[Unicode]
အခန်း(၉):ပူပေါင်းဓါတ်ပုံရိုက်ကူးရေးနှင့် တို့ဟူးအကင်ချောင်း
ဆုနိုအတွက်တော့ အစည်းအဝေးပွဲများသည်
ကမ္ဘာပေါ်တွင် တွေ့ကြုံရတဲ့ အဆိုးရွားဆုံးအခက်အခဲများပင်။ယခုလိုကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် အဆာပြေမုန့်လည်းမစားနိုင်၊ စကားလည်းမပြောရဘဲ ကြော့ရှင်းပြီး အထက်တန်းကျကျဖြင့် ကိုယ်ဟန်အနေအထားကိုတောင် ထိန်းထိန်းသိမ်းသိမ်းထိုင်ပေးနေရသည်။
သေလိုက်ဖို့သာ ဆုတောင်းပြီးမျှော်လင့်လိုက်မိသည်။
ပိုလို့ ပိုဆိုးလာစေတာကတော့ အစည်းအဝေးရဲ့ခေါင်းစဉ်က ချိုးကျီယန်ကို ကြိုဆိုသည့်အကြောင်းပင်။
ဘယ်သူက ဒင်းကို ကြိုဆိုချင်နေလို့လဲ?ငါကတော့ လုံးဝ မကြိုဆိုဘူးကွ!!
မော်ဒယ်ဆုသည် နှလုံးသားထဲကနေ ဟိန်းဟောက်လိုက်၏။ 'မာဆယ်ကောင်တွေက မုန်းစရာအကောင်းဆုံးကောင်တွေပဲ!!'
တစ်နာရီလောက်ကြာတဲ့အထိ စင်ပေါ်ကလူကား သူ အာရုံလွဲလိုက်ရတဲ့အထိ ပြောနေတုန်းပင်။
ဆုနိုရဲ့မျက်လုံးများသည် အဝေးကို လှမ်းမျှော်ကြည့်နေပြီး စိတ်ကတော့ အတွေးထဲတွင် နစ်မျောလို့သွား၏။၀က်သားနီနှပ်ပဲ စားသင့်သလား ဒါမှမဟုတ် croquettes ပဲစားရင်ကောင်းမလားဟု အလေးအနက်ထားစဉ်းစားနေ၏။
'Teppanyakiဆိုတဲ့ နာမည်လေးကလည်း အသံကြားတာနဲ့တင် စားလို့ကောင်းမယ့်ပုံပဲ!!'
"နိုနို ဒီအဆိုပြုချက်ကို မင်းဘယ်လိုထင်လဲ?" bossက ရုတ်တရက် မေးလိုက်သည်။မော်ဒယ်ဆုကလည်း ပြင်းပြင်းထန်ထန်စဉ်းစားရင်း သူရဲ့မေးစေ့ကို
ပွတ်နေသည်။
'ဝက်သားနီနှပ်ကို ပဲနီနဲ့ပဲ တွဲစားရင်ကောင်းမလား (ဒါမှမဟုတ်) ရေညှိနဲ့ပဲ တွဲစားရင် ပိုကောင်းမလား အိုက်ယား...ဒါ တကယ်ကို ချရခက်တဲ့ဆုံးဖြတ်ချက်ပဲ!!'
ဒိုင်အန်းသည် သူ့အမူအရာကိုကြည့်လိုက်တာနဲ့ ဆုနိုတစ်ယောက် ဘာတွေတွေးနေသလဲဆိုတာကို ချက်ချင်းပင် သိလိုက်ရပြီ။ "နိုနို" လို့ခေါ်ပြီး လှမ်းပုတ်လိုက်ရမလားတောင် မသိတော့ပေ!
"အမ်??" ဆုနို လက်ရှိအခြေအနေကို ပြန်ရောက်လာချိန်တွင် လူတိုင်းရဲ့မျက်လုံးများက သူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်သေးသေးလေးက ထိန့်လန့်သွားရတော့၏။
'သေတာပဲ!ဘာဖြစ်သွားတာလဲ မသိဘူး?'
"အဲဒါကို မင်းဘယ်လိုသဘောရလဲ?" Bossက ထပ်မေးလိုက်၏။
လူအုပ်ရဲ့မျက်စိအောက်မှာ မော်ဒယ်ဆုသည် ရိုးရိုးသားသားဖြင့် အလိုက်သင့်ဖြေလိုက်ဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ချေ။ "မဆိုးဘူးလို့ထင်ပါတယ်"
"ဒါဆိုရင် အဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီ။" Boss က အရမ်းကျေနပ်သွားပုံပင်။ "ငါတို့အစည်းအဝေးကို ဒီနေ့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်!"
လူအုပ်ကြီးမှ လက်ခုပ်သြဘာပေးလိုက်ကြကာ အစည်းဝေးပွဲကို အဆုံးသတ်လိုက်ကြသည်။
'နောက်ဆုံးတော့ပြီးသွားပြီ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်၊ အကြာကြီးထိုင်ရလွန်းလို့ ငါ့ တင်ပါးတွေ နာနေပြီဟ!!
"မင်းနဲ့ ရှေ့လျှောက်အလုပ်အတူတူတွဲလုပ်ရဖို့ မျှော်လင့်ထားပါတယ် " ချိုးကျီယန်သည် ဆုနို၏ရှေ့တွင် ရပ်လိုက်ပြီး လက်ကိုကမ်းပေးရင်း ပြောလိုက်သည်။
'ဟင့်အင်း!! သူက အလုပ်အတူတူတွဲလုပ်ဖို့မျှော်လင့်ထားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ?' ဆုနိုရဲ့ မျက်လုံးများမှာ ပြူးကျယ် သွားရကာ...'မင်းဆေးမှားသောက်လာတာလား?ဘယ်သူက မင်းနဲ့ လက်တွဲပြီး အလုပ်လုပ်ချင်နေလို့လဲ!?'
"ငါ့မှာကိစ္စလေး တစ်ခုရှိလို့ အရင်ထွက်နှင့်လိုက်မယ်နော်။နောက်တစ်ကြိမ်မှ တွေ့ ကြတာပေါ့ ” ချိုးကျီယန် ပြုံးပြလိုက်ရင်း အစည်းအဝေးခန်းမထဲမှ လှည့်ထွက်သွားလိုက်သည်။
ဆုနို အတိုင်းထက်အလွန်စိတ်ရှုပ်ထွေးသွား၍ သူရဲ့မန်နေဂျာအား လှည့်ကြည့်လိုက်သည်။
"သူ ဘာကိုဆိုလိုသွားတာလဲ?”
"Bossက နောက်လထဲမှာ 'Fashion' မဂ္ဂဇင်းရဲ့နှစ်ပတ်လည်အခမ်းအနားရှိနေတာမို့ သူက မင်းနဲ့ ချိုးကျီယန်ကို အခမ်းအနားအတွက် ဓာတ်ပုံအနည်းငယ်လောက်ရိုက်စေချင်တယ်လို့ပြောလိုက်တာ"
မန်နေဂျာရဲ့မျက်လုံးတွေက စာနာမှုအပြည့်နဲ့...
"အဲ့ဒါကို မင်းက သဘောတူလိုက်တယ်”
'သေလိုက်ပါတော့ ဒါမဖြစ်နိုင်ဘူး!' ဆုနို တောင့်ခဲသွားပြီး မျက်လုံးလေးများကလည်း ပြူးကျယ်သွားကာ သူရဲ့ပါးစပ်မှာ 'O'ပုံစံပင် ဖြစ်သွားရတော့သည်။
'နေသာတဲ့နေ့မှာ မိုးကြိုးပစ်ချလိုက်သလိုမျိုး၊ ဝက်သားနီနှပ်တစ်ပန်းကန်ကြောင့် absကောင်နဲ့ ပရိုမိုးရှင်း ဓာတ်ပုံတွေ အတူတူတွဲရိုက်ရဖို့ ကပ်ဘေးဆိုးတစ်ခုလိုဖြစ်သွားရတာလား?'
သူ့မျက်လုံးထဲကနေ မျက်ရည်တွေ ထွက်ကျတော့မလို ခံစားလိုက်ရသည်။
"ဒါပေမယ့် ကံကောင်းချင်တော့ friendship ပုံစံလေးပဲပါအောင် ရိုက်ဖို့ဆိုတော့ သူတို့ အများကြီးရိုက်ဖြစ်မှာ မဟုတ်ပါဘူး ၁၀ပုံ သာသာလောက်ပါပဲ။မင်းမသိလိုက်ခင်မှာပဲ ပြီးသွားလိမ့်မယ်" မန်နေဂျာဖြစ်သူမှာ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"ဘာဖြစ်လို့ ငါနဲ့သူလဲ?" ဆုနိုသည် သူ့ဘဝအတွက် အစည်းအဝေးခန်းထဲမှာ အစားအသောက်အကြောင်းတွေးနေသည့်လျို့ဝှက်ချက်ကြီးကို ထုတ်မပြနိုင်ပေ။
'သာမာန်ဆို ယောက်ျားနှင့်မိန်းမ မဖြစ်သင့်ဘူးလား?ဒါမှ မျှမျှတတဖြစ်မှာပေါ့!'
"ဘာလို့လဲဆိုတော့ မင်းနဲ့ချိုးကျီယန်က လက်ရှိမှာနာမည်အကြီးဆုံးဖြစ်နေလို့ပေါ့" မန်နေဂျာက သတိပေးလိုက်သည်။ "ဟုတ်ပြီနော်။မင်း အခုစကားကို ပြန်ပြင်ပြောလို့ မရတော့ဘူး"
အထူးသဖြင့် မင်းက သက်သေအားလုံးရဲ့ ရှေ့မှောက်မှာသဘောတူခဲ့လို့ပဲ!
"ဒါတော့ ငါသိပါတယ်" ဆုနိုမှာ သနားစရာကောင်းလှစွာ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ " ချိုးကျီယန်ဘက်က ငြင်းပယ်မယ့်အလားအလာမျိုးရှိလား?"
မန်နေဂျာသည် သူ့အား မျှော်လင့်ချက် ရေးရေးလေးတောင်မပေးဘဲ မြန်မြန်ပြန်ဖြေလိုက်သည်။
" 0 ရာခိုင်နှုန်းပဲ။အစည်းအဝေးခန်းမထဲမှာတုန်းက သူ့အဖြေက မင်းထက်တောင် ပိုမြန်သေးတယ်"
'တကယ် ရွံစရာကောင်းလိုက်တာ!'
ဆုနိုသည် သူရဲ့လက်ကို ဒေါသတကြီးဆုပ်ပစ်လိုက်သည်။
"ဒါဆို ဒီည ငါအမဲသားကင်ဆယ်ချပ်စားချင်တယ်!"
ငါ့ရဲ့ ဒဏ်ရာရသွားတဲ့ နှလုံးသားလေးကိုသက်သာစေဖို့ ပြန်ကုစားရမယ်!
"ရတယ်၊မင်းကို တို့ဟူးနဲ့ကြက်ကြော်ကိုပါ အဆစ် ထပ်ကျွေးမယ်" မည်သို့ပင်ဖြစ်စေ အစည်းအဝေးခန်း၌ အခြား မည်သူတစ်ယောက်မျှမရှိသောကြောင့် မန်နေဂျာကလည်း သဘောတူလိုက်သည်။
"ဒါပေမယ့် မစားခင်မှာ မင်း Ren Rui အတွက်
ပရိုမိုးရှင်းဓါတ်ပုံတွေ ရိုက်ဖို့ ကျန်သေးတယ်။အဲ့တာတွေကို အရင် ရိုက်ရမယ်" ဆုနို သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒါတော့ ငါသိပါတယ်"
ပရိုဖက်ရှင်နယ်မော်ဒယ်တစ်ဦးအနေနှင့် သူရဲ့ ကျောနှင့်ခါးက နာကျင်နေတဲ့အပြင် တစ်မနက်လုံး အစည်းအဝေးခန်းမထဲ၌ ထိုင်နေခဲ့ရသော်လည်း ဆုနိုသည် ခေါင်းကိုညင်ညင်သာသာ ညိတ်ပြလိုက်ပြီး ဓာတ်ပုံရိုက်မည့်နေရာကိုမသွားခင် ကုမ္ပဏီမှ အစားသောက်ကန်တင်းဆီသို့ အပြေးလေး သွားစားလိုက်သေးသည်။
ဒီတစ်ခါရိုက်ကူးရေးကတော့ အင်္ဂလိပ်စတိုင်လ်စားသောက်ဆိုင်တစ်ခုမှာ ရိုက်ရမည်ဖြစ်ပြီး ဓာတ်ပုံရိုက်မယ့်ခေါင်းစဉ်က 'နေ့လည်ခင်းလက်ဖက်ရည်' ဖြစ်သည်။
လမ်းပြင်နေတဲ့အတွက် ကားလမ်းပိတ်ဆို့မှုမှာ အတော်လေးအခြေအနေ ဆိုးရွားလွန်းလှသည်။
ဆုနို ကားပေါ်မှာထိုင်နေရင်းဖြင့် သေလုမျောပါး ပျင်းရိနေရပြီ ဖြစ်သည်။
သူ ဖုန်းကိုထုတ်လိုက်ပြီး ဖိုရမ်အချို့ကို ပျင်းပျင်းဖြင့် ဝင်ကြည့်နေလိုက်သည်။
ရုတ်တရက် < ဒုက္ခနွံထဲမှ အချစ်: အာဏာရှင်ကြီးက ပြည့်တန်ဆာသည်ကောင်လေးကို ချစ်မြတ်နိုးသည် > ဝတ္ထုရဲ့ အပိုင်းသစ်အား ထပ်တင်ထားသည်ကို တွေ့လိုက်ရသည်။
ဒါဆိုရင်တော့ သူဆက်ဖတ်ဖို့လိုလာပြီ။မော်ဒယ်ဆုသည် အပိုင်းသစ်ကို ပျော်ပျော်ကြီးနှိပ်လိုက်၏။
ဆုနိုနိုမှာ သတိလစ်မေ့မျောနေသော်လည်း အမျိုးသားပြည့်တန်ဆာခေါင်း* က သူ့အား အနီရောင်ဝတ်စုံကို ဝတ်ဆင်ပေးထားပြီး ဝေါယာဥ်ပေါ် တင်ပေးလိုက်သည်။
T/N:အမျိုးသားပြည့်တန်ဆာခေါင်း*-ပြည့်တန်ဆာများကိုအုပ်ချုပ်သောအမျိုးသား
အသိတရားမရှိချက်က ဒေါသထွက်စရာပဲ!
အဲ့အချိန်မှာပဲ ခန်းမထည်ဝါတဲ့ ခန်းမကြီးရဲ့အလယ်မှာ အထက်တန်းလွှာက လူတစ်ယောက်သည် ဖျော်ဖြေပွဲကို ရှုစားနေရင်း အပြင်ဘက်မှယောကျ်ားတစ်ယောက်ရဲ့ အသံတစ်သံကို ကြားလိုက်၍ မှိတ်ထားသည့် မျက်ခွံကို ဖွင့်ကြည့်လိုက်သောအခါ နတ်တမျှ လှပတဲ့ အလှလေးတစ်ပါးကို တွေ့လိုက်ရသည်။
အနီရောင် ဆလွန်းထိုင်ခုံပေါ်တွင် ဆုနိုနိုသည် သူရဲ့ အကျီလည်ပင်းကို အနည်းငယ်ဟထားသည်မို့ ညှပ်ရိုးတစ်ခြမ်းကိုပင် မြင်နေရသည်။သူရဲ့ တင်ပါးများသည် လုံးဝန်းပြီး ပျော့ပျောင်းနေကာ သူရဲ့ခြေထောက်လေးများသည်လည်း ကျောက်စိမ်းကဲ့သို့ချောမွေ့နေသည်။ သူ သတိလစ်နေတာတောင် သူရဲ့ ဆွဲဆောင်မှုရှိသော အလှတရားကိုဖုံးကွယ် မထားနိုင်ခဲ့ပေ။
ဒီဖော်ပြချက်ကြီးက နည်းနည်းတော့ လွဲနေတယ်လို့ ဆုနို တွေးမိသည်။
ဆုနိုနိုရဲ့ ညှပ်ရိုးရော တင်ပါးရော ခြေထောက်တွေက အစ မြင်အောင် စက်ချုပ်သမားက ဘယ်လို အဝတ်အစားမျိုးကို ချုပ်ပေးလိုက်တာလဲ? အဝတ်အစားက ဝတ်ထားတယ်လို့ ပါပေမယ့်လည်း အဝတ်အစား မပါတာနဲ့ သိပ်မကွဲဘူး။သူတို့က သူ့ရဲ့ ညှပ်ရိုးတင်မကဘူး တင်တွေရော ခြေထောက်တွေပါ မြင်နေရတယ်!!အတွင်းထဲထိ မြင်နိုင်တဲ့ အကြည်ပိတ်စများ ဖြစ်နေလို့လား? Damm! အဲ့ကမ္ဘာကြီးက အခြားအဆင့်အနေအထားမှာ ရှိနေတာပဲ ဖြစ်ရမယ်!
ဆုနို သဘောကျသွားပြီး စိတ်လှုပ်ရှားစွာ ဆက်ဖတ်လိုက်သည်။
မြောက်ဘက်ပြည်နယ်တွေမှာ သက်ရှိလောကကို ရောက်လာတဲ့ အမတနတ်ဘုရားလို လှပတဲ့ လူတွေရှိကြလေတဲ့!!
ဆုနိုနိုကို မြင်ပြီးတဲ့နောက်မှာ လူအုပ်ကြီးက ကဗျာတွေကို သီကုံးကြပြီး ဒီလို အလှလေးတွေကြောင့် ဒီလောကကြီး ဘယ်လိုတွေဖြစ်ကုန်ကြမလဲ တွေးမိရင်း သက်ပြင်းချလိုက်ကြသည်။
သူလေးသာ သူတို့ရဲ့သင်္ချိုင်းပေါ်မှာ လဲလျောင်းပေးရင်တောင်မှ သူတို့ရဲ့ အသက်များက ထိုက်တန်နေပြီ ဖြစ်သည်။
ဒါပေမယ့်လည်း လေလံပွဲ စတင်တော့မည့်အချိန်တွင် အပြင်ဘက် တံခါးမှ ရုတ်တရက်ကြီး အလင်းရောင်တွေဖြာကျလာမှုကြောင့် လူအုပ်ကြီးရဲ့ ခွေးမျက်လုံးတွေကိုပါ ကန်းလုနီးပါး ဖြစ်သွားစေသည်။
ရဲမက် ၃၀ ခန့်က လေလံပွဲရှေ့တွင် တစ်ဖက်နဲ့တစ်ဖက် ဝိုင်းထားလိုက်ကြပြီး သူတို့ရဲ့ လက်နက်များကိုလည်း အထဲကို ဝင်လာသည့် အရှိန်အဝါ ကြီးမားပြီး အေးစက်တဲ့မျက်နှာထားရှိတဲ့ လူတစ်ယောက်ကို ချိန်ရွယ်ထားလိုက်ကြသည်။
ထိုလူမှာ ကောင်းကင်ရဲ့ ချီးမြောက်မှုကို ခံရတဲ့ အငယ်ဆုံး ချစ်မြတ်သားလေး အိုးရန်ကျင်းလုံပင် ဖြစ်သည်။
သူရဲကောင်းက အလှလေးကိုကယ်တင်တော့မယ်ဟ......ဆုနို ဒီအခန်းကိုဆက်ဖတ်ရန် ပို၍ စိတ်လှုပ်ရှားလာတော့သည်။ဒီလို ဇာတ်လမ်းမျိုးက အလွန်ကျေနပ်ဖွယ်ကောင်းလှ၏။
အဲ့ဒီနောက် အိုးရန်ဝမ်ရယ်က ဆုနိုနိုကို ဂရုစိုက်ဖို့ နန်းတော်သို့ မခေါ်သွားခင်လေးမှာ ဒီလူ့ငနွားတွေရဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမယ့်လို့ ပြောလိမ့်မယ်။
သူတို့နှစ်ယောက်က အချိန်တွေ အတူတူ ကုန်ဆုံးပြီးတဲ့ နောက် တဖြည်းဖြည်း တစ်ဦးပေါ်တစ်ဦး ချစ်မိသွားကြပြီး အဲ့ဒီအချိန်ကနေစပြီးတော့ တစ်ယောက်ဘေးမှာ တစ်ယောက်မှီခိုကပ်တွယ်ရင်း လောကကြီးရဲ့ အဖြစ်အပျက်တွေကို အတူတကွ ကြည့်နေကြလိမ့်မယ်။ဒီထက်လှပတဲ့ မြင်ကွင်းလေးရှိပါတော့မလား!!!
.
.
.
.
.
"မင်းတို့လိုညစ်ပတ်တဲ့ ဆန်ကုန်မြေလေးတွေက ဒီအလှတရားကိုလက်ဝါးကြီးအုပ်ဝံ့တာလား? "
အိုးရမ်ဝမ်ရယ် သူတို့ကိုအေးစက်သောအကြည့်နှင့် လင်းယုန်ကဲ့သို့ စူးစိုက်ကြည့်လိုက်၏။
သူ့တို့ရှေ့က လူရဲ့ အသံကိုကြားသည်နှင့် ပရိသတ်ရှေ့မှောက်ရှိရဲမက်များက ရေခဲရုပ်တုများအဖြစ် ချက်ချင်းအေးခဲသွားတော့သည်။
"ဝမ်ရယ် ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ !!အမျိုးသား
ပြည့်တန်ဆာခေါင်းက ဒူးထောက်ခယကာ ငိုယိုပြီး တောင်းပန်နေတဲ့အပြင် တစ်ဖက်ကလည်း ဆုနိုနို အား ဆက်သနေသည်။ "ဒီကျွန်က ဒီအလှလေးကို ဝမ်ရယ်ဆီ ဆက်သခွင့်ပြုဖို့ တောင်းဆိုပါတယ်"
"ဒီမင်းသားက အခြားသူတွေသုံးထားတဲ့အရာတွေကိုတပ်မက်တာမဟုတ်ဘူး " အိုးရန်ဝမ်ရယ်သည် မတ်တပ်ထရပ်လိုက်ပြီး ဒီအကြောင်းအရာကို ဆက်ဆွေးနွေးဖို့ရန်မဆိုထား ကြည့်တောင်မကြည့်ချင်တော့ပေ။
"ဂုဏ်သိက္ခာရှိတဲ့ ဝမ်ရယ်....ဒီအလှလေးက အခုထိမခူးစွတ်ရသေးတဲ့ သန့်ရှင်းစင်ကြယ်တဲ့ပန်းလေးပါ ကျေးဇူးပြုပြီး တစ်ချက်စစ်ကြည့်ပေးပါ " ပြည့်တန်ဆာခေါင်းသည် ဝမ်ရယ်က ပန်းပွင့်လေးကို အဆင်သင့် စစ်ဆေးနိုင်ရန်အတွက် ဆုနိုနိုရဲ့အကျီကို ချွတ်ရန် တစ်ခြားတစ်ယောက်ကို အလျင်စလို အမိန့်ပေးလိုက်သည်။
အိုးရန်ဝမ်ရယ်သည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး အတွင်းထဲကိုထိုးသွင်းကြည့်ရာ ဆုနိုနိုရဲ့ယောကျာ်းအပျိုစင် အမှေးပါးတွေက နဂိုအတိုင်းမပျက်စီးဘဲရှိနေသေးသည်ကို တွေ့လိုက်ရသည်။သူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ထိုလူကိုပွေ့ချီကာ နန်းတော်သို့ ပို့ဆောင်စေလိုက်သည်။
ဆုနိုသည် ပါးစပ်ထဲမှသွေးအပွတ်လိုက် အန်ထွက်သွားရသည်။ဒီထိတ်လန့်စရာကောင်းလွန်းတဲ့ ပလော့ကြီးကဘာလဲ? သူ တယ်လီပို့တင်းဆိုတာကြီးကို သည်းခံနိုင်တယ်။ဒါပေမယ့် ဒီအပျိုစင်ဘာ..... အမှေးပါး?!
ထို့နောက် မနေ့ကဖျက်ပစ်လိုက်သောအခန်းသို့ရောက်လာပြီး အိုးရန်ဝမ်ရယ်သည် ဆုနိုနိုရဲ့ ဂန္ဓာမာပန်းလေးကို ဂရုတစိုက်စစ်ဆေးပြီးနောက် သူ အတင်းရုန်းကန်၍ အော်ဟစ်နေသည်ကိုပင် လျစ်လျူရှုထားပြီး အလှလေးကို ရယူရန် တွန်းအားပေးခဲ့သည်။
ဒီအိုးရန်ဝမ်ရယ်က အရမ်းကို သားရဲဆန်လွန်းတယ်! အဓမ္မလုပ်တာက လူကို စစ်မှန်တဲ့ mainlead အဖြစ် မြင်အောင်မပြနိုင်ဘူးကွ!
ဒီတစ်ခန်းလုံးသည် အသက်မပြည့်သေးသော ဖတ်ရှုသူများအတွက် မသင့်တော်သောအကြောင်းအရာတွေသာပါတဲ့ အပိုင်းကြီးတစ်ခုဖြစ်ခဲ့သည်။စာရေးသူသည် အိုးရန်ဝမ်ရယ်၏မာကျောမှု၊ အရောင်နှင့်အရွယ်အစားအကြောင်း ထိုအရာက ဆုနိုနိုရဲ့ဂန္ဓာပန်းပေါ်သို့ရွှေ့လိုက်သည့်အကြောင်း၊ သူ့နို့သီးခေါင်းလေးတွေကဘယ်လောက်နူးညံ့ပျော့ပျောင်းသည့်အကြောင်းများပင်.......
ဒီအခြေအနေကနေ နည်းလမ်းကျကျပြောရရင်ဖြင့် ဒီနှစ်ယောက်ထက်ပိုပြီး လိုက်ဖက်တာမျိုး မရှိတော့သလို။
" ထူးဆန်းချက်ကြီးပဲ!!
အစပိုင်းမှာ ဆုနိုနိုသည် သူ ဘာဖြစ်နေလဲဆိုတာကို သိသွားပြီး ရုန်းကန်နေခဲ့၏။သို့ပေမယ့်နောက်ပိုင်းမှာတော့ သူ ခံစားချက်ကောင်းကို ခံစားမိသွားပြီး သူ့စိတ်ထဲရှိ အတွေးအားလုံး လွင့်မျောသွားနေတဲ့ shou လေးအဖြစ်ပြောင်းလဲသွားကာ ဝမ်ရယ်ကို ပြန်လည်ပွေ့ဖက်ထားခဲ့ပြီး သူ့ကို နှစ်ပေါင်းတစ်ရာ လျစ်လျူရှုခံထားခဲ့ရသလိုမျိုး ပြင်းပြင်းလေး လုပ်ပေးရန် အော်ဟစ် ညည်းတွားနေတော့သည်။
သူတို့နှစ်ဦးစလုံးသည် အခန်းထဲကနေ မထွက်ဘဲ သုံးရက် သုံးညလုံးလုံးမရပ်မနားဘဲ အားသွန်ခွန်စိုက် လုပ်နေခဲ့ကြသည်။စတုတ္ထမြောက်နေ့တွင် ဝမ်ရယ်သည် နောက်ဆုံးဗိုက်ဆာလာသဖြင့် သူ့ကျေးကျွန်များအား စားစရာများယူလာရန် အမိန့်ပေးလိုက်သည်။ဆုနိုနိုရဲ့ ခန္ဓာကိုယ်သည် ပျော့ညံ့ပြီး အားနည်းနေသဖြင့် သူ ကုတင်ပေါ်တွင် လဲလျောင်းနေရင်း သူစားထားသည်များကို အန်ထုတ်ပစ်လိုက်သည်။
ထို့နောက် တော်ဝင်သမားတော်ကို အမြန်စစ်ဆေးစေပြီးနောက် ဝမ်ရယ်အား ဂုဏ်ပြုသည့်အနေနှင့် ထိုလူသည် ချက်ချင်းဒူးထောက်လိုက်ကာ ဒီလူမှာ ကိုယ်ဝန်ရှိနေကြောင်း ဖြေကြားလိုက်သည်။
ဝမ်ရယ်မှာ ထိုစကားတွေကိုကြားသောအခါ သူ့ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်လာကာ
သူသည် တခဏအတွင်းဘဝသင်ခန်းစာများစွာကို ရုတ်တရက် သင်ယူရရှိလိုက်သည်။ဆုနိုနိုအား ကြင်ယာတော်ရာထူးပေးရန် ဆုံးဖြတ်ခဲ့ကာ သူသည် ပြိုင်ဘက်မရှိသည့် ခမ်းနားသောနန်းဆောင်တစ်ဆောင်ကို သူ့အတွက်တည်ဆောက်ပေးခဲ့သည်။
ထို့နောက် <ဒုက္ခနွံထဲမှ အချစ်:အာဏာရှင်ကြီးက ပြည့်တန်ဆာသည်ကောင်လေးကိုချစ်မြတ်နိုးသည် > ဝတ္ထုရှည်သည် 'ဘမ်း ' ဟု၍ Volume 1 ပြီးဆုံးသွားပြီ ဖြစ်သည်။
<စာရေးသူက Volume 2ကို ရေးနေတုန်းဖြစ်သည့်အတွက် ဆက်လက်အားပေးဖို့ မျှော်လင့်ပါတယ်!>
ဆုနို၏ခေါင်းထဲတွင် တတီတီဟူသော အသံကို ကြားလိုက်ရသလိုမျိုး ခေါင်းသည် ချာချာလည်အောင်မူးသွားရသည်။
ဒီကြောက်စရာကောင်းတဲ့အမျိုးသမီးတွေက ဘာတွေလဲ!!
.
.
.
.
.
.
"နိုနို!" မန်နေဂျာသည် သူ့ရဲ့ မျက်နှာရှေ့တွင် လက်ကိုဝှေ့ယမ်းလိုက်ကာ "မင်း ဘာတွေစဉ်းစားနေတာလဲ?"
"အင်? ဘာမှမဟုတ်ဘူး။ " အခုမှ ဆုနိုရဲ့စိတ်နဲ့ ကိုယ် ပြန်ကပ်တော့သည်။
"ငါတို့ ရောက်ပြီ။ကားပေါ်က ဆင်းရအောင် " မန်နေဂျာသည် သူ့ရဲ့ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး
"ငါတို့ ရိုက်ကူးရေးပြီးတာနဲ့ စောစောအနားယူရအောင် မင်းကို ကြည့်ရတာ ပင်ပန်းနေပုံရတယ် "
ဒါကအိပ်တာနဲ့ ဘာမှမဆိုင်ဘူး!!ငါက အံ့သြသွားလွန်းလို့ပါ ! ဒီ ကိုယ်ဝန်ရှိသွားတယ်ဆိုတာကြီးက တိုက်ဆိုင်တာမှမဟုတ်ရင် ဘာဖြစ်မှာလဲ!!
ကားပေါ်မှဆင်းလာပြီးနောက် ချက်ချင်းပင် အိုးရန်လုံ နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့သည်။
"ဒါရိုက်တာ..." ဒိုင်အန်း နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဒါရိုက်တာ" ဆုနို သူရဲ့ နှလုံးသားထဲ၌ ဝုန်းဒိုင်းကြဲသွားရင်းဖြင့် ခပ်တိမ်တိမ်ပြန်ပြုံးပြလိုက်ကာ နှုတ်ဆက်လိုက်သည်။
ဒီကောင်နဲ့ နောက်တစ်ကြိမ် ထပ်တွေ့ခွင့်ရတာက ဘယ်လိုတောင် ခွေးထက်ဆိုးတဲ့ ကံကောင်းမှုကြီးလဲ!
ထို့နောက် သုံးယောက်သားဓာတ်လှေကားရှိရာသို့ အတူတူဝင်လာကြသည်။အိုးရန်လုံက စက္ကူအိတ်တစ်အိတ်ကိုလက်ထဲ၌ ကိုင်ထားပြီး အနံ့မှာ လူတွေကို ဆွဲဆောင်နေသည့်အငွေ့အသက်များ ထွက်ပေါ်နေကာ ဆုနိုသည် ချက်ချင်းဆိုသလို သွားရည်များကျလာရသည်။
သူ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်အောင်အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ သူ့မျက်လုံးတွေက အဲဒီ ဦးတည်ရာဆီကိုသာ အကြည့်မခွာနိုင်ဘူး ဖြစ်နေ၏။
"အဟမ်း..ဒါရိုက်တာက နေ့လည်စာ မစားရသေးဘူးလား?" မန်နေဂျာသည် သူ့ရဲ့ အလှလေးဆုနိုကို အရှက်ကွဲရခြင်းမှ ကယ်တင်ရန် သတိပေးသည့်အနေဖြင့် စကားစပြောလိုက်သည်။
ဆုနို သူရဲ့နှာခေါင်းကို တို့ထိလိုက်ပြီး
အကြည့်များကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့် အပေါ်သို့လှမ်းလွှဲလိုက်သည်။
" ကျွန်တော့်အတွက် မဟုတ်ပါဘူး။ဓာတ်ပုံဆိုက်ထဲကကောင်မလေးတွေက အသား၀ယ်ကျွေးနိုင်မလား ပြောထားကြလို့ပါ" အိုးရန်လုံက ပြုံးပြီး" ဒီဆိုင်ကို ဖြတ်သွားတာ ကြုံလို့ ကားခဏရပ်ပြီး အမဲသားနဲ့ဘဲလည်ပင်းအချို့ ၀ယ်လာခဲ့လိုက်တာလေ"
မင်းက အစားအသောက်သမားစစ်စစ် တစ်ယောက်မဟုတ်ဘူးဆိုတာ ငါချက်ချင်းပြောနိုင်တာပေါ့ !
ဆုနို သူစိတ်ထဲတွင် ဒါရိုက်တာကို ဝေဖန်ပိုင်း
ခြားနေပြီ ဖြစ်သည်။ဘာလို့လဲဆိုတော့ အဲ့ဒီဆိုင်က ဘဲတောင်ပံနဲ့ တို့ဟူးကသာ အရသာအရှိဆုံးကို ဘာလို့ ဘဲလည်ပင်း ဝယ်လာရတာလဲ?ဒါက အဓိက အချက်ပဲ!!
dingdong အသံတစ်ခုထွက်ပေါ်လာပြီးနောက် ဓာတ်လှေကားတံခါး ပွင့်လာသည့်အချိန်တွင် မန်နေဂျာဆီမှ ရုတ်တရက် အသံထွက်လာကာ " အိုက်ယား.....ငါ ကားထဲမှာ ဖုန်းမေ့သွားတယ်"
"ဒါဆိုရင် သွားယူလိုက်လေ " ဆုနိုသည် ဓာတ်လှေကားတံခါးများကို ဖွင့်ထားပေးလိုက်၏။
မန်နေဂျာသည် အလျင်အမြန်သွားယူနေပေမယ့် ကားက မြေအောက်ခန်းနှစ်ထပ်မှာ ရပ်ထားခဲ့တာကြောင့် အိုးရန်လုံက ပြောလိုက်သည်။ " ကိုယ်တို့ ဘာလို့အရင်မတက်နှင့်တာလဲ? ဓာတ်ပုံရိုက်တဲ့ဘက်က တော်တော်ကြာကြာ စောင့်နေရလိမ့်မယ်နော် "
"ဟုတ်သားပဲ " ဆုနိုသည် မိတ်ကပ်လိမ်းပြီး အ၀တ်လဲရန် လိုသေးသည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။
သူအရမ်းနောက်ကျသွားရင် မကောင်းဘူးလေ!
ဓာတ်လှေကားသည် တဖြည်းဖြည်းချင်းတက်သွားကာ အိုးရန်လုံက စက္ကူအိတ်ကိုဖွင့်၍ မေးလိုက်သည်။
" တစ်ခုခုယူအုံးမလား?"
ဆုနိုရဲ့ခံစားချက်တွေနဲ့ အမူအယာက ကွဲလွဲစွာ "မစားတော့ပါဘူး။ ကျေးဇူးတင်ပါတယ်"
" ဒီဆိုင်က တို့ဟူးကြော်က တကယ်စားကောင်းတယ်။ မြည်းကြည့်ပါလား?" အိုးရန်လုံ တို့ဟူးတစ်ချောင်းကိုထုတ်လိုက်သည်။
'Yes!!!!မင်း တို့ဟူးကို တကယ် ၀ယ်ခဲ့တာပေါ့! အမဲသားနဲ့ဘဲလည်ပင်းပဲ ဝယ်လာတယ်ထင်နေတာ တို့ဟူးဆိုတဲ့အသံလေးက စွဲမက်စရာကောင်းလိုက်တာ!
ဆုနို သူ့နှလုံးသားထဲတွင် ရူးသွားတော့မလို ဖြစ်သွားခဲ့သော်လည်း ကမ်းလှမ်းမှုကို အေးတိအေးစက်နှင့် ဆက်လက်ငြင်းဆန်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ကျွန်တော် တကယ်ဗိုက်မဆာလို့ပါ"
အမှန်မှာ သူစားချင်လွန်းလို့ အရမ်းကို သူတော်ကောင်း ယောင်ဆောင်နေရ၏။
" မင်းရဲ့မန်နေဂျာဒီမှာမရှိပါဘူး။ငါ ဘယ်သူ့ကိုမှ ပြန်မပြောဘူးလေ " အိုးရန်လုံက သူရဲ့ ကမ်းလှမ်းမှုအပေါ်အလွန်ရိုးသားစွာဖြင့် တို့ဟူးကို သူ့ပါးစပ်ရှေ့တွင်ကိုင်ထားကာ မြေပဲနှင့် ဟင်းခတ်ရွက်များကို တို့ဟူးပေါ် ဖြူးနေလိုက်သည်။
'Damn it!! ဒါ သူ့မန်နေဂျာနဲ့ဘာမှမဆိုင်ဘူးလေ။သူက ငါဘာကိုကြိုက်တယ်ဆိုတာကိုသိတယ်။
ဒါပေမယ့် အဲဒါက အဓိကအချက် မဟုတ်ဘူး။
တကယ့် အဓိကအချက်က သူ့ရှေ့ကလူက
သူဘယ်လောက်စားနိုင်တယ် ဆိုတာသိနေတာပဲ!!'
သူ ဆက်ပြီးဟန်ဆောင်နေမယ်ဆိုရင် သူ ပိုပြီး အတင်း အတိုက်အခံလုပ်နေတာ ဖြစ်သွားလိမ့်မယ်!!
ဆုနို သူရဲ့ ပါးစပ်ကိုဟလိုက်ပြီး တို့ဟူးကို တစ်ဝက်ကျော်ကျော် ကိုက်ချလိုက်သည်။
Damn, မျှော်လင့်ထားတဲ့ အတိုင်းပဲ အရသာရှိလွန်းတယ်!
အိုးရန်လုံ သူရဲ့ ရယ်သံကိုမထိန်းနိုင်တော့ဘဲ တို့ဟူးချောင်းလေးကို သူ့အား ကမ်းပေးလိုက်သည်။
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အခန္း(၉):ပူေပါင္းဓါတ္ပုံ႐ိုက္ကူးေရးႏွင့္ တို႔ဟူးအကင္ေခ်ာင္း
ဆုႏိုအတြက္ေတာ့ အစည္းအေဝးပြဲမ်ားသည္
ကမ႓ာေပၚတြင္ ေတြ႕ၾကဳံရတဲ့ အဆိုး႐ြားဆုံးအခက္အခဲမ်ားပင္။ယခုလိုကဲ့သို႔ေသာပတ္ဝန္းက်င္မ်ိဳးတြင္ အဆာေျပမုန္႔လည္းမစားႏိုင္၊ စကားလည္းမေျပာရဘဲ ေၾကာ့႐ွင္းၿပီး အထက္တန္းက်က်ျဖင့္ ကိုယ္ဟန္အေနအထားကိုေတာင္ ထိန္းထိန္းသိမ္းသိမ္းထိုင္ေပးေနရသည္။
ေသလိုက္ဖို႔သာ ဆုေတာင္းၿပီးေမွ်ာ္လင့္လိုက္မိသည္။
ပိုလို႔ ပိုဆိုးလာေစတာကေတာ့ အစည္းအေဝးရဲ႕ေခါင္းစဥ္က ခ်ိဳးက်ီယန္ကို ႀကိဳဆိုသည့္အေၾကာင္းပင္။
ဘယ္သူက ဒင္းကို ႀကိဳဆိုခ်င္ေနလို႔လဲ?ငါကေတာ့ လုံးဝ မႀကိဳဆိုဘူးကြ!!
ေမာ္ဒယ္ဆုသည္ ႏွလုံးသားထဲကေန ဟိန္းေဟာက္လိုက္၏။ 'မာဆယ္ေကာင္ေတြက မုန္းစရာအေကာင္းဆုံးေကာင္ေတြပဲ!!'
တစ္နာရီေလာက္ၾကာတဲ့အထိ စင္ေပၚကလူကား သူ အာ႐ုံလြဲလိုက္ရတဲ့အထိ ေျပာေနတုန္းပင္။
ဆုႏိုရဲ႕မ်က္လုံးမ်ားသည္ အေဝးကို လွမ္းေမွ်ာ္ၾကည့္ေနၿပီး စိတ္ကေတာ့ အေတြးထဲတြင္ နစ္ေမ်ာလို႔သြား၏။၀က္သားနီႏွပ္ပဲ စားသင့္သလား ဒါမွမဟုတ္ croquettes ပဲစားရင္ေကာင္းမလားဟု အေလးအနက္ထားစဥ္းစားေန၏။
'Teppanyakiဆိုတဲ့ နာမည္ေလးကလည္း အသံၾကားတာနဲ႔တင္ စားလို႔ေကာင္းမယ့္ပုံပဲ!!'
"ႏိုႏို ဒီအဆိုျပဳခ်က္ကို မင္းဘယ္လိုထင္လဲ?" bossက ႐ုတ္တရက္ ေမးလိုက္သည္။ေမာ္ဒယ္ဆုကလည္း ျပင္းျပင္းထန္ထန္စဥ္းစားရင္း သူရဲ႕ေမးေစ့ကို
ပြတ္ေနသည္။
'ဝက္သားနီႏွပ္ကို ပဲနီနဲ႔ပဲ တြဲစားရင္ေကာင္းမလား (ဒါမွမဟုတ္) ေရညႇိနဲ႔ပဲ တြဲစားရင္ ပိုေကာင္းမလား အိုက္ယား...ဒါ တကယ္ကို ခ်ရခက္တဲ့ဆုံးျဖတ္ခ်က္ပဲ!!'
ဒိုင္အန္းသည္ သူ႕အမူအရာကိုၾကည့္လိုက္တာနဲ႔ ဆုႏိုတစ္ေယာက္ ဘာေတြေတြးေနသလဲဆိုတာကို ခ်က္ခ်င္းပင္ သိလိုက္ရၿပီ။ "ႏိုႏို" လို႔ေခၚၿပီး လွမ္းပုတ္လိုက္ရမလားေတာင္ မသိေတာ့ေပ!
"အမ္??" ဆုႏို လက္႐ွိအေျခအေနကို ျပန္ေရာက္လာခ်ိန္တြင္ လူတိုင္းရဲ႕မ်က္လုံးမ်ားက သူ႕ကိုၾကည့္ေနသည္ကိုေတြ႕လိုက္ရသည္။ထို႔ေၾကာင့္ သူ႕ရဲ႕ခႏၶာကိုယ္ေသးေသးေလးက ထိန္႔လန္႔သြားရေတာ့၏။
'ေသတာပဲ!ဘာျဖစ္သြားတာလဲ မသိဘူး?'
"အဲဒါကို မင္းဘယ္လိုသေဘာရလဲ?" Bossက ထပ္ေမးလိုက္၏။
လူအုပ္ရဲ႕မ်က္စိေအာက္မွာ ေမာ္ဒယ္ဆုသည္ ႐ိုး႐ိုးသားသားျဖင့္ အလိုက္သင့္ေျဖလိုက္ဖို႔ကလြဲၿပီး အျခားေ႐ြးခ်ယ္စရာ မ႐ွိေတာ့ေခ်။ "မဆိုးဘူးလို႔ထင္ပါတယ္"
"ဒါဆိုရင္ အဲ့လိုပဲ ဆုံးျဖတ္လိုက္ၿပီ။" Boss က အရမ္းေက်နပ္သြားပုံပင္။ "ငါတို႔အစည္းအေဝးကို ဒီေန႔ ဒီေနရာမွာပဲ အဆုံးသတ္လိုက္မယ္။အားလုံးကိုေက်းဇူးတင္ပါတယ္!"
လူအုပ္ႀကီးမွ လက္ခုပ္ၾသဘာေပးလိုက္ၾကကာ အစည္းေဝးပြဲကို အဆုံးသတ္လိုက္ၾကသည္။
'ေနာက္ဆုံးေတာ့ၿပီးသြားၿပီ ဘုရားသခင္ကိုေက်းဇူးတင္ပါတယ္၊ အၾကာႀကီးထိုင္ရလြန္းလို႔ ငါ့ တင္ပါးေတြ နာေနၿပီဟ!!
"မင္းနဲ႔ ေ႐ွ႕ေလွ်ာက္အလုပ္အတူတူတြဲလုပ္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္ " ခ်ိဳးက်ီယန္သည္ ဆုႏို၏ေ႐ွ႕တြင္ ရပ္လိုက္ၿပီး လက္ကိုကမ္းေပးရင္း ေျပာလိုက္သည္။
'ဟင့္အင္း!! သူက အလုပ္အတူတူတြဲလုပ္ဖို႔ေမွ်ာ္လင့္ထားတယ္ဆိုတာက ဘာကိုဆိုလိုတာလဲ?' ဆုႏိုရဲ႕ မ်က္လုံးမ်ားမွာ ျပဴးက်ယ္ သြားရကာ...'မင္းေဆးမွားေသာက္လာတာလား?ဘယ္သူက မင္းနဲ႔ လက္တြဲၿပီး အလုပ္လုပ္ခ်င္ေနလို႔လဲ!?'
"ငါ့မွာကိစၥေလး တစ္ခု႐ွိလို႔ အရင္ထြက္ႏွင့္လိုက္မယ္ေနာ္။ေနာက္တစ္ႀကိမ္မွ ေတြ႕ ၾကတာေပါ့ ” ခ်ိဳးက်ီယန္ ျပဳံးျပလိုက္ရင္း အစည္းအေဝးခန္းမထဲမွ လွည့္ထြက္သြားလိုက္သည္။
ဆုႏို အတိုင္းထက္အလြန္စိတ္႐ႈပ္ေထြးသြား၍ သူရဲ႕မန္ေနဂ်ာအား လွည့္ၾကည့္လိုက္သည္။
"သူ ဘာကိုဆိုလိုသြားတာလဲ?”
"Bossက ေနာက္လထဲမွာ 'Fashion' မဂၢဇင္းရဲ႕ႏွစ္ပတ္လည္အခမ္းအနား႐ွိေနတာမို႔ သူက မင္းနဲ႔ ခ်ိဳးက်ီယန္ကို အခမ္းအနားအတြက္ ဓာတ္ပုံအနည္းငယ္ေလာက္႐ိုက္ေစခ်င္တယ္လို႔ေျပာလိုက္တာ"
မန္ေနဂ်ာရဲ႕မ်က္လုံးေတြက စာနာမႈအျပည့္နဲ႔...
"အဲ့ဒါကို မင္းက သေဘာတူလိုက္တယ္”
'ေသလိုက္ပါေတာ့ ဒါမျဖစ္ႏိုင္ဘူး!' ဆုႏို ေတာင့္ခဲသြားၿပီး မ်က္လုံးေလးမ်ားကလည္း ျပဴးက်ယ္သြားကာ သူရဲ႕ပါးစပ္မွာ 'O'ပုံစံပင္ ျဖစ္သြားရေတာ့သည္။
'ေနသာတဲ့ေန႔မွာ မိုးႀကိဳးပစ္ခ်လိုက္သလိုမ်ိဳး၊ ဝက္သားနီႏွပ္တစ္ပန္းကန္ေၾကာင့္ absေကာင္နဲ႔ ပ႐ိုမိုး႐ွင္း ဓာတ္ပုံေတြ အတူတူတြဲ႐ိုက္ရဖို႔ ကပ္ေဘးဆိုးတစ္ခုလိုျဖစ္သြားရတာလား?'
သူ႕မ်က္လုံးထဲကေန မ်က္ရည္ေတြ ထြက္က်ေတာ့မလို ခံစားလိုက္ရသည္။
"ဒါေပမယ့္ ကံေကာင္းခ်င္ေတာ့ friendship ပုံစံေလးပဲပါေအာင္ ႐ိုက္ဖို႔ဆိုေတာ့ သူတို႔ အမ်ားႀကီး႐ိုက္ျဖစ္မွာ မဟုတ္ပါဘူး ၁၀ပုံ သာသာေလာက္ပါပဲ။မင္းမသိလိုက္ခင္မွာပဲ ၿပီးသြားလိမ့္မယ္" မန္ေနဂ်ာျဖစ္သူမွာ သူ႕ကို ႏွစ္သိမ့္ေပးလိုက္သည္။
"ဘာျဖစ္လို႔ ငါနဲ႔သူလဲ?" ဆုႏိုသည္ သူ႕ဘဝအတြက္ အစည္းအေဝးခန္းထဲမွာ အစားအေသာက္အေၾကာင္းေတြးေနသည့္လ်ိဳ႕ဝွက္ခ်က္ႀကီးကို ထုတ္မျပႏိုင္ေပ။
'သာမာန္ဆို ေယာက်္ားႏွင့္မိန္းမ မျဖစ္သင့္ဘူးလား?ဒါမွ မွ်မွ်တတျဖစ္မွာေပါ့!'
"ဘာလို႔လဲဆိုေတာ့ မင္းနဲ႔ခ်ိဳးက်ီယန္က လက္႐ွိမွာနာမည္အႀကီးဆုံးျဖစ္ေနလို႔ေပါ့" မန္ေနဂ်ာက သတိေပးလိုက္သည္။ "ဟုတ္ၿပီေနာ္။မင္း အခုစကားကို ျပန္ျပင္ေျပာလို႔ မရေတာ့ဘူး"
အထူးသျဖင့္ မင္းက သက္ေသအားလုံးရဲ႕ ေ႐ွ႕ေမွာက္မွာသေဘာတူခဲ့လို႔ပဲ!
"ဒါေတာ့ ငါသိပါတယ္" ဆုႏိုမွာ သနားစရာေကာင္းလွစြာ သက္ျပင္းခ်လိုက္ၿပီး ေမးလိုက္သည္။ " ခ်ိဳးက်ီယန္ဘက္က ျငင္းပယ္မယ့္အလားအလာမ်ိဳး႐ွိလား?"
မန္ေနဂ်ာသည္ သူ႕အား ေမွ်ာ္လင့္ခ်က္ ေရးေရးေလးေတာင္မေပးဘဲ ျမန္ျမန္ျပန္ေျဖလိုက္သည္။
" 0 ရာခိုင္ႏႈန္းပဲ။အစည္းအေဝးခန္းမထဲမွာတုန္းက သူ႕အေျဖက မင္းထက္ေတာင္ ပိုျမန္ေသးတယ္"
'တကယ္ ႐ြံစရာေကာင္းလိုက္တာ!'
ဆုႏိုသည္ သူရဲ႕လက္ကို ေဒါသတႀကီးဆုပ္ပစ္လိုက္သည္။
"ဒါဆို ဒီည ငါအမဲသားကင္ဆယ္ခ်ပ္စားခ်င္တယ္!"
ငါ့ရဲ႕ ဒဏ္ရာရသြားတဲ့ ႏွလုံးသားေလးကိုသက္သာေစဖို႔ ျပန္ကုစားရမယ္!
"ရတယ္၊မင္းကို တို႔ဟူးနဲ႔ၾကက္ေၾကာ္ကိုပါ အဆစ္ ထပ္ေကြၽးမယ္" မည္သို႔ပင္ျဖစ္ေစ အစည္းအေဝးခန္း၌ အျခား မည္သူတစ္ေယာက္မွ်မ႐ွိေသာေၾကာင့္ မန္ေနဂ်ာကလည္း သေဘာတူလိုက္သည္။
"ဒါေပမယ့္ မစားခင္မွာ မင္း Ren Rui အတြက္
ပ႐ိုမိုး႐ွင္းဓါတ္ပုံေတြ ႐ိုက္ဖို႔ က်န္ေသးတယ္။အဲ့တာေတြကို အရင္ ႐ိုက္ရမယ္" ဆုႏို သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး "ဒါေတာ့ ငါသိပါတယ္"
ပ႐ိုဖက္႐ွင္နယ္ေမာ္ဒယ္တစ္ဦးအေနႏွင့္ သူရဲ႕ ေက်ာႏွင့္ခါးက နာက်င္ေနတဲ့အျပင္ တစ္မနက္လုံး အစည္းအေဝးခန္းမထဲ၌ ထိုင္ေနခဲ့ရေသာ္လည္း ဆုႏိုသည္ ေခါင္းကိုညင္ညင္သာသာ ညိတ္ျပလိုက္ၿပီး ဓာတ္ပုံ႐ိုက္မည့္ေနရာကိုမသြားခင္ ကုမၸဏီမွ အစားေသာက္ကန္တင္းဆီသို႔ အေျပးေလး သြားစားလိုက္ေသးသည္။
ဒီတစ္ခါ႐ိုက္ကူးေရးကေတာ့ အဂၤလိပ္စတိုင္လ္စားေသာက္ဆိုင္တစ္ခုမွာ ႐ိုက္ရမည္ျဖစ္ၿပီး ဓာတ္ပုံ႐ိုက္မယ့္ေခါင္းစဥ္က 'ေန႔လည္ခင္းလက္ဖက္ရည္' ျဖစ္သည္။
လမ္းျပင္ေနတဲ့အတြက္ ကားလမ္းပိတ္ဆို႔မႈမွာ အေတာ္ေလးအေျခအေန ဆိုး႐ြားလြန္းလွသည္။
ဆုႏို ကားေပၚမွာထိုင္ေနရင္းျဖင့္ ေသလုေမ်ာပါး ပ်င္းရိေနရၿပီ ျဖစ္သည္။
သူ ဖုန္းကိုထုတ္လိုက္ၿပီး ဖိုရမ္အခ်ိဳ႕ကို ပ်င္းပ်င္းျဖင့္ ဝင္ၾကည့္ေနလိုက္သည္။
႐ုတ္တရက္ < ဒုကၡႏြံထဲမွ အခ်စ္: အာဏာ႐ွင္ႀကီးက ျပည့္တန္ဆာသည္ေကာင္ေလးကို ခ်စ္ျမတ္ႏိုးသည္ > ဝတၳဳရဲ႕ အပိုင္းသစ္အား ထပ္တင္ထားသည္ကို ေတြ႕လိုက္ရသည္။
ဒါဆိုရင္ေတာ့ သူဆက္ဖတ္ဖို႔လိုလာၿပီ။ေမာ္ဒယ္ဆုသည္ အပိုင္းသစ္ကို ေပ်ာ္ေပ်ာ္ႀကီးႏွိပ္လိုက္၏။
ဆုႏိုႏိုမွာ သတိလစ္ေမ့ေမ်ာေနေသာ္လည္း အမ်ိဳးသားျပည့္တန္ဆာေခါင္း* က သူ႕အား အနီေရာင္ဝတ္စုံကို ဝတ္ဆင္ေပးထားၿပီး ေဝါယာဥ္ေပၚ တင္ေပးလိုက္သည္။
T/N:အမ်ိဳးသားျပည့္တန္ဆာေခါင္း*-ျပည့္တန္ဆာမ်ားကိုအုပ္ခ်ဳပ္ေသာအမ်ိဳးသား
အသိတရားမ႐ွိခ်က္က ေဒါသထြက္စရာပဲ!
အဲ့အခ်ိန္မွာပဲ ခန္းမထည္ဝါတဲ့ ခန္းမႀကီးရဲ႕အလယ္မွာ အထက္တန္းလႊာက လူတစ္ေယာက္သည္ ေဖ်ာ္ေျဖပြဲကို ႐ႈစားေနရင္း အျပင္ဘက္မွေယာက်္ားတစ္ေယာက္ရဲ႕ အသံတစ္သံကို ၾကားလိုက္၍ မွိတ္ထားသည့္ မ်က္ခြံကို ဖြင့္ၾကည့္လိုက္ေသာအခါ နတ္တမွ် လွပတဲ့ အလွေလးတစ္ပါးကို ေတြ႕လိုက္ရသည္။
အနီေရာင္ ဆလြန္းထိုင္ခုံေပၚတြင္ ဆုႏိုႏိုသည္ သူရဲ႕ အက်ီလည္ပင္းကို အနည္းငယ္ဟထားသည္မို႔ ညႇပ္႐ိုးတစ္ျခမ္းကိုပင္ ျမင္ေနရသည္။သူရဲ႕ တင္ပါးမ်ားသည္ လုံးဝန္းၿပီး ေပ်ာ့ေပ်ာင္းေနကာ သူရဲ႕ေျခေထာက္ေလးမ်ားသည္လည္း ေက်ာက္စိမ္းကဲ့သို႔ေခ်ာေမြ႕ေနသည္။ သူ သတိလစ္ေနတာေတာင္ သူရဲ႕ ဆြဲေဆာင္မႈ႐ွိေသာ အလွတရားကိုဖုံးကြယ္ မထားႏိုင္ခဲ့ေပ။
ဒီေဖာ္ျပခ်က္ႀကီးက နည္းနည္းေတာ့ လြဲေနတယ္လို႔ ဆုႏို ေတြးမိသည္။
ဆုႏိုႏိုရဲ႕ ညႇပ္႐ိုးေရာ တင္ပါးေရာ ေျခေထာက္ေတြက အစ ျမင္ေအာင္ စက္ခ်ဳပ္သမားက ဘယ္လို အဝတ္အစားမ်ိဳးကို ခ်ဳပ္ေပးလိုက္တာလဲ? အဝတ္အစားက ဝတ္ထားတယ္လို႔ ပါေပမယ့္လည္း အဝတ္အစား မပါတာနဲ႔ သိပ္မကြဲဘူး။သူတို႔က သူ႕ရဲ႕ ညႇပ္႐ိုးတင္မကဘူး တင္ေတြေရာ ေျခေထာက္ေတြပါ ျမင္ေနရတယ္!!အတြင္းထဲထိ ျမင္ႏိုင္တဲ့ အၾကည္ပိတ္စမ်ား ျဖစ္ေနလို႔လား? Damm! အဲ့ကမ႓ာႀကီးက အျခားအဆင့္အေနအထားမွာ ႐ွိေနတာပဲ ျဖစ္ရမယ္!
ဆုႏို သေဘာက်သြားၿပီး စိတ္လႈပ္႐ွားစြာ ဆက္ဖတ္လိုက္သည္။
ေျမာက္ဘက္ျပည္နယ္ေတြမွာ သက္႐ွိေလာကကို ေရာက္လာတဲ့ အမတနတ္ဘုရားလို လွပတဲ့ လူေတြ႐ွိၾကေလတဲ့!!
ဆုႏိုႏိုကို ျမင္ၿပီးတဲ့ေနာက္မွာ လူအုပ္ႀကီးက ကဗ်ာေတြကို သီကုံးၾကၿပီး ဒီလို အလွေလးေတြေၾကာင့္ ဒီေလာကႀကီး ဘယ္လိုေတြျဖစ္ကုန္ၾကမလဲ ေတြးမိရင္း သက္ျပင္းခ်လိုက္ၾကသည္။
သူေလးသာ သူတို႔ရဲ႕သခ်ႋဳင္းေပၚမွာ လဲေလ်ာင္းေပးရင္ေတာင္မွ သူတို႔ရဲ႕ အသက္မ်ားက ထိုက္တန္ေနၿပီ ျဖစ္သည္။
ဒါေပမယ့္လည္း ေလလံပြဲ စတင္ေတာ့မည့္အခ်ိန္တြင္ အျပင္ဘက္ တံခါးမွ ႐ုတ္တရက္ႀကီး အလင္းေရာင္ေတြျဖာက်လာမႈေၾကာင့္ လူအုပ္ႀကီးရဲ႕ ေခြးမ်က္လုံးေတြကိုပါ ကန္းလုနီးပါး ျဖစ္သြားေစသည္။
ရဲမက္ ၃၀ ခန္႔က ေလလံပြဲေ႐ွ႕တြင္ တစ္ဖက္နဲ႔တစ္ဖက္ ဝိုင္းထားလိုက္ၾကၿပီး သူတို႔ရဲ႕ လက္နက္မ်ားကိုလည္း အထဲကို ဝင္လာသည့္ အ႐ွိန္အဝါ ႀကီးမားၿပီး ေအးစက္တဲ့မ်က္ႏွာထား႐ွိတဲ့ လူတစ္ေယာက္ကို ခ်ိန္႐ြယ္ထားလိုက္ၾကသည္။
ထိုလူမွာ ေကာင္းကင္ရဲ႕ ခ်ီးေျမာက္မႈကို ခံရတဲ့ အငယ္ဆုံး ခ်စ္ျမတ္သားေလး အိုးရန္က်င္းလုံပင္ ျဖစ္သည္။
သူရဲေကာင္းက အလွေလးကိုကယ္တင္ေတာ့မယ္ဟ......ဆုႏို ဒီအခန္းကိုဆက္ဖတ္ရန္ ပို၍ စိတ္လႈပ္႐ွားလာေတာ့သည္။ဒီလို ဇာတ္လမ္းမ်ိဳးက အလြန္ေက်နပ္ဖြယ္ေကာင္းလွ၏။
အဲ့ဒီေနာက္ အိုးရန္ဝမ္ရယ္က ဆုႏိုႏိုကို ဂ႐ုစိုက္ဖို႔ နန္းေတာ္သို႔ မေခၚသြားခင္ေလးမွာ ဒီလူ႕ငႏြားေတြရဲ႕ လုပ္ရပ္ေတြအတြက္ ျပန္ေပးဆပ္ရမယ့္လို႔ ေျပာလိမ့္မယ္။
သူတို႔ႏွစ္ေယာက္က အခ်ိန္ေတြ အတူတူ ကုန္ဆုံးၿပီးတဲ့ ေနာက္ တျဖည္းျဖည္း တစ္ဦးေပၚတစ္ဦး ခ်စ္မိသြားၾကၿပီး အဲ့ဒီအခ်ိန္ကေနစၿပီးေတာ့ တစ္ေယာက္ေဘးမွာ တစ္ေယာက္မွီခိုကပ္တြယ္ရင္း ေလာကႀကီးရဲ႕ အျဖစ္အပ်က္ေတြကို အတူတကြ ၾကည့္ေနၾကလိမ့္မယ္။ဒီထက္လွပတဲ့ ျမင္ကြင္းေလး႐ွိပါေတာ့မလား!!!
.
.
.
.
.
"မင္းတို႔လိုညစ္ပတ္တဲ့ ဆန္ကုန္ေျမေလးေတြက ဒီအလွတရားကိုလက္ဝါးႀကီးအုပ္ဝံ့တာလား? "
အိုးရမ္ဝမ္ရယ္ သူတို႔ကိုေအးစက္ေသာအၾကည့္ႏွင့္ လင္းယုန္ကဲ့သို႔ စူးစိုက္ၾကည့္လိုက္၏။
သူ႕တို႔ေ႐ွ႕က လူရဲ႕ အသံကိုၾကားသည္ႏွင့္ ပရိသတ္ေ႐ွ႕ေမွာက္႐ွိရဲမက္မ်ားက ေရခဲ႐ုပ္တုမ်ားအျဖစ္ ခ်က္ခ်င္းေအးခဲသြားေတာ့သည္။
"ဝမ္ရယ္ ေက်းဇူးျပဳၿပီးခြင့္လႊတ္ေပးပါ !!အမ်ိဳးသား
ျပည့္တန္ဆာေခါင္းက ဒူးေထာက္ခယကာ ငိုယိုၿပီး ေတာင္းပန္ေနတဲ့အျပင္ တစ္ဖက္ကလည္း ဆုႏိုႏို အား ဆက္သေနသည္။ "ဒီကြၽန္က ဒီအလွေလးကို ဝမ္ရယ္ဆီ ဆက္သခြင့္ျပဳဖို႔ ေတာင္းဆိုပါတယ္"
"ဒီမင္းသားက အျခားသူေတြသုံးထားတဲ့အရာေတြကိုတပ္မက္တာမဟုတ္ဘူး " အိုးရန္ဝမ္ရယ္သည္ မတ္တပ္ထရပ္လိုက္ၿပီး ဒီအေၾကာင္းအရာကို ဆက္ေဆြးေႏြးဖို႔ရန္မဆိုထား ၾကည့္ေတာင္မၾကည့္ခ်င္ေတာ့ေပ။
"ဂုဏ္သိကၡာ႐ွိတဲ့ ဝမ္ရယ္....ဒီအလွေလးက အခုထိမခူးစြတ္ရေသးတဲ့ သန္႔႐ွင္းစင္ၾကယ္တဲ့ပန္းေလးပါ ေက်းဇူးျပဳၿပီး တစ္ခ်က္စစ္ၾကည့္ေပးပါ " ျပည့္တန္ဆာေခါင္းသည္ ဝမ္ရယ္က ပန္းပြင့္ေလးကို အဆင္သင့္ စစ္ေဆးႏိုင္ရန္အတြက္ ဆုႏိုႏိုရဲ႕အက်ီကို ခြၽတ္ရန္ တစ္ျခားတစ္ေယာက္ကို အလ်င္စလို အမိန္႔ေပးလိုက္သည္။
အိုးရန္ဝမ္ရယ္သည္ လက္ညိႇဳးတစ္ေခ်ာင္းကို ဆန္႔ထုတ္လိုက္ၿပီး အတြင္းထဲကိုထိုးသြင္းၾကည့္ရာ ဆုႏိုႏိုရဲ႕ေယာက်ာ္းအပ်ိဳစင္ အေမွးပါးေတြက နဂိုအတိုင္းမပ်က္စီးဘဲ႐ွိေနေသးသည္ကို ေတြ႕လိုက္ရသည္။သူ ခ်က္ခ်င္းပင္ စိတ္လႈပ္႐ွားသြားၿပီး ထိုလူကိုေပြ႕ခ်ီကာ နန္းေတာ္သို႔ ပို႔ေဆာင္ေစလိုက္သည္။
ဆုႏိုသည္ ပါးစပ္ထဲမွေသြးအပြတ္လိုက္ အန္ထြက္သြားရသည္။ဒီထိတ္လန္႔စရာေကာင္းလြန္းတဲ့ ပေလာ့ႀကီးကဘာလဲ? သူ တယ္လီပို႔တင္းဆိုတာႀကီးကို သည္းခံႏိုင္တယ္။ဒါေပမယ့္ ဒီအပ်ိဳစင္ဘာ..... အေမွးပါး?!
ထို႔ေနာက္ မေန႔ကဖ်က္ပစ္လိုက္ေသာအခန္းသို႔ေရာက္လာၿပီး အိုးရန္ဝမ္ရယ္သည္ ဆုႏိုႏိုရဲ႕ ဂႏၶာမာပန္းေလးကို ဂ႐ုတစိုက္စစ္ေဆးၿပီးေနာက္ သူ အတင္း႐ုန္းကန္၍ ေအာ္ဟစ္ေနသည္ကိုပင္ လ်စ္လ်ဴ႐ႈထားၿပီး အလွေလးကို ရယူရန္ တြန္းအားေပးခဲ့သည္။
ဒီအိုးရန္ဝမ္ရယ္က အရမ္းကို သားရဲဆန္လြန္းတယ္! အဓမၼလုပ္တာက လူကို စစ္မွန္တဲ့ mainlead အျဖစ္ ျမင္ေအာင္မျပႏိုင္ဘူးကြ!
ဒီတစ္ခန္းလုံးသည္ အသက္မျပည့္ေသးေသာ ဖတ္႐ႈသူမ်ားအတြက္ မသင့္ေတာ္ေသာအေၾကာင္းအရာေတြသာပါတဲ့ အပိုင္းႀကီးတစ္ခုျဖစ္ခဲ့သည္။စာေရးသူသည္ အိုးရန္ဝမ္ရယ္၏မာေက်ာမႈ၊ အေရာင္ႏွင့္အ႐ြယ္အစားအေၾကာင္း ထိုအရာက ဆုႏိုႏိုရဲ႕ဂႏၶာပန္းေပၚသို႔ေ႐ႊ႕လိုက္သည့္အေၾကာင္း၊ သူ႕ႏို႔သီးေခါင္းေလးေတြကဘယ္ေလာက္ႏူးညံ့ေပ်ာ့ေပ်ာင္းသည့္အေၾကာင္းမ်ားပင္.......
ဒီအေျခအေနကေန နည္းလမ္းက်က်ေျပာရရင္ျဖင့္ ဒီႏွစ္ေယာက္ထက္ပိုၿပီး လိုက္ဖက္တာမ်ိဳး မ႐ွိေတာ့သလို။
" ထူးဆန္းခ်က္ႀကီးပဲ!!
အစပိုင္းမွာ ဆုႏိုႏိုသည္ သူ ဘာျဖစ္ေနလဲဆိုတာကို သိသြားၿပီး ႐ုန္းကန္ေနခဲ့၏။သို႔ေပမယ့္ေနာက္ပိုင္းမွာေတာ့ သူ ခံစားခ်က္ေကာင္းကို ခံစားမိသြားၿပီး သူ႕စိတ္ထဲ႐ွိ အေတြးအားလုံး လြင့္ေမ်ာသြားေနတဲ့ shou ေလးအျဖစ္ေျပာင္းလဲသြားကာ ဝမ္ရယ္ကို ျပန္လည္ေပြ႕ဖက္ထားခဲ့ၿပီး သူ႕ကို ႏွစ္ေပါင္းတစ္ရာ လ်စ္လ်ဴ႐ႈခံထားခဲ့ရသလိုမ်ိဳး ျပင္းျပင္းေလး လုပ္ေပးရန္ ေအာ္ဟစ္ ညည္းတြားေနေတာ့သည္။
သူတို႔ႏွစ္ဦးစလုံးသည္ အခန္းထဲကေန မထြက္ဘဲ သုံးရက္ သုံးညလုံးလုံးမရပ္မနားဘဲ အားသြန္ခြန္စိုက္ လုပ္ေနခဲ့ၾကသည္။စတုတၳေျမာက္ေန႔တြင္ ဝမ္ရယ္သည္ ေနာက္ဆုံးဗိုက္ဆာလာသျဖင့္ သူ႕ေက်းကြၽန္မ်ားအား စားစရာမ်ားယူလာရန္ အမိန္႔ေပးလိုက္သည္။ဆုႏိုႏိုရဲ႕ ခႏၶာကိုယ္သည္ ေပ်ာ့ညံ့ၿပီး အားနည္းေနသျဖင့္ သူ ကုတင္ေပၚတြင္ လဲေလ်ာင္းေနရင္း သူစားထားသည္မ်ားကို အန္ထုတ္ပစ္လိုက္သည္။
ထို႔ေနာက္ ေတာ္ဝင္သမားေတာ္ကို အျမန္စစ္ေဆးေစၿပီးေနာက္ ဝမ္ရယ္အား ဂုဏ္ျပဳသည့္အေနႏွင့္ ထိုလူသည္ ခ်က္ခ်င္းဒူးေထာက္လိုက္ကာ ဒီလူမွာ ကိုယ္ဝန္႐ွိေနေၾကာင္း ေျဖၾကားလိုက္သည္။
ဝမ္ရယ္မွာ ထိုစကားေတြကိုၾကားေသာအခါ သူ႕ မ်က္လုံးထဲတြင္ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္လာကာ
သူသည္ တခဏအတြင္းဘဝသင္ခန္းစာမ်ားစြာကို ႐ုတ္တရက္ သင္ယူရ႐ွိလိုက္သည္။ဆုႏိုႏိုအား ၾကင္ယာေတာ္ရာထူးေပးရန္ ဆုံးျဖတ္ခဲ့ကာ သူသည္ ၿပိဳင္ဘက္မ႐ွိသည့္ ခမ္းနားေသာနန္းေဆာင္တစ္ေဆာင္ကို သူ႕အတြက္တည္ေဆာက္ေပးခဲ့သည္။
ထို႔ေနာက္ <ဒုကၡႏြံထဲမွ အခ်စ္:အာဏာ႐ွင္ႀကီးက ျပည့္တန္ဆာသည္ေကာင္ေလးကိုခ်စ္ျမတ္ႏိုးသည္ > ဝတၳဳ႐ွည္သည္ 'ဘမ္း ' ဟု၍ Volume 1 ၿပီးဆုံးသြားၿပီ ျဖစ္သည္။
<စာေရးသူက Volume 2ကို ေရးေနတုန္းျဖစ္သည့္အတြက္ ဆက္လက္အားေပးဖို႔ ေမွ်ာ္လင့္ပါတယ္!>
ဆုႏို၏ေခါင္းထဲတြင္ တတီတီဟူေသာ အသံကို ၾကားလိုက္ရသလိုမ်ိဳး ေခါင္းသည္ ခ်ာခ်ာလည္ေအာင္မူးသြားရသည္။
ဒီေၾကာက္စရာေကာင္းတဲ့အမ်ိဳးသမီးေတြက ဘာေတြလဲ!!
.
.
.
.
.
.
"ႏိုႏို!" မန္ေနဂ်ာသည္ သူ႕ရဲ႕ မ်က္ႏွာေ႐ွ႕တြင္ လက္ကိုေဝွ႔ယမ္းလိုက္ကာ "မင္း ဘာေတြစဥ္းစားေနတာလဲ?"
"အင္? ဘာမွမဟုတ္ဘူး။ " အခုမွ ဆုႏိုရဲ႕စိတ္နဲ႔ ကိုယ္ ျပန္ကပ္ေတာ့သည္။
"ငါတို႔ ေရာက္ၿပီ။ကားေပၚက ဆင္းရေအာင္ " မန္ေနဂ်ာသည္ သူ႕ရဲ႕ထိုင္ခုံခါးပတ္ကို ျဖဳတ္လိုက္ၿပီး
"ငါတို႔ ႐ိုက္ကူးေရးၿပီးတာနဲ႔ ေစာေစာအနားယူရေအာင္ မင္းကို ၾကည့္ရတာ ပင္ပန္းေနပုံရတယ္ "
ဒါကအိပ္တာနဲ႔ ဘာမွမဆိုင္ဘူး!!ငါက အံ့ၾသသြားလြန္းလို႔ပါ ! ဒီ ကိုယ္ဝန္႐ွိသြားတယ္ဆိုတာႀကီးက တိုက္ဆိုင္တာမွမဟုတ္ရင္ ဘာျဖစ္မွာလဲ!!
ကားေပၚမွဆင္းလာၿပီးေနာက္ ခ်က္ခ်င္းပင္ အိုးရန္လုံ ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုက္ရေတာ့သည္။
"ဒါ႐ိုက္တာ..." ဒိုင္အန္း ႏႈတ္ဆက္လိုက္သည္။
"မဂၤလာပါ ဒါ႐ိုက္တာ" ဆုႏို သူရဲ႕ ႏွလုံးသားထဲ၌ ဝုန္းဒိုင္းႀကဲသြားရင္းျဖင့္ ခပ္တိမ္တိမ္ျပန္ျပဳံးျပလိုက္ကာ ႏႈတ္ဆက္လိုက္သည္။
ဒီေကာင္နဲ႔ ေနာက္တစ္ႀကိမ္ ထပ္ေတြ႕ခြင့္ရတာက ဘယ္လိုေတာင္ ေခြးထက္ဆိုးတဲ့ ကံေကာင္းမႈႀကီးလဲ!
ထို႔ေနာက္ သုံးေယာက္သားဓာတ္ေလွကား႐ွိရာသို႔ အတူတူဝင္လာၾကသည္။အိုးရန္လုံက စကၠဴအိတ္တစ္အိတ္ကိုလက္ထဲ၌ ကိုင္ထားၿပီး အနံ႔မွာ လူေတြကို ဆြဲေဆာင္ေနသည့္အေငြ႕အသက္မ်ား ထြက္ေပၚေနကာ ဆုႏိုသည္ ခ်က္ခ်င္းဆိုသလို သြားရည္မ်ားက်လာရသည္။
သူ ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေအာင္အေကာင္းဆုံးႀကိဳးစားခဲ့ေပမဲ့ သူ႕မ်က္လုံးေတြက အဲဒီ ဦးတည္ရာဆီကိုသာ အၾကည့္မခြာႏိုင္ဘူး ျဖစ္ေန၏။
"အဟမ္း..ဒါ႐ိုက္တာက ေန႔လည္စာ မစားရေသးဘူးလား?" မန္ေနဂ်ာသည္ သူ႕ရဲ႕ အလွေလးဆုႏိုကို အ႐ွက္ကြဲရျခင္းမွ ကယ္တင္ရန္ သတိေပးသည့္အေနျဖင့္ စကားစေျပာလိုက္သည္။
ဆုႏို သူရဲ႕ႏွာေခါင္းကို တို႔ထိလိုက္ၿပီး
အၾကည့္မ်ားကိုလည္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ အေပၚသို႔လွမ္းလႊဲလိုက္သည္။
" ကြၽန္ေတာ္႕အတြက္ မဟုတ္ပါဘူး။ဓာတ္ပုံဆိုက္ထဲကေကာင္မေလးေတြက အသား၀ယ္ေကြၽးႏိုင္မလား ေျပာထားၾကလို႔ပါ" အိုးရန္လုံက ျပဳံးၿပီး" ဒီဆိုင္ကို ျဖတ္သြားတာ ၾကဳံလို႔ ကားခဏရပ္ၿပီး အမဲသားနဲ႔ဘဲလည္ပင္းအခ်ိဳ႕ ၀ယ္လာခဲ့လိုက္တာေလ"
မင္းက အစားအေသာက္သမားစစ္စစ္ တစ္ေယာက္မဟုတ္ဘူးဆိုတာ ငါခ်က္ခ်င္းေျပာႏိုင္တာေပါ့ !
ဆုႏို သူစိတ္ထဲတြင္ ဒါ႐ိုက္တာကို ေဝဖန္ပိုင္း
ျခားေနၿပီ ျဖစ္သည္။ဘာလို႔လဲဆိုေတာ့ အဲ့ဒီဆိုင္က ဘဲေတာင္ပံနဲ႔ တို႔ဟူးကသာ အရသာအ႐ွိဆုံးကို ဘာလို႔ ဘဲလည္ပင္း ဝယ္လာရတာလဲ?ဒါက အဓိက အခ်က္ပဲ!!
dingdong အသံတစ္ခုထြက္ေပၚလာၿပီးေနာက္ ဓာတ္ေလွကားတံခါး ပြင့္လာသည့္အခ်ိန္တြင္ မန္ေနဂ်ာဆီမွ ႐ုတ္တရက္ အသံထြက္လာကာ " အိုက္ယား.....ငါ ကားထဲမွာ ဖုန္းေမ့သြားတယ္"
"ဒါဆိုရင္ သြားယူလိုက္ေလ " ဆုႏိုသည္ ဓာတ္ေလွကားတံခါးမ်ားကို ဖြင့္ထားေပးလိုက္၏။
မန္ေနဂ်ာသည္ အလ်င္အျမန္သြားယူေနေပမယ့္ ကားက ေျမေအာက္ခန္းႏွစ္ထပ္မွာ ရပ္ထားခဲ့တာေၾကာင့္ အိုးရန္လုံက ေျပာလိုက္သည္။ " ကိုယ္တို႔ ဘာလို႔အရင္မတက္ႏွင့္တာလဲ? ဓာတ္ပုံ႐ိုက္တဲ့ဘက္က ေတာ္ေတာ္ၾကာၾကာ ေစာင့္ေနရလိမ့္မယ္ေနာ္ "
"ဟုတ္သားပဲ " ဆုႏိုသည္ မိတ္ကပ္လိမ္းၿပီး အ၀တ္လဲရန္ လိုေသးသည့္အတြက္ ေခါင္းညိတ္ျပလိုက္သည္။
သူအရမ္းေနာက္က်သြားရင္ မေကာင္းဘူးေလ!
ဓာတ္ေလွကားသည္ တျဖည္းျဖည္းခ်င္းတက္သြားကာ အိုးရန္လုံက စကၠဴအိတ္ကိုဖြင့္၍ ေမးလိုက္သည္။
" တစ္ခုခုယူအုံးမလား?"
ဆုႏိုရဲ႕ခံစားခ်က္ေတြနဲ႔ အမူအယာက ကြဲလြဲစြာ "မစားေတာ့ပါဘူး။ ေက်းဇူးတင္ပါတယ္"
" ဒီဆိုင္က တို႔ဟူးေၾကာ္က တကယ္စားေကာင္းတယ္။ ျမည္းၾကည့္ပါလား?" အိုးရန္လုံ တို႔ဟူးတစ္ေခ်ာင္းကိုထုတ္လိုက္သည္။
'Yes!!!!မင္း တို႔ဟူးကို တကယ္ ၀ယ္ခဲ့တာေပါ့! အမဲသားနဲ႔ဘဲလည္ပင္းပဲ ဝယ္လာတယ္ထင္ေနတာ တို႔ဟူးဆိုတဲ့အသံေလးက စြဲမက္စရာေကာင္းလိုက္တာ!
ဆုႏို သူ႕ႏွလုံးသားထဲတြင္ ႐ူးသြားေတာ့မလို ျဖစ္သြားခဲ့ေသာ္လည္း ကမ္းလွမ္းမႈကို ေအးတိေအးစက္ႏွင့္ ဆက္လက္ျငင္းဆန္လိုက္သည္။ "ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္ တကယ္ဗိုက္မဆာလို႔ပါ"
အမွန္မွာ သူစားခ်င္လြန္းလို႔ အရမ္းကို သူေတာ္ေကာင္း ေယာင္ေဆာင္ေနရ၏။
" မင္းရဲ႕မန္ေနဂ်ာဒီမွာမ႐ွိပါဘူး။ငါ ဘယ္သူ႕ကိုမွ ျပန္မေျပာဘူးေလ " အိုးရန္လုံက သူရဲ႕ ကမ္းလွမ္းမႈအေပၚအလြန္႐ိုးသားစြာျဖင့္ တို႔ဟူးကို သူ႕ပါးစပ္ေ႐ွ႕တြင္ကိုင္ထားကာ ေျမပဲႏွင့္ ဟင္းခတ္႐ြက္မ်ားကို တို႔ဟူးေပၚ ျဖဴးေနလိုက္သည္။
'Damn it!! ဒါ သူ႕မန္ေနဂ်ာနဲ႔ဘာမွမဆိုင္ဘူးေလ။သူက ငါဘာကိုႀကိဳက္တယ္ဆိုတာကိုသိတယ္။
ဒါေပမယ့္ အဲဒါက အဓိကအခ်က္ မဟုတ္ဘူး။
တကယ့္ အဓိကအခ်က္က သူ႕ေ႐ွ႕ကလူက
သူဘယ္ေလာက္စားႏိုင္တယ္ ဆိုတာသိေနတာပဲ!!'
သူ ဆက္ၿပီးဟန္ေဆာင္ေနမယ္ဆိုရင္ သူ ပိုၿပီး အတင္း အတိုက္အခံလုပ္ေနတာ ျဖစ္သြားလိမ့္မယ္!!
ဆုႏို သူရဲ႕ ပါးစပ္ကိုဟလိုက္ၿပီး တို႔ဟူးကို တစ္ဝက္ေက်ာ္ေက်ာ္ ကိုက္ခ်လိုက္သည္။
Damn, ေမွ်ာ္လင့္ထားတဲ့ အတိုင္းပဲ အရသာ႐ွိလြန္းတယ္!
အိုးရန္လုံ သူရဲ႕ ရယ္သံကိုမထိန္းႏိုင္ေတာ့ဘဲ တို႔ဟူးေခ်ာင္းေလးကို သူ႕အား ကမ္းေပးလိုက္သည္။