Selenophile || NoMin

Від Dayeon_Park

32.2K 3.3K 156

(n.) a person who loves the moon || Completed || Більше

Raison d'être
Volery
Trouvaille
Laconic
Redamancy
Sundreesoro
Herzschmerz
Ephialtes
Lacuna
Busticate
Feuillemorte
selcouth
dystychiphobia
Lastimando
Serendipity
Gunnen
Acrasia
La Douler Exquise
Tacenda
Absquatulate
ကျေးဇူးတင်လွှာ
Eternal

Selenophile ( 𝓯𝓲𝓷𝓪𝓵 )

2K 173 12
Від Dayeon_Park

Selenophile
(n.) A person who loves the moon

.....................

" ဘယ်လို ဖြစ်သွားလဲ .. တစ်ယောက်က ပြန်သတိရလာလား .. သေသွားတာလား "

Violetက သိချင်ဇောတွေ တလက်လက်တောက်နေတဲ့ အပြုံးလေးနဲ့ သူ့ကိုမေးလာသည် ။

" အဲ့တာက .. "

" ခဏ ! ခဏလေး .. ရေသွားသောက်ဦးမယ် ။
သိချင်ပေမယ့် အဆုံးသတ်သွားမှာ ကြောက်လို့ .. ပြီးမှ ပြောပြ "

Violetက အပြေးလေး သူ့အိမ်ထဲကို ၀င်သွားတာကို ကြည့်ပြီး ပြုံးမိသည် ။ ငယ်ငယ်လေးတည်းက Violetက ဒီအိမ်ကို ၀င်ထွက်‌နေကျမို့ အေးအေးဆေးဆေးပင် ။

" Violet ဒီမှာလား Jen "

" Yes Alice .. ရေသောက်မလို့ဆိုပြီး အိမ်ထဲ၀င်သွားတယ် ။ Violetက သင်္ချာအမှတ်ပြည့်ရလို့ပျော်နေတာ .. မာမီ့ကို ပြောပြီးပြီလို့တော့ ပြောတယ် "

" သူခုနက ဖုန်းဆက်ပြီး ပြောတယ် Jenရေ ။
အခုမှ ရုတ်တရက် သူ့ကို ခေါ်သွားဖို့ လိုလို့ "

Violetက အိမ်ထဲ၀င်သွားတုန်းရှိသေး ၊ Aliceက သူ့အိမ်ရှေ့ကို ရောက်လာသည် ။ ကိစ္စတစ်ခုခုရှိပုံပေါ်သည့် Aliceက ပုံမှန်ဆို အလုပ်ကနေ ဒီအချိန် ပြန်လာလေ့မရှိ ။
ရွှေရောင်ဆံပင်တွေကို ခပ်ဖွဖွ ထုံးချည်ထားသည့် ဒီအမျိုးသမီးက လွန်ခဲ့တဲ့ ဆယ်နှစ်က အတိုင်း ကျော့ရှင်းနေတုန်းပင် ။

" မနက်ဖြန်အတွက် ဘယ်လိုစီစဉ်ထားလဲ Jen "

Violet ပြန်ထွက်အလာကို စောင့်ရင်းနှင့် Aliceက သူ့အနား၀င်ထိုင်ပြီး အဲ့ဒီမေးခွန်းကို မေးလာသည် ။
လက်ထဲမှာ ခုန Violetနှင့် စကားပြောနေတည်းက ကိုင်ထားသည့်စာအုပ်ကို သူက ဘေးချရင်း Aliceရဲ့အမေးကို ပြန်ဖြေမိသည် ။

" အရင်နှစ်တွေက အတိုင်းပေါ့ Aliceရာ .. "

Aliceက သူ့အဖြေကို ကြားတော့ ပြုံးပြ‌ရင်းကနေ အိမ်ရှေ့ကို အကြည့်ပြန်ပို့လိုက်သည် ။

" ဆယ်နှစ်တောင် ရှိပြီနော် .. "

" Violetကို ကြည့်မှ ကျွန်တော်တို့ပါ ဒီလောက် အတူတူ အသက်ကြီးလာတာပါလားလို့ တွေးမိတော့တာ ။ အချိန်တွေက သိပ်မြန်တာပဲ "

သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ပြုံးပြမိလိုက်ကြသည် ။

" မာမီ ..? "

အနောက်ကနေ Violetက ထွက်လာပြီး ဒီအချိန်ကြီး သူ့အမေကို မြင်တော့ အံ့ဩဟန် အသံပြုသည် ။

" Sweetheart "

သူ့ရှေ့မှာ ဖက်ထားသည့် သားအမိကို ကြည့်ပြီး Jenoက ပြုံးမိပြန်သည် ။

" Uncle Jက ဇာတ်လမ်းပြောပြနေတာ ။ အခု အဆုံးပိုင်းနား ရောက်နေပြီ "

" ဟုတ်လား .. မာမီက ဘွားဘွားနည်းနည်းနေမကောင်း ဖြစ်နေတယ် ဆိုပြီး ဖုန်းဆက်လာလို့ အဲ့တာ ဘွားဘွားဆီ သွားရအောင် လာခေါ်တာ ။ ဒယ်ဒီက ဟိုမှာ စောင့်‌နှင့်နေလိမ့်မယ် "

" ဇာတ်သိမ်းပိုင်းကို နောက်မှ နားထောင်ရမှာလား.. "

Violetက မဆိုစလောက်လေး နှုတ်ခမ်းဆူလာတော့ Aliceက ရယ်သည် ။

" အဲ့ဒီလိုလား .. ဘာအကြောင်း ပြောပြနေတာလဲ Jen "

Violetရဲ့ ကလေးဆန်နေပုံကြောင့် သူ့ဘက်ကို Aliceက လှည့်လာပြီး မေးသည် ။
ဒါပေမယ့် သူက ပြန်မဖြေမိဘဲ Violet‌ ဘေးကိုသာ ထသွားပြီး ကလေးမ ခေါင်းကို ဖွဖွပုတ်မိသည် ။

" ဇာတ်လမ်းအကြောင်းကို ပြောပြပြီး .. ဇာတ်သိမ်းပိုင်းကိုက မာမီ့ကို မေးလိုက်လို့ရတယ် ။
မာမီ သိတဲ့ ဇာတ်လမ်းမို့ "

Violetက အဲ့ဒီလို ဆိုတော့ သူ့မာမီကို စောင်းကြည့်သည် ။
ဆက်စပ်မိသွားဟန်ပြသည့် Aliceက သူ့ကို ခပ်ဖျော့ဖျော့ပြုံးပြရင်း သူတို့သားအမိက အိမ်ထဲက ထွက်သွားတော့သည် ။

ဒီနေ့တော့ ရာသီဥတုက အုံ့မှိုင်းမှိုင်းနှင့် ။
မိုးမရွာဘဲ တိမ်တွေထူတော့ နေလို့ ကောင်းလောက်သည့် အနေအထားမှာပင် ။

မြင်ကွင်းကနေ Aliceတို့နှစ်ယောက် ပျောက်သွားတဲ့အထိ နှုတ်ဆက်ပြီး Jenoက ဘယ်သူမှ မရှိတဲ့ သူ့အိမ်ထဲကို ပြန်၀င်လာခဲ့တော့သည် ။
ဒီညနေ ပစ္စည်းတချို့ သွား၀ယ်စရာရှိတာကိုလည်း စာရင်းလုပ်ဖို့ လိုသည်လေ ..။

.............................

Hyuckkieက စာပို့လာတော့ အပြင်သွားဖို့ ပြင်နေရင်း သူက ဖုန်းကို ဖွင့်ကြည့်မိသည် ။

- အရူး‌ Jeno

- ဘာလဲ

- မနက်ဖြန်အတွက် ..

- ခဏနေ အပြင်သွားမလို့ ။
၀ယ်စရာ ရှိတာတွေ ၀ယ်ဖို့အတွက်

- တစ်ခု ပြောစရာရှိလို့

- ဖုန်းမဆက်ဘဲ စာပို့ပြီးလား ?

- အသံနဲ့ပြောရင် မင်းကဆဲမှာ

သူတို့ သူငယ်ချင်းနှစ်ယောက်က အခုထိ အဲ့ဒီအတိုင်းပဲ ။
စ‌လိုက်နောက်လိုက်နဲ့ ဒီအတိုင်းလေး ရှိနေကြတုန်းပင် ။

အဆက်အသွယ်မပြတ်သွားဘဲ အနည်းဆုံးတော့ နှစ်ရက်တစ်ခါလောက် ဖုန်းခေါ်ပြီး ၊ ငါးယောက်လုံးနဲ့ကျ တစ်ပတ်တစ်ခါလောက် ဖုန်းပြောဖြစ်ကြသည် ။

Hyuckkieကို သူက အရင် ဖုန်းစခေါ်လိုက်တော့ ဟိုဘက်ကနေ ချက်ခြင်း ဖုန်းကိုင်သည် ။

" ဘာလဲ "

" မလဲဘူး ။ ထိုင်နေတာ "

" အတည်ပြော "

" မင်းကို ပျော်အောင် လုပ်ပေးနေတာကို "

သူက တစ်ခုခု ပြောလိုက်ချင်ပေမယ့် မပြောဘဲ သက်ပြင်းချမိလိုက်ရသည် ။

" ပြောစရာက ဘာလဲ "

" ပိုက်ဆံချေး "

Lee DongHyuck အကြောင်းကို သိနေတာမို့ ဘာမှဆက်မပြောဘဲ ဖုန်းကိုပဲ ချလိုက်တော့သည် ။
ဖုန်းချပြီး နောက်မှာတော့ ၀င်လာတဲ့ "ㅋㅋㅋㅋㅋ"ဆိုတဲ့ စာတစ်စောင် ။

Lee DongHyuckkieက ဒီဆယ်နှစ်လုံး ပုံစံမပြောင်းလဲခဲ့ပါ ။
အခုထိ အဲ့ဒီလို စတုန်း ၊ နောက်တုန်း ၊ ဘေးနားက လူတွေကို ရယ်အောင် လုပ်ပေးနေတုန်းပင် ။

သူ ခေါင်းကို ခါလိုက်ပြီး သူ့စားပွဲခုံပေါ်က သူမြတ်နိုးခဲ့ရတဲ့ တစ်စုံတစ်ယောက်နဲ့ သူ ငယ်ငယ်လေးတုန်းက အတူတူရိုက်ထားတဲ့ ဓာတ်ပုံကို ငေးကြည့်မိသည် ။
အတောက်ပဆုံး အပြုံးတွေက အဲ့ဒီဓာတ်ပုံထဲမှာ တစ်သက်လုံး ရှင်သန်နေတော့တာ ။

သူတစ်ချက် ပြုံးပြီး နောက်ဆုံးတော့ အိမ်ထဲက ထွက်လာခဲ့တော့သည် ။

လူတွေက သူတို့ သဘောကျရာ ၀ယ်ချင်တာတွေကို ရှေ့က တွန်းလှည်းထဲထည့်ရင်း တကယ်ကိုပဲအလုပ်ရှုပ်နေကြသည် ။

Shopping Mallထဲ ၀င်လိုက်ကတည်းက လူမျိုးစုံ ၊ လိုချင်စရာ မျိုးစုံကို သူမြင်ရသည် ။

မတွေဝေနေဘဲ သူက အရင်ဆုံး အစားအသောက်တွေ ရှိတဲ့ လိုင်းကို သွားပြီး သူစာရင်းလုပ်လာခဲ့သမျှကို တစ်ခုချင်းစီ သူ့ရှေ့က တွန်းလှည်းထဲ ထည့်သည် ။
လိုနေတာ တစ်ခုမှ မရှိအောင် ဂရုတစိုက် ရှာပြီးမှ သူ့အတွေးထဲ ရောက်လာတာလေးတွေဖို့ လိုက်၀ယ်ရသည် ။

ချောကလက် ၊ မက်မွန်သီး ၊ ပြီးတော့ snackတွေ ။
အစားအသောက်တန်းဘက်မှာ ၀ယ်စရာ မရှိလောက်တော့ဘူးထင်မှ သူတခြားလိုင်းတွေဘက်ကို လျှောက်ပြီး သွားကြည့်မိသည် ။

စာအုပ်တွေချည်း ထားထားတဲ့ လိုင်းတွေ ၊ CDတွေ ၊ ‌ဖိနပ်တွေ ၊ အ၀တ်အစားတွေ ၊ လက်ဆောင်ပစ္စည်းတွေ ထားတဲ့ လိုင်းတွေ တစ်ခုစီကို သူက ကျော်လာခဲ့သည် ။

ဒါပေမယ့် တစ်နေရာ အရောက်မှာတော့ သူ့ခြေလှမ်းတွေ ရပ်တန့်ခဲ့ရသည် ။
နှလုံးသားတစ်ခုလုံးနဲ့ ရင်းနှီးခဲ့ရတဲ့ ပုံရိပ်ကလေးက သူ့မျက်စိရှေ့မှာ ..။

" Jaem .. "

တိတ်တိတ်ကလေးရေရွတ်မိတာကို တစ်ဖက်လူကမကြား ။
အဲ့ဒီကောင်လေးက သူ့ရဲ့အာရုံစိုက်မှု အကုန်လုံးကို သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ မိန်းကလေးဆီမှာ အပ်နှံထားပုံပေါ်သည် ။

ပြုံးရယ်နေသည့် မိန်းကလေး၏ ခေါင်းကို ခပ်ဖွဖွပုတ်ပြီးတော့ အဲ့ဒီမိန်းကလေးနဲ့ အတူတူ ပြုံးရယ်နေသည့် အင်္ကျီ အပြာလေးပေါ်မှာ အဖြူရောင်ဆွယ်တာလေး စွပ်ထားတဲ့ကောင်လေးက သူသဘောအကျရဆုံး အပြုံးတွေကို နေရာတိုင်းမှာ ဖောဖောသီသီပေးနေဆဲ ။


ပြီးတော့ ရုတ်တရက် အောက်ကို ငုံ့ကြည့်ပြီး အဲ့ဒီမိန်းကလေး၏ ပြေလျော့နေသည့် ဖိနပ်ကြိုးကို မြင်တော့ ဒူးထောက်ချပြီးပါ ချည်ပေးပြန်သည် ။

သူက ဘာသံမှ မထွက်နိုင်ဘဲ အဲ့ဒီမြင်ကွင်းကို ခပ်ဝေးဝေးကနေ ငေးမောရင်း သူ့အတွေးထဲကို ဖြတ်ပြေးလာသည်က မိုးရွာသည့် နေ့တစ်ရက်၏ အမှတ်တရတွေပင် ။

Violet သိချင်ခဲ့တဲ့ ဇာတ်လမ်းရဲ့ အဆက်မှာ .. သူမြတ်နိုးရသည့်သူက .. သေဆုံးမသွားခဲ့ပါ ။
ဟန်နီက သတိပြန်ရလာခဲ့သည် ..  အသက်ဆက်ပြီး ရှင်နေခဲ့ပါသည် ။

တစ်လ .. တစ်လကြာသွားတာတောင် ဒီအတိုင်းလေး ဆက်ပြီး အိပ်နေနိုင်သည့် ဟန်နီ့ကို သူအံ့ဩသည် ။
ဘာလို့များ ထမလာတာလဲ .. ဘာလို့များ သူဒီမှာရောက်နေတာတောင် သူ့ကို ချစ်တယ်လို့ ဖွင့်မပြောပြတာလဲ.. အတင်းအကြပ်မေးပစ်လိုက်ချင်သည် ။

" Renjun Hyung .. Da Riက ဆေးရုံရှေ့ ရောက်နေလို့တဲ့ ။ ကျွန်တော် ထွက်ကြိုလိုက်ဦးမယ် "

Jisungက ဖုန်းကိုကြည့်ပြီး သူတို့ကို အဲ့ဒီလို ပြောလာတော့ Jenoက ကြောင်ကြောင်ကလေး ဖြစ်နေမိသည် ။
မဟုတ်မှလွဲ .. အဲ့ဒီမိန်းကလေးက ..။
Hyuckkieက သိသည် .. သူ့ပခုံးကို ဆုပ်ကိုင်လာသည် ။

အခန်းတံခါးကို ဖွင့်ပြီး Jisungနဲ့အတူတူ ၀င်လာတဲ့ မိန်းကလေးက တကယ်ကို ငယ်ငယ်လေး .. ကြည့်ရတာ ကလေးသာသာလေးလိုပင် ။

" အစ်ကို Renjun "

Renjunက ထပြီး ဖက်ရင်း သူတို့က တစ်ယောက်ကိုတစ်ယောက် ပြုံးရယ်ပြကြပြီး Chenleနဲ့လည်း အဲ့ဒီအတိုင်းပင် ။
ကြည့်ရတာ ရင်းနှီးပြီးသား ဖြစ်မည် ။

" ကိုကိုက အခုထိ သတိမရလာသေးဘူးလား .. "

တဖြည်းဖြည်း တိုး၀င်လာသည့် အသံကြောင့် Jisungက ကလေးမ ပခုံးကို ခပ်ဖွဖွပုတ်သည် ။

" ညီမလေး မမြင်ဖူးဘူးမလား .. Jeno နဲ့ Hyuckကို "

Renjunက မိတ်ဆက်ပေးတော့ Da Riက သူတို့နှစ်ယောက်ကိုပါ ပြုံးပြသည် ။
Mark Hyungက ထပ်ပြီး Violetကို သွားကြိုနေရပြန်သည်မို့ ဒီမှာမရှိ ။ တကယ်တော့ Benတို့ အားလည်း Violetကို Markကပဲ သွားကြိုဖြစ်တော့သည် ။

" Da Riပါ .. အစ်ကိုတို့အကြောင်းကိုက ကိုကိုပြောလို့ သိပြီးသား ဖြစ်နေပါပြီ ။ တကယ်ကို တွေ့ဖူးချင်ခဲ့တာ .. "

ပြုံးနေသည့် ‌ကလေးမကို ပြန်ပြုံးပြဖို့ Jenoမှာ အင်အားတွေ ရှိမနေပါ ။

" ညီမ ဒါပေးဖို့လာခဲ့တာ .. "

လွယ်အိတ်ထဲကနေ စာရွက်ထည့်ထားတဲ့ fileတစ်ခုကို ထုတ်ရင်း Jenoကို ကမ်းပေးတော့ သူက အူကြောင်ကြောင်နဲ့ ယူလိုက်ရသည် ။

" အရာအားလုံးရဲ့ အစ .. အဲ့ဒီအိမ်ကို ညီမ ၀ယ်လိုက်တယ် ။ ကိုကို့ကို လက်ဆောင်ပေးဖို့အတွက်ပါ ။ သူ့ပါပါး ကုမ္ပဏီကိစ္စကိုလည်း စိတ်မပူရအောင် ဒယ်ဒီတို့နဲ့ အကုန်ပြောပြီးပါပြီ ။ ကိုကို့ကို ဒါပေးချင်လို့ ညီမ ဒီကိုရောက်လာတာပါ "

Jaeminက တစ်ခုခုကို မျှော်လင့်နေလို့များ ဒီတစ်ချိန်လုံး နိုးထမလာခဲ့သလား ။
တဖြည်းဖြည်းလှုပ်လာသည့် လက်ချောင်းတွေကို အရင်ဆုံး စမြင်သူက Jisungဖြစ်သည် ။

" Jeno Hyung .. Jeno Hyung !!
Jaemin Hyungလက် .. လက် လှုပ်နေတယ် "

တုန်ယင်ပြီး စကားပြောလာသည့် Jisung‌ကြောင့် အကုန်လုံးက Jaeminကို လှည့်ကြည့်မိကြသည် ။
ပထမဆုံးသတိ၀င်လာသူက Hyuckဖြစ်ပြီး အခန်းပြင်ပြေးထွက်ရင်း Violetကို ဆွဲခေါ်လာသည် ။
Benက ဆရာ၀န်ကြီးတွေကို သွားခေါ်နေသည် တဲ့ ။

အဲ့ဒီလိုနှင့် Jaeminက သတိပြန်ရလာခဲ့သည် ။
Jenoက Jaeminသတိရပြီဆိုတော့မှ အဲ့ဒီအခန်းထဲကို မ၀င်နိုင် ။
အပြင်က ပြန်လာသည့် Markကို ဖက်ပြီး ငိုနေသည်မှာ အချိန်‌အတော်ကို ကြာသည်အထိ ။

" Jeno Hyung .. Jaeminnie Hyungက Hyungကို တွေ့ချင်နေမှာလေ .. "

သူ့မျက်ရည်တွေကို Hyuckkieက သေချာလာသုတ်ပေးရင်း သူ့ကို အခန်းထဲကို တွဲခေါ်သည် ။
Jaeminလက်ကို အုပ်ကိုင်ထားပြီး Jaeminကို ပြုံးပြီးစကားပြောနေသည့် Da Riက Jenoလာတော့ ပိုပြုံးရင်း လက်ကို လွှတ်ရင်း ထိုင်ခုံနေရာပါ ဖယ်ပေးသည် ။

ပြီးတော့ .. ပြီးတော့ သူတို့တွေ အကုန်လုံး အခန်းထဲကနေ ထွက်သွားကြသည် ။

" ဟန်နီ .. "

သူက Jaeminကို မကြည့်နိုင်သေး ။
ဒီအတိုင်းလေး လှုပ်နေသည့် Jaeminရဲ့ လက်ကလေးတွေကို ကြည့်နေရုံနဲ့တင် ထပ်ပြီး ငိုမိနေပြီဖြစ်သည် ။

" Jaem ... Jaeminရယ် .. ငါလေ .. "

သူက မော့ကြည့်တော့ သူ့ကို မျက်ရည်တွေကြားထဲကနေ ပြန်ပြီး ပြုံးကြည့်နေသည့် သူ့ဟန်နီကို တွေ့ရသည် ။
ပြောစရာ စကားတွေ ပျောက်ဆုံးနေသည့် သူ့ကို .. တိတ်ဆိတ်နေတဲ့ ဒီလေထုထဲမှာ ဟန်နီက အကြာကြီး အဲ့လို ပြုံးပြီး ငေးကြည့်နေခဲ့သည် ။

" အသက်ရှင်နေလို့ တော်သေးတယ် Jen .. မင်းအသက်ရှင်နေပေးလို့ တကယ် .. "

ဆေးရုံကုတင်ပေါ်မှာ ထိုင်နေရင်း မျက်နှာပေါ်က မျက်ရည်တွေကို မသုတ်ဘဲ ဆက်တိုက်ပြုံးနေသည့်ဟန်နီက သူ့လက်တွေကို ဆွဲယူပြီး အဲ့ဒီစကားကို ပြောလာသည် ။

" မင်းက တကယ်ဆိုးတာ ..
မင်းက တကယ် ဆိုးတာ Na Jaemin ..
မင်းကလေ .. ဟန်နီရယ် .. "

ရှိုက်သံတွေနဲ့ သူက စကားပြောနေမိသည် ။
ဒါပေမယ့် ဟန်နီ့လက်တွေကို တင်းတင်းဆုပ်ကိုင်ပြီး သူက မလွှတ်ချမိပါ ။

" ဒီတစ်လလုံး ငါဘယ်လောက် ကြောက်နေခဲ့လဲ မင်းသိမှာမဟုတ်ဘူး ။ မင်းကို လက်လွှတ်လိုက်ရပြီလို့ အိပ်မက်ဆိုးတွေမက်တိုင်း ငါကြောက်လို့ အိပ်တောင် မအိပ်နိုင်ခဲ့ဘူး ။ ကျေးဇူးတင်ပါတယ် Jaeminရယ် .. သတိရလာ‌လို့ ကျေးဇူးတင်ပါတယ် "

ဟန်နီ့လက်တွေကို သူ့မျက်နှာနဲ့ အပ်ရင်း သူက သည်းသည်းနင့်နင့် ငိုနေမိသည် ။ သူ့ဆံပင်တွေကို ခပ်ဖွဖွ အုပ်ကိုင်လာသည့် လက်ချောင်းလေးတွေ ။

Jenoက လူနာထိုင်ခုံကနေ Jaeminရဲ့ ကုတင်ပေါ်ကို ပြောင်းပြီး ထိုင်လိုက်သည် ။ သူ့ခေါင်းပေါ်က လက်တွေကိုပါ ဆုပ်ကိုင်ပြီး Jaeminရဲ့ အပြုံးလှလှကလေးကို ငေးကြည့်မိပြန်သည် ။

" ထွက်သွားဖို့ မတွေးပါနဲ့တော့ .. ငါ့ဆီကနေ ထွက်မပြေးပါနဲ့တော့ ..။ အရာအားလုံးကို သိပြီးပြီမို့ ကျေးဇူးပြုပြီး ငါ့နားမှာပဲနေပေးပါတော့ .. "

" ..... "

သူ့ကို စူးစိုက်ကြည့်နေတဲ့ မျက်၀န်းလေးတွေထဲမှာ .. ဟိုးအရင်တုန်းက Na Jaeminကို ပြန်မြင်ရသည် ။
သူ့ကို ငေးနေသည့် Jenoရဲ့ အကြည့်တွေကို
ပြုံးယောင်သမ်းနေတဲ့ နှုတ်ခမ်းပါးပါးလေးတွေနဲ့အတူ ဟန်နီက နူးနူးညံ့ညံ့ ပြန်ကြည့်နေခဲ့သည် ။

" မင်းကို ချစ်ခွင့်ပေးပါ ။ ငါမင်းကို ချစ်မြတ်နိုးချင်တယ် ။
ထပ်ပြီး .. ထပ်ပြီး ငါ မင်းနဲ့ မဝေးပါရစေနဲ့တော့ ။
မင်းက ငါ့ရဲ့ ရင်ခွင်ထဲမှာ အလုံခြုံဆုံး ဖြစ်အောင် ငါမင်းကို တစ်သက်လုံး ကာကွယ်ပေးသွားချင်တယ် ။

ငါမင်းကို ချစ်တယ် Na Jaemin ..
ဘယ်အကြောင်းအရာနဲ့မှ ထပ်ပြီး ငါတို့ မဝေးနိုင်ရအောင်
ကျေးဇူးပြုပြီး .. ငါ့ကို မင်းရဲ့ လက်တွဲဖော် ဖြစ်ခွင့်ပေးပါ "

သူတို့တစ်ယောက်ကိုတစ်ယောက် မျက်ရည်တွေနှင့် အကြာကြီး ငေးကြည့်နေမိခဲ့ကြသည် ။
Jaeminက အကြာကြီးနေတော့မှ အဖြေတစ်ခု ပြန်ပေးခဲ့ပါသည် ။

Jaeminက ဖိနပ်ကြိုးပြေနေတာကို ချည်ပေးပြီးတော့ အဲ့ဒီမိန်းကလေးရဲ့ လက်ကို ပြန်ပြီး ဆွဲထားပြန်သည် ။
ဟိုဟာ ဒီဟာ လက်ညှိုးထိုးနေသမျှကို ပြုံးပြီး ခေါင်းငြှိမ့်နေသည့် ဟန်နီက သူက ဒီအတိုင်းပဲ ငေးမောနေမိသည် ။

ဒါပေမယ့် သူရပ်ပြီး စိုက်ကြည့်နေတာ ကြာသွားလို့ ထင်သည် ။ တစ်ဖက်လူ အာရုံစိုက်မိရလောက်အောင် ဖြစ်သွားသည်အထိ ကြာသွားခဲ့တာ‌ကို သူမသိလိုက်မိ .. ဟန်နီ့ရဲ့ လက်ကို ဆုပ်ကိုင်ထားသည့် အဲ့ဒီမိန်းကလေးက သူ့ဘက်ကို လှည့်ကြည့်လာသည် ။

" ဟင် .. ဒယ်ဒီ ! "

လူမိသွားသလို နှစ်ယောက်သားက ‌မတ်တပ်ရပ်ပြီး သူ့ရှေ့မှာ တောင့်တောင့်လေး ဖြစ်နေ‌တော့ သူက ခါးတစ်ဖက်ကို စိတ်ဆိုးသလို ထောက်လိုက်မိ‌သည် ။
သူ့သမီး လူလည်လေးက အရင်ဆုံး သူ့ဆီ ပြေးဖက်လာပေမယ့် ဟန်နီကတော့ ကြောင်ကြောင်လေး ရပ်နေတုန်းပင် ။

" အလုပ်က ပြန်တာနောက်ကျမှာ ဆိုတဲ့သူရယ် ၊ ဆရာမ မွေးနေ့ရှိလို့ဆိုတဲ့သူရယ်က ဘယ်လို လုပ်ပြီး Shopping Mallရဲ့အရုပ်တန်းထဲရောက်နေရတာလဲ ဖြေရှင်းချက်ပေး "

သူက တစ်ချက်လေးတောင် မပြုံးဘဲ မျက်နှာကို တည်ပြီး ပြောတော့ နှစ်ယောက်လုံးက မျက်နှာငယ်လေးတွေနှင့် ။

" ဒယ်ဒီကလည်း အဲ့တာ ဆရာမမွေးနေ့ မရှိတော့ရို့ "

သူ့ Coatအင်္ကျီစကို ဆွဲကာ ပြောလာသည့် သမီးပေါက်စကို ‌သူက ကောက်ပြီး ချီလိုက်ရင်း ဟန်နီ့ကိုပါ မေးဆတ်ပြမိသည် ။

" သစ္စာဖောက်ခံလိုက်ရသလို ခံစားရတယ် ။
ရှိတာမှ သုံးယောက်တည်းကို မင်းတို့နှစ်ယောက် ရက်စက်တယ် "

" Jeno .. "

" ပြော "

" တောင်းပန်ပါတယ် "

မျက်နှာလေး မှိုင်ချရင်း ခုနက သမီးလေးကို ပြနေသည့် အရုပ်ကို ကောင်‌တာပေါ်ပြန်တင်တော့ မနေနိုင်ဖြစ်ရတာက သူပင် ။

" ၀ယ်မယ်ဆို ၀ယ်လေ ။ ဘာလို့ ပြန်တင်တာလဲ ။ YeoReummieက လိုချင်နေတာမလား "

သူက သမီးကို ကြည့်လိုက်တော့ ထိုပေါက်စက ခေါင်းငြှိမ့်ပြသည် ။

" လာ ငါ့နားကို ။ ပြီးတော့ အင်္ကျီကော်လံက ဘယ်လို ဖြစ်ပြီး လိပ်နေတာလဲ "

သူက ပွစိပွစိပြောရင်း ဟန်နီ့ အင်္ကျီကော်လံ ခေါက်နေတာကို အားသည့်လက်တစ်ဖက်နှင့် ပြင်ပေးနေမိတော့ ဟန်နီက သူ့ကို ပြုံးကြည့်သည် ။

" ဘာလဲ .. ဘာလို့ အဲ့လို ကြည့်တာလဲ ။ စိတ်ကောက်မပြေသေးဘူး "

" စိတ်ဆိုးတာတော့ မဟုတ်ဘူးပေါ့ "

" တစ်ဆင့်တက်လိုက်မှာနော် "

YeoReummieကို တစ်ဖက်ကလည်း ချီထားရင်း ဟန်နီ့ကိုက မျက်စောင်းထိုးပြမိတော့ သားအဖနှစ်ယောက်လုံးက သူ့ကို ရယ်သည် ။

" ဟောဗျာ .. ကျွန်တော်က ရယ်စရာကောင်းနေတာလား "

" မီးမီး ဆရာမက အလုပ်ကိစ္စ ရှိလာလို့ ဆိုပြီး ငါ့ကို ဖုန်းဆက်တာ ။ ငါက အလုပ်နောက်ကျမယ်ဆိုပေမယ့် မင်းက ဒီတစ်ပတ်လေး နားချိန်ရတာမို့ ငါ့ဘာသာပဲ ကြိုလိုက်တော့တာလေ ။ မနက်ဖြန် ခွင့်ယူထားတာမို့ အလုပ်က သန်ဘက်ခါမှ ပေါင်းလုပ်တော့မယ် "

သူ့လက်တစ်ဖက်ကို ဆွဲယူပြီး ယှက်ရင်း ဟန်နီက အဲ့လိုပြောလာသည် ။ ဖြေရှင်းချက်က တကယ်ကို သဘော၀ကျကျ .. ပြောရရင် သူနဲ့ ဟန်နီက တစ်ယောက်နဲ့တစ်ယောက်ကြား လိမ်ညာစရာ ဘာမှမရှိပါလေ ..။

" ဒီကို ရောက်နေတာက .. အိမ်ပြန်လာတဲ့ လမ်းမှာ YeoReummie ရေခဲမုန့်စားမယ်ဆိုလို့ ဆင်း၀ယ်ကြမယ် ပြင်တာ ။ ရေခဲမုန့်ဆီ မရောက်ဘဲ အရုပ်တန်းထဲ ရောက်နေတာတော့ မင်း သမီးကို မင်းပဲ မေးလိုက်တော့ "

" ငါတို့ သမီးပါ "

သူက စကားကို ထောက်တော့ ဟန်နီက သူ့ကို မျက်လုံးလည်ပြသည် ။ ယှက်ထားသည့် လက်ကို ဖြုတ်ဖို့ ပြင်လိုက်သည့် ဟန်နီ့ကို သူက ရယ်ပြီး ပြန်ဆွဲထားမိသည် ။

" ဒီမှာပဲ ဒီတိုင်းနေတော့မလို့လား ။ လက်နှစ်ဖက်နဲ့မှ ဒီလှည်းကို တွန်းလို့ရမှာပေါ့ "

ဟန်နီက ပြောလာမှ သူကရယ်ပြီး လက်ကို လွှတ်ပေးလိုက်မိသည် ။
သူ့လက်ကို လက်မောင်းကနေ ပြန်ချိတ်လာသည့် ဟန်နီက တွန်းလှည်းကို ဆွဲလှည့်ရင်း လမ်းဆက်လျှောက်သည် ။

" ဘာတွေ၀ယ်လာတာလဲ အများကြီး "

" နှစ်ပတ်လည်နေ့တွေမှာ မင်းကြိုက်‌တာတွေ ချက်ကျွေးမယ်လို့ ကတိပေးထားတာပဲ ။ မင်းကြိုက်မယ့် ဟင်းတွေချည်း လုပ်ပေးဖို့ ၀ယ်လာတာ ။ ပြီးတော့ YeoReummieဖို့ မုန့်နည်းနည်း "

Jaeminက ထူးထူးဆန်းဆန်းအရာတွေကို ဘယ်တုန်းကမှ မပူဆာခဲ့ဘူး ။
သူတို့နှစ်ယောက် ပထမဆုံးနှစ်ပတ်လည်နေ့မှာ Jenoက စားသောက်ဆိုင်အကြီးကြီးမှာ bookingလုပ်ထားပြီး ကျင်းပပေးတော့ Jaeminက ‌ပျော်နေခဲ့သည် ။

ဒါပေမယ့် နောက်လေးငါးရက်အကြာမှာတော့ အိပ်ခါနီး သူ့ကိုဖက်ထားရင်းကနေ နှစ်ပတ်လည်တွေတိုင်းမှာ သူလုပ်ချင်တာတွေကို ပြောပြလာခဲ့သည် ။

" ဘာမှ အများကြီးမလိုဘူး ။ ဇိမ်ခံပစ္စည်းတွေ ၊ အစားအစာတွေ .. ။ ဒါက မင်းလုပ်ပေးတာကို သဘောမကျလို့ ပြောတာမဟုတ်ဘူးနော် ။ အများကြီး သဘောကျတယ် ။ ဒါပေမယ့် ငါကလေ .. ငါတို့ရဲ့ နှစ်ပတ်လည်နေ့ဆို မနက်ကနေ ညအထိ တစ်နေကုန် ငါတို့နှစ်ယောက် အတူတူရှိနေပြီး မင်းက ငါကြိုက်တာတွေကို ကိုယ်တိုင်ချက်ပေးပြီး ငါကလည်း ဝိုင်းကူပြီး .. ညကျရင် ငါတို့နှစ်ယောက်က အတူတူသောက်ကြမယ် ။ အဲ့ဒီလို ရိုးရိုးရှင်းရှင်းလေးကို ပိုပြီး သဘောကျတယ် ။ နောက်နှစ်ကျ အဲ့လို လုပ်ကြရအောင်နော် .. "

" နောက်နှစ် တစ်နှစ်တည်းလား .. "

" ဖြစ်နိုင်ရင် နှစ်တိုင်းပေါ့ .. ဒီအတိုင်း တစ်နေ့လုံး အတူတူရှိနေရင် ရပြီ "

အဲ့ဒီတုန်းက ပြုံးရယ်ပြီး ပြောနေတဲ့ ဟန်နီ့ရဲ့ ပါးကို ခပ်ဖွဖွနမ်းလိုက်တော့ ဟန်နီက ပြုံးလာခဲ့သည် ။

" ဒယ်ဒီ "

" ဟင် ?"

" ဘာတွေတွေးနေတာလဲ .. ပါပါးစိတ်ဆိုးတော့မယ် "

အတွေးထဲကနေ ပြန်ထွက်လာအောင် သမီးငယ်က သူ့ပါးနှစ်ဖက်ကို ဆွဲကိုင်လာမှ သူက ဟန်နီ့ကို လှည့်ကြည့်တော့ မျက်စောင်းထိုးနေပြီ ။

" ငါခေါ်နေတာ သုံးခါရှိပြီ "

" ဆောရီးပါဗျာ .. ကျွန်တော့်အမျိုးသားလေးအတွက် ဟင်းချက်ပေးဖို့ကို ခေါင်းထဲမှာ ကြိုတွေးနေလို့ပါ "

သူက ပြုံးပြီးပြောတော့ YeoReummieက ရယ်သည် ။
ပြီး‌တော့ သူ့ဒယ်ဒီရဲ့ လည်ပင်းကို လေးနှစ်သမီးလေးက အတင်းပြန်ဖက်ထားတော့သည် ။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူတို့နှစ်ယောက် တိုင်ပင်ပြီး ကလေးတစ်ယောက်မွေးဖို့ ဆုံးဖြတ်ခဲ့ကြသည် ။
အဓိက အဲ့ဒီ topicကို စပြီး ယူလာသူက ကလေးသိပ်ချစ်တတ်သည့် Jaeminပင် ။
နွေရာသီမှာ မွေးသည့် သမီးလေးမို့ သူတို့က YeoReumလို့ နာမည်ပေးခဲ့ကြသည် ။

အိမ်ပြန်ရောက်တော့ Jaeminက YeoReummieကို ခေါ်ပြီး အ၀တ်အစားတွေ သွားလဲသည် ။
ဒီအိမ်ကလေးက အစက Mark Hyungနဲ့ Hyuckက ငှားနေရုံပေမယ့် သူနဲ့ Jaeminက ဒီမှာပဲ ဆက်နေကြဖို့ တိုင်ပင်ဖြစ်တော့ ဒီအိမ်ကို ၀ယ်ဖြစ်ခဲ့ကြသည် ။

ကိုရီးယားကိုတော့ သူတို့က ခြောက်လ တစ်ခါလောက် မိသားစုလိုက်ပြန်ဖြစ်သည် ။
Da Ri ၀ယ်ပြီး လက်ဆောင်ပြန်ပေးခဲ့သည့် အိမ်ကလေးမှာ ဟန်နီ့ပါပါးက နေနေတုန်းပင် ။
မိသားစု နှစ်စုလုံးဆီတော့ သူတို့မကြာခဏ သွားလည်ဖြစ်ကြသည် ။
သူငယ်ချင်းတွေနဲ့ Da Riလေးကိုလည်း သူတို့နှစ်ယောက်က အဆက်အသွယ်မပြတ်ခဲ့ပါ ။

" Violetရော "

" Benတို့အကုန် သူတို့အဖွားအိမ် သွားတယ် ။ ‌Violetကိုပါ Aliceက လာခေါ်သွားတာ ခုနက "

" အွန်း .. ထမင်းစားရအောင် "

သူ့ခါးကို ဖက်ရင်း အိမ်ထဲကို လှမ်းသည့် ဟန်နီ့ရဲ့ ပခုံးတွေကို ပြန်ဖက်ရင်း သူက ဟန်နီ့ နဖူးကို ခပ်ဖွဖွ နမ်းမိသည် ။
ရယ်သံသေးသေးလေး ထွက်လာသည့် ဟန်နီက ဆယ်နှစ်ကြာတာတောင် အခုထိ သူ့ကို ဟိုးအရင်ကလို တစ်ပုံစံတည်း ကိစ္စသေးသေးလေးကအစ ရင်ခုန်အောင် လုပ်နိုင်တုန်းပင် ။

" အိပ်သွားပြီလား YeoReummieက "

" အွန်း .. သမီးဆီပြီးတော့ သူ့ဒယ်ဒီဆီ ရောက်လာတာ "

ဟန်နီက အဲ့ဒီလိုပြောတော့ သူကရယ်မိသည် ။
၀ရန်တာက ဆိုဖာပေါ်ကို ထွက်ထိုင်နေသည့် သူ့ရဲ့ဘေးနေရာလွတ်မှာ Jaeminက ၀င်လာထိုင်သည် ။

ဟန်နီ့ပခုံးပေါ်ကို သူ့လက်တင်တော့ အလိုက်သင့်လေး ရင်ခွင်ထဲ၀င်လာသည့် ဟန်နီက သူနဲ့အတူတူလိုက်ပြီး .. တောက်ပနေတဲ့ကြယ်တွေ ၀န်းရံထားတဲ့ လမင်းကြီးကို ငေးကြည့်သည် ။

" ကြယ်တွေ ထပ်ကြွေရင် .. "

" ငါကတော့ ဆုတောင်းစရာတွေ မရှိလောက်အောင် ပြီးပြည့်စုံနေပြီ ထင်တာပဲ အချစ်ရဲ့ "

သူ့စကား မဆုံးသေး ၊ ဟန်နီက သူ့ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်ရင်း အဲ့ဒီလိုပြောလာသည် ။
သူက ရယ်ရင်း ဟန်နီ့ဆံပင်တွေကို ဖွမိသည် ။

" YeoReummie ကောင်းကောင်း ကြီးပြင်းလာဖို့ ဆုတောင်းမိလောက်ဦးမယ်ထင်တယ် ငါကတော့ "

" အင်း .. အဲ့တာက ဆုတောင်းတာ မလုပ်လည်း ငါတို့နှစ်ယောက်အတူတူ ကောင်းကောင်းထိန်းကျောင်းသွားကြရင် ဖြစ်ပါတယ် "

သူက ဟန်နီ့ကို ကြည့်ပြီး ပြုံးမိသည် ။
လရောင်ဟပ်နေတဲ့ မျက်နှာလေးက အေးချမ်းလို့ ..
အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရလည်း အလှဆုံး ပြန်ရှင်သန်လာသည့် ပန်းကလေးလို ။

ဟန်နီ့ပခုံးပေါ်က လက်ကို အောက်ချရင်း ဓားဒဏ်ရာ ခပ်စိတ်စိတ်တွေ ရှိနေသေးသည့် ဟန်နီ့လက်ကလေးကို ဆွဲယူကြည့်မိသည် ။
ဖျောက်ဖျက်လို့ မရနိုင်လောက်တဲ့ ဒဏ်ရာတွေ ..။

နွမ်းလျလျ မျက်နှာလေးဖြစ်သွားပေမယ့် အတောက်ပဆုံး ပြန်ပြုံးပြီး သူ့လက်ကို ဟန်နီက ယှက်လာသည် ။
ဟန်နီ့လက်သန်းကြွယ်မှာက သူ့လက်သန်းကြွယ်မှာ ရှိတာနှင့် ဆင်တူသည့် လက်စွပ်ကလေးရှိသည် ။
လွန်ခဲ့သည့် ခုနစ်နှစ်က သူတို့နှစ်ယောက် ကိုရီးယားကို ပြန်ပြီး လက်ထပ်ခဲ့ကြသည် ။

" ဟန်နီ သိလား .. ငါလေ ကြယ်တွေထက် လမင်းကြီးကို ပိုသဘောကျတယ် "

" ငါက မင်းကြယ်တွေကို ပိုသဘောကျတယ်ထင်တာ ။ လမင်းကြီးက အထီးကျန်နေသလိုပဲ .. ကြည့်ရတာ "

" အေးချမ်းတယ်လို့ ခံစားရတယ် ။
ဟိုးအရင်တုန်းက ညဘက်တွေ အဲ့လိုထွက်ကြည့်လို့ လသာနေတာ မြင်ရင် မင်းကို မြင်ရသလိုပဲ ။
အကွာအဝေးတွေ များလွန်းတဲ့ အရာတစ်ခုလိုမျိုး "

" Jen .. "

" ဒါပေမယ့် နောက်ပိုင်းကျတော့လည်း လသာနေတိုင်း မင်းကို မြင်ရသလို ခံစားရတုန်းပဲ ။
ခံစားချက်တော့ ကွာသွားတယ် ။ အကွာအဝေးတွေထက် အေးချမ်းတာကို ခံစားမိပြီး .. မှောင်မည်းနေတဲ့ ညမှာတောင် တတ်နိုင်သလောက် အလင်းပေးတဲ့ အားအင်လေး တစ်ခုအနေနဲ့ပေါ့ "

သူ့ပခုံးပေါ်ကို ပြန်ပြီး ခေါင်းမှီလာတဲ့ ဟန်နီ့ဆီက ရယ်သံသေးသေးလေး ထွက်လာပြန်သည် ။

" ငါက မင်းရဲ့ လမင်းကြီး ဖြစ်ပေးမယ် အဲ့တာဆို "

သူတို့နှစ်ယောက်လုံး ရယ်မိလိုက်ကြသည် ။
ပြုံးရယ်နေရင်းနဲ့ Jaeminက ထပြီး Jenoလက်ကို ဆွဲလာသည် ။

" နောက်ကျတော့မယ် အိပ်ချိန်က .. ထတော့ "

နှစ်ခါမခေါ်ရတဲ့သူက တစ်ခါတည်း အခန်းထဲကို ပြန်လိုက်လာရသည် ။

ဟန်နီက အိပ်ယာပေါ်ကို တက်နှင့်ပေမယ့် သူက မျက်နှာမသစ်ရသေးလို့ဆိုပြီး အတင်းသွားသစ်ခိုင်းသည် ။
ရေချိုးခန်းထဲက ပြန်ထွက်လာတော့ စောင်ပုံထဲမှာ အိပ်ပျော်နေသည့် ဟန်နီ့ကို တွေ့ရသည် ။
ဒီနေ့ အလုပ်များပြီး ပင်ပန်းခဲ့ဟန်တူသည် ။

Jenoက သူ့စားပွဲရဲ့ အံဆွဲထဲကနေ စာအိတ်ကလေး တစ်အိတ်ကိုထုတ်ပြီး အခန်းထဲက မှန်တင်ခုံပေါ် တင်ထားလိုက်သည် ။

မနက်ရောက်တဲ့အခါ အမြဲ စောနိုးနေတဲ့ ဟန်နီ့အတွက် သေချာပေါက်မြင်နိုင်မည့်နေရာမှာ စာလေးကို ထားထားပြီးမှ သူက အိပ်ယာပေါ် လိုက်တက်လာခဲ့သည် ။

သူ့ရင်ခွင်ထဲကို တိုး၀င်လာသည့် ဟန်နီက အိပ်ပျော်နေသေးပုံတော့ မပေါ်ပါ ။

" မင်းရင်တွေ ခုန်နေတယ် "

" မင်းနဲ့ အတူတူရှိနေလို့လေ "

အိပ်ချင်မူးတူး ပြောလာသည့် ဟန်နီ့ကို သူက စကားတုံ့ပြန်မိတော့ တိုးတိုးလေး မျက်လုံးမဖွင့်ဘဲရယ်သည် ။

ဟန်နီ့နှုတ်ခမ်းကို ခပ်ဖွဖွနမ်းပြီး နဖူးပေါ်ကိုလည်း သူက တစ်ချက် ဖွဖွ နမ်းလိုက်သေးသည် ။
ဟန်နီက .. အဲ့ဒီလို အနမ်းဖွဖွလေးတွေကို သိပ်ကို သဘောကျမှန်း သူသိသည်မို့ ။

" ငါမင်းကို ချစ်တယ် Jeno .. အများကြီး "

" အိပ်တော့ Lee Jaemin.. ငါလည်း မင်းကို အများကြီးချစ်တယ် "

...............

နောက်နေ့မနက် နိုးလာတဲ့အခါ Jaeminက မှန်တင်ခုံပေါ် တင်ထားတဲ့ ဒီစာလေးကို တွေ့လိမ့်မယ် ။
ပြီးရင် ပြုံးပြီး သူ့ဗီရိုထဲမှာ သွားသိမ်းလိမ့်မယ် ။
ပြီးတော့မှ သူနဲ့အတူတူ အိပ်နေခဲ့တဲ့ အိပ်ယာပေါ်က သူအချစ်ဆုံးလူကို အနမ်းဖွဖွတွေနဲ့ နှိုးလိမ့်မယ် ။

မနက်ဖြန်က Jenoနဲ့ Jaeminရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည် ။
ညစာကို Jaeminကြိုက်တာတွေချည်း ချက်ကျွေးပြီး သူတို့နှစ်ယောက်အတူတူ ဝိုင်သောက်ကြဦးမှာ သေချာတယ် ။

တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်တဲ့အကြောင်း မမောမပန်းနိုင်အောင် ဖော်ပြဖို့ကတော့ သူတို့က တစ်သက်လုံး တာ၀န်ယူသွားလိမ့်မယ် ။
သမီးလှလှလေးရယ် ၊ သိပ်ချစ်ကြတဲ့ အဖေနှစ်ယောက်ရယ် ပျော်ရွှင်စရာ အိမ်ကလေးက နောက်ထပ် နှစ်တွေအများကြီးအထိ သာသာယာယာနဲ့ ပြုံးရယ်‌သံလေးတွေ ပြည့်နှက်နေဦးမှာပါပဲ ။

// တစ်လောကလုံးမှာ ငါအချစ်ရဆုံး ဟန်နီရေ ..
ပျော်စရာ ငါတို့ရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပါ ။

ငါ့အနားမှာ ကျန်းကျန်းမာမာနဲ့ရှိပြီး ပျော်ရွှင်နေပေးလို့ ကျေးဇူးတင်ပါတယ် ။

လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီလိုနေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်အနား တစ်ယောက် တစ်သက်လုံးအတူရှိဖို့ကို ရွေးချယ်ခဲ့တယ် ။ ငါက မင်းကို ချစ်ခွင့်ပေးဖို့ပြောတာကို မင်းက လက်ခံခဲ့ပြီး ငါ့ရဲ့ လက်တွဲဖော် ဖြစ်လာခဲ့တယ် ။

ငါ့တစ်ဘ၀လုံး တွဲသွားရမယ့် လက်က ငါ့အတွက် အရေးအကြီးဆုံးလူ ဖြစ်နေလို့ တော်ပါသေးတယ် ။
ပြီးတော့ တစ်သက်လုံးလည်း မင်းက ငါ့အတွက် အရေးအကြီးဆုံးလူ ဖြစ်နေဦးမှာပဲ ။

ငါတို့ အသက်တွေ တကယ်ကြီးလာခဲ့ကြပြီ ။
အများကြီး ပိုပြီး လူကြီးဆန် ၊ ရင့်ကျက်ကြလောက်အောင်လည်း နှစ်တွေကြာခဲ့ပြီ ။

ဒါပေမယ့် နှစ်တွေဘယ်လောက်ပဲကြာကြာ မင်းက ငါ့အတွက်တော့ အရာအားလုံးထက် ပိုပြီးချစ်ရတဲ့သူ ဖြစ်နေတုန်းပဲ ။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ပြောခဲ့သလို မင်းက ငါ့ရဲ့ ရင်ခွင်ထဲမှာ အလုံခြုံဆုံး ဖြစ်စေရမယ်လို့ ငါကတိပေးပါတယ် ။

ပထမဆုံးအချစ်က တစ်ဖက်လူမသိလို့ ပင်ပန်းခဲ့တယ် ။
ဒုတိယမြောက်အချစ်က တစ်ဖက်လူလက်မခံလို့ ရူးနှမ်းသလို နာကျင်ခဲ့ရပြီး ..
တတိယမြောက်အချစ်ကတော့ ပြီးပြည့်စုံသွားခဲ့တယ် ။
အဲ့ဒီ အဆင့်သုံးခုလုံး မင်းဆီမှာပဲ ဖြစ်ခဲ့ရတာ ငါက တကယ် ကံအကောင်းဆုံးပဲ ။

မင်းက ငါဒီတစ်လောကလုံးမှာ အချစ်ရဆုံးလူပါ ။
ဒါကိုလည်း မင်းသိပါတယ် ။
ငါ့ဟန်နီက ငါ့ရဲ့ အချစ်ဦး ၊ ငါတစ်သက်လုံး နောက်ထပ်တစ်ခေါက် လွှတ်ချဖို့ မတွေးတော့ဘဲ တစ်သက်လုံး ဆွဲခေါ်သွားမယ့် လက်ကလေး ။

ငါ့ဘေးနားမှာ ငါ့ကို ချစ်ပြီး အတူတူရှိနေပေးလို့ ကျေးဇူးတင်ပါတယ် Jaem ..။
အတိတ်တွေကြောင့် လက်ရှိဖြစ်လာတာမို့ မေ့လို့ မရနိုင်ပေမယ့် နာကျင်ခဲ့ရသမျှ စမ်းသပ်မှုတွေကို ငါတို့အကောင်းဆုံး ကျော်ဖြတ်ခဲ့ကြတယ် ။
YeoReummieက ငါတို့နှစ်ယောက်လုံးအတွက် အလှပဆုံး လက်ဆောင်လေးပဲ ဟုတ်တယ်မလား ။
ငါတို့သမီးလေးကို ငါတို့အတူတူ လှလှလေး ပျိုးထောင်သွားပေးကြမယ် ။

ငါနဲ့အတူတူ ပျော်ရွှင်နေတဲ့ Na Jaemin ..
ငါ ရူးရူးနှမ်းနှမ်း ချစ်မြတ်နိုးခဲ့တဲ့ Na Jaemin ..
ငါတစ်သက်လုံး ချစ်မြတ်နိုးသွားမယ့် ငါ့ရဲ့ တစ်ဦးတည်းသော Na Jaemin ..

ပင်ပန်းခဲ့ကြတာတွေကို တစ်ခါ ပြန်တွေးမိတိုင်း ငါ့လက်ကို ပိုပြီး မြဲမြဲဆွဲထားပါ ။
မင်းနဲ့ ငါ့ရဲ့ သမီးလေးကို ငါက ပိုပြီး တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားပါ့မယ် ။

တစ်ယောက်တည်း မျိုသိပ်တတ်လွန်းတဲ့ မင်း ၊
နည်းနည်းလေးပဲ ဆိုရင်တောင် ကတောက်ကဆဖြစ်တိုင်း ငါ့ကို အရင်ဆုံး အလျှော့ပေးဖို့ ကြိုးစားခဲ့တဲ့ မင်း ၊
အများကြီး ပင်ပန်းခဲ့ရတဲ့ မင်းက အများကြီး ပျော်ရွှင်နေမှ ဖြစ်မှာ သိတယ်မလား ။

ငါ့ရဲ့ ပျော်ရွှင်ခြင်း အရင်းအမြစ်ကလေးက မင်းမို့လို့ ..
ပျော်ရွှင်နေတဲ့ မင်းကို ကြည့်ပြီး ငါက ရှင်သန်သွားမယ် ။
ငါရှင်သန်နေဖို့ အကြောင်းပြချက်က မင်းငါနဲ့အတူတူရှိနေဖို့ လိုပါတယ် ။

မင်းကို ငါက ပျော်ရွှင်နေအောင် ထားမယ် ၊
အမြဲတမ်း မပင်ပန်းရအောင် ထားပါ့မယ် ။
ငါ့အသက်က မင်းပေးတဲ့ တစ်၀က်ဖြစ်တာမို့ ငါ့ကို မင်းက ပိုင်တယ် ။
ငါတို့ဆံပင်တွေ ဖြူသွားတဲ့အထိ ငါက မင်းကို တစ်သက်လုံး ချစ်မြတ်နိုးသွားပါ့မယ် ။

ဟန်နီလို့ ငါက ခေါ်တဲ့ ငါ့ရဲ့ Na Jaemin ..
Lee Jaemin ..
ငါက မင်းကို အများကြီး ကျေးဇူးတင်ပြီး ပြောမပြတတ်အောင် ချစ်တယ် ။

/ ဘ၀ရဲ့ နောက်ဆုံးအချိန်အထိ မင်းလက်ကို မလွှတ်ဘဲ မင်းကို ချစ်သွားမယ့် မင်းရဲ့ Husband Lee Jeno !

( စာကြွင်း - သစ်ပင်အောက်က သေတ္တာကို မင်းမရှိတဲ့ ခဏမှာ ပြန်ဖွင့်ထားတာမို့ ဒီစာတွေကို မင်းက ရင်းနှီးနေမှာ ။
အကုန်ထည့်သိမ်းထားတဲ့ အဲ့ဒီသေတ္တာကို မင်းကိုကျ မဖွင့်ခိုင်းဘဲ ငါက ဖွင့်လို့ဆိုပြီးတော့ စိတ်ဆိုးလို့ရပါတယ် ။ ဒါပေမယ့် မနက်ဖြန်မှစိတ်ဆိုး .. ဒီနေ့ ပျော်ပျော်နေကြမယ် ။
ဆယ်နှစ်နေရင် ပြန်ဖတ်မယ်ဆိုတဲ့စာကို ဘယ်တော့မှ ပြန်မဖတ်တော့ဘဲ ဒီစာကိုတော့ အမြဲတမ်း အပြုံးလှလှလေးနဲ့ ပြုံးရယ်ပြီး ဖတ်လို့ရတယ် ။
ပျော်ရွှင်စရာ ဆယ်နှစ်ပြည့်ပါ ငါချစ်တဲ့ ငါ့ရဲ့ ဟန်နီ ❤️ ) //

...............

ချစ်ခြင်းမေတ္တာက မင်းပါလို့ ပြောတဲ့အခါ
အလှဆုံး ပြုံးရယ်မယ့် မင်းကိုကြည့်ပြီး
သဘောတကျ ရှင်သန်သွားပါ့မယ် ။

လမင်းကြီးကို ချစ်တာထက်
မင်းကို အဆတစ်ရာ ပိုချစ်တယ် ။
ထာ၀ရထက် ရှည်ကြာသွားရင်တောင်
သံသရာအဆက်ဆက်လည်း မင်းကိုပဲ ချစ်ပါ့မယ် ။

Продовжити читання

Вам також сподобається

48.5K 5.3K 17
Warning Jangan Lupa Vote yaa ? Do Kyung soo (GS) Kim Jong in Byun Baekhyun (GS) Park Chanyeol and other OC cover by : IG @Hellowlssk12
61.9K 3.1K 78
He's sickeningly sweet, shameless, mischievous, and most of all, he's Toxic. his eyes, his lips, his smile, his face, his aura, his body, his voice, ...
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.6M 91.6K 42
╻a secret they need to hide╹ ❀ jaeyong ❀ chogiwanese ━┅ ✎ this is made out of pure entertainment and a hundred percent FICTION. the char...