"သေချာပေါက် ဒါကိုစမ်းကြည့်ရမှာပေါ့... ဟဟ.."
ကြိုးလိုဖြစ်အောင် တွဲချည်ထားတဲ့အိပ်ရာခင်းတေွကို ပြတင်းပေါက်ကနေပစ်ချလိုက်ရင်း မနေ့ကRennaldရေှ့မှာ မပြောလိုက်ရတဲ့စကားတေွကိုပါ ပွစိပွစိနဲ့ပြောနေမိတယ်၊
အဲ့နောက်မှာပြတင်းဘောင်ပေါ်ကိုတက်ဖို့ ရှိသမျှအားတေွနဲ့ ကိုယ့်ကိုယ်ကိုတွန်းတင်လိုက်တယ်၊
အဲ့တာအကုန်လုံးလုပ်ပြီးတော့ ငါ့မှာမောလွန်းလို့အသက်ရှူတောင်မှားတဲ့အထိဘဲ၊
ဒီနေ့ကပွဲတော်ရဲ့ပထမဆုံးနေ့ဘဲ၊
မနေ့ကတနေ့လုံး Emilyငါ့ကိုခစား ပြီးတဲ့အထိကိုိ စိတ်ရှည်ရှည်စောင့်ခဲ့ရတယ်၊ ပြီးတာနဲ့ချက်ချင်းဘဲအိပ်ရာခင်းတေွကို ကြိုးတစ်ခေျာင်းလိုဖြစ်အောင် တူတူချည်လိုက််တယ်၊
ဒါကလွတ်မြောက်ဖို့အဖြစ်နိုင်ဆုံးလမ်းဘဲ၊
"ကဲ... လုပ်လိုက်ကြစို့..."
အသက်ရှူတာ ပုံမှန်ပြန်ဖြစ်လာတော့မှ ပြတင်းဘောင်ပေါ်ကနေထလိုက်တယ်၊ ငါဒီနေ့အပြင်ထွက်နိုင်ဖို့တော်တော်ကြိုးစားခဲ့ရတာ၊ငါကအပေါ်ဝတ်ရုံအထူကိုဝတ်ပြီးငါ့ရဲ့မျက်နှာနဲ့ဆံပင်ကိုကာထားလိုက်တယ်၊
ငါနဲ့အတူ ရေွှဒင်္ဂါးအနည်းငယ်နဲ့ ဟိုနေ့ကDukeဆီကဆုအနေနဲ့ရထားတဲ့ ချက်လတ်မှတ်ကိုပါယူလာလိုက်တယ်၊စံအိမ်ရဲ့ဒုတိယအထပ်မှာရှိနေတဲ့ ငါ့ရဲ့အခန်းကနေ အောင်အောင်မြင်မြင်ဆင်းနိုင်ဖို့ဘဲလိုတော့တယ်၊
"ဟား... ဘာလို့ငါ့မှာဘဲဒါတေွဖြစ်နေရတာလဲ"
ငါညည်းတွားလိုက်ရင်း ပြတင်းပေါက်အောက်ကိုကြည့်ပြီး လှုပ်ရှားမှုကိုစလိုက်တယ်၊
ငါကြိုးကိုကိုင်ရင်း မြန်မြန်ဘဲလျေှာဆင်းလိုက်တယ်
ဒါကနှစ်ထပ်လောက်ဘဲလေ၊ ငါ့လှုပ်ရှားမှုသာအမှားရှိခဲ့ရင် ဒဏ်ရာရရုံလို့သာ သုံးသပ်ခဲ့မိတယ်၊
"အားရှီး... "
ကြိုးအလျားကိုသတိထားမိတော့မှ အထိပ်တလန့်ဖြစ်သွားပြီးဒေါသကပါထွက်လာခဲ့တယ်၊ ငါ့အခန်းပြတင်းကိုပြန်ကြည့်လိုက်မိတော့ အကွာဝေးကအရမ်းကွာလွန်းနေတာကြောင့် အပေါ်ကိုပြန်တက်လို့မရပြန်ဘူး၊
ငါလုပ်နိုင်တာဆိုလို့ အိပ်ရာခင်းကိုကိုင်ထားရင်း တွဲလောင်းလေးကျနေရတာပါဘဲ၊
"ဟား... ငါဘာလုပ်ရမလဲ..."
အဲ့အချိန်မှာဘဲ...
"ဟေ့... မင်းအခုဘာလုပ်နေတာလဲ၊"
ငါ့အောက်ဘက်ကနေအသံထွက်လာခဲ့တယ်၊
အောက်ကိုလှမ်းကြည့်လိုက်တဲ့အခါ တစ်စုံတစ်ယောက်နဲ့ မျက်လုံးချင်းဆုံသွားတော့တယ်၊
"ဟား၊၊၊"
ထိုလူကစကားအဆုံးမှာ စိတ်ပျက်လက်ပျက်ရယ်လိုက်တယ်၊
"Rennald....?"
သူ့ရဲ့ပန်းရောင်ဆံပင်တေွက လရောင်အောက်မှာဖြာထွက်နေတယ်၊ Rennaldကငါ့ကိုမော့ကြည့်နေရင်း အသိတရားမရှိတဲ့အရာတစ်ခုကိုကြည့်နေရသလို မျက်ဝန်းတေွနဲ့ကြည့်နေခဲ့တာဖြစ်တယ်၊
"ဘာ... ဘာလို့အဲ့ကနေထွက်လာတာလဲ..."
"မင်းနောငဒက်နေတာလား... မင်းအခန်းရဲ့အောက်အခန်းကငါ့ဟာလေ... "
"........."
ငါ့ရဲ့ပါးစပ်ကိုပိတ်ထားလိုက်ရတယ်၊ Penelopeအခန်းရဲ့အောက်ထပ်ကအခန်းက သူ့ဟာဆိုတာ ငါကဘယ်လိုလုပ်သိမှာလဲ၊
"မင်း... ဟား...အဓိပ္ပာယ်မရှိလိုက်တာ ငါဘာပြောရမှန်းတောင်မသိတော့ဘူး...မင်းအခုထွက်ပြေးဖို့ကြီုးစားနေတာလား..."
"ထွက်ပြေးတယ်........ဘာကိုပြောတာလဲ...."
သူ့ရဲ့မေးခွန်းကြောင့်ငါတုန်လှုပ်သွားရတယ်၊
"ငါ....ငါက...ဒီတိုင်းခဏလောက်လမ်းလေှျာက်မလို့"
"လမ်းလေှျာက်မယ်...
ကြည့်ရတာ လမ်းထွက်မလျေှာက်ခင်
နံရံကိုတွယ်တက်တာမျိုးက ခုခေတ်မင်းတို့မိန်းခလေးတေွကြားမှာ ရေပန်းစားနေတာများလား"
"............... "
ငါသူ့ကိုအမှန်တိုင်းပြန်မဖြေနိုင်တာကြောင့် အဝေးကတောင်တန်းတေွကိုဘဲ ငေးနေလိုက်တော့တယ်၊
ဒါပေမဲ့ငါကြောက်လန့်နေတာကိုမေ့သွားခဲ့တယ်၊ ငါ့လက်မောင်းတေွရဲ့သန်မာမှုကအကန့်သတ်ကိုရောက်နေပြီမလို့ ထပ်ပြီးမကိုင်ထားနိုင်တော့ဘူး၊
"အာ့... "
မြေပေါ်ကိုလုံးဝပြုတ်မကျရုံတမယ်ဖြစ်သွားတာမလို့ ကြိုးရဲ့အဆုံးကိုဆွဲကိုင်ထားရင်းအလန့်တကြားအော်မိခဲ့တယ်၊
"ဟမ်းး... ဟ..."
ငါအခု ကြိုးအဆုံးမှာတောက်တဲ့ကပ်သလို ဖြစ်နေပြီးဟိုဘက်ဒီဘက်ယိမ်းနေတာက ပင့်ကူအိမ်မှာရှိနေတဲ့တောက်တဲ့က ပင့်ကူတက်လာတာကိုကြောက်နေသလိုမျိုး၊
"ဟေး..."
Rennaldကအလန့်တကြားအော်လိုက်ရင်း ပြတင်းပေါက်ဘောင်ပေါ်ကိုအမြန်တက်လာခဲ့တယ်၊ သူပြတင်းပေါက်ကနေခုန်ဆင်းလိုက်တဲ့အခါ သူ့ရဲ့မျက်နှာက ဖြူဖျော့နေခဲ့တယ်၊
"လက်လွှတ်လိုက်..."
"ဘာ... ဘာကို..."
"လက်လွှတ်ပြီးကိုရပ်နေတဲ့နေရာကိုခုန်ချလိုက်၊ ငါမင်းကိုဖမ်းပေးမယ်၊"
အဲ့အချိန်မှာ ငါ့ကိုယ်ငါပြန်ပြောနေမိတာက
သူ့ကိုငါဘယ်လိုယုံရမှာလဲ...???
"မင်းမလုပ်ချင်ဘူးဆိုလည်း အဲ့အတိုင်းသာပြန်တက်လိုက်တော့..."
ငါ့ရဲ့မတင်မကျဖြစ်နေတဲ့စိတ်က သူနောက်ထပ်ပြောလာတဲ့စကားကြောင့် ကြာကြာမခံတော့ဘူး၊ ငါ့မှာရေွးချယ်စရာမှမရှိတာ၊
"ကျေးဇူးပြုပြီး... ငါ့ကိုသေချာဖမ်းနော်... မလွဲစေနဲ့"
ငါမှာလိုက်တယ်၊ သူငါ့ကိုတမင်သေအောင်တော့မလုပ်ဘူးမလား၊ သူ့ညီမဘဲဟာကို အဲ့လောက်မမုန်းလောက်ပါဘူး... ဟုတ်တယ်ဟုတ်...
အထပ်ထပ်ခါခါစဥ်းစားပြီး အဆင်ပြေမှာပါလို့ ကုိယ့်ကိုကိုယ်နှစ်သိမ့်ရင်းနဲ့ ဘဲ.အဆုံးမှာကိုင်ထားတာကိုလွှတ်ချလိုက်တယ်၊
"ဟမ်း၊ "
ငါ့ရင်ဘတ်ထဲကို ကြီးမားတဲ့လေတစ်ခုတိုက်ခတ်သွားသလိုခံစားလိုက်ရတယ်၊ ငါrollercoasterစီးနေတုန်း အစာအိမ်ထဲမှာလိပ်ပြာတေွပျံသွားသလိုပါခံစားလိုက်ရတယ်၊
ပလွတ်....
"မိပြီ..."
မျက်လုံးတေွကိုဖွင့်လိုက်တော့ Rennaldကမကောင်းဆိုးဝါးတစ်ကောင်လို လေှာင်ပြံုးနေတာကိုမြင်လိုက်တယ်၊
"အ... အောက်ကိုချပေး..."
ငါ့ရဲ့မျက်နှာကသူနဲ့အရမ်းနီးနေတာကို သတိထားမိတာကြောင့် သူ့လက်မောင်းြကားက မြန်မြန်ဆင်းလိုက်ရတယ်၊
Rennaldက ငါဝတ်ထားတဲ့အပေါ်ရုံကိုပြင်ပေးရင်းမေးလိုက်တယ်၊
"ဘယ်သွားဖို့စီစဥ်ထားလဲ..."
"ဒီတိုင်းလေး..."
"ထပ်ပြီးလမ်းလျေှာက်ရုံဘဲလို့ပြောလို့ကတော့ ငါချက်ချင်းအဖေ့ကို သွားပြောလိုက်တော့မှာ..."
ငါ့စကားကိုဖြတ်ပြောလိုက်တဲ့အကောင်ကို မကျေမနပ်စိုက်ကြည့်လိုက်တယ်၊ လူတေွအများကြီးထဲမှာမှ ဘာလို့သူ့ဆီမှာ မိသွားရတာလဲ.......
'ဟမ်း... Derrickဆီမှာမိသွားတာထက်စာရင် ဒါကပိုကောင်းပါတယ်လေ...'
CHAPTER.19
END😀