𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬�...

By youbemyfamily

51.7K 7K 1.7K

ကိုကိုရယ် ကျွန်တော်ရယ် ကျွန်တော့် ဒေစီလေးရယ် .... ။ More

[FINAL 1] ♡
[FINAL 2] ♡

Park Sunghoon's POV ♡

3K 409 178
By youbemyfamily






❗spoiler ပိစိလေးပါတယ်❗

FEB 16,2012

အဖျားကလုံးဝမကျသေးဘူး ။ ညဘက်တွေ ဆက်တိုက်ယောင်ပြီး လန့်နိုးတယ်လို့ မေမေကပြောတယ်။ မေမေက တအားစိတ်ပူနေတဲ့ပုံပါပဲ ။ သူ့ အိပ်မက်တွေထဲမှာ အီဟီဆွန်းနဲ့ သူ့ကိုလှောင်ရယ်နေတဲ့ အကိုကြီးတွေ အမကြီးတွေက ပေါ်ပေါ်လာတယ် ။

Feb 20 , 2012

ဆေးရုံတက်ရတဲ့ အထိ သူ့အခြေအနေကဆိုးရွားလာတယ် ။ ဖျားတာအပြင် သူ့ရဲ့ စိတ်က ပုံမှန်မဟုတ်ဘူးလို့ ဆရာဝန်တွေက ယူဆတဲ့ပုံပဲ ။ သူဘာမှမဖြစ်ပါဘူး ။ သူ အီဟီဆွန်းနဲ့ သူ့ သူငယ်ချင်းတွေကိုကြောက်ရုံပါပဲ ။

March 13, 2012

သူကျောင်းပြောင်းချင်တယ်လို့ မေမေ့ကိုပူဆာတယ် ။ မေမေက ဒီစာသင်နှစ်ပြီးရင်ပြောင်းပေးမယ်တဲ့ ။ သူက ငြင်းတယ် ။ အတင်းငိုယိုပြီးပူဆာတယ် ။ မေမေကနောက်ဆုံးတော့ လက်လျှော့ပြီး ဆေးရုံက ဆင်းတာနဲ့ ကျောင်းအသစ်ကို ပို့ပေးတယ် ။ သူ့ကိုမခွဲနိုင်တဲ့ ဂျေးကပါ လိုက်ပြောင်းတယ်လေ ။ သူ့အတွက်တော့ ပျော်စရာပါပဲ။

May 2, 2012

အရာအားလုံး အဆင်ပြေတယ် ။ အီဟီဆွန်းကိုလည်း မတွေ့ရဘူးလေ ။ ကျောင်းအသစ်ပေမယ့် သူတို့ကို အနိုင်မကျင့်ခင် ဂျေးနဲ့သူနဲ့က ထိုသူတွေကိုအရင်ဆော်တယ် ။ အခုတော့ ဆောင်ဟွန်းမှာ ကြောက်စရာဘာမှမရှိ ။





Feb 14 ,2013

ဒီနေ့ ထပ်ရောက်လာပြန်ပြီ ။ သူကြောက်နေတယ် ။ ဒါပေမယ့် ကြောက်တဲ့အရာကို ရင်ဆိုင်နိုင်မှ သတ္တိရှိတယ်လို့ ခေါ်တယ်တဲ့ ။ သူ ကျောင်း ကိုထွက်လာခဲ့လိုက်တယ်

အရာအားလုံး အဆင်ပြေပြေပြီးလုနီးပါးမှာ သူ့နားကို ချဉ်းကပ်လာတဲ့ ကောင်မလေးတစ်ယောက် ။ မျက်မှန်တပ်ထားပြီး ခပ်ဝဝကောင်မလေးတစ်ယောက် ။ ချောကလက်ဘူးကလည်း လက်ထဲမှာ ။သူ့ Type လည်း မဟုတ်သလို ဘယ်သူ့ Type မှလည်း မဟုတ်လောက်ပါဘူး ။

အဲ့ကောင်မလေးက ပြောတယ် ။ "ဆောင်ဟွန်းကို သဘောကျလို့" တဲ့ ။ ရှက်နေတဲ့ပုံပါပဲ ။ ဆောင်ဟွန်းဘာမှမပြောပဲ ထွက်သွားဖို့လုပ်လိုက်တယ် ။ ဒါပေမယ့် ခဏ ။ မနှစ်က ပုံရိပ်တွေအတွေးထဲပြန်ဝင်လာသည်။ သူအခုငြင်းလိုက်ရင် ကောင်မလေးက မနှစ်ကသူ့လိုခံစားရမှာပေါ့နော် ?



သူ ခေါင်းငြိမ့်လိုက်တယ် ။ "အင်းလေ တွဲကြတာပေါ့"






April 12, 2013

သူနဲ့ ဂျေးနဲ့ ဒီနေ့ နှစ်ယောက်တည်းအပြင်ထွက်မုန့်စားကြတယ် ။ လူကြီးတွေမပါပဲနဲ့လေ ။ မုန့်ဆိုင်ထဲဝင်မလို့ရှိသေး ။ အီဟီဆွန်းသူငယ်ချင်း အမကြီးတစ်ယောက်ကိုတွေ့တယ် ။ သူ ချွေးတွေထွက်လာတယ် ။ "ကျောင်းသား ပတ်ဆောင်ဟွန်းလား" တဲ့ ။ ထိုအမကြီးက မေးတယ် ။ သူ ပြေးပြီးလှည့်ထွက်ခဲ့တယ် ။ အဲ့နေ့က သူဖျားပြန်တယ် ။



September 5, 2018

ချွန်းဟယ်ကပြောတယ် "ငါတို့နမ်းကြည့်ရအောင်"တဲ့ ။ သူလည်းဘာမှမပြောပဲ စိတ်ကျေနပ်အောင် နမ်းပေးလိုက်တယ် ။ ပထမဆုံးပေမယ့် ရင်ထဲမှာတော့ ဘာမှမကျန်တဲ့ ဗလာသက်သက် ခံစားချက်ကြီး ။



January 7 , 2019

သူ ဝါသနာပါတဲ့ IT major ကိုရအောင်ယူနိုင်လို့ စာသေချာလုပ်တော့မယ် ဆိုပြီး ကြုံးဝါးရင်းပျော်နေရတယ် ။ သူ မသိခဲ့တာက အဲ့ကျောင်းမှာ နောက်ဆုံးနှစ်ကျောင်းသား အီဟီဆွန်း ရှိနေခဲ့တယ်ဆိုတာ ။ သူ အီဟီဆွန်းကို မကြောက်တော့ပါဘူး ။ သူ ကိုကို့ကို အရွဲ့တိုက်တော့မှာ ။


Feb 18, 2019

ကောင်မလေးတွေဆိုတာ သူ့နားမှာ ဝိုင်းဝိုင်းလည်ပဲ ။
သူ့ကို ဖွင့်ပြောတဲ့ကောင်မလေးတိုင်းကို ခေါင်းငြိမ့်ပြတဲ့ အကျင့်က ရှိနေတုန်းပဲ ။ သူ မငြင်းရက်ဘူး ဆိုတာစိတ်ရင်းနဲ့ပါ ။ သူ နာကျင်သလိုမျိုး ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး ။ ကိုကို ကလွဲလို့ ။

March 20, 2019

ကိုကို စကောလားရှစ် မသွားခင်တည်းက ဆောင်ဟွန်းက ကျောင်းမှာ နာမည်ကြီးနေပြီလေ ။ ကိုကိုက King ဆိုပေမယ့် မာနကြီးတဲ့ သူ့ကိုအားလုံးကရှိန်တယ် ။ သူကတော့ ကိုကိုနဲ့ ဆန့်ကျင်ဘက် အဆိုးအတေလေးလေ ။ ကောင်မလေးတွေက သူ့ကို ပိုကပ်ကြတယ် ။



April 3,2019

ကိုကို စကောလားရှစ် သွားတဲ့နေ့က သူ့က်ို နှုတ်ဆက်သွားတယ် ။ ကောင်းကောင်းနေပြီး စာကြိုးစားတဲ့ ။ သူ မဲ့ပြုံးမပြုံးမိအောင် ကြိုးစားနေရတယ် ။ သူက ကိုကို့ ကိုပဲလက်စားချေချင်တာ ။ စာမလုပ်ချင်တော့ဘူး ။


January 12,2020

ကိုကို ထွက်သွားပြီးနောက်ပိုင်း အရာအားလုံးက ပုံမှန်ပါပဲ။ သူက ကောင်မလေးတွေနဲ့ တွဲတယ်၊ ပျော်တယ် ။ ချွန်းဟယ်လိုပေါ့ ။ သူမလည်း ပျက်စီးနေတာပါပဲ ။ဒါပေမယ့် နှစ်ယောက်စလုံး ကတိတည်ထားတာ ရှိတယ် ။ ဘယ်သူတွေနဲ့ ဘယ်လောက်တွဲတွဲ ဘယ်သူ့ကို မှအတည်မချစ်သွားဖို့ ။ ဆောင်ဟွန်း တကယ်ပဲ ဘယ်သူ့ကိုမှ အတည်မချစ်ချင်တာပါ ။ သူကြောက်နေပြီလေ ။


Feb 14,2020

Valentine Day တွေဆို သူပျော်တတ်ပြီ ။ သူ့ကိုငြင်းမယ့်သူ မရှိတဲ့အပြင် သူ့ကိုချစ်တဲ့သူတွေပဲရှိတဲ့ အသိုင်းအဝိုင်းမှာ သူနေနေရတာကို ။ သူ ဘောလုံးကန်တာ အရမ်းတော်လာတယ်လို့လည်း နည်းပြက ချီးကျုးတယ်။သူ့အတွက်တော့ အရာအားလုံးက ပျော်စရာပါပဲ ။



October 15,2020

ပါတီသွားခါနီး ကားပျက်နေလို့ သူ ဒေါပွနေတယ် ။ ရွေးချယ်စရာမရှိတာနဲ့ပဲ ဘတ်စ်ကား စီးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမယ့် ကားမှတ်တိုင်မှာ မထင်မှတ်ပဲ ထိုကောင်လေးကိုပထမဆုံး တွေ့တယ် ။ မျက်မှန်ဝိုင်းအောက်က မျက်ဝန်းလေးတွေက မျက်စိမလွှဲနိုင်လောက်အောင် လှတယ် ။ သူ အဲ့ကောင်လေးကို ဆွဲနမ်းပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရတယ် ။




October 16, 2020

မိုးလင်းလင်းချင်း သတိရတာ မနေ့ညက ကကြီးပုံ နှုတ်ခမ်းပါးလေးတွေကိုပါပဲ ။ ပါတီမှာ ညဉ့်နက်လို့ ခေါင်းတွေကိုက်နေဆဲ ။ သူ ကျောင်းဖျက်မလို့ပဲ ။ ဒါပေမယ့် ဖြတ်ခနဲ ဟိုကောင်လေးကို တွေ့ချင်စိတ်က ပြင်းထန်လာတယ်။သူရေချိုးပြီး ကျောင်းကိုထွက်လာလိုက်သည် ။




October 18 , 2020

ဒီနေ့ ဟိုကောင်လေးရဲ့ အတန်းရှေ့မှာ သွားစောင့်ဖြစ်တယ်။ ညစာ အတူစားချင်လိုလို့ ပြောတော့ မျက်နှာလေးက နည်းနည်းဆူပုပ်သွားတယ် ။ ငြင်းလိုက်မှာစိုးလို့ ဆောင်ဟွန်း လက်တွေပါအေးစက်လာပေမယ့် ခေါင်းငြိမ့်ပြတယ် ။ တော်ပါသေးရဲ့ ။ သူ Fera ပါတီပွဲကို ဖျက်ပြီး ဂျိတ်ခ်အနားမှာ နေဖို့ဆုံးဖြတ်လိုက်တာ မှန်သွားသည် ။

ကလေးလေးက သိပ်ချစ်ဖို့ကောင်းသည် ။
ရွယ်တူမှန်းသိပေမယ့် ကလေးလေးလို့ စိတ်ထဲမှာကြိတ်ခေါ်နေမိတာ ခဏခဏပဲ ။ ညစာစားဖို့ ဝတ်ထားတာကလည်း သူနဲ့ ဆန့်ကျင်ဘက်လိုဖြစ်နေသည် ။ Strawberry Milkshake သောက်နေတဲ့ပုံကိုလည်း နှလုံးသားထဲမှာ စွဲနေအောင် သူမှတ်ထားဖို့ကြိုးစားသည် ။ ဒါပေမယ့် -

ရုတ်တရက် ဝင်လာတဲ့ ph call ကြောင့် သူတုန်လှုပ်သွားမိသည် ။ ဖွားဖွားအရေးပေါ် အခြေအနေတဲ့ ။ သူ ဂျ်ိတ်ခ်ကိုတောင် ထားခဲ့မိသည်အထိ ဖွားဖွားကို စိတ်ပူသွားသည်။ဖွားဖွားဆီ ထွက်လာပြီးမှ ဂျိတ်ခ်ကို တစ်ဖန်စိတ်ပူမိပြန်သည် ။ ကလေးလေး မိုးမိသွားရင် ဒုက္ခပါပဲ ။



October 21,2020

ဒီရက်ပိုင်း ပတ်ဆောင်ဟွန်းမှာ ရောဂါတစ်ခုကောက်ရလိုက်သလိုပဲ ။ ရှင်းဂျိတ်ခ်နားမှာ တစ်ချိန်လုံးကပ်နေချင်တာ။ နှုတ်ခမ်းပါးပါးလေးကို ငေးလိုက် ၊ မျက်မှန်ဝိုင်းလေးကို အသည်းယားလိုက်နဲ့ အလုပ်ရှုပ်နေရတာကို ပျော်တတ်လာပြီ ။ ဒါက ချစ်ခြင်းအစဆိုတာတော့ ဆောင်ဟွန်းက မရိပ်မိခဲ့ ။





December 23,2020

ရှင်းဂျိတ်ခ်ကြိုက်တဲ့ Vanilla Latte ကို သူတောင်ကြိုက်မိလာပြီ ။ စွဲသောက်ကြည့်တော့လည်း မဆိုးပါဘူး ။ တော့ပိုကီလည်း ခဏခဏစားဖြစ်နေတယ် ။ ဂျိတ်ခ်က ကြိုက်တာကိုး ။



January 3, 2021

ချွန်းဟယ် သတိပေးမှပဲ သူ့ရဲ့ပုံစံအမှန်ကို ပြန်သတိရမိတယ်။ "ပတ်ဆောင်ဟွန်း နင်သူ့ကိုချစ်လို့မရတာ သိတယ်နော်" အမြင့်ကနေ ရုတ်တရက် ခုန်ချလိုက်ရတဲ့ ခံစားချက်လို အေးခနဲပဲ ။ ဟုတ်တယ် ။ သူ ချစ်လို့မရဘူး ။ ချစ်ရဲသွားရင်တောင် သူ့မှာချစ်ခွင့်မရှိဘူး ။



January 17, 2021

ကိုယ်စောင့်နတ်တွေသာ တကယ်တည်ရှိတယ်ဆိုရင် သူဘယ်လောက်လွမ်းနေရလဲ ထိုနတ်သိမယ်ထင်တယ်။ကျောင်းမှာ ဂျိတ်ခ်ရဲ့ အရိပ်ကိုတွေ့မိတိုင်း ပြေးလိုက်တာလည်း ဆောင်ဟွန်းပဲ ။ မျက်နှာချင်းဆိုင်ဆုံရင် ရှောင်တာလည်း သူပဲ ။


January 26,2021

ဒီနေ့ကိုတော့ ဆောင်ဟွန်း ဘယ်တော့မှ မမေ့နိုင်တော့ဘူးထင်တယ် ။

ဂျိတ်ခ်ရဲ့ ဒီပုံစံကို သူတအားမုန်းတယ် ။ တအားတုန်လှုပ်ပြီးကြောက်နေတဲ့ ကောင်လေးကို ရင်ခွင်ထဲထည့်ထားတာတောင် တုန်ရီနေတုန်းပဲ ။ သူ့ရဲ့ စိုးရိမ်မှုက ထိပ်ဆုံးလယ်ဗယ်ကိုရောက်သွားတယ် ။ ဘာမှစဉ်းစားမနေတော့ပဲ သူ့အိမ်ကိုခေါ်သွားမိတယ် ။




January 27 , 2021

ရှင်းဂျိတ်ခ်က တကယ့်စိတ်ရှုပ်စရာလေးဆိုတာတကယ်။သူရောက်လာပြီးကတည်းက ဘာတွေလုပ်နေမိမှန်းကိုယ့်ဟာကိုယ်တောင်မသိတော့ဘူး ။ ဆောင်ဟွန်းကိုယ်တိုင်ချမှတ်ထားတဲ့ စည်း တွေကို ဂျိတ်ခ်ကအလွယ်တကူချိူးဖောက်နိုင်တယ် ။ ဥပမာ .. ဂျိတ်ခ်ကို ကိုယ့်အိပ်ခန်းထဲထိခေါ်လာပြီး ကိုယ့်ကုတင်မှာ ပေးအိပ်မိတာမျိုး၊ ပြီးတော့ ဂျိတ်ခ်အတွက်နဲ့ သူ့အဖေကိုတောင် ခခယယနဲ့ စတင်ဆက်သွယ်မိတာမျိုး ။ ဂျိတ်ခ်စိတ်ပူနေတဲ့ ထိုမိဘမဲ့စင်တာကိစ္စကို ကူညီပေးဖို့တောင်းဆ်ိုတော့ ဖေဖေက အလွယ်တကူခေါင်းငြိမ့်သည် ။ သူ့အတွက်က ဒီကိစ္စဆိုတာ ပမွှားလေးဆိုတာ ဆောင်ဟွန်းလည်းသိပါသည် ။ အပေးရှိရင် ရအောင်ပြန်ယူတတ်တဲ့ သူ့အဖေအကျင့်အရ ချွန်းဟယ်ကို အတည်တကျတွဲ ဆိုတဲ့အမိန့်ကကပ်ပြီးပါလာခဲ့သေးသည် ။ အဲ့တာကြောင့်လည်း Valentine Day မှ ဖွင့်ပြောဖို့ဖြစ်လာခဲ့တာ ။





Feb 14,2021

Valentine Day မှာ အီဟီဆွန်းကိုပြန်တွေ့ရတာ ဒုတိယအကြိမ်။

အခန်းထဲမှာငိုနေတဲ့ ဂျိတ်ခ်ကို သူအစကတည်းက သတိထားမိသည် ။ မျက်လုံးချင်းဆုံတဲ့ ခဏမှာလည်း အမြန်အကြည့်လွှဲရသေးသည် ။ နောက် တစ်စက္ကန့်လောက် ထပ်စိုက်ကြည့်မိရင် ချွန်းဟယ်ကို မဟုတ်ပဲ ဂျိတ်ခ်ဆီမှာပဲ ထပ်ပြိုလဲမိလိ့မ်မည် ။

မထင်မှတ်ပဲနဲ့ ရုတ်တရက် တွေ့လိုက်ရတဲ့ အီဟီဆွန်းကို မြင်ရချိန်မှာ သွေးတွေပြောင်းပြန်စီးသွားသလိုပင်။ ကိုကိုကတော့ သူ့ကိုမမြင် ။ ဂျိတ်ခ်ကိုသာ ပန်းတွေပွင့်နေတဲ့မျက်လုံးတွေနှင့် ပြုံးကြည့်နေသည် ။ ဆောင်ဟွန်း နှစ်ခါမစဉ်းစားပဲ ဂျိတ်ခ် ဆီပြေးသွားလိုက်သည် ။

" ရှင်းဂျိတ်ခ် ... ကိုယ့်ကောင်လေး လုပ်ပေးနိုင်မလား .. ဟင် "




Feb 28,2021

ဂျေးပြောတဲ့အတိုင်း ဆောင်ဟွန်းက တကယ်ပြောင်းလဲသွားတယ်ထင်ပါတယ် ​။ သူ ပါတီတွေလည်း မတက်ဖြစ်သလို Club တွေလည်း မသွားဖြစ်ဘူး ​​။ အဲ့အစား ဘေဘီရှိတဲ့ အတန်းရှေ့တွေ၊ စာကြည့်တိုက်တွေထဲမှာပဲ ခြေချင်းလိမ်နေရတဲ့အထိ ။ ညဘက်တွေဆို အကြောင်းမရှိ အကြောင်းရှာပြီး ဂျိတ်ခ် အိမ်သွားရင်သွား ၊ မဟုတ်ရင် သူ့အိမ်ကို မရရအောင် ဂျ်ိတ်ခ်ကိုခေါ်လာတယ် ​။ မြို့ပြင်မှာ ကားပတ်စီးမယ် ဆိုပြီး အပြန်ကျရင် ဘေဘီကိုအိမ်ပြန်မပို့တော့ပဲ သူ့အိမ်ကိုသာ ခေါ်လာတယ် ။ အမှန်တော့ ဆောင်ဟွန်းက ဘေဘီနဲ့ အတူတူအိပ်ချင်လို့ကို ။ အဲ့တာကို ဘေဘီက " ပြန်ပေးဆွဲနေတာလား" တဲ့ ။




May 5 , 2021

တွဲနေတဲ့တောက်လျှောက်မှာလည်း ဘေဘီငိုတယ်ဆိုတာ မမြင်ရသလောက်ကိုရှားတယ် ။ ဘေဘီက ထင်ထားတာထက် ပိုလူကြီးဆန်တယ် ။ တစ်ခုခုပြသာနာဖြစ်ရင် ဆောင်ဟွန်းကသာ ပျာယာခတ်သွားပေမယ့် ဘေဘီကတော့ ခံစားချက်ကို ဖုံးကွယ်ပြီး ကောင်းကောင်းဖြေရှင်းနိုင်တယ်။ အဲ့တာကြောင့်လည်း ဆောင်ဟွန်းဘက်က " မင်းကိုမချစ်ချင်ဘူး ရှင်းဂျိတ်ခ်" လို့ပြောလိုက်တာတောင် ဘေဘီရဲ့ တုံ့ပြန်မှုက တည်တည်ငြိမ်ငြိမ်ပါပဲ ။ အဲ့နေ့က ဘေဘီရဲ့ ကျောပြင်ကို ကြည့်ပြီး မျက်ရည်မကျပဲ ရှိုက်ငိုနေတဲ့ ဆောင်ဟွန်းက အပြိုပြိုအလဲလဲ ။



May 12,2021

ရှင်းဂျိတ်ခ်ကို ကိုကို့ကိုချစ်ခဲ့တာထက်တောင် ပိုချစ်မိနေတယ်လို့ သတိထားမိချိန်မှာ ဂျိတ်ခ်က အနားမှာမရှိတော့။အဝေးကိုရောက်သွားအောင်လည်း ဆောင်ဟွန်းကိုယ်တိုင်တွန်းပို့ခဲ့တာမို့ ။ " အဲ့ကလေးကတော့ မင်းမှမင်းပဲတဲ့" လို့ ကိုကိုပြောတဲ့အချိန်တုန်းက ပျော်ရွှင်မှုထက် ဝမ်းနည်းမှူတွေက အလုအယက်တိုးဝင်လာသည် ။ အမှန်ဆို ဘေဘီ့နားကို သူပြန်မသွားချင်တော့ ။ နာကျင်မှူတွေပဲ ဆက်တိုက်ပေးနေတဲ့ သူ့ကို ဘေဘီလည်းမုန်းနေလောက်တယ်မလား ။ တစ်ခါလောက် ။ တစ်ခါလောက်တော့ ကြိုးစားကြည့်မယ် ။ ဒီတစ်ခေါက်မှ ထပ်နာကျင်စေမိရင် သူ ဘေဘီ့ကို အဆုံးထိ လက်လွှတ်လိုက်တော့မယ် ။



May 13,2021

နောက်ဆုံးအကြိမ် မကြိုးစားမိပဲ မဆုံးရှုံးချင်တာမို့ သူဂျိတ်ခ်ကို Cafe ဆိုင်ကိုချိန်းလိုက်သည် ။ ဘေဘီရောက်လာပါစေဟု သူအထပ်ထပ်ဆုတောင်းခဲ့ပေမယ့် တကယ်ရောက်မသွားခဲ့တာ ဘေဘီမဟုတ်ပဲ သူဖြစ်ခဲ့သည် ။

" ချွန်းဟယ် ဘာဖြစ်လို့လဲ "

ဆက်တိုက်ငိုနေတဲ့ချွန်းဟယ်ကို သူ ကျစ် တစ်ချက်စုပ်ကာ ပြန်ဖြေမိသည် ။ သူ့ဘာသာသူ ငိုနေတာ မငိုနေတာ ကိစ္စမရှိပေမယ့်ဆောင်ဟွန်းက ဂျိတ်ခ်ဆီသွားရဦးမှာမို့ နောက်ကျလို့မဖြစ် ။

" ငါ့ဆီခဏလောက်လာ-လာခဲ့ပါလား ဟွန်းရယ် ခဏပဲ ငါတစ်ယောက်တည်းမို့လို့"

ပြောလည်းပြော ငိုလည်းငိုနေတာမို့ ဆောင်ဟွန်း စိတ်ရှုပ်လာသည် ။

" နင် ငါ့ကိုမချစ်တာ သိပါတယ် ဟွန်းရယ် ၊ ငါလည်း Justin ကိုပဲချစ်တာပါ .. အခု ၊ အခု Justin က ငါ့ကိုလမ်းခွဲသွားတယ် ဟွန်းရယ် "

ထပ်ငိုပြန်ပြီ ။ ဆောင်ဟွန်း ခေါင်းကိုကုတ်မိသည် ။ Justin ဆိုတဲ့ကောင်ကို ကြားသာကြားဖူးပေမယ့် မြင်တောင်မမြင်ဖူး ။ ဘယ်အချိန်တုန်းက ချွန်းဟယ်က အဲ့ကောင်ကိုချစ်သွားရပြန်တာလဲ ။

" အေးဟာ .. နင်ဘယ်မှာလဲ ချွန်းဟယ် ၊ ငါနင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ် "

ဖြူစင်တဲ့ ငယ်သူငယ်ချင်းသံယောဇဉ် သန့်သန့်ကြောင့်သာ ဆောင်ဟွန်း သွားခဲ့ပေမယ့် ထောင်ချောက်ထဲကိုတည့်တည့်ရောက်လာတဲ့ သားကောင်ဖြစ်သွားသည် ။


Club ရောက်တော့ ငိုယိုနေတဲ့ ချွန်းဟယ်က သူ့ကိုပြေးဖက်သည် ။ ငိုလည်းငို ပြောချင်တာပြောနေတဲ့ ချွန်းဟယ်ကို မူးနေတယ်ဆိုပြီး သူက အတင်းအိမ်ပြန်ခေါ်သည် ။ မရ ။ နောက်ပိုင်းတော့ သူ သိပ်မမှတ်မိတော့ ။ ချွန်းဟယ် တိုက်တဲ့ အရည်တွေကို သူသောက်သည် ။ တစ်ငုံသောက်လိုက်တိုင်း ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသည် ​။ သူ့ကို လာလာနမ်းနေတဲ့ နှုတ်ခမ်းတစ်စုံကို ခံစားမိသည် ။ ဒါပေမဲ့ ဂျိတ်ခ်မဟုတ်တာ သေချာသည် ။


" ခွမ်း "


ဆောင်ဟွန်း အမူးပြေသွားအောင် လုပ်လိုက်တဲ့ ထိုအသံက ဂျိတ်ခ်ဆီကမှန်း ဆောင်ဟွန်းသိသိချင်း မျက်လုံးတွေပါပြာသွားသည် ။ သူ့ကိုကျောပေးထားပေမယ့် ထိုပုံရိပ်ကို သူမှတ်မိသည် ။ သေချာပေါက် ဘေဘီပဲ ။

" ဘေဘီ "

သူ တိုးတိုးလေးခေါ်လိုက်တာကို ဘယ်သူမှမကြားပေမယ့် ဂျိတ်ခ်ကြားလိုက်တာ သူသိသည် ။ အမူးတွေလည်းပြေသွားပြီ ။


ရှင်းဂျိတ်ခ် ထွက်ပြေးသွားတာကိုမြင်လိုက်ပေမယ့် သူလိုက်လို့မရ ။ ချွန်းဟယ်က ဆွဲထားသေးသည် ။ နောက်ဆုံး လက်ကို အတင်းဆောင့်ချပြီးမှ ဆောင်ဟွန်း ဂျိတ်ခ်နောက်ကို အမှီလိုက်ရသည် ။








_____________

ဂျိတ်ခ်နောက်ကို အမှီလိုက်သွားပေမယ့် သူ့အရှေ့မှာကိုကိုရောက်နေပြီ ။ ရှင်းဂျိတ်ခ် ငိုနေသည် ။ ကိုကိုလည်း ထိုနည်းလည်းကောင်းပဲ ။ ဆောင်ဟွန်းက ခပ်လှမ်းလှမ်းမှာ ရပ်နေသည် ။ ရှေ့ဆက်တိုးဖို့ အားမရှိတော့၍ ။


" လိုက်မလာနဲ့ ၊ ခင်ဗျားကော ဟို ပတ်ဆောင်ဟွန်း ဆိုတဲ့ လူကော "



ရှင်းဂျ်ိတ်ခ် ဒီလောက်ဒေါသထွက်တာ တစ်ခါမှသူမမြင်ဖူး။ စူးနေတဲ့ ဂျ်ိတ်ခ်ရဲ့ အော်သံက ဒီကနေတောင်ကြားနေရသည် ။ ကိုကိုက ဂျိတ်ခ်ရဲ့လက်တွေကို ဖြုတ်ချလိုက်တာလား ၊ ဂျိတ်ခ်ကပဲ ရုန်းထွက်သွားတာလားမသိ ။ ဂျိတ်ခ် ထွက်ပြေးသွားတာကို သူမြင်လိုက်သည်။




နောက်ဆုံးအခွင့်အရေးကိုလည်း ဆောင်ဟွန်း လက်လွှတ်လိုက်ရပြန်သည် ။


ကိုကိုက မြေကြီးပေါ်ကို လဲကျတော့မတတ် ဒူးတွေယိုင်သွားတာ သူမြင်လိုက်ရသည် ။ လွန်ခဲ့တဲ့ ကိုးနှစ်က ဆောင်ဟွန်းကို ကိုယ့်ဘာသာကိုယ် ပြန်မြင်နေရသလိုပဲ။ ကိုကို ဂျိတ်ခ်ကို အရမ်းချစ်တာ ဆောင်ဟွန်းသိပါသည် ။ ကိုကိုချစ်သလို သူလည်း ချစ်တာပဲ ​။ ဒါပေမယ့် အဆုံးသတ်အထိ သုံးယောက်လုံး ဒီအတိုင်းသွားနေလို့မှမဖြစ်တာ။ ဆုံးဖြတ်ချက်တစ်ခုကိုတော့ ဆောင်ဟွန်း ခိုင်ခိုင်မာမာချထားပြီးသား။


" ကိုကို "

ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ထိုနာမ်စားကို သုံးမိသည် ။ ကိုကို ကတော့ အံ့ဩသွားပုံပဲ ။ ဆောင်ဟွန်း ဒီနားမှာရောက်နေတာရော ၊ ကိုကို ဆိုတဲ့ အသုံးအနှုန်းကြောင့်ရော ​။

" ကိုကို မင်းပြောတော့ သူ့ကိုချစ်တယ်ဆို ! ဘာလို့ သူ့နောက်မလိုက်သွားတာလဲ "

" ပတ်ဆောင်ဟွန်း ငါဆွဲမထိုးမိခင် မင်းထွက်သွားလိုက်"

" ကိုကို မင်းက အရှူံးပေးနေတာ ၊ ချစ်တဲ့သူကိုရှေ့ထားပြီး အရှုံးပေးနေတာ "


ဆောင်ဟွန်း Jacket ကော်လံတစ်ဖက်က ဟီဆွန်းရဲ့ လက်တွေထဲမှာ ကြေမွသွားသည် ။ ဆွဲထိုးတော့မယ်လို့ထင်ထားပေမယ့် တကယ်တော့ ကိုကိုက ရွယ်ထားတဲ့လက်တွေကိုပြန်ရုပ်သိမ်းသွားသည် ။


" မင်းလည်းငါ့လိုပါပဲ ဆောင်ဟွန်း "

" မဟုတ်ဘူး ကိုကို ၊ ငါက ဂျိတ်ခ်ကို ချစ်မှမချစ်တာ"

ကိုကို မျက်ရည်တွေကို လက်နဲ့ဖိသုပ်လိုက်တာ ဆောင်ဟွန်းမြင်လိုက်သည် ။ ဆောင်ဟွန်း ကိုကို့ရဲ့ ပုခုံးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဖိကိုင်ရင်း မျက်လုံးတွေကို တည့်တည့်ကြည့်ကာပြောလိုက်သည် ။

" ကိုကို ငါ အတည်ပြောနေတာ ။ အချိန်မှီသေးတယ် ဂျိတ်ခ်နောက်ကို လိုက်သွား ကိုကို ။ အခုမဟုတ်ရင်တောင် သူ စိတ်ပြေသွားတဲ့ တစ်ချိန်ချိန်ကျရင် ဂျ်ိတ်ခ် အနားကိုရောက်အောင် ပြန်သွား .. နော် "

ကိုကိုက မဝေခွဲနိုင်တဲ့ မျက်လုံးတွေနဲ့သူ့ကိုကြည့်နေသည်။ အံ့ဩနေတဲ့ အရိပ်အယောင်တွေလည်း ပါပါရဲ့။

" ငါ ဂျိတ်ခ်ကို မချစ်ဘူး ကိုကို ။ အဲ့တာကြောင့် ကိုကိုကပဲ သူ့နားမှာ နေပေး ၊ ငါ့အတွက်ကြောင့် ဂျိတ်ခ်ကို လက်လွှတ်မခံနဲ့ ။ ငါ ဂျိတ်ခ်ကို မချစ်ဘူး"



ဂျိတ်ခ်ကို မချစ်ဘူး ဆိုတဲ့ စကားကို ထပ်ခါထပ်ခါရွတ်နေမိတဲ့ ဆောင်ဟွန်းကို ကိုကိုက ရိပ်မိပုံမပုံ ။ မျှော်လင့်ချက်ရောင်ခြည်လေးဖြတ်သန်းသွားပုံရတဲ့ ကိုကို့ကို သူ ပြုံးပြပြီး လှည့်ထွက်လာလိုက်သည် ။















အခုချိန်ကစပြီး ဘေဘီ့ဘဝက ပျော်ရတော့မှာပါနော် ။
သူ့ကို ဒဏ်ရာတွေပေးမယ့် ပတ်ဆောင်ဟွန်းမှမရှိတော့ပဲ။



သူပြောသားပဲ ။
အချစ်ရဲ့ အဆုံးသတ်က နာကျင်မှူပါလို့ ။
အခုတော့ ရှင်းဂျိတ်ကို မေ့နိုင်ဖို့အတွက် သူဘယ်လောက်တောင် အချိန်ယူရမလဲမသိ ။
ရက်ပိုင်းလား ၊ လပိုင်းလား ၊ နှစ်တွေချီအောင်လား ၊ ဒါမှမဟုတ် တစ်သက်လုံးလား ။



သူ ဘေဘီ့ကို အရမ်းချစ်သည် ။
ချစ်လွန်းလို့လည်း ဘေဘီတစ်ခါပျော်တိုင်း သူတစ်ခါနာကျင်ရမယ့် လမ်း ကို သေချာရွေးခဲ့တာ ။








ဒီနေ့ည အိမ်ပြန်ရောက်ရင် ဖျားဦးမလားမသိဘူး ။
ဒီတစ်ခေါက်တော့ လွန်ခဲ့တဲ့ ကိုးနှစ်ကလို ဆေးရုံထိမရောက်ဖို့ သူ ဆုတောင်းသည် ။








နာကျင်လက်စနဲ့ သူပဲတစ်ဘဝလုံးဆက်လက်ပြီးသည်းခံလိုက်ချင်တယ် ။ ရှင်းဂျိတ်ခ်ကိုတော့ နာကျင်မှူဆိုတာ ဘာလဲလို့ မေးရအောင် ပျော်ရွှင်စေချင်သည် ။






























Bemm မြစ်တစ်လျှောက်ကို ဖြတ်သန်းလာတဲ့ လေက အေးစက်တာထက်ကိုပိုနေသည် ။ Bemm မြစ်ဘေးတစ်လျှောက်က သာမန်ရွာလေးတစ်ခုမှာ ပုန်းကွယ်ပြီးနေနေတာ သုံးလတောင်ပြည့်တော့မည် ။ အခုတော့ ဆိုးလ်မြို့မှာ ဖြစ်ခဲ့သမျှအရာအားလုံးက ဝေဝါးနေပြီ ။ ရက်ဆက် နာကျင်ခဲ့ရတဲ့ နှလုံးသားကလည်း အနားရ၍ အနည်ထိုင်နေပြီ ။


" ယွန်းနီး အပြင်မှာအကြာကြီးမနေနဲ့ အအေးပတ်မယ်"



သူတည်းခိုနေတဲ့ အိမ်ရှင် အဖွားရဲ့ အသံစာစာလေးက အနောက်ကထွက်လာသည် ။ သူ ခေါင်းငြိမ့်ပြပြီး ဟုတ် အဖွားလို့ ပြန်ပြောလိုက်ပေမယ့် တော်တော်နဲ့ အိမ်ထဲမဝင်ဖြစ်သေး ။

ရေနဲ့နီးတာမို့ ရေလုပ်ငန်းကို အမှီပြုပြီး ရပ်တည်နေကြတဲ့ ဒီရွာလေးက ထင်ထားတာထက် ပိုအေးချမ်းသည် ။အထူးသဖြင့် သူ့လို ပူလောင်မှူတွေကြားက ရုန်းထွက်ချင်တဲ့သူအတွက် ။








စိတ်ရောလူရော အနားရသွားမှ သူ့အတွေးတွေက ပိုပြတ်သားလာသည် ။ နှစ်ယောက်လုံးနဲ့ ဝေးနေမှ ဘယ်သူ့ကို ပိုလွမ်းမိလဲ သိသာလာသည် ။ တစ်ယောက်တည်းရှိနေမှ ဘယ်သူ့ကို ပိုတမ်းတမိလဲ ကိုယ့်ကိုကိုယ် သတိထားမိသည်။ သူ့စိတ်ထဲမှာ ဘယ်သူရှိနေလဲဆိုတာ ရေရာတဲ့အဖြေထွက်ပေမယ့် သူပြန်ပြီးမျိုသိပ်ထားရသည်။ အဲ့ ကွန်ရက်ထဲကို ပြန်သွားဖို့စိတ်ကူးမရှိ ။ ဒါပေမယ့်လည်း



သူ့ရင်ထဲမှာတော့ တစ်စုံတစ်ယောက်ကရှိနေတာသေချာသည် ။ တစ်ချက်တစ်ချက်တော့ ထထလွမ်းတာပေါ့။



မရင့်မကျက်နဲ့ လွန်ခဲ့တဲ့ သုံးလကျော်နီးပါးက လျှောက်လုပ်ခဲ့သမျှကို အခုမှနောင်တရချင်သည် ။ အခုတော့ သူ ပိုပြီးတည်ငြိမ်လာပြီထင်ပါရဲ့ ။





အေးဆေးနေတဲ့ သူ့ဘဝက သုံးလပြည့်ပြီး နှစ်ရက်မြောက်နေ့မှာ ထပ်ပြီးဂယက်ထရပြန်သည် ။

မခေါ်ပဲနဲ့ ရောက်လာတဲ့ ဧည့်သည် ။
လိုက်မလာနဲ့ လို့နှစ်ယောက်လုံးကိုပြောထားတာကို ဒီနေရာထိ ရှာကြံပြီး သူက ရောက်လာသေးသည် ။

ဒါပေမယ့် လိုက်လာတဲ့သူက သူ့မျှော်နေတဲ့တစ်စုံတစ်ယောက်ဖြစ်တာမို့ ဂျိတ်ခ် ပျော်သွားတာကိုတော့ ဝန်ခံရမည် ။






끝 •

နောက်တစ်ပိုင်းက Final ဖြစ်သွားမလားမသိဘူး 🤒





Zawgyi





❗spoiler ပိစိေလးပါတယ္❗

FEB 16,2012

အဖ်ားကလုံးဝမက်ေသးဘူး ။ ညဘက္ေတြ ဆက္တိုက္ေယာင္ၿပီး လန႔္ႏိုးတယ္လို႔ ေမေမကေျပာတယ္။ ေမေမက တအားစိတ္ပူေနတဲ့ပုံပါပဲ ။ သူ႔ အိပ္မက္ေတြထဲမွာ အီဟီဆြန္းနဲ႔ သူ႔ကိုေလွာင္ရယ္ေနတဲ့ အကိုႀကီးေတြ အမႀကီးေတြက ေပၚေပၚလာတယ္ ။

Feb 20 , 2012

ေဆး႐ုံတက္ရတဲ့ အထိ သူ႔အေျခအေနကဆိုး႐ြားလာတယ္ ။ ဖ်ားတာအျပင္ သူ႔ရဲ႕ စိတ္က ပုံမွန္မဟုတ္ဘူးလို႔ ဆရာဝန္ေတြက ယူဆတဲ့ပုံပဲ ။ သူဘာမွမျဖစ္ပါဘူး ။ သူ အီဟီဆြန္းနဲ႔ သူ႔ သူငယ္ခ်င္းေတြကိုေၾကာက္႐ုံပါပဲ ။

March 13, 2012

သူေက်ာင္းေျပာင္းခ်င္တယ္လို႔ ေမေမ့ကိုပူဆာတယ္ ။ ေမေမက ဒီစာသင္ႏွစ္ၿပီးရင္ေျပာင္းေပးမယ္တဲ့ ။ သူက ျငင္းတယ္ ။ အတင္းငိုယိုၿပီးပူဆာတယ္ ။ ေမေမကေနာက္ဆုံးေတာ့ လက္ေလွ်ာ့ၿပီး ေဆး႐ုံက ဆင္းတာနဲ႔ ေက်ာင္းအသစ္ကို ပို႔ေပးတယ္ ။ သူ႔ကိုမခြဲႏိုင္တဲ့ ေဂ်းကပါ လိုက္ေျပာင္းတယ္ေလ ။ သူ႔အတြက္ေတာ့ ေပ်ာ္စရာပါပဲ။

May 2, 2012

အရာအားလုံး အဆင္ေျပတယ္ ။ အီဟီဆြန္းကိုလည္း မေတြ႕ရဘူးေလ ။ ေက်ာင္းအသစ္ေပမယ့္ သူတို႔ကို အႏိုင္မက်င့္ခင္ ေဂ်းနဲ႔သူနဲ႔က ထိုသူေတြကိုအရင္ေဆာ္တယ္ ။ အခုေတာ့ ေဆာင္ဟြန္းမွာ ေၾကာက္စရာဘာမွမရွိ ။





Feb 14 ,2013

ဒီေန႔ ထပ္ေရာက္လာျပန္ၿပီ ။ သူေၾကာက္ေနတယ္ ။ ဒါေပမယ့္ ေၾကာက္တဲ့အရာကို ရင္ဆိုင္ႏိုင္မွ သတၱိရွိတယ္လို႔ ေခၚတယ္တဲ့ ။ သူ ေက်ာင္း ကိုထြက္လာခဲ့လိုက္တယ္

အရာအားလုံး အဆင္ေျပေျပၿပီးလုနီးပါးမွာ သူ႔နားကို ခ်ဥ္းကပ္လာတဲ့ ေကာင္မေလးတစ္ေယာက္ ။ မ်က္မွန္တပ္ထားၿပီး ခပ္ဝဝေကာင္မေလးတစ္ေယာက္ ။ ေခ်ာကလက္ဘူးကလည္း လက္ထဲမွာ ။သူ႔ Type လည္း မဟုတ္သလို ဘယ္သူ႔ Type မွလည္း မဟုတ္ေလာက္ပါဘူး ။

အဲ့ေကာင္မေလးက ေျပာတယ္ ။ "ေဆာင္ဟြန္းကို သေဘာက်လို႔" တဲ့ ။ ရွက္ေနတဲ့ပုံပါပဲ ။ ေဆာင္ဟြန္းဘာမွမေျပာပဲ ထြက္သြားဖို႔လုပ္လိုက္တယ္ ။ ဒါေပမယ့္ ခဏ ။ မႏွစ္က ပုံရိပ္ေတြအေတြးထဲျပန္ဝင္လာသည္။ သူအခုျငင္းလိုက္ရင္ ေကာင္မေလးက မႏွစ္ကသူ႔လိုခံစားရမွာေပါ့ေနာ္ ?



သူ ေခါင္းၿငိမ့္လိုက္တယ္ ။ "အင္းေလ တြဲၾကတာေပါ့"






April 12, 2013

သူနဲ႔ ေဂ်းနဲ႔ ဒီေန႔ ႏွစ္ေယာက္တည္းအျပင္ထြက္မုန႔္စားၾကတယ္ ။ လူႀကီးေတြမပါပဲနဲ႔ေလ ။ မုန႔္ဆိုင္ထဲဝင္မလို႔ရွိေသး ။ အီဟီဆြန္းသူငယ္ခ်င္း အမႀကီးတစ္ေယာက္ကိုေတြ႕တယ္ ။ သူ ေခြၽးေတြထြက္လာတယ္ ။ "ေက်ာင္းသား ပတ္ေဆာင္ဟြန္းလား" တဲ့ ။ ထိုအမႀကီးက ေမးတယ္ ။ သူ ေျပးၿပီးလွည့္ထြက္ခဲ့တယ္ ။ အဲ့ေန႔က သူဖ်ားျပန္တယ္ ။



September 5, 2018

ခြၽန္းဟယ္ကေျပာတယ္ "ငါတို႔နမ္းၾကည့္ရေအာင္"တဲ့ ။ သူလည္းဘာမွမေျပာပဲ စိတ္ေက်နပ္ေအာင္ နမ္းေပးလိုက္တယ္ ။ ပထမဆုံးေပမယ့္ ရင္ထဲမွာေတာ့ ဘာမွမက်န္တဲ့ ဗလာသက္သက္ ခံစားခ်က္ႀကီး ။



January 7 , 2019

သူ ဝါသနာပါတဲ့ IT major ကိုရေအာင္ယူႏိုင္လို႔ စာေသခ်ာလုပ္ေတာ့မယ္ ဆိုၿပီး ႀကဳံးဝါးရင္းေပ်ာ္ေနရတယ္ ။ သူ မသိခဲ့တာက အဲ့ေက်ာင္းမွာ ေနာက္ဆုံးႏွစ္ေက်ာင္းသား အီဟီဆြန္း ရွိေနခဲ့တယ္ဆိုတာ ။ သူ အီဟီဆြန္းကို မေၾကာက္ေတာ့ပါဘူး ။ သူ ကိုကို႔ကို အ႐ြဲ႕တိုက္ေတာ့မွာ ။


Feb 18, 2019

ေကာင္မေလးေတြဆိုတာ သူ႔နားမွာ ဝိုင္းဝိုင္းလည္ပဲ ။
သူ႔ကို ဖြင့္ေျပာတဲ့ေကာင္မေလးတိုင္းကို ေခါင္းၿငိမ့္ျပတဲ့ အက်င့္က ရွိေနတုန္းပဲ ။ သူ မျငင္းရက္ဘူး ဆိုတာစိတ္ရင္းနဲ႔ပါ ။ သူ နာက်င္သလိုမ်ိဳး ဘယ္သူ႔ကိုမွ မနာက်င္ေစခ်င္ဘူး ။ ကိုကို ကလြဲလို႔ ။

March 20, 2019

ကိုကို စေကာလားရွစ္ မသြားခင္တည္းက ေဆာင္ဟြန္းက ေက်ာင္းမွာ နာမည္ႀကီးေနၿပီေလ ။ ကိုကိုက King ဆိုေပမယ့္ မာနႀကီးတဲ့ သူ႔ကိုအားလုံးကရွိန္တယ္ ။ သူကေတာ့ ကိုကိုနဲ႔ ဆန႔္က်င္ဘက္ အဆိုးအေတေလးေလ ။ ေကာင္မေလးေတြက သူ႔ကို ပိုကပ္ၾကတယ္ ။



April 3,2019

ကိုကို စေကာလားရွစ္ သြားတဲ့ေန႔က သူ႔က္ို ႏႈတ္ဆက္သြားတယ္ ။ ေကာင္းေကာင္းေနၿပီး စာႀကိဳးစားတဲ့ ။ သူ မဲ့ၿပဳံးမၿပဳံးမိေအာင္ ႀကိဳးစားေနရတယ္ ။ သူက ကိုကို႔ ကိုပဲလက္စားေခ်ခ်င္တာ ။ စာမလုပ္ခ်င္ေတာ့ဘူး ။


January 12,2020

ကိုကို ထြက္သြားၿပီးေနာက္ပိုင္း အရာအားလုံးက ပုံမွန္ပါပဲ။ သူက ေကာင္မေလးေတြနဲ႔ တြဲတယ္၊ ေပ်ာ္တယ္ ။ ခြၽန္းဟယ္လိုေပါ့ ။ သူမလည္း ပ်က္စီးေနတာပါပဲ ။ဒါေပမယ့္ ႏွစ္ေယာက္စလုံး ကတိတည္ထားတာ ရွိတယ္ ။ ဘယ္သူေတြနဲ႔ ဘယ္ေလာက္တြဲတြဲ ဘယ္သူ႔ကို မွအတည္မခ်စ္သြားဖို႔ ။ ေဆာင္ဟြန္း တကယ္ပဲ ဘယ္သူ႔ကိုမွ အတည္မခ်စ္ခ်င္တာပါ ။ သူေၾကာက္ေနၿပီေလ ။


Feb 14,2020

Valentine Day ေတြဆို သူေပ်ာ္တတ္ၿပီ ။ သူ႔ကိုျငင္းမယ့္သူ မရွိတဲ့အျပင္ သူ႔ကိုခ်စ္တဲ့သူေတြပဲရွိတဲ့ အသိုင္းအဝိုင္းမွာ သူေနေနရတာကို ။ သူ ေဘာလုံးကန္တာ အရမ္းေတာ္လာတယ္လို႔လည္း နည္းျပက ခ်ီးက်ဳးတယ္။သူ႔အတြက္ေတာ့ အရာအားလုံးက ေပ်ာ္စရာပါပဲ ။



October 15,2020

ပါတီသြားခါနီး ကားပ်က္ေနလို႔ သူ ေဒါပြေနတယ္ ။ ေ႐ြးခ်ယ္စရာမရွိတာနဲ႔ပဲ ဘတ္စ္ကား စီးဖို႔ဆုံးျဖတ္လိုက္တယ္။ဒါေပမယ့္ ကားမွတ္တိုင္မွာ မထင္မွတ္ပဲ ထိုေကာင္ေလးကိုပထမဆုံး ေတြ႕တယ္ ။ မ်က္မွန္ဝိုင္းေအာက္က မ်က္ဝန္းေလးေတြက မ်က္စိမလႊဲႏိုင္ေလာက္ေအာင္ လွတယ္ ။ သူ အဲ့ေကာင္ေလးကို ဆြဲနမ္းပစ္လိုက္ခ်င္စိတ္ကို မနည္းထိန္းထားရတယ္ ။




October 16, 2020

မိုးလင္းလင္းခ်င္း သတိရတာ မေန႔ညက ကႀကီးပုံ ႏႈတ္ခမ္းပါးေလးေတြကိုပါပဲ ။ ပါတီမွာ ညဥ့္နက္လို႔ ေခါင္းေတြကိုက္ေနဆဲ ။ သူ ေက်ာင္းဖ်က္မလို႔ပဲ ။ ဒါေပမယ့္ ျဖတ္ခနဲ ဟိုေကာင္ေလးကို ေတြ႕ခ်င္စိတ္က ျပင္းထန္လာတယ္။သူေရခ်ိဳးၿပီး ေက်ာင္းကိုထြက္လာလိုက္သည္ ။




October 18 , 2020

ဒီေန႔ ဟိုေကာင္ေလးရဲ႕ အတန္းေရွ႕မွာ သြားေစာင့္ျဖစ္တယ္။ ညစာ အတူစားခ်င္လိုလို႔ ေျပာေတာ့ မ်က္ႏွာေလးက နည္းနည္းဆူပုပ္သြားတယ္ ။ ျငင္းလိုက္မွာစိုးလို႔ ေဆာင္ဟြန္း လက္ေတြပါေအးစက္လာေပမယ့္ ေခါင္းၿငိမ့္ျပတယ္ ။ ေတာ္ပါေသးရဲ႕ ။ သူ Fera ပါတီပြဲကို ဖ်က္ၿပီး ဂ်ိတ္ခ္အနားမွာ ေနဖို႔ဆုံးျဖတ္လိုက္တာ မွန္သြားသည္ ။

ကေလးေလးက သိပ္ခ်စ္ဖို႔ေကာင္းသည္ ။
႐ြယ္တူမွန္းသိေပမယ့္ ကေလးေလးလို႔ စိတ္ထဲမွာႀကိတ္ေခၚေနမိတာ ခဏခဏပဲ ။ ညစာစားဖို႔ ဝတ္ထားတာကလည္း သူနဲ႔ ဆန႔္က်င္ဘက္လိုျဖစ္ေနသည္ ။ Strawberry Milkshake ေသာက္ေနတဲ့ပုံကိုလည္း ႏွလုံးသားထဲမွာ စြဲေနေအာင္ သူမွတ္ထားဖို႔ႀကိဳးစားသည္ ။ ဒါေပမယ့္ -

႐ုတ္တရက္ ဝင္လာတဲ့ ph call ေၾကာင့္ သူတုန္လႈပ္သြားမိသည္ ။ ဖြားဖြားအေရးေပၚ အေျခအေနတဲ့ ။ သူ ဂ်္ိတ္ခ္ကိုေတာင္ ထားခဲ့မိသည္အထိ ဖြားဖြားကို စိတ္ပူသြားသည္။ဖြားဖြားဆီ ထြက္လာၿပီးမွ ဂ်ိတ္ခ္ကို တစ္ဖန္စိတ္ပူမိျပန္သည္ ။ ကေလးေလး မိုးမိသြားရင္ ဒုကၡပါပဲ ။



October 21,2020

ဒီရက္ပိုင္း ပတ္ေဆာင္ဟြန္းမွာ ေရာဂါတစ္ခုေကာက္ရလိုက္သလိုပဲ ။ ရွင္းဂ်ိတ္ခ္နားမွာ တစ္ခ်ိန္လုံးကပ္ေနခ်င္တာ။ ႏႈတ္ခမ္းပါးပါးေလးကို ေငးလိုက္ ၊ မ်က္မွန္ဝိုင္းေလးကို အသည္းယားလိုက္နဲ႔ အလုပ္ရႈပ္ေနရတာကို ေပ်ာ္တတ္လာၿပီ ။ ဒါက ခ်စ္ျခင္းအစဆိုတာေတာ့ ေဆာင္ဟြန္းက မရိပ္မိခဲ့ ။





December 23,2020

ရွင္းဂ်ိတ္ခ္ႀကိဳက္တဲ့ Vanilla Latte ကို သူေတာင္ႀကိဳက္မိလာၿပီ ။ စြဲေသာက္ၾကည့္ေတာ့လည္း မဆိုးပါဘူး ။ ေတာ့ပိုကီလည္း ခဏခဏစားျဖစ္ေနတယ္ ။ ဂ်ိတ္ခ္က ႀကိဳက္တာကိုး ။



January 3, 2021

ခြၽန္းဟယ္ သတိေပးမွပဲ သူ႔ရဲ႕ပုံစံအမွန္ကို ျပန္သတိရမိတယ္။ "ပတ္ေဆာင္ဟြန္း နင္သူ႔ကိုခ်စ္လို႔မရတာ သိတယ္ေနာ္" ။ အျမင့္ကေန ႐ုတ္တရက္ ခုန္ခ်လိုက္ရတဲ့ ခံစားခ်က္လို ေအးခနဲပဲ ။ ဟုတ္တယ္ ။ သူ ခ်စ္လို႔မရဘူး ။ ခ်စ္ရဲသြားရင္ေတာင္ သူ႔မွာခ်စ္ခြင့္မရွိဘူး ။



January 17, 2021

ကိုယ္ေစာင့္နတ္ေတြသာ တကယ္တည္ရွိတယ္ဆိုရင္ သူဘယ္ေလာက္လြမ္းေနရလဲ ထိုနတ္သိမယ္ထင္တယ္။ေက်ာင္းမွာ ဂ်ိတ္ခ္ရဲ႕ အရိပ္ကိုေတြ႕မိတိုင္း ေျပးလိုက္တာလည္း ေဆာင္ဟြန္းပဲ ။ မ်က္ႏွာခ်င္းဆိုင္ဆုံရင္ ေရွာင္တာလည္း သူပဲ ။


January 26,2021

ဒီေန႔ကိုေတာ့ ေဆာင္ဟြန္း ဘယ္ေတာ့မွ မေမ့ႏိုင္ေတာ့ဘူးထင္တယ္ ။

ဂ်ိတ္ခ္ရဲ႕ ဒီပုံစံကို သူတအားမုန္းတယ္ ။ တအားတုန္လႈပ္ၿပီးေၾကာက္ေနတဲ့ ေကာင္ေလးကို ရင္ခြင္ထဲထည့္ထားတာေတာင္ တုန္ရီေနတုန္းပဲ ။ သူ႔ရဲ႕ စိုးရိမ္မႈက ထိပ္ဆုံးလယ္ဗယ္ကိုေရာက္သြားတယ္ ။ ဘာမွစဥ္းစားမေနေတာ့ပဲ သူ႔အိမ္ကိုေခၚသြားမိတယ္ ။




January 27 , 2021

ရွင္းဂ်ိတ္ခ္က တကယ့္စိတ္ရႈပ္စရာေလးဆိုတာတကယ္။သူေရာက္လာၿပီးကတည္းက ဘာေတြလုပ္ေနမိမွန္းကိုယ့္ဟာကိုယ္ေတာင္မသိေတာ့ဘူး ။ ေဆာင္ဟြန္းကိုယ္တိုင္ခ်မွတ္ထားတဲ့ စည္း ေတြကို ဂ်ိတ္ခ္ကအလြယ္တကူခ်ိဴးေဖာက္ႏိုင္တယ္ ။ ဥပမာ .. ဂ်ိတ္ခ္ကို ကိုယ့္အိပ္ခန္းထဲထိေခၚလာၿပီး ကိုယ့္ကုတင္မွာ ေပးအိပ္မိတာမ်ိဳး၊ ၿပီးေတာ့ ဂ်ိတ္ခ္အတြက္နဲ႔ သူ႔အေဖကိုေတာင္ ခခယယနဲ႔ စတင္ဆက္သြယ္မိတာမ်ိဳး ။ ဂ်ိတ္ခ္စိတ္ပူေနတဲ့ ထိုမိဘမဲ့စင္တာကိစၥကို ကူညီေပးဖို႔ေတာင္းဆ္ိုေတာ့ ေဖေဖက အလြယ္တကူေခါင္းၿငိမ့္သည္ ။ သူ႔အတြက္က ဒီကိစၥဆိုတာ ပမႊားေလးဆိုတာ ေဆာင္ဟြန္းလည္းသိပါသည္ ။ အေပးရွိရင္ ရေအာင္ျပန္ယူတတ္တဲ့ သူ႔အေဖအက်င့္အရ ခြၽန္းဟယ္ကို အတည္တက်တြဲ ဆိုတဲ့အမိန႔္ကကပ္ၿပီးပါလာခဲ့ေသးသည္ ။ အဲ့တာေၾကာင့္လည္း Valentine Day မွ ဖြင့္ေျပာဖို႔ျဖစ္လာခဲ့တာ ။





Feb 14,2021

Valentine Day မွာ အီဟီဆြန္းကိုျပန္ေတြ႕ရတာ ဒုတိယအႀကိမ္။

အခန္းထဲမွာငိုေနတဲ့ ဂ်ိတ္ခ္ကို သူအစကတည္းက သတိထားမိသည္ ။ မ်က္လုံးခ်င္းဆုံတဲ့ ခဏမွာလည္း အျမန္အၾကည့္လႊဲရေသးသည္ ။ ေနာက္ တစ္စကၠန႔္ေလာက္ ထပ္စိုက္ၾကည့္မိရင္ ခြၽန္းဟယ္ကို မဟုတ္ပဲ ဂ်ိတ္ခ္ဆီမွာပဲ ထပ္ၿပိဳလဲမိလိ့မ္မည္ ။

မထင္မွတ္ပဲနဲ႔ ႐ုတ္တရက္ ေတြ႕လိုက္ရတဲ့ အီဟီဆြန္းကို ျမင္ရခ်ိန္မွာ ေသြးေတြေျပာင္းျပန္စီးသြားသလိုပင္။ ကိုကိုကေတာ့ သူ႔ကိုမျမင္ ။ ဂ်ိတ္ခ္ကိုသာ ပန္းေတြပြင့္ေနတဲ့မ်က္လုံးေတြႏွင့္ ၿပဳံးၾကည့္ေနသည္ ။ ေဆာင္ဟြန္း ႏွစ္ခါမစဥ္းစားပဲ ဂ်ိတ္ခ္ ဆီေျပးသြားလိုက္သည္ ။

" ရွင္းဂ်ိတ္ခ္ ... ကိုယ့္ေကာင္ေလး လုပ္ေပးႏိုင္မလား .. ဟင္ "




Feb 28,2021

ေဂ်းေျပာတဲ့အတိုင္း ေဆာင္ဟြန္းက တကယ္ေျပာင္းလဲသြားတယ္ထင္ပါတယ္ ​။ သူ ပါတီေတြလည္း မတက္ျဖစ္သလို Club ေတြလည္း မသြားျဖစ္ဘူး ​​။ အဲ့အစား ေဘဘီရွိတဲ့ အတန္းေရွ႕ေတြ၊ စာၾကည့္တိုက္ေတြထဲမွာပဲ ေျခခ်င္းလိမ္ေနရတဲ့အထိ ။ ညဘက္ေတြဆို အေၾကာင္းမရွိ အေၾကာင္းရွာၿပီး ဂ်ိတ္ခ္ အိမ္သြားရင္သြား ၊ မဟုတ္ရင္ သူ႔အိမ္ကို မရရေအာင္ ဂ်္ိတ္ခ္ကိုေခၚလာတယ္ ​။ ၿမိဳ႕ျပင္မွာ ကားပတ္စီးမယ္ ဆိုၿပီး အျပန္က်ရင္ ေဘဘီကိုအိမ္ျပန္မပို႔ေတာ့ပဲ သူ႔အိမ္ကိုသာ ေခၚလာတယ္ ။ အမွန္ေတာ့ ေဆာင္ဟြန္းက ေဘဘီနဲ႔ အတူတူအိပ္ခ်င္လို႔ကို ။ အဲ့တာကို ေဘဘီက " ျပန္ေပးဆြဲေနတာလား" တဲ့ ။




May 5 , 2021

တြဲေနတဲ့ေတာက္ေလွ်ာက္မွာလည္း ေဘဘီငိုတယ္ဆိုတာ မျမင္ရသေလာက္ကိုရွားတယ္ ။ ေဘဘီက ထင္ထားတာထက္ ပိုလူႀကီးဆန္တယ္ ။ တစ္ခုခုျပသာနာျဖစ္ရင္ ေဆာင္ဟြန္းကသာ ပ်ာယာခတ္သြားေပမယ့္ ေဘဘီကေတာ့ ခံစားခ်က္ကို ဖုံးကြယ္ၿပီး ေကာင္းေကာင္းေျဖရွင္းႏိုင္တယ္။ အဲ့တာေၾကာင့္လည္း ေဆာင္ဟြန္းဘက္က " မင္းကိုမခ်စ္ခ်င္ဘူး ရွင္းဂ်ိတ္ခ္" လို႔ေျပာလိုက္တာေတာင္ ေဘဘီရဲ႕ တုံ႔ျပန္မႈက တည္တည္ၿငိမ္ၿငိမ္ပါပဲ ။ အဲ့ေန႔က ေဘဘီရဲ႕ ေက်ာျပင္ကို ၾကည့္ၿပီး မ်က္ရည္မက်ပဲ ရႈိက္ငိုေနတဲ့ ေဆာင္ဟြန္းက အၿပိဳၿပိဳအလဲလဲ ။



May 12,2021

ရွင္းဂ်ိတ္ခ္ကို ကိုကို႔ကိုခ်စ္ခဲ့တာထက္ေတာင္ ပိုခ်စ္မိေနတယ္လို႔ သတိထားမိခ်ိန္မွာ ဂ်ိတ္ခ္က အနားမွာမရွိေတာ့။အေဝးကိုေရာက္သြားေအာင္လည္း ေဆာင္ဟြန္းကိုယ္တိုင္တြန္းပို႔ခဲ့တာမို႔ ။ " အဲ့ကေလးကေတာ့ မင္းမွမင္းပဲတဲ့" လို႔ ကိုကိုေျပာတဲ့အခ်ိန္တုန္းက ေပ်ာ္႐ႊင္မႈထက္ ဝမ္းနည္းမႉေတြက အလုအယက္တိုးဝင္လာသည္ ။ အမွန္ဆို ေဘဘီ့နားကို သူျပန္မသြားခ်င္ေတာ့ ။ နာက်င္မႉေတြပဲ ဆက္တိုက္ေပးေနတဲ့ သူ႔ကို ေဘဘီလည္းမုန္းေနေလာက္တယ္မလား ။ တစ္ခါေလာက္ ။ တစ္ခါေလာက္ေတာ့ ႀကိဳးစားၾကည့္မယ္ ။ ဒီတစ္ေခါက္မွ ထပ္နာက်င္ေစမိရင္ သူ ေဘဘီ့ကို အဆုံးထိ လက္လႊတ္လိုက္ေတာ့မယ္ ။



May 13,2021

ေနာက္ဆုံးအႀကိမ္ မႀကိဳးစားမိပဲ မဆုံးရႈံးခ်င္တာမို႔ သူဂ်ိတ္ခ္ကို Cafe ဆိုင္ကိုခ်ိန္းလိုက္သည္ ။ ေဘဘီေရာက္လာပါေစဟု သူအထပ္ထပ္ဆုေတာင္းခဲ့ေပမယ့္ တကယ္ေရာက္မသြားခဲ့တာ ေဘဘီမဟုတ္ပဲ သူျဖစ္ခဲ့သည္ ။

" ခြၽန္းဟယ္ ဘာျဖစ္လို႔လဲ "

ဆက္တိုက္ငိုေနတဲ့ခြၽန္းဟယ္ကို သူ က်စ္ တစ္ခ်က္စုပ္ကာ ျပန္ေျဖမိသည္ ။ သူ႔ဘာသာသူ ငိုေနတာ မငိုေနတာ ကိစၥမရွိေပမယ့္ေဆာင္ဟြန္းက ဂ်ိတ္ခ္ဆီသြားရဦးမွာမို႔ ေနာက္က်လို႔မျဖစ္ ။

" ငါ့ဆီခဏေလာက္လာ-လာခဲ့ပါလား ဟြန္းရယ္ ခဏပဲ ငါတစ္ေယာက္တည္းမို႔လို႔"

ေျပာလည္းေျပာ ငိုလည္းငိုေနတာမို႔ ေဆာင္ဟြန္း စိတ္ရႈပ္လာသည္ ။

" နင္ ငါ့ကိုမခ်စ္တာ သိပါတယ္ ဟြန္းရယ္ ၊ ငါလည္း Justin ကိုပဲခ်စ္တာပါ .. အခု ၊ အခု Justin က ငါ့ကိုလမ္းခြဲသြားတယ္ ဟြန္းရယ္ "

ထပ္ငိုျပန္ၿပီ ။ ေဆာင္ဟြန္း ေခါင္းကိုကုတ္မိသည္ ။ Justin ဆိုတဲ့ေကာင္ကို ၾကားသာၾကားဖူးေပမယ့္ ျမင္ေတာင္မျမင္ဖူး ။ ဘယ္အခ်ိန္တုန္းက ခြၽန္းဟယ္က အဲ့ေကာင္ကိုခ်စ္သြားရျပန္တာလဲ ။

" ေအးဟာ .. နင္ဘယ္မွာလဲ ခြၽန္းဟယ္ ၊ ငါနင့္ကို အိမ္ျပန္လိုက္ပို႔ေပးမယ္ "

ျဖဴစင္တဲ့ ငယ္သူငယ္ခ်င္းသံေယာဇဥ္ သန႔္သန႔္ေၾကာင့္သာ ေဆာင္ဟြန္း သြားခဲ့ေပမယ့္ ေထာင္ေခ်ာက္ထဲကိုတည့္တည့္ေရာက္လာတဲ့ သားေကာင္ျဖစ္သြားသည္ ။


Club ေရာက္ေတာ့ ငိုယိုေနတဲ့ ခြၽန္းဟယ္က သူ႔ကိုေျပးဖက္သည္ ။ ငိုလည္းငို ေျပာခ်င္တာေျပာေနတဲ့ ခြၽန္းဟယ္ကို မူးေနတယ္ဆိုၿပီး သူက အတင္းအိမ္ျပန္ေခၚသည္ ။ မရ ။ ေနာက္ပိုင္းေတာ့ သူ သိပ္မမွတ္မိေတာ့ ။ ခြၽန္းဟယ္ တိုက္တဲ့ အရည္ေတြကို သူေသာက္သည္ ။ တစ္ငုံေသာက္လိုက္တိုင္း ကမာၻႀကီးတစ္ခုလုံး ခ်ာခ်ာလည္သြားသည္ ​။ သူ႔ကို လာလာနမ္းေနတဲ့ ႏႈတ္ခမ္းတစ္စုံကို ခံစားမိသည္ ။ ဒါေပမဲ့ ဂ်ိတ္ခ္မဟုတ္တာ ေသခ်ာသည္ ။


" ခြမ္း "


ေဆာင္ဟြန္း အမူးေျပသြားေအာင္ လုပ္လိုက္တဲ့ ထိုအသံက ဂ်ိတ္ခ္ဆီကမွန္း ေဆာင္ဟြန္းသိသိခ်င္း မ်က္လုံးေတြပါျပာသြားသည္ ။ သူ႔ကိုေက်ာေပးထားေပမယ့္ ထိုပုံရိပ္ကို သူမွတ္မိသည္ ။ ေသခ်ာေပါက္ ေဘဘီပဲ ။

" ေဘဘီ "

သူ တိုးတိုးေလးေခၚလိုက္တာကို ဘယ္သူမွမၾကားေပမယ့္ ဂ်ိတ္ခ္ၾကားလိုက္တာ သူသိသည္ ။ အမူးေတြလည္းေျပသြားၿပီ ။


ရွင္းဂ်ိတ္ခ္ ထြက္ေျပးသြားတာကိုျမင္လိုက္ေပမယ့္ သူလိုက္လို႔မရ ။ ခြၽန္းဟယ္က ဆြဲထားေသးသည္ ။ ေနာက္ဆုံး လက္ကို အတင္းေဆာင့္ခ်ၿပီးမွ ေဆာင္ဟြန္း ဂ်ိတ္ခ္ေနာက္ကို အမွီလိုက္ရသည္ ။








_____________

ဂ်ိတ္ခ္ေနာက္ကို အမွီလိုက္သြားေပမယ့္ သူ႔အေရွ႕မွာကိုကိုေရာက္ေနၿပီ ။ ရွင္းဂ်ိတ္ခ္ ငိုေနသည္ ။ ကိုကိုလည္း ထိုနည္းလည္းေကာင္းပဲ ။ ေဆာင္ဟြန္းက ခပ္လွမ္းလွမ္းမွာ ရပ္ေနသည္ ။ ေရွ႕ဆက္တိုးဖို႔ အားမရွိေတာ့၍ ။


" လိုက္မလာနဲ႔ ၊ ခင္ဗ်ားေကာ ဟို ပတ္ေဆာင္ဟြန္း ဆိုတဲ့ လူေကာ "



ရွင္းဂ်္ိတ္ခ္ ဒီေလာက္ေဒါသထြက္တာ တစ္ခါမွသူမျမင္ဖူး။ စူးေနတဲ့ ဂ်္ိတ္ခ္ရဲ႕ ေအာ္သံက ဒီကေနေတာင္ၾကားေနရသည္ ။ ကိုကိုက ဂ်ိတ္ခ္ရဲ႕လက္ေတြကို ျဖဳတ္ခ်လိုက္တာလား ၊ ဂ်ိတ္ခ္ကပဲ ႐ုန္းထြက္သြားတာလားမသိ ။ ဂ်ိတ္ခ္ ထြက္ေျပးသြားတာကို သူျမင္လိုက္သည္။




ေနာက္ဆုံးအခြင့္အေရးကိုလည္း ေဆာင္ဟြန္း လက္လႊတ္လိုက္ရျပန္သည္ ။


ကိုကိုက ေျမႀကီးေပၚကို လဲက်ေတာ့မတတ္ ဒူးေတြယိုင္သြားတာ သူျမင္လိုက္ရသည္ ။ လြန္ခဲ့တဲ့ ကိုးႏွစ္က ေဆာင္ဟြန္းကို ကိုယ့္ဘာသာကိုယ္ ျပန္ျမင္ေနရသလိုပဲ။ ကိုကို ဂ်ိတ္ခ္ကို အရမ္းခ်စ္တာ ေဆာင္ဟြန္းသိပါသည္ ။ ကိုကိုခ်စ္သလို သူလည္း ခ်စ္တာပဲ ​။ ဒါေပမယ့္ အဆုံးသတ္အထိ သုံးေယာက္လုံး ဒီအတိုင္းသြားေနလို႔မွမျဖစ္တာ။ ဆုံးျဖတ္ခ်က္တစ္ခုကိုေတာ့ ေဆာင္ဟြန္း ခိုင္ခိုင္မာမာခ်ထားၿပီးသား။


" ကိုကို "

ဘဝမွာ ပထမဆုံးနဲ႔ ေနာက္ဆုံးအႀကိမ္ ထိုနာမ္စားကို သုံးမိသည္ ။ ကိုကို ကေတာ့ အံ့ဩသြားပုံပဲ ။ ေဆာင္ဟြန္း ဒီနားမွာေရာက္ေနတာေရာ ၊ ကိုကို ဆိုတဲ့ အသုံးအႏႈန္းေၾကာင့္ေရာ ​။

" ကိုကို မင္းေျပာေတာ့ သူ႔ကိုခ်စ္တယ္ဆို ! ဘာလို႔ သူ႔ေနာက္မလိုက္သြားတာလဲ "

" ပတ္ေဆာင္ဟြန္း ငါဆြဲမထိုးမိခင္ မင္းထြက္သြားလိုက္"

" ကိုကို မင္းက အရွဴံးေပးေနတာ ၊ ခ်စ္တဲ့သူကိုေရွ႕ထားၿပီး အရႈံးေပးေနတာ "


ေဆာင္ဟြန္း Jacket ေကာ္လံတစ္ဖက္က ဟီဆြန္းရဲ႕ လက္ေတြထဲမွာ ေၾကမြသြားသည္ ။ ဆြဲထိုးေတာ့မယ္လို႔ထင္ထားေပမယ့္ တကယ္ေတာ့ ကိုကိုက ႐ြယ္ထားတဲ့လက္ေတြကိုျပန္႐ုပ္သိမ္းသြားသည္ ။


" မင္းလည္းငါ့လိုပါပဲ ေဆာင္ဟြန္း "

" မဟုတ္ဘူး ကိုကို ၊ ငါက ဂ်ိတ္ခ္ကို ခ်စ္မွမခ်စ္တာ"

ကိုကို မ်က္ရည္ေတြကို လက္နဲ႔ဖိသုပ္လိုက္တာ ေဆာင္ဟြန္းျမင္လိုက္သည္ ။ ေဆာင္ဟြန္း ကိုကို႔ရဲ႕ ပုခုံးႏွစ္ဖက္ကို လက္ႏွစ္ဖက္နဲ႔ ဖိကိုင္ရင္း မ်က္လုံးေတြကို တည့္တည့္ၾကည့္ကာေျပာလိုက္သည္ ။

" ကိုကို ငါ အတည္ေျပာေနတာ ။ အခ်ိန္မွီေသးတယ္ ဂ်ိတ္ခ္ေနာက္ကို လိုက္သြား ကိုကို ။ အခုမဟုတ္ရင္ေတာင္ သူ စိတ္ေျပသြားတဲ့ တစ္ခ်ိန္ခ်ိန္က်ရင္ ဂ်္ိတ္ခ္ အနားကိုေရာက္ေအာင္ ျပန္သြား .. ေနာ္ "

ကိုကိုက မေဝခြဲႏိုင္တဲ့ မ်က္လုံးေတြနဲ႔သူ႔ကိုၾကည့္ေနသည္။ အံ့ဩေနတဲ့ အရိပ္အေယာင္ေတြလည္း ပါပါရဲ႕။

" ငါ ဂ်ိတ္ခ္ကို မခ်စ္ဘူး ကိုကို ။ အဲ့တာေၾကာင့္ ကိုကိုကပဲ သူ႔နားမွာ ေနေပး ၊ ငါ့အတြက္ေၾကာင့္ ဂ်ိတ္ခ္ကို လက္လႊတ္မခံနဲ႔ ။ ငါ ဂ်ိတ္ခ္ကို မခ်စ္ဘူး"



ဂ်ိတ္ခ္ကို မခ်စ္ဘူး ဆိုတဲ့ စကားကို ထပ္ခါထပ္ခါ႐ြတ္ေနမိတဲ့ ေဆာင္ဟြန္းကို ကိုကိုက ရိပ္မိပုံမပုံ ။ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးျဖတ္သန္းသြားပုံရတဲ့ ကိုကို႔ကို သူ ၿပဳံးျပၿပီး လွည့္ထြက္လာလိုက္သည္ ။















အခုခ်ိန္ကစၿပီး ေဘဘီ့ဘဝက ေပ်ာ္ရေတာ့မွာပါေနာ္ ။
သူ႔ကို ဒဏ္ရာေတြေပးမယ့္ ပတ္ေဆာင္ဟြန္းမွမရွိေတာ့ပဲ။



သူေျပာသားပဲ ။
အခ်စ္ရဲ႕ အဆုံးသတ္က နာက်င္မႉပါလို႔ ။
အခုေတာ့ ရွင္းဂ်ိတ္ကို ေမ့ႏိုင္ဖို႔အတြက္ သူဘယ္ေလာက္ေတာင္ အခ်ိန္ယူရမလဲမသိ ။
ရက္ပိုင္းလား ၊ လပိုင္းလား ၊ ႏွစ္ေတြခ်ီေအာင္လား ၊ ဒါမွမဟုတ္ တစ္သက္လုံးလား ။



သူ ေဘဘီ့ကို အရမ္းခ်စ္သည္ ။
ခ်စ္လြန္းလို႔လည္း ေဘဘီတစ္ခါေပ်ာ္တိုင္း သူတစ္ခါနာက်င္ရမယ့္ လမ္း ကို ေသခ်ာေ႐ြးခဲ့တာ ။








ဒီေန႔ည အိမ္ျပန္ေရာက္ရင္ ဖ်ားဦးမလားမသိဘူး ။
ဒီတစ္ေခါက္ေတာ့ လြန္ခဲ့တဲ့ ကိုးႏွစ္ကလို ေဆး႐ုံထိမေရာက္ဖို႔ သူ ဆုေတာင္းသည္ ။








နာက်င္လက္စနဲ႔ သူပဲတစ္ဘဝလုံးဆက္လက္ၿပီးသည္းခံလိုက္ခ်င္တယ္ ။ ရွင္းဂ်ိတ္ခ္ကိုေတာ့ နာက်င္မႉဆိုတာ ဘာလဲလို႔ ေမးရေအာင္ ေပ်ာ္႐ႊင္ေစခ်င္သည္ ။






























Bemm ျမစ္တစ္ေလွ်ာက္ကို ျဖတ္သန္းလာတဲ့ ေလက ေအးစက္တာထက္ကိုပိုေနသည္ ။ Bemm ျမစ္ေဘးတစ္ေလွ်ာက္က သာမန္႐ြာေလးတစ္ခုမွာ ပုန္းကြယ္ၿပီးေနေနတာ သုံးလေတာင္ျပည့္ေတာ့မည္ ။ အခုေတာ့ ဆိုးလ္ၿမိဳ႕မွာ ျဖစ္ခဲ့သမွ်အရာအားလုံးက ေဝဝါးေနၿပီ ။ ရက္ဆက္ နာက်င္ခဲ့ရတဲ့ ႏွလုံးသားကလည္း အနားရ၍ အနည္ထိုင္ေနၿပီ ။


" ယြန္းနီး အျပင္မွာအၾကာႀကီးမေနနဲ႔ အေအးပတ္မယ္"



သူတည္းခိုေနတဲ့ အိမ္ရွင္ အဖြားရဲ႕ အသံစာစာေလးက အေနာက္ကထြက္လာသည္ ။ သူ ေခါင္းၿငိမ့္ျပၿပီး ဟုတ္ အဖြားလို႔ ျပန္ေျပာလိုက္ေပမယ့္ ေတာ္ေတာ္နဲ႔ အိမ္ထဲမဝင္ျဖစ္ေသး ။

ေရနဲ႔နီးတာမို႔ ေရလုပ္ငန္းကို အမွီျပဳၿပီး ရပ္တည္ေနၾကတဲ့ ဒီ႐ြာေလးက ထင္ထားတာထက္ ပိုေအးခ်မ္းသည္ ။အထူးသျဖင့္ သူ႔လို ပူေလာင္မႉေတြၾကားက ႐ုန္းထြက္ခ်င္တဲ့သူအတြက္ ။








စိတ္ေရာလူေရာ အနားရသြားမွ သူ႔အေတြးေတြက ပိုျပတ္သားလာသည္ ။ ႏွစ္ေယာက္လုံးနဲ႔ ေဝးေနမွ ဘယ္သူ႔ကို ပိုလြမ္းမိလဲ သိသာလာသည္ ။ တစ္ေယာက္တည္းရွိေနမွ ဘယ္သူ႔ကို ပိုတမ္းတမိလဲ ကိုယ့္ကိုကိုယ္ သတိထားမိသည္။ သူ႔စိတ္ထဲမွာ ဘယ္သူရွိေနလဲဆိုတာ ေရရာတဲ့အေျဖထြက္ေပမယ့္ သူျပန္ၿပီးမ်ိဳသိပ္ထားရသည္။ အဲ့ ကြန္ရက္ထဲကို ျပန္သြားဖို႔စိတ္ကူးမရွိ ။ ဒါေပမယ့္လည္း



သူ႔ရင္ထဲမွာေတာ့ တစ္စုံတစ္ေယာက္ကရွိေနတာေသခ်ာသည္ ။ တစ္ခ်က္တစ္ခ်က္ေတာ့ ထထလြမ္းတာေပါ့။



မရင့္မက်က္နဲ႔ လြန္ခဲ့တဲ့ သုံးလေက်ာ္နီးပါးက ေလွ်ာက္လုပ္ခဲ့သမွ်ကို အခုမွေနာင္တရခ်င္သည္ ။ အခုေတာ့ သူ ပိုၿပီးတည္ၿငိမ္လာၿပီထင္ပါရဲ႕ ။





ေအးေဆးေနတဲ့ သူ႔ဘဝက သုံးလျပည့္ၿပီး ႏွစ္ရက္ေျမာက္ေန႔မွာ ထပ္ၿပီးဂယက္ထရျပန္သည္ ။

မေခၚပဲနဲ႔ ေရာက္လာတဲ့ ဧည့္သည္ ။
လိုက္မလာနဲ႔ လို႔ႏွစ္ေယာက္လုံးကိုေျပာထားတာကို ဒီေနရာထိ ရွာႀကံၿပီး သူက ေရာက္လာေသးသည္ ။

ဒါေပမယ့္ လိုက္လာတဲ့သူက သူ႔ေမွ်ာ္ေနတဲ့တစ္စုံတစ္ေယာက္ျဖစ္တာမို႔ ဂ်ိတ္ခ္ ေပ်ာ္သြားတာကိုေတာ့ ဝန္ခံရမည္ ။






끝 •

ေနာက္တစ္ပိုင္းက Final ျဖစ္သြားမလားမသိဘူး 🤒

Continue Reading

You'll Also Like

2.9K 61 20
«────── « ⋅ʚ♡ɞ⋅ » ──────» ~ 𝑨 𝒃𝒖𝒏𝒄𝒉 𝒐𝒇 𝒘𝒐𝒖𝒍𝒅-𝒚𝒐𝒖-𝒓𝒂𝒕𝒉𝒆𝒓'𝒔 𝒘𝒊𝒕𝒉 𝒚𝒐𝒖𝒓 𝒇𝒂𝒗𝒐𝒓𝒊𝒕𝒆 𝒉𝒐𝒎𝒆𝒍𝒆𝒔𝒔 𝒄𝒉𝒊𝒍...
5.8K 341 12
တခြားသူအတွက်သာမင်းက အရမ်းဆွဲဆောင်မှုရှိတဲ့ ကောင်လေးဖြစ်ချင်ဖြစ်မယ် ငါ့အတွက်ကတော့ မင်းဟာ ကလေးတစ်ယောက်ဘဲ
3K 387 10
"မင်းနဲ့ငါသေချာပေါက်ပြန်တွေ့မှာ... ငါယုံကြည်တယ် ကောင်လေး...."
6.6K 601 7
EN-Fanfic Burmese Language For Donation