My Note

186 5 3
                                    

Unicode //

မင်္ဂလာပါ စာဖတ်သူတို့ရေ။ ကိုယ်ဒီဇာတ်လမ်းလေးရေးဖို့ စိတ်ကူးရခဲ့တာတော့ကြာပါပြီ။ တချို့ကိစ္စတွေကြောင့် နှောင့်နှေးသွားတယ်။

ကိုယ်က စာရေးတာကို ဝါသနာပါရုံသက်သက်ပါ။ စာအရေးအသားနှင့်ပတ်သက်ပြီး ဘာမှကျွမ်းကျင်မှုမရှိပါဘူး။ လေ့လာရမှာတွေကအများကြီးပါ။ ကိုယ့်မှာပိုင်တာဆိုလို့ စိတ်ကူးယဥ်ဆန်တဲ့ အတွေးဘဲရှိပါတယ်။ ဒါပေမယ့် လက်တွေ့ချရေးဖို့ အတော်ခက်ခဲပါတယ်။ ကိုယ့်စာဖတ်သူတွေဆီချပြဖို့ ကိုယ်ကြိုးစားနေတာသိစေချင်တာပါ။

နောက်ပြီး Series ရေးဖို့က ကိုယ့်အတွက် ခက်ခဲတဲ့အရာတစ်ခုဘဲ။ OSလောက် ကိုယ့်မှာစိတ်ရှည်သည်းခံမှုမရှိတာလည်း ပါပါတယ်။ ဒါကလည်း Series ရေးဖို့ ကြာလွန်းတဲ့ ကိုယ့်ရဲ့လိုအပ်ချက်တစ်ခုပါ။ အပြစ်မြင်မယ်ဆိုလည်း ကိုယ်ခံရမှာဘဲ။

နောက်ပြီး ကိုယ်က စာရေးနေရင်အဆင်ပြေနေတဲ့သူမျိုးပေါ့။ ကိုယ်စာရေးဖို့ စိတ်ပါတဲ့အခါ ထရေးလိုက်ပြီး ဘာစိတ်ကူးမှမရှိတဲ့အခါကျ ဘာမှကိုမရေးချင်တဲ့သူပါ။

အခုတော့ စာဖတ်သူတွေနဲ့ထိတွေ့ချင်တယ်။ ကိုယ်အရေးအသားနဲ့ပတ်သက်ပြီး ထောက်ပြဝေဖန်စေချင်တယ်။ View ထက် Vote မက်တဲ့သူဖြစ်လာပြီ (ဟဲဟဲ) ။

စတာပါ။ Vote မပေးချင်ရင်တောင် ကိုယ်ရေးတာနဲ့ပတ်သက်ပြီး စာဖတ်သူရဲ့ခံစားချက်၊ ထင်မြင်ချက်လေးတွေပြောပြရင်ကို အဆင်ပြေတယ်။

ကိုယ်နဲ့ပတ်သက်တာကိုပြောသွားပြီးပြီဆိုတော့ အခု ကိုယ်ရေးမယ့် ဇာတ်လမ်းအသစ်လေးနဲ့ မိတ်ဆက်ပေးမယ်။

***********

Title Name ကို With Compass လို့ ပေးထားပါတယ်။

ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးထားတဲ့ပုံစံလည်း ဖြစ်နိုင်သလို၊ ကမ္ဘာအသစ်တစ်ခုမှာ ပြန်လည်မွေးဖွားလာခြင်းလည်းဖြစ်နိုင်တယ်။
အချစ်တစ်ခုကိုရှာဖွေခြင်းလား။
ကမ္ဘာနှစ်ခုကြားက ပဋိပက္ခတွေလား။ ဒါမှမဟုတ် ဂြိုလ်သားကမ္ဘာကြီးလား။ လူစွမ်းကောင်တွေနဲ့တွေ့ရမှာလား။ စစ်ပြီးကာလ မြို့တစ်မြို့ဆီရောက်သွားမှာလား။

WITH COMPASS (On Going)Where stories live. Discover now