𝐖𝐢𝐬𝐡𝐢𝐧𝐠 𝐎𝐧 𝐃𝐚𝐧𝐝�...

By Ivy_Yeon

10.6K 1.5K 36

Unicode : " Dandelion ရဲ့အစေ့အဖြူလေးတွေကို လေထဲသို့ မှုတ်ထုတ်လိုက်မယ်ဆိုရင် Dandelion ပန်းလေးတွေက သင့်ရဲ့တောင... More

The First
စစ်သူကြီးဂျွန် နှင့် မင်ငယ်
ဂျွန် နှင့် ချာတိတ်ငယ်
အမ္မယာ
အန်နာ
အဆုံးအသတ်

အတိတ်ဘဝ၏ အဆုံးအသတ်

931 203 6
By Ivy_Yeon

Unicode :

ချာတိတ်ငယ်၏ပုံရိပ်လေးအား တံခါးအကွယ်နောက်မှချောင်းကြည့်ခဲ့ပြီး သူ၏အပြန်လမ်းတွင်စိတ်နဲ့ကိုယ်နဲ့ကပ်မနေခဲ့။ ကားကိုတောင် ကားပါကင်မှပြန်ယူဖို့သတိရမနေခဲ့ပဲ ‌ဆေးရုံအနားကကားမှတ်တိုင်အထိခြေလျင်လျှောက်လာခဲ့ရင်း ခုံလေးတွင်ဝင်ထိုင်နေမိသည်။ တစ်ရက်အတွင်း ဒီလောက်တောင်အားနည်းသွားရတဲ့ကောင်လေးရဲ့ပုံရိပ်လေးအား ပြန်မြင်ယောင်လိုက်တိုင်းသူ့ရင်ထဲတဆစ်ဆစ်နဲ့။ အကျိုးသက်ရောက်မှုတွေရှိနေတယ်တဲ့လား။ ဘာလို့လဲ ဘာအမှားတွေလုပ်ခဲ့မိလို့ ကောင်လေးကိုကံဆိုးစေတဲ့လူက သူဖြစ်နေရတာလဲ။

" တစ်သက်လုံး သူဒီလိုဖြစ်ရတာကိုယ့်ကြောင့်ဆိုတဲ့ အပြစ်စိတ်ကြီးနဲ့လေ နေသွားချင်တာလား "

တော်ပါတော့ တော်ပါတော့။ နားထဲအဲ့စကားကြီးကိုပြန်လည်းမကြားချင်တော့လို့ပါ တော်လိုက်ပါတော့။

ကားမှတ်တိုင်မှာစောင့်နေကြတဲ့လူတွေကလည်း မျက်နှာပွတ်လိုက် ဆံပင်တွေဖွပစ်လိုက်နဲ့အလုပ်ရှုပ်နေသောဂျွန့်အား ထူးဆန်းသလိုကြည့်နေကြသည်။ ဂျွန့်အနေ‌နဲ့တော့ အဲ့ဒါတွေကိုလည်းအာရုံမစိုက်အား။ သူ့အပူနဲ့သူလောင်ကျွမ်းနေရတာ ပြာကျမတတ်။ တကယ်ပဲ သူကိုယ်တိုင်က အပြစ်တဲ့လေ။

" လူကြီး....."

ဂျွန် ခေါင်းငိုက်စိုက်ထိုင်နေရင်းကနေ အသံသေးသေးလေးအားကြားလိုက်ရသည်မို့ ချက်ချင်းပဲမော့ကြည့်လိုက်လေတော့ ထိခိုက်ထားသူလေးဟာမျက်လုံးအ‌ဝိုင်းသားလေးနဲ့ငုံ့ကြည့်နေလေရဲ့။ ကြယ်လေးတွေအများကြီးတည်ရှိနေ‌တဲ့ မျက်ဝန်းလေးတွေကိုမြင်ကာမှ သူဟာထိန်းချုပ်ထားသမျှအားလွှတ်ပေးလိုက်ချင်မိသလို။ ဒီထက်ပိုပြီးလည်း ထိန်းချုပ်လို့လည်းမရနိုင်တော့တာကိုသူသိသည်။ ဖြစ်ချင်တာဖြစ်ဆိုပြီးပဲ ‌ချာတိတ်ငယ်၏ရင်ခွင်ငယ်လေးထဲသို့ တိုးဝင်လိုက်မိတော့သည်။

" လူ....လူကြီး "

" ခဏလေး ဒီအတိုင်းလေးပဲ ခဏလေး...."

ထိန်းချုပ်ထားသမျှပွင့်ထွက်လာသည်မို့ ကောင်လေး၏ဆေးရုံဝတ်စုံအပါးလေးသည် သူ့ဆီကမျက်ရည်တွေနဲ့စွတ်စိုလာရသည်။ ‌ချာတိတ်သည်လည်းလန့်သွားသည်ထင်။ ဘာမှမတုံ့ပြန်သေးပဲ ကျောက်ရုပ်လိုရပ်နေသေးသည်။

" တောင်း တောင်းပန်ပါတယ် မင်ငယ်ရယ်...."

တုန်ရီစွာဆိုမိလေတော့ ချာတိတ်ငယ်သည်သူ့ကျောပြင်အားလက်သေးသေးလေးနှင့်ပွတ်သပ်ပေးရှာသည်။ နောက်လက်တစ်ဖက်နဲ့လည်း သူ့ခေါင်းလေးအားအသာကိုင်ထားပေးရင်း အဆင်ပြေပါတယ်လို့သာ တဖွဖွရေရွတ်ပေးရှာသည်။ ဒီလူကြီးမှာလည်း ကြီးကောင်ကြီးမားနဲ့ ကလေးငယ်ရဲ့ရင်ခွင်ထဲတိုးဝင်ငိုမိလေခြင်း။ လမ်းသွားလမ်းလာတွေကိုလည်းဂရုစိုက်မနေတော့ပဲ နှစ်ယောက်တစ်ကမ္ဘာထဲတွင်သာ ခံစားချက်အစုံရောနှောနေတော့သည်။

" ဘာလို့ထွက်လာရတာလဲ "

" မှိန်းနေရင်း မျက်လုံးဖွင့်လိုက်တော့ လူကြီးပြေးထွက်သွားတာမြင်လိုက်လို့လေ "

မှတ်တိုင်၌ ဒရမ်မာတစ်ကားအပြီးရိုက်ပြီးသည့်နောက် အားနည်းနေသောချာတိတ်ငယ်အား သူပွေ့ချီလာရင်းဆေးရုံထဲသို့ပြန်ဝင်လာခဲ့သည်။ ချာတိတ်သည်ခုချိန်ထိသူ့အား မေးခွန်းတစ်ခွန်းတစ်လေတောင်မေးမလာသေး။ ငိုနေရင်း မင်ငယ်ဟု ခေါ်လိုက်မိတာကိုကိုယ့်ကိုယ်ကိုသတိထားလိုက်မိပေမယ့်လည်း သတိရသည့်ချိန်တွင်ပြန်ပြင်လို့မရနိုင်တော့။ ကောင်လေးကလည်းအထူးအဆန်းလုပ်၍မေးမနေတော့တာမို့ သူတိတ်တိတ်လေးသာဆက်နေ‌လိုက်တော့သည်။ ကောင်လေးရဲ့အခန်းထဲရောက်မှ ကုတင်ပေါ်အသာချပေးလိုက်တော့ ကောင်လေးသည်စောင်ထူထဲတိုးဝင်သွားရင်း မျက်လုံးလှလှလေးတွေနဲ့ သူ့ကိုငေးကြည့်နေသေးပြန်သည်။

" သတင်းလာမေးတာကို အထဲထိဝင်မလာပဲ ဘာလို့ထွက်ပြေးသွားတာလဲဟင်။ မှတ်တိုင်မှာရော ဘာလို့ "

ဂျွန် ခေါင်းအသာခါပြရင်းသာ‌ပြံးနေလိုက်သည်။ ချာတိတ်ငယ်ကလည်း နားလည်စွာနဲ့ဆက်မမေးတော့ပဲငြိမ်နေသည်။ သူသည်လည်းချာတိတ်၏ဆံနွယ်နုနုလေးတွေအား တစ်ချက်နှစ်ချက်ပွတ်သပ်ပေးပြီးနောက် အခန်းထဲမှထွက်ဖို့ရန် ခြေလှမ်းပြင်မိသည်။

" မင်ငယ်က ....."

ချာတိတ်ငယ်၏စကားကြောင့် သူ၏ခြေလှမ်းတွေသည်ချက်ချင်းရပ်တန့်သွားရသည်။ ချာတိတ်ငယ်ဘက်ကိုတော့ လှည့်မကြည့်မိသေး။ မေးလာခဲ့ရင် ယုတ္တိရှိရှိဖြေနိုင်ဖို့အဖြေစဉ်းစားထားရဦးမည်။

" ဟို "

" မင်း နားကြားမှားသွားတာ...."

" အော် အင်း အင်း "

စကားဖြတ်ဖြေပြီး အခန်းထဲကနေသာခပ်မြန်မြန်ထွက်လာခဲ့မိတော့သည်။ ဒီထက်ပိုပြီးနီးနေလို့မဖြစ်တော့။ အရင်လိုမျိုး တင်းမာရတော့မည်။ ပြန်ပြီး တင်းမာရတော့မည်။

" ငါသေချာ‌ကြားလိုက်တာကို ကြားလည်းကြားဖူး‌နေသလို.....မင်ငယ် "

ပဟေဠိအချို့နှင့်သာ မင်ငယ်လေးကျန်ရစ်နေခဲ့ရတော့သည်။
________

" စစ်သူကြီးဂျွန်....အဆောင်လေးထည့်ပေးချင်လို့ပါ "

မထွက်ခင် အမ္မယာကအနားသို့တိုးလာရင်း လက်သန်းအရွယ်အိတ်ပိစိလေးကိုမှကြိုးနဲ့ဆွဲထားသောအဆောင်လေးအားလက်ထဲထည့်ပေးလာသည်။ အဆောင်တွေ ယတြာတွေအပေါ်အယုံအကြည်မရှိသူသည် မျက်နှာတော့တစ်ချက်မှောင်ကျသွားသည်။

" ကိုယ့်အတွက်ဒါတွေမလိုဘူး အမ္မယာ "

လက်ထဲပြန်ထည့်ပေးဖို့လုပ်တော့အမ္မယာကချက်ချင်းပဲ လည်တိုင်မှာကောက်ဆွဲပေးပြီးပြုံးနေသည်။ စစ်သူကြီးဂျွန်ဘာမှဆက်ပြောမနေတော့။ ဟိုးအရင်ကတည်းက သူကောင်းဖို့ပဲလုပ်ခဲ့တဲ့အမ္မယာအား သူအကြွင်းမဲ့ယုံကြည်ပါသည်။ အမ္မယာကတော့ သူဒုက္ခရောက်မယ့်ကိစ္စမျိုးဘယ်သောအခါမှလုပ်မည်မဟုတ် သူယုံသည်။ ယုံတယ်ဆိုတာထက်ကို ပိုပြီးယုံမိပါသည်။

" ဂရုစိုက်ပါ "

" ကောင်းပါပြီ "

အမ္မယာသည် ချက်ချင်းပဲပြေးထွက်သွားသည်မို့ ဂျွန်ဘာမှမပြောပဲကျန်ခဲ့ရတော့သည်။ လည်တိုင်က အဆောင်ဆွဲကြိုးလေးကိုမြင်ရင် မင်ငယ်စပ်စုလေဦးမလားလို့တောင်ထင်မိလို့ သံချပ်ကာထဲထည့်ဆွဲထားပြီးမှ မင်ငယ့်အလာအားမျှော်နေမိသည်။ ခဏနေရင် တပ်ထွက်ရတော့မည်ကို မင်ငယ်ဘာလို့မလာသေးလဲ သူလည်းမသိ။

" စစ်သူကြီးဂျွန် ထွက်ခွာရပါတော့မယ် "

စစ်သည်တစ်ယောက်က လာသတိပေးတာတောင် ဂျွန့်မှာ မျှော်နေမြဲမျှော်ဆဲ။ အရင်ကဆို ဒီကောင်လေးက အစောဆုံးလာပြီးနှုတ်ဆက်တတ်တာ။ ခုဘာလို့များ စာမလာသတင်းမကြားသလိုပျောက်ခြင်းမလှပျောက်နေရသလဲ။ စိတ်လည်းပူမိသလို သူ့မျက်နှာလေးမှမမြင်ရပဲစစ်တိုက်ရမယ်ဆို နောက်ဆံလည်းတင်းပြီးအာရုံစိုက်နိုင်မည်မဟုတ်။

" စစ်သူကြီးဂျွန် ! "

ဂျွန်တစ်ယောက်ချွေးစေးပြန်နေတုန်းမှာပဲ ပတ်အိမ်တော်မှအစေခံလေးတစ်ယောက်ဟာ အမောတကောပြေးလာသည်မို့ ဂျွန်ခေါင်းပြန်ထောင်သွားရသည်။ မိမိအနားရောက်တော့ ဦးညွှတ်ရင်း စာလေးတစ်ခေါက်အား လက်ထဲထည့်ပေးသည်မို့ အချိန်အနည်းငယ်တောင်ဆွဲမနေတော့ပဲ စာရွက်ခေါက်အားဖတ်လိုက်ရသည်။

" နေမကောင်းဖြစ်နေလို့ အဖေတို့ကထွက်ခိုင်းမှာမဟုတ်ဘူး လူကြီးဂျွန်။ ဂရုစိုက်ပါနော် ဒုဓလီတွေနဲ့ နေ့တိုင်းဆုတောင်းနေပါ့မယ် ။
ချစ်တဲ့ မင်ငယ်..... "

ဂျွန်‌ ခေါင်းညှိတ်လိုက်ရင်းပဲ မင်ငယ့်ကိုသေချာစောင့်ရှောက်ပေးဖို့ အစေခံလေးအားအမှာပါးလိုက်ပြီးမှ ထွက်ခွာသွားလေသည်။
_____

" သားရယ် နေလည်းမကောင်းပါပဲနဲ့ "

ခုဆို စစ်သွားတိုက်နေသူဆီမှ စာမလာသတင်းမကြားတာ သီတင်းပတ်ပေါင်းတော်တော်ကြာပြီ။ သူထွက်သွားခါမှပဲ နေကောင်းလိုက် မကောင်းလိုက်နဲ့ သံသရာလည်နေသောကိုယ့်ကိုယ်ကိုလည်းအားလုံးဝမရ။ အရင်ကဆို ဒုဓလီခင်းထဲမှာ ဆုတောင်းလိုက်ရင် မကြာခင်အချိန်အတွင်းသူပြန်လာရတတ်သည်။ ခုလည်း စိတ်ကူးလေးနဲ့လေးပင်နေသောခြေလှမ်းများကိုသာ ကြိုးစားလှမ်းရင်း အိမ်ကနေထွက်ဖို့ တာဆူနေမိသည်။

"အမေမသိပါဘူး ဒုဓလီတွေနဲ့ ကျွန်တော်တို့ကြားက ဆက်နွယ်မှုတွေကို။ ဖယ်ပါ ကျွန်တော်သွားမှ သူဘေးကင်းမှာ "

အဖေ့ဆီကကြားထားတဲ့အရဆို ဒီတစ်ခါစစ်ပွဲသည် မလွယ်နိုင်။ အင်အားအသင့်အတင့်ရှိသည့်နိုင်ငံပါပါသည်မို့ သူသေကိုယ်သေကိုယှဉ်ရမယ့်ပွဲတဲ့။ လူကြီးဂျွန်နိုင်မယ်ဆိုတာကို အကြွင်းမဲ့ယုံချင်ပေမယ့် ကံကြမ္မာကြောင့်ရော လေးပင်နေသောသူ့စိတ်ကြီးကြောင့်ရော နေရခက်လှသည်။ ဘယ်လိုမှလည်းစိတ်ချထား၍မဖြစ်တာမို့ အဖေလစ်တုန်း အမေ့ကိုမရမကထိုးစစ်ဆင်ရင်း ထွက်ဖို့လုပ်နေရသည်။

" နေကောင်းပျောက်မှသွားပါလား သားရယ်။ ဒီမအေကို မသနားတော့ဘူးလား "

" ကျွန်တော်စိတ်မသာမယာဖြစ်နေတာရော အမေမသနားတော့ဘူးလား "

တစ်ခွန်းသာပြန်မေးလိုက်ရင်း အိမ်တော်အတွင်းမှအတင်းရုန်းထွက်ခဲ့သည်။ စီးတော်မြင်းကိုနှင်ရင်းနဲ့ပဲ ဒုဓလီခင်း‌ကြီးဆီသို့ဦးတည်လာခဲ့သည်။

" ဒုဓလီတို့ရေ....ဒီတစ်ခါလည်းငါဘယ်လောက်ထိစိတ်ပူပြီး လွမ်းနေရလဲဆိုတာကိုပြောပေးပါဦးကွယ် အဟွတ် ! "

ရေရွတ်နေရင်းနဲ့ပဲမခံမရပ်နိုင်အောင်ဆိုးလာသောချောင်းကြောင့် မင်ငယ်စုတ်တစ်ချက်သပ်မိသည်။ ပါးစပ်အား လက်နှင့်အုပ်ကွယ်ဆိုးနေရင်းကနေနောက်ဆက်တွဲကတော့ သွေးများစွာလက်ဖဝါးနုနုထက်တွင်ပေကျံလာရခြင်း။

မင်ငယ်သည် ကျန်းမာရေးနဲ့ပတ်သတ်ရင်သိပ်ကိုဒေါင်ဒေါင်မြည်သောကောင်လေးတစ်ယောက်။အဖျားလည်းမလွယ်တာမို့ သူ့ကိုသူလူစွမ်းကောင်းလေးလို့တောင်တင်စားတတ်တဲ့လူနောက်လေးဖြစ်ခဲ့တာ။ အခုတော့မခံမရပ်‌နိုင်အောင်နေမကောင်းဖြစ်ရင်း ချောင်းဆိုးရင်းသွေးတွေပါ ပါတတ်လာသည်။ သမားတော်တို့နဲ့ပြကြည့်တော့လည်း ရောဂါနာမည်အတိအကျမသိရ။ ပေးသမျှဆေးသောက်နဲ့နေလာရင်းဆေးအပြင်းတွေကြောင့် တစ်ကိုယ်လုံးနုန်းချိနေသည်အထိ။ မင်ငယ်ကြောက်မိပါသည်။ ချစ်ရသူအောင်နိုင်စွာပြန်မလာသေးသ၍ သေးသေးလေးတောင်မှားယွင်းသွားလို့မဖြစ်နိုင်ပါ။ မဖြစ်ပေ မဖြစ်ပေ။ ဂျွန်စိတ်ချမ်းသာဖို့သာရှေးရှုသူမို့ ကြောက်မိခြင်းသာ။

" ငါသာတစ်ခုခုဖြစ်သွားရင် သူအဆင်ပြေမှာမဟုတ်ဘူး။ သူက ငါမရှိလို့မဖြစ်ဘူးသိရဲ့လား။ စစ်သူကြီးကလေ ငါမရှိလို့မဖြစ်ဘူး။ ငါမရှိရင် ငါမရှိရင် သူ သေသွားလိမ့်မယ်......."

အကယ်၍ သေဆုံးခဲ့ရသည်ရှိသော်
ချစ်ရသူအားစိတ်ချသွားရပြီးမှ သေဆုံးရပါစေသား ကိုးကွယ်ရာရယ်။

" ဂျွန်....."

အမ္မယာသည် ရှေ့ဆုံးကနေ ပန်းကုံးအချို့နှင့်စီးကြိုနေသည်။ တအားခက်ခဲကြမ်းတမ်းတဲ့စစ်ပွဲဖြစ်ခဲ့သော်ငြားလည်း နေမကောင်းနေတဲ့ကောင်ငယ်လေးအားပြုစုပေးရဦးမည်ဟူသောစိတ်လေးနဲ့တောင့်ခံလာခဲ့တာ။ အောင်မြင်မှုနဲ့အတူပြန်လာတော့လည်း ကောင်လေးကစီးကြိုမနေ။ ခုထိပဲ နေမကောင်းသေးသလား။ ကြာလှပြီလေ ကြာလှပြီ။ လပေါင်းများစွာကြာနေပြီလေကွယ်။

" ကျေးဇူး အမ္မယာ "

စစ်သူကြီးသည် အိမ်သို့တောင်မပြန်သေးပဲ ပတ်အိမ်တော်သို့အရင်ရောက်အောင်ဝင်ခဲ့သည်။ အရင်ကထက်တိတ်ဆိတ်နေသောအိမ်တော်ကြီးသည် တကယ့်ကိုအထူးအဆန်း။ သူလာတိုင်း မင်ငယ့်ထံသတင်းပါးပေးတတ်သော အစေခံတို့ကလည်း ညှိုးငယ်စွာနဲ့ပဲသူ့အားကြည့်နေသည်။ သနားနေတဲ့အကြည့်တွေပဲ မကြိုက်လိုက်တာ....

" စစ်သူကြီးဂျွန်တောင်ပြန်လာပြီပဲ...."

" ဟုတ်တယ် မင်ငယ့်ကိုလွမ်းလွန်းလို့တန်းလာခဲ့တာ မင်ငယ့်ကိုခေါ်ပေးပါဦး "

မင်ငယ်၏မိခင်သည် သူ့စကားဆုံးသည်နှင့်ဒူးထောက်ကျသွားပြီး ရှိုက်ကြီးတငင်အော်ဟစ်‌ငိုကြွေးသည်။ အစေခံအချို့ရောက်လာရင်းဝိုင်းနှစ်သိမ့်ပေးကြရင်းနဲ့မှ သူ့ကိုလည်းသနားသလိုမျက်လုံးတွေနဲ့ထပ်၍ကြည့်နေကြပြန်သည်။ သူမရရအောင်အကြည့်လွှဲလိုက်သော် အကြည့်ရောက်သွားသည်ကအခန်းထောင့်နေရာကစားပွဲလေး။ စားပွဲလေးပေါ်တွင် မင်ငယ့်ပုံလေးအားဘောင်လေးနဲ့တင်ထားပြီး အမွှေးတိုင်တွေလည်းထွန်းထားသေးသည်။ မင်ငယ်ကြိုက်တတ်တဲ့မုန့်ပဲသရေစာလေးတွေကလည်း သူ့အားလှောင်ပြောင်နေသယောင်။ လှပစွာပြုံးပြနေသောမင်ငယ်သည် ဒီတစ်ခါတော့သူ့အားရင်မခုန်စေ။ ပါးပြင်ပေါ်မျက်ရည်များအလုံးအရင်းကျဆင်းသွားပြီးသည့်နောက် သူသည်လည်းအမှောင်ကမ္ဘာထဲသို့ ဦးတည်ဝင်ရောက်သွားရသည်။

သေချာသည်က မင်ငယ်ဆုတောင်းမပြည်ခဲ့ပါ။

ဂျွန်ကတော့ သူအချိန်မီပြန်မလာနိုင်လို့ဟုပဲ သတိရလာတော့ ရှိုက်ကြီးတငင်အော်ဟစ်ငိုရင်းအပြစ်တင်သည်။ စစ်ပွဲသည်ထင်ထားတာထက်အများကြီးပိုကြာသွားတာ တကယ်ကိုအထူးအဆန်း။

" တောင်းပန်ပါတယ် ...."

အိပ်ခန်းထဲတွင်တစ်ယောက်တည်းစကားတွေပြောနေသော စစ်သူကြီးဂျွန်၏ကျောပြင်အားကြည့်ရင်း အမ္မယာရေရွတ်လိုက်သည်။ ဂျွန်သည် နေ့နေ့ညညအသည်းကွဲပြီး ငိုကြွေးအပြီးမှာစိတ်လွတ်သွားခဲ့ပြီ။ သူမမှားခဲ့ပါ အဆုံးသတ်ထိ သူမမှားပါ။ အချစ်အတွက်နဲ့ရှင်းသင့်တာကိုရှင်းပစ်ခြင်း။ သူရဲကောင်းဆန်ခြင်းသာ သူမမှားခဲ့ပါ။

" ဂျွန် ထမင်းစားမယ် .....အမလေး !! "

တစ်ခုသောမနက်ခင်းလေးတွင် အမ္မယာသွေးပျက်သွားရသည်။ လက်ကောက်ဝတ်မှသွေးများသည် အခန်းတောင်ပြည့်သွားတော့မယောင်။ ဂျွန့်လက်စွဲတော်ဓားပေါ်ကသွေးနီနီတွေသည် အမ္မယာလိုချင်ခဲ့သောအဆုံးသတ်ပင်မဟုတ်။

စစ်သူကြီးသည်လည်း ဤကဲ့သို့ပင်အချစ်တိုက်ပွဲတွင်တော့ ကျရှုံးသွားလေတော့သည်။

စစ်သူကြီး၏နောက်ဆုံးသော ဆုတောင်းသည် ပြောပြနေစရာတောင်မလိုတော့ပေ။ မင်ငယ့်အားမှတ်မိနေချင်တဲ့ နောင်ဘဝတဲ့လေ နောင်ဘဝ။

" မင်ငယ်...."

လေနှင်ရာလွင့်မျောရမည့် အရာတစ်ခုအနေနဲ့ သူမင်ငယ့်အားလိုက်ရှာနေမိသည်။ မင်ငယ်သည် ကောင်းတဲ့ဘဝကိုပဲရောက်သွားလေပြီလား။

" မင်ငယ် !! "

ဒုဓလီခင်းကြီးအလယ်မှ ပုံရိပ်ငယ်လေးအား စစ်သူကြီးလှမ်း၍မြင်လိုက်သည်။ များမကြာမီအတွင်း နီးမလိုလိုနဲ့ဝေးသွားရသော ပုံရိပ်ငယ်နှစ်ခုသည်ဆန်ကျင့်ဘက်အရပ်တွေဆီသို့ လေနှင်ရာလွင့်ပျယ်သွားရသည်အား သင်မြင်လိုက်ရမည်မဟုတ်။

ဤကား စစ်သူကြီးဂျွန်နှင့် မင်ငယ်တို့ဇာတ်လမ်း၏ အဆုံးအသတ်တည်း။

@Ivy_Yeon

Zawgyi:

ခ်ာတိတ္ငယ္၏ပုံရိပ္ေလးအား တံခါးအကြယ္ေနာက္မွေခ်ာင္းၾကည့္ခဲ့ၿပီး သူ၏အျပန္လမ္းတြင္စိတ္နဲ႕ကိုယ္နဲ႕ကပ္မေနခဲ့။ ကားကိုေတာင္ ကားပါကင္မွျပန္ယူဖို႔သတိရမေနခဲ့ပဲ ‌ေဆး႐ုံအနားကကားမွတ္တိုင္အထိေျခလ်င္ေလွ်ာက္လာခဲ့ရင္း ခုံေလးတြင္ဝင္ထိုင္ေနမိသည္။ တစ္ရက္အတြင္း ဒီေလာက္ေတာင္အားနည္းသြားရတဲ့ေကာင္ေလးရဲ႕ပုံရိပ္ေလးအား ျပန္ျမင္ေယာင္လိုက္တိုင္းသူ႕ရင္ထဲတဆစ္ဆစ္နဲ႕။ အက်ိဳးသက္ေရာက္မႈေတြရွိေနတယ္တဲ့လား။ ဘာလို႔လဲ ဘာအမွားေတြလုပ္ခဲ့မိလို႔ ေကာင္ေလးကိုကံဆိုးေစတဲ့လူက သူျဖစ္ေနရတာလဲ။

" တစ္သက္လုံး သူဒီလိုျဖစ္ရတာကိုယ့္ေၾကာင့္ဆိုတဲ့ အျပစ္စိတ္ႀကီးနဲ႕ေလ ေနသြားခ်င္တာလား "

ေတာ္ပါေတာ့ ေတာ္ပါေတာ့။ နားထဲအဲ့စကားႀကီးကိုျပန္လည္းမၾကားခ်င္ေတာ့လို႔ပါ ေတာ္လိုက္ပါေတာ့။

ကားမွတ္တိုင္မွာေစာင့္ေနၾကတဲ့လူေတြကလည္း မ်က္ႏွာပြတ္လိုက္ ဆံပင္ေတြဖြပစ္လိုက္နဲ႕အလုပ္ရႈပ္ေနေသာဂြၽန႔္အား ထူးဆန္းသလိုၾကည့္ေနၾကသည္။ ဂြၽန႔္အေန‌နဲ႕ေတာ့ အဲ့ဒါေတြကိုလည္းအာ႐ုံမစိုက္အား။ သူ႕အပူနဲ႕သူေလာင္ကြၽမ္းေနရတာ ျပာက်မတတ္။ တကယ္ပဲ သူကိုယ္တိုင္က အျပစ္တဲ့ေလ။

" လူႀကီး....."

ဂြၽန္ ေခါင္းငိုက္စိုက္ထိုင္ေနရင္းကေန အသံေသးေသးေလးအားၾကားလိုက္ရသည္မို႔ ခ်က္ခ်င္းပဲေမာ့ၾကည့္လိုက္ေလေတာ့ ထိခိုက္ထားသူေလးဟာမ်က္လုံးအ‌ဝိုင္းသားေလးနဲ႕ငုံ႕ၾကည့္ေနေလရဲ႕။ ၾကယ္ေလးေတြအမ်ားႀကီးတည္ရွိေန‌တဲ့ မ်က္ဝန္းေလးေတြကိုျမင္ကာမွ သူဟာထိန္းခ်ဳပ္ထားသမွ်အားလႊတ္ေပးလိုက္ခ်င္မိသလို။ ဒီထက္ပိုၿပီးလည္း ထိန္းခ်ဳပ္လို႔လည္းမရနိုင္ေတာ့တာကိုသူသိသည္။ ျဖစ္ခ်င္တာျဖစ္ဆိုၿပီးပဲ ‌ခ်ာတိတ္ငယ္၏ရင္ခြင္ငယ္ေလးထဲသို႔ တိုးဝင္လိုက္မိေတာ့သည္။

" လူ....လူႀကီး "

" ခဏေလး ဒီအတိုင္းေလးပဲ ခဏေလး...."

ထိန္းခ်ဳပ္ထားသမွ်ပြင့္ထြက္လာသည္မို႔ ေကာင္ေလး၏ေဆး႐ုံဝတ္စုံအပါးေလးသည္ သူ႕ဆီကမ်က္ရည္ေတြနဲ႕စြတ္စိုလာရသည္။ ‌ခ်ာတိတ္သည္လည္းလန႔္သြားသည္ထင္။ ဘာမွမတုံ႕ျပန္ေသးပဲ ေက်ာက္႐ုပ္လိုရပ္ေနေသးသည္။

" ေတာင္း ေတာင္းပန္ပါတယ္ မင္ငယ္ရယ္...."

တုန္ရီစြာဆိုမိေလေတာ့ ခ်ာတိတ္ငယ္သည္သူ႕ေက်ာျပင္အားလက္ေသးေသးေလးႏွင့္ပြတ္သပ္ေပးရွာသည္။ ေနာက္လက္တစ္ဖက္နဲ႕လည္း သူ႕ေခါင္းေလးအားအသာကိုင္ထားေပးရင္း အဆင္ေျပပါတယ္လို႔သာ တဖြဖြေရ႐ြတ္ေပးရွာသည္။ ဒီလူႀကီးမွာလည္း ႀကီးေကာင္ႀကီးမားနဲ႕ ကေလးငယ္ရဲ႕ရင္ခြင္ထဲတိုးဝင္ငိုမိေလျခင္း။ လမ္းသြားလမ္းလာေတြကိုလည္းဂ႐ုစိုက္မေနေတာ့ပဲ ႏွစ္ေယာက္တစ္ကမာၻထဲတြင္သာ ခံစားခ်က္အစုံေရာေႏွာေနေတာ့သည္။

" ဘာလို႔ထြက္လာရတာလဲ "

" မွိန္းေနရင္း မ်က္လုံးဖြင့္လိုက္ေတာ့ လူႀကီးေျပးထြက္သြားတာျမင္လိုက္လို႔ေလ "

မွတ္တိုင္၌ ဒရမ္မာတစ္ကားအၿပီးရိုက္ၿပီးသည့္ေနာက္ အားနည္းေနေသာခ်ာတိတ္ငယ္အား သူေပြ႕ခ်ီလာရင္းေဆး႐ုံထဲသို႔ျပန္ဝင္လာခဲ့သည္။ ခ်ာတိတ္သည္ခုခ်ိန္ထိသူ႕အား ေမးခြန္းတစ္ခြန္းတစ္ေလေတာင္ေမးမလာေသး။ ငိုေနရင္း မင္ငယ္ဟု ေခၚလိုက္မိတာကိုကိုယ့္ကိုယ္ကိုသတိထားလိုက္မိေပမယ့္လည္း သတိရသည့္ခ်ိန္တြင္ျပန္ျပင္လို႔မရနိုင္ေတာ့။ ေကာင္ေလးကလည္းအထူးအဆန္းလုပ္၍ေမးမေနေတာ့တာမို႔ သူတိတ္တိတ္ေလးသာဆက္ေန‌လိုက္ေတာ့သည္။ ေကာင္ေလးရဲ႕အခန္းထဲေရာက္မွ ကုတင္ေပၚအသာခ်ေပးလိုက္ေတာ့ ေကာင္ေလးသည္ေစာင္ထူထဲတိုးဝင္သြားရင္း မ်က္လုံးလွလွေလးေတြနဲ႕ သူ႕ကိုေငးၾကည့္ေနေသးျပန္သည္။

" သတင္းလာေမးတာကို အထဲထိဝင္မလာပဲ ဘာလို႔ထြက္ေျပးသြားတာလဲဟင္။ မွတ္တိုင္မွာေရာ ဘာလို႔ "

ဂြၽန္ ေခါင္းအသာခါျပရင္းသာ‌ၿပံးေနလိုက္သည္။ ခ်ာတိတ္ငယ္ကလည္း နားလည္စြာနဲ႕ဆက္မေမးေတာ့ပဲၿငိမ္ေနသည္။ သူသည္လည္းခ်ာတိတ္၏ဆံႏြယ္ႏုႏုေလးေတြအား တစ္ခ်က္ႏွစ္ခ်က္ပြတ္သပ္ေပးၿပီးေနာက္ အခန္းထဲမွထြက္ဖို႔ရန္ ေျခလွမ္းျပင္မိသည္။

" မင္ငယ္က ....."

ခ်ာတိတ္ငယ္၏စကားေၾကာင့္ သူ၏ေျခလွမ္းေတြသည္ခ်က္ခ်င္းရပ္တန႔္သြားရသည္။ ခ်ာတိတ္ငယ္ဘက္ကိုေတာ့ လွည့္မၾကည့္မိေသး။ ေမးလာခဲ့ရင္ ယုတၱိရွိရွိေျဖနိုင္ဖို႔အေျဖစဥ္းစားထားရဦးမည္။

" ဟို "

" မင္း နားၾကားမွားသြားတာ...."

" ေအာ္ အင္း အင္း "

စကားျဖတ္ေျဖၿပီး အခန္းထဲကေနသာခပ္ျမန္ျမန္ထြက္လာခဲ့မိေတာ့သည္။ ဒီထက္ပိုၿပီးနီးေနလို႔မျဖစ္ေတာ့။ အရင္လိုမ်ိဳး တင္းမာရေတာ့မည္။ ျပန္ၿပီး တင္းမာရေတာ့မည္။

" ငါေသခ်ာ‌ၾကားလိုက္တာကို ၾကားလည္းၾကားဖူး‌ေနသလို.....မင္ငယ္ "

ပေဟဠိအခ်ိဳ႕ႏွင့္သာ မင္ငယ္ေလးက်န္ရစ္ေနခဲ့ရေတာ့သည္။
________

" စစ္သူႀကီးဂြၽန္....အေဆာင္ေလးထည့္ေပးခ်င္လို႔ပါ "

မထြက္ခင္ အမၼယာကအနားသို႔တိုးလာရင္း လက္သန္းအ႐ြယ္အိတ္ပိစိေလးကိုမွႀကိဳးနဲ႕ဆြဲထားေသာအေဆာင္ေလးအားလက္ထဲထည့္ေပးလာသည္။ အေဆာင္ေတြ ယၾတာေတြအေပၚအယုံအၾကည္မရွိသူသည္ မ်က္ႏွာေတာ့တစ္ခ်က္ေမွာင္က်သြားသည္။

" ကိုယ့္အတြက္ဒါေတြမလိုဘူး အမၼယာ "

လက္ထဲျပန္ထည့္ေပးဖို႔လုပ္ေတာ့အမၼယာကခ်က္ခ်င္းပဲ လည္တိုင္မွာေကာက္ဆြဲေပးၿပီးၿပဳံးေနသည္။ စစ္သူႀကီးဂြၽန္ဘာမွဆက္ေျပာမေနေတာ့။ ဟိုးအရင္ကတည္းက သူေကာင္းဖို႔ပဲလုပ္ခဲ့တဲ့အမၼယာအား သူအႂကြင္းမဲ့ယုံၾကည္ပါသည္။ အမၼယာကေတာ့ သူဒုကၡေရာက္မယ့္ကိစၥမ်ိဳးဘယ္ေသာအခါမွလုပ္မည္မဟုတ္ သူယုံသည္။ ယုံတယ္ဆိုတာထက္ကို ပိုၿပီးယုံမိပါသည္။

" ဂ႐ုစိုက္ပါ "

" ေကာင္းပါၿပီ "

အမၼယာသည္ ခ်က္ခ်င္းပဲေျပးထြက္သြားသည္မို႔ ဂြၽန္ဘာမွမေျပာပဲက်န္ခဲ့ရေတာ့သည္။ လည္တိုင္က အေဆာင္ဆြဲႀကိဳးေလးကိုျမင္ရင္ မင္ငယ္စပ္စုေလဦးမလားလို႔ေတာင္ထင္မိလို႔ သံခ်ပ္ကာထဲထည့္ဆြဲထားၿပီးမွ မင္ငယ့္အလာအားေမွ်ာ္ေနမိသည္။ ခဏေနရင္ တပ္ထြက္ရေတာ့မည္ကို မင္ငယ္ဘာလို႔မလာေသးလဲ သူလည္းမသိ။

" စစ္သူႀကီးဂြၽန္ ထြက္ခြာရပါေတာ့မယ္ "

စစ္သည္တစ္ေယာက္က လာသတိေပးတာေတာင္ ဂြၽန႔္မွာ ေမွ်ာ္ေနၿမဲေမွ်ာ္ဆဲ။ အရင္ကဆို ဒီေကာင္ေလးက အေစာဆုံးလာၿပီးႏႈတ္ဆက္တတ္တာ။ ခုဘာလို႔မ်ား စာမလာသတင္းမၾကားသလိုေပ်ာက္ျခင္းမလွေပ်ာက္ေနရသလဲ။ စိတ္လည္းပူမိသလို သူ႕မ်က္ႏွာေလးမွမျမင္ရပဲစစ္တိုက္ရမယ္ဆို ေနာက္ဆံလည္းတင္းၿပီးအာ႐ုံစိုက္နိုင္မည္မဟုတ္။

" စစ္သူႀကီးဂြၽန္ ! "

ဂြၽန္တစ္ေယာက္ေခြၽးေစးျပန္ေနတုန္းမွာပဲ ပတ္အိမ္ေတာ္မွအေစခံေလးတစ္ေယာက္ဟာ အေမာတေကာေျပးလာသည္မို႔ ဂြၽန္ေခါင္းျပန္ေထာင္သြားရသည္။ မိမိအနားေရာက္ေတာ့ ဦးၫႊတ္ရင္း စာေလးတစ္ေခါက္အား လက္ထဲထည့္ေပးသည္မို႔ အခ်ိန္အနည္းငယ္ေတာင္ဆြဲမေနေတာ့ပဲ စာ႐ြက္ေခါက္အားဖတ္လိုက္ရသည္။

" ေနမေကာင္းျဖစ္ေနလို႔ အေဖတို႔ကထြက္ခိုင္းမွာမဟုတ္ဘူး လူႀကီးဂြၽန္။ ဂ႐ုစိုက္ပါေနာ္ ဒုဓလီေတြနဲ႕ ေန႕တိုင္းဆုေတာင္းေနပါ့မယ္ ။
ခ်စ္တဲ့ မင္ငယ္..... "

ဂြၽန္‌ ေခါင္းညွိတ္လိုက္ရင္းပဲ မင္ငယ့္ကိုေသခ်ာေစာင့္ေရွာက္ေပးဖို႔ အေစခံေလးအားအမွာပါးလိုက္ၿပီးမွ ထြက္ခြာသြားေလသည္။
_____

" သားရယ္ ေနလည္းမေကာင္းပါပဲနဲ႕ "

ခုဆို စစ္သြားတိုက္ေနသူဆီမွ စာမလာသတင္းမၾကားတာ သီတင္းပတ္ေပါင္းေတာ္ေတာ္ၾကာၿပီ။ သူထြက္သြားခါမွပဲ ေနေကာင္းလိုက္ မေကာင္းလိုက္နဲ႕ သံသရာလည္ေနေသာကိုယ့္ကိုယ္ကိုလည္းအားလုံးဝမရ။ အရင္ကဆို ဒုဓလီခင္းထဲမွာ ဆုေတာင္းလိုက္ရင္ မၾကာခင္အခ်ိန္အတြင္းသူျပန္လာရတတ္သည္။ ခုလည္း စိတ္ကူးေလးနဲ႕ေလးပင္ေနေသာေျခလွမ္းမ်ားကိုသာ ႀကိဳးစားလွမ္းရင္း အိမ္ကေနထြက္ဖို႔ တာဆူေနမိသည္။

"အေမမသိပါဘူး ဒုဓလီေတြနဲ႕ ကြၽန္ေတာ္တို႔ၾကားက ဆက္ႏြယ္မႈေတြကို။ ဖယ္ပါ ကြၽန္ေတာ္သြားမွ သူေဘးကင္းမွာ "

အေဖ့ဆီကၾကားထားတဲ့အရဆို ဒီတစ္ခါစစ္ပြဲသည္ မလြယ္နိုင္။ အင္အားအသင့္အတင့္ရွိသည့္နိုင္ငံပါပါသည္မို႔ သူေသကိုယ္ေသကိုယွဥ္ရမယ့္ပြဲတဲ့။ လူႀကီးဂြၽန္နိုင္မယ္ဆိုတာကို အႂကြင္းမဲ့ယုံခ်င္ေပမယ့္ ကံၾကမၼာေၾကာင့္ေရာ ေလးပင္ေနေသာသူ႕စိတ္ႀကီးေၾကာင့္ေရာ ေနရခက္လွသည္။ ဘယ္လိုမွလည္းစိတ္ခ်ထား၍မျဖစ္တာမို႔ အေဖလစ္တုန္း အေမ့ကိုမရမကထိုးစစ္ဆင္ရင္း ထြက္ဖို႔လုပ္ေနရသည္။

" ေနေကာင္းေပ်ာက္မွသြားပါလား သားရယ္။ ဒီမေအကို မသနားေတာ့ဘူးလား "

" ကြၽန္ေတာ္စိတ္မသာမယာျဖစ္ေနတာေရာ အေမမသနားေတာ့ဘူးလား "

တစ္ခြန္းသာျပန္ေမးလိုက္ရင္း အိမ္ေတာ္အတြင္းမွအတင္း႐ုန္းထြက္ခဲ့သည္။ စီးေတာ္ျမင္းကိုႏွင္ရင္းနဲ႕ပဲ ဒုဓလီခင္း‌ႀကီးဆီသို႔ဦးတည္လာခဲ့သည္။

" ဒုဓလီတို႔ေရ....ဒီတစ္ခါလည္းငါဘယ္ေလာက္ထိစိတ္ပူၿပီး လြမ္းေနရလဲဆိုတာကိုေျပာေပးပါဦးကြယ္ အဟြတ္ ! "

ေရ႐ြတ္ေနရင္းနဲ႕ပဲမခံမရပ္နိုင္ေအာင္ဆိုးလာေသာေခ်ာင္းေၾကာင့္ မင္ငယ္စုတ္တစ္ခ်က္သပ္မိသည္။ ပါးစပ္အား လက္ႏွင့္အုပ္ကြယ္ဆိုးေနရင္းကေနေနာက္ဆက္တြဲကေတာ့ ေသြးမ်ားစြာလက္ဖဝါးႏုႏုထက္တြင္ေပက်ံလာရျခင္း။

မင္ငယ္သည္ က်န္းမာေရးနဲ႕ပတ္သတ္ရင္သိပ္ကိုေဒါင္ေဒါင္ျမည္ေသာေကာင္ေလးတစ္ေယာက္။အဖ်ားလည္းမလြယ္တာမို႔ သူ႕ကိုသူလူစြမ္းေကာင္းေလးလို႔ေတာင္တင္စားတတ္တဲ့လူေနာက္ေလးျဖစ္ခဲ့တာ။ အခုေတာ့မခံမရပ္‌နိုင္ေအာင္ေနမေကာင္းျဖစ္ရင္း ေခ်ာင္းဆိုးရင္းေသြးေတြပါ ပါတတ္လာသည္။ သမားေတာ္တို႔နဲ႕ျပၾကည့္ေတာ့လည္း ေရာဂါနာမည္အတိအက်မသိရ။ ေပးသမွ်ေဆးေသာက္နဲ႕ေနလာရင္းေဆးအျပင္းေတြေၾကာင့္ တစ္ကိုယ္လုံးႏုန္းခ်ိေနသည္အထိ။ မင္ငယ္ေၾကာက္မိပါသည္။ ခ်စ္ရသူေအာင္နိုင္စြာျပန္မလာေသးသ၍ ေသးေသးေလးေတာင္မွားယြင္းသြားလို႔မျဖစ္နိုင္ပါ။ မျဖစ္ေပ မျဖစ္ေပ။ ဂြၽန္စိတ္ခ်မ္းသာဖို႔သာေရွးရႈသူမို႔ ေၾကာက္မိျခင္းသာ။

" ငါသာတစ္ခုခုျဖစ္သြားရင္ သူအဆင္ေျပမွာမဟုတ္ဘူး။ သူက ငါမရွိလို႔မျဖစ္ဘူးသိရဲ႕လား။ စစ္သူႀကီးကေလ ငါမရွိလို႔မျဖစ္ဘူး။ ငါမရွိရင္ ငါမရွိရင္ သူ ေသသြားလိမ့္မယ္......."

အကယ္၍ ေသဆုံးခဲ့ရသည္ရွိေသာ္
ခ်စ္ရသူအားစိတ္ခ်သြားရၿပီးမွ ေသဆုံးရပါေစသား ကိုးကြယ္ရာရယ္။

" ဂြၽန္....."

အမၼယာသည္ ေရွ႕ဆုံးကေန ပန္းကုံးအခ်ိဳ႕ႏွင့္စီးႀကိဳေနသည္။ တအားခက္ခဲၾကမ္းတမ္းတဲ့စစ္ပြဲျဖစ္ခဲ့ေသာ္ျငားလည္း ေနမေကာင္းေနတဲ့ေကာင္ငယ္ေလးအားျပဳစုေပးရဦးမည္ဟူေသာစိတ္ေလးနဲ႕ေတာင့္ခံလာခဲ့တာ။ ေအာင္ျမင္မႈနဲ႕အတူျပန္လာေတာ့လည္း ေကာင္ေလးကစီးႀကိဳမေန။ ခုထိပဲ ေနမေကာင္းေသးသလား။ ၾကာလွၿပီေလ ၾကာလွၿပီ။ လေပါင္းမ်ားစြာၾကာေနၿပီေလကြယ္။

" ေက်းဇူး အမၼယာ "

စစ္သူႀကီးသည္ အိမ္သို႔ေတာင္မျပန္ေသးပဲ ပတ္အိမ္ေတာ္သို႔အရင္ေရာက္ေအာင္ဝင္ခဲ့သည္။ အရင္ကထက္တိတ္ဆိတ္ေနေသာအိမ္ေတာ္ႀကီးသည္ တကယ့္ကိုအထူးအဆန္း။ သူလာတိုင္း မင္ငယ့္ထံသတင္းပါးေပးတတ္ေသာ အေစခံတို႔ကလည္း ညွိုးငယ္စြာနဲ႕ပဲသူ႕အားၾကည့္ေနသည္။ သနားေနတဲ့အၾကည့္ေတြပဲ မႀကိဳက္လိုက္တာ....

" စစ္သူႀကီးဂြၽန္ေတာင္ျပန္လာၿပီပဲ...."

" ဟုတ္တယ္ မင္ငယ့္ကိုလြမ္းလြန္းလို႔တန္းလာခဲ့တာ မင္ငယ့္ကိုေခၚေပးပါဦး "

မင္ငယ္၏မိခင္သည္ သူ႕စကားဆုံးသည္ႏွင့္ဒူးေထာက္က်သြားၿပီး ရွိုက္ႀကီးတငင္ေအာ္ဟစ္‌ငိုေႂကြးသည္။ အေစခံအခ်ိဳ႕ေရာက္လာရင္းဝိုင္းႏွစ္သိမ့္ေပးၾကရင္းနဲ႕မွ သူ႕ကိုလည္းသနားသလိုမ်က္လုံးေတြနဲ႕ထပ္၍ၾကည့္ေနၾကျပန္သည္။ သူမရရေအာင္အၾကည့္လႊဲလိုက္ေသာ္ အၾကည့္ေရာက္သြားသည္ကအခန္းေထာင့္ေနရာကစားပြဲေလး။ စားပြဲေလးေပၚတြင္ မင္ငယ့္ပုံေလးအားေဘာင္ေလးနဲ႕တင္ထားၿပီး အေမႊးတိုင္ေတြလည္းထြန္းထားေသးသည္။ မင္ငယ္ႀကိဳက္တတ္တဲ့မုန႔္ပဲသေရစာေလးေတြကလည္း သူ႕အားေလွာင္ေျပာင္ေနသေယာင္။ လွပစြာၿပဳံးျပေနေသာမင္ငယ္သည္ ဒီတစ္ခါေတာ့သူ႕အားရင္မခုန္ေစ။ ပါးျပင္ေပၚမ်က္ရည္မ်ားအလုံးအရင္းက်ဆင္းသြားၿပီးသည့္ေနာက္ သူသည္လည္းအေမွာင္ကမာၻထဲသို႔ ဦးတည္ဝင္ေရာက္သြားရသည္။

ေသခ်ာသည္က မင္ငယ္ဆုေတာင္းမျပည္ခဲ့ပါ။

ဂြၽန္ကေတာ့ သူအခ်ိန္မီျပန္မလာနိုင္လို႔ဟုပဲ သတိရလာေတာ့ ရွိုက္ႀကီးတငင္ေအာ္ဟစ္ငိုရင္းအျပစ္တင္သည္။ စစ္ပြဲသည္ထင္ထားတာထက္အမ်ားႀကီးပိုၾကာသြားတာ တကယ္ကိုအထူးအဆန္း။

" ေတာင္းပန္ပါတယ္ ...."

အိပ္ခန္းထဲတြင္တစ္ေယာက္တည္းစကားေတြေျပာေနေသာ စစ္သူႀကီးဂြၽန္၏ေက်ာျပင္အားၾကည့္ရင္း အမၼယာေရ႐ြတ္လိုက္သည္။ ဂြၽန္သည္ ေန႕ေန႕ညညအသည္းကြဲၿပီး ငိုေႂကြးအၿပီးမွာစိတ္လြတ္သြားခဲ့ၿပီ။ သူမမွားခဲ့ပါ အဆုံးသတ္ထိ သူမမွားပါ။ အခ်စ္အတြက္နဲ႕ရွင္းသင့္တာကိုရွင္းပစ္ျခင္း။ သူရဲေကာင္းဆန္ျခင္းသာ သူမမွားခဲ့ပါ။

" ဂြၽန္ ထမင္းစားမယ္ .....အမေလး !! "

တစ္ခုေသာမနက္ခင္းေလးတြင္ အမၼယာေသြးပ်က္သြားရသည္။ လက္ေကာက္ဝတ္မွေသြးမ်ားသည္ အခန္းေတာင္ျပည့္သြားေတာ့မေယာင္။ ဂြၽန႔္လက္စြဲေတာ္ဓားေပၚကေသြးနီနီေတြသည္ အမၼယာလိုခ်င္ခဲ့ေသာအဆုံးသတ္ပင္မဟုတ္။

စစ္သူႀကီးသည္လည္း ဤကဲ့သို႔ပင္အခ်စ္တိုက္ပြဲတြင္ေတာ့ က်ရႈံးသြားေလေတာ့သည္။

စစ္သူႀကီး၏ေနာက္ဆုံးေသာ ဆုေတာင္းသည္ ေျပာျပေနစရာေတာင္မလိုေတာ့ေပ။ မင္ငယ့္အားမွတ္မိေနခ်င္တဲ့ ေနာင္ဘဝတဲ့ေလ ေနာင္ဘဝ။

" မင္ငယ္...."

ေလႏွင္ရာလြင့္ေမ်ာရမည့္ အရာတစ္ခုအေနနဲ႕ သူမင္ငယ့္အားလိုက္ရွာေနမိသည္။ မင္ငယ္သည္ ေကာင္းတဲ့ဘဝကိုပဲေရာက္သြားေလၿပီလား။

" မင္ငယ္ !! "

ဒုဓလီခင္းႀကီးအလယ္မွ ပုံရိပ္ငယ္ေလးအား စစ္သူႀကီးလွမ္း၍ျမင္လိုက္သည္။ မ်ားမၾကာမီအတြင္း နီးမလိုလိုနဲ႕ေဝးသြားရေသာ ပုံရိပ္ငယ္ႏွစ္ခုသည္ဆန္က်င့္ဘက္အရပ္ေတြဆီသို႔ ေလႏွင္ရာလြင့္ပ်ယ္သြားရသည္အား သင္ျမင္လိုက္ရမည္မဟုတ္။

ဤကား စစ္သူႀကီးဂြၽန္ႏွင့္ မင္ငယ္တို႔ဇာတ္လမ္း၏ အဆုံးအသတ္တည္း။

@Ivy_Yeon

Continue Reading

You'll Also Like

2.5M 143K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
823K 68.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
67K 1.2K 57
•Completed• "Tyler! Would you just stop trying to prove every one wrong! We need you on this team!" I screamed at Tyler as we fixed the chair. "Shut...
1.1M 60.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...