ကမ္ဘာတည်သ၍ ချစ်နေမယ်
Part 4(Uni)
ရှောင်ကျန့်ရဲ့ လျင်မြန်သောအကြည့်က အနောက်ကသူစီ ကျရောက်သွားတယ်။ ချက်ချင်းဆိုသလို အမဲရောင်ဝတ်ဆင်ထားသောထိုသူက တိုက်အမြင့်ပေါ်ကနေ ရှောင်ကျန့်မျက်နှာရှေ့ကို တန်းရောက်လာခဲ့တယ်။ ရှောင်ကျန့်လဲ မျက်တောင်မခတ်ဘဲ စိုင်ကြည့်နေခဲ့တယ်။ သာမာန်လူဆို သူ့အကြည့်နဲ့တင် မေ့လဲသွားနိုင်တယ်။ ရှောင်ကျန့်က တစ်ခွန်းဘဲ ပြတ်သားစွာပြောလိုက်တယ်။
"မင်းက သမားတော်ဂူမလား"
"ဟားဟားဟား နှစ်ရှစ်ရာကြာတာတောင် ငါ့ကို မှတ်မိနေပေးလို့ ကျေးဇူးဘဲ"
"ခင်ဗျားကို သတ်ဖို့စောင့်နေတာလေ"
"ဟားဟား ကိုယ့်ကိိုကို အထင်သိပ်မကြီး သင့်ဘူး "
"စောင့်ကြည့်လေ"
ပြောပြီးတာနဲ့ ရှောင်ကျန့်စတင်တိုက်ခိုက်လေသည်။ ချွန်ထက်သော လက်သည်း များနဲ့ ရစ်တာက ပြန်တိုက်ခိုက်လေသည်။ ရစ်တာက ရှောင်ကျန့် နှလုံးရှိရာကို လက်သည်းနဲ့ ကုတ်ဖို့ရွယ်တုန်း ရှောင်ကျန့်က လျှင်မြန်စွာရှောင်ရှားခဲ့တယ်။ မဟုတ်ရင် သူ့နှလုံး ပေါက်ပြဲသွားနိုင်တယ်။ ရစ်တာကပြုံးရင် ပိုပြီး အစွမ်းကို သုံးလာတယ်။ဘာဘဲပြောပြော ရှောင်ကျန့်ထက်သူက စွမ်းအားပိုကြီးလေသည်။
ရှောင်ကျန့်ကတော့ လျင်မြန်သောနှုန်းနဲ့ ရစ်တာရဲ့ လက်မောင်းကို ကုတ်လိုက်ရာ သွေးတွေ တစ်တောက်တောက် စီးကျလာသည်။
"ကောင်လေး မင်း တိုးတက်လာသားဘဲ"
ပြောပြီးတာနဲ့ ရှောင်ကျန့်ရင်ဘက်ကို ကန်လိုက်လေသည်။ ရှောင်ကျန့်လဲ အနဲငယ်လွှင့်ထွက်သွားသည်။ ဘေးမှာ ကြည့်နေတဲ့ မိုင်ကယ်လဲ ရှောင်ကျန့်ရှေ့က ကာပြီး ရစ်တာကို စိုက်ကြည့်နေလိုက်တယ်။
"ငါ့သူငယ်ချင်းကို ထိဖို့ မကျန်နဲ့"
"ဟားဟား အပြောကြီးတာ"
မိုင်ကယ်လဲ စတင်တိုခိုက်လေသည်။ ရစ်တာက တစ်ချက်တည်းနဲ့ မိုင်ကယ်ရဲ့ မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်သည်။ မိုင်ကယ်မျက်နှာမှာ အညိုမဲဆွဲသွားသည်။ မိုင်ကယ်ကတော့ ရပ်တန့်မသွားဘဲ ဆက်တိုက်ခိုက်နေသည်။
"ကောင်လေး မင်းက ငါ့ပြိုင်ဖက်မဟုတ်ဘူး"
ရင်ဘက်ကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်တော့ မိုင်ကယ်တယောက်အဝေးကို လွင့်သွားသည်။ရှောင်ကျန့်က အလျင်အမြန် မိငြ်ကယ်စီသွားပြီး
"ပြေးတော့"
"ဟေ့ကောင် မင်းကတော့ .......ငါမင်းကို မထားသွားဘူး"
"ဟားဟား အတော်ချစ်တဲ့သူငယ်ချင်းတွေပါလား အဲ့လိုဆိုတော့လဲ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"
ရစ်တာအနားမရောက်ခင် ရှောင်ကျန့်က မိုင်ကယ်လက်မောင်းမှ ပင့်ကာ လေထဲတွင် ပျံတက်သွားပြီး လျင်မြန်တဲ့ နှုန်းနဲ့ပျောက်ကွယ်သွားတော့သည်။
ရစ်တာကတော့ ရက်စက်တဲ့အပြုံးကို ဖန်တီးကာ မင်းရော လူပြန်ဝင်စားတဲ့ နှစ်ယောက်စလုံး ငါ့လက်ထဲမှာ ပြန်ပြီး သေရမယ်။ ဟားဟားဟားဟား။ ထိုအချိန်သူ့ဘေးနားမှာ အမဲရောင်ခေါင်းစွပ်ဝတ်ထားသောသူတယောက်ပေါ်လာတယ်။
"ရစ်တာ မင်းကို ခေါင်းဆောင်ခေါ်ခိုင်းလိုက်တယ်"
"ကောင်းပြီ"
ရစ်တာလဲ ထိုသူနဲ့လိုက်သွားတော့တယ်။မဲမှောင်ပြီးလျှို့ဝှက်တဲ့နေရာရောက်တော့ ထိုင်ခုံမှာ ထိုင်နေတဲ့ အမဲရောင်အငွေ့တွေ လွှမ်းခြုံထားပြီး မျကိလုံး စုံမှိတ်ထားသော ခေါင်းဆောင်ကို တွေ့ရတယ်။
"ခေါင်းဆောင်ရောက်ပါပြီ"
"မင်းထွက်သွားတော့"
"ဟုတ်ကဲ့ပါ ခေါင်းေဆာင်"
ခေါင်းေဆာင်လဲမျက်လုံး ဖွင့်လာပြီး ရစ်တာရှေ့ကို တန်းရောက်လာကာ ရစ်တာရဲ့ လည်ပင်းကို ညှစ်လေသည်။ ရစ်တာလဲ ရုန်းကန်သော်လည်းအရာမထင်ပါ။ လေပေါ်ထိမြှောက်သွားပြီး ခေါင်းဆောင်ရဲ့ လက်ကို ကုတ်ခြစ်နေသည်။ ပြီးမှ ခေါင်းေဆာင်က လက်ကို လွှတ်ပေးလိုက်သည်။ ရစ်တာလဲ အောက်ကို ဖင်ထိုင်ရက်ကျသွားပြီး ဒူးထောက်လိုက်လေသည်။
"ငါမခိုင်းဘဲနဲ့ ရှောင်ကျန့်ကို ဘာလို့သွားထိတာလဲ"
"သူက တပည့်ရဲ့ ရန်သူပါ။ အာ့ကြောင့်"
ဖြောင်း....
ရစ်တာလဲဘာမှ ပြန်မပြောတော့ပေ။ ခေါင်းဆောင်ရဲ့အကျင့်ကို သိတာမို့။သူသာထပ်ပြောရင် ဟိုက အသက်ပျောက်အောင်လုပ်မယ်ဆိုတာ သိလို့ပါ။
"ရှောင်ကျန်ဆိုတဲ့ကောင်လေးက နှစ်တစ်ထောင်မြေခွေး အမြုတေ ပိုင်တယ်လေ။ သူ့စီက အမြုတေ နဲ့ အခုလက်ရှိ သူ့အစွမ်းပေါင်းလိုက်ရင် အမြုတေက နှစ်ထောင် ပြည့်တော့မယ်။ အာ့ကြောင့် သူ့စီပ အဖိုးမဖြတ်နိုင်တဲ့ ရတနာမရမချင်း မင်းသူ့ကို မထိနဲ့။ငါ့အမိန့်မရမချင်း လာမှ မလုပ်ပါနဲ့"
"တပည့်အတွေးတိမ်သွားတယ် နောက်တသ်ခါမဖြစ်စေရပါဘူး ခေါင်းဆောင်"
..................
ရီပေါ်တစ်ယောက်အလုပ်ကဆင်းတော့ အဆောက်အဦးရဲ့အနောက်ပေါက်ကနေ ထွက်လာခဲ့တယ်။ မထင်မှတ်ဘဲ လင်းလက်နေတဲ့အရာ တစ်ခုကို တွေ့တော့ ချက်ချင်းအနားကို သွားကြည့်တော့ ဆွဲကြိုးလေးဖြစ်နေတယ်။
"ခဏနေပါအုန်း ဒီဆွဲကြိုးကို ငါဘယ်မှာ တွေ့ဖူးပါလိမ့်"
"ဟေ့ ရီပေါ်"
ရီပေါ်လဲ တွေးလက်စကိုဖျောက်ကာ ဆွဲကြိုးကို သူ့အိတ်ထဲထည့်ပြီး သူ့ကို လာကြိုတဲ့ ကျင်းရီစီသွားလိုက်တယ်။
"ဘာလာလုပ်တာလဲ"
"မင်းကိုလာကြိုတာလေ"
"ဘာတွေ သဘောကောင်း"
"အမလေး သူငယ်ချင်းလေးကို စောင့်ရှောက်ရမှာ ငါ့တာဝန်လေ"
"မင်းဘာလိုချင်လို့လဲ"
"မင်းကတော့ လိမ်လို့ကိုမရဘူး ငါ့အကြောင်း ကောင်းကောင်းသိသားဘဲ"
"ဘာ"
"ငါ ပါးပါးရဲ့ ရှယ်ယာနဲနဲ ရောင်းစားလိုက်တယ်"
"ဘာ"
"ငါလဲ တကယ်ပိုက်ဆံလိုလိုပါ
အခုတော့ ပါးပါးသိသွားပြီး ငါ့ကို အိမ်ပေါ်က မောင်းထုတ်လိုက်လို့လေ မင်းစီမှာ လိုက်အိပ်မလို့"
"မရဘူး"
"ဟာရီပေါ်ကလဲ လုပ်ပါ"
"ဟွန့် မရဘူးပြောလဲ လိုက်အိပ်မှာဘဲကို အပိုတွေ လာသွားမယ်"
ကားစီးပြီးလမ်းပေါ်ရောက်မှ ရီပေါ်သူကောက်ရလာတဲ့ ဆွဲကြိုး ကိုသတိရသွားတယ်။ ဒါက ရှောင်ကျန့် ပစ္စည်းဘဲ ။ ထားလိုက်ပါလေ။ မနက်ဖြန် ကျောင်းရောက်မှပေးလိုက်တော့မယ်။
နောက်တစ်နေ့မနက်
.
.
.
.
ကျောင်းကိုစောစော သွားပြီး ရှောင်ကျန့်ကို စောင့်နေလေသည်။ကျောင်းသာဆင်းသွားတယ်။ ရှောင်ကျန့်ရောက်မလာပေ။ ရှောင်ကျန့်နေမကောင်းများဖြစ်နေသလား။ ငါသူ့အိမ်ကို သွားကြည့်ရင်ကောင်းမလား။သူ့အိမ်မှ မသိတာ။ ရုံးခန်းထဲက သု့ဖောင်သွားကြည့်ရင် သိနိုင်တယ်။
ရီပေါ်လဲ ကိုယ့်အတွေးအတိုင်းရုံးခန်းထဲက တီချယ်တစ်ယောက်ကို ခွင့်တောင်းကာကြည့်လိုက်ပြီး ဘတ်စ်ကားစီးကာ ရှောင်ကျန့်အိမ်ကိုသွားလေသည်။ အိမ်ရှေ့ရောက်တော့ ဘဲလ်တီးလိုက်တော့ ကောင်လေးတစ်ယောက်လာဖွင့်ပေးလေသည်။ ထိုသူမှာအရပ်ရှည်ရှည် အသားကဖြူစုတ်နေပြီး သွေးမရှိတဲ့အတိုင်းဘဲပင်။ ရှောင်ကျန့်နဲ့တော့မတူပေ။ တစ်ချိန်လုံးကို ပြုံးနေပြီး ဖော်ရွှေတယ်။
"ဒါက ရှောင်ကျန့်အိမ်လား"
မိုင်ကယ်လဲ ပန်းချိီထဲက ရှောင်ရဲ့ချစ်သူ ရီလေးသးဆိုသူနဲ့ ချွတ်စွပ်နီးပါးတူသူကို အတန်ကြာငေးကြည့်ပြီးမှ ဝင်ခဲ့လို့ ပြောလိုက်မိတယ်။ ရှောင် ပထမကပြောတုန်းက တူတယ်ဆိုတော့ ဆင်ရုံလောက်ဘဲ ထင်ထားတာ။ အခုတော့ ချွတ်စွပ်ပါလား။ အမြွှာထဲကထက်ပိုတူတယ်။
"ရှောင်ကျန့်သူငယ်ချင်းလား"
"ဟုတ်ပါတယ် သူကျောင်းမတက်လို့ လာကြည့်တာပါ"
"အင်း သူနေမကောင်းလို့ အပေါ်ထပ်ကို တက်သွားလိုက်နော် အစွန်ဘက်က သူ့အခန်း"
"ဟုတ်ကဲ့"
ရီပေါ်ပြောပြီးတာနဲ့ အပေါ်တက်ကို တက်သွားလိုက်တယ်။ အစွန်က ဘယ်အစွန်လား ညာအစွန်လာမပြောလိုက်တာကြောင့် ရီပေါ်လဲ လှေကားတစ်ဘေးက အစွန်အခန်းကိုဖွင့်လိုက်တယ်။ အခန်းထဲရောက်တာနဲ့ ထိုအခန်းက ပန်းချီခန်းမှန်းသိသာတယ်။ ပန်ချီတွေအများကြီးဆွဲထားပြီး နံရံတွေမှာ ဓာတ်ပုံဘောင်နဲ့ထဲ့ကာ ချိတ်ဆွဲထားသည်။ ရီပေါ်လဲ စိတ်ဝင်စားတာနဲ့ ပုံကို အနီးကပ်သွားကြည့်လိုက်တော့ မျက်လုံးပြူးသွားတယ်။ ထိုပုံထဲကသူက သူနှင့်မျက်နှာ ချွတ်စွပ်ပင်။ သို့သော်လည်း ပုံထဲကသူက ဟိုတုန်းက အဝတ်အစားများကို ဝတ်ထားတယ်။ပြိုင်ဖက်ကင်း အလှမျိုးကို ပိုင်ဆိုင်ထားပြီး အလှပဆုံးပြုံးနေခဲ့တယ်။ ဒါပေမဲ့ ထိုပုံထဲက သူက သူပုံလာ။မျက်နှာ ချင်းတူနေတာလား။
^. .............^
Vote နဲ့ cmt လေးတွေလိုချင်တယ်နော် ဒါဒါလေးတွေ။ မနေ့ညက တင်ပေးမလို့ကို ကိစ္စတစ်ခုရှိတာနဲ့ ရေးဖို့ကျန်နေတော့ ဒီနေ့မှ ဆက်ရေးပြီး တင်ပေးလိုက်ရတာပါ။ စောင့်နေပေးတဲ့ ဒါဒါလေးတွေ ကျေးဇူးပါ။ အိုက်နီ💚❤💛
ကမ္ဘာတည်သ၍ ချစ်နေမယ်
Part 4(Zaw)
"မင်းက သမားတော်ဂူမလား"
"ဟားဟား ကိုယ့်ကိုကို အထင်သိပ်မကြီး သင့်ဘူး "
"စောင့်ကြည့်လေ"
"ဟားဟား အပြောကြီးတာ"
"ပြေးတော့"
"ကောင်းပြီ"
"မင်းထွက်သွားတော့"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
"သူက တပည့်ရဲ့ ရန်သူပါ။ အာ့ကြောင့်"
ဖြောင်း....
..................
"ဟေ့ ရီပေါ်"
"ဘာလာလုပ်တာလဲ"
"မင်းကိုလာကြိုတာလေ"
"ဘာတွေ သဘောကောင်း"
"မင်းဘာလိုချင်လို့လဲ"
"ဘာ"
"ဘာ"
"မရဘူး"
"ဟာရီပေါ်ကလဲ လုပ်ပါ"
နောက်တစ်နေ့မနက်
.
.
.
.
"ဟုတ်ကဲ့"
^. .............^