𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬�...

By youbemyfamily

52K 7.1K 1.7K

ကိုကိုရယ် ကျွန်တော်ရယ် ကျွန်တော့် ဒေစီလေးရယ် .... ။ More

Park Sunghoon's POV ♡
[FINAL 1] ♡
[FINAL 2] ♡

2.8K 436 159
By youbemyfamily





ပြင်ဖို့အခွင့်အရေးမရှိတော့တဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ရလိုက်ပေမယ့်လည်း ဟီဆွန်းက နောင်တရချင်စိတ်မရှိ ။ နှစ်အတော်ကြာ မျိုသိပ်ထားရတဲ့ အမှန်တရားတစ်ခုက သူ့ပါးစပ်ကနေ ပြင်ဆင်မှုမရှိပဲ ထွက်သွားခဲ့ရသည် ။ ပြန်ရတဲ့ ရလဒ်ကတော့ သူမျှော်လင့်ထားတဲ့အတိုင်း ခါးသီးနေပေမယ့်လည်းပေါ့ ။



" အဲ့လိုဆိုရင်တောင် ကျွန်တော် ဆောင်ဟွန်းကိုပဲ ရွေးမိမယ်ထင်တယ် "

အဲ့နေ့ညက ဂျယ်ယွန်းပြောခဲ့တဲ့စကားတွေက သူ့ခေါင်းထဲမှာ ဝဲလည်နေဆဲ ။ စိတ်ထဲမှာ အထပ်ထပ်အခါခါ ထိုစကားတွေကိုသာ ကြားနေရသည် ။

ဂျယ်ယွန်းရဲ့ မျက်လုံးတွေထဲမှာ စဝင်လာတုန်းကလိုမျိုး အားကိုးစိတ်တွေနဲ့ ခင်တွယ်စိတ်တွေကို အရိပ်အယောင်တောင်မတွေ့ရတော့ ။ ထိုစကားပြောပြီးတဲ့နောက် ဂျယ်ယွန်းဆီမှာ အားနာစိတ်တွေနဲ့ ဝေခွဲမရတဲ့ ပုံရိပ်တွေကိုသာ မြင်နေရသည် ။

" ကိုယ်မှားသွားတယ် "

" ဟျောင်း တစ်ယောက်တည်း မဟုတ်ပါဘူး ၊ ကျွန်တော် တို့သုံးယောက်လုံး တစ်ယောက်တစ်မျိုးစီတော့ မှားနေကြတာပဲ "


ဂျယ်ယွန်း ပါးပေါ်ကို မျက်ရည်စက် ပေါက်ခနဲ ကျလိုက်တာကို မျက်စိရှေ့တင်မြင်လိုက်ရသည် ။ ထိုစကားပဲပြန်ပြောပြီး ထထွက်သွားတဲ့ ဂျယ်ယွန်းကိုလည်း သူမတားမိ။ မဟုတ်ဘူး ။ တားနိုင်စွမ်း မရှိတော့တာ ။





အဲ့နေ့က သူ နောက်ကျသွားတာမဟုတ် ။
ဆောင်ဟွန်းထက် အရင် သူဖွင့်ပြောခဲ့ရင်တောင် ဂျယ်ယွန်းက ဆောင်ဟွန်းကိုပဲ ရွေးချယ်နေလိမ့်ဦးမည် ။
ဒီအမှန်တရားက ဟီဆွန်းရဲ့ နှလုံးသားကို နည်းနည်းတော့ ထိခိုက်စေသည် ။










အဲ့ညနေက ရွာနေတဲ့မိုးနဲ့အပြိုင် ကောင်လေးသုံးယောက်ရဲ့ ကမ္ဘာလည်းပြိုခဲ့ရသည် ။ သည်းနေတဲ့မိုးတွေရဲ့အောက်မှာ ရှိုက်ကြီးတငင်ငိုနေကြတဲ့ သူတို့က တစ်လောကလုံးကို ဒူးထောက်ပြီးအရှုံးပေးချင်နေတဲ့ပုံ။
နေရာဒေသ မတူပေမယ့် သုံးယောက်လုံးရဲ့ အကြောင်းပြချက်ကတော့ ခပ်ဆင်ဆင် ။ အကြမ်းဖျင်းပြောရရင်တော့ ချစ်သောသူနဲ့ ဝေးရခြင်း ရဲ့ ဒဏ်ကို သူတို့မခံစားနိုင်ကြ။














အခုတော့ ဒါတွေလည်း တစ်ပတ်ကျော်လို့ နှစ်ပတ်ထဲတောင် ရောက်တော့မည် ။ အခန်းထဲအောင်းပြီး ကိုယ့်ကိုကိုယ် ဒဏ်ခတ်ခဲ့တဲ့ ဂျယ်ယွန်းက တစ်ခါတစ်လေတော့ တစ်စုံတစ်ယောက် လာမလားလို့ ပြတင်းပေါက်ကို မျှော်ကြည့်နေဆဲ ။ အဲ့တစ်စုံတစ်ယောက်က ဆောင်ဟွန်းလား ဟီဆွန်းလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိလိမ့်မည် ။


သူ့ဆီလာပြီး အချိန်ဖြုန်းပေးနေတဲ့ ဂျောင်ဝန်းနဲ့ နီကီကတော့ သူနဲ့ ဆောင်ဟွန်း ပြတ်သွားပြီ ဆိုတာပဲ သိခဲ့ပုံရသည် ။ မုန့်တွေဝယ်လာလိုက် ၊ ဂိမ်းတွေဆော့ပေးလ်ိုက် ၊ ရုပ်ရှင် အတူတူကြည့်ပေးလိုက်နဲ့ အသည်းကွဲနေတဲ့ သူ့အကို ကို ညီနှစ်ယောက်က အစွမ်းကုန်ချော့ပေးနေသည် ။

" ဂျောင်ဝန်း ... ငါ့ဆီပဲအချိန်တိုင်းလာနေတာနဲ့ ဂျေးက စိတ်ဆိုးနေတော့မှာပဲ "

" ကိစ္စမရှိပါဘူး .. ဂျေးဟျောင်းလည်းဆောင်ဟွန်းဟျောင်း အနားမှာပဲ ရှိနေတာ  "







ဆောင်ဟွန်းက သူ့လိုအသည်းကွဲနေရအောင် ချစ်ကောချစ်ခဲ့ရဲ့လား လို့ ဂျယ်ယွန်းက ခပ်ရွဲ့ရွဲ့ပဲတွေးမိသည် ။ အမှန်တော့ သူတို့ တွဲခဲ့တာကော ဟုတ်ရဲ့လား ။ ခံစားချက်မဲ့နေတဲ့ ဆောင်ဟွန်းကို သူက တစ်ဖက်သတ် ချစ်ခဲ့ရုံပဲ ။


" ဟီဆွန်းဟျောင်းနဲ့ကော တွေ့ဖြစ်လားဟင် သူဘာလို့ဒီကိုမလာတာလဲ "

" အင်းလေ - ပြန်ရောက်ပြီးကတည်းက ကောင်းကောင်းမတွေ့ရသေးဘူး "

" စားလို့မကောင်းတော့ဘူး ၊ ငါတော်ပြီ သွားတော့မယ် "


ဟီဆွန်းဟျောင်းဆိုတဲ့ နာမည်ကြားတိုင်း ထထထွက်သွားတတ်တဲ့ ဂျယ်ယွန်းကို အငယ်တွေကတောင် ရိပ်မိနေပြီ။အကြောင်းအရင်းတော့မသိပေမယ့် နောက်ဆိုစကားပြောရင် ဟီဆွန်းဟျောင်းအကြောင်း မပါအောင်ပြောဖြစ်တော့သည်။




ဂျယ်ယွန်းအတွက်လည်း ဟီဆွန်းဟျောင်း ဆိုတဲ့နာမည်ကြားတာနဲ့ကို မခံစားနိုင်တော့ ။ အားနာစိတ်နဲ့ အပြစ်ရှိတဲ့စိတ်ပေါင်းပြီး ဟျောင်း မျက်နှာကို မကြည့်ရဲ ။ အခုချိန် အထီးကျန်နေမယ့် ဟျောင်းဘေးနားကို သူသာ ပြေးပြီးအဖော်လုပ်ပေးချင်သည် ။


" ဟျောင်းရယ် ဘာလို့လဲ ၊ အဲ့လိုမဟုတ်ရင်တောင် ကျွန်တော်မသိချင်ယောင်ဆောင်ပြီး ဟျောင်းဘေးနားမှာပဲနေမှာ "




အမှားတွေပဲ ဆက်တိုက်လုပ်မိပြီး နာကျင်မှုပြီးရင်းနာကျင်မှုတွေပဲ ခံစားနေရတဲ့ လူသုံးယောက် ဆုံမိတဲ့ ဘဝအကွေ့ကတော့ ငရဲထက်တောင် ပိုပူလောင်နေရသည် ။











________________


ရှင်းဂျိတ်ခ်ကို လွမ်းလေ ပိုဖိအိပ်နေရတဲ့ သူ့နေ့ရက်တွေမှာ ဂျေးသာမရှိရင် သူလူရုပ်တောင် ထွက်မှာမဟုတ်။ ဂျေးက နေ့တိုင်း သူ့အခန်းထဲလာပြီး ရှင်းလင်းပေးရတဲ့အထိ ဆောင်ဟွန်းက ပျက်စီးနေတာ ။

လွတ်နေတဲ့ အိပ်ရာရဲ့ ဘေးနားကိုကြည့်ရင်း ကျဉ်တက်လာတဲ့ နှလုံးသားကို လျစ်လျူရှုနိုင်အောင်ကြိုးစားနေရသည် ။ အခန်းထဲနေတာများလို့ ရူးသွားတာလားတော့ မသိပေမယ့် တစ်ခါတစ်လေ ဘေးနားကနေ ဂျိတ်ခ်ရဲ့ရယ်သံတွေကို ကြားလိုက်ရသလို ၊ "ဆောင်ဟွန်း" ဆိုတဲ့ ခေါ်သံတွေပဲ ဖြတ်ပြေးသွားသလို ခဏခဏဖြစ်သည် ။အမှန်တော့ အထူးအဆန်းမဟုတ် ။ ဒီ အခန်းထဲမှာ ရှိနေတဲ့ ဂျိတ်ခ်ရဲ့ အငွေ့အသက်တွေက ပြောင်းမှမပြောင်းလဲပဲ။


တစ်ခါတစ်လေ မခံစားနိုင်တော့လောက်အောင် လွမ်းမိတဲ့အခါ ကားသော့ကိုကိုင်ပြီး ဂျိတ်ခ်အိမ်ရှေ့ထိ သွားစောင့်ဖို့လုပ်သေးသည် ။အဲ့လိုတွေးမိတိုင်း အီဟီဆွန်းကြောင့် ရခဲ့တဲဲ့ဒဏ်ရာတွေက လှောင်ပြောင်နေသလို ခံစားရတာမို့ လက်လျှော့ရမြဲ ။


တကယ်လို့ အချစ်ရဲ့ အဆုံးသတ်က နာကျင်မှုဆို နာကျင်မှုတွေ အဆုံးသတ်သွားရင်လည်း သူ အချစ်မဲ့တဲ့ လောကဆီပြန်ရောက်သွားနိုင်တယ်မလား ။

ဟုတ်ပါတယ် ။ သူ ဂျိတ်ခ်ကို မချစ်ပါဘူး ။ ချစ်ခဲ့ရင်တောင် နည်းနည်းလေးသည်းခံလိုက်ရင် ဒီ ခံစားချက်တွေပျောက်သွားမှာပါ ။








" ဧည့်သည်ရောက်နေတယ် " ဆိုတဲ့ အိမ်အကူကောင်မလေး စကားကိုကြားခါစက ဂျေးလို့ထင်ခဲ့မိသည် ။ အဲ့တာကြောင့်လည်း " အခန်းထဲလွှတ်လိုက်လေ ဘာဖြစ်လဲ" ဆိုပြီး ပြန်တောင်ဟောက်ခဲ့သေးသည် ။ စက္ကန့်ဝက်လောက်အကြာ အခန်းဝမှာ တွေ့လိုက်ရတာ ဂျေး မဟုတ်တဲ့ အခြားသူတစ်ယောက်ကို မြင်ရမှ သူ့တစ်ကိုယ်လုံး တောင့်သွားသည် ။




" ဆောရီး ဒါပေမယ့်ငါ ဒီကိစ္စတွေကိုစိတ်မဝင်စားလို့"
" ဆောရီး ဒါပေမယ့်ငါ ဒီကိစ္စတွေကိုစိတ်မဝင်စားလို့"
" ဆောရီး ဒါပေမယ့်ငါ ဒီကိစ္စတွေကိုစိတ်မဝင်စားလို့"
" ဆောရီး ဒါပေမယ့်ငါ ဒီကိစ္စတွေကိုစိတ်မဝင်စားလို့"
" ဆောရီး ဒါပေမယ့်ငါ ဒီကိစ္စတွေကိုစိတ်မဝင်စားလို့"




အီဟီဆွန်း ။
အလယ်တန်းကျောင်းသား အီဟီဆွန်းက သူအခန်းရှေ့ပြန်ရောက်သလို ခံစားရတာမို့ ချွေးတွေပါပြန်လာသည် ။လွန်ခဲ့တဲ့ နှစ်တွေကလိုပဲ အီဟီဆွန်းက မပြောင်းမလဲ ။
သမင်မျက်လုံးလေးတွေက ငယ်ငယ်ကထက်တောင်ပိုလှလာသည် ။ သူတစ်ချိန်ကတော့ အဲ့မျက်လုံးလေးတွေကို အရူးအမူး ချစ်ခဲ့ပါသည် ။ အခုတော့ ခံစားချက်မဲ့တဲ့ အဖြူရောင် နံရံကြီးကို ကြည့်နေရသလို ငေးကြည့်နေမိသည်။


" ဘာလာလုပ်တာလဲ ခင်ဗျား "

" ကိုယ် မင်းနဲ့စကားပြောစရာရှိလို့ "


ငယ်ငယ်တုန်းကသာ ဒီစကားကိုကြားမိရင် ရင်တွေအခုန်လွန်ပြီး သေသွားနိုင်သည် ။ အခုတော့လား ။
သူ့မှာ အဲ့ ခံစားချက်တွေ ပျောက်သွားတာ ကြာလှပြီ ။


ဟီဆွန်းက အခန်းထဲကတွေ့ရာ ထိုင်ခုံမှာ ဝင်ထိုင်သည် ။ ဆောင်ဟွန်းလည်း ထိုခုံနဲ့ မျက်နှာချင်းဆိုင်ကို ဝင်ထိုင်လိုက်ပေမယ့် မျက်နှာကိုတော့ ပြတင်းပေါက်ဘက် လှည့်ထားသည် ။

" မင်း စာတွေကော သေချာလုပ်နေရဲ့လား "

သူ့ရဲ့ လုံးဝမထိဖြစ် မကိုင်ဖြစ်လို့ ဖုန်တောင်တက်နေတဲ့ စာကြည့်စားပွဲကို ဟီဆွန်းက နှာခေါင်းရှုံ့ရင်း မေးသည်။
ဆရာကြီး လုပ်တတ်တဲ့ အီဟီဆွန်းရဲ့ ပုံစံက လုံးဝပျောက်ကွယ်မသွားသေးဘူးပဲ ။

" ခင်ဗျားနဲ့ မဆိုင်ပါဘူး "

" ဟုတ်ပါတယ် .. ငါနဲ့ ဆိုင်တာပဲ ပြောဖို့လာခဲ့တာ "

ဟီဆွန်းရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို မျက်လုံးထောင့်ကနေ မြင်ရသည် ။ ငယ်ငယ်တုန်းက သူခိုးကြည့်ခဲ့ရတဲ့ ရတနာလေးတွေပေါ့ ။ အခုတော့ ဟာနေတဲ့ ရင်ဘတ်တွေက သနားဖို့တောင်ကောင်းနေသည် ။

" မင်းသူ့ကို ချစ်တယ် ၊ ဟုတ်တယ်မလား ဆောင်ဟွန်း "

ကိုကို့ အသံက တည်တည်ငြိမ်ငြိမ်။
ဆောင်ဟွန်းမှာ သာ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်အထိ ။ ဘာမှမခံစားတတ်ဘူးလို့ ထင်ခဲ့တဲ့ နှလုံးသားက သူ ဆိုတဲ့ အသုံးအနှုန်း နဲ့တင် ထိန်းမရအောင် ခုန်လာသည် ။


ဟီဆွန်း ရဲ့ ခပ်ဖွဖွရယ်သံကိုကြားတော့ သူ ဟီဆွန်းကို ဖြတ်ခနဲ လှမ်းကြည့်လိုက်မိသည် ။

" လိမ်နေတာပဲ ဆောင်ဟွန်း ။ ဘာလို့ သူ့ကို နာကျင်အောင်လုပ်ခဲ့တာလဲ "

" ကျွန်တော် ဂျိတ်ခ်ကို မချစ်ဘူး "

" အဲ့ကလေးကတော့ မင်းမှမင်းပဲတဲ့ "


ဆောင်ဟွန်း အသက်ရှုရကြပ်လာတာမို့ မတ်တပ်ထရပ်လိုက်မိသည် ။ ရေသွားယူ မလိုလိုနှင့် သူ့မျက်နှာကို ဟီဆွန်း မမြင်ရအောင် ကျောပေးလိုက်သည် ။ တုန်ရီချင်နေတဲ့ လက်တွေက ဆုပ်ကိုင်ပေးထားမယ့် ကောင်လေးရဲ့ လက်ကို အတော်လွမ်းနေပုံရသည် ။

" ကျွန်တော်မှ မချစ်ပဲ ၊ ဘယ်လိုလုပ်ရမလဲ "

" ဘယ်အချိန်ထိ လိမ်ဖို့ကြိုးစားနေမှာလဲ "

" ကျွန်တော်မလိမ်ဘူး ၊ ကျွန်တော် ဂျိတ်ခ်ကို တကယ်မချစ်တာ "

" ပတ်ဆောင်ဟွန်း "

" အီဟီဆွန်း ၊ ခင်ဗျားကကော ကျွန်တော့်ခံစားချက်တွေကို နားလည်သလိုလို ဘာလို့ဟန်ဆောင်နေရတာလဲ"

" နားလည်တာ မဟုတ်ဘူး ၊ သိတာ ၊ မင်း သူ့ကို ချစ်နေတာကို ငါမြင်နေရတယ် "

" ချစ်ချစ် မချစ်ချစ် ခင်ဗျားနဲ့ ဘာဆိုင်လဲ "


ဆောင်ဟွန်းလက်ထဲက ရေခွက်ပြုတ်ကျသွားသံက ခွမ်း ခနဲ ​။ ရေတွေဖိတ်ကျသွားတဲ့ ကြမ်းပြင်ကို နှစ်ယောက်လုံး ဂရုမစိုက်နိုင် ။ ကိုယ်စီ ဝဲတက်ချင်လာတဲ့ မျက်ရည်တွေကို နှစ်ယောက်လုံး ဟန်ဆောင်နေရသည် ။



" ကိုယ်က ဂျိတ်ခ်ကို သိပ်ချစ်တယ် ဆောင်ဟွန်း "


မေးခွန်းနဲ့ မကိုက်ညီတဲ့ အဖြေကို ပေးပြီး အီဟီဆွန်းက အလာတုန်းကလိုပဲ ထွက်သွားပြန်သည် ။ ဒီတစ်ခါက် ဆုံတွေ့မှုရဲ့ အဆုံးသတ်မှာ ဆောင်ဟွန်းက မဟုတ်ပဲ ဟီဆွန်းက ကျောပေးသွားတာမို့ သူနိုင်တယ် မလား ။ ဟုတ်တယ်မလား ။ ဆောင်ဟွန်း နိုင်သွားတယ်မလား ။





အိပ်ရာပေါ်မှာ ရှိနေတဲ့ ဆောင်ဟွန်းဖုန်းပေါ်က ပြုံးနေတဲ့ ရှင်းဂျိတ်ခ် Wallpaper က သူ့ကို လှောင်ပြောင်ရယ်ပြနေသည် ။ အဲ့တုန်းက ။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး အနမ်းတုန်းက ။ မျက်နှာလေးတွေ နီရဲပြီး အရှက်သည်းနေတဲ့ကောင်လေး ရဲ့ ပုံကို အခုထိ မြတ်နိုးဆဲ ။ဖုန်းစခရင်ပေါ်က ကောင်လေးကို မြင်လိုက်ရတဲ့ ခဏ နာကျင်သွားတဲ့နှလုံးသားနဲ့ အတူ နောက်တစ်ကြိမ် မျက်ရည် ကျရပြန်သည် ။



ဒီတစ်ခေါက်လည်း ကျဆုံးရပြန်ပြီ ။
ဟီဆွန်းမဟုတ်တဲ့ ရှင်းဂျိတ်ခ် ဆီမှာ ။








" ကိုယ်တို့ခဏတွေ့ရအောင် ဘေဘီ "

" မင်းသဘောကျတဲ့ Cafe ဆိုင်ပဲ "

" လာခဲနော် ... ကိုယ်စောင့်နေမယ် ဘေဘီ "







စာကြောင်း သုံးကြောင်း ။ တစ်နည်းအားဖြင့် message သုံးခုနဲ့တင် ဂျယ်ယွန်းရဲ့ မာနတွေအကုန် ခဝါချမိသလိုပင် ။ နှစ်ပတ်နီးပါး နာကျင်မှုတွေကလည်း ဘေဘီ ဆိုတဲ့ အခေါ်အဝေါ်မှာတင် ပျောက်ဆုံးကုန်သည် ။

ပျော်ရွှင်မှူကြောင့် မျက်ရည်တွေတောင်ဝဲလာရသည် ။
​ဆောင်ဟွန်းကို သေမတတ် လွမ်းနေခဲ့တာ ။
ဘေဘီ လို့ ခေါ်တာကိုလည်း အရမ်းသတိရနေခဲ့တာ ။
ဆောင်ဟွန်းရဲ့ ရေမွှေးနံ့ကစလို့ သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို လွမ်းနေခဲ့ရတာ ။


ရင်ထဲနင့်နေအောင်အထိ ချစ်ရတယ် ဆိုတာ ဒီလိုခံစားချက်မျိုးနဲ့တူသည် ။ ဘယ်သူမှ ကယ် လို့မရအောင် ဂျယ်ယွန်းကတော့ ထိုအမျိုးသားကို တော်တော်ချစ်မိနေပြီ ။



ထို message ကို မြင်မြင်ချင်း နည်းနည်းတက်ကြွသွားတဲ့ဂျယ်ယွန်းက အပြုံးရိပ်လေးတွေနဲ့ မြူးနေသည် ။ အများကြီးပြင်ဆင်စရာ မလိုပဲ ချောနေပြီးသား ဒီရုပ်ကို ဆောင်ဟွန်း စိတ်တိုင်းမကျမှာစိုး၍ အချိန်ပေး၍ ဂရုစိုက်ရသေးသည် ။

ဂျယ်ယွန်းရဲ့ မျက်နှာနုနုလေးက ပြုံးလိုက်တိုင်း ဖြူစင်ပြီးကြည်သန့်နေသည် ။ အသည်းပုံ အပေါ်နှုတ်ခမ်းလေးက တစ်ချက်တစ်ချက် အကြောင်းရင်းမရှိပဲ ပြုံးပြုံးသွားသေးသည် ။


ချိန်းထားတဲ့ Cafe ဆီသွားရာလမ်းသည် တက်ကြွနေသည်။ ဆိုင်ရောက်တော့ ဆောင်ဟွန်းကို မတွေ့သေး ။ သူနည်းနည်း စောနေသည် ထင်သည် ။ ထိုင်နေကြနေရာက လူပြည့်နေ၍ ထောင့်နားက ခုံမှာပဲ သွားထိုင်လိုက်သည် ။


မှန်ထဲကနေ တစ်ဆင့် ကားပါကင်ကို လှမ်းကြည့်လိုက် ၊ ထိုင်ခုံပေါ်မှာ ထိုင်နေရင်း ခြေထောက်တွေကိုရမ်းပြီး ဆော့လိုက်နှင့် အခုချိန်ထိအရာအားလုံးက အဆင်ပြေနေသေးသည် ။














________________

တစ်နာရီ ၊ နှစ်နာရီ မဟုတ်ပဲ ငါးနာရီ နီးပါးထိုင်စောင့်ရတဲ့အခါ အခြေအနေတွေက ပုံမှန်မဟုတ်ဘူးဆိုတာ ဂျယ်ယွန်း ရိပ်မိလိုက်ပြီ ။ ဒီတစ်ခါလည်း ဆောင်ဟွန်း သူ့ကိုအရူးလုပ်ပြန်ပြီလား မသိဘူး ။ 

ဂျယ်ယွန်းက စ ဝင်လာကတည်းကလို ကျုံ့ကျုံ့လေးထိုင်နေသည် ။ ပျော်ရွင်မှုတွေကလည်းမြေကြီးအောက်ကို တိုးလျှိုကွယ်ပျောက်သွားပြီ ။

ဆောင်ဟွန်း လာမှာပါ ။
သူလာမှာ ။

ဂျယ်ယွန်းက တောင်ကြည့်မြောက်ကြည့်နဲ့ ပတ်ဝန်းကျင်ကိုငေးရင်း ခြေထောက်လေးတွေကို ရမ်းနေသည် ။ရုတ်တရက်မြည်လာတဲ့ message သံကြောင့်သာ မဟုတ်ရင် သူဖုန်းကိုထုတ်ကြည့်ဖို့တောင် သတိမေ့နေသည်။




ဆောင်ဟွန်းကိုတွေ့ချင်ရင်

×××× club



နံပါတ်စိမ်းတစ်ခုကနေ ဝင်လာတဲ့ message က ထူးဆန်းလွန်းနေသည် ။ သူတောင် နာမည်မကြားဖူးတဲ့ Club နာမည်ကြောင့် google မှာ location ကို ရှာရသေးသည် ။ အစက ဆောင်ဟွန်းများ ပြန်ပေးဆွဲခံရလား စိတ်ပူသွားသေးသည် ။ ပြီးတော့မှာ Club ဆိုတာ လူများတဲ့နေရာပဲ ၊ မဖြစ်နိုင်ပါဘူးလို့ ပြန်တွေးရသည် ။



ည ၁၀ နာရီ နီးပါးအချိန်မှာ သူ Club တစ်ခုရှေ့ကိုရောက်နေမယ်လို့ သူတစ်ခါမှ မတွေးဖူး ။ ပြီးတော့ တစ်ယောက်တည်း ။ စိမ်းနေတဲ့ မြင်ကွင်းတွေကြောင့် ဂျယ်ယွန်း အနောက်ပြန်လှည့်ရမလား စိတ်ကူးသေးသည် ။ ပြီးတော့မှ ဆောင်ဟွန်း အတွက် ဟု တွေးတာ အရဲစွန့်ပြီး ဝင်လာလိုက်သည် ။



တံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ စူးကနဲ  ဝင်လာတာက သီချင်းသံ ။ ကျယ်လောင်လွန်း၍ ဘာသီချင်းမှန်းတောင် ခန့်မှန်း၍မရ ။ အရက်နံ့ နဲ့ ရေမွှေးနံ့ စူးစူးတွေကလည်း ခေါင်းကို ထိုးကိုက်လာစေသည် ။

" ဆောင်ဟွန်း ... ဆောင်ဟွန်း "

ပါးစပ်ကနေ တိုးတိုးလေးရွတ်ပြီး နာမည်ပိုင်ရှင်ကို နေရာအနံ့လိုက်ရှာနေရသည် ။ မီးရောင် မှိန်မှိန်အောက်မှာ လူတစ်ယောက်ကို ရှာဖို့ သူ့မျက်စိတွေက ဒီမီးရောင်တွေကို အသားမကျသေး ။ တစ်လှမ်းလျှောက်တိုင်း ဘေးနားက လူတွေကို တိုက်တိုက်မိနေလို့လည်း တောင်းပန်းရတာများပြီ ။



ဆောင်ဟွန်းကို ရှာနေတုန်းမှာ သူ့မျက်စိထဲဝင်လာတာက ချွန်းဟယ် ။ ရဲနေတဲ့အနီရောင်ဝတ်စုံကို ဝတ်ထားတဲ့သူမက အားလုံးထဲမှာထင်းနေသည် ။ တစ်စုံတစ်ယောက်ရဲ့ ပေါင်ပေါ်တက်ထိုင်ပြီး ပလူးပလဲလုပ်နေတဲ့ သူမကိုရွံသလိုရှိပေမယ့် အနားတိုးသွားလိုက်သည် ။ ဆောင်ဟွန်းကို သူမများ မြင်မိလိုက်သလားလို့ ။


" ဟင် "


မိုက်ခနဲ ဖြစ်သွားတဲ့ ခေါင်းကို ဂျယ်ယွန်း အမြန်ထိန်းကိုင်လိုက်ရသည် ။

" ဆောင်ဟွန်း "


ချွန်းဟယ်နဲ့ အတူရှိနေတာ သူလိုက်ရှာနေတဲ့ ဆောင်ဟွန်းပဲ ။ သူချစ်ရတဲ့ ဆောင်ဟွန်း ။ အနက်ရောင် jacket ဝတ်ထားတဲ့ ဆောင်ဟွန်းက ဟန်မဆောင်နိုင်လောက်အောင် မူးနေတာ သေချာသည် ။ ခပ်ငိုက်ငိုက်ဖြစ်နေတဲ့ ဆောင်ဟွန်းခေါင်းကို ထိန်းကိုင်ပြီး နှုတ်ခမ်းတွေကို နမ်းလိုက် ရယ်လိုက် လုပ်နေတဲ့ ချွန်းဟယ်က ဂျယ်ယွန်းကို မြင်တောင်မမြင် ။







ဂျယ်ယွန်းကမ္ဘာကြီးက မှောင်မိုက်တာထက်ကိုပိုသွားသည် ။အမည်တပ်လို့မရတော့တဲ့အထိ ခံစားချက်က ဆိုးဆိုး
ရွားရွားပြင်းထန်လွန်းနေသည် ။












တော်ပြီ ။
သည်းခံနိုင်စွမ်းက ဒီလောက်အထိပဲ ဆောင်ဟွန်း ။
ဒီလောက်ထိ နာကျင်ပြီးနေပြီမို့ နောက်ထပ်အရာတွေကို ငါဘယ်လို လက်ခံရမလဲတောင် မသိတော့ဘူး။

ဂျယ်ယွန်းက ငိုဖို့တောင် မေ့နေသည် ။ မျက်ရည်တောင်မကျပေမယ့် အသက်ရှုလို့မရတဲ့အထိ တင်းကျပ်လာတာကြောင့် မူးလဲမလိုတောင် ခံစားနေရသည် ။

" ခွမ်း "



အနောက်ကို လှည့်လိုက်တဲ့ ဂျယ်ယွန်းနဲ့ ဝိုင်ခွက်တွေသယ်လာတဲ့ waiter နဲ့ အတွေ့မှာ ဖန်ခွက်ကျကွဲသံတွေက Club တစ်ခုလုံးကို ပျံ့သွားသည် ။ လူတွေက သူတို့ရဲ့ လုပ်လက်စ အလုပ်တွေကို ရပ်ပြီး သူ့ကိုမျက်ခုံးတွန့်ချိုးကာ ကြည့်နေကြသည် ။ သူတို့ရဲ့ ပျော်ရွင်နေတဲ့ အချိန်တွေကို ဖျက်ဆီးမိတဲ့ လူတစ်ယောက်လို သူ့ကို ဝိုင်းကြည့်နေကြသည် ။


" ဘေဘီ "


မနီးမဝေးက လူတစ်ယောက်ရဲ့ ခပ်သဲသဲ့ ခေါ်သံက နားထဲဝင်လာသည် ။သဘောကျခဲ့တဲ့ ထိုခေါ်သံက အခုတော့ ကျိန်စာလိုဖြစ်နေပြီ ။


ဘာမှမတွေးတော့ပဲ သူ Waiter ကို တွန်းဖယ်ပြီး ထွက်ပြေးခဲ့သည် ။ အခုတော့ မျက်ရည်တွေကတားမနိုင် စီးမရ ကျနေပြီ ။




ငါ နာကျင်ရလို့ သေတော့မှာပဲ ဆောင်ဟွန်းရယ် ။





ငါဘယ်လောက်ထိ ချစ်ပေးမှမင်းငါ့ကို ပြန်လှည့်ကြည့်မှာလဲဟင်။ ငါဘယ် အတိုင်းအတာထိ ချစ်ဖို့လိုသေးလဲ ။







Club တံခါးကနေ ထွက်ထွက်ချင်း သူဘယ်မှ မကြည့်ပဲ ခြေဦးတည့်ရာ ပြေးသည် ။ ရှိုက်သံမထွက်အောင် ငိုနေရ၍ ရင်ဘတ်တွေပါအောင့်လာသည် ။ ပြေးလည်းပြေး ငိုလည်း ငိုနေရ၍ မူးမေ့မတတ် ဖြစ်နေတဲ့ အချိန်မှာ သူ့ကိုအနောက်ကနေ ဆွဲလှည့်လိုက်တဲ့ လက်တစ်စုံ ။




အီဟီဆွန်း ။

ဂျယ်ယွန်း ရူးချင်သွားသည် ။
နာကျင်နေတဲ့ ဒဏ်ရာအပေါ် ဆားထည့်လိုက်သလိုပင်။
အပြင်ရှိတဲ့စိတ်က ဟီဆွန်းကို မြင်လိုက်တာနဲ့ တားမရအောင် ပေါ်လာသည် ။


ပင်ပန်းနေပြီမို့ သူ့ကို လွှတ်ထားပေးလို့မရဘူးလား ။


သူ့ကို အမြဲအရိပ်တကြည့်ကြည့်နဲ့ ကူညီပေးတဲ့ ဟီဆွန်းကို သူလည်းအားနာလွန်း၍ သေချင်စိတ်ပေါက်နေပြီ ။
ဟီဆွန်းရဲ့ ကြင်နာမှုတွေက မထင်မှတ်ပဲ သူ့အပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်လာစေသည် ။ အထူးသဖြင့် ဟီဆွန်းရဲ့ ဖွင့်ပြောမှူနောက်မှာ ။ သူ ပြန်မပေးနိုင်တဲ့ အချစ်တွေကို ဟီဆွန်းဟျောင်းက တစ်ချိန်လုံးတောင့်တနေမှန်း သိပြီးနောက်ပိုင်း နေရပိုကျပ်လာသည် ။

ဖြစ်နိုင်လျှင် သူ ထွက်ပြေးချင်ပြီ ။



" ကျွန်တော့်ကို လွှတ် ဟျောင်း "

ဂျယ်ယွန်းက လက်ကို အတင်း ဆောင့်ချသည် ။

" ဂျယ်ယွန်း ငိုနေတာလား- ဘာဖြစ် - "

" တော်ပါတော့လို့ ! ကျွန်တော် ပင်ပန်းလှပြီ "


ဂျယ်ယွန်းက အာခေါင်ခြစ်အော်သည် ။ ဒေါသတွေက မျက်နှာတွင်သာမက တစ်ကိုယ်လုံးကို ပျံ့နှံ့နေပြီ ။


" လိုက်မလာနဲ့ ၊ ခင်ဗျားကော ဟို ပတ်ဆောင်ဟွန်း ဆိုတဲ့ လူကော "


ဂျယ်ယွန်းက လမ်းမရှိတဲ့ အမှောင်ထုထဲကို ဝင်ပြေးသည် ။ မျက်ရည်တွေကျနေပေမယ့် လွတ်လပ်သွားသလိုခံစားရသည် ။ သူ နာကျင်မှူတွေကနေ လွတ်မြောက်ချင်ပြီ ဘုရားသခင် ။



끝 •

စာမလုပ်ချင်လို့ စာတွေပဲစွတ်ထိုင်ရေးနေတာလေ 😭🤟🏻





Zawgyi




ျပင္ဖို႔အခြင့္အေရးမရွိေတာ့တဲ့ ဆက္ဆံေရးတစ္ခုကိုပိုင္ဆိုင္ရလိုက္ေပမယ့္လည္း ဟီဆြန္းက ေနာင္တရခ်င္စိတ္မရွိ ။ ႏွစ္အေတာ္ၾကာ မ်ိဳသိပ္ထားရတဲ့ အမွန္တရားတစ္ခုက သူ႔ပါးစပ္ကေန ျပင္ဆင္မႈမရွိပဲ ထြက္သြားခဲ့ရသည္ ။ ျပန္ရတဲ့ ရလဒ္ကေတာ့ သူေမွ်ာ္လင့္ထားတဲ့အတိုင္း ခါးသီးေနေပမယ့္လည္းေပါ့ ။



" အဲ့လိုဆိုရင္ေတာင္ ကြၽန္ေတာ္ ေဆာင္ဟြန္းကိုပဲ ေ႐ြးမိမယ္ထင္တယ္ "

အဲ့ေန႔ညက ဂ်ယ္ယြန္းေျပာခဲ့တဲ့စကားေတြက သူ႔ေခါင္းထဲမွာ ဝဲလည္ေနဆဲ ။ စိတ္ထဲမွာ အထပ္ထပ္အခါခါ ထိုစကားေတြကိုသာ ၾကားေနရသည္ ။

ဂ်ယ္ယြန္းရဲ႕ မ်က္လုံးေတြထဲမွာ စဝင္လာတုန္းကလိုမ်ိဳး အားကိုးစိတ္ေတြနဲ႔ ခင္တြယ္စိတ္ေတြကို အရိပ္အေယာင္ေတာင္မေတြ႕ရေတာ့ ။ ထိုစကားေျပာၿပီးတဲ့ေနာက္ ဂ်ယ္ယြန္းဆီမွာ အားနာစိတ္ေတြနဲ႔ ေဝခြဲမရတဲ့ ပုံရိပ္ေတြကိုသာ ျမင္ေနရသည္ ။

" ကိုယ္မွားသြားတယ္ "

" ေဟ်ာင္း တစ္ေယာက္တည္း မဟုတ္ပါဘူး ၊ ကြၽန္ေတာ္ တို႔သုံးေယာက္လုံး တစ္ေယာက္တစ္မ်ိဳးစီေတာ့ မွားေနၾကတာပဲ "


ဂ်ယ္ယြန္း ပါးေပၚကို မ်က္ရည္စက္ ေပါက္ခနဲ က်လိုက္တာကို မ်က္စိေရွ႕တင္ျမင္လိုက္ရသည္ ။ ထိုစကားပဲျပန္ေျပာၿပီး ထထြက္သြားတဲ့ ဂ်ယ္ယြန္းကိုလည္း သူမတားမိ။ မဟုတ္ဘူး ။ တားႏိုင္စြမ္း မရွိေတာ့တာ ။





အဲ့ေန႔က သူ ေနာက္က်သြားတာမဟုတ္ ။
ေဆာင္ဟြန္းထက္ အရင္ သူဖြင့္ေျပာခဲ့ရင္ေတာင္ ဂ်ယ္ယြန္းက ေဆာင္ဟြန္းကိုပဲ ေ႐ြးခ်ယ္ေနလိမ့္ဦးမည္ ။
ဒီအမွန္တရားက ဟီဆြန္းရဲ႕ ႏွလုံးသားကို နည္းနည္းေတာ့ ထိခိုက္ေစသည္ ။










အဲ့ညေနက ႐ြာေနတဲ့မိုးနဲ႔အၿပိဳင္ ေကာင္ေလးသုံးေယာက္ရဲ႕ ကမာၻလည္းၿပိဳခဲ့ရသည္ ။ သည္းေနတဲ့မိုးေတြရဲ႕ေအာက္မွာ ရႈိက္ႀကီးတငင္ငိုေနၾကတဲ့ သူတို႔က တစ္ေလာကလုံးကို ဒူးေထာက္ၿပီးအရႈံးေပးခ်င္ေနတဲ့ပုံ။
ေနရာေဒသ မတူေပမယ့္ သုံးေယာက္လုံးရဲ႕ အေၾကာင္းျပခ်က္ကေတာ့ ခပ္ဆင္ဆင္ ။ အၾကမ္းဖ်င္းေျပာရရင္ေတာ့ ခ်စ္ေသာသူနဲ႔ ေဝးရျခင္း ရဲ႕ ဒဏ္ကို သူတို႔မခံစားႏိုင္ၾက။














အခုေတာ့ ဒါေတြလည္း တစ္ပတ္ေက်ာ္လို႔ ႏွစ္ပတ္ထဲေတာင္ ေရာက္ေတာ့မည္ ။ အခန္းထဲေအာင္းၿပီး ကိုယ့္ကိုကိုယ္ ဒဏ္ခတ္ခဲ့တဲ့ ဂ်ယ္ယြန္းက တစ္ခါတစ္ေလေတာ့ တစ္စုံတစ္ေယာက္ လာမလားလို႔ ျပတင္းေပါက္ကို ေမွ်ာ္ၾကည့္ေနဆဲ ။ အဲ့တစ္စုံတစ္ေယာက္က ေဆာင္ဟြန္းလား ဟီဆြန္းလား ဆိုတာေတာ့ သူကိုယ္တိုင္ပဲ သိလိမ့္မည္ ။


သူ႔ဆီလာၿပီး အခ်ိန္ျဖဳန္းေပးေနတဲ့ ေဂ်ာင္ဝန္းနဲ႔ နီကီကေတာ့ သူနဲ႔ ေဆာင္ဟြန္း ျပတ္သြားၿပီ ဆိုတာပဲ သိခဲ့ပုံရသည္ ။ မုန႔္ေတြဝယ္လာလိုက္ ၊ ဂိမ္းေတြေဆာ့ေပးလ္ိုက္ ၊ ႐ုပ္ရွင္ အတူတူၾကည့္ေပးလိုက္နဲ႔ အသည္းကြဲေနတဲ့ သူ႔အကို ကို ညီႏွစ္ေယာက္က အစြမ္းကုန္ေခ်ာ့ေပးေနသည္ ။

" ေဂ်ာင္ဝန္း ... ငါ့ဆီပဲအခ်ိန္တိုင္းလာေနတာနဲ႔ ေဂ်းက စိတ္ဆိုးေနေတာ့မွာပဲ "

" ကိစၥမရွိပါဘူး .. ေဂ်းေဟ်ာင္းလည္းေဆာင္ဟြန္းေဟ်ာင္း အနားမွာပဲ ရွိေနတာ  "







ေဆာင္ဟြန္းက သူ႔လိုအသည္းကြဲေနရေအာင္ ခ်စ္ေကာခ်စ္ခဲ့ရဲ႕လား လို႔ ဂ်ယ္ယြန္းက ခပ္႐ြဲ႕႐ြဲ႕ပဲေတြးမိသည္ ။ အမွန္ေတာ့ သူတို႔ တြဲခဲ့တာေကာ ဟုတ္ရဲ႕လား ။ ခံစားခ်က္မဲ့ေနတဲ့ ေဆာင္ဟြန္းကို သူက တစ္ဖက္သတ္ ခ်စ္ခဲ့႐ုံပဲ ။


" ဟီဆြန္းေဟ်ာင္းနဲ႔ေကာ ေတြ႕ျဖစ္လားဟင္ သူဘာလို႔ဒီကိုမလာတာလဲ "

" အင္းေလ - ျပန္ေရာက္ၿပီးကတည္းက ေကာင္းေကာင္းမေတြ႕ရေသးဘူး "

" စားလို႔မေကာင္းေတာ့ဘူး ၊ ငါေတာ္ၿပီ သြားေတာ့မယ္ "


ဟီဆြန္းေဟ်ာင္းဆိုတဲ့ နာမည္ၾကားတိုင္း ထထထြက္သြားတတ္တဲ့ ဂ်ယ္ယြန္းကို အငယ္ေတြကေတာင္ ရိပ္မိေနၿပီ။အေၾကာင္းအရင္းေတာ့မသိေပမယ့္ ေနာက္ဆိုစကားေျပာရင္ ဟီဆြန္းေဟ်ာင္းအေၾကာင္း မပါေအာင္ေျပာျဖစ္ေတာ့သည္။




ဂ်ယ္ယြန္းအတြက္လည္း ဟီဆြန္းေဟ်ာင္း ဆိုတဲ့နာမည္ၾကားတာနဲ႔ကို မခံစားႏိုင္ေတာ့ ။ အားနာစိတ္နဲ႔ အျပစ္ရွိတဲ့စိတ္ေပါင္းၿပီး ေဟ်ာင္း မ်က္ႏွာကို မၾကည့္ရဲ ။ အခုခ်ိန္ အထီးက်န္ေနမယ့္ ေဟ်ာင္းေဘးနားကို သူသာ ေျပးၿပီးအေဖာ္လုပ္ေပးခ်င္သည္ ။


" ေဟ်ာင္းရယ္ ဘာလို႔လဲ ၊ အဲ့လိုမဟုတ္ရင္ေတာင္ ကြၽန္ေတာ္မသိခ်င္ေယာင္ေဆာင္ၿပီး ေဟ်ာင္းေဘးနားမွာပဲေနမွာ "




အမွားေတြပဲ ဆက္တိုက္လုပ္မိၿပီး နာက်င္မႈၿပီးရင္းနာက်င္မႈေတြပဲ ခံစားေနရတဲ့ လူသုံးေယာက္ ဆုံမိတဲ့ ဘဝအေကြ႕ကေတာ့ ငရဲထက္ေတာင္ ပိုပူေလာင္ေနရသည္ ။











________________


ရွင္းဂ်ိတ္ခ္ကို လြမ္းေလ ပိုဖိအိပ္ေနရတဲ့ သူ႔ေန႔ရက္ေတြမွာ ေဂ်းသာမရွိရင္ သူလူ႐ုပ္ေတာင္ ထြက္မွာမဟုတ္။ ေဂ်းက ေန႔တိုင္း သူ႔အခန္းထဲလာၿပီး ရွင္းလင္းေပးရတဲ့အထိ ေဆာင္ဟြန္းက ပ်က္စီးေနတာ ။

လြတ္ေနတဲ့ အိပ္ရာရဲ႕ ေဘးနားကိုၾကည့္ရင္း က်ဥ္တက္လာတဲ့ ႏွလုံးသားကို လ်စ္လ်ဴရႈႏိုင္ေအာင္ႀကိဳးစားေနရသည္ ။ အခန္းထဲေနတာမ်ားလို႔ ႐ူးသြားတာလားေတာ့ မသိေပမယ့္ တစ္ခါတစ္ေလ ေဘးနားကေန ဂ်ိတ္ခ္ရဲ႕ရယ္သံေတြကို ၾကားလိုက္ရသလို ၊ "ေဆာင္ဟြန္း" ဆိုတဲ့ ေခၚသံေတြပဲ ျဖတ္ေျပးသြားသလို ခဏခဏျဖစ္သည္ ။အမွန္ေတာ့ အထူးအဆန္းမဟုတ္ ။ ဒီ အခန္းထဲမွာ ရွိေနတဲ့ ဂ်ိတ္ခ္ရဲ႕ အေငြ႕အသက္ေတြက ေျပာင္းမွမေျပာင္းလဲပဲ။


တစ္ခါတစ္ေလ မခံစားႏိုင္ေတာ့ေလာက္ေအာင္ လြမ္းမိတဲ့အခါ ကားေသာ့ကိုကိုင္ၿပီး ဂ်ိတ္ခ္အိမ္ေရွ႕ထိ သြားေစာင့္ဖို႔လုပ္ေသးသည္ ။အဲ့လိုေတြးမိတိုင္း အီဟီဆြန္းေၾကာင့္ ရခဲ့တဲဲ့ဒဏ္ရာေတြက ေလွာင္ေျပာင္ေနသလို ခံစားရတာမို႔ လက္ေလွ်ာ့ရၿမဲ ။


တကယ္လို႔ အခ်စ္ရဲ႕ အဆုံးသတ္က နာက်င္မႈဆို နာက်င္မႈေတြ အဆုံးသတ္သြားရင္လည္း သူ အခ်စ္မဲ့တဲ့ ေလာကဆီျပန္ေရာက္သြားႏိုင္တယ္မလား ။

ဟုတ္ပါတယ္ ။ သူ ဂ်ိတ္ခ္ကို မခ်စ္ပါဘူး ။ ခ်စ္ခဲ့ရင္ေတာင္ နည္းနည္းေလးသည္းခံလိုက္ရင္ ဒီ ခံစားခ်က္ေတြေပ်ာက္သြားမွာပါ ။








" ဧည့္သည္ေရာက္ေနတယ္ " ဆိုတဲ့ အိမ္အကူေကာင္မေလး စကားကိုၾကားခါစက ေဂ်းလို႔ထင္ခဲ့မိသည္ ။ အဲ့တာေၾကာင့္လည္း " အခန္းထဲလႊတ္လိုက္ေလ ဘာျဖစ္လဲ" ဆိုၿပီး ျပန္ေတာင္ေဟာက္ခဲ့ေသးသည္ ။ စကၠန႔္ဝက္ေလာက္အၾကာ အခန္းဝမွာ ေတြ႕လိုက္ရတာ ေဂ်း မဟုတ္တဲ့ အျခားသူတစ္ေယာက္ကို ျမင္ရမွ သူ႔တစ္ကိုယ္လုံး ေတာင့္သြားသည္ ။




" ေဆာရီး ဒါေပမယ့္ငါ ဒီကိစၥေတြကိုစိတ္မဝင္စားလို႔"
" ေဆာရီး ဒါေပမယ့္ငါ ဒီကိစၥေတြကိုစိတ္မဝင္စားလို႔"
" ေဆာရီး ဒါေပမယ့္ငါ ဒီကိစၥေတြကိုစိတ္မဝင္စားလို႔"
" ေဆာရီး ဒါေပမယ့္ငါ ဒီကိစၥေတြကိုစိတ္မဝင္စားလို႔"
" ေဆာရီး ဒါေပမယ့္ငါ ဒီကိစၥေတြကိုစိတ္မဝင္စားလို႔"




အီဟီဆြန္း ။
အလယ္တန္းေက်ာင္းသား အီဟီဆြန္းက သူအခန္းေရွ႕ျပန္ေရာက္သလို ခံစားရတာမို႔ ေခြၽးေတြပါျပန္လာသည္ ။လြန္ခဲ့တဲ့ ႏွစ္ေတြကလိုပဲ အီဟီဆြန္းက မေျပာင္းမလဲ ။
သမင္မ်က္လုံးေလးေတြက ငယ္ငယ္ကထက္ေတာင္ပိုလွလာသည္ ။ သူတစ္ခ်ိန္ကေတာ့ အဲ့မ်က္လုံးေလးေတြကို အ႐ူးအမူး ခ်စ္ခဲ့ပါသည္ ။ အခုေတာ့ ခံစားခ်က္မဲ့တဲ့ အျဖဴေရာင္ နံရံႀကီးကို ၾကည့္ေနရသလို ေငးၾကည့္ေနမိသည္။


" ဘာလာလုပ္တာလဲ ခင္ဗ်ား "

" ကိုယ္ မင္းနဲ႔စကားေျပာစရာရွိလို႔ "


ငယ္ငယ္တုန္းကသာ ဒီစကားကိုၾကားမိရင္ ရင္ေတြအခုန္လြန္ၿပီး ေသသြားႏိုင္သည္ ။ အခုေတာ့လား ။
သူ႔မွာ အဲ့ ခံစားခ်က္ေတြ ေပ်ာက္သြားတာ ၾကာလွၿပီ ။


ဟီဆြန္းက အခန္းထဲကေတြ႕ရာ ထိုင္ခုံမွာ ဝင္ထိုင္သည္ ။ ေဆာင္ဟြန္းလည္း ထိုခုံနဲ႔ မ်က္ႏွာခ်င္းဆိုင္ကို ဝင္ထိုင္လိုက္ေပမယ့္ မ်က္ႏွာကိုေတာ့ ျပတင္းေပါက္ဘက္ လွည့္ထားသည္ ။

" မင္း စာေတြေကာ ေသခ်ာလုပ္ေနရဲ႕လား "

သူ႔ရဲ႕ လုံးဝမထိျဖစ္ မကိုင္ျဖစ္လို႔ ဖုန္ေတာင္တက္ေနတဲ့ စာၾကည့္စားပြဲကို ဟီဆြန္းက ႏွာေခါင္းရႈံ႕ရင္း ေမးသည္။
ဆရာႀကီး လုပ္တတ္တဲ့ အီဟီဆြန္းရဲ႕ ပုံစံက လုံးဝေပ်ာက္ကြယ္မသြားေသးဘူးပဲ ။

" ခင္ဗ်ားနဲ႔ မဆိုင္ပါဘူး "

" ဟုတ္ပါတယ္ .. ငါနဲ႔ ဆိုင္တာပဲ ေျပာဖို႔လာခဲ့တာ "

ဟီဆြန္းရဲ႕ လက္ေခ်ာင္းသြယ္သြယ္ေလးေတြကို မ်က္လုံးေထာင့္ကေန ျမင္ရသည္ ။ ငယ္ငယ္တုန္းက သူခိုးၾကည့္ခဲ့ရတဲ့ ရတနာေလးေတြေပါ့ ။ အခုေတာ့ ဟာေနတဲ့ ရင္ဘတ္ေတြက သနားဖို႔ေတာင္ေကာင္းေနသည္ ။

" မင္းသူ႔ကို ခ်စ္တယ္ ၊ ဟုတ္တယ္မလား ေဆာင္ဟြန္း "

ကိုကို႔ အသံက တည္တည္ၿငိမ္ၿငိမ္။
ေဆာင္ဟြန္းမွာ သာ ေျခဖ်ားလက္ဖ်ားေတြ ေအးစက္လာသည္အထိ ။ ဘာမွမခံစားတတ္ဘူးလို႔ ထင္ခဲ့တဲ့ ႏွလုံးသားက သူ ဆိုတဲ့ အသုံးအႏႈန္း နဲ႔တင္ ထိန္းမရေအာင္ ခုန္လာသည္ ။


ဟီဆြန္း ရဲ႕ ခပ္ဖြဖြရယ္သံကိုၾကားေတာ့ သူ ဟီဆြန္းကို ျဖတ္ခနဲ လွမ္းၾကည့္လိုက္မိသည္ ။

" လိမ္ေနတာပဲ ေဆာင္ဟြန္း ။ ဘာလို႔ သူ႔ကို နာက်င္ေအာင္လုပ္ခဲ့တာလဲ "

" ကြၽန္ေတာ္ ဂ်ိတ္ခ္ကို မခ်စ္ဘူး "

" အဲ့ကေလးကေတာ့ မင္းမွမင္းပဲတဲ့ "


ေဆာင္ဟြန္း အသက္ရႈရၾကပ္လာတာမို႔ မတ္တပ္ထရပ္လိုက္မိသည္ ။ ေရသြားယူ မလိုလိုႏွင့္ သူ႔မ်က္ႏွာကို ဟီဆြန္း မျမင္ရေအာင္ ေက်ာေပးလိုက္သည္ ။ တုန္ရီခ်င္ေနတဲ့ လက္ေတြက ဆုပ္ကိုင္ေပးထားမယ့္ ေကာင္ေလးရဲ႕ လက္ကို အေတာ္လြမ္းေနပုံရသည္ ။

" ကြၽန္ေတာ္မွ မခ်စ္ပဲ ၊ ဘယ္လိုလုပ္ရမလဲ "

" ဘယ္အခ်ိန္ထိ လိမ္ဖို႔ႀကိဳးစားေနမွာလဲ "

" ကြၽန္ေတာ္မလိမ္ဘူး ၊ ကြၽန္ေတာ္ ဂ်ိတ္ခ္ကို တကယ္မခ်စ္တာ "

" ပတ္ေဆာင္ဟြန္း "

" အီဟီဆြန္း ၊ ခင္ဗ်ားကေကာ ကြၽန္ေတာ့္ခံစားခ်က္ေတြကို နားလည္သလိုလို ဘာလို႔ဟန္ေဆာင္ေနရတာလဲ"

" နားလည္တာ မဟုတ္ဘူး ၊ သိတာ ၊ မင္း သူ႔ကို ခ်စ္ေနတာကို ငါျမင္ေနရတယ္ "

" ခ်စ္ခ်စ္ မခ်စ္ခ်စ္ ခင္ဗ်ားနဲ႔ ဘာဆိုင္လဲ "


ေဆာင္ဟြန္းလက္ထဲက ေရခြက္ျပဳတ္က်သြားသံက ခြမ္း ခနဲ ​။ ေရေတြဖိတ္က်သြားတဲ့ ၾကမ္းျပင္ကို ႏွစ္ေယာက္လုံး ဂ႐ုမစိုက္ႏိုင္ ။ ကိုယ္စီ ဝဲတက္ခ်င္လာတဲ့ မ်က္ရည္ေတြကို ႏွစ္ေယာက္လုံး ဟန္ေဆာင္ေနရသည္ ။



" ကိုယ္က ဂ်ိတ္ခ္ကို သိပ္ခ်စ္တယ္ ေဆာင္ဟြန္း "


ေမးခြန္းနဲ႔ မကိုက္ညီတဲ့ အေျဖကို ေပးၿပီး အီဟီဆြန္းက အလာတုန္းကလိုပဲ ထြက္သြားျပန္သည္ ။ ဒီတစ္ခါက္ ဆုံေတြ႕မႈရဲ႕ အဆုံးသတ္မွာ ေဆာင္ဟြန္းက မဟုတ္ပဲ ဟီဆြန္းက ေက်ာေပးသြားတာမို႔ သူႏိုင္တယ္ မလား ။ ဟုတ္တယ္မလား ။ ေဆာင္ဟြန္း ႏိုင္သြားတယ္မလား ။





အိပ္ရာေပၚမွာ ရွိေနတဲ့ ေဆာင္ဟြန္းဖုန္းေပၚက ၿပဳံးေနတဲ့ ရွင္းဂ်ိတ္ခ္ Wallpaper က သူ႔ကို ေလွာင္ေျပာင္ရယ္ျပေနသည္ ။ အဲ့တုန္းက ။ သူတို႔ႏွစ္ေယာက္ရဲ႕ ပထမဆုံး အနမ္းတုန္းက ။ မ်က္ႏွာေလးေတြ နီရဲၿပီး အရွက္သည္းေနတဲ့ေကာင္ေလး ရဲ႕ ပုံကို အခုထိ ျမတ္ႏိုးဆဲ ။ဖုန္းစခရင္ေပၚက ေကာင္ေလးကို ျမင္လိုက္ရတဲ့ ခဏ နာက်င္သြားတဲ့ႏွလုံးသားနဲ႔ အတူ ေနာက္တစ္ႀကိမ္ မ်က္ရည္ က်ရျပန္သည္ ။



ဒီတစ္ေခါက္လည္း က်ဆုံးရျပန္ၿပီ ။
ဟီဆြန္းမဟုတ္တဲ့ ရွင္းဂ်ိတ္ခ္ ဆီမွာ ။








" ကိုယ္တို႔ခဏေတြ႕ရေအာင္ ေဘဘီ "

" မင္းသေဘာက်တဲ့ Cafe ဆိုင္ပဲ "

" လာခဲေနာ္ ... ကိုယ္ေစာင့္ေနမယ္ ေဘဘီ "







စာေၾကာင္း သုံးေၾကာင္း ။ တစ္နည္းအားျဖင့္ message သုံးခုနဲ႔တင္ ဂ်ယ္ယြန္းရဲ႕ မာနေတြအကုန္ ခဝါခ်မိသလိုပင္ ။ ႏွစ္ပတ္နီးပါး နာက်င္မႈေတြကလည္း ေဘဘီ ဆိုတဲ့ အေခၚအေဝၚမွာတင္ ေပ်ာက္ဆုံးကုန္သည္ ။

ေပ်ာ္႐ႊင္မႉေၾကာင့္ မ်က္ရည္ေတြေတာင္ဝဲလာရသည္ ။
​ေဆာင္ဟြန္းကို ေသမတတ္ လြမ္းေနခဲ့တာ ။
ေဘဘီ လို႔ ေခၚတာကိုလည္း အရမ္းသတိရေနခဲ့တာ ။
ေဆာင္ဟြန္းရဲ႕ ေရေမႊးနံ႔ကစလို႔ သူနဲ႔ ပတ္သက္တဲ့ အရာအားလုံးကို လြမ္းေနခဲ့ရတာ ။


ရင္ထဲနင့္ေနေအာင္အထိ ခ်စ္ရတယ္ ဆိုတာ ဒီလိုခံစားခ်က္မ်ိဳးနဲ႔တူသည္ ။ ဘယ္သူမွ ကယ္ လို႔မရေအာင္ ဂ်ယ္ယြန္းကေတာ့ ထိုအမ်ိဳးသားကို ေတာ္ေတာ္ခ်စ္မိေနၿပီ ။



ထို message ကို ျမင္ျမင္ခ်င္း နည္းနည္းတက္ႂကြသြားတဲ့ဂ်ယ္ယြန္းက အၿပဳံးရိပ္ေလးေတြနဲ႔ ျမဴးေနသည္ ။ အမ်ားႀကီးျပင္ဆင္စရာ မလိုပဲ ေခ်ာေနၿပီးသား ဒီ႐ုပ္ကို ေဆာင္ဟြန္း စိတ္တိုင္းမက်မွာစိုး၍ အခ်ိန္ေပး၍ ဂ႐ုစိုက္ရေသးသည္ ။

ဂ်ယ္ယြန္းရဲ႕ မ်က္ႏွာႏုႏုေလးက ၿပဳံးလိုက္တိုင္း ျဖဴစင္ၿပီးၾကည္သန႔္ေနသည္ ။ အသည္းပုံ အေပၚႏႈတ္ခမ္းေလးက တစ္ခ်က္တစ္ခ်က္ အေၾကာင္းရင္းမရွိပဲ ၿပဳံးၿပဳံးသြားေသးသည္ ။


ခ်ိန္းထားတဲ့ Cafe ဆီသြားရာလမ္းသည္ တက္ႂကြေနသည္။ ဆိုင္ေရာက္ေတာ့ ေဆာင္ဟြန္းကို မေတြ႕ေသး ။ သူနည္းနည္း ေစာေနသည္ ထင္သည္ ။ ထိုင္ေနၾကေနရာက လူျပည့္ေန၍ ေထာင့္နားက ခုံမွာပဲ သြားထိုင္လိုက္သည္ ။


မွန္ထဲကေန တစ္ဆင့္ ကားပါကင္ကို လွမ္းၾကည့္လိုက္ ၊ ထိုင္ခုံေပၚမွာ ထိုင္ေနရင္း ေျခေထာက္ေတြကိုရမ္းၿပီး ေဆာ့လိုက္ႏွင့္ အခုခ်ိန္ထိအရာအားလုံးက အဆင္ေျပေနေသးသည္ ။














________________

တစ္နာရီ ၊ ႏွစ္နာရီ မဟုတ္ပဲ ငါးနာရီ နီးပါးထိုင္ေစာင့္ရတဲ့အခါ အေျခအေနေတြက ပုံမွန္မဟုတ္ဘူးဆိုတာ ဂ်ယ္ယြန္း ရိပ္မိလိုက္ၿပီ ။ ဒီတစ္ခါလည္း ေဆာင္ဟြန္း သူ႔ကိုအ႐ူးလုပ္ျပန္ၿပီလား မသိဘူး ။ 

ဂ်ယ္ယြန္းက စ ဝင္လာကတည္းကလို က်ဳံ႔က်ဳံ႔ေလးထိုင္ေနသည္ ။ ေပ်ာ္႐ြင္မႈေတြကလည္းေျမႀကီးေအာက္ကို တိုးလွ်ိဳကြယ္ေပ်ာက္သြားၿပီ ။

ေဆာင္ဟြန္း လာမွာပါ ။
သူလာမွာ ။

ဂ်ယ္ယြန္းက ေတာင္ၾကည့္ေျမာက္ၾကည့္နဲ႔ ပတ္ဝန္းက်င္ကိုေငးရင္း ေျခေထာက္ေလးေတြကို ရမ္းေနသည္ ။႐ုတ္တရက္ျမည္လာတဲ့ message သံေၾကာင့္သာ မဟုတ္ရင္ သူဖုန္းကိုထုတ္ၾကည့္ဖို႔ေတာင္ သတိေမ့ေနသည္။




​ေဆာင္ဟြန္းကိုေတြ႕ခ်င္ရင္

×××× club



နံပါတ္စိမ္းတစ္ခုကေန ဝင္လာတဲ့ message က ထူးဆန္းလြန္းေနသည္ ။ သူေတာင္ နာမည္မၾကားဖူးတဲ့ Club နာမည္ေၾကာင့္ google မွာ location ကို ရွာရေသးသည္ ။ အစက ေဆာင္ဟြန္းမ်ား ျပန္ေပးဆြဲခံရလား စိတ္ပူသြားေသးသည္ ။ ၿပီးေတာ့မွာ Club ဆိုတာ လူမ်ားတဲ့ေနရာပဲ ၊ မျဖစ္ႏိုင္ပါဘူးလို႔ ျပန္ေတြးရသည္ ။



ည ၁၀ နာရီ နီးပါးအခ်ိန္မွာ သူ Club တစ္ခုေရွ႕ကိုေရာက္ေနမယ္လို႔ သူတစ္ခါမွ မေတြးဖူး ။ ၿပီးေတာ့ တစ္ေယာက္တည္း ။ စိမ္းေနတဲ့ ျမင္ကြင္းေတြေၾကာင့္ ဂ်ယ္ယြန္း အေနာက္ျပန္လွည့္ရမလား စိတ္ကူးေသးသည္ ။ ၿပီးေတာ့မွ ေဆာင္ဟြန္း အတြက္ ဟု ေတြးတာ အရဲစြန႔္ၿပီး ဝင္လာလိုက္သည္ ။



တံခါးဖြင့္ၿပီး ဝင္လိုက္တာနဲ႔ စူးကနဲ  ဝင္လာတာက သီခ်င္းသံ ။ က်ယ္ေလာင္လြန္း၍ ဘာသီခ်င္းမွန္းေတာင္ ခန႔္မွန္း၍မရ ။ အရက္နံ႔ နဲ႔ ေရေမႊးနံ႔ စူးစူးေတြကလည္း ေခါင္းကို ထိုးကိုက္လာေစသည္ ။

" ေဆာင္ဟြန္း ... ေဆာင္ဟြန္း "

ပါးစပ္ကေန တိုးတိုးေလး႐ြတ္ၿပီး နာမည္ပိုင္ရွင္ကို ေနရာအနံ႔လိုက္ရွာေနရသည္ ။ မီးေရာင္ မွိန္မွိန္ေအာက္မွာ လူတစ္ေယာက္ကို ရွာဖို႔ သူ႔မ်က္စိေတြက ဒီမီးေရာင္ေတြကို အသားမက်ေသး ။ တစ္လွမ္းေလွ်ာက္တိုင္း ေဘးနားက လူေတြကို တိုက္တိုက္မိေနလို႔လည္း ေတာင္းပန္းရတာမ်ားၿပီ ။



ေဆာင္ဟြန္းကို ရွာေနတုန္းမွာ သူ႔မ်က္စိထဲဝင္လာတာက ခြၽန္းဟယ္ ။ ရဲေနတဲ့အနီေရာင္ဝတ္စုံကို ဝတ္ထားတဲ့သူမက အားလုံးထဲမွာထင္းေနသည္ ။ တစ္စုံတစ္ေယာက္ရဲ႕ ေပါင္ေပၚတက္ထိုင္ၿပီး ပလူးပလဲလုပ္ေနတဲ့ သူမကို႐ြံသလိုရွိေပမယ့္ အနားတိုးသြားလိုက္သည္ ။ ေဆာင္ဟြန္းကို သူမမ်ား ျမင္မိလိုက္သလားလို႔ ။


" ဟင္ "


မိုက္ခနဲ ျဖစ္သြားတဲ့ ေခါင္းကို ဂ်ယ္ယြန္း အျမန္ထိန္းကိုင္လိုက္ရသည္ ။

" ေဆာင္ဟြန္း "


ခြၽန္းဟယ္နဲ႔ အတူရွိေနတာ သူလိုက္ရွာေနတဲ့ ေဆာင္ဟြန္းပဲ ။ သူခ်စ္ရတဲ့ ေဆာင္ဟြန္း ။ အနက္ေရာင္ jacket ဝတ္ထားတဲ့ ေဆာင္ဟြန္းက ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ မူးေနတာ ေသခ်ာသည္ ။ ခပ္ငိုက္ငိုက္ျဖစ္ေနတဲ့ ေဆာင္ဟြန္းေခါင္းကို ထိန္းကိုင္ၿပီး ႏႈတ္ခမ္းေတြကို နမ္းလိုက္ ရယ္လိုက္ လုပ္ေနတဲ့ ခြၽန္းဟယ္က ဂ်ယ္ယြန္းကို ျမင္ေတာင္မျမင္ ။







ဂ်ယ္ယြန္းကမာၻႀကီးက ေမွာင္မိုက္တာထက္ကိုပိုသြားသည္ ။အမည္တပ္လို႔မရေတာ့တဲ့အထိ ခံစားခ်က္က ဆိုးဆိုး
႐ြား႐ြားျပင္းထန္လြန္းေနသည္ ။












ေတာ္ၿပီ ။
သည္းခံႏိုင္စြမ္းက ဒီေလာက္အထိပဲ ေဆာင္ဟြန္း ။
ဒီေလာက္ထိ နာက်င္ၿပီးေနၿပီမို႔ ေနာက္ထပ္အရာေတြကို ငါဘယ္လို လက္ခံရမလဲေတာင္ မသိေတာ့ဘူး။

ဂ်ယ္ယြန္းက ငိုဖို႔ေတာင္ ေမ့ေနသည္ ။ မ်က္ရည္ေတာင္မက်ေပမယ့္ အသက္ရႈလို႔မရတဲ့အထိ တင္းက်ပ္လာတာေၾကာင့္ မူးလဲမလိုေတာင္ ခံစားေနရသည္ ။

" ခြမ္း "



အေနာက္ကို လွည့္လိုက္တဲ့ ဂ်ယ္ယြန္းနဲ႔ ဝိုင္ခြက္ေတြသယ္လာတဲ့ waiter နဲ႔ အေတြ႕မွာ ဖန္ခြက္က်ကြဲသံေတြက Club တစ္ခုလုံးကို ပ်ံ႕သြားသည္ ။ လူေတြက သူတို႔ရဲ႕ လုပ္လက္စ အလုပ္ေတြကို ရပ္ၿပီး သူ႔ကိုမ်က္ခုံးတြန႔္ခ်ိဳးကာ ၾကည့္ေနၾကသည္ ။ သူတို႔ရဲ႕ ေပ်ာ္႐ြင္ေနတဲ့ အခ်ိန္ေတြကို ဖ်က္ဆီးမိတဲ့ လူတစ္ေယာက္လို သူ႔ကို ဝိုင္းၾကည့္ေနၾကသည္ ။


" ေဘဘီ "


မနီးမေဝးက လူတစ္ေယာက္ရဲ႕ ခပ္သဲသဲ့ ေခၚသံက နားထဲဝင္လာသည္ ။သေဘာက်ခဲ့တဲ့ ထိုေခၚသံက အခုေတာ့ က်ိန္စာလိုျဖစ္ေနၿပီ ။


ဘာမွမေတြးေတာ့ပဲ သူ Waiter ကို တြန္းဖယ္ၿပီး ထြက္ေျပးခဲ့သည္ ။ အခုေတာ့ မ်က္ရည္ေတြကတားမႏိုင္ စီးမရ က်ေနၿပီ ။




ငါ နာက်င္ရလို႔ ေသေတာ့မွာပဲ ေဆာင္ဟြန္းရယ္ ။





ငါဘယ္ေလာက္ထိ ခ်စ္ေပးမွမင္းငါ့ကို ျပန္လွည့္ၾကည့္မွာလဲဟင္။ ငါဘယ္ အတိုင္းအတာထိ ခ်စ္ဖို႔လိုေသးလဲ ။







Club တံခါးကေန ထြက္ထြက္ခ်င္း သူဘယ္မွ မၾကည့္ပဲ ေျခဦးတည့္ရာ ေျပးသည္ ။ ရႈိက္သံမထြက္ေအာင္ ငိုေနရ၍ ရင္ဘတ္ေတြပါေအာင့္လာသည္ ။ ေျပးလည္းေျပး ငိုလည္း ငိုေနရ၍ မူးေမ့မတတ္ ျဖစ္ေနတဲ့ အခ်ိန္မွာ သူ႔ကိုအေနာက္ကေန ဆြဲလွည့္လိုက္တဲ့ လက္တစ္စုံ ။




အီဟီဆြန္း ။

ဂ်ယ္ယြန္း ႐ူးခ်င္သြားသည္ ။
နာက်င္ေနတဲ့ ဒဏ္ရာအေပၚ ဆားထည့္လိုက္သလိုပင္။
အျပင္ရွိတဲ့စိတ္က ဟီဆြန္းကို ျမင္လိုက္တာနဲ႔ တားမရေအာင္ ေပၚလာသည္ ။


ပင္ပန္းေနၿပီမို႔ သူ႔ကို လႊတ္ထားေပးလို႔မရဘူးလား ။


သူ႔ကို အၿမဲအရိပ္တၾကည့္ၾကည့္နဲ႔ ကူညီေပးတဲ့ ဟီဆြန္းကို သူလည္းအားနာလြန္း၍ ေသခ်င္စိတ္ေပါက္ေနၿပီ ။
ဟီဆြန္းရဲ႕ ၾကင္နာမႈေတြက မထင္မွတ္ပဲ သူ႔အေပၚဝန္ထုပ္ဝန္ပိုးျဖစ္လာေစသည္ ။ အထူးသျဖင့္ ဟီဆြန္းရဲ႕ ဖြင့္ေျပာမႉေနာက္မွာ ။ သူ ျပန္မေပးႏိုင္တဲ့ အခ်စ္ေတြကို ဟီဆြန္းေဟ်ာင္းက တစ္ခ်ိန္လုံးေတာင့္တေနမွန္း သိၿပီးေနာက္ပိုင္း ေနရပိုက်ပ္လာသည္ ။

ျဖစ္ႏိုင္လွ်င္ သူ ထြက္ေျပးခ်င္ၿပီ ။



" ကြၽန္ေတာ့္ကို လႊတ္ ေဟ်ာင္း "

ဂ်ယ္ယြန္းက လက္ကို အတင္း ေဆာင့္ခ်သည္ ။

" ဂ်ယ္ယြန္း ငိုေနတာလား- ဘာျဖစ္ - "

" ေတာ္ပါေတာ့လို႔ ! ကြၽန္ေတာ္ ပင္ပန္းလွၿပီ "


ဂ်ယ္ယြန္းက အာေခါင္ျခစ္ေအာ္သည္ ။ ေဒါသေတြက မ်က္ႏွာတြင္သာမက တစ္ကိုယ္လုံးကို ပ်ံ႕ႏွံ႔ေနၿပီ ။


" လိုက္မလာနဲ႔ ၊ ခင္ဗ်ားေကာ ဟို ပတ္ေဆာင္ဟြန္း ဆိုတဲ့ လူေကာ "


ဂ်ယ္ယြန္းက လမ္းမရွိတဲ့ အေမွာင္ထုထဲကို ဝင္ေျပးသည္ ။ မ်က္ရည္ေတြက်ေနေပမယ့္ လြတ္လပ္သြားသလိုခံစားရသည္ ။ သူ နာက်င္မႉေတြကေန လြတ္ေျမာက္ခ်င္ၿပီ ဘုရားသခင္ ။



끝 •

စာမလုပ္ခ်င္လို႔ စာေတြပဲစြတ္ထိုင္ေရးေနတာေလ 😭🤟🏻

Continue Reading

You'll Also Like

1.4K 139 13
𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 𝗫 𝗬𝗼𝗼𝗻 𝗝𝗮𝗲𝗵𝘆𝘂𝗸 𝗫 𝗪𝗮𝘁𝗮𝗻𝗮𝗯𝗲 𝗛𝗮𝗿𝘂𝘁𝗼
181K 18.6K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1K 85 6
U & Me = Universe #HeeJake
951K 21.8K 49
In wich a one night stand turns out to be a lot more than that.