပိလွန်းတယ် စိတ်လှုပ်ရှားလွန်းလို့ အကယ်၍ဖြစ်နိုင်ရင် ဆုတွေအကုန်လုံး ကျွန်တော်ပဲ သိမ်းသွားလိုက်ချင်တယ်"

" ဒီလိုတော့ ရှင်လုပ်လို့မရဘူး ရှင်ကတစ်ယောက်တည်း အောက်ကအနုပညာရှင်တွေကို ရှင်ကျော်ဖြတ်ရဲလား"

ရွှေရောင်အဝတ်စားနှင့် တောက်ပနေသော  အမျိုးသမီးက ရယ်သံစွတ်ကာပြောလာတော့ မစ္စတာဂင်က

"ကျွန်တော်မလုပ်ရဲပါဘူးဗျာ "

မစ်နော့သ်က ထပ်ပြောလာသည်။

" ဒါဆို ကျွန်မတို့စလိုက်ရအောင်လေ "

" ခနလေးနေပါအုံး အကုန်လုံး ထိုင်နေရတာပျင်းနေမှာပဲ အကြောပြေ အညောင်းညာလေးဆန့်တဲ့အနေနဲ့ သီချင်းတစ်ပုဒ်နဲ့ကလိုက်ရရင် ပိုမကောင်းဘူးလား "

သူလက်ဖျောက်တစ်ချက်တီးပြီးသည့်နောက်  ခပ်မြူးမြူးတီးလုံးသံပျံ့လွင့်လာပြီး ခန်းမထဲရှိ လူတိုင်းသည်လည်း လှုပ်ရွလာကြသည်။ အကုန်လုံးက အနုပညာအသိုင်းဝိုင်းထဲကလူတွေချည်းမို့ မှိန်ချထားသောမီးရောင်အောက်တွင် ဟိုယိမ်းဒီယိမ်းကနေပြီး စင်ပေါ်ရှိ သုံးယောက်သည်လည်းလှုပ်လှုပ်ရှားရှားကနေသည်။
စင်နှင့်နီးရာကပ်လျက်ရှိ ရှေ့တန်းထိုင်ခုံတန်းမှသူတွေသာလျှင် ထိုင်နေရင်းခေါင်းလှုပ်နေပြီး အနောက်ဘက်မှသူများကတော့ ထိုင်ရာမှထပြီး သည်နေ့ညအဖို့ လှုပ်ရှားသက်ဝင်ပျော်မြူးနေကြသည်။

သီချင်းသံပြီးဆုံးသွားပြီးသည့်နောက် တဖန်ပြန်ငြိမ်ကျသွားသော ခန်းမထဲတွင် မစ်စု၊မစ်နော့သ်နှင့် မစ္စတာဂင်တို့၏ အသံသာကြားရတော့သည်။ ထို့နောက် အကောင်းဆုံးအော်စကာဆုပေးပွဲ အခမ်းအနားအား စတင်ပြီးဖြစ်ကြောင်းကြေညာသည်နှင့် လက်ခုပ်သံ တဖြောင်းဖြောင်းက ကျယ်လောင်စွာ ထွက်လာခဲ့သည်။

မစ်နော့သ်က သူမလက်ထဲရှိ Tablet စခရင်ကို ထိပြီး

"မစ်စု မစ္စတာဂင် ဒီနှစ်မှာဆိုရင် ဆုပေါင်း 15ဆုတောင်ဆိုတော့ အရင်နှစ်ကထက် အများကြီးပဲနော်
ကျွန်မလက်ထဲမှာတော့ ဆုစာရင်းတွေရှိနေပြီ အကုန်လုံးနဲ့ထပ်တူ ရင်ခုန်ဖို့အသင့်ဖြစ်နေပြီ"

" မစ်နော့သ်တစ်ယောက်တည်းမဟုတ်ပါဘူး ကျွန်မစိတ်ဝင်စားဆုံးက မစ္စတာဂင်ဆီမှာရောက်နေတဲ့ စကာတင်စာရင်းဘဲ ဘယ်သူတွေပါမလဲဆိုတာ ကျွန်မအရမ်းသိချင်နေပြီ "

မစ်စုက အပြုံးလေးနှင့် စကားဆိုရင်း

" မစ္စတာဂင် မစ်နော့သ် အဆင်သင့်ဖြစ်ပြီလား"

"ရက်စ်"
"ရက်စ်"

" ဒါဆို ပထမဆုံးအနေနဲ့ ရရှိမဲ့ အကောင်းဆုံး အော်စကာဆုကို ကြေညာပေးဖို့ မစ်နော့သ်ကိုတောင်းဆိုပါတယ်"

မစ်နော့သ်ရဲ့အပြုံးမျက်နှာလေးဟာ ခန်းမထဲရှိ ပိတ်ကားပြင်တွေထက်မှာပေါ်လာပြီး သူမရဲ့အသက်ရှုသံကိုတောင်ကြားနေရသည်။

" ကျွန်မ သိပ်ကိုစိတ်လှုပ်ရှားနေပေမယ့် ဒီနှစ်ရဲ့ အကောင်းဆုံး ဇာတ်လမ်းရေးသူ အော်စကာဆုကို ပထမဆုံးအနေနဲ့ ချီးမြှင့်ပေးသွားမှာပါ ကျေးဇူးပြု၍ မစ္စတာဂင်"

" ဟုတ်ပါတယ် ဒီနှစ်အတွက် အကောင်းဆုံးဇာတ်လမ်းရေးသူဆုကို စကာတင်အနေနဲ့ရွေးချယ်ခံထားရသူ အားလုံးပေါင်း သုံးယောက်ရှိပါတယ်"

သူ့လက်ထဲရှိ tabletကို ကြည့်ပြီး

" ပြေးလမ်းမထက်က ဓားသွားများ ရဲ့ ဖန်တီးရှင် မစ္စတာထရစ်ချယ်မွန်းလ်

မတူညီသောရှုထောင့်များ ရဲ့ မစ်လီအွန်း

တေးသံမဲ့သော ဂီတပညာ ရဲ့ မစ္စတာပစ်ဘလော့ "

သူ့စကားသံအဆုံး နောက်ဘက်ရှိ ပိတ်ကားထက်တွင် ၎င်းစာရေးသူသုံးဦး၏မျက်နှာ ပေါ်လွင်လာပြီး သူတို့သုံးယောက်ရေးဖွဲ့ထားသည်ကို ပြန်လည်ရိုက်ကူးထားသော ဇာတ်လမ်းဇာတ်ကွတ်များကို ပြန်လည်ပြသလျက်ရှိသည်။

" ကဲ အခုဆို စကာတင်သုံးယောက်ကိုလည်း သိပြီးပြီ သူတို့ရေးတဲ့ဇာတ်လမ်းဇာတ်ဝင်ခန်းတွေကိုလည်း ကြည့်ရှုပြီးပြီ ဆိုတော့ ကျွန်မအနေနဲ့ဆို သုံးကားလုံးကိုသဘောကျတယ် ကြိုက်တယ် လုံးဝတစ်ကားတည်းရွေးချယ်ဖို့ မတက်နိုင်ဘူး "

" မစ်စု ပြောတာသိပ်မှန်တယ် ဇာတ်လမ်းတစ်ခုဆီတိုင်းမှာ ပေးစွမ်းနိုင်တဲ့ခံစားချက်တွေများပြီး တစ်ခုနှင့်တစ်ခု မတူတော့ သိပ်ကိုရွေးချယ်ဖို့ခက်လွန်းတယ် ဒါပေမဲ့ ဆုကတစ်ဆုတည်းသာရှိတာမို့ တစ်ယောက်ကိုပဲ ပေးနိုင်တော့တယ် ဒါကြောင့် ဆုရသူကို မစ်စုကပဲ ကြေညာပေးပါအုံး"

မစ္စတာဂင်က ပြောပြီးသည့်နောက် မစ်စုက သူမရဲ့ကိုယ်ပိုင် tabletကိုကြည့်ပြီး ပြုံးလိုက်သည်။ ကင်ရမာရဲ့အနီးကပ် zoomဆွဲချဲ့ပြီးသည့်နောက် သူမရဲ့ရုပ်ပုံလွှာဟာ ပိတ်ကားတိုင်းမှာနေရာယူလာသည်။

" အကောင်းဆုံး.... ဇာတ်လမ်းရေးသူ အော်စကာဆုကို အကောင်းဆုံးတွေထဲက အကောင်းဆုံးဖြစ်တဲ့ တေးသံမဲ့သော ဂီပညာနှင့် မစ္စတာပစ်ဘလော့ "

သူမရဲ့ ကြေညာသံအဆုံး လက်ခုပ်တီးသံများ ဆူညံစွာထွက်ပေါ်လာပြီး မီးအလင်းရောင်က လူအုပ်ကြားရှိ မစ္စတာပစ်ပေါ်သို့ ထိုးပြထားသည်။ သူ့ဘေးနားပတ်လည်ရှိ လူများက  ပွေ့ဖက်၊ လက်ဆွဲကာ ဂုဏ်ပြုစကားပြောကြသည်။ ထို့နောက် လူကြားထဲမှာထွက်လာပြီး သူနှင့်ထိုက်တန်သော ဆုအား စင်မြင့်ထက်သို့တက်ရောက်ယူပြီး ကျေးဇူးတင်စကားဆိုသည်။

ထို့နောက် ဆုများတစ်ဆုပြီး တစ်ဆုချီးမြှင့်ပြီးနောက် ဆုလေးခုသာ ကျန်ရှိတော့ပြီး ၎င်းတို့မှာ  အကောင်းဆုံး ဇာတ်ဝင်တေးသီချင်းဆု၊ အကောင်းဆုံး ဇာတ်ဆောင်ဆု၊ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး လူငယ်အနုပညာရှင်ဆု တို့ဖြစ်သည်။

" မစ္စတာဂင်ရေ အခုဆို ဆု ဆယ့်တစ်ဆုတောင် ချီးမြှင့်ပြီးသွားပြီနော် လေးဆုပဲကျန်ပါတော့တယ် အခုကျန်ရှိနေတဲ့ဆုတွေကို လူတိုင်းပိုပြီးသိချင်နေလောက်ပြီထင်တယ်"

"ဟုတ်တယ် မစ်စုရေ နောက်ဆုံးလေးဆုအတွက် ကျွန်တော့်ရဲ့ရင်ခုန်သံတွေဟာ အခုထိခုန်နေဆဲပါ နားထောင်ကြည့်ပါ"

မစ္စတာဝင်ဆိုသူက သူ့အင်္ကျီကော်လံမှာချိတ်ထားသော မိုက်အသေးလေးအား သူ့ရင်ဘက်နားတွင်ကပ်ပြီပြီး ရင်ခုန်သံ တဒုတ်ဒုတ်ဟာ တိုးညှင်းစွာထွက်လာလျှင်

" ဝိုး .....အား...! "

အောက်မှအသံများဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကွက်တိကွက်ကျား လက်ခုပ်သံများနှင့် ဝီစီမှုတ်သံများထွက်လာသည်။

ထို့နောက် ကျန်ရှိနေသော ဆုများထဲမှ အကောင်းဆုံး ဇာတ်ဝင်တေးသီချင်းဆု အတွက် စကာတင်သုံးယောက်အား ဖော်ပြပြီးဖြစ်သည်။

ကြည်လင်လှသော မစ်စုရဲ့အသံဟာ အသံလှိုင်းများအကြားဖြတ်ကျော်လာပြီး လူတိုင်း၏နားစည်ဝသို့ ဝင်ရောက်ရိုက်ခက်သွားသည်။

" အကောင်းဆုံး ဇာတ်ဝင်တေးသီချင်းဆုကို တေးသံမဲ့သော ဂီတပညာ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ မျောလွင့်ခြင်း က ရရှိသွားပါတယ်"

" မျောလွင့်ခြင်းရဲ့ ဖန်တီးသူ ပဲ့ကိုင်ရှင်လေး ဖြစ်ပြီး လူငယ်တွေအကြားရေပန်းစားတဲ့  အဆိုတော် ဘရောင်းဝှစ် စင်မြင့်ပေါ်သို့ကြွပေးပါရှင်"

နတ်ပြာရောင် ပုံရိပ်လေးဟာ စင်မြင့်ပေါ်သို့တက်လာခဲ့သည်။ ခဲရောင်ဆံပင်များကို အနောက်သို့လှန်တင်ဖြီးထားပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသောသူဟာ ကြယ်ကလေးတစ်ပွင့်နှယ် တောက်ပလျက်။

ငွေရောင်တောက်ပနေသည့် ဒိုင်းဆုဟာ သူ့လက်ထဲတွင်ရှိပြီး ရှည်ရှည်မျောမျော လက်ချောင်းတွေက မိုက်ကို ဆုပ်ကိုင်ထားသည်။

" ဟင်း....အင်း...အရမ်းကိုစိတ်လှုပ်ရှားမိပြီး  ကျွန်တော့်ကိုရွေးချယ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်
နောက်ထပ်လည်းပိုပြီး ဂီတသံစဥ်တွေကြားမှာ စီးမျောသွားအုံးမှာပါ
မျောလွင့်ခြင်းရဲ့ သံစဥ်တွေထဲမှာ ကျွန်တော့်ရဲ့ နှလုံးသားတစ်ခုလုံးကို နစ်မြုပ်ထားခဲ့လို့ အခုလိုထိုက်တန်တဲ့ဆုကို ရရှိခဲ့တယ်လို့ထင်တယ်
နောက်ပြီး ဇာတ်ဝင်တေးသီချင်း အတွက် ကျွန်တော်ကို ရွေးချယ်ခဲ့တဲ့  အစ်ကိုဟေးမင်ကို ကျေးဇူးတင်ပါတယ်"

သူ့နာမည်ကိုကြားလိုက်ရတော့ ခန်းမအတွင်းရောက်ချိန်မှစ၍ မှိတ်ထားခဲ့သော မျက်ဝန်းများပွင့်လာခဲ့သည်။ သူနှင့် အရောင်ဆင်တူဝတ်ဆင်ထားသော စင်မြင့်ထက်မှ ထိုကောင်လေးအား လှမ်းကြည့်မိသည်။ သို့သော်  ဘာအမူအရာမှမပြဘဲ လှမ်းကြည့်နေရုံသာ။ အကြည့်ချင်းဆုံသွားလျှင် တစ်ဖက်ကောင်လေးက သူ့ဆုအားမြှောက်ပြလာပြီး သူရှိရာသို့ခေါင်းငြိမ့်ပြသည်။

ပြီးသည့်နောက် ကျန်ရှိနေသော ဆုများထဲမှ အကောင်းဆုံးဇာတ်ဆောင်ဆုကို Oနိုင်ငံ၏  ထိပ်တန်းကြယ်ပွင့်များထဲမှ တစ်ယောက်ဖြစ်သော မင်းသားချော သောမတ်စ်ဂျွန်နှင့် အကောင်းဆုံး ရုပ်ရှင်ဆုကို  Friend Zone ရုပ်ရှင်ဇာတ်ကားက ဆွတ်ခူးရရှိသွားသည်။

"မစ်နော့သ် မစ်စု အခုဆိုရင် နောက်ဆုံးဆုတစ်ဆုဘဲ ကျန်ပါတော့တယ် ဒီဆုဟာ သိပ်ကိုထူးခြားတယ်လို့ထင်တယ်"

"ဟုတ်တာပေါ့ ဒီဆုက လူငယ်အနုပညာရှင်တွေအတွက် တကယ်ကိုအရေးပါပြီး သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက်ရလာတဲ့  ဂုဏ်ပြုဆုလည်းဖြစ်တယ်"

" ဒီဆုကို ဒီနှစ်မှ စတင်ချီးမြှင့်တာကြောင့် ရင်ခုန်နေကြတဲ့ ကြယ်ပွင့်တွေဟာအများကြီးဘဲ ဘယ်သူဖြစ်မလဲဆိုတာက တကယ်စိတ်ဝင်းစားဖို့ကောင်းပါတယ် မစ်စု မင်း ကြေညာပေးတော့မလား "

" အဟမ်း! နောက်ဆုံးတော့ ဒီအချိန်ကို ရောက်လို့လာပြီ
ဆုရရှိသူကို မကြေညာပေးခင် ဆုနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်

ရုပ်ရှင်သမိုင်းတွေထဲမှ ဒီဆုဟာ ဒီနှစ်မှ ပထမဆုံးအနေနဲ့ ချီးမြှင့်တဲ့ဆုဖြစ်ပြီး စည်းမျဥ်းကန့်သတ်ချက်များစွာရှိတယ်
အဲ့ထဲကမှ တချို့အရာတွေကို ပြောပြပါ့မယ်

လွန်ခဲ့တဲ့ ဆယ်နှစ်မှစပြီး ဒီနှစ်အထိ နှစ်ပေါင်းဆယ်နှစ်အတွင်းမှာ ထူးချွန်အောင်မြင်လာတဲ့ လူငယ်အနုပညာရှင်တွေရဲ့ သူတို့ရဲ့အနုပညာလှုပ်ရှားမှု၊ သူတို့ရဲ့နေထိုင်မှုပုံစံ၊ သူတို့ရဲ့လူမှုရေးလှုပ်ရှားမှု၊ သူတို့ရဲ့ တစ်လှမ်းခြင်းစီ လျှောက်လှမ်းလာပြီးမှ ရရှိလာတဲ့ အသီးအပွင့်တွေ ဘယ်လောက်ရှိခဲ့ပြီလဲ

ကျရှုံးသွားပြီး အနုပညာကိုစွန့်လွှတ်ခဲ့ရတဲ့ သူတွေရှိသလို၊ အခုထိ နေရာတစ်ခုမှာ အခိုင်မာရပ်တည်နေပြီး ရှေ့လျှောက်ရမယ့် လမ်းကို ထိုးဖောက်နေတဲ့ လူငယ်၊လူရွယ် အနုပညာရှင်တွေလည်း ရှိတယ်

သူတို့အတွက် ရည်ရွယ်ပြီး စံပြဖြစ်သင့်တဲ့ ထိုက်တန်တဲ့သူကို ရွေးချယ်ချီးမြှင့်တာပါလို့ အနုပညာလောကရဲ့ တက်သိနားလည်တဲ့ အကြီးအကဲများနဲ့ စိစစ်ရေးအဖွဲ့က  အခုလိုပြောပြထားပါတယ်"

ထို့နောက် ဖလားအား ကောင်းကင်ပေါ်သို့ မြှောက်ကိုင်ထားသည့် ရွေရောင်လူရုပ်ထုကို အများရဲ့ရှေ့စင်မြင့်ထက်သို့ ယူဆောင်လာပြီး

" ဒါက ဒီနှစ်အတွက် အကောင်းဆုံး လူငယ်စံပြအနုပညာရှင်အတွက် ချီးမြှင့်မဲ့ ဆု ဖြစ်ပါတယ်ရှင် "

စင်ပေါ်ရှိ အမျိုးသမီးရဲ့ စကားသံအဆုံး သူ့ထံဖုန်းဝင်လာသည်။ ဟေးမင် သူ့ဖုန်းအားကြည့်လိုက်ပြီး အသံပိတ်ကာ ထိုင်နေရာမှ တိတ်တဆိတ်ထထွက်သွားသည်။ သူထသွားတာမြင်သော်လည်း ဘယ်သူမှမမေးဘဲ လမ်းဖယ်ပေးလိုက်ကြသည်။

ခန်းမ၏ ဘေးပေါက်မှထွက်ကာ သန့်စင်ခန်းဘက်သို့ လျှောက်သွားသည်။ အထဲတွင် ဘယ်သူမှမရှိတာသေချာတော့ ဖုန်းပြန်ခေါ်လိုက်သည်။

" ဘာကိစ္စလဲ"

တစ်ဖက်မှ ဖုန်းပြန်ဖြေသူကြောင့် စိတ်ရှုပ်သလို မျက်မှောင်ကြုတ်သွားသည်။

" ငါအခုချက်ချင်းလာခဲ့မယ် ပြဿနာပိုမကြီးသွားစေနဲ့"

ဖုန်းချသွားပြီးနောက် တခြားနံပါတ်တစ်ခုအား ခေါ်ဆို​လိုက်သည်။

"အခုချက်ချင်း အပေါက်ဝမှာ ကားအဆင်သင့်ပြင်ထား ငါထွက်လာပြီ"

***** ***** *****

စီးကရက်တစ်လိပ်အား boxထဲမှ ထုတ်လိုက်လျှင် မီးညှိပေးမယ့်သူက ဘေးမှာအဆင်သင့်။ အငွေ့ထွက်ရုံမျှ ရှိက်ဖွာလိုက်ပြီး မီးအလင်းရောင်အောက်တွင်  ကြိုးဖြင့်အတုတ်ခံထားရပြီး ဒူးထောက်ထိုင်နေသော လူအား ဟေးမင်  လှမ်းကြည့်လိုက်သည်။

မျက်စပစ်လိုက်လျှင် အမှောင်ထဲရပ်နေသူက အနားတွင်ချထားသော ရေအေးတစ်ပုံအား အဲ့ဒီလူ့ကိုယ်ပေါ်သို့ လောင်းချလိုက်သည်။ မေ့မျောနေသူက အခုထိနိုးလာပုံမထောက်လျှင် တပည့်များ၏လက်စ နည်းနည်းလေးပြင်းသွားမှန်းသိလိုက်သည်။

နောက်တစ်ကြိမ် စီးကရက်အား ခပ်ပြင်းပြင်းရှိုက်ကာ ဆေးလိပ်ငွေ့တွေအား မှုတ်ထုတ်ရင်း ရှေ့တိုးသွားသည်။ သေချာကြည့်လိုက်တော့မှ ၁၈၊၁၉ အရွယ်မျှသာရှိသေးသော ကောင်လေးတစ်ယောက်။ မျက်ဝန်းများမှေးစင်းပြီး သကောင့်သားလေးအား ခြေထောက်နဲ့လှမ်းတို့လိုက်သည်။

" သူ့ကို ဘယ်သူခိုင်းလိုက်တာလဲ"

အသံသည် ပကတိတည်ငြိမ်နေသော်လည်း အကြောင်းသိသောတပည့်များကတော့ အသံထဲတွင် ဓားများပါနေသကဲ့သို့ မှားပြီးဖြေမိမည်ကို စိုးရိမ်နေကြသည်။ မတော်တဆ စကားပြောမတတ်လျှင် ဇီဝိန်ချုပ်သွားနိုင်သည်။

ထောင့်နားတွင်ကပ်ရပ်နေသော တစ်ယောက်က ​ရှေ့ထွက်လာပြီး

" ဒီကောင်လေးကို လွန်ခဲ့တဲ့နှစ်ပတ်က စတွေ့တာပါ သူ့ကိုအလုပ်ပေးလိုက်တာက အရှေ့ပိုင်းအဖွဲ့ကပါ သွက်လက်ပြီးရိုးသားလို့...."

ဟေးမင် လက်ကာပြလိုက်ပြီး

"သွက်လက်ပြီးရိုးသားတာက ငါတို့အလုပ်နဲ့မကိုက်ညီဘူး အဓိကက ဖြတ်ထိုးဉာဏ်နဲ့ပါးနပ်မှုရှိဖို့ဘဲ"

စီးကရက်မီးအား နင်းခြေသတ်လိုက်ပြီး

" ဆုံးရှုံးသွားရတဲ့တန်ဖိုးအတွက် သူ့မှာပြန်လျော်ပေးနိုင်မဲ့ အခြေအနေမရှိရင် သတ်ပစ်လိုက်"

အခုထိသတိမလည်သေးသော ကောင်လေးအား နေရာမှဆွဲမကာ အပြင်သို့သယ်မသွားကြတော့သည်။ ထိုစဥ် ဟေးမင်ထံသို့ ဖုန်းဝင်လာသည်။ ဖုန်းကိုင်ပြီး တစ်ဖက်မှအသံကို နားထောင်လိုက်လျှင် အကြည့်တွေက သယ်ယူသွားခံရသည့် ကောင်လေးထံသို့ရောက်သွားသည်။

" အိုကေ " ဖုန်းချလိုက်ပြီး

" ခဏနေအုံး ဒီကောင်လေးသေလို့မဖြစ်သေးဘူး ပစ္စည်းတွေက သူ့လက်ထဲမှာဘဲရှိသေးတယ် သူ့ကိုသေချာစောင့်ကြည့်ထားလိုက်"

" ဟုတ်ကဲ့ " ပြိုင်တူအသံများထွက်လာသည်။

ထိုနေရာမှ သူထွက်လာလျှင် အနောက်နားဆီမှ လူတစ်ယောက်လိုက်လာသည်။ ဟေးမင် ရပ်လိုက်လျှင် ထိုသူကပါ အနားတွင်ရပ်လိုက်သည်။

" မင်းချောင် အဲ့ကောင်လေးကို မင်းသေချာစောင့်ကြည့်ထား ဒီရက်ပိုင်းငါမအားဘူး ဘာပြဿနာမှထပ်မဖြစ်စေနဲ့ နောက်ပြီး ငါမပြောသရွေ့ မလှုပ်ရှားနဲ့"

" ဟုတ်ကဲ့"

"သွားလို့ရပြီ"

မင်းချောင် လည်း ထွက်သွားပြီမို့ သူတစ်ယောက်တည်း နေရာတွင်ကျန်ခဲ့သည်။ လက်ကနာရီကို ကြည့်လိုက်တော့ ဆုပေးပွဲအချိန်ပြီးဆုံးသည်ထက် နာရီဝက်ကျော် ကုန်လွန်သွားပြီ။

***** ***** *****

မနက်ခင်း နေရောင်ခြည်က မှန်ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ထိုးဖောက်ဝင်ရောက်လာသည်။ သေသပ်နေသော အိပ်ရာခင်းထက်တွင် ဘယ်သူမှမရှိဘဲ လစ်ဟာနေပြီး ရေချိုးခန်းအတွင်းမှ ရေကျသံများကိုကြားရသည်။

မကြာခင် bathrobe ဝတ်ကာ ဟေးမင်ထွက်လာခဲ့သည်။ စားပွဲတင်နာရီကို ကောက်ယူကြည့်ပြီး ခုံပေါ်ပြန်တင်ကာ ၎င်းဘေးနားရှိ ဖုန်းအားယူကြည့်လိုက်တော့ ဖုန်းမှတ်တမ်းစာရင်းတွင် နီရဲလျက် ခေါ်ဆိုသူများမြောက်မြားစွာ။ ဖုန်းကိုပြန်ချထားလိုက်ပြီး ဗီရိုအတွင်းရှိ ဝတ်နေကျအဝတ်အစားတစ်စုံအား ထုတ်ယူလိုက်သည်။

ထို့နောက် Bathrobe ခါးစည်းကြိုးကိုဖြည်ပြီး ချွတ်ချလိုက်သည်။ ယောကျာ်းပီသသော မွှေးညှင်းများက သူ့နေရာနှင့်သူရှိပြီး ရင်ဘက်မှစ ပေါင်တံ တစ်လျှောက်ကြွက်သားများက အားကစားပုံမှန်လုပ်သည့်သူမှန်း သိသာစေသည်။

ရေချိုးထား၍ မသေမသပ်စည်းနှောင်ထားသော ဆံပင်ထိပ်ဖျားများတွင် ရေများတွဲခိုနေပြီး ကပိုကရိုကျနေသော ဆံစများမှ ရေစက်များက လည်ပင်းမှတစ်ဆင့် ရင်ဘက်ပေါ်သို့ ဖြတ်သန်းကာ အောက်သို့ဆက်၍ စီးကျနေသည်။

အမွှေးပွတဘက်နှင့် မြန်မြန်ဆန်ဆန်သုတ်ပြီးသည့်နောက် အသင့်ထုတ်ယူထားသည့် အဝတ်အစားအား ဝတ်ဆင်လိုက်သည်။

ထို့နောက် ဖုန်းကိုယူပြီး ထိပ်ဆုံးရှိနံပါတ်တစ်ခုအား ခေါ်ဆိုလိုက်လျှင် တတူတူမြည်သံက ဖုန်းဝင်သွားကြောင်း အချက်ပြနေသည်။ လသာဆောင် ဝရံတာကိုမှီရင်း မျက်ဝန်းများက ဟိုးအဝေးရှိ ဘာကိုကြည့်နေမှန်း ခန့်မှန်း၍မရချေ။

ဟေးမင် သူ့ဘက်ကစ၍ ဟယ်လိုဟု စမပြောခင် တစ်ဖက်မှ အော်ဟစ်ဆူညံသံများကြားလိုက်ရသည်။

" မင်း မနေ့ညက ပွဲကနေဘယ်ပျောက်သွားတာလဲ"

အခြားတစ်ဖက်က မေးလာတော့ ပုံမှန်လေသံအတိုင်းပြန်ဖြေလိုက်သည်။

"ခေါင်းကိုက်လာတာနဲ့အိမ်ပြန်လိုက်တာ ဘာဖြစ်လို့လဲ"

" မနေ့ညက အဓိကလူစွမ်းကောင်းကပျောက်သွားတော့ ပွဲထဲမှာဂယက်ရိုက်ကြသေးတယ်လေ"

" ငါပျောက်သွားလို့လား"

"အေးလေ မင်းကြောင့်ပဲပေါ့ ဘာလို့လဲမမေးနဲ့ မင်းကစံပြအကောင်းဆုံးဆုရသွားလို့လေ"

သူမျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။

"မင်း ဘာအကြောင်းပြောလိုက်တာ"

" အိုး! မင်းနားလေးနေလား အကောင်းဆုံး လူငယ်စံပြ အနုပညာရှင်ဆုကို မင်းရသွားတာလေ ဘာလဲ မင်းကမထင်ထားဘူးလား"

ဟေးမင် ပြုံးလိုက်ရင်း

"အဟင်း မမျှော်လင့်ထားရုံပါ"

"သြော် အေးအေး
မင်းခေါင်းကိုက်နေတာ သက်သာသွားပြီလား ဆေးသောက်ထားလား မင်းငါ့ကုန်ပစ္စည်းအသစ်အတွက် ကြော်ငြာရိုက်ပေးရမှာ ဒီနေ့လည်နော်"

" အင်း ငါသိတယ်"

" မင်းကို ဗဟိုအနုပညာစိစစ်ရုံးက ဆုလက်ခံဖို့အကြောင်းကြားလိုက်မယ် အနားယူလိုက်အုံး"

" အင်း "

" ဒါပဲလား"

"အင်း"

"သေလိုက်တော့...ခဏလေး ငါ့ကြော်ငြာရိုက်ပေးပြီးမှသေ"

"ပြောစရာမရှိတော့ဘူး ဒါပဲ"

ဟေးမင် ဖုန်းချလိုက်ပြီး အိပ်ခန်းအတွင်းပြန်ဝင်လာခဲ့သည်။ ထို့နောက် ဗဟိုစိစစ်ရုံးက ဆက်သွယ်မလာခင် သူရဲ့အတွင်းရေးမှူးကို ဖုန်းလှမ်းဆက်ပြီး ငါးမိနစ်အတွင်း လာခေါ်ရန်ပြောလိုက်သည်။

***** ***** *****

တစ်နေ့တာ လုပ်ငန်းစဥ်တွေ အကုန်ပြီးသွားသည့်နောက် အပန်းဖြေအနားယူရန် သွားနေကြ Barသို့ရောက်လာသည်။

ဒီမတိုင်ခင် သူ့အတွက်ဂုဏ်ပြုလက်ဆောင်နှင့် ပန်းစည်းများ၊ သူ့Fan clubတစ်ခုဆီတိုင်းကပို့ပေးလိုက်သော ဂုဏ်ပြုကဒ်များနှင့် မုန့်များ၊ မုန့််များကိုတော့ သူ့အတွက်အနည်းငယ်သာချန်ထားပြီး ကျန်မုန့်များအား တခြားသူအသိမိတ်ဆွေတွေအား ပေးဝေလိုက်သည်။

ဗဟိုအနုပညာစိစစ်ရုံးက သူခန့်မှန်းထားတာထက်အရင် သူ့ဆီဆက်သွယ်လာပြီး ဆုအားလာယူရန်နှင့် နိုင်ငံတော်မှချီးမြှင့်သော ဒေါ်လာငါးသောင်းအား ပင်မအစိုးရဘဏ်တွင်ထုတ်ယူရန် ပြောကြားလာသည်။ ဆုကြေးငွေထုတ်ယူရာတွင် စိစစ်ရုံးရဲ့အနုပညာစည်းတံဆိပ်ကဒ်ပြား လိုအပ်ပြီး ထိုကဒ်ပြားအား စိစစ်ရုံးတွင်  ကိုယ်တိုင်လာရောက်ထုတ်ယူရန်ဆိုသည်။ အချိန်ပိုမကုန်ချင်သည့်သူ့အတွက် ဒေါ်လာငါးသောင်းပမာဏက မပြောကလောက်သည့်အရာ။ ထို့ကြောင့် ၎င်းဆုကြေးငွေအား စိစစ်ရုံးကိုရန်ပုံငွေအဖြစ်လှူဒါန်းပြီး စိစစ်ရုံးကိုမျက်နှာပေးသည်အနေဖြင့် လူငယ်စံပြအနုပညာရှင်ဆုကို ကိုယ်တိုင်သွားယူလိုက်ပြီး စကားအနည်းငယ်ပြောဆိုကာ ပြန်လာခဲ့သည်။

ပြီးသည့်နောက် ညစာစားပွဲနှင့်အပျော်ခရီးစဥ်တွင် သူလိုက်ပါရမည့် အကြောင်းကြားစာနှင့် ဖိတ်စာကဒ်ရောက်လာ၍ သူ့အနေဖြင့်  မသွားမနေ သွားရမည့် အခြေအနေဖြစ်လာသည်။  ထိုရက်နှင့်တိုက်နေ့မည့် သူ့အလုပ်များအားလုံးအား တခြားရက်များသို့ ပြောင်းရွှေ့ညှိနှိုင်းရသည်။

ပင်ပန်းမှုများအားဖြေဖျောက်ရန် သူရောက်လာသောနေရာက Oနိုင်ငံ Jမြို့တော်ရဲ့ အထင်ရှားဆုံးနှင့်နာမည်အကြီးဆုံး King Box Barဖြစ်သည်။ ၎င်းနေရာသည်  VIPဖောက်သည်များ၏ ကိုယ်ရေးအချက်အလက်အား သိုဝှက်သိမ်းဆည်းရာတွင်တော်ပြီး မည်သူ့အချက်အလက်မှ မပြန့်ပွားစေပေ။

သို့သော် ထိုသို့သောနေရာများတွင်လည်း ကြေးစားများကတော့ အနည်းနဲ့အများရှိတတ်သည်။ ပိုက်ဆံက အဓိကဖြစ်ပေမယ့် မင်းစုံစမ်းခိုင်းမည့်လူက လုံးဝထိပါးလို့မရသည့် အကြီးစား VVIPဆိုလျှင် မင်းပိုက်ဆံသာဆုံးမည်။ ဘာအကြောင်းမှသိရမည်မဟုတ်။ ဒါပေမယ့်လည်း အားနည်းချက်ကိုယ်ဆီတော့ရှိပြီးသားပင်။ သူ့အလုပ် ကိုယ့်အလုပ် ဝင်မနှောင့်ယှက်လျှင် မည်သူကမှအရေးယူက အဖက်လုပ်မည်မဟုတ်။

King Box Bar သည် အထက်စီးဆန်စွာ မြို့တော်၏အလည်တည့်တည့်ဗဟိုတွင်ရှိနေပြီး မီးရောင်များညည့်နက်သည်ထိတိုင်အောင် ထိန်လင်းနေဆဲပင်။

သူဝင်လာသည်နှင့်  သူ့အားစောင့်နေသော  သီးသန့်ဧည့်ကြိုက King Box အဆောက်အဦး၏  သုံးထပ်မြောက်အခန်းတစ်ခုအတွင်းသို့ ခေါ်လာခဲ့သည်။

ဟေးမင် ကို အခန်းတွင်းခေါ်လာပြီး ဧည့်ကြိုကပြန်သွားကာ တံခါးပိတ်ခဲ့ပေးသည်။ သူအခန်းထဲရောက်သည်နှင့် ရင်းနှီးဖော်ရွေလှသည့် အသံက သူ့ကိုကြိုဆိုနှုတ်ဆက်သည်။

" ဟယ်လို မစ္စတာလီ"

" အင်း"

" ခင်ဗျား ဖော်ဖော်ရွေရွေရှိစမ်းပါ"

သူ ပြန်ကြည့်နေပေမယ့် ဘာစကားတစ်ခွန်းမှထပ်မပြောဘဲ ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။ သူ့ရှေ့သို့ တွန်းထိုးပေးလာသော ကတ္တီပါသားဘူးတစ်ဘူး။

သူမျက်ခုံးပင့်ကြည့်တော့

" ခင်ဗျား အနုပညာစံပြဆုရတယ်ဆို ဂုဏ်ပြုတာပါ"

ကတ္တီပါဘူးကို လက်ခံမယူသေးဘဲ မျက်ဝန်းများမှေးကျဥ်းကာ ကြည့်တော့ ထိုလူကရှက်ပြုံးပြုံးပြီး

" အဟမ်း ခင်ဗျားကို ဂုဏ်ပြုချင်တာလည်းပါတယ်
ထပ်ပြီး ကျုပ်တို့လုပ်ငန်းစဥ် တွဲလက်တွေလည်း မြဲချင်တယ်"

" ရှေ့ဆက်လက်တွဲဖို့က ခင်ဗျားအပေါ်မှာပဲမူတည်တယ် ကျုပ်ကိုပစ္စည်ပေးပြီး ရှေ့ဆက်ဖို့အတွေး ခင်ဗျားခေါင်းထဲ ဘယ်လိုရောက်သွားတာလဲ"

ဟေးမင် သူ့စကားကြောင့် တစ်ဖက်လူအနေခက်မှာ နည်းနည်းမျှမစိုးရိမ်။ ပြောချင်တာကိုတည့်ပြောပြီး အေးဆေးသက်သာစွာ သူနှင့်နည်းနည်းမျှ မဆိုင်သည့်အလား။

" အထဲကပစ္စည်းကို အရင်ကြည့်ကြည့်ပါလား မစ္စတာလီ ခင်ဗျားသဘောကျမယ်လို့ထင်ပါတယ်"

"အဟင်း ကျုပ်ငြင်းပါရစေ"

မျှော်လင့်ချက်တွေနဲ့ပေးကမ်းလာတဲ့အရာဆို ဘာတစ်ခုမှ သူမလိုချင်ဘူး။

" မစ္စတာလီ ကျုပ်တို့အလုပ်တူတူလုပ်လာတာကို မျက်နှာထောက်တဲ့အနေနဲ့ လက်ခံပေးပါ"

နှုတ်ခမ်းကွေးရုံပြုံးလိုက်ပြီး

" ကျုပ်မယူချင်ရင် မယူဘူး ဘယ်သူ့မျက်နှာမှလည်းမထောက်ဘူး
ကျုပ် ဒီကိုလာတာ အေးဆေးနားချင်လို့"

ထိုလူဟာ သူ့သဘောထားကို သိသွားလျှင် သူ့ကိုမနှောင့်ယှက်တော့ဘဲ ကတ္တီပါဘူးကိုထားခဲ့ပြီး သူရဲ့အဖော်နှင့်အတူထွက်သွားချေပြီ။ ဟေးမင် တစ်ယောက်တည်းသာလျှင် အခန်းထဲကျန်နေခဲ့သည်။

နာရီဝက်မျှ မျက်လုံးပိတ်အနားယူပြီးသည့်အချိန်တွင် အခန်းတံခါးခေါက်သံကြားရသည်။ သူ ဒီနေ့အဖို့ ဘယ်သူနဲ့မှ မချိန်းထားသလို တွေ့စရာလူလည်းမရှိ။ ထူးဆန်းစွာပေါ်လာသော တံခါးခေါက်သံကိုလျစ်လျူရှုရင်း မျက်ဝန်းများ ပြန်မှိတ်ဖို့ ကြိုးစားလိုက်လျှင် စားပွဲပေါ်ရှိ ကတ္တီပါဘူးထံသို့ ​အကြည့်ရောက်သွားသည်။

အဆက်မပြတ် တံခါးခေါက်သံမှ တဒုန်းဒုန်းတံခါးထုသံသို့ပြောင်းလဲ သွားပြီး သူ့မျက်ခွံများဝေဝါးလာသည်။ မျက်ခုံးစပ်နားကို လက်ဖြင့်နှိပ်လိုက်ပြီး အကြည့်များကမှောင်မိုက်လာသည်။ လူသတ်ချင်စိတ်အငွေ့က စိတ်ထဲတွင် တဖြည်းဖြည်း တောက်လောင်နေသည်။

အပြင်ကလူများနှင့် ကတ္တီပါဘူးထဲရှိပစ္စည်းကို သူမသိသော်ငြား နှစ်ခုလုံးက ခုနလေးတင်ထွက်သွားသည့် တိုးရစ်ဆန် ဆိုသည့်လူနှင့် ဆက်စပ်နေမှန်းရိပ်မိလိုက်သည်။

ကတ္တီပါဘူးကို ကောက်ယူလိုက်ပြီး အဖုံးဖွင့်လိုက်လျှင် ဝုန်းခနဲ တံခါးဆောင့်ဖွင့်သံနှင့်အတူ သူမရင်းနှီးသော လူငါးယောင်ဝင်လာသည်။ သူ့လက်ထဲရှိ ကတ္တီပါဘူးသည်လည်း အမှုန်များအဖြစ်သို့ပြောင်းလဲသွားကာ တဖြည်းဖြည်းအဝေးသို့ လွင့်စင်ပျောက်သွားသည်။

သူရောက်နေသည့် ပတ်ဝန်းကျင်အနေအထားသည်လည်း တဖြည်းဖြည်း ပုံစံများပြောင်းလဲနေမှန်းသတိထားမိလိုက်သည်။

ဟေးမင် အရင်ဆုံးကြည့်မိသည်က လူငါးယောင် ကန်ဖွင့်ပြီးဝင်လာသော တံခါးရွက်။ King Box Bar ရဲ့ တံခါးများဟာ အရည်အသွေးကောင်းပြီး ပုံမှန်အားဖြင့် သုံးလက်မခန့်အထူရှိပြီး ဘေးသို့တွန်းဖွင့်ရသော တံခါးဖြစ်သည်။ အပေါ်အောက် ထိန်းချုပ်ထားသော ကိရိယာများပါရှိပြီး တွန်းဖွင့်ဖို့မဖြစ်နိုင်ပေ။

သို့သော် အောက်တွင်ပြုတ်ကျနေသော သစ်သားတံခါးကိုမြင်တော့ သူ့မျက်ဝန်းများမှေးကျဥ်းသွားသည်။

King Box Bar ကနေ သူဘယ်ကိုရောက်သွားတာလဲ။ ရှုပ်ထွေးနေသည့်သူ့အတွေးများကို မျက်နှာတွင်မပေါ်စေဘဲ သူ့အားဝန်းရံထားသော လူငါးယောက်အား ဝေ့ကြည့်လိုက်ကာ သူ့ကိုယ်သူနှင့် သူရောက်နေသောနေရာအား  အကဲခက်လေ့လာလိုက်သည်။

သူ ကတ္တီပါဘူးကိုဖွင့်လိုက်မိလို့ နေရာကူပြောင်းသွားတာလား။ ကတ္တီပါဘူးအတွင်း မည်သည့်ပစ္စည်းပါသလဲ သူမသိလိုက်ရသလို ကတ္တီပါဘူးလည်း ပျောက်ကွယ်သွားသည်။

ယခုသူအဝတ်အစားများက ဟောင်နွမ်းစုတ်ပြဲကာ အဖာအတေအထပ်ထပ်နှင့် သူတောင်းစားသာသာ။ သူ့ရှေ့ရှိစားပွဲသည် သစ်သားစာပွဲခုံဖြစ်ပြီး လဲကျနေသော ပုလင်းထဲမှ နံဟောင်နေသော အရည်များဟာ စားပွဲပေါ်သို့မှောက်လျက်။

စိတ်ထဲတွင် တိုးရစ်ဆန်အား အပိုင်းပိုင်းခုတ်ဖြတ် သတ်ပစ်နေပြီး သူ့ပတ်လည်ရှိ လူငါးယောက်သည်လည်း သူ့အပေါ် သတ်ဖြတ်ချင်သည့်အငွေ့များ ဝိုင်းဝန်းသွန်းလောင်းလျက်။

ကျင့်သားရနေသော လက်က ခါးကိုစမ်းလိုက်လျှင် ပစ္စတိုနှင့်တူသော အရာတစ်ခုမှမရှိဘဲ အေးတိအေးစက် အချောင်းတစ်ချောင်း။ ထိုအရာက ဓားမြှောင်။

လျင်မြန်သွက်လက်စွာ ထိုဓားမြှောင်အား ဆွဲယူပြီး အနီးနားရှိလူတစ်ယောက်ရဲ့ ပေါင်တံအတွင်းသို့ ထိုးစိုက်လိုက်သည်။ ပြန်ဆွဲယူပြီးနောက် အနောက်ရှိလူ၏ ခါးနားသို့ပစ်သွင်းရင်း ခြေထောက်များကလည်း ပြေးဝင်လာသော လူထံသို့ စုံကန်လိုက်သည်။

လက်ထဲတွင် ပစ္စတိုရှိနေချိန် ငါးယောက်တစ်ယောက် မမှုသော်လည်း ဓားမြှောင်နှင့်က တော်တော်နှင့်ခရီးမပေါက်။ သူတို့၏ အဓိကပင်မသွေးကြောများအား ဖြတ်တောက်ပြီးသည့်တိုင် အသေအကြေချနေရဆဲ။

ယခုအဝတ်အစားများနှင့် အသားမကျသော်ငြား အလွန်ပေါ့ပေါ့ပါးပါးရှိ၍ လှုပ်ရှားရလွယ်ကူသည်။ အသွားထက်ပြီး ရှည်လျားသော ဓားက သူ့ဝမ်းဗိုက်သို့ ဦးတည်လာလျှင် ဘေးသို့ရှောင်ထွက်ရင်း ဓားကိုင်ထားသော အဲ့ဒီလူ၏လက်အား ဖမ်းဆွဲ၍ ဝမ်းဗိုက်ကို ဒူးခေါင်းနှင့်တစ်ချက်တိုက်ပစ်ပြီး လက်အားချိုးချလိုက်သည်။

ဆူညံသံများက အခန်းပြင်သို့လျှံထွက်နေသည့်တိုင် ဘယ်သူမှ ရောက်မလာခဲ့။ ပွင့်ဟနေသော အပေါက်ဝနားတွင် ရစ်သီရစ်သီချောင်းကြည့်နေသည့် လူများကလည်း ဝင်ပါမည့်ပုံမပေါ်။ စဥ်းစားကြည့်စရာပင်မလို ဒီလူတွေက သူ့ကိုသတ်ချင်နေတာ။

ဘယ်နေရာမှလွဲမှားသွားမှန်းမသိပေမယ့် သူကတော့ King Boxကနေ တခြား သူမသိသောနေရာသို့ရောက်ရှိလာပြီး အသက်အားခြိမ်းခြောက်ခံနေရပြီ။

ရုတ်တရက် မီးခိုးမှိုင်းများ အခန်းတွင်းသို့ ဝင်ရောက်လာပြီး သူ့အား ဆွဲခေါ်လာသော လက်ပိုင်ရှင်နောက်သို့  ယက်ကန်ယက်ကန်ပါလာခဲ့သည်။ အခင်းဖြစ်သောနေရာနှင့် ဝေးရာသို့ရောက်သောအခါ သူ့အားဆွဲခေါ်လာသည့် သူအား မမြင်နိုင်ခင် နောက်ကျောဘက်ဆီမှ အရိုက်ခံလိုက်ရပြီး အသိစိတ်နှင့်မျက်လုံးများ မှောင်ကျသွားတော့သည်။

***** ***** *****

သူနိုးလာတော့ ထင်းမီးရှို့သံ 'တဖျစ်ဖျစ်' နှင့် 'တတွတ်တွတ်' စကားပြောသံများအား ကြားရသည်။ သူရောက်နေသည့်နေရာက စပါးသိုလှောင်ရာ အခန်းတစ်ခန်းဖြစ်မည်ထင်သည်။ အခန်းတစ်ခန်းလုံး စပါးများနှင့်ပြည့်နေပြီး သူလဲလျောင်းရာအောက်တွင် ကောက်ရိုးများဖြင့်ပြုလုပ်ထားသော အိပ်ရာခင်းတစ်ခု။ သူ့အပေါ်လွှားခြုံထားသော စောင်ပါးလေးအားတွန်းဖယ်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။

ညည့်နက်အမှောင်ယံကို ဖြိုခွင်း၍ မီးပုံရှို့ကာ ၎င်းဘေးနားတွင် စုပြုံထိုင်နေသော လူသုံးယောက်။ နှစ်ယောက်က ငယ်ရွယ်ပုံရသည့် မိန်းကလေးနှင့် ကောင်လေးတစ်ယောက် ။ ကျန်သူကတော့ အသက်ကြီးကြီး ဆံပင်ဖြူတွေနှင့် ဦးလေးကြီးတစ်ယောက်။ သူ တဲအပြင်သို့ ထွက်လာတာကိုမြင်လျှင် သုံးယောက်စလုံး၏ နွေးထွေးရွှင်ပြတဲ့အပြုံးများကို မီးပုံရဲ့အလင်းရောင်ကြောင့် သူမြင်ရသည်။

" ကိုကြီးဝုဒ့် "

" အစ်ကိုချန်း"

" အားဝုဒ့်"

ပြိုင်တူထွက်လာသော အသံများနှင့် သူတို့ခေါ်လိုက်သော နာမည်က သူ့နှင်အလွန်ကို စိမ်းသက်လှသည်။ ရှူတည်တည်ကြည့်နေသော သူ့ကြောင့် ကောင်မလေးနှင့်ကောင်လေးဟာ သူ့ဘေးတစ်ဖက်တစ်ချက်ဆီသို့ပြေးလာပြီး သူ့လက်တစ်ဖက်ဆီကို ဆွဲလာလျှင် သူရုန်းထွက်လိုက်ပြီး ထိုနှစ်ယောက်အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

" အစ်ကိုချန်း လက်ကနာနေလို့လားဟင်"

မိန်းကလေးငယ်၏ တိုးဖျော့သောအသံကြောင့် သူ့လက်ကိုသူပြန်ကြည့်ရင်း

" မနာဘူး မင်းကဘယ်သူလဲ ပြီးတော့ မင်းကရော"

သူ့အားမော့ကြည့်နေသော ကလေးနှစ်ယောက်အား ခပ်တည်တည်နှင့်မေးလိုက်လျှင် ကောင်ငယ်လေးဟာ မျက်ရည်များဝိုင်းလာပြီး

" ကိုကြီးဝုဒ့်က သားကိုမေ့သွားပြီ"

ပြောပြီးနောက် အော်ငိုတော့သည်။

" ဟိတ် အားဝုဒ့် ကလေးတွေကို စမနေနဲ့"

သူ့ပခုံးအား ဖြောင်းခနဲမြည်အောင် ရိုက်လာသော လူကြီးအား သူမျက်မှောင်ကြုတ်ကြည့်လိုက်လျှင်

" အခုချက်ချင်း အဲ့ဒီအကြည့်ကိုပြင်စမ်း သောက်သုံးမကျတဲ့ကောင် မူးရူးနေပြီး ကလေးတွေအမြင်မှာ ဆိုးသွမ်းအောင်လုပ်တယ် အခုမှ ရှက်တတ်ပြီး ကလေးတွေကို ခက်ခဲအောင်မလုပ်နဲ့"

ပြောလည်းပြော သူ့ခေါင်းအားရိုက်ပုတ်ကာ ထွက်သွားသော အဲ့ဒီလူအိုကြီးရဲ့နောက်ကျောကိုကြည့်ရင်း ကလေးနှစ်ယောက်ကိုမေးလိုက်သည်။

" အဲ့ဒီ အမွှေးဖြူနဲ့ အဖိုးကြီးက ဘယ်သူလဲ"

________To.be.continue________

နောက်ဆုံးတော့ အပိုင်း1 တင်နိုင်ခဲ့ပြီ။ တစ်ပတ်တစ်ပိုင်း Upနိုင်အောင်ကြိုးစားမှာပါ။
Vote နဲ့ fb လေး လိုချင်ပါတယ်။

အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးမှာမို့ ဒါဒါတို့ကလည်း အတူတူလိုက်လာခဲ့ပေးနော်။

ဒါနဲ့ ဟေးမင်က ဘယ်ကိုရောက်သွားတယ်ထင်လဲ???

#GaryNick267

Continue Reading

You'll Also Like

55.7K 5.5K 111
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
182K 4.3K 104
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
996K 42.5K 88
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
210K 8.1K 30
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚