ဆက်တိုက်မြည်နေတဲ့ Alarm ကို လက်နဲ့လှမ်းပိတ်ပြီး စောင်ကို ခေါင်းမြီးပါခြုံချလိုက်သည် ။ ခဏတာ အနားရသွားတဲ့ အကြားအာရုံဟာ ဖုန်း Ringtone ရဲ့ အနှောင့်အယှက်ကို ထပ်ခံရပြန်တယ် ။" မောနင်း "
" မောနင်း ဟီဆွန်းနီးဟျောင်း"
တစ်ဖက်က ကြည်ကြည်လင်လင်ထွက်လာတဲ့ ဟီဆွန်းအသံကို အိပ်ချင်မူးတူးနဲ့ပြန်ဖြေရတာ အားနာစရာတော့ကောင်းသည် ။ သူ့ အသံက တအားသိသာနေလားတော့မသိ ။ သူအိပ်ရာထဲမှာပဲ ရှိသေးတယ်ဆိုတာ ဟျောင်းက တန်းသိသွားသည် ။
" ထသင့်နေပြီ ဂျယ်ယွန်းရဲ့ ၊ မနက်ပိုင်းအတန်းချိန်ရှိသေးတယ် မဟုတ်လား "
" အာ .. ဟုတ်တယ် ရှိတယ် ! ရှိတယ် သွားတော့မယ် ဟျောင်း တာတာ့"
" ဟေ့ကောင်လေး ! မနက်စာ စားသွားဦးနော် "
ဟီဆွန်းဖုန်းထဲက လှမ်းအော်တာကို သူမကြားတော့ ။
ဖုန်းကိုပစ်ချ ၊ ရေချိုးခန်းထဲပြေးဝင်ပြီး ဝုန်းဒိုင်းကျဲရတော့သည် ။ တိုက်ခန်းက သူတစ်ယောက်တည်းနေတာမို့ ပိုလို့တောင်ဆိုး ။ မနက်စာ ၊ ညစာ ကို ကျော်ချလိုက် ဖြစ်သလိုစားလိုက်နဲ့ သူ့နေရက်တွေက ဘယ်တော့မှအစီအစဉ်မကျ ။အဲ့လိုနဲ့ပဲ ဒီနေ့မနက်လည်း ပေါင်မုန့်နဲ့ ပန်းသီးဂျူ့စ် နဲ့ပဲ နှစ်ပါးသွားရပြန်သည် ။ ညစာအတွက်ကတော့ Ramen ပေါ့ ။
သူ့ဘဝကို အထီးကျန်ဆန်တယ်လို့ လူတွေက သမုတ်လျှင် တကယ်မုန်းသည် ။ အမှန်တော့ အေးချမ်းတာမဟုတ်ဘူးလား ။
ဘတ်စ်ကားအနောက်ခုံမှာ တစ်ယောက်တည်းထိုင်ရင်း နားကြပ်တပ်ထားလိုက်တော့ သီချင်းသံလေးတွေက သူ့အဖော်ဖြစ်လာသည် ။ ဒီလိုမျိုးအတွေးတွေကို ခဏအနားပေးလိုက်တော့ ညက ပုံရိပ်တွေက မျက်လုံးထဲ အစီအရီ။
ပတ်ဆောင်ဟွန်း ။
သူ့ အတွေးတွေရဲ့ ပဲ့ကိုင်ရှင်ပဲ ။
သုံးနှစ်လောက် သဘောကျခဲ့ရတဲ့ ထိုအမျိူးသားကို အခုမှ သူသေချာမြင်ဖူးသည်တဲ့ ။ ရယ်တော့ရယ်ရသည် ။
နားထင်နားက မှဲ့နှစ်ခုကို မနေ့ညကမှ သူ စသတိထားမိသည်။ သူကလည်းသူပဲ ။ သုံးနှစ်လုံးလုံး social distancing လုပ်နေသည့်အလား ။ ဆောင်ဟွန်းအနားဆိုလျှင် ၆ ပေ အကွာက အလွန်ဆုံးပဲ ။