Part 5(Uni+Zaw)

1.3K 137 7
                                    

ကမ္ဘာတည်​သ၍ ချစ်နေမယ်
Part 5(Uni)


"ဒီအခန်းကို ဘာလို့ရောက်နေတာလဲ"

အနောက်ကနေ ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် ရီပေါ်လဲလန့်ကာ ရှေ့က ဓာတ်ပုံကို တွန်းလိုက်မိသည်။

ခွမ်း.....

ဓာတ်ပုံဘောင်မှာ ကွဲသွားပြီး ဖနိကွဲစများနှင့်အတူ ပုံလဲ အောက်ကျသွားသည်။ အနောက်တွင်ရပ်နေသောရှောင်ကျန့်မှာ ဒေါသပိုထွက်သွားသည်။ရီပေါ်လဲ တုန်တုန်ရီရီနဲ့ အနောက်လှည့်လာပြီး

"ဟို ဟို တောင်းပန်ပါတယ်"

"မင်းကို ဘယ်သူဝင်ခိုင်းတာလဲ"

"ငါတောင်းပန်ပါတယ်"

အပေါ်ကနေအသံကြားတာကြောင့် မိုင်ကယ်လဲ ပြေးပြီးတက်လာသည်။ ရီပေါ်ကတော့ ဖန်ကွဲစတွေကို လက်နဲ့ရှင်းနေသည်။

"သူ့ကို မင်းဝင်ခွင့်ပေးလိုက်တာလား"

"ဟုတယ် မင်းနေမကောင်းလို့ သူက သတင်းလာမေးတာလေ ငါ့အပြစ်ပါ အခန်းကို သေချာမပြောလိုက်မိဘူး"

"ထွက်သွား ......ငါမင်းကို ထွက်သွားဖို့ပြောနေတယ်လေ"

ရှောင်ကျန့်အော်သံကြောင့် ရီပေါ့်မှာ လန့်ပြီး ဖန်စလက်ရှ သွားလေသည်။ သွေးကြောထိထိတာကြောင့်သွေးများပန်းထွက်လေသည်။ ရီပေါ်လဲ ဂရုမစိုက်ဟန်နဲ့ ထလိုက်ပြီး

"ငါလဲ လာချင်လို့လာတာမဟုတ်ဘူး မင်းကို ဆွဲကြိုးကို လာပေးတာ"

"ရော့"

"နောက်ဘယ်တော့မှမလာဘူး"

ရှောင်ကျန့်လက်ထဲကို ဆွဲကြိုး ထည့်ပေးလိုက်ပြီး ရီပေါ်လဲ ပြေးဆင်းသွားလေသည်။ နောက်ကျောခိုင်းကာ ထွက်လာရင်း မျက်ရည့်များလဲ ကျလာခဲ့သည်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ သူ့ဆွဲကြိုးကို ပြန်လာမပေးသင့်ဘူး။ ဒီတိုင်းထားခဲ့သင့်​တာ။

"အား'' နာလိုက်တာ ငါ့လက်"

..............

"မင်းလွန်တယ်နော် ရှောင်ကျန့် ဟိုက မင်းကို လာတွေ့တာကို ရန်တွေ့လွတ်တယ်ပေါ့"

Love poison S2 ကမ္ဘာတည်​သ၍ချစ်နေမယ်(Complete)Where stories live. Discover now