မောင်

By ThetHmue3

3.1M 252K 104K

ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔 More

Intro💔
💔အမှာစာ💔
💔Part1💔
💔2💔
💔3💔
💔4💔(Part1)
💔4💔(Part2)
💔5💔
💔6💔
💔7💔
💔8💔
💔9💔
💔10💔(Part1)
💔10💔(Part2)
💔11💔
💔12💔
💔13💔
💔14💔
💔15💔
💔16💔(Part1)
💔16💔(Part2)
💔17💔;(Part1)
💔17💔(Part2)
💔18💔
💔19💔
💔20💔
💔21💔(Part1)
💔21💔(Part2)
💔22💔
💔23💔
💔24💔
💔25💔(Part2)
💔26💔(Part1)
💔26💔(Part2)
❤️27❤️(Part1)
❤️27❤️(Part2)
💔28💔(Part1)
💔28💔(Part2)
💔29💔(Part1)
💔29💔(Part2)
💔30💔(Part1)
💔30💔(Part2)
❤️31❤️(Part1)
❤️31❤️(Part2)
💔32💔(Part1)
💔32💔(Part2)
💔33💔(Part1)
💔33💔(Part2)
💔34💔
🍂35🍂
💔36💔
💔37💔
💔38💔(Par1)
💔38💔(Part2)
💔39💔(Part1)
💔39💔(Part2)
💔40💔(Part1)
💔40💔(Part2)
🤍Ending🤍(Part1)
🤍Ending🤍(Part2)
Note
❤️Extra❤️
❤️Extra❤️2
Extra2💌
❤️Extra❤️

💔25💔(Part1)

41.6K 3.6K 1.2K
By ThetHmue3

"အိမ်တော်ထိန်းကြီး"

"ဟုတ်ကဲ့ အကိုလေး....ဘာများလိုအပ်သလဲ.."

မနက်စာစားပွဲတွင် ထ်ိုင်ကာCoffee ခွက်ကို
မွှေနေသောအကိုလေးသည် တစ်ခုခုကိုမေးမြန်းချင်
နေတဲ့ပုံ..။မေးရမှာလည်းခက်နေသလို..
စထိုင်ထဲက မုန့်တွေလည်းတစ်ခုမှမစားသေး...။

"သူ ည က အိမ်ပြန်မလာဘူးလား...."

"ဟုတ်တယ် အကိုလေး ကားမတွေ့ဘူး...
ပြန်မလာတဲ့ပုံပဲ....."

"အော်......"

ထူးဆန်းတယ်ရယ်လည်းမဟုတ်ပေမယ့်....
ညကဘေးမှာမရှိနေ..။ဒါဆိုသူ့အခန်းမှာများ
သပ်သပ်သွားအိပ်နေသလားလို့တွေးပြီးနေလိုက်တာ။
အိမ်ကိုပြန်မလာတာတဲ့။အရင်ကစိတ်မဝင်စား
ဂရုလုံးဝမစိုက်ခဲ့ပေမယ့်..လက်ရှိတွင်တော့ဆိုင်သူလေးတမျိုးတော့ခံစားနေရသည်။

"Romအိမ်မှာရှိနိုင်တယ် အရင်ကလည်း
ဒီလိုပဲနောက်ကျရင် Romအိမ်လိုက်အိပ်နေကျ
အကိုလေး စိတ်ပူနေတဲ့ပုံပဲ..."

"JeonJungkook အိမ်ပြန်မအိပ်တာ
ဘာကိုစိတ်ပူစရာရှိလို့လဲအိမ်တော်ထိန်းကြီး...."

စူးခနဲကြည့်လာသောမျက်ဝန်းတစ်စုံ။စိတ်သာမပူတယ်
ဓားတွေလိုပဲ ခပ်ပြတ်ပြတ်။

"တမျိုးမြင်သွားရင်တောင်းပန်ပါတယ်
ခုတလော အကိုလေးတို့
အဆင်ပြေပြေရှိနေလို့ ပြောမိတာပါ..."

"မပြေပါဘူး...မျက်လုံးထဲမြင်တာတွေကို
တသတ်မတ်ထင်မနေနဲ့ အလုပ်သွားတော့မယ်
Driver ပြင်လိုက်တော့...."

လုံးဝချောမွေ့သာယာသွားပြီလို့သတ်မှတ်လို့မရတဲ့
Relationship တစ်ခုမှာ အိမ်ပြန်မအိပ်တာလောက်
ကတော့ခေါင်းထဲသိပ်ထည့်ဖို့ရန်မလို....။
JeonJungkook က ဘယ်သူမလို့လဲ...
ခေါင်းထဲက ထုတ်လိုက်ကာကားပေါ်တွင်
လက်စမသတ်သေးသောအလုပ်တွေကို
ဆက်လုပ်လာခဲ့သည်။

ဦးနှောက်ရဲ့ အမှောင်အခြမ်းလေးထဲတော့
KimTaeHyung နဲ့တွေ့နေတာလား?
Romဆီဘာလို့သွားအိပ်ရသလဲ?
မူးလည်းအိမ်ထောင်သည်ပဲပြန်လာရမှာပေါ့...။
ပြောသွားတုန်းက

"မောင်...ခဏလေးပဲနော်..ဖုန်းတွေဆက်ခေါ်နေတာ
အားနာလို့လေ..မင်းကလွှတ်မယ်မလား..."

မလွှတ်လည်းသွားမှာပဲဟာ...မာယာကများပြသေး။
သူ့အုပ်ချူပ်မှုအောက်နေနေရသလိုသပ်သပ်မဲ့
ဥာဏ်များသေးသည်။

"ဘာမှပြန်မပြောတော့ မသွားစေချင်ဘူးလား
မောင့်Jimin...."

မျက်မှောင်တချက်ကျုံ့ကာစိုက်ကြည့်လိုက်တော့
ပြုံးယဲ့ယဲ့နှင့်သာသာယာယာကားသော့လှည့်ကာ
ထွက်သွားသည်။မောင်က ပေါ့လျှော့တယ်...။
မောင်က တစ်ခါတစ်ရံ စိတ်တိုင်းလုံးဝမကျစရာ
မျက်နှာပေးမျိုး အသံအနေအထားမျိုးနဲ့
ဆက်ဆံပြောဆိုတတ်သေးတယ်...။

လူဆိုး လူမိုက်မို့ ပါ လို့အယူခံဝင်လို့ရပေမယ့်
ParkJimin က ဒါမျိုးမရဘူးလေ....။

Hotel Cheakလုပ်ရမည့်နေ့မလို့Hotelကို
တန်းမောင်းခိုင်းကာ ခပ်တည်တည်မျက်နှာထား
နဲ့ပင်ဝင်လာလိုက်သည်။
ပုံမှန်ထက်အနည်းငယ်မှိုင်းညို့နေတာမို့
အားလုံးကအရိပ်အခြေကြည့်ကာကြိုဆိုကြသည်။

အရမ်းတော့လည်းတင်းမာနေ၍မရ
ယောကျ်ားအိမ်ပြန်မအိပ်လို့လောင်နေတယ်ဆိုတာ
မျိုးကိုလည်း MD Parkက ကိုယ့်ကိုယ်ကိုယ်
အဖြစ်ခံမယ့်သူမဟုတ်.....။
အရေးမကြီးဘူးအလကား ဟုခေါင်းစဉ်တပ်ကာ
ကိုယ့်စိတ်ကိုယ်မသိချင်ယောင်သည်။

မာနကြီးတာမျိုးကို...ဥပမာရပ်နဲ့ချပြပါဆိုရင်
ParkJimin...ဆိုတဲ့နာမည်တစ်လုံးချရေးလိုက်ရုံနဲ့
ပြည့်စုံတယ်.....။

ခမ်းခမ်းနားနားHotelကြီးအလည်က
ထည်ထည်ဝါဝါပိုင်ရှင်သည် ဘေးက
ဝန်ထမ်းကောင်မလေးပြောသမျှအစီရင်ခံသမျှ
ကိုနားထောင်ရင်း ရုံးခန်းသို့ကြွကြွရွရွပဲ
လျှောက်လှမ်းသွားနေသည်။
အဖုအထစ် ပြဿနာတွေ မတင်မကျစိတ်တွေ
မကျေနပ်သလို အပူအပင်မျိုးမျက်နှာမှာ
မပေါ်စေရ....။

"ဘာလိုအပ်သေးလဲ MD..."

"အဆင်ပြေပါတယ် ကိုယ်က နှစ်ခုလုံး
ပြိုင်လုပ်နေရတာမို့ တခါတလေလစ်ဟာတာမျိုး
တွေရှိလိမ့်မယ်....ညီမတို့က ပိုတိတိကျကျ
ကိုင်တွယ်ပေးပါ..."

"ဟုတ်ကဲဲ့ ပါMD...."

"အရင်ကထက်တိုးတက်လာပါတယ်..
Service ပိုင်းတွေကို ပိုဂရုစိုက်ပေးပါ
CustomerService က Mainပဲ..."

"အဲ့တာလေးတွေလည်း ပြောချင်သေးတယ်MD.."

"ပြောပါ..ရတယ် ကိုယ်ဒီနေ့ဒီမှာပဲနေမှာ
လိုအပ်တာ အကြံထပ်ပေးချင်တာ
အားလုံးပြောလို့ရတယ်..."

"ဟုတ်ကဲ့.....ဒါဆို  MD......"

"MD.!!!!!"

တာဝန်ခံမိန်းကလေးက ပြောရန်ကြံရွယ်စဉ်
အခန်းထဲအလောတကြီးပြေးဝင်လာသူ
နောက်တစ်ယောက်ကြောင့်နှစ်ယောက်လုံး
ပြိုင်တူကြည့်မိသည်။

"ဘာဖြစ်လာတာလဲ"

"ဧည့်သည်တစ်ယောက်သောင်းကျန်နေလို့
MDအခန်းထဲပစ္စည်းတွေကျကွဲဖျက်ဆီးသံတွေ
လည်းကြားတယ် တံခါးဖွင့်ပြီးကို
ရန်တွေဖြစ်နေကြတာ....ဘေးခန်းတွေက
ဧည့်သည်တွေပါ အနှောက်အယှက်ဖြစ်ကုန်ပြီ....
ထွက်လာကုန်ကြတယ်MD....."

"မဟုတ်သေးပါဘူး....Hotelမှာဒီလို
လုပ်လို့မရဘူးလေ..."

ဘေးခန်းတွေပါအနှောက်အယှက်ဖြစ်လာပြီမလို့
သူတာဝန်ရှိသူတစ်ယောက်အနေနဲ့မသွား၍မဖြစ်။
လုပ်လက်စအလုပ်တွေထားခဲ့ကာ
မန်နေဂျာတွေ လုံခြုံရေးအနည်းစုပါခေါ်ပြီး
ပြဿနာတက်နေရာအခန်းဆီလျှောက်လာခဲ့သည်။

"နင် ....ငါ့ကိုအဲ့လိုသောက်ချိုးနဲ့ဆက်ဆံလို့မရဘူး!!!"

အခန်းဆီတောင်မရောက်သေး....ကြမ်းတမ်းသော
မိန်းမတစ်ယောက်၏အော်သံသည်နားထဲ
စိတ်ပျက်ဖို့ကောင်းစွာဝင်လာသည်။
စရိုက်ဆိုမှစရိုက်စစ်စစ်ဖြစ်ကာ မထိန်းနိုင်မသိမ်းနိုင်
အော်ဟစ်ဆူညံနေသည်။

ဝန်ထမ်းတချို့လည်းအခန်းဝရစ်သီရစ်သီ
ဘာလုပ်ရမှန်းမသိနေကြတဲ့ပုံ။ခွမ်းခနဲကွဲသံတခု
သညိပန်းအိုးဖြစ်ပါလိမ့်မည်။

MD Park က Customer Service ကောင်းတတ်
ပေမယ့် ဘောင်ကျော်လွန်းတဲ့Customer
မျိုးကိုတော့သိပ်စိတ်မရှည်တတ်ပါ။
အကုန်အလျှော်တောင်းရန်ငွေကိုခေါင်းထဲမှာ
တွက်ချက်ပြီးဖြစ်သည်။

"နင် ဘယ်လို ယောကျ်ားမျိုးလဲ!!!!!"

MD Parkအခန်းတံခါးဝရောက်တော့အားလုံး
ကနောက်ဆုတ်ပေးကြကာ ဝင်သင့်မဝင်သင့်
ခေတ္တတော့တွေနေပေမယ့် ဒီလိုကျယ်လောင်နေတဲ့
အသံမျိုးနဲ့တော့Hotelမှာရုပ်ပျက်လို့မရ....။
ဆုံးဖြတ်ချက်မြန်မြန်ချကာ ခပ်ဟဟ တံခါးကို
ဆွဲဖွင့်ရင်း ခပ်တည်တည်ပဲဝင်သွားလိုက်သည်။

ပထမဆုံးခံစားလိုက်ရသောဆေးလိပ်နံ့.....။ဘယ်သူဘယ်ဝါဘာမှန်းမသိတာတောင် အရင်းနှီးဆုံးစီးကရက်နံ့သည်ကြိုဆိုနေသည်။ရင်တခုလုံးပူခြစ်သွားသည်။

အလျှင်အမြန် ကြည့်မိလိုက်တော့
ခြေတစ်လှမ်းပင်ဆုတ်ခဲ့မိသည်အထိ။

ကျယ်ဝန်းသွားသောမျက်လုံးလေးတွေနဲ့
အိမ်မက်ဟုတောင်ထင်မှတ်မိသောဒီအနေအထားသည်
ပက်စက်လွန်းပါသည်။

အိပ်ယာပေါ်တွင် မျက်နှာတစ်ဖက်လှည့်ကာ
စီးကရက်သောက်နေသူ JeonJungkook...။

ရှုပ်ပွနေသောဆံပင်ရှည်တွေနဲ့မလုံတလုံ
ကြိုးတချောင်းဂါဝန်ခပ်ကျပ်ကျပ်နဲ့
မိန်းကလေးသည် စီးကရက်သောက်နေသူကို
လက်ညိုးငေါက်ငေါက်ထိုးနေသောမြင်ကွင်း...။

ကိုယ်ပေါ်ရှိရုံသာဝတ်ထားသောShirt အင်္ကျီသည်
ကြယ်သီးတစ်လုံးမှမတပ်ထား...။
ခဏလေးသတိလစ်သွားခဲ့ရသည်။

သူပိုင်တဲ့Hotelမှာ....လေ......။
နောက်ကိုလှည့်ကြည့်တဲ့အခါ ဝန်ထမ်းတွေသည်
မျက်စိပျက်မျက်နှာပျက်...။
ဒီလူဆိုးကို ဘယ်သူကမသိရှိမလဲ။

ဆိုင်သူလေး၏မျက်နှာတစ်ခုလုံးနီမြန်းသွား
ကာသိပ်ရှက်သွားခဲ့သည်။

နာကျင်စရာကိစ္စတွေ အသဲနာစရာကိစ္စတွေ
ထပ်ခါထပ်ခါဒီယောကျ်ားကြောင့်ကြုံဆုံခဲ့ဖူး
ပေမယ့် လူအများကြီးရှေ့ အရှက်ကွဲရခြင်းတွေ
တော့မရောခဲ့ဖူး....။အငွေ့ပျံ့ပျောက်ကွယ်သွားချင်
တဲ့အထိ...ရှေ့ဆက်တိုးရင် အိပ်ယာပေါ်ကJeonJungkook နောက်ပြန်ဆုတ်ပြေးရင်
ဝိုင်းကြည့်နေကြသောဝန်ထမ်းတစ်သိုက်...
အားလုံးရှေ့မှာ...MD Parkဆိုတဲ့ lmageသည်
ရစရာကိုမရှိခဲ့တော့ပါ။

အဆင်ပြေနေပြီဟု တဖက်သတ်ကိုယ်ပဲတွေးနေမိသော
အခြေအနေကို JeonJungkookက
စိတ်ကူးမယဉ်နဲ့ဟု ဒီလုပ်ရပ်နဲ့သက်သေပြပြီ။
ကိုယ့်မှာသာ ကိုယ့်ရှက်ပြုံးလေးတွေနဲ့...
ဘယ်လောက်များဆိုးလိုက်သလဲ...။

ပါးစပ်ဖျားလေးနဲ့ မောင်အစချီ တိုင်း
မျောမျောသွားခဲ့တာ...။
အိပ်ယာပေါ်မှာ ရုပ်ပျက်ဆင်းပျက်တွေ
ဒီမာယာကောင် ကစားသမျှ မရုန်းခဲ့တာတွေ...။
တစ်ဒိန်းဒိန်းခုန်လာသောနှလုံးသားနဲ့
ဒေါသတွေအရှက်တွေသည် မူးမေ့လဲမတတ်...။

"ရှင်ကဘာလဲ....ဘာကိစ္စနဲ့အခန်းထဲကို
ခွင့်မတောင်းဘဲဝင်လာတာလဲ.....
ထွက်သွား...ဒီမှာ ပြဿနာတက်နေတာမကြားဘူးလား"

" ငါ....Hotel ပိုင်ရှင်......"

စီးကရက်ဖွာနေတုန်း ကြားလိုက်ရသော
အေးစက်နေသောအသံတစ်ခုကြောင့်
မောင် ချက်ချင်းလှည့်ကြည့်တဲ့အခါ မောင်ချောင်းတွေ
ပါထဆိုးတော့သည်။

ဘယ်လိုဖြစ်ပြီး..........။

ညက ခေါင်းပင်မထောင်နိုင်အောင်မူးသည်။
တစ်ယောက်ယောက်ကတွဲခေါ်တာကိုသိသည်။
ဘယ်သူမှန်းမသိ ဘယ်ခေါ်မှန်းလည်းမသိ....
ချာလည်လည်နေသောခေါင်းနှင့်လှဲချလိုက်ရတဲ့အခါ
အိပ်ပျော်သွားခဲ့သည်။

မိုးလင်းတော့ Hotelခန်းတစ်ခုထဲမှာ
ဥာဏ်သိပ်မမှီနေသောဒီမိန်းကလေးက
သူ့ကိုတာဝန်ယူပါတဲ့လေ...။
ဘယ်လောက်မူးမူး ဘယ်လောက်အသိစိတ်မရှိမရှိ
မိန်းမတစ်ယောက်ကို ထိမိလား မထိမိလား
ဇဝေဇဝါ ပြန်စဉ်းစားနေရအောင် ဂျေက
ဆယ်ကျော်သက်လေးမဟုတ်.။
ဒီလိုအကွက်မျိုး ဘယ်နှယောက်အထိကြုံပြီးပြီလဲ
ဆိုတာအားရင်စာရင်းအတိအကျတောင်ပြန်ချပေးချင်
သည်။ခေါင်းတွေအရမ်းကိုက်နေတာကြောင့်
ငြိမ်ငြိမ်ထိုင်ကာ ဆေးလိပ်ထိုင်သောက်နေချိန်
ထိုမိန်းကလေးက အရင်မိန်းကလေးတွေလိုပဲ
ဓာတ်ပြားဟောင်းတွေဖွင့်သည်။

တစ်လုံးမှမောင့်နားထဲမရောက် မောင်ခေါင်းတွေ
ထိုးကိုက်ကာ စဉ်းစားနေတာက ညက
ဘယ်လိုကြောင့်ဒီလိုအခြေအနေလဲသွားရသလဲ။
မသင်္ကာစရာမို့Romကိုမေးရမည်။
လက်သည်ပေါ်လို့ကတော့ တစစီလုပ်ပစ်ဖို့
တွေးပြီးသား..။သူလိုကောင်ဟာ ဒီလောက်ဝင်ရုံနဲ့
မှောက်တတ်သူမဟုတ်ဘဲ...။
သပ်သပ် အာရုံနောက်အောင်...။

အခြေအနေက အေးရာအေးကြောင်း
ဆေးလိပ်ဖွာနေရင်းမှ မအေးချမ်းတော့...။
အခန်းထဲရောက်လာသူသည်....
Hotel ပိုင်ရှင်ဆိုသူParkJimin ဖြစ်နေသည်။
သူ့Hotelအခန်းလာဟု ခုမှ ဟိုဟိုဒီဒီလိုက်ကြည့်
မိကာ မောင် ဘာလုပ်ရမှန်းမသိ...။
Jimin ကိုသာကြောင်ငေးကြည့်နေသည်။

"Hotel ပိုင်ရှင်ဖြစ်လည်းရှင်ဒီလိုဝင်လာစရာလား
ဒါPersonal Case...ဘယ်လိုယဉ်ကျေးမှု
မရှိတာလဲ....."

"နင်ပြန်တော့"

တစ်မနက်လုံးဘာမှပြန်မပြောဘဲပါးစပ်ပိတ်နေသော
မောင့်ထံမှစကားစထွက်လာတာမို့ ထိုမိန်းကလေး
သည်Jimin ကိုရန်တွေ့နေရာမှမောင့်ဆီသွားပြန်သည်။

"ငါကဘာကိစ္စပြန်ရမှာလဲငါ့ကိုနင်အိပ်ဖူးတဲ့
တခြားမိန်းမတွေလိုထင်မနေနဲ့ငါကPublic
မှာအလုပ်လုပ်နေရတဲ့Model...
လူတွေလည်းငါ့ကိုတွေ့ကုန်ပြီ
နင်ယောကျ်ားမလား....ဘာလို့စားပြီးနားမလည်
လုပ်ချင်ရတာလဲ....."

စူးခနဲရောက်လာသောမျက်ဝန်းတစုံသည်
အခိုးတွေတောက်လောင်နေကာမောင့်ကို
ပြင်းပြင်းထန်ထန်ကိုကြည့်နေခဲ့သည်။

"နင်ပါးစပ်ကိုပိတ်ပြီး ငါပြန်တော့လို့ပြောနေတယ်နော်
သေသွားချင်လို့လား...."

"မပိတ်နိုင်ဘူး အစထဲကနင်လာမသာယာနဲ့လေ
ခုမှ ငါ့ကို ပြန်လို့ နင်လုပ်လို့မရဘူး....."

မောင့်လက်တစ်ဖက်သည်မြှောက်တက်လာကာ
ထိုမိန်းကလေးဆီရွယ်နေပြီ။စပ်စပ်စုစု
ချောင်းမြောင်းကြည့်နေကြသောလူအများရှေ့
ဒီ အမိုက်ရိုင်း၏ စရိုက်ဆိုးတွေသည်တစ်ခုလောက်
ပေါ်ရင်ကိုလုံလောက်ပြီ။
လှမ်းသွားလိုက်ကာ လက်ကိုဖမ်းထိန်းလိုက်ရသည်။

"ခုထိထွက်မသွားသေးဘူးလား!!!
တော်တော်သူများကိစ္စစိတ်ဝင်စားနေပုံပဲ...."

ထိုမိန်းကလေးသည်သူကြားဝင်လာတာနှင့်
ကျယ်ကျယ်လောင်လောင်ထအော်တော့သည်။

"စိတ်ဝင်စားတာပေါ့ နင်ပြဿနာလုပ်နေတာ
ငါ့တရားဝင်ယူတဲ့ငါ့ရဲ့ယောကျ်ားပဲဟာ.."

TaeHyung ခိုင်းလို့သာလုပ်ရသည်။
တကယ်တမ်းParkJimin ၏မျက်လုံးတွေနဲ့
ဒဲ့ဆုံတဲ့အခါ ပြာကျမတတ်ပဲ...။
ဒါပေမယ့်ငွေကလည်းယူပြီး၍အတတ်နိုင်ဆုံး
လုပ်စရာရှိတာလုပ်ရမည်။

"Jeon Jungkook ! ယောကျ်ားတဲ့ဘာတွေလဲ
ငါ့ကို ငါ့ကို နင် အစအဆုံးကို လိမ်ခဲ့တာပဲ...
ခုရှင်းစမ်း ဒီ ယောကျ်ားကဘာလဲ..."

သူများအပိုင်ယောကျ်ားနဲ့Hotelလာအိပ်ပြီး
သူကတပြန်ပြန်ရှင်းခိုင်းနေသောမိန်းကလေးသည်
ရူးနေတာတော့သေချာပါသည်။

လူဆိုးကောင်သည် မဟုတ်တာကလည်းလုပ်ပြီးပြီ
ဆုံလာသောအခြေအနေကို သူမရှင်းတတ်။
ပြန်တော့ တစ်ခွန်းသာ ထွက်လာနိုင်သည်။
ဒါမျိုးကျ မာယာပေါင်းသောင်းခြောက်ထောင်ကို
မသုံးနိုင်တော့ဘူး...။

ဆိုးဝါးလွန်းလှတဲ့အခြေအနေကြောင့်
ရင်ဘက်တွေအောင့်မျက်နေပေမယ့်
အရှုံးကတော့ပေးမှာမဟုတ်ပါ.....။
ဒီအခြေအနေကိုမြင်၍မျက်နှာလက်ဖြင့်အုပ်
ထွက်ပြေးရအောင်လည်း သူDramaမကြိုက်တတ်။
မျက်စိရှေ့တည့်တည့်ကမိန်းမသည်လည်း
သိပ်ရွံရှာဖွယ်ရာကောင်းနေပါသည်။

မျက်နှာပြောင်အတိုက်လွန်စွာ သူ့Hotel
နောက်တစ်ယောက်နဲ့လာအိပ်သော
မကောင်းဆိုးဝါးကို ဓားနဲ့တဆုံးထိုးချင်နေပေမယ့်
စိတ်အရမ်းလှုပ်ရှားမိရင် ဖြေရှင်းမှုတွေမှားသွားနိုင်သည်။
စကားလုံးတွေမြန်မြန်စီလိုက်ရသည်။

"ရှင်းနေစရာမလိုဘူး...ငါတို့တရားဝင်လက်ထပ်
ထားတာ တစ်နိုင်ငံလုံးအသိုင်းအဝိုင်း
တစ်ခုလုံးသိတယ်..မသိလို့ ဒီအမှားမျိုး
ကျူးလွန်မိတယ်ဆိုလည်း ခုချိန်မှာပြန်လိုက်လို့ရပြီ"

MD Parkသည် အေးအေးဆေးဆေးပြောလာသည်။

"လွယ်လှချည်လား.....မိန်းမတစ်ယောက်ရဲ့
ဘဝကို ဒီလိုအပျော်ကြံလ်ို့်မရဘူးလေ"

"JeonJungkookကငါ့တစ်ယောက်ကိုပဲ
အတည်ကြံတာမလို့ အားတော့နာပါတယ်....

"Jimin.....အိမ်ပြန်တော့...."

မောင်သည် ဆိုင်သူလေးနှင့်ထိုမိန်းမကို
ခွဲဖို့လက်တွေလှမ်းခဲ့ပေမယ့် လုံးဝအထိမခံခဲ့..။
နာကျင်လွန်းသောမျက်လုံးများဖြင့်တချက်စိုက်ကြည့်
ပြီးမျက်နှာပြောင်တိုက်လွန်းသောမိန်းမအပေါ်မှာသာ
အာရုံတွေအပြည့်ရှိနေသည်။

"ဟုတ်ရဲ့လား အတည်မကြံလို့ကျမနဲ့
လာအိပ်နေတာပေါ့...ယောကျ်ားကို
ပိုင်ချင်ယောင်ဆောင်မနေနဲ့
အချစ်လည်းမခံရလ်ို့မာန်တင်းပြီး
သန်မာချင်ယောင်ဆောင်နေတာမျိုးကရီစရာကောင်းတယ်....."

ဖျင်းခနဲ.....။ဒေါသသည်အရှိန်အဟုန်နဲ့
လှိုက်စားလာကာ မျက်လုံးတွေမီးတောက်သွားသည်။
စတွေ့တွေ့ချင်းတုန်းကဒေါသထက်
ဒီဒေါသကပိုကြီးလာပါသည်။
ဆိုင်သူလေး၏မျက်နှာသည်လုံးဝမာကြောသွားခဲ့ပြီ။

ဒါကပြောရမယ့်TaeHyungပြောခိုင်းခဲ့တဲ့
စကားတွေ ...။ပြောပြီးပြီချင်းParkJimin
၏မျက်နှာသည် အခန်းထဲပြေးထွက်ချင်မိတဲ့အထိ
ကြောက်စရာအတိ....။

ဒုန်းး

ကြောက်သွားရုံပဲရှိပါသေးသည် လည်ပင်းကနေ
ဆွဲကိုင်ကာJeonJungkookကနံရံကိုပြေးကပ်ပြီး
အသက်ရှူလို့မရအာင်ဖိကပ်ထားတော့သည်။

"နင့်ကိုငါပြန်တော့လို့ပြောရင်ပြန်လိုက်လေ..
နင်နဲ့ငါ ဘာမှမဖြစ်တာနင်သိတယ်
ငါနင်လိုမိန်းမမျိုးကိုထိဖို့လက်တွေ့မပြောနဲ့
အတွေးနဲ့တောင်မမှားဘူး...
နင်လာစမ်းသပ်တဲ့သူ မှားသွားပြီ
စောက်ပါးစပ်ပြီးနင်သွားလိုက်တော့
ထပ်ပြောရင် ငါအလောင်းပါဖျောက်ပစ်မှာ...."

မောင်သည်နံရံမှကြမ်းပြင်ပေါ်သို့
တွန်းချလိုက်သည်။

"မိုက်ရိုင်းတဲ့ကောင်..နင်ဘယ်လောက်
လည်လည်ငါနင့်ကိုအရှက်ခွဲပြမယ်!!!
ယောကျ်ားရှေ့ကျတမျိုး ကွယ်ရာကျ
တမျိုးနဲ့ မျက်နှာအမျိုးမျိုးနဲ့ကောင်
နင့်မှာအိမ်ထောင်ရှိရင်
အစထဲကငါနဲ့ပတ်သတ်ဖို့မလိုဘူးလေ
ငါကလာချဉ်းကပ်တယ်ဆိုတောင်
နင်ဘာလို့သာသာယာယာနေနေသေးလဲ..."

ဆုပ်ထားရသောလက်တွေသည်ကျိုးသွားမတတ်။
အခြေအနေသည်ကြမ်းတမ်းလွန်းအားကြီးတာ
ကြောင့်ဝန်ထမ်းတွေပင်အသီးသီးရှောင်ဖယ်
ထွက်သွားကြသည်။ ဆို့တက်လာသောလည်ချောင်း
တွေနှင့်ပူပြင်းနေသောရင်တစ်ခုလုံး...။

ငါ့သိက္ခာတွေ အရှက်တရားတွေ မာယာတွေဆိုတာ
သိပေမယ့် တစ်ခုတစ်လေများတော့စစ်မှန်မှာပါဆို
တဲ့ ရှက်ဖွယ်ရာအတွေးလေးတွေသည်
စိတ်ကိုသတ်လာသည်။

လမ်းဘေးမိန်းမတစ်ယောက်ရဲ့လက်ညိုးငေါက်
ငေါက်ထိုးစော်ကားခံနေရသောအဲ့ဒီယောကျ်ားရဲ့
မျက်လုံးတွေကိုမုန်းလိုက်တာ.....။
ပြန်ပြောလေ....မပြောတတ်ဘူး...ကိုယ်နဲ့သာ
စကားတွေသိပ်တတ်ပေမယ့် ဒီလိုကျပြူးကြည့်တယ်
ကိုယ်ထိလက်ရောက်ကြမ်းတမ်းတာမျိူးပဲ
သူတတ်နိုင်တယ်....။

တုန်ရီလာအထိထွက်လာတဲ့ဒေါသတွေသည်
လူကိုသေသွားစေနိုင်တဲ့အထိ....။

ရှက်နေပေမယ့် နာနေပေမယ့် Jeon JungKook
ကိုထိုးနေတဲ့လက်ညိုးနဲ့ အဆက်မပြတ်စော်ကား
နေသောပါးစပ်ကို တခုခုကလုပ်ချင်လာပြီ။

"ပိုက်ဆံရှိတယ် ချမ်းသာတယ်ဆိုပြီး
မိန်းမတစ်ယောက်ကိုငွေပုံပေးလိုက်မယ်
နင်မစဉ်းစားနဲ့...."

ဖြောင်းခနဲရိုက်ခံလိုက်သောJeonJungkook
ရဲ့ရင်ဘက်တွေ...ပိုင်ပိုင်နိုင်နိုင်ကို
သူမကရိုက်ပုတ်ပြောနေတာ...
ကြယ်သီးမတပ်ထားသောရင်ဘက်သည်
ရဲခနဲ....လျှပ်ထိသွားသောလက်သည်းရာတောင်
အစစ်ပါလိုက်သည်။

"ငါဘာဆက်လုပ်ရမှာလဲ....နင်ပြော!!!
နင် နင့်ယောကျ်ားကို တစက်ကလေးမှ
မချစ်လို့ စိတ်မဝင်စားလို့တောင်
တနေ့တနေ့Clubမှာပုံစံမျိုးစုံနဲ့လာပျော်နေတာမလား
ဘာလို့ရှေ့ရောက်မှာ အချိုးကပြောင်းရတာလဲ.!!!!"

နောက်တစ်ချက်ထပ်ရိုက်ကာထိုမိန်းမက
ပေါက်ကွဲပြန်သည်။နီရဲသွားသောရင်ဘက်နှင့်
လက်သည်းရာအစင်းလိုက်ကြီးသည်
သူပိုင်တဲ့ယောကျ်ားရဲ့ခန္ဓာကိုယ်မှာ...
သူပဲရိုက်မည် သူပဲနာအောင်လုပ်မည်...

ဘာမဟုတ်တဲ့မိန်းမတစ်ယောက်ရဲ့
လက်သည်းရာက JeonJungkook
ရင်ဘက်တွေနဲ့တူသလား တန်သလား...
ဒီမကောင်းသောမောင် ကို သတ်ချင်နေပေမယ့်
စော်စော်ကားကားအပြုအမူခံရပြန်တော့
ဆိုင်သူလေးမရခဲ့.......။

ငယ်သေးလို့အစွမ်းကုန်အလိုလိုက်ထားရတဲ့
အိမ်ကအငယ်ဆုံး......အရှက်ကွဲခဲ့ရလို့
အသေသတ်မှာကနောက် ရဲရဲတင်းတင်း
သူ့အပိုင်ယောကျ်ားကို ထိလို့ ပေါက်ကွဲထွက်လာတာက
အရင်ပဲ.....။

"ငါ့ကိုတာဝန်ယူ..!!!!!!Jeon......"

ဖြောင်းးးး

အရှိန်သည်ပြင်းလွန်းတာကြောင့်ထိုမိန်းကလေး
သည်အခန်းထောင့်အထိလွှင့်ပျံထွက်သွားသည်။
MD Parkသည် အင်္ကျီလက်ကကြယ်သီးတွေအား
ဖြုတ်ကာဆွဲတင်လိုက်သည်။
တံခါးအားLockသွားချလိုက်ကာအခန်းထောင့်က
မိန်းကလေးဆီလျှောက်သွားလိုက်သည်။

"ယောကျ်ားနဲ့မိန်းမမှာ နင်ပါလို့ဖြစ်လာတဲ့ကိစ္စ
နင်ငြင်းရင် JeonJungKookလို
ကောင်မျိုးကမရမကလိုက်နေမှာမဟုတ်ဘူး
သေချာတယ်ငါနဲ့သူ မင်္ဂလာဆောင်တာတရားဝင်လက်
ထပ်ထားတာအကုန်သိတယ်မသိချင်ယောင်လာမဆောင်နဲ့
အစထဲက အိမ်ထောင်ရှိတဲ့ယောကျ်ားကို
နင်ပတ်သတ်တာ တကယ်တမ်းတရားစွဲရမှာကငါ
နင်အိပ်နေတာ ငါ့ယောကျ်ား...ငါ့Hotelမှာ
ငါ့ကိုမြင်တာနဲ့ ထွက်ပြေးရမယ့်ဟာ
ဘယ်လိုဖြစ်လို့ လူပါးလာဝနေတာလဲ.....
ပြီးတော့ ငါကဒီမြင်ကွင်းကိုသွေးပျက်လိမ့်မယ်
နင်ထင်နေလား သူအိမ်အထိခေါ်လာသာယာတာ
တောင် စောက်ဂရုလုံးဝမစိုက်ခဲ့ဖူးဘူး..."

KimTaeHyungကိုပြေးခေါ်ချင်လာပြီ..။
သူပြောတော့သိပ်လွယ်မှာပါဆိုပြီး ParkJimin
ကJeonJungkookအစတစ်ရာကြောက်စရာပို
ကောင်းပါသည်။သွေးထိုးဖို့နေနေသာသာ
သူမသွေးပျက်နေပြီ...။
ဆံပင်ဆွဲဆောင့်ခံရပြီးမျက်လုံးချင်းယှဉ်ပြိုင်
ကြည့်ရတဲ့အခါ ထိုမိန်းကလေးသည် ချက်ချင်း
ဖြူလျော်သွားခဲ့ပါသည်။

"ဆံပင်ကနေဆွဲပြီး တောက်လျှောက်Hotel
အပြင်အထိ ဆွဲထုတ်သွားပေးရမလား
နင့်အသိစိတ်ဓာတ်နဲ့နင်ပြန်မလား...."

JeonJungkookကိုလှမ်းကြည့်တဲ့အခါ
မတ်တပ်ရပ်နေသည်။နှစ်ယောက်ပေါင်းအနိုင်ကျင့်
နေသလိုခံစားရတာကြောင့်သူမဆက်လုပ်နေရင်
နှစ်ယောက်ပေါင်းပြီးတကယ်အလောင်းဖျောက်
ပစ်မှာသေချာနေတာမို့ မအောင်မြင်ပါ....
သူမရပ်မှဖြစ်တော့မည်...။လိုချင်တာက
စိတ်နာရှက်ရွံကာထွက်ပြေးသွားမှာကိုခုအခြေအနေသည်
မဟန်တော့ပါ...။

"ကျေနပ်တယ်လို့မထင်နဲ့ နင်တို့နဲ့ငါ
ပြန်တွေ့မယ်......"

ထိုလက်ညိုးသည်ထိုးတုန်း..မျက်စောင်းအကြီးကြီး
ဖြင့်ယူစရာရှိတာယူပြီးနောက်ဖရိုဖရဲဖြင့်
ပြေးထွက်သွားခဲ့သည်။

ဆိတ်ငြိမ်သွားသောအခန်းထဲတွင်နှစ်ယောက်ထဲ
သာကျန်ခဲ့ပြီးမောင်က စကားစပြောလာသည်။

"Jimin......."

အေးတိအေးစက်တစ်ချက်မျှသာကြည့်ပြီး
စကားတစ်ခွန်းမှမပြောဘဲထွက်သွားခဲ့တဲ့သူ။
မောင်ပြေးလိုက်ရမလား...ဘာလုပ်ရမလဲဆိုတာ
အလောတကြီးစဉ်းစား၍မရပါ....။
အိပ်ရာပေါ်မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားလျှက်
ဘယ်ကစပြောပြမယ်ဆိုတာကိုစကားလုံးတချို့စီ
နေရသည်။

"TaeHyung....အခြေအနေက......လေ...."

ပြိုင်ကားလှလှလေးပေါ်တွင် အနီရောင်LongCoat
လှလှလေးနဲ့TaeHyungသည် နေကာမျက်မှန်
အရောင်ဆန်းလေးနှင့်Hotelရှေ့တွင်သီချင်း
ငြိမ့်ငြိမ့်လေးဖွင့်ကာခေါင်းတညိတ်ညိတ်ဖြင့်......။
Hotelထဲမှ တင်းမာလွန်းသော မျက်နှာမျိုးဖြင့်
ထွက်လာသော သခင်သည်....ညို့မှိုင်းနေလျှက်။
TaeHyungနှုတ်ခမ်းတွေကွေးညွတ်သွားကာ
လိုချင်တာ ဒါဖြစ်ကြောင်း ဒီတစ်ခါမလွဲတော့ကြောင်း
ကိုယ့်ကိုကိုယ်သိပ်ကျေနပ်သွားခဲ့သည်။

"အခြေအနေကကွက်တိပဲ...နင်တော်တယ်
ကွဲပြီမလား သူတို့....."

"ငါပြောပြမယ် TaeHyung...."

"ရပါပီ ဒီလောက်ဆို.....သူ့ခေါင်းထဲကို
ငါ့ထည့်ခိုင်းတာတွေထည့်ပေးလိုက်တယ်ဆိုရင်ကို
အိုကေတယ်...ကျန်တာကအဲ့လောက်အရေးမကြီးဘူး
ငါဖုန်းပိတ်လိုက်တော့မှာမလို့ ထပ်မခေါ်နဲ့တော့
ဒါပဲ......"

သခင်သည် ကားဆီကိုသွားကာအရှိန်ပြင်းစွာ
မောင်းထွက်သွားတော့သည်။TaeHyungသည်
သီချင်းအသံနည်းနည်းချဲ့လိုက်ကာသခင့်ကား
နောက်မှကပ်လျှက်လိုက်လာခဲ့သည်။

ကားမောင်းနေရင်းဝဲတက်လာသောမျက်ရည်
တွေကိုမကျအောင်တင်းခံထားသည်။
ကျရင်ရှုံးမှာမို့ အံကြိတ်ထားကာရည်ရွယ်ရာ
အရပ်မရှိပေမယ့်Hotelကလူတွေရဲမျက်နှာကို
ထပ်ကြည့်ဖို့ဆိုတာက သေလောက်အောင်ရှက်ဖို့
ကောင်းနေတာမို့ပြေးထွက်လာသည်။

Barတစ်ခုဆီကိုမောင်းသွားလိုက်သည်။
ဘဝက ဘယ်လိုနေနေ ဘယ်လိုကြိုးစား
ဘယ်တော့မှအဆင်မပြေနိုင်တော့တာသေချာ
ပြီမလို့ စိတ်ဓာတ်လည်းကျသည်။
သတ်ပစ်ချင်နေပေမယ့် အင်အားတစ်ခုမှမရှိ
တော့တာကြောင့် ဒီလိုအရေးကိစ္စမျိူးကို
ဘယ်လိုဦးနှောက်နဲ့ဘယ်လိုများတွေးပြီးလုပ်ရက်သလဲ
ဟုစဉ်းစားမိတိုင်း အသက်ရှုကျပ်လာသည်။

သခင်သတိမထားမိမယ့်ထောင့်ဝိုင်းလေးကနေ
ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။

တောင်းပန်ပါတယ်....ကျတော်လိုချင်လို့ပါ.....။
နာကျင်သွားမှာသိပေမယ့် ရှက်ရွံ့သွားမှာကို
နားလည်ပေမယ့် သခင်သူ့ကိုဆက်တွယ်တာဖို့
မဖြစ်နိုင်တော့ဘူးဆိုတာတော့သေချာသိသွားပြီမလား။

မှာသောက်နေသောအရက်ခွက်လေးသည်
အရောင်တလဲ့လဲ့....။အရက်ခွက်လေးကိုင်ကာ
တွေးဆဆလုပ်နေပုံလေးသည်..ကြည့်နေရင်းကို
စွဲလန်းလာရပြန်သည်။

အမူးသောက်ကာမှောက်ကျသွားချင်နေသော
သခင်သည် တစ်ခွက်ပြီးတစ်ခွက်အဆက်မပြတ်
သောက်နေခဲ့သည်။TaeHyungပြုံးယဲ့ယဲ့နဲ့သာ
ငေးကြည့်နေပြီး မှောက်ကျသွားနဲ့ ချီပြေးဖို့
စောင့်နေခဲ့သည်။
ပြီးရင်တော့ ပြန်မပေးတော့.....။
လွတ်ရာလွတ်ကြောင်းခေါ်ကာအဝေးကိုထွက်ပြေး
တော့မည်....။သခင်လည်းဘာမှနှောင်တွယ်နေမှာ
မဟုတ်တော့....စိတ်ပြတ်အောင်သူလုပ်ခဲ့ပြီးပြီပဲ...။

စားပွဲပေါ်လက်ချောင်းသွယ်သွယ်လေးတွေနဲ့
တတောက်တာက်ခေါက်ကာစောင့်နေပေးသည်။
လေးစားရပါသည်...ခုထိမျက်နှာတစ်ချက်မပျက်
မျက်ရည်တစ်စက်မကျ...ခပ်တည်တည်နှင့်
အရက်ထိုင်သောက်နေပုံသည် ပုံမှန်လိုပဲ....။

သခင်အများကြီးမသောက်နိုင်ပါ...
ကြည့်နေရင်းမှာပဲတဖြည်းဖြည်းစားပွဲပေါ်
ခေါင်းလေးမှောက်ကျသွားပြီ။

"သူဘယ်လောက်ကျလဲ......"

ကောင်တာမှာငွေရှင်းပေးပြီးတဲ့အခါ
သခင့်ကိုဆွဲထူကာတွဲတော့ လုံးဝအသိစိတ်မရှိတော့။
နောက်ဆုံးတော့ ခါးသေးသေးလေးကို
ပိုင်ပိုငိနိုင်နိုင်ဆွဲဖက်ကာ မူးနေတာကြောင့်
မှောက်ကျလာသောသခင့်မျက်နှာလှလှလေးက
သူ့ပုခုံးပေါ်မှာ...။

"ဘယ်.....သူ...လဲ?"

"ယောင်း ပါ ဗျာ....."

အာရုံတစ်ခုလုံးလွင့်နေတာဩရှရှအသံကို
ကြားရုံကလွဲ Jimin မျက်လုံးတွေလည်း
ဖွင့်မကြည့်နိုင် မှီတွယ်သာနေချင်သည်။
လှဲချအိပ်လိုက်ချင်သောစိတ်သာရှိနေသည်။

ဂရုတစိုက်တွဲခေါ်ကာ ကားထဲကိုထည့်လိုက်ပြီး
ခါးပတ်ပတ်ပေးလိုက်သည်။
ခါးပတ်ပတ်နေတုန်း မျက်နှာလေးကိုအနီးကပ်ထပ်
မြင်ရတော့ TaeHyung...ကမ္ဘာမူးနေပေမယ့်
လှိုက်မောစရာအတိ...။

TaeHyungသည် ကားဖြည်းဖြည်းပဲမောင်း
ကာလက်ရှိသွားလို့အဆင်ပြေမယ့်နေရာကို
ပဲရွေးချယ်ကာမောင်းလိုက်သည်။
သူ့အိမ်သွားလို့လည်းအဆင်မပြေသလို
တခြားနေရာတွေလည်းအဆင်မပြေ..။
ချောင်ကျကျ သတိမထားမိစရာ အိမ်တစ်အိမ်ကို
ခေါ်သွားပြီး ကျန်တာဆက်စီစဉ်ရမည်။

သေချာလုပ်ရင်လုံးဝမလွဲဘူး...။

......

"TaeHyungကို မိုးလင်းထဲကဖုန်းခေါ်လ်ို့မရဘူး
ပိတ်ထားတယ် ဘယ်မှာလဲငါ့ကိုရှာပေးကြစမ်း...."

"ကျတော်တို့တောက်လျှောက်လိုက်နေပေမယ့်
သတိတစ်ချက်လွတ်တဲ့အချိန်မှာ ပျောက်သွားတာပါ"

"တခုခုဖြစ်နေရင်မင်းတို့အသေပဲ...
ကားစီစဉ် လိုက်ရှာရမယ် ဘယ်တုန်းကမှဖုန်းပိတ်
ထားတတ်တဲ့သူမဟုတ်ဘူး မဟုတ်တာလုပ်နေရင်
တောင် လိမ်ဖို့ ကိုင်တဲ့ကောင်...ငါစိုးရိမ်လို့
သေတော့မယ်...."

"ဟုတ်ကဲ့ပါ...ကျတော်တို့ခုလူတွေဖြန့်ရှာပါ့မယ်...."

မနက်မိုးလင်းတာနှင့် မနက်စာစားရန်
ခေါင်းလျှော်တယ်ဆို စင်အောင်သုတ်ထားရန်
အားဆေးတွေသောက်ရန်...ရေမွှေးနံ့လေးရွေး
ပေးတာက အစMinYoongiကမထင်ရပေမယ့်
သိပ်နူးညံ့ပေးတဲ့သူ...။

ကြွေရုပ်ကလေးလို ကောင်လေးကိုရထားတဲ့အတွက်
ကြွေဆိုတဲ့အတိုင်း ထိလွယ်ရှလွယ်မို့
MinYoongiက သိပ်ဂရုစိုက်ခဲ့သည်။
နေ့စဉ်နေ့တိုင်းအမူအကျင့်ပုံသေနည်းတွေမို့
ဒီနေ့မနက်တော့ဖုန်းပိတ်ထားသူဟာ
နေ့လည်ရောက်တဲ့အထိ ပွင့်မလာ....။

အစကသိပ်စိတ်မပူပေမယ့်ထယ်အခုတလော
ထိန်းရသိမ်းရသိပ်ခက်နေတာမို့မဟုတ်တာ
အကြီးကြီးလုပ်နေမှာကိုအာရုံတွေရနေသည်။
ယူစရာယူကာ MinYoongiသည်အလုပ်တွေအားလုံး
ကိုထားခဲ့ပြီး ရှာဖွေရန်ထွက်လာခဲ့သည်။

............

မောင်သည်စိတ်ငြိမ်သွားပြီးဟုယူဆ၍ရသော
အချိန်တွင် ဆိုင်သူလေးနဲ့စကားပြောရန်
အိမ်ကိုပြန်လာခဲ့သည်။
စိတ်ဆိုးကာ အိမ်ပြန်အိပ်ရင်အိပ်နေ မအိပ်ရင်
သူ့မိဘအိမ်လည်းပြန်သွားနိုင်ပါသည်။
ဒါကလုပ်ကြံမှုတစ်ခု....ထိုမိန်းမကိုထိပင်မထိခဲ့တာမို့
မောင် လိပ်ပြာလုံသည်။
စိတ်ကိုရှည်ရှည်ထားကာ နားဝင်အောင်ရှင်းပြဖို့
ဆုံးဖြတ်ပြီးပြန်လာနေသည်။

မမှားထားတဲ့အတွက်မောင်အရမ်းတော့တုန်လှုပ်မနေ...။
မောင်ဟာ..မလိမ္မာသေး...။
မောင့် အပိုင်းအစတချို့တွင် တယူသန်တွေကျန်နေသေး
သည်။

"ဘာ!!!အိမ်ပြန်မလာဘူး ....."

"ဟုတ်ကဲ့ သခင်လေး တစ်ခါမှပြန်မလာပါဘူး.."

မောင်သည်Jimin အိမ်ကိုလှမ်းဆက်ကာ
ထပ်မေးပေမယ့် လိုချင်တဲ့မဖြေမရခဲ့...။

"ဘယ်ကိုရောက်နေပြန်တာလဲ..
သူ့ဖုန်းနံပါတ်သိလား ပေး...."

"သခင်လေး မသိဘူးလား ခုထိ...."

"မသိတော့ မင်းတို့ဘာဖြစ်ချင်လဲ
ငါပေးဆိုပေးစမ်း......"

"ဟုတ် ဟုတ်...."

ဖုန်းဝင်သွားပေမယ့် ချပစ်သည်...။
နောက်တစ်ခါထပ်ခေါ်တဲ့အခါစက်ပိတ်သွားတဲ့ဖုန်း...။

နာရီကိုလှမ်းကြည့်တော့ညနေသုံးနာရီ...
သိပ်တော့လည်းနောက်မကျသေးပါ...
တနေရာရာသွား ဒေါသတွေဖြစ်နေပြီးအချိန်တန်
ရင်တော့အိမ်ပြန်လာမှာပဲ....။

"မနက်ကတော့ သခင်လေးပြန်မအိပ်လို့
မေးနေသေးတယ်...."

စကားတလုံးမှမပြောသွားဘဲနောက်ဆုံးကြည့်
သွားသောအကြည့်သည် ဘာကြောင့်မှန်း
မသိအနည်းငယ်လှုပ်လှုပ်ရှားရှား...။
အဆုံးအထိငါမင်းကိုစိတ်ကုန်စိတ်ပျက်သွားပြီ
လို့အသံတိတ်ပြောပြသွားသည်။

"ခေါ် နေ အဲ့ဖုန်းကို ပွင့်လာပြီး
ကိုင်တာနဲ့ ငါ့ကိုလာပေး....
ခုလောလောဆယ် ခေါင်းတွေအရမ်းကိုက်နေလို့
တစ်ခုခုစီစဉ်ပေးပါ..."

ဘယ်လောက်တောင်မတန်တဆလုပ်ကြံသလဲ
မသိ...ခေါင်းသည်တူနဲ့ထုခံနေရသလို
ဆိုးဆိုးဝါးဝါး...။မောင်သည်ဆိုဖာပေါ်ပစ်လှဲ
လိုက်ကာမျက်လုံးတွေခဏမှိတ်ထားပြီး
ငြိမ်နေလိုက်သည်။

.............................

"ကျွန်တော့်ကိုယုံ...JungHoseokလက်ရာ
ဟာ လုံးဝကြွနေရမယ်....ပုံမှန်Customer
ပဲဗျာ...လျှော့ယူမှာပေါ့....
ခုရက်ပိုင်းတွေတော့...မလာသေးနဲ့အုန်း
မအားသေးလို့....ဟုတ်..ဟုတ်ကဲ့....."

ဆိုဂျူပုလင်းအိတ်နဲ့ကြက်ကြော်တစ်ဗူး
ဆွဲကာရှုပ်ရှုပ်ပွပွဒီဇိုင်းနဲ့ ခပ်ကျယ်ကျယ်
စကားပြောကာ ဆိုင်ပိတ်ပြီး အိမ်ပြန်လာသော
Hoseokသည် လုံးဝလွတ်လွတ်လပ်လပ်...။

အနက်ရောင်ဆံပင်တွေကြားထဲက
ပန်းရောင်ဖောက်ထားသောဆံပင်တွေ
ဒီဇိုင်းအဆန်းဆုံးတွေကိုသာဝတ်တတ်ပြီး
သိပ်စမတ်ကျသောလမ်းလျှောက်ပုံသည်
ကြည့်ရုံနဲ့ကို ဒီလူဘယ်လောက်Bright
ဖြစ်လဲတန်းသိနိုင်စရာ...။

Hoseok က Artistတစ်ယောက်ဆိုပေမယ့်
သိပ်ကြီးကြီးကျယ်ကျယ်တော့မနေ..။
စိတ်ကြိုက်ဖန်တီးလို့ရမယ့်ခေါင်းမိုးထပ်တိုက်
ခန်းတစ်ခုကိုဝယ်ထားပြီး မျက်စိတွေရှုပ်နေအောင်
အလှဆင်ထားရင်း တစ်ယောက်ထဲပျော်နေတတ်သည်။
Hoseokအိမ်ကိုဘယ်သူမှမသိ..။
ဒီလိုနေရာမျိုးနေမယ်လည်းမထင်ကြ...။
စိတ်ကူးယဉ်ပုံဖော်နေရသောArtistတွေဟာ
အနည်းအပါးတော့နားလည်ရခက်တတ်သည်။

"အမေ့!!!!!!"

ကိုယ့်Feelနဲ့ကိုယ် ဖုန်းပြောပြီးသီချင်းတညီးညီး
နဲ့ဆိုင်သိမ်းအိမ်ပြန်သော ညနေစောင်းမိုးချူပ်စ
အချိန်တွင် တံခါးဝမှာ ထိုင်နေသော
KimTaeHyung...။
အနီရောင်LongCoatကြီးနဲ့စိတ်ရူးပေါက်လာပြန်ပြီထင်
သည်။

"TaeHyung....ဘာလုပ်နေတာလဲငါ့အိမ်ရှေ့မှာ...."

TaeHyungကိုမှီကာမူးနေတဲ့ပုံပေါ်သော
လူတစ်ယောက်သည်လဲပြိုနေသေးသည်။

"စောင့်နေတာ မင်းအိမ်မှာခဏနေချင်လို့..."

"ဘာလဲ ဘယ်သူတွေခေါ်လာပြန်ပီလဲ
ငါ့ကိုMinYoongiသတ်လို့သေမယ့်အကွက်တွေ
မလုပ်နဲ့နော်...."

"တံခါးဖွင့်စမ်း......ငါတို့အေးနေပြီ...."

"ဇယားကိုနောက်တယ် မင်း....."

Hoseokသည် အိမ်သော့အားထုတ်ကာ
စိတ်ရှုပ်သွားသောမျက်နှာမျိုးဖြင့်
ဖွင့်နေတုန်း KimTaeHyungက
မှီထားသောလူကိုဆွဲမတဲ့အခါ ထင်ခနဲလင်းခနဲ
ပေါ်လာသောမျက်နှာကြောင့်Hoseokမျက်လုံး
တွေပြူးထွက်ကာသော့ပင်ထွက်ကျသွားသည်။

"ဟေ့ကောင်!!!!...."

"ဘာလဲ ကွာ...မြန်မြန်ဖွင့်လို့......"

"ParkJimin...ParkJimin မလား.....
ဟုတ်ပါတယ်သေချာတယ်....မင်းဘာလုပ်လာတာလဲ
TaeHyung......"

"ခေါ်လာတာလေ....ဘာပြဿနာရှိလို့လဲ...."

"Jungkook ယောကျ်ားလေ....မင်းဘယ်လိုလုပ်
ခေါ်လာလို့ဖြစ်မလဲ....ရူးနေပြီလား
KimTaeHyung ရယ်..."

"ငါ့ကိစ္စပါ.....မင်းနဲ့မဆိုင်ဘူး..ဖွင့်မြန်မြန်..."

အဲ့တာပဲငယ်ငယ်လေးထဲကKimTaeHyung
ဆိုတာနားလည်ရခက်တဲ့လုပ်ရပ်တွေကို
လုပ်ပြီးထူးထူးဆန်းဆန်းတွေးခေါ်ယူဆတတ်တဲ့
သူ...။ခုနောက်ပိုင်းတော့အဆင်ပြေပြီလို့ထင်ခဲ့
ပေမယ့်KimTaeHyungရဲ့စိတ်ပိုင်းဆိုင်ရာဟာ
ဘာမှမပြောင်းလဲသေးပါလား။

ParkJimin ကလည်းလုံးဝလဲနေ၍တံခါး
မြန်မြန်ဖွင့်ကာTaeHyungကဂရုတစိုက်လေး
တွဲခေါ်လျှက် အိပ်ခန်းတံခါးကိုခြေထောက်ဖြင့်
ဆောင့်ကန်ဖွင့်ကာအိပ်ယာပေါ်ကိုသေသေချာချာ
နေရာချပေးသည်။

"TaeHyung.....ဘာတွေလုပ်နေတာလဲ
ငါ့ကိုပြောစမ်းပါအုန်း....မင်းဘာတွေ
မဟုတ်တာလုပ်မလို့လဲ...."

"Hoseok...ငါငယ်ငယ်ကမင်းကိုပြောပြဖူးတဲ့
ငါသိပ်စွဲလန်းတဲ့ အိမ်မက်တွေထဲက
သခင်ဟာ....သူပဲ....ငါရှာတွေ့ပြီမလို့...
ငါလိုချင်လို့..."

"TaeHyung......"

"လောကဘောင်တွေစည်းတွေကို
ငါနားလည်ပေမယ့် ငါစောင့်သိရမှန်းသိပေမယ့်
ငါ မကောင်းတဲ့လူပဲ လုပ်လိုက်တော့မယ်
သခင့်ကိုရရင်ပီးရော ငါဘာကောင်ဖြစ်ဖြစ်....
အဆင်ပြေတယ်...."

ပြဿနာအကြီးကြီး...တွေးရုံနဲ့တင်မတွေးကြည့်ရဲ
နိုင်စရာ....။MinYoongiနဲ့JeonJungKook
မျက်နှာကိုတစ်ယောက်ချင်းစီမြင်လာတော့
Hoseok...တော်တော်လေးသွေးပျက်သွားပြီ။

" ငါနဲ့သူ နှစ်ယောက်ထဲနေချင်လို့
မင်းဝင်မလာနဲ့....သွားတော့..."

"ထယ်....မှားနေပြီ....."

ဘာမှပြန်မပြောတော့...အိပ်ယာအစွန်းတွင်
ထိုင်ကာမူးပြီးအိပ်ပျော်နေသူ၏ဆံပင်တွေကို
သပ်တင်ပေးနေသည်။Hoseokသည်
ဘယိအချိန်ဘယ်သူများအိမ်တံခါးခေါက်မလဲ
ရင်တထိတ်ထိတ်နှင့်......။

................

ဖျက်ကနဲလန့်နိုးတဲ့အခါမိုးချူပ်နေပြီ....။
ဆိုဖာပေါ်ခေါင်းကိုက်လို့မှေးရင်းအိပ်ပျော်သွားခဲ့ခြင်း။
နာရီကိုကြည့်တဲ့အခါ ည၇နာရီ.....။
မိုးချူပ်နေပြီ....။
သူ့အတွက်စောပေမယ့် ParkJimin အတွက်က
တော့အရမိးနောက်ကျနေသောအချိန်တစ်ခု...။
ခြောက်နာရီအရောက်အိမ်ပြန်ဝင်ရမှာပဲ..။
စိတ်ဆိုးဆိုးစိတ်ကောက်ကောက် ဘာဖြစ်ဖြစ်...။

"ပြန်မလာဘူးလား....ဖုန်း..ဖုန်းခုထိမဖွင့်သေးဘူးလား"

"မဖွင့်ဘူးသခင်လေး....နောက်တော့
ကျနေပြီ..."

မောင်...ဆိုဖာပေါ်မှမြန်မြန်ဆန်ဆန်ထကာ
စိတ်တွေလှုပ်ရှားနေပြီ။မကျေနပ်ရင်မျက်နှာချင်း
ဆိုင်စိတ်ရှိသလိုရှင်းလို့ရတဲ့ကိစ္စတော်ရုံလောက်ဆို
ရပြီလေ.....။ည၇နာရီကမဖြစ်ဘူး...။
အရွဲ့အစောင်းလည်းပိုင်နိုင်တဲ့သူဟာ
တနေရာရာမှာ သူလက်မခံနိုင်စရာတစ်ခုခုများ
လုပ်နေသလား....။

"တောက်!!"

မောင်အကြာကြီးထိုင်စဉ်းစားသည်။
မျက်လုံးတွေသည်ဟိုရောက်ဒီရောက်....
နောက်ဆုံးတွင်ခေါင်းထဲကိုအတွေးတစ်ခုရောက်လာခဲ့
သည်။

ဟိုတစ်ခါလို....သူနဲ့ရန်ဖြစ်လို့ Coffeeဆိုင်မှာ
ရည်းစားဦးကိုရင်ဖွင့်နေမှာလား.....။

မောင်က NamJoonကို သိပ်မနာလိုဖြစ်ခဲ့သည်။
အေးအေးချမ်းချမ်းပုံစံ လူကြီးလူကောင်းပုံစံ
တည်ငြိမ်ရင့်ကျက်မှုအပြည့်နဲ့KimNamJoon
သည် သူနဲ့ယှဉ်လိုက်တိုင်း သူကသုညအောက်ကျကာ
အနူတ်တွေထွက်တဲ့အထိ...။

Jimin နဲ့ လိုက်ဖက်မယ့်သူသည် သေချာပေါက်
KimNamJoonလိုပုံစံမျိုးဆိုတာကလေးတောင်
သိနေ၍ သူကိုယ်တိုင်လည်းသိနေ၍
မနာလိုခဲ့ပါ....။

ခုလည်းနောက်ကျနေသောအချိန်မှာ
လက်ကလေးတွေကိုင်ကာအားပေးနေအုန်းမှာလား..။
လှုပ်ရှားနေသောစိတ်မှာအဖြူအမဲ
ဖြစ်နိုင်၏ မဖြစ်နိုင်၏ မသိ....။
မောင် ကားသော့ဆွဲကာ အိမ်ထဲမှပြေးထွက်သွားသည်။

ပြင်းထန်လှသောအရှိန်ဖြင့်ကြမ်းကြမ်းတမ်းတမ်း
မိုင်ကုန်မောင်းပြီးလို့စာအုပ်ဆိုင်နားရောက်တဲ့အခါ
ည၈နာရီဖြစ်နေပြီ။

မောင်ဟာ....ကားပေါ်မှမိုက်တိမိုက်ကန်းဆင်းကာ
မီးရောင်ခပ်မှိန်မှိန်စာအုပ်ဆိုင်ဆီကို
ခပ်မြန်မြန်လျှောက်သွားခဲ့သည်။
ဆိုင်ပိတ်နေသော KimNamJoonသည်
စာအုပ်တွေပြန်စစ်နေတဲ့ပုံ....
ဆိုင်ထဲကို မောင် ဝင်လာတော့ ကြည့်လာသည်။

"ဆိုင်ပိတ်နေပြီ ညီ......"

"ParkJimin ဘယ်မှာလဲ......."

မေးခွန်းသည်ဆိုးဝါးလိုက်တာ.....။NamJoon
စာအုပ်တွေကိုစင်ပေါ်တင်လိုက်ပြီးနောက်
JungKookဆီလျှောက်သွားလိုက်သည်။

"ဘာဖြစ်လို့လဲ .....တစ်ခုခုဖြစ်လို့လား.....
ကိုယ်မသိဘူး....ကိုယ်နဲ့သူအဆက်အသွယ်မရှိဘူး.."

"မလိမ်နဲ့နော်....ပျောက်နေတယ် ခုထိအိမ်ပြန်မလာလို့
ခင်ဗျား သိနေတယ်ဆို ချက်ချင်းပြော..."

"ကိုယ်တကယ်မသိတာပါ..ဘာပြဿနာတွေ
တက်လို့လဲ...ခုထိအိမ်မပြန်လာတာက....."

"စိုးရိမ်မနေစမ်းပါနဲ့...ကျတော့်ယောကျ်ား
ကျွန်တော်ပဲစိုးရိမ်မယ်....."

ဒီကောင်လေးမျက်လုံးတွေသည်ဆောက်တည်ရာမရ။

"ကိုယ်ဘာပြောလို့လဲ..မင်းခေါင်းအေးအေးထား
ရှာတာပိုအဆင်ပြေမယ် ကလေး သွားတတ်တဲ့
နေရာတွေ......."

မှိုင်းညို့သွားသောမျက်လုံးဝိုင်းတွေသည်
အခိုးတွေတောင်ထွက်လာသလားမသိ။
KimNamJoonဆိုတာလည်းတကယ့်အချိန်ကျမှ
လွတ်ခနဲထွက်ကျသွားခဲ့ရသော ကလေး....။

လက်ရဲဇက်ရဲလူဆိုးလေးဟာအကျီလည်ပင်း
အားဆွဲယူကိုင်လိုက်ပြီ...။

"ကလေး မဟုတ်ဘူး ကျွန်တော့်ယောကျ်ား...
ParkJimin က ကလေး လုံးဝမဟုတ်ဘူး.."

"JeonJungkook!!!!!!!"

..............။

"အိမ္ေတာ္ထိန္းႀကီး"

"ဟုတ္ကဲ့ အကိုေလး....ဘာမ်ားလိုအပ္သလဲ.."

မနက္စာစားပြဲတြင္ ထ္ိုင္ကာCoffee ခြက္ကို
ေမႊေနေသာအကိုေလးသည္ တစ္ခုခုကိုေမးျမန္းခ်င္
ေနတဲ့ပုံ..။ေမးရမွာလည္းခက္ေနသလို..
စထိုင္ထဲက မုန့္ေတြလည္းတစ္ခုမွမစားေသး...။

"သူ ည က အိမ္ျပန္မလာဘူးလား...."

"ဟုတ္တယ္ အကိုေလး ကားမေတြ႕ဘူး...
ျပန္မလာတဲ့ပုံပဲ....."

"ေအာ္......"

ထူးဆန္းတယ္ရယ္လည္းမဟုတ္ေပမယ့္....
ညကေဘးမွာမရွိေန..။ဒါဆိုသူ႔အခန္းမွာမ်ား
သပ္သပ္သြားအိပ္ေနသလားလို႔ေတြးၿပီးေနလိုက္တာ။
အိမ္ကိုျပန္မလာတာတဲ့။အရင္ကစိတ္မဝင္စား
ဂ႐ုလုံးဝမစိုက္ခဲ့ေပမယ့္..လက္ရွိတြင္ေတာ့ဆိုင္သူေလးတမ်ိဳးေတာ့ခံစားေနရသည္။

"Romအိမ္မွာရွိနိုင္တယ္ အရင္ကလည္း
ဒီလိုပဲေနာက္က်ရင္ Romအိမ္လိုက္အိပ္ေနက်
အကိုေလး စိတ္ပူေနတဲ့ပုံပဲ..."

"JeonJungkook အိမ္ျပန္မအိပ္တာ
ဘာကိုစိတ္ပူစရာရွိလို႔လဲအိမ္ေတာ္ထိန္းႀကီး...."

စူးခနဲၾကည့္လာေသာမ်က္ဝန္းတစ္စုံ။စိတ္သာမပူတယ္
ဓားေတြလိုပဲ ခပ္ျပတ္ျပတ္။

"တမ်ိဳးျမင္သြားရင္ေတာင္းပန္ပါတယ္
ခုတေလာ အကိုေလးတို႔
အဆင္ေျပေျပရွိေနလို႔ ေျပာမိတာပါ..."

"မေျပပါဘူး...မ်က္လုံးထဲျမင္တာေတြကို
တသတ္မတ္ထင္မေနနဲ႔ အလုပ္သြားေတာ့မယ္
Driver ျပင္လိုက္ေတာ့...."

လုံးဝေခ်ာေမြ႕သာယာသြားၿပီလို႔သတ္မွတ္လို႔မရတဲ့
Relationship တစ္ခုမွာ အိမ္ျပန္မအိပ္တာေလာက္
ကေတာ့ေခါင္းထဲသိပ္ထည့္ဖို႔ရန္မလို....။
JeonJungkook က ဘယ္သူမလို႔လဲ...
ေခါင္းထဲက ထုတ္လိုက္ကာကားေပၚတြင္
လက္စမသတ္ေသးေသာအလုပ္ေတြကို
ဆက္လုပ္လာခဲ့သည္။

ဦးေႏွာက္ရဲ့ အေမွာင္အျခမ္းေလးထဲေတာ့
KimTaeHyung နဲ႔ေတြ႕ေနတာလား?
Romဆီဘာလို႔သြားအိပ္ရသလဲ?
မူးလည္းအိမ္ေထာင္သည္ပဲျပန္လာရမွာေပါ့...။
ေျပာသြားတုန္းက

"ေမာင္...ခဏေလးပဲေနာ္..ဖုန္းေတြဆက္ေခၚေနတာ
အားနာလို႔ေလ..မင္းကလႊတ္မယ္မလား..."

မလႊတ္လည္းသြားမွာပဲဟာ...မာယာကမ်ားျပေသး။
သူ႔အုပ္ခ်ဴပ္မွုေအာက္ေနေနရသလိုသပ္သပ္မဲ့
ဥာဏ္မ်ားေသးသည္။

"ဘာမွျပန္မေျပာေတာ့ မသြားေစခ်င္ဘူးလား
ေမာင့္Jimin...."

မ်က္ေမွာင္တခ်က္က်ဳံ႕ကာစိုက္ၾကည့္လိုက္ေတာ့
ျပဳံးယဲ့ယဲ့ႏွင့္သာသာယာယာကားေသာ့လွည့္ကာ
ထြက္သြားသည္။ေမာင္က ေပါ့ေလၽွာ့တယ္...။
ေမာင္က တစ္ခါတစ္ရံ စိတ္တိုင္းလုံးဝမက်စရာ
မ်က္ႏွာေပးမ်ိဳး အသံအေနအထားမ်ိဳးနဲ႔
ဆက္ဆံေျပာဆိုတတ္ေသးတယ္...။

လူဆိုး လူမိုက္မို႔ ပါ လို႔အယူခံဝင္လို႔ရေပမယ့္
ParkJimin က ဒါမ်ိဳးမရဘူးေလ....။

Hotel Cheakလုပ္ရမည့္ေန႔မလို႔Hotelကို
တန္းေမာင္းခိုင္းကာ ခပ္တည္တည္မ်က္ႏွာထား
နဲ႔ပင္ဝင္လာလိုက္သည္။
ပုံမွန္ထက္အနည္းငယ္မွိုင္းညိဳ႕ေနတာမို႔
အားလုံးကအရိပ္အေျခၾကည့္ကာႀကိဳဆိုၾကသည္။

အရမ္းေတာ့လည္းတင္းမာေန၍မရ
ေယာက်္ားအိမ္ျပန္မအိပ္လို႔ေလာင္ေနတယ္ဆိုတာ
မ်ိဳးကိုလည္း MD Parkက ကိုယ့္ကိုယ္ကိုယ္
အျဖစ္ခံမယ့္သူမဟုတ္.....။
အေရးမႀကီးဘူးအလကား ဟုေခါင္းစဥ္တပ္ကာ
ကိုယ့္စိတ္ကိုယ္မသိခ်င္ေယာင္သည္။

မာနႀကီးတာမ်ိဳးကို...ဥပမာရပ္နဲ႔ခ်ျပပါဆိုရင္
ParkJimin...ဆိုတဲ့နာမည္တစ္လုံးခ်ေရးလိုက္႐ုံနဲ႔
ျပည့္စုံတယ္.....။

ခမ္းခမ္းနားနားHotelႀကီးအလည္က
ထည္ထည္ဝါဝါပိုင္ရွင္သည္ ေဘးက
ဝန္ထမ္းေကာင္မေလးေျပာသမၽွအစီရင္ခံသမၽွ
ကိုနားေထာင္ရင္း ႐ုံးခန္းသို႔ႂကြႂကြရြရြပဲ
ေလၽွာက္လွမ္းသြားေနသည္။
အဖုအထစ္ ျပႆနာေတြ မတင္မက်စိတ္ေတြ
မေက်နပ္သလို အပူအပင္မ်ိဳးမ်က္ႏွာမွာ
မေပၚေစရ....။

"ဘာလိုအပ္ေသးလဲ MD..."

"အဆင္ေျပပါတယ္ ကိုယ္က ႏွစ္ခုလုံး
ၿပိဳင္လုပ္ေနရတာမို႔ တခါတေလလစ္ဟာတာမ်ိဳး
ေတြရွိလိမ့္မယ္....ညီမတို႔က ပိုတိတိက်က်
ကိုင္တြယ္ေပးပါ..."

"ဟုတ္ကဲဲ့ ပါMD...."

"အရင္ကထက္တိုးတက္လာပါတယ္..
Service ပိုင္းေတြကို ပိုဂ႐ုစိုက္ေပးပါ
CustomerService က Mainပဲ..."

"အဲ့တာေလးေတြလည္း ေျပာခ်င္ေသးတယ္MD.."

"ေျပာပါ..ရတယ္ ကိုယ္ဒီေန႔ဒီမွာပဲေနမွာ
လိုအပ္တာ အႀကံထပ္ေပးခ်င္တာ
အားလုံးေျပာလို႔ရတယ္..."

"ဟုတ္ကဲ့.....ဒါဆို  MD......"

"MD.!!!!!"

တာဝန္ခံမိန္းကေလးက ေျပာရန္ႀကံရြယ္စဥ္
အခန္းထဲအေလာတႀကီးေျပးဝင္လာသူ
ေနာက္တစ္ေယာက္ေၾကာင့္ႏွစ္ေယာက္လုံး
ၿပိဳင္တူၾကည့္မိသည္။

"ဘာျဖစ္လာတာလဲ"

"ဧည့္သည္တစ္ေယာက္ေသာင္းက်န္ေနလို႔
MDအခန္းထဲပစၥည္းေတြက်ကြဲဖ်က္ဆီးသံေတြ
လည္းၾကားတယ္ တံခါးဖြင့္ၿပီးကို
ရန္ေတြျဖစ္ေနၾကတာ....ေဘးခန္းေတြက
ဧည့္သည္ေတြပါ အေႏွာက္အယွက္ျဖစ္ကုန္ၿပီ....
ထြက္လာကုန္ၾကတယ္MD....."

"မဟုတ္ေသးပါဘူး....Hotelမွာဒီလို
လုပ္လို႔မရဘူးေလ..."

ေဘးခန္းေတြပါအေႏွာက္အယွက္ျဖစ္လာၿပီမလို႔
သူတာဝန္ရွိသူတစ္ေယာက္အေနနဲ႔မသြား၍မျဖစ္။
လုပ္လက္စအလုပ္ေတြထားခဲ့ကာ
မန္ေနဂ်ာေတြ လုံျခဳံေရးအနည္းစုပါေခၚၿပီး
ျပႆနာတက္ေနရာအခန္းဆီေလၽွာက္လာခဲ့သည္။

"နင္ ....ငါ့ကိုအဲ့လိုေသာက္ခ်ိဳးနဲ႔ဆက္ဆံလို႔မရဘူး!!!"

အခန္းဆီေတာင္မေရာက္ေသး....ၾကမ္းတမ္းေသာ
မိန္းမတစ္ေယာက္၏ေအာ္သံသည္နားထဲ
စိတ္ပ်က္ဖို႔ေကာင္းစြာဝင္လာသည္။
စရိုက္ဆိုမွစရိုက္စစ္စစ္ျဖစ္ကာ မထိန္းနိုင္မသိမ္းနိုင္
ေအာ္ဟစ္ဆူညံေနသည္။

ဝန္ထမ္းတခ်ိဳ႕လည္းအခန္းဝရစ္သီရစ္သီ
ဘာလုပ္ရမွန္းမသိေနၾကတဲ့ပုံ။ခြမ္းခနဲကြဲသံတခု
သညိပန္းအိုးျဖစ္ပါလိမ့္မည္။

MD Park က Customer Service ေကာင္းတတ္
ေပမယ့္ ေဘာင္ေက်ာ္လြန္းတဲ့Customer
မ်ိဳးကိုေတာ့သိပ္စိတ္မရွည္တတ္ပါ။
အကုန္အေလၽွာ္ေတာင္းရန္ေငြကိုေခါင္းထဲမွာ
တြက္ခ်က္ၿပီးျဖစ္သည္။

"နင္ ဘယ္လို ေယာက်္ားမ်ိဳးလဲ!!!!!"

MD Parkအခန္းတံခါးဝေရာက္ေတာ့အားလုံး
ကေနာက္ဆုတ္ေပးၾကကာ ဝင္သင့္မဝင္သင့္
ေခတၱေတာ့ေတြေနေပမယ့္ ဒီလိုက်ယ္ေလာင္ေနတဲ့
အသံမ်ိဳးနဲ႔ေတာ့Hotelမွာ႐ုပ္ပ်က္လို႔မရ....။
ဆုံးျဖတ္ခ်က္ျမန္ျမန္ခ်ကာ ခပ္ဟဟ တံခါးကို
ဆြဲဖြင့္ရင္း ခပ္တည္တည္ပဲဝင္သြားလိုက္သည္။

ပထမဆုံးခံစားလိုက္ရေသာေဆးလိပ္နံ႔.....။ဘယ္သူဘယ္ဝါဘာမွန္းမသိတာေတာင္ အရင္းႏွီးဆုံးစီးကရက္နံ႔သည္ႀကိဳဆိုေနသည္။ရင္တခုလုံးပူျခစ္သြားသည္။

အလၽွင္အျမန္ ၾကည့္မိလိုက္ေတာ့
ေျခတစ္လွမ္းပင္ဆုတ္ခဲ့မိသည္အထိ။

က်ယ္ဝန္းသြားေသာမ်က္လုံးေလးေတြနဲ႔
အိမ္မက္ဟုေတာင္ထင္မွတ္မိေသာဒီအေနအထားသည္
ပက္စက္လြန္းပါသည္။

အိပ္ယာေပၚတြင္ မ်က္ႏွာတစ္ဖက္လွည့္ကာ
စီးကရက္ေသာက္ေနသူ JeonJungkook...။

ရွုပ္ပြေနေသာဆံပင္ရွည္ေတြနဲ႔မလုံတလုံ
ႀကိဳးတေခ်ာင္းဂါဝန္ခပ္က်ပ္က်ပ္နဲ႔
မိန္းကေလးသည္ စီးကရက္ေသာက္ေနသူကို
လက္ညိဳးေငါက္ေငါက္ထိုးေနေသာျမင္ကြင္း...။

ကိုယ္ေပၚရွိ႐ုံသာဝတ္ထားေသာShirt အကၤ်ီသည္
ၾကယ္သီးတစ္လုံးမွမတပ္ထား...။
ခဏေလးသတိလစ္သြားခဲ့ရသည္။

သူပိုင္တဲ့Hotelမွာ....ေလ......။
ေနာက္ကိုလွည့္ၾကည့္တဲ့အခါ ဝန္ထမ္းေတြသည္
မ်က္စိပ်က္မ်က္ႏွာပ်က္...။
ဒီလူဆိုးကို ဘယ္သူကမသိရွိမလဲ။

ဆိုင္သူေလး၏မ်က္ႏွာတစ္ခုလုံးနီျမန္းသြား
ကာသိပ္ရွက္သြားခဲ့သည္။

နာက်င္စရာကိစၥေတြ အသဲနာစရာကိစၥေတြ
ထပ္ခါထပ္ခါဒီေယာက်္ားေၾကာင့္ၾကဳံဆုံခဲ့ဖူး
ေပမယ့္ လူအမ်ားႀကီးေရွ႕ အရွက္ကြဲရျခင္းေတြ
ေတာ့မေရာခဲ့ဖူး....။အေငြ႕ပ်ံ႕ေပ်ာက္ကြယ္သြားခ်င္
တဲ့အထိ...ေရွ႕ဆက္တိုးရင္ အိပ္ယာေပၚကJeonJungkook ေနာက္ျပန္ဆုတ္ေျပးရင္
ဝိုင္းၾကည့္ေနၾကေသာဝန္ထမ္းတစ္သိုက္...
အားလုံးေရွ႕မွာ...MD Parkဆိုတဲ့ lmageသည္
ရစရာကိုမရွိခဲ့ေတာ့ပါ။

အဆင္ေျပေနၿပီဟု တဖက္သတ္ကိုယ္ပဲေတြးေနမိေသာ
အေျခအေနကို JeonJungkookက
စိတ္ကူးမယဥ္နဲ႔ဟု ဒီလုပ္ရပ္နဲ႔သက္ေသျပၿပီ။
ကိုယ့္မွာသာ ကိုယ့္ရွက္ျပဳံးေလးေတြနဲ႔...
ဘယ္ေလာက္မ်ားဆိုးလိုက္သလဲ...။

ပါးစပ္ဖ်ားေလးနဲ႔ ေမာင္အစခ်ီ တိုင္း
ေမ်ာေမ်ာသြားခဲ့တာ...။
အိပ္ယာေပၚမွာ ႐ုပ္ပ်က္ဆင္းပ်က္ေတြ
ဒီမာယာေကာင္ ကစားသမၽွ မ႐ုန္းခဲ့တာေတြ...။
တစ္ဒိန္းဒိန္းခုန္လာေသာႏွလုံးသားနဲ႔
ေဒါသေတြအရွက္ေတြသည္ မူးေမ့လဲမတတ္...။

"ရွင္ကဘာလဲ....ဘာကိစၥနဲ႔အခန္းထဲကို
ခြင့္မေတာင္းဘဲဝင္လာတာလဲ.....
ထြက္သြား...ဒီမွာ ျပႆနာတက္ေနတာမၾကားဘူးလား"

" ငါ....Hotel ပိုင္ရွင္......"

စီးကရက္ဖြာေနတုန္း ၾကားလိုက္ရေသာ
ေအးစက္ေနေသာအသံတစ္ခုေၾကာင့္
ေမာင္ ခ်က္ခ်င္းလွည့္ၾကည့္တဲ့အခါ ေမာင္ေခ်ာင္းေတြ
ပါထဆိုးေတာ့သည္။

ဘယ္လိုျဖစ္ၿပီး..........။

ညက ေခါင္းပင္မေထာင္နိုင္ေအာင္မူးသည္။
တစ္ေယာက္ေယာက္ကတြဲေခၚတာကိုသိသည္။
ဘယ္သူမွန္းမသိ ဘယ္ေခၚမွန္းလည္းမသိ....
ခ်ာလည္လည္ေနေသာေခါင္းႏွင့္လွဲခ်လိုက္ရတဲ့အခါ
အိပ္ေပ်ာ္သြားခဲ့သည္။

မိုးလင္းေတာ့ Hotelခန္းတစ္ခုထဲမွာ
ဥာဏ္သိပ္မမွီေနေသာဒီမိန္းကေလးက
သူ႔ကိုတာဝန္ယူပါတဲ့ေလ...။
ဘယ္ေလာက္မူးမူး ဘယ္ေလာက္အသိစိတ္မရွိမရွိ
မိန္းမတစ္ေယာက္ကို ထိမိလား မထိမိလား
ဇေဝဇဝါ ျပန္စဥ္းစားေနရေအာင္ ေဂ်က
ဆယ္ေက်ာ္သက္ေလးမဟုတ္.။
ဒီလိုအကြက္မ်ိဳး ဘယ္ႏွေယာက္အထိၾကဳံၿပီးၿပီလဲ
ဆိုတာအားရင္စာရင္းအတိအက်ေတာင္ျပန္ခ်ေပးခ်င္
သည္။ေခါင္းေတြအရမ္းကိုက္ေနတာေၾကာင့္
ၿငိမ္ၿငိမ္ထိုင္ကာ ေဆးလိပ္ထိုင္ေသာက္ေနခ်ိန္
ထိုမိန္းကေလးက အရင္မိန္းကေလးေတြလိုပဲ
ဓာတ္ျပားေဟာင္းေတြဖြင့္သည္။

တစ္လုံးမွေမာင့္နားထဲမေရာက္ ေမာင္ေခါင္းေတြ
ထိုးကိုက္ကာ စဥ္းစားေနတာက ညက
ဘယ္လိုေၾကာင့္ဒီလိုအေျခအေနလဲသြားရသလဲ။
မသကၤာစရာမို႔Romကိုေမးရမည္။
လက္သည္ေပၚလို႔ကေတာ့ တစစီလုပ္ပစ္ဖို႔
ေတြးၿပီးသား..။သူလိုေကာင္ဟာ ဒီေလာက္ဝင္႐ုံနဲ႔
ေမွာက္တတ္သူမဟုတ္ဘဲ...။
သပ္သပ္ အာ႐ုံေနာက္ေအာင္...။

အေျခအေနက ေအးရာေအးေၾကာင္း
ေဆးလိပ္ဖြာေနရင္းမွ မေအးခ်မ္းေတာ့...။
အခန္းထဲေရာက္လာသူသည္....
Hotel ပိုင္ရွင္ဆိုသူParkJimin ျဖစ္ေနသည္။
သူ႔Hotelအခန္းလာဟု ခုမွ ဟိုဟိုဒီဒီလိုက္ၾကည့္
မိကာ ေမာင္ ဘာလုပ္ရမွန္းမသိ...။
Jimin ကိုသာေၾကာင္ေငးၾကည့္ေနသည္။

"Hotel ပိုင္ရွင္ျဖစ္လည္းရွင္ဒီလိုဝင္လာစရာလား
ဒါPersonal Case...ဘယ္လိုယဥ္ေက်းမွု
မရွိတာလဲ....."

"နင္ျပန္ေတာ့"

တစ္မနက္လုံးဘာမွျပန္မေျပာဘဲပါးစပ္ပိတ္ေနေသာ
ေမာင့္ထံမွစကားစထြက္လာတာမို႔ ထိုမိန္းကေလး
သည္Jimin ကိုရန္ေတြ႕ေနရာမွေမာင့္ဆီသြားျပန္သည္။

"ငါကဘာကိစၥျပန္ရမွာလဲငါ့ကိုနင္အိပ္ဖူးတဲ့
တျခားမိန္းမေတြလိုထင္မေနနဲ႔ငါကPublic
မွာအလုပ္လုပ္ေနရတဲ့Model...
လူေတြလည္းငါ့ကိုေတြ႕ကုန္ၿပီ
နင္ေယာက်္ားမလား....ဘာလို႔စားၿပီးနားမလည္
လုပ္ခ်င္ရတာလဲ....."

စူးခနဲေရာက္လာေသာမ်က္ဝန္းတစုံသည္
အခိုးေတြေတာက္ေလာင္ေနကာေမာင့္ကို
ျပင္းျပင္းထန္ထန္ကိုၾကည့္ေနခဲ့သည္။

"နင္ပါးစပ္ကိုပိတ္ၿပီး ငါျပန္ေတာ့လို႔ေျပာေနတယ္ေနာ္
ေသသြားခ်င္လို႔လား...."

"မပိတ္နိုင္ဘူး အစထဲကနင္လာမသာယာနဲ႔ေလ
ခုမွ ငါ့ကို ျပန္လို႔ နင္လုပ္လို႔မရဘူး....."

ေမာင့္လက္တစ္ဖက္သည္ေျမႇာက္တက္လာကာ
ထိုမိန္းကေလးဆီရြယ္ေနၿပီ။စပ္စပ္စုစု
ေခ်ာင္းေျမာင္းၾကည့္ေနၾကေသာလူအမ်ားေရွ႕
ဒီ အမိုက္ရိုင္း၏ စရိုက္ဆိုးေတြသည္တစ္ခုေလာက္
ေပၚရင္ကိုလုံေလာက္ၿပီ။
လွမ္းသြားလိုက္ကာ လက္ကိုဖမ္းထိန္းလိုက္ရသည္။

"ခုထိထြက္မသြားေသးဘူးလား!!!
ေတာ္ေတာ္သူမ်ားကိစၥစိတ္ဝင္စားေနပုံပဲ...."

ထိုမိန္းကေလးသည္သူၾကားဝင္လာတာႏွင့္
က်ယ္က်ယ္ေလာင္ေလာင္ထေအာ္ေတာ့သည္။

"စိတ္ဝင္စားတာေပါ့ နင္ျပႆနာလုပ္ေနတာ
ငါ့တရားဝင္ယူတဲ့ငါ့ရဲ့ေယာက်္ားပဲဟာ.."

TaeHyung ခိုင္းလို႔သာလုပ္ရသည္။
တကယ္တမ္းParkJimin ၏မ်က္လုံးေတြနဲ႔
ဒဲ့ဆုံတဲ့အခါ ျပာက်မတတ္ပဲ...။
ဒါေပမယ့္ေငြကလည္းယူၿပီး၍အတတ္နိုင္ဆုံး
လုပ္စရာရွိတာလုပ္ရမည္။

"Jeon Jungkook ! ေယာက်္ားတဲ့ဘာေတြလဲ
ငါ့ကို ငါ့ကို နင္ အစအဆုံးကို လိမ္ခဲ့တာပဲ...
ခုရွင္းစမ္း ဒီ ေယာက်္ားကဘာလဲ..."

သူမ်ားအပိုင္ေယာက်္ားနဲ႔Hotelလာအိပ္ၿပီး
သူကတျပန္ျပန္ရွင္းခိုင္းေနေသာမိန္းကေလးသည္
႐ူးေနတာေတာ့ေသခ်ာပါသည္။

လူဆိုးေကာင္သည္ မဟုတ္တာကလည္းလုပ္ၿပီးၿပီ
ဆုံလာေသာအေျခအေနကို သူမရွင္းတတ္။
ျပန္ေတာ့ တစ္ခြန္းသာ ထြက္လာနိုင္သည္။
ဒါမ်ိဳးက် မာယာေပါင္းေသာင္းေျခာက္ေထာင္ကို
မသုံးနိုင္ေတာ့ဘူး...။

ဆိုးဝါးလြန္းလွတဲ့အေျခအေနေၾကာင့္
ရင္ဘက္ေတြေအာင့္မ်က္ေနေပမယ့္
အရွုံးကေတာ့ေပးမွာမဟုတ္ပါ.....။
ဒီအေျခအေနကိုျမင္၍မ်က္ႏွာလက္ျဖင့္အုပ္
ထြက္ေျပးရေအာင္လည္း သူDramaမႀကိဳက္တတ္။
မ်က္စိေရွ႕တည့္တည့္ကမိန္းမသည္လည္း
သိပ္ရြံရွာဖြယ္ရာေကာင္းေနပါသည္။

မ်က္ႏွာေျပာင္အတိုက္လြန္စြာ သူ႔Hotel
ေနာက္တစ္ေယာက္နဲ႔လာအိပ္ေသာ
မေကာင္းဆိုးဝါးကို ဓားနဲ႔တဆုံးထိုးခ်င္ေနေပမယ့္
စိတ္အရမ္းလွုပ္ရွားမိရင္ ေျဖရွင္းမွုေတြမွားသြားနိုင္သည္။
စကားလုံးေတြျမန္ျမန္စီလိုက္ရသည္။

"ရွင္းေနစရာမလိုဘူး...ငါတို႔တရားဝင္လက္ထပ္
ထားတာ တစ္နိုင္ငံလုံးအသိုင္းအဝိုင္း
တစ္ခုလုံးသိတယ္..မသိလို႔ ဒီအမွားမ်ိဳး
က်ဴးလြန္မိတယ္ဆိုလည္း ခုခ်ိန္မွာျပန္လိုက္လို႔ရၿပီ"

MD Parkသည္ ေအးေအးေဆးေဆးေျပာလာသည္။

"လြယ္လွခ်ည္လား.....မိန္းမတစ္ေယာက္ရဲ့
ဘဝကို ဒီလိုအေပ်ာ္ႀကံလ္ို႔္မရဘူးေလ"

"JeonJungkookကငါ့တစ္ေယာက္ကိုပဲ
အတည္ႀကံတာမလို႔ အားေတာ့နာပါတယ္....

"Jimin.....အိမ္ျပန္ေတာ့...."

ေမာင္သည္ ဆိုင္သူေလးႏွင့္ထိုမိန္းမကို
ခြဲဖို႔လက္ေတြလွမ္းခဲ့ေပမယ့္ လုံးဝအထိမခံခဲ့..။
နာက်င္လြန္းေသာမ်က္လုံးမ်ားျဖင့္တခ်က္စိုက္ၾကည့္
ၿပီးမ်က္ႏွာေျပာင္တိုက္လြန္းေသာမိန္းမအေပၚမွာသာ
အာ႐ုံေတြအျပည့္ရွိေနသည္။

"ဟုတ္ရဲ့လား အတည္မႀကံလို႔က်မနဲ႔
လာအိပ္ေနတာေပါ့...ေယာက်္ားကို
ပိုင္ခ်င္ေယာင္ေဆာင္မေနနဲ႔
အခ်စ္လည္းမခံရလ္ို႔မာန္တင္းၿပီး
သန္မာခ်င္ေယာင္ေဆာင္ေနတာမ်ိဳးကရီစရာေကာင္းတယ္....."

ဖ်င္းခနဲ.....။ေဒါသသည္အရွိန္အဟုန္နဲ႔
လွိုက္စားလာကာ မ်က္လုံးေတြမီးေတာက္သြားသည္။
စေတြ႕ေတြ႕ခ်င္းတုန္းကေဒါသထက္
ဒီေဒါသကပိုႀကီးလာပါသည္။
ဆိုင္သူေလး၏မ်က္ႏွာသည္လုံးဝမာေၾကာသြားခဲ့ၿပီ။

ဒါကေျပာရမယ့္TaeHyungေျပာခိုင္းခဲ့တဲ့
စကားေတြ ...။ေျပာၿပီးၿပီခ်င္းParkJimin
၏မ်က္ႏွာသည္ အခန္းထဲေျပးထြက္ခ်င္မိတဲ့အထိ
ေၾကာက္စရာအတိ....။

ဒုန္းး

ေၾကာက္သြား႐ုံပဲရွိပါေသးသည္ လည္ပင္းကေန
ဆြဲကိုင္ကာJeonJungkookကနံရံကိုေျပးကပ္ၿပီး
အသက္ရွူလို႔မရအာင္ဖိကပ္ထားေတာ့သည္။

"နင့္ကိုငါျပန္ေတာ့လို႔ေျပာရင္ျပန္လိုက္ေလ..
နင္နဲ႔ငါ ဘာမွမျဖစ္တာနင္သိတယ္
ငါနင္လိုမိန္းမမ်ိဳးကိုထိဖို႔လက္ေတြ႕မေျပာနဲ႔
အေတြးနဲ႔ေတာင္မမွားဘူး...
နင္လာစမ္းသပ္တဲ့သူ မွားသြားၿပီ
ေစာက္ပါးစပ္ၿပီးနင္သြားလိုက္ေတာ့
ထပ္ေျပာရင္ ငါအေလာင္းပါေဖ်ာက္ပစ္မွာ...."

ေမာင္သည္နံရံမွၾကမ္းျပင္ေပၚသို႔
တြန္းခ်လိုက္သည္။

"မိုက္ရိုင္းတဲ့ေကာင္..နင္ဘယ္ေလာက္
လည္လည္ငါနင့္ကိုအရွက္ခြဲျပမယ္!!!
ေယာက်္ားေရွ႕က်တမ်ိဳး ကြယ္ရာက်
တမ်ိဳးနဲ႔ မ်က္ႏွာအမ်ိဳးမ်ိဳးနဲ႔ေကာင္
နင့္မွာအိမ္ေထာင္ရွိရင္
အစထဲကငါနဲ႔ပတ္သတ္ဖို႔မလိုဘူးေလ
ငါကလာခ်ဥ္းကပ္တယ္ဆိုေတာင္
နင္ဘာလို႔သာသာယာယာေနေနေသးလဲ..."

ဆုပ္ထားရေသာလက္ေတြသည္က်ိဳးသြားမတတ္။
အေျခအေနသည္ၾကမ္းတမ္းလြန္းအားႀကီးတာ
ေၾကာင့္ဝန္ထမ္းေတြပင္အသီးသီးေရွာင္ဖယ္
ထြက္သြားၾကသည္။ ဆို႔တက္လာေသာလည္ေခ်ာင္း
ေတြႏွင့္ပူျပင္းေနေသာရင္တစ္ခုလုံး...။

ငါ့သိကၡာေတြ အရွက္တရားေတြ မာယာေတြဆိုတာ
သိေပမယ့္ တစ္ခုတစ္ေလမ်ားေတာ့စစ္မွန္မွာပါဆို
တဲ့ ရွက္ဖြယ္ရာအေတြးေလးေတြသည္
စိတ္ကိုသတ္လာသည္။

လမ္းေဘးမိန္းမတစ္ေယာက္ရဲ့လက္ညိဳးေငါက္
ေငါက္ထိုးေစာ္ကားခံေနရေသာအဲ့ဒီေယာက်္ားရဲ့
မ်က္လုံးေတြကိုမုန္းလိုက္တာ.....။
ျပန္ေျပာေလ....မေျပာတတ္ဘူး...ကိုယ္နဲ႔သာ
စကားေတြသိပ္တတ္ေပမယ့္ ဒီလိုက်ျပဴးၾကည့္တယ္
ကိုယ္ထိလက္ေရာက္ၾကမ္းတမ္းတာမ်ိဴးပဲ
သူတတ္နိုင္တယ္....။

တုန္ရီလာအထိထြက္လာတဲ့ေဒါသေတြသည္
လူကိုေသသြားေစနိုင္တဲ့အထိ....။

ရွက္ေနေပမယ့္ နာေနေပမယ့္ Jeon JungKook
ကိုထိုးေနတဲ့လက္ညိဳးနဲ႔ အဆက္မျပတ္ေစာ္ကား
ေနေသာပါးစပ္ကို တခုခုကလုပ္ခ်င္လာၿပီ။

"ပိုက္ဆံရွိတယ္ ခ်မ္းသာတယ္ဆိုၿပီး
မိန္းမတစ္ေယာက္ကိုေငြပုံေပးလိုက္မယ္
နင္မစဥ္းစားနဲ႔...."

ေျဖာင္းခနဲရိုက္ခံလိုက္ေသာJeonJungkook
ရဲ့ရင္ဘက္ေတြ...ပိုင္ပိုင္နိုင္နိုင္ကို
သူမကရိုက္ပုတ္ေျပာေနတာ...
ၾကယ္သီးမတပ္ထားေသာရင္ဘက္သည္
ရဲခနဲ....လၽွပ္ထိသြားေသာလက္သည္းရာေတာင္
အစစ္ပါလိုက္သည္။

"ငါဘာဆက္လုပ္ရမွာလဲ....နင္ေျပာ!!!
နင္ နင့္ေယာက်္ားကို တစက္ကေလးမွ
မခ်စ္လို႔ စိတ္မဝင္စားလို႔ေတာင္
တေန႔တေန႔Clubမွာပုံစံမ်ိဳးစုံနဲ႔လာေပ်ာ္ေနတာမလား
ဘာလို႔ေရွ႕ေရာက္မွာ အခ်ိဳးကေျပာင္းရတာလဲ.!!!!"

ေနာက္တစ္ခ်က္ထပ္ရိုက္ကာထိုမိန္းမက
ေပါက္ကြဲျပန္သည္။နီရဲသြားေသာရင္ဘက္ႏွင့္
လက္သည္းရာအစင္းလိုက္ႀကီးသည္
သူပိုင္တဲ့ေယာက်္ားရဲ့ခႏၶာကိုယ္မွာ...
သူပဲရိုက္မည္ သူပဲနာေအာင္လုပ္မည္...

ဘာမဟုတ္တဲ့မိန္းမတစ္ေယာက္ရဲ့
လက္သည္းရာက JeonJungkook
ရင္ဘက္ေတြနဲ႔တူသလား တန္သလား...
ဒီမေကာင္းေသာေမာင္ ကို သတ္ခ်င္ေနေပမယ့္
ေစာ္ေစာ္ကားကားအျပဳအမူခံရျပန္ေတာ့
ဆိုင္သူေလးမရခဲ့.......။

ငယ္ေသးလို႔အစြမ္းကုန္အလိုလိုက္ထားရတဲ့
အိမ္ကအငယ္ဆုံး......အရွက္ကြဲခဲ့ရလို႔
အေသသတ္မွာကေနာက္ ရဲရဲတင္းတင္း
သူ႔အပိုင္ေယာက်္ားကို ထိလို႔ ေပါက္ကြဲထြက္လာတာက
အရင္ပဲ.....။

"ငါ့ကိုတာဝန္ယူ..!!!!!!Jeon......"

ေျဖာင္းးးး

အရွိန္သည္ျပင္းလြန္းတာေၾကာင့္ထိုမိန္းကေလး
သည္အခန္းေထာင့္အထိလႊင့္ပ်ံထြက္သြားသည္။
MD Parkသည္ အကၤ်ီလက္ကၾကယ္သီးေတြအား
ျဖဳတ္ကာဆြဲတင္လိုက္သည္။
တံခါးအားLockသြားခ်လိုက္ကာအခန္းေထာင့္က
မိန္းကေလးဆီေလၽွာက္သြားလိုက္သည္။

"ေယာက်္ားနဲ႔မိန္းမမွာ နင္ပါလို႔ျဖစ္လာတဲ့ကိစၥ
နင္ျငင္းရင္ JeonJungKookလို
ေကာင္မ်ိဳးကမရမကလိုက္ေနမွာမဟုတ္ဘူး
ေသခ်ာတယ္ငါနဲ႔သူ မဂၤလာေဆာင္တာတရားဝင္လက္
ထပ္ထားတာအကုန္သိတယ္မသိခ်င္ေယာင္လာမေဆာင္နဲ႔
အစထဲက အိမ္ေထာင္ရွိတဲ့ေယာက်္ားကို
နင္ပတ္သတ္တာ တကယ္တမ္းတရားစြဲရမွာကငါ
နင္အိပ္ေနတာ ငါ့ေယာက်္ား...ငါ့Hotelမွာ
ငါ့ကိုျမင္တာနဲ႔ ထြက္ေျပးရမယ့္ဟာ
ဘယ္လိုျဖစ္လို႔ လူပါးလာဝေနတာလဲ.....
ၿပီးေတာ့ ငါကဒီျမင္ကြင္းကိုေသြးပ်က္လိမ့္မယ္
နင္ထင္ေနလား သူအိမ္အထိေခၚလာသာယာတာ
ေတာင္ ေစာက္ဂ႐ုလုံးဝမစိုက္ခဲ့ဖူးဘူး..."

KimTaeHyungကိုေျပးေခၚခ်င္လာၿပီ..။
သူေျပာေတာ့သိပ္လြယ္မွာပါဆိုၿပီး ParkJimin
ကJeonJungkookအစတစ္ရာေၾကာက္စရာပို
ေကာင္းပါသည္။ေသြးထိုးဖို႔ေနေနသာသာ
သူမေသြးပ်က္ေနၿပီ...။
ဆံပင္ဆြဲေဆာင့္ခံရၿပီးမ်က္လုံးခ်င္းယွဥ္ၿပိဳင္
ၾကည့္ရတဲ့အခါ ထိုမိန္းကေလးသည္ ခ်က္ခ်င္း
ျဖဴေလ်ာ္သြားခဲ့ပါသည္။

"ဆံပင္ကေနဆြဲၿပီး ေတာက္ေလၽွာက္Hotel
အျပင္အထိ ဆြဲထုတ္သြားေပးရမလား
နင့္အသိစိတ္ဓာတ္နဲ႔နင္ျပန္မလား...."

JeonJungkookကိုလွမ္းၾကည့္တဲ့အခါ
မတ္တပ္ရပ္ေနသည္။ႏွစ္ေယာက္ေပါင္းအနိုင္က်င့္
ေနသလိုခံစားရတာေၾကာင့္သူမဆက္လုပ္ေနရင္
ႏွစ္ေယာက္ေပါင္းၿပီးတကယ္အေလာင္းေဖ်ာက္
ပစ္မွာေသခ်ာေနတာမို႔ မေအာင္ျမင္ပါ....
သူမရပ္မွျဖစ္ေတာ့မည္...။လိုခ်င္တာက
စိတ္နာရွက္ရြံကာထြက္ေျပးသြားမွာကိုခုအေျခအေနသည္
မဟန္ေတာ့ပါ...။

"ေက်နပ္တယ္လို႔မထင္နဲ႔ နင္တို႔နဲ႔ငါ
ျပန္ေတြ႕မယ္......"

ထိုလက္ညိဳးသည္ထိုးတုန္း..မ်က္ေစာင္းအႀကီးႀကီး
ျဖင့္ယူစရာရွိတာယူၿပီးေနာက္ဖရိုဖရဲျဖင့္
ေျပးထြက္သြားခဲ့သည္။

ဆိတ္ၿငိမ္သြားေသာအခန္းထဲတြင္ႏွစ္ေယာက္ထဲ
သာက်န္ခဲ့ၿပီးေမာင္က စကားစေျပာလာသည္။

"Jimin......."

ေအးတိေအးစက္တစ္ခ်က္မၽွသာၾကည့္ၿပီး
စကားတစ္ခြန္းမွမေျပာဘဲထြက္သြားခဲ့တဲ့သူ။
ေမာင္ေျပးလိုက္ရမလား...ဘာလုပ္ရမလဲဆိုတာ
အေလာတႀကီးစဥ္းစား၍မရပါ....။
အိပ္ရာေပၚမ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္အုပ္ထားလၽွက္
ဘယ္ကစေျပာျပမယ္ဆိုတာကိုစကားလုံးတခ်ိဳ႕စီ
ေနရသည္။

"TaeHyung....အေျခအေနက......ေလ...."

ၿပိဳင္ကားလွလွေလးေပၚတြင္ အနီေရာင္LongCoat
လွလွေလးနဲ႔TaeHyungသည္ ေနကာမ်က္မွန္
အေရာင္ဆန္းေလးႏွင့္Hotelေရွ႕တြင္သီခ်င္း
ၿငိမ့္ၿငိမ့္ေလးဖြင့္ကာေခါင္းတညိတ္ညိတ္ျဖင့္......။
Hotelထဲမွ တင္းမာလြန္းေသာ မ်က္ႏွာမ်ိဳးျဖင့္
ထြက္လာေသာ သခင္သည္....ညိဳ႕မွိုင္းေနလၽွက္။
TaeHyungႏွုတ္ခမ္းေတြေကြးညြတ္သြားကာ
လိုခ်င္တာ ဒါျဖစ္ေၾကာင္း ဒီတစ္ခါမလြဲေတာ့ေၾကာင္း
ကိုယ့္ကိုကိုယ္သိပ္ေက်နပ္သြားခဲ့သည္။

"အေျခအေနကကြက္တိပဲ...နင္ေတာ္တယ္
ကြဲၿပီမလား သူတို႔....."

"ငါေျပာျပမယ္ TaeHyung...."

"ရပါပီ ဒီေလာက္ဆို.....သူ႔ေခါင္းထဲကို
ငါ့ထည့္ခိုင္းတာေတြထည့္ေပးလိုက္တယ္ဆိုရင္ကို
အိုေကတယ္...က်န္တာကအဲ့ေလာက္အေရးမႀကီးဘူး
ငါဖုန္းပိတ္လိုက္ေတာ့မွာမလို႔ ထပ္မေခၚနဲ႔ေတာ့
ဒါပဲ......"

သခင္သည္ ကားဆီကိုသြားကာအရွိန္ျပင္းစြာ
ေမာင္းထြက္သြားေတာ့သည္။TaeHyungသည္
သီခ်င္းအသံနည္းနည္းခ်ဲ့လိုက္ကာသခင့္ကား
ေနာက္မွကပ္လၽွက္လိုက္လာခဲ့သည္။

ကားေမာင္းေနရင္းဝဲတက္လာေသာမ်က္ရည္
ေတြကိုမက်ေအာင္တင္းခံထားသည္။
က်ရင္ရွုံးမွာမို႔ အံႀကိတ္ထားကာရည္ရြယ္ရာ
အရပ္မရွိေပမယ့္Hotelကလူေတြရဲမ်က္ႏွာကို
ထပ္ၾကည့္ဖို႔ဆိုတာက ေသေလာက္ေအာင္ရွက္ဖို႔
ေကာင္းေနတာမို႔ေျပးထြက္လာသည္။

Barတစ္ခုဆီကိုေမာင္းသြားလိုက္သည္။
ဘဝက ဘယ္လိုေနေန ဘယ္လိုႀကိဳးစား
ဘယ္ေတာ့မွအဆင္မေျပနိုင္ေတာ့တာေသခ်ာ
ၿပီမလို႔ စိတ္ဓာတ္လည္းက်သည္။
သတ္ပစ္ခ်င္ေနေပမယ့္ အင္အားတစ္ခုမွမရွိ
ေတာ့တာေၾကာင့္ ဒီလိုအေရးကိစၥမ်ိဴးကို
ဘယ္လိုဦးေႏွာက္နဲ႔ဘယ္လိုမ်ားေတြးၿပီးလုပ္ရက္သလဲ
ဟုစဥ္းစားမိတိုင္း အသက္ရွုက်ပ္လာသည္။

သခင္သတိမထားမိမယ့္ေထာင့္ဝိုင္းေလးကေန
ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ေနသည္။

ေတာင္းပန္ပါတယ္....က်ေတာ္လိုခ်င္လို႔ပါ.....။
နာက်င္သြားမွာသိေပမယ့္ ရွက္ရြံ႕သြားမွာကို
နားလည္ေပမယ့္ သခင္သူ႔ကိုဆက္တြယ္တာဖို႔
မျဖစ္နိုင္ေတာ့ဘူးဆိုတာေတာ့ေသခ်ာသိသြားၿပီမလား။

မွာေသာက္ေနေသာအရက္ခြက္ေလးသည္
အေရာင္တလဲ့လဲ့....။အရက္ခြက္ေလးကိုင္ကာ
ေတြးဆဆလုပ္ေနပုံေလးသည္..ၾကည့္ေနရင္းကို
စြဲလန္းလာရျပန္သည္။

အမူးေသာက္ကာေမွာက္က်သြားခ်င္ေနေသာ
သခင္သည္ တစ္ခြက္ၿပီးတစ္ခြက္အဆက္မျပတ္
ေသာက္ေနခဲ့သည္။TaeHyungျပဳံးယဲ့ယဲ့နဲ႔သာ
ေငးၾကည့္ေနၿပီး ေမွာက္က်သြားနဲ႔ ခ်ီေျပးဖို႔
ေစာင့္ေနခဲ့သည္။
ၿပီးရင္ေတာ့ ျပန္မေပးေတာ့.....။
လြတ္ရာလြတ္ေၾကာင္းေခၚကာအေဝးကိုထြက္ေျပး
ေတာ့မည္....။သခင္လည္းဘာမွေႏွာင္တြယ္ေနမွာ
မဟုတ္ေတာ့....စိတ္ျပတ္ေအာင္သူလုပ္ခဲ့ၿပီးၿပီပဲ...။

စားပြဲေပၚလက္ေခ်ာင္းသြယ္သြယ္ေလးေတြနဲ႔
တေတာက္တာက္ေခါက္ကာေစာင့္ေနေပးသည္။
ေလးစားရပါသည္...ခုထိမ်က္ႏွာတစ္ခ်က္မပ်က္
မ်က္ရည္တစ္စက္မက်...ခပ္တည္တည္ႏွင့္
အရက္ထိုင္ေသာက္ေနပုံသည္ ပုံမွန္လိုပဲ....။

သခင္အမ်ားႀကီးမေသာက္နိုင္ပါ...
ၾကည့္ေနရင္းမွာပဲတျဖည္းျဖည္းစားပြဲေပၚ
ေခါင္းေလးေမွာက္က်သြားၿပီ။

"သူဘယ္ေလာက္က်လဲ......"

ေကာင္တာမွာေငြရွင္းေပးၿပီးတဲ့အခါ
သခင့္ကိုဆြဲထူကာတြဲေတာ့ လုံးဝအသိစိတ္မရွိေတာ့။
ေနာက္ဆုံးေတာ့ ခါးေသးေသးေလးကို
ပိုင္ပိုငိနိုင္နိုင္ဆြဲဖက္ကာ မူးေနတာေၾကာင့္
ေမွာက္က်လာေသာသခင့္မ်က္ႏွာလွလွေလးက
သူ႔ပုခုံးေပၚမွာ...။

"ဘယ္.....သူ...လဲ?"

"ေယာင္း ပါ ဗ်ာ....."

အာ႐ုံတစ္ခုလုံးလြင့္ေနတာဩရွရွအသံကို
ၾကား႐ုံကလြဲ Jimin မ်က္လုံးေတြလည္း
ဖြင့္မၾကည့္နိုင္ မွီတြယ္သာေနခ်င္သည္။
လွဲခ်အိပ္လိုက္ခ်င္ေသာစိတ္သာရွိေနသည္။

ဂ႐ုတစိုက္တြဲေခၚကာ ကားထဲကိုထည့္လိုက္ၿပီး
ခါးပတ္ပတ္ေပးလိုက္သည္။
ခါးပတ္ပတ္ေနတုန္း မ်က္ႏွာေလးကိုအနီးကပ္ထပ္
ျမင္ရေတာ့ TaeHyung...ကမၻာမူးေနေပမယ့္
လွိုက္ေမာစရာအတိ...။

TaeHyungသည္ ကားျဖည္းျဖည္းပဲေမာင္း
ကာလက္ရွိသြားလို႔အဆင္ေျပမယ့္ေနရာကို
ပဲေရြးခ်ယ္ကာေမာင္းလိုက္သည္။
သူ႔အိမ္သြားလို႔လည္းအဆင္မေျပသလို
တျခားေနရာေတြလည္းအဆင္မေျပ..။
ေခ်ာင္က်က် သတိမထားမိစရာ အိမ္တစ္အိမ္ကို
ေခၚသြားၿပီး က်န္တာဆက္စီစဥ္ရမည္။

ေသခ်ာလုပ္ရင္လုံးဝမလြဲဘူး...။

......

"TaeHyungကို မိုးလင္းထဲကဖုန္းေခၚလ္ို႔မရဘူး
ပိတ္ထားတယ္ ဘယ္မွာလဲငါ့ကိုရွာေပးၾကစမ္း...."

"က်ေတာ္တို႔ေတာက္ေလၽွာက္လိုက္ေနေပမယ့္
သတိတစ္ခ်က္လြတ္တဲ့အခ်ိန္မွာ ေပ်ာက္သြားတာပါ"

"တခုခုျဖစ္ေနရင္မင္းတို႔အေသပဲ...
ကားစီစဥ္ လိုက္ရွာရမယ္ ဘယ္တုန္းကမွဖုန္းပိတ္
ထားတတ္တဲ့သူမဟုတ္ဘူး မဟုတ္တာလုပ္ေနရင္
ေတာင္ လိမ္ဖို႔ ကိုင္တဲ့ေကာင္...ငါစိုးရိမ္လို႔
ေသေတာ့မယ္...."

"ဟုတ္ကဲ့ပါ...က်ေတာ္တို႔ခုလူေတြျဖန့္ရွာပါ့မယ္...."

မနက္မိုးလင္းတာႏွင့္ မနက္စာစားရန္
ေခါင္းေလၽွာ္တယ္ဆို စင္ေအာင္သုတ္ထားရန္
အားေဆးေတြေသာက္ရန္...ေရေမႊးနံ႔ေလးေရြး
ေပးတာက အစMinYoongiကမထင္ရေပမယ့္
သိပ္ႏူးညံ့ေပးတဲ့သူ...။

ေႂကြ႐ုပ္ကေလးလို ေကာင္ေလးကိုရထားတဲ့အတြက္
ေႂကြဆိုတဲ့အတိုင္း ထိလြယ္ရွလြယ္မို႔
MinYoongiက သိပ္ဂ႐ုစိုက္ခဲ့သည္။
ေန႔စဥ္ေန႔တိုင္းအမူအက်င့္ပုံေသနည္းေတြမို႔
ဒီေန႔မနက္ေတာ့ဖုန္းပိတ္ထားသူဟာ
ေန႔လည္ေရာက္တဲ့အထိ ပြင့္မလာ....။

အစကသိပ္စိတ္မပူေပမယ့္ထယ္အခုတေလာ
ထိန္းရသိမ္းရသိပ္ခက္ေနတာမို႔မဟုတ္တာ
အႀကီးႀကီးလုပ္ေနမွာကိုအာ႐ုံေတြရေနသည္။
ယူစရာယူကာ MinYoongiသည္အလုပ္ေတြအားလုံး
ကိုထားခဲ့ၿပီး ရွာေဖြရန္ထြက္လာခဲ့သည္။

............

ေမာင္သည္စိတ္ၿငိမ္သြားၿပီးဟုယူဆ၍ရေသာ
အခ်ိန္တြင္ ဆိုင္သူေလးနဲ႔စကားေျပာရန္
အိမ္ကိုျပန္လာခဲ့သည္။
စိတ္ဆိုးကာ အိမ္ျပန္အိပ္ရင္အိပ္ေန မအိပ္ရင္
သူ႔မိဘအိမ္လည္းျပန္သြားနိုင္ပါသည္။
ဒါကလုပ္ႀကံမွုတစ္ခု....ထိုမိန္းမကိုထိပင္မထိခဲ့တာမို႔
ေမာင္ လိပ္ျပာလုံသည္။
စိတ္ကိုရွည္ရွည္ထားကာ နားဝင္ေအာင္ရွင္းျပဖို႔
ဆုံးျဖတ္ၿပီးျပန္လာေနသည္။

မမွားထားတဲ့အတြက္ေမာင္အရမ္းေတာ့တုန္လွုပ္မေန...။
ေမာင္ဟာ..မလိမၼာေသး...။
ေမာင့္ အပိုင္းအစတခ်ိဳ႕တြင္ တယူသန္ေတြက်န္ေနေသး
သည္။

"ဘာ!!!အိမ္ျပန္မလာဘူး ....."

"ဟုတ္ကဲ့ သခင္ေလး တစ္ခါမွျပန္မလာပါဘူး.."

ေမာင္သည္Jimin အိမ္ကိုလွမ္းဆက္ကာ
ထပ္ေမးေပမယ့္ လိုခ်င္တဲ့မေျဖမရခဲ့...။

"ဘယ္ကိုေရာက္ေနျပန္တာလဲ..
သူ႔ဖုန္းနံပါတ္သိလား ေပး...."

"သခင္ေလး မသိဘူးလား ခုထိ...."

"မသိေတာ့ မင္းတို႔ဘာျဖစ္ခ်င္လဲ
ငါေပးဆိုေပးစမ္း......"

"ဟုတ္ ဟုတ္...."

ဖုန္းဝင္သြားေပမယ့္ ခ်ပစ္သည္...။
ေနာက္တစ္ခါထပ္ေခၚတဲ့အခါစက္ပိတ္သြားတဲ့ဖုန္း...။

နာရီကိုလွမ္းၾကည့္ေတာ့ညေနသုံးနာရီ...
သိပ္ေတာ့လည္းေနာက္မက်ေသးပါ...
တေနရာရာသြား ေဒါသေတြျဖစ္ေနၿပီးအခ်ိန္တန္
ရင္ေတာ့အိမ္ျပန္လာမွာပဲ....။

"မနက္ကေတာ့ သခင္ေလးျပန္မအိပ္လို႔
ေမးေနေသးတယ္...."

စကားတလုံးမွမေျပာသြားဘဲေနာက္ဆုံးၾကည့္
သြားေသာအၾကည့္သည္ ဘာေၾကာင့္မွန္း
မသိအနည္းငယ္လွုပ္လွုပ္ရွားရွား...။
အဆုံးအထိငါမင္းကိုစိတ္ကုန္စိတ္ပ်က္သြားၿပီ
လို႔အသံတိတ္ေျပာျပသြားသည္။

"ေခၚ ေန အဲ့ဖုန္းကို ပြင့္လာၿပီး
ကိုင္တာနဲ႔ ငါ့ကိုလာေပး....
ခုေလာေလာဆယ္ ေခါင္းေတြအရမ္းကိုက္ေနလို႔
တစ္ခုခုစီစဥ္ေပးပါ..."

ဘယ္ေလာက္ေတာင္မတန္တဆလုပ္ႀကံသလဲ
မသိ...ေခါင္းသည္တူနဲ႔ထုခံေနရသလို
ဆိုးဆိုးဝါးဝါး...။ေမာင္သည္ဆိုဖာေပၚပစ္လွဲ
လိုက္ကာမ်က္လုံးေတြခဏမွိတ္ထားၿပီး
ၿငိမ္ေနလိုက္သည္။

.............................

"ကၽြန္ေတာ့္ကိုယုံ...JungHoseokလက္ရာ
ဟာ လုံးဝႂကြေနရမယ္....ပုံမွန္Customer
ပဲဗ်ာ...ေလၽွာ့ယူမွာေပါ့....
ခုရက္ပိုင္းေတြေတာ့...မလာေသးနဲ႔အုန္း
မအားေသးလို႔....ဟုတ္..ဟုတ္ကဲ့....."

ဆိုဂ်ဴပုလင္းအိတ္နဲ႔ၾကက္ေၾကာ္တစ္ဗူး
ဆြဲကာရွုပ္ရွုပ္ပြပြဒီဇိုင္းနဲ႔ ခပ္က်ယ္က်ယ္
စကားေျပာကာ ဆိုင္ပိတ္ၿပီး အိမ္ျပန္လာေသာ
Hoseokသည္ လုံးဝလြတ္လြတ္လပ္လပ္...။

အနက္ေရာင္ဆံပင္ေတြၾကားထဲက
ပန္းေရာင္ေဖာက္ထားေသာဆံပင္ေတြ
ဒီဇိုင္းအဆန္းဆုံးေတြကိုသာဝတ္တတ္ၿပီး
သိပ္စမတ္က်ေသာလမ္းေလၽွာက္ပုံသည္
ၾကည့္႐ုံနဲ႔ကို ဒီလူဘယ္ေလာက္Bright
ျဖစ္လဲတန္းသိနိုင္စရာ...။

Hoseok က Artistတစ္ေယာက္ဆိုေပမယ့္
သိပ္ႀကီးႀကီးက်ယ္က်ယ္ေတာ့မေန..။
စိတ္ႀကိဳက္ဖန္တီးလို႔ရမယ့္ေခါင္းမိုးထပ္တိုက္
ခန္းတစ္ခုကိုဝယ္ထားၿပီး မ်က္စိေတြရွုပ္ေနေအာင္
အလွဆင္ထားရင္း တစ္ေယာက္ထဲေပ်ာ္ေနတတ္သည္။
Hoseokအိမ္ကိုဘယ္သူမွမသိ..။
ဒီလိုေနရာမ်ိဳးေနမယ္လည္းမထင္ၾက...။
စိတ္ကူးယဥ္ပုံေဖာ္ေနရေသာArtistေတြဟာ
အနည္းအပါးေတာ့နားလည္ရခက္တတ္သည္။

"အေမ့!!!!!!"

ကိုယ့္Feelနဲ႔ကိုယ္ ဖုန္းေျပာၿပီးသီခ်င္းတညီးညီး
နဲ႔ဆိုင္သိမ္းအိမ္ျပန္ေသာ ညေနေစာင္းမိုးခ်ဴပ္စ
အခ်ိန္တြင္ တံခါးဝမွာ ထိုင္ေနေသာ
KimTaeHyung...။
အနီေရာင္LongCoatႀကီးနဲ႔စိတ္႐ူးေပါက္လာျပန္ၿပီထင္
သည္။

"TaeHyung....ဘာလုပ္ေနတာလဲငါ့အိမ္ေရွ႕မွာ...."

TaeHyungကိုမွီကာမူးေနတဲ့ပုံေပၚေသာ
လူတစ္ေယာက္သည္လဲၿပိဳေနေသးသည္။

"ေစာင့္ေနတာ မင္းအိမ္မွာခဏေနခ်င္လို႔..."

"ဘာလဲ ဘယ္သူေတြေခၚလာျပန္ပီလဲ
ငါ့ကိုMinYoongiသတ္လို႔ေသမယ့္အကြက္ေတြ
မလုပ္နဲ႔ေနာ္...."

"တံခါးဖြင့္စမ္း......ငါတို႔ေအးေနၿပီ...."

"ဇယားကိုေနာက္တယ္ မင္း....."

Hoseokသည္ အိမ္ေသာ့အားထုတ္ကာ
စိတ္ရွုပ္သြားေသာမ်က္ႏွာမ်ိဳးျဖင့္
ဖြင့္ေနတုန္း KimTaeHyungက
မွီထားေသာလူကိုဆြဲမတဲ့အခါ ထင္ခနဲလင္းခနဲ
ေပၚလာေသာမ်က္ႏွာေၾကာင့္Hoseokမ်က္လုံး
ေတြျပဴးထြက္ကာေသာ့ပင္ထြက္က်သြားသည္။

"ေဟ့ေကာင္!!!!...."

"ဘာလဲ ကြာ...ျမန္ျမန္ဖြင့္လို႔......"

"ParkJimin...ParkJimin မလား.....
ဟုတ္ပါတယ္ေသခ်ာတယ္....မင္းဘာလုပ္လာတာလဲ
TaeHyung......"

"ေခၚလာတာေလ....ဘာျပႆနာရွိလို႔လဲ...."

"Jungkook ေယာက်္ားေလ....မင္းဘယ္လိုလုပ္
ေခၚလာလို႔ျဖစ္မလဲ....႐ူးေနၿပီလား
KimTaeHyung ရယ္..."

"ငါ့ကိစၥပါ.....မင္းနဲ႔မဆိုင္ဘူး..ဖြင့္ျမန္ျမန္..."

အဲ့တာပဲငယ္ငယ္ေလးထဲကKimTaeHyung
ဆိုတာနားလည္ရခက္တဲ့လုပ္ရပ္ေတြကို
လုပ္ၿပီးထူးထူးဆန္းဆန္းေတြးေခၚယူဆတတ္တဲ့
သူ...။ခုေနာက္ပိုင္းေတာ့အဆင္ေျပၿပီလို႔ထင္ခဲ့
ေပမယ့္KimTaeHyungရဲ့စိတ္ပိုင္းဆိုင္ရာဟာ
ဘာမွမေျပာင္းလဲေသးပါလား။

ParkJimin ကလည္းလုံးဝလဲေန၍တံခါး
ျမန္ျမန္ဖြင့္ကာTaeHyungကဂ႐ုတစိုက္ေလး
တြဲေခၚလၽွက္ အိပ္ခန္းတံခါးကိုေျခေထာက္ျဖင့္
ေဆာင့္ကန္ဖြင့္ကာအိပ္ယာေပၚကိုေသေသခ်ာခ်ာ
ေနရာခ်ေပးသည္။

"TaeHyung.....ဘာေတြလုပ္ေနတာလဲ
ငါ့ကိုေျပာစမ္းပါအုန္း....မင္းဘာေတြ
မဟုတ္တာလုပ္မလို႔လဲ...."

"Hoseok...ငါငယ္ငယ္ကမင္းကိုေျပာျပဖူးတဲ့
ငါသိပ္စြဲလန္းတဲ့ အိမ္မက္ေတြထဲက
သခင္ဟာ....သူပဲ....ငါရွာေတြ႕ၿပီမလို႔...
ငါလိုခ်င္လို႔..."

"TaeHyung......"

"ေလာကေဘာင္ေတြစည္းေတြကို
ငါနားလည္ေပမယ့္ ငါေစာင့္သိရမွန္းသိေပမယ့္
ငါ မေကာင္းတဲ့လူပဲ လုပ္လိုက္ေတာ့မယ္
သခင့္ကိုရရင္ပီးေရာ ငါဘာေကာင္ျဖစ္ျဖစ္....
အဆင္ေျပတယ္...."

ျပႆနာအႀကီးႀကီး...ေတြး႐ုံနဲ႔တင္မေတြးၾကည့္ရဲ
နိုင္စရာ....။MinYoongiနဲ႔JeonJungKook
မ်က္ႏွာကိုတစ္ေယာက္ခ်င္းစီျမင္လာေတာ့
Hoseok...ေတာ္ေတာ္ေလးေသြးပ်က္သြားၿပီ။

" ငါနဲ႔သူ ႏွစ္ေယာက္ထဲေနခ်င္လို႔
မင္းဝင္မလာနဲ႔....သြားေတာ့..."

"ထယ္....မွားေနၿပီ....."

ဘာမွျပန္မေျပာေတာ့...အိပ္ယာအစြန္းတြင္
ထိုင္ကာမူးၿပီးအိပ္ေပ်ာ္ေနသူ၏ဆံပင္ေတြကို
သပ္တင္ေပးေနသည္။Hoseokသည္
ဘယိအခ်ိန္ဘယ္သူမ်ားအိမ္တံခါးေခါက္မလဲ
ရင္တထိတ္ထိတ္ႏွင့္......။

................

ဖ်က္ကနဲလန့္နိုးတဲ့အခါမိုးခ်ဴပ္ေနၿပီ....။
ဆိုဖာေပၚေခါင္းကိုက္လို႔ေမွးရင္းအိပ္ေပ်ာ္သြားခဲ့ျခင္း။
နာရီကိုၾကည့္တဲ့အခါ ည၇နာရီ.....။
မိုးခ်ဴပ္ေနၿပီ....။
သူ႔အတြက္ေစာေပမယ့္ ParkJimin အတြက္က
ေတာ့အရမိးေနာက္က်ေနေသာအခ်ိန္တစ္ခု...။
ေျခာက္နာရီအေရာက္အိမ္ျပန္ဝင္ရမွာပဲ..။
စိတ္ဆိုးဆိုးစိတ္ေကာက္ေကာက္ ဘာျဖစ္ျဖစ္...။

"ျပန္မလာဘူးလား....ဖုန္း..ဖုန္းခုထိမဖြင့္ေသးဘူးလား"

"မဖြင့္ဘူးသခင္ေလး....ေနာက္ေတာ့
က်ေနၿပီ..."

ေမာင္...ဆိုဖာေပၚမွျမန္ျမန္ဆန္ဆန္ထကာ
စိတ္ေတြလွုပ္ရွားေနၿပီ။မေက်နပ္ရင္မ်က္ႏွာခ်င္း
ဆိုင္စိတ္ရွိသလိုရွင္းလို႔ရတဲ့ကိစၥေတာ္႐ုံေလာက္ဆို
ရၿပီေလ.....။ည၇နာရီကမျဖစ္ဘူး...။
အရြဲ႕အေစာင္းလည္းပိုင္နိုင္တဲ့သူဟာ
တေနရာရာမွာ သူလက္မခံနိုင္စရာတစ္ခုခုမ်ား
လုပ္ေနသလား....။

"ေတာက္!!"

ေမာင္အၾကာႀကီးထိုင္စဥ္းစားသည္။
မ်က္လုံးေတြသည္ဟိုေရာက္ဒီေရာက္....
ေနာက္ဆုံးတြင္ေခါင္းထဲကိုအေတြးတစ္ခုေရာက္လာခဲ့
သည္။

ဟိုတစ္ခါလို....သူနဲ႔ရန္ျဖစ္လို႔ Coffeeဆိုင္မွာ
ရည္းစားဦးကိုရင္ဖြင့္ေနမွာလား.....။

ေမာင္က NamJoonကို သိပ္မနာလိုျဖစ္ခဲ့သည္။
ေအးေအးခ်မ္းခ်မ္းပုံစံ လူႀကီးလူေကာင္းပုံစံ
တည္ၿငိမ္ရင့္က်က္မွုအျပည့္နဲ႔KimNamJoon
သည္ သူနဲ႔ယွဥ္လိုက္တိုင္း သူကသုညေအာက္က်ကာ
အႏူတ္ေတြထြက္တဲ့အထိ...။

Jimin နဲ႔ လိုက္ဖက္မယ့္သူသည္ ေသခ်ာေပါက္
KimNamJoonလိုပုံစံမ်ိဳးဆိုတာကေလးေတာင္
သိေန၍ သူကိုယ္တိုင္လည္းသိေန၍
မနာလိုခဲ့ပါ....။

ခုလည္းေနာက္က်ေနေသာအခ်ိန္မွာ
လက္ကေလးေတြကိုင္ကာအားေပးေနအုန္းမွာလား..။
လွုပ္ရွားေနေသာစိတ္မွာအျဖဴအမဲ
ျဖစ္နိုင္၏ မျဖစ္နိုင္၏ မသိ....။
ေမာင္ ကားေသာ့ဆြဲကာ အိမ္ထဲမွေျပးထြက္သြားသည္။

ျပင္းထန္လွေသာအရွိန္ျဖင့္ၾကမ္းၾကမ္းတမ္းတမ္း
မိုင္ကုန္ေမာင္းၿပီးလို႔စာအုပ္ဆိုင္နားေရာက္တဲ့အခါ
ည၈နာရီျဖစ္ေနၿပီ။

ေမာင္ဟာ....ကားေပၚမွမိုက္တိမိုက္ကန္းဆင္းကာ
မီးေရာင္ခပ္မွိန္မွိန္စာအုပ္ဆိုင္ဆီကို
ခပ္ျမန္ျမန္ေလၽွာက္သြားခဲ့သည္။
ဆိုင္ပိတ္ေနေသာ KimNamJoonသည္
စာအုပ္ေတြျပန္စစ္ေနတဲ့ပုံ....
ဆိုင္ထဲကို ေမာင္ ဝင္လာေတာ့ ၾကည့္လာသည္။

"ဆိုင္ပိတ္ေနၿပီ ညီ......"

"ParkJimin ဘယ္မွာလဲ......."

ေမးခြန္းသည္ဆိုးဝါးလိုက္တာ.....။NamJoon
စာအုပ္ေတြကိုစင္ေပၚတင္လိုက္ၿပီးေနာက္
JungKookဆီေလၽွာက္သြားလိုက္သည္။

"ဘာျဖစ္လို႔လဲ .....တစ္ခုခုျဖစ္လို႔လား.....
ကိုယ္မသိဘူး....ကိုယ္နဲ႔သူအဆက္အသြယ္မရွိဘူး.."

"မလိမ္နဲ႔ေနာ္....ေပ်ာက္ေနတယ္ ခုထိအိမ္ျပန္မလာလို႔
ခင္ဗ်ား သိေနတယ္ဆို ခ်က္ခ်င္းေျပာ..."

"ကိုယ္တကယ္မသိတာပါ..ဘာျပႆနာေတြ
တက္လို႔လဲ...ခုထိအိမ္မျပန္လာတာက....."

"စိုးရိမ္မေနစမ္းပါနဲ႔...က်ေတာ့္ေယာက်္ား
ကၽြန္ေတာ္ပဲစိုးရိမ္မယ္....."

ဒီေကာင္ေလးမ်က္လုံးေတြသည္ေဆာက္တည္ရာမရ။

"ကိုယ္ဘာေျပာလို႔လဲ..မင္းေခါင္းေအးေအးထား
ရွာတာပိုအဆင္ေျပမယ္ ကေလး သြားတတ္တဲ့
ေနရာေတြ......."

မွိုင္းညိဳ႕သြားေသာမ်က္လုံးဝိုင္းေတြသည္
အခိုးေတြေတာင္ထြက္လာသလားမသိ။
KimNamJoonဆိုတာလည္းတကယ့္အခ်ိန္က်မွ
လြတ္ခနဲထြက္က်သြားခဲ့ရေသာ ကေလး....။

လက္ရဲဇက္ရဲလူဆိုးေလးဟာအက်ီလည္ပင္း
အားဆြဲယူကိုင္လိုက္ၿပီ...။

"ကေလး မဟုတ္ဘူး ကၽြန္ေတာ့္ေယာက်္ား...
ParkJimin က ကေလး လုံးဝမဟုတ္ဘူး.."

"JeonJungkook!!!!!!!"

..............။

Continue Reading

You'll Also Like

792K 78.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
345K 34.9K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
249K 16.5K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
3.4M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်